← Chapters

အခန်း (၇၇၇-၇၇၈)

Vol. 78 Ch. 777-778

အခန်း (၇၇၇-၇၇၈)

Vol. 78 Ch. 777-778

အခန်း (၇၇၇) ရွှေခြင်္သေ့နတ်မင်း

ထို မြောင်မျိုးရိုးဖြင့် ဝိညဥ်သန္ဓေသား ကျင့်ကြံသူသည် လူငယ်၏ စကားနောက်သို့ လိုက်မပြောဘဲ ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် လူငယ်ဘက်သို့ လှည့်ကာ ပြုံး၍ ဆိုသည်

"မိတ်ဆွေဝူ ကျုပ်တို့အားလုံး ဒီတစ်ခေါက် ပီထုနတ်ဘုရားနယ်မြေကို အတူတူသွားကြမှာဆိုတော့ ဒါဟာ ရေစက်တစ်ခုပဲလေ အသေးအဖွဲ ပြသနာလေးနဲ့တော့ အချင်းချင်း ရန်မဖြစ်ကြပါနဲ့ဦး"

လူငယ်သည် မျက်မှောင် အနည်းငယ် ကြုတ်သွားသော်လည်း ထို့နောက် ပြန်လည်ပြုံးပြကာ

"မိတ်ဆွေမြောင် ပြောတာလည်း ဟုတ်တာပဲ ကျုပ်ကပဲ စိတ်ကျဉ်းမြောင်းသွားတာပါ ကိုယ့်ကိုယ်ကိုယ် ပြစ်ဒဏ်အနေနဲ့ လက်ဖက်ရည် တစ်ခွက် သောက်လိုက်ပါ့မယ် ဟဲဟဲ"

သူသည် စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို မြှောက်ကာ တစ်ငုံတည်းဖြင့် ကုန်အောင် သောက်လိုက်သည်။

မြောင်မျိုးရိုး ဝိညဥ်သန္ဓေသား က ရယ်မောလိုက်ပြီး ဖန့်ချန်ကို ကြည့်ကာ

"မိတ်ဆွေ ဝမ်မန်နေဂျာ ရောက်လာဖို့ ခဏလိုသေးတယ် ဒီကိုလာထိုင်ပြီး ယူလန်ကျွန်းရဲ့ လက်ဖက်ရည်ကို အတူတူ မြည်းစမ်းကြည့်ပါဦးမလား"

"ဒါဆိုရင်တော့ ကျုပ်လည်း အားမနာတော့ဘူးနော်"

ဖန့်ချန်က အသာအယာ ခေါင်းငြိမ့်ပြကာ မြောင်မျိုးရိုး ဝိညဥ်သန္ဓေသား ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

လူငယ်က ထိုမြင်ကွင်းကို ကြည့်ကာ ဖန့်ချန်ကို တစ်ချက်ဝေ့ကြည့်ပြီး ပြုံးလိုက်သည်

"ကောင်လေး... မင်းက တော်တော် ဇွဲရှိတာပဲ ဒါပေမဲ့ မိတ်ဆွေမြောင် ခုနက ပြောတာလည်း မှန်ပါတယ် မင်းက ဒီတစ်ခေါက် ငါ့ကို မျက်နှာမပေးပေမဲ့ ဒီလို အသေးအဖွဲ ကိစ္စလေးနဲ့တော့ ငါက မင်းအပေါ် ရန်ငြိုးမထားသင့်ပါဘူး"

"မိတ်ဆွေ သိပ်ပြီး စိတ်ထဲမထားပါနဲ့ မိတ်ဆွေဝူက ကျန့်မော့ကျွန်းရဲ့ သခင်လေး ဖြစ်တဲ့အတွက် အနည်းငယ်တော့ ဒေါသကြီးတတ်တာပေါ့ ဒါပေမဲ့ ကံကောင်းတာက မိတ်ဆွေဝူက အကျိုးအကြောင်း သိတတ်တဲ့သူပါ"

မြောင်မျိုးရိုး ဝိညဥ်သန္ဓေသား က ရယ်မောလျက်

"ကျုပ်ကတော့ ပေတုနိုင်ငံ ခိုင်ယန်ပြည်နယ် ရွှေခြင်္သေ့နတ်မင်း ရဲ့ လက်အောက်ခံ တပည့် မြောင်ယန် ပါ မိတ်ဆွေရဲ့ အမည်ကိုလည်း သိပါရစေဦး"

"ခိုင်ယန်ပြည်နယ် ရွှေခြင်္သေ့နတ်မင်း"

ဖန့်ချန်က တည်ငြိမ်စွာ ပြုံးလိုက်သည်

"ကျုပ်က တုန်းဖန်းဟောက်ကျဲ ပါ တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ဦးပါပဲ အားလုံးကို ရယ်စရာ ဖြစ်စေခဲ့ပါပြီ"

သူသည် ဧကရာဇ်စာရင်း ပေါ်တွင် ထိုအမည်နာမကို မြင်ဖူးသလို ရှိသည်။ အဆင့်သတ်မှတ်ချက်မှာလည်း မနိမ့်လှပေ။

"ရယ်စရာဖြစ်တာကတော့ အမှန်ပဲ ဒါပေမဲ့ တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက်အနေနဲ့ အလယ်လတ် ဝိညာဉ်ကျောက်တုံး နှစ်ရာကို စုနိုင်တာကလည်း ကြွားလုံးထုတ်ဖို့ ထိုက်တန်တဲ့ ကိစ္စပါပဲ၊ မဆိုးပါဘူး၊ မဆိုးပါဘူး"

သခင်လေးဝူက ရယ်မောကာ ပြောလိုက်သည်။

ပတ်ဝန်းကျင်ရှိ နတ်မျိုးစေ့ များမှာလည်း ကြည့်နေကြပြီး၊ ဖန့်ချန်က သခင်လေးဝူ၏ စကားများကို စိတ်ထဲမထားသကဲ့သို့ ရှိနေသည်ကို မြင်သောအခါ သူတို့၏ မျက်လုံးထဲတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များ တိတ်တဆိတ် ဖြတ်ပြေးသွားကြသည်။

သခင်လေးဝူမှာလည်း အနည်းငယ် စိတ်ပျက်သွားကာ မျက်နှာထက်မှ အပြုံးမှာလည်း မှိန်ဖျော့သွားတော့သည်။

နှစ်ဖက်စလုံး ခဏမျှ စကားပြောဖြစ်ကြပြီး သတိမထားမိဘဲ ရွှေခြင်္သေ့နတ်မင်း အကြောင်းသို့ ရောက်သွားကြသည်။

သခင်လေးဝူက သက်ပြင်းချကာ

"မိတ်ဆွေမြောင် ခင်ဗျားတို့ကတော့ ကောင်းတာပေါ့ဗျာ ရွှေခြင်္သေ့နတ်မင်း က အမြဲတမ်း စောင့်ကြည့်နေပေးတာဆိုတော့ ဘယ်နေရာသွားသွား အန္တရာယ် မရှိဘူး ဘယ်သူမှလည်း ခင်ဗျားတို့ကို မတိုက်ခိုက်ရဲဘူး ကျုပ်ကျတော့ အပြင်ထွက်ရင်တောင် လူအုပ်ကြီးနဲ့ လိုက်နေရတယ်"

"မိတ်ဆွေဝူ ပြောတာ မှားနေပြီဗျ ရွှေခြင်္သေ့နတ်မင်း က ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ ကျုပ်တို့လိုလူတွေကို အချိန်တိုင်း ဘယ်စောင့်ကြည့်ပေးပါ့မလဲ ကျုပ်တို့ရဲ့ စိတ်ဆန္ဒက ပြင်းပြလို့သာ အန္တရာယ်နဲ့ ကြုံတဲ့အခါ ရွှေခြင်္သေ့နတ်မင်း ဆီက အစောင့်အရှောက် ရတာပါ"

မြောင်ယန်က ပြုံး၍ ဆိုသည်။

သူတို့နှစ်ဦး၏ စကားဝိုင်းကို ကြားပြီးနောက် ဖန့်ချန်သည် သူတို့ပြောနေသော ရွှေခြင်္သေ့နတ်မင်း ဆိုသည်မှာ နံ့သာလမ်းစဉ် မှ အင်အားကြီးသူတစ်ဦး ဖြစ်နိုင်သည်ကို ရိပ်မိလိုက်သည်။

ကျုံးကျိုးတွင် အမွှေးနံ့သာလမ်းစဉ်မှာ အဓိကလမ်းစဉ် မဟုတ်ပေ။

ဟင်လင်းပြင်ထာဝရဓားဂိုဏ်း၏ အကြည့်တွင်လည်း အဆင့်မရှိသူများသာ ဖြစ်သည်။

သို့သော် လက်တွေ့တွင်မူ ကျုံးကျိုး၏ ဘိုးဘေးငါးပါးထဲမှ တစ်ပါးမှာ အမွှေးနံ့သာဂိုဏ်းမှ ဖြစ်နိုင်သော်လည်း ယနေ့တိုင် မည်သူမျှ သူ၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်း မသိကြပေ။

"မှန်လေး ပေတုနိုင်ငံက နတ်မင်း ဆိုတာက ဘယ်အဆင့်လဲ"

"မသေမျိုးဘုရင် နဲ့ ညီမျှတယ် အားလုံးက တက်လှမ်းခြင်းအဆင့် တွေပဲ ပေတုမှာတော့ နတ်မင်းလို့ ခေါ်ပြီး တိထျန်းဘက်မှာတော့ နတ်ဘုရားဧကရာဇ် လို့ ခေါ်ကြတယ်"

"ပြောရရင်တော့ ရယ်စရာပဲ အရင်တုန်းကသာ ဒီလို ခေါ်ဝေါ်ခဲ့ရင် ကျိန်းသေပေါက် အထက်ဘုံက ဆုံးမ ပေးခံရမှာပဲ သာမန် ကျင့်ကြံသူလေးတွေ အနိမ့်ဆုံးအဆင့် နတ်တောင် မဖြစ်သေးတဲ့သူတွေကများ ဘုရင်တို့၊ ဧကရာဇ်တို့လို့ ခေါ်ရဲကြတယ်"

ဖန့်ချန်က စကားပြန်မပြောတော့ပေ။

အဘယ်ကြောင့်ဆိုသော် ဝမ်မန်နေဂျာ ရောက်လာပြီ ဖြစ်သောကြောင့်တည်း။

ဝမ်မန်နေဂျာသည် ပြုံးရွှင်စွာဖြင့် လူတိုင်း၏ ရှေ့သို့ ရောက်လာပြီး

"အားလုံး အသင့်ပြင်ပြီးပြီလား"

လူတိုင်း ခေါင်းငြိမ့်ပြသည်ကို မြင်သောအခါ သူက ပြုံးလျက်

"ကောင်းပြီ၊ ဒါဆိုရင်တော့ ခရီးစကြတာပေါ့"

လူတိုင်းသည် ဝမ်မန်နေဂျာ၏ လှေပေါ်သို့ တက်လိုက်ကြပြီး ယူလန်ကျွန်းမှ ထွက်ခွာလာခဲ့ကြသည်။

ထိုခရီးမှာ လအနည်းငယ် ကြာမြင့်ခဲ့သည်။

မြောင်ယန် ဖြစ်စေ၊ သခင်လေးဝူ ဖြစ်စေ ပီထုနတ်ဘုရားနယ်မြေသို့ တစ်ခါမှ မရောက်ဖူးကြပေ။

နတ်ဘုရားနယ်မြေမှာ ယူလန်ကျွန်းနှင့် နီးလိမ့်မည်ဟု ထင်ထားသော်လည်း ယခုကဲ့သို့ အလွန်ဝေးကွာသော ခရီးလမ်း ဖြစ်နေသည်ကို တွေ့ရသောအခါ အနည်းငယ် အံ့အားသင့်သွားကြသည်။

"ဝမ်မန်နေဂျာ... ပီထုနယ်မြေကို ရောက်ဖို့ ဘယ်လောက် ထပ်လိုသေးလဲ သိပါရစေ နောက်ပြီးတော့... ကျုပ်ရဲ့ ကျန့်မော့ကျွန်း က ကျင့်ကြံသူတွေ အခု လိုက်လာနိုင်ရဲ့လား မသိဘူး..."

သခင်လေးဝူ သည် နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ဝမ်မန်နေဂျာထံ သွားရောက် မေးမြန်းလိုက်သည်။

ဝမ်မန်နေဂျာက ပြုံးလျက်

"မင်းနာမည်က ဝူထိုက် ဟုတ်တယ်မလား ကျန့်မော့ကျွန်း ရဲ့ သခင်လေးဆိုတော့ ဒီလို နောက်ကွယ်ကနေ အစောင့်အရှောက်တွေ အများကြီး ပါလာတာ မဆန်းပါဘူး စိတ်အေးအေးထားပါ သူတို့အားလုံး ယူလန်ကျွန်းမှာ မင်းကို စောင့်နေကြတယ် ကျုပ်တို့ ကျင်းရှန်းဂိုဏ်းရဲ့ စည်းကမ်းကို မင်းတို့ ကျန့်မော့ကျွန်းကလည်း လိုက်နာရမှာပဲလေ"

"အော်... အဲဒီလိုလား..."

ဝူထိုက်က ရှက်ကိုးရှက်ကန်း ရယ်လိုက်သည်။

သူ၏ အကြည့်မှာ လှုပ်ရှားသွားပြီး ဖန့်ချန်က လှေဦးပိုင်းတွင် ရပ်၍ ရှုခင်းကြည့်နေသည်ကို မြင်သောအခါ အနားသို့ တိုးသွားလိုက်သည်

"မိတ်ဆွေတုန်းဖန်း မင်း ဒီတစ်ခေါက် ပီထုနယ်မြေကို သွားတာက ဘယ်လို နတ်ဘုရားကံကောင်းမှုမျိုးကို ရှာချင်လို့လဲ"

"နတ်ဘုရားကံကောင်းမှုဆိုတာ ဘယ်သတ်မှတ်ထားလို့ ရမှာလဲ ဘာနဲ့ တွေ့မလဲ ဆိုတာပေါ်မှာပဲ မူတည်တာပေါ့"

ဖန့်ချန်က တည်ငြိမ်စွာ ပြန်ပြောသည်။

"ကြည့်ရတာ မင်းက ဘာပြင်ဆင်မှုမှ မလုပ်ထားဘူးပဲ ဒီလိုလုပ်လေ နတ်ဘုရားနယ်မြေ ရောက်တဲ့အခါ ငါ့ရဲ့ အမိန့်ကို နာခံပြီး လုပ်ဆောင်ပါ ငါက ကျန့်မော့ကျွန်းက လူတွေကို မင်းကို ကူညီခိုင်းပေးမယ်"

ဝူထိုက်က ပြုံး၍ ပြောသည်။

"ဒီမှာ မင်းတစ်ယောက်တည်း ရှိတာ မဟုတ်ဘူးလား"

ဖန့်ချန်က မေးလိုက်သည်။

ဝူထိုက်က ရယ်မောလိုက်ပြီး သူ၏ မျက်လုံးထဲတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်

"ဒါကိုတော့ မင်း မသိသေးဘူးပဲ ဝမ်မန်နေဂျာဆီမှာတော့ ငါတစ်ယောက်တည်းပဲ ဒါပေမဲ့ ကျင်းရှန်းဂိုဏ်းမှာ ဝမ်မန်နေဂျာ တစ်ယောက်တည်း ရှိတာမှ မဟုတ်တာ"

"ဒီတစ်ခေါက် ကျန့်မော့ကျွန်းကနေ ငါ့အပြင် ပီထုနယ်မြေထဲ ဝင်မယ့်သူတွေ အများကြီး ရှိသေးတယ် အမှန်အတိုင်း ပြောရရင် ယူလန်ကျွန်းကို မလာခင် ငါ တခြားနေရာတော်တော်များများ သွားခဲ့သေးတယ်၊ အကုန်လုံး လူပြည့်နေလို့ နောက်ဆုံးမှ ယူလန်ကျွန်းကို ရောက်လာတာ"

"ဒါကို တွက်ကြည့်ရင် ဒီတစ်ခေါက် ပီထုနယ်မြေထဲ အတူတူ ဝင်ကြမယ့်သူက အနည်းဆုံး လူတစ်ရာကျော် ရှိလိမ့်မယ် ကျင်းရှန်းဂိုဏ်းက နတ်မျိုးစေ့ တွေပါ ဝင်လာရင်တော့ ပိုတောင် စည်ကားဦးမှာပဲ"

ကျင်းရှန်းဂိုဏ်းက တစ်ကြိမ်လျှင် လူနှစ်ဆယ်သာ လွှတ်သည်ဟု ဖန့်ချန် ထင်ထားသော်လည်း ကျင်းရှန်းဂိုဏ်းက လက်မှတ်ရောင်းသည့် နေရာ အများအပြား စီစဉ်ထားသည်ကို မမျှော်လင့်ထားပေ။

"နတ်ဘုရားအကြွင်းအကျန် နယ်မြေထဲ တစ်ခါဝင်ရဖို့က မလွယ်ဘူးနော် နတ်မျိုးစေ့ အများကြီးတောင် တစ်သက်လုံးမှာ အကြိမ်အနည်းငယ်ပဲ ဝင်ခွင့်ရကြတာ မင်းလည်း ဒီတစ်ခေါက် ဝင်သွားပြီးတော့ လက်ဗလာနဲ့ ပြန်မလာချင်ဘူးမလား"

"တကယ်လို့ မင်း ငါ့အမိန့်ကို နာခံမယ်ဆိုရင် ငါက အသားစားတဲ့အခါ မင်းလည်း ဟင်းရည်တော့ သောက်ရမှာပါ"

ဝူထိုက်က ပြုံး၍ ပြောသည်။

"ကောင်းပါပြီ ဒါဆိုရင်တော့ ကျုပ်လည်း မိတ်ဆွေဝူရဲ့ အမိန့်ကို နာခံပါ့မယ်"

ဖန့်ချန်က ခဏမျှ စဉ်းစားပြီးနောက် အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။

"အင်း... အခြေအနေကို သိတတ်တဲ့သူက သူရဲကောင်းပဲ"

ဝူထိုက်က ဖန့်ချန်၏ ပခုံးကို အသာအယာ ပုတ်လိုက်ပြီး၊ အခြားသူများထံသို့လည်း သွားရောက်ကာ ထိုစကားမျိုးကိုပင် ထပ်မံ ပြောဆိုနေတော့သည်။

နောက်ထပ် တစ်လ ကြာပြီးနောက်...

နတ်လှေသည် ဘာမှမမြင်ရသော ပင်လယ်ပြင်တစ်ခုတွင် ရုတ်တရက် ရပ်တန့်သွားသည်။

ပင်လယ်ပြင်မှာ အလွန် ငြိမ်သက်နေပြီး အရပ်မျက်နှာ အနှံ့တွင်လည်း မည်သည့် ကျွန်းအစအနမျှ မမြင်ရပေ။

"ကျုပ်တို့ အရင်ဆုံး ရောက်လာတာပဲ"

ဝမ်မန်နေဂျာသည် လူတိုင်း၏ ရှေ့သို့ ရောက်လာပြီး ဟင်းလင်းပြင် တစ်နေရာကို ပြုံး၍ ကြည့်နေသည်။

သူ၏ စကားအဆုံးတွင် နတ်လှေ လေးစင်းသည် တစ်စင်းပြီးတစ်စင်း ရောက်ရှိလာပြီး၊ နတ်လှေ တစ်စင်းစီပေါ်တွင် လူနှစ်ဆယ်ကျော်စီ ပါလာကြသည်။

လူတိုင်းမှာ တစ်ဦးနှင့်တစ်ဦး သိကြပုံရပြီး ကျင့်ကြံသူ အများအပြားမှာ နတ်လှေများပေါ်မှ လှမ်း၍ စကားပြောနေကြသည်။

ဖန့်ချန်က တိတ်တဆိတ် အကဲခတ်ကြည့်ရာ၊ ဒီတစ်ခေါက် ပီထုနယ်မြေထဲ ဝင်မည့်သူများတွင် မြောင်ယန်ကဲ့သို့ ဝိညဥ်သန္ဓေသား များအပြင် အလယ်အလတ်အဆင့် ကျင့်ကြံသူများလည်း ပါဝင်နေပုံရသည်။

"ညီလေး... မင်း ဘာလို့ ရောက်လာတာလဲ"

မလှမ်းမကမ်းရှိ နတ်လှေတစ်စင်းပေါ်တွင် ခန့်ညားထည်ဝါသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ရပ်နေသည်။

သူသည် ဝူထိုက်ကို မြင်သောအခါ မျက်မှောင် အနည်းငယ် ကြုတ်သွားတော့သည်။

"အော်... အစ်ကိုကြီးပါလား ဒါ တကယ်ကို တိုက်ဆိုင်တာပဲ ကျုပ်လည်း ဒီတစ်ခေါက် ပီထုနယ်မြေထဲ ဝင်မလို့လေ"

ဝူထိုက်က တစ်ဖက်လူ၏ တည်ရှိမှုကို ယခုမှ သိလိုက်ရသကဲ့သို့ အံ့ဩသော မျက်နှာဖြင့် ပြောလိုက်သည်။

ထိုလူလတ်ပိုင်းမှာ တည်ငြိမ်သော အမူအရာဖြင့် ဝူထိုက်ကို ခဏမျှ ကြည့်ပြီးနောက် ထပ်မံ ဂရုမစိုက်တော့ဘဲ ဘေးရှိလူများနှင့် စကားဆက်ပြောနေတော့သည်။

ထိုစဉ် လူတိုင်း၏ ရှေ့မှ ဟင်းလင်းပြင်ကြီးမှာ လိုက်ကာတစ်ခုကို လှန်လိုက်သကဲ့သို့ ဖြည်းဖြည်းချင်း ပွင့်ဟလာပြီး၊ ပြင်းထန်သော ဝိညာဉ်စွမ်းအားများမှာ ယင်းထဲမှ ရူးသွပ်စွာ ထွက်ပေါ်လာကာ နတ်လှေများကိုပင် တုန်ခါသွားစေတော့သည်။

လူတိုင်း စကားဖြတ်လိုက်ကြပြီး စပ်စုသော မျက်လုံးများဖြင့် ကြည့်လိုက်ကြရာ၊ ကျင်းရှန်းဂိုဏ်းမှ အင်အားကြီးသူများ၏ လမ်းပြမှုဖြင့် လူအုပ်စုတစ်စု ထွက်လာသည်ကို တွေ့လိုက်ရသည်။

သူတို့မှာ အတော်လေးကို နွမ်းလျဖရိုဖရဲ ဖြစ်နေကြပြီး မျက်နှာများမှာလည်း ပျက်ယွင်းနေကြသည်။

"ဒါက အရင်အသုတ်က ဝင်သွားတဲ့ နတ်မျိုးစေ့တွေပဲ ရန်ချင်းတို့အုပ်စုကတော့ အရင် သုံးသုတ် ဒါမှမဟုတ် လေးသုတ်လောက်က ဖြစ်လိမ့်မယ်"

ဖန့်ချန်က တိတ်တဆိတ် အကဲခတ်ကြည့်ရာ သူ၏ အကြည့်မှာ အနည်းငယ် လေးနက်သွားသည်။

ထိုလူအုပ်ထဲတွင် တစ်ဦး၏ အငွေ့အသက်မှာ သိသာစွာပင် တာအိုပေါင်းစပ်ခြင်းအဆင့် ဖြစ်သော်လည်း ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးပင် ယခုအခါ လက်တစ်ဖက် ပြတ်နေပြီး သွေးများ တစိုစို ထွက်နေသည် မဟုတ်ပါလား။

အခန်း (၇၇၈) မိတ်ဆွေဝူကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြစမ်း

"ဟိုလူက ပေတုနိုင်ငံက ချန်ချုံအန်း နဲ့ တူတယ် သူက တာအိုပေါင်းစပ်ခြင်းအဆင့် ကြီးလေ ဘယ်လိုဖြစ်လို့ ပီထုနတ်ဘုရားနယ်မြေထဲမှာ ဒီလောက်အပြင်းအထန် ဒဏ်ရာရလာတာလဲ"

"ပီထုနတ်ဘုရားနယ်မြေက နောက်ဆုံးတော့လည်း နတ်ဘုရားတွေရဲ့ အကြွင်းအကျန်နယ်မြေပဲလေ တစ်ချိန်က နတ်ဘုရားတွေ နေထိုင်ခဲ့တာ နတ်ဘုရားတွေရဲ့ နည်းလမ်းတွေက နက်နဲဆန်းကြယ်လွန်းတော့ အထဲမှာ ဘယ်လောက်တောင် အန္တရာယ်တွေ ကျန်နေခဲ့မလဲဆိုတာ ဘယ်သူသိမှာလဲ"

လူအုပ်ကြီးက ထိုလက်ပြတ်နေသော တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူကို တိတ်တဆိတ် အကဲခတ်နေကြသည်။

တစ်ဖက်လူမှာ ဝါရင့် နတ်မျိုးစေ့ တစ်ဦးဖြစ်ပြီး၊ ပေတုနိုင်ငံတွင် နာမည်ကျော်နေသည်မှာ ကြာပြီဖြစ်သည်။

သူနှင့် ခေတ်ပြိုင် နတ်မျိုးစေ့ အချို့မှာ သေဆုံးသွားကြပြီဖြစ်သလို၊ အချို့မှာလည်း ဘေးဒုက္ခသုံးပါးနှင့် ကပ်ဘေးကိုးပါ အောက်တွင် သေဆုံးခဲ့ကြရသည်။

သူ့ကဲ့သို့ တာအိုပေါင်းစပ်ခြင်းအဆင့်သို့ ချောချောမောမော တက်လှမ်းနိုင်သူမှာ အနည်းငယ်သာ ရှိပေသည်။

"မိတ်ဆွေချန် ဒီတစ်ခေါက် ဒဏ်ရာရသွားပေမဲ့ ပီထုနတ်ဘုရားနယ်မြေထဲမှာတော့ အဖိုးတန်တဲ့ အရာတွေ ရခဲ့မှာပဲ မဟုတ်လား"

လူအုပ်ကြီးကို နယ်မြေထဲမှ ထွက်ခွာနိုင်ရန် ပို့ဆောင်ပေးနေသော ကျင်းရှန်းဂိုဏ်းမှ အင်အားကြီးသူက ချန်ချုံအန်းကို ပြုံး၍ နှုတ်ဆက်လိုက်သည်။

"ရခဲ့တာလား ရေခပ်တဲ့ တောင်းထဲ ရေမကျန်သလိုပါပဲ အချည်းနှီးပါပဲ"

ချန်ချုံအန်းက တစ်ဖက်လူကို တည်ငြိမ်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက်

"တခြားကိစ္စ မရှိရင် ကျုပ် အရင်သွားလိုက်ပါဦးမယ်"

"ကောင်းပါပြီ၊ ကောင်းပါပြီ၊ မိတ်ဆွေချန် ကောင်းကောင်းသွားပါ"

ထိုကျင်းရှန်းဂိုဏ်းမှ အင်အားကြီးသူက ချက်ချင်းပင် လက်အုပ်ချီ၍ ပြုံးလျက် နှုတ်ဆက်လိုက်သည်။

ချန်ချုံအန်းသည် လူအုပ်ကြီးကို ကြည့်ပင်မကြည့်ဘဲ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မိုးကုတ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားတော့သည်။

သူထွက်သွားသည်နှင့် ကျင်းရှန်းဂိုဏ်းမှ အင်အားကြီးသူ၏ အပြုံးမှာလည်း မှိန်ဖျော့သွားကာ၊ လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် နတ်ဘုရားနယ်မြေမှ ခုမှထွက်လာသော ကျင့်ကြံသူများကို ပြောလိုက်သည်

"မင်းတို့ ဘာသာပဲ သွားကြမလား ဒါမှမဟုတ် ကျုပ်တို့ကပဲ လိုက်ပို့ပေးရမလား"

အနည်းငယ်သော သူများမှလွဲ၍ ကျန်ရှိသော ကျင့်ကြံသူများမှာ ကျင်းရှန်းဂိုဏ်း၏ အစောင့်အရှောက်ဖြင့် ပြန်ရန် ရွေးချယ်လိုက်ကြသည်။

သူတို့သည် ဖန့်ချန်တို့ရှိနေသော နတ်လှေပေါ်သို့ တက်လာကြပြီး၊ ဖန့်ချန်တို့ လူစုမှာလည်း ဝမ်မန်နေဂျာ၏ ခေါ်ဆောင်မှုဖြင့် ထိုကျင်းရှန်းဂိုဏ်းမှ အင်အားကြီးသူ၏ ရှေ့သို့ ရောက်သွားကြသည်။

ထိုကျင်းရှန်းဂိုဏ်းမှ အင်အားကြီးသူသည်လည်း တာအိုပေါင်းစပ်ခြင်းအဆင့် တစ်ဦးဖြစ်ပြီး၊ ချန်ချုံအန်း၏ ရှေ့တွင်သာ အပြုံးအနည်းငယ် ပြသသော်လည်း ဖန့်ချန်တို့ သို့မဟုတ် ဝမ်မန်နေဂျာတို့၏ ရှေ့တွင်မူ သူ၏ အမူအရာမှာ အလွန်ပင် တည်တင်းအေးစက်နေသည်။

"သူတို့ဆီက အလယ်လတ် ဝိညာဉ်ကျောက်တုံးတွေကို အကုန် သိမ်းပြီးပြီလား"

"သိမ်းပြီးပါပြီ၊ သိမ်းပြီးပါပြီ"

ဝမ်မန်နေဂျာနှင့် သူနှင့် အဆင့်တူသော အခြားမန်နေဂျာ လေးဦးတို့သည် ရှေ့သို့တိုးကာ တစ်ဖက်လူအား သိုလှောင်လက်စွပ် တစ်ကွင်းစီ ပေးလိုက်ကြသည်။

ထိုကျင်းရှန်းဂိုဏ်းမှ တာအိုပေါင်းစပ်ခြင်းအဆင့်သည် သိုလှောင်လက်စွပ်ကို စစ်ဆေးလိုက်ပြီး ဝိညာဉ်ကျောက်တုံး အရေအတွက်ကို တိုက်ဆိုင်ကြည့်ကာ အသာအယာ ခေါင်းငြိမ့်လိုက်သည်

"ရပြီ သူတို့ကို ငါ့ဆီ လွှဲပေးခဲ့လိုက် မင်းတို့က ကျန်တဲ့သူတွေကို ပြန်ပို့ပေးလိုက်ဦး ပြီးတော့ အောက်က ကျင့်ကြံသူတွေကို တစ်ခါတည်း အသိပေးလိုက် ပီထုနတ်ဘုရားနယ်မြေကို အနားယူဖို့အတွက် အနှစ် ၃၀ ပိတ်ထားမယ် နောက်တစ်ခါ ပြန်ဖွင့်မှာက အနှစ် ၃၀ ကြာမှပဲ"

"အနှစ် ၃၀ ကြာမှလား"

ဝမ်မန်နေဂျာတို့ လူစုမှာ အနည်းငယ် အံ့အားသင့်သွားကြသော်လည်း ချက်ချင်းပင် ခေါင်းငြိမ့်လက်ခံကာ နတ်လှေကို မောင်းနှင်၍ ထွက်ခွာသွားကြတော့သည်။

"မင်းတို့ ငါ့နောက် လိုက်ခဲ့ကြ"

ကျင်းရှန်းဂိုဏ်းမှ တာအိုပေါင်းစပ်ခြင်းအဆင့်သည် လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်ပြီးနောက် ဟင်းလင်းပြင်ထဲသို့ လှည့်ဝင်သွားသည်။

လူတိုင်း ချက်ချင်းပင် နောက်မှ လိုက်သွားကြသည်။

သူတို့ ဝင်သွားသည်နှင့်တစ်ပြိုင်နက် ဟင်းလင်းပြင်ရှိ မမြင်ရသော လိုက်ကာကြီးမှာ ဖြည်းဖြည်းချင်း ပြန်ပိတ်သွားတော့သည်။

"ဒါက..."

ဟင်းလင်းပြင်အတွင်းရှိ မြင်ကွင်းကြောင့် လူတိုင်းမှာ ရုတ်တရက် မှင်တက်သွားကြသည်။

ဟင်းလင်းပြင်ထဲတွင် ကြီးငယ်မဆိုသော ဝိညာဉ်တောင်ပေါင်း ရာချီ၍ လွင့်မျောနေသည်။

တောင်တစ်တောင်စီမှာ အပြင်လောကတွင်ဆိုလျှင် ဂိုဏ်းတစ်ခု တည်ထောင်ရန် လုံလောက်သော နေရာများ ဖြစ်ကြသည်။

သို့သော် ထိုနေရာတွင်မူ ထိုဝိညာဉ်တောင်များသည် အစီရင်ကြီးတစ်ခု၏ အကြောများအဖြစ် ပြောင်းလဲနေပြီး တောင်တစ်တောင်နှင့် တစ်တောင်ကြားမှ ဝိညာဉ်စွမ်းအားများမှာ အချင်းချင်း ဆက်နွှယ်လျက် ဝိညာဉ်စွမ်းအား ကွန်ရက်ကြီးတစ်ခုအဖြစ် ယှက်နွယ်နေကြသည်။

အလယ်ဗဟိုနေရာတွင်မူ အမြင့် ဆယ်ပေကျော်ရှိပြီး ထူးဆန်းသော သားရဲမျိုးစုံ ထွင်းထုထားသည့် ရွှေရောင် တံခါးကြီးတစ်ချပ် ရှိနေသည်။

ကျင်းရှန်းဂိုဏ်းမှ တာအိုပေါင်းစပ်ခြင်းအဆင့်သည် စကားတစ်ခွန်းမှ မပြောဘဲ အလယ်လတ် ဝိညာဉ်ကျောက်တုံး အပုံလိုက်ကို ထုတ်ယူကာ လက်ဝှေ့ယမ်းလိုက်ရာ ထိုဝိညာဉ်ကျောက်တုံးများသည် ဝိညာဉ်တောင်များထဲသို့ အသီးသီး စီးဝင်သွားကြသည်။

ဝိညာဉ်တောင် တစ်တောင်စီသည် အလယ်လတ် ဝိညာဉ်ကျောက်တုံး ၁၀ တုံးစီ ရရှိကြသည်။

လက်ဝှေ့ယမ်းမှု တစ်ချက်တည်းဖြင့် ဝိညာဉ်ကျောက်တုံး ထောင်ချီ၍ ကုန်ဆုံးသွားခြင်း ဖြစ်သည်။

"မင်းတို့လည်း မြင်တဲ့အတိုင်းပဲ နတ်ဘုရားအကြွင်းအကျန် တံခါးကြီးကို ထာဝရ ပိတ်မသွားအောင် ထိန်းသိမ်းရတာဟာ ဝိညာဉ်ကျောက်တုံး ကုန်ကျစရိတ် အလွန်ကြီးမားတယ်"

ကျင်းရှန်းဂိုဏ်းမှ တာအိုပေါင်းစပ်ခြင်းအဆင့်က တည်ငြိမ်စွာ ဆိုသည်

"ဒါကြောင့် မင်းတို့က အလယ်လတ် ဝိညာဉ်ကျောက်တုံး ၂၀၀ ပေးသွင်းရရုံတင်မကဘဲ ပီထုနတ်ဘုရားနယ်မြေထဲ ဝင်တဲ့သူတိုင်း အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့ရင် တစ်ယောက်ကို နဂါးဝိညာဉ်သီး တစ်လုံးစီ ကျင်းရှန်းဂိုဏ်းကို ထပ်ပေးရမယ်"

"ကျုပ်တို့ နားလည်ပါပြီ"

လူတိုင်းက တညီတညွတ်တည်း ပြန်ထူးကြသည်။

ဖန့်ချန်သည်လည်း မုန့်ထျန်းရှု တို့ဆီမှ ဤစည်းကမ်းအကြောင်းကို ကြားဖူးထားပြီးသား ဖြစ်သည်။

နဂါးဝိညာဉ်သီး ဆိုသည်မှာ ပီထုနတ်ဘုရားနယ်မြေထဲတွင်သာ ထွက်ရှိသည့် ထူးခြားသော အသီးတစ်မျိုး ဖြစ်သည်။

အကယ်၍ အထက်ဘုံတွင် ပေါက်ရောက်ခဲ့ပါက ၎င်းမှာ နတ်အသီး အစစ်အမှန် ဖြစ်ပေလိမ့်မည်။

သို့သော် ပီထုနယ်မြေထဲတွင် ပေါက်ရောက်နေသဖြင့် နတ်အသီး၏ ဂုဏ်ဒြပ်များမှာ ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သည်။

"တကယ်လို့ နဂါးဝိညာဉ်သီး မရှိရင်တော့ အလယ်လတ် ဝိညာဉ်ကျောက်တုံး ၂၀၀ ကို ဒဏ်ငွေအဖြစ် ပေးဆောင်ရမယ် အကယ်၍ ဒဏ်ငွေတောင် မပေးနိုင်ဘူးဆိုရင်တော့ ကျင်းရှန်းဂိုဏ်းမှာ ခဏနေခဲ့ပြီး မင်းတို့အိမ်က လူကြီးတွေ လာရွေးတဲ့အထိ စောင့်ရလိမ့်မယ်"

ကျင်းရှန်းဂိုဏ်းမှ တာအိုပေါင်းစပ်ခြင်းအဆင့်က တည်ငြိမ်စွာ ဆိုသည်

"တခြား မေးစရာ မရှိရင်တော့ ထွက်ခွာကြတော့"

လူတိုင်းသည် စကားတစ်ခွန်းမှ မဆိုဘဲ ထိုရွှေရောင်တံခါးကြီးဆီသို့ အသီးသီး ပျံသန်းသွားကြသည်။

လမ်းခုလတ်သို့ ရောက်သောအခါ ဝိညာဉ်တောင် ရာချီမှာ ဆူပွက်လာသကဲ့သို့ ဖြစ်လာပြီး ဝိညာဉ်စွမ်းအားများ တဟုန်ထိုး ထွက်ပေါ်လာကာ အချင်းချင်း ပေါင်းစပ်သွားပြီးနောက် နောက်ဆုံးတွင် ရွှေရောင်အလင်းတန်း တစ်ခုအဖြစ် ရွှေရောင်တံခါးကြီးပေါ်သို့ ကျရောက်သွားသည်။

ရွှေရောင်တံခါးကြီးသည် ဖြည်းဖြည်းချင်း ပွင့်လာသော်လည်း လူနှစ်ယောက် ယှဉ်တွဲလျှောက်ရုံမျှသာ ရှိသော ကွက်လပ်ကလေးသာ ပွင့်လာခြင်းဖြစ်သည်။

လူရိပ်များမှာ ယင်းထဲသို့ တစ်ဦးပြီးတစ်ဦး ဝင်ရောက်ကာ ပျောက်ကွယ်သွားကြသည်။

လူအားလုံး ရွှေရောင်တံခါးထဲသို့ ဝင်သွားပြီးနောက်မှသာ ရွှေရောင်အလင်းတန်းများမှာ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး တံခါးကြီးမှာလည်း ပြန်လည် ပိတ်သွားတော့သည်။

သို့သော် လုံးဝပိတ်မသွားဘဲ ကွက်လပ်ကလေး ကျန်ရှိနေသေးသည်။

"ဒီနေရာက ပီထုနတ်ဘုရားနယ်မြေလား အဲဒီတံခါးကော ဘယ်ရောက်သွားတာလဲ ကျုပ်တို့ ပြန်ထွက်ချင်ရင် ဘယ်လို ထွက်ရမှာလဲ"

တစ်ယောက်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း မေးလိုက်သည်။

သူတို့ ရောက်ရှိနေသည့် နေရာမှာ ရှေးဟောင်းသစ်ပင်ကြီးများဖြင့် ပြည့်နှက်နေသည့် တောနက်ကြီးတစ်ခု ဖြစ်နေပြီး ခုနက ရွှေရောင်တံခါးကြီးမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

"စိတ်မပူပါနဲ့ အချိန်စေ့ရင် ကျင်းရှန်းဂိုဏ်းက စီနီယာက ကျုပ်တို့ကို ဒီနေရာကနေ ထွက်ခွာနိုင်အောင် လာခေါ်ပါလိမ့်မယ် မင်းက ဒီမှာပဲ အမြဲတမ်း နေချင်တယ်ဆိုရင်တောင် မရဘူး မင်း သေသွားရင်တော့ တစ်မျိုးပေါ့"

တစ်ယောက်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

ခဏအကြာတွင် လူတိုင်းမှာ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြပြီး၊ သွားသည့်လမ်းကြောင်းများမှာလည်း မတူညီကြပေ။

ကြည့်ရသည်မှာ ထိုနေရာသို့ မလာခင်ကတည်းက ကြိုတင်လေ့လာထားပုံရသည်။

"ညီလေး... မင်း ဒီတစ်ခေါက် ပီထုနတ်ဘုရားနယ်မြေကို ဘာသံမှမပေးဘဲ ပြေးလာတာ တကယ်ပဲ တစ်ခုခုဖြစ်မှာကို မကြောက်ဘူးလား"

ခန့်ညားထည်ဝါသော လူလတ်ပိုင်းသည် ဝူထိုက်ကို တည်ငြိမ်စွာ ကြည့်၍ ဆိုသည်။

သူ၏ နောက်တွင်လည်း ကျင့်ကြံသူ အနည်းငယ် ပါလာပြီး သူတို့၏ ကျင့်ကြံမှုမှာလည်း မနိမ့်လှပေ။

အနိမ့်ဆုံးမှာ ရွှေအမြုတေ ဖြစ်ပြီး အမြင့်ဆုံးမှာ ဝိညဥ်သန္ဓေသား ဖြစ်သည်။

သူကိုယ်တိုင်မှာမူ စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့် တစ်ဦး ဖြစ်သည်။

"အစ်ကိုကြီး ဒီပီထုနတ်ဘုရားနယ်မြေကို အစ်ကိုကြီး လာလို့ရရင် ကျုပ်လည်း လာလို့ရတာပဲ မဟုတ်ဘူးလား ကျုပ်တို့အားလုံးက နတ်မျိုးစေ့တွေပဲလေ ဝိညာဉ်ကျောက်တုံး ပေးနိုင်သရွေ့ ကျုပ် ဘယ်နယ်မြေကို သွားသွား အစ်ကိုကြီး စွက်ဖက်စရာ မလိုပါဘူး"

ဝူထိုက်က ခပ်ပြုံးပြုံးဖြင့် ပြန်ပြောလိုက်သည်။

သူ၏ အနားသို့လည်း လူရိပ်အချို့ ရောက်လာကြပြီး သူတို့၏ ကျင့်ကြံမှုမှာလည်း မနိမ့်လှပေ။

ယင်းထဲတွင် တစ်ဦးမှာ စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့် ဖြစ်သည်။

ကျန့်မော့ကျွန်းမှ လူအများအပြား ရောက်လာသည်ကို မြင်သောအခါ လူတိုင်းမှာ အနည်းငယ် အံ့အားသင့်သွားကြသည်။

ဒီတစ်ခေါက် ခရီးစဉ်အတွက် အသုံးပြုလိုက်သော အလယ်လတ် ဝိညာဉ်ကျောက်တုံး ပမာဏမှာ ကောင်းကင်သို့ ကျော်လွန်နေမည်မှာ အမှန်ပင်။

"သူတို့များ ကြိုတင်ပြီး သတင်းတစ်ခုခု ရထားတာလား ဒီပီထုနတ်ဘုရားနယ်မြေရဲ့ ဘယ်နေရာမှာ နတ်ဘုရားကံကောင်းမှု ရှိတယ်ဆိုတာကို သိနေတာများလား "

ကျင့်ကြံသူ အများအပြားမှာ သံသယဝင်နေကြသည်။

လူလတ်ပိုင်းမှာ မျက်လုံးကို အနည်းငယ် မှေးလိုက်ပြီး ဝူထိုက်၏ အနားရှိ လူရိပ်များကို ကြည့်ကာထို့နောက် အေးစက်စွာ ရယ်မောလျက် သူ၏ လူများကို ခေါ်ဆောင်ကာ လှည့်ထွက်သွားတော့သည်။

ဝူထိုက်၏ မျက်လုံးများမှာ အေးစက်သွားသော်လည်း၊ ချက်ချင်းပင် အပြုံးများ ပြန်လည် ဝေဆာလာကာ သူ၏ ဘေးရှိ ကျင့်ကြံသူများကို နှုတ်ဆက်လိုက်သည်

"အားလုံးပဲ ခင်ဗျားတို့က ကျန့်မော့ကျွန်းရဲ့ လက်ရွေးစင်တွေဖြစ်သလို ကျုပ် ဝူထိုက် ဘက်ကလည်း ဖြစ်ကြတယ် ဒီတစ်ခေါက် ကျုပ် အစ်ကိုကြီးရဲ့ ရှေ့ကနေ ရွှမ်ဖျင့်မိစ္ဆာသားရဲ ကို အရင် ရှာရမယ် အကယ်၍ အောင်မြင်သွားရင် ပြန်ရောက်တဲ့အခါ ဆုလာဘ်တွေ အများကြီး ပေးပါ့မယ်"

ထွက်ခွာရန် ပြင်နေသော ဖန့်ချန်သည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ခြေလှမ်းကို ရပ်လိုက်သည်။

"ဝူထိုက် ငါတို့က ကျင့်ကြံမှု အဆင့်မမြင့်ပေမဲ့ ငါတို့အားလုံးက နတ်မျိုးစေ့တွေပဲ မင်းက ငါတို့အပေါ်မှာ ဆုလာဘ်တွေ ပေးဖို့အထိ အခွင့်အာဏာ မရှိပါဘူး ဒီတစ်ခါ မင်းကို ကူညီဖို့ လက်ခံခဲ့တာက မင်းရဲ့ အမေပေးတဲ့ ဈေးနှုန်းကို ကြည့်ပြီးတော့ပဲ"

စကားပြောလိုက်သူမှာ လူအုပ်စုထဲမှ တစ်ဦးတည်းသော စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သည်။

သူသည် ဝူထိုက်ကို ကြည့်ရာတွင် ရိုသေမှု အနည်းငယ်မျှ မရှိဘဲ အထင်အမြင်သေးသည့် အရိပ်အယောင်များသာ ပါဝင်နေသည်။

ကျန်ရှိသော ဝိညဥ်သန္ဓေသားများမှာလည်း ထိုနည်းအတိုင်းပင်။

နတ်မျိုးစေ့များ ဖြစ်သည့်အတွက် သဘာဝအလျောက် မာနကြီးကြသည်။

ဝူထိုက်၏ နောက်ခံမှာ မည်မျှပင် ကြီးမားပါစေ၊ ဝူထိုက်ကိုယ်တိုင်မှာလည်း နတ်မျိုးစေ့ဖြစ်ပါစေ၊ ၎င်းမှာ ဝူထိုက်အပေါ် အထင်အမြင်သေးမှု ပြသရန်အတွက် အတားအဆီး မဖြစ်ပေ။

"မင်းတို့... မိတ်ဆွေဝူကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြစမ်း"

အသံတစ်ခု ထွက်ပေါ်လာသည်။

မြောင်ယန်တို့မှာ ဘေးမှနေ၍ ရယ်စရာ ကြည့်နေကြစဉ် ထိုအသံကို ကြားသောအခါ အားလုံးမှာ အံ့အားသင့်သော မျက်နှာများဖြင့် ဖန့်ချန်ကို လှည့်ကြည့်လိုက်ကြသည်။

ဝူထိုက်ကိုယ်တိုင်မှာလည်း ကြောင်သွားတော့သည်။

ထို စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့် နှင့် ဝိညာဥ်သန္ဓေသားများမှာ မျက်မှောင်ကြုတ်လိုက်ကြပြီး ဖန့်ချန်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လာကြတော့သည်။

All Chapters