← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

​အခန်း ၆၅ - ယွမ်ကျန်း ရောက်ရှိလာခြင်း

​နဂါးပုဆိန်တုတ်သည် များပြားလှသော စွမ်းအားရှိသည့် ရတနာတစ်ခုဖြစ်သည်။

သို့သော် ၎င်း၏ စွမ်းအားထက် ပို၍ အရေးကြီးသော အချက်မှာ ဖန်ချန်၏ ဝိညာဉ်စွမ်းအင်ကို အကြိမ်အနည်းငယ် ဝေ့ယမ်းရုံဖြင့် ကုန်ခမ်းစေနိုင်ခြင်းပင် ဖြစ်သည်။

သူ၏ ဝိညာဉ်စွမ်းအင် ကုန်ခမ်းသွားတိုင်း သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အနည်းငယ် တိုးတက်လာလိမ့်မည်ဟု သူ အစပိုင်းတွင် ထင်မှတ်ထားခဲ့သည်။

​သို့သော် စောစောက စမ်းသပ်မှုအရ သူ၏ ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီးပါက ၎င်းကို ပြန်ထုတ်လွှတ်ရမည် ဖြစ်ပြီး ထိုထိတ်လန့်ဖွယ်ရာ စွမ်းအားကို ပြသနိုင်ရန် ပစ်မှတ်တစ်ခုကို ထိတွေ့ရန် လိုအပ်ကြောင်း သူ သိရှိသွားသည်။

ထို့ကြောင့် ထိုလက်နက်ကို အသုံးပြုကာ ကျင့်ကြံခြင်းအဆင့် မြှင့်တင်မည့် အစီအစဉ်ကို သူ ချက်ချင်းပင် လက်လျှော့လိုက်သည်။

ဘာပဲဖြစ်ဖြစ် မြို့တော်အနီးအနားတွင် ဖျက်ဆီးပစ်ရန် လူသူကင်းမဲ့သော တောင်ကုန်းများစွာ မရှိပေ။

​လီတောက်ယဲ့ မှာ စိတ်ထဲတွင် တိတ်တဆိတ် ထိတ်လန့်သွားမိသည်။

"ဒါ... ဒါက ဘာလဲ သိုလှောင်လက်စွပ် လား"

​သိုလှောင်လက်စွပ်များသည် ကျင့်ကြံခြင်းလောကတွင် အထူးရတနာများ ဖြစ်ကြသည်။

၎င်းတို့တွင် တိုက်ခိုက်နိုင်စွမ်း မရှိသော်လည်း ၎င်းတို့၏ တန်ဖိုးမှာ သာမန်ရတနာများထက် များစွာ သာလွန်သည်။

ထိုလက်စွပ် တစ်ကွင်းကို ပိုင်ဆိုင်ထားခြင်းမှာပင် ထိုသူ၏ အဆင့်အတန်းကို သက်သေပြနေခြင်း ဖြစ်သည်။

​ရွှီဂီ က အနားသို့ ချဉ်းကပ်လာပြီး လက်သီးဆုပ် ဂါရဝပြုလျက် သတင်းပို့သည်

"သခင်လေး ဒီနေ့ အစောပိုင်းက လုံတု က ပညာရှိတွေဆီကနေ သတင်းတစ်ခု အမှတ်မထင် ပေါက်ကြားလာပါတယ် လုံတုမှာရှိတဲ့ ချီထိန်းချုပ်ခြင်းအဆင့် အထွတ်အထိပ် ပညာရှင်တစ်ယောက်ဟာ ချီအမြုတေအဆင့် ကို တက်လှမ်းတော့မယ်လို့ သိရပါတယ်"

​"လုံတုမှာ ချီထိန်းချုပ်အထွတ်အထိပ် ပညာရှင် ခုနစ်ယောက် ရှိတယ် သုံးယောက်က နယ်စားကြီးတွေဖြစ်ပြီး လေးယောက်က နယ်စားလေးတွေပါ သူတို့ထဲမှာ နယ်စား ရှန်းယွီ က ချီအမြုတေအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အလမ်း အများဆုံးပဲ တကယ်လို့ ခြေအနေတွေက တကယ်ပဲ စစ်ဖြစ်ရတော့မယ့် အဆင့်ကို ရောက်လာရင် သူဟာ လုံတုရဲ့ ဝှက်ဖဲ ဖြစ်လာလိမ့်မယ်"

​"ညီအစ်ကိုဖန် အဲဒီ ကိုယ်ခံပညာရှင်တွေက ခင်ဗျားရဲ့ ပြိုင်ဘက်တွေ မဟုတ်ပါဘူး ကျွန်တော်တို့ အဲဒီကို သွားပြီး သူတို့ကို တိုက်ရိုက် နှိမ်နင်းလိုက်ရင် မကောင်းဘူးလား ဒါမှ ကျွန်တော်တို့ ဝိညာဉ်သွေးဂိုဏ်း ကိစ္စကိုပဲ အာရုံစိုက်လို့ ရမှာ"

ဟု လီတောက်ယဲ့က အကြံပေးသည်။

​"ကျွန်တော်တို့ ကျင့်ကြံသူတွေ ဖြစ်တယ်ဆိုတာကို လောလောဆယ် ထုတ်မပြနိုင်သေးဘူး ဝိညာဉ်သွေးဂိုဏ်းရဲ့ ကျန်တဲ့ အဖွဲ့ဝင် လေးယောက် မဟာရှကို ဘယ်တော့ ပြန်လာမလဲဆိုတာ ဘယ်သူမှ မသိဘူး သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေကိုလည်း ကျွန်တော်တို့ မသိရသေးဘူး"

ဟု ဖန်ချန်က ခပ်ဖျော့ဖျော့ ပြုံးရင်း ပြောလိုက်သည်။ သူက ခေတ္တမျှ ရပ်ပြီးမှ ဆက်မေးသည်

"ဒါနဲ့... ခင်ဗျား ဘာလို့ ရုတ်တရက် ပြန်လာတာလဲ"

​"ပညာရှိတစ်ယောက်ဟာ ဘာကို လုပ်သင့်တယ်၊ ဘာကို မလုပ်သင့်ဘူးဆိုတာ သိရမယ် ငါကတော့..."

လီတောက်ယဲ့က စကားများစွာ ပြောရန် ပြင်လိုက်စဉ် ဖန်ချန်၏ အဓိပ္ပာယ်ပါသော အပြုံးကို မြင်လိုက်ရသဖြင့် စကားကို ဖြတ်လိုက်သည်။

သူက ရှက်ကိုးရှက်ကန်း ပြုံးလျက် အမှန်အတိုင်း ဝန်ခံလိုက်သည်

"ကျွန်တော့်နောက်ကို လိုက်နေတဲ့ ရန်သူတစ်ယောက် ရှိတယ် သူ ကျွန်တော် ဒီမှာ ရှိနေတာကို ဘယ်လို သိသွားလဲ မသိဘူး ဒါပေမဲ့ သူသာ ကျွန်တော့်ကို တွေ့သွားရင် ကျွန်တော့် အသက် အန္တရာယ် ရှိလိုလပါ ဒါကြောင့် ခင်ဗျားရဲ့ အကူအညီကို လာတောင်းတာပါ"

​သူ့ကိုယ်ကျိုးအတွက် လာခြင်းဖြစ်ကြောင်း ကြားရသောအခါ သီလရှင်မလေး ချင်းဟဲမှာ ဒေါသထွက်သွားသည်။

သူမသည် လီတောက်ယဲ့က တကယ်ပဲ စိတ်ပြောင်းသွားပြီး သူတို့ကို ကူညီချင်၍ ပြန်လာသည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သူက ဖန်ချန်ကို အကာအကွယ်အဖြစ် အသုံးပြုကာ ရန်သူလက်မှ လွတ်အောင် လာပုန်းခြင်းဖြစ်မည်ဟု သူမ မထင်ထားခဲ့ပေ။

​ဟွမ်စီဟိုင် က မျက်မှောင်ကြုတ်လျက် လီတောက်ယဲ့၏ လည်ပင်းကို လှမ်းဖမ်းလိုက်သည်။

"မင်းက ငါတို့ သခင်လေးကို အသုံးချချင်တာလား"

ဟု သူက အော်ဟစ်လိုက်သည်။ ရွှီဂီ ၏ ဓားမှာလည်း လီတောက်ယဲ့၏ လည်ပင်းသို့ ရောက်ရှိနေပြီဖြစ်ကာ ထျဲမ ၏ အေးစက်သော အကြည့်များကလည်း လီတောက်ယဲ့၏ ကိုယ်ပေါ်တွင် တစ်နေရာပြီးတစ်နေရာ ကူးပြောင်းနေပြီး မည်သည့်နေရာကိုင် တိုက်ခိုက်ရမလဲဟု ဆုံးဖြတ်နေသည့်အလား။

​လီတောက်ယဲ့မှာ အံ့ဩသွားသော်လည်း ရုတ်တရက် သူ၏ကိုယ်မှ ဖြူဖွေးသော အလင်းတန်းများ ဖြာထွက်လာပြီး ဟွမ်စီဟိုင်နှင့် ရွှီဂီတို့ကို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားစေသည်။

​"မင်းက တော်တော် ရဲတာပဲ"

နောက်တစ်စက္ကန့်တွင် သူတို့ သုံးယောက်လုံးသည် သူတို့၏ စိန်ကိုယ်အဆောင် အမြန်နှုန်း အဆောင် နှင့် ခွန်အားအဆောင် များကို တစ်ပြိုင်နက် အသုံးပြုကာ လီတောက်ယဲ့အပေါ်သို့ ပြင်းထန်သော တိုက်ခိုက်မှုများကို ရွာချလိုက်တော့သည်။

​"ဟေး... ဟေး စိန်ကိုယ်ထည် အဆောင် အဲဒါက အမြန်နှုန်း အဆောင်ဟုတ်လား ပြီးတော့ ခွန်အားအဆောင် ပါလားယ ညီအစ်ကိုဖန် ခင်ဗျား ဘယ် အဆောင် ဆရာရဲ့ အိမ်ကို ဓားပြတိုက်လာတာလဲ"

လီတောက်ယဲ့က သူတို့၏ တိုက်ခိုက်မှုများကို ရှောင်ရှားရင်း အော်ဟစ်လိုက်သည်။

​အဆောင်စာရွက် များသည် မပေါ့ပေ ယခု သူတို့ သုံးယောက်မှာ တစ်ဦးလျှင် သုံးခုစီ အသုံးပြုလိုက်ကြခြင်း ဖြစ်သည် ၎င်းမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဘယ်လောက်တောင် ကုန်သွားပြီလဲ

​အဆောင်သုံးခု၏ အစွမ်းကြောင့် သူတို့၏ ခွန်အားမှာ ချက်ချင်းပင် သိသိသာသာ တိုးတက်လာသည်။

လီတောက်ယဲ့မှာ ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၃ သာ ရှိသဖြင့် သူ၏ ကျင့်ကြံခြင်းမှာ သူတို့ သုံးဦးနှင့် သိပ်မကွာလှပေ။

သူသည် ဝိညာဉ်စွမ်းအင်၏ အားသာချက်ကို အသုံးပြုကာ ခုခံနေနိုင်ခြင်း ဖြစ်သည်။

​အသက်ရှူကြိမ် တစ်ဒါဇင်ခန့် ကြာပြီးနောက် လီတောက်ယဲ့မှာ နောက်ဆုံးတွင် ရှုံးနိမ့်သွားတော့သည်။

သူသည် သူ၏ အရေးကြီးသော နေရာများကို ဝိညာဉ်စွမ်းအင်ဖြင့် ကာကွယ်ကာ မြေပေါ်တွင် ခွေယိုင်လျက် ခေါင်းကို လက်ဖြင့် အုပ်ထားရတော့သည်။

​ရယ်သံခပ်သဲ့သဲ့ ထွက်ပေါ်လာပြီး ဖန်ချန်က အမိန့်ပေးလိုက်သည်

"တော်ပြီ"

​သူတို့ သုံးယောက်လုံး ရပ်တန့်လိုက်ကာ ဘေးသို့ ဆုတ်လိုက်ကြသည်။

​"ဘာလို့ ရုတ်တရက်ကြီး တိုက်ခိုက်ရတာလဲညီအစ်ကိုဖန်ချန်က ဘာမှတောင် မပြောရသေးဘူး"

ဟု လီတောက်ယဲ့က ညည်းတွားလိုက်သည်။

​"ငါတို့ သခင်လေးကို အသုံးချဖို့ စိတ်ကူးမိတာနဲ့တင် မင်းဟာ သေသင့်နေပြီ"

ဟု ရွှီဂီ က ဆိုသည်။

​"အင်း... မင်းတို့ တော်တော် သစ္စာရှိကြတာပဲ"

လီတောက်ယဲ့က ရဲ့ဲ့ လှောင်ပြောင်လိုက်သည်။ ထို့နောက် သူက ဖန်ချန်ကို ကြည့်ကာ လက်သီးဆုပ်ပြရင်း အားနာစွာ ပြုံးလိုက်သည်။

"ညီအစ်ကိုဖန် ဒီတစ်ခါ ခင်ဗျား ကူညီပေးရင် ကျွန်တော် ကျိန်းသေ ပြန်ပေးဆပ်ပါ့မယ်"

​"ခင်ဗျား ကျွန်တော့်ကို ဘယ်လို ကူညီမှာလဲ ခင်ဗျား ဝိညာဉ်သွေးဂိုဏ်းနဲ့ ရန်သူမဖြစ်ချင်ဘူးလို့ ပြောထားတာ မဟုတ်လား"

ဖန်ချန်က အေးဆေးစွာ ပြောလိုက်သည်။

​"ဝိညာဉ်သွေးဂိုဏ်းနဲ့ ရန်သူမဖြစ်ဘဲနဲ့လည်း ခင်ဗျားကို ကူညီလို့ ရပါတယ် ရှစ်ထောင့်ဗေဒင်ဂုဏ်း ရဲ့ တပည့်တစ်ယောက်အနေနဲ့ ကျွန်တော်ဟာ ဗေဒင်ပညာ မှာ ကျွမ်းကျင်ပါတယ် အဲဒါကြောင့်လည်း ကျွန်တော် ကရုဏာဂေဟာကို ရှာတွေ့ခဲ့တာပါ"

ဟု လီတောက်ယဲ့က အလျင်အမြန် ရှင်းပြသည်။

​ဗေဒင်ပညာ ဟုတ်လား

​ဖန်ချန် ပြုံးလိုက်သည်။

"ဆက်ပြောပါဦး"

​"ဗေဒင်ပညာဆိုတာ အရမ်း ရှုပ်ထွေးပါတယ်စကားလုံး အနည်းငယ်နဲ့ ရှင်းပြဖို့ ခက်ပါတယ်ဒါပေမဲ့ သူတို့ ရှိနိုင်တဲ့ နေရာကို ခန့်မှန်းခြေ တစ်ခုလောက်သာ ပြောပြနိုင်ရင် ကျွန်တော့်ရဲ့ နည်းပညာတွေနဲ့ သူတို့ ဘယ်မှာလဲဆိုတာကို အတိအကျ ရှာပေးနိုင်ပါတယ် ဒါက ညီအစ်ကိုဖန်အတွက် အသုံးဝင်မှာပါ မဟုတ်လား"

လီတောက်ယဲ့က ဆိုသည်။

​ဖန်ချန် ခေါင်းငြိမ့်လိုက်သည်။

"ဒါက တကယ်ပဲ အသုံးဝင်ပါတယ် ဒါနဲ့... ခင်ဗျားရဲ့ ရန်သူက ကျင့်ကြံခြင်းအဆင့် ဘယ်လောက်လဲ"

​"သူက ချီ သန့်စင်ခြင်းနယ်ပယ် အဆင့် ၅ မှာ ရှိပါတယ်"

ဟု လီတောက်ယဲ့က အမြန်ပြန်ဖြေသည်။

​"သူ့အကြောင်း အသေးစိတ် ပြောပြပါ"

​ထို့နောက် လူတိုင်း ဖန်အိမ်တော်သို့ ပြန်လာကြရာ လီမောင်ချိုင်မှာ စိတ်ပူစွာ စောင့်ဆိုင်းနေသည်ကို တွေ့ရသည်။

​ဖန်ချင်းယောင်သည် သူတို့ ပြန်ရောက်လာသည်ကို မြင်သောအခါ ဖန်ချန်ကို စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

သူမသည် စမ်းသပ်မှု ရလဒ်ကို သိချင်နေပုံရသည်။ သူမက နှုတ်ခမ်းလေး စူနေပြီး ဖန်ချန်က သူမကို လှည့်ကြည့်သောအခါ အကြည့်ကို လွှဲလိုက်သည်။

​ဖန်ချန် ပြုံးလိုက်ပြီး လီမောင်ချိုင်ဘက် လှည့်ကာ ပြောလိုက်သည်

"ဒီ နဂါးပုဆိန်တုတ်ကို ကျွန်တော် လက်ခံပါ့မယ်"

​"ကျေးဇူးအများကြီးတင်ပါတယ် စစ်သူကြီးဖန်"

လီမောင်ချိုင်မှာ အတိုင်းမသိ ဝမ်းသာသွားပြီး ထပ်တလဲလဲ ကျေးဇူးတင်စကား ပြောကာ ပြန်သွားတော့သည်။

နှစ်ဖက်စလုံးမှာ စကားအများကြီး မပြောကြဘဲ ထိုလက်ဆောင်ကို သာမန်လက်ဆောင်တစ်ခုကဲ့သို့ပင် သဘောထားလိုက်ကြသည်။

သို့သော် ထိုနေ့မှစ၍ ပျံသန်းနေသောနဂါး ကုန်သည်ကြီးများအသင်း သည် ပိုမိုမြင့်မားသော အပင်ပေါ်သို့ တွယ်တက်သွားပြီဖြစ်ကြောင်း လူတိုင်း သိကြသည်။

​"သခင်မလေးဖန်. နောင်ကျရင် ကရုဏာဂေဟာနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကျွန်တော့်ဆီ တိုက်ရိုက် လာတင်ပြလို့ ရပါတယ် ပြီးတော့ အားတဲ့အခါလည်း ဖန်အိမ်တော်ကို အလည်လာပါ"

ဟု ဖန်ချန်က ဖန်ချင်းယောင်ကို ကြည့်ကာ ခေါင်းငြိမ့်ပြသည်။

​"အစ်ကိုကြီး ကျွန်မကို တခြားကိစ္စတွေမှာ ဝင်ပါခွင့် မပေးရင်တောင် ကရုဏာဂေဟာ ကိစ္စမှာတော့ ကူညီခွင့် ပေးပါဦး ခုနက အစ်ကိုကြီးတို့ ထွက်သွားတုန်းက ကျွန်မ အစ်မချင်းယောင်နဲ့ စကားပြောခဲ့ပါတယ်။ ဒီလူတွေက တကယ် သနားဖို့ ကောင်းတာပဲ။ ကျွန်မ သူနဲ့အတူ ကူညီချင်တယ်"

ဟု ဖန်ကျစ်ရွှယ်က အလျင်အမြန် တောင်းဆိုသည်။

​"မင်းက ကိုယ်ခံပညာမှာပဲ စိတ်ဝင်စားတာ မဟုတ်လား"

ဟု သူက စူးစမ်းစွာ မေးလိုက်သည်။

​ငယ်စဉ်ကတည်းက ဖန်ကျစ်ရွှယ် သည် ကိုယ်ခံပညာကိုသာ ရူးသွပ်သူ ဖြစ်သည်။

ထို့ကြောင့်လည်း သူမသည် ထိုမျှ ငယ်ရွယ်သော အသက်ဖြင့် ချီပေါက်ကွဲခြင်းအဆင့် သို့ ရောက်ရှိကာ မြို့တော်ရှိ လူငယ်မျိုးဆက်များကြားတွင် ထိပ်တန်းစာရင်းဝင် ဖြစ်နေခြင်း ဖြစ်သည်။

​"အဖေနဲ့ အမေက ပြောတယ် ကျွန်မက တစ်နေ့လုံး ကိုယ်ခံပညာထဲမှာပဲ နစ်မနေသင့်ဘူးတဲ့ နောက်ဆို ယောက်ျားရမှာ မဟုတ်ဘူးတဲ့ ကျွန်မက သူတို့ စကားကို နားထောင်ပြီး တခြား အလုပ်တစ်ခု ရှာလုပ်တာပါ"

ဟု သူမက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

​ဖန်ချန် ခဏမျှ တွေးတောပြီးနောက် ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီလေ"

​သူ ခွင့်ပြုလိုက်သည်နှင့် ဖန်ကျစ်ရွှယ်မှာ ချက်ချင်းပင် ဝမ်းသာသွားပြီး ဖန်ချင်းယောင်ကို ဆွဲကာ ပြေးထွက်သွားတော့သည်။

​"ရွှီဂီ သူတို့ကို စောင့်ကြည့်ပေးပါ"

ဖန်ချန် ပြုံးလျက် ဆိုသည်။

​ရွှီဂီသည် ဖန်ချန်၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သဖြင့် သူတို့နောက်သို့ တိတ်တဆိတ် လိုက်သွားတော့သည်။

ကရုဏာဂေဟာသည် ဝိညာဉ်သွေးဂိုဏ်းနှင့် ပတ်သက်နေသောကြောင့် ဝိညာဉ်သွေးဂိုဏ်းမှ ကျန်ရှိသော ကျင့်ကြံသူ လေးဦး ပြန်ရောက်လာပါက ဖြစ်ပျက်ခဲ့သည့် သတင်းကို ကျိန်းသေ ကြားရမည်ဖြစ်ပြီး ဖန်ချန်အပေါ် သံသယဝင်လာနိုင်သည်။

​ဖန်ချင်းယောင်သည် ထိုဂေဟာကို လွှဲပြောင်းယူထားသဖြင့် သူမသည်လည်း သူတို့၏ ပစ်မှတ် ဖြစ်လာနိုင်သည်။

ထို့ကြောင့် ဖန်ကျစ်ရွှယ်က မတောင်းဆိုလျှင်တောင် ဖန်ချန်သည် ထိုကျင့်ကြံသူ လေးဦး၏ အထောက်အထားကို အတည်မပြုနိုင်မချင်း သူမကို ကာကွယ်ရန် ရွှီဂီကို တာဝန်ပေးမည်သာ ဖြစ်သည်။

ရွှီဂီ ၏ အင်အားနှင့် ပတ်သက်လျှင် သူ၏ ကိုယ်ပေါ်တွင် အလယ်အလတ်စား ခရမ်းရောင် လျှပ်စီးအဆောင် တစ်ခု ရှိသည်။

၎င်းကို သာမန်ကျင့်ကြံသူတစ်ဦးအပေါ် အသုံးပြုပါက ချက်ချင်းပင် သေဆုံးသွားစေနိုင်သည်။

​နောက်တစ်နေ့တွင် ယွမ်ယု က ယွမ်ကျန်း ကို ခေါ်ဆောင်ကာ ဖန်အိမ်တော်သို့ လာရောက် လည်ပတ်သည်။

ယွမ်ကျန်း၏ ဒဏ်ရာများမှာ သိသိသာသာ သက်သာလာခဲ့ပြီ ဖြစ်သည်။

မဟာတောက်ပမှုဗျူရို က သူ့အတွက် ကောင်းမွန်သော သမားတော်တစ်ဦးကို ခေါ်ပေးခဲ့ကြောင်း ထင်ရှားလှသည်။

​"ကျွန်တော့်ရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး"

ယွမ်ကျန်းသည် ဖန်ချန်ကို မြင်သည်နှင့် ချက်ချင်းပင် ဦးညွှတ်ကာ ဒူးထောက်လိုက်တော့သည်။

​အရာရှိများသည် သာမန်လူများကို ဒူးထောက်လေ့ မရှိပေ။

သို့သော် မဟာရှတွင် ဖန်ချန်ကို သာမန်လူတစ်ယောက် သို့မဟုတ် အရေးမပါသူတစ်ယောက်ဟု သတ်မှတ်သူမှာ အလွန်ပင် ရှားပါးလှပေသည်။

အခန်း ၆၆ - လုံတုမှ သံတမန်

​“ထနိုင်ပါပြီ”

ဖန်ချန်က ပြုံးလျက် ဆိုသည်။

“ဒဏ်ရာတွေကော သက်သာရဲ့လား”

​ယွမ်ကျန်းက မတ်တပ်ရပ်လိုက်သည်။

“ကျွန်တော့်ဒဏ်ရာတွေက အကုန်လုံးနီးပါး ပျောက်ကင်းသွားပါပြီ ကျန်တာတွေကတော့ အရေပြားပွန်းပဲ့တာလောက်ပါပဲ”

​ဖန်ချန်က ခပ်ဖွဖွ ခေါင်းငြိမ့်လိုက်သည်။

“အင်း ချီပေါက်ကွဲခြင်းအဆင့် ရှိတဲ့ ကိုယ်ခံပညာရှင်တစ်ယောက်ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက သာမန်လူထက် အများကြီး ပိုကောင်းတာပဲ”

​ရုတ်တရက် ဖန်ချန်က သူ့ကို စိုက်ကြည့်လိုက်သည်။

“မင်း ငါ့ကြောင့်နဲ့ ရဲရင့်သော ဓားစောင့်တပ် ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ် အဲဒီအတွက် ငါ့အပေါ် ရန်ငြိုးထားသလား”

​“ဘယ်လိုလုပ် ထားရမှာလဲခင်ဗျာ တကယ်တော့ သူတို့ရဲ့ လုပ်ရပ်တွေကြောင့်ပဲ လူအများအပြား ပျောက်ဆုံးနေတဲ့ ကိစ္စနောက်ကွယ်မှာ တခြားလျှို့ဝှက်ချက်တွေ ရှိနေသေးတယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ သံသယကို ပိုခိုင်မာသွားစေတာပါ”

“အဲဒီအစောင့် နှစ်ယောက်က ကျွန်တော့်ကို မနားတမ်း စစ်ဆေးမေးမြန်းနေခဲ့တာ ကျွန်တော်တို့ ဘယ်လောက်အထိ သိထားသလဲဆိုတာကို သူတို့ တကယ် သိချင်နေကြတာ သူတို့ရဲ့ လုပ်ရပ်တွေက ရဲရင့်သော ဓားစောင့်တပ်ထဲမှာ ဒီကိစ္စနဲ့ ပတ်သက်နေတဲ့သူတွေ ရှိနေတယ်ဆိုတာကို သေချာစေတဲ့ သက်သေပါပဲ”

ဟု ယွမ်ကျန်းက အားတက်သရော ပြောလိုက်သည်။

​ယွမ်ကျန်း၏ ဘေးတွင် ရပ်နေသော ယွမ်ယု၏ မျက်လုံးများထဲတွင်လည်း လေးနက်ရိပ်များ ဖြတ်ပြေးသွားသည်။

ထိုနေရာသို့ လာသည့်လမ်းတွင် သူမနှင့် ယွမ်ကျန်းတို့သည် ဧကရာဇ်ထံ တိုက်ရိုက်အစီရင်ခံရသည့် ရဲရင့်သောဓားစောင့်တပ်နှင့် ပတ်သက်နေသောကြောင့် သူတို့ အသက်ဆုံးရှုံးရနိုင်ကြောင်း လက်ခံထားပြီးသား ဖြစ်သည်။

သူတို့က ယွမ်ကျန်းကို ထိုအချိန်က ပြန်ပေးဆွဲသလို ခေါ်သွားနိုင်ခဲ့လျှင် နောက်တစ်ကြိမ်မှာ သူတို့ တိုက်ရိုက် လုပ်ကြံသတ်ဖြတ်လာရင် ဘယ်သူကတားဆီးနိုင်မှာလဲ

​“အခု ဒုတိယဝန်ကြီး ချင်ကို တရားရေးဝန်ကြီးဌာနက ဖမ်းဆီးလိုက်ပြီဆိုတော့ ဝန်ကြီးကျန်းက သူ့ဆီကနေ သတင်းအချက်အလက်တွေ အများကြီး ရထားပြီးပြီ လူပျောက်မှု တော်တော်များများကို အခု ပိတ်လို့ရပြီလို့ ကျွန်တော် ယုံကြည်တယ်”

ဟု ဖန်ချန်က ဆိုသည်။

​ယွမ်ကျန်းမှာ အံ့ဩဝမ်းသာသွားသည်။

“တကယ်လား”

​သူသည် ထောင်မှ လွတ်မြောက်လာသည့်နေ့မှစ၍ အခြေအနေအရပ်ရပ်ကို ဘာမှ မသိရှိခဲ့ပေ။

မဟာတောက်ပမှုဗျူရိုမှ မည်သူကမျှ ချင်တုန်း အဖမ်းခံရသည့် သတင်းကို သူ့အား မပြောပြခဲ့ကြပေ။

​ယွမ်ယု လည်း ချက်ချင်း စိတ်သက်သာရာရသွားသည် ထိုအမှုမှာ နိဂုံးချုပ်တော့မည်ဟု ထင်ရသည်။

​သို့သော် ဖန်ချန်၏ နောက်ထပ်စကားများက သူမကို အံ့အားသင့်စေခဲ့သည်။

​“ဒါပေမဲ့ ဒီကိစ္စမှာ ပါဝင်နေပြီး ငါတို့ ရှာမတွေ့သေးတဲ့ တခြားလူတွေ ရှိနေသေးတယ် မင်းကော စုံစမ်းစစ်ဆေးမှုကို ဆက်လုပ်ချင်သေးလား”

​“သခင်လေး... သခင်လေးက ရဲရင့်သောဓားစောင့်တပ်က အဖွဲ့ဝင်တွေကို ဖော်ထုတ်ဖို့ ရည်ရွယ်နေတာလား သူတို့က ဒီကိစ္စမှာ တိုက်ရိုက် မပါဝင်ဘဲ ဒုတိယဝန်ကြီး ချင်ဆီကနေ လာဘ်ထိုးခံထားရတာပဲ ဖြစ်နိုင်ပါတယ်”

ဟု ယွမ်ကျန်းက ထောက်ပြလိုက်သည်။

​လီဟွာဖုန်း လိုမျိုးပေါ့ ဟု သူက စိတ်ထဲက တွေးနေသော်လည်း သက်သေမရှိသဖြင့် ထုတ်မပြောပေ။

​“ကောင်းပြီ တကယ်လို့ ဒုတိယဝန်ကြီး ချင်က နယ်ရုပ်လေး တစ်ရုပ်ပဲ ဖြစ်ပြီး ဒီကိစ္စတစ်ခုလုံးကို နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ တခြားသူတစ်ယောက် ရှိနေတယ်လို့ ငါပြောရင် မင်း ယုံမလား”

ဖန်ချန်က မေးလိုက်သည်။

​ယွမ်ကျွမ်းမှာ ထိုစကားကြောင့် လမ်းစပျောက်သလို ဖြစ်သွားသည်။

“ဒါက...”

​ဒါက အရမ်းကြီး ရှုပ်ထွေးမသွားဘူးလား ဒုတိယဝန်ကြီး ချင်က နယ်ရုပ်လေးပဲ ဆိုရင် အဲဒီနောက်ကွယ်က ကြိုးကိုင်သူက ဝန်ကြီးချုပ်အဆင့်လောက် ဖြစ်နေမှာ မဟုတ်လား

​ရုတ်တရက် အစေခံတစ်ဦး ဝင်လာကာ ဦးညွှတ်လျက် ပြောသည်

“သခင်လေး ရဲရင့်သောဓားစောင့်တပ်က နျူကျူးလာရောက် တွေ့ဆုံခနေပါတယ်”

​“ရဲရင့်သောဓားစောင့်တပ်”

ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် ယွမ်ကျန်းနှင့် ယွမ်ယုတို့ တုန်လှုပ်သွားကာ သူတို့၏ မျက်လုံးများထဲတွင် ဒေါသရိပ်များ ထင်ဟပ်လာသည်။

​ဖန်ချန်က ခေါင်းငြိမ့်ပြသည်။

“သူ့ကို အထဲဝင်ခိုင်းလိုက်ပါ”

​မကြာမီမှာပင် နျူကျူးသည် သတ္တိခဲဓားစောင့်တပ်ဖွဲ့ဝင် အချို့ကို ခေါ်ဆောင်လျက် ခန်းမထဲသို့ ဝင်လာသည်။ သူသည် ဖန်ချန်ကို မြင်သည်နှင့် ဦးညွှတ်လိုက်သည်။

“စစ်သူကြီးဖန်ကို ဂါရဝပြုပါတယ်”

​ယွမ်ကျန်းနှင့် ယွမ်ယုတို့က သူ့ကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။

​“နျူကျူး ဒါ ရှောင်ရှန်ချဲ့ လွှတ်လိုက်တာလား”

ဖန်ချန်က ပြုံးလျက် မေးလိုက်သည်။

​သူ၏ စိတ်ကို ဖတ်နိုင်သည့်အလား ပြောတာလိုက်ကို မြင်သောအခါ နျူကျူးသည် ဖန်ချန်ကို စိတ်ထဲမှ လေးစားသွားမိသည်။

“စစ်သူကြီးဖန်က တကယ်ပဲ အမြင်စူးရှတာပဲ”

ဟု သူက ဖန်ချန်၏ စကားကို သွယ်ဝိုက်ဝန်ခံကာ ဘေးသို့ ဆုတ်လိုက်ပြီး နွမ်းနယ်နေသော လူနှစ်ယောက် ပေါ်လာသည်။

​ထိုလူနှစ်ယောက်ကို မြင်လိုက်ရသောအခါ ယွမ်ကျန်း၏ ဒေါသမှာ ပေါက်ကွဲမတတ် ဖြစ်သွားသည်။

ထိုသူနှစ်ဦးမှာ သူ့ကို နေ့ညမပြတ် နှိပ်စက်ညှဉ်းပန်းခဲ့သည့် အစောင့်နှစ်ယောက် ဖြစ်နေသောကြောင့်ပင်

​သူသည် စိတ်ကို တည်ငြိမ်အောင် ထိန်းထားရင်း

“ဒီနှစ်ယောက်က ကျွန်တော့်ကို စစ်မေးခဲ့တဲ့သူတွေပဲ”

ဟု ဝင်ပြောလိုက်သည်။

​ထိုနွမ်းနယ်နေသော အစောင့်နှစ်ဦးမှာ ဒူးထောက်ကျသွားကာ ထပ်တလဲလဲ ဦးတိုက်တော့သည်။

“စစ်သူကြီးဖန် ကျွန်တော်တို့က အပြစ်မရှိပါဘူးတကယ်ပါ ကျွန်တော်တို့က ငြိမ်းချမ်းရေးတပ်မှူး လျို ရဲ့ အမိန့်ကို နာခံခဲ့တာပါ သူကပဲ ယွမ်ကျန်းကို စစ်မေးဖို့ ခိုင်းခဲ့တာ ဘာကြောင့်လဲဆိုတာ ကျွန်တော်တို့ တကယ် မသိပါဘူး အသေးစိတ်ကိုလည်း ကျွန်တော်တို့ မသိပါဘူးခင်ဗျာ”

ဟု သူတို့က အော်ဟစ် ငိုယိုကြသည်။

​ဖန်ချန်က ဆန်းကြယ်သော အပြုံးတစ်ခု ပြလိုက်သည်။

“ငါ မှားမနေဘူးဆိုရင် တပ်မှူးလျိုက အခုဆို ထွက်ပြေးနေလောက်ပြီ ငါ ပြောတာ မှန်တယ် မဟုတ်လား”

​နျူကျူး ၏ မျက်လုံးများတွင် အံ့အားသင့်ရိပ်များ ဖြတ်ပြေးသွားကာ ဖန်ချန်ကို မှင်တက်စွာ စိုက်ကြည့်နေမိသည်။

ရဲရင့်သောစောင့်တပ်ထဲမှာ သတင်းပေးတစ်ယောက်ယောက် ရှိနေတာလား

​“တပ်မှူးလျိုဟာ မနေ့က မြို့တော်ကနေ ထွက်ပြေးသွားခဲ့ပြီး သူ အခု ဘယ်မှာလဲဆိုတာ မသိရသေးပါဘူး တပ်မှူးကြီးက ကျွန်တော်တို့ အစောင့်အားလုံးကို သူ့ကို ဘယ်လိုနည်းနဲ့မဆို ရှာဖွေဖမ်းဆီးဖို့ အမိန့်ပေးထားပါတယ်”

ဟု နျူကျူးက လေးစားစွာ တင်ပြလိုက်သည်။

​“နားလည်ပြီ ဒီနှစ်ယောက်ကို မဟာတောက်ပမှုဗျူရိုကို ပို့ပြီး စစ်မေးခိုင်းလိုက်”

ဖန်ချန်က အမိန့်ပေးလိုက်သည်။

​နျူကျူးမှာ ထိုစကားကို ကြားရသဖြင့် လုံးဝ အံ့ဩပုံမရပေ။ သူသည် ထိုစကားကို ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။

ထိုလူနှစ်ဦးသည် မဟာတောက်ပမှုဗျူရိုနှင့် ဖန်ချန်ကို ပြစ်မှားခဲ့မိသဖြင့် ကံဆိုးမည့်သူများ ဖြစ်သည်။

တပ်မှူးလျို ထွက်ပြေးသွားပြီဖြစ်သောကြောင့် သူတို့သည် ထိုအမှုတစ်ခုလုံးအတွက် ဓားစာခံ များ ဖြစ်လာမည်ဖြစ်ပြီး နှစ်ဖက်စလုံး၏ ဒေါသကို ခံရမည့်သူများ ဖြစ်သည်။

​ယွမ်ကျန်းသည် ဖန်ချန်က နျူကျူးကို မဟာတောက်ပမှုဗူရို သို့ သွားခိုင်းလိုက်သည်ကို ကြားသောအခါ မျက်လုံးများ တောက်ပသွားပြီး

“အကောင်းဆုံးပဲ နျူကျုး မင်း မဟာတောက်ပမှုဗျူရိုကို သွားမှာဆိုတော့ ငါတို့လည်း မင်းနဲ့အတူ လိုက်ခဲ့မယ်”

ဟု ဆိုသည်။

​နျူကျွယ်ကလည်း ငြင်းဆန်ပုံမရဘဲ ပြုံးလျက်

“ဒါဆိုရင်လည်း လမ်းပြပေးပါဦး”

ဟု ပြောလိုက်သည်။

​သူတို့ ထွက်သွားသောအခါ ထျဲမ သည် ဖန်ချန်အနားသို့ လျှောက်လာပြီး ဇဝေဇဝါ ဖြစ်နေသော မျက်လုံးများဖြင့် မေးလိုက်သည်

“သခင်လေး ရဲရင့်သောဓားစောင့်တပ်ရဲ့ လုပ်ရပ်က ဘာကို ဆိုလိုတာလဲ”

​“သူတို့ရဲ့ ဆိုလိုရင်းလား အင်း... သူတို့က ငါ့ကို တပ်မှူးလျိုထက် ပိုပြီး စုံစမ်းမနေဖို့ သတိပေးနေတာပဲ ဒီကာလအတွင်းမှာ အရာရှိ တော်တော်များများ ရာထူးက ထုတ်ပယ်ခံရပြီး တရားရေးဝန်ကြီးဌာနရဲ့ ထောင်ထဲကို ရောက်သွားလိမ့်မယ်လို့ ငါ ခန့်မှန်းမိတယ်”

ဟု ဖန်ချန်က ခပ်ဖျော့ဖျော့ ပြုံးရင်း ပြောလိုက်သည်။

တပ်မှူးလျို၏ ထွက်ပြေးမှုနှင့် သူ၏ လက်အောက်ငယ်သားများကို စတေးလိုက်မှုမှာ နန်းတော်ထဲမှ ပေးပို့လိုက်သော လျှို့ဝှက်သတင်းစကား တစ်ခုဖြစ်သည်။

ရှောင်ရှန်ချဲ့က နျူကျူးကို သီးသန့်လွှတ်လိုက်ခြင်းမှာ သူ၏နောက်ကွယ်မှ ထောက်ပံ့ထားသူမှာ နန်းတော်မှ တစ်စုံတစ်ယောက် ဖြစ်ပြီး ထိုသူမှာ သူတို့ မပတ်သက်သင့်သည့် သူမျိုးဖြစ်ကြောင်း ပြသနေခြင်း ဖြစ်သည်။

​“အိမ်ရှေ့စံမင်းသားကို သေချာ စောင့်ကြည့်ခိုင်းထားပါ သူ ငါ့ကို ပစ်မှတ်ထားတာက ငါ့အပေါ် ထားတဲ့ ကိုယ်ရေးကိုယ်တာ ရန်ငြိုးကြောင့်လား ဒါမှမဟုတ် သူကိုယ်တိုင်ပဲ ဒီကိစ္စတွေမှာ တကယ် ပါဝင်နေတာလားဆိုတာ ငါ သိချင်တယ်”

ဟု ဖန်ချန်က ညွှန်ကြားလိုက်သည်။

​ထျဲမ က ခပ်ဖွဖွ ခေါင်းငြိမ့်လိုက်သည်။

“ကျွန်တော်တို့ သူ့ကို အမြဲ စောင့်ကြည့်နေပါတယ်”

​ရက်အနည်းငယ် ကြာပြီးနောက်...

​ဒုတိယဝန်ကြီး ချင်နှင့် ပတ်သက်သည့် အမှုမှာ နောက်ဆုံးတွင် ပေါက်ကွဲထွက်လာခဲ့ပြီး ဝန်ကြီးဌာန ခြောက်ခုတွင် တာဝန်ထမ်းဆောင်နေသော အရာရှိပေါင်း ဒါဇင်နှင့်ချီ၍ ပါဝင်ပတ်သက်နေကြောင်း တွေ့ရှိရသည်။

ရလဒ်အနေဖြင့် မြို့တော်ရှိ ဩဇာကြီးသော မိသားစုများစွာမှာ ဝင်ရောက်စီးနင်း ရှာဖွေခြင်း ခံခဲ့ရသည်။

​မဟာရှ ပြည်သူများကလည်း အင်ပါယာအတွင်းရှိ ကရုဏာဂေဟာ အများအပြားမှာ တရားမဝင် လုပ်ရပ်များတွင် ပါဝင်ပတ်သက်နေပြီး အပြစ်မဲ့ ပြည်သူများစွာ သေဆုံးခဲ့ရကြောင်း သိရှိသွားကြသည်။

သို့သော် အစိုးရက အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ခြင်း မပြုပေ။

ထိုအပြစ်မဲ့သူ အချို့မှာ အမှန်တကယ်တွင် မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံသူများ ဖြစ်ကြောင်းကို သူတို့ လျှို့ဝှက်ထားရန် ရွေးချယ်ခဲ့ကြသည်။

​ထို့ပြင် တပ်မှူးလျိုမှာလည်း မဟာရှ အာဏာပိုင်များ၏ ဝရမ်းထုတ်ခြင်းကို ခံထားရသော ထွက်ပြေးတရားခံ တစ်ဦး ဖြစ်လာခဲ့သည်။

​…

​ဖန်အိမ်တော်

​ဖန်ချန်သည် စုတ်တံကို ကိုင်လျက် ရှေ့ရှိ အဆောင်စက္ကူပေါ်တွင် ရေးဆွဲနေသည်။

ကောင်းကင်နှင့် မြေကြီးမှ ဝိညာဉ်စွမ်းအင် များသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်နေပြီး နောက်ထပ် မသေမျိုး သွေးကြော တစ်ခုအဖြစ် တဖြည်းဖြည်း စုစည်းလာသည်။

သူ၏ စတုတ္ထမြောက် မသေမျိုးသွေးကြော စုစည်းမှု ပြီးဆုံးသွားသောအခါ သူ၏ ဝိညာဉ်စွမ်းအင် ပမာဏမှာ သိသိသာသာ တိုးတက်လာခဲ့သည်။

​သူ၏ စွမ်းအင်အသစ်ကို ခံစားရင်း ဖန်ချန်က သက်ပြင်းတစ်ချက် ချလိုက်သည်။

“ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၄ မသေမျိုးကျင့်ကြံခြင်းဆိုတာ တကယ်ကို ရိုးရှင်းတာပဲ”

​ယခု သူ၏ စွမ်းအားမှာ အရင်က သူ ပြသနာမဖြစ်ခင်က ရှိခဲ့သော စွမ်းအားနှင့် အကြမ်းဖျင်း ညီမျှနေပြီ ဖြစ်သည်။

ကွာခြားချက်မှာ အရင်က အတွင်းအား အစား ယခုအခါ ဝိညာဉ်စွမ်းအင် ကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

​“ဒီတစ်ခါ တိုးတက်မှုက အရင်အခေါက်ထက် ရက်အနည်းငယ် ပိုကြာသွားတယ် အဆင့်မြင့်လာလေလေ ပိုခက်ခဲလာလေလေ ဖြစ်မှာပဲ ဒါပေမဲ့ ကိစ္စမရှိပါဘူး ချီသန့်စင်ခြင်း အဆင့် ၁၂ ကို ရောက်ဖို့ သိပ်မကြာတော့ပါဘူး အဲဒီအဆင့်ကို ရောက်ရင် တာအိုသုံးထောင်ဂိုဏ်း ကို သွားပြီး သူတို့နဲ့ ပူးပေါင်းမယ် မဟာရှက ကိစ္စတွေကိုတော့ မကြာခင် အဆုံးသတ်ရတော့မှာပဲ”

ဖန်ချန်က သူ၏ သိုလှောင်လက်စွပ်အတွင်းကို ကြည့်ရင်း တွေးတောနေသည်။

သစ်သားရုပ်သေးရုပ်၊ နဂါးပုဆိန်တုတ်နှင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ရာတို့မှာ လက်စွပ်၏ ဘေးတစ်ဖက်တွင် သပ်ရပ်စွာ စုပုံနေသည်။

ထို့နောက် ၎င်းတို့အနားရှိ အလယ်အလတ်စား ခရမ်းရောင် လျှပ်စီးအဆောင် နှစ်ရာကို သူ ကြည့်လိုက်သည်။

ထိုပမာဏကို မြင်သောအခါ သူသည် နောက်ပိုင်းတွင် အဆောင်ရေးဆွဲရန် ကုန်ကြမ်းများ ပြတ်လပ်လာနိုင်ကြောင်း သတိပြုမိလိုက်သည်။

​သူ၏ သိုလှောင်လက်စွပ်ထဲရှိ အလယ်အလတ်စား အဆောင်များအပြင် ဖန်ချန်သည် လျှို့ဝှက်အစောင့်တပ်ဖွဲ့ဝင် အများအပြားကို အဆင့်နိမ့် အဆောင်ငါးရာ ဖြန့်ဝေပေးထားပြီး ဖြစ်သည်။

​သူသည် ဟွမ်စီဟိုင်၊ ထျဲမ၊ ရွှီဂီ နှင့် နတ်သမီးယွီ တို့ကိုမူ အလယ်အလတ်စား အဆောင်များ ပေးထားခဲ့သည်။

​သူတို့မှာ ကိုယ်ခံပညာရှင်များ ဖြစ်ကြပြီး သူတို့၏ ကျင့်ကြံခြင်းမှာ ချီပေါက်ကွဲခြင်းမှ ချီထိန်းချုပ်ခြင်းအထိ ကွဲပြားနေသော်လည်း သူတို့၏ တကယ့် တိုက်ခိုက်ရေးစွမ်းအားမှာ ချီသန့်စင်ခြင်း အဆင့် ၄ သို့မဟုတ် ၅ ရှိသူနှင့် နှိုင်းယှဉ်နိုင်သည်။

တကယ်လို့ သူတို့ စုပေါင်းလိုက်ပါက အဆင့် ၆ ရှိသူပင်လျှင် ထိုမျှများပြားသော အလယ်အလတ်စား ခရမ်းရောင်လျှပ်စီးအဆောင်များ၏ ဒဏ်ကို တောင့်ခံနိုင်မည် မဟုတ်ပေ။

​မဟာရှ လျှို့ဝှက်အစောင့်တပ်၏ စုစုပေါင်း အင်အားမှာ မသိမသာဖြင့် ထိတ်လန့်ဖွယ်ရာ အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။

​ရုတ်တရက် ထျဲမသည် အခန်းထဲတွင် ပေါ်လာပြီး သတင်းပို့သည်

“သခင်လေး လုံတု က သံတမန်တွေ ရောက်လာပါပြီ”

All Chapters