အခန်း ၂၈၂၈
Vol. 283 Ch. 2828
အခန်း (၂၈၂၈) - အလွန်ပင် ဆိုးရွားလှသည်
အကြီးအကဲငါးပါး တို့သည် စစ်ပွဲကျင်းပရာ နေရာမှ ဝူရှန်းပေမြိန့်စခန်းသို့ ပြန်လည်ရောက်ရှိနှင့်ကြပြီ ဖြစ်သည်။ သို့သော်လည်း ကောင်းကင်ယံရှိ ပြန်လည်ကြည့်ရှုရသည့် မြင်ကွင်းများမှာမူ ဆက်လက်၍ ပေါ်လွင်နေဆဲပင်။
ဟေးကျားစခန်းမှ ကျဲနယဲ့ သူတော်စင်တို့အား ဖန့်ချန်က ဓားသွေးကျောက်ကဲ့သို့ အသုံးပြုခဲ့သည်ကို မြင်တွေ့လိုက်ရသောအခါ သူတော်စင်တို့မှာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။ ဝူရှန်းပေမြိန့်စခန်းတစ်ခုလုံးမှာ မည်မျှကြာကြာ ရှိနေခဲ့ပြီလဲ၊ ထိုမျှလောက်ထိ စိတ်ဓာတ်တက်ကြွစွာ ဂုဏ်ယူဝံ့ကြွားနိုင်ခဲ့သည်မှာ အလွန်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခုအခိုက်အတန့်တွင် "ယဲ့ထျန်းဂူ" ဆိုသည့် နာမည်မှာ ဆန်းနယဲ့ စစ်မြေပြင်၏ သမိုင်းစာမျက်နှာထဲသို့ မုချဧကန် ရေးထိုးဝင်ရောက်သွားတော့မည် ဖြစ်သည်။
လူအများပြားသော လမ်းမကြီးပေါ်တွင် လီတောက်ယဲ့ ဦးဆောင်သော ဘေးအန္တရာယ်ကြယ် များသည် အောင်ပွဲခံ၍ ပြန်လာကြသည့် ကျဲနယဲ့ သူတော်စင်အဖွဲ့ကို ခေါ်ဆောင်ကာ ဖြည်းညင်းစွာ လျှောက်လှမ်းလာကြသည်။ ကျဲနယဲ့ သူတော်စင်တိုင်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်ခြင်းအရောင်အသွေးတို့ ထွန်းလင်းတောက်ပနေသည်။ အသာမန်ဆုံး သူတော်စင်တစ်ဦးပင်လျှင် ဤစစ်ပွဲအတွင်းတွင် ဆန်းနယဲ့ စစ်မြေပြင်၌ နှစ်ပေါင်း ထောင်ချီ၊ သောင်းချီနေရလျှင်ပင် မရနိုင်လောက်သည့် အကျိုးအမြတ်များကို ရရှိခဲ့ကြသည်။
အလုံအလောက် များပြားလှသော ရှေးဟောင်းသူတော်စင်ဧကရာဇ်၏ သွေးစက်များပင်
နိဗ္ဗာန်တားမြစ်နယ်မြေအတွင်းမှ တိုက်ပွဲများမှာ သူတို့နှင့် မသက်ဆိုင်ပေ။ သူတို့သည် ဆန်းနယဲ့ စစ်မြေပြင်တွင် အဆင့်သတ်မှတ်ပွဲများ၊ ကျပန်းစစ်ပွဲများ၊ တက်ရောက်စိန်ခေါ်မှုများမှတစ်ဆင့် ရှေးဟောင်းသူတော်စင်ဧကရာဇ်၏ သွေးစက်များကို ရယူကာ မိမိတို့၏ နတ်ဘုရားစွမ်းအားတံဆိပ်များကို ပြုစုပျိုးထောင်ရန် တစ်ခုတည်းသော ရည်ရွယ်ချက်သာ ရှိကြသည်။ ထိုအရာသည်သာ သူတို့၏ အဓိက ပန်းတိုင် ဖြစ်သည်။
ဤတစ်ကြိမ် စစ်ပွဲမှာ သူတို့ကို တကယ်ပင် သက်တောင့်သက်သာ ရှိသော နယ်မြေထဲသို့ ရောက်ရှိသွားစေခဲ့သည်။ စစ်ပွဲ တစ်ကြိမ်တည်းနှင့်ပင် နှစ်ပေါင်း ထောင်ချီ၊ သောင်းချီမှ ရနိုင်မည့် ရှေးဟောင်းသူတော်စင်ဧကရာဇ်၏ သွေးစက်များကို ရရှိသွားခဲ့ကြသည်။
ရှန်ပါဝမ် နှင့် ယွမ်သခင်လေး တို့သည်လည်း ထိုနေရာသို့ အမြန်ရောက်ရှိလာကြသည်။ သူတို့သည် လူအုပ်ကြားထဲတွင် တစ်ပတ်ပတ်ကြည့်ရှုပြီးနောက် တစ်ဦးမျက်နှာ တစ်ဦးကြည့်ကာ မိန်းမောသွားကြသည်။
"အစ်ကိုကြီးကော"
ယွမ်သခင်လေး၏ အမူအရာမှာ ထူးဆန်းနေပြီးနောက် ရုတ်တရက် အမူအရာ ပြောင်းလဲသွားသည်။
"တစ်ခုခု ဖြစ်သွားတာများလား"
ကောင်းကင်ယံရှိ မြင်ကွင်းမှာ စစ်ပွဲ၏ နောက်ဆုံးရလဒ် မရောက်သေးခင် အချိန်အထိသာ ဖြစ်နေသေးရာ စစ်ပွဲအဆုံးသတ်တွင် တစ်စုံတစ်ခု ထပ်မံ ဖြစ်ပျက်ခဲ့ခြင်းများ ရှိသေးသလား။
"လောထျန်းဝမ်လည်း မရှိဘူး"
ရှန်ပါဝမ်၏ မျက်နှာမှာ တည်ကြည်သွားသည်။
ယွမ်သခင်လေး၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်သွားသည်။ ယဲ့ထျန်းဂူလည်း မရှိ၊ လောထျန်းဝမ်လည်း မရှိပေ။ ဤသူနှစ်ဦး အပြန်အလှန် အသက်ပေးပြီး အတူတူ သေဆုံးသွားကြခြင်းများလား။
"မဖြစ်နိုင်ဘူး၊ လောထျန်းဝမ်ရဲ့ စွမ်းအားက အစ်ကိုကြီးရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်ဘူး "
ယွမ်သခင်လေးက အလွန်ပင် ယုံကြည်ချက်ရှိစွာ ပြောသည်။
"တခြား ပြောင်းလဲမှုတစ်ခုခု ဖြစ်ရမယ်၊ ကောင်းကင်ယံက ပြန်ကြည့်ရမယ့် မြင်ကွင်းကို ဆက်ကြည့်ကြရအောင်။"
ဖန့်ချန်နှင့် လောထျန်းဝမ် မရှိသည်ကို သူတို့နှစ်ဦးသာ သိရှိသည် မဟုတ်ပေ။ ကျန်ရှိသည့် ဆန်းနယဲ့ သူတော်စင်များလည်း အခြေခံအားဖြင့် သိရှိသွားကြပြီး ရင်ထဲတွင် သံသယများဖြင့် တုန်လှုပ်နေကြသည်။ လူအုပ်ကြားထဲတွင် အစိမ်းရောင် မျက်လုံးကျား သည် ချူချန်း၏ ဘေးတွင် ရပ်နေရင်း ညအချိန် လမ်းလျှောက် ခြင်္သေ့ကို ကြည့်သော အကြည့်တွင် မနာလိုမှု အနည်းငယ် ပါဝင်နေသည်။ ချူချန်းသည် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး အစိမ်းရောင် မျက်လုံးကျားကို တစ်ချက်ကြည့်ကာ စကားပြောချင်သော်လည်း ရပ်တန့်လိုက်ရပြီး ရင်ထဲတွင် နောင်တအနည်းငယ် ဖြစ်မိသည်။
မကြာမီပင် လီတောက်ယဲ့ သည် ကျဲနယဲ့ သူတော်စင်တို့ကို ခေါ်ဆောင်ကာ စခန်းတာဝန်ခံ ရုံးတော်သို့ အောင်ပွဲခံရင်း ရောက်ရှိလာသည်။ ရှူးဖုသည် ထိုနေရာတွင် စောင့်ဆိုင်းနေသည်မှာ ကြာပြီဖြစ်ရာ ဖန့်ချန်နှင့် လောထျန်းဝမ် မရှိသည်ကို မြင်သောအခါ သူ၏ အကြည့်တွင် အနည်းငယ် ပြောင်းလဲမှု ရှိသွားသည်။
"စခန်းတာဝန်ခံကြီး၊ ကျွန်တော် လီဖန်ဟာ အားလုံးရဲ့ ယုံကြည်မှုကို မပျက်စေဘဲ သူတို့ကို အသက်ရှင်လျက် ခေါ်ဆောင်လာခဲ့ပါပြီ "
လီတောက်ယဲ့က လက်နှစ်ဖက် ယှဉ်ကာ အရိုအသေပေးရင်း ဂုဏ်ယူဝံ့ကြွားစွာ ပြောသည်။
"မင်းရဲ့ ဒီတစ်ခါ စွမ်းဆောင်ရည်က…… အတော်လေး အဆင်ပြေပါတယ်၊ အနည်းဆုံးတော့ အဖြူရောင်အလံ ထောင်ဖို့ အကြံမပေးခဲ့ဘူးပေါ့။"
ရှူးဖုက ခေါင်းအသာညိတ်လိုက်ပြီးနောက် ကောင်းကင်ယံကို မော့ကြည့်ကာ ဆက်မပြောတော့ပေ။ ရှိနေသည့် သူတော်စင်များမှာ သူ၏ ဆိုလိုရင်းကို နားလည်သွားကြပြီး ကောင်းကင်ယံရှိ မြင်ကွင်းကိုသာ ဆက်ကြည့်နေကြသည်။
ထိုအချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင်။
ယွီချန် သည် ဟေးကျားစခန်း နယ်မြေသို့ ပြန်ရောက်သွားသည်။ သူသည် ထိုနေရာမှာ အလွန်ပင် တိတ်ဆိတ်နေသည်ကို တွေ့လိုက်ရသည်။ နေရာတိုင်းတွင် အသံတို့ ပျောက်ဆုံးသွားသကဲ့သို့ပင်။ ဟေးကျားစခန်းမှ သူတော်စင်အားလုံးမှာ ကောင်းကင်ယံရှိ မြင်ကွင်းကိုသာ ငေးမောကြည့်နေကြသည်။ အချို့သော သူတော်စင်များမှာ ကြည့်ရှုရန်ပင် မရဲတော့ဘဲ ခေါင်းငုံ့ကာ မည်သည့်အရာများကို တွေးတောနေမှန်း မသိတော့ပေ။
ဧကရာဇ် (၁၂) ပါး သေဆုံးသွားပြီ။ ဘေးအန္တရာယ်ကြယ် (၁၀၈) ပါးလည်း အကုန်လုံးနီးပါး သေဆုံးသွားပြီ ဝင်ရောက်သွားသည့် ကျဲနယဲ့ သူတော်စင် (၇၀-၈၀) ရာခိုင်နှုန်းမှာလည်း ပျက်စီးကုန်သည်။ ကျန်ရှိသည့် တစ်စိတ်တစ်ပိုင်းမှာလည်း နွားနှင့် မြင်းကဲ့သို့ ဖြစ်နေခဲ့ကြရသည်။ ဝူရှန်းပေမြိန့်ဘက်ကို ကိုယ့်ကိုယ်ကိုယ် ပြုစုပျိုးထောင်ဖို့အတွက် အသုံးပြုခံလိုက်ရခြင်း ဖြစ်သည်။ ထိုအရာသည် အလွန်ပင် ရှက်ဖွယ်ကောင်းသော အရှက်တကွဲ ဖြစ်ရပ်ဖြစ်သည်။
ဟေးကျားစခန်းမှ ဆန်းနယဲ့ သူတော်စင်ပေါင်း များစွာ၏ မျက်လုံးများမှာ နီရဲနေသည်။ ယွီချန်သည် ထိုမြင်ကွင်းကို မြင်သောအခါ သက်ပြင်းကြီး ချလိုက်သည်။ သူကိုယ်တိုင်ပင် ဤစစ်ပွဲသည် ထိုကဲ့သို့သော ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ယဲ့ထျန်းဂူ၊ တကယ်တော့ ဘယ်ကနေ ရောက်လာတာလဲ"
ယွီချန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
……
……
"အော်၊ လောထျန်းဝမ်က ယဲ့ထျန်းဂူကို စိန်ခေါ်လိုက်ပြီ "
ကောင်းကင်ယံရှိ ရုပ်ပုံမှာ လောထျန်းဝမ်က ဖန့်ချန်ကို စိန်ခေါ်သည့် အချိန်သို့ ရောက်ရှိသွားသည်။ ဝူရှန်းပေမြိန့်မှ သူတော်စင်များမှာ အံ့ဩသွားကြသည်။
"ဒီကောင်က ဘာတွေ တွေးနေတာလဲ"
"သူက ယဲ့ထျန်းဂူရဲ့ ပြိုင်ဘက် ဖြစ်ပါ့မလား၊ ဒီအချိန်မှာမှ ယဲ့ထျန်းဂူကို စိန်ခေါ်ရသလား ဒါနဲ့ နာမည်ကြီးချင်လို့လား"
လျှို့ဝှက်စွာ ပြောဆိုသံများမှာ နေရာတိုင်းတွင် ပေါ်ပေါက်လာသည်။ ထုံယိုဧကရာဇ် သည် ထိုမြင်ကွင်းကို မြင်သောအခါ အသားအရေမှာ ချက်ချင်း ပြောင်းလဲသွားသည်။ အနီးအနားမှ ဘေးအန္တရာယ်ကြယ် များသည်လည်း သူ့ကို ကြည့်လိုက်ကြပြီး အကြည့်ထဲတွင် သနားစဖွယ် အသွင်အပြင်များ ပါဝင်နေသည်။ တကယ်ပင် ကောင်းကင်ယံရှိ ထုံယိုဧကရာဇ် သည်လည်း ထွက်ပေါ်လာပြီး ငါ့အစ်ကိုကြီးကို စိန်ခေါ်ချင်ရင် ငါ့အလောင်းပေါ်က ဖြတ်သွားပါ ဆိုသည့် ရဲရင့်သော စကားလုံးများကို ဟစ်အော်နေခဲ့ပြီ ဖြစ်သည်။
အလွန်ပင် ဆိုးရွားလှသည်။
ထုံယိုဧကရာဇ် သည် ထိုမြင်ကွင်းကို ကြည့်ရင်း အနည်းငယ် နာကျင်စွာ ခံစားလိုက်ရပြီး မျက်နှာမှာ အနည်းငယ် နီရဲလာသည်။ မသိနားမလည်သော ဆန်းနယဲ့ သူတော်စင်များမှာ ထုံယိုဧကရာဇ်ကို လှည့်ကြည့်လိုက်ကြရာ မျက်လုံးထဲတွင် ချီးကျူးမှုများ၊ လေးစားမှုများ ရှိနေကြသည်။
ဆက်လက်၍ ကောင်းကင်ယံရှိ ရုပ်ပုံမှာ လောထျန်းဝမ်နှင့် ထုံယိုဧကရာဇ်တို့ တိုက်ခိုက်သည့်အချိန်သို့ ရောက်ရှိသွားသည်။
တစ်ကွက် တည်းပင်
ထုံယိုဧကရာဇ် သည် ထိုနေရာမှာပင် အရှုံးပေးလိုက်ရပြီး မြေကြီးထဲသို့ ခေါင်းစိုက်ကာ မြုပ်သွားသည်။ ဝူရှန်းပေမြိန့်စခန်းမှာ ချက်ချင်းပင် အလွန်တိတ်ဆိတ်သွားပြီး ဟေးကျားစခန်းဘက်ထက် မသာလွန်တော့ပေ။ ရှူးဖုက ထုံယိုဧကရာဇ်ကို တစ်ချက် ကြည့်လိုက်သည်။ ထုံယိုဧကရာဇ်မှာ မသိသလို ဟန်ဆောင်ကာ မျက်မှောင်ကြုတ်လျက် လက်သည်းကို အာရုံစိုက် ကြည့်နေပြီး အစွန်းအထင်းများ ရှိနေ၍ ညှပ်ဖို့ လိုအပ်နေသကဲ့သို့ ပြုမူနေသည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူတော်စင်ပေါင်း များစွာ၏ အကြည့်တို့မှာ ထုံယိုဧကရာဇ်၏ ကိုယ်ပေါ်သို့ စုပြုံရောက်ရှိလာကြသည်။
"ကြည့်ချင်လို့လား"
ထုံယိုဧကရာဇ် သည် စိတ်ထဲတွင် ဆဲဆိုလိုက်သည်။
"တကယ်မထင်ထားဘူး၊ လောထျန်းဝမ်ရဲ့ နည်းလမ်းတွေက…… ဒီလောက်ထိတောင် ကြောက်စရာကောင်းလိမ့်မယ်လို့ "
ရှန်ပါဝမ်က မသိစိတ်ဖြင့် ယွမ်သခင်လေးကို လှည့်ကြည့်လိုက်သည်။
"ငါ့ကို မကြည့်နဲ့၊ ငါလည်း မထင်ထားဘူး။"
ယွမ်သခင်လေး၏ အမူအရာမှာ ရှုပ်ထွေးနေသည်။
"လောထျန်းဝမ် ကျင့်ကြံထားတဲ့ အဲဒီကျင့်စဉ်က 'နတ်ဘုရားကို ဖိတ်ခေါ်ပြီး နတ်ဘုရားကို ဆင်းသက်စေခြင်း' လို့ ခေါ်တယ်ထင်တယ် ငါတို့ စိတ်ကူးထားတာထက် အများကြီး ပိုသာလွန်နေမှာ သေချာတယ်……"
ကောင်းကင်ယံရှိ မြင်ကွင်းမှာ ဝူရှန်းပေမြိန့်စခန်းကို ခဏတာ တိတ်ဆိတ်သွားပြီးနောက် နောက်တစ်ဖန် ပြန်လည် ရုတ်ရုတ်သဲသဲ ဖြစ်လာစေသည်။ အမျိုးမျိုးသော အသံများမှာ ကောင်းကင်ယံသို့ ပျံ့လွင့်သွားသည်။ အားလုံးမှာ လောထျန်းဝမ်နှင့် သူ့၏ ကျင့်စဉ်အကြောင်းသာ ဖြစ်သည်။ ဤစစ်ပွဲသည် လောထျန်းဝမ်ကို အမှန်တကယ်ပင် နာမည်ကြီးသွားစေခဲ့ပြီ ဖြစ်သည်။
ဝူရှန်းပေမြိန့်စခန်းတွင်သာ မဟုတ်ဘဲ ဟေးကျားစခန်းဘက်မှ သူတော်စင်တို့လည်း အလွန်ပင် စိတ်ပျက်အားငယ်နေကြသည်။ သူတို့သည် ယဲ့ထျန်းဂူ ဆိုသူသာ ထူးထူးခြားခြား ပေါ်ပေါက်လာလို့ ဟေးကျားစခန်း အရှုံးပေးခဲ့ရသည်ဟု ထင်ခဲ့ကြသည်။ သို့သော် ယခု လောထျန်းဝမ်၏ နည်းလမ်းကို မြင်လိုက်ရသောအခါ ယဲ့ထျန်းဂူ မရှိလျှင်ပင် ဤတစ်ကြိမ် ဟေးကျားစခန်းနှင့် ဝူရှန်းပေမြိန့်စခန်းတို့ကြားမှ စစ်ပွဲမှာ မုချဧကန် ရှုံးနိမ့်မည် ဖြစ်ကြောင်း သိရှိသွားကြသည်။
လောထျန်းဝမ် တစ်ယောက်တည်းနှင့်ပင် ဧကရာဇ် (၁၂) ပါးကို တစ်ယောက်တည်း ယှဉ်တိုက်နိုင်သော စွမ်းအား ရှိနေပြီ ဖြစ်သည်။
"လောထျန်းဝမ်၊ ယဲ့ထျန်းဂူ……"
ယွီချန်၏ မျက်နှာမှာ အလွန်ပင် ကြည့်မကောင်းတော့ပေ။
……
……
"ဒီပုံစံနဲ့ဆိုရင် ဝူရှန်းပေမြိန့်စခန်းရဲ့ ကံကြမ္မာက တက်လာတော့မှာပဲ။"
ရှူးဖုက ထုံယိုဧကရာဇ်၏ ကိုယ်ပေါ်မှ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး နှုတ်ခမ်းထောင့်တို့မှာ မရည်ရွယ်ဘဲ တက်လာသည်။ ထိုအပြုံးကို သူ ဖိနှိပ်ထားချင်လျှင်ပင် မရတော့ပေ။
ထို့နောက် ကောင်းကင်ယံရှိ မြင်ကွင်းမှာ ဖန့်ချန်နှင့် လောထျန်းဝမ်တို့ တိုက်ခိုက်သည့်အချိန်သို့ ရောက်ရှိသွားသည်။ နှစ်ဦးစလုံး တိုက်ခိုက်နေသည်ကို မြင်သောအခါ သူတို့၏ ရင်ထဲတွင် တင်းကျပ်သွားပြီး အလွန်ပင် တင်းမာနေကြသည်။
ဖန့်ချန်နှင့် လောထျန်းဝမ်တို့၏ စွမ်းအားမှာ တူညီကြပြီး အနိုင်အရှုံး ခွဲခြားရန် ခက်ခဲလိမ့်မည်ဟု ထင်နေကြချိန်တွင်။
'မလာနဲ့တော့' ဟူသည့် အသံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားရိုက်တံ သည် လောထျန်းဝမ်ကို လည်ပတ်နေသကဲ့သို့ ပျံထွက်သွားအောင် ရိုက်ချလိုက်သည်။
ဆန်းနယဲ့ သူတော်စင်တို့သာမကဘဲ ထိုမြင်ကွင်းကို ပြန်ကြည့်နေရသော ကောင်းကင်ငါးပါး သူတော်စင်တို့ပင် မသိစိတ်ဖြင့် တံတွေးမျိုချလိုက်မိကြသည်။