← Chapters

အခန်း ၂၀၀၃

Vol. 201 Ch. 2003

အခန်း ၂၀၀၃

Vol. 201 Ch. 2003

အခန်း (၂၀၀၃) နယ်မြေကိုးခု၏ နယ်စပ်ဂိတ်

​ဝတ်ရုံခရမ်းရောင် ဝတ်ဆင်ထားသည့် လူငယ်သည် အဝေးဆီမှ ရှေးဟောင်းတားမြစ်နယ်မြေ ဖြစ်သော ဟာလေယင်းကို စိုက်ကြည့်လိုက်ရင်း၊ မျက်နှာအမူအရာမှာ အေးစက်တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။

​"ငါ အဲဒီပေါ်မှာ... အတွင်းနယ်မြေ ရဲ့ အရှိန်အဝါ အစအနလေးတစ်ခုကို ခံစားမိနေတယ်၊ ဒါက သေဆုံးသွားခဲ့ပြီဖြစ်တဲ့ အတွင်းနယ်မြေတစ်ခုကနေ ပြောင်းလဲဖြစ်ပေါ်လာတာ ဖြစ်ရမယ်"

​သေဆုံးသွားခဲ့ပြီဖြစ်တဲ့ အတွင်းနယ်မြေကနေ ပြောင်းလဲဖြစ်ပေါ်လာတာ ဟုတ်လား...။

​တပ်မကြီးခြောက်ခု၏ ခေါင်းဆောင်များအားလုံး၏ မျက်နှာတွင် အလွန်တရာ တုန်လှုပ်ခြောက်ခြားသွားသည့် အရိပ်အယောင်များ ချက်ချင်း ထင်ဟပ်သွားခဲ့ရတော့သည်။

​သူတော်စင်အဆင့် တစ်ဦး သေဆုံးသွားခဲ့လျှင်ပင်၊ သူမသေဆုံးမီက သွန်းလုပ်ခဲ့သော အတွင်းနယ်မြေသည် ဤလောကထဲ၌ ဆက်လက်၍ တည်ရှိနေနိုင်ပါသေးသည်။

​သို့သော်လည်း နှစ်ပေါင်းများစွာ ကုန်ဆုံးလာသည့်အခါတွင်မူ ထိုအတွင်းနယ်မြေသည်လည်း တစ်စချင်း သေဆုံးသွားခဲ့ရပြီး၊ ဟင်းလင်ပြင်လောကကြီးထဲ၌ လွင့်မျောနေတတ်သည့် နယ်မြေသေ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတတ်ပေသည်။

​ထိုမှတစ်ဆင့် နောက်ထပ် နှစ်ပေါင်းများစွာ ကြာမြင့်လာသည့်အခါ၌ ထိုအတွင်းနယ်မြေသည် ဟင်းလင်ပြင်ထဲမှ ထွက်ပေါ်လာခဲ့ပြီး၊ ကြီးမားလှသော ကြယ်စုကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲကာ... ဝင်ရောက်သူတိုင်း သေဆုံးရမည့် တားမြစ်နယ်မြေကြီးတစ်ခု ဖြစ်လာခဲ့တော့သည်။

​ဤသည်မှာ အတွင်းနယ်မြေတစ်ခု၏ အရှင်သခင် သေဆုံးသွားပြီးနောက်တွင် ကြုံတွေ့ရမည့် အဆင့်ဆင့်သော ပြောင်းလဲမှု ဖြစ်စဉ်များပင် ဖြစ်ပေသည်။

​အကယ်၍သာ လက်ရှိ ၎င်းတို့ရှေ့မှောက်တွင် ရှိနေသည့် ကြယ်စုကြီးသည် အမှန်တကယ်ပင် သေဆုံးသွားခဲ့ပြီဖြစ်သော အတွင်းနယ်မြေတစ်ခု ဖြစ်ခဲ့မည်ဆိုပါက... ၎င်း၏ အရှင်သခင်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သက်သေပြနေခဲ့သည်။ ထိုသေဆုံးသွားခဲ့သည့် သက်တမ်းမှာ ထိုနေရာတွင် ရှိနေကြသည့် လူတိုင်း၏ သက်တမ်းထက်ပင် အဆမတန် များစွာ ပိုမိုမြင့်မားနေပေလိမ့်မည်။

​ဤသို့သော ဖြစ်တည်မှုမျိုးသည် အချို့သော နယ်ပယ်အသေးလေးများတွင်မူ... သူတော်စင်အဆင့်သို့ ဘယ်လိုနည်းနဲ့မျှ မတက်လှမ်းနိုင်ကြတော့သည့် ကျင့်ကြံသူများ၏ နောက်ဆုံး မျှော်လင့်ချက်အဖြစ် တည်ရှိနေတတ်ပေသည်။ ၎င်းတို့သည် အခြားသူများ သေဆုံးသွားခဲ့သည့် အတွင်းကမ္ဘာနယ်မြေကို လုယူသန့်စင်ခြင်းဖြင့် သူတော်စင်အဆင့်၏ ခွန်အားကို မနည်း အနိုင်နိုင် ရယူကျင့်ကြံတတ်ကြ၍ ဖြစ်ပေသည်။

​သို့သော်လည်း ဟင်းလင်ပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ ထဲတွင်မူ... ဤကဲ့သို့သော ကိစ္စရပ်များကို လုံးဝ ဥဿုံ ပြင်းထန်စွာ တားမြစ်ပိတ်ပင်ထားခဲ့သည်။

​မည်သူမဆို ဤသို့ လုပ်ဆောင်ဝံ့ခဲ့ပါက... ခုံသမာဓိရုံး ၏ ပြင်းထန်လှသော ပြစ်ဒဏ်စီရင်ခြင်းကို ခံရမည်ဖြစ်ပြီး၊ မည်သည့်နေရာသို့မျှ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပါချေ။

​"အရိပ်တပ်မခေါင်းဆောင်... မင်း စောစောက ပြောခဲ့တဲ့ စကားအရဆိုရင်တော့၊ နယ်မြေကိုးခု ထဲမှာ သေဆုံးသွားခဲ့ပြီဖြစ်တဲ့ အတွင်းကမ္ဘာနယ်မြေကနေ ပြောင်းလဲဖြစ်ပေါ်လာတဲ့ ကြယ်စုပေါင်း ရာချီပြီး ရှိနေတာပေါ့ ဟုတ်လား"

​ဝတ်ရုံခရမ်းရောင် ဝတ်ဆင်ထားသည့် လူငယ်က ရုတ်တရက် မေးမြန်းလိုက်သည်။

​လူတိုင်း၏ မျက်ဝန်းအစုံက ဝူရှင်းလင် ၏ ခန္ဓာကိုယ်ပေါ်သို့ တပြိုင်နက်တည်း ကျရောက်သွားခဲ့ကြရ၏။

​ဝူရှင်းလင်က ရှေ့သို့ တစ်လှမ်း တိုးလိုက်ရင်း အလွန်တရာ ရိုသေကိုင်းညွတ်စွာဖြင့် လျှောက်တင်လိုက်သည်။

​"အမှန်တကယ် ရှိပါတယ် "

​"ဒါဆိုရင်တော့... ငါတို့ အခု ရောက်နေတဲ့ နေရာက နယ်မြေကိုးခု ဖြစ်ဖို့ ရာခိုင်နှုန်း သေချာသလောက် ရှိနေပြီပဲ"

​ဝတ်ရုံခရမ်းရောင်နှင့် လူငယ်၏ မျက်ဝန်းထဲတွင် ခပ်ဖျော့ဖျော့ ပြုံးရယ်ခြင်း အရိပ်အယောင်လေးတစ်ခု ပေါ်ထွက်လာခဲ့ရသည်။

​"မင်းတို့တွေ အဲဒီကြယ်စုပေါ်ကို သွားပြီးတော့ တစ်ချက်လောက် စစ်ဆေးကြည့်လိုက်ကြဦး၊ အကယ်၍ အသက်ရှင်နေတဲ့သူတွေ ရှိနေသေးတယ်ဆိုရင်တော့... ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းဖို့ ခေါ်လာခဲ့ကြ"

​"မှန်လှပါ... သခင်လေး"

​တပ်မကြီးခြောက်ခု၏ ခေါင်းဆောင်များသည် ၎င်းတို့၏ လက်အောက်ငယ်သားများကို လုံးဝ ခေါ်ဆောင်သွားခြင်း မရှိဘဲ၊ ဟာလေးယင် ဆီသို့ တိုက်ရိုက် ပျံသန်းသွားခဲ့ကြတော့သည်။

​ဤကဲ့သို့သော နေရာမျိုးကို စုံစမ်းစစ်ဆေးရာတွင်... လူအင်အား အလုံးအရင်းဖြင့် သွားရောက်ရန် လုံးဝ မလိုအပ်ပါချေ၊ မဟုတ်ပါက ရန်သူက လှုပ်ရှားမှုကို ရိပ်မိသွားပြီး မြွေကို တုတ်နဲ့ခြောက်သလိုမျိုး ဖြစ်သွားနိုင်၍ ဖြစ်ပေသည်။

​……

​ကျွယ်မင်နန်းတော် မှ လာခဲ့သည့် နယ်မြေသစ်ရှာဖွေရေး အဖွဲ့တစ်ဖွဲ့သည်... လက်ရှိအချိန်တွင် လဟာလေယင်းပေါ်၌ လှည့်ကင်း လှည့်လည်နေခဲ့ကြသည်။

​ရွှမ်ဝမ် နယ်မြေသစ်ရှာဖွေရေးအဖွဲ့သည် ကျွယ်မင်နန်းတော်အတွင်းရှိ မျက်နှာသစ် အဖွဲ့အသစ်တစ်ခုဟု သတ်မှတ်နိုင်သော်လည်း၊ ၎င်းတို့၏ အတွေ့အကြုံမှာမူ သိပ်ပြီး နုနယ်လှသည်တော့ မဟုတ်ပါချေ၊ လွန်ခဲ့သော အချိန်က ဟာလေယင်းကို တိုက်ခိုက်သိမ်းပိုက်စဉ်အခါက တိုက်ပွဲတွင်လည်း ၎င်းတို့ ပါဝင်ဆင်နွှဲခဲ့ဖူးကြသည်။

​ထို့နောက်ပိုင်းတွင်လည်း ထိုက်ချန်းနယ်မြေ ၏ တိုက်ပွဲတွင် ထပ်မံပါဝင်ခဲ့ကြပြီး၊ယင်လောက၏ တိုက်ပွဲကြီးတွင်လည်း ပါဝင်ဆင်နွှဲခဲ့ဖူးကြသေးသည်။

​ပြောရမည်ဆိုပါက... မကြာသေးမီ နှစ်များအတွင်း ဖြစ်ပွားခဲ့သော ကြီးမားလှသည့် အဖြစ်အပျက်ကြီးများစွာကို ရွှမ်ဝမ်နယ်မြေသစ်ရှာဖွေရေးအဖွဲ့က အပြည့်အဝ ကြုံတွေ့ခဲ့ရခြင်းပင်။

​အထူးသဖြင့် ဟာလေယင်း၏ ထိုတိုက်ပွဲတွင်မူ... ၎င်းတို့ နောက်ကနေ လိုက်ပါခဲ့ကြရသည့် အမာခံတပည့် မှာ... လက်ရှိ ယင်လောက၏ ငရဲမင်း ဖြစ်လာခဲ့သူ ဖန့်ချန် ပင် ဖြစ်ပေသည်။

​ဤသို့သော အတွေ့အကြုံများနှင့် မှတ်တမ်းကောင်းများ ရှိနေခဲ့သဖြင့်၊ ရွှမ်ဝမ်နယ်မြေသစ်ရှာဖွေရေးအဖွဲ့မှ ကျင့်ကြံသူများသည် များပြားလှသော ဆုလာဘ်များကို ရရှိခဲ့ကြပြီး... ကျင့်ကြံခြင်းအဆင့်များမှာလည်း အဆက်မပြတ် တိုးတက်မြင့်မားနေခဲ့ကြသည်။

​လက်ရှိအချိန်တွင်မူ... ရွှမ်ဝမ်နယ်မြေသစ်ရှာဖွေရေးအဖွဲ့သည် ဟာလေယင်းပေါ်၌ ကင်းလှည့်လည်နိုင်မည့် အခွင့်အရေးကို ရရှိထားခဲ့ကြရာ၊ ၎င်းထဲမှနေ၍ ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် အဆီအနှစ်များမှာလည်း တိုင်းတာ၍မရနိုင်လောက်အောင်ပင် များပြားလှပေသည်။

​ရွှမ်ဝမ်သည် မသေမျိုးလှေ၏ အရှေ့ဘက်စွန်းတွင် မတ်တတ်ရပ်နေခဲ့ပြီး၊ လက်နှစ်ဖက်ကို နောက်ပစ်လျက်... မျက်ဝန်းအစုံမှာ အေးဆေးတည်ငြိမ်စွာဖြင့် အဝေးဆီသို့ စိုက်ကြည့်နေခဲ့သည်။

​သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ဤနှစ်များအတွင်း များစွာ တိုးတက်လာခဲ့ပြီးဖြစ်ရာ... အဆင့် ၃ မသေမျိုး သို့ ခိုင်မာစွာ ဝင်ရောက်နေခဲ့ချေပြီ၊ ခြေလှမ်းဝက်မျှသာ လိုတော့သဖြင့်... ချက်ချင်းပင် မသေမျိုးအရှင်သခင် အဆင့်အတန်းသို့ ရောက်ရှိနိုင်တော့မည် ဖြစ်သည်။

​"ဖြစ်နိုင်ရင်... ဒီတစ်ခေါက် ပြန်ရောက်သွားတဲ့အခါကျရင်၊ အမာခံကတပည့် ဖြစ်လာနိုင်မလားဆိုတာကို စမ်းသပ်ကြည့်ရမယ်၊ နဂါးနက်လှေ ကို မောင်းနှင်ခွင့်ရပြီး... မိမိကိုယ်ပိုင် မသေမျိုးလှေအုပ်စုကြီးတစ်ခုကို ပိုင်ဆိုင်ခွင့်ရဖို့အတွက်ပေါ့"

​ရွှမ်ဝမ်၏ စိတ်ကူးအာရုံများ အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်နေခဲ့သည်။

​"ခေါင်းဆောင်... ကျွန်တော်တို့ ဒီနေရာမှာ ကင်း လှည့်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ပေမယ့်၊ ပြင်ပရန်သူ တွေရဲ့ အရိပ်အယောင်လေးတစ်ခုတောင် မတွေ့ရသေးဘူး၊ နန်းတော်ကြီးက အလွန်အမင်း သတိကြီးလွန်းနေတာ မဟုတ်ဘူးလား"

​ကျင့်ကြံသူတစ်ဦးက ရှေ့သို့ လျှောက်လှမ်းလာရင်း၊ ရွှမ်ဝမ်နှင့် စတင်၍ စကားစမြည် ပြောဆိုလိုက်သည်။

​"သတိကြီးတာကတော့ ဘယ်တော့မှ မမှားနိုင်ပါဘူး၊ အချိန်တိုင်းမှာ အဆင်သင့် ဖြစ်နေအောင် ပြင်ဆင်ထားရမယ်။

​ငါတို့ရဲ့ တာဝန်ကတော့... ပြင်ပရန်သူတွေနဲ့ ကြုံတွေ့ရတဲ့အခါ၊ ပထမဆုံး စက္ကန့်မှာတင် သတင်းပေးပို့ဖို့ပဲ။

​အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကိုတော့... ထည့်သွင်းစဉ်းစားနေစရာ မလိုဘူး။

​အကယ်၍ အသက်ဆုံးရှုံးသွားခဲ့ရင်တောင်မှ...ယင်လောကကို ရောက်သွားတဲ့အခါ အဆင့်မြင့် ဆုလာဘ်တွေကို ရရှိမှာဖြစ်ပြီး၊ ဝိညာဥ်နတ်ဘုရားလမ်းစဉ် ကို ဆက်လက်လျှောက်လှမ်းနိုင်ဦးမှာပဲ"

​ရွှမ်ဝမ်က အေးဆေးစွာ ဆိုလိုက်၏။

​"မသေနိုင်ရင်တော့... မသေချင်သေးတာ အမှန်ပဲ"

​ထိုကျင့်ကြံသူက တိုးညှင်းစွာဖြင့် ရေရွတ်ညည်းတွားလိုက်သည်။

​ရွှမ်ဝမ်က ပြုံးလိုက်ရင်း ဆိုလိုက်မိသည်

​"ငါတို့ကတော့... အဲဒီလောက်အထိ ကံဆိုးမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့လည်း ဒီနှစ်အတွင်း နယ်မြေကိုးခုရဲ့ နေရာအနှံ့အပြားမှာ စစ်အုပ်ချုပ်ရေးတွေ ထုတ်ပြန်ထားခဲ့ပြီး၊ နယ်မြေကိုးခုရဲ့ နယ်စပ်ဂိတ် တွေကိုပါ တရားဝင် တည်ဆောက်ထားခဲ့တယ်ဆိုမှတော့... နယ်မြေကိုးခုရဲ့ အခြေအနေက အလွန်တရာ တင်းကြပ်နေပြီဆိုတာကို သက်သေပြနေတာပဲ။

​ငါတို့အနေနဲ့ ယင်လောကဘက်နဲ့ ပူးပေါင်းပြီး... လျှို့ဝှက်စောင့်ရှောက်ရေးဌာန က လူတွေနဲ့အတူ ငါတို့ ပိုင်ဆိုင်တဲ့ နယ်စပ်ဂိတ်ကို သေသေချာချာ စောင့်ကြပ်ဖို့ပဲ လိုအပ်တယ်။

​ငါတို့ရဲ့ တာဝန်သက်တမ်း ပြည့်လို့ နန်းတော်ကို ပြန်ရတဲ့အခါကျရင်... သေချာပေါက် ဆုလာဘ်တွေ ရရှိမှာပါ"

​ရွှမ်ဝမ်နယ်မြေသစ်ရှာဖွေရေးအဖွဲ့မှ ကျင့်ကြံသူများသည် စဉ်းစားတွေးတောလျက် ခေါင်းညိတ်ပြလိုက်ကြတော့သည်၊ ထင်ရှားစွာပင် ရွှမ်ဝမ်၏ စကားများကို ၎င်းတို့ ရင်ထဲ၌ ကောင်းစွာ မှတ်သားလိုက်ကြပုံရ၏။

​ရွှေချန့် က အနည်းငယ် မျှ သက်ပြင်းချလိုက်ရင်း ဆိုလိုက်မိသည်။

"နယ်စပ်ဂိတ်ချင်း တူတူတောင်မှ...မသေမျိုးလောကငယ် ဘက်မှာ တာဝန်ကျတဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပိုပြီးတော့ သက်တောင့်သက်သာ ရှိကြတယ်နော်"

​"ဟုတ်ပဗျာ... မသေမျိုးလောကငယ်က အခုဆိုရင် မြေနေရာ ကျယ်ပြန့်ပြီး လူဦးရေ နည်းပါးတာမို့၊ ဆေးဖက်ဝင် ပစ္စည်းများစွာကို စိတ်ကြိုက် ရှာဖွေရရှိနိုင်ကြတယ်၊ အဲဒီနေရာမှာ တာဝန်ကျတဲ့သူတွေက အကျိုးအမြတ် အများကြီး ရကြတာ၊ဟာလေယင်းက မသေမျိုးလောကငယ်နဲ့ နှိုင်းယှဉ်လိုက်ရင်တော့... နည်းနည်း ဆင်းရဲမွဲတေလွန်းတယ်လို့ ပြောရမယ်"

​တစ်စုံတစ်ဦးကလည်း စကားထောက်၍ ပြောဆိုလိုက်သည်။

​ရွှမ်ဝမ်က မျက်မှောင်ကြုတ်လိုက်ရင်း တိုးညှင်းစွာ ဆိုလိုက်၏။

​"ကိုယ့်ရဲ့ တာဝန်ကိုပဲ သေသေချာချာ ထမ်းဆောင်ကြစမ်းပါ၊ ကျန်တဲ့အရာတွေကို လျှောက်ပြီး မတွေးတောကြနဲ့။

​အခုအချိန်မှာ နယ်မြေကိုးခုရဲ့ စစ်ပွဲတွေ ငြိမ်သက်သွားခဲ့ပြီ၊ ပြင်ပက ရန်သူတွေကိုသာ အောင်မြင်စွာ ရင်ဆိုင်နိုင်မယ်ဆိုရင်... လက်ရှိ ခေတ်ကာလက ကျင့်ကြံသူတွေအတွက် အကောင်းဆုံးနဲ့ အချိုမြိန်ဆုံးသော ခေတ်ကာလကြီးတစ်ခု ဖြစ်လာလိမ့်မယ်"

​စကားပြောနေစဉ်မှာတင်... အရှိန်အဟုန်ဖြင့် မောင်းနှင်နေခဲ့သည့် မသေမျိုးလှေကြီးက ရုတ်တရက် ချက်ချင်းဆိုသလို တန့်သွားခဲ့ရတော့သည်။

​ပြင်းထန်လှသော နောက်ပြန်ဆွဲအားကြောင့် မသေမျိုးလှေပေါ်ရှိ ကျင့်ကြံသူများမှာ ရှေ့သို့ အရှိန်လွန်ကာ ခြေလှမ်းများစွာ ယိုင်နဲ့သွားခဲ့ရပြီး... အချို့သောသူများမှာမူ သတိမထားမိလိုက်ဘဲ ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားခဲ့ကြရရှာသည်။

​၎င်းတို့၏ တုံ့ပြန်မှုမှာမူ အလွန်တရာ လျင်မြန်လှပေသည်၊ ပထမဆုံး စက္ကန့်မှာတင် ချက်ချင်း ခုန်ထလိုက်ကြရင်း အရပ်မျက်နှာအနှံ့သို့ သတိကြီးစွာဖြင့် စိုက်ကြည့်လိုက်ကြပြီး... လာရောက်တိုက်ခိုက်မည့် ရန်သူကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်ကြတော့သည်။

​ရွှမ်ဝမ်၏ ကျင့်ကြံခြင်းအဆင့်က အနည်းငယ် ပိုမိုမြင့်မားသဖြင့်... အစပိုင်းတွင် ပြင်းထန်လှသော ခေါင်းမူးနောက်ခြင်း ခံစားချက်မှလွဲ၍၊ အခြားသူများကဲ့သို့ ကြမ်းပြင်ပေါ်သို့ ရုပ်ပျက်ဆင်းပျက် လဲကျသွားခြင်းမျိုးတော့ မရှိခဲ့ချေ။

​သို့သော်လည်း သူသည်လည်း အခြားသူများကဲ့သို့ပင်... မျက်နှာတွင် စိုးရိမ်ထိတ်လန့်ခြင်း အရိပ်အယောင်များ ထင်ဟပ်လျက်၊ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စိုက်ကြည့်နေခဲ့မိသည်။

​တစ်ချိန်တည်းမှာပင်... နယ်စပ်ဂိတ်၌ လှည့်ကင်း လှည့်လည်နေကြသည့် လျှို့ဝှက်စောင့်ရှောက်ရေးဌာနမှ ဝိညာဉ်အချို့ သည်လည်း ဤနေရာ၏ ထူးဆန်းမှုကို သတိပြုမိသွားခဲ့ကြရပြီး၊ ထိုနေရာနှင့် အနီးဆုံးတွင် ရှိနေသည့် အဖွဲ့တစ်ဖွဲ့က ချက်ချင်းပင် ဤနေရာဆီသို့ ဦးတည်ကာ ပျံသန်းလာခဲ့ကြချေပြီ။

​"ခေါင်းဆောင်... ဘာတွေ ဖြစ်ကုန်တာလဲ"

​ရွှေချန့်က အံ့ဩစွာဖြင့် မေးမြန်းလိုက်သည်။

​သူမ ထင်မှတ်ထားသည်မှာ ရွှမ်ဝမ်ကိုယ်တိုင်က မသေမျိုးလှေကို ရပ်တန့်လိုက်ခြင်းဖြစ်ပြီး၊ တစ်စုံတစ်ရာသော အရာကို ရှာဖွေတွေ့ရှိသွားခဲ့ခြင်း ဖြစ်နိုင်သည်ဟူ၍ ဖြစ်ပေသည်။

​ထင်မှတ်မထားဘဲ ရွှမ်ဝမ်က ခေါင်းကို အသာအယာ ခါယမ်းပြလိုက်ရင်း... မျက်ဝန်းအစုံမှာ သတိကြီးစွာဖြင့်ပင် ဆိုလိုက်သည်။

​"ငါလည်း ဘာဖြစ်သွားလဲ မသိဘူး... မသေမျိုးလှေက လုံးဝ ထိန်းချုပ်မှု ကင်းမဲ့သွားခဲ့ပြီ"

​မသေမျိုးလှေက လုံးဝ ထိန်းချုပ်မှု ကင်းမဲ့သွားခဲ့ပြီ ဟုတ်လား...။

​လူတိုင်း၏ မျက်ဝန်းထဲတွင် မှင်တက်အံ့ဩသွားသည့် အရိပ်အယောင်များ ထင်ဟပ်သွားခဲ့ရတော့သည်။

​ရွှမ်ဝမ်၏ လက်ထဲမှနေ၍ မသေမျိုးလှေ၏ ထိန်းချုပ်မှုကို လုယူသွားနိုင်လောက်အောင်... မည်သူက ဤမျှလောက်အထိ အစွမ်းထက်လှသော စွမ်းရည်မျိုး ရှိနေရသနည်း။

​နောက်ထပ် စက္ကန့်ပိုင်းမှာပင်... ပုံရိပ်ခြောက်ခုသည် မသေမျိုးလှေ၏ ပတ်ဝန်းကျင်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့ကြပြီး၊ ၎င်းတို့ကို ခပ်ပြုံးပြုံးဖြင့် စိုက်ကြည့်နေခဲ့ကြတော့သည်။

​ရွှမ်ဝမ်၏ မျက်နှာမှာ တည်တံ့လေးနက်သွားခဲ့ရပြီး... ထိုပုဂ္ဂိုလ်ခြောက်ဦးထံသို့ လက်အုပ်ချီ၍ ဆိုလိုက်မိသည်။

​"ဒီကို ကြွမြန်းလာကြတဲ့ စီနီယာကြီး ခြောက်ယောက်က... ဘယ်သူတွေလဲဆိုတာ ကျွန်တော်မျိုး မသိရပါဘူး၊ ဒီနေရာက နယ်မြေကိုးခုရဲ့ နယ်စပ်ဂိတ်တွေထဲက တစ်ခု ဖြစ်တာမို့... ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခွင့် မရှိပါဘူး"

​"နယ်မြေကိုးခုရဲ့ နယ်စပ်ဂိတ် ဟုတ်လား..."

​"အားလုံးပဲ... ငါတို့ အမှန်တကယ်ပင် နေရာအမှန်ကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ ထင်တယ်"

​တစ်စုံတစ်ဦးက ခပ်ဖွဖွ ရယ်မောလိုက်မိရာ... မျက်ဝန်းထဲတွင် ကြီးမားလှသော အသီးအပွင့်များကို ဆွတ်ခူးလိုက်ရသည့်အလား ဝမ်းမြောက်ခြင်းများနှင့် ပြည့်နှက်နေခဲ့ပြီး၊ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ကျသွားသည့်အလား စိတ်သက်သာရာရမှုများလည်း ထင်ဟပ်နေခဲ့သည်။

​နေရာအမှန်ကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဟုတ်လား...။

​နောက်ထပ် စက္ကန့်ပိုင်းမှာပင်... ရွှမ်ဝမ်သည် ချက်ချင်းပင် မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုးစားလိုက်တော့သည်၊ ဘာပဲပြောပြော လက်ရှိအခြေအနေတွင် ယင်လောကသို့ ထွက်ပြေးရန် ကြိုးစားမည်ဆိုပါကလည်း... အချိန်မီနိုင်တော့မည် မဟုတ်ပါချေ။

​သို့သော်လည်း သူ၏ စိတ်အာရုံ လှုပ်ရှားလိုက်သည့် ထိုစက္ကန့်ပိုင်းမှာပင်... မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ လက်ညှိုးတစ်ချောင်းမျှပင် လှုပ်ရှား၍ မရနိုင်တော့ကြောင်း ရုတ်တရက် သတိပြုမိလိုက်ရသည်။

​ကျန်ရှိသောသူများမှာလည်း ဤအတိုင်းပင် ဖြစ်ပေသည်။

​၎င်းတို့သည် ချက်ချင်း နားလည်သဘောပေါက်လိုက်ကြရသည်မှာ... လက်ရှိ ၎င်းတို့ရှေ့မှောက်တွင် ရှိနေသည့် ဤပုဂ္ဂိုလ်ခြောက်ဦးသည် နယ်မြေကိုးခုက ရင်ဆိုင်ရတော့မည့် ပြင်ပမိစ္ဆာ ရန်သူဆိုးကြီးများ သေချာပေါက် ဖြစ်ပေလိမ့်မည်။

​ပြင်ပမိစ္ဆာတွေ... အမှန်တကယ်ပဲ ရောက်လာခဲ့ကြပြီ

​ရွှမ်ဝမ်၏ ရင်ထဲတွင်မူ မုန်တိုင်းတစ်ခု ပြင်းထန်စွာ တိုက်ခတ်သွားခဲ့ရတော့သည်။

​သို့သော်လည်း သူက အတတ်နိုင်ဆုံး တည်ငြိမ်နေခဲ့သေးသည်၊ ဤနေရာတွင် ယင်လောကမှ ဝိညာဉ်များသည်လည်း လှည့်ကင်း လှည့်လည်နေကြသည် မဟုတ်ပါလား။

​၎င်းတို့သည် လက်ရှိအချိန်တွင်... ဤနေရာ၏ မြင်ကွင်းကို သေချာပေါက် မြင်တွေ့သွားခဲ့ကြရပြီ ဖြစ်သည်။

​"ရွှမ်အယ် ဝိညာဉ်ဖမ်းသမား .. ဒီနေရာမှာ ဝိညာဉ်တွေ အများကြီး ရှိနေတယ်မလား၊ အားလုံးကို ချုပ်နှောင်ပြီးပြီလား"

​၎င်းတို့ထဲမှ တစ်ဦးက ရုတ်တရက် ဟင်းလင်ပြင်ဆီသို့ ဦးတည်ကာ လက်အုပ်ချီ၍ မေးမြန်းလိုက်သည်။

​ရွှမ်အယ် ဝိညာဉ်ဖမ်းသမားသည် တရွေ့ရွေ့ဖြင့် ပေါ်ထွက်လာခဲ့သော်လည်း... ထိုသူ လက်အုပ်ချီရာ အရပ်မျက်နှာတွင် မဟုတ်ဘဲ၊ ထိုသူ၏ နောက်ကွယ်မှနေ၍ မျက်နှာမှာ အေးစက်တည်ငြိမ်စွာဖြင့် ဆိုလိုက်၏။

​"ဝိညာဉ် လေးရာ... အားလုံးကို အပြည့်အဝ ဖမ်းဆီးချုပ်နှောင်ထားပြီးပြီ၊ သတင်းပြန်ပြီး ပို့ဆောင်နိုင်မယ့် အခွင့်အရေး လုံးဝ မရှိတော့ပါဘူး"

​"ဒါက……"

​ရွှမ်ဝမ်တို့တစ်သိုက် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ... မျက်ဝန်းထဲ၌ ပိုမိုပြင်းထန်လှသော ထိတ်လန့်တုန်လှုပ်ခြင်း အရိပ်အယောင်များ ထင်ဟပ်ပေါ်ပေါက်သွားခဲ့ရတော့သည်။

​အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူကလည်း ဝိညာဥ်နတ်ဘုရား များကို စေခိုင်းနိုင်စွမ်း ရှိနေရသနည်း...။

​လက်ရှိအချိန်တွင် ယင်လောကကြီးတစ်ခုလုံးကို ထိုငရဲမင်းကြီးက အပြည့်အဝ စည်းလုံးညီညွတ်အောင် သိမ်းပိုက်ထားခဲ့ပြီးပြီ မဟုတ်ပါလား...။

All Chapters