← Chapters

အခန်း (၄၁၃-၄၁၄)

Vol. 42 Ch. 413-414

အခန်း (၄၁၃-၄၁၄)

Vol. 42 Ch. 413-414

​​အခန်း ၄၁၃ - ဒုတိယအဆင့် သူတော်စင်အဆင့်ဆေးလုံး

​တုန်းဖန်းဟောက်ကျဲ၏ မျက်လုံးများ အနည်းငယ် ဝင်းလက်သွားသည်။

"အော် သူတို့က ငါ့ကို အဆိပ်ခတ်ဖို့ ကြံနေတာလား ငါက နဂါးသွေးမျိုးဆက် တိုက်ရိုက်သွေးရင်း ဖြစ်တဲ့အတွက် ဘယ်အဆိပ်ကိုမဆို ခုခံနိုင်စွမ်းရှိတယ် သူတို့ရဲ့ အကြံကတော့ အလကားဖြစ်တော့မှာပဲ"

​ဖန့်ချန်က ပြုံးပြီး ပြောလိုက်သည်။

"နျဲ့ထျန်းယွမ်က မင်းရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်အကြောင်းကို သိသလို ဟို ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင်ကလည်း သိထားတယ်"

"အဲဒါကြောင့် သူကိုယ်တိုင်က မင်းကို ထိခိုက်စေနိုင်တဲ့ အဆိပ်ကို ပြင်ဆင်ထားတာ ငါ့အထင်တော့ အဲဒီ ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင်ရဲ့ အဆိပ်က မင်းကို သေစေနိုင်လိမ့်မယ်"

​တုန်းဖန်းဟောက်ကျဲ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးသွားသည်။

"ဝိညာဥ်သန္ဓေသားအဆင့် မဟုတ်လို့ သိမြင်ခြင်းအဆင့် ပညာရှင်က ပြင်ဆင်ထားပါစေဦး သူတို့ ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး "

" နဂါးသွေးမျိုးဆက်တွေထဲမှာ ဘယ်သူမှ အဆိပ်ကြောင့် မသေဖူးဘူး အခုကြည့်ရတာ သူတို့က တုန်းဖန်းမိသားစုရဲ့ အသေးစိတ်ကို မသိကြသေးဘူးပဲ သိရင်တော့ ငါ့ကို အဆိပ်နဲ့ သတ်ဖို့ ကြံမှာ မဟုတ်ဘူး"

​"မှန်လေး နဂါးသွေးမျိုးဆက်တွေက အဆိပ်နဲ့ တကယ်ပဲ မသေနိုင်တာလား"

ဖန့်ချန်က စိတ်ထဲမှ မေးလိုက်သည်။

​"အစ်ကိုကြီး သူ ကြွားနေတာ မဟုတ်ပါဘူး နဂါးသွေးမျိုးဆက်တွေ အဆိပ်မိနိုင်တယ်ဆိုရင်တောင် အဲဒီအဆိပ်က ကမ္ဘာပေါ်မှာ အမြင့်ဆုံးအဆင့် အဆိပ်မျိုး ဖြစ်ရမယ်"

"သာမန် ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင်တစ်ယောက်ဆိုတာ အဲဒီလိုအဆိပ်မျိုး ထားဖို့နေနေသာသာ အဲဒါအကြောင်းကိုတောင် သိခွင့်ရှိတဲ့သူ မဟုတ်ဘူး"

ဟု စကြာဝဠာမှန်က ပြန်ဖြေသည်။

​"အင်း... ဒါဆိုရင်တော့ ကောင်းတာပေါ့"

ဖန့်ချန်က တုန်းဖန်းဟောက်ကျဲကို ကြည့်လိုက်သည်။

"သူတို့ အဆိပ်နဲ့ မသတ်နိုင်ဘူးဆိုရင် ကိစ္စတွေက ပိုလွယ်သွားပြီ အဲဒီအချိန်ကျရင် မိုးပြာအင်ပါယာက ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင်လည်း ရှိနေမှာဆိုတော့ သူတို့ မင်းကို တိုက်ရိုက်သတ်ဖို့ မလွယ်တော့ဘူး"

​"ဒီအတောအတွင်းမှာ ဘာသဲလွန်စမှ မပြမိစေနဲ့မဟုတ်ရင် သူတို့ ရိပ်မိသွားလိမ့်မယ် မင်း ကံကောင်းရင်တော့ ဒီကိစ္စက မြန်မြန်ပြီးသွားမှာပါ"

ဟု ဖန့်ချန်က တိုးတိုးလေး ဆိုသည်။

​"ဪ ဒါနဲ့ ခရမ်းရောင်ဝင်ရိုးစာပေသင်တန်း က ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင်က ငါတို့ တုန်းဖန်းမိသားစုနဲ့ ရင်းနှီးတယ်"

ဟု တုန်းဖန်းဟောက်ကျဲက ပြောသည်။

"အဲဒီ စီနီယာ ရောက်လာတာနဲ့ အခြေအနေကို ငါ ရှင်းပြလိုက်မယ် ဒါဆိုရင် ပြဿနာအားလုံးက လွယ်လွယ်ကူကူ ပြေလည်သွားမှာ မဟုတ်ဘူးလား"

​"သူက ဝိညာဉ်သွေးဂိုဏ်းက မဟုတ်ဘူးလို့ မင်း အာမခံနိုင်လား"

ဖန့်ချန်က ပြန်မေးလိုက်သည်။

​"အမှန်အတိုင်း ပြောရရင်တော့..."

တုန်းဖန်းဟောက်ကျဲက ခဏမျှ တုံ့ဆိုင်းသွားပြီးမှ

"အဲဒီ စီနီယာကလည်း နဂါးသွေးမျိုးဆက် တစ်ယောက်ပဲ ငါတို့ တုန်းဖန်းမိသားစုက နဂါးသွေးမျိုးဆက်ရဲ့ မျိုးနွယ်ခွဲတစ်ခုဆိုတာ သူသိတယ် တကယ်လို့ သူက ဝိညာဉ်သွေးဂိုဏ်းကဆိုရင် ငါ့ကို အဆိပ်နဲ့ သတ်ဖို့ ကြံမှာ မဟုတ်ဘူး"

​ထိုနေရာတွင် တုန်းဖန်းဟောက်ကျဲက စကားကို ခေတ္တရပ်လိုက်ပြီး သံသယရှိသော မျက်နှာဖြင့် မေးလိုက်သည်။

"သူတို့ တခြားနည်းလမ်း မသုံးဘဲ အဆိပ်ခတ်မယ်ဆိုတာကို မင်းက ဘယ်လိုလုပ် သိတာလဲ"

​ဖန့်ချန်က ရယ်မောလိုက်သည်။

"ငါ ခိုးနားထောင်လိုက်တာလေ"

​"ခိုးနားထောင်တာ..."

တုန်းဖန်းဟောက်ကျဲက ထပ်မေးချင်သော်လည်း တစ်ခုခုကို သတိရသွားကာ ပါးစပ်ပိတ်လိုက်သည်။

တစ်ဖက်လူက သူ့နောက်ကို တိတ်တဆိတ် လိုက်လာနိုင်တဲ့ နည်းလမ်းနဲ့ပဲ ဝိညာဉ်သွေးဂိုဏ်းရဲ့ အစီအစဉ်တွေကို ခိုးနားထောင်ခဲ့တာ ဖြစ်ရမည်။

​"နျဲ့ထျန်းယွမ် လာနေပြီ"

ဖန့်ချန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

​သူက တုန်းဖန်းဟောက်ကျဲကို တစ်ချက်ကြည့်ကာ

"ငါပြောတာတွေကို မှတ်ထားပါ ဘာမှ မရိပ်မိစေနဲ့ မဟုတ်ရင် မင်းတင် သေမှာ မဟုတ်ဘူး မိုးပြာအင်ပါယာလည်း ပျက်စီးသွားလိမ့်မယ်"

​ထိုသို့ပြောပြီးနောက် ဖန့်ချန်သည် မူလကတည်းက ရှိမနေခဲ့သည့်အလား အရိပ်ထဲသို့ ပျောက်ကွယ်သွားတော့သည်။

​နျဲ့ထျန်းယွမ်သည် တံခါးကို ရုတ်တရက် တွန်းဖွင့်ဝင်လာပြီး တုန်းဖန်းဟောက်ကျဲကို ကြည့်လိုက်သည်။

​တုန်းဖန်းဟောက်ကျဲ၏ မျက်နှာတွင် မကျေနပ်သော အရိပ်အယောင်များ ပေါ်လာသည်။

"ဦးလေးနျဲ့ ဘာလို့ တံခါးမခေါက်ဘဲ ဝင်လာတာလဲ"

​နျဲ့ထျန်းယွမ်က ပြုံးလိုက်သည်။

"ငါ ပေါ့ဆသွားပါတယ် ဒါနဲ့ သခင်လေး ဘာလို့ မျက်နှာက ဖြူလျော့နေတာလဲ"

​"တုန်းဖန်းမိသားစုရဲ့ ဝိညာဥ်ရင်းမြစ် အာရုံခံပညာက အမြဲတမ်း လူကို ပင်ပန်းစေတာပဲလေ"

ဟု တုန်းဖန်းဟောက်ကျဲက ပြန်ဖြေသည်။

​နျဲ့ထျန်းယွမ်က ခေါင်းညိတ်လိုက်သည်။

သူလည်း ထိုအကြောင်းကို အနည်းငယ် သိထားသည်။

သူက စပ်စုသည့်သဘောဖြင့် မေးလိုက်သည်

"သခင်လေး စိတ်ဝင်စားစရာကောင်းတဲ့ ဝိညာဥ်ရင်းမြစ်ကျောက်တွေ တွေ့ခဲ့လား"

​"ဒီက ကျောက်တွေရဲ့ အရည်အသွေးက သိပ်မကောင်းပါဘူး တခြားနေရာတွေ သွားကြည့်ရအောင် ဒီဆိုင်က လူတွေကို လိမ်နေတာပဲ"

"ဟို ထုံပိုင်ကျိုး ဆိုတဲ့ကောင်က အမြဲတမ်း ပြုံးပြုံး ပြုံးပြုံးနဲ့ လူသတ်သမား အပြုံးမျိုးပဲ ကြည့်ရတာ လူကောင်း မဟုတ်ဘူး"

ဟု တုန်းဖန်းဟောက်ကျဲက ပြောပြီး အထူးခန်းမှ ထွက်လာခဲ့သည်။

​နျဲ့ထျန်းယွမ်က နှာခေါင်းရှုံ့ကာ နောက်မှ လိုက်လာသည်။

"ဟွန်း အသုံးမကျတဲ့ သူဌေးသား"

​တုန်းဖန်းဟောက်ကျဲ ခန်းမထဲသို့ ပြန်ရောက်ရောက်ချင်းမှာပင် ဘေးနားမှ အော်သံတစ်ခု ကြားလိုက်ရပြီးနောက် ဒေါသတကြီး ဆဲဆိုသံ ထွက်ပေါ်လာသည်။

"ရှင် ဘာလို့ ဒီမိန်းကလေးရဲ့ ခြေထောက်ကို တက်နင်းရတာလဲ"

​စိတ်ဓာတ်ကျနေသော တုန်းဖန်းဟောက်ကျဲက မော့ကြည့်လိုက်ရာ မြင်လိုက်ရသော မြင်ကွင်းကြောင့် မှင်တက်သွားတော့သည်။

​"တကယ့်ကို အံ့သြစရာကောင်းတဲ့ အလှလေးပဲ"

သူက တိုးတိုးလေး ရေရွတ်လိုက်သည်။

​"ဟေ့ ရှင် ကျွန်မခြေထောက်ကို နင်းလိုက်တာနော် ဘယ်လို တာဝန်ယူမှာလဲ"

နတ်သမီးယွီက မေးလိုက်သည်။

​အမျိုးသမီး ဓားကျင့်ကြံသူက မျက်မှောင်ကြုတ်လိုက်သည်။

"ညီမလေး သွားကြစို့ ဒီလိုလူမျိုးတွေနဲ့ စကားများမနေနဲ့"

​တုန်းဖန်းဟောက်ကျဲက ချက်ချင်း ပြောလိုက်သည်။

"နတ်သမီးလေး ကျွန်တော် ခြေလှမ်းမှားပြီး နှောင့်ယှက်မိသွားပါတယ် တောင်းပန်တဲ့အနေနဲ့ နွေဦးအာရုဏ်မျှော်စင် မှာ ထမင်းဖိတ်ကျွေးပါရစေ"

"တကယ်လို့ နတ်သမီးလေးက ခွင့်မလွှတ်ဘူးဆိုရင်တော့ ကျွန်တော် အိမ်ပြန်ရောက်တဲ့အခါ ဒီခြေထောက်ကိုပဲ ဖြတ်ပြီး တောင်းပန်လိုက်ပါတော့မယ်"

​နတ်သမီးယွီ၏ မျက်လုံးများတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမ လိုချင်တာ ရသွားပြီ။

​အမျိုးသမီး ဓားကျင့်ကြံသူနှင့် နျဲ့ထျန်းယွမ်တို့မှာ တစ်ပြိုင်နက်တည်း မျက်မှောင်ကြုတ်သွားကြသည်။

​"ညီမလေး"

"သခင်လေး"

​"ကောင်းပြီလေ ဒါဆိုရင်လည်း ကျွေးတာကို လက်ခံရမှာပေါ့ နွေဦးအာရုဏ်မျှော်စင်က စားစရာတွေက တော်တော်စျေးကြီးတယ်လို့ ကြားဖူးတယ်"

ဟု နတ်သမီးယွီက ချက်ချင်း သဘောတူလိုက်သည်။

​တုန်းဖန်းဟောက်ကျဲသည် သူတို့ကို မျက်နှာချိုသွေးရင်း ရှေ့မှနေ၍ တက်ကြွစွာ လမ်းပြသွားတော့သည်။

အမျိုးသမီး ဓားကျင့်ကြံသူနှင့် နျဲ့ထျန်းယွမ်တို့ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် သူတို့နှစ်ဦးမှာ ကျောက်စိမ်းမြစ်ခန်းမထဲမှ ထွက်သွားကြပြီ ဖြစ်သည်။

​"ဒါကတော့"

နျဲ့ထျန်းယွမ်၏ စိတ်ထဲတွင် ဒေါသများ ဖြစ်ပေါ်လာသည။

ထိုသခင်လေးသည် အမြဲတမ်း ပြဿနာရှာတတ်လွန်းသည်။

​နျဲ့ထျန်းယွမ်က အမျိုးသမီး ဓားကျင့်ကြံသူကို တစ်ချက်ကြည့်လိုက်ရာ သူမ၏ အရှိန်အဝါမှာ သာမန်သာဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် မျှသာ ရှိပုံရသည်။

သူက သိပ်ဂရုမစိုက်ဘဲ ပြောလိုက်သည်

"ငါ့သခင်လေးက ဖိတ်ကျွေးတာဆိုတော့လည်း အတူတူ လိုက်ခဲ့ကြတာပေါ့"

​အမျိုးသမီး ဓားကျင့်ကြံသူက သူ့ကို လှည့်ပင်မကြည့်ဘဲ တုန်းဖန်းဟောက်ကျဲ၏ နောက်မှ လိုက်သွားသည်။

​ဖန့်ချန်၏ မျက်လုံးထဲတွင် အပြုံးတစ်ခု ဖြတ်ပြေးသွားသည်။

ထိုသို့ဖြင့် တုန်းဖန်းဟောက်ကျဲအတွက် နောက်ထပ် လုံခြုံရေးတစ်ခု ရသွားပြီဖြစ်သည်။

​"ခရမ်းရောင်ဝင်ရိုးစာပေသင်တန်းက ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင် သူသာ ဝိညာဉ်သွေးဂိုဏ်းက မဟုတ်ရင် ဒါက ငါတို့အတွက် အကောင်းဆုံး ဝှက်ဖဲတစ်ခု ဖြစ်လာနိုင်တယ်"

ဟု ဖန့်ချန်က တွေးလိုက်သည်။

​မကြာမီမှာပင် ဖန့်ချန်သည် သူ၏ တိတ်ဆိတ်သော အခန်းသို့ ပြန်ရောက်သွားပြီး ကြွေပုလင်းကို ထုတ်လိုက်သည်။

​"မှန်လေး ငါတို့ နောက်ထပ် ဘာဆက်လုပ်ရမလဲ"

​"လွယ်ပါတယ် အခြေခံတည်ဆောက်ခြင်းဆေးလုံး ကို သူ့သွေးထဲမှာ စိမ်ထားလိုက် တစ်ရက်ကြာရင် သူတော်စင်အဆင့် အထိ မြင့်တက်သွားလိမ့်မယ်"

"ဒါပေမဲ့ ဒီလုပ်ငန်းစဉ်အတွင်းမှာ ထူးခြားတဲ့ ဖြစ်ရပ်တွေ ပေါ်လာနိုင်တယ် တခြားသူတွေ သိသွားရင် ဒုက္ခရောက်နိုင်တယ်"

ဟု စကြာဝဠာမှန်က ရှင်းပြသည်။

​ဖန့်ချန်က ပြုံးလိုက်သည်။

"ဒါက လွယ်ပါတယ်"

​ကုန်သွယ်ရေးညီလာခံကြောင့် တော်ဝင်မိသားစု ကျွယ်မိသားစု ဖန့်မိသားစုနှင့် အခြားသော မျိုးနွယ်ကြီး ၅ ခုစလုံးမှာ ခန်းမပြင်ဆင်ရေးအတွက် အလုပ်ရှုပ်နေကြသည်။

ဖန့်ချန်သည် အနီးနားရှိ တောင်ကုန်းများတွင် သင့်တော်သော နေရာတစ်ခုကို ရှာတွေ့ခဲ့ပြီး အသင့်ရှိနေသော ဝိညာဉ်ပစ္စည်းများဖြင့် အကာအကွယ်အစီရင်ကြီးတစ်ခုကို တည်ဆောက်လိုက်သည်။

ထို့နောက် ၎င်းအထဲတွင် နောက်ထပ်အစီရင် ၆ ခုကို ထပ်မံ ထည့်သွင်းလိုက်သည်။

အားလုံး ပြီးစီးသွားသောအခါမှ သူသည် အခြေခံတည်ဆောက်ခြင်းဆေးလုံးကို ထုတ်ကာ ကြွေပုလင်းထဲသို့ ပစ်ထည့်လိုက်သည်။

​ဆေးလုံးသည် တုန်းဖန်းဟောက်ကျဲ၏ သွေးထဲတွင် စိမ်လိုက်သည်နှင့် ချက်ချင်း တုံ့ပြန်မှု ဖြစ်ပေါ်လာသည်။

ဆေးလုံးသည် ခန်းခြောက်နေသော ရေကန်ကြီးထဲသို့ မိုးသည်းထန်စွာ ရွာချလိုက်သည့်အလား သွေးများကို အဆက်မပြတ် စုပ်ယူတော့သည်။

​"မှန်လေး ဒါက တကယ်ပဲ ဒီလောက် လွယ်တာလား"

ဖန့်ချန်က ဆေးလုံး၏ အပြောင်းအလဲကို ကြည့်ရင်း မေးလိုက်သည်။

​"တချို့အရာတွေက အထူးအဆင့် ရောက်သွားတဲ့အခါ ရိုးရှင်းသွားတတ်ပေမဲ့ ဒါက ရိုးရှင်းတာတော့ မဟုတ်ဘူး"

ဟု စကြာဝဠာမှန်က ပြန်ဖြေသည်။

"ငါသာ နဂါးသွေးမျိုးဆက်ရဲ့ သွေးကို မရနိုင်ခဲ့ရင် သာမန် အခြေခံတည်ဆောက်ခြင်းဆေးလုံးက ဘယ်လိုလုပ် သူတော်စင်အဆင့်အထိ တက်နိုင်မှာလဲ ငါသာ မပြောပြရင် မင်းက တုန်းဖန်းဟောက်ကျဲက နဂါးသွေးမျိုးဆက်ဆိုတာ ဘယ်လိုလုပ် သိမှာလဲ"

​"ဒါလည်း ဟုတ်တာပဲ"

ဟု ဖန့်ချန်က ဝန်ခံလိုက်သည်။

စကြာဝဠာမှန်၏ တည်ရှိမှုသည် ထိုအတောအတွင်း သူ့အတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။

ဓားငယ်လေးတောင်မှ ၎င်းကို ကျေးဇူးတင်ရပေလိမ့်မည်။

​ဖန့်ချန်သည် စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။

မကြာမီမှာပင် တစ်ရက် ကုန်ဆုံးသွားသည်။

​ရုတ်တရက်ပင် ကြွေပုလင်းထဲမှ တောက်ပသော ရွှေရောင်အလင်းတန်းများ ပွင့်ထွက်လာပြီး ပုလင်းမှာလည်း အမှုန့်အဖြစ် ပေါက်ကွဲသွားတော့သည်။

​နီရွှေရောင် ဆေးလုံးတစ်လုံးသည် လေထဲတွင် ဖြည်းဖြည်းချင်း ဝဲပျံနေသည်။

လေထုထဲတွင် နဂါးပုံသဏ္ဌာန် အရိပ်အယောင်များ ပေါ်လာပြီး ဆေးလုံးကို ဝန်းရံကာ ပတ်ချာလည်နေသည်။

​တကယ်လို့သာ အကာအကွယ်အစီရင် မရှိခဲ့ရင် မဟာချန်းက ကျင့်ကြံသူတွေဟာ ကောင်းကင်မှာ ပေါ်လာတဲ့ ပေတစ်ရာကျော်ရှည်တဲ့ ရွှေနဂါးကြီးတွေကို မြင်ကြရမှာ ဖြစ်သည်။

​"မင်း ကံကောင်းတယ် အစ်ကိုကြီး ဟိုကောင်ရဲ့ သွေးမျိုးဆက်က တော်တော်လေး သန့်စင်တာပဲ"

"အခု ဒီအခြေခံတည်ဆောက်ခြင်းဆေးလုံးက ဒုတိယအဆင့် သူတော်စင်အဆင့် ကို ရောက်သွားပြီ မင်းသာ ဒါကို သုံးစွဲမယ်ဆိုရင် အခြေခံတည်ဆောက်ခြင်း အောင်မြင်ဖို့ ၃၀ ရာခိုင်နှုန်းလောက် သေချာသွားပြီ"

​အခန်း ၄၁၄ - ဝိညာဥ်သန္ဓေသားအဆင့်ကို ကြိုဆိုသည့် စားသောက်ပွဲ

​"ဒုတိယအဆင့် သူတော်စင်အဆင့် ဟုတ်လား"

ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။

"၃၀ ရာခိုင်နှုန်း အခွင့်အရေး"

​၃၀ ရာခိုင်နှုန်းဆိုတာ နည်းတယ်လို့ ထင်ရပေမဲ့ တကယ်တော့ သာမန် အခြေခံတည်ဆောက်ခြင်းဆေးလုံးကို သုံးတဲ့ သာမန်ကျင့်ကြံသူတစ်ယောက်အတွက် အောင်မြင်ဖို့ အခွင့်အရေးက ၁၀ ရာခိုင်နှုန်းတောင် မပြည့်ပါဘူး။

ဒါကြောင့် ၃၀ ရာခိုင်နှုန်းဆိုတာ တကယ့်ကို မြင့်မားတဲ့ အခွင့်အရေးလို့ ဆိုရမှာပါ။

​ဖန့်ချန်သည် အခြေခံတည်ဆောက်ခြင်းဆေးလုံးကို သိမ်းဆည်းပြီးနောက် ထိုနေရာမှ ထွက်လာခဲ့သည်။

သူ၏ တိတ်ဆိတ်သော ဝင်းထဲသို့ ပြန်ရောက်ရောက်ချင်းမှာပင် သူ့ကို စောင့်နေသော ဖန့်ဝမ်လီကို တွေ့လိုက်ရသည်။

​"မင်းကို မဟာချန်းကနေ ငါကိုယ်တိုင် လိုက်ပို့ပေးမယ်"

ဟု ဖန့်ဝမ်လီက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

​ဖန့်ချန် အနည်းငယ် အံ့သြသွားသည်။

"ဘာလို့လဲ"

​လျီချန်းနှင့် ချန်ဖေးလန်တို့လည်း ကြောင်သွားကြသည်။

ကျန်းထျန်းအိုက်ကတော့ သူတို့ထက် ပိုပြီး စိုးရိမ်သွားသည်။ ဖန့်ချန်သာ ထွက်သွားရင် သူမ ဘာဖြစ်သွားမလဲ

​"မင်းက ဦးလေးထင်ယွမ်ရဲ့ မျိုးဆက်ဆိုတဲ့ အကြောင်းက တစ်မြို့လုံး ပျံ့နေပြီ အခုဆိုရင် မိသားစုတွေကြားမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ က ကိစ္စတွေကို ပြန်ပြောနေကြပြီ လမ်းဘေးက ကောလာဟလတွေအထိပါ ဖြစ်နေပြီ အခြေအနေက သိပ်မကောင်းဘူး"

ဟု ဖန့်ဝမ်လီက ရှင်းပြသည်။

​ဖန့်ချန် နားလည်သွားသည်။

"ဒါကြောင့်ကိုး"

​ဒါဟာ ဖန့်မုရှန်းနဲ့ ဖန့်လင်ရှင်းတို့ရဲ့ လက်ချက်ဆိုတာ သေချာပါတယ်။

ဒါပေမဲ့ ဖန့်ဝမ်လီက သူ့ကို မဟာချန်းကနေ တိုက်ရိုက် ပို့ထုတ်ပစ်ချင်လောက်တဲ့အထိ တုံ့ပြန်လိမ့်မယ်လို့တော့ ဖန့်ချန် မထင်ထားခဲ့ဘူး။

​ဖန့်ချန်က ခေါင်းကို ဖြည်းဖြည်းချင်း ခါပြလိုက်သည်။

"ဒီသတင်းတွေ ပျံ့နေရင်တောင် ကျွယ်ဝူတိနဲ့ ငါ့ကြားမှာ ဖြေရှင်းစရာ ရှိသေးတယ် ငါ ဘယ်လိုလုပ် ထွက်သွားလို့ ရမှာလဲ"

​"အဲဒီပွဲကို ငါ ရွှေ့ပေးလို့ ရတယ် ပြဿနာ မရှိဘူး ငါ စိုးရိမ်တာက ဦးလေးထင်ယွမ်ကို ရန်ငြိုးထားတဲ့ ရန်သူတွေ သူလျှိုတွေ မဟာချန်းမှာ ရှိနေဦးမှာပဲ သူတို့သာ သိသွားရင် ဦးလေးရဲ့ မျိုးဆက်ကို အမြစ်ပြတ် သတ်ဖို့ ကြံကြလိမ့်မယ်"

ဟု ဖန့်ဝမ်လီက ပြောသည်။

သူက လက်ကို မြှောက်လိုက်ရာ သူ၏ အရှိန်အဝါက ဖန့်ချန်ကို ရစ်ပတ်သွားပြီး အတင်းအဓမ္မ ခေါ်သွားမည့် ဟန်ပြင်လိုက်သည်။

​ဖန့်ချန် မျက်မှောင်ကြုတ်လိုက်သည်။ မဟုတ်သေးဘူး

​သူက ဖန့်ဝမ်လီကို သတ်လို့မှ မရတာ။

တကယ်လို့ အတင်းခေါ်သွားခံရရင် သူ့ရဲ့ အစီအစဉ်တွေ အားလုံး ပျက်စီးသွားလိမ့်မယ်။

တုန်းဖန်းဟောက်ကျဲတင် ဒုက္ခရောက်မှာ မဟုတ်ဘူးနတ်သမီးယွီတို့ အဖွဲ့ပါ အန္တရာယ်ရှိသွားလိမ့်မယ်။

​ရုတ်တရက်ပင် အသံတစ်ခု ထွက်ပေါ်လာသည်။

"ဖန့်ဝမ်လီ ဖန့်ချန်ကို ခေါ်သွားဖို့ ဘယ်သူက ခွင့်ပြုလိုက်လို့လဲ"

​ထိုအသံကို ကြားမှ ဖန့်ချန် စိတ်သက်သာရာ ရသွားသည်။ ဖန့်ထင်ကျန့် ရောက်လာခြင်း ဖြစ်သည်။

​ဖန့်ဝမ်လီ အနည်းငယ် လန့်သွားပြီး မျက်နှာ ပျက်သွားသည်။

"ဦးလေး ဖန့်ချန်က အန္တရာယ် အကြီးအကျယ် ရှိနေတာ"

​"ကံကောင်းတာနဲ့ ကံဆိုးတာက ခန့်မှန်းလို့ မရဘူးဒါပေမဲ့ သူကိုယ်တိုင်က မသွားချင်ဘူးလေ မင်း ဘာလို့ အတင်းလုပ်နေရတာလဲ"

ဖန့်ထင်ကျန့်က ခေါင်းခါလျက် ပြောလိုက်ပြီး

"မင်းတို့ နှစ်ယောက်လုံး ငါနဲ့ နန်းတော်ကို လိုက်ခဲ့ မိုးပြာအင်ပါယာက ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင် သုံးယောက် ရောက်လာပြီ"

"တော်ဝင်မိသားစုက သူတို့ကို ကြိုဆိုဖို့ ဒီနေ့ စားသောက်ပွဲ လုပ်နေတယ် ပြီးတော့ ဖန့်လင်ရှင်း ဖန့်ရှန်း ဖန့်ကျွယ်နဲ့ ဖန့်ရှု တို့လို လူငယ်တွေကိုလည်း ခေါ်ခဲ့ကြ စီနီယာတွေက သူတို့ကို သဘောကျသွားရင် အခွင့်အရေးကောင်းတွေ ရနိုင်တယ်"

​ဖန့်ဝမ်လီမှာ ဘာမှ မတတ်နိုင်တော့ဘဲ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

​ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင် သုံးယောက်တောင် ရောက်လာပြီ ပြီးတော့ စားသောက်ပွဲ ဟုတ်လား

​ဖန့်ချန် အနည်းငယ် အံ့သြသွားသည်။

ဒါဆိုရင် ဝိညာဉ်သွေးဂိုဏ်းက ဒီပွဲမှာ တုန်းဖန်းဟောက်ကျဲကို အဆိပ်ခတ်ဖို့ ကြံနေတာပေါ့။

အဲဒီလိုသာ ဖြစ်သွားရင် မဟာချန်း တော်ဝင်မိသားစုကတော့ ဧရာဝတီမြစ်ထဲ ခုန်ချရင်တောင် အပြစ်ဆေးကြောလို့ ရမှာ မဟုတ်တော့ဘူး။

​ဖန့်ချန် သက်ပြင်းချလိုက်သည်။

"ကံကောင်းတာက တုန်းဖန်းဟောက်ကျဲရဲ့ သွေးမျိုးဆက်က ထူးခြားနေလို့ အဆိပ်က အလုပ်ဖြစ်မှာ မဟုတ်ဘူး ဝိညာဉ်သွေးဂိုဏ်းက ဒါကို သိသွားရင်တော့ တခြားနည်းလမ်း ရှာဦးမှာပဲ"

​ဒါဆိုရင် သူ့အတွက် အချိန်ပိုရသွားပြီ။

သူက ဝိညာဉ်သွေးဂိုဏ်းက ကုန်သွယ်ရေးညီလာခံ အစမှာမှ လုပ်ကြံမယ် ထင်ထားတာ အခုမှ သူက ကောက်ချက်ချတာ စောသွားမှန်း သိလိုက်ရသည်။

​"မနောက်ကျသေးပါဘူး အဆိပ်က တုန်းဖန်းဟောက်ကျဲကို မသတ်နိုင်မှန်း ဝိညာဉ်သွေးဂိုဏ်း သိသွားရင် သူတို့က တိုက်ရိုက် တိုက်ခိုက်ဖို့ပဲ ရှိတော့တယ်။"

​"အဲဒီအခါကျရင် သူတို့ရဲ့ အားနည်းချက်တွေ ပေါ်လာလိမ့်မယ် ရွှေအမြုတေအဆင့် တွေကတော့ တိုက်ခိုက်ဖို့ မကြောက်ဘူး ငါတို့သာ ခွန်လုံစစ်သူကြီး ကိုယ်တိုင် ထွက်လာအောင် လုပ်နိုင်ရင်"

ဖန့်ချန် စဉ်းစားလိုက်သည်။ သူတို့အတွက် ဒါက ကောင်းတဲ့အချက်ပါ။

ရန်သူက တိုက်ခိုက်လာမှာကို မကြောက်ဘူး၊ အမြဲတမ်း အမှောင်ထဲမှာ ပုန်းနေမှာကိုပဲ ကြောက်တာပါ။

​မကြာမီမှာပင် ဖန့်ချန်တို့အဖွဲ့သည် ဘိုးဘေးနှစ်ယောက်နောက်မှ နန်းတော်ဆီသို့ လိုက်ပါလာခဲ့ကြသည်။

ဖန့်ခွန် ဖန့်မိုရှန်း ဖန့်အောက် တို့လို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေလည်း လိုက်လာကြသည်။

​ဖန့်ကျွယ်က အနည်းငယ် စိတ်လှုပ်ရှားနေပုံရပြီး ဖန့်ချန်နှင့် ဖန့်ရှု ကို တိုးတိုးလေး ပြောလိုက်သည်။

"ဒီနေ့ ငါတို့ ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင်တွေကို ကိုယ်တိုင် မြင်ရတော့မယ် ဒီအခွင့်အရေးက ရှားတယ်နော် မင်းတို့က ဘာလို့ စိတ်မလှုပ်ရှားတာလဲ"

​ဖန့်ချန်က ဘာမှမပြောဘဲ ပြုံးနေလိုက်သည်။

​ဖန့်ရှုက

"သိပ်လည်း စိတ်လှုပ်ရှားမနေပါနဲ့ ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင်တွေက ငါတို့ကို ဂရုစိုက်မှာတဲ့လားသူတို့က ဘိုးဘေးတွေနဲ့ပဲ စကားပြောကြမှာ ငါတို့က လူအင်အား လာဖြည့်ပေးတာပဲ ရှိတာ"

ဟု ပြန်ပြောလိုက်သည်။

​ဒါကို ကြားတော့မှ ဖန့်ကျွယ်ရဲ့ စိတ်လှုပ်ရှားမှုတွေ အနည်းငယ် ကျဆင်းသွားသည်။

​နန်းတော်တံခါးဝတွင် ထျန်းဝူ၊ ကျန်းရွှမ် နှင့် နျဲ့ထျန်းယွမ် တို့အပါအဝင် ရွှေအမြုတေအဆင့် ကျင့်ကြံသူ အများအပြားကို တွေ့လိုက်ရသည်။

မြို့တွင်းက မျိုးနွယ်ကြီး ၅ ခုက ပညာရှင်တွေလည်း ရောက်နေကြသည်။

အားလုံးက တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ကြပြီး ကျန်းရွှမ်က ဖန့်ထင်ကျန့်ကို ပြုံးပြသည်။

​ရုတ်တရက်ပင် အက်ကွဲကွဲ အသံတစ်ခု ထွက်ပေါ်လာသည်။

"ငါ ရောက်တာ နောက်ကျသွားသလား"

​အားလုံး လှည့်ကြည့်လိုက်ရာ ကျွယ်မိသားစုမှ ရွှေအမြုတေအဆင့် နောက်ဆုံးအဆင့် ကျင့်ကြံသူကို တွေ့လိုက်ရသည်။

သူ့နောက်တွင် ကျွယ်ဖေးအန်း၊ အခြားသော ကျင့်ကြံသူများနှင့် ကျွယ်ဝူတိ တို့ ပါလာကြသည်။

​ကျွယ်ဝူတိ ၏ အကြည့်က ဖန့်ချန်ပေါ်သို့ တည့်တည့် ကျရောက်နေသော်လည်း မျက်နှာမှာ ဘာခံစားချက်မှ မပြပေ။

​"ဖန့်ချန် ကျွယ်ဝူတိ က မင်းကို စိုက်ကြည့်နေတယ် သတိထားဦး သူ ဒီနေ့ မင်းကို ပြဿနာရှာနိုင်တယ်"

ဟု ဖန့်ကျွယ်က ဝိညာဉ်အသိဖြင့် သတိပေးလိုက်သည်။

​ဖန့်ချန်က ခပ်ဖျော့ဖျော့ ခေါင်းညိတ်ပြလိုက်သည်။

​မကြာမီမှာပင် ရွှေအမြုတေအဆင့် ပညာရှင်များသည် ကျွယ်မိသားစုက ပညာရှင်နှင့် စကားပြောပြီးနောက် နန်းတော်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြသည်။

​လမ်းပေါ်က ကျင့်ကြံသူများစွာကတော့ မနာလိုသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

မိုးပြာအင်ပါယာက ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင် သုံးယောက် ရောက်လာပြီး တော်ဝင်မိသားစုက စားသောက်ပွဲ ကျင်းပနေတာကို သူတို့ ကြားထားကြသည်။

​"ဒီစားသောက်ပွဲမှာ ထိုင်ခွင့်ရတဲ့သူတွေက တကယ့် ထိပ်သီးပုဂ္ဂိုလ်တွေပဲ"

"ငါတို့သာ အဲဒီမှာ ပါခွင့်ရရင် ဘယ်လောက်ကောင်းမလဲ"

"ခန်းမအပြင်ကနေ ရပ်ကြည့်ရရင်တောင် ကျေနပ်ပါပြီ"

"ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင်တွေက ဘယ်လိုပုံစံလဲ သိချင်လိုက်တာ"

"ငါတို့လိုပဲ လက်နှစ်ဖက် ခြေနှစ်ဖက်နဲ့ ဖြစ်မှာပါ"

​ကျင့်ကြံသူတွေက တိုးတိုးလေး ပြောဆိုနေကြသည်။

​လမ်းထောင့်တစ်ခုတွင်တော့ လယ်သူမပုံစံ ဝတ်ထားပြီး ကြက်မတစ်ကောင်ကို ကိုင်ထားသော အမျိုးသမီးတစ်ယောက်က လှည့်ကြည့်ကာ သက်ပြင်းချလိုက်သည်။

"အဆင့် ၅ အင်ပါယာရဲ့ အခြေခံက တကယ်ကို ခိုင်မာတာပဲ မီးတောက်အင်ပါယာ မှာဆိုရင် ရွှေအမြုတေအဆင့် ပညာရှင်တစ်ယောက် မြင်ရဖို့တောင် မလွယ်ဘူး"

​ကျန်းရှောင်ခဲ က ဖန့်ချန်ကို မြင်လိုက်ရသဖြင့် ဝမ်းသာနေသည်။

သူ့ ဆရာ ပြောတာကို ကြားတော့မှ ခေါင်းညိတ်ထောက်ခံလိုက်သည်။

​ယန်ရုယွဲ့ ကတော့ ထိုအမျိုးသမီးကို ထူးထူးဆန်းဆန်း ကြည့်ကာ ပြောလိုက်သည်။

"ဆရာ ကျွန်မ ခုနက ချင်းကျိုး ဓားဂိုဏ်း ရဲ့ ဂိုဏ်းချုပ်ကို မြင်လိုက်ရသလိုပဲ"

​"မင်း မျက်စိမှားတာ ဖြစ်မှာပါ စီနီယာအစ်မ"

ဟု ကျန်းရှောင်ခဲ့က ချက်ချင်း ပြောသည်။

"သူက ဘာလို့ ဒီအထိ လာမှာလဲ"

​"မင်း မျက်စိမှားတာ ဖြစ်ပါလိမ့်မယ်"

ဟု ထိုအမျိုးသမီးက ရယ်လျက် ပြောသည်။

"တကယ်လို့ သူ မဟာချန်းကို ရောက်လာရင်တောင် ဒီစားသောက်ပွဲကို တက်ဖို့ အရည်အချင်း ပြည့်မှီမှာ မဟုတ်ပါဘူး"

​ကျန်းရှောင်ခဲ့၏ မျက်နှာက အနည်းငယ် လေးနက်သွားသည်။

"ဆရာ တကယ်လို့ သခင်လေး သာ မဟာချန်းကို လာမယ်ဆိုရင် သူ ဒီစားသောက်ပွဲကို တက်ဖို့ သေချာပေါက် အရည်အချင်း ရှိပါတယ်"

​ထိုအမျိုးသမီး အံ့သြသွားပြီး ပြုံးလိုက်သည်။

"မင်းပြောတာ မှန်ပါတယ် ကောင်းကင်တောင်ပိုင်းဂိုဏ်း မှာတုန်းက သူက သူ့ရဲ့ ထူးခြားတဲ့ နောက်ခံကို ပြခဲ့တယ်လေ သူသာ လာမယ်ဆိုရင် ဒီပွဲကို တက်ခွင့် ရနိုင်ပါတယ်"

​ခဏအနားယူပြီးနောက် သူမက ဆက်ပြောသည်။

"ဒီအတောအတွင်းမှာ မင်းတို့ နှစ်ယောက်လုံး ဗဟုသုတတွေ ရှာဖွေကြဦး ဝိညာဉ်သားရဲဥတွေ ဝယ်ပြီးတာနဲ့ ဂိုဏ်းကို ပြန်ပြီး တံခါးပိတ် ကျင့်ကြံကြရမယ်"

​မလှမ်းမကမ်းက လက်ဖက်ရည်ဆိုင်တစ်ခုတွင်

​မယ်သီလရှင် ချင်းဟယ် သည် မျက်နှာ အနည်းငယ် ဖြူလျော့နေသည်။

သူမက နဖူးကို ပွတ်ကာ ဘေးနားက လီသောက်ယဲ့ ကို ကြည့်ပြီး ပြောလိုက်သည်။

"ငါတို့ အစီအစဉ်ကို မှတ်မိအောင် လုပ်ထားနော်"

​"သေချာတာပေါ့"

လီသောက်ယဲ့က စုတ်တံနဲ့ မင်အိုးကို ကိုင်ကာ ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။

​ဒီရက်ပိုင်းအတွင်းမှာ သူ လူတော်တော်များများကို မှတ်တမ်းတင်ထားပြီးပါပြီ။

ဒီလူတွေက နေရာအနှံ့က လာကြတာဖြစ်ပြီး သူတို့ ဘေးနားက ဝိညာဉ်တွေအရ သူတို့အားလုံးက ဝိညာဉ်သွေးဂိုဏ်းသားတွေ ဖြစ်နိုင်ပါတယ်။

​ချင်းဟယ် က စကားပြောပြီးနောက် နောက်က မယ်သီလရှင် ကျူးယွဲ့ကို ကြည့်ကာ

"ဆရာ ကျွန်မ သခင်လေးဖန့် ကို မြင်လိုက်တယ် သူလည်း စားသောက်ပွဲကို တက်နေတာပဲ"

ဟု ပြောလိုက်သည်။

​ကျူးယွဲ့က ခေါင်းညိတ်သည်။

"သူက ဖန့်မိသားစုဝင်ပဲလေ တက်ခွင့်ရှိတာ မဆန်းပါဘူး"

​ဖန်ချင်းယောင် ကတော့ စိတ်ထဲမှာ ရှုပ်ထွေးနေသည်။

​သူမက ကျင့်ကြံခြင်းလမ်းစဉ်ပေါ် တက်လှမ်းနိုင်ရင် သခင်လေး နဲ့ ပိုနီးစပ်လာမယ် ထင်ထားခဲ့တာ။

ဒါပေမဲ့ အခုတော့ သူတို့ကြားက အကွာအဝေးက ပိုပိုပြီး ဝေးကွာလာသလို ခံစားနေရသည်။

All Chapters