← Chapters

အခန်း (၅၇၇-၅၇၈)

Vol. 58 Ch. 577-578

အခန်း (၅၇၇-၅၇၈)

Vol. 58 Ch. 577-578

အခန်း ၅၇၇ - အရောင်းအဝယ်တစ်ခု

ချင်သခင်မ လာရောက်ရခြင်း၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်။

သူမသည် နေမင်းသီး ကို အသုံးချ၍ မသေမျိုးချင်မျိုးနွယ်နှင့် လန်ယာမျိုးနွယ်ကြားက ရန်ငြိုးကို ဖြေဖျောက်လိုခြင်းပင်။

ဖန့်ချန်အတွက်မူ ထိုကိစ္စတွင် ပါဝင်ပတ်သက်ပေးရန် ဝန်မလေးပေ။

ဝိညာဉ်သွေးဂိုဏ်း၏ အကြံအစည်များကို နှောင့်ယှက်ဖျက်ဆီးနိုင်သရွေ့ သူကူညီရန် အသင့်ရှိနေသည်။

သူ၏ စိတ်အာရုံထဲတွင် မှန်ချပ်လေး က တိုးတိုးလေး ပြောလိုက်သည်။

"နေမင်းသီးဆိုတာ မူလအသီး လိုမျိုး မဟုတ်ဘူး သူက ဘေးဒုက္ခတွေကို တိုက်ရိုက် အဆုံးသတ်ပေးနိုင်တဲ့အပြင် တန်ဖိုးကလည်း အဆမတန် မြင့်မားတယ်"

"ကောင်းကင်အဆင့် ဝိညာဉ်ဆေးပင်တွေထဲမှာတောင် ထိပ်ဆုံးက ပါဝင်ပြီး ကျင့်ကြံသူတွေက သူတော်စင်အဆင့် ဆေးပင်လို့တောင် သတ်မှတ်ထားကြတာ"

"ဒါတွေ ထားပါဦး ဝယ်မယ်ဆိုရင် ဝိညာဉ်ကျောက် ဘယ်လောက် ပေးရမလဲ"

ဖန့်ချန်က စိတ်ထဲမှ မေးလိုက်သည်။

"အလယ်အလတ်အဆင့် ဝိညာဉ်ကျောက် တစ်ရာ "

ဖန့်ချန် ခေတ္တမျှ တွေးတောသွားသည်။

အလယ်အလတ်အဆင့် ဝိညာဉ်ကျောက် တစ်ရာဆိုသည်မှာ မနည်းလှသော ပမာဏပင်။

ဖေ့ချင်းဖုန်း၏ စကားကို ကြားပြီးနောက် ချင်သခင်မသည် ပိုမိုအားငယ်သွားကာ မိမိကိုယ်ကိုယ် လှောင်ပြောင်သော အပြုံးဖြင့် ရေရွတ်လိုက်သည်။

"ငယ်ရွယ်တဲ့ တာအိုကျင့်ကြံသူလေး တစ်ယောက်က ဒီနေရာမှာ ငါ့သားရဲ့ ဘေးဒုက္ခကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ပြောလို့ ငါလာခဲ့တာ အခုတော့ အဲဒီလူရဲ့ ကျင့်စဥ်ပညာက မပြည့်စုံသေးဘူးထင်ပါရဲ့"

"သခင်မကြီး ကျွန်တော်တို့ ပြန်ရောက်တာနဲ့ အဲဒီ လိမ်ညာတဲ့ တာအိုကျင့်ကြံသူကို အပြစ်ပေးလိုက်ပါ့မယ်"

ဟု ဟယ်ပိုင်ယန်က ဆိုသည်။

ချင်သခင်မက ခေါင်းယမ်းလိုက်သည်။

"မလိုပါဘူး သူက စေတနာနဲ့ ပြောခဲ့တာပဲလေ"

ထို့နောက် သူမသည် ဖေ့ချင်းဖုန်းကို နှုတ်ဆက်ကာ သူမ၏ အခြွေအရံများနှင့်အတူ ထွက်ခွာရန် ပြင်လိုက်သည်။

"သခင်မကြီး ခဏလောက် စောင့်ပါဦး"

ဖန့်ချန်က ရုတ်တရက် လှမ်းပြောလိုက်သည်။

ဖေ့ချင်းဖုန်းသည် အံ့သြသွားကာ ဖန့်ချန်ကို ကြည့်လိုက်သည်။

'ဦးလေးရှစ်က သူမကို ဘာလို့ တားတာလဲ'

ချင်သခင်မသည်လည်း သံသယဖြင့် လှည့်ကြည့်လာသည်။

"မင်း တစ်ခုခု ပြောစရာ ရှိလို့လား"

"သခင်မကြီးဆီမှာ တကယ်လို့ နေမင်းသီး ရှိခဲ့မယ်ဆိုရင် မျိုးနွယ်စုနှစ်ခုကြားက ရန်ငြိုးကို တကယ် ဖြေရှင်းနိုင်မှာလား"

ဖန့်ချန်က မေးလိုက်သည်။

ချင်သခင်မ၏ မျက်ဝန်းများ တောက်ပသွားကာ ခေါင်းညိတ်ပြသည်။

"အင်း အဲဒါရှိရင်တော့ ဖြေရှင်းနိုင်မှာ အမှန်ပဲ"

"တကယ်လို့ ချင်မျိုးနွယ်နဲ့ လန်ယာမျိုးနွယ် စစ်ဖြစ်ကြရင် ချင်မျိုးနွယ် တစ်ခုလုံး ထိခိုက်မှာပေါ့"

ချင်သခင်မ၏ မျက်နှာ ပိုမိုလေးနက်သွားသည်။

"သေချာတာပေါ့ ဒါ့အပြင် တခြားမျိုးနွယ်စုတွေပါ ဒီစစ်ပွဲထဲ ပါလာနိုင်တယ် အဲဒီအခါကျရင် ဖြစ်လာမယ့် ဆုံးရှုံးမှုတွေက ကြီးမားလိမ့်မယ်"

ဟယ်ပိုင်ယန်၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"မင်း ဘာပြောချင်တာလဲ စကားကို ဝှေ့ဝိုက်မနေနဲ့တော့"

ဖန့်ချန်က ပြုံးလိုက်ပြီး

"သခင်မကြီး ကျွန်တော်နဲ့ အရောင်းအဝယ်တစ်ခု လုပ်မလား"

ဟု မေးလိုက်သည်။

"အရောင်းအဝယ် မင်းနဲ့လား"

ချင်သခင်မက ဖန့်ချန်ကို သံသယဖြင့် ကြည့်လိုက်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့်လောက်ရှိတဲ့ ကျင့်ကြံသူလေးတစ်ယောက်က သူမလို ဝိညာဥ်သန္ဓေသားအဆင့်ကို ဘာအရောင်းအဝယ် ကမ်းလှမ်းနိုင်မှာလဲ

"မင်းက တော်တော် သတ္တိကောင်းတာပဲ အခြေခံတည်ဆောက်ခြင်းအဆင့်လောက်နဲ့ ငါတို့ သခင်မကြီးကို အရောင်းအဝယ် လုပ်ဖို့ အရည်အချင်းရှိတယ်လို့ ထင်နေတာလား"

ဟယ်ပိုင်ယန်က အေးစက်စွာ ခြိမ်းခြောက်လိုက်သည်။

သူ၏ အရှိန်အဝါများမှာ ပြင်းထန်လာပြီး အစောင့်များကလည်း ဖန့်ချန်ဆီသို့ တိုးလာကြသည်။

ဖေ့ချင်းဖုန်းသည် ဖန့်ချန်၏ ရှေ့တွင် ရပ်လိုက်ကာ

"ကျွန်တော့် ဦးလေးရှစ်က အကြောင်းမဲ့ စကားပြောတဲ့သူ မဟုတ်ဘူး သခင်မကြီးနဲ့ ဦးလေးရှစ်ကြားက ကိစ္စကို မနှောင့်ယှက်တာ ကောင်းလိမ့်မယ်"

ဟု တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

တင်းမာမှုများ မြင့်တက်နေစဉ် ချင်သခင်မက သူမ၏ လက်ကို မြှောက်ကာ တားဆီးလိုက်သည်။

"ကောင်းပြီ... ပြောပါဦး"

"ဒီနေရာက စကားပြောဖို့ မသင့်တော်ဘူး အတွင်းဆောင်ကို ခဏလောက် ကြွပါ"

ဖန့်ချန်က ပြုံးကာ ဖိတ်ခေါ်လိုက်သည်။

ချင်သခင်မက ခေါင်းညိတ်ကာ လိုက်ပါသွားသည်။

ဟယ်ပိုင်ယန်က လိုက်ရန် ပြင်သော်လည်း ဖန့်ချန်က တားမြစ်လိုက်သည်။

"မင်း မလိုက်ခဲ့နဲ့ ဒီအရောင်းအဝယ်က အရမ်းအရေးကြီးလို့ သခင်မကြီး တစ်ယောက်တည်းနဲ့ပဲ ဆွေးနွေးမှာ"

ဟယ်ပိုင်ယန် ဒေါသထွက်သွားသော်လည်း ချင်သခင်မက

"ရပါတယ် ငါက ဝိညာဥ်သန္ဓေသားအဆင့်ပဲ ဒီမှာ ငါ့ကို ဒုက္ခပေးနိုင်တဲ့သူ မရှိပါဘူး"

ဟု ဆိုကာ ဖန့်ချန်နောက်သို့ လိုက်သွားတော့သည်။

အတွင်းဆောင်သို့ ရောက်သောအခါ ချင်သခင်မက တိုက်ရိုက်ပင် မေးလိုက်သည်။

"သခင်လေး မင်းပြောတဲ့ အရောင်းအဝယ်က နေမင်းသီးနဲ့ ပတ်သက်နေတာလား"

"ခဏလောက် စောင့်ပါဦး"

ဖန့်ချန်က ဆိုကာ မျက်လုံးမှိတ်၍ တိတ်ဆိတ်သွားသည်။

တကယ်တော့ ဖန့်ချန်သည် သူ၏ ဝိညာဉ်အာရုံ ကို အသုံးပြုကာ အပြင်ဘက်ရှိ ဟယ်ပိုင်ယန်နှင့် အစောင့်များကို စောင့်ကြည့်နေခြင်း ဖြစ်သည်။

သူ စမ်းသပ်လိုသည်မှာ ထိုလူများထဲတွင် ချင်နယဲ့ သို့မဟုတ် ဝိညာဉ်သွေးဂိုဏ်းက လွှတ်ထားသည့် သူလျှို ပါ၊ မပါပင်။

ဟယ်ပိုင်ယန်သည် ရုပ်ထုများကို ကြည့်ကာ ငြိမ်သက်နေသော်လည်း အစောင့်တစ်ဦးကတော့ လျှို့ဝှက်စွာဖြင့် သတင်းပို့စာစောင် တစ်ခုကို အသုံးပြုလိုက်သည်ကို ဖန့်ချန် မြင်လိုက်ရသည်။

အရာအားလုံး ရှင်းလင်းသွားပြီးနောက် ဖန့်ချန်က မျက်လုံးပြန်ဖွင့်ကာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ် နေမင်းသီးနဲ့ ပတ်သက်တာပါ"

ချင်သခင်မ၏ မျက်နှာ တောက်ပသွားသည်။

"မြန်မြန် ပြောပါဦး"

"ကျွန်တော် နေမင်းသီးရှိတဲ့နေရာကို ပြောပြနိုင်တယ် ဒါပေမဲ့ သခင်မကြီးဘက်က ပေးမယ့် ဆုလာဘ်က ကျွန်တော့်ကို စိတ်ကျေနပ်မှု ပေးနိုင်မလားဆိုတာ ကြည့်ရဦးမယ်"

စိတ်ထဲမှ မှန်ချပ်လေးကတော့ စိတ်လှုပ်ရှားစွာ အကြံပေးနေသည်။

"အစ်ကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက် နှစ်ရာလောက် တောင်းလိုက်ပါ ကျွန်တော်တို့ တစ်ရာ မြတ်တာပေါ့"

သို့သော် ဖန့်ချန်ကမူ

"အလယ်အလတ်အဆင့် ဝိညာဉ်ကျောက် တစ်ရာ ပါ"

ဟုသာ ပြောလိုက်သည်။

ချင်သခင်မ မျက်မှောင်ကြုတ်သွားသည်။

"ဒါက မနည်းတဲ့ ပမာဏပဲ တကယ်လို့ ငါ ဝိညာဉ်ကျောက်တွေ ပေးရင် မင်း ငါ့ကို နေမင်းသီး ပေးနိုင်မှာလား"

ဖန့်ချန်က ခေါင်းယမ်းလိုက်သည်။

"ကျွန်တော် တိုက်ရိုက် မပေးနိုင်ဘူး ဒါပေမဲ့ ရှိတဲ့နေရာကို ပြောပြမယ် ရ၊ မရ ဆိုတာကတော့ သခင်မကြီးရဲ့ စွမ်းဆောင်ရည်ပေါ်မှာပဲ မူတည်လိမ့်မယ်"

"ငါက မင်းကို ဘယ်လို ယုံရမှာလဲ မင်း နေရာကို အရင်ပြော ငါ အသီးရမှ ဝိညာဉ်ကျောက်တွေ ပေးမယ်"

ချင်သခင်မက ကမ်းလှမ်းသည်။

ဖန့်ချန်က ပြုံးလိုက်ပြီး

"ချင်မျိုးနွယ်က အရမ်းအင်အားကြီးတယ် တကယ်လို့ သခင်မကြီးက အသီးရပြီးမှ ကတိဖျက်ခဲ့ရင် တာအိုတစ်ထောင်ဂိုဏ်းက ဘာလုပ်နိုင်မှာလဲ"

"ဒါ့အပြင် သခင်မကြီး နေမင်းသီးကို ရရင်တောင်မှ ဒါက ပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး အမြစ်ကို မဖြတ်နိုင်ရင် နောက်နောင်မှာ ဒီလိုကိစ္စမျိုးတွေ ထပ်ဖြစ်နေဦးမှာပဲ"

"မင်း ဘာကို ဆိုလိုတာလဲ"

ချင်သခင်မ၏ အကြည့်များ နက်ရှိုင်းသွားကာ သူမ၏ ပြင်းထန်သော အရှိန်အဝါများက ဖန့်ချန်ကို လွှမ်းခြုံသွားသည်။

သို့သော် ဖန့်ချန်ကတော့ မတုန်မလှုပ်ဘဲ လက်ဖက်ရည်ခွက်ကို အသာအယာ မပြီး တစ်ငုံသောက်လိုက်ပါတော့သည်။

အခန်း ၅၇၈ - ပူးပေါင်းခြင်း

"အသေးစိတ်ကို နားထောင်ချင်တယ်ဆိုရင်တော့ စိတ်ကိုအရင်လျှော့ပြီး သေချာနားထောင်ဖို့ ကျွန်တော် အကြံပေးချင်ပါတယ် သခင်မကြီး"

"တကယ်လို့ လက်ရှိကိစ္စကိုပဲ ဖြေရှင်းချင်တယ်ဆိုရင်တော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက် တစ်ရာကိုသာ ပေးလိုက်ပါ"

"ကျွန်တော်က အကျိုးအမြတ်မရှိရင် အလုပ်မလုပ်တတ်တဲ့သူမို့ ကျွန်တော်ပေးမယ့် သတင်းအချက်အလက်တွေက ဝိညာဉ်ကျောက် တစ်ရာနဲ့ ထိုက်တန်ပါတယ် ဈေးကိုလည်း ရမ်းတုတ်ထားတာ မဟုတ်ပါဘူး"

ဖန့်ချန်က လက်ဖက်ရည်ခွက်ကို ချလိုက်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

သူမ၏ ပြင်းထန်သော အရှိန်အဝါများ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး ချောမောလှပသော ချင်သခင်မသည် ဖန့်ချန်ကို စိုက်ကြည့်လာသည်။

"ပြောပါ ငါ နားထောင်မယ်"

"အခုဖြစ်နေတဲ့ ပြဿနာရဲ့ အရင်းအမြစ်က သခင်မကြီးရဲ့ သားတော်က သူ့ဘိုးဘေးဆီက နေမင်းသီး ကို ခိုးယူပြီး လန်ယာယွီ ကို ပေးခဲ့လို့ ဖြစ်တာ ဟုတ်တယ်မလား"

ဟု ဖန့်ချန်က ဆိုသည်။

"ဒီကိစ္စကို လူအများကြီး သိကြတာပဲ"

ချင်သခင်မက ခပ်အေးအေးပင် ပြန်ပြောသည်။

"မင်းပြောမှာက ဒါပဲဆိုရင်တော့ ဆက်ပြောနေဖို့ မလိုတော့ဘူး"

"နေမင်းသီး ဆိုတာ တာအိုပေါင်းစပ်ခြင်း အဆင့် မှာတောင် ဘေးဒုက္ခကို ကျော်ဖြတ်နိုင်တဲ့ အဖိုးတန်ဆေး ဒီလိုမြင့်မြတ်တဲ့ ရတနာကို လုံခြုံရေး အထပ်ထပ်နဲ့ ကာကွယ်ထားမှာပဲ"

" သာမန်ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် ခိုးနိုင်မှာလဲ အဲဒီကျင့်ကြံသူက သခင်မကြီးရဲ့ သားတော် ဖြစ်နေရင်တောင်မှ ဒါက မဖြစ်နိုင်လောက်ဘူး မဟုတ်လား"

ဖန့်ချန်က ပြုံးလိုက်ရင်း ဆက်ပြောသည်။

"ဒီကိစ္စမှာ သခင်မကြီးရဲ့ သားမှာ ကြံရာပါ တစ်ယောက်ရှိရမယ် ဒါပေမဲ့ အဲဒီကြံရာပါရဲ့ ရည်ရွယ်ချက်က သခင်မကြီးရဲ့ သားကို ကူညီဖို့ မဟုတ်ဘူး ဆန့်ကျင်ဘက်အနေနဲ့ သူ့ကို ဒုက္ခပေးဖို့ ဖြစ်လိမ့်မယ်"

ချင်သခင်မ၏ မျက်ဝန်းများ လှုပ်ခတ်သွားပြီး ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်သည်။

"ဒီကိစ္စဖြစ်ပြီးကတည်းက ငါတို့လည်း ပုံမှန်မဟုတ်တာတစ်ခုခုကို သတိထားမိခဲ့တယ် ငါ့ရဲ့ အသုံးမကျတဲ့သားက အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်ပဲ ရှိတာ နေမင်းသီးကို ခိုးယူနိုင်စွမ်း မရှိဘူး"

"ဒါပေမဲ့ သူ့မှာ အပြစ်မရှိဘူးဆိုတဲ့ အထောက်အထား ငါတို့မှာ မရှိဘူး အပြစ်အားလုံးက သူ့အပေါ်မှာပဲ ပုံကျနေတာ"

"သူ့ကို အပြစ်ပေးခံရတာကနေ ကယ်တင်ဖို့နဲ့ မျိုးနွယ်စုရဲ့ ဘေးဖယ်ခြင်း မခံရအောင် လုပ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက နေမင်းသီးကို ပြန်ရှာပေးဖို့ပဲ"

သူမ ခေတ္တရပ်ကာ ဖန့်ချန်ကို အကဲခတ်ကြည့်လိုက်သည်။

"ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်ဘူး ငါ့အတွက် လိုအပ်တာက နေမင်းသီး တစ်လုံး ရှာပေးဖို့ပဲ"

ဖန့်ချန်က ခေါင်းကို ဖြည်းဖြည်းချင်း ယမ်းလိုက်သည်။

"တကယ်လို့ သခင်မကြီး တစ်လုံးရှာတွေ့ခဲ့ရင်တောင် အဲဒါကို လက်ဝယ်ထားနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် စိုးရိမ်မိတယ်"

ချင်သခင်မ မျက်မှောင်ကြုတ်သွားသည်။

"အဲဒါက ဘာကို ဆိုလိုတာလဲ"

"တစ်ယောက်ယောက်က သခင်မကြီးရဲ့ သားကို သေစေချင်နေတာ ဒီပြဿနာကို ဖြေရှင်းဖို့ နောက်ထပ် နေမင်းသီး တစ်လုံး ရှာတွေ့အောင် သူတို့က ဘယ်လိုလုပ် ခွင့်ပြုမှာလဲ"

ဖန့်ချန်က ခပ်မှိန်မှိန် ပြုံးလိုက်သည်။

"သခင်မကြီး...သခင်မကြီးရဲ့ သား ဒုက္ခရောက်သွားရင် ဘယ်သူက အကျိုးအမြတ် အများဆုံး ရမလဲဆိုတာ တွေးကြည့်ဖူးလား"

"အကျိုးအမြတ်လား သဘာဝကျကျ ပြောရရင်တော့ ချင်နယဲ့ ပဲပေါ့"

ဟု ချင်သခင်မက အလိုအလျောက် ဖြေလိုက်သည်။

သို့သော် ခေတ္တအကြာတွင် ခေါင်းယမ်းလိုက်ပြန်သည်။

"ဒါပေမဲ့ ဒါက သူနဲ့ မဆိုင်ပါဘူး သူက ရင့်ကျက်တဲ့သူပါ၊ ဒီလိုလုပ်ရင် မျိုးနွယ်စုနှစ်ခု စစ်ဖြစ်ပြီး ဆိုးကျိုးတွေ အများကြီး ဖြစ်လာမယ်ဆိုတာ သူသိတယ် ငါ့သားကို ဒုက္ခပေးချင်ရင်တောင် ဒီလောက်အထိ လုပ်စရာ မလိုပါဘူး"

ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။

ချင်နယဲ့အပေါ် သံသယဝင်ဖို့ဆိုတာ မိခင်ရင်းဖြစ်သူအတွက်တောင် မဖြစ်နိုင်တဲ့ ကိစ္စပင်။

ချင်မျိုးနွယ်စုရဲ့ အမြင်မှာ ချင်နယဲ့က ဒီလိုလုပ်ဖို့ အကြောင်းပြချက် မရှိပေ။

"ဒါပေမဲ့ ချင်နယဲ့ရဲ့ ရည်ရွယ်ချက်က သခင်မကြီးရဲ့ သားကို ဒုက္ခပေးဖို့တင် မဟုတ်ဘဲ၊ မျိုးနွယ်စုနှစ်ခုကြား စစ်ပွဲဖြစ်အောင် ဖန်တီးဖို့ဆိုရင်ကော သခင်မကြီးရဲ့ သားက သူ့ရဲ့ ကြီးမားတဲ့ အစီအစဉ်ထဲက အသုံးချခံ နယ်ရုပ်လေး တစ်ရုပ်ပဲ ဆိုရင်ကော"

ဖန့်ချန်က တည်ငြိမ်စွာ ဆိုသည်။

"မင်း ဘာတွေပြောနေတာလဲဆိုတာ သိရဲ့လား"

ချင်သခင်မ၏ မျက်နှာမှာ အေးစက်တင်းမာသွားသည်။

"ချင်နယဲ့က မျိုးနွယ်စုနှစ်ခုကြား စစ်ပွဲဖြစ်အောင် လုပ်ချင်နေတယ် ဟုတ်လား"

ဖန့်ချန်က ဆက်ပြောသည်။

"ဒီကိစ္စက ချင်နယဲ့အတွက် အကျိုးကျေးဇူး အများကြီး ရှိတယ် သူက ဒါကို ခြေကုပ်ယူပြီး ရွှေအမြုတေအဆင့်ကို အောင်မြင်အောင် တက်လှမ်းမယ်၊ ပြီးရင် ချင်မျိုးနွယ်ရဲ့ နောက်ထပ် အကြီးအကဲဖြစ်ဖို့ တရားဝင် လမ်းစပွင့်သွားမယ်"

"နောက်ဆုံးမှာ မျိုးနွယ်စုတစ်ခုလုံးကို ထိန်းချုပ်လိမ့်မယ် အဲဒီအခါမှာ သခင်မကြီးနဲ့ သခင်မကြီးရဲ့ သားအတွက် ရလဒ်က ကောင်းမှာ မဟုတ်ဘူး"

"မဖြစ်နိုင်တာ၊ မင်း လျှောက်ပြောနေတာပဲ"

ချင်သခင်မ ရုတ်တရက် ထရပ်လိုက်သည်။

သူမ၏ အကြည့်တွင် လူသတ်လိုသည့် အရိပ်အယောင်များ ပေါ်လာသည်။

"မင်းရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ"

ဖန့်ချန်က အေးအေးဆေးဆေးပင် ပြန်ဖြေသည်။

"ချင်နယဲ့ က ဝိညာဉ်သွေးဂိုဏ်း က ကျင့်ကြံသူတစ်ယောက်ပဲ သူက အပြာရောင်တာအိုနယ်မြေ တစ်ခုလုံးကို ရှုပ်ထွေးအောင် လုပ်နေတာ"

"ဒီနယ်မြေကို ဒုက္ခပင်လယ်ထဲ တွန်းပို့ပြီး ဝိညာဉ်သွေးဆေးလုံး တွေ ဖော်စပ်ဖို့နဲ့ ဝိညာဉ်သွေးဂိုဏ်းမှာ နေရာရဖို့ လုပ်နေတာ သခင်မကြီးတို့ သားအမိက သူ့ရဲ့ အစီအစဉ်ကြီးထဲမှာ အရေးမပါတဲ့ နယ်ရုပ်လေးတွေပဲ"

"ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းချင်ရင် သော့ချက်က နေမင်းသီး မဟုတ်ဘူး၊ ချင်နယဲ့ ကိုယ်တိုင်ပဲ"

"မဟုတ်ရင်တော့ သခင်မကြီး နေမင်းသီးကို ရရင်တောင် ဝိညာဉ်သွေးဂိုဏ်းက ပါဝင်ပတ်သက်လာရင် အဲဒါကို လက်ဝယ်ထားနိုင်မှာ မဟုတ်ဘူး"

ချင်သခင်မသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဆွံ့အသွားပြီး ရှော့ ရသွားသည့်ပုံစံဖြင့် ထိုင်ခုံပေါ် ပြန်ထိုင်လိုက်သည်။

သူမသည် ဘာမှမပြောဘဲ အတိတ်က အဖြစ်အပျက်တွေကို ပြန်စဉ်းစားနေပုံရသည်။

ခေတ္တအကြာတွင် သူမ တိုးတိုးလေး ရေရွတ်လိုက်သည်။

"ချင်နယဲ့ စပြီး ကျင့်ကြံတုန်းက သူ့ပါရမီက သိပ်မထူးခြားဘူး ငါ့သား ဖုန်းအာ ရဲ့ ပါရမီက သူ့ထက်တောင် သာသေးတယ် ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ချင်နယဲ့ရဲ့ ပါရမီက သိသိသာသာ တိုးတက်လာခဲ့တယ်"

"မျိုးနွယ်စုက သူ့ကို ချီးကျူးလာကြပြီး ဖုန်းအာရဲ့ အဖေကတောင် သူ့ကို အမွှမ်းတင်လာခဲ့တယ် အဲဒီနောက်ပိုင်း ဖုန်းအာက ကျင့်ကြံခြင်းကို စိတ်ကုန်ပြီး လျှောက်သွားနေတော့တာပဲ"

ချင်သခင်မက ဖန့်ချန်ကို ကြည့်လိုက်သည်။

"ဝိညာဉ်သွေးဂိုဏ်းရဲ့ နည်းလမ်းတွေအကြောင်း ငါကြားဖူးတယ် ဝိညာဉ်သွေးဆေးလုံးက အတားအဆီးမရှိ ကျင့်စဉ်တိုးတက်စေတယ်ဆိုတာ မှန်ရင် ချင်နယဲ့ အခုလို မြန်မြန်ဆန်ဆန် တိုးတက်လာတာက အဓိပ္ပာယ်ရှိသွားပြီ ဒါပေမဲ့ မင်းက ဒါတွေကို ဘယ်လိုသိနေတာလဲ"

"ကျွန်တော်နဲ့ ဝိညာဉ်သွေးဂိုဏ်းကြားမှာ ရန်ငြိုးရှိတယ် သူတို့ကို လိုက်စုံစမ်းရင်း ချင်နယဲ့ရဲ့ ပါဝင်ပတ်သက်မှုကို တွေ့ခဲ့တာပါ"

ဟု ဖန့်ချန်က ခပ်မှိန်မှိန် ပြုံးရင်း ဖြေသည်။

ချင်သခင်မသည် ရှေ့က အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကို ယုံရမလား၊ မယုံရမလား ဝေခွဲမရ ဖြစ်နေသည်။

သို့သော် သူမ၏ စိတ်ထဲတွင် တစ်ခုခုကို သဘောပေါက်သွားသည်။

ဤလူငယ်သည် ထိုကဲ့သို့ လျှို့ဝှက်သတင်းများကို သိနေခြင်းမှာ သူ၏ နောက်ကွယ်တွင် အင်အားကြီးသော ပုဂ္ဂိုလ်တစ်ဦး ရှိနေသောကြောင့် ဖြစ်ရမည်။

"ကောင်းပြီ ငါတို့ ပူးပေါင်းကြမယ် ဝိညာဉ်ကျောက် တစ်ရာကိုလည်း ငါရှာပေးမယ်"

ဟု သူမက ဆုံးဖြတ်ချက် ချလိုက်သည်။ သူမအတွက် တခြားရွေးချယ်စရာ မရှိတော့ပေ။

"ဒါတွေ မလုပ်ခင်မှာ သခင်မကြီးရဲ့ လူတွေထဲမှာ ချင်နယဲ့အတွက် သတင်းပေးနေတဲ့ သူလျှို တစ်ယောက် ရှိနေတာကို သတိထားမိရဲ့လား"

ချင်သခင်မ ထိတ်လန့်သွားသည်။

"ချင်နယဲ့ရဲ့ သူလျှို ဟုတ်လား"

ဖန့်ချန်က ထိုလူ၏ ပုံပန်းသဏ္ဌာန်ကို ပြောပြလိုက်သည့်အခါ သူမ၏ မျက်နှာ ပျက်သွားသည်။

"သူက ငါ့နားမှာ နေလာတာ နှစ်အတော်ကြာပြီ သူက သူလျှို ဖြစ်နိုင်ပါ့မလား"

"တကယ်လို့ သခင်မကြီး မယုံဘူးဆိုရင် နေမင်းသီးက သခင်မကြီးလက်ထဲ ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး"

ဖန့်ချန်က ခေါင်းယမ်းလိုက်သည်။

"ငါ မင်းကို ယုံတယ်"

သူမက ပြတ်သားစွာ ပြောလိုက်သည်။

"ငါ မင်းကို ချင်မျိုးနွယ်ဆီ ခေါ်သွားဖို့ အကြောင်းပြချက် တစ်ခု ရှာလိုက်မယ် မင်းက နေမင်းသီးကို ရှာဖို့ ကူညီပေးတဲ့သူအဖြစ် လူသိရှင်ကြား ဖြစ်စေပြီး၊ တကယ်တမ်းမှာတော့ ငါ တခြားလူကို လွှတ်ပြီး ရှာခိုင်းမယ် ဒါမှ မင်း ချင်နယဲ့နဲ့ နီးနီးကပ်ကပ် ရှိနေနိုင်မှာ မင်း ဘယ်လိုထင်လဲ"

ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။

"ဒါက တကယ့်ကို ကောင်းမွန်တဲ့ အစီအစဉ်ပဲ"

ဖန့်ချန်က အလွယ်တကူ သဘောတူလိုက်သည်ကို မြင်သောအခါ ချင်သခင်မ၏ ရင်ထဲတွင် နောက်ဆုံးကျန်နေသည့် သံသယများပါ ပျောက်ကွယ်သွားတော့သည်။

တကယ်လို့ သူသာ လိမ်နေမယ်ဆိုရင် ချင်မျိုးနွယ်စုဆီကို လိုက်ရဲမှာ မဟုတ်ပေ။

အခုတော့ သူမ၏ သားလေးအတွက် မျှော်လင့်ချက် ရောင်ခြည် သမ်းလာခဲ့ပြီ ဖြစ်သည်။

All Chapters