အခန်း ၂၆၀၅
Vol. 261 Ch. 2605
အခန်း (၂၆၀၅) - ခုနစ်ပါးသတ်ဖြတ်ခြင်း မိစ္ဆာအရှင်သခင်
ဖန့်ချန်ကမူ... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးက မည်သို့ပင် ရိုင်းစိုင်းစွာ ဆဲဆိုအော်ဟစ်နေပါစေ ဂရုစိုက်မနေဘဲ၊ သူ၏ လူသားလောက အငွေ့အသက်များကိုသာ ၎င်း၏ ခန္ဓာကိုယ်ထဲသို့ တည်ငြိမ်စွာဖြင့် ဆက်လက်ထိုးသွင်းနေခဲ့သည်။
သို့သော်လည်း ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံး၏ အသံက အနည်းငယ် သေးငယ်သွားပြီး အော်ဟစ်သံ ခပ်ဖျော့ဖျော့သာ ကျန်ရှိတော့သည်မှအပ... ထူးထူးခြားခြား ကြီးမားသော အပြောင်းအလဲမျိုး ထွက်ပေါ်လာခြင်းမရှိချေ။
“ကောင်လေး... မင်းရဲ့ အခုလိုမျိုး ကျင့်စဉ်အဆင့်အတန်းလေးနဲ့တင် ငါ့ကို နှိမ်နင်းချင်နေတာလား။”
“အိပ်မက်မက်မနေနဲ့ဦး... မင်းရဲ့ ဒီလောက်တင်ရှိတဲ့ လူသားလောက အငွေ့အသက်က၊ ငါတစ်လုတ်တည်း ဝါးမြိုပစ်ဖို့တောင် မလောက်သေးဘူး... အဝေးကြီး လိုပါသေးတယ် ”
“ခွေးကောင်... တကယ်လို့ မင်းသာ အခုထိ လက်မလျှော့သေးဘူးဆိုရင်တော့... ငါက ငါ့ရဲ့ စစ်မှန်တဲ့ စွမ်းအားတွေကို ထုတ်ဖော်ပြသလိုက်တော့မှာနော်”
“မင်းမှာကော... ဘယ်လို စစ်မှန်တဲ့ စွမ်းအားမျိုး ရှိနေလို့လဲ။”
ဖန့်ချန်က ရုတ်တရက် လှောင်ပြုံးပြုံးလိုက်ရင်း -
“မင်းမှာသာ တကယ် စစ်မှန်တဲ့ စွမ်းအား ရှိနေမယ်ဆိုရင်... ဒီနေရာမှာ အချိန်အကြာကြီး ပုန်းအောင်းမနေဘဲ၊ အစောကြီးကတည်းက အပြင်ဘက်ကို ထွက်ပြီးတော့ ကောင်းကင်ငါးပါးတစ်ခုလုံးကို မွှေနှောက်ဖျက်ဆီးပစ်လိုက်ပြီပေါ့။”
ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးက... အရှက်ရ ဒေါသထွက်သွားခဲ့ရသည်။
“မင်းက ငါ့ကို အထင်သေးတာလား”
“ငါက မင်းကို အထင်သေးတာ မဟုတ်ဘူး... မင်းက အခုအချိန်မှာ တကယ်ပဲ ဘာစွမ်းအားမှ ရှိမနေတာ။”
“ကြည့်ရတာ... မင်းက သံသရာမသေမျိုးဂိုဏ်းရဲ့ တပည့်တွေကို ကျွန်ပြုချင်နေခဲ့တာပဲ၊ သံသရာမသေမျိုးဂိုဏ်းရဲ့ အနှိပ်စက်အချေမှုန်းခံရလို့ ကြောက်ဒူးတုန်သွားခဲ့ရတာ မဟုတ်ဘူးလား။”
ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။
ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးက... ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရတော့သည်။
ဖန့်ချန်လည်း ၎င်းကို ဂရုစိုက်မနေဘဲ... လက်ထဲက လှုပ်ရှားမှုများကို ရပ်တန့်ခြင်း မရှိချေ။
သူက... ထိုခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးဆီတွင် ယခုအချိန်၌ မည်သို့သော စွမ်းအားမျိုး ရှိနေသေးသည်ကို အသေအချာ ကြည့်ရှုချင်နေခဲ့ခြင်း ဖြစ်ပေသည်။
နှစ်ဖက်စလုံးက... မည်မျှအထိ အချိန်ဆွဲ တောင့်ခံနေခဲ့ကြသည်ကို မသိရှိရချေ။
ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးက ဆက်လက်၍ တိတ်ဆိတ်မနေတော့ဘဲ
“ကောင်လေး... ငါတို့ အရောင်းအဝယ်တစ်ခု လုပ်ကြရအောင်၊ တကယ်လို့ မင်းက ငါ့ကို ဝါးမြိုလိုက်မယ်ဆိုရင်... မင်းကို သူတော်စင်ဧကရာဇ်အဆင့် အထိ တက်လှမ်းနိုင်အောင် ငါက ကူညီပေးနိုင်တယ်။”
“ငါ့ရဲ့ စွမ်းအားကြီးမားမှုက... မင်းရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားပြီးတဲ့ အခါကျမှသာ... မင်းဘက်ကနေ ပိုမိုနက်ရှိုင်းစွာ ခံစားသိရှိနိုင်မှာ။”
“မင်းတို့ သံသရာမသေမျိုးဂိုဏ်းက... အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယ်တောင် မနည်းအခြေအနေထိန်းနေရတာ၊ အုပ်စုဘယ်နှစ်ခုလောက်တောင် ကွဲပြားသွားခဲ့ပြီလဲ မသိဘူး... မင်းက ငါနဲ့ ပူးပေါင်းပြီးတော့... သံသရာလောကကြီးရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်ချင်တဲ့ စိတ်ဆန္ဒမျိုး မရှိဘူးလား။”
ဖန့်ချန်၏ မျက်ဝန်းထဲတွင်... အေးစက်တည်တင်းလှသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့ရသည်။
“မင်းက ဘာတွေ လျှောက်ပြီး ရူးကြောင်ကြောင် ပြောနေတာလဲ... သံသရာမသေမျိုးဂိုဏ်းက၊ ဘယ်အချိန်တုန်းက အုပ်စုကွဲသွားခဲ့လို့လဲ။”
“ဟားဟားဟားဟား... အော်... မင်းက ဒီကိစ္စကိုတောင် မသိသေးဘူးပေါ့လေ၊ ဒါလည်း မဆန်းပါဘူး... မင်းရဲ့ ကျင့်စဉ်အဆင့်အတန်းက အလွန်တရာ နိမ့်ကျလွန်းနေတာကိုး။”
“အသက်စွမ်းအင် အစောပိုင်းအဆင့် ကတော့... အဲဒီလိုမျိုး သတ်ဖြတ်ခြင်း စစ်ပွဲကြီးတွေကြားထဲမှာ၊ တကယ်တမ်းကျတော့ စစ်ပွဲကို ဘေးကနေ ကြည့်ရှုဖို့တောင် အရည်အချင်းမရှိတာ အမှန်ပဲ။”
“ငါနဲ့ ပူးပေါင်းလိုက်စမ်း... ငါက မင်းကို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ခံစားချက်မျိုး သိရှိခံစားစေရမယ်။”
ဖန့်ချန်၏ ရင်ထဲတွင်... အနည်းငယ် တုန်လှုပ်သွားခဲ့ရသည်။
သူ၏ ဆဋ္ဌမအာရုံက... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးက သူ့ကို လှည့်စားနေခဲ့ခြင်း မဟုတ်ကြောင်း... သတိပေးနေခဲ့ပုံရသည်။
သံသရာမသေမျိုးဂိုဏ်းက... တကယ်ပဲ အုပ်စုကွဲသွားခဲ့တာလား။
ဒါကြောင့်မို့လို့လည်း... သူက လူသားလောက အငွေ့အသက်ကို နားလည်သဘောပေါက်ခဲ့ရတာ နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့ပြီ ဖြစ်သော်လည်း၊ ပုံမှန်ရှိလှသော ဂိုဏ်းတူ ညီအစ်ကိုတစ်ဦးတစ်ယောက်နှင့်မျှ ကြုံတွေ့ခဲ့ရခြင်း မရှိတာ ဖြစ်ရပေမည်။
“ဟေးဟေးဟေး... အံ့အားသင့်သွားပြီ မဟုတ်လား။”
“ဟားဟားဟား... ကြောက်လန့်သွားပြီ မဟုတ်လား။”
“ရှေးဟောင်းခေတ်က ကိစ္စရပ်တွေကိုတော့... မင်းလိုမျိုး နောက်မျိုးဆက်လေးက တစ်စက်ကလေးမျှ သိရှိထားပုံမရဘူး၊ သံသရာမသေမျိုးဂိုဏ်းထဲကို ဝင်ရောက်ခဲ့တာလည်း နှစ်အနည်းငယ်ပဲ ရှိသေးတာမလား။”
“ငါက သံသရာမသေမျိုးဂိုဏ်းအကြောင်းကို... မင်းသိထားတာထက်တောင် ပိုပြီးတော့ အများကြီး သိသေးတယ် ”
“ငါနဲ့ ပူးပေါင်းလိုက်စမ်း... ငါက မင်းရဲ့ ခန္ဓာကိုယ်ကို ခေတ္တချည်းငှားပြီးတော့ အထွတ်အထိပ်နေရာဆီကို ပြန်လည်တက်လှမ်းမယ်၊ ပြီးရင် ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မြေကို ပြန်လည်တည်ထောင်မယ်... မင်းကလည်း စစ်မှန်တဲ့ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို ပိုင်ဆိုင်သွားရမှာမို့၊ ဒီလောကကြီးရဲ့ အစွမ်းထက်ဆုံး တည်ရှိမှု ဖြစ်လာလိမ့်မယ် ”
ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးက... စိတ်လှုပ်ရှားစွာဖြင့် စူးရှလှစွာ အော်ဟစ်လိုက်သည်။
“မင်း လုပ်ကြံဖန်တီးထားခဲ့တဲ့ မှတ်ဉာဏ်ထဲမှာ... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မြေက သံသရာမသေမျိုးဂိုဏ်းရဲ့ လက်ဖျောက်တစ်ချက်တီးလိုက်မှုနဲ့တင် ပျက်စီးသွားခဲ့ရတယ်ဆိုတာ... စစ်မှန်တဲ့ အချက်ပဲ မဟုတ်လား။”
ဖန့်ချန်က တည်ငြိမ်အေးဆေးစွာဖြင့်ပင် ဆိုလိုက်သည်။
“အင်...”
“အဲဒီတစ်ကြိမ်တုန်းကတော့ မတော်တဆမှုတစ်ခုတင်ရှိတာပါ၊ ငါ့ရဲ့ ကျင့်စဉ်အဆင့်အတန်းက အထွတ်အထိပ်ကို မရောက်သေးခင်မှာပဲ... မင်းတို့ သံသရာမသေမျိုးဂိုဏ်းက ငါ့ကို ရှာဖွေတွေ့ရှိသွားခဲ့တာ။”
“ဒါပေမဲ့ ငါကလည်း ဉာဏ်ကောင်းပါတယ်... မင်းတို့ သံသရာမသေမျိုးဂိုဏ်းက ငါ့ကို ကျွန်ပြုဖို့ ကြံစည်နေမှတော့၊ ငါကလည်း မင်းတို့ သံသရာမသေမျိုးဂိုဏ်းရဲ့ တပည့်တွေကို တိုက်ရိုက်ပြန်ပြီး ကျွန်ပြုလိုက်ရင် မပြီးဘူးလား။”
“ဒါကြောင့်မို့လို့ ငါက... လူသားလောက အငွေ့အသက်ရဲ့ နှိမ်နင်းမှုကို ခံလိုက်ရသလိုမျိုး ဟန်ဆောင်ခဲ့တာ၊ တကယ်တမ်းကျတော့... ငါက နောက်ကွယ်ကနေ လက်ကွက်တစ်ခု ချန်ထားခဲ့တာ... ဒီနေ့ မင်းနဲ့ တွေ့ဆုံဖို့အတွက်ပဲ စောင့်ဆိုင်းနေခဲ့တာ”
“မင်းတို့ သံသရာမသေမျိုးဂိုဏ်းက တကယ့်ကိုပဲ အလွန် အစွမ်းထက်ပါတယ်... ဒါပေမဲ့ ပြင်ပရန်သူတွေနဲ့ အတွင်းရေးပဋိပက္ခတွေကြားထဲမှာ... အခုအချိန်မှာ မိမိကိုယ်ကိုယ်တောင် ဂရုမစိုက်နိုင်တော့တဲ့ အခြေအနေ ကြုံတွေ့နေရပြီ။”
“ငါ မင်းကို တိုက်ရိုက်ပဲ ပြောလိုက်မယ်... ငါ့ရဲ့ မူလခန္ဓာကိုယ်က အလွန်ကို အစွမ်းထက်တယ်၊ မင်းရဲ့ စိတ်ကူးစိတ်သန်းတွေထက်တောင် ပိုပြီးတော့ ကျော်လွန်နေဦးမယ်... အခုအချိန်မှာတော့ ငါက ခေတ္တခဏ အခြေအနေမလှလို့... ခွေးအနိုင်ကျင့်တာကို ခံနေရရုံသက်သက်ပဲ ”
“ငါနဲ့ ပူးပေါင်းစမ်း... မင်းကို စစ်မှန်တဲ့ လောကကြီးရဲ့ အလှအပ ရှုခင်းတွေကို လက်တွေ့ခံစားစေရမယ် ”
ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံး၏ လေသံထဲတွင်... လောကကြီးတစ်ခုလုံးကို ငုံ့မိုးကြည့်ရှုနေသည့် ယုံကြည်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
“မင်းနဲ့ ပူးပေါင်းလိုက်ရင်... မင်းရဲ့ ရုပ်သေးရုပ်တစ်ခုပဲ ဖြစ်လာရမှာပေါ့၊ ပြီးရင် နောက်မျိုးဆက် ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မြေရဲ့ အရှင်သခင်က... ငါ့ရဲ့ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို လာပြီး ဝါးမြိုတာကိုပဲ ထိုင်စောင့်နေရမှာ မဟုတ်ဘူးလား။”
ဖန့်ချန်က စကားဆုံးသည်နှင့်တစ်ပြိုင်နက်... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို နှိမ်နင်းရန် ကြိုးပမ်းသည့်အနေဖြင့်၊ သူ၏ လူသားလောက အငွေ့အသက်များကို ဆက်လက်၍ အားစိုက်ထိုးသွင်းလိုက်တော့သည်။
“နွားဦးချိုကို လျှောက်ပြီး အတင်းတိုးနေတာပဲ... မင်းရဲ့ လူသားလောက အငွေ့အသက်က မလုံလောက်သေးဘူး၊ ငါ့ရဲ့ စွမ်းအားက ဒီလောက်တင်ပဲ ကျန်ရှိတော့ရင်တောင်မှ... မင်းက ငါ့ကို နှိမ်နင်းနိုင်မှာ မဟုတ်ဘူး။”
“ဒီအရာက ကျင့်စဉ်အဆင့်အတန်းနဲ့ မသက်ဆိုင်တော့ဘူး... ဒါက မင်းနဲ့ ငါ့ကြားထဲက အဆင့်အတန်း ကွာခြားချက်ပဲ။”
“မင်းတို့ သံသရာမသေမျိုးဂိုဏ်းက... ကိုယ့်ကိုယ်ကိုယ် အထက်တန်းကျတယ်လို့ သတ်မှတ်ထားပြီးတော့ လောကထက် ကျော်လွန်နေတယ်လို့ ထင်နေကြတာ၊ တကယ့်ကိုပဲ မင်းလိုမျိုး နောက်မျိုးဆက်လေးတစ်ခုကို... ငါ့ကို လာပြီး ရင်ဆိုင်ခိုင်းတာက၊ ဘယ်လောက်တောင် ရယ်စရာကောင်းလဲဆိုတာကို... တစ်ခါမှ တွက်ချက်မကြည့်ဖူးကြဘူးလား။”
ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးက... အခြားသော နည်းလမ်းတစ်ခုကို အသုံးပြုပြီး ဖန့်ချန်၏ ယုံကြည်ချက်များကို ရိုက်ချိုးဖျက်ဆီးပစ်ရန် ကြံစည်လိုက်သည်။
သို့သော်လည်း သူက စကားပြောဆိုနေရင်းဖြင့်ပင်... မိမိ၏ ရှေ့မှောက်က ပုဂ္ဂိုလ်၏ မျက်ဝန်းများက၊ အသွင်ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကြောင်း... ရုတ်တရက် သတိပြုမိလိုက်သည်။
ထိုမျက်လုံးအစုံက... ပူပြင်းလှသော နေမင်းကြီးနှစ်စင်းအလား ပြောင်းလဲသွားခဲ့ရသည်။
ထိုနေမင်းကြီးနှစ်စင်း၏ အထက်တွင်မူ... သေးသွယ်ကျစ်လျက် မတ်မတ်ရပ်တန့်နေခဲ့သော ခန္ဓာကိုယ်ပုံရိပ်တစ်ခု တည်ရှိနေခဲ့သကဲ့သို့ပင် ဖြစ်ပေသည်။
“မင်းက...”
ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံး၏ အသံက... ချက်ချင်းပင် အလွန်တရာ သေးငယ်သွားခဲ့ရသည်။
နောက်ထပ် စက္ကန့်ပိုင်းအတွင်းမှာပင်... နဂါးငွေ့တန်း ဂလက်ဆီ၏ လှိုင်းလုံးကြီးများကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသော လူသားလောက အငွေ့အသက်များက... ဖန့်ချန်၏ မျက်ဝန်းများထဲမှနေ၍ ရူးသွပ်စွာဖြင့် လိပ်တက်ထွက်ပေါ်လာခဲ့တော့သည်။
ထိုအရာက... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးအပေါ်သို့ တစ်ဟုန်ထိုး ရိုက်ခတ်သွားခဲ့သည်။
“ကျွိ”
ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးက... အသံတစ်ချက်သာ ပြုလုပ်လိုက်နိုင်ပြီးနောက်၊ လုံးဝဥဿုံ ငြိမ်သက်သွားခဲ့ရတော့သည်။
“ဒီလောက်ရှိတဲ့ ရှေးဟောင်းခေတ် မိစ္ဆာဆန်တဲ့ အရာတစ်ခုက... သံသရာမသေမျိုးဂိုဏ်းကို ပြန်ပြီးတော့ လှည့်စားတွက်ချက်ချင်နေသေးတယ်၊ ရယ်စရာပဲ။”
အထင်သေးကဲ့ရဲ့မှုများဖြင့် ပြည့်နှက်နေခဲ့သော အသံကြီးက... ဤအမှောင်ထုကြီးစိုးနေသော လောကမြေပြင်ထဲတွင် ဟိန်းထွက်သွားခဲ့သည်။
ထို့နောက်တွင်တော့... ‘ဖန့်ချန်’ က ထိုခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို ကောက်ယူလိုက်ပြီး ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ကာ၊ အချိန်အတော်ကြာအောင် ဝါးစားလိုက်ပြီးမှသာ... မျိုချပစ်လိုက်တော့သည်။
ထိုအခိုက်အတန့်တွင်... ပတ်ပတ်လည်က မရေမတွက်နိုင်သော သတ်ဖြတ်ခြင်း အငွေ့အသက်များက၊ စစ်သည်တော်များက ဧကရာဇ်မင်းမြတ်ကို ဖူးမြော်လိုက်ရသကဲ့သို့... အားလုံးက ဒူးထောက်ဝပ်စင်းသည့် အမူအရာမျိုး ထွက်ပေါ်လာခဲ့ကြသည်။
‘ဖန့်ချန်’ ၏ ခန္ဓာကိုယ်ပေါ်က အငွေ့အသက်များက အလွန်တရာ တည်ငြိမ်အေးဆေးနေခဲ့သော်လည်း... ထိုတည်ငြိမ်မှုများ၏ အောက်တွင်မူ၊ သတိပြုမိရန် ခဲယဉ်းလှသော ခပ်ဖျော့ဖျော့ သတ်ဖြတ်ခြင်း အငွေ့အသက်တစ်ခု ကိန်းအောင်းနေခဲ့သည်။
စက္ကန့်ပိုင်းမျှ ကုန်ဆုံးသွားခဲ့ပြီးနောက်... ထိုခပ်ဖျော့ဖျော့ သတ်ဖြတ်ခြင်း အငွေ့အသက်လေးကပင်၊ လုံးဝ ကွယ်ပျောက်သွားခဲ့ရတော့သည်။
“ဒီအရာက... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးက တကယ်တမ်းကျတော့၊ မဟာမိစ္ဆာအရှင်သခင် သုံးဦးထဲက တစ်ဦးဖြစ်တဲ့... ခုနစ်ပါးသတ်ဖြတ်ခြင်း မိစ္ဆာအရှင်သခင်ရဲ့ မျက်လုံးပဲ၊ ရှေးဟောင်းခေတ် မိစ္ဆာဆန်တဲ့ အရာတစ်ခုပေါ့။”
“ဒီအတိုင်းပဲ... အဘိုးက သူ့ကို ဝါးမြိုပစ်လိုက်တာမို့၊ ဗိုက်နာတာမျိုး ဖြစ်မသွားနိုင်ဘူးလား။”
မှန်လေး ၏ အသံက... ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ဗိုက်နာရုံလောက်နဲ့တော့ ပြီးသွားမှာ မဟုတ်ဘူး... မင်းအနေနဲ့ အချိန်ရရင်တော့ အဘိုးကို တားမြစ်ချက်တွေနဲ့ သတိထားရမယ့် အချက်အချို့ကို သေချာရှင်းပြပေးလိုက်ဦး။”
“အဘိုးရဲ့ ကျင့်စဉ်အဆင့်အတန်း တိုးတက်လာပြီးတော့... လူသားလောက အငွေ့အသက်က ပိုမိုစွမ်းအားကြီးမားလာတဲ့ နေ့ကျရင်တော့၊ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးက လုံးဝဥဿုံ နှိမ်နင်းခြင်းခံလိုက်ရမှာ။”
“အလုံးစုံသိမြင်နိုင်တဲ့ဂိုဏ်း ရဲ့ ဂိုဏ်းသခင်ကြီး... မင်းအနေနဲ့ ငါ့ရဲ့ အဘိုး ခန္ဓာကိုယ်ပေါ်မှာ... အလကားနေပြီးတော့ အလကားသောက်နေလို့တော့ မရဘူးမလား။”
“မင်းက ဘာတွေ လျှောက်ပြောနေတာလဲ... ငါကလည်း အလကားနေပြီး အလကားသောက်နေတာမျိုး မဟုတ်ပါဘူး...”
နောက်ထပ် စက္ကန့်ပိုင်းအတွင်းမှာပင်...မှန်လေး၏ အသံက ထပ်မံထွက်ပေါ်လာခြင်း မရှိတော့ချေ။
ပတ်ပတ်လည်က အရာအားလုံးသည်လည်း... မူလအတိုင်း ပြန်လည်ဖြစ်တည်သွားခဲ့ရပုံရသည်။
ဖန့်ချန်၏ မျက်ဝန်းများက... ခေတ္တမျှ ကြောင်အမ်းသွားခဲ့ရပြီးနောက်မှသာ၊ ချက်ချင်းပင် အာရုံပြန်လည်စိုက်ထူးနိုင်ခဲ့တော့သည်။
“ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကော...”
သူက ဗလာကျင်းနေခဲ့သော မိမိ၏ လက်ဖဝါးကို ကြည့်လိုက်ရင်း... ချက်ချင်းပင် ကြက်သီးမွေးညှင်းများ ထသွားခဲ့ရတော့သည်။
၎င်းက... ပျောက်ကွယ်သွားခဲ့ပြီလား။
“ဂုဏ်ယူပါတယ် ညီကို... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးက မင်းရဲ့ နှိမ်နင်းခြင်းကို ခံလိုက်ရပြီ၊ အခုအချိန်မှာတော့ မင်းရဲ့ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံး နတ်ဘုရားစွမ်းအင်ကျင့်စဉ်နဲ့... တစ်သားတည်း ပေါင်းစပ်သွားခဲ့ပြီ။”
“မင်းက... အခုအချိန်မှာ အပြည့်စုံဆုံး မူလပထမဆုံး ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို ပိုင်ဆိုင်သွားခဲ့ပြီ”
မှန်လေး၏ အသံက ထွက်ပေါ်လာခဲ့သည်။
“ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးက... ငါ့ရဲ့ နှိမ်နင်းခြင်းကို ခံလိုက်ရတယ် ဟုတ်လား။”
ဖန့်ချန်က... စဉ်းစားတွေးတောလိုက်မိသည်။
“တကယ်ပဲ မင်းရဲ့ ထိန်းချုပ်ခြင်းကို ခံလိုက်ရတာပါ... ဒီကိစ္စက ငြင်းခုံနေစရာ မလိုပါဘူး၊ သူက အသံကျယ်ကျယ်နဲ့ အော်ဟစ်နေခဲ့ရင်တောင်မှ... နောက်ဆုံးမှာ ဘာကျန်ရှိတော့လို့လဲ၊ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခဲ့တဲ့ အနှစ်သာရလေး အနည်းငယ်ကလွဲရင်... ဘာမှ မဟုတ်တော့ပါဘူး။”
“မင်းရဲ့ လူသားလောက အငွေ့အသက်က... သူ့ကိုထိန်းချုပ်နိုင်တဲ့ အရာမို့၊ သူ့ကို နှိမ်နင်းရတာက လက်ဖဝါးလှန်သလို လွယ်ကူတယ်။”
မှန်လေးက ဆိုလိုက်သည်။
ဖန့်ချန်က စိတ်အာရုံကို တစ်ချက် လှုပ်ရှားလိုက်ရာ... ပတ်ပတ်လည်က သတ်ဖြတ်ခြင်း အငွေ့အသက်များက၊ အလွန်တရာ နာခံမှု ရှိလာခဲ့ပြီဖြစ်ကြောင်း... ရုတ်တရက် ခံစားလိုက်ရပေသည်။
“ဒါက... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးရဲ့ နတ်ဘုရားစွမ်းအင် အာနိသင်ပဲ။”
“ တကယ်ပဲ... ငါ့ရဲ့ ထိန်းချုပ်ခြင်းကို ခံလိုက်ရတာလား။”
ဖန့်ချန်၏ ရင်ထဲတွင်... အနည်းငယ် အံ့ဩချီးကျူးမိသွားခဲ့ရပြီးနောက်၊ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားခဲ့မိသည်။
“ဒါဆိုရင်... ခုနစ်ပါးသတ်ဖြတ်ခြင်း နယ်မြေ က၊ ဆက်ပြီးတော့ တည်ရှိနေတော့မှာ မဟုတ်ဘူးလား။”
“အဲဒီလောက်အထိတော့ မဟုတ်ပါဘူး... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးဆိုတဲ့ နတ်ဘုရားစွမ်းအင်ကျင့်စဉ်က၊ ဒီလောကကြီးထဲမှာ ဆက်ပြီး တည်ရှိနေဦးမှာမို့... နတ်ဘုရားစွမ်းအင်ကျင့်စဉ်ဆိုတာက... လုံးဝ ကွယ်ပျောက်ပျက်စီးသွားလို့ မရပါဘူး။”
“ဒီနေရာက အတွင်းကမ္ဘာနယ်မြေ ဆိုတော့... အရင်အရှင်သခင် ချန်ထားပေးခဲ့တဲ့ နတ်ဘုရားစွမ်းအင်ရဲ့ ပဲ့တင်ထပ်အရိပ်အယောင်ပဲ၊ တဖြည်းဖြည်းချင်း လျော့ပါးသွားမှာဖြစ်ပေမဲ့... အခုလောလောဆယ်တော့ မဟုတ်သေးဘူး။”
မှန်လေးက စကားကို ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက်
“ညီကို.. အပြင်ဘက်ကို ထွက်လို့ ရလောက်ပြီ၊ ခဏနေရင်တော့ ငါက မင်းကို ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးရဲ့ သတိထားရမယ့် အချက်တွေနဲ့... အချို့တားမြစ်ချက်တွေအကြောင်းကို ရှင်းပြပေးမယ်။”