← Chapters

အခန်း (၁၀၅၁-၁၀၅၂)

Vol. 106 Ch. 1051-1052

အခန်း (၁၀၅၁-၁၀၅၂)

Vol. 106 Ch. 1051-1052

​အခန်း (၁၀၅၁) ဝူဝမ့်

​"ဖန့်ချန်က မင်းကို ငါ့ဆီ လာရှာခိုင်းတာလား ငါ သိသားပဲ...ဖန့်ချန်က အဆင့် ၃ လွတ်လပ်သောမသေမျိုးရဲ့ လိုက်လံသတ်ဖြတ်မှုကနေ ဘယ်လိုလုပ် လွတ်နိုင်မှာလဲ "

​ပိုင်လင်ယွဲ့က သက်ပြင်းတစ်ချက် ရှိုက်လိုက်ပါတယ်။

သူ့စိတ်ထဲက နောက်ဆုံးမျှော်လင့်ချက်လေးလည်း ပျောက်ကွယ်သွားပါပြီ။

အခုတော့ အားလုံးက လေလွင့်ဝိညာဉ်တွေ ဖြစ်ကုန်ကြပြီလေ၊ ဘယ်သူက ဘယ်သူ့ထက် သာနေမှာလဲ

​လောင်းကြေးထပ်ပွဲကြီး ပြီးဆုံးသွားပြီးနောက်မှာတော့ ဓားသင်္ချိုင်းနန်းတော် ဟာ ပြန်လည် တိတ်ဆိတ်သွားပါပြီ။

ကောင်းကင်ယံက သင်္ဘောတွေလည်း ပျောက်ကွယ်သွားခဲ့ပါပြီ။

​အခုအချိန်မှာ လူတွေ ပြောဆိုနေကြတာက လောင်းကြေးထပ်ပွဲအကြောင်း မဟုတ်တော့ဘဲ လုံမျိုးနွယ်စုနဲ့ စုန်းမျိုးနွယ်စုက ဓားကျင့်ကြံသူတွေ ပုန်ကန်သွားတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

​သိသာထင်ရှားတာကတော့ နောက်ပိုင်းကိစ္စဟာ ရှေ့ကပွဲထက် ချောင်ဖုန်းနယ်မြေအပေါ် သက်ရောက်မှု အဆမတန် ပိုကြီးမားနေတာပါပဲ။

​"လုံမျိုးနွယ်စုနဲ့ စုန်းမျိုးနွယ်စုကတော့ ဒီတစ်ခါ သွားပြီပဲ ကျန်တဲ့ မျိုးနွယ်စုနှစ်ခုလည်း သက်သာမှာ မဟုတ်ဘူး ကြားရတာတော့ သူတို့ဘက်က ဓားကျင့်ကြံသူတွေလည်း... အကုန် ပုန်ကန်ထွက်ပြေးကုန်ကြပြီတဲ့"

​"ဒါတင် ဘယ်ကမလဲ ဂိုဏ်းကြီး ၃ ဂိုဏ်းနဲ့ နတ်တောင် ၉ ခုက မွေးထုတ်ထားတဲ့ ဓားကျင့်ကြံသူတွေတောင် အတော်များများ ထွက်သွားကြပြီလေ"

​"အရင်ကဆိုရင် သူတို့ ဒီလို ဘယ်လုပ်ရဲမလဲ ဒါပေမဲ့ အခုတော့ အဖွဲ့အစည်းအသီးသီးက တစ်ဖက်ပိတ်ပြီး ကြည့်နေကြရတယ်"

​"ကြားရတာတော့ သူတို့က ဂိုဏ်းအသစ်တစ်ခု တည်ထောင်တော့မယ်တဲ့ ပြီးတော့ အဖွဲ့အစည်းတွေဆီက ဓားကျမ်း တွေကိုလည်း ပြန်သိမ်းမယ်ပြောတယ် ဘယ်သူကမှ မပေးဘူးဆိုရင် လုံမျိုးနွယ်စုနဲ့ စုန်းမျိုးနွယ်စုတို့လို အဆုံးသတ်မျိုး ကြုံရလိမ့်မယ်"

​လူတိုင်းရဲ့ မျက်နှာမှာ ထိတ်လန့်ရိပ်တွေ ပေါ်လာပါတယ်။ တစ်ယောက်က သက်ပြင်းချရင်း

"ကြည့်ရတာ နောက်ပိုင်း ဓားကျင့်ကြံသူတွေနဲ့ တွေ့ရင် အရင်လို ဆက်ဆံလို့ မရတော့ဘူးပဲ၊ အားလုံးက ယဉ်ယဉ်ကျေးကျေး ဆက်ဆံရတော့မယ်"

​"ဟုတ်ပါ့ဗျာ၊ အဆင့် ၃ ဓားကျင့်ကြံသူလေ တကယ်ကို ထူးဆန်းတာပဲ၊ သူတို့ရဲ့ သက်တမ်းလေးနဲ့ ဘယ်လိုလုပ် အဆင့် ၃ ကို တက်လှမ်းသွားတာလဲ"

​အနီးအနားက လက်ဖက်ရည်ဆိုင်မှာ ဖန့်ချန်ဟာ လက်ဖက်ရည်သောက်ရင်း ဒီကျင့်ကြံသူတွေရဲ့ ဆွေးနွေးခန်းတွေကို နားထောင်နေပါတယ်။

စကားတိုင်းက လုံမျိုးနွယ်စုနဲ့ စုန်းမျိုးနွယ်စု အကြောင်းတွေချည်းပါပဲ။

​ပိုင်ချင်းမင်တို့ နှစ်ယောက်ဟာ လက်ဖက်ရည်ဆိုင်ကို အမြန်ရောက်လာကြပါတယ်။

ဒီနေရာရဲ့ လူ့လောက အငွေ့အသက်တွေကို မြင်တော့ ပိုင်လင်ယွဲ့ရဲ့ မျက်နှာက ပိုပြီး ညှိုးငယ်သွားပါတယ်။

​နဂိုက အနာဂတ် တောက်ပမယ့် ဓားကျင့်ကြံသူ ပါရမီရှင်တစ်ယောက်ဟာ အခုတော့ လေလွင့်ဝိညာဉ် ဖြစ်သွားရပြီလေ။

သာမန်လူတစ်ယောက် ဖြစ်ဖို့တောင် အခွင့်အရေး မရှိတော့ပါဘူး။

​"ဖန့်ချန်"

​ပိုင်လင်ယွဲ့က အားမရှိသလို ဖန့်ချန်ကို ခေါင်းငြိတ်ပြပြီး သူ့ရှေ့မှာ ဝင်ထိုင်လိုက်ပါတယ်။

​ကြည့်ရတာ ထိုင်နေတာ ဖြစ်ပေမဲ့ တကယ်တမ်းတော့ သူ့တင်ပါးက ခုံနဲ့ မထိပါဘူး၊ အသွင်သဏ္ဌာန်ပဲ ဖြစ်နေတာပါ။

​"ဧည့်သည်တော်ကြီးတို့... လက်ဖက်ရည် ထပ်ထည့်ပေးရမလား "

​ဆိုင်အလုပ်သမားလေးက ဖြတ်သွားရင်း ယဉ်ယဉ်ကျေးကျေး မေးပါတယ်။

​"ထည့်ပေးဦး၊ ပြီးတော့ မုန့်အချို့ပါ ပေးပါဦး"

​ပိုင်ချင်းမင်က ပြုံးပြုံးလေး ပြောပါတယ်။

​"ဟုတ်ကဲ့ပါခင်ဗျ"

​အလုပ်သမားလေး ထွက်သွားတော့ ပိုင်လင်ယွဲ့က ပိုင်ချင်းမင်နဲ့ ဖန့်ချန်ကို ကြောင်ကြည့်နေပြီး အကြာကြီး စကားမပြောနိုင်ပါဘူး။

​လက်ဖက်ရည်တွေ လာထည့်ပြီး မုန့်တွေ ချပေးသွားတဲ့အထိ စောင့်ကြည့်ပြီးမှ ပိုင်လင်ယွဲ့က မယုံနိုင်သလို မေးလိုက်ပါတယ်။

​"ဘာလို့လဲ... သူက မင်းတို့ကို မြင်နေတာလား မင်းတို့ မသေကြဘူးလား"

​မဟုတ်သေးပါဘူး။

​တကယ်လို့ ပိုင်ချင်းမင် မသေဘူးဆိုရင် သူ့ကို ဘယ်လို မြင်ရတာလဲ ပြီးတော့ ဓားသင်္ချိုင်းနန်းတော်ထဲကို ဘယ်သူမှ မရှိသလို ဘယ်လို ဝင်လာတာလဲ

​လက်ရှိ အခြေအနေအရ ပိုင်ချင်းမင်နဲ့ ဖန့်ချန်သာ မသေဘူးဆိုရင် သူတို့ လူလုံးပြတာနဲ့ လိုက်လံသတ်ဖြတ်မယ့်သူတွေ ဝိုင်းလာမှာ သေချာပါတယ်။

​"ငါက သေပြီ၊ ဂျူနီယာဖန့်က မသေသေးဘူး"

​ပိုင်ချင်းမင်က မြေပဲတစ်လုံးကို ကောက်စားလိုက်တော့ သူ့မျက်လုံးတွေ တောက်ပသွားပါတယ်

"ဒီအရသာပဲ၊ ငါ အသက်ရှင်စဉ်က အရသာနဲ့ သိပ်မကွာဘူး"

​ဒီမြင်ကွင်းက ပိုင်လင်ယွဲ့ကို တော်တော်လေး သွားရည်ကျစေပါတယ်။

သူဟာ တစ်နေ့မှာ ဒီလို လူ့လောက အစားအစာကို တောင့်တမိလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။

​"မင်းတို့ နှစ်ယောက် စကားဝှက်တွေ ပြောမနေပါနဲ့တော့၊ ဘာတွေ ဖြစ်ကုန်တာလဲ "

​ပိုင်လင်ယွဲ့က စိတ်လောစွာ တိုက်တွန်းပါတယ်။

​"လမ်းမှာ ပြောပြမယ်လေ"

​ဖန့်ချန်က ပြုံးလိုက်ပြီး လက်ဖက်ရည်ဆိုင်အပြင်ဘက်ကို ထွက်သွားပါတယ်။

​သူတို့နှစ်ယောက် အမြန်လိုက်သွားကြပါတယ်။

ပိုင်ချင်းမင်ကတော့ မုန့်တွေကို အိတ်ထဲ ထည့်ယူသွားဖို့ မမေ့ပါဘူး။ စားရင်းနဲ့ပဲ မေးလိုက်တယ်

​"နောက်ထပ် ငါတို့ ဘယ်သွားကြမှာလဲ"

​"လုံမျိုးနွယ်စုဆီ၊ လူအချို့ကို သွားခေါ်ရမယ်"

​"အခုချိန်မှာ လုံမျိုးနွယ်စုဆီ သွားမလို့လား ဒါက ကိုယ့်သေတွင်းကိုယ် တူးတာ မဟုတ်ဘူးလား "

​ပိုင်ချင်းမင်က မျက်နှာထား ထူးဆန်းသွားပါတယ်။

​"ငါတို့က အမှောင်ထဲမှာ၊ သူတို့က အလင်းထဲမှာလေ... ဘာကြောက်စရာ ရှိလဲ ပြီးတော့ စီနီယာက အခု လူ့လောက ကျင့်ကြံသူမှ မဟုတ်တော့တာ၊ ပိုတောင် မကြောက်သင့်ဘူး"

​ဖန့်ချန်က ရယ်ပြီး ပြောပါတယ်။

​"အော်... ဟုတ်သားပဲ"

​ပိုင်ချင်းမင်ရဲ့ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပါတယ်။

​မကြာခင်မှာပဲ သူတို့နှစ်ယောက်ဟာ ဖန့်ချန်နဲ့အတူ မရဏလမ်း ထဲကို ဝင်လိုက်ကြပါတယ်။

​လမ်းခရီးမှာ ပိုင်လင်ယွဲ့ဟာ ဖန့်ချန်ဆီက ဘွဲ့အပ်နှင်းခြင်း ကို ရရှိလိုက်တာကြောင့် လူ့လောကမှာ ခန္ဓာကိုယ်အစစ်အမှန် ရှိလာပါတယ်။

​ဖန့်ချန်က သူ့ကို ဘာလို့ နေရာမှာ စောင့်ခိုင်းထားတာလဲဆိုတာ သူ အခုမှ နားလည်သွားပြီး စိတ်ထဲမှာ အတိုင်းမသိ ကျေးဇူးတင်မိပါတော့တယ်။

​...

​...

​လုံမျိုးနွယ်စု၊ ဘိုးဘွားခန်းမ

​ဒုတိယမျိုးနွယ်စုက လုံကျင့်ယောင်၊ လုံကျင့်ကွမ်း၊ တတိယမျိုးနွယ်စုက နတ်နဂါးမလေး ၊ လုံကျင့်ချွမ်း နဲ့ စတုတ္ထမျိုးနွယ်စုက အဆင့် ၁၊ ၂ လွတ်လပ်သောမသေမျိုးတွေဟာ အခုဆိုရင် မျက်နှာတွေ ဖြူလျော့နေပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားကြပါတယ်။

​သူတို့နောက်မှာတော့ လုံမျိုးနွယ်စုရဲ့ မျိုးဆက်တွေ ရပ်နေကြပါတယ်။

အချို့က မျက်နှာပျက်နေကြပြီး အချို့ကတော့ ဒေါသတွေနဲ့ မျက်နှာနီမြန်းနေကြပါတယ်၊ အချို့ကတော့ ခေါင်းငုံ့ထားပြီး အနီးနားက ဓားကျင့်ကြံသူတွေကို မကြည့်ရဲကြပါဘူး။

​နတ်နဂါးမလေးဟာ သူတို့ထဲမှာ ဝါအရင့်ဆုံးနဲ့ ကျင့်ကြံမှု အမြင့်ဆုံး ဖြစ်တာကြောင့် အားလုံးက သူမကို ဝန်းရံထားကြပါတယ်။

​သူတို့ရှေ့ မလှမ်းမကမ်းမှာတော့ ဆံပင်ဖြူတွေ ခါးအထိ ကျနေတဲ့ လူငယ်တစ်ယောက် ရပ်နေပါတယ်။

သူ့ရဲ့ မျက်လုံးတွေက ကြယ်စင်တွေလို နက်နဲပြီး အသားအရေက ဆောင်းနှင်းတွေထက် ပိုဖြူဝင်းနေပါတယ်။

​"လုံမျိုးနွယ်စုရဲ့ သွေးမျိုးဆက်က သောင်းနဲ့ချီပြီး ချောင်ဖုန်းနေရာအနှံ့မှာ ပျံ့နှံ့နေကြတယ် ဒါပေမဲ့... လွန်ခဲ့တဲ့ ရက်ပိုင်းက ငါ လူလွှတ်ပြီး တစ်ခေါက် သွားခိုင်းလိုက်တယ် အခုဆိုရင် သူတို့တွေလည်း အတော်များများ သေကုန်ကြပြီ ထင်တယ်"

​ဆံပင်ဖြူလူငယ်က အေးအေးဆေးဆေး ပြုံးပြီး ပြောပါတယ်။

​လုံမျိုးနွယ်စုက လူတွေဟာ ဒီစကားကို ကြားတော့ ဒေါသတွေ ပေါက်ကွဲကုန်ပါတယ်။

သူတို့ကိုယ်တိုင် မွေးထုတ်ပေးခဲ့တဲ့ ဓားကျင့်ကြံသူတွေက တစ်ယောက်ပြီးတစ်ယောက် သစ္စာဖောက်လိမ့်မယ်လို့ သူတို့ ဘယ်လိုမှ မထင်ခဲ့ပါဘူး။

​ပိုပြီး မထင်ထားတာက လုံမျိုးနွယ်စုအပေါ်မှာ ဒီလောက်အထိ ရက်ရက်စက်စက် လုပ်ကြတာပါပဲ။

​"မင်းက ဘယ်သူလဲ..."

​နတ်ဆိုးနဂါးမလေးက ဆံပင်ဖြူလူငယ်ကို စိုက်ကြည့်ရင်း မျက်လုံးထဲမှာ အံ့ဩရိပ်တွေ ဖြတ်ပြေးသွားပါတယ်။

​"နတ်နဂါးမလေး... မင်း ငါ့ကို မှတ်မိပြီလား"

​ဆံပင်ဖြူလူငယ်က သူမကို ပြုံးပြုံးလေး ကြည့်နေပါတယ်။

​"ဒေါ်လေး... သူက ဘယ်သူလဲ"

​လုံကျင့်ချွမ်းက သွားကြိတ်ပြီး မေးပါတယ်။

ရှေ့က ဆံပင်ဖြူလူငယ်က သူတို့ လုံမျိုးနွယ်စုရဲ့ အဆင့် ၃ လွတ်လပ်သောမသေမျိုးကို သတ်ခဲ့ပြီး လုံမျိုးနွယ်စုရဲ့ အဖိုးတန် ဝိညာဉ်လက်နက်ကိုလည်း လုယူသွားခဲ့တာပါ။

​ဒါတင် မကသေးပါဘူး၊ သူတို့ ပြန်ရောက်လာတဲ့အချိန်မှာ လုံမျိုးနွယ်စု သွေးမျိုးဆက်ရဲ့ ၇၀-၈၀ ရာခိုင်နှုန်းလောက် သေဆုံးနေပါပြီ။

တကယ်လို့ အပြင်ရောက်နေတဲ့ မျိုးဆက်တွေပါ အသတ်ခံလိုက်ရရင် လုံမျိုးနွယ်စုဟာ တစ်ညတည်းနဲ့ မျိုးတုံးသွားတဲ့ အခြေအနေ ဖြစ်သွားမှာပါ။

​"ဟိုးအရင်တုန်းက လုံမျိုးနွယ်စုမှာ ဓားကျောင်း တစ်ခုပဲ ရှိခဲ့တယ် အဲဒီအချိန်မှာ လုံမျိုးနွယ်စုရဲ့ ဓားကျမ်းကလည်း ၁၂ အုပ်ပဲ ရှိသေးတယ် အဲဒီထဲက တစ်အုပ်ရဲ့ နာမည်က ဝူဝမ့်ဓားကျမ်း ပဲ"

​နတ်နဂါးမလေးရဲ့ အကြည့်တွေက လေးနက်နေပါတယ်

"လုံမျိုးနွယ်စုအတွက် ဒီဓားကျမ်းကို ပြန်လုပေးခဲ့တဲ့သူက လုံမျိုးနွယ်စု ဓားကျင့်ကြံသူတစ်ယောက်ရဲ့ ဖခင်မရှိတော့တဲ့ သားတစ်ယောက်ပဲ"

​"သူ့အဖေက စစ်မြေပြင်မှာ သေဆုံးခဲ့တာ ကြာပြီဖြစ်လို့၊ ငါတို့ လုံမျိုးနွယ်စုက အဲဒီ သားအမိကို သနားလို့ လုံမျိုးနွယ်စုမှာ ကျွေးမွေးထားခဲ့တာ အဲဒီအချိန်မှာ သူ့မှာ နာမည်တောင် မရှိဘူး အဲဒီနောက် သူက ဝူဝမ့်ဓားကျမ်းကို ပြန်လုပေးနိုင်ခဲ့လို့ သူ့ကို ဝူဝမ့် လို့ နာမည်ပေးပြီး သူ့အဖေရဲ့ မျိုးရိုးဖြစ်တဲ့ လီ ကို ပေးခဲ့တယ်"

​အားလုံး ထိတ်လန့်သွားကြပါတယ်။

ဝူဝမ့်ဓားကျမ်း ခေတ်ဆိုတာ... အခုအချိန်နဲ့ ဆိုရင် နှစ်ပေါင်း များစွာ ကြာခဲ့ပါပြီ...။

​"ငါ မှတ်မိပြီ၊ လီဝူဝမ့် အရင်က ဓားကျောင်းရဲ့ သခင် "

​လုံကျင့်ချွမ်းရဲ့ အကြည့်တွေ တုန်လှုပ်သွားပါတယ်

"မင်းက အဲဒီ ဓားပြိုင်ပွဲမှာ သေသွားတာ မဟုတ်ဘူးလား..."

​လုံကျင့်ယောင်တို့ လူစုလည်း တစ်ယောက်ပြီးတစ်ယောက် တစ်ဖက်လူရဲ့ နောက်ခံကို မှတ်မိသွားကြပြီး မျက်လုံးတွေက အထိတ်တလန့် ဖြစ်ကုန်ကြပါတယ်။

​ပိုပြီး ငယ်ရွယ်တဲ့သူတွေကတော့ လီဝူဝမ့်ကို ကိုယ်တိုင်မတွေ့ဖူးပေမဲ့ သူ့ရဲ့ နာမည်ကိုတော့ ကြားဖူးကြပါတယ်။

​သူဟာ လုံမျိုးနွယ်စုရဲ့ သမိုင်းမှာ အပါရမီ အရှိဆုံး ဓားကျင့်ကြံသူ ဖြစ်ခဲ့ပြီး ခန္ဓာကိုယ်မစွန့်ခွာခင်ကတည်းက အဆင့် ၁ လွတ်လပ်သောမသေမျိုး ဖြစ်ခဲ့တာပါ။

​"ငါ မသေဘူးလေ"

​လီဝူဝမ့်က ခပ်တိုးတိုး ရယ်လိုက်ပါတယ်

"အဲဒီ ဓားပြိုင်ပွဲက ၇ နှစ်တောင် ကြာခဲ့တယ် ဓားကျောင်းက တပည့်တွေလည်း အကုန်နီးပါး သေကုန်ကြတယ် ဒါပေမဲ့ နောက်ဆုံးတော့ ငါဟာ ငရဲပြည်ကနေ ပြန်တက်လာနိုင်ခဲ့တယ်"

​ခဏရပ်ပြီး

"ငါက ဒဏ်ရာတွေနဲ့ လုံမျိုးနွယ်စုဆီ ပြန်လာခဲ့တယ်၊ ဒါပေမဲ့ ငါ့ရဲ့ ဇနီးနဲ့ သမီးက အနိုင်ကျင့်ခံရတာကို မခံနိုင်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာကို တွေ့လိုက်ရတယ် မင်းတို့ လုံမျိုးနွယ်စုက သိပ်ရက်စက်လွန်းတယ် အဲဒီ ဓားပြိုင်ပွဲမှာ ငါ ရှုံးခဲ့တာ မှန်ပေမဲ့၊ ဒါက ငါ့မိသားစုနဲ့ ဘာဆိုင်လို့လဲ"

​လုံမျိုးနွယ်စုက လူတွေဟာ တိတ်ဆိတ်သွားကြပါတယ်။

အချို့က မျက်လုံးတွေ ကစားနေကြပြီး အချို့က မယုံနိုင်သလို ဖြစ်နေကာ အချို့ကတော့ ကြောက်လန့်နေကြပါတယ်။

​ဒီအချိန်မှာပဲ ကောင်းကင်ယံကနေ ဓားအလင်းတန်းများစွာ ဆင်းသက်လာပြီး လီချန်စန်းတို့ လူစုဟာ လီဝူဝမ့်ရဲ့ နောက်မှာ ရပ်လိုက်ကြပါတယ်။

​လီချန်စန်းက ရှေ့တိုးလာပြီး လက်အုပ်ချီကာ

"အဖေ"

​အဖေ

​ယန်ခုန်း မှင်တက်သွားပါတယ်။

ဝတ်စုံပြာနဲ့ အမျိုးသမီးလေး မှင်တက်သွားပါတယ်။

လုံရွှမ် မှင်တက်သွားပါတယ်။

ဖန့်ချန် မှင်တက်သွားပါတယ်။

လုံမျိုးနွယ်စုက လူတွေလည်း မှင်တက်သွားပါတယ်။

​ပထမမျိုးနွယ်စုရဲ့ သမက်ဖြစ်တဲ့ လီချန်စန်းက... လီဝူဝမ့်ရဲ့ သားလား

​အခန်း (၁၀၅၂) သုတ်သင်ခြင်း

​ဖန့်ချန်ဟာ ယင်လောကကို ကြားခံသုံးပြီး ခဏလေးအတွင်းမှာတင် လုံမျိုးနွယ်စုနယ်မြေကို ပြန်ရောက်လာခဲ့ပါတယ်။

သူဟာ ရိပ်ခြေဗုဒ္ဓပညာ ကို အသုံးချပြီး လုံရို့နဲ့ တုန်းဖန်းဟောက်ကျဲတို့ကို ခေါ်ထုတ်သွားဖို့ အခွင့်အရေး စောင့်နေပါတယ်။

​ဒီကို မလာခင်မှာ သူ စဉ်းစားခဲ့တာက... တကယ်လို့ ဒီပညာက ဒီနေရာက ဓားကျင့်ကြံသူတွေကို မလှည့်စားနိုင်ရင် ယင်လောကထဲကို ချက်ချင်း ဆင်းသွားမယ်ဆိုတာပါပဲ။

ရလဒ်ကတော့ စိတ်ကျေနပ်စရာ ကောင်းပါတယ်။

​ရှေ့က အဆင့် ၃ ဓားကျင့်ကြံသူ လီဝူဝမ့်တောင်မှ ဖန့်ချန် ရှိနေတာကို မရိပ်မိပါဘူး။

​ဒါပေမဲ့... လီချန်စန်းမှာ ဖခင်ရှိနေသေးတာလား၊ အဲဒီလူကပဲ အခုရှေ့က အဆင့် ၃ ဓားကျင့်ကြံသူလား

ဒါဆိုရင် လီချန်စန်းရဲ့ နောက်ခံက ချင်ဟော့ချိန်လိုပဲ ချောင်ဖုန်းနယ်မြေကလူ ဖြစ်နေတာပေါ့

​"လီချန်စန်း... မင်း ငါတို့ လုံမျိုးနွယ်စုထဲကို တမင်တကာ သမက်ဝင်လာတာက ဒီလို ကြံစည်မှုတွေ ရှိနေလို့ကိုး၊ မင်း သိပ်ယုတ်မာတာပဲ"

လုံအောက်ရဲ့ မျက်နှာက ဒေါသကြောင့် ပြာနှမ်းနေပါတယ်။

​လုံကျင့်ယောင်တို့ လူစုလည်း အကြည့်တွေ မှိုင်းညို့နေပြီး မျက်လုံးထဲမှာ အရှက်နဲ့ ဒေါသတွေ ဖြတ်ပြေးနေပါတယ်။

သူတို့ဟာ ဓားကျင့်ကြံသူတစ်စုရဲ့ လက်ထဲမှာ အရုပ်လို ကစားခံခဲ့ရတာကိုး။

​ဝတ်စုံပြာနဲ့ အမျိုးသမီးနဲ့ လုံရွှမ် သားအမိကတော့ ဒီအမှန်တရားကို မလာခင်ကတည်းက သိထားပုံရပြီး အခုတော့ သိပ်ပြီး အံ့ဩမနေဘဲ အဝေးမှာ တိတ်တိတ်လေး ရပ်နေကြပါတယ်။

​လီချန်စန်းက လုံအောက်ကို ဂရုမစိုက်ပါဘူး။

လုချင်းရှူးတို့ လူစုက ရှေ့တိုးလာပြီး ဂါရဝပြုပြီးနောက်မှာ လီဝူဝမ့်က ခပ်အေးအေး ပြုံးပြီး မေးလိုက်တယ်

"ဟင်လင်းပြင်ထာဝရဓားဂိုဏ်းက ဖန့်ချန်ကော၊ ဘာလို့ ခေါ်မလာခဲ့တာလဲ"

​'သူ ငါ့ကို သိနေတာလား'

ဖန့်ချန် မျက်နှာထား ထူးဆန်းသွားပါတယ်။

ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင်တော့ ဒါက သဘာဝကျပါတယ်။

ရှေ့ကလူဟာ သွေးဝိညာဉ်နတ်ဆေးလုံး ကို သောက်ပြီးမှ အဆင့် ၃ ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ဖို့ များပါတယ်။

​တစ်ဖက်လူက သွေးဝိညာဉ်ဂိုဏ်းက ကျင့်ကြံသူ ဖြစ်နိုင်သလို၊ သွေးဝိညာဉ်ဂိုဏ်းနဲ့ အလွန်နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိနေသူလည်း ဖြစ်နိုင်ပါတယ်။

​သူဟာ ကျုံးကျိုး မှာ သွေးဝိညာဉ်ဂိုဏ်းရဲ့ အစီအစဉ်တွေကို အကြိမ်ကြိမ် ဖျက်ဆီးခဲ့တာကြောင့် သွေးဝိညာဉ်ဂိုဏ်းရဲ့ အထက်လူကြီးတွေက သူ့ကို မျက်စိစပါးမွှေးစူးနေတာ ကြာလှပါပြီ။

​"သူ့ဆီမှာ ဝိညာဉ်လက်နက် ပါလာတယ်၊ အဲဒါကို သုံးပြီး ပြေးသွားတယ်"

လီချန်စန်းက တိုးတိုးလေး ပြောပါတယ်။

​"ဝိညာဉ်လက်နက် ပါတယ် ဟုတ်လား"

လီဝူဝမ့်က လီချန်စန်းကို ခပ်အေးအေး ကြည့်လိုက်တယ်

"အစကနေ အဆုံးထိ အဲဒီ ထူးခြားဆန်းပြားသူ နှစ်ယောက် ပေါ်မလာဘူးလား မင်းရဲ့ အစ်ကို ရော တစ်ခါမှ လူလုံးမပြဘူးလား "

​'သူက ယွမ်ဟယ် ဆရာသခင်နဲ့ အဘိုးကြီး ရှိနေတာကို သိတာပဲ'

ဖန့်ချန် သိပ်မအံ့ဩတော့ပါဘူး။

ဒါပေမဲ့ စိတ်ထဲမှာ သံသယတစ်ခု ပိုလာပါတယ်။

လီချန်စန်းက သူ့ကို ဓားသင်္ချိုင်းလှေကားထစ်ကို တက်ခိုင်းတာက အဲဒီ တန်ခိုးရှင်နှစ်ယောက်ကို အတင်းအကျပ် လူလုံးပြခိုင်းချင်တာကြောင့်လား

​ရုတ်တရက် ဖန့်ချန်ဟာ လီဝူဝမ့်ရဲ့ ဘယ်ဘက်လက်မောင်းက ပုံမှန်မဟုတ်တာကို သတိထားမိလိုက်ပါတယ်။

အပြင်ဘက်ကို ပေါ်နေတဲ့ အရေပြားက ညာဘက်လက်မောင်းထက် ပိုပြီး ဖြူဖျော့နေပါတယ်။

​သေချာမကြည့်ရင် သိဖို့ခက်ပါတယ်။

တစ်ဖက်လူက လွတ်လပ်သောမသေမျိုး ဖြစ်တာကြောင့် ခန္ဓာကိုယ်က အပြစ်အနာအဆာ ကင်းစင်ရမှာပါ၊ ဒီလို ချို့ယွင်းချက် ရှိနေစရာ အကြောင်းမရှိပါဘူး။

​ဖန့်ချန် စိတ်ထဲမှာ ချက်ချင်း နားလည်သွားပြီး မျက်နှာထား ထူးဆန်းသွားပါတယ်။

သူ ခန့်မှန်းတာ မမှားဘူးဆိုရင် ဆရာသခင်ယွမ်ဟယ် ဟာ အရင်က ဂိုဏ်းချုပ် တစ်ယောက်ရဲ့ လက်မောင်းကို ဖျက်ဆီးခဲ့ဖူးတယ်၊ အဲဒီဂိုဏ်းချုပ်က ရှေ့က လီဝူဝမ့် ဖြစ်နေဖို့ များပါတယ်။

​သူက ကျုံးကျိုး၊ တိထျန်း ဒါမှမဟုတ် ပေတုက ဂိုဏ်းချုပ်တစ်ယောက်ယောက် ဖြစ်မယ်လို့ ထင်ထားခဲ့တာ၊ အဆင့် ၃ ဓားကျင့်ကြံသူ ဖြစ်နေလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ပါဘူး...။

​"ပေါ်မလာခဲ့ပါဘူး"

လီချန်စန်းက တိုးတိုးလေး ပြောပါတယ်။

​"မင်းရဲ့ အစ်ကိုရော သူလည်း ပေါ်မလာဘူးလား"

လီဝူဝမ့်က မေးပါတယ်။

​"အဖေ... လီကျင်းနျန်က သေသွားပါပြီ"

လီချန်စန်းက ခဏလောက် တိတ်ဆိတ်သွားပြီးမှ ပြောပါတယ်။

​'လီကျင်းနျန်'

ယန်ခုန်း မှင်တက်သွားသလို၊ ဝတ်စုံပြာနဲ့ အမျိုးသမီးလည်း မယုံနိုင်သလို ဖြစ်သွားပါတယ်။

နတ်နဂါးမလေးကတော့ လီချန်စန်းကို ကြောင်ကြည့်နေပြီးမှ လီဝူဝမ့်ဆီကို အကြည့်ပြောင်းလိုက်ပါတယ်။

သူမရဲ့ မျက်လုံးထဲမှာ အရှက်နဲ့ ဒေါသတွေ ပြည့်နှက်နေပါတယ်။

​"ဓားမသေမျိုးအိုကြီးက လီချန်စန်းရဲ့ အစ်ကိုလား..."

ဖန့်ချန်ရဲ့ မျက်လုံးထဲမှာလည်း တုန်လှုပ်မှုတွေ ဖြတ်ပြေးသွားပါတယ်။

​"သူက ဒီလောက်အလွယ်တကူ သေမယ့်လူ မဟုတ်ပါဘူး ကမ္ဘာပေါ်မှာ ဒီလောက် တိုက်ဆိုင်မှုတွေ ရှိမလားဆိုတာ မင်း စဉ်းစားကြည့်လေ"

"သူက အဲဒီ ထူးခြားဆန်းပြားသူရဲ့ အမွေအနှစ်ကို ရရချင်းပဲ မင်းဆီလာပြီး ဓားပြိုင်တယ်၊ ပြီးတော့ မင်းလက်ထဲမှာ ရှုံးပြီး မကြာခင်မှာပဲ ခန္ဓာကိုယ်စွန့်သွားတယ် ဟုတ်လား "

လီဝူဝမ့်က ပြုံးစိစိနဲ့ ပြောပါတယ်။

​လီချန်စန်း တစ်ခုခုကို တွေးမိသွားပုံရပြီး အံ့ဩလွန်းလို့ အသက်ရှူမှားသွားကာ လီဝူဝမ့်ကို ကြည့်လိုက်ပါတယ်

"အဖေ... အဖေ ဆိုလိုတာက... လီကျင်းနျန်က... ထူးခြားဆန်းပြားသူ ဖြစ်သွားတာလား "

​"ငါလည်း မသိဘူး မင်းကိုယ်တိုင် ဒီကိစ္စကို စုံစမ်းပြီးမှ ငါ့ကို ပြန်ပြောပြတာကို ငါ လိုချင်တယ်"

လီဝူဝမ့်က ခပ်အေးအေး ပြောပါတယ်။

​လီချန်စန်းက ခေါင်းငြိတ်လိုက်တယ်

"ဟုတ်ကဲ့ပါ"

​"အဲဒီ ဖန့်ဆိုတဲ့ ကောင်လေးကိုလည်း ဆက်ရှာရမယ် သူ့ရဲ့ စီနီယာနှစ်ယောက်ဆီမှာ အမွေအနှစ်ရဲ့ သဲလွန်စ မရှိဘူးဆိုတော့ ယွမ်ဟယ်ရဲ့ အမွေအနှစ်က သူ့ဆီမှာပဲ ရှိနေဖို့ များတယ် "

လီဝူဝမ့်က ဆက်ပြောတယ်

"သူ့အတွက် အလုပ်လုပ်ပေးနေတဲ့ လွတ်လပ်သောမသေမျိုးတွေက ဘယ်သူတွေလဲဆိုတာ စုံစမ်းဦး ငါ သူတို့နဲ့ သေချာ စကားပြောချင်တယ်"

​"ဟုတ်ကဲ့ပါ"

လီချန်စန်းက ထပ်ပြီး ခေါင်းငြိတ်ပါတယ်။

​'စီနီယာချင်းမု ပျောက်ဆုံးသွားတာက... သူနဲ့ ပတ်သက်နေတာလား '

ဖန့်ချန်ရဲ့ အကြည့်တွေက လေးနက်လာပါတယ်။

​"နတ်နဂါးမလေး... မင်း တစ်နေ့မှာ ငါ့ရဲ့ မွေးစားသား ကို ချစ်မိသွားလိမ့်မယ်လို့ မတွေးဖူးဘူး မဟုတ်လား "

လီဝူဝမ့်က ရုတ်တရက် နတ်နဂါးမလေးကို ကြည့်ပြီး သူ့ရဲ့ ချောမောတဲ့ မျက်နှာမှာ လှောင်ပြောင်ရိပ်တွေ ပေါ်လာပါတယ်။

​လုံမျိုးနွယ်စုက လူတွေရဲ့ မျက်နှာတွေက ရှုပ်ထွေးနေပါတယ်။

ဒီကိစ္စကို သူတို့ ကောလာဟလတွေ ကြားဖူးပေမဲ့ ဘယ်သူမှ ဗြောင်မပြောရဲခဲ့ကြပါဘူး။

​"သိပ်ဝမ်းနည်းစရာ ကောင်းတာပဲ၊ ကြည့်ရတာ လီကျင်းနျန်က မင်းရဲ့ လုပ်ရပ်တွေကို သဘောမတူလို့ မင်းနဲ့ လမ်းခွဲခဲ့ပုံရတယ်"

နတ်နဂါးမလေးရဲ့ အိုမင်းနေတဲ့ မျက်နှာမှာ ကျေနပ်တဲ့ အပြုံးတစ်ခု ပေါ်လာပါတယ်

"တကယ်လို့ သူသာ မင်းအတွက် အသက်ပေးလုပ်ပေးမယ်ဆိုရင် လီချန်စန်းတောင် မလိုဘူး၊ ဟိုးအရင်ကတည်းက သူ လုံမျိုးနွယ်စုရဲ့ သမက် ဖြစ်ခဲ့မှာ"

​"ဟုတ်ပါ့၊ ကျင်းနျန်က သိပ်ပြီး ရိုးအလွန်းတယ် ကိစ္စတော်တော်များများကို သူက ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး၊ အတွေးကလည်း အရိုးခံပဲ"

လီဝူဝမ့်က သက်ပြင်းတိုးတိုး ချလိုက်တယ်

"တကယ်လို့ သူသာ ချန်စန်းလို နားထောင်တတ်မယ်ဆိုရင် မင်း ဒီနေ့အထိ အသက်ရှင်နေပါ့မလား မင်းတို့ လုံမျိုးနွယ်စုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီကတည်းက ပျက်စီးသွားမှာ"

​ခဏရပ်ပြီး လီဝူဝမ့်က ရုတ်တရက် မေးလိုက်တယ်

"ဖူယွမ်ကျူး ကော သူ ဘယ်မှာလဲ"

​"ဆရာသခင်... ဖူယွမ်ကျူးက နတ်နဂါးမလေးတို့နဲ့အတူ ဒီကို အစောကြီးကတည်းက လိုက်လာခဲ့တာ၊ ဒါပေမဲ့ သူ လူလုံးမပြဘူး ထွက်ပြေးသွားတာ ဖြစ်နိုင်ပါတယ်"

လုချင်းရှူးက တိုးတိုးလေး ပြောပါတယ်။

​"ဖူယွမ်ကျူးက အဆင့် ၁ လွတ်လပ်သောမသေမျိုးပဲဟာ၊ သူ့ကို ဘာလို့ ဂရုစိုက်နေတာလဲ"

နတ်နဂါးမလေးက မေးပါတယ်။

​"သူက သာမန် အဆင့် ၁ လွတ်လပ်သောမသေမျိုး မဟုတ်ဘူးလေ လွန်ခဲ့တဲ့ ရက်ပိုင်းက ငါ အဆင့်တက်ခါနီးအချိန်မှာ၊ လူတစ်စုက ငါ ကျင့်ကြံတဲ့နေရာကို လိုက်ရှာပြီး ငါ့ရဲ့ အဆင့်တက်မှုကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြတယ်"

လီဝူဝမ့်က ပြုံးပြီး ပြောတယ်

"ဒီလူအုပ်စုကို ဘယ်သူ ဦးဆောင်လာတာလဲဆိုတာ ခင်ဗျား ခန့်မှန်းကြည့်မလား "

​'ဖူယွမ်ကျူး ဖြစ်နေတာလား'

အားလုံး မှင်တက်သွားပါတယ်။

နယ်မြို့လေးကလာတဲ့ အဲဒီ ကျောင်းဆရာလေးဟာ... အဆင့် ၁ လွတ်လပ်သောမသေမျိုး ဖြစ်ပေမဲ့ သူတို့လိုပဲ ထာဝရအသက်ရှည်ခြင်း လမ်းစဉ်ကို လိုက်စားတဲ့လူလို့ပဲ ထင်ခဲ့တာပါ။

​ဒါပေမဲ့...

သူက လီဝူဝမ့် ရှိနေတာကို ဘယ်လို သိတာလဲ ပြီးတော့ ဘာလို့ လူတွေကို ဦးဆောင်ပြီး အဆင့် ၃ မတက်နိုင်အောင် သွားတိုက်ခိုက်ရတာလဲ

​'အော်... ဒီလူက အခုမှ အဆင့်တက်တာကိုး'

ဖန့်ချန် စိတ်ထဲမှာ လှုပ်ခတ်သွားပါတယ်။

​တစ်ဖက်လူ အဆင့်တက်တဲ့ အချိန်က လီရှောင် ကိစ္စ ဖြစ်ပျက်တဲ့ ဝန်းကျင်လောက် ဖြစ်ရပါမယ်။

အဲဒီအချိန်တုန်းက ဝိညာဥ်သုတ်သင်ခြင်းဌာန ရဲ့ ဌာနချုပ်မှူးကလည်း အလုပ်ရှုပ်နေလို့ မလာနိုင်ခဲ့တာပါ။

​"ငါ သိပ်သိချင်တာက... မင်းတို့ထဲက ဘယ်သူက ငါ့ကို သစ္စာဖောက်ပြီး ဖူယွမ်ကျူးကို ငါ့သတင်း ပေးလိုက်တာလဲ ဆိုတာပဲ"

လီဝူဝမ့်က လုံမျိုးနွယ်စုက လူတွေကို ကြည့်ပြီး ပြုံးပြုံးလေး မေးပါတယ်။

​အားလုံးကတော့ ဘာမှ နားမလည်သလို ဖြစ်နေကြပါတယ်။

​ဒါပေမဲ့ ခဏအကြာမှာတော့ သူတို့ ရုတ်တရက် သတိပြုမိသွားကြပါတယ်။

လီဝူဝမ့်က သူတို့ကို ပြောနေတာ မဟုတ်ဘဲ အနီးနားက ဓားကျင့်ကြံသူတွေကို ပြောနေတာပါ

​ဓားကျင့်ကြံသူတွေရဲ့ မျက်နှာတွေ ချက်ချင်း ပျက်သွားပါတယ်။

ထိတ်လန့်မှု၊ ကြောက်ရွံ့မှု၊ တုန်လှုပ်မှုတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး လီဝူဝမ့်ရဲ့ စကားကို မယုံနိုင်သလို ဖြစ်နေကြပါတယ်။

​"အဖေ... ဒီနေ့ ဒီမှာရှိတဲ့ ဓားကျင့်ကြံသူတွေထဲက ဘယ်သူမှ အဖေကို သစ္စာမဖောက်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ် ကျွန်တော်တို့က တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေကြတာပါ"

လီချန်စန်းက လက်အုပ်ချီပြီး ပြောပါတယ်။

​"ဟုတ်ပါ့မလား..."

လီဝူဝမ့်က ရုတ်တရက် ရယ်လိုက်တယ်

"ထားလိုက်ပါတော့၊ ပြန်သွားရင် နတ်ဘုရားလမ်းစဥ်ဂိုဏ်း လည်း ရှိနေဖို့ မလိုတော့ဘူး မဟာတာအိုစာကြည့်တိုက်၊ လင်ယွင်ဓားဂိုဏ်း၊ နတ်ဘီလူးဂိုဏ်း ၊ ဆင်စိမ်းဂိုဏ်း အားလုံးကို သုတ်သင် ပစ်လိုက်ပါ ချင်းရှူးကိုလည်း မင်းနဲ့အတူ ခေါ်သွားဖို့ မမေ့နဲ့"

​"ဟုတ်ကဲ့ပါ"

လီချန်စန်းက ဝန်လေးခြင်းမရှိဘဲ ချက်ချင်း လက်ခံလိုက်ပါတယ်။

​ခဏရပ်ပြီး

"တာအိုသုံးထောင်ဂိုဏ်း နဲ့ ဟင်လင်းပြင်ထာဝရဓားဂိုဏ်း ဘက်ကရော..."

​"မင်းသာ ဟင်လင်းပြင်ထာဝရဓားဂိုဏ်းရဲ့ အမွှေးတစ်ပင်ကိုတောင် ထိရဲရင် ဝူဝမ့်အစ်ကိုက မင်းကို ရိုက်လိမ့်မယ်၊ ဖင်မကွဲအောင် သတိထားလိုက် "

လူတစ်ယောက်က ပြုံးစိစိနဲ့ လျှောက်ဝင်လာပါတယ်။

ဘေးနားက ဓားကျင့်ကြံသူတွေက တားဖို့ ကြိုးစားပေမဲ့ ပိုပြီး ကြောက်စရာကောင်းတဲ့ ဓားအရှိန်အဝါတစ်ခုက သူတို့ကို ဖြည်းဖြည်းချင်း တွန်းထုတ်လိုက်တာကြောင့် ဘယ်သူမှ မခုခံနိုင်ကြပါဘူး

All Chapters