အခန်း (၆၇၉-၆၈၀)
Vol. 68 Ch. 679-680
အခန်း ၆၇၉ - လမ်းစဉ်ချင်းမတူရင် အတူမလုပ်နိုင်ဘူး
"ကြည့်ရတာ ဒီနေ့ကိစ္စတွေက... ဒီတင်ပဲ အဆုံးသတ်သွားပြီ ထင်တယ်..."
ချင်းမုဘိုးဘေးကြီးက သာယာစွာ ပြုံးလိုက်ပြီး မိန်းကလေးငယ်၏ လက်ကို ဆွဲကာ ဖန့်ချန်ဘက်သို့ လှည့်ပြောလိုက်သည်
"ဖန့်ညီလေး နောက်ကို အားရင် ချင်းမုဂိုဏ်းဘက်ကို အလည်လာခဲ့ပါဦး မင်းရဲ့ ပထမဆုံးသော ဘေးဒုက္ခ က မလာသေးဘူးမလား ဒီ မူလသီးကို ယူထားလိုက်ပါ တကယ်လို့ ဘေးဒုက္ခကို ကျော်ဖြတ်ဖို့ ခက်ခဲနေပြီလို့ ခံစားရရင် ဒါကို စားလိုက်ပါ"
သူက ဖန့်ချန်အား မူလသီး တစ်လုံး ပေးလိုက်ပြီးနောက် ဟုန်ချင်းကို ကြည့်ကာ ပြုံးလိုက်ပြန်သည်
"ငါနဲ့အတူ ချင်းမုဂိုဏ်းကို လိုက်ခဲ့ပါ ဖန့်ညီလေးမှာတော့ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းရဲ့ အကာအကွယ် ရှိနေလို့ မဟာချဲ့ထွင်းဂိုဏ်းက ဘာမှမလုပ်ရဲပေမဲ့ မင်းကတော့ မတူဘူးလေ ငါတို့ ညီအစ်ကိုတွေ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ရမယ်"
"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို"
ဟုန်ချင်းတာအိုပုဂ္ဂိုလ်မှာ ခါးသက်သက် ပြုံးလိုက်ပြီး ဖန့်ချန်ကို ခေါင်းငြိမ့်ပြကာ ချင်းမုဘိုးဘေးကြီးနှင့်အတူ ပျံသန်းထွက်ခွာသွားတော့သည်။
ဖန့်ချန်သည် ချင်းမုဘိုးဘေးကြီးကို မေးစရာများစွာ ရှိနေသော်လည်း တစ်ဖက်လူက ချက်ချင်းထွက်သွားသဖြင့် နောက်မှသာ အခွင့်အရေးရှာရန် ဆုံးဖြတ်လိုက်သည်။
စောစောက စီနီယာယွမ်ဟယ် သူ့ကို ခေါင်းငြိမ့်ပြခဲ့စဉ်က အကြည့်မှာ အလွန်ရင်းနှီးလှသည်။
၎င်းမှာ တကယ့်ကို မဟာရှ နိုင်ငံတွင် ပထမဆုံး ဆုံတွေ့ခဲ့စဉ်က အကြည့်မျိုးပင်။
ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ကြွင်းကျန်ရစ်သော ဝိညာဉ် သို့မဟုတ် စိတ်မမှန်ခြင်း ဆိုသည်မှာ ၈၀ ရာခိုင်နှုန်းခန့် ဟန်ဆောင်နေခြင်း ဖြစ်ကြောင်း သူ သိလိုက်ရသည်။
အမှန်နှင့် အမှား၊ အတုနှင့် အစစ်... မသေမျိုးဧကရာဇ်များကို ငါးစာချခြင်း ထိုအခြင်းအရာများက စီနီယာယွမ်ဟယ်သည် တစ်စုံတစ်ခုသော ရည်မှန်းချက်အတွက် ကြိုးစားနေခြင်းဖြစ်ကြောင်း ဖော်ပြနေသည်။
သို့သော် အမှန်တရားမှာ အဘယ်နည်းဆိုသည်ကိုမူ သူ မခန့်မှန်းနိုင်သေးပေ။
ကျင့်ကြံခြင်းလောက၏ လျှို့ဝှက်ချက်များမှာ များပြားလှရာ သူသည် ယခုမှ ခြေချခါစ လူသစ်လေးမျှသာ ရှိသေးသည်မဟုတ်ပါလား။
ထိုကိစ္စများသည် သူနှင့် သိပ်မဆိုင်လှပေ။
သူ လုပ်နိုင်သည်မှာ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန်နှင့် သွေးဝိညာဉ်ဂိုဏ်း မှ ကျင့်ကြံသူများကို များများသတ်ရန်သာ ဖြစ်သည်။
"ဖန့်မိတ်ဆွေ မင်းသားက ခင်ဗျားကို စကားပြောဖို့ ဖိတ်ခေါ်နေပါတယ်"
ဝိညာဉ်ခွဲဖြာခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦး လေပေါ်မှ ဆင်းသက်လာကာ လက်အုပ်ချီ နှုတ်ဆက်သည်။
မလှမ်းမကမ်းတွင် နဝမမင်းသား က ဖန့်ချန်ကို ပြုံးကြည့်နေပြီး၊ ဘေးရှိ ကိုင်ယွန်နော မှာမူ မျက်နှာဆူပုပ်နေသည်။
"မလိုတော့ပါဘူး ဒီနေ့ ကျွန်တော်က လူတော်တော်များများကို ရန်စထားမိတာဆိုတော့ မင်းသားအတွက် အခက်အခဲ မဖြစ်စေချင်လို့ပါ"
ဖန့်ချန်က ပြုံးကာ ငြင်းဆိုလိုက်ပြီး ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းသားများ ရှိရာသို့ ပြန်လှည့်လာခဲ့သည်။
ဖန့်ချန် မလာသည်ကို မြင်သောအခါ ကိုင်ဟုန်က သက်ပြင်းချလိုက်သည်။
နဝမမင်းသားက ရယ်မောလိုက်ပြီး
"ကိုင်အစ်ကို လမ်းစဉ်ချင်းမတူရင် အတူမလုပ်နိုင်ဘူး လေ ဘာလို့ သက်ပြင်းချနေတာလဲ"
"ဟုတ်ပါတယ် လမ်းစဉ်ချင်းမတူရင် အတူမလုပ်နိုင်ဘူး"
ကိုင်ဟုန် က မင်းသားကို တစ်ချက်ကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။
ဓားဂိုဏ်းဘက်တွင်မူ ဂိုဏ်းခွဲအသီးသီးမှ ဆရာကြီးများနှင့် တပည့်များမှာ ဖန့်ချန်ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြသည်။
"ကောင်းကင်တိမ်တိုက်ဧကရာဇ်ရဲ့ အမွေခံ နှင့် ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းရဲ့ တပည့် ဟူသော ဂုဏ်ပုဒ်နှစ်ခုလုံး တစ်ဦးတည်းအပေါ် ရောက်နေခြင်းမှာ အလွန်တရာ ရှားပါးလှသည်။
ထို့ထက်ပို၍ စောစောက စီနီယာယွမ်ဟယ် ပြသခဲ့သော အစွမ်းမှာ တုန်လှုပ်စရာ ကောင်းလှသည်။
၎င်းမှာ ရေခဲတောင်၏ ထိပ်ဖျားလေးမျှသာ ဖြစ်ပါက သူ၏ အစစ်အမှန် စွမ်းအားမှာ မည်မျှ ကြီးမားမည်ကို စဉ်းစားရုံပင် မတတ်နိုင်တော့ပေ။
"တပည့်လေး ခုနက မင်းသုံးလိုက်တဲ့ အတတ်က ဝိညာဉ်ပူးကပ်ခြင်းအတတ် လား"
ဝမ်ကျိလုံက ပြုံးရွှင်စွာ မေးလိုက်သည်။
လူတိုင်းက နားစွင့်နေကြသည်။
ဖန့်ချန်က ခေါင်းငြိမ့်ပြသည်
"ဟုတ်ကဲ့ ဝိညာဉ်ပူးကပ်ခြင်းအတတ်ပါပဲ"
"တာအိုဂိုဏ်းရဲ့ အတတ်တွေကလည်း တော်တော်လေး အစွမ်းထက်သားပဲ..."
မုတ်ဆိတ်ရှည်နှင့် ဓားကျင့်ကြံသူက တီးတိုး ရေရွတ်သည်။
"ကောင်းတယ်... ကောင်းတယ် ဒီနေ့ မင်းက တာအိုအတတ်နဲ့ စိန်ခေါ်ပြီး တာအိုဂိုဏ်းသုံးခုလုံးကို အရှက်တကွဲ ထွက်ပြေးအောင် လုပ်နိုင်ခဲ့တယ်တကယ် သတ္တိရှိတာပဲ"
ဝမ်ကျိလုံက ချီးကျူးလိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်
"ဒါပေမဲ့ မင်းက ခုထိ ဓားဂိုဏ်းရဲ့ တပည့်ဖြစ်နေတုန်းပဲဆိုတာ သတိရပါ တာအိုစိန်ခေါ်ပွဲ တစ်ခါ လုပ်ပြီးပြီဆိုတော့ ဓားစိန်ခေါ်ပွဲ ရော တစ်ခါလောက် မလုပ်ချင်ဘူးလား"
ဖန့်ချန်မှာ ကြောင်အမ်းသွားပြီး
"ဆရာ အဲ့ဒါဆို ကျွန်တော် အခုပဲ မဟာချဲ့ထွင်းဂိုဏ်းဘက်ကို သွားပြီး ဓားစိန်ခေါ်ပွဲ သွားလုပ်ရမလား"
"မဟုတ်ရင် ငါတို့အားလုံးပါ လိုက်သွားကြတာပေါ့ ထွက်လာပြီးမှတော့ အားနေတာနဲ့ အတူတူပဲ"
ဂိုဏ်းခွဲဆရာကြီးများ၏ မျက်လုံးများမှာ တောက်ပလာပြီး တပည့်များမှာလည်း စိတ်လှုပ်ရှားစွာဖြင့် တိုက်ချင်ခိုက်ချင်စိတ်များ ပြင်းထန်နေကြသည်။
"ဒီနေ့ သူတို့ဘက်က လူတွေ အများကြီး သေထားတာဆိုတော့ မင်းက ထပ်သွားပြီး ဓားစိန်ခေါ်ရင် သူတို့ ရူးပြီး အသေအလဲ ပြန်ချလာလိမ့်မယ် နည်းနည်းလောက် ဆိုင်းငံ့လိုက်ဦး"
ဝမ်ကျိလုံက ခေါင်းယမ်းလိုက်ပြီး
"အနည်းဆုံး သုံးငါးလလောက် သူတို့ကို စိတ်အေးအောင် အချိန်ပေးရမယ် ထို့ထက်ပိုတာက..."
သူက တစ်နေရာကို ကြည့်ကာ အေးစက်စွာ ရယ်လိုက်သည်
"တိထျန်း နဲ့ ပေတု က လူပြက်တွေ ထွက်လာတော့မယ် မင်းတို့မှာ ဒါထက် အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာ ရှိသေးတယ်"
တိထျန်း နဲ့ ပေတု က လူပြက်တွေ ဖန့်ချန်၏ စိတ်ထဲတွင် တစ်ချက် လှုပ်ရှားသွားသည်။
ဓားဂိုဏ်းမှ ဆရာကြီးများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ မျက်လုံးများမှာ ချက်ချင်းပင် အေးစက်သွားကြသည်။
လူတိုင်း သတိမမူမိခင်မှာပင် ဝမ်ကျိလုံသည် သူတို့ကို ခေါ်ဆောင်ကာ ဓားအလင်းတန်းအဖြစ် ပြောင်းလဲပြီး ပျံသန်းထွက်ခွာသွားတော့သည်။
ကျန်ရစ်သူများမှာ တစ်ဦးကိုတစ်ဦး ကြည့်နေကြပြီး နောက်ဆုံးတွင် အကြည့်များမှာ ချင်ဟော့ချန်း ထံသို့ ကျရောက်သွားသည်။
ဆရာကြီးများ ထွက်သွားပြီဖြစ်ရာ တပည့်များထဲတွင် သူက အဆင့်အမြင့်ဆုံး ဖြစ်သည်။
"ချင်စီနီယာ... စီနီယာဝမ်တို့က တိထျန်း နဲ့ ပေတု ကို ပြဿနာသွားရှာတာလား"
ကျင်ရွှီက စိုးရိမ်တကြီး မေးလိုက်သည်။
ချင်ဟော့ချန်းက ခေါင်းငြိမ့်ပြပြီး ပြုံးလိုက်သည်
"ငါ ကြားဖူးတာကတော့ အရင်တစ်ခေါက် စီနီယာနှစ်ဦး ကစားတုန်းက ရရှိတဲ့ အမွေအနှစ်ကို တိထျန်း နဲ့ ပေတု က လမ်းခုလတ်မှာ လုယူခဲ့ကြတယ်တဲ့"
" အဲ့ဒီတုန်းက ငါတို့ အလယ်ပိုင်းဒေသ က တော်တော်လေး ရှုံးနိမ့်ခဲ့ရတယ် ငါတို့ ဓားဂိုဏ်းလည်း အဆုံးအရှုံး များခဲ့တယ်"
"စီနီယာဝမ်ရဲ့ ဖခင်ဆိုရင် တိထျန်း က ဓားကျင့်ကြံသူတစ်ဦးရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတာ အခု တိထျန်း နဲ့ ပေတု တို့ လှုပ်ရှားလာပြီဆိုတော့ စီနီယာတွေက သူတို့ကို အလွယ်တကူ ပြန်လွှတ်ပေးမှာ မဟုတ်ဘူး"
သူက ခေတ္တရပ်ကာ ဖန့်ချန်တို့ကို ကြည့်ပြီး ဆက်ပြောသည်
"ဒီလို ထိပ်သီးတိုက်ပွဲတွေမှာ မင်းတို့ ဝင်ပါလို့ မရသေးဘူး ဒါကြောင့် လုပ်စရာရှိတာ ဆက်လုပ်ကြပါ တစ်ယောက်ယောက်က အခွင့်ကောင်းမယူနိုင်အောင် သတိနဲ့ သွားလာကြပါ"
မှာကြားပြီးနောက် ချင်ဟုချန်းလည်း ဓားအလင်းတန်းအဖြစ် ပြောင်းလဲကာ ထွက်ခွာသွားတော့သည် သူသည်လည်း ထိုတိုက်ပွဲတွင် ပါဝင်ရမည့်သူတစ်ဦး ဖြစ်ပုံရသည်။
"စီနီယာဝမ်တို့ အန္တရာယ်ရှိမလား မသိဘူး..."
လန်ယာဝင်ချိုး၏ မျက်လုံးထဲတွင် စိုးရိမ်ရိပ်များ ရှိနေသည်။
"ဘာမှ မဖြစ်လောက်ပါဘူး"
ချန်ယွီဟန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ဝမ်ဟုက တစ်ခုခု ပြောရန် ပြင်သော်လည်း ကျင်ရွှီက သက်ပြင်းချကာ ဝင်ပြောသည်
"ငါ ကြားတာကတော့ တိထျန်း က ဓားကျင့်ကြံသူတွေထဲမှာ တကယ့်ကို မသေမျိုးဧကရာဇ် အဆင့်ရှိတဲ့သူတစ်ယောက် ထွက်ပေါ်လာတယ်တဲ့"
"မဖြစ်နိုင်တာ ဓားကျင့်ကြံသူတွေရဲ့ သက်တမ်းက တိုတိုလေးပဲကို တကယ်ပဲ ဒီလမ်းစဉ်ကနေ လွတ်လပ်သောမသေမျိုးအဆင့်ကို ကူးပြောင်းနိုင်တဲ့သူ ရှိလို့လား"
တစ်ဦးက အံ့သြတကြီး မေးသည်။
ကျင်ရွှီက ခေါင်းယမ်းလိုက်သည်
"သတင်းက အမှန်လား အမှားလားတော့ မသိဘူး ငါကတော့ အမှားပဲ ဖြစ်ပါစေလို့ ဆုတောင်းပါတယ် တကယ်လို့သာ အမှန်ဆိုရင်တော့ စီနီယာဝမ်တို့အတွက် မကောင်းဘူး"
လူတိုင်း၏ စိတ်နှလုံးမှာ လေးလံသွားတော့သည်။
မသေမျိုးဧကရာဇ်...။
ဓားကျင့်ကြံသူတစ်ဦးသည် ထိုအဆင့်ကို ရောက်ရှိသွားပါက သူ၏ ဓားကို မည်သူက တားဆီးနိုင်မည်နည်း။
"သိပ်လည်း စိတ်မပူကြပါနဲ့ တိထျန်း နဲ့ ပေတု ကို ရင်ဆိုင်ဖို့အတွက် အလယ်ပိုင်းဒေသက တခြားအင်အားစုတွေလည်း လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး"
ကျင်ရွှီက အားပေးလိုက်သည်။
ခေတ္တစကားပြောပြီးနောက် လူတိုင်း လမ်းခွဲထွက်ခွာသွားကြသည်။
ရှေးဟောင်းနတ်ဘုရားလမ်း သို့ သွားမည့်သူများသာ ကျန်ရစ်ခဲ့ပြီး ရှေးဟောင်းမြေရိုင်း၏ အနက်ရှိုင်းဆုံးဆီသို့ အတူတူ ပျံသန်းသွားကြတော့သည်။
အခြားကျင့်ကြံသူများမှာ ထိုဓားအလင်းတန်းများကို ကြည့်ရင်း အားကျစိတ်နှင့်အတူ ကြောက်ရွံ့စိတ်များလည်း ရှိနေကြသည်။
အထူးသဖြင့် ဖန့်ချန်ကို ကြည့်သောအခါ ထိုကြောက်ရွံ့မှုမှာ ပို၍ သိသာလှသည်။
မှောင်ရိပ်တစ်ခုထဲတွင် တာအိုဝတ်စုံနှင့် လူအချို့ ရပ်နေကြသည်။
သူတို့က ဖန့်ချန်တို့ထွက်သွားသည်ကို ကြည့်နေကြခြင်း ဖြစ်သည်။ တစ်ဦးက ဘေးမှလူကို လှည့်မေးလိုက်သည်
"ရွှီချင်ဆုန်း မင်းတို့ မဟာချဲ့ထွင်းဂိုဏ်းက သူ့ကို ဒီအတိုင်းပဲ လွှတ်ပေးတော့မှာလား ဒီနေ့ သူက မင်းတို့ဆီက ဝိညာဉ်ခွဲဖြာခြင်း အဆင့်တွေကို အများကြီး သတ်သွားတာ၊ အဆုံးအရှုံးက မနည်းဘူးနော်"
ရွှီချင်ဆုန်းသည် နတ်ဘုရားနန်းတော်တိုက်ပွဲပြီးကတည်းက ဂုဏ်သိက္ခာ ကျဆင်းသွားကာ တောင်ပေါ်မှ မဆင်းသည်မှာ ကြာပြီဖြစ်သည်။
ယခု ဖန့်ချန်ကို ထပ်မံ မြင်တွေ့ရသောအခါ ရန်ငြိုးဟောင်းများ ပြန်ပေါ်လာပြီး သူ၏ အေးစက်သော မျက်လုံးများအောက်တွင် သတ်ဖြတ်လိုစိတ်များ လှိုင်းထနေတော့သည်။
"ဟဲဟဲ ဒီတစ်ခေါက် တာအိုဂိုဏ်းသုံးခုထဲမှာ မင်းတို့ မဟာချဲ့ထွင်းဂိုဏ်းက အဆုံးအရှုံး အများဆုံးပဲ။"
"ငါတို့ ချန်ရှင်းဂိုဏ်းနဲ့ ရှန်းထျန်းဂိုဏ်းကတော့ ဘာမှ မဖြစ်ခဲ့ဘူး တကယ်လို့ မင်းတို့ဘက်က တစ်ခုခု ပြန်မလုပ်ဘူးဆိုရင် လောကသားတွေက မင်းတို့ကို အထင်သေးကြတော့မှာပဲ"
နောက်ထပ် တာအိုကျင့်ကြံသူတစ်ဦးက လှောင်ပြောင်လိုက်သည်။
ရွှီချင်ဆုန်း၏ မျက်နှာ ပျက်သွားသည်။
သူ တစ်ခုခု ပြောရန် ပြင်သော်လည်း လက်ထဲမှ စာပို့အဆောင် ကို ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်
"နဝမမင်းသား က ငါတို့ကို တွေ့ချင်နေတယ်"
လူအချို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ခေါင်းငြိမ့်ပြလိုက်ကြတော့သည်။
အခန်း ၆၈၀ - ဘေးဒုက္ခကို ဆုတောင်းပေးခြင်း
ရှေးဟောင်းမြေရိုင်း၏ အနက်ရှိုင်းဆုံးပိုင်းတွင် ထူးဆန်းသော ကျောက်တုံးကြီးများ ပြန့်ကျဲနေသည့် လွင်ပြင်တစ်ခု ရှိသည်။
ထိုကျောက်တုံးများကို သေချာကြည့်လျှင် ၎င်းတို့သည် သာမန်ကျောက်တုံးများ မဟုတ်ဘဲ တစ်ချိန်က ခမ်းနားခဲ့သော အဆောက်အအုံများ ပြိုပျက်နေသည့် အကြွင်းအကျန်များ ဖြစ်ကြောင်း သိသာလှသည်။
ကျောက်တုံးအချို့ပေါ်တွင် ရှေးဟောင်းထုဆစ်မှု အမှတ်အသားများကိုပင် မြင်တွေ့နေရဆဲပင်။
"ဒီနေရာက ရှေးဟောင်းနတ်ဘုရားလမ်း လား"
ဖန့်ချန်က ချန်ယွီဟန်နှင့် လီချွမ်းတို့ကို လှည့်မေးလိုက်သည်။
သူတို့ကဲ့သို့ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းမှ ရွှေမြုတေ အဆင့် ကျင့်ကြံသူများအပြင်၊ အခြားဂိုဏ်းပေါင်းစုံမှ ကျင့်ကြံသူအများအပြားမှာလည်း ဤနေရာသို့ ရောက်ရှိနေကြပြီဖြစ်သည်။
ကောင်းကင်ယံထက်တွင်လည်း နောက်ထပ် ရောက်ရှိလာမည့်သူများစွာကို မြင်တွေ့နေရသည်။
"ဟုတ်တယ်"
လီချွမ်းက ခေါင်းငြိမ့်ပြကာ
"ဒီနေရာက အဝင်ပေါက်ပဲရှိသေးတာ မင်း ရှေးဟောင်းနတ်ဘုရားလမ်းထဲကို တကယ်ခြေချလိုက်ပြီဆိုရင် ဒီလောကထဲမှာ ရှိနေတော့မှာ မဟုတ်ဘူး"
ချန်ယွီဟန်က ပြုံးကာ ဝင်ပြောသည်
"ကောလာဟလတွေအရတော့ ရှေးဟောင်းနတ်ဘုရားလမ်းဆိုတာ လူသားလောကနဲ့ နတ်ဘုရားလောကကြားက နေရာတစ်ခုတဲ့"
"တချို့ကလည်း နတ်ဘုရားလောကရဲ့ အစိတ်အပိုင်းတစ်ခုလို့ ပြောကြတယ် နတ်မျိုးစေ့ဖြစ်လာနိုင်သည်ဖြစ်စေ၊ မဖြစ်လာနိုင်သည်ဖြစ်စေ ရွှေမြုတေအဆင့်ကို ရောက်ပြီးရင်တော့ ဒီနေရာကို တစ်ခါလောက် ရောက်ဖူးတာက ဗဟုသုတရတာပေါ့"
"ဟုတ်တာပေါ့"
လူတိုင်းက ပြုံးကာ ခေါင်းငြိမ့်ကြသည်။
သူတို့အများစုမှာ နတ်မျိုးစေ့ ဖြစ်ရန် မျှော်လင့်ချက် သိပ်မရှိသော်လည်း ဤနေရာကို မြင်ဖူးချင်ကြရုံသက်သက်ပင်။
"အားလုံးပဲ သာမန်ကျင့်ကြံသူတွေက ငါတို့ကို မနှောင့်ယှက်ရဲဘူးဆိုပေမဲ့၊ ရူးသွပ်နေတဲ့သူတွေကိုတော့ သတိထားရမယ် နတ်ဘုရားလမ်းထဲကို ဝင်ဖို့ဆိုတာ သေချာစဉ်းစားကြပါဦး"
"အထဲမှာဆိုရင် ငါတို့အားလုံးက တစ်နေရာတည်းမှာ ဆုံဖို့ ခက်လိမ့်မယ် အကယ်၍ တစ်ခုခုဖြစ်လာရင် တစ်ယောက်ကိုတစ်ယောက် ကူညီဖို့ အချိန်မီမှာ မဟုတ်ဘူး"
လီချွမ်း၏ အကြည့်မှာ လေးနက်နေပြီး လန်ယာဝင်ချိုး၊ ချန်ချင်း၊ ချန်ရွှမ်းနှင့် ဝမ်ဟုတို့ကို စိုးရိမ်တကြီး ကြည့်နေသည်။
သူတို့မှာ ရွှေမြုတေ အစောပိုင်းနှင့် အလယ်ပိုင်းအဆင့်များသာ ဖြစ်ကြရာ၊ နတ်ဘုရားလမ်းအတွင်းရှိ အန္တရာယ်များအပြင် ဓားကျင့်ကြံသူများကို ရန်ငြိုးထားသူများ၏ ရန်ကိုလည်း ကြောက်ရခြင်းဖြစ်သည်။
"လီစီနီယာ ကျုပ်တို့က မကြောက်ပါဘူး စိုးရိမ်မနေပါနဲ့ ကြောက်နေမယ်ဆိုရင် ဓားကို ဘာလို့ ကျင့်ကြံနေတော့မှာလဲ"
တစ်ဦးက ရယ်မောကာ ပြောလိုက်သည်။
လီချွမ်းက သက်ပြင်းချကာ
"ကောင်းပြီလေ ဒါဆိုရင် စိတ်ကို ပြင်ဆင်ထားကြ ဝင်ဖို့ အဆင်သင့်လုပ်ကြတော့"
သူက ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ရာ ဖန့်ချန်မှာ မျက်စိမှိတ်ကာ တရားမှတ်နေသည်ကို တွေ့ရသဖြင့် စိတ်အခြေအနေကို ပြင်ဆင်နေသည်ဟု သူ ထင်လိုက်သည်။
ထိုအချိန်တွင်... ဖန့်ချန်၏ ဝိညာဉ်မှာမူ ဟင်းလင်းပြင်ထဲရှိ သင်္ဘောတစ်စင်းပေါ်သို့ ရောက်ရှိနေသည်။
မလှမ်းမကမ်းတွင် လူအချို့ ရပ်နေကြပြီး ၎င်းတို့ထဲတွင် ချီကျန့် လည်း ပါဝင်နေသည်။
ချီကျန့်၏ ဘေးတွင် ရပ်နေသူမှာ အလွန်ပင် ချောမောလှပသော လူငယ်တစ်ဦး ဖြစ်သည်။
မိန်းကလေးတစ်ဦးထက်ပင် ပို၍ လှပကာ၊ သူ၏ ကျင့်ကြံမှုမှာ မမြင့်မားသော်လည်း သူ၏ အရှိန်အဝါမှာ မွေးရာပါ မြင့်မြတ်သူတစ်ဦးကဲ့သို့ပင်။
ချီကျန့်ကဲ့သို့ အဆင့်ရှိသူ၏ ရှေ့တွင်ပင် သူ၏ အရှိန်အဝါမှာ မှေးမှိန်မသွားပေ။
"နဝမမင်းသား ကျုပ်တို့ ဖန့်ချန်ကို တိုက်ခိုက်တော့မယ်ဆိုရင် မင်းသားအနေနဲ့ နတ်ဘုရားလမ်းထဲကို ဝင်ဖို့ ရက်ရွှေ့ဆိုင်းလိုက်တာ ပိုကောင်းမယ်ထင်တယ်"
ချီကျန့်က အကြံပြုသည်။
ဖန့်ချန်မှာ မအံ့သြပေ။
ချီကျန့် ရှိနေသည်ကို သူ သိထားပြီးသားဖြစ်သလို၊ ထိုလှပသော လူငယ်၏ အထောက်အထားကိုလည်း သူ ခန့်မှန်းထားပြီးသားပင်။
"ငါက ရွှေမြုတေအဆင့် ပြည့်စုံသွားပြီ ပထမဆုံး ဘေးဒုက္ခကိုလည်း အောင်မြင်စွာ ကျော်ဖြတ်ပြီးပြီ ရောက်လာပြီးမှတော့ ရက်ရွှေ့စရာ အကြောင်းမရှိဘူး"
နဝမမင်းသားက ပြုံးကာ
"ဒါ့အပြင် နတ်ဘုရားလမ်းထဲမှာ ကန့်သတ်ချက်တွေ ရှိတယ် ရွှေမြုတေအဆင့်ထက် ကျော်လွန်တဲ့ နည်းလမ်းတွေကို အသုံးပြုလို့ မရဘူး"
"ဖန့်ချန်ရဲ့ ဝိညာဉ်ပူးကပ်ခြင်းအတတ်ကို ကြောက်နေစရာ မလိုပါဘူး သူ့ကို အနီးကပ် တွေ့ကြည့်ပြီး သူ့ရဲ့ စက္ကူရုပ်တွေက ဘယ်ကလာတာလဲ ငါ့ထက် ပိုစွမ်းသလားဆိုတာကို သိချင်သေးတယ်"
ပြောနေစဉ်မှာပင် သူ၏ ရှေ့တွင် အနက်ရောင် မြူခိုးများ ထွက်ပေါ်လာပြီး သွေးနီရောင် စက္ကူရုပ် တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုစက္ကူရုပ်မှာ မင်းသား၏ ရှေ့တွင် ရိုသေစွာ ရပ်နေသော်လည်း ၎င်း၏ အရှိန်အဝါမှာ ဖန့်ချန်၏ အမည်းနှင့် အဖြူစက္ကူရုပ်များထက်ပင် ပို၍ ပြင်းထန်နေသည်။
ဖန့်ချန်၏ မျက်လုံးထဲတွင် အံ့သြရိပ်များ ဖြတ်ပြေးသွားသည်။
ကောလာဟလများမှာ အမှန်ပင်။
ဤနဝမမင်းသားသည် တာအိုအတတ်ပညာကို အလွန်စိတ်ဝင်စားရုံသာမက၊ သူ၏ အစွမ်းမှာ တာအိုဂိုဏ်းကြီးသုံးခုမှ ပါရမီရှင်များထက်ပင် မနိမ့်ကျကြောင်း သိလိုက်ရသည်။
ချီကျန့်က သွေးရောင်စက္ကူရုပ်ကို ကြည့်ကာ ဖားလိုက်သည်
"ဖန့်ချန်က မင်းသားရဲ့ ဖိနပ်ကိုတောင် ကိုင်ပေးဖို့ အရည်အချင်းမရှိပါဘူး ကျုပ်ထင်တာ မမှားဘူးဆိုရင် သူ့ရဲ့အတတ်က ကောင်းကင်တိမ်တိုက်ဧကရာဇ်ရဲ့ အမွေအနှစ် မဟုတ်ပါဘူး"
"ရှေးဟောင်းတာအိုအတတ် တစ်ခုခုပဲ ဖြစ်မှာပါဒါပေမဲ့ မင်းသားရဲ့ ကောင်းကင်ငြိုငြင်ခြင်းအတတ် နဲ့ ယှဉ်ရင်တော့ အဝေးကြီးပါပဲ"
နဝမမင်းသားက ပြုံးလိုက်ပြီး
"ငါက ကံကောင်းလို့ ဒီအတတ်ကို ရခဲ့တာပါ နတ်ဘုရားအကြွင်းအကျန်တွေဆီကနေ ရခဲ့တဲ့ ဒီ ယင်စစ်သည်အတတ် ဟာ ဝိညာဉ်ပူးကပ်ခြင်းအတတ်နဲ့ ဆင်တူသလိုလိုရှိပေမဲ့ အခြေခံချင်းတော့ ကွဲပြားတယ်၊ မဟုတ်ဘူးလား"
"မင်းသား ပြောတာ မှန်ပါတယ်"
စကားပြောလိုက်သူမှာ ချီကျန့် မဟုတ်ဘဲ သွေးရောင်စက္ကူရုပ် ဖြစ်နေသည်။ ၎င်းက ရက်စက်သော အပြုံးဖြင့်
"မင်းသား စောစောက ကျုပ် ခိုးကြည့်ခဲ့ပြီးပြီ အဲ့ဒီ အမည်းရောင် စက္ကူရုပ်ဆိုတာ သာမန် ဝိညာဉ်ပစ္စည်းတစ်ခုပဲ ယင်စစ်သည်နဲ့ လုံးဝ မတူဘူး တကယ်လို့ ကျုပ်သာ အဲ့ဒါကို ဝါးမျိုလိုက်ရင် ကျုပ်ရဲ့ ကျင့်ကြံမှု တက်လာမှာ သေချာတယ်"
"လုပ်ပေးမှာပေါ့"
နဝမမင်းသားက ခေါင်းငြိမ့်ပြလိုက်သည်။
ဖန့်ချန်က ထိုသွေးရောင်စက္ကူရုပ်ကို သေချာလေ့လာနေသည်။
၎င်းသည် သူ၏ စက္ကူရုပ်များနှင့် ဆင်တူသော်လည်း အခြေခံသဘောတရားမှာ ကွဲပြားနေပုံရသည်။
ယင်စစ်သည်အတတ် ဤနဝမမင်းသားသည်လည်း နတ်ဘုရားသားရဲသုံးပါးထဲမှ တစ်ပါးပါး၏ အသိအမှတ်ပြုခြင်းကို ခံထားရပြီး ကောင်းကင်ငြိုငြင်ခြင်းအတတ် ကို အသုံးပြုနိုင်သူလား
ထိုစဉ်မှာပင် ရွှီချင်ဆုန်းနှင့် အခြား တာအိုကျင့်ကြံသူ နှစ်ဦး ရောက်ရှိလာကြသည်။
သူတို့က သွေးရောင်စက္ကူရုပ်ကို ကြည့်ကာ အားကျစိတ်၊ လောဘစိတ်နှင့် ကြောက်ရွံ့စိတ်များ ရောပြွမ်းနေကြသည်။
"မင်းတို့ ရောက်လာကြပြီပဲ"
မင်းသားက ပြုံးကာ နှုတ်ဆက်သည်။
"နဝမမင်းသား... ကျုပ်တို့ကို ဘာခိုင်းဖို့ ခေါ်လိုက်တာလဲ"
ရွှီချင်ဆုန်းက မေးလိုက်သည်။
တာအိုဂိုဏ်းကြီးသုံးခုနှင့် နဝမမင်းသားအိမ်တော်ကြားရှိ ဆက်ဆံရေးမှာ ထူးခြားလှသည်။
ပေါင်းစပ်ခြင်း အဆင့်ရှိသော ရွှီချင်ဆုန်းတို့မှာပင် ရွှေမြုတေအဆင့်သာ ရှိသေးသော မင်းသားကို အလွန်တရာ ရိုသေနေကြခြင်းပင်။
"စောစောက ဖန့်ချန်က မင်းတို့ မဟာချဲ့ထွင်းဂိုဏ်းကို စိန်ခေါ်ပြီး လူအများကြီး သတ်သွားတယ် ငါ့ခမည်းတော်က စည်းမျဉ်းတွေကြောင့် ဝင်မကူညီနိုင်ပေမဲ့ ငါ့မှာတော့ မင်းတို့အတွက် ရန်ငြိုးကို ပြန်ဆပ်ပေးမယ့် နည်းလမ်းတစ်ခု ရှိတယ်"
သုံးယောက်စလုံးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး
"မင်းသား... လမ်းညွှန်ပေးပါဦး"
"တာအိုဂိုဏ်းရဲ့ လျှို့ဝှက်နည်းလမ်းတစ်ခုဖြစ်တဲ့ ဘေးဒုက္ခကို ဆုတောင်းပေးခြင် အကြောင်းကို မင်းတို့ ကြားဖူးလား"
သုံးယောက်စလုံးမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။ ဖန့်ချန်သည်လည်း စိတ်ဝင်တစား နားထောင်နေမိသည်။
"ဒီအတတ်က ပျောက်ကွယ်သွားတာ ကြာပြီ ငါက ရှေးဟောင်းကျမ်းစာ တစ်အုပ်ထဲကနေ ဒီနည်းလမ်းကို ပြန်ရှာတွေ့ခဲ့တာ"
နဝမမင်းသားက အသံတိုးတိုးဖြင့်
"မိမိရဲ့ အနှစ်သာရ သွေးတစ်စက်ကို လောင်ကျွမ်းလိုက်ရုံနဲ့ တစ်ဖက်လူရဲ့ ဘေးဒုက္ခသုံးပါးနှင့် ကပ် ဘေး ကိုးပါး ကို အချိန်မတိုင်ခင် ရောက်လာအောင် လုပ်လို့ရတယ် ဒါက သွေးမထွက်ဘဲ လူသတ်တဲ့ ကျိန်စာအတတ်တစ်ခုပဲ"
"ဒီလိုအတတ်မျိုး တကယ် ရှိတာလား"
သူတို့ သုံးယောက်စလုံး မှင်တက်သွားကြသည်။
သူတို့၏ ဂိုဏ်းများတွင် မရေမတွက်နိုင်သော ကျမ်းစာများ ရှိသော်လည်း ဘေးဒုက္ခကို အချိန်မတိုင်ခင် ရောက်လာအောင် လုပ်နိုင်သည့် အတတ်မျိုးကို မကြားဖူးပေ။
ထိုဘေးဒုက္ခများသည် ကောင်းကင်တာအို နှင့် ဆက်နွှယ်နေရာ၊ မည်သည့်အတတ်က ကောင်းကင်တာအိုကို နှောင့်ယှက်နိုင်မည်နည်း။
သူတို့၏ အသက်ရှူသံများမှာ ပြင်းထန်လာတော့သည်။
နဝမမင်းသားသည် တာအိုဂိုဏ်းအတွက် အလွန်အရေးကြီးသူဖြစ်ကြောင်း ဂိုဏ်းထဲမှ စီနီယာများက မှာကြားခဲ့ဖူးရာ ယခုကြည့်ရသည်မှာ ထိုစကားများမှာ အမှန်ပင် ဖြစ်ပုံရတော့သည်။