← Chapters

အခန်း (၄၈၉-၄၉၀)

Vol. 49 Ch. 489-490

အခန်း (၄၈၉-၄၉၀)

Vol. 49 Ch. 489-490

​အခန်း ၄၈၉ - မျက်နှာဖုံးကို ချွတ်လိုက်ရင် ဘယ်လိုလဲ

​ဝမ်အိုသည် ဖန့်ချန်ကို လက်ဖက်ရည်ဆိုင်တစ်ခုအတွင်းရှိ တိတ်ဆိတ်သော အခန်းတစ်ခုသို့ ခေါ်ဆောင်လာခဲ့သည်။

ထိုအခန်းထဲတွင် ချန်ရှန့်၏ ဘေး၌ အခြားကျင့်ကြံသူအချို့ ရှိနေပြီး ချန်ရှန့်၏ ရှေ့တွင်မူ အဖိုးအိုတစ်ဦး၊ ဇနီးမောင်နှံ နှင့် လူငယ်၊ လူရွယ် ဆယ်ဦးခန့်မှာ ဒူးထောက်နေကြသည်။

ထိုအဖိုးအိုမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဖြစ်ပြီး ဇနီးမောင်နှံမှာမူ ကျင့်ကြံခြင်းအဆင့် ၁၁ အဆင့်ရှိသည့် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့၏ ကျင့်ကြံမှုမှာ မနိမ့်လှသော်လည်း ချန်ရှန့်၏ ရှေ့တွင်မူ ဦးညွှတ်ဒူးထောက်နေရပြီး သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် အရှက်ရမှုများ ပြည့်နှက်နေသည်။

​ဝမ်အိုက အရိုအသေပေးကာ

"သခင်လေး လူကို ခေါ်လာပါပြီ"

ဟု ဆိုသည်။

​ချန်ရှန့်က ဖန့်ချန်ကို တစ်ချက်ကြည့်ကာ ခပ်အေးအေးပင် ခေါင်းညိတ်ပြလိုက်သည်။

"ဟိုဘက်မှာ ခဏရပ်နေဦး သူတို့ကိစ္စကို အရင်ရှင်းပြီးမှ မင်းကိစ္စကို ကိုင်တွယ်မယ်"

​ဝမ်အိုက ဖန့်ချန်ကို လှောင်ပြုံးပြုံးကာ

"ကြားတယ်မလား ဟိုဘက်မှာ ခဏသွားရပ်နေစမ်း"

ဟု ဆိုသည်။

ဖန့်ချန် နဂါးပျံဆောင်ရှေ့မှာ တွေ့ခဲ့တဲ့ ကျင့်ကြံသူလည်း ထိုနေရာမှာ ရှိနေပြီး ဖန့်ချန် ဒုက္ခရောက်တော့မည့်အရေးကို ကြည့်ကာ ဝမ်းသာနေသည်။

​ချန်ရှန့်က အဖိုးအိုကို ကြည့်ကာ ခပ်နောက်နောက် ပြုံးလိုက်သည်။

"ရှူအဖိုးကြီး ကျုပ် ပြောထားပြီးသားပဲ ကျုပ်က ဒီပင်လယ်ပြင်မှာ အဆက်အသွယ်တွေ အများကြီး ရှိတယ်"

"နေရာအနှံ့က လူတွေကို သိတယ် ခင်ဗျား ကတိဖျက်ရင် ခင်ဗျားနဲ့ ခင်ဗျားမိသားစုကို ကျုပ် ပြန်ရှာတွေ့မှာပဲလို့လေ အခု ကျုပ်ပြောတာ မှားလို့လား"

​အဖိုးအိုမှာ ချွေးစေးများ ထွက်နေပြီး အင်္ကျီလက်ဖြင့် သုတ်ကာ

"စီနီယာချန် ကျွန်တော် ကတိမဖျက်ချင်ပါဘူးဒါပေမဲ့ ဝိညာဉ်ကျောက်တုံး ၃,၀၀၀ ဆိုတာ အချိန်တိုအတွင်း ရှာဖို့ အလွန်ခက်ခဲလွန်းလို့ပါ"

​"ရှာရခက်တယ် ဟုတ်လား"

ချန်ရှန့်က ခါးကို မတ်လိုက်ပြီး အဖိုးအိုကို အထက်စီးကနေ ကြည့်လိုက်သည်။

"ကျုပ် ခင်ဗျားကို အချိန် ခြောက်လနီးပါး ပေးခဲ့တယ် မဟုတ်လား အခုမှ လာပြီး ရှာရခက်တယ် ပြောနေတာလား"

" အစကတည်းက ဒီလိုပြောမယ်ဆိုရင် ကျုပ်လည်း ခင်ဗျားတို့ ရှူမိသားစုကိစ္စကို ဝင်ပါမှာ မဟုတ်ဘူး အခုဆို ခင်ဗျားတို့အားလုံး နောက်ဘဝတောင် ရောက်နေလောက်ပြီ"

​အဖိုးအိုမှာ ထိတ်လန့်တုန်လှုပ်သွားသည်။

ထိုစဉ် လူငယ်လေးတစ်ဦးက ဒေါသကို မထိန်းနိုင်ဘဲ တိုးတိုးလေး ရေရွတ်လိုက်သည်။

"အစကတည်းက ခင်ဗျားတို့လူတွေက လာပြီး ပြဿနာရှာခဲ့တာပဲဥစ္စာ"

​"လူကြီးတွေ စကားပြောနေတာ မင်းလိုကောင်က ဝင်အော်ရအောင် ဘာအခွင့်အရေးရှိလို့လဲ ပါးစပ်ပိတ်ထား"

ဟု ချန်ရှန့်က ဆိုလိုက်သည်။

​ဝမ်အိုက ချက်ချင်း ရှေ့သို့တက်ကာ ထိုလူငယ်ကို ဖမ်းဆွဲပြီး ပါးကို အဆက်မပြတ် ဆယ်ချက်မက ရိုက်နှက်တော့သည်။

လူငယ်လေးမှာ ခေါင်းမူးနောက်သွားပြီး မျက်စိထဲ ကြယ်တွေ လွင့်သွားတော့သည်။

အဖိုးအိုနှင့် ဇနီးမောင်နှံမှာ ဒေါသထွက်သော်လည်း ချန်ရှန့်က ရွှေအမြုတေအဆင့် ဖြစ်သဖြင့် မလှုပ်ဝံ့ကြပေ။

​ချန်ရှန့်က ဝမ်အိုကို မတားဆီးပေ။

ဝမ်အိုက လူငယ်လေး သေလုနီးပါးအထိ ဆက်တိုက် ရိုက်နှက်နေစဉ် ဖန့်ချန်က ရှေ့သို့တက်ကာ ဝမ်အို၏ လက်မောင်းကို ဖမ်းဆွဲလိုက်သည်။

"ကလေးမှာ အပြစ်မရှိဘူး ဒီလောက်အထိ ပြင်းပြင်းထန်ထန် လုပ်စရာမလိုပါဘူး"

​ဝမ်အိုက ဒေါသထွက်သွားသော်လည်း ရုန်းလိုက်သည့်အခါမှ ထိတ်လန့်သွားသည်။

ဖန့်ချန်၏ လက်က တောင်ကြီးတစ်လုံး ဖိထားသကဲ့သို့ မလှုပ်နိုင်အောင် ဖြစ်နေသည်။

အဖိုးအိုတို့ အုပ်စုမှာလည်း ဖန့်ချန်ကို ကျေးဇူးတင်သလို ကြည့်သော်လည်း ချန်ရှန့်၏ ဒေါသကို သိသဖြင့် ဖန့်ချန်အတွက် ပြန်ပြီး စိုးရိမ်နေကြသည်။

​ချန်ရှန့်က ဖန့်ချန်ကို ကြည့်ကာ ပြုံးလိုက်သည်။

"မင်းမှာ စွမ်းရည်အချို့ ရှိတာပဲ ဒါကြောင့်လည်း ငါ့လူတွေကို သတ်ရဲတာကိုး"

​အဖိုးအိုတို့မှာ

"ဘာ သူက ချန်ရှန့်ရဲ့လူတွေကို သတ်ခဲ့တာလား"

ဟု ဆိုကာ အံ့သြသွားကြသည်။

သူတို့က ဖန့်ချန်ကို အလောင်းတောင် ကျန်မှာမဟုတ်တဲ့ လူတစ်ယောက်လို သနားစဖွယ် ကြည့်နေကြသည်။

​ချန်ရှန့်က ဝမ်အိုကို ဖယ်ခိုင်းလိုက်ပြီး

"ဒီတစ်ယောက်က စိတ်မရှည်ဖြစ်နေပုံရတယ် သူ့ကိစ္စကို အရင်ရှင်းပေးရမှာပေါ့ ကဲ လာထိုင်ပါဦး"

ဟု ဖန့်ချန်ကို ကုလားထိုင်တွင် ထိုင်ခိုင်းလိုက်သည်။

​ဖန့်ချန် ထိုင်လိုက်သည်နှင့် ချန်ရှန့်က စူးစမ်းစွာ မေးသည်။

"မင်းက ဘာလို့ မျက်နှာဖုံး တပ်ထားတာလဲ မျက်နှာမပြရဲလို့လား မျက်နှာဖုံးကို ချွတ်ပြီးမှ စကားပြောကြတာပေါ့"

​ဖန့်ချန်က ခေါင်းညိတ်လိုက်ပြီး မျက်နှာဖုံးကို ချွတ်လိုက်ရာ သူ၏ မီးခိုးဖြူရောင် မျက်လုံးအိမ် များ ပေါ်ထွက်လာသည်။

​ထိုမျက်လုံးများကို မြင်သည်နှင့် ချန်ရှန့်၏ မျက်နှာမှာ တောင့်တင်းသွားသည်။ ဘေးက အမျိုးသမီးတစ်ဦးက

"ဒါ... သူက..."

ဟု ပြောရန် ပြင်စဉ် ချန်ရှန့်က သူမ၏ နဖူးကို ပါးရိုက်လိုက်ရာ ထိုအမျိုးသမီးမှာ ဦးခေါင်းခွံ ကျေမွကာ ပွဲချင်းပြီး သေဆုံးသွားတော့သည်။

ကျန်အမျိုးသမီးမှာ ကြောက်လန့်ပြီး တုန်နေရှာသည်။

​ချန်ရှန့်က ဖန့်ချန်ကို ကြည့်ကာ အတင်းပြုံးရင်း

"တောင်းပန်ပါတယ် ကျုပ်က လူတွေ စကားဖြတ်ပြောတာ မကြိုက်လို့ပါ ခင်ဗျားနဲ့ ကျုပ်ရဲ့ တပည့်တွေကြားမှာ နားလည်မှု လွဲတာလေးတွေ ရှိပုံရတယ်"

" အခုတော့ အဲဒါတွေက အရေးမကြီးတော့ပါဘူး ဒီနေ့ ခင်ဗျားကို ဒီကို ဖိတ်ခေါ်မိတာက ကျုပ် နည်းနည်း ရဲတင်းသွားသလိုပဲ"

ဟု လေသံပြောင်းကာ ယဉ်ယဉ်ကျေးကျေး ပြောလာတော့သည်။

​ချန်ရှန့်မှာ သူ့ကိုယ်သူ ကျုပ် လို့သာ သုံးနှုန်းတော့ပြီး နဖူးတွင် ချွေးစေးများ ပေါ်လာသည်။

ဖန့်ချန်

"မင်းသာ အချက်ပေးအဆောင် ကို ထုတ်လိုက်ရင် မင်းကို ငါ သတ်မယ်"

ဟု ဆိုလိုက်ရာ ချန်ရှန့်၏ လက်များမှာ တောင့်တင်းသွားသည်။ ချန်ရှန့်သည် ဖန့်ချန်ကို

"ရွှေအမြုတေတွေကို ကြက်ကလေးလို သတ်နေတဲ့သူ"

အဖြစ် သိသွားပြီ ဖြစ်သည်။

​ဖန့်ချန်က အဖိုးအိုကို

"ခင်ဗျားတို့ သွားနိုင်ပြီ"

ဟု ဆိုရာ ချန်ရှန့်ကလည်း

"ဟုတ်ပါတယ် သွားကြပါ"

ဟု ချက်ချင်း ထောက်ခံသည်။

အဖိုးအိုတို့ ထွက်ခွာရန် ပြင်စဉ် ဖန့်ချန်က ပါးရိုက်ခံထားရသည့် လူငယ်လေးကို ခေါ်လိုက်သည်။

"မင်း စောစောက အရိုက်ခံရတဲ့အတွက် ပြန်ပြီး ရိုက်ချင်လား"

​လူငယ်လေးက

"ဟုတ်ကဲ့ ရိုက်ချင်ပါတယ်"

ဟု ဖြေရာ ဖန့်ချန်က ချန်ရှန့်ကို လက်ညှိုးထိုးပြကာ

"သွား သူ့ကို ရိုက်လိုက်"

ဟု ခိုင်းလိုက်သည်။

​လူငယ်လေးက ချန်ရှန့်ထံသို့ သွားကာ ပါးကို အရှိန်ကုန် လွှဲရိုက်လိုက်သည်။

ချန်ရှန့်၏ ဆံပင်ကလစ်မှာ လွင့်ထွက်သွားသော်လည်း သူသည် ငြိမ်ခံနေသည်။

လူငယ်လေးမှာ ပို၍ စိတ်လှုပ်ရှားလာပြီး ချန်ရှန့်ကို ထပ်ခါတလဲလဲ ပါးရိုက်ကာ ဆဲဆိုတော့သည်။

အခန်းထဲရှိ လူတိုင်းမှာ ဖန့်ချန်၏ နောက်ခံက မည်မျှကြီးမားသနည်းဟု ထိတ်လန့်နေကြတော့သည်။

​အခန်း ၄၉၀ - ဘာအမိန့်များ ရှိပါသလဲ

​မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူငယ်လေးသည် ချန်ရှန့်ကို ပါးအချက်ပေါင်း ရာချီ၍ ရိုက်နှက်လိုက်ရာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများပင် ကုန်ခန်းလုနီးပါး ဖြစ်သွားသည်။

လူငယ်လေးမှာ အဆင့် ၃ ချီသန့်စင်ခြင်းအဆင့်သာ ဖြစ်သော်လည်း ချန်ရှန့်မှာမူ သူ့ကိုယ်သူ ကာကွယ်ရန် ဝိညာဉ်စွမ်းအားကို မထုတ်ဝံ့သဖြင့် သူ၏ ပါးပြင်များမှာ နီရဲဖူးရောင်လာပြီး မျက်လုံးများမှာ သွေးတက်နေတော့သည်။

ယခင်ကကဲ့သို့ ခန့်ညားထည်ဝါသော သခင်လေးပုံစံ လုံးဝ မရှိတော့ပေ။

​ဝမ်အိုနှင့် အခြားလူများမှာ ချန်ရှန့်ကို ဆက်မကြည့်ရဲဘဲ ခေါင်းငုံ့ထားကြသည်။

ဖန့်ချန်ကို စောစောက စော်ကားခဲ့သည့် ကျင့်ကြံသူမှာမူ ထောင့်တစ်နေရာတွင် ကြောက်လန့်တကြား တုန်ရီနေတော့သည်။

​ရှူအဖိုးအိုသည် နောက်ဆုံးတွင် ဖန့်ချန်ကို စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

"စီ... စီနီယာ ဒီလောက်ဆိုရင် တော်လောက်ပြီ မဟုတ်လား"

​ဖန့်ချန်က ပြုံးလိုက်သည်။

"ခင်ဗျားရော သူ့ကို တစ်ချက်လောက် မမြည်းစမ်းကြည့်ချင်ဘူးလား"

​ရှူမိသားစုဝင်များ ခဏမျှ တိတ်ဆိတ်သွားကြသည်။

အသက်ရှူသံ အနည်းငယ်အကြာတွင် ဇနီးမောင်နှံနှစ်ဦးမှာ သွားကြိတ်ကာ ရှေ့သို့တက်လာပြီး လူငယ်လေးကို ဆွဲဖယ်ကာ ချန်ရှန့်ကို တစ်လှည့်စီ ပါးရိုက်ကြတော့သည်။

​ချန်ရှန့်က အနည်းငယ် အရှက်ကွဲခံလိုက်လျှင် ပြီးသွားမည်ဟု ထင်ခဲ့သော်လည်း ယခုမူ ရှူမိသားစုဝင် အားလုံးက သူ့ကို ဝိုင်းရိုက်ရန် အားသန်နေကြသည်ကို သိလိုက်ရသည်။

သူသည် သွားကြိတ်ကာ

"တော်ပြီ"

ဟု ဟန့်လိုက်ရာ ဇနီးမောင်နှံမှာ လန့်သွားပြီး နောက်သို့ ဆုတ်သွားကြသည်။

​ဖန့်ချန်က ချန်ရှန့်ကို ကြည့်ကာ

"တကယ်ပဲ တော်ပြီလား"

ဟု မေးလိုက်သည်။

​ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ချန်ရှန့်က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။

"မ... မဟုတ်ပါဘူး ဆက်လုပ်ပါ ကျေးဇူးပြုပြီး ဆက်လုပ်ကြပါ"

​ဇနီးမောင်နှံမှာ သက်ပြင်းချကာ ပါးကို ဆက်တိုက် ရိုက်နှက်ကြပြန်သည်။

နာရီဝက်ခန့် ကြာသွားသောအခါ အဖိုးအိုကိုယ်တိုင် ဒေါသတကြီးဖြင့် ချန်ရှန့်ကို ပါးရိုက်ကာ ဆဲဆိုတော့သည်။

​"မင်းလို ရွှေအမြုတေအဆင့် ကျင့်ကြံသူက ဒီလို ယုတ်ညံ့တဲ့အလုပ်တွေကို လုပ်ရဲတယ်ပေါ့ ငါတို့ ရှူမိသားစုက မင်းကို ဘာစော်ကားလို့လဲ မင်း ငါတို့ကို ခြောက်လကျော်ပတ်လုံး လမ်းဘေးက ကြွက်တွေလို ပုန်းအောင်းပြေးလွှားနေအောင် လုပ်ခဲ့တာ"

​"ဖြန်း"

​"မင်းက ခွေးလေခွေးလွင့်ပဲ အသက် ရာချီရှိနေတဲ့ မိစ္ဆာအိုကြီးက လူငယ်လို ဟန်ဆောင်ပြီး သခင်လေး အခေါ်ခံနေတာလား မင်းနဲ့ တန်လို့လား"

​"ဖြန်း"

​"ယုန်အိုကြီး အခုကျတော့ ဘာလို့ အသံမထွက်တော့တာလဲ အခြေခံတည်ဆောက်ခြင်းအဆင့်က မင်းပါးကို ရိုက်နိုင်လိမ့်မယ်လို့ မထင်ထားဘူး မဟုတ်လား"

​"ဖြန်း"

​"ဒီနေ့ မင်းကို သေအောင် မရိုက်ရင် ငါက မင်းအဖေ မဟုတ်ဘူး"

​အဖိုးအိုမှာ ပါးတစ်ချက်ရိုက်တိုင်း ဆဲတစ်ခွန်း ဆဲဆိုနေပြီး သူ၏ မြေးများနှင့် ဇနီးမောင်နှံမှာ သူတို့၏ ဘိုးဘေးတွင် ထိုမျှ စူးရှသော လျှာရှိမှန်း ယခုမှ သိကြတော့သည်။

ချန်ရှန့်မှာ ကိုယ်ထည်ကို ဝိညာဉ်စွမ်းအားဖြင့် မြှင့်တင်ထားသဖြင့် ချီသန့်စင်ခြင်းအဆင့်၏ ရိုက်ချက်ကို ခံနိုင်သော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်၏ ရိုက်ချက်ကိုမူ ကာကွယ်ခြင်းမရှိဘဲ ခံရသဖြင့် ပါးစပ်နှင့် မျက်နှာမှာ ရွဲ့စောင်းသွားတော့သည်။

​သည်းခံရမယ် ငါ သည်းခံရမယ် ဒီနေ့ အသက်ရှင်သွားရင် ဒီအရှက်တရားတွေအတွက် ငါ ကလဲ့စားချေမယ် ဟု ချန်ရှန့်က စိတ်ထဲက ကြိတ်ကြုံးဝါးနေသည်။

တစ်ဖက်တွင်လည်း သူ၏ လျှို့ဝှက်ချက်ကို ဖန့်ချန် သိသွားမှာကို အလွန်စိုးရိမ်နေမိသည်။

​"အားကုန်သွားပြီ"

အဖိုးအိုက ရေရွတ်လိုက်ကာ ဖန့်ချန်ကို အရိုအသေပေးသည်။

"ကျေးဇူးတင်ပါတယ် စီနီယာ"

​ရှူမိသားစုဝင် အားလုံးကလည်း ကျေးဇူးတင်စကား ဆိုကြသည်။ ဖန့်ချန်က

"ခင်ဗျားတို့ သွားနိုင်ပြီ"

ဟု ဆိုသဖြင့် သူတို့အုပ်စု အမြန် ထွက်ခွာသွားကြတော့သည်။

​"စီနီယာ အခု ဒေါသပြေပြီဆိုရင် ဒီကိစ္စက ပြီးပြီလို့ သတ်မှတ်လို့ ရမလား"

ချန်ရှန့်က စိုးရိမ်တကြီး မေးလိုက်သည်။

​ဖန့်ချန်က သက်ပြင်းချသည်။

"ငါ ဒီနေ့ စိတ်မကြည်ဘူး"

​မင်း စိတ်မကြည်တာ ငါနဲ့ ဘာဆိုင်လဲ ဟု ချန်ရှန့်က စိတ်ထဲက ဆဲလိုက်သော်လည်း အပြင်မှာမူ အတင်းပြုံးကာ သူ၏ သိုလှောင်လက်စွပ်ကို ချွတ်၍ ဖန့်ချန်ရှေ့ ချပေးလိုက်သည်။

"စီနီယာ ဒါက ကျုပ်ရဲ့ ပိုင်ဆိုင်မှု အားလုံးပါ ဒါက စီနီယာ့ရဲ့ စိတ်ကို ကြည်လင်စေနိုင်မလားဝိညာဉ်အမှတ်အသားကိုလည်း ဖျက်ပြီးသားမို့ စိုးရိမ်စရာ မလိုပါဘူး"

​လက်စွပ်ထဲတွင် အဝါရောင်အဆင့်မြင့် ရတနာသုံးခုနှင့် ဝိညာဉ်ကျောက်တုံး သုံးသောင်းခန့် ရှိနေသည်။

ဖန့်ချန်က လက်စွပ်ကို တစ်ချက်ကြည့်ကာ

"မင်းက ငါ့ကို လူအထင်နေတာလား အခုတော့ ငါ ပိုပြီး စိတ်တိုသွားပြီ ကျင့်ကြံသူတွေကို ဒီလောက်နှစ်အကြာကြီး ခြိမ်းခြောက်ငွေတောင်းလာတာ ကျောက်တုံး သုံးသောင်းပဲ ရှိတယ် ဟုတ်လား"

​ချန်ရှန့်က ကပျာကယာ ရှင်းပြပြီး ဝမ်အိုတို့၏ လက်စွပ်များကိုပါ ချွတ်ခိုင်းကာ ဖန့်ချန်ရှေ့ စုပုံပေးလိုက်သည်။

ဖန့်ချန်က အေးဆေးစွာပင် မေးလိုက်သည်။

"မင်းလူတွေ အကုန် ဒီမှာ ရှိတာလား"

​ချန်ရှန့်က အချက်ပေးအဆောင်ကို ထုတ်ရန် ပြင်စဉ် ဖန့်ချန်က

"ငါ ပြောပြီးသားလေ အချက်ပေးအဆောင် ထုတ်ရင် မင်းကို ငါ သတ်မယ်လို့"

ဟု ဆိုလိုက်ရာ ချန်ရှန့်မှာ တောင့်တင်းသွားသည်။

​ဖန့်ချန်က ခပ်တိုးတိုး ဆက်မေးလိုက်သည်။

"ဒီလူတွေထဲမှာ မင်းလိုပဲ ဝိညာဉ်သွေးဂိုဏ်းက လူ ဘယ်နှယောက် ပါသေးလဲ"

​ထိုစကားကို ကြားသည်နှင့် ချန်ရှန့်နှင့် ဘေးက အမျိုးသမီးမှာ မိုးကြိုးပစ်ခံရသကဲ့သို့ တောင့်တင်းသွားကြသည်။

ဝမ်အိုတို့မှာမူ ထိတ်လန့်သွားကြသည်။

သူတို့သခင်က ဒဏ္ဍာရီလာ ဝိညာဉ်သွေးဂိုဏ်းက ဖြစ်နေသည်လား

​ချန်ရှန့်က အတင်းပြုံးကာ ငြင်းသော်လည်း ဖန့်ချန်၏ ရှေးဦးနတ်ဘုရားမျက်လုံး က ချန်ရှန့်၏ မျက်နှာပေါ်က တုန်လှုပ်မှုကို မြင်နေရပြီဖြစ်သည်။

​"ငြင်းမနေပါနဲ့တော့ ဝိညာဉ်သွေးဂိုဏ်းက ငါ့ကို ရှာနေတာ မဟုတ်လား လုံချင်းစစ်သူကြီး ကြောင့်လားသူက ကျွယ်ဝူတိတို့ရဲ့ စီနီယာအစ်ကို မဟုတ်လား"

ဟု ဖန့်ချန်က ပြုံးလျက် ဆိုသည်။

​ချန်ရှန့်၏ အပြုံးများ ပျောက်ကွယ်သွားပြီး အေးစက်စွာ ဆိုသည်။

"ဒါကို စောစောက သိခဲ့ရင် ဟိုပုရွက်ဆိတ်တွေရဲ့ အစော်ကားကို ငါ ခံမှာမဟုတ်ဘူး"

​"မင်း ပြန်တိုက်ခိုက်လို့ ရပါတယ် ဒါပေမဲ့ မင်း အသက်ပျောက်သွားလိမ့်မယ် မင်း ဘာလို့ အခုထိ အသက်ရှင်နေသေးလဲဆိုတာကို သေချာစဉ်းစားပါ"

ဟု ဖန့်ချန်က ပြောလိုက်သည်။

​ချန်ရှန့်သည် ခဏမျှ ဝေခွဲမရဖြစ်နေပြီးနောက် အသက်ရှင်လိုစိတ်က ပြန်လည် စိုးမိုးလာကာ

"စီနီယာ ကျွန်တော့်ကို ဘာတွေ အမိန့်ပေးချင်လို့လဲခင်ဗျာ"

ဟု မေးလိုက်တော့သည်။

All Chapters