← Chapters

အခန်း (၅၅၃-၅၅၄)

Vol. 56 Ch. 553-554

အခန်း (၅၅၃-၅၅၄)

Vol. 56 Ch. 553-554

အခန်း ၅၅၃ - အလင်းရောင်ဖြာခန်းမ

"မင်းမှာ ဂိုဏ်းရှိပြီးသား ဟုတ်လား"

အဘွားအိုက မျက်မှောင်ကြုတ်လိုက်ပါတယ်။

"ဘယ်ဂိုဏ်းကလဲ"

"ထျန်းနန်ဂိုဏ်း ပါ"

ဖန့်ချန်က အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်ပါတယ်။

ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင် ၄ ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။

ထျန်းနန်ဂိုဏ်း သူတို့တစ်ခါမှ မကြားဖူးပါဘူး။

သိပ်မထင်ရှားတဲ့ ဂိုဏ်းငယ်လေးတစ်ခုလား၊ ဒါမှမဟုတ် ဒီကောင်လေးက နာမည်အလွတ် ပေးပြောနေတာလား။

"ဒီကိစ္စကို ဂူသင်္ချိုင်းကနေ ထွက်သွားမှပဲ ဆက်ပြောကြတာပေါ့"

ဝိညာဉ်သန္ဓေသားအဆင့် တစ်ယောက်က ကျန်တဲ့သူတွေကို စိတ်ချင်းဆက်သွယ်ပြီး ပြောလိုက်ပါတယ်။

အဘွားအိုနဲ့ ကျန်တဲ့သူတွေကလည်း ခေါင်းညိတ်ပြီး ရှေ့ကို ဆက်လျှောက်ဖို့ လူအုပ်ကို အချက်ပြပါတယ်။

ရှည်လျားတဲ့ လမ်းအတိုင်း လျှောက်လာပြီးတဲ့နောက်မှာတော့ နောက်ထပ် ခန်းမဆောင်တစ်ခုရှေ့ကို ရောက်လာပါတယ်။

ထုံးစံအတိုင်း စက္ကူရုပ်ဖြူနဲ့ စက္ကူရုပ်မည်းက အရှေ့မှာ ရပ်နေပြန်ပါတယ်။

"သူတို့က ဒီမှာလည်း ရှိနေပြန်ပြီ"

အဘွားအိုက နားမလည်နိုင်သလို ရေရွတ်ပါတယ်။

စက္ကူရုပ်ဖြူကတော့ ခပ်ဖွဖွ ပြုံးပြပါတယ်။

"အားလုံးပဲ ပြန်ဆုံကြပြန်ပြီနော်"

ဖန့်ချန်က ခန်းမရဲ့ အပေါ်က ကမ္ပည်းစာတန်းကို ကြည့်လိုက်ပါတယ်။

"အလင်းရောင်ဖြာခန်းမ" တဲ့။

အလင်းရောင်ဖြာခန်းမ တောက်ပသော နတ်ဘုရားမျက်လုံး

ဖန့်ချန် အံ့သြသွားပါတယ် ဒါက တိုက်ဆိုင်မှုလား။

"ဒီခန်းမထဲမှာရော အန္တရာယ်ရှိလား"

အဘွားအိုက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း သတိကြီးစွာ မေးပါတယ်။

"သိပ်ပြီး အန္တရာယ်မရှိပါဘူး သခင်ကြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေပဲ ရှိတာပါ ကဲ ဝင်ကြပါဦး"

စက္ကူရုပ်ဖြူက ဖိတ်ခေါ်ပါတယ်။

ကျင့်ကြံသူတွေကတော့ စိုးရိမ်တကြီးနဲ့ ခန်းမကို ကြည့်နေကြပါတယ်။

စက္ကူရုပ်က သခင်ကြီးရဲ့ စည်းမျဉ်း လို့ ပြောလိုက်ရင် အစောက အရေခွံဆုတ်ခန်းမတုန်းကလို တစ်ခုခုကို စတေးရဦးမလားလို့ တွေးပူနေကြတာပါ။

အထူးသဖြင့် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေဆိုရင် ဒီဂူသင်္ချိုင်းကို ဝင်လာမိတာ နောင်တတောင် ရနေကြပါပြီ။

"ဒါနဲ့ ဒီတစ်ခါတော့ အခြေခံတည်ဆောက်ခြင်းအဆင့် သမားတွေ အရင်ဆုံး ရှေ့ထွက်ရလိမ့်မယ်"

လို့ စက္ကူရုပ်ဖြူက ရုတ်တရက် ထပ်ပြောလိုက်ပါတယ်။

ချီသန့်စ်ခြင်းအဆင့် သမားတွေကတော့ ဝမ်းသာအားရ သက်ပြင်းချနိုင်သွားပေမဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် သမားတွေကတော့ ချက်ချင်း နောက်ဆုတ်ချင်စိတ် ပေါက်သွားပါတယ်။

"ပုဂ္ဂိုလ်ကြီး အခြေခံတည်ဆောက်ခြင်းအဆင့် ဘယ်နှစ်ယောက် လိုအပ်တာလဲ"

အဘွားအိုက မေးပါတယ်။

"တစ်ယောက်ဆို ရပါပြီ"

လို့ စက္ကူရုပ်က ဖြေပါတယ်။

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေ စိတ်သက်သာရာ ရသွားကြပါတယ်။

အထူးသဖြင့် အဆင့်မြင့်တဲ့သူတွေဆိုရင် သူတို့ မဟုတ်လောက်ဘူးလို့ တွေးနေကြတာပါ။

အဲဒီအချိန်မှာ ချီချုံက ရုတ်တရက် အကြံပေးလိုက်ပါတယ်။

"အားလုံးပဲ ဒီတာအိုမိတ်ဆွေက အစောကပဲ သခင်ကြီးရဲ့ အမွေအနှစ်တစ်ခု ရထားတာဆိုတော့ သူ အရင်သွားတာက ပိုပြီး ဘေးကင်းနိုင်မယ် ထင်တယ်"

ကျန်တဲ့သူတွေကလည်း ချက်ချင်း ခေါင်းညိတ်ထောက်ခံကြပါတယ်။

"ဟုတ်တယ်... ဟုတ်တယ်... အဓိပ္ပာယ်ရှိတယ်"

အဘွားအိုကလည်း ဖန့်ချန်ကို မြူဆွယ်ပါတယ်။

"သူပြောတာ မှန်တယ် မင်းက သခင်ကြီးရဲ့ အမွေအနှစ်တစ်ခု ရထားပြီးသားဆိုတော့ ဒီနေရာနဲ့ ကံပါတဲ့သူပဲ မင်း အရင်သွားတာက အားလုံးအတွက် အန္တရာယ်အကင်းဆုံးပဲ"

လူတိုင်းက ဖန့်ချန်ကိုပဲ အန္တရာယ်ကြားထဲ အရင်တွန်းပို့ချင်နေကြတာပါ။

ဖန့်ချန်ကတော့ အလင်းရောင်ဖြာ ဆိုတဲ့ စာလုံးကိုပဲ စိုက်ကြည့်နေပါတယ်။

တခြားလူတွေကတော့ သူ ကြောက်နေတယ် ထင်ပြီး ဆက်တိုက် တိုက်တွန်းနေကြပါတယ်။

ဒါပေမဲ့ ဖန့်ချန်ရဲ့ မျက်လုံးတွေထဲမှာ ထူးဆန်းတဲ့ အပြာရောင်အလင်းတွေ တောက်ပလာတာကို ဘယ်သူမှ သတိမထားမိကြပါဘူး။

သူကိုယ်တိုင် အမိန့်မပေးဘဲနဲ့ တောက်ပသော နတ်ဘုရားမျက်လုံး တွေက တစ်ခုခုရဲ့ ဆွဲဆောင်မှုကြောင့် အလိုအလျောက် ပွင့်လာတာပါ။

ဖန့်ချန်ဟာ တစ်စုံတစ်ခုရဲ့ ဆွဲငင်မှုနောက်ကို လိုက်ရင်း ရှေ့ကို စတင်လျှောက်လှမ်းလိုက်ပါတယ်။

တစ်လှမ်း... နှစ်လှမ်း...ဖန့်ချန် ခန်းမရှေ့ ရောက်လာတာနဲ့အမျှ သူ့မျက်လုံးထဲက အပြာရောင်အလင်းက ပိုပြင်းထန်လာပါတယ်။

ရုတ်တရက် ခန်းမထဲကနေ ရွှေရောင်အလင်းတန်းတစ်ခု ပစ်ထွက်လာပြီး သူ့ရှေ့မှာ လာဝဲနေပါတယ်။

ဒါဟာ မျက်လုံးသူငယ်အိမ် တစ်ခုပါပဲ။

သူ့ဆီက ထွက်နေတဲ့ အရှိန်အဝါက ဖန့်ချန်ဆီမှာ ရှိနေတဲ့ နေဝင်ချိန်မျက်လုံး နဲ့ တစ်ထေရာတည်းပါပဲ

စက္ကူရုပ်နှစ်ရုပ်စလုံးဟာ ဖန့်ချန်ရဲ့ မျက်လုံးထဲက အပြာရောင်အလင်းကို မြင်လိုက်ရတဲ့အခါ အံ့သြသွားကြပါတယ်။

နေဝင်ချိန်မျက်လုံးက ဖန့်ချန်ကို ရွေးချယ်လိုက်ပြီဆိုတော့ သူတို့အတွက်လည်း ထူးဆန်းမနေတော့ပါဘူး။

"ဒီမျက်လုံးသူငယ်အိမ်က ဘယ်ကနေ ရောက်လာတာလဲ"

လူအုပ်ကြီးကတော့ ကြောက်လန့်တကြားနဲ့ မျက်လုံးကို အန္တရာယ်ရှိတဲ့ အရာတစ်ခုလို ကြည့်နေကြပါတယ်။

စက္ကူရုပ်ဖြူကတော့ ရုတ်တရက် ရယ်မောလိုက်ပါတယ်။

"ကောင်းတယ် မင်း ဒုတိယစမ်းသပ်မှုကို အောင်မြင်သွားပြီ သခင်ကြီးက ဒီစမ်းသပ်မှုအတွက် တစ်ယောက်တည်းပဲ အောင်မြင်ဖို့ လိုတယ်လို့ ပြောထားတာ"

"သူ... သူ အောင်သွားတာလား"

လူတိုင်း မျက်လုံးပြူးသွားပါတယ်။

အခြေခံတည်ဆောက်ခြင်းအဆင့်တစ်ယောက် ရှေ့ထွက်ဖို့ပဲ လိုတာဆိုတော့ တကယ်တမ်းကျတော့ ဖန့်ချန်ကပဲ အမွေအနှစ်ကို ထပ်ရသွားပြန်ပါပြီ။

စက္ကူရုပ်ဖြူက ဖန့်ချန်ကို ပြုံးပြပါတယ်။

"ဒါကို သိမ်းထားလိုက်ပါ မင်းမှာ တစ်ခု ရှိနေပြီ ဆိုပေမဲ့ အနာဂတ်မှာ စတုတ္ထနယ်ပယ် ကို ဖွင့်ဖို့ဆိုရင် နောက်ထပ် နှစ်ခု လိုဦးမှာပဲ"

ဖန့်ချန်က နေဝင်ချိန်မျက်လုံးကို အေးအေးဆေးဆေးပဲ သိမ်းလိုက်ပါတယ်။

ဒီလောက် လွယ်လွယ်နဲ့ အောင်မြင်လိမ့်မယ်လို့ သူ မထင်ထားပါဘူး။

စက္ကူရုပ်ပြောစကားအရဆိုရင် ဒီအမွေအနှစ်က တကယ်ပဲ တောက်ပသော နတ်ဘုရားမျက်လုံး ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတာပါ။

ဒုတိယအဆင့်က နေဝင်ချိန်မျက်လုံး ဆိုရင်၊ ပထမအဆင့် ကောင်းကင်လှည့်စားခြင်းကျင့်စဉ် က လမျက်လုံး နဲ့ ဆိုင်နေတာလား ဒါဆိုရင် တတိယအဆင့်က မိုးကြိုးမျက်လုံး ဖြစ်မှာလား

ဖန့်ချန် စိတ်ဝင်စားသွားပါတယ်။

ချိုင်းရွှင့်ပြောပြခဲ့တဲ့ မြင့်မြတ်သောသားရဲသုံးပါးနဲ့ ဒီအမွေအနှစ်တွေက ကွက်တိပဲ မဟုတ်လား။

အဘွားအိုရဲ့ မျက်နှာကတော့ အတော်လေး ပျက်သွားပါတယ်။

"မိတ်ဆွေ ဒုတိယအဆင့်က ဒါနဲ့ပဲ ပြီးပြီလား ကျွန်မတို့အတွက် အခွင့်အရေး မရှိတော့ဘူးလား"

"ဟုတ်ပါတယ် မရှိတော့ပါဘူး တတိယအဆင့်ကျမှပဲ ကြိုးစားကြည့်ကြတော့"

လို့ စက္ကူရုပ်က ဖြေပါတယ်။

"သိရင် ငါလည်း အရင်သွားပါတယ်"

တစ်ယောက်က နှမြောတသ ရေရွတ်ပါတယ်။

"ဒီကောင် ကံကောင်းလိုက်တာ အမွေအနှစ် နှစ်ခုတောင် ဆက်တိုက် ရသွားတယ်"

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေကတော့ ဖန့်ချန်ဟာ ကံကောင်းလို့၊ သူတို့က သတ္တိနည်းလို့ လက်လွှတ်လိုက်ရတာလို့ပဲ ထင်နေကြပါတယ်။

သူတို့သာ အရင်သွားရင် ရလိမ့်မယ်လို့ တွေးနေကြတာပါ။

ဖန့်ချန်က လှည့်လိုက်ပြီး သူ့ကို အရင်သွားဖို့ အကြံပေးခဲ့တဲ့ ချီချုံကို ရိုရိုသေသေပဲ နှုတ်ဆက်လိုက်ပါတယ်။

"ဒါက တာအိုမိတ်ဆွေချီရဲ့ သတိပေးချက်ကြောင့် ကျွန်တော် ဒီအမွေအနှစ်ကို ရခဲ့တာပါ ကျေးဇူးတင်ပါတယ်ဗျာ"

ချီချုံကတော့ အားနာနာနဲ့ပဲ ပြန်ပြုံးပြရပါတယ်။

တကယ်တော့ သူက ဖန့်ချန်ကို အရင်စတေးခံရအောင် တွန်းပို့ခဲ့တာပါ။

ဝိညာဉ်သန္ဓေသားအဆင့် ၄ ယောက်ကတော့ မျက်နှာတွေ တည်တင်းနေပါတယ်။

ဒီကောင်လေးက အမွေအနှစ် နှစ်ခုတောင် ရသွားတယ် သူ ဒီဂူသင်္ချိုင်းကနေ အသက်ရှင်လျက် ထွက်သွားနိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့

စက္ကူရုပ်ဖြူက ဆက်ပြောပါတယ်။

"ကဲ နောက်ဆုံးစမ်းသပ်မှုကို သွားကြရအောင် ဒါ ပြီးရင်တော့ မင်းတို့အားလုံး ဒီနေရာကနေ ထွက်ခွာလို့ ရပါပြီ"

ဒီတစ်ခါတော့ ဘယ်သူမှ မတွန့်ဆုတ်တော့ပါဘူး။

အားလုံးက နောက်ဆုံးအခွင့်အရေးကို ရဖို့ ခန်းမဆောင်ထဲကို အမြန်ဝင်လာကြပါတယ်။

ဖန့်ချန်ကတော့ သူ့နောက်ကနေ မနာလိုစိတ်နဲ့ ကြည့်နေကြတာတွေကို သိနေပေမဲ့ ဂရုမစိုက်ပါဘူး။

သူ စိတ်ဝင်စားတာက ချီချုံပါ။

ချီချုံက သူ့ကို တမင် ဒုက္ခပေးချင်နေတာ သိသာပါတယ်။ သူက သွေးဝိညာဉ်ဂိုဏ်းက ဖြစ်နိုင်မလား

မကြာခင်မှာပဲ နောက်ထပ် ခန်းမဆောင်တစ်ခုရှေ့ကို ရောက်လာပါတယ်။

ထုံးစံအတိုင်း စက္ကူရုပ်နှစ်ရုပ်က အရှေ့မှာ ရပ်နေပြန်ပါတယ်။

"မိတ်ဆွေ စမ်းသပ်မှုက အခုပဲ စမှာလား"

အဘွားအိုက မေးပါတယ်။

စက္ကူရုပ်ဖြူက ပြုံးပြီး ပြောပါတယ်။

"ဒီစမ်းသပ်မှုအတွက် သခင်ကြီးက မိုးကြိုးတံခါးကျင့်စဉ် ကို ထားခဲ့တယ် မိုးကြိုးကျင့်စဉ် လေ့ကျင့်ဖို့ သတ်မှတ်ချက်တွေက သိပ်တင်းကြပ်သလို ဒီစမ်းသပ်မှုကလည်း သိပ်အန္တရာယ်များတယ် ပါဝင်ချင်တဲ့သူတွေ ရှေ့ထွက်နိုင်သလို၊ မပါဝင်ချင်တဲ့သူတွေ အခုပဲ ထွက်သွားလို့ ရပါပြီ"

မိုးကြိုးကျင့်စဉ်

ဖန့်ချန် ခေါင်းညိတ်လိုက်ပါတယ်။

သူ့ခန့်မှန်းချက် မှန်သွားပါပြီ။

ဒီအမွေအနှစ် သုံးခုစလုံးဟာ ချိုင်းရွှင့်ပြောပြခဲ့တဲ့ မြင့်မြတ်သောသားရဲသုံးပါးနဲ့ ဆက်စပ်နေတာပဲ ဖြစ်ပါတယ်။

အခန်း ၅၅၄ - တောက်ပသော နတ်ဘုရားမျက်လုံး၏ ပြည့်စုံသော ဒုတိယနယ်ပယ်

"တတိယအမွေအနှစ်က မိုးကြိုးကျင့်စဉ်တဲ့"

လူတိုင်းရဲ့ စိတ်ဓာတ်တွေ ပြန်တက်ကြွလာပါတယ်။

ပထမအမွေအနှစ်ဖြစ်တဲ့ အရေခွံဆုတ်ကျင့်စဉ်ကို သူတို့ စိတ်မဝင်စားကြသလို၊ ဒုတိယအမွေအနှစ်က ဘာလဲဆိုတာကိုလည်း သူတို့ သေချာမသိခဲ့ကြပါဘူး။

ဒါပေမဲ့ မိုးကြိုးကျင့်စဉ် ဆိုတဲ့ စကားလုံးနှစ်လုံးကတော့ လူတိုင်းကို အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်ချင်စိတ် ပေါက်သွားစေပါတယ်။

ကျင့်ကြံခြင်းလောကမှာ မိုးကြိုးဟာ အဖျက်စွမ်းအားအကြီးမားဆုံး စွမ်းအင်အဖြစ် အသိအမှတ်ပြုခံထားရပြီး၊ မိုးကြိုးကျင့်စဉ်သမားတွေရဲ့ အဆင့်အတန်းဟာ ဓားကျင့်ကြံသူတွေထက်တောင် သာလွန်ပါတယ်။

"ဒီစမ်းသပ်မှုက အသက်အန္တရာယ် ရှိနိုင်တယ်သေချာစဉ်းစားကြပါ"

စက္ကူရုပ်ဖြူက သတိပေးလိုက်ပါတယ်။

သူ့ရဲ့အကြည့်က ဖန့်ချန်ဆီမှာ ခဏတာ ရပ်တန့်နေပါတယ်။

" ဒီစမ်းသပ်မှုက ဘယ်လိုမျိုးလဲဆိုတာ တစ်ချက်လောက် ပြောပြလို့ရမလား"

အဘွားအိုက အကဲခတ်ပြီး မေးပါတယ်။

စက္ကူရုပ်ဖြူက ပြုံးလိုက်ပါတယ်။

"အချိန်တန်ရင် မင်းတို့ သိလာလိမ့်မယ်"

အားလုံးဟာ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲနေကြပါတယ်။

သူတို့ဟာ အမွေအနှစ် နှစ်ခုကို လက်လွှတ်ခဲ့ရပြီးပြီဖြစ်လို့ ဒါဟာ နောက်ဆုံးအခွင့်အရေးပါပဲ။

ဒါပေမဲ့ အသိတရားရှိတဲ့သူ တချို့ကတော့ မိုးကြိုးကျင့်စဉ်ကို ရဖို့ဆိုတာ မလွယ်ကူသလို၊ ရခဲ့ရင်တောင် အသက်ရှင်လျက် ပြန်ထွက်နိုင်ဖို့ ခက်ခဲမယ်ဆိုတာ သိတာကြောင့် ဂူသင်္ချိုင်းထဲကနေ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တွေက သူတို့ကို တားဖို့ ကြိုးစားပေမဲ့ စက္ကူရုပ်မည်းရဲ့ တင်းမာတဲ့ အကြည့်ကြောင့် မတားရဲကြပါဘူး။

၁၅ မိနစ်အကြာမှာတော့ ကျင့်ကြံသူ ရာဂဏန်းလောက်ပဲ ကျန်ပါတော့တယ်။

အဲဒီအထဲမှာ ချီချုံနဲ့ ချိုင်းမိသားစုဘိုးဘေးတို့လည်း ပါဝင်ပါတယ်။

"မင်းတို့က နေဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ စမ်းသပ်မှုကို စလိုက်ကြရအောင်"

လူအချို့က သွားကြိတ်ပြီး ရှေ့ကို တိုးသွားကြပါတယ်။

အဲဒီအချိန်မှာပဲ ကောင်းကင်ယံမှာ မိုးကြိုးသံတွေ ဟိန်းထွက်လာပြီး နက်မှောင်တဲ့ မိုးတိမ်တွေက ခန်းမအပေါ်ကို ဖုံးလွှမ်းသွားပါတယ်။

"ဒါ... ဒါက မိုးကြိုးကပ်ဘေး လား"

တစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်ပြီး နောက်ပြန်လှည့်ပြေးပါတယ်။

"ငါ မပါတော့ဘူး ဒါက သေတွင်းထဲ ဆင်းခိုင်းတာပဲ"

စက္ကူရုပ်မည်းက ကြောက်စရာကောင်းတဲ့ အပြုံးနဲ့ ပြောလိုက်ပါတယ်။

"စမ်းသပ်မှုကို လက်ခံပြီးပြီဆိုရင် ရလဒ်မထွက်မချင်း ထွက်သွားလို့ မရဘူး"

သူက လက်ကို ဝေ့ယမ်းလိုက်ရုံနဲ့ ထွက်ပြေးတဲ့သူကို အလွယ်တကူ ဖမ်းဆီးလိုက်ပါတယ်။

"စီနီယာ ဒီစမ်းသပ်မှုကို ဘယ်လိုအောင်မြင်နိုင်မလဲ ဒီမိုးကြိုးက ကပ်ဘေးတွေနဲ့ ဆက်စပ်နေတာလား"

ဖန့်ချန်က ရိုရိုသေသေ မေးလိုက်ပါတယ်။

စက္ကူရုပ်မည်းက ဖန့်ချန်ကို ကြည့်ပြီး အေးအေးဆေးဆေး ပြန်ဖြေပါတယ်။

"သခင်ကြီး ထားခဲ့တဲ့ မိုးကြိုးကျင့်စဉ်က မိုးကြိုးကပ်ဘေးတွေနဲ့ လုံးဝ မဆိုင်ဘူး သူက လူတစ်ယောက်ရဲ့ ကံတရား အပေါ် မူတည်ပြီး တိုက်ခိုက်တာ မဟုတ်ဘူး ဒီမိုးကြိုးအောက်မှာ တစ်မိနစ်လောက် တောင့်ခံနိုင်ရင် မင်းတို့ အောင်ပြီ"

ဖန့်ချန်ရဲ့ မျက်လုံးတွေထဲမှာ ထူးဆန်းတဲ့ အပြာရောင်အလင်းတွေ တောက်ပလာပါတယ်။

သူဟာ တောက်ပသော နတ်ဘုရားမျက်လုံး ကို အလိုအလျောက် ဖွင့်လိုက်တဲ့အတွက် ပတ်ဝန်းကျင်က ဓာတ်ငါးပါးစွမ်းအင်တွေကို ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။

အထက်က မိုးတိမ်တွေထဲမှာ မိုးကြိုးစွမ်းအားတွေက အဆမတန် စုစည်းနေပြီး၊ ဒါတွေသာ ကျဆင်းလာရင် သာမန်လူတွေ ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။

သူဟာ အရင်က မိုးကြိုးစွမ်းအားတွေကို မြင်ခဲ့ဖူးပေမဲ့၊ ဒါတွေကို ထိန်းချုပ်ဖို့တော့ မတတ်နိုင်ခဲ့ပါဘူး။

ငါ့ရဲ့ နတ်ဘုရားမျက်လုံး ဒုတိယနယ်ပယ်က မပြည့်စုံသေးလို့လား အစက ငါ့မှာ နေဝင်ချိန်မျက်လုံး တစ်ဖက်ပဲ ရှိတာကိုး

ဒါကို တွေးမိတာနဲ့ ဖန့်ချန်ဟာ ခုနက ရရှိခဲ့တဲ့ နေဝင်ချိန်မျက်လုံး သူငယ်အိမ်ကို ထုတ်ပြီး တစ်ခုလုံးကို မျိုချလိုက်ပါတော့တယ်။

တကယ်ပဲ မျက်လုံးက သူ့ဗိုက်ထဲ ရောက်သွားတာနဲ့ ထူးဆန်းတဲ့ စွမ်းအားတွေက သူ့မျက်လုံးတွေဆီကို နွေးထွေးတဲ့ စီးကြောင်းတစ်ခုလို စီးဝင်သွားပါတယ်။

အဘွားအိုနဲ့ ကျန်တဲ့ ဝိညာဉ်သန္ဓေသားအဆင့်တွေဟာ ဖန့်ချန် လုပ်လိုက်တာကို မြင်သွားတဲ့အခါ အကြီးအကျယ် ဒေါသထွက်သွားကြပါတယ်။

"ဒီကောင်က မျက်လုံးကျင့်စဉ်ကို ကျင့်တာလားဒုတိယစမ်းသပ်မှုက ရခဲ့တဲ့ မျက်လုံးကို သူ မျိုချလိုက်ပြီ"

သူတို့ နှမြောတာက ဖန့်ချန် မျိုချလိုက်ပြီဖြစ်လို့ ဂူသင်္ချိုင်းအပြင်ရောက်ရင်တောင် အဲဒီမျက်လုံးကို ပြန်လုလို့ မရတော့တာကြောင့်ပါပဲ။

ဖန့်ချန်ကတော့ တစ်မျိုး ခံစားလာရပါတယ်။

သူ့ပတ်ဝန်းကျင်က စွမ်းအင်တွေအပေါ် သူက ဘုရင်တစ်ပါးလို ဖြစ်လာပြီး၊ ဓာတ်ငါးပါးဟာ သူ့ရဲ့ လက်အောက်ခံတွေလို ဖြစ်လာပါတယ်။

ဒါပေမဲ့ မိုးကြိုးစွမ်းအားကတော့ မငြိမ်မသက်ဖြစ်နေတဲ့ ပုန်ကန်သူ တစ်ယောက်လို ဖြစ်နေတုန်းပါပဲ။

ဒါပေမဲ့ အခုတော့ သူနဲ့ မိုးကြိုးစွမ်းအားကြားမှာ ဆက်သွယ်မှုတစ်ခုကို ခံစားလာရပါတယ်။

အဲဒီအချိန်မှာပဲ မိုးကြိုးတွေ ဝုန်းခနဲ ကျဆင်းလာပြီး လူတိုင်းကို ဝါးမြိုပစ်လိုက်ပါတယ်။

နာကျင်စွာ အော်ဟစ်သံတွေ ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားပါတယ်။

ချီသန့်စင်ခြင်း၊ အခြေခံတည်ဆောက်ခြင်း၊ ရွှေအမြုတေနဲ့ ဝိညာဉ်သန္ဓေသားအဆင့်တွေတောင်မှ အလွန်အမင်း သနားစရာကောင်းတဲ့ အခြေအနေကို ရောက်သွားကြပါတယ်။

သူတို့ရဲ့ စွမ်းအင်အကာအကွယ်တွေဟာ မိုးကြိုးဒဏ်ကို မတားဆီးနိုင်ပါဘူး။

ဒါပေမဲ့ ဖန့်ချန် ဘေးမှာ ရပ်နေတဲ့ ချိုင်းရွှင့်ကတော့ ဘာမှမဖြစ်ဘဲ ကြောင်တောင်တောင်ကြီး ရပ်နေပါတယ်။

မိုးကြိုးတွေက သူ့ကိုပါ ဦးတည်ခဲ့ပေမဲ့ နောက်ဆုံးစက္ကန့်မှာ ဖန့်ချန်နားကနေ လွဲပြီး တခြားလူတွေကိုပဲ သွားမှန်ခဲ့တာပါ။

ဖန့်ချန်က သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။

သူ့ရဲ့ စွမ်းအင်တွေ ကုန်ခမ်းလုနီးပါး ဖြစ်သွားပါပြီ။

သူဟာ မိုးကြိုးနဲ့ ဆက်သွယ်မှုလုပ်ပြီး လမ်းကြောင်းကို အနည်းငယ် လွှဲလိုက်နိုင်ခဲ့တာပါ။

"ထွက်သွားတော့ ငါ မင်းကို တစ်ခါပဲ ကာကွယ်ပေးနိုင်မယ်၊ ဒုတိယအကြိမ်တော့ မလွယ်ဘူး"

ဖန့်ချန်က ချိုင်းရွှင့်ကို တိုးတိုးလေး ပြောလိုက်ပါတယ်။

"ကျေးဇူးတင်ပါတယ် စီနီယာတုန်းဖန်း"

ချိုင်းရွှင့်က ကမန်းကတန်းနဲ့ ထွက်ပြေးသွားပါတယ်။

ဒီတစ်ခါတော့ လူတော်တော်များများဟာ ပထမအကြိမ် မိုးကြိုးဒဏ်ကြောင့် အကြီးအကျယ် ဒဏ်ရာရကုန်ကြပြီး ကြောက်လန့်တကြား ထွက်ပြေးကုန်ကြပါတယ်။

တချို့ဆိုရင် မိုးကြိုးဒဏ်ကြောင့် မည်းတူးပြီး သေဆုံးကုန်ကြပါပြီ။

နောက်ဆုံးမှာတော့ ခန်းမထဲမှာ ဝိညာဉ်သန္ဓေသားအဆင့် ၄ ယောက်၊ ရွှေအမြုတေအဆင့်အချို့နဲ့ ဖန့်ချန်ပဲ ကျန်ပါတော့တယ်။

အဘွားအိုက ဖန့်ချန်ကို လက်ညှိုးထိုးပြီး စက္ကူရုပ်ဖြူကို မေးပါတယ်။

"ဒါက စမ်းသပ်မှုဆိုရင် ဘာလို့ သူ့ကိုကျတော့ မိုးကြိုးမမှန်ရတာလဲ"

"ဒါဟာ စမ်းသပ်မှုပဲလေ"

စက္ကူရုပ်ဖြူက ပြုံးပြီး ဖြေလိုက်ပါတယ်။

အဘွားအိုတို့ နားမလည်ခင်မှာပဲ ဒုတိယအကြိမ် မိုးကြိုးက ထပ်မံ ကျဆင်းလာပြန်ပါတယ်။

ဒီတစ်ခါလည်း ဖန့်ချန်က သူ့ရဲ့ ကျန်ရှိတဲ့ စွမ်းအင်အားလုံးကို သုံးပြီး မိုးကြိုးကို လမ်းလွှဲလိုက်ပြန်ပါတယ်။

ဖန့်ချန်က မိုးကြိုးကို နှစ်ခါဆက်တိုက် ရှောင်လွှဲနိုင်တာကို မြင်လိုက်တဲ့အခါ အဘွားအိုတို့လည်း နားလည်သွားကြပါပြီ။

သူတို့ဟာ ဖန့်ချန်ကို တုန်လှုပ်ချောက်ချားစွာ ကြည့်ပြီး ရေရွတ်လိုက်ပါတယ်။

"သူ...သူက မိုးကြိုးရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်နေတာပဲ"

All Chapters