အခန်း (၅၉၇-၅၉၈)
Vol. 60 Ch. 597-598
အခန်း ၅၉၇ - သူက မဟာချဲ့ထွင်ဂိုဏ်းကပဲ
"ဖန့်ချန် သတိထားဦး တာအိုဂိုဏ်းတွေမှာ ထူးဆန်းတဲ့ နည်းစနစ်တွေ အများကြီးရှိတယ်လို့ ငါကြားဖူးတယ် သူတို့ရဲ့ ထောင်ချောက်ထဲ မကျစေနဲ့ဦး"
ဟု လီတောက်ယဲ့က စိုးရိမ်တကြီး သတိပေးလိုက်သည်။
ဖန့်ချန်က ပြုံးလျက်
"ကိစ္စမရှိပါဘူး မင်း ငါ့နောက် လိုက်ခဲ့မလား"
ဟု မေးရာ လီတောက်ယဲ့က ခေါင်းခါပြသည်။
"မလိုက်တော့ပါဘူး ငါ ချင်ဖုန်းကို စိုးရိမ်လို့ ဒီမှာပဲ စောင့်ကြည့်ပေးတော့မယ်"
လီတောက်ယဲ့က ဘေးနားတွင် တွေဝေငေးငိုင်နေသော ချင်ဖုန်းကို ကြည့်ကာ ဆိုလိုက်သည်။
ချင်ဖုန်းမှာတော့ သူတို့၏ စကားဝိုင်းကိုပင် သတိမထားမိဘဲ စိတ်လွင့်နေဆဲပင်။
ဖန့်ချန်သည် အစေခံလေး၏ နောက်သို့လိုက်ကာ အပြင်ဘက်သို့ ထွက်လာခဲ့သည်။
ကျိန်းယန်တာအိုဂိုဏ်းသည် ပြီးခဲ့သော ရက်ပိုင်းအတွင်း မည်သည့်လှုပ်ရှားမှုမျှ မပြခဲ့သလို ဟွာချန်းချီ ကိုလည်း ဝိညာဉ်ရင်းမြစ်ရပ်ကွက်၌ပင် စွန့်ပစ်ထားခဲ့သည်။
၎င်းမှာ ကျိန်းယန်ဂိုဏ်းအနေဖြင့် သူတို့၏ ဂုဏ်သိက္ခာ ထပ်မံညိုးနွမ်းမည်ကို စိုးရိမ်သဖြင့် သဘောထားကို အကြီးအကျယ် ပြောင်းလဲလိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားနေသည်။
ဧည့်ခန်းဆောင်သို့ ရောက်သောအခါ တံခါးရှေ့တွင် ကျောက်ရုပ်ကဲ့သို့ မလှုပ်မယှက် ရပ်နေသော ပိုင်လီရှောက် ကို တွေ့လိုက်ရသည်။
ဖန့်ချန် ချဉ်းကပ်လာသည်ကို မြင်သောအခါ ပိုင်လီရှောက်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။
ဖန့်ချန်က နှုတ်ဆက်လိုက်သည်။
"အော် အစောင့်အရှောက် ပိုင်လီ ပါလား"
ကျိန်းယန်တာအိုဂိုဏ်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးကို စေလွှတ်လိုက်ခြင်းမှာ သူတို့အနေဖြင့် တိုက်ခိုက်ရန်ထက် ညှိနှိုင်းရန် ဆန္ဒရှိကြောင်း ပြသနေခြင်းပင်။
"မိတ်ဆွေဖန့် မင်းက တာအိုဆရာ ဟုန်းချင်း ရဲ့ တပည့်လို့ ငါကြားထားတယ် ပြီးတော့ မကြာသေးခင်က တာအိုတစ်ထောင်ဂိုဏ်း က မင်းရဲ့အကူအညီနဲ့ တာအိုဝိညာဉ်ဂိုဏ်း ကို ဝါးမြိုလိုက်တယ်ဆိုတာလည်း ငါတို့ အကုန်သိထားတယ်"
ဟု ပိုင်လီရှောက်က ဆိုသည်။
"ကျိန်းယန်တာအိုဂိုဏ်းက ဒီနယ်မြေမှာ ထိပ်တန်းဂိုဏ်းဆိုတော့ တစ်လကျော်က ကိစ္စတွေကိုတောင် အခုလို အသေးစိတ် သိနေတာ တကယ့်ကို ချီးကျူးစရာပါပဲ"
ဟု ဖန့်ချန်က ရွဲ့သလိုလိုဖြင့် ပြန်ပြောလိုက်သည်။
ပိုင်လီရှောက်၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။
သူက ဖန့်ချန်ကို အစပိုင်းတွင် ဖိအားပေးရန် ကြိုးစားသော်လည်း၊ ဖန့်ချန်က ကျိန်းယန်ဂိုဏ်း၏ သတင်းအဆက်အသွယ် နှေးကွေးမှုကို ပြန်လည် လှောင်ပြောင်လိုက်ခြင်း ဖြစ်သဖြင့် စိတ်ထဲတွင် အောင့်သက်သက် ဖြစ်သွားရသည်။
"မင်းက တာအိုသုံးထောင်ဂိုဏ်း အကြောင်းကို မကြာခဏ ပြောတာ မဆန်းပါဘူး တာအိုဆရာ ဟုန်းချင်းက သူဟာ တာအိုသုံးထောင်ဂိုဏ်းရဲ့ စစ်မှန်တဲ့ အဆုံးအမတွေကို ရရှိထားတယ်လို့ အမြဲကြေညာခဲ့တာလေ"
"အဲဒီအတွက်ကြောင့်ပဲ သူ ပျောက်ဆုံးသွားပြီး အခုထိ ဘယ်ရောက်နေမှန်း မသိတာပေါ့ သူက တာအိုသုံးထောင်ဂိုဏ်းက အသက်ရှင်နေသေးတဲ့ အကြီးအကဲတစ်ယောက်နဲ့ တွေ့ခဲ့တယ်လို့တောင် ကြွားဖူးသေးတယ် ဒါက တကယ့်ကို ရယ်စရာမကောင်းဘူးလား"
ပိုင်လီရှောက်က ခပ်လှောင်လှောင် ပြုံးလျက် ဆိုသည်။
"နောက်ခါ စကားပြောရင် သတိထားဖို့ ငါ အကြံပေးချင်တယ် ကျိန်းယန်ဂိုဏ်းက သိပ်ဂရုမစိုက်ပေမဲ့ တချို့တာအိုဂိုဏ်းတွေက ဒီကိစ္စတွေကို အလွန် ထိလွယ်ရှလွယ် ဖြစ်တတ်ကြတယ်"
"တာအိုသုံးထောင်ဂိုဏ်း အကြောင်းကို မဆင်မခြင် ပြောနေတာက မင်းတို့ တာအိုတစ်ထောင်ဂိုဏ်း အတွက် ဘေးခေါ်ပေးသလို ဖြစ်လိမ့်မယ်"
ဖန့်ချန်၏ မျက်နှာထား မပြောင်းလဲသော်လည်း စိတ်ထဲတွင်တော့ လှုပ် သွားသည်။
ထိုစကားအရ တာအိုဆရာ ဟုန်းချင်းသည် စီနီယာ ယွမ်ဟယ် နှင့် တကယ် တွေ့ခဲ့ဖူးကြောင်း အသေအချာ သက်သေပြနေခြင်းပင်။
ပိုင်လီရှောက်က ဖန့်ချန်၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်နေသော်လည်း ဖန့်ချန်က ပြုံးလျက်ပင် စကားလမ်းကြောင်း လွှဲလိုက်သည်။
"အစောင့်အရှောက် ပိုင်လီ ဒီနေ့ ဘာကိစ္စနဲ့ လာတာလဲ"
"ဟွာချန်းချီ ပေးထားတဲ့ ကတိကို တည်ဖို့ လာတာပါ"
ပိုင်လီရှောက်က အလယ်အလတ် ဝိညာဉ်ကျောက်တုံး ၂၀၀ ကို ထုတ်ပေးလိုက်သည်။
"ဒါကို လက်ခံပြီး ဒီပြဿနာကို ဒီမှာတင် အဆုံးသတ်ဖို့ ငါ မျှော်လင့်တယ်"
ဖန့်ချန်က ခေါင်းညိတ်လျက် ကျောက်တုံးများကို လက်ခံကာ လက်စွပ်အတွင်းသို့ ထည့်လိုက်သည်။
အခုဆိုရင် သူ့မှာ အလယ်အလတ် ဝိညာဉ်ကျောက်တုံး ၃၀၀ ပြည့်သွားပြီ ဖြစ်သည်။
"ပြီးတော့ အကြီးအကဲဖန့်က မိတ်ဆွေကို ကျိန်းယန်တာအိုဂိုဏ်းဆီ ဧည့်သည်အဖြစ် လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ် သူက မိတ်ဆွေနဲ့ရော တာအိုဆရာ ဟုန်းချင်း အကြောင်းကိုပါ ဆွေးနွေးချင်လို့ပါ"
ဖန့်ချန်က
"ကောင်းပါပြီ ဒီမှာ ကိစ္စတွေ ရှင်းသွားရင် ကျိန်းယန်တာအိုဂိုဏ်းဆီ တစ်ခေါက် လာခဲ့ပါ့မယ်"
ဟု ပြန်ဖြေလိုက်သည်
ပိုင်လီရှောက် ထွက်သွားပြီးနောက် ဝိညာဉ်ရင်းမြစ်ရပ်ကွက်၌ ရွှေကြိုးများဖြင့် ချည်နှောင်ခံထားရသော ဟွာချန်းချီကို ပြန်လွှတ်ပေးလိုက်သည်။
ဟွာချန်းချီသည် ရှက်ဒေါသများဖြင့် ပိုင်လီရှောက်၏ နောက်သို့ လိုက်ပါသွားတော့သည်။
ဖန့်ချန်၏ ဝိညာဉ်သည် သူတို့နောက်သို့ တိတ်တဆိတ် လိုက်ပါသွားရာ မြူခိုးများ ဖုံးလွှမ်းနေသော ကျိန်းယန်တာအိုဂိုဏ်း တည်ရှိရာ တောင်တန်းကြီးသို့ ရောက်ရှိသွားသည်။
ထိုမြူခိုးများသည် ရေငွေ့များ မဟုတ်ဘဲ ထူထပ်လှသော ဝိညာဉ်စွမ်းအင်များကြောင့် ဖြစ်ပေါ်နေခြင်းပင်။
တာအိုနန်းတော်အတွင်း၌ အကြီးအကဲဖန့် သည် ဟွာချန်းချီတို့ကို ကျောပေးကာ နံ့သာတိုင်များ ထွန်းညှိနေသည်။
ပိုင်လီရှောက်က ဟွာချန်းချီကို ခေါ်ဆောင်လာကြောင်း သတင်းပို့သောအခါမှ အကြီးအကဲဖန့်က လှည့်ကြည့်လာသည်။
ဖန့်ချန်သည် နန်းတော်အတွင်းရှိ ရုပ်တုကို ကြည့်လိုက်ရာ ၎င်းမှာ ကျိန်းယန်ဂိုဏ်း၏ ဘိုးဘေးဖြစ်သော လူသားတစ်ဦး၏ ရုပ်တုသာ ဖြစ်သည်။
ထိုတာအိုဂိုဏ်းများသည် မြင့်မြတ်သောသားရဲသုံးပါး နှင့် ပတ်သက်လျှင် မည်သည့်အခါမျှ အမွှေးနံ့သာ ပူဇော်လေ့မရှိကြပေ။
"ဟွာချန်းချီ မင်းရဲ့ အမှားကို မင်း သိပြီလား"
အကြီးအကဲဖန့်က မေးလိုက်သည်။
"သိပါပြီ "
ဝါချန်းချီက ခေါင်းငုံ့ကာ တိုးညှင်းစွာ ဖြေသည်။
"ကောင်းပြီ ဒါဆိုရင် ကျင့်ကြံခြင်းကို ဆက်လုပ်တော့"
အကြီးအကဲဖန့်က သူ့ကို မျှော်လင့်မထားလောက်အောင် လွယ်လွယ်ကူကူပင် ပြန်လွှတ်လိုက်သဖြင့် ဟွာချန်းချီမှာ အံ့သြသွားသော်လည်း ရိုသေစွာ ဦးညွှတ်ကာ ထွက်ခွာသွားသည်။
ဟွာချန်းချီ ထွက်သွားပြီးနောက် အကြီးအကဲဖန့်က ပိုင်လီရှောက်ကို မေးလိုက်သည်။
"ဘယ်လိုလဲ အဲဒီဖန့်ချန်က တာအိုဆရာ ဟုန်းချင်းရဲ့ တပည့် ဟုတ်တယ်လို့ မင်း ထင်လား"
"မဟုတ်လောက်ဘူး ဟုန်းချင်း အကြောင်း ပြောတဲ့အခါ သူ့မျက်နှာက ဘာမှ မပြောင်းလဲသွားဘူး ဟုန်းချင်း ပျောက်ဆုံးသွားတဲ့အကြောင်း ပြောတာတောင် သူက ဘာမှ မခံစားရသလိုပဲ"
ဟု ပိုင်လီရှောက်က ခေါင်းခါယမ်းလျက် ဆိုသည်။
"ဟဲဟဲ ငါ ထင်တာ မှန်တာပေါ့ သူက မဟာချဲ့ထွင်းဂိုဏ်း ကပဲ ဖြစ်ရမယ်"
အကြီးအကဲဖန့်က အသေအချာ ဆိုလိုက်သည်။
"မင်းတို့ သူ့ကို အနိုင်မရတာ မဆန်းပါဘူး အဲဒီ မဟာချဲ့ထွင်းဂိုဏ်း ဆိုတာ အခု နတ်ဘုရားနန်းတော် ရဲ့ လက်အောက်မှာ ရှိပြီး မသေမျိုးဘုရင် တစ်ဦးက တိုက်ရိုက်အုပ်ချုပ်နေတာလေ"
'မဟာချဲ့ထွင်းဂိုဏ်း'
ဟုတ်လား ဖန့်ချန်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။
ထိုဂိုဏ်း၏ အမည်က ဤနေရာအထိ ပျံ့နှံ့နေသည်မှာ စိတ်ဝင်စားစရာပင်။
"အကြီးအကဲ သူက တကယ်ပဲ မဟာချဲ့ထွင်းဂိုဏ်းက လူလို့ ထင်နေတာလား"
ပိုင်လီရှောက်က သံသယဖြင့် မေးသည်။
အကြီးအကဲဖန့်က ခေါင်းညိတ်လျက်
"မဟာချဲ့ထွင်းဂိုဏ်းက တာအိုဆရာ ဟုန်းချင်းကို နှိမ်နင်းခဲ့တာ သူတို့က ဟုန်းချင်းဆီက ဘာသတင်းမှ မရခဲ့ပုံရတယ် အဲဒါကြောင့် ဟုန်းချင်းရဲ့ တပည့်အဖြစ် ဟန်ဆောင်ခိုင်းပြီး တာအိုတစ်ထောင်ဂိုဏ်းဆီကနေ တာအိုသုံးထောင်ဂိုဏ်း နဲ့ ပတ်သက်တဲ့ သတင်းတွေကို ရှာခိုင်းနေတာ ဖြစ်ရမယ်"
အခန်း ၅၉၈ - မျိုးနွယ်စု အစည်းဝေး
အကြီးအကဲဖန့်၏ စကားကြောင့် ပိုင်လီရှောက်သာမက ဖန့်ချန်ပါ အံ့သြသွားရသည်။
မဟာချဲ့ထွင်းဂိုဏ်း ဟုတ်လား ပျောက်ဆုံးနေတဲ့ တာအိုဆရာ ဟုန်းချင်းက တကယ်ပဲ အဲဒီဂိုဏ်းရဲ့ လုပ်ကြံခြင်းကို ခံထားရတာလား
ဖန့်ချန်၏ မျက်နှာထားမှာ ထူးဆန်းသွားသည်။
မဟာချဲ့ထွင်းဂိုဏ်း နှင့် နှိုင်းယှဉ်လျှင် တာအိုတစ်ထောင်ဂိုဏ်းမှာ ဆင်ကြီးနှင့် ပုရွက်ဆိတ်ကဲ့သို့ ကွာခြားလှသည်။
ဆင်ကြီးတစ်ကောင်သည် သူ့လမ်းကို ပိတ်မထားသရွေ့ ပုရွက်ဆိတ်ကို တကူးတက လိုက်နင်းရန် စိတ်မဝင်စားပေ။
ဖန့်ချန်သည် ရရှိထားသော သဲလွန်စများအရ ထိုကိစ္စမှာ တာအိုသုံးထောင်ဂိုဏ်း နှင့် ပတ်သက်နေမည်ဟု ကောက်ချက်ချလိုက်သည်။
မဟာချဲ့ထွင်းဂိုဏ်း သည် ဟုန်းချင်း သို့မဟုတ် တာအိုတစ်ထောင်ဂိုဏ်းတွင် သူတို့အလိုရှိသော တစ်ခုခုရှိနေသည်ဟု ယုံကြည်နေခြင်း ဖြစ်ရမည်။
'ဒါက တာအိုသုံးထောင်နယ်မြေ နဲ့ ပတ်သက်နေတာလား'
ဖန့်ချန် စဉ်းစားနေမိသည်။
"အကြီးအကဲဖန့် တာအိုဆရာ ဟုန်းချင်းက တကယ်ပဲ အဲဒီဂိုဏ်းရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာလား သူ မပျောက်ဆုံးခင်က အကြီးအကဲနဲ့ တွေ့ခဲ့သေးတယ် မဟုတ်လား၊ အကြီးအကဲတို့က တော်တော်ရင်းနှီးကြတာလေ"
ဟု ပိုင်လီရှောက်က ထူးဆန်းသော မျက်နှာထားဖြင့် မေးလိုက်သည်။
အကြီးအကဲဖန့်က သက်ပြင်းသဲ့သဲ့ချကာ
"ဟုတ်တယ် ငါနဲ့ ဟုန်းချင်းရဲ့ ဆက်ဆံရေးက တကယ်ကောင်းပါတယ် အဲဒါကြောင့်လည်း သူက တာအိုသုံးထောင်ဂိုဏ်းက အသက်ရှင်ကျန်ရစ်တဲ့ အကြီးအကဲတစ်ယောက်နဲ့ တွေ့ခဲ့တဲ့အကြောင်း ငါ့ကို ပြောပြခဲ့တာပေါ့"
"တာအိုဂိုဏ်းသားတစ်ယောက်အနေနဲ့ အဲဒီလို ပုဂ္ဂိုလ်မျိုးနဲ့ တွေ့ခွင့်ရတာက ကြီးမားတဲ့ မသေမျိုးကံထူးမှု ပဲ"
"ဘာ"
ပိုင်လီရှောက်၏ မျက်နှာတွင် ထိတ်လန့်သွားသော အရိပ်အယောင်များ ပေါ်လာသည်။
"အကြီးအကဲ... အဲဒီစကားတွေက... အယောင်ယောင်အမှားမှား ပြောတာမျိုး မဟုတ်ဘူးလား"
"အင်း လုံးဝအမှန်လည်း မဟုတ်သလို လုံးဝအမှားလည်း မဟုတ်ဘူး ကောလာဟလတွေအရ တာအိုသုံးထောင်ဂိုဏ်းက အကြီးအကဲတစ်ယောက်ဟာ လွတ်လပ်သောမသေမျိုး ဖြစ်သွားပြီးနောက် ဘိုးဘေး အဆင့်ကို တက်လှမ်းဖို့ ကြိုးစားရာမှာ ကျရှုံးခဲ့တယ်လို့ ဆိုတယ်"
"ဒါပေမဲ့ သူ့ရဲ့ ကျန်ရှိနေတဲ့ ဝိညာဉ်ကတော့ မပျောက်ကွယ်ဘဲ လောကအနှံ့ လှည့်လည်နေတုန်းပဲတစ်ခါတလေ သတိဝင်လိုက် တစ်ခါတလေ စိတ်ရှုပ်ထွေးလိုက်နဲ့ပေါ့"
"တာအိုဂိုဏ်းနဲ့ ကံစပ်တဲ့သူတစ်ယောက်ယောက်နဲ့ တွေ့ရင် သူက နည်းစနစ်အချို့ကို လက်ဆင့်ကမ်းပေးတတ်တယ်"
"ဒါပေမဲ့ အဲဒီနည်းစနစ်တွေထဲက တချို့က ဒီခေတ်မှာ ခေတ်မမှီတော့ဘူး"
အကြီးအကဲဖန့်က ခပ်ဖျော့ဖျော့ ပြုံးလျက် ဆိုသည်။
"ဟုန်းချင်းက အဲဒီအကြီးအကဲနဲ့ တွေ့ခဲ့ရတာ ကံကောင်းခဲ့တယ် သူက နတ်ဘုရားအတတ်ပညာတစ်ခုကို သင်ယူခဲ့ရတယ်လို့တောင် ကြွားဖူးတယ်"
"အဲဒါကို တတ်မြောက်ရင် အလယ်ပိုင်းသုံးဆင့် ကို တက်လှမ်းနိုင်မယ်တဲ့ အဲဒီအတွက်ကြောင့်လည်း သူက တာအိုတစ်ထောင်ဂိုဏ်းကို အရင်လို ပြန်လည် ထည်ဝါအောင် လုပ်ဖို့နဲ့ သူတို့မျိုးရိုးကသာ စစ်မှန်တဲ့ တာအိုအဆုံးအမ ဖြစ်တယ်ဆိုတာ သက်သေပြဖို့ စိတ်အားထက်သန်နေတာပေါ့"
"တာအိုသုံးထောင်ဂိုဏ်းဆိုတာ တကယ်ပဲ ရှိခဲ့တာလား"
ပိုင်လီရှောက်က ငေးငိုင်စွာ မေးလိုက်သည်။
"ငါတို့က နှစ်အနည်းငယ်ပဲ အသက်ရှင်ရသေးတာ ရှေးဟောင်းဖြစ်ရပ်တွေကို ဘယ်လိုလုပ် အသေအချာ သိနိုင်မှာလဲ"
အကြီးအကဲဖန့်က ပြုံးပြသည်။
"ဒါပေမဲ့ အခုခေတ်မှာ တာအိုသုံးထောင်ဂိုဏ်း အကြောင်းကို ထုတ်ပြောတဲ့သူမှန်သမျှဟာ တာအိုဂိုဏ်းအားလုံးရဲ့ ဆန့်ကျင်ဘက် ရပ်တည်သူလို့ သတ်မှတ်ခံရလိမ့်မယ်"
"ဘာလို့လဲဆိုတော့ ငါတို့ဂိုဏ်းအားလုံးရဲ့ မြစ်ဖျားခံရာက အဲဒီဂိုဏ်းက လာတာလို့ ကောလာဟလတွေ ရှိနေလို့ပဲ"
"တကယ်လို့ တစ်ယောက်ယောက်က တာအိုသုံးထောင်ဂိုဏ်းကသာ စစ်မှန်တဲ့ဂိုဏ်းလို့ ပြောလာရင် ငါတို့က ဘာဖြစ်သွားမလဲ သစ္စာဖောက်တွေလား အဲဒီကိစ္စမှာ ဟုန်းချင်းက တော်တော်လေး မိုက်မဲခဲ့တာ"
"မဟာချဲ့ထွင်းဂိုဏ်း က သူ့ကို မနှိမ်နင်းခဲ့ရင်တောင် သူက တာအိုတစ်ထောင်ဂိုဏ်းအတွက် ဘေးဒုက္ခတွေ ယူဆောင်လာဦးမှာပဲ"
"ဒါဆို အကြီးအကဲ မဟာချဲ့ထွင်းဂိုဏ်းက ဟုန်းချင်းကို နှိမ်နင်းလိုက်တာက အဲဒီအကြီးအကဲဆီက ရတဲ့ အမွေအနှစ်ကြောင့်လား ဒါပေမဲ့ သူတို့က ဘယ်လိုလုပ် သိသွားတာလဲ"
ပိုင်လီရှောက်က နားမလည်နိုင်စွာ မေးသည်။
အကြီးအကဲဖန့်၏ မျက်နှာတွင် နက်နဲသော အပြုံးတစ်ခု ပေါ်လာပြီး ပိုင်လီရှောက်ကို စိုက်ကြည့်လိုက်သည်။
"တချို့အရာတွေက လျှို့ဝှက်ချက်အဖြစ် ထားတာက ပိုကောင်းတယ် ဟုန်းချင်းက ဒါကို ငါ့ကို ပြောပြခဲ့တာက သူ့ရဲ့ မိုက်မဲမှုပဲ"
ပိုင်လီရှောက် တိတ်ဆိတ်သွားသည်။
"အခုတော့ အဲဒီလူ က မဟာချဲ့ထွင်းဂိုဏ်းက ဖြစ်နေတာဆိုတော့ ကျိန်းယန်တာအိုဂိုဏ်းအနေနဲ့ ဒီကိစ္စမှာ ဝင်မပါတာ အကောင်းဆုံးပဲ တကယ်လို့ ထိပ်တိုက်တွေ့လာရင်တောင် ငါတို့က မဟာချဲ့ထွင်းဂိုဏ်း ကိုပဲ အားကိုးရမှာ"
"တကယ်လို့ မဟာချဲ့ထွင်းဂိုဏ်း ဟာ ဟင်လင်းပြင်ထာဝရဓားဂိုဏ်း နဲ့ ပြဿနာမဖြစ်ထားဘူးဆိုရင် သူတို့ရဲ့ တပည့်တွေ ဓားကျင့်ကြံသူတွေရဲ့ စစ်မေးတာကို မခံနေရဘူးဆိုရင် သူတို့ရဲ့ မသေမျိုးဘုရင် ရဲ့ ထည်ဝါမှုကို ပြသဖို့ နတ်ဘုရားနန်းတော် အစည်းအဝေးကိုတောင် သူတို့ ကျင်းပနေလောက်ပြီ"
ဟု အကြီးအကဲဖန့်က လက်ယမ်းပြရင်း ပိုင်လီရှောက်ကို ပြန်ခိုင်းလိုက်သည်။
ပိုင်လီရှောက်သည် အကြီးအကဲဖန့်တို့ အဘယ်ကြောင့် ဟွာချန်းချီကို ရွေးယူရန် အလယ်အလတ် ဝိညာဉ်ကျောက်တုံး ၂၀၀ သုံးခဲ့ရသနည်းဆိုသည်ကို အခုမှ နားလည်သွားသည်။
၎င်းမှာ ဟွာချန်းချီကို ကယ်တင်ရုံသာမက မဟာချဲ့ထွင်းဂ်ုဏ်း ဘက်ကို သူတို့ရဲ့ ရပ်တည်ချက်ကို ပြသလိုက်ခြင်းနှင့် နားလည်မှုလွဲမှားမှုများကို ဖြေရှင်းလိုက်ခြင်းပင် ဖြစ်သည်။
ဖန့်ချန်သည် စဉ်းစားနေမိသည်။
'မဟာချဲ့ထွင်းဂိုဏ်း... ဘိုးဘေးဟုန်းချင်း... စီနီယာယွမ်ဟယ်...'
ထိုကိစ္စမှာ စီနီယာ ယွမ်ဟယ်နှင့် ပတ်သက်နေသည်။
အကယ်၍ ဘိုးဘေးဟုန်းချင်းသည် စီနီယာယွမ်ဟယ်၏ ဆုံးမမှုကို ရရှိခဲ့သည်ဆိုပါက သူ့ကို ဖန့်ချန်၏ စီနီယာအစ်ကိုဟု သတ်မှတ်နိုင်သည်။
ပုဂ္ဂိုလ်ရေးအရရော၊ အခြေအနေအရပါ ဖန့်ချန်သည် ထိုကိစ္စကို လျစ်လျူရှုထား၍ မရတော့ပေ။
ဖန့်ချန်သည် အကြီးအကဲဖန့်ကို တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် သူ၏ ဝိညာဉ်ကို ပြန်လည်ရုပ်သိမ်းကာ ထွက်ခွာလာခဲ့သည်။
မသေမျိုးချင်မျိုးနွယ်စု၏ နေအိမ်သို့ ပြန်ရောက်သောအခါ လီတောက်ယဲ့က သိချင်စိတ်ဖြင့် ချက်ချင်း မေးလာသည်။
"ကျိန်းယန်တာအိုဂိုဏ်းက လူတွေ ဘာပြောလဲ"
"ဘာမှ အများကြီး မပြောပါဘူး ပြဿနာကို အဆုံးသတ်ဖို့ အလယ်အလတ် ဝိညာဉ်ကျောက်တုံး ၂၀၀ ပေးပြီး ဟွာာချန်းချီကို ခေါ်သွားတယ်"
ဟု ဖန့်ချန်က ပြုံးလျက် ဖြေလိုက်သည်။
လီတောက်ယဲ့ အံ့သြသွားသည်။
"သူတို့က အလျှော့ပေးလိုက်တာလား ဒါက မျှော်လင့်မထားဘူးပဲ..."
"သူတို့က ကျိုးကြောင်းဆီလျော်လို့ ဖြစ်မှာပေါ့ ဟွာချန်းချီက အမှားလုပ်ခဲ့တာကို သူတို့ ဝန်ခံလိုက်တာလေ"
လီတောက်ယဲ့က စဉ်းစားဟန်ဖြင့် ခေါင်းညိတ်ပြီး အသံကို နှိမ့်ကာ မေးသည်။
"ဒါနဲ့... ဟိုကိစ္စကော မနက်ဖြန်ဆိုရင် အချိန်ရောက်ပြီနော်"
"အဆင်ပြေမှာပါ"
လီတောက်ယဲ့ သက်ပြင်းချလိုက်သည်။
"ဒါဆိုရင်တော့ ကောင်းတာပေါ့"
သူသည် ထိုနေရာတွင် ကြာကြာနေချင်သေးသည်။
ချူလန်က သူ့ကို အလွန် ကောင်းကောင်းမွန်မွန် ဆက်ဆံထားသလို၊ ထပ်မံ၍ မတည်ငြိမ်သော အခြေအနေများနှင့် မရင်ဆိုင်ချင်တော့ပေ။
နောက်တစ်နေ့ နံနက်စောစောတွင် ချူလန်က ဖန့်ချန်ကို လာရောက်ဖိတ်ခေါ်သည်။
ချင်ဖုန်းနှင့် ချင်ရွှမ်းတို့လည်း ထိုနေရာတွင် ရှိနေကြသည်။
"အမေ ဒီနေ့က မိသားစုကောင်စီ အစည်းအဝေးလေ ပြင်ပလူတစ်ယောက် ပါဝင်နေတာက မသင့်တော်ဘူး ထင်တယ်"
ဟု ချင်ရွှမ်းက တိုးညှင်းစွာ ဆိုလိုက်သည်။
"ရွှမ်းအာ တကယ်လို့ နင့်အစ်ကို ဒီကိစ္စကနေ ဘေးကင်းကင်းနဲ့ ကျော်လွှားနိုင်မယ်ဆိုရင် တာအိုဆရာဖန့်က အကြီးမားဆုံး ကူညီသူ ဖြစ်လိမ့်မယ်"
ဟု ချူလန်က ဆိုသည်။
ချင်ရွှမ်းမှာ တွေဝေသွားရသည်။
ဤကယ်တင်ရှင်ဆိုသူမှာ ဒီရက်ပိုင်းအတွင်း ဘာတွေလုပ်နေသနည်းဟု သူမ စဉ်းစားမရပေ။
လမ်းလျှောက်နေခြင်းလား ကျိန်းယန်ဂိုဏ်းနှင့် ရန်ငြိုးဖွဲ့နေခြင်းလား ဒါတွေအပြင် သူ ဘာလုပ်ခဲ့သလဲ
ချူလန်က ဖန့်ချန်ကို ကြည့်ကာ
"သွားကြရအောင် တာအိုဆရာဖန့်"
ဟု ဆိုလိုက်သည်။
မျိုးနွယ်စု၏ ဘိုးဘေးခန်းမ ကို ကောင်စီအစည်းအဝေး ကျင်းပရန် နေရာအဖြစ် ရွေးချယ်ထားသည်။
သူတို့ လျှောက်လှမ်းလာစဉ် မျိုးနွယ်စု၏ အခြားအုပ်စုများမှ အာဏာရှိသူများစွာက ချူလန်တို့ကို စိုက်ကြည့်နေကြသည်။
သူတို့၏ အကြည့်များတွင် ချူလန်အပေါ် လှောင်ပြောင်လိုစိတ်များ ပြည့်နှက်နေပြီး ချင်မျိုးနွယ်စုနှင့် လန်ယာမျိုးနွယ်စုကြား ဖြစ်တော့မည့် စစ်ပွဲအတွက် စိုးရိမ်ပူပန်မှု အရိပ်အယောင်မျှ မတွေ့ရပေ။
"သခင်မကြီး ဒီနေ့က ချင်မျိုးနွယ်စုရဲ့ ကောင်စီအစည်းအဝေးပါ ဒီလူကတော့ အတွင်းထဲကို ဝင်ဖို့ အရည်အချင်း မပြည့်မီဘူး ထင်တယ်"
ဟု ဘိုးဘေးခန်းမ တံခါးဝရှိ ကျင့်ကြံသူတစ်ဦးက ဖန့်ချန်ကို ပိတ်ဆီးကာ ပြောလိုက်သည်။
ထိုစဉ် တစ်စုံတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
"ဒီလူက သခင်မကြီးရဲ့ အထူးဧည့်သည်ပဲ မင်းက ဘာလို့ သူ့ကို တားနေတာလဲ"
အားလုံး မော့ကြည့်လိုက်ရာ ချင်နယဲ့ ကို ဝူဝမ် နှင့်အတူ တွေ့လိုက်ရသည်။
လူအုပ်ကြီးသည် ချက်ချင်းပင် ချင်နယဲ့ကို ရိုသေစွာ နှုတ်ဆက်ကြသည်။
ချူလန်နှင့် ဝူဝမ်အပေါ် ထားရှိသော သူတို့၏ သဘောထားမှာ အကြီးအကျယ် ကွာခြားလှသည်။
"သခင်မကြီးရဲ့ အထူးဧည့်သည်ဆိုရင်တော့ ဝင်ပါ"
ဟု တံခါးစောင့်က လမ်းဖယ်ပေးလိုက်သည်။
ဘိုးဘေးခန်းမ အတွင်း၌ မျိုးနွယ်စုခွဲ အသီးသီးမှ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ ၇၀၊ ၈၀ ခန့် ရောက်ရှိနေကြပြီ ဖြစ်သည်။
၎င်းတို့အပြင် ရွှေအမြုတေအဆင့်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများစွာလည်း ရှိနေသည်။
ခန်းမအလယ်တွင် အကြီးအကဲများ ထိုင်ရန် ကုလားထိုင်အလုံးပေါင်းများစွာ ပြင်ဆင်ထားသော်လည်း ထိုသူများမှာ ရောက်မလာသေးပေ။
ချင်မျိုးနွယ်စု၏ ခေါင်းဆောင်သည် ရှေ့ဆုံးတွင် ရပ်နေသည်။
သူသည် ဖန့်ချန် ရောက်လာသည်ကို မြင်သောအခါ မျက်နှာတွင် မကျေနပ်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
လူအုပ်ကြီးသည် ဖန့်ချန်ကို တစ်ချက်မျှသာ ကြည့်ပြီးနောက် သူတို့၏ အာရုံကို ချင်ဖုန်း ဆီသို့ လှည့်လိုက်ကြသည်။
ဒီနေ့တွင် ချင်ဖုန်းသည် အဓိက ဇာတ်ကောင်ဖြစ်နေသည်။
အကြောင်းမှာ ပြဿနာအားလုံးသည် သူ့ထံမှ စတင်ခဲ့သောကြောင့် ဖြစ်ပေသည်။