← Chapters

အခန်း (၆၉၇-၆၉၈)

Vol. 70 Ch. 697-698

အခန်း (၆၉၇-၆၉၈)

Vol. 70 Ch. 697-698

​​အခန်း ၆၉၇ - နတ်ဘုရားမျက်စိထဲမှာ သာမန်လူဆိုတာ မရှိဘူး

​ဖန့်ယွမ်မုန်း၏ မျက်ဝန်းများမှာ လွင့်မျောနေပြီး တစ်ခုခုကို အသည်းအသန် ပြန်လည်အမှတ်ရရန် ကြိုးစားနေပုံရသည်။

သူမ၏ နှုတ်ခမ်းဖျားတွင်မူ ရံဖန်ရံခါ ပျော်ရွှင်စရာ ကောင်းသော အပြုံးတစ်ခု ပေါ်လွင်နေ၏။

​ခဏအကြာတွင် သူမသည် သက်ပြင်းတစ်ချက်ကို အသာအယာချကာ ဖန့်ချန်ကို ပြုံး၍ ကြည့်လိုက်သည်

"ဖန့်မိတ်ဆွေ တကယ်တော့ အရာအားလုံးကို မေ့လျော့ပစ်လိုက်တာကလည်း မဆိုးပါဘူးအနည်းဆုံးတော့ အရင်က ပိနေခဲ့တဲ့ ဝန်ထုပ်ဝန်ပိုးတွေ မရှိတော့ဘူးပေါ့"

"ဘဝသစ်တစ်ခု ပြန်စရသလိုပဲ အဲ့ဒီဘဝက ကျွန်မရဲ့ ခင်ပွန်းကလည်း ကျွန်မအပေါ် သိပ်ကောင်းတာ ကျွန်မရဲ့ သားမြေးတွေက သာမန်လူတွေပဲ ဆိုပေမဲ့ သိပ်ကို ပျော်စရာကောင်းတဲ့ မိသားစုလေးပါ နှမြောစရာပဲ အဲ့ဒီကို ပြန်သွားလို့ မရတော့ဘူး"

​ပြောပြီးသည်နှင့် ဖန့်ယွမ်မုန်းသည် လက်ဖက်ရည်ဆိုင်မှ ထွက်ခွာသွားတော့သည်။

​ယခုအခါ ဖန့်ချန် တစ်ဦးတည်းသာ ကျန်ရစ်တော့ရာ သူက ရုပ်သေးရုပ်ကြီးကို လှမ်းကြည့်လိုက်သည်

​"စီနီယာ သံသရာတံခါးရဲ့ တပည့်တွေဆိုတာအမြဲတမ်း အတိတ်နဲ့ အနာဂတ်ကနေပဲ ရွေးချယ်တာလား"

​"မှန်တယ် သံသရာတံခါးရဲ့ မျက်စိဟာ ပစ္စုပ္ပန် အပေါ်မှာ ဘယ်တော့မှ ရှိမနေဘူး"

ရုပ်သေးရုပ်ကြီးက ခပ်အေးအေး ပြုံးကာ ဖြေသည်။

​ဖန့်ချန် ရင်ထဲမှာ အံ့သြသွားရသည်။

တကယ်လို့သာ ထိုသို့ဆိုလျှင် အတိတ်မှာကော အနာဂတ်မှာပါ သံသရာတံခါးရဲ့ တပည့်တွေ အမြဲရှိနေမှာပဲ။

ဒီဂိုဏ်းဟာ ဘယ်တော့မှ မျိုးတုံးပျောက်ကွယ်သွားဖို့ မရှိနိုင်တဲ့ ဂိုဏ်းကြီးပါလား။

​"အဓိက တရား ၃ ပါးမှာ အတိတ် က အလွယ်ဆုံးပဲ။အနာဂတ် ကတော့ နည်းနည်း ပိုခက်တယ် ဒါပေမဲ့လူ့လောက တရားကိုတော့ နှစ်ပေါင်းများစွာ ဘယ်သူမှ နားမလည်နိုင်ခဲ့ကြဘူး"

ရုပ်သေးရုပ်ကြီးက တိုးညှင်းစွာ ရေရွတ်သည်

"ဒါပေမဲ့ ဒီတရား ၃ ပါးမှာ အတိတ် က အားအကောင်းဆုံးပဲ၊ အနာဂတ် က ဒုတိယ၊ လူ့လောကကတော့ တတိယအဆင့်မှာ ရှိတယ် မင်းသာ ဆန္ဒရှိရင် အတိတ် တရားကို နားလည်နိုင်အောင် ငါ မင်းကို သာမန်လူဘဝထဲ တစ်ခေါက် ပြန်လွှတ်ပေးလို့ ရတယ်"

​"မလိုတော့ပါဘူး လူ့လောက တရားက ကျုပ်နဲ့ အကိုက်ညီဆုံး ဖြစ်မှာပါ"

ဖန့်ချန်က ပြုံးလျက် ခေါင်းခါပြလိုက်သည်။

​အတိတ်နဲ့ အနာဂတ်ထက်စာရင် သူဟာ လက်ရှိ ပစ္စုပ္ပန်မှာပဲ ရှင်သန်ချင်သူပါ။

ယခု ရရှိထားတဲ့ လူ့လောက တရားဟာ သူ့အတွက် လက်ရှိ ပစ္စုပ္ပန်ပါပဲ။

အတိတ်ဆိုတာ ကုန်လွန်သွားမှာဖြစ်သလို အနာဂတ်ကလည်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမှာပဲ မဟုတ်လား။

အတင်းလိုက်ရှာနေစရာ မလိုပါဘူး။

​ရုပ်သေးရုပ်ကြီးက ခေါင်းငြိမ့်ပြကာ

"မင်း သွားနိုင်ပြီ"

​"စီနီယာ ရေစက်ရှိရင် ပြန်ဆုံကြတာပေါ့"

ဖန့်ချန် နှုတ်ဆက်ကာ လက်ဖက်ရည်ဆိုင်ပေါ်မှ ဆင်းလာခဲ့သည်။

​ရှေးဟောင်းနတ်ဘုရားလမ်းစဉ် ဆီသို့ ကံစမ်းရန် လာကြသော ရွှေအမြုတေ ကျင့်ကြံသူများစွာ ရှိနေဆဲပင်။

ဖန့်ချန်သည် ထိုလမ်းစဉ်မှ ထွက်လာသော်လည်း အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။

နတ်မျိုးစေ့ ဖြစ်လာလျှင် မြည်ဟည်းတတ်သည်ဆိုသော နတ်ခေါင်းလောင်းသံကိုလည်း မကြားရချေ။

​"ငါ သိပ်ကို ကြာကြာကြီး အိပ်ပျော်သွားသလိုပဲ..."

ဓားငယ်လေးရဲ့ အသံ ထွက်ပေါ်လာသည်။

​"နတ်ဘုရားကန့်သန့်ချက် ကြောင့် ဖိနှိပ်ခံထားရတာလေ အစ်ကိုကြီး နတ်မျိုးစေ့ ဖြစ်သွားပြီလား"

မှန်လေး က မေးသည်။

​"မှန်လေး မင်း သံသရာတံခါး အကြောင်း သိလား"

ဖန့်ချန်က ပြုံးကာ မေးလိုက်သည်။

​"သံသရာတံခါး အထက်ဘုံလောကမှာ အဲ့ဒီလို ဂိုဏ်းရှိလို့လား အင်း မှတ်မိသလိုလိုတော့ ရှိတယ်၊ ဒါပေမဲ့ သဲသဲကွဲကွဲ မသိတော့ဘူး"

မှန်လေးရဲ့ အသံမှာ ဇဝေဇဝါ ဖြစ်နေပြီးနောက် ရုတ်တရက် လန့်သွားပုံရသည်

"အစ်ကိုကြီး ငါ့လိုလူတောင် အမှတ်ရဖို့ ခက်ခဲတဲ့ ဂိုဏ်းဆိုရင် ဒါဟာ ကံကြမ္မာ ကြီးမားလွန်းလို့ပဲအစ်ကိုကြီး တွေ့ခဲ့တာ တကယ်ပဲ သံသရာတံခါးလား"

​"ဟုတ်တယ် သံသရာတံခါးရဲ့ နတ်မျိုးစေ့ ဖြစ်သွားပြီ"

​"ဘယ်လို တရားမျိုးကို နားလည်ခဲ့တာလဲ"

​"လူ့လောက "

​"..."

​ကျိုးထျန် ခဏမျှ တိတ်ဆိတ်သွားပြီးနောက်

"ကျုပ်လည်း အဲ့ဒီတရားအကြောင်း မကြားဖူးဘူး ကြည့်ရတာ တစ်စုံတစ်ခုသော အားအင်က ကျုပ်ကို လွှမ်းမိုးထားပုံရတယ် ကျုပ်ရဲ့ အတွေ့အကြုံအရဆိုရင် ဆက်ပြီး မစူးစမ်းတာ အကောင်းဆုံးပဲ"

"မဟုတ်ရင် အဲ့ဒီအားအင်က ကျုပ်ကိုပါ ဖျက်ဆီးပစ်လိမ့်မယ် အနှစ်ချုပ်ရရင်တော့ အစ်ကိုကြီး ရခဲ့တဲ့ တရားဟာ သာမန်တော့ မဟုတ်ဘူး ရှေ့လျှောက် အများကြီး အစွမ်းပြနိုင်လိမ့်မယ်"

​ကျင့်ကြံသူ အမြောက်အမြားမှာ ဖန့်ချန်၏ ရှေ့မှ ဖြတ်သန်းသွားကြသည်။

လမ်းစဉ်ထဲမှ ထွက်လာသော ကျင့်ကြံသူများကို အတွေ့အကြုံ မေးမြန်းနေကြသူများလည်း ရှိသည်။

သို့သော် ထိုသူအားလုံးမှာ ဖန့်ချန်ကို မမြင်ရသကဲ့သို့ ကျော်ဖြတ်သွားကြ၏။ ဖန့်ချန်က ပြုံးကာ ခေါင်းငြိမ့်လိုက်သည်

​"တကယ့်ကို အစွမ်းပြနိုင်မှာပဲ"

​ဤသည်မှာ လူ့လောက တရား၏ အစွမ်းပင် ဖြစ်သည်။

သူတို့၏ မျက်လုံးထဲတွင် ဖန့်ချန်မှာ သာမန်လူတစ်ယောက်ထက်ပင် သာမန်ဆန်နေသဖြင့် သတိမထားမိကြခြင်း ဖြစ်သည်။

​"နတ်ဘုရားမျက်စိထဲမှာ သာမန်လူဆိုတာ မရှိဘူး ထာဝရအသက်ရှည်ခြင်းမှာပဲ စိမ်းလန်းစိုပြေခြင်း ရှိတယ်"

​ဖန့်ချန်သည် တိုးညှင်းစွာ ရေရွတ်ရင်း ဓားအလင်းအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံသန်းသွားတော့သည်။

​"ဟင် ငါ မျက်စိမှားတာလား ခုနက ဓားကျင့်ကြံသူတစ်ယောက် ဓားအသွင်ပြောင်း ပျံသွားတာလား"

"ငါလည်း မြင်လိုက်သလိုပဲ ထူးဆန်းတယ် ခုနက ဘာလို့ သတိမထားမိတာလဲ"

"ထားလိုက်ပါတော့ ဓားကျင့်ကြံသူတွေက နတ်မျိုးစေ့ ဖြစ်ဖို့ ခက်ပါတယ် ရှေးဟောင်းလမ်းစဉ်မှာ ကျရှုံးသွားတဲ့ တစ်ယောက်ယောက် ဖြစ်မှာပေါ့ ဟိုတုန်းက ဖန့်ချန် တောင်မှ ရှေးဟောင်းလမ်းစဉ်မှာပဲ နိဂုံးချုပ်သွားခဲ့တာ မဟုတ်လား"

​ဟင်လင်ပြင်ထာဝရဓားဂိုဏ်း

​ယနေ့တွင် ဓားဂိုဏ်း၏ တောင်ထိပ် ၉ ခုမှ တောင်သခင်များ၊ အကြီးအကဲများ၊ တပည့်များအားလုံး စုဝေးနေကြသည်။

ဤမျှ စည်ကားနေရခြင်းမှာ ဂိုဏ်းအတွက် ဓားဦးဆောင်သူ အသစ်ကို ရွေးချယ်ရန် ဖြစ်သည်။

​ဓားဦးဆောင်သူ ရာထူးမှာ ဂိုဏ်းအတွက် အလွန်အရေးပါသည်။

ရှေ့မျိုးဆက်က ဓားဦးဆောင်သူမှာ နတ်ဓားအိုကြီး ပင် ဖြစ်သည်။

ဝမ်ကျိလုံ ကဲ့သို့သော သူများပင် ထိုရာထူးကို မရရှိခဲ့ကြချေ။

​"ဘာလို့ အကုန်လုံး တိတ်နေကြတာလဲ ဓားဦးဆောင်သူ ရွေးတာပဲလေ မင်းတို့ကို အဆိပ်ကျွေးမှာ မဟုတ်ဘူး"

ဂိုဏ်းချုပ်က ခပ်အေးအေး ပြောလိုက်သည်။

​"ဂိုဏ်းချုပ် ကျုပ်တို့ဂိုဏ်းက အခုအချိန်မှာ ဓားဦးဆောင်သူ ရွေးဖို့ မသင့်တော်သေးဘူး ထင်ပါတယ် နောက်ထပ် နှစ်အနည်းငယ်လောက် စောင့်ကြည့်ပြီး သင့်တော်တဲ့ တပည့်ရှိမှ ရွေးတာက ပိုစိတ်ချရပါလိမ့်မယ်"

ဟု မုတ်ဆိတ်ရှည်နှင့် ကျင့်ကြံသူတစ်ဦးက အကြံပြုသည်။

​ကျန်တောင်သခင်များကလည်း ထောက်ခံကြသည်။

ယခုဂိုဏ်းထဲမှာ ဓားဦးဆောင်သူ ရာထူးနဲ့ ထိုက်တန်သူ ဘယ်သူရှိလို့လဲ အရင်က တစ်ယောက်တော့ ရှိခဲ့ဖူးသော်လည်း နှမြောစရာကောင်းစွာ ပျောက်ကွယ်သွားခဲ့ပြီ။

​"တီထျန်း နဲ့ ပေတု က ဓားကျင့်ကြံသူတွေ ကျုပ်တို့ကို စောင့်ကြည့်နေကြတယ် သဘောတူညီချက်အရ... ဂိုဏ်းမှာ ဓားဦးဆောင်သူ မရှိတာ နှစ်ပေါင်း တစ်ထောင် ကြာသွားရင် ကျုပ်တို့ပိုင်တဲ့ နတ်ဘုရားအမွေအနှစ် ၇ ခုကို လက်လွှတ်ပေးရလိမ့်မယ်"

"အဲ့ဒါကို တိထျန်းနဲ့ ပေတုကပဲ စောင့်နေတာ မဟုတ်ဘူး ကျန်တဲ့ ဂိုဏ်းတွေကလည်း အကြွင်းအကျန်တွေကို စားဖို့ စောင့်နေကြတာ"

ဂိုဏ်းချုပ်က ဒေါသတကြီး ပြောသည်။

"ဒါကြောင့် ဒီနေ့ ဓားဦးဆောင်သူ တစ်ယောက်ကို မဖြစ်မနေ ရွေးရမယ်"

​ထိုစဉ် ချင်ဟော့ချန်း က ထွက်လာပြီး

"တပည့်... ဓားဦးဆောင်သူ လုပ်ပါရစေ"

ဟု လျှောက်ထားသည်။

​သို့သော် တောင်သခင်တစ်ဦးက

"မင်းရဲ့ ကျင့်စဉ်က ကျန်တဲ့ ဂိုဏ်းတူတွေကို နိုင်နိုင်ပေမဲ့ တိထျန်းနဲ့ ပေတုက ပါရမီရှင်တွေရဲ့ လက်ထဲမှာ မင်း သေသွားလိမ့်မယ်"

ဟု ကန့်ကွက်သည်။

​"သေရမှာကို ဘာလို့ ကြောက်ရမှာလဲ ကျုပ်အဖေရဲ့ တပည့်နှစ်ယောက်လည်း အဲ့ဒီလိုပဲ သေခဲ့တာ မဟုတ်လား"

ချင်ဟော့ချန်းက ရဲရဲဝံ့ဝံ့ ပြန်ပြောသည်။

​ဂိုဏ်းချုပ်က ချင်းဟုချန်းကို ကြည့်ကာ

"မင်းရဲ့ ပါရမီက ကောင်းပါတယ် ဒါပေမဲ့ ဓားဦးဆောင်သူရဲ့ စမ်းသပ်ချက်ကို မကျော်ဖြတ်နိုင်ရင် မင်း သေလိမ့်မယ်"

​"ချင်ညီလေးရဲ့ ကျင့်စဉ်က အားနည်းပါသေးတယ် ကျုပ်ပဲ ဓားဦးဆောင်သူ လုပ်ပါရစေ"

​ခရမ်းရောင်ဝတ်စုံနှင့် လူငယ်တစ်ဦး ခန်းမထဲသို့ ပျံသန်းဝင်ရောက်လာသည်။ သူသည် ဂိုဏ်းချုပ်ကို ပြုံး၍ နှုတ်ဆက်လိုက်ရာ

​"စီနီယာအစ်ကို ပိုင် ပြန်လာပြီလား သူ တိထျန်းနဲ့ ပေတု ဘက်ကို လှည့်လည်သွားနေတာ မဟုတ်လား"

တပည့်များကြားတွင် ဆူညံသွားသည်။

​သို့သော် ဂိုဏ်းချုပ်က ထိုလူငယ်ကို အေးစက်စွာ ကြည့်ကာ

"မင်း ဓားဦးဆောင်သူ မဖြစ်နိုင်ဘူး ချင်ဟော့ချန်းပဲ ဖြစ်ရမယ်"

​"ဂိုဏ်းချုပ် ဒါက ကိုယ့်တပည့်ကို မျက်နှာသာ ပေးလွန်းရာ မရောက်ဘူးလား"

မုတ်ဆိတ်ရှည် ကျင့်ကြံသူက ရယ်မောရင်း

"ပိုင်တပည့်ရဲ့ ကျင့်စဉ်က ကျုပ်တောင် မခန့်မှန်းနိုင်တော့ဘူး တာအိုပေါင်းစပ် အဆင့်ကို ရောက်နေပြီလား ဒီအဆင့်က ဓားဦးဆောင်သူ ဖြစ်ဖို့ ပိုသင့်တော်ပါတယ်"

​"သူ တာအိုပေါင်းစပ်အဆင့် ဖြစ်နေလို့ကို ဓားဦးဆောင်သူ မဖြစ်သင့်တာ"

ကျိကျန့်တောင်သခင်မက ကြားဖြတ်ပြောလိုက်သည်

"မင်းတို့ မေ့နေပြီလား တိထျန်းနဲ့ ပေတု ဘက်က ဓားဦးဆောင်သူတွေကလည်း တာအိုပေါင်းစပ်အဆင့်တွေပဲ တူညီတဲ့ အဆင့်မှာ သူတို့ရဲ့ အစွမ်းက ဒီခန်းမထဲက ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်တယ် ပိုင်တပည့် အပါအဝင်ပေါ့"

​လူတိုင်း တိတ်ဆိတ်သွားကြသည်။ အကြီးအကဲတစ်ဦးက သက်ပြင်းချကာ

"တကယ်လို့သာ နတ်ဓားအိုကြီး ဒဏ်ရာမရခဲ့ရင်ကျုပ်တို့မှာ ဓားဦးဆောင်သူ မရှိရင်တောင် ဘယ်သူကများ လာရဲပါ့မလဲ"

​အခန်း ၆၉၈ - ဧကရာဇ်စာရင်း၏ နံပါတ်တစ်၊ လီချန်စန်း

​ခန်းမအတွင်းရှိ လူတိုင်း ချက်ချင်း တိတ်ဆိတ်သွားကြသည် ထိုစဉ်က ဟင်လင်ပြင်ထာဝရဓားဂိုဏ်းနှင့် တီထျန်း၊ ပေတု တို့ကြားမှ တိုက်ပွဲမှာ ပြင်းထန်လွန်းလှသည်။

​သူတို့၏ ရန်သူများမှာ သာမန်ကျင့်ကြံသူများ မဟုတ်ဘဲ တီထျန်းနှင့် ပေတု အခြေစိုက် ဓားကျင့်ကြံသူများသာ ဖြစ်ကြသည်။

မူလက ထိုတိုက်ပွဲမှာ ကျုံးကျိုး တွင် ဖြစ်ပွားခဲ့သဖြင့် ဟင်လင်းပြင်ထာဝရဓားဂိုဏ်းအတွက် အသာစီးရနိုင်သော်လည်း တီထျန်းဘက်မှ ဓားနတ်ဘုရားမှာ အမှန်တကယ်ပင် အဆင့်တက်လှမ်းသွားကာ ဂိုဏ်းချုပ်ဘိုးဘေး အဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။

​ထိုသူသည် ကိုယ်တိုင် ရောက်ရှိမလာဘဲ ဓားတစ်ချက်တည်းဖြင့်ပင် နတ်ဓားအိုကြီးကို ဒဏ်ရာရစေခဲ့သည်။

တကယ်လို့သာ ကျုံးကျိုးမှ ဂိုဏ်းချုပ်ဘိုးဘေး နှစ်ဦး ကြားဖြတ် မကူညီခဲ့ပါက ဟင်လင်းပြင်ထာဝရဓားဂိုဏ်းမှာ ထိုစဉ်ကတည်းက ပျောက်ကွယ်သွားနိုင်ချေ ရှိသည်။

​နတ်ဓားအိုကြီး ဒဏ်ရာရသွားခြင်းမှာ ဂိုဏ်းအတွက် တိုင်လုံးကြီး ပြိုလဲသွားသကဲ့သို့ ဖြစ်နေသဖြင့် ယခုအခါ ဓားဦးဆောင်သူ ကိစ္စဖြင့် အကြပ်ကိုင်ခံနေရခြင်း ဖြစ်သည်။

ဓားကျင့်ကြံသူများလောကတွင် မျိုးဆက်သစ် ဓားဦးဆောင်သူ မရှိခြင်းမှာ အလွန် အရှက်ရစရာ ကောင်းလှသည်။

​အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဓားဂိုဏ်းကြီး ၃ ခုသည် နတ်ဘုရားအမွေအနှစ်များ ကို တစ်ဦးနှင့်တစ်ဦး မကျူးကျော်ရန် ကတိကဝတ် ပြုခဲ့ကြသော်လည်း ထိုကတိကဝတ်တွင်

"အကယ်၍ ဂိုဏ်းတစ်ခုသည် နှစ်ပေါင်းတစ်ထောင်အတွင်း ဓားဦးဆောင်သူ တစ်ဦးမျှ မမွေးထုတ်နိုင်ပါက ထိုဂိုဏ်း၏ အမွေအနှစ်များကို အခြားဂိုဏ်းများသို့ လွှဲပြောင်းပေးရမည်"

ဟု ပါရှိသည်။ ၎င်းမှာ အစွမ်းကုန်သွားသော ဂိုဏ်းများက အမွေအနှစ်များကို အလဟဿ သိမ်းပိုက်မထားရန် တားမြစ်ထားခြင်းပင်။

​"ဒီနေ့တော့ ဓားဦးဆောင်သူကို မဖြစ်မနေ ရွေးရမယ် မဟုတ်ရင် တီထျန်းနဲ့ ပေတုဘက်က ကျုပ်တို့ရဲ့ အမွေအနှစ်တွေကို တိုက်ရိုက် သိမ်းပိုက်တော့မယ်လို့ ရာဇသံ ပေးထားတယ်"

ဂိုဏ်းချုပ်က သက်ပြင်းချလိုက်သည်။

"အခု အခြေအနေအရတော့ ကျုပ်တို့ အချိန်ဆွဲဖို့ပဲ ရှိတော့တယ် ဓားဦးဆောင်သူ ရွေးလိုက်ပေမဲ့လည်း ချက်ချင်း စမ်းသပ်ချက် ခံယူခိုင်းဖို့ မလိုသေးဘူးလေ"

​ထိုစဉ် လူအုပ်ကြားထဲမှ လန်ယာဝင်ချိုး သည် သူမ၏ မှန် ကို ကြည့်လိုက်ပြီး အံ့သြမှင်တက်သွားသည်။

​"ဝမ်ချိုးလေး... ဘာဖြစ်လို့လဲ"

ကျင်ယွဲ့ဟန် က တိုးတိုးလေး မေးလိုက်သည်။

​"စီနီယာအစ်မကျင်... စီနီယာအစ်ကို ဖန့် ပြန်လာတော့မယ်"

ဝမ်ချိုးက ကျင်ယွဲ့ဟန်ကို ငေးကြည့်ရင်း ပြောလိုက်သည်။

​လွန်ခဲ့သော ၅ နှစ်လုံးလုံး ဖန့်ချန်၏ သတင်းမှာ ပျောက်ချက်သား ကောင်းနေခဲ့သည်။

သူသည် ရှေးဟောင်းနတ်လမ်းစဉ်ထဲမှ ပြန်ထွက်မလာသဖြင့် ဂိုဏ်းတစ်ခုလုံးက သူ သေသွားပြီဟုသာ ယူဆထားကြသည်။

အခုတော့ ၅ နှစ်အကြာမှာ ဖန့်ချန်က သူမဆီ သတင်းပို့လာခဲ့ပြီ

​"ဖန့်ချန် အသက်ရှင်နေသေးတာလား"

ကျင်ယွဲ့ဟန်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။

ထိုစဉ်မှာပင် ခန်းမထဲတွင် သူမ၏ အမည်ကို တစ်စုံတစ်ဦးက မြွက်ဟလိုက်သည်။

​"ကျန်းလင် မင်းရဲ့ တပည့် ကျင်ယွဲ့ဟန်က ပြီးခဲ့တဲ့လကတင် နှင်းခဲဓားအသိ ကို နားလည်ခဲ့တာမို့ ရွှေအမြုတေ အဆင့်မှာ ပြိုင်ဘက်ကင်းနေပြီ သူမကို ဓားဦးဆောင်သူ ခန့်တာကော ဘယ်လိုလဲ"

ဟု အကြီးအကဲတစ်ဦးက မေးသည်။

​"ရွှေအမြုတေ အဆင့်နဲ့ ဓားအသိကို နားလည်နိုင်သူဆိုတာ လက်ချိုးရေလို့ ရပါတယ် ဒါပေမဲ့ ဓားဦးဆောင်သူ ဖြစ်ဖို့က အနည်းဆုံး ဝိညာဥ်သန္ဓေသားအဆင့် ရှိရမယ် ပေတုနဲ့ တီထျန်းက ဒါကို လက်ခံပါ့မလား"

​"ဘာကြောက်စရာ ရှိလဲ ကျုပ်တို့ အားလုံး ဝိုင်းကူရင် ၁၀ နှစ်အတွင်း သူမကို ဝိညာဉ်သန္ဓေသားအဆင့် ရောက်အောင် လုပ်ပေးနိုင်တယ် ၁၀ နှစ်ဆိုတာ သူတို့ စောင့်နိုင်ပါတယ် ကျုပ်တို့ နတ်ဓားအိုကြီးက ဒဏ်ရာရနေတာပဲ ရှိတာ၊ သေသွားတာ မဟုတ်ဘူး"

​လူတိုင်းက ကျင်ယွဲ့ဟန်ကို ကြည့်ကာ ဝိုင်းဝန်း ဆွေးနွေးနေကြသည်။

တောင်သခင်မ ကျန်းလင်ကတော့ သူမ၏ တပည့်ကို ချစ်သော်လည်း ယခုအခြေအနေတွင် ဓားဦးဆောင်သူ ဖြစ်လာသူမှာ ဂိုဏ်းအတွက် အသက်ပေးကာ အချိန်ဆွဲပေးရမည့်သူ ဖြစ်နေသဖြင့် စိုးရိမ်နေမိသည်။

​ထိုစဉ် ကျင်ယွဲ့ဟန်က ရှေ့သို့ ထွက်လာကာ -ူ

"စီနီယာတို့ရှင့် ကျွန်မ လူတစ်ယောက်ကို အကြံပြုချင်ပါတယ် သူက သူ့အဆင့်မှာတင် ပြိုင်ဘက်ကင်းသူ ဖြစ်ရုံတင်မကဘဲ အခုထိ ဘယ်သူ့ကိုမှ ရှုံးနိမ့်ခဲ့ဖူးတယ်လို့ မကြားဖူးပါဘူး"

​"ကျုပ်တို့ဆီမှာ အဲ့ဒီလို လူရှိလို့လား ငါ ဘာလို့ မသိရတာလဲ"

ဂိုဏ်းချုပ်က ထူးဆန်းစွာ မေးသည်။

​"ကျွန်မ အကြံပြုချင်သူကတော့ ဖန့်ချန် ပါပဲ"

​ချက်ချင်းပင် ချင်ဟော့ချန်းနှင့် ဖန့်ချန်၏ မိတ်ဆွေများမှာ မျက်နှာပျက်သွားကြသည်။

"ကျင်ညီမလေး ဖန့်မောင်လေးက ရှေးဟောင်းလမ်းစဉ်ထဲမှာ သေသွားပြီ ထင်တယ်..."

​"ဖန့်ချန် အဲ့ဒါ ဘယ်သူလဲ"

ယခုမှ ပြန်ရောက်လာသည့် စီနီယာအစ်ကို ပိုင် က မေးလိုက်ရာ ဘေးမှလူများက

"အဖြူ ရောင်အမြုတေ ပိုင်ရှင်၊ ကောင်းကင်တိမ်တိုက်ဧကရာဇ်ရဲ့ မျိုးဆက်"

ဟု ရှင်းပြကြသည်။

​"ဖန့်ချန် သေသွားပြီ မဟုတ်ရင်တော့ သူက အသင့်တော်ဆုံးပဲ"

ဂိုဏ်းချုပ်က သက်ပြင်းချသည်။

​"သူ အသက်ရှင်နေရင်တောင် အဖြူ ရောင်အမြုတေ ပါရမီနဲ့လူကို ဓားဦးဆောင်သူ ခန့်လိုက်ရင် ကျုပ်တို့ဂိုဏ်းက ကမ္ဘာ့ရယ်စရာ ဖြစ်သွားလိမ့်မယ်"

ဟု အကြီးအကဲတစ်ဦးက ခနဲ့လိုက်သည်။

​သို့သော် ကျင်ယွဲ့ဟန်က ပြတ်သားစွာ ပြောလိုက်သည်

"စီနီယာတို့... ဖန့်ချန်က အခုလေးတင် ဝမ်ချိုးလေးနဲ့ အဆက်အသွယ် လုပ်ခဲ့ပါတယ် သူ ရှေးဟောင်းလမ်းစဉ်ကနေ ထွက်လာပါပြီ"

​ဤစကားမှာ ရေကန်ထဲသို့ ကျောက်တုံးကြီး ပစ်ချလိုက်သကဲ့သို့ ခန်းမတစ်ခုလုံး ဆူညံသွားစေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်ချိုး၏ မှန်မှာ ဂိုဏ်းချုပ်၏ လက်ထဲသို့ ရောက်ရှိသွားတော့သည်။

​"ဟားဟားဟား ကောင်းတယ်"

ဂိုဏ်းချုပ်က အားရပါးရ ရယ်မောလိုက်ပြီး

"ဘယ်သူကများ သူ့ကို သွားကြိုမလဲ လမ်းမှာ တစ်ခုခု ထပ်ဖြစ်မှာ စိုးလို့"

​"ကျုပ် သွားလိုက်မယ်"

ပိုင်ချင်းမင် က ပြုံး၍ ထွက်ခွာသွားသည်။

​ဝမ်ချိုးကတော့ ဖန့်ချန်ဆီသို့ စီနီယာအစ်ကို ပိုင် လာကြိုနေကြောင်းနှင့် ဂိုဏ်းတွင် ဖြစ်ပျက်သမျှကို သတင်းပို့လိုက်သည်။

​ဖန့်ချန်သည် မှန်ထဲမှ သတင်းများကို ကြည့်ကာ မျက်နှာ လေးနက်သွားသည်။

ဂိုဏ်းချုပ်ဘိုးဘေး အဆင့် ဓားနတ်ဘုရားတစ်ဦး ပေါ်ထွက်လာခြင်းမှာ ကျင့်စဉ်လောက၏ ချိန်ခွင်လျှာကို ပြောင်းလဲစေခဲ့ပြီ။

​သူသည် စကြာဝဠာမှန်ကို ထုတ်ကြည့်လိုက်ရာ ဧကရာဇ်စာရင်း ၏ ထိပ်ဆုံးတွင် ရွှေရောင်လွှမ်းနေသော အမည်သစ်တစ်ခုကို တွေ့လိုက်ရသည်။

​【 လီချန်စန်း (】

​"မယုံနိုင်စရာပဲ ဓားကျင့်ကြံသူတွေရဲ့ သက်တမ်းက တိုတောင်းလှတာကို သူက နှစ်ပေါင်း ၅၀၀ အတွင်းမှာတင် မသေမျိုးဘုရင် အဆင့်ကို ရောက်သွားတာပဲ"

ဟု မှန်လေးက မှတ်ချက်ပေးသည်။

​ထိုစဉ် ဖန့်ချန်သည် အာရုံတစ်ခု ရလိုက်သဖြင့် မှန်ကို သိမ်းကာ ဓားငယ်လေးကို ထုတ်၍ ဟင်းလင်းပြင်ထဲသို့ ပိုင်းချလိုက်သည်။

​ဟင်းလင်းပြင်ထဲမှ ဓားအလင်းတစ်ခု ပြန်လည် ထွက်ပေါ်လာပြီး ဖန့်ချန်ဆီသို့ မိုးကြိုးအလား ပြေးဝင်လာသည်။

ထိုအခိုက်အတန့်တွင် ဖန့်ချန်၏ နားထဲတွင် ဝိညာဉ်ပေါင်းများစွာ၏ တိုးတိုးလေး ရွတ်ဆိုသံများကို ကြားလိုက်ရပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ ငရဲပြည် သို့ ရောက်သွားသကဲ့သို့ ထူးဆန်းသော ပုံရိပ်ယောင်များဖြင့် ပြည့်နှက်သွားတော့သည်။

All Chapters