← Chapters

အခန်း (၅၀၃-၅၀၄)

Vol. 51 Ch. 503-504

အခန်း (၅၀၃-၅၀၄)

Vol. 51 Ch. 503-504

​​အခန်း ၅၀၃ - ဒါကို ဘယ်လိုများ ဆက်တိုက်ရမှာလဲ

​ကောင်းကင်ဘုရင်ကျန့် ရဲ့ နန်းတော်နဲ့ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း ဆိုတာ ကျင့်ကြံခြင်းလောကမှာ အလွန်ကျော်ကြားတဲ့ အဖွဲ့အစည်းကြီးတွေပါ။

သာမန်ကျင့်ကြံသူတွေအတွက် သူတို့ဟာ ဒဏ္ဍာရီတွေလိုပါပဲ။

​ဓားကျင့်ကြံသူ တစ်ယောက်တည်းကတင် ကြောက်စရာကောင်းနေပြီဖြစ်သလို၊ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းမှာ အဲဒီလို ဓားသမားပေါင်း တစ်သိန်းကျော်ရှိတယ်လို့ သတင်းကြီးပါတယ်။

သူတို့သာ အင်အားအပြည့်နဲ့ လှုပ်ရှားမယ်ဆိုရင် ကျင့်ကြံခြင်းလောကရဲ့ တစ်ဝက်လောက်ဟာ တုန်လှုပ်သွားမှာ အသေအချာပါပဲ။

​ကောင်းကင်ဘုရင်ကျန့် နန်းတော်ကလည်း အင်အားကြီးမားရုံတင်မကဘဲ သူတို့ဆီမှာ ဧကရာဇ်အဆင့်သတ်မှတ်ချက် ထဲဝင်တဲ့၊ ဘေးဒုက္ခ ၃ ပါးနဲ့ ကပ်ဘေး ၉ ပါး ကို ကျော်ဖြတ်ပြီး တက်လှမ်းခြင်းအဆင့်ကို ခြေတစ်လှမ်းပဲ လိုတဲ့ ပညာရှင်တွေ ရှိနေပါတယ်။

ဒါ့အပြင် သူတို့လက်အောက်မှာ အဆင့် ၂ နဲ့ အဆင့် ၃ အင်ပါယာတွေ မြောက်မြားစွာ ရှိနေတာကြောင့် လက်အောက်ခံအင်အားစု အရေအတွက်အရဆိုရင် ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းထက်တောင် အများကြီး သာလွန်နိုင်ပါတယ်။

​"အဲဒီမိန်းကလေးက နတ်မိမယ်ယွီ လား လွန်ခဲ့တဲ့ နှစ်တွေက အလယ်ပိုင်းအင်ပါယာရဲ့ ရွှေအမြုတေအဆင့်တွေ ဝိုင်းအမဲလိုက်နေတဲ့သူ မဟုတ်လား"

​"သူမပဲ သံသယရှိစရာမလိုဘူး ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းက တပည့်ဆိုတော့လည်း နဂါးပျံဆောင်က ဝိညာဉ်သန္ဓေသားအဆင့်တွေတောင် သူမကို ကြောက်နေကြတာ မဆန်းပါဘူး"

​"ကြားဖူးတာတော့ သူမနဲ့ ကောင်းကင်ဘုရင်ကျန့်တို့ ကြားမှာ ထူးခြားတဲ့ ရန်ငြိုးရှိလို့ ဂိုဏ်းနဲ့ နန်းတော်ကြား သဘောတူညီမှုတစ်ခု ရှိတယ်တဲ့"

" အဆင့်တူ ကျင့်ကြံသူတွေပဲ သူမကို လိုက်ဖမ်းခွင့်ရှိပြီး ဒီစည်းကမ်းကို ဖောက်ဖျက်ရင် ဓားဂိုဏ်းက ဝင်ပါလိမ့်မယ်တဲ့"

​လူအုပ်ထဲမှာ တီးတိုးပြောဆိုသံတွေ ပျံ့နှံ့နေပြီး ဖန့်ချန်ကတော့ မျက်မှောင်ကြုတ်နေပါတယ်။

ကောင်းကင်ဘုရင်ကျန့်ရဲ့ ဩဇာက အတော်လေး ကြီးမားပုံရပါတယ်။

​နဂါးပျံဆောင်က ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူကတော့ ဘေးကနေ ငြိမ်ကြည့်နေပြီး ဖန့်ချန်နဲ့ နတ်မိမယ်ယွီကို စပ်စုတဲ့အကြည့်နဲ့ ကြည့်နေပါတယ်။

သူတို့က ကျင့်ကြံမှုအဆင့် နိမ့်ပေမယ့် သူတို့နောက်ခံက သူ လက်လှမ်းမမီနိုင်မှန်း သူ သိပါတယ်။

အဲဒီအချိန်မှာပဲ နောက်ထပ် ဝိညာဉ်သန္ဓေသားအဆင့် ၇ ယောက်၊ ၈ ယောက်လောက် ရောက်လာပေမယ့် ဘယ်သူမှ ဝင်မပါရဲကြပါဘူး။

​ပိုင်ရှို့ကျဲ ဘေးက ရွှေအမြုတေအဆင့် တစ်ယောက်ကတော့ နဂါးပျံဆောင်က လူကြီးကို ခနဲ့လိုက်ပါတယ်။

"နဂါးပျံဆောင်က လူတွေက ဒီရွှေအမြုတေအဆင့် နှစ်ယောက်ကို ကြောက်နေတာလား စည်းကမ်းကြောင့် ဝင်မပါနိုင်ရင်တောင် ကျုပ်တို့ရဲ့ အခွင့်အရေးကိုတော့ မတားဆီးသင့်ဘူးနော်"

​ဝိညာဉ်သန္ဓေသားအဆင့် လူက မျက်လုံးကျဉ်းလိုက်ပြီး လူသတ်ငွေ့တွေနဲ့ ပြန်ပြောပါတယ်။

"ငါ ပြောပြီးပြီပဲ ငါတို့က စီးပွားရေးပဲ လုပ်တယ်မင်းတို့က ငါတို့ကို ဒီထဲ ဆွဲသွင်းချင်ရင်တော့ ငါကပဲ မင်းကို အရင်သတ်ပစ်မယ် မင်းအတွက် ကောင်းကင်ဘုရင်ကျန့်က လာကူညီမယ် ထင်နေလား"

​နတ်မိမယ်ယွီက ရုတ်တရက် ရယ်မောလိုက်ပါတယ်။

"နင်တို့က ဆုလာဘ်တော့ လိုချင်တယ် အသက်နဲ့လဲပြီး တိုက်ဖို့တော့ မရဲဘူး တခြားလူတွေကို ဆွဲထည့်ဖို့ပဲ ကြိုးစားနေတာ"

"ဒီလောက် သတ္တိမရှိတာ ငါ့ရှေ့ ဘာလို့ လာရပ်နေတာလဲ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း နင်တို့လို ရွှေအမြုတေအဆင့်တွေကို ငါ အများကြီး သတ်ခဲ့ပြီးပြီ ပျင်းတောင် ပျင်းဖို့ကောင်းတယ်"

​"မိစ္ဆာမ... မစော်ကားနဲ့"

"ဒီနေ့ မင်းကို အရှင်ဖမ်းပြမယ်"

ကျင့်ကြံသူတွေက အော်ဟစ်နေကြပေမယ့် ပိုင်ရှို့ကျဲတို့ အရင်တိုက်မှာကိုပဲ စောင့်နေကြပါတယ်။

​ဖန့်ချန်က စကားဖြတ်ပြောလိုက်ပါတယ်။

"အားလုံးပဲ မင်းတို့က ပါးစပ်နဲ့ပဲ ကျင့်ကြံနေကြတာလား"

သူက ပြုံးရင်း ဆက်ပြောပါတယ်။

"ယွီလေးနဲ့ ငါ ဒီမှာ လုပ်စရာရှိတာ ပြီးပြီဆိုတော့ သွားတော့မယ် မင်းတို့ ကြိုက်သလို လုပ်နိုင်ပါတယ်"

​ဖန့်ချန်က နတ်မိမယ်ယွီကို ဆွဲပြီး မြို့တံခါးဘက်ကို အေးဆေး လမ်းလျှောက်သွားပါတယ်။

ဒါက ပိုင်ရှို့ကျဲတို့ကို လုံးဝ အထင်မကြီးတဲ့ အမူအရာမို့ သူတို့ ဒေါသထွက်ကုန်ပါတယ်။

လူအများရှေ့မှာ အခုမှ မတိုက်ရင် သူတို့ သိက္ခာကျတော့မှာပါ။

​ချက်ချင်းပဲ ပိုင်ရှို့ကျဲနဲ့ အပေါင်းအပါတွေက ရတနာတွေ၊ ကျင့်စဉ်တွေနဲ့ တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြပါတယ်။

ဝိညာဉ်စွမ်းအားတွေ လေထဲမှာ ပေါက်ကွဲထွက်လာလို့ ဝိညာဉ်သန္ဓေသားအဆင့် တစ်ယောက်က ဘေးက အဆောက်အဦးတွေ မပျက်စီးအောင် အကာအကွယ်တောင် လုပ်ပေးလိုက်ရပါတယ်။

​"သခင်လေး တစ်ယောက်တစ်လှည့်စီ ယူကြစို့"

နတ်မိမယ်ယွီက ပြုံးပြီး ဓားနဲ့ ခုတ်လိုက်ပါတယ်။

​ဒါပေမဲ့ ဖန့်ချန်က သူမထက် ပိုမြန်ပါတယ်။

သူ့ရဲ့ ကြောက်မက်ဖွယ် ဓားကွက်တွေရှေ့မှာ ရွှေအမြုတေအဆင့်တွေရဲ့ ရတနာတွေနဲ့ ကျင့်စဉ်တွေဟာ တို့ဖူးတုံးလိုပဲ အပိုင်းပိုင်း ပြတ်ထွက်ကုန်ပါတယ်။

ပိုင်ရှို့ကျဲ ဘေးက ကျင့်ကြံသူတစ်ယောက်ဟာ လျှပ်စီးအပစ်ခံရသလို တုန်သွားပြီး သူ့နဖူးကနေ အောက်ပိုင်းအထိ သွေးကြောင်းတစ်ခု ပေါ်လာပါတယ်။

ခဏချင်းမှာပဲ အဲဒီလူဟာ တစ်စစီ ပျက်စီးသွားပါတော့တယ်။

​နတ်မိမယ်ယွီက သက်ပြင်းချလိုက်ပါတယ်။

"သခင်လေး ကျမ ဓားချက်က မလောက်ငှဘူး ဖြစ်သွားတယ် ထင်တယ်"

​မလှမ်းမကမ်းမှာ ပိုင်ရှို့ကျဲဟာ သွေးတွေ အန်နေရပါတယ်။

နတ်မိမယ်ယွီရဲ့ ဓားချက်ကို သူ ကာကွယ်နိုင်ခဲ့ပေမယ့် အတွင်းကြေ ဒဏ်ရာ အပြင်းအထန် ရသွားတာပါ။

ဖန့်ချန်က နောက်ထပ် ရွှေအမြုတေအဆင့် တစ်ယောက်ကို အလွယ်လေး သတ်ပစ်လိုက်တာကို မြင်တော့ ပိုင်ရှို့ကျဲရဲ့ စိတ်ထဲမှာ ထိတ်လန့်မှုတွေ ကြီးစိုးလာပါတယ်။

​"ဒီလူ့ရဲ့ ဓားကွက်က မိစ္ဆာမထက်တောင် ပိုအစွမ်းထက်နေတာလား"

သူ အံ့သြတုန်လှုပ်စွာ ရေရွတ်လိုက်ပါတယ်။

သူတို့ ရထားတဲ့ သတင်းက မိစ္ဆာမက အဓိကဖြစ်ပြီး ဒီလူက အကူပဲလို့ ပြောထားတာလေ။

​ကျန်တဲ့ ရွှေအမြုတေအဆင့်တွေလည်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ပါတယ်။

မျက်စိတစ်မှိတ်အတွင်းမှာ သူတို့ဘက်က နှစ်ယောက် ချက်ချင်း အသတ်ခံလိုက်ရတာကိုး။

ဒါကို ဘယ်လို ဆက်တိုက်ရမှာလဲ

​"ထပ်လာလေ"

နတ်မိမယ်ယွီက ခပ်ပြုံးပြုံး ပြောပါတယ်။

"ဓားတစ်ချက်နဲ့ မသေရင် နောက်တစ်ချက် ထပ်စမ်းကြည့်တာပေါ့"

​ဖန့်ချန်က သူမကို တားလိုက်ပြီး ပိုင်ရှို့ကျဲဆီကို လျှောက်သွားပါတယ်။

"မင်းရဲ့ သက်တမ်းကို အလဟဿ မဖြုန်းနဲ့တော့ ဒီကောင့်ကို ငါ မသာဖြစ်အောင် အရင်ထုလိုက်မယ် ပြီးမှ မင်း သတ်လိုက်"

​ပိုင်ရှို့ကျဲဟာ အသည်းအသန် ကြောက်လန့်သွားပြီး ဝိညာဉ်သန္ဓေသားအဆင့် လူကြီးတွေဆီကို လှည့်အော်လိုက်ပါတယ်။

"စီနီယာတို့ ကျုပ်က အလယ်ပိုင်းအင်ပါယာ ရွှမ်ဝမ်ဂိုဏ်း က တပည့်ပါ ကျုပ် အသက်ကို ကယ်ပေးကြပါ ကျုပ်တို့ဂိုဏ်းက စီနီယာတို့ကို အကြီးအကျယ် ကျေးဇူးတင်ပါလိမ့်မယ်"

​အခန်း ၅၀၄ - အချိန်တွေ ကုန်လွန်သွားခြင်း

​"ရွှမ်ဝမ်ဂိုဏ်း "

​ဖန့်ချန်ရဲ့ ခြေလှမ်းတွေ ခဏတာ ရပ်တန့်သွားပြီး စိတ်ထဲမှာ အံ့သြသွားပါတယ်။

ဒါ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ။

သူ အရင်က တွေ့ခဲ့တဲ့ ဝိညာဉ်သန္ဓေသားအဆင့် အလောင်းဟာ ဒီရွှမ်ဝမ်ဂိုဏ်းရဲ့ အကြီးအကဲ တူးဖေး ရဲ့ အလောင်း မဟုတ်လား။

တူးဖေးရဲ့ နောက်ဆုံးစကားတွေအရ ရွှမ်ဝမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးဟာ ဝိညာဉ်သွေးဂိုဏ်း က လူတစ်ယောက် ဖြစ်နေလို့ သူ လိုက်သတ်ခံခဲ့ရတာပါ။

​အလယ်ပိုင်းတိုက်ကြီးကနေ မိစ္ဆာတိမ်တိုက်အင်ပါယာအထိ တောက်လျှောက် လိုက်ဖမ်းခဲ့ကြတာကို ကြည့်ရင် အဲဒီဂိုဏ်းချုပ်ကြီးရဲ့ အထောက်အထားက ဝိညာဉ်သွေးဂိုဏ်းအတွက် အလွန်အရေးကြီးပုံရပါတယ်။

​"ကျုပ်တို့ သဘောထားကို ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ မင်းတို့ကြားက ရန်ငြိုးတွေက ကျုပ်တို့နဲ့ မဆိုင်ဘူး ဝင်မပါဘူး"

လို့ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ယောက်က ခပ်အေးအေးပဲ ပြောလိုက်ပါတယ်။

​နောက်တစ်ယောက်ကလည်း နှာခေါင်းရှုံ့ရင်း

"ဘယ်က ရွှမ်ဝမ်ဂိုဏ်းလဲ မကြားဖူးပါဘူး မင်းတို့ လူကြီးတွေက ရန်ငြိုးတွေကြားထဲ ဝင်မပါဖို့ မသင်ပေးထားဘူးလား သေတာက ကိစ္စမရှိပေမယ့် မင်းကြောင့် ဂိုဏ်းပါ ဒုက္ခရောက်ကုန်ရင်... ဟီးဟီး..."

​ပိုင်ရှို့ကျဲ ဟာ ပိုပြီး ထိတ်လန့်လာကာ အလျင်အမြန် အော်ပြောပါတယ်

"ကျုပ်တို့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးက အခု သိမြင်ခြင်းအဆင့် ကို တက်လှမ်းသွားပြီဗျ သူက အလယ်ပိုင်းသုံးဆင့် ကျင့်ကြံသူဖြစ်နေပြီ"

"ဒါ့အပြင် သူ့ရဲ့ ကျင့်ကြံဖော်က နတ်ဘီလူးဂိုဏ်းကပဲ မင်းတို့ ရွှမ်ဝမ်ဂိုဏ်းကို မကြားဖူးရင်တောင် နတ်ဘီလူးဂိုဏ်းကိုတော့ ကြားဖူးမှာပေါ့"

​အဲဒီစကားကို ကြားလိုက်ရတဲ့အခါ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေရဲ့ မျက်နှာတွေ လေးနက်သွားပါတယ်။

နတ်ဘီလူးဂိုဏ်းဆိုတာ အလယ်ပိုင်းတိုက်ကြီးရဲ့ ထိပ်တန်းဂိုဏ်းကြီးတစ်ခုဖြစ်ပြီး အင်အားအရဆိုရင် ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း ဒါမှမဟုတ် ကောင်းကင်ဘုရင်ကျန့် နန်းတော်နဲ့ ရင်ဘောင်တန်းနိုင်တဲ့ ဂိုဏ်းပါ။

​ဖန့်ချန်ကတော့ စဉ်းစားနေပါတယ်။

ကျန်းထျန်းအိုက် ကို ခေါ်သွားတဲ့သူဟာလည်း နတ်ဘီလူးဂိုဏ်းကပဲ မဟုတ်လား။

ဒါကို ကြည့်ရင် ဝိညာဉ်သွေးဂိုဏ်းဟာ နတ်ဘီလူးဂိုဏ်းထဲကိုပါ အမြစ်တွယ်ဖို့ ကြံစည်နေပုံရပါတယ်။

​'ဒီမိစ္ဆာကောင်တွေက နေရာတိုင်းမှာ ရှိနေတာပဲဝိညာဉ်သွေးဂိုဏ်းချုပ်က ဘယ်လိုလူလဲ ငါ တကယ် သိချင်မိတယ်'

လို့ ဖန့်ချန် ကျိတ်ပြီး ရေရွတ်လိုက်ပါတယ်။

​"တောင်းပန်ပါတယ် ကျုပ်တို့ ဝင်မပါနိုင်သေးဘူး"

ဝိညာဉ်သန္ဓေသားအဆင့်တွေက သူတို့ရဲ့ သဘောထားကို ထပ်လောင်း အတည်ပြုလိုက်ကြပါတယ်။

​ပိုင်ရှို့ကျဲရဲ့ မျက်လုံးထဲမှာ မျှော်လင့်ချက် ကုန်ဆုံးသွားပြီး ဖန့်ချန်ကို ကြည့်လိုက်ပါတယ်။

ခုနက ဓားချက်ရဲ့ အရှိန်အဝါက သူ့ကို တကယ်ပဲ ကြောက်လန့်သွားစေတာပါ။

"သခင်လေး ကျုပ် ဒီနေ့ တမင်လာတာ မဟုတ်ပါဘူး တစ်ယောက်ယောက်ရဲ့ လှည့်စားမှုကို ခံလိုက်ရတာပါ ကျုပ်ကို အသက်ချမ်းသာပေးမယ်ဆိုရင် ရှေ့မှာ ဘယ်တော့မှ ပေါ်မလာတော့ပါဘူးလို့ ကတိပေးပါတယ်"

​ဖန့်ချန်က ပြုံးလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ပိုင်ရှို့ကျဲ အနားကို ရောက်သွားပါတယ်။

သူ ဘာကျင့်စဉ်မှ မသုံးဘဲ သူ့ရဲ့ ဓားခန္ဓာကိုယ် စွမ်းအားသက်သက်နဲ့တင် ပိုင်ရှို့ကျဲကို အချက်ပေါင်း ရာနဲ့ချီပြီး ရိုက်နှက်လိုက်ပါတယ်။

တစ်ခဏချင်းမှာပဲ ပိုင်ရှို့ကျဲဟာ အရိုးမရှိတဲ့ မြွေတစ်ကောင်လို ပျော့ခွေသွားပြီး လှုပ်လို့မရတော့ပါဘူး။

ဖန့်ချန်က သူ့ကို နတ်မိမယ်ယွီ ရှေ့ကို ပစ်ပေးလိုက်ပါတယ်။

​"နောက်ဘဝကျရင် အသက်နဲ့ ဒီလို မကစားနဲ့တော့"

နတ်မိမယ်ယွီက တိုးတိုးလေး ပြောပြီး ပိုင်ရှို့ကျဲကို ဇာတ်သိမ်းပေးလိုက်ပါတယ်။

​ကျန်တဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေလည်း ထွက်ပြေးဖို့ မရဲတော့ဘဲ တောင့်တောင့်ကြီး ဖြစ်နေကြပါတယ်။

သူတို့လည်း ပိုင်ရှို့ကျဲလိုပဲ သူတို့ရဲ့ နောက်ခံတွေကို အော်ပြောပြီး အကူအညီတောင်းကြပေမယ့် ဘယ်သူမှ လာမကယ်ကြပါဘူး။

ဖန့်ချန်က သူတို့ကို တစ်ယောက်ပြီးတစ်ယောက် နတ်မိမယ်ယွီဆီ ခေါ်လာပြီး အဆုံးသတ်စေပါတယ်။

ပြီးရင်တော့ သူတို့ရဲ့ သိုလှောင်လက်စွပ်တွေကို သိမ်းယူလိုက်ပါတယ်။

​အခုဆိုရင် သူသုံးလိုက်တဲ့ ဝိညာဉ်ကျောက်တုံး ၃၂,၀၀၀ ကျော်ကို ပြန်ရရုံတင်မကဘဲ အမြတ်တောင် ထွက်နေပါပြီ။

ဖန့်ချန်က နတ်မိမယ်ယွီရဲ့ လက်ကို ဆွဲလိုက်ပြီး

"သွားကြစို့"

လို့ ပြောကာ မြို့ထဲကနေ ထွက်ခွာလာခဲ့ပါတယ်။

​ရက်အနည်းငယ် ကြာတဲ့အခါ ကွေ့ရှူး ကို အထူးဧည့်သည်အချို့ ရောက်လာပါတယ်။

သူတို့ဟာ ကောင်းကင်ဘုရင်ကျန့်ရဲ့ လက်အောက်ခံ နတ်စစ်သည်တော်များ ပါပဲ။

အားလုံးက ရွှေအမြုတေအဆင့် အထွတ်အထိပ်တွေချည်းပါပဲ။

​သူတို့ဟာ ကွေ့ရှူးရဲ့ ဘိုးဘေးနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဘိုးဘေးကတော့ သူတို့ကိစ္စမှာ ဝင်မပါနိုင်ကြောင်း၊ ကောင်းကင်ဘုရင်ကျန့် ကိုယ်တိုင်ကလည်း ဒါဟာ စေတနာအလျောက် ပါဝင်ရမယ့် ကိစ္စလို့ ပြောထားကြောင်း ယဉ်ကျေးစွာ ငြင်းပယ်လိုက်ပါတယ်။

​နတ်စစ်သည်တွေက သတင်းစုံစမ်းပြီးနောက် သိလိုက်ရတာက နတ်မိမယ်ယွီရဲ့ ဓားချက်က ရွှေအမြုတေအဆင့်တွေကို ဒဏ်ရာရရုံပဲ တတ်နိုင်ပေမယ့်၊ သူမဘေးက လူငယ်ရဲ့ ဓားချက်ကတော့ တစ်ချက်တည်းနဲ့ သတ်နိုင်တယ်ဆိုတာပါပဲ။

"သွားကြစို့ သာမန် ရွှေအမြုတေအဆင့်တွေနဲ့တော့ ဒီမိစ္ဆာမကို မဖမ်းနိုင်တော့ဘူး တကယ့် ပါရမီရှင်တွေကို ခေါ်မှ ဖြစ်မယ်"

​အဲဒီနောက်ပိုင်း လအနည်းငယ်အတွင်းမှာတော့ ဘယ်သူမှ လာမနှောင့်ယှက်ကြတော့ပါဘူး။

ဖန့်ချန်နဲ့ နတ်မိမယ်ယွီတို့ဟာ ထိုက်ချူအင်ပါယာ ကို ချောချောမောမော ရောက်ရှိလာခဲ့ပါတယ်။

​အချိန်တွေဟာ မြန်မြန်ဆန်ဆန် ကုန်လွန်သွားခဲ့ပြီး ငါးနှစ် တောင် ရှိသွားပါပြီ။

ကြီးမားလှတဲ့ တောင်တန်းကြီးတွေကြားမှာ ဖန့်ချန်က ရပ်တန့်လိုက်ပါတယ်။

​"ရောက်တော့မယ်"

ဖန့်ချန်ရဲ့ မျက်လုံးထဲမှာ ရွှေရောင်အလင်းတန်းတွေ ဖျတ်ခနဲ ပေါ်လာပြီး ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ပါတယ်။

​မကြာခင်မှာပဲ သူတို့ဟာ မြက်ရိုင်းတွေ ဖုံးလွှမ်းနေတဲ့ ရှေးဟောင်း နယ်မြေဖြတ်ကျော် အစီရင် တစ်ခုကို တွေ့လိုက်ရပါတယ်။

​"ဒါက နယ်မြေဖြတ်ကျော် အစီရင် မဟုတ်လား"

နတ်မိမယ်ယွီက အံ့သြသွားပါတယ်။

"သခင်လေး ဒီမှာ ဒါရှိမှန်း ဘယ်လိုသိတာလဲ"

​"ရှကျီ ပေးထားတဲ့ လမ်းကြောင်းလေ"

ဖန့်ချန်က ပြုံးပြလိုက်ပါတယ်။

သူတို့ ၅ နှစ်ပတ်လုံး လှည့်ပတ်သွားလာနေခဲ့တာက ဒီနေရာကို ရောက်ဖို့ပါပဲ။

​ဖန့်ချန်က အစီရင်ကို ခဏစစ်ဆေးပြီး နတ်မိမယ်ယွီကို ပြောလိုက်ပါတယ်။

"ငါ့ကို စောင့်ရှောက်ပေးထားပါ"

​ဒီ ၅ နှစ်အတွင်းမှာ သူက ဓားငယ်လေးကို အဆင့်မြှင့်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို စုဆောင်းပြီးပါပြီ။

အခု သူဟာ အဆင့် ၄ ဓားခန္ဓာကိုယ် ကို တက်လှမ်းဖို့ ပြင်ဆင်နေပါပြီ။

All Chapters