← Chapters

အခန်း (၁၀၄၉-၁၀၅၀)

Vol. 105 Ch. 1049-1050

အခန်း (၁၀၄၉-၁၀၅၀)

Vol. 105 Ch. 1049-1050

​အခန်း (၁၀၄၉) တာအိုဂိုဏ်း နောက်ခံ

​"ဒါက... ပြောရရင်တော့ ဇာတ်လမ်းက နည်းနည်းရှည်မယ်"

​ဖန့်ချန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး

"စီနီယာ... ခင်ဗျားအိမ်မှာ ညီအစ်ကို မောင်နှမတွေရှိလား"

​"ရှိတော့ ရှိတာပေါ့..."

​"ဒါဆိုရင်တော့ ကောင်းတာပေါ့ အနည်းဆုံးတော့ ခင်ဗျားအဖေအတွက် မျိုးဆက်ပြတ်မသွားတော့ဘူး"

​ဖန့်ချန်က ခေါင်းငြိတ်ပြီး ပြောပါတယ်။

​"မင်း ဘာကို ဆိုလိုတာလဲ"

​ပိုင်ချင်းမင်ရဲ့ စကားမဆုံးသေးခင်မှာပဲ ကျောက်ယွမ်လူက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်ကို လက်ဝါးတစ်ချက်နဲ့ ရိုက်ချလိုက်တာကြောင့် သွေးမြူတွေအဖြစ် ပြောင်းလဲသွားတာကို မြင်လိုက်ရပါတယ်။

​"ဒီခွေးသူတောင်းစား "

​ပိုင်ချင်းမင်က ဒေါသနဲ့ ထိတ်လန့်မှုတို့ ရောပြွမ်းနေပါတယ်။

​"လူက သေပြီးရင် ဝိညာဉ် ဖြစ်သွားတတ်တာပဲ ကျင့်ကြံသူတွေလည်း မထူးပါဘူး ဒါပေမဲ့ သေပြီးမှ ဝိညာဉ်ဖြစ်တာနဲ့ ယင်လောကထဲ သွားတာကတော့ မတူဘူးပေါ့ စီနီယာရဲ့ လက်ရှိကျင့်ကြံမှုကတော့ ထိန်းထားနိုင်ပါသေးတယ်"ာ

​ဖန့်ချန်က

"စိတ်လျှော့လိုက်ပါ၊ လူဆိုတာ သေမျိုးပဲလေ တော်သေးတာက စီနီယာက သေတာ သိပ်ပြီးတော့ မကျည်းတန်ဘူးလို့ ပြောရမှာပေါ့"

​"ဘယ်လိုလုပ် စိတ်လျှော့ရမှာလဲ အခုတော့ ငါက လေလွင့်ဝိညာဉ် ဖြစ်သွားပြီ အခုနက မင်းပြောတဲ့စကားက ဘာလဲ ဘာလို့ မျိုးဆက်မပြတ်ဘူးလို့ ပြောတာလဲ အခု ငါက ကလေးမရနိုင်တော့ဘူးလို့ ဆိုလိုတာလား"

​ပိုင်ချင်းမင်က ဒေါသတကြီး မေးပါတယ်။

​ဖန့်ချန်က ခပ်အေးအေးပဲ ခေါင်းငြိတ်ပြလိုက်ပါတယ်။

​လေလွင့်ဝိညာဉ်တွေရဲ့ အားနည်းချက်က အဲဒါပါပဲ၊ ကလေးရဖို့ မဖြစ်နိုင်တော့ပါဘူး။

​ပိုင်ချင်းမင် ခဏလောက် တိတ်ဆိတ်သွားပြီး ဖန့်ချန်ကို စိုက်ကြည့်ကာ

"ပြောပါဦး၊ နောက်ထပ် မင်းမှာ ဘာအစီအစဉ်ရှိလဲ ဒီကလဲ့စားကိုတော့ ငါတို့ ပြန်ချရမယ်"

​"စီနီယာ... ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"

​...

​...

​လီချန်စန်းတို့ လူစု သိပ်အကြာကြီး မစောင့်လိုက်ရဘဲ လုချင်းရှူးတို့ လူစု တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြပါတယ်။

​"လူကော"

​လီချန်စန်းက အေးစက်စွာ မေးလိုက်ပါတယ်။

​"ဖန့်ချန်ဆိုတဲ့ ကောင်လေးမှာ နည်းလမ်းအချို့ ရှိပုံပဲ၊ ပြေးသွားပြီ"

​လုချင်းရှူးက ဖြေပါတယ်။

​ဖန့်ချန် ပြေးသွားပြီ

​လုံရို့က အဝေးကနေ ဒီသတင်းကို ကြားလိုက်ရတော့ သူမရဲ့ မျက်လုံးထဲမှာ ဝမ်းသာရိပ်တွေ ချက်ချင်း ပေါ်လာပါတယ်။

​"ကျောက်ယွမ်လူက အဆင့် ၃ လွတ်လပ်သောမသေမျိုး ဖြစ်နေတာတောင် သူ့ကို ပြေးခွင့်ပေးလိုက်တာလား"

​လီချန်စန်းက မျက်မှောင်ကြုတ်လိုက်ပါတယ်။

​"အဲဒီကောင်လေးက တော်တော်လေး ရက်စက်တာပဲ လွတ်အောင်ပြေးဖို့အတွက် သူ့ရဲ့စီနီယာ သက်တမ်းကို အကုန်သုံးလိုက်တယ် အဲဒီ ဝိညာဉ်လက်နက်ကတော့ အသက်ကယ်တဲ့ ပစ္စည်းတစ်ခု ဖြစ်ရမယ်"

​လုချင်းရှူးက ခပ်အေးအေး ပြောလိုက်တယ်

"သူ့ဆီမှာ ဝိညာဉ်လက်နက် ရှိနေတာကို ခင်ဗျားသာ ကြိုသိခဲ့ရင် ဒီလို ဖြစ်မှာ မဟုတ်ဘူး ငါတို့လည်း ကံကြမ္မာကို တည်ငြိမ်စေမယ့် ဝိညာဉ်လက်နက်တစ်ခု ပိုရမှာပေါ့"

​"ကိစ္စက ဖြစ်ပြီးသွားပြီ မင်း ဘာပြောချင်သေးလဲ"

​လီချန်စန်းက လုချင်းရှူးကို အေးစက်စွာ စိုက်ကြည့်လိုက်ပါတယ်။

​လုချင်းရှူးက ဘာမှ ထပ်မပြောတော့ဘဲ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လုံမျိုးနွယ်စုရဲ့ ကျန်နေတဲ့လူတွေကို ဘယ်လို စီရင်မလဲဆိုတာ လီချန်စန်းနဲ့ စတင် ဆွေးနွေးပါတော့တယ်။

​ယန်ခုန်းကတော့ ဘေးကနေ နားထောင်ရင်း ကျောချမ်းနေမိပါတယ်။

ပိုင်ချင်းမင်က ဓားသင်္ချိုင်းလှေကားထစ်မှာ မသေဘဲ နောက်ဆုံးတော့ ဖန့်ချန်ရဲ့ လက်ထဲမှာ သေသွားတာလား

​...

​...

​တစ်ချိန်တည်းမှာပဲ ဟင်လင်းပြင်ထာဝရဓားဂိုဏ်း ထဲက ပိုင်ချင်းမင်ရဲ့ သက်စောင့်မီးအိမ် ဟာ ရုတ်တရက် ငြိမ်းသွားပါတယ်။

ဒါကို သတိထားမိတဲ့ အကြီးအကဲတစ်ယောက်က ချက်ချင်းပဲ ခေါင်းလောင်းထိုးပြီး သတင်းပို့ပါတော့တယ်။

​ရက်အနည်းငယ် ကြာပြီးနောက်၊ အရှေ့ကျွန်းစုရဲ့ ရှန်းယွဲ့ဘုရင် ဟာ ဓားဂိုဏ်းကို ကိုယ်တိုင်ရောက်လာပြီး ပိုင်ချင်းမင်ရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ယူဆောင်ကာ သူ့ရဲ့ ကျင့်ကြံရာဂူဗိမာန်ကို ရှင်းလင်းလိုက်ပါတယ်။

​ဓားဂိုဏ်းတစ်ခုလုံးလည်း ပိုင်ချင်းမင် သေဆုံးသွားပြီဆိုတာ သိလိုက်ရပါပြီ။

​ပထမဆုံးက ချင်ဟော့ချိန်၊ အခုက ပိုင်ချင်းမင်၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကလည်း ဓားမသေမျိုးအိုကြီး ကွယ်လွန်ခဲ့တာကြောင့် ဓားဂိုဏ်းဟာ တစ်နှစ်ထက်တစ်နှစ် အင်အားချည့်နဲ့လာနေပါတယ်။

​"ငါ နောက်ဆုံးခြေလှမ်းကို တက်လှမ်းတော့မယ်"

​ဝမ်ကျိလုံ ဟာ ဝမ်ချုံစုန်းနဲ့ တခြားတောင်ထွတ်သခင်တွေရှေ့မှာ ရပ်နေပြီး သူတို့ရဲ့ မျက်နှာတွေကို တစ်ချက်စီ ကြည့်ကာ

​"ငါသာ ကပ်ဘေးကို အောင်မြင်ခဲ့ရင် ပြန်လာခဲ့မယ် ဒီအတောအတွင်းမှာ ငါ့ကို လိုက်မရှာကြနဲ့ ဓားဂိုဏ်းကို ဖြစ်သလိုသာ ဆက်ထိန်းထားကြ"

​"အဖေ... ဒါက သိပ်ပြီး အလျင်စလို ဖြစ်မနေဘူးလား အဖေ့မှာ သက်တမ်းတွေ အများကြီး ကျန်ပါသေးတယ်၊ ထပ်ပြီး စောင့်ကြည့်ပါဦးလား"

​ဝမ်ချုံစုန်းက တိုးတိုးလေး ပြောပါတယ်။

​ကျန်းလင်တို့ လူစုကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မျက်နှာတွေ လေးနက်နေကြပါတယ်။

​အခုအချိန်မှာ ဝမ်ကျိလုံက ဓားဂိုဏ်းရဲ့ နံပါတ်တစ် အားကိုးရာ ဖြစ်နေတာပါ။

သူသာ ဘေးဒုက္ခရင်ဆိုင်ရာမှာ ကျရှုံးသွားရင် ဂိုဏ်းရဲ့ အင်အားက ထပ်ပြီး ပြိုလဲသွားပါလိမ့်မယ်။

​အင်အားအကောင်းဆုံး အချိန်ကနဲ့ ယှဉ်ရင် တစ်ထောင်ပုံ တစ်ပုံတောင် ရှိတော့မှာ မဟုတ်ပါဘူး...။

​"အချိန်က လူကို မစောင့်ဘူး ဆက်စောင့်နေရင် နောက်ဆုံးကျန်တဲ့ စိတ်ဓာတ်တွေပါ ပျောက်ကွယ်သွားလိမ့်မယ်"

​ဝမ်ကျိလုံက ဝတ်ရုံစကို ခါလိုက်ပြီး ခန်းမထဲကနေ အမြန်ထွက်ကာ ဓားအဖြစ် ပြောင်းလဲပြီး ပျံသန်းထွက်ခွာသွားပါတော့တယ်။

​"ဂိုဏ်းချုပ်... ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ"

​မုတ်ဆိတ်ဗလပွနဲ့ ဓားကျင့်ကြံသူက ဝမ်ချုံစုန်းကို မေးပါတယ်။

​"ဘာမှ မထူးခြားသလိုပဲ ဆက်နေကြပါ ဓားဂိုဏ်းမှာ ဓားမသေမျိုးအိုကြီး မရှိတော့ဘူးဆိုပေမဲ့ လူဖျင်းလူညံ့တွေ လာပြီး အနိုင်ကျင့်လို့ ရတဲ့ နေရာမျိုးတော့ မဟုတ်သေးပါဘူး"

​ဝမ်ချုံစုန်းက အားလုံးကို ကျောခိုင်းရင်း ခပ်အေးအေးပဲ ပြောလိုက်ပါတယ်။

​သူ့ကို ကြည့်ရတာ ယုံကြည်ချက် အပြည့်ရှိနေတာကြောင့် လူတိုင်း စိတ်အေးသွားကြပါတယ်။

ဖြစ်နိုင်တာက ဓားဂိုဏ်းမှာ တခြားဝှက်ဖဲတွေ ကျန်နေသေးလို့လည်း ဖြစ်နိုင်တာပေါ့။

​...

​...

​ယင်လောက၊ ယိုဟွမ်းမြို့ ၊ ချင့်ဆွေ့ ရဲ့ စံအိမ်တော်။

​ချင့်ဆွေ့က ဖန့်ချန်နဲ့ ပိုင်ချင်းမင်တို့ကို ရိုရိုသေသေ လက်ဖက်ရည် တည်ခင်းပေးပြီးနောက် ထောင့်တစ်နေရာမှာ ကပ်ရပ်ကာ အမိန့်ကို စောင့်နေပါတယ်။

​ပိုင်ချင်းမင်က လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး ခေါင်းငြိတ်ကာ

"ဒီလက်ဖက်ရည်က မဆိုးပါဘူး ယင်လောကက ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး လူ့လောကနဲ့ သိပ်မကွာလှပါလား"

​ဖန့်ချန်က ပြုံးလိုက်ပေမဲ့ ဘာမှ မပြောပါဘူး။

​ပိုင်ချင်းမင်က စကားပြောပြီးနောက် ချင်ဟော့ချိန်ကို ကြည့်ကာ

"ချင်လေး... မင်း တော်တော် မိုက်မဲတာပဲ"

​"စီနီယာရဲ့ ဆုံးမမှုကို ခံယူပါတယ်"

ချင်ဟော့ချိန်က ခေါင်းငြိတ်ပြီး ပြောပါတယ်။

​"အခုတော့ နောင်တရပြီလား နောင်တရရင် ဖန့်ချန် ကို တောင်းပန်လိုက်ပါ အနာဂတ်မှာ ဒီယင်လောကထဲမှာတော့ မင်းအတွက် နေသာထိုင်သာ ရှိမှာပါ"

​ပိုင်ချင်းမင်က မျက်မှောင်ကြုတ်ပြီး ပြောပါတယ်။

​ချင်ဟော့ချိန်က ပိုင်ချင်းမင်ဟာ သူ့အတွက် အသနားခံပေးနေမှန်း သိတာကြောင့် ခဏလောက် သေချာ စဉ်းစားပြီးမှ ခေါင်းခါပြလိုက်တယ်

​"ကျွန်တော် နောင်တမရပါဘူး"

​"မင်းရဲ့ ခေါင်းမာတဲ့ အကျင့်က ဘယ်သူနဲ့ တူတာလဲ သွေးဝိညာဉ်ဂိုဏ်းရဲ့ နောက်ခံက မသန့်ရှင်းဘူးဆိုတာ သိရဲ့သားနဲ့ ဘာလို့ သူတို့နဲ့ သွားပတ်သက်နေရတာလဲ"

​"ငါတို့လို ဓားကျင့်ကြံသူတွေက သာမန်လူတွေရဲ့ သွေးနဲ့ အနှစ်သာရကို စားသုံးလို့ ဘယ်ဖြစ်မလဲ ဒါက မိစ္ဆာလမ်းစဉ် နဲ့ ဘာကွာလို့လဲ"

​ပိုင်ချင်းမင်က ဒေါသတကြီး ကြိမ်းမောင်းပါတယ်။

​ချင်ဟော့ချိန် ခဏလောက် တိတ်ဆိတ်သွားပြီးမှ ဖြည်းဖြည်းချင်း ပြောလာတယ်

"တကယ်လို့ သွေးဝိညာဉ်ဂိုဏ်းက ချောင်ဖုန်းနယ်မြေက ဓားကျင့်ကြံသူတွေရဲ့ အခြေအနေကို ပြောင်းလဲပေးနိုင်မယ်ဆိုရင်... သာမန်လူ အနည်းငယ်ကို စတေးရတာက ဘာမှ မဟုတ်ပါဘူး"

​"မင်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေ သိထားသေးလဲ"

​ဖန့်ချန်က ရုတ်တရက် ဝင်မေးလိုက်ပါတယ်။

​ချင်ဟော့ချိန်က ပြုံးလိုက်ပြီး

"ချောင်ဖုန်းနယ်မြေရဲ့ အခြေအနေက ပြောင်းလဲသွားပြီ မဟုတ်လား"

​ဖန့်ချန်က ခေါင်းငြိတ်ပြတယ်

"လီချန်စန်းက ဓားကျင့်ကြံသူတွေကို ဦးဆောင်ပြီး ပုန်ကန်လိုက်ပြီ အဆင့် ၃ ဓားကျင့်ကြံသူ ပေါ်လာတယ်လို့လည်း ကြားတယ် အခုဆိုရင် ချောင်ဖုန်းရဲ့ အင်အားကြီး မျိုးနွယ်စုနှစ်ခုလုံး ပြိုလဲသွားပြီ"

​"မင်း မြင်ချင်တဲ့ အရာက တကယ် ဖြစ်လာပြီ အခုကစပြီး ချောင်ဖုန်းနယ်မြေမှာ ဓားကျင့်ကြံသူတွေရဲ့ အခြေအနေက အရင်လို အနှိမ်ခံ မဟုတ်တော့ဘူး"

​"ပြောင်းပြန်အနေနဲ့၊ ထာဝရအသက်ရှည်မှုကို ရှာဖွေတဲ့ ပင်မကျင့်ကြံသူတွေက ဓားကျင့်ကြံသူတွေရဲ့ မျက်နှာကို ကြည့်ပြီး နေထိုင်ရတော့မယ်"

​"သူတို့ ငါ့ကို တကယ်ပဲ မလိမ်ခဲ့ဘူး"

​ချင်ဟော့ချိန်ရဲ့ မျက်လုံးထဲက အပြုံးတွေဟာ စီးဆင်းနေတဲ့ မြစ်ရေလိုပဲ၊ ပြုံးနေရင်းနဲ့မှ မျက်ရည်နှစ်စက် ဝဲလာပါတယ်။

​"ဒါပေမဲ့ စီနီယာပိုင်ကတော့ ဒီကိစ္စကြောင့် ခန္ဓာကိုယ် ဆုံးရှုံးသွားပြီ၊ မင်းလိုပဲ လေလွင့်ဝိညာဉ် ဖြစ်သွားရပြီ"

​ဖန့်ချန်က ခပ်အေးအေး ပြောလိုက်ပါတယ်။

​ချင်ဟော့ချိန်ရဲ့ မျက်နှာက တဖြည်းဖြည်း တောင့်တင်းသွားပြီး ပိုင်ချင်းမင်ကို ကြောင်ကြည့်နေမိပါတယ်။

ပိုင်ချင်းမင်က ယင်လောကထဲကို လာလည်တာပဲလို့ သူ ထင်နေခဲ့တာပါ...။

​"ချင်လေး... မင်း မြင်ချင်တဲ့ အရာကလည်း ဖြစ်လာပြီဆိုတော့၊ မင်း သိထားတာတွေကို ငါတို့ကို ပြောပြပါဦး စီနီယာက ကလဲ့စားချေတတ်တဲ့ လူစားမျိုးဆိုတာ မင်း သိပါတယ်"

​ပိုင်ချင်းမင်က ခပ်အေးအေး ပြောလိုက်ပါတယ်။

​လေးငါးစက္ကန့်လောက် ကြာပြီးနောက် ချင်ဟော့ချိန်က ခေါင်းငြိတ်ပြပြီး

"ကျွန်တော် သိတာ သိပ်မများပါဘူး သွေးဝိညာဉ်ဂိုဏ်းက ချောင်ဖုန်းနယ်မြေက ဓားကျင့်ကြံသူတွေရဲ့ အခြေအနေကို ပြောင်းလဲဖို့အတွက် အဆင့် ၃ ဓားကျင့်ကြံသူ အများအပြားကို မွေးထုတ်ပေးမယ်လို့ ကတိပေးထားတာပဲ သိတယ်"

​"ဒါဆို သွေးဝိညာဉ်ဂိုဏ်းကို ပြန်ပေးရမယ့် အရာက ဘာလဲ"

​ဖန့်ချန်က မေးပါတယ်။

​"ဒါကတော့ သူတို့ရဲ့ လက်ထဲက ဓားတွေအဖြစ် လုပ်ဆောင်ပေးရမှာပေါ့ ချောင်ဖုန်း၊ မင်ဟူ၊ လုံယွမ်၊ စစ်ဝေ နယ်မြေတွေကို ထိန်းချုပ်ပြီးတာနဲ့ သွေးဝိညာဉ်ဂိုဏ်းဟာ သွေးဝိညာဉ်နတ်ဆေးတွေကို တစ်လုံးပြီးတစ်လုံး အလွယ်တကူနဲ့ မပြတ်တမ်း ဖန်တီးနိုင်တော့မှာပါ"

​ချင်ဟော့ချိန်က ပြောပါတယ်။

​ပိုင်ချင်းမင်နဲ့ ဖန့်ချန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စိတ်ထဲမှာ ထိတ်လန့်သွားကြပါတယ်။

​ဒါဟာ အခုမှ စတင်တာပဲ ရှိသေးတာကို ဆိုလိုတာပါ။

နောက်ပိုင်းမှာ ကျန်နေတဲ့ အင်အားကြီး မျိုးနွယ်စုတွေ၊ ဂိုဏ်းကြီးတွေ၊ နောက်ဆုံး နတ်တောင် ၉ ခုအထိပါ ဖိနှိပ်ခံရပါလိမ့်မယ်။

​လုံယွမ်နယ်မြေ စတဲ့ နေရာတွေလည်း အတူတူပါပဲ။

အချိန်ကြာလာတာနဲ့အမျှ ဖန်တီးခြင်းကြယ် တစ်ခုလုံးဟာ သွေးဝိညာဉ်ဂိုဏ်းရဲ့ လက်အောက်ကို ရောက်သွားပါလိမ့်မယ်။

​"စီနီယာပိုင်၊ ဂျူနီယာဖန့်... ခင်ဗျားတို့ ကျုံးကျိုး ကိုပဲ ပြန်သွားကြပါတော့ ဒီကိစ္စမှာ ဝင်မပါကြပါနဲ့"

​ချင်ဟူချိန်က သက်ပြင်းတစ်ချက်ချလိုက်တယ်

"သွေးဝိညာဉ်ဂိုဏ်းရဲ့ နည်းလမ်းတွေက ခင်ဗျားတို့ စိတ်ကူးထားတာထက် အများကြီး ပိုကြောက်ဖို့ ကောင်းပါတယ် ချောင်ဖုန်းနယ်မြေတင် မဟုတ်ဘူးရှေးဟောင်းနယ်မြေရဲ့ နေရာအနှံ့မှာ သူတို့က အားထုတ်နေကြတာ နောက်နှစ်အနည်းငယ် ကြာရင် ရှေးဟောင်းနယ်မြေ တစ်ခုလုံးဟာ သွေးဝိညာဉ်ဂိုဏ်းရဲ့ သားသတ်ရုံကြီး ဖြစ်သွားလိမ့်မယ်"

​ပြောရင်းနဲ့ သူက ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်တယ်

"ကြားရတာတော့... ချောင်ဖုန်းနယ်မြေကို အုပ်ချုပ်တဲ့ သွေးဝိညာဉ်ဂိုဏ်းရဲ့ ကျင့်ကြံသူက... တာအိုဂိုဏ်း နောက်ခံရှိတယ်လို့ သိရတယ်"

​အခန်း (၁၀၅၀) ယင်လောကမှာတော့ ငါက အရှင်ပဲ

​"တာအိုဂိုဏ်း "

​ပိုင်ချင်းမင်ရဲ့ မျက်နှာထားက ထူးဆန်းနေပါတယ်။

သူ့ရဲ့ ဂျူနီယာ ဖန့်ချန်ကလည်း တာအိုဂိုဏ်းကပဲ မဟုတ်လား။

ပြီးတော့ တာအိုသုံးထောင်ဂိုဏ်း ရဲ့ ထူးခြားဆန်းပြားတဲ့ ပါရမီရှင်တစ်ဦးအဖြစ် အသိအမှတ်ပြုခံရပြီး တာအိုသုံးထောင်ဂိုဏ်း ရဲ့ အမွေအနှစ်ကို ဆက်ခံထားသူပါ။

​ဒါပေမဲ့ လက်ရှိ ကျုံးကျိုး မှာရှိတဲ့ တာအိုသုံးထောင်ဂိုဏ်း ဟာ ဂိုဏ်းငယ်လေးတစ်ခုသာ ဖြစ်ပြီး ပြောပလောက်စရာ မရှိပါဘူး။

အရင်က ထွန်းကားခဲ့တဲ့ အချိန်နဲ့ယှဉ်ရင် အများကြီး နိမ့်ပါးနေပါသေးတယ်။

​"ဟုတ်တယ်"

​ချင်ဟော့ချိန်က ခေါင်းငြိတ်ပြတယ်

"အဲဒီ ဂိုဏ်းချုပ်ကို... ငါ အဝေးကနေ တစ်ခါ မြင်ဖူးတယ် သူ့ရဲ့ နည်းလမ်းတွေက... တူညီတဲ့ အဆင့်မှာရှိတဲ့ ဓားကျင့်ကြံသူတွေထက် မနိမ့်ဘူးလို့ ထင်ရတယ်"

​"မင်းက ပေါင်းစပ်ခြင်းအဆင့် ပဲ ရှိသေးတာ သူများရဲ့ နည်းလမ်းကို ဘယ်လို သိမှာလဲ တူညီတဲ့ အဆင့်မှာဆိုရင် ဓားကျင့်ကြံသူက ဓားကျင့်ကြံသူအချင်းချင်းရဲ့ လက်ထဲမှာပဲ ရှုံးမှာ"

​ပိုင်ချင်းမင်က မျက်စိတစ်ချက် လှန်လိုက်ပါတယ်။

​"ဒါ ငါပြောတာ မဟုတ်ဘူး"

​ချင်ဟော့ချိန်က ပိုင်ချင်းမင်ကို တစ်ချက်ကြည့်လိုက်ပါတယ်။

​"ဝမ်ချုံစုန်း ပြောတာ မဟုတ်လား သူ့မှာ ကိုယ်ပွားတည်ဆောက်ပုံ ၃၆ ဆင့် ရှိတယ်ဆိုတော့ သေချာပေါက် ရိုးရှင်းတဲ့လူတော့ မဟုတ်ဘူး သူက နတ်ဘုရားတစ်ပါး ပြန်ဝင်စားတာလား ဒါမှမဟုတ် လူ့လောကက တန်ခိုးရှင်ကြီးတစ်ယောက် ပြန်ဝင်စားတာလား "

​ဖန့်ချန်က မေးလိုက်ပါတယ်။

​"အဲဒီနာမည်က တော်တော်ရင်းနှီးနေသလိုပဲ..."

​ပိုင်ချင်းမင်ဟာ ဝမ်ချုံစုန်းဆိုတဲ့ နာမည်ကို ကြားတော့ စဉ်းစားခန်း ဝင်သွားပါတယ်။

​ချင်ဟော့ချိန်ရဲ့ မျက်နှာက အနည်းငယ် ပျက်သွားပြီး ခဏလောက် တိတ်ဆိတ်သွားကာ

"ဂိုဏ်းချုပ် ပြောတာကတော့... အဲဒီ တာအိုဂိုဏ်းချုပ်ဟာ လက်တစ်ချက် ဝေ့ယမ်းရုံနဲ့ အပြာရောင် လျှပ်စီးတွေ ကို ခေါ်ယူနိုင်တယ်တဲ့ ဓားကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှုက ထိပ်တန်းမှာ ရှိနေရင်တောင်... အဲဒီ လျှပ်စီးတွေရဲ့ အစွမ်းကိုတော့ အလွယ်တကူ မထိရဲကြဘူး"

​"အပြာရောင် လျှပ်စီး"

​ဖန့်ချန်ရဲ့ စိတ်ထဲမှာ လှုပ်ခတ်သွားပါတယ်။

​ဘာမှ မလွဲချော်ခဲ့ရင် ချင်ဟော့ချိန် ပြောတဲ့ အပြာရောင်လျှပ်စီးဟာ ကောင်းကင်လျှပ်စီးပညာ ပဲ ဖြစ်ရပါမယ်။

​ချောင်ဖုန်းနယ်မြေက တာအိုဂိုဏ်းချုပ်ကလည်း ကောင်းကင်လှည့်စားခြင်း ပညာ ကို တတ်မြောက်ထားတာလား

​"သွေးဝိညာဉ်ဂိုဏ်း ထဲမှာ အမျိုးမျိုးသော ကျင့်ကြံသူတွေက မရေမတွက်နိုင်အောင် ရှိတယ် အချို့ ကျင့်ကြံသူတွေရဲ့ နည်းလမ်းတွေက သိပ်ကို ဆန်းကြယ်ပြီး မင်းတို့နှစ်ယောက် စိတ်ကူးထားတာထက် ကျော်လွန်ပါတယ်"

​"ငါ့စကားကို နားထောင်ပါ မင်းတို့နှစ်ယောက် ဒီကိစ္စမှာ ထပ်ပြီး ဝင်မပါကြပါနဲ့တော့"

​ချင်ဟော့ချိန်က ဖျောင်းဖျပါတယ်။

​"ငါလည်း မင်းစကားကို နားထောင်ချင်ပါတယ် ဒါပေမဲ့ အခု ငါက လေလွင့်ဝိညာဉ် ဖြစ်နေပြီလေ ဒီကလဲ့စားကိုတော့ မချေဘဲ မနေနိုင်ဘူး"

​ပိုင်ချင်းမင်က အေးစက်စွာ ပြောလိုက်တယ်

"လီချန်စန်းက ငါနဲ့ ဂျူနီယာဖန့်ကို ချောင်ဖုန်းနယ်မြေကို လှည့်စားခေါ်လာပြီး နောက်ဆုံးတော့ ငါတို့ကို သစ္စာဖောက်ခဲ့တယ် ငါတို့ကို ဘာမှ ဂရုမစိုက်ခဲ့ဘူး မင်းပြောကြည့်စမ်း... ဓားကျင့်ကြံသူတစ်ယောက်အနေနဲ့ ဘာလုပ်သင့်သလဲ"

​"သူ့ကို သတ်ရမှာပေါ့"

ချင်ဟော့ချိန်က ဖြေပါတယ်။

​"အဲဒါပေါ့"

ပိုင်ချင်းမင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပါတယ်။

​ချင်ဟော့ချိန်က ခါးသက်သက် ပြုံးလိုက်ပြီး

"ဒီကိစ္စမှာ... ကျွန်တော် စီနီယာကို မကူညီနိုင်ဘူး လီချန်စန်းက လွတ်လပ်သောမသေမျိုး ဓားကျင့်ကြံသူလေ သူ့ရဲ့ နည်းလမ်းတွေက အရင်က ဓားမသေမျိုးအိုကြီးထက်တောင် တစ်ဆင့် သာနိုင်တယ်"

​"အဲဒါတော့ မသေချာဘူး"

​ဖန့်ချန်နဲ့ ပိုင်ချင်းမင်က ပြိုင်တူ ပြောလိုက်ကြပါတယ်။

​သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြပါတယ်။

​ဓားမသေမျိုးအိုကြီးဟာ အခုဆိုရင် ထူးခြားဆန်းပြားသူ ဖြစ်နေပါပြီ။

ထူးခြားဆန်းပြားသူဆိုတာ ဘယ်လို တည်ရှိမှုမျိုးလဲဆိုတာ သူတို့ သေချာမသိပေမဲ့ ကျုံးကျိုး က ထူးခြားဆန်းပြားသူ နှစ်ယောက်ကို ကြည့်ရင်တော့ ခန့်မှန်းလို့ ရပါတယ်။

​ချင်ဟော့ချိန်က သူတို့နှစ်ယောက်ရဲ့ အမူအရာကနေ တစ်ခုခုကို ရိပ်မိသွားပေမဲ့ ထပ်မေးတာကိုတော့ အဖြေမရခဲ့ပါဘူး။

သူက သက်ပြင်းတစ်ချက်သာ ချလိုက်ပါတယ်။

​ဒီအချိန်မှာ တုယွန်းရွှီ ဟာ တံခါးကနေ ဝင်လာပါတယ်။

​"ယွန်းရွှီ... သွေးဝိညာဉ်ဂိုဏ်းကို ရှင်းလင်းတဲ့အလုပ် ဘယ်လိုရှိလဲ"

​ဖန့်ချန်က ပြုံးပြီး ခေါင်းငြိတ်ပြပါတယ်။

​တုယွန်းရွှီက ဖန့်ချန်ရဲ့နောက်မှာ ရိုရိုသေသေ ရပ်လိုက်ပြီး

"ဒီနှစ်တွေအတွင်းမှာ အမြစ်ပြတ် ရှင်းလင်းခဲ့တာကြောင့် သွေးဝိညာဉ်ဂိုဏ်းရဲ့ ကျင့်ကြံသူတွေဟာ ယင်လောကမှာ မရှိသလောက် ဖြစ်သွားပါပြီ ပြီးတော့ ဇောင်ယင်းဌာန ကိုလည်း တည်ထောင်ထားပြီး ယင်လောကကို လာတဲ့လူတိုင်းကို စာရင်းသွင်းခိုင်းထားပါတယ်"

"​တကယ်လို့ သွေးဝိညာဉ်ဂိုဏ်းက ကျင့်ကြံသူတွေ ယင်လောကကို လာမယ်ဆိုရင်တောင် သူတို့ ဗြောင်ကျကျ မလုပ်ရဲကြတော့ဘူး အားလုံးက ဇောင်ယင်းဌာနရဲ့ စောင့်ကြည့်မှုအောက်မှာပဲ ရှိနေပါတယ်"

​ပိုင်ချင်းမင်က တုယွန်းရွှီကို သေချာ ကြည့်လိုက်ပါတယ်။

ဒီဝိညာဉ်ဟာ သူ့ကို ပေးတဲ့ ခံစားချက်က နက်နဲလှပြီး လူ့လောကမှာဆိုရင် အနည်းဆုံး ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်ရပါမယ်

​ဒီလို တန်ခိုးရှင်မျိုးက အခုတော့ သူ့ရဲ့ ဂျူနီယာဖန့်ရှေ့မှာ ဒီလောက်တောင် ရိုသေနေတာလား

​"ဒါပေမဲ့ ယင်လောကရဲ့ နယ်မြေက သိပ်ကျယ်လွန်းတော့ အခု ဇောင်ယင်းဌာနကို အဓိက နေရာတွေမှာပဲ တည်ထောင်နိုင်ပါသေးတယ် နေရာအနှံ့ကို လွှမ်းခြုံနိုင်ဖို့ကတော့ နောက်ထပ် နှစ်အနည်းငယ် ထပ်လိုပါလိမ့်မယ်"

​တုယွန်းရွှီက တိုးတိုးလေး ပြောပါတယ်။

​ဒါက လူအင်အား အများကြီး လိုတဲ့အလုပ်ပါ။

တခြားဌာနတွေကနေ အချို့ကို ခေါ်ယူနိုင်ပေမဲ့ အချို့ကိုတော့ အသစ်ပြန်ပြီး လေ့ကျင့်ပေးရပါဦးမယ်။

​ဒါက တစ်ညတည်းနဲ့ ပြီးမယ့် ကိစ္စမဟုတ်ပါဘူး။

​"ဒါနဲ့တင် လုံလောက်ပါပြီ"

​ဖန့်ချန်က ပြုံးလိုက်ပါတယ်။

​ဒီအဓိက မြို့တော်ကြီးတွေကို ဆုံးရှုံးသွားရင် သွေးဝိညာဉ်ဂိုဏ်းဟာ ယင်လောကကနေ ယင်သက်တမ်းဒင်္ဂါး တွေ ရဖို့ ပိုခက်ခဲသွားပါလိမ့်မယ်။

​ယူဟွမ်းမြို့လို နေရာမျိုးမှာတောင် သွေးဝိညာဉ်ဂိုဏ်းသားတွေ တစ်အုပ်ကြီး လာရင်တောင် ဘယ်လောက်များများ ရနိုင်ဦးမှာလဲ

​"အခုကစပြီး ယင်စစ်သည်တော်ဌာန ရဲ့ နေ့ကင်းလှည့်အရှင် ရာထူးကို မင်းပဲ ယာယီယူထားလိုက်တော့"

​ဖန့်ချန်က နေ့ကင်းလှည့်အရှင်ရဲ့ သံချပ်ကာဝတ်စုံကို ထုတ်ပြီး တုယွန်းရွှီဆီ ပစ်ပေးလိုက်ပါတယ်။

​"ကျေးဇူးတင်ပါတယ် အရှင်"

​တုယွန်းရွှီက မငြင်းဘဲ ဝတ်စုံကို ချက်ချင်း ဝတ်လိုက်ပါတယ်။

ခဏချင်းမှာပဲ သူ့ရဲ့ အရှိန်အဝါက ပိုပြီး နက်နဲခိုင်မာလာပါတယ်။

​သူ့ရဲ့ စွမ်းအားက နေ့ကင်းလှည့်အရှင် အဆင့်ကို မရောက်သေးပေမဲ့ ဒီရာထူးအရှိန်အဝါနဲ့ဆိုရင် သိပ်မကြာခင်မှာပဲ ရာထူးနဲ့ထိုက်တန်တဲ့ စွမ်းအားကို ရရှိလာပါလိမ့်မယ်။

​"ဂျူနီယာဖန့်... မင်း ငါ့ကို ဒီယင်လောကအကြောင်း မပြောပြရသေးဘူးနော်..."

​ပိုင်ချင်းမင်က သတိထားပြီး မေးလိုက်ပါတယ်။

​"မိတ်ဆွေ... ကျွန်တော် ရှင်းပြပေးပါ့မယ်"

​တုယွန်းရွှီက ပိုင်ချင်းမင်ကို ပြုံးပြပြီး ယင်လောကအကြောင်းတွေကို ရှင်းပြပါတော့တယ်။

နေ့ကင်းလှည့်အရှင် ဟာ နေ့ကင်းလှည့်မျိုးနွယ်စုရဲ့ အမြင့်ဆုံး အရာရှိဖြစ်ပြီး စွမ်းအားက လူ့လောကက မသေမျိုးဘုရင် နဲ့ ညီမျှတယ်ဆိုတာ သိလိုက်ရတော့ ပိုင်ချင်းမင်ဟာ အံ့ဩလွန်းလို့ အသက်တောင် ရှူဖို့ မေ့သွားပါတယ်။

​သူက ဖန့်ချန်ကို ကြောင်ကြည့်ရင်း

"ညီလေး... မင်း အရင်ကတည်းက ယင်လောကမှာ ဒီလို ရာထူးအမြင့်ကြီး ရထားတာလား "

​ဟင်လင်းပြင်ထာဝရဓားဂိုဏ်းရဲ့ အရင်က ဓားမသေမျိုးအိုကြီးတောင် မသေမျိုးဘုရင် အဆင့်ပဲ ရှိတာပါ။

​သူ့အဖေ အရှေ့ကျွန်းစုရဲ့ ရှန်းယွဲ့ဘုရင်ကလည်း မသေမျိုးဘုရင် အဆင့်ပါပဲ...။

​ချင်ဟော့ချိန်ကလည်း ဖန့်ချန်ရဲ့ ယင်လောက နည်းလမ်းတွေက ကြောက်ဖို့ကောင်းမှန်း သိထားပေမဲ့ အခုလို အသေးစိတ် ကြားလိုက်ရတဲ့အခါမှာတော့ မျက်နှာမှာ ထူးဆန်းတဲ့ အရိပ်အယောင်တွေ ပေါ်လာပါတော့တယ်။

​"လူ့လောကမှာတော့ သူတို့က အရှင်သခင်တွေ ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ ယင်လောကမှာတော့ ငါက အရှင်ပဲ"

​ဖန့်ချန်က ပြုံးပြီး ပြောလိုက်တယ်

"ဒီနှစ်တွေမှာ ငါ သွေးဝိညာဉ်ဂိုဏ်းရဲ့ ယင်လောကက အင်အားစုတွေကို အမြစ်ပြတ်နီးပါး ရှင်းထုတ်ထားပြီးပြီ သူတို့အတွက်ကတော့ ဆုံးရှုံးမှုက တွက်ချက်လို့တောင် မရနိုင်ဘူး"

​"အရှင်... ဒီနှစ်တွေမှာ စုဆောင်းမိတဲ့ ယင်သက်တမ်းဒင်္ဂါးတွေက တော်တော်များနေပြီ၊ အရှင် ယူသွားဦးမလား "

​တုယွန်းရွှီက မေးပါတယ်။

​ယင်လောက၊ ဆန်းကျင်းမြို့ ယင်စစ်သည်တော်ဌာန။

​တုယွန်းရွှီက စုဆောင်းထားတဲ့ ယင်သက်တမ်းဒင်္ဂါးတွေကို ဖန့်ချန်ဆီ အပ်နှံလိုက်ပါတယ်။

စုစုပေါင်း ၂၀,၀၀၀ ကျော် ရှိပါတယ်။

​ဒင်္ဂါးတစ်ပြားကို ယင်သက်တမ်း ၁ နှစ်လို့ တွက်ရင် ဒါဟာ နှစ်ပေါင်း ၂၀,၀၀၀ ကျော်စာ သက်တမ်းပါပဲ။

​"ဝိညာဉ်နတ်ဘုရားကျောင်း တွေကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပြီးနောက်မှာ အခွန်ဆက်သတာတွေ နည်းနည်း လျော့သွားပေမဲ့ ဒီနှစ်တွေမှာ အောက်ဆင်းသူတွေဟာ စည်းကမ်းရှိလာကြပါတယ် သူတို့ ရရှိတဲ့ ယင်သက်တမ်းတွေကို အခွန်အဖြစ် ပေးဆောင်ကြတယ် ကုန်ကျစရိတ်တွေ အကုန်နုတ်ပြီးရင် ဒီဒင်္ဂါးတွေက အရှင့်အတွက်ချည်းပါပဲ"

​တုယွန်းရွှီက ရိုသေစွာ ပြောပါတယ်။

​ဖန့်ချန်က ခေါင်းငြိတ်လိုက်ပြီး ဘေးနားမှာ ဟိုကြည့်ဒီကြည့် လုပ်နေတဲ့ ပိုင်ချင်းမင်ကို ကြည့်ကာ ပြုံးပြီး မေးလိုက်တယ်

​"စီနီယာ... လူ့လောကကို ပြန်ချင်လား"

​"ပြန်ချင်တာပေါ့ ဘာလို့ မပြန်ချင်ရမှာလဲ ဒါပေမဲ့ ငါက အခု ဒီလိုပုံစံကြီးနဲ့ လူ့လောကကို ပြန်သွားတော့ရော ဘာထူးမှာလဲ"

​ပိုင်ချင်းမင်က မဆိုင်းမတွ ပြန်ဖြေပါတယ်။

​...

​...

​ဓားသင်္ချိုင်းနန်းတော် မှာ၊ ပိုင်လင်ယွဲ့ ဟာ လေလွင့်ဝိညာဉ်အချို့နဲ့ စကားပြောနေပါတယ်။

အဲဒီ ဝိညာဉ်တွေထဲမှာ အချို့က လုံမျိုးနွယ်စုက ဓားကျင့်ကြံသူတွေဖြစ်ပြီး အချို့က စုန်းမျိုးနွယ်စုကပါ။

​အခုတော့ အားလုံး သေကုန်ကြပြီဆိုတော့ အာဃာတတွေလည်း မရှိတော့ပါဘူး။

အားလုံးက ဘယ်လိုနည်းနဲ့ မရဏလမ်းကို ရှာပြီး ယင်လောကကို သွားကာ လူပြန်ဝင်စားရမလဲဆိုတာပဲ ဆွေးနွေးနေကြပါတယ်။

​"မိတ်ဆွေပိုင်... ခင်ဗျား တကယ်ပဲ ငါတို့နဲ့အတူ မလိုက်ဘူးလား ဒီမှာ နေတော့ရော ဘာထူးမှာလဲ"

​တစ်ယောက်က ပိုင်လင်ယွဲ့ကို ကြည့်ပြီး မေးပါတယ်။

​"ငါ လူတစ်ယောက်ကို ဒီမှာ စောင့်ပေးမယ်လို့ ကတိပေးထားတယ် ခင်ဗျားတို့ပဲ အရင်သွားကြပါ"

​ပိုင်လင်ယွဲ့က လက်ယမ်းပြပါတယ်။

​သူလည်း ထွက်သွားချင်တာပေါ့၊ ဒီလေလွင့်ဝိညာဉ်တွေ ထွက်သွားရင် သူတစ်ယောက်တည်း ပျင်းစရာကြီး ဖြစ်နေမှာလေ။

ဒါပေမဲ့ သူဟာ ဖန့်ချန်ရဲ့ စကားကို မှတ်မိနေပါသေးတယ်။

​အဲဒီစကားမှာ ထူးခြားတဲ့ အဓိပ္ပာယ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူကတော့ ဒီမှာ ခဏလောက် ထပ်စောင့်ဖို့ ဆုံးဖြတ်ထားပါတယ်။

​"ထားလိုက်ပါတော့၊ သူ့ကို ဂရုမစိုက်နဲ့တော့၊ ငါတို့ သွားကြစို့"

​လေလွင့်ဝိညာဉ်အုပ်ကြီးဟာ တန်းစီပြီး ထွက်ခွာသွားကြပါတယ်။

​ပိုင်လင်ယွဲ့က သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။

​"မိတ်ဆွေပိုင်... ဘာလို့ သက်ပြင်းချနေတာလဲ"

​ပိုင်ချင်းမင်က ပိုင်လင်ယွဲ့ရဲ့ ဘေးကို လျှောက်လာပြီး ပြုံးကာ မေးလိုက်ပါတယ်။

​"ဟင်"

​ပိုင်လင်ယွဲ့က အံ့ဩသွားပြီးမှ နားလည်သလို ခေါင်းငြိတ်လိုက်တယ်

"လွန်ခဲ့တဲ့ ရက်ပိုင်းက ဓားသင်္ချိုင်းနန်းတော်က ဓားကျင့်ကြံသူတွေ ပြောတာ ငါကြားတယ်၊ ခင်ဗျားလည်း ယွမ်လူမြို့တော်က လူရဲ့လက်ထဲမှာ သေသွားပြီဆိုတာ"

​"ဂျူနီယာဖန့်က မင်းကို လာခေါ်ခိုင်းလို့ ငါ လာတာ စကားတွေ အများကြီး မပြောနဲ့တော့ ဒီအရှက်ကိုတော့ ငါ တစ်နေ့နေ့ ပြန်ဆပ်ရမယ်"

​ပိုင်ချင်းမင်က စကားအရှည်မနေတော့ဘဲ ပိုင်လင်ယွဲ့ကို ဆွဲကာ ခေါ်ထုတ်သွားပါတော့တယ်။

All Chapters