← Chapters

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

​အခန်း ၇၉ - ထာဝရသုသာန်

​မြို့တော်အပြင်ဘက်မှ တိုက်ပွဲသည် မှောင်မိုက်သော ညအမှောင်ထုအတွင်း ဆက်လက်ဖြစ်ပွားနေသည်။

​လုံတုအင်ပါယာ အသုံးပြုရန် စီစဉ်ထားသော ဗျူဟာမှာ ရုတ်တရက် အလစ်အငိုက် တိုက်ခိုက်ခြင်းအပေါ် အခြေခံထားခြင်းဖြစ်သည်။

သူတို့သည် နယ်စားကြီး ရှန်းယွီနှင့် သူ၏ပညာရှင်အုပ်စုကို အသုံးပြု၍ မဟာရှ၏ ခုခံရေးတပ်များကို အတွင်းပိုင်းမှနေ၍ အားပျော့သွားအောင် လုပ်ရန် ရည်ရွယ်ခဲ့ကြသည်။

​ချီအမြုတေအဆင့် ပညာရှင်တစ်ဦးအနေဖြင့် နယ်စားကြီး ရှန်းယွီသည် ဖန်ချန်ကိုသာ ဖိနှိပ်ထားရန် လိုအပ်သည်။

၎င်းကို လုပ်ဆောင်ပြီးသည်နှင့် သူသည် နန်းတော်ထဲသို့ ယုံကြည်မှုအပြည့်ဖြင့် လမ်းလျှောက်ဝင်သွားကာ ဧကရာဇ်မင်းမြတ်နှင့် သူအလိုရှိသော အခြေအနေများအတိုင်း စေ့စပ်ညှိနှိုင်းနိုင်မည်ဖြစ်သည်။

တကယ်လို့ ကျူးကျော်မှုမှာ ထိုအတိုင်းသာ ဖြစ်လာခဲ့လျှင် တစ်နာရီ၊ နှစ်နာရီအတွင်း မြို့တော်တံခါးများ ပျက်စီးသွားမည်ဖြစ်ပြီး မြို့တော်တစ်ခုလုံး လုံတုလက်ထဲသို့ ကျရောက်သွားပေလိမ့်မည်။

​သို့သော် သူတို့အတွက် ကံမကောင်းစွာဖြင့် နယ်စားကြီး ရှန်းယွီသည် ရှုံးနိမ့်သွားခဲ့ပြီး သူ၏လူများနှင့်အတူ အသက်ပျောက်ခဲ့ရသည်။

သူတို့၏ အဓိကဗျူဟာမှာ ပျက်စီးသွားခဲ့သဖြင့် လုံတုမြင်းတပ်များ၏ စိတ်ဓာတ်မှာလည်း ကျဆင်းသွားကာ တိုက်ပွဲတွင် မဟာရှဘက်က အသာစီးရလာခဲ့တော့သည်။

​၎င်းအပြင် သူတို့၏ တပ်မှူးများမှာလည်း ရွှီဂီနှင့် အခြားသူများ၏ လုပ်ကြံခြင်းကို ခံလိုက်ရသဖြင့် လုံတုမြင်းတပ်များမှာ ဖရိုဖရဲ ဖြစ်ကုန်ကြသည်။

နောက်ဆုံးတွင် သူတို့သည် အခြားရွေးချယ်စရာမရှိဘဲ မိမိတို့ရဲဘော်များ၏ အလောင်းများကို စစ်မြေပြင်တွင် ထားရစ်ကာ ဆုတ်ခွာသွားကြရတော့သည်။

​ထိုအတောအတွင်း ဖန်ချန်၏ ဝိညာဉ်သည် ညကောင်းကင်ယံတွင် ရပ်တန့်နေဆဲဖြစ်ပြီး မြို့တစ်ခုလုံးကို စနစ်တကျ ရှာဖွေနေသည်။

သွေးဝိညာဉ်ဂိုဏ်းမှ ကျင့်ကြံသူများ၏ အရိပ်အယောင်ကိုမူ သူ မတွေ့ရသေးပေ။ အရာအားလုံးမှာ ပုံမှန်အတိုင်း ဖြစ်နေပုံရသည်။

​သစ္စာဖောက်နှင့် အခြေအနေကို ပိုမိုဆိုးရွားအောင် လုပ်ဆောင်ခဲ့သူများကို ခွဲခြားသိမြင်ရန် မဖြစ်နိုင်သေးပေ။ ထို့ကြောင့် သူ၏ ဝိညာဉ်သည် နန်းတော်ရှိရာသို့ ပျံသန်းသွားလိုက်သည်။

​ဧကရာဇ်၏ စာကြည့်ဆောင် အပြင်ဘက်တွင် အရာရှိအုပ်စုကြီးတစ်ခုမှာ မတ်တတ်ရပ်နေကြပြီး အပြင်ဘက်မှ သတင်းပို့ချက်များကို နားထောင်ကာ သက်ပြင်းချနေကြသည်။

​စာကြည့်ဆောင်အတွင်း၌မူ အိမ်ရှေ့မင်းသား ရှာယွီမှာ တည်ကြည်သော မျက်နှာထားဖြင့် ရှိနေသည်။ သူသည် ဧကရာဇ်ကို ကြည့်ကာ

"ခမည်းတော် နယ်စားကြီး ရှန်းယွီက ရွှီဂီရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ပါပြီ မကြာခင်ကပဲ မြို့တံခါး လေးခုစလုံးမှာ ရွှီဂီနဲ့ ဟွမ်စီဟိုင် အပါအဝင် လျှို့ဝှက်ဆန်းပြားတဲ့ ပညာရှင်တွေ ပေါ်လာခဲ့တယ် ဒီလူတွေအားလုံးဟာ ဖန်ချန်ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်နိုင်ပါတယ်"

ဟု တင်ပြလိုက်သည်။

​ဧကရာဇ်က အိမ်ရှေ့မင်းသားကို အသာအယာ ကြည့်ကာ

"မင်း ဘာကို ဆိုလိုတာလဲ ယွီအာ "

ဟု မေးလိုက်သည်။

​"ဖန်ချန်က သူ့အိမ်တော်မှာပဲ အေးအေးဆေးဆေး နေထိုင်ပြီး လူယုံကြည်အောင် ဟန်ဆောင်နေပေမဲ့ တကယ်တမ်းမှာတော့ ချီအမြုတေအဆင့် ပညာရှင်ကိုတောင် သတ်နိုင်တဲ့ ရွှီဂီလို လူမျိုးတွေကို တိတ်တဆိတ် မွေးမြူထားခဲ့တာပါ သူ့ရဲ့ ရည်မှန်းချက်က ဘာလဲဆိုတာ ရှင်းနေပါတယ် ခမည်းတော်"

​ဖန်ချန်၏ ဝိညာဉ်မှာ အိမ်ရှေ့မင်းသား၏ ဘေးနားတွင် ရှိနေပြီး ထိုစကားကို ကြားသောအခါ သူ မရယ်ဘဲ မနေနိုင်တော့ပေ။

​ဧကရာဇ်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက်

"ဖန်မိသားစုဟာ အင်ပါယာအပေါ် အမြဲတမ်း သစ္စာရှိခဲ့တာပါ အင်ပါယာကို တည်ထောင်ခဲ့တဲ့ သူရဲကောင်းတွေရဲ့ မျိုးဆက်တွေလည်း ဖြစ်ကြတယ် သူတို့ဟာ မျိုးဆက်ပေါင်းများစွာ သစ္စာမရှိတဲ့ အရိပ်အယောင်မျိုး တစ်ခါမှ မပြခဲ့ဖူးဘူး ဖန်ချန်က တကယ်ပဲ ပုန်ကန်လိမ့်မယ်လို့ မင်း ထင်နေတာလား"

ဟု မိန့်ကြားလိုက်သည်။

​ရှာယွီက သွားကြိတ်ကာ

"သူ့မှာ ပုန်ကန်လိုစိတ် မရှိဘူးဆိုရင် ဘာလို့ အရာရာကို ဖုံးကွယ်ထားရတာလဲ ဒီ ၅ နှစ်အတွင်းမှာ သူ ကျင့်ကြံတာကို တစ်ခါမှ မရပ်နားခဲ့ဘူးလို့တောင် ကျွန်တော်မျိုး သံသယရှိမိပါတယ် သူက မျက်စိကွယ်ယောင် ဆောင်နေတာလည်း ဖြစ်နိုင်တယ်"

ဟု ခေတ္တရပ်ကာ ဆက်ပြောသည်။

"ခမည်းတော် သူ့မှာ အဲဒီလို ရည်ရွယ်ချက် မရှိရင်တောင်မှ သူ့ရဲ့ နာမည်ကျော်ကြားမှုက ပြန်တက်လာနေပြီ ဒီနေ့ ဖြစ်ရပ်ပြီးရင် သူက အရင်လိုပဲ သြဇာအာဏာတွေ ပြန်ရှိလာတော့မှာပါ လွန်ခဲ့တဲ့ ၅ နှစ်က သူ့ရဲ့ အင်အားစုဟာ မြို့တော်မှာ လွှမ်းမိုးထားနိုင်ခဲ့တာ၊ သုံးလောကတောင်တန်း မှာ သူရှုံးနိမ့်သွားတော့မှ ပြိုကွဲသွားခဲ့တာပါ တကယ်လို့ သူ့ကို ထောက်ခံတဲ့သူတွေ ပြန်ပေါ်လာရင် သူ့မှာ ရာထူး ဒါမှမဟုတ် စစ်အာဏာ မရှိရင်တောင်မှ မဟာရှရဲ့ အခြေခံအုတ်မြစ်ကို ခြိမ်းခြောက်လာနိုင်ပါတယ်"

​"မင်းပြောတာလည်း အဓိပ္ပါယ် ရှိပါတယ် ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် ငါ သူ့ကို အရေးယူဖို့ မဖြစ်နိုင်ဘူး ပြီးတော့ နန်းတွင်းထဲမှာလည်း သူ့ကို အရေးယူတာကို ဒီအတိုင်း ကြည့်နေမယ့်သူတွေ မဟုတ်ဘူး လီကော်ကျူး အပါဝင်ပေါ့၊ ဝူအဘိုးကြီး နဲ့ ကျန်းယွီရှူး တို့လည်း ရှိသေးတယ်"

ဧကရာဇ်က ရုတ်တရက် ရယ်မောလိုက်သည်။

"မင်း ဘာလို့ သူ့ကို ဒီလောက် စိုးရိမ်နေရလဲဆိုတာ ငါသိပါတယ် မင်းရဲ့ တတိယမြောက် ညီတော်ကို သူ ပြန်ခေါ်လာပြီး မင်းရဲ့ အိမ်ရှေ့မင်းသား ရာထူးကို ခြိမ်းခြောက်လာမှာကို မင်း ကြောက်နေတာ မဟုတ်လား"

​ရှာယွီမှာ ထိတ်လန့်သွားပြီးနောက် ခေါင်းငုံ့ကာ ဒူးထောက်လိုက်သည်။

"ကျွန်တော်မျိုး အဲဒီလို မစဉ်းစားရဲပါဘူးတကယ်လို့ တတိယညီတော်သာ ဘေးကင်းကင်းနဲ့ ပြန်လာမယ်ဆိုရင် ကျွန်တော်မျိုး အတိုင်းမသိ ဝမ်းသာမိမှာပါ"

​ဧကရာဇ်က ခဏမျှ စဉ်းစားပြီးနောက် တည်ငြိမ်စွာ မိန့်ကြားလိုက်သည်။

"ကဲ သွားတော့ အပြင်က လူတွေကိုလည်း ပြန်ပြီး အိပ်ခိုင်းလိုက် မနက်ဖြန် မနက် နန်းတွင်းညီလာခံကျမှ ဆက်ပြီး ဆွေးနွေးကြတာပေါ့"

​ရှာယွီသည် ထပ်မံ၍ စကားမပြောရဲတော့ဘဲ ရိုရိုသေသေ ထွက်ခွာသွားသည်။

ထို့နောက် အပြင်ဘက်ရှိ ဝန်ကြီးများကို သတင်းစကား ပါးလိုက်သည်။

အရာရှိတစ်ဦးက

"အရှင်မင်းသား မြို့တော်က တိုက်ခိုက်ခံနေရတာကို သိသိကြီးနဲ့ ကျွန်တော်တို့ ဘယ်လို အိပ်ပျော်နိုင်မှာလဲ"

ဟု ခါးသီးစွာ ပြုံးလျက် ဆိုသည်။

​ရှာယွီက ထွက်ခွာသွားရင်း

"အရှင်မင်းမြတ်က အခြေအနေကို ရှင်းရှင်းလင်းလင်း သိမြင်ပြီးသားပါ ခင်ဗျားတို့ အခုထိ သဘောမပေါက်ကြသေးဘူးလား နယ်စားကြီး ရှန်းယွီ သေပြီဆိုတော့ လုံတုက ဘယ်လိုနည်းနဲ့မှ မြို့တော်ကို ဖောက်နိုင်မှာ မဟုတ်တော့ဘူးမနက်ဖြန် မနက်ကျရင် အရာအားလုံး ပြီးဆုံးသွားပါလိမ့်မယ်"

ဟု ပြောလိုက်သည်။

​အရာရှိများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ လီကော်ကျူးဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ လီကော်ကျူးက ဝတ်ရုံစကို ခါလိုက်ပြီး

"ကဲ... ပြန်ကြစို့"

ဟု ဆိုကာ ထွက်ခွာသွားတော့သည်။

​စာကြည့်ဆောင်အတွင်း၌မူ ဖန်ချန်၏ ဝိညာဉ်သည် အစီရင်ခံစာများကို ဖတ်နေသော ဧကရာဇ်ကို တိတ်တဆိတ် စောင့်ကြည့်နေလေသည်။

​

​နောက်တစ်နေ့ နံနက်စောစောတွင် တစ်ညလုံး တိုက်ပွဲဝင်ခဲ့ကြပြီးနောက် မဟာရှတပ်ဖွဲ့များသည် လုံတုတပ်များကို မိုင်ငါးဆယ်ခန့်အထိ ပြန်လည်မောင်းထုတ်နိုင်ခဲ့ပြီး အောင်ပွဲခံ ပြန်လည်ရောက်ရှိလာကြသည်။

လုံတုမြင်းတပ်များထဲမှ နှစ်ထောင် သုံးထောင်ခန့်သာ အသက်ရှင်ကျန်ရစ်တော့မည်ဟု ခန့်မှန်းရသည်။

​လမ်းမများပေါ်တွင် လူများက ထိုအကြောင်းကို အားရပါးရ ဆွေးနွေးနေကြပြီး အချို့မှာ မြို့ပြင်သို့ထွက်ကာ တိုက်ပွဲ၏ အကြွင်းအကျန်များကို သွားကြည့်ကြသည်။

အချို့မှာလည်း အလောင်းများကို စုဆောင်းရန် ကူညီကြသည်။ အကယ်၍ အလောင်းများကို နေပူထဲတွင် ဒီအတိုင်း ထားလိုက်ပါက ကူးစက်ရောဂါများ ပျံ့နှံ့နိုင်သောကြောင့် ဖြစ်သည်။

​ကျောက်စိမ်းမသေမျိုးလှေတွင် ဖြစ်ပျက်ခဲ့သည့် သတင်းများမှာလည်း မြို့ထဲတွင် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် အလျင်အမြန် ပျံ့နှံ့သွားတော့သည်။ အချို့သော အကြောင်းအရာများကို ဖုံးကွယ်ထားရန်မှာ မလွယ်ကူလှပေ။

​ကိုယ်ခံပညာရှင်များ၊ ပညာရှိများနှင့် အရပ်သားများအားလုံး ထိုသတင်းကို ကြားသိခဲ့ကြသည်။

​"ငါ ပြောပြမယ် မနေ့ညက တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းတာဗျာ ငါ့ဆရာနဲ့အတူ မနေ့က ကျောက်စိမ်းမသေမျိုးလှေကို သွားခဲ့တာ၊ အဲဒီမှာရှိတဲ့ လုံတုက သံတမန်က နယ်စားကြီး ရှန်းယွီက ရုပ်ဖျက်ထားတာ ဖြစ်နေတယ်"

​"သူက ချီအမြုတေအဆင့် ပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ကျင့်ကြံမှုက စစ်သူကြီးဖန်ထက်တောင် မြင့်တယ်လို့ ကြွားလုံးထုတ်ခဲ့တာ သူက စစ်သူကြီးကို လှေပေါ်မှာ ပိတ်မိအောင် လုပ်ဖို့တင် မကဘူး၊ မြို့တော်ကိုပါ တစ်ပြိုင်တည်း တိုက်ခိုက်ဖို့ စီစဉ်ထားတာ"

​"ဒါပေမဲ့ ဘာဖြစ်သွားလဲ သိလား သူက ဖန်ချန်ရဲ့ လက်အောက်ငယ်သား ရွှီဂီရဲ့ လက်ချက်နဲ့ သေသွားတာလေ"

​"ရွှီဂီ လေပြေတိမ်တိုက် ဓားသမား ရွှီဂီက ချီအမြုတေအဆင့် ပညာရှင်ကို သတ်နိုင်တယ် ဟုတ်လား"

​"အဲဒါကိုပဲ ငါလည်း အံ့သြနေတာ နယ်စားကြီး ရှန်းယွီက စစ်သူကြီးဖန် ကိုယ်တိုင် တိုက်ခိုက်စရာတောင် မလိုလောက်တဲ့ အဆင့်ဖြစ်နေတာပဲ"

​"မြို့တံခါး လေးခုမှာလည်း လျှို့ဝှက်ဆန်းပြားတဲ့ ပညာရှင်တွေ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ငါ ကြားတယ် သူတို့က လုံတုမြင်းတပ် တပ်မှူးတွေကို သတ်ပစ်ပြီး စစ်ကူတွေ ရောက်လာတဲ့အထိ ခုခံပေးခဲ့ကြတာ"

​"ငါ ထင်တာတော့ သူတို့အားလုံးက စစ်သူကြီးဖန်ရဲ့ လူတွေပဲ ဖြစ်မှာပါ သူက တကယ်ကို ထူးခြားတဲ့သူပဲ။ မဟာရှရဲ့ ထိပ်တန်းစစ်သူကြီး လက်အောက်မှာ အစွမ်းထက်တဲ့သူတွေ အများကြီးရှိနေတာ မဆန်းပါဘူး"

​လမ်းသွားလမ်းလာများ၏ စကားကို နားထောင်ရင်း တထာက်ယွီ ၊ ရဲ့ချင်းဟဲ နှင့် အခြားသူများ၏ မျက်နှာမှာ ထူးဆန်းနေကြသည်။ ရဲ့ချင်းဟဲသည် ရောင်ကိုင်းနေသော သူ၏ပါးကို ပွတ်ရင်း မျက်နှာပျက်နေရှာသည်။

​"ချင်းဟဲ မနေ့ညက ကျောက်စိမ်းမသေမျိုးလှေပေါ်မှာ မင်း အသက်ရှင်ကျန်ခဲ့တာ ကံကောင်းတယ်လို့ ပြောရမှာပဲ"

ထောက်ယွီက ရယ်မောရင်း

"ရွှီဂီက မင်းကို ပါးရိုက်လိုက်တယ်လို့လည်း ငါ ကြားမိသေးတယ်"

ဟု ဆိုလိုက်သည်။

​"အဲဒါကို ပြန်မပြောနဲ့တော့ အခုထိတောင် ငါ့ပါးက ကျိန်းနေတုန်းပဲ"

ရဲ့ချင်းဟဲက နှာခေါင်းရှုံ့ကာ

"ငါ့အဖေက ဖန်ချန်ကို သွားပြီး ကျေးဇူးတင်စကား ပြောခိုင်းတယ် မင်းတို့ရော ငါနဲ့အတူ လိုက်ချင်ကြလား"

ဟု မေးလိုက်သည်။

​ထောက်ယွီက မျက်လုံးတစ်ချက် ဝေ့လိုက်ပြီး

"လိုက်တာပေါ့"

ဟု ပြန်ဖြေသည်။

​ထို့နောက် ထိုအုပ်စုမှာ ဖန်အိမ်တော်သို့ ထွက်ခွာသွားကြသည်။

သို့သော် ဖန်အိမ်တော်သို့ ရောက်သောအခါ အစေခံတစ်ဦးက

"သခင်လေး အိမ်မှာ မရှိပါဘူး သူ ထာဝရသုသာန် ကို သွားပါတယ် သူ့ကို ရှာချင်ရင် အဲဒီကို သွားကြည့်လိုက်ပါ"

ဟု ပြောလိုက်သည်။

​ထာဝရသုသာန်

​ရဲ့ချင်းဟဲနှင့် အခြားသူများ၏ မျက်နှာများမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။

​​အခန်း ၈၀ - ထိုနေ့ ရောက်လာလိမ့်မည်

​မြို့တော်အတွင်း၌ လွန်မြောက်ခြင်းကျောင်းတော် ဟု ခေါ်သော ဘုရားကျောင်းတစ်ခု ရှိသည်။ ၎င်းသည် မြို့ပြင်ရှိ

"ကောင်းကင်ရတနာတောင်" ပေါ်တွင် တည်ရှိပြီး အလွန်ပင် စည်ကားလှသည်။ သို့သော် ထိုကျောင်းတော်သို့ ရောက်ရန်အတွက် "ထာဝရသုသာန်" ကို အရင် ဖြတ်ကျော်ရပေမည်။

​ထိုသုသာန်သည် လွန်ခဲ့သော နှစ်ပေါင်းငါးရာအတွင်း မဟာရှအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် မရေမတွက်နိုင်သော စစ်သည်တော်များ၏ ဝိညာဉ်များ ကိန်းဝပ်ရာနေရာ ဖြစ်သည်။

စစ်မြေပြင်တွင် ကျဆုံးခဲ့ပြီး ပြန်စရာနေရာမရှိသည့် စစ်သည်အများစုကို ထိုထာဝရသုသာန်၌ပင် ဂူသွင်းသင်္ဂြိုဟ်ပေးထားသည်။

​အထိမ်းအမှတ် ကျောက်တိုင်တစ်ခုချင်းစီပေါ်တွင် နာမည်များစွာ ရေးထိုးထားသည်။

​အာကု၊ ကျန်းဆန်း၊ လီယာ။

​ကျောက်တိုင် ရာပေါင်းများစွာသည် တစ်ခုပြီးတစ်ခု မဟာရှအတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ကြသော စစ်သည်တော်များ၏ အမည်များကို မှတ်တမ်းတင်ထားကြသည်။ သူတို့၏ သွေးများသည် မဟာရှ၏ အသွေးအသားများကို မွေးဖွားပေးခဲ့ပြီး သူတို့၏ ဝိညာဉ်များသည် မဟာရှ၏ ကျောရိုးကို ပုံဖော်ပေးခဲ့ကြသည်။

​ထိုအချိန်တွင် စစ်သည်အများအပြားသည် ကျဆုံးသွားသော ရဲဘော်များ၏ ရုပ်အလောင်းများကို သုသာန်သို့ သယ်ဆောင်လာကြသည်။

မိသားစုရှိသူများကို ဆွေမျိုးများက လာရောက်ထုတ်ယူကြသော်လည်း၊ မိသားစုမရှိသူများနှင့် အဝေးတစ်နေရာတွင် နေထိုင်သူများကိုမူ နေရပ်နှင့်ဝေးရာ ထိုနေရာ၌သာ သင်္ဂြိုဟ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

​ဖန်ချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တတ်ရပ်နေသည်။

သူ၏ဘေးတွင် သီလရှင်မလေးချင်းဟဲနှင့် သွေးချင်းချင်းနီနေသော စစ်သူကြီး ယူလုံချန်း တို့ ရှိနေကြသည်။

​"စစ်သူကြီးယူ ဒီတစ်ခေါက် ကျွန်တော်တို့ဘက်က စစ်သည် ဘယ်လောက် ကျဆုံးသွားလဲဆိုတာ စာရင်းတွက်ပြီးပြီလား"

ဟု ဖန်ချန်က မေးလိုက်သည်။

​စစ်သူကြီး ယူလုံချန်းက လိပ်စာမူစာစောင်ကို ချက်ချင်းထုတ်ကြည့်ကာ တည်ကြည်သော မျက်နှာထားဖြင့်

"စစ်သည်ပေါင်း ၈,၃၀၆ ယောက် ကျဆုံးခဲ့ပါတယ်"

ဟု ဖြေလိုက်သည်။

​ထိုကိန်းဂဏန်းကို ကြားလိုက်ရသောအခါ ဖန်ချန်သည် တိတ်ဆိတ်သွားသည်။ လူပေါင်း ရှစ်ထောင်ကျော်.

​အနီးနားရှိ စစ်သည်များသည် ဖန်ချန်ကို မြင်သောအခါ အံ့သြကြည်ညိုသော အကြည့်များဖြင့် ကြည့်မိကြသော်လည်း၊ ချက်ချင်းပင် သူတို့၏ အလုပ်များဆီသို့ အာရုံပြန်လွှဲလိုက်ကြသည်။

သူတို့သည် မိမိတို့၏ ရဲဘော်ရဲဘက်များကို သင်္ဂြိုဟ်နေခြင်းဖြစ်ရာ ရိုရိုသေသေနှင့် စနစ်တကျ လုပ်ဆောင်ကြရမည် မဟုတ်ပါလား။

​"အစ်ကို လုံတုမြင်းတပ်သားရဲ့ အလောင်းကို ဘာလို့ ဒီကို သယ်လာတာလဲ ဒီအမှိုက်တွေကို ဒီမှာ သင်္ဂြိုဟ်လို့ မရဘူးလေ"

ဟု အဝေးမှ စစ်သည်တစ်ဦး၏ အသံ ထွက်ပေါ်လာသည်။ ထိုအသံကြောင့် အားလုံး လှည့်ကြည့်လိုက်သောအခါ မဟာရှစစ်သည်တစ်ဦးသည် လုံတုမြင်းတပ်သားတစ်ဦးကို မြဲမြံစွာ ဖက်ထားသည်ကို တွေ့ရသည်။

လုံတုစစ်သည်မှာ ခေါင်းပြတ်နေပြီဖြစ်သော်လည်း သူ၏လက်ထဲရှိ ဓားမှာ မဟာရှစစ်သည်၏ ရင်ဘတ်ကို ဖောက်ကာ နှလုံးသားဆီသို့ ထိုးဝင်နေဆဲဖြစ်သည်။

​သူ၏ဖခင် မှာကြားခဲ့သည်များကို သတိရကာ ဖန်ချန်က ဝင်ပြောလိုက်သည်။

"ဒီစစ်သည်ဟာ ချီထိန်းချုပ်ခြင်းနယ်ပယ်က အဲဒီပညာရှင်ကို ဖက်တွယ်ပြီး သူ့ကိုယ်သူ အနစ်နာခံခဲ့တာပါ ဒါကြောင့်လည်း ငါ့အဖေက အဲဒီပညာရှင်ကို တစ်ချက်တည်းနဲ့ ခေါင်းဖြတ်နိုင်ခဲ့တာ"

​၎င်းကို ကြားလိုက်ရလျှင်ပင် ပတ်ဝန်းကျင်ရှိ စစ်သည်များမှာ ချက်ချင်းပင် ရိုသေလေးစားမှုများ ပေါ်လာကြသည်။

သူသည် လုံတုမှ ချီထိန်းချုပ်ခြင်းနယ်ပယ် ပညာရှင်တစ်ဦးကို သတ်ရန် ကူညီပေးခဲ့သည် မဟုတ်ပါလား။ ၎င်းမှာ ကြီးမားသော စွမ်းဆောင်ချက်ပင်။

​"သူတို့ကို အတူတူပဲ သင်္ဂြိုဟ်ပေးလိုက်ပါ ဒါက သူ့ရဲ့ ဂုဏ်ပြုထိုက်တဲ့ အောင်မြင်မှုပဲ"

ဟု ဖန်ချန်က ဆိုသည်။

​"ဟုတ်ကဲ့ပါ စစ်သူကြီးဖန်"

​စစ်သည်များက ခေါင်းငြိမ့်ကြသည်။ ဖန်ချန် ကိုယ်တိုင် ပြောလိုက်ပြီဖြစ်ရာ သူတို့ စည်းမျဉ်းစည်းကမ်းများကို ဂရုမစိုက်တော့ပေ။

ထို့အပြင် ကျင့်ကြံမှုမရှိသော သာမန်လူတစ်ဦးအနေဖြင့် ဖန်ချန်းဟိုင်ကို ကူညီကာ ရန်သူ့ပညာရှင်ကို သတ်ပေးနိုင်ခဲ့ခြင်းမှာ အလွန်ကြီးမားသော အောင်မြင်မှု ဖြစ်သည်။

သူတို့ကို အတူတူ သင်္ဂြိုဟ်ပေးခြင်းမှာ ကျောက်တိုင်ပေါ်တွင် ခမ်းနားသော မှတ်တမ်းတစ်ခု ရေးထိုးပေးလိုက်သကဲ့သို့ပင်။

​"သူတို့ ရောက်နေကြပြီလား ချင်းဟဲ"

ဟု ဖန်ချန်က ရုတ်တရက် တိုးတိုးလေး မေးလိုက်သည်။

​သီလရှင်မလေး ချင်းဟဲသည် မျက်လုံးများကို အမြဲမှိတ်ထားလေ့ရှိသော်လည်း ဖန်ချန်၏ အသံကို ကြားသောအခါ ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

သူမ၏ မျက်နှာမှာ ခဏမျှ ဖြူလျော့သွားပြီးနောက် အသာအယာ ခေါင်းငြိမ့်ကာ

"ရောက်နေကြပါပြီ"

ဟု ဖြေသည်။

​သူမသည် သွေးဆာနေသည့် အရှိန်အဝါများ ရှိသော ကြီးမားသည့် အရိပ်သဏ္ဌာန်များကို တွေ့နေရသည်။ သို့သော် ထိုအရိပ်များသည် သူမ အရင်က တွေ့ဖူးသည့် တစ္ဆေသရဲများကဲ့သို့ ကြမ်းတမ်းခြင်း မရှိကြပေ။

​မည်သည့် မကျေနပ်ချက်မျှ မရှိ၊ မည်သည့် ငိုကြွေးသံမျှ မရှိ။ သူတို့သည် ဖန်ချန်ကိုသာ တိတ်ဆိတ်စွာ ကြည့်နေကြပြီး သူတို့၏ မျက်လုံးများတွင် လွမ်းဆွတ်မှုနှင့် မခွဲနိုင်မခွာရက် ဖြစ်နေသည့် အရိပ်အယောင်များ ရှိနေသည်။

​ဖန်ချန်က လက်နှစ်ဖက်ကို စုကာ ဦးညွှတ်လိုက်ပြီး

"အားလုံးပဲ ကောင်းကောင်း သွားကြပါ"

ဟု ဆိုသည်။

​ကျဆုံးသွားသော စစ်သည်တော်များ၏ မရေမတွက်နိုင်သော ဝိညာဉ်များသည် ဖန်ချန်ကို ဖြည်းညှင်းစွာ ပြန်လည်ဦးညွှတ်ကြပြီး ထာဝရသုသာန်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားကြတော့သည်။

​ရဲ့ချင်းဟဲနှင့် အခြားသူများ ရောက်လာချိန်တွင် ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ထောက်ယွီ ၏ မျက်လုံးများတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

​"စစ်သူကြီးဖန် မနေ့ညက ကိစ္စတွေအတွက် ကျေးဇူးတင်ပါတယ်"

ရဲ့ချင်းဟဲက မချိသွားဖြဲဖြင့် ရှေ့သို့တိုးကာ ကျေးဇူးတင်စကား ပြောလိုက်သည်။

​"ကိစ္စမရှိပါဘူး"

ဖန်ချန်က ခေါင်းတစ်ချက်ငြိမ့်ကာ အေးစက်စွာ တုံ့ပြန်ပြီး အခြားတစ်နေရာသို့ အကြည့်လွှဲလိုက်သည်။

​သူ စိတ်ရင်းဖြင့် လာပြောသော်လည်း ဖန်ချန်က သူ့ကို အရေးမလုပ်သကဲ့သို့ တုံ့ပြန်သဖြင့် ရဲ့ချင်းဟဲ၏ မျက်လုံးများတွင် ဒေါသရိပ်များ ထွက်ပေါ်လာသည်။

သို့သော် သူ စကားမပြောရဲမီမှာပင် ထောက်ယွီက ဦးအောင်ပြောလိုက်သည်။

"စစ်သူကြီးဖန် ခင်ဗျားက ဒီကျဆုံးသွားတဲ့ စစ်သည်တွေကို နှုတ်ဆက်ဖို့ ကိုယ်တိုင် လာခဲ့တာလား"

​ဖန်ချန်က သူ၏ အသက်မဲ့နေသော မီးခိုးရောင် မျက်လုံးများဖြင့် တောက်ယွီကို ကြည့်လိုက်သည်။

"ငါတို့ထဲမှာ ဘယ်သူက မျက်စိကွယ်နေတာလဲ ငါ ဘာလုပ်နေလဲဆိုတာ မင်း မမြင်ဘူးလား"

​ထောက်ယွီက နှာခေါင်းရှုံ့ကာ

"ခင်ဗျားရဲ့ လုပ်ရပ်တွေက လူထုကို ပြဖို့ ဟန်ဆောင်နေတာလို့ပဲ ကျွန်တော် ခံစားရတယ်"

ဟု ဆိုသည်။

​ပုံမှန်အားဖြင့် အရပ်သားများစွာမှာ အမွှေးတိုင် လာရောက်ထွန်းညှိလေ့ရှိကြသည်။ လုံတု၏ တိုက်ခိုက်မှု ရှုံးနိမ့်သွားပြီဖြစ်ရာ ယနေ့တွင် လူအုပ်ကြီး ရောက်လာပေလိမ့်မည်။

ထိုသူများ ထိုနေရာကို ဖြတ်သွားသောအခါ ကျဆုံးသွားသော စစ်သည်များကို အလေးပြုနေသည့် ဖန်ချန်ကို မြင်တွေ့သွားကြမည် မဟုတ်ပါလား။

​ထောက်ယွီ၏ စကားကြောင့် လူအုပ်ကြီး၏ အာရုံစိုက်မှုမှာ ဖန်ချန်ထံသို့ ချက်ချင်း ရောက်ရှိသွားသည်။

​လူတိုင်း၏ အာရုံကို ရပြီဟု သိလိုက်သောအခါ ထောက်ယွီက ဆက်ပြောသည်။

"ခင်ဗျားက စစ်သည်တွေ ကျဆုံးသွားလို့ ဝမ်းနည်းနေသယောင် ပြနေပေမဲ့၊ သုံးလောကတောင်တန်းမှာ သေဆုံးသွားခဲ့တဲ့ စစ်သည် ခြောက်သိန်းရဲ့ ရုပ်အလောင်းတွေ ဘာလို့ မဟာရှကို ပြန်မရောက်လာရတာလဲဆိုတာကိုရော စဉ်းစားဖူးရဲ့လား"

​၎င်းကို ကြားသောအခါ ဘေးက လူများ၏ မျက်နှာမှာ ပြောင်းလဲသွားသည်။

​လွန်ခဲ့သော ၅ နှစ်က ထိုဖြစ်ရပ်သည် ပြည်သူများ၏ ရင်ထဲတွင် အနာကျင်ရဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။

မဟာရှ၏ စစ်သည် ခြောက်သိန်းမှာ သုံးလောကတောင်တန်းတွင် သေဆုံးခဲ့သော်လည်း သူတို့၏ ရုပ်ကြွင်းများကို ယနေ့တိုင် ပြန်လည်သယ်ဆောင်နိုင်ခြင်း မရှိသေးပေ။

​စစ်သူကြီး ယူလုံချန်းက မျက်မှောင်ကြုတ်ကာ တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။

"သခင်လေးထောက် တိုက်ပွဲရဲ့ ရက်စက်မှုကို မသိရင် ဒီလို အခြေအမြစ်မရှိတဲ့ စကားတွေကို မပြောပါနဲ့ မဟာရှတင် မကဘူး သုံးလောကတောင်တန်းမှာ သေဆုံးသွားတဲ့ ချင်းစုန်းက ပညာရှင်တွေတောင် သူတို့နယ်မြေကို ပြန်မရောက်နိုင်ကြဘူး"

​"အလောင်းပေါင်း သိန်းနဲ့ချီကို ပြန်သယ်ဖို့ လူအင်အားနဲ့ အရင်းအမြစ် ဘယ်လောက်တောင် လိုအပ်မလဲဆိုတာ ခင်ဗျား စဉ်းစားကြည့်ဖူးလား ပြီးတော့ လမ်းခရီးမှာလည်း အလစ်အငိုက် တိုက်ခိုက်မှုတွေ၊ လုပ်ကြံမှုတွေ သေချာပေါက် ရှိနေမှာ အဲဒီတိုက်ပွဲမှာ ကျွန်တော်တို့ နိုင်ခဲ့ရင်တောင်မှ ကျဆုံးသွားတဲ့ စစ်သည်တွေကို သုံးလောကတောင်တန်းမှာပဲ သင်္ဂြိုဟ်ပေးခဲ့ရမှာပဲ"

​"ဒါက ခင်ဗျားပေးနိုင်တဲ့ တစ်ခုတည်းသော အကြောင်းပြချက်လား ရယ်စရာပဲ ကျွန်တော် သိတာကတော့ ဖန်ချန် ခေါ်သွားတဲ့သူတွေ အကုန်သေကုန်တယ်၊ သေပြီးတာတောင် မဟာရှကို ပြန်မလာနိုင်ကြဘူး ဆိုတာပဲ"

​တောက်ယွီက လှောင်ပြုံးပြုံးကာ

"ဒါကြောင့် ဒီမှာ ဝမ်းနည်းပြနေမယ့်အစား၊ ကျဆုံးသွားတဲ့ ကျွန်တော်တို့ရဲ့ စစ်သည် ခြောက်သိန်းရဲ့ ဝိညာဉ်တွေကို ဘယ်လို ပြန်ခေါ်မလဲဆိုတာကိုပဲ သူ စဉ်းစားသင့်တယ်"

ဟု ဆိုလိုက်သည်။

​ယူလုံချန်းက ပြန်ပြောရန် ပြင်လိုက်သော်လည်း ဖန်ချန်က လက်ယမ်းကာ တားလိုက်သည်။ ထို့နောက် ဖန်ချန်က ပြုံးလျက်

"မင်းပြောတာ မှန်ပါတယ်။ မင်းရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ်၊ မင်းပြောတဲ့ စကားက အဓိပ္ပာယ်ရှိသလို ငါလည်း လက်ခံပါတယ်။ ဒါကြောင့်... ထိုနေ့ ရောက်လာပါလိမ့်မယ်"

ဟု ဆိုသည်။

​ထောက်ယွီမှာ ဖန်ချန်က ထိုသို့ လွယ်လွယ်ကူကူ လက်ခံလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အံ့သြသွားသည်။ သို့သော် သူက ချက်ချင်းပင် တုံ့ပြန်ကာ "

အဲဒီနေ့က ဘယ်တော့လဲ"

ဟု ဖိမေးလိုက်သည်။

​"မင်းနဲ့ ဘာဆိုင်လို့လဲ။ ငါနဲ့အတူ သုံးလောကတောင်တန်းကို လိုက်မလို့လား"

ဖန်ချန်က အသာအယာ ပြုံးလျက် မေးလိုက်သည်။

​ထောက်ယွီမှာ ခဏမျှ ဆွံ့ အသွားသည်။ သူသည် ဖန်ချန်နှင့်အတူ သုံးလောကတောင်တန်းသို့ လိုက်သွားရန် မည်သို့မျှ သဘောတူမည် မဟုတ်ပေ။

အသက်ရှင်လျက် ပြန်လာနိုင်မည်ဟု မည်သူမှ အာမမခံနိုင်သောကြောင့် ဖြစ်သည်။

​ထောက်ယွီက

"ခင်ဗျား ပြောတဲ့အတိုင်း ဖြစ်လာဖို့ပဲ မျှော်လင့်ပါတယ်"

ဟု ဆိုကာ လှည့်ထွက်သွားတော့သည်။

​လူများစွာသည် ဖန်ချန်၏ စကားကို ကြားလိုက်ရပြီဖြစ်သည်

တကယ်လို့ သူသာ ကတိမတည်နိုင်ပါက သူ၏ နာမည်မှာ ထပ်မံ ပျက်စီးပေလိမ့်မည်။

ထိုအချိန်ကျလျှင် ထောက်ယွီ၏ ရည်ရွယ်ချက်မှာ အောင်မြင်သွားပေမည်။

​"စစ်သူကြီးဖန် သူ့စကားတွေကို စိတ်ထဲမထားပါနဲ့ အလောင်း ခြောက်သိန်းဆိုတာ တကယ်ကို မဖြစ်နိုင်တဲ့ ကိစ္စပါ ပြီးတော့ ချင်းစုန်းကလည်း ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး"

ဟု ယူလုံချန်းက ထောက်ပြသည်။

​ဖန်ချန်က ယူလုံချန်း၏ ပုခုံးကို အသာအယာ ပုတ်ကာ

"ကြိုးစားချင်စိတ် ရှိသရွေ့ မဖြစ်နိုင်တာ ဘာမှမရှိပါဘူး။ အရာအားလုံး ဖြစ်နိုင်ပါတယ်"

ဟု ဆိုသည်။

​ထိုစကားကို ပြောပြီးနောက် ဖန်ချန်နှင့် ချင်းဟဲတို့သည် လျှင်မြန်စွာ ထွက်ခွာသွားကြသည်။

ယူလုံချန်းမှာမူ ဖန်ချန်၏ စကားကို စဉ်းစားရင်း ထိုနေရာမှာပင် ကျန်ရစ်ခဲ့သည်။

သို့သော်လည်း ဖန်ချန်သည် သုံးလောကတောင်တန်းမှ အလောင်း ခြောက်သိန်းကို ပြန်သယ်နိုင်မည့် နည်းလမ်း ရှိလိမ့်မည်ဟု သူ မယုံကြည်နိုင်သေးပေ။ ၎င်းမှာ ခရီးကွာဝေးရုံတင်မကဘဲ ကြီးမားသော လူအင်အားနှင့် အရင်းအမြစ်များစွာ လိုအပ်သောကြောင့် ဖြစ်သည်။

​ထိုအလောင်းများသည် ချင်းစုန်းအင်ပါယာမှ မဟာရှကို ထောင်ချောက်ဆင်ရန် ချထားသည့် ငါးစာများကဲ့သို့ပင် ဖြစ်နေသည် မဟုတ်ပါလား။

​

​

All Chapters