အခန်း (၁၉၃၉-၁၉၄၀)
Vol. 194 Ch. 1939-1940
အခန်း (၁၉၃၉) - သူတို့ အခုတော့ မရယ်နိုင်ကြတော့ဘူး မဟုတ်လား
“ဟားဟားဟားဟားဟား ”
ရှေးဟောင်းမိစ္ဆာ ဂူမော့က ကောင်းကင်ကို မော့ကြည့်ကာ အားရပါးရ ရယ်မောလိုက်သည်။
ထို့နောက်တွင် ကျန်းရန်သူတော်စင်၊ ဟေးရီဧကရာဇ်... တစ်ယောက်ပြီးတစ်ယောက်၏ ရယ်သံများက အဆက်မပြတ် ထွက်ပေါ်လာတော့သည်။
အခြားတစ်ဖက်တွင်မူ ဖန့်ချန်ဘက်မှ လူအားလုံးမှာ အလွန်တိတ်ဆိတ် ငြိမ်သက်နေကြသည်။
ယွမ်ဟယ်၏ လက်ထဲရှိ ဓာတ်တော်မှာ အရောင်အဝါ မှိန်ဖျော့သွားပြီး အက်ကြောင်းများပင် ထင်နေပြီ ဖြစ်သည်။
လုဖုန်းရှန်သည် ထိုဓာတ်တော်ကို အမြဲစောင့်ကြည့်နေခဲ့ရာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏ ဒေါသမီးမှာ မျက်ဝန်းများမှပင် လျှံထွက်တော့မတတ် ဖြစ်နေသည်။
“ဒီလောက်ကြာအောင် ပုန်းနေပြီးမှတော့ နောက်ဆုံးတော့လည်း ထွက်လာပြီး အသေခံရတာပဲ မဟုတ်လား”
“သူတို့ကို ကြည့်ကြဦး၊ မျက်နှာတွေမှာ သွေးမရှိတော့ဘူး၊ သေချာပေါက် ကြောက်ချီးပါနေကြတာ”
“ငါတို့ရဲ့ အားအင်တွေကို အလဟဿ ဖြုန်းတီးပစ်ခဲ့တယ်၊ တကယ့်ကို သေထိုက်တဲ့ကောင်တွေ”
“အခုတော့ ဓာတ်တော်ရဲ့ ရွှေရောင်အလင်း အကာအကွယ် မရှိတော့ဘူး။ မင်းတို့ထဲက ဘယ်သူများ အမှောင်ကို စွန့်ပြီး အလင်းကို လာမလဲ ငါတို့ လျှောက်တဲ့ လမ်းကို လိုက်ချင်တဲ့သူ ရှိသလား”
“ရှန်ပိတပ်ဖွဲ့ရဲ့ တပ်မှူးချုပ်...”
“လန်တောက်ချွန်း...”
“ဂူမော့တောင် ငါတို့နဲ့ ပူးပေါင်းနေပြီပဲ။ မင်းတို့လည်း လူအ မဟုတ်ကြပါဘူး၊ ဒီထဲက အကျိုးအကြောင်းကို သိသင့်ပါတယ်။ ပူးပေါင်းရင် အသက်ရှင်မယ်၊ ပုန်ကန်ရင် သေရမယ် ”
“ပြီးတော့ မင်းတို့ လူသားကျင့်ကြံသူတွေ... ငါတို့ လိုချင်တာက ဒီဖန့်မိသားစုရဲ့ မျိုးဆက်ပဲ။ မင်းတို့သာ သူ့ကို ကိုယ်တိုင် အပ်နှံမယ်ဆိုရင် မင်းတို့ ထွက်သွားချင်တာကို ငါတို့ မတားဘူး”
လူတိုင်းသည် ကောင်းကင်ယံရှိ ဝိညာဉ်နှိမ်နင်းကျောက်တိုင်ကို တစ်ချက် လှမ်းကြည့်လိုက်ကြသည်။ ဖန့်ချန်အနေဖြင့် ထွက်ပြေးချင်လျှင်ပင် ပြေး၍ရတော့မည်မဟုတ်ကြောင်း သူတို့ သိကြသည်။
သို့သော် သူတို့အတွက်မူ အသက်ရှင်နိုင်မည့် မျှော်လင့်ချက် အလင်းတန်းလေး ရှိနေသေးသည်။
သို့သော်လည်း...
ဖန့်ချန်သည် မိမိကိုယ်ပေါ်သို့ ကျရောက်လာသော ရှုပ်ထွေးသည့် အကြည့်များစွာကို သိသိသာသာ ခံစားလိုက်ရသည်။
သို့သော် ထိုသူများမှာ အဆင့် ၃၊ အဆင့် ၅ ကျင့်ကြံသူများ သို့မဟုတ် အဆင့် ၆၊ ၇၊ ၈ များသာ ဖြစ်ကြသည်။ ဤနေရာရှိ အဆင့် ၉ မသေမျိုးများမှာမူ ရပ်တည်ချက် ခိုင်မာကြသူများ ဖြစ်သည်။
'ဂူမော့တို့ လျှောက်မယ့်လမ်းဟာ တကယ်တော့ လူမျိုးစု ကံကြမ္မာ ယှဉ်ပြိုင်မှုကို လုံးဝ ဂရုမစိုက်တော့တဲ့ လမ်းဆိုတာကို သူတို့ပဲ သိကြတာ'
အကယ်၍ ဂူမော့တို့သာ ဟင်းလင်ပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ နှင့် အောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့လျှင်... အနည်းငယ်သော လူအနည်းစုသာ အသက်ရှင်ခွင့်ရပြီး အများစုမှာ ကျွန်စစ်သည်များအဖြစ် တိုက်ပွဲများကြားတွင် အသုံးချခံ သေဆုံးသွားကြမည်သာ ဖြစ်သည်။
“မော်ထျန်းတီကျန့်... မင်း မှားယွင်းတဲ့ လမ်းကို ရွေးချယ်မိပြီ”
လုဖုန်းရှန်၏ မျက်ဝန်းများမှာ အေးစက်နေသည်
“မင်းသာ ငါတို့နဲ့အတူ နယ်မြေရှာဖွေရေးအဖွဲ့က တည်ထောင်ထားတဲ့ အခြေစိုက်စခန်းကို လိုက်ခဲ့ရင် မင်းရဲ့ အဆင့်အတန်းနဲ့ ဂုဏ်သတင်းဟာ ငါ့ထက်တောင် မြင့်နိုင်သေးတယ်။ ဒါပေမဲ့ မင်းက ဒီအခွင့်အရေးကို ကိုယ်တိုင် စွန့်လွှတ်ခဲ့တယ်”
မော်ထျန်းတီကျန့်သည် လုဖုန်းရှန်ကို အရေးမလုပ်ဘဲ တင်းမာသော မျက်နှာထားဖြင့် လီတောက်ယဲ့ဘက်သို့ လှည့်ကြည့်ကာ
“နင် ပြောခဲ့တယ်နော်... ဖန့်ချန်ကို ရွေးချယ်မှသာ လမ်းစဉ်ကို သက်သေထူနိုင်မယ့် မျှော်လင့်ချက် ရှိမယ်လို့။ အခုကော ဘယ်လိုလဲ ”
လူတိုင်းက လီတောက်ယဲ့ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ဤ ဟန်ဆောင်ကောင်းသော ကောင်းကင်ဘုံလမ်းစဉ် မှာ ယခင်က နတ်ဆိုးမျိုးနွယ်၏ ကောင်းကင်ဘုံလမ်းစဉ် ဖြစ်ခဲ့ဖူးကြောင်း သူတို့ ခပ်ရေးရေး သိကြသည်။ သူ သေဆုံးပြီးနောက် ကောင်းကင်ဘုံလမ်းစဉ်၏ သွေးများမှာ နယ်မြေကိုးခုလုံး ပျံ့နှံ့သွားခဲ့ပြီး ဝိညာဉ်မှာလည်း ထိုသွေးများနှင့်အတူ အပိုင်းပိုင်း ကွဲအက်သွားခဲ့ခြင်း ဖြစ်သည်။
သူတို့ရှေ့မှ လူမှာ ထိုအပိုင်းအစများထဲမှ ဝိညာဉ်ကြွင်း တစ်ခုသာ ဖြစ်ပြီး ပြည့်စုံသော ကောင်းကင်ဘုံလမ်းစဉ် မဟုတ်သော်လည်း အချို့သော အစွမ်းများကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။
မိစ္ဆာမျိုးနွယ်ဘက်က ရှာဖွေတွေ့ရှိထားသော ပုဂ္ဂိုလ်နှင့် အတူတူပင် ဖြစ်သည်။
“မပြည့်စုံတဲ့ ဝိညာဉ်ကြွင်းတစ်ခု ပြောတဲ့ စကားကိုတောင် မင်းက ယုံရဲတယ်ပေါ့လေ ”
လုဖုန်းရှန်က ဆက်ပြောသည်
“မင်း မော်ထျန်းဌာနကို ဒီလောက်နှစ်တွေအကြာကြီး အုပ်ချုပ်လာခဲ့တာ... မင်းရဲ့ ဉာဏ်ပညာတွေအားလုံး ကုန်ခမ်းသွားပြီလား ”
“ငါက ဝိညာဉ်ကြွင်းတစ်ခု ပြောတဲ့စကားကို တကယ်ပဲ ယုံလိမ့်မယ်လို့ မင်း ထင်နေတာလား ”
မော်ထျန်းတီကျန့်က လုဖုန်းရှန်ကို တစ်ချက်ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် လှောင်ပြောင်သည့် အရိပ်အယောင်လေး ဖြတ်ပြေးသွားသည်။
လုဖုန်းရှန် တစ်ခဏမျှ ဆွံ့အသွားသည်။
ဂူမော့၊ ကျန်းရန်သူတော်စင်နှင့် ကျန်သူများသည်လည်း လီတောက်ယဲ့ထံသို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းထဲတွင် သံသယများ ပြည့်နှက်လာသည်။
“ဖန့်သခင်လေး... ဘာစောင့်နေတာလဲ”
လီတောက်ယဲ့က ဖန့်ချန်ကို လှမ်းကြည့်လိုက်သည်။
ဖန့်ချန်က အသာအယာ ပြုံးလိုက်ပြီး စိတ်အာရုံကို လှုပ်ရှားလိုက်သည်။
သူ့လက်ထဲရှိ ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ထဲမှ အမည်းရောင် အခိုးအငွေ့များ အဆက်မပြတ် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
“ဒါလေးနဲ့ ငါတို့ကို ယှဉ်နိုင်မယ်လို့ ထင်နေတာလား ငါ့လက်အောက်က အဆင့် ၉ မိစ္ဆာကြီးတွေကတင် အထဲမှာရှိတဲ့ ယင်စစ်သည်တွေကို အကုန် သတ်ပစ်လို့ ရတယ်”
ဟေးရီဧကရာဇ်က မနေနိုင်ဘဲ ရယ်မောလိုက်သည်။
နောက်တစ်ခဏတွင် အဆင့် ၇ ယင်စစ်သည်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာသည်။
ဟေးရီဧကရာဇ်၏ မျက်ဝန်းထဲမှ ရယ်မောသံများမှာ ပို၍ပင် တောက်ပလာသည်။
ချန်ဖေးဖေး၏ ဘေးမှ အဆင့် ၉ မသေမျိုး တစ်ဦးက ထိုမြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
“အဆင့် ၇ ယင်စစ်သည်တွေ... ဒီလို အခြေအနေမျိုးမှာ ဘာများ ကူညီနိုင်မှာလဲ ”
ယွမ်ဟယ်နှင့် ဖန့်ကျန့်ထျန်းတို့က လီတောက်ယဲ့ထံ လှမ်းကြည့်လိုက်ကြသည်။
လီတောက်ယဲ့က အသာအယာ ခေါင်းညိတ်ပြသည်ကို မြင်သောအခါ နှစ်ယောက်သား တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အနည်းငယ် စိတ်အေးသွားကြသည်။
“ဂူမော့... တိုက်ပွဲကို စကြစို့”
ကျန်းရန်သူတော်စင်က ရုတ်တရက် ဆိုသည်။
“ဘာလောနေတာလဲ၊ သူတို့ နောက်ဆုံး ခုခံတာကို လုပ်ပါစေဦး။ တိုက်မယ်ဆိုရင် သူတို့ကို လုံးဝ အရှုံးပေးသွားအောင်၊ လုံးဝကို မျှော်လင့်ချက်မဲ့သွားအောင် လုပ်ရမယ်”
ဂူမော့က တည်ငြိမ်စွာ ဆိုသည်။
သူ စကားပြောနေစဉ်တွင် သူ၏ အကြည့်များမှာ ရှောက်မုန့်ယွမ်နှင့် လန်တောက်ချွန်းတို့၏ ကိုယ်ပေါ်တွင် အဆက်မပြတ် ကူးလူးနေသည်။
အဆင့် ၇ ယင်စစ်သည်များ စုရုံးပြီးနောက် အဆင့် ၈၊ အဆင့် ၉ များ လိုက်ပါလာကြသည်။
မကြာမီအချိန်အတွင်းမှာပင် ဖန့်ချန်၏ နောက်ကွယ်တွင် ယင်စစ်သည် တစ်သိန်းနီးပါး ရှိနေပြီ ဖြစ်သည်။
အဆင့် ၉ အရေအတွက်မှာ ဟေးရီဧကရာဇ်၏ အဆင့် ၉ မိစ္ဆာကြီးများ အရေအတွက်ထက်ပင် မနည်းတော့ချေ။
ဟေးရီဧကရာဇ်၏ မျက်နှာပေါ်မှ အပြုံးများမှာ သိသိသာသာ မှိန်ဖျော့သွားသည်။
“ဒီအဆင့် ၉ ယင်စစ်သည် အရေအတွက်က... လေးငါးထောင်လောက် ရှိနေတာလား ”
လူတိုင်း အံ့အားသင့်သွားကြသည်။
ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ထဲတွင် ဤမျှလောက် များပြားလှသော အဆင့် ၉ ယင်စစ်သည်များ ရှိနေလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။
သူတို့ ထင်ထားသည်မှာ အလွန်ဆုံးရှိမှ အနည်းငယ်သာ ရှိလိမ့်မည်ဟူ၍ ဖြစ်သည်။
မကြာမီတွင်ပင် ထိုအထဲ၌ ရင်းနှီးနေသော ပုံရိပ်များကို သူတို့ မြင်လိုက်ရသည် အရိုးစုအရှင်သခင် နှင့် ပေဟိုင်မြွေနက် တို့ ဖြစ်ကြသည်။
ဤနှစ်ဦး၏ မျက်ဝန်းများမှာ ယခုအခါ ထုံထိုင်းနေပြီး ဆယ့်ရှစ်ထပ် ငရဲမျှော်စင်၏ လုံးဝ သန့်စင်ခြင်းကို ခံလိုက်ရပြီ ဖြစ်ကြောင်း သိသာလှသည်။
အရိုးစုအရှင်သခင်၏ အရှိန်အဝါမှာ သာမန်အဆင့် ၈ ယင်စစ်သည်များထက် များစွာ သာလွန်နေသည်။
ပေဟိုင်မြေနက်သည်လည်း သာမန်အဆင့် ၉ ယင်စစ်သည်များထက် များစွာ ပို၍ အစွမ်းထက်နေသည်။
“အကယ်၍ ဂူမော့သာ မရှိဘူးဆိုရင် ဒီအင်အားစုဟာ အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ လုံလောက်နေပြီ။ ငရဲပြည်ကို လုံးဝ သိမ်းပိုက်နိုင်လိမ့်မယ်။ ဟေးရီဧကရာဇ်ရဲ့ အဆင့် ၉ မိစ္ဆာကြီး တစ်ထောင်ကျော်နဲ့ ရှီးရှင်းဟိုင်၊ လုဖုန်းရှန်တို့ အားလုံး ပေါင်းထားရင်တောင် ဒီအဆင့် ၉ အရိပ်စစ်သည် လေးငါးထောင်ရဲ့ ဝိုင်းတိုက်တာကို ခံနိုင်မှာ မဟုတ်ဘူး...”
“နှမြောစရာပဲ...”
“ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ အခုတော့ အခွင့်အရေး နည်းနည်း ရှိလာပြီလို့ ပြောလို့ရတယ်။ အနည်းဆုံးတော့ ငါတို့က လက်အားသွားပြီး ဒီဂူမော့ကို အတူတူ ဝိုင်းတိုက်လို့ ရပြီ”
“ဟုတ်တယ်၊ ငါတို့ဆီမှာလည်း ကောင်းကင်ဘုံလမ်းစဉ်ကို တစ်ပိုင်း ရောက်နေတဲ့သူတွေ ရှိတာပဲ”
ရှန်ပိတပ်မှူးချုပ်၊ လန်တောက်ချွန်း၊ မော်ထျန်းတီကျန့်၊ ယွမ်ဟယ်နှင့် ဖန့်ကျန့်ထျန်းတို့သည်လည်း ကောင်းကင်ဘုံလမ်းစဉ် တစ်ပိုင်း အဆင့်ရှိသူများဟု သတ်မှတ်၍ ရသည်။
အကယ်၍ အားလုံး စုပေါင်းတိုက်ခိုက်လျှင် ဂူမော့ကို အနည်းငယ် ခုခံနိုင်ကောင်း ခုခံနိုင်လိမ့်မည်။
ကျန်းရန်သူတော်စင်၏ မျက်မှောင်များ ကြုတ်သွားသည်။ ဆယ့်ရှစ်ထပ် ငရဲမျှော်စင်မှာ လည်ပတ်နေဆဲဖြစ်သည်ကို သူ သတိပြုမိသောအခါ မနေနိုင်ဘဲ ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး တိုက်ရိုက် တိုက်ခိုက်ရန် ပြင်လိုက်သည်။
ရှောက်မုန့်ယွမ်တို့၏ တုံ့ပြန်မှုမှာလည်း မြန်ဆန်လှသည်။ တစ်ဖက်လူက ရှေ့သို့ တစ်လှမ်းတိုးလာသည်နှင့် သူတို့ကလည်း ရှေ့သို့ တစ်လှမ်းတိုးကာ တစ်ဖက်နှင့်တစ်ဖက် ထိပ်တိုက် ရင်ဆိုင်လိုက်ကြသည်။
သို့သော် နောက်တစ်စက္ကန့်တွင်...
ဖန့်ချန်၏ နောက်ကွယ်တွင် ပုံရိပ်ပေါင်း တစ်ထောင်ကျော် ထပ်မံ ပေါ်ထွက်လာပြန်သည်။
ဤပုံရိပ်များ ပေါ်လာသောအခါ ဟေးရီဧကရာဇ်တို့မှာ မရယ်နိုင်ကြတော့ချေ။
ဤယင်စစ်သည် တစ်ထောင်ကျော်၏ ကိုယ်ပေါ်မှ အရှိန်အဝါမှာ အဆင့် ၉ ၏ အကန့်အသတ်ကို ကျော်လွန်နေပြီ ဖြစ်ကြောင်း သိသာလှသည်။
လုဖုန်းရှန်၊ မော်ထျန်းတီကျန့်တို့နှင့် မယှဉ်နိုင်သော်လည်း ဤနေရာရှိ မည်သည့် အဆင့် ၉ ထက်မဆို ပို၍ အစွမ်းထက်နေကြသည်။
“ဒါက ကောင်းကင်ဘုံလမ်းစဉ် တစ်ပိုင်း အဆင့်တွေလား”
“တကယ်ပဲ ကောင်းကင်ဘုံလမ်းစဉ် တစ်ပိုင်းအဆင့်တွေလား ”
လူတိုင်းမှာ အံ့အားသင့် ဝမ်းသာသွားကြပြီး မယုံနိုင်စရာ ဖြစ်နေကြသည်။ အချို့လူများမှာ မိမိတို့ မျက်စိမှားသည်ဟု ထင်ကာ မျက်လုံးများကိုပင် ပွတ်ကြည့်လိုက်ကြသည်။ ကောင်းကင်ဘုံလမ်းစဉ် တစ်ပိုင်း သို့မဟုတ် အကန့်အသတ်ကျော်လွန်သူ အဆင့်ရှိသော ယင်စစ်သည် တစ်ထောင်ကျော်ကို အမှန်တကယ် မြင်လိုက်ရသောအခါမှသာ အားရပါးရ ရယ်မောလိုက်ကြတော့သည်။
အခြားတစ်ဖက် ဂူမော့ဘက်တွင်မူ မည်သူမျှ မရယ်နိုင်ကြတော့ချေ။
ကျန်းရန်သူတော်စင်တို့ ခေါ်ဆောင်လာသော လူသားကျင့်ကြံသူ သန်းပေါင်းများစွာမှာလည်း သံသယနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေကြသည်။
“မဖြစ်နိုင်တာ...”
ဟေးရီဧကရာဇ်က ရေရွတ်လိုက်သည်
“ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ထဲမှာ ဘယ်လိုလုပ် အကန့်အသတ်ကျော်လွန်မှု ပထမအဆင့် တွေ တစ်ထောင်ကျော် ရှိနေရတာလဲ။ နယ်မြေကိုးခုမှာ သူ့ကို သန့်စင်ခံရဖို့ ဒီလောက်များပြားတဲ့ အကန့်အသတ်ကျော်လွန်သူတွေ ဘယ်မှာ ရှိလို့လဲ...”
လုဖုန်းရှန်၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားသော်လည်း မကြာမီမှာပင် ပြန်လည် တည်ငြိမ်သွားသည်။
ဤယင်စစ်သည် တစ်ထောင်ကျော်မှာ ကြောက်စရာကောင်းပုံရသော်လည်း သူတို့၏ စွမ်းအားမှာ တစ်စုံတစ်ရာ ချို့ယွင်းနေပုံရပြီး အစွမ်းမှာ ပြည့်စုံခြင်း မရှိပေ။
အကယ်၍ သူတို့ မကိုင်တွယ်နိုင်လျှင်ပင် ဂူမော့က လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်လိမ့်မည်။
ထို့နောက်တွင်... ယင်စစ်သည် လေးငါးရာခန့် ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ထဲမှ ထပ်မံ ပျံထွက်လာပြန်သည်။
ဤအကန့်အသတ်ကျော်လွန်မှု ဒုတိယအဆင့် ယင်စစ်သည်များ ပေါ်လာသောအခါ...
လုဖုန်းရှန်၏ မျက်နှာပေါ်မှ တည်ငြိမ်မှုမှာ လုံးဝ ပျက်စီးသွားရတော့သည်။
“အကန့်အသတ်ကျော်လွန်မှု ဒုတိယအဆင့်”
ရှောက်မုန့်ယွမ်က အံ့အားသင့်စွာဖြင့် လန်တောက်ချွန်းကို လှည့်ကြည့်လိုက်သည်။
ယခုအခါတွင်မူ မည်သည့်ဘက်ကမှ မဆို အရာအားလုံးမှာ အလွန်တိတ်ဆိတ်သွားတော့သည်...
နောင်တရိပ်များမှာ လူအများ၏ စိတ်ထဲတွင် ကူးလူးနေသည်။
အကယ်၍ ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ထဲတွင် ဤမျှလောက် များပြားလှသော အစွမ်းထက်သူများ ရှိနေမှန်း သိခဲ့လျှင် သူတို့အနေဖြင့် ဤမျှလွယ်လွယ်ကူကူနှင့် လုယူလိုစိတ်ကို စွန့်လွှတ်မိပါမည်လော။
“သူတို့ အခုတော့... မရယ်နိုင်ကြတော့ဘူး မဟုတ်လား"
ရှဲ့အာမန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
အခန်း (၁၉၄၀) - သို့မဟုတ်၊ ဤတိုက်ပွဲနှင့်အတူ ရှင်သန်မည်
ရှဲ့အာမန် ပြောခဲ့သလိုပင် ကျန်းရန်သူတော်စင်နှင့် အပေါင်းအပါများသည် ဖန့်ချန်၏နောက်ကွယ်မှ အကန့်အသတ်ကျော်လွန်မှု ပထမအဆင့်နှင့် ဒုတိယအဆင့်ရှိ ယင်စစ်သည် တစ်ထောင့်ငါးရာကျော်ကို မြင်လိုက်ရသောအခါ သူတို့မျက်နှာပေါ်မှ အပြုံးနုနုလေးများမှာ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဤဆယ့်ရှစ်ထပ် ငရဲမျှော်စင်သည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ယင်စစ်သည်များကို မည်သည့်နေရာမှ စုဆောင်းလာခဲ့သနည်းဆိုသည်ကို သူတို့ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။
လောကတွင် ဝိညာဉ်ဟူသည် အလိုအလျောက် ရှိနေသည်မဟုတ်ဘဲ သက်ရှိများ ရှိလာပြီးမှသာ ဝိညာဉ်များ ရှိလာခြင်း ဖြစ်သည်ကို သိထားရမည်။ ဝိညာဉ်ဆိုသည်မှာ သက်ရှိများ၏ မျှော်လင့်ချက်များ စုစည်းရာ၊ ယုံကြည်ကိုးကွယ်မှုများ တည်မှီရာ အရင်းအမြစ် ဖြစ်သည်။
သို့သော် နယ်မြေကိုးခု သမိုင်းတစ်လျှောက်တွင် ဤမျှများပြားလှသော အကန့်အသတ်ကျော်လွန်သူ များ မည်သည့်အချိန်က ပေါ်ထွက်ခဲ့ဖူးသနည်း။
“နတ်ဆိုးမျိုးနွယ်တွေ အထွတ်အထိပ် ရောက်ခဲ့တဲ့ အချိန်မှာတောင် မင်းတို့မျိုးနွယ်မှာ ဒီလောက်များတဲ့ အကန့်အသတ်ကျော်လွန်သူတွေ ရှိခဲ့ဖူးလား ”
ကျန်းရန်သူတော်စင်၏ အသံသည် လုဖုန်းရှန်၏ နားထဲသို့ တိုးဝင်လာသည်။
လုဖုန်းရှန်က မသိစိတ်ဖြင့် ခေါင်းခါပြလိုက်သည်
“သူတို့က နတ်ဆိုးမျိုးနွယ်ကနေ ပြောင်းလဲလာတာ မဟုတ်ဘူး”
နတ်ဆိုးမျိုးနွယ် မဟုတ်လျှင် ဘာများ ဖြစ်နိုင်သနည်း။
လူသားမျိုးနွယ်လော။
လူသားမျိုးနွယ်များ အိုးအိမ်စွန့်ခွာ ပြေးခဲ့ရစဉ်က အကန့်အသတ်ကျော်လွန်သူ ဘယ်နှယောက် ကျန်ခဲ့သနည်း။ ဤအရေအတွက်၏ အပိုင်းအစလေးပင် မရှိခဲ့ချေ။
“ဒါဆိုရင် ပိုစောတဲ့ ခေတ်ကာလကများလား”
ကျန်းရန်သူတော်စင်သည် ရုတ်တရက် နတ်ဘုရားလောက ကို သတိရသွားသည်။
သူတို့သည် နှစ်ပေါင်းများစွာအတွင်း တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း နတ်ဘုရားလောကကို စူးစမ်းခဲ့ကြရာ ထိုလောက၏ ကျယ်ပြောမှုမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းကြောင်း သိရှိထားပြီးသား ဖြစ်သည်။ နတ်ဘုရားနယ်မြေ လောက် မကြီးမားလျှင်ပင် ကွာခြားမှု သိပ်ရှိမည်မဟုတ်ပေ။
ထိုနေရာတွင် သူတို့ပင် ရှင်းပြ၍မရသော ထူးဆန်းအံ့ဖွယ်ရာများစွာ ရှိနေသေးသည်။
“တကယ်လို့ နတ်ဆိုးမျိုးနွယ်ရဲ့ ပထမမျိုးဆက် ဧကရာဇ်ဟာ နတ်ဘုရားလောကလိုမျိုး အတွင်းနယ်မြေကို ဖန်တီးနိုင်ခဲ့ရင် သူ့ရဲ့ အစွမ်းဟာ အရင်က နဂါးသူတော်စင်တို့ထက် အဆပေါင်းများစွာ သာလွန်နေလိမ့်မယ်။
နတ်ဘုရားမျိုးနွယ်ရဲ့ နယ်မြေအရှင်သခင်ထက်တောင် ပိုစွမ်းကောင်း စွမ်းနေလိမ့်မယ်။ အဲဒီခေတ်တုန်းက အကန့်အသတ်ကျော်လွန်သူ အရေအတွက်ဟာ သဘာဝကျကျပဲ မနည်းနိုင်ဘူး။ ဒါပေမဲ့ ဆယ့်ရှစ်ထပ် ငရဲမျှော်စင်က နယ်မြေကိုးခုက ပစ္စည်းမှ မဟုတ်တာ...”
ကျန်းရန်သူတော်စင်၏ အတွေးများမှာ တစ်ပတ်ပြန်လည်နေပြီး အဖြေမထွက်နိုင် ဖြစ်နေသည်။
“နှစ်ပေါင်းများစွာအတွင်းမှာ ငါက ဆရာတို့ သင်ပေးထားတဲ့ နည်းလမ်းကို သုံးပြီး တစ်ဘဝလုံး အားသွန်ခွန်စိုက် ကံတရားတွေကို လိုက်လံစုဆောင်းခဲ့လို့သာ အဆင့် ၉ မိစ္ဆာကြီးတစ်သိုက်ကို သန့်စင်နိုင်ခဲ့တာ။ ဒါပေမဲ့ ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ထဲမှာတော့ ပိုစွမ်းတဲ့ အင်အားတွေ ပုန်းကွယ်နေတယ်။ ဘာလို့ ဆရာတို့တောင် ဒီအကြောင်းကို မသိခဲ့ကြတာလဲ”
ဟေးရီဧကရာဇ်၏ မျက်ဝန်းထဲတွင် ရုတ်တရက် မနာလိုဝန်တိုမှုများ ရိပ်ယောင်လာသည်။
သူ၏ အဆင့်အတန်းနှင့် သူပိုင်ဆိုင်ထားသော အင်အားသည် ယခုအခါ ဖန့်မျိုးရိုးရှိသော ငရဲမင်းတစ်ဦး၏ လက်အောက်တွင် အပြတ်အသတ် ရှုံးနိမ့်နေရခြင်းမှာ သူ၏ ကျန်းဝူး သူတော်စင်တစ်ပိုင်း ဂုဏ်သိက္ခာကို လုံးဝ အရှက်ရစေသည်။
“မိတ်ဆွေ ရှီး... အခု ငါတို့ ဘယ်လိုရင်ဆိုင်ကြမလဲ”
ရှီးရှင်းဟိုင်၏ ဘေးမှ အဆင့် ၉ မသေမျိုး လေးဦး၏ အကြည့်များမှာ လေးနက်နေသည်။
သူတို့၏ တွက်ချက်မှုအရ မိမိတို့ဘက်မှ အင်အားသည် ရန်သူကို အပြတ်အသတ် ဖိနှိပ်ထားနိုင်ရမည် ဖြစ်သည်။ အစပိုင်းတွင် ထိုအတိုင်းပင် ဖြစ်ခဲ့သည်။
သို့သော် ယခုအခါ ရန်သူ့ဘက်တွင် အကန့်အသတ်ကျော်လွန်သူ အစွမ်းထက် ဝိညာဉ်ပေါင်း တစ်ထောင်ကျော် တိုးပွားလာသည်။ ဤအချက်က အခြေအနေကို ရုတ်တရက် ဝေဝါးသွားစေကာ ရလဒ်ကို ခန့်မှန်းရ ခက်သွားစေသည်။
ဂူမော့၏ တည်ရှိမှုက ဤအင်အားစုကို အမှန်တကယ် ယှဉ်နိုင်ပါ့မလား။
ဂူမော့က သူတို့ကို အကုန် သတ်နိုင်ပါ့မလား။
“တစ်ဖက်လူရဲ့ ဘယ်သူ့ကိုမဆို ငါက လွယ်လွယ်ကူကူ သတ်ပစ်လို့ရတယ်။ ဒီလောက်အဆင့်ပဲ ရှိတယ်ဆိုရင် အရေအတွက် ဘယ်လောက်များများ ငါပဲ အနိုင်ရမှာပါ”
ရှီးရှင်းဟိုင် ၏ မျက်နှာမှာ တည်ငြိမ်အေးဆေးနေသည်။
အဆင့် ၉ မသေမျိုး လေးဦးမှာလည်း ထိုအခါမှသာ စိတ်သက်သာရာရသွားကြသည်။ သူတို့သည် ရှီးရှင်းဟိုင်ကို အပြည့်အဝ ယုံကြည်ကြသူများဖြစ်ရာ သူက အနိုင်ရဦးမည်ဟု ပြောလျှင် သေချာပေါက် အနိုင်ရလိမ့်မည်ဟု မှတ်ယူလိုက်ကြသည်။
“ဂူမော့... ဒီနေ့ သူတို့ကို လုံးဝ အလွတ်မပေးနဲ့။ အထူးသဖြင့် ဒီဆယ့်ရှစ်ထပ် ငရဲမျှော်စင်ကို သူ့လက်ထဲကနေ အမိအရ လုယူရမယ်။ မဟုတ်ရင် ဒါက ငါတို့ ပြင်ပလောကသားတွေကို ကြိုဆိုတဲ့နေရာမှာ အနှောင့်အယှက် ဖြစ်လာလိမ့်မယ်”
လုဖုန်းရှန်က ဂူမော့ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော ဂူမော့သည် အကန့်အသတ်ကျော်လွန်မှု ပထမအဆင့်နှင့် ဒုတိယအဆင့်ရှိသူ တစ်ထောင်ကျော်ကို အကဲခတ်ပြီးနောက် လုဖုန်းရှန်၏ လေးနက်လှသော စကားကို ကြားသောအခါ ကြောက်မက်ဖွယ်ကောင်းသော ရယ်သံတိုးတိုးကို ထုတ်ဖော်လိုက်သည်။
“မင်းတို့က သူတော်စင်တစ်ပိုင်းနဲ့ အကန့်အသတ်ကျော်လွန်သူကြားက ကွာဟချက်ကို လုံးဝ နားမလည်ကြဘူးပဲ။ အကန့်အသတ်ကျော်လွန်သူရဲ့ အစွမ်းမှာ ကုန်ဆုံးနိုင်တဲ့ အကန့်အသတ် ရှိတယ်။ ဒါပေမဲ့ သူတော်စင်တစ်ပိုင်းက သူတော်စင်တစ်ပိုင်း ဖြစ်နေရတာဟာ သူတော်စင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိတွေ့ထားလို့ပဲ”
လူတိုင်း စိတ်သက်သာရာ ရသွားကြသည်။
ဂူမော့က ထိုသို့ပြောခြင်းမှာ သူ၏မျက်လုံးထဲတွင် ဤအကန့်အသတ်ကျော်လွန်သူ တစ်ထောင်ကျော်မှာ အရေးမပါသေးကြောင်း သက်သေပြနေခြင်း ဖြစ်သည်။
သို့သော် ယင်စစ်သည် ကိုးသောင်းကျော်မှာမူ ကျန်ရှိနေသော လူများအတွက် ရင်ဆိုင်ရန် ခက်ခဲလှဦးမည်ဖြစ်သည်။ အဆင့် ၉ ငါးထောင်နီးပါးကို ရင်ဆိုင်ရန်အတွက်ပင် သူတို့ဘက်မှ အင်အားအားလုံးကို စစ်မြေပြင်သို့ ပုံအောရမည်ဖြစ်ရာ ဂူမော့ကို ကူညီရန် အာရုံစိုက်နိုင်မည် မဟုတ်ပေ။
“ဒါကြောင့်ကိုး”
မော်ထျန်းတီကျန့်က တိုးတိုးလေး ရေရွတ်လိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင် အပြုံးရိပ်များ တဖြည်းဖြည်း ပေါ်လာသည်။ သူမသည် ဖန့်ချန်၏ လက်ကို ရှေ့သို့တိုးကာ ဆွဲကိုင်လိုက်ပြီး မျက်ဝန်းထဲတွင် ရှက်သွေးဖြာဟန်လေးဖြင့်
“ခင်ပွန်း... ဒီအင်အားကို သုံးပြီး သူတို့ကို နှိမ်နင်းပေးပါ၊ ပြီးရင် ကျွန်မကို လမ်းစဉ်သက်သေထူနိုင်အောင် ကူညီပေးပါဦးနော်”
“မြေခွေးမအိုကြီး”
ချန်အင်းရွှယ်၏ မျက်နှာထား ပြောင်းလဲသွားပြီး တိုးတိုးလေး မကျေမနပ် ရေရွတ်လိုက်သည်။
“မင်းက လီတောက်ယဲ့ကို ယုံကြည်ပြီး သူနဲ့ ဒီကုန်သွယ်မှုကို လုပ်ခဲ့သလို ငါတို့ဘက်မှာလည်း ရပ်တည်ပေးခဲ့တာပဲ။ ဒါကြောင့် ငါ ကတိဖျက်မှာကို စိုးရိမ်စရာမလိုပါဘူး”
ဖန့်ချန်က တည်ငြိမ်စွာ ဆိုသည်
“ငါတို့အားလုံးရဲ့ အတွေးက ရိုးရှင်းပါတယ်။ နယ်မြေကိုးခုက လူသားမျိုးနွယ်ကို ကာကွယ်ဖို့ပါ။ ဒီပန်းတိုင်ကို အကောင်အထည်ဖော်ဖို့အတွက် တစ်ယောက်ယောက်က လမ်းစဉ်သက်သေထူဖို့ လိုအပ်နေတာပဲ။ မင်းက ဆန္ဒရှိတယ်ဆိုရင် အဲဒီလူက မင်းပဲ ဖြစ်ရမှာပေါ့”
မော်ထျန်းတီကျန့် ခဏမျှ ဆွံ့အသွားသည်။ သူမ၏ မျက်နှာပေါ်မှ ဟန်ဆောင်ရှက်ပြနေသော အပြုံးမှာလည်း မှိန်ဖျော့သွားသည်။ တစ်ဖက်လူက ဤမျှအထိ ကတိပေးထားမှတော့ သူမအနေဖြင့် ဆွဲဆောင်မှုအတတ် တွေကို သုံးနေစရာ မလိုတော့ပေ။ သူမကိုယ်တိုင်လည်း ဤသို့လုပ်ရသည်ကို အသားမကျလှချေ။
“လူသားမျိုးနွယ်အပြင် ငါတို့ မိစ္ဆာမျိုးနွယ်ကိုလည်း ကာကွယ်ပေးရမယ်နော်။ အခု ငါတို့က တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေကြတာလေ”
ရှောက်မုန့်ယွမ်က သတိပေးလိုက်သည်။
သူ ဖန့်ချန်ကို ကြည့်သော အကြည့်မှာ ယခင်နှင့် လုံးဝ ခြားနားသွားပြီ ဖြစ်သည်။
အကယ်၍ ယခင်က ဖန့်ချန်ကို အရေပြားပေါ်ယံလောက်သာ လေးစားခဲ့ခြင်းမှာ ဖန့်ချန်၏ ငရဲမင်း အဆင့်အတန်းနှင့် ယွမ်ဟယ်၊ ဖန့်ကျန့်ထျန်းတို့၏ နောက်ခံကြောင့် ဖြစ်ခဲ့လျှင် ယခု သူ၏ လေးစားမှုမှာ ဖန့်ချန် လက်ရှိ ပိုင်ဆိုင်ထားသော အင်အားကြောင့် ဖြစ်သည်။
အဆင့် ၇ ကျင့်ကြံခြင်းသာ ရှိသော ငရဲမင်းတစ်ဦးသည် ဤမျှ ကြီးမားသော အင်အားစုကြီးကို ချုပ်ကိုင်ထားနိုင်မှတော့ သူ့ကို နယ်မြေကိုးခုအတွင်းမှာ ကျင့်ကြံခြင်းအဆင့်နှင့်ပဲ တိုင်းတာ၍ ရနိုင်ပါဦးမည်လော။
မဖြစ်နိုင်တော့ပေ
ယခုအခါ ရှောက်မုန့်ယွမ် အပါအဝင် ရှန်ပိစစ်သူကြီးအကြီးကဲ ၊ လန်တောက်ချွန်း၊ ထိပ်တန်း အင်အားစုများမှ အဆင့် ၉ များ၊ သူတို့နောက်ကွယ်မှ ရှေးဟောင်းသူတော်စင် များ၊ နောက်ဆုံးတွင် ငရဲမိဖုရား မော်ထျန်းတီကျန့်အထိ မည်သူမျှ ဤငရဲမင်းကို ယခင် အကြည့်မျိုးဖြင့် မကြည့်ရဲကြတော့ပေ။
လီတောက်ယဲ့သည် ရှေ့သို့ တစ်လှမ်းတိုးကာ ဖန့်ချန်၏ ဘေးသို့ ရောက်လာသည်။
သူသည် ချင်းဟယ်သီလရှင်နှင့် ဟွာကျိသိုက်မယ်တော် တို့ကို ပြုံးပြလိုက်ပြီးနောက် မလှမ်းမကမ်းရှိ ဓားငယ်လေး၏ ရင်ခွင်ထဲမှ ဝိညာဉ်ကလေးကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်သည် ဂူမော့နှင့် သူ၏နောက်ကွယ်မှ သန်းပေါင်းများစွာသော ပုံရိပ်များပေါ်သို့ ကျရောက်သွားသည်။
“ဒီတိုက်ပွဲပြီးရင်တော့ ငါ ထွက်သွားရတော့မယ်။ ဖန့်သခင်လေး... ငါ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သံသရာမသေမျိုးဂိုဏ်း ဆီမှာ တင်ခဲ့တဲ့ ကျေးဇူးကြွေးကို ဆပ်ပြီးပြီလို့ပဲ သတ်မှတ်လိုက်ပါတော့”
“မင်းက သံသရာမသေမျိုးဂိုဏ်းကို ကျေးဇူးကြွေး တင်နေတာလား”
ဖန့်ချန်၏ မျက်ဝန်းများ လှုပ်ရှားသွားသည်။ သူ ဘာမှမပြောဘဲ လီတောက်ယဲ့ကို နက်နက်ရှိုင်းရှိုင်း တစ်ချက်သာ ကြည့်လိုက်သည်။
ထို့နောက် ဖန့်ချန်က မြေပြင်ကို ခြေတစ်ချက် အသာအယာ ဆောင့်လိုက်သည်။ တစ်ခဏချင်းမှာပင် သူ၏ ဘွဲ့နှင်းအပ်ခြင်း ခံထားရသော ဝိညာဉ်နတ်ဘုရားများ အားလုံး စစ်တပ်အတွင်း၌ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြသည်။
ထိုဝိညာဉ်နတ်ဘုရားများ၏ မျက်ဝန်းထဲတွင် ခဏမျှ ဝေဝါးသွားပြီးနောက် ဖန့်ချန်၏ စိတ်အာရုံမှတစ်ဆင့် ဖြစ်ပျက်နေသမျှကို နားလည်သွားကြသည်။
သူတို့ထဲမှ အချို့မှာ ဓားဂိုဏ်း မှ ဓားကျင့်ကြံသူများ ဖြစ်ကြသည်။
ဝမ်ကျိလုံသည် မသေမျိုးဓားဂိုဏ်းမှ ဓားကျင့်ကြံသူများကို ဦးဆောင်ကာ ခေါင်းကိုမော့ပြီး မားမားမတ်မတ် ရပ်နေကြသည်။
ဝမ်ချုံစန်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တည်ငြိမ်နေသော သူ၏ မျက်ဝန်းထဲတွင် နောက်ဆုံး၌ လှိုင်းတံပိုးလေးတစ်ခု ပေါ်လာတော့သည်။
အချို့မှာ ကောင်းကင်ဓားဌာန မှ ဓားကျင့်ကြံသူများ ဖြစ်ကြသည်။
လီဝူဝမ့်၊ ဟွမ်ဝူကျိနှင့် ကောင်းကင်ဓားဌာနသား အားလုံးသည် တင်းမာသော မျက်နှာထား၊ အေးစက်သော အကြည့်များဖြင့် ဂူမော့၏ စခန်းကို စိုက်ကြည့်နေကြသည်။
အချို့မှာ ယင်လောငယ် ရှိ အသီးသီးသော ယင်ဌာနများမှ စီရင်စုမှူး များ ဖြစ်ကြသည်။
ရှကျီ၊ ရှောင်လန်စစ်သူကြီးနှင့် ကျန်စီရင်စုမှူးများအားလုံးသည် နောက်လိုက်နောက်ပါ အလုံးအရင်းဖြင့် ဖန့်ချန်၏ နောက်ကွယ်တွင် ရပ်တည်နေကြပြီး ယင်လောကငယ်၏ အင်အားကို ကိုယ်စားပြုနေကြသည်။
မော်ထျန်းတီကျန့်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်ဝန်းများ အသာအယာ လှုပ်ရှားသွားမိသည်။
အချို့မှာမူ ဖူထူနယ်မြေ မှ ယခင်က မိစ္ဆာကြီးများ ဖြစ်ကြသည်။
ရှီလုံ၊ ထိုက်ယင်းနဂါးဘုရင်၊ မယ်တော်စီ ၊ တန့်ယင်းတောင်သခင်၊ ရှင်းရှန်း
..
မိစ္ဆာဘဝမှ ဝိညာဉ်နတ်ဘုရားအဖြစ်သို့ ကူးပြောင်းလာသူ တစ်ယောက်ပြီးတစ်ယောက်သည် ရှေ့မှ မြင်ကွင်းအားလုံးကို ငြိမ်သက်စွာ စောင့်ကြည့်နေကြသည်။
ဤတည်ရှိမှုများ၏ ကျင့်ကြံခြင်းအဆင့်မှာ ယနေ့တိုက်ပွဲတွင် မည်သည့် အကျိုးသက်ရောက်မှုမှ ရှိလိမ့်မည် မဟုတ်ပေ။
ဖန့်ချန်သည် အဘယ်ကြောင့် ဤမျှ အင်အားနည်းသော ဝိညာဉ်နတ်ဘုရားများကို ဆင့်ခေါ်လိုက်ရသနည်းဟု လူတိုင်း သံသယဝင်နေစဉ်မှာပင် ဖန့်ချန်၏ အသံသည် လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။
“ဒီနေ့ ယင်လောကကို ငြိမ်းချမ်းအောင်လုပ်ပြီး လောကကို အသစ်တစ်ဖန် ပြန်လည် ပိုင်းခြားသတ်မှတ်မယ်။ အားလုံးကို ဝိညာဉ်နတ်ဘုရားတွေကပဲ ဦးဆောင်ရမယ်။ မင်းတို့အားလုံးဟာ နောင်တစ်ချိန်မှာ ယင်လောကကို အုပ်ချုပ်မယ့် အရည်အချင်းရှိတဲ့ အမတ်တွေ ဖြစ်လာကြမှာပဲ။ ဒါကြောင့် ဒီတိုက်ပွဲကို မင်းတို့ ဘယ်လိုလုပ် လွဲချော်လို့ ရမှာလဲ။
ဒါမှမဟုတ်၊ ဒီတိုက်ပွဲနှင့်အတူ သေဆုံးသွားမယ်၊ ဒါမှမဟုတ်၊ဒီတိုက်ပွဲနှင့်အတူ ရှင်သန်မယ် ”
လူတိုင်း၏ စိတ်နှလုံးများ လှုပ်ရှားသွားပြီး အကြည့်များမှာ ပို၍ လေးနက်လာကြသည်။
ဤငရဲမင်းသည် ဤအခွင့်အရေးကို သုံးပြီး စစ်ရေးလေ့ကျင့်ပေးနေခြင်း ဖြစ်ကာ သူ၏ လက်အောက်ငယ်သားများကို အမြင်ကျယ်အောင် လုပ်ပေးနေခြင်းမှာ သိသာလှသည်။
တစ်ချိန်တည်းမှာပင် ၎င်းသည် သူ၏ အရာအားလုံးကို ပုံအောထားသော ဆုံးဖြတ်ချက်ကိုလည်း ဖော်ပြနေသည်။
အကယ်၍ ဤတိုက်ပွဲ ရှုံးနိမ့်ခဲ့လျှင် ငရဲမင်း၏ အင်အားစုအားလုံးသည် ဘာမှကျန်တော့မည် မဟုတ်ပေ။
“မင်းက အရာအားလုံးကို ပုံအောထားရင်တောင် အင်အားချင်း ကွာခြားချက်ကတော့...”
ဂူမော့က ဖြည်းညှင်းစွာ စကားစလိုက်သော်လည်း သူ၏ အသံသည် ဖန့်ချန်၏ နောက်ကွယ်တွင် ပေါ်ထွက်လာသော အလွန်ကြောက်မက်ဖွယ်ကောင်းသည့် ပုံရိပ်ပေါင်း တစ်ရာ့ရှစ်ခုကြောင့် ရုတ်တရက် ရပ်တန့်သွားရတော့သည်။