အခန်း (၁၉၃၇-၁၉၃၈)
Vol. 194 Ch. 1937-1938
အခန်း (၁၉၃၇) - ငါ့ရဲ့ မွေးစားသမီးကို ဆုံးမဖို့ မင်းမှာ အခွင့်အရေး ရှိလို့လား
“ဒီလူတွေကတော့ တစ်ယောက်ပြီးတစ်ယောက် ဝှက်ဖဲတွေကလည်း တရစပ်ပဲ။ ဒါ ဘယ်လိုခေတ်ကြီးလဲ ဝှက်ဖဲမရှိရင် အပြင်တောင် ထွက်မသွားရဲတော့ဘူးလား”
ချန်ဖေးဖေးက တိုးတိုးလေး ရေရွတ်လိုက်သည်။
“ချန်ဖေးဖေး... မင်းက ကျွယ်မင်နတ်နန်းရဲ့ နန်းတော်သခင်ပဲလေ၊ မင်းမှာလည်း ဝှက်ဖဲရှိမှာပါ၊ အရင်တုန်းက မင်းနဲ့ ဝမ်မျိုးနွယ်စုရဲ့ ဆက်ဆံရေးက မဆိုးဘူးလို့ ငါမှတ်မိနေတယ်”
အဆင့် ၉ မသေမျိုး တစ်ဦးက ပြုံးစစဖြင့် ဆိုသည်။
ဖန့်ချန်၏ စိတ်က လှုပ်ရှားသွားပြီး ထိုအဆင့် ၉ မသေမျိုးကို တစ်ချက် ကြည့်လိုက်မိသည်။ ကြည့်ရသည်မှာ ထိုသူသည်လည်း အကြိမ်ကြိမ် ဘဝကူးပြောင်း ကျင့်ကြံခဲ့သည့် လူတစ်ယောက် ဖြစ်ပုံရပြီး မင်ရွှီ ခေတ်၏ မှတ်ဉာဏ်များ သို့မဟုတ် ထိုခေတ်က အခြေအနေအရပ်ရပ်ကို သိရှိထားသူ ဖြစ်ပေလိမ့်မည်။
“ကျွန်တော့်မှာ ဘယ်က ဝှက်ဖဲရှိမှာလဲဗျာ”
ချန်ဖေးဖေးက ဝမ်ချုံစန်းဘက်ကို မသိမသာ တစ်ချက် ကြည့်လိုက်သည်။ အစကတည်းက ဝမ်ချုံစန်း၏ တည်ရှိမှုမှာ အလွန်ပင် သိမ်မွေ့လွန်းလှသဖြင့် ထိုနေရာရှိ လူအားလုံးက သူ့ကို ချန်ဖေးဖေး ခေါ်လာသည့် ကျွယ်မင်နန်းတော်မှ ဝါရင့်ပုဂ္ဂိုလ် တစ်ဦးသာ ဖြစ်မည်ဟု ထင်နေကြခြင်း ဖြစ်သည်။
“ရှီးရှင်းဟိုင်က မူလကတည်းက အစွမ်းအထက်ဆုံး ဖြစ်တဲ့ စစ်မှန်သော မသေမျိုးလမ်းစဉ်ကို လျှောက်လှမ်းထားတာ။ အခု ကျိန်းဝမ်ဓားကိုပါ ကိုင်ထားတာဆိုတော့ ဟိုမိန်းကလေးတော့ အန္တရာယ်ရှိနေပြီ”
ထိုအချိန်တွင် ရှီးရှင်းဟိုင်၏ အရှိန်အဝါမှာ အကန့်အသတ်ကျော်လွန်မှုအဆင့်သို့ အထွတ်အထိပ် ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ အရှိန်အဝါမှာ လုဖုန်းရှန်ထက်ပင် အနည်းငယ် သာလွန်နေပြီး လုဖုန်းရှန်ထက် မနိမ့်ကျလှချေ။
လူတိုင်းက ယခုမှပင် သဘောပေါက်သွားကြသည်။ သူသည် အဘယ်ကြောင့် လုဖုန်းရှန်၊ ဟဲ့ကျန်းရှန်းတို့နှင့် ပူးပေါင်းနိုင်သနည်း ဆိုသည်မှာ ရှင်းလင်းသွားပြီ ဖြစ်သည်။ ဤနှစ်ယောက် ပေါင်းလျှင်တောင် ကျိန်းဝမ်ဓားကို ကိုင်ဆောင်ထားသော ရှီးရှင်းဟိုင်ကို ယှဉ်နိုင်မည် မဟုတ်ချေ။
“ငါ ဒီဓားနဲ့... အရာအားလုံးကို ဖျက်ဆီးမယ်”
ရှီးရှင်းဟိုင်သည် ဦးစွာ ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီး သက်ပြင်းတစ်ချက်ကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်သည်။ သူ ပြန်၍ ခေါင်းမော့လိုက်သောအခါ လက်ထဲမှ ကျိန်းဝမ်ဓားထဲသို့ ထူးခြားဆန်းပြားသော နတ်ဘုရားစွမ်းအားများ စီးဝင်သွားပြီး ဖြာထွက်လာသော အလင်းတန်းများမှာ အဆင့် ၉ မသေမျိုးများပင် မျက်လုံးကို မှေးထားရသည်အထိ သို့မဟုတ် လက်ဖြင့် ကာထားရသည်အထိ တောက်ပလွန်းလှသည်။
ထိုဓားချက်မှာ ကြာနီနတ်မိမယ်၏ နည်းလမ်းများကို ခဏချင်းအတွင်း ဖျက်ဆီးပစ်လိုက်ပြီး သူမ၏ မျက်ခုံးအလယ်တည့်တည့်သို့ ဦးတည်သွားတော့သည်။ အကယ်၍သာ အသာလေး ထိရုံထိလိုက်လျှင်ပင် အကန့်အသတ်ကျော်လွန်သူ တစ်ဦးဖြစ်ပါစေ၊ ထိုနေရာမှာတင် ဝိညာဉ်လွင့်စင်သွားရပေလိမ့်မည်။
“သူက နယ်မြေကိုးခုရဲ့ လက်ရှိအဆင့်မှာ တကယ့် နံပါတ်တစ် ဖြစ်နိုင်တယ်...”
လူတိုင်းက ရှီးရှင်းဟိုင်ကို ကြည့်သည့် အကြည့်များမှာ လုံးဝ ပြောင်းလဲသွားကြသည်။ ယခင်က အင်အားစု အသီးသီးမှ ရှေးဟောင်းပုဂ္ဂိုလ်ကြီးများ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာခဲ့ကြသဖြင့် 'အဆင့် ၉ မသေမျိုး' ဆိုသည့် ဘွဲ့ထူးရှိသော ရှီးရှင်းဟိုင်၏ အဆင့်အတန်းမှာ လူတိုင်း၏ စိတ်ထဲတွင် ယခင်ကလောက် ထူးကဲခြင်း မရှိတော့ချေ။
သာမန် အဆင့် ၉ မသေမျိုး တစ်ဦးက ထိုနေရာရှိ နောက်ခံ အလွန်ကြီးမားလှသော ကောင်းကင်ဘုံလမ်းစဉ်တစ်ပိုင်း အဆင့်ရှိသူများကို မည်သို့ ယှဉ်နိုင်မည်နည်း။
သို့သော် ယခုအချိန်တွင်မူ လူတိုင်းက သူတို့၏ ယခင်အတွေးမှာ မိုက်မဲပြီး ဆုံးဖြတ်ချက် စောလွန်းသည်ဟု ခံစားလိုက်ရသည်။ ကျိန်းဝမ်ဓားကို ကိုင်ဆောင်ထားသော ရှီးရှင်းဟိုင်မှာ ရှေးဟောင်းမိစ္ဆာ ဂူမော့မှလွဲလျှင် နယ်မြေကိုးခု၌ တကယ့် နံပါတ်တစ် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ဤဓားချက်သည် လုဖုန်းရှန်၊ ဟေးရီဧကရာဇ်တို့ ပူးပေါင်းလျှင်ပင် မဖောက်နိုင်သော အကာအကွယ်ကို ရိုးရှင်းစွာပင် ဖောက်ခွဲပစ်လိုက်နိုင်ခဲ့ပြီ။
ဖန့်ချန်က အလိုအလျောက် ရှေ့သို့ တစ်လှမ်း တိုးလိုက်မိသည်။ သို့သော် ယွမ်ဟယ်က ဓာတ်တော်ကို ကိုင်ထားရင်း ဖန့်ချန်၏ ရှေ့တွင် ပေါ်လာကာ ဖန့်ချန်၏ ပုခုံးကို လက်တစ်ဖက်ဖြင့် ဖိထားရင်း ခေါင်းကို ဖြည်းဖြည်းချင်း ခါပြကာ ဂူမော့ ရှိရာဘက်သို့ မျက်စိဖြင့် အချက်ပြလိုက်သည်။
ဖန့်ချန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး ကြည့်လိုက်သောအခါ အော်ဟစ်နေသော ဂူမော့မှာ ရုတ်တရက် အလွန်ပင် တည်ငြိမ်သွားပြီး ရှီးရှင်းဟိုင်၏ ဓားဖြင့် အသတ်ခံရတော့မည့် ကြာနီနတ်မိမယ်ကို အေးစက်စွာ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
နောက်တစ်ခဏတွင် သူ၏ ကိုယ်ထည်မှာ မူလနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး ရှီးရှင်းဟိုင်၏ ဓားအရှိန်ရှေ့တွင် ပြန်လည် ပေါ်လာတော့သည်။ ရှီးရှင်းဟိုင်မှာ အံ့အားသင့်သွားပြီး တုံ့ပြန်ရန်ပင် အချိန်မရခင်မှာပင် တောက်ပလှသော ဓားအလင်းတန်းကို ဂူမော့က လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။
ဂူမော့၏ နောက်ကျောတွင် နက်ရှိုင်းလှသော ချောက်ကမ္ဘာကြီးကဲ့သို့ ကြီးမားလှသော ပါးစပ်ကြီးတစ်ခု ဖြည်းဖြည်းချင်း ပွင့်လာပြီး အတွင်းမှ ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ အမည်းရောင် အခိုးအငွေ့များ တရစပ် ထွက်ပေါ်လာပြီး ဂူမော့၏ ကိုယ်ထဲသို့ စီးဝင်သွားသည်။
ထို့နောက်တွင် ရှီးရှင်းဟိုင်၏ ဓားအလင်းတန်းကို ဂူမော့က လက်ဖြင့် အတင်းအဓမ္မ ချိုးဖဲ့ပစ်လိုက်တော့သည်။
“ငါ့ရဲ့ မွေးစားသမီးကို ဆုံးမဖို့ မင်းမှာ အခွင့်အရေး ရှိလို့လား ”
ရှီးရှင်းဟိုင်၏ မျက်နှာမှာ ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားပြီး မိုင်ပေါင်းများစွာ အကွာအဝေးသို့ အလျင်အမြန် ဆုတ်ခွာသွားသည်။ သူသည် ဂူမော့နှင့် ဂူမော့နောက်ကွယ်မှ ခဏလေး ပေါ်လာပြီး ပျောက်ကွယ်သွားသော ပါးစပ်ကြီး ကို သံသယစိတ်များဖြင့် စိုက်ကြည့်နေသည်။
“အဲဒါက ဂူမော့ရဲ့ အတွင်းနယ်မြေလား”
ချန်ဖေးဖေး၏ အကြည့်က အနည်းငယ် ထူးဆန်းသွားသည်။ ဤကဲ့သို့သော အတွင်းနယ်မြေမျိုးက... အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
“ဂူမော့... ငါက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာ မဟုတ်ပါဘူး၊ ခုနက မင်းတို့က...”
ရှီးရှင်းဟိုင်သည် ကျန်းရန်သူတော်စင်တို့ အော်ဟစ် နာကျင်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရမှ ရုတ်တရက် သဘောပေါက်သွားသည်။ ဂူမော့ တစ်ယောက်တည်းသာ စောင်းသံ၏ လွှမ်းမိုးမှုကို လုံးဝ ခံမထားရခြင်း ဖြစ်သည်။
လုဖုန်းရှန်က မျက်နှာ အမူအရာ ပျက်ယွင်းစွာဖြင့်
“ဂူမော့... မင်းက လွှမ်းမိုးမှု မခံရဘူးဆိုရင် ဘာလို့ သူမရဲ့ လုပ်ရပ်ကို မတားတာလဲ ”
“ငါတို့က မင်းနဲ့ ပူးပေါင်းခဲ့တာ၊ ဒါပေမဲ့ မင်းမှာ လုံလောက်တဲ့ ရိုးသားမှု မရှိဘူး။ မင်းရဲ့ မွေးစားသမီးက ငါ့ဆရာတို့အပေါ် တိုက်ခိုက်နေတာကို ဒီအတိုင်း ကြည့်နေတာလား”
ဟေးရီဧကရာဇ်၏ မျက်နှာမှာလည်း အလွန်ပင် ကြည့်မကောင်းလှချေ။
“မင်းတို့ နှစ်ယောက်က ငါ့ရှေ့မှာ လေပေါဖို့ ဘာအရည်အချင်း ရှိလို့လဲ”
ဂူမော့က ရုတ်တရက် အသာအယာ ပြုံးလိုက်သော်လည်း နောက်တွင် ထိုအပြုံးမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
“ဖယ်စမ်း”
စူးရှလှသော ထိုအသံကြောင့် လုဖုန်းရှန်တို့၏ မျက်နှာများမှာ ဖြူဖျော့သွားကြပြီး သူတို့၏ လက်အောက်ငယ်သားများမှာလည်း အရှိန်အဝါများ တုန်လှုပ်ကာ အတွင်းဒဏ်ရာ အသီးသီး ရသွားကြတော့သည်။
လုဖုန်းရှန် သုံးယောက်လုံးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် ဆိတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်ကြသည်။
“ဒီလူကြီးရဲ့ နည်းလမ်းတွေက... တော်တော် ကြောက်စရာကောင်းတာပဲ”
ဓာတ်တော်၏ ရွှေရောင်အလင်းဖြင့် ကာကွယ်ထားသော ကျင့်ကြံသူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အံ့အားသင့်နေကြသည်။ ဦးစွာ စောင်းသံ၏ လွှမ်းမိုးမှုကို မခံရခြင်း၊ ထို့နောက် အစွမ်းထက်သူ သုံးဦးကို အော်ရုံဖြင့် နောက်ဆုတ်သွားစေပြီး ရှီးရှင်းဟိုင်ကဲ့သို့သော ပုဂ္ဂိုလ်ကိုပင် စကားမပြောရဲအောင် လုပ်နိုင်ခြင်းမှာ သူတို့ စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။
“ဒါက သာမန် အကန့်အသတ်ကျော်လွန်သူနဲ့ အတွင်းနယ်မြေကို တည်ဆောက်နိုင်တဲ့သူရဲ့ ကွာခြားချက်လား...”
တစ်စုံတစ်ယောက်က စိတ်ထဲမှ တိုးတိုးလေး တွေးလိုက်မိသည်။
ဂူမော့က ရုတ်တရက် လှည့်၍ ကြာနီနတ်မိမယ်ကို ကြည့်လိုက်သည်။
“ဟုန်ကျစ်... အဖေက နင့်အပေါ်မှာ မကောင်းခဲ့ဘူးလား”
ကြာနီနတ်မိမယ်က တစ်ခွန်းမှ မပြောဘဲ ခေါင်းငုံ့ကာ စောင်းကို ဆက်လက် တီးခတ်နေသည်။ ကျန်းရန်သူတော်စင်မှာ မခံမရပ်နိုင်တော့ဘဲ
“ဂူမော့ အား မြန်မြန် သူမကို တားပေးပါဦး ”
ဂူမော့က သူ့ကို လုံးဝ အရေးမစိုက်ဘဲ ကြာနီနတ်မိမယ်ကိုသာ စူးစိုက်ကြည့်နေသည်။
“နင် ငါ့ကို ပြန်တိုက်ချင်နေတာ ငါ အမြဲတမ်း သိနေခဲ့တယ်။ ဒီနေ့ ငါက နင့်ကို လက်တွေ့ဘဝဆိုတာ ဘာလဲဆိုတာ သေချာ သိအောင် လုပ်ပြချင်လို့ပဲ။ ငါ့ရဲ့ နည်းလမ်းတွေနဲ့ နင် ငါ့ကို ဘယ်လို ပြန်တိုက်မှာလဲ”
ဂူမော့က တည်ငြိမ်စွာ ဆိုသည်
“ဒီအကြောင်းကို နင် သေချာ စဉ်းစားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ငါ နင့်ကို နောက်ထပ် အခွင့်အရေး တစ်ကြိမ် ပေးမယ်”
စကားအဆုံးတွင် ဂူမော့၏ နောက်ကျောမှ 'ပါးစပ်ကြီး' မှာ ထပ်မံ ပေါ်လာပြီး ကြာနီနတ်မိမယ်ကို တစ်လုတ်တည်း ဝါးမြိုပစ်လိုက်တော့သည်။
စောင်းသံမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။ ကျန်းရန်သူတော်စင်တို့မှာ သက်ပြင်းအရှည်ကြီး ချလိုက်နိုင်ပြီး သူတို့၏ အခြေအနေကို ချက်ချင်း ပြန်လည် ပြုပြင်လိုက်ကြသည်။
“ပြီးတော့ မင်းတို့တွေလည်း ပါတာပဲ”
ဂူမော့က သူခေါ်လာသော ရှေးဟောင်းမိစ္ဆာဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူများကို လှမ်းကြည့်လိုက်သည်။
“မင်းတို့တွေက အတော်လေး စောစောကတည်းက ဟုန်ကျစ်ရဲ့ အမိန့်ကို နာခံနေခဲ့ကြတာ မဟုတ်လား”
“ဂိုဏ်းချုပ်... ကျွန်တော်တို့မှာ မတရား စွပ်စွဲခံရတာပါ”
ထိုမိစ္ဆာကျင့်ကြံသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်ရင်း အလွန်ပင် မတရား ခံစားနေရပုံ ပေါက်နေသည်။
“ငါက ကျင့်စဉ်ကိုပဲ အာရုံစိုက်နေခဲ့တာ မှန်ပေမဲ့ ငါ တကယ်ပဲ သေနေတယ်လို့ မထင်လိုက်နဲ့”
ဂူမော့က အေးစက်စွာ ပြုံးကာ လက်ဖြင့် အသာအယာ ညွှန်ပြလိုက်သည်။ သူ ခေါ်လာသော မိစ္ဆာကျင့်ကြံသူများမှာ ချက်ချင်းပင် မူလနေရာမှာတင် တောင့်တင်းသွားကြသည်။ ထို့နောက်တွင် သူတို့သည် လေတိုက်၍ ပြိုကျသွားသော သဲရုပ်ထုများပမာ တစ်စစီ ပျက်စီးသွားကြတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဂူမော့ ခေါ်လာသော လက်အောက်ငယ်သားများ အားလုံး သေဆုံးသွားကြပြီ ဖြစ်သည်။ ဖုန်မှုန့်သည် ဖုန်မှုန့်ထံသို့၊ မြေကြီးသည် မြေကြီးထံသို့သာ။
ရွှေရောင်အလင်းဖြင့် ကာကွယ်ခံထားရသော ကျင့်ကြံသူများမှာ ဤမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်သွားကြသည်။ ရှေးဟောင်းမိစ္ဆာဂိုဏ်းမှာ ကြာနီနတ်မိမယ်က အစောကတည်းက သိမ်းသွင်းထားပြီးသား ဖြစ်နေပြီး ဂူမော့မှာ တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်နေခဲ့သည်လား။
“ဂူမော့... ကြည့်စမ်း၊ မင်းဦးဆောင်တဲ့ လူမျိုးစုဝင်တွေတောင် မင်းရဲ့လမ်းစဉ်ကို မလိုက်ချင်ကြဘူး။ မင်းကတော့ အခုထိ နားမလည်နိုင်သေးဘူးလား”
လန်တောက်ချွန်းက လေးနက်စွာ ဆိုသည်။
“ငါ့ရဲ့လမ်းစဉ်က သူတို့နဲ့ ဘာဆိုင်လို့လဲ ငါက အစကတည်းက ငါ့ကိုယ်ငါအတွက်ပဲ ဂရုစိုက်တာ”
ဂူမော့က ရုတ်တရက် ရယ်မောလိုက်သည်
“သူတို့ ငါ့ကို သစ္စာမဖောက်ရင်တောင် ငါက သူတို့ကို ရှင်းပစ်ဖို့ အကြောင်းပြချက် တစ်ခု ရှာမှာပဲ။ မဟုတ်ရင် သူတို့ကို ခေါ်သွားတာက အနှောင့်အယှက် တစ်ခု ဖြစ်မနေဘူးလား ”
အသုံးချပြီးမှ ဖယ်ထုတ်ပစ်တာလား
လူတိုင်း၏ မျက်နှာထားမှာ ထူးဆန်းသွားသည်။ ရှေးဟောင်းမိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများသည် ဤနှစ်များအတွင်း သူ့အတွက် အလုပ်များစွာ လုပ်ပေးခဲ့ကြမည်မှာ သေချာသည်။ သို့သော် သူသည် နယ်မြေကိုးခုမှ ထွက်ခွာခွင့်ရမည့် အချိန်တွင်တော့ သူတို့ကို အနှောင့်အယှက်များအဖြစ် သတ်မှတ်ကာ ရှင်းထုတ်ပစ်လိုက်ခြင်းပင်။
ဤကဲ့သို့သော စိတ်နေစိတ်ထားမှာ နတ်ဆိုးကျင့်ကြံသူ များနှင့် အနည်းငယ် တူညီနေသည်ဟု လူတိုင်း ခံစားလိုက်ရတော့သည်။
အခန်း (၁၉၃၈) - ရွှေရောင်အလင်း ပျက်စီးခြင်း
ဖန့်ချန်သည် ရှေးဟောင်းမိစ္ဆာ ဂူမော့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီး သူ၏ စိတ်ထဲတွင်တော့ အရိပ်စစ်သည် တစ်သိန်းနှင့် ဂူမော့တို့ တိုက်ခိုက်မည်ဆိုပါက အနိုင်ရရှိနိုင်မည့် အခွင့်အလမ်းကို အဆက်မပြတ် တွက်ချက်နေမိသည်။
သူ၏ အားသာချက်မှာ အရိပ်စစ်သည် တစ်သိန်းဟူသော အလွန်အမင်း များပြားလှသည့် အရေအတွက်ပင် ဖြစ်သည်။
ထိုအထဲတွင် အကန့်အသတ်ကျော်လွန်သူ များစွာ ပါဝင်သော်လည်း ဤအရိပ်စစ်သည်များ၏ အစွမ်းမှာ တူညီသောအဆင့်ရှိ ကျင့်ကြံသူများထက် အနည်းငယ် နိမ့်ကျနေသည်။
ဂူမော့မှာမူ သူတော်စင်တစ်ပိုင်း တစ်ဦး၏ နည်းလမ်းများကို မနိုင်မနင်း ပိုင်ဆိုင်ထားနိုင်ပြီ ဖြစ်သည်။
'ခြင်္သေ့တစ်ကောင်ကို ပုရွက်ဆိတ်အုပ်နဲ့ ဝိုင်းကိုက်သတ်တဲ့' ဗျူဟာကို သုံး၍ ရနိုင်သော်လည်း၊ ထိုသို့ သုံးပြီးနောက် ဂူမော့ကို အကျပ်ကိုင်ကာ ကြာနီနတ်မိမယ်ကို ပြန်ထုတ်ပေးခိုင်းနိုင်မလား ဆိုသည်မှာ အလွန်အရေးကြီးသော မေးခွန်းတစ်ခု ဖြစ်သည်။
“အနိုင်ရနိုင်ခြေက အလွန်ဆုံးရှိမှ ငါးပုံတစ်ပုံပဲ။ အနိုင်ရနိုင်ခြေ ငါးပုံတစ်ပုံဆိုတာက... သူ ထွက်ပြေးချင်တယ်ဆိုရင် အချိန်မရွေး လွတ်မြောက်သွားနိုင်တယ်။ ဟုန်ကျစ်ကို ပြန်လွှတ်ပေးဖို့ သူ့ကို အကျပ်ကိုင်နိုင်မယ့် ဘယ်အကြောင်းပြချက်မှလည်း မရှိသေးဘူး။ နောက်ပြီး သူက သူ့ကိုယ်ပေါ်က ဖောက်ပြန်ပြောင်းလဲမှုတွေကို ဖိနှိပ်ထားနိုင်တဲ့ တစ်ခုခုရှိနေပုံပဲ”
ဖန့်ချန် အသေးစိတ် လေ့လာကြည့်မိသည်။ အဘိုးတို့၏ ပြောပြချက်အရဆိုလျှင် ဂူမော့၏ အခြေအနေမှာ အမြစ်တွယ်နေသော ရောဂါသည် ကဲ့သို့ ဖြစ်နေသင့်ပြီး ကျန်းရန်သူတော်စင်တို့မှာမူ ကိုယ်ပေါ်ရှိ ကူးစက်မှု ကို ဖြေဖျောက်နိုင်မည့် အခွင့်အရေး အနည်းငယ် ရှိနေသေးသည်။
ဤသို့သော အခြေအနေမျိုးတွင် ဂူမော့က ကိုယ်တွင်းရှိ ထိုမိစ္ဆာစွမ်းအားဆိုးများကို ဖိနှိပ်ထားနိုင်ခြင်းမှာ သူသည် တစ်စုံတစ်ရာသော နည်းလမ်းကို တတ်မြောက်ထားခြင်း သို့မဟုတ် ထိုစွမ်းအားဆိုးများကို ခေတ္တမျှ ချုပ်တည်းထားနိုင်သည့် ရတနာတစ်ခုခု သူ့ကိုယ်ပေါ်တွင် ရှိနေခြင်းကြောင့် ဖြစ်ရမည်။
ဂူမော့၏ လက်ရှိအစွမ်းကို အမြင့်ဆုံးအထိ ထုတ်သုံးနိုင်သော်လည်း ကြာရှည်ခံလိမ့်မည်မဟုတ်ဟု သူ ခန့်မှန်းမိသည်။
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားသည်။
မည်မျှ ကြာသွားသည်မသိ၊ ကျန်းရန်သူတော်စင်နှင့် ကျန်ရှိသူများသည် တစ်ယောက်ပြီး တစ်ယောက် သူတို့၏ အခြေအနေကို ပြန်လည် ထိန်းညှိနိုင်ခဲ့ကြပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လာကြသည်။
“ဂူမော့... မင်း ငါတို့ကို ရှင်းပြချက်တစ်ခု ပေးရမယ်”
ကျန်းရန်သူတော်စင်က လေးနက်သော အသံဖြင့် ဆိုသည်။
“ရှင်းပြချက် ဘာရှင်းပြချက်လဲ၊ ပြဿနာကို ငါ ဖြေရှင်းပေးလိုက်ပြီ မဟုတ်လား။ ဒါမှမဟုတ် မင်းက ငါ့အစား ငါ့ရဲ့ မွေးစားသမီးကို ဆုံးမပေးချင်လို့လား ”
ဂူမော့က အသာအယာ ပြုံးရင်း ဆိုသည်။
ကျန်းရန်သူတော်စင် ခဏမျှ ဆွံ့အသွားတော့သည်။
လော့ရွှီသူတော်စင်က
“ကိစ္စတွေက ပြီးသွားပြီဆိုမှတော့ ထပ်ပြောနေဖို့ မလိုတော့ဘူး။ အခုတော့ ဂူမော့အနေနဲ့ အစွမ်းလေး နည်းနည်း ထပ်ထုတ်ပေးပါဦး၊ ဒီဓာတ်တော်ရဲ့ ရွှေရောင်အလင်းကို ချိုးဖျက်ရမယ်။ ငါတို့ လိုချင်တဲ့လူက ဒီကောင်လေးဆီမှာ ရှိနေတာ၊ သူ့ကို အရှင်ဖမ်းရမယ်”
သူမက ဖန့်ချန်ကို လက်ညွှန်ပြကာ ဆိုသည်။
“ဘာတွေ လောနေတာလဲ ဝိညာဉ်နှိမ်နင်းကျောက်တိုင်က ဒီမှာ ရှိနေတာပဲ၊ သူတို့ ဘယ်ကို ပြေးနိုင်မှာလဲ ”
ဂူမော့က အေးစက်စွာ ရယ်မောလိုက်သည်
“မင်းတို့လည်း အခြေအနေ ပြန်ကောင်းနေပြီပဲ၊ ငါတစ်ယောက်တည်းကိုပဲ အပင်ပန်းမခံခိုင်းနဲ့၊ မင်းတို့လည်း အလုပ်လုပ်ကြဦး”
“ဒါပေါ့... ဒါကတော့ သေချာတာပေါ့”
ဂူမော့၏ ဦးဆောင်မှုအောက်တွင် လုဖုန်းရှန်နှင့် ကျန်ရှိသူများသည် ဓာတ်တော်၏ ရွှေရောင်အလင်းတန်းကို နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်ကြပြန်သည်။
ဤတစ်ကြိမ်တွင် ဂူမော့သည် ယခင်ကထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော တိုက်စစ်များကို ထုတ်ဖော်လာခဲ့သည်။ သူသည် အပြင်ပန်းတွင် တည်ငြိမ်နေပုံရသော်လည်း အမှန်တကယ်တွင်မူ ကြာနီနတ်မိမယ်၏ ကိစ္စကြောင့် စိတ်ထဲတွင် ဒေါသတကြီး ပေါက်ကွဲနေသည်မှာ သေချာလှသည်။
ရှီးရှင်းဟိုင်သည်လည်း ယခုအခါတွင် သူ၏ စွမ်းအားများကို ဖုံးကွယ်မထားတော့ချေ။ သူ၏ လက်အောက်မှ အဆင့် ၉ မသေမျိုး လေးဦးသည်လည်း သူနှင့်အတူ လိုက်ပါကာ ကျန်ရှိသော မသေမျိုးလောကငယ်လေးမှ အစွမ်းထက်သူများနှင့်အတူ လုဖုန်းရှန်တို့ထက် မနိမ့်ကျသော အင်အားစုတစ်ခု ဖြစ်လာခဲ့သည်။
သူတို့ ထုတ်ဖော်လိုက်သော ဖျက်ဆီးအားမှာလည်း ထိတ်လန့်ဖွယ်ရာ ကောင်းလှသည်။
ကျန်းရန်သူတော်စင် ကဲ့သို့သော ပုဂ္ဂိုလ်များပင် ရှီးရှင်းဟိုင်ကို မသိမသာ လှမ်းကြည့်လိုက်မိကြသည်။
အခြားတစ်ဖက်တွင်မူ အစောဆုံး ပေါ်လာခဲ့သော ဟေးရီဧကရာဇ်မှာမူ သူကိုယ်တိုင်ရော၊ သူ၏ လက်အောက်မှ အဆင့် ၉ မသေမျိုး မိစ္ဆာကြီးများပါ ဤအစွမ်းထက်သူများ၏ ရှေ့တွင် အရောင်မှိန်သွားသကဲ့သို့ ဖြစ်နေတော့သည်။
“ဒီအတိုင်းသာ ဆက်သွားရင် ဓာတ်တော် ရွှေရောင်အလင်းက ကြာရှည် တောင့်ခံနိုင်မှာ မဟုတ်ဘူး”
လန်တောက်ချွန်းက သူ၏ အကျီလက်စကကို ဖြည်းဖြည်းချင်း လိပ်တင်လိုက်သည်။
“မတိုက်ချင်လည်း တိုက်ရတော့မှာပဲ။ ခဏနေရင် ငါနဲ့ ရှန်ပိတပ်ဖွဲ့ရဲ့ တပ်မှူးချုပ်က ဟေးရီဧကရာဇ်နဲ့ ရှီးရှင်းဟိုင်ကို ရင်ဆိုင်မယ်”
“ငါကတော့ လုဖုန်းရှန်ကို ကိုင်တွယ်မယ်”
မော်ထျန်းတီကျန့်က တည်ငြိမ်စွာ ဆိုသည်။
“မော်ထျန်းတီကျန့်က လုဖုန်းရှန်ကို ရင်ဆိုင်ဖို့ ပြဿနာမရှိနိုင်ပေမဲ့၊ ခင်ဗျားတို့ နှစ်ယောက်ကတော့ ဟေးရီဧကရာဇ်နဲ့ ရှီးရှင်းဟိုင်တို့ကို ရင်ဆိုင်ဖို့ အားနည်းနည်း လိုနေသေးပုံရတယ်။ ကျွန်တော်တို့ ကူညီပေးပါ့မယ်”
ချန်ဖေးဖေးက ပြုံးရင်း ဆိုသည်။
“ဟုတ်တယ်... ဟုတ်တယ်”
အင်အားစု အသီးသီးမှ အဆင့် ၉ မသေမျိုးများကလည်း ခေါင်းညိတ် ထောက်ခံကြသည်။
“ဒါဆိုရင် ဒီရှေးဟောင်းမိစ္ဆာ ဂူမော့ကရော”
လန်တောက်ချွန်းက မေးလိုက်သည်။
“ခင်ဗျားတို့ပဲ ဂူမော့ကို ရင်ဆိုင်လိုက်ပါ၊ ဟေးရီဧကရာဇ်နဲ့ ရှီးရှင်းဟိုင်ကိုတော့ ကျွန်တော်တို့ဆီ လွှတ်ထားလိုက်”
ရှောက်မုန့်ယွမ်က ဆိုသည်။
ချန်ဖေးဖေးနှင့် ကျန်သူများ၏ မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။
တွေးတာတော့ အတော်လေး ချိုနေကြတာပဲ။
ဒီဂူမော့ရဲ့ အစွမ်းနဲ့ဆိုရင် ဘယ်သူပဲ ရင်ဆိုင်ရင်ဆိုင် ချက်ချင်း အသက်ပျောက်သွားမှာ မဟုတ်လား။
“စီနီယာတို့... ခင်ဗျားတို့ ဘယ်လို ထင်သလဲ ဒီဂူမော့ကို တိုက်နိုင်ပါ့မလား”
လန်တောက်ချွန်းက ထိုနေရာရှိ ယန်နတ်ဘုရားများဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။
“ငါတို့ အားလုံး ပေါင်းထားရင်တောင် သူ့တစ်ယောက်တည်းကို ယှဉ်ဖို့ မလောက်ဘူး”
ယွမ်ဟယ်က အေးစက်စွာ လှောင်ပြုံးရင်း ဆိုသည်။
“......”
လူတိုင်းမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ယွမ်ဟယ်နှင့် ဖန့်ကျန့်ထျန်းတို့က မငြင်းဆိုကြသဖြင့် သူတို့ စိတ်ထဲတွင် ကျန်ရှိနေသည့် နောက်ဆုံး မျှော်လင့်ချက်လေးမှာလည်း ပျောက်ကွယ်သွားရတော့သည်။
“ဒီဂူမော့ကို မကိုင်တွယ်နိုင်ရင်တော့ အရာအားလုံးက ပြီးဆုံးသွားတာပဲ”
လန်တောက်ချွန်းက သက်ပြင်းချလိုက်သည်
“ဒီအရူးက အတွင်းနယ်မြေကို တကယ့်ကို အောင်အောင်မြင်မြင် သန့်စင်နိုင်လိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။ သူက သူတော်စင်တစ်ပိုင်း အဆင့်ကို မနိုင်မနင်း ရောက်နေတာ ဖြစ်ပေမဲ့ အရင်တုန်းကဆိုရင်တော့ ဒါက အဆင့်မမီတဲ့ တည်ရှိမှုမျိုးပေါ့။ ဒါပေမဲ့ အခု လက်ရှိ နယ်မြေကိုးခုမှာတော့ သူတစ်ယောက်တည်းရဲ့ စွမ်းအားက အခြေအနေတစ်ခုလုံးကို ပြောင်းလဲပစ်ဖို့ လုံလောက်နေပြီ”
“လူကြီးမင်းတို့... ဒီလို အခြေအနေမျိုးမှာတောင် ဝါ့ထျန်းဧကရာဇ် ကို ပင့်မဖိတ်သေးဘူးလား ဘယ်အချိန်အထိ စောင့်နေဦးမှာလဲ ”
လင်ချောင်က မခံမရပ်နိုင်စွာ အော်ဟစ်လိုက်သည်။
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စိတ်ကောင်းရှိသူ တစ်ဦးက ပြန်ပြောလိုက်သည်။
“ငါတို့က အဲဒီကျင့်ကြံသူတွေကို ဒီကမ္ဘာထဲကို ဖိတ်ခေါ်မှာ မဟုတ်ဘူး။ သူတို့လည်း ဒါကို သိနေသလို ငါတို့လည်း ဒါကို သိတယ်။ အမှန်အတိုင်း ပြောရရင် ဒီတစ်ခါ နယ်မြေကိုးခုရဲ့ အခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့ရဲ့ နတ်ဘုရားလောက နဲ့ ဘာမှ မသက်ဆိုင်တော့ဘူး”
“ဘာလို့ ဒီလို ဖြစ်ရတာလဲ ကျဆုံးမသေမျိုးကျင့်ကြံသူတွေက ဘာတွေများ မှားလို့လဲ ”
လင်ချောင်က မျက်မှောင်ကြုတ်ကာ မေးသည်။
“ခင်ဗျားတို့ ကျဆုံးမသေမျိုးတွေမှာ အမှားမရှိပါဘူး၊ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ပင်ကိုယ်ဗီဇကကို အဲ့ဒီလို ဖြစ်နေတာ”
တစ်စုံတစ်ယောက်က အေးစက်စွာ ဆိုသည်။
“ကောင်းပြီလေ... ဒါဆိုရင် မင်းတို့ ဘယ်လို အသက်ရှင်ကျန်ရစ်အောင် ကြိုးစားမလဲဆိုတာ ငါ စောင့်ကြည့်နေပါ့မယ်”
လင်ချောင်က အေးစက်စွာ လှောင်ပြုံးလိုက်သည်
“ဝါ့ထျန်းဧကရာဇ်ကို ဒီကို ဆင်းသက်ခွင့်မပေးတာဟာ မင်းတို့ တစ်သက်လုံးအတွက် အနောင်တရဆုံး ကိစ္စတစ်ခု ဖြစ်လာလိမ့်မယ် ”
လူတိုင်းက လင်ချောင်ကို ဂရုမစိုက်တော့ချေ။ ကျဆုံးမသေမျိုးများကို အသုံးချ၍ ရနိုင်သော်လည်း သူတို့အပေါ်တွင် မျှော်လင့်ချက် ပုံအောထားခြင်းမှာ လုံးဝ မယုံကြည်ရသော ကိစ္စဖြစ်ကြောင်း လူတိုင်း သိကြသည်။
“ချန်းရှမ်းသူတော်စင် ၊ ဟေးဖောဗုဒ္ဓသူတော်စင် ... ခင်ဗျားတို့ နှစ်ယောက်က တကယ်ပဲ ကျန်းရန်ရဲ့ နောက်ကို အမှောင်ထဲအထိ လိုက်သွားတော့မှာလား ”
ဖန့်ကျန့်ထျန်းက လေးနက်စွာ မေးလိုက်သည်။
“ဖန့်သူတော်စင်... ကျွန်တော်တို့က ဒီလမ်းကို ရွေးချယ်ပြီးသားပဲ၊ အခုတော့ ဒီလမ်းကိုပဲ ဆုံးခန်းတိုင်အောင် လျှောက်ရတော့မှာပဲ၊ တခြားနည်းလမ်း မရှိတော့ဘူး”
ချန်းရှမ်းသူတော်စင်က တည်ငြိမ်စွာ ဆိုသည်
“ခင်ဗျားနဲ့ ကျွန်တော်တို့ကြားက တိုက်ပွဲဟာ ရန်ငြိုးရန်စတွေနဲ့ မဆိုင်ပါဘူး၊ ကျွန်တော်တို့ကို အပြစ်မတင်ပါနဲ့”
“သူတို့ကို ဘာလို့ စကားပြောနေဦးမှာလဲ သူတို့က အခုချိန်မှာ မသေနိုင်ဖြစ်နေတဲ့ ကောင်တွေပဲ၊ ကြာကြာ မခုခံနိုင်တော့ပါဘူး”
ကျန်းရန်သူတော်စင်က အေးစက်စွာ ရယ်မောလိုက်သည်။
“ငါတို့ရဲ့ လမ်းစဉ်ကသာ အမှန်ကန်ဆုံး လမ်းစဉ်ပဲ။ သူတို့လို လူတွေက ဘာများ တတ်နိုင်မှာလဲ အခုချိန်မှာ ဘယ်သူ့လက်သီးက ပိုကြီးသလဲဆိုတာပဲ အရေးကြီးတယ်”
ထိုသို့ ဆိုပြီးနောက် ကျန်းရန်သူတော်စင်သည် သူ၏ တိုက်ခိုက်မှု စွမ်းအားကို ပို၍ တိုးမြှင့်လိုက်သည်။ သိသာသည်မှာ သူသည် ဤဓာတ်တော်၏ ရွှေရောင်အလင်းတန်းကို ဖျက်ဆီးပစ်ရန် အလွန်ပင် စိတ်အားထက်သန်နေခြင်း ဖြစ်သည်။
“ဖန့်ငရဲမင်း... ဟိုပြင်ပလမ်းစဉ် ရဲ့ ဝိညာဉ်က တကယ်ပဲ ဝိညာဉ်လွင့်စင်သွားပြီလား”
တစ်စုံတစ်ယောက်က စိုးရိမ်တကြီးဖြင့် ဖန့်ချန်ကို လှမ်းမေးလိုက်သည်။
“အခုချိန်မှာ ဒါတွေကို မေးနေလို့ ဘာထူးမှာလဲ ငါတို့ သူတို့ကို မနိုင်ရင် အရာအားလုံးက ပြီးဆုံးသွားမှာပဲ။ ပြင်ပလမ်းစဉ်ဆိုတာက စောစောလာတာနဲ့ နောက်ကျမှ လာတာပဲ ကွာခြားလိမ့်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က လာမှာပဲ”
တစ်စုံတစ်ယောက်က အေးစက်စွာ ဝင်ပြောလိုက်သည်။
လူတိုင်း၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး သေချာ စဉ်းစားကြည့်သောအခါ ဤသည်မှာ တကယ့်အမှန်တရား ဖြစ်နေသည်။
ပြင်ပလမ်းစဉ်များမှာ လာမြဲလာနေဦးမည်သာ ဖြစ်သည်။ ယနေ့ တိုက်ပွဲတွင်သာ အနိုင်ရပြီး မော်ထျန်းတီကျန့်ကို ကောင်းကင်ဘုံလမ်းစဉ် ၏ နေရာသို့ တင်မြှောက်နိုင်မှသာ နယ်မြေကိုးခုသည် ပြင်ပလမ်းစဉ်များ၏ ကျူးကျော်မှုကို ခုခံနိုင်မည့် အစွမ်းရှိလာပေလိမ့်မည်။
......
......
အမည်းရောင် အခိုးအငွေ့များမှာ ဓာတ်တော်၏ ရွှေရောင်အလင်းတန်းအပေါ်တွင် အပြည့်အနှက် ဖုံးလွှမ်းသွားပြီ ဖြစ်သည်။
ဤမိစ္ဆာစွမ်းအားဆိုးများ၏ တိုက်စားမှုအောက်တွင် ရွှေရောင်အလင်းတန်းမှာ လှုပ်ခါယိုင်နဲ့လာသည်။
“မင်းတို့ ရှုံးတော့မယ်”
ကျန်းရန်သူတော်စင်၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွတ်သွားပြီး ဖန့်ကျန့်ထျန်း၏ ကိုယ်ပေါ်တွင် အကြည့်ကို အတန်ကြာအောင် ရပ်တန့်ထားလိုက်သည်။
ထိုအချိန်တွင် ဆယ့်ရှစ်ထပ် ငရဲမျှော်စင်မှာ လုံးဝ တည်ငြိမ်သွားပြီ ဖြစ်သော်လည်း မည်သူမျှ သတိမထားမိကြချေ။ ဖန့်ချန် တစ်ယောက်တည်းသာ ချက်ချင်းပင် ပျံသန်းကာ မျှော်စင်ကို လက်ထဲသို့ ဖမ်းဆုပ်လိုက်သည်။
ဆယ့်ရှစ်ထပ် ငရဲမျှော်စင် လက်ထဲသို့ ရောက်ရှိလာသည့် အခိုက်အတန့်တွင် ထူးခြားဆန်းပြားသော ခံစားချက်တစ်ခုမှာ ဖန့်ချန်၏ နှလုံးသားထဲသို့ တိုးဝင်လာသည်။
သူ ထိုခံစားချက်ကို အသေးစိတ် မခံစားကြည့်နိုင်ခင်မှာပင် ဓာတ်တော်၏ ရွှေရောင်အလင်းတန်းမှာ ကွဲအက်သံများ ထွက်ပေါ်လာတော့သည်။
ချက်ချင်းဆိုသလိုပင် ရွှေရောင်အလင်းများမှာ အစအနမကျန် ပျက်စီးသွားသည်။
နှစ်ဖက်စလုံး၏ အကြားတွင် မည်သည့် အကာအကွယ်မှ မရှိတော့ချေ။