အခန်း (၃၄၉-၃၅၀)
Vol. 35 Ch. 349-350
အခန်း ၃၄၉ - အဖိုးနည်းသော ကျောက်တုံးများကို ရွေးချယ်ခြင်း
အဝါရောင်အဆင့်မြင့် ရတနာနှစ်ခုသည် ဓားငယ်လေး ကို တတိယအဆင့်သို့ တက်လှမ်းရန် မကူညီနိုင်လျှင်ပင် သူ၏ ဓားခန္ဓာ ကို ပိုမိုခိုင်မာလာစေရန် လုံလောက်ပါသည်။
ထိုအချိန်ကျလျှင် ရှစ်မျက်နှာအရပ် ဓားကျမ်း ကို အသုံးမပြုဘဲနှင့်ပင် အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးပိုင်း ကျင့်ကြံသူများ သို့မဟုတ် မဟာပြီးပြည့်စုံခြင်းအဆင့် ပညာရှင်များကိုပင် ရင်ဆိုင်နိုင်လိမ့်မည်ဟု ဖန့်ချန် ခန့်မှန်းထားသည်။
သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ မတက်လှမ်းမီ ဓားခန္ဓာ ပိုမိုသန်မာလာလေလေ သူ၏ ခုခံကာကွယ်နိုင်စွမ်းမှာလည်း ပိုမိုအားကောင်းလာလေလေ ဖြစ်လိမ့်မည်။
ဖန့်ချန်၏ ဝိညာဉ်မှာ သူ၏ခန္ဓာကိုယ်မှ နောက်တစ်ကြိမ် ထွက်ခွာသွားပြန်သည်။
ယခုတစ်ကြိမ်တွင် သူသည် အလွန်အမင်း တည်ငြိမ်လေးနက်နေသည်။
သူသည် ကြီးမားလှသော ဝိညာဥ်ရင်းမြစ်ကျောက်တုံး ကြီးကို လျစ်လျူရှုထားပြီး အလယ်အလတ်အရွယ်အစားများကိုသာ ရွေးချယ်လိုက်သည်။
ခဏမျှ အကဲခတ်ပြီးနောက် သူ၏ ဝိညာဉ်စွမ်းအင်များမှာ ကုန်ဆုံးစပြုလာပြီး ဝိညာဉ်မှာ ကြည်လင်လာသည်။
ရုတ်တရက် အားကောင်းသော သစ်သားဒြပ်စင် စွမ်းအင်များ ပွင့်ထွက်လာသည်။
ဖန့်ချန်သည် ရှေးဟောင်းသစ်တောကြီးတစ်ခုထဲသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ ရှူသွင်းလိုက်သည့် အသက်ရှူတိုင်းမှာ ကြွယ်ဝလှသော ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။
ထိုထူးခြားသော ဖြစ်စဉ်များ ကွယ်ပျောက်သွားသောအခါ ဖန့်ချန်သည် ကျောက်တုံးအတွင်း၌ ခြောက်သွေ့နေသော သစ်ကိုင်းတစ်ခုကို တွေ့လိုက်ရသည်။
ဖန့်ချန် အနည်းငယ် ဝေခွဲမရ ဖြစ်သွားသည်။
"ခြောက်သွေ့နေတဲ့ သစ်ကိုင်းတစ်ချောင်းလား ဝိညာဥ်ရင်းမြစ် ကျောက်တုံးမှာ ထူးခြားတဲ့ဖြစ်စဉ် ရှိနေရင် အထဲကအရာက ဒီလောက်တော့ မရိုးရှင်းနိုင်ဘူး ဒီသစ်ကိုင်းက ဘယ်ကလာတာလဲ"
ကျင့်ကြံခြင်းလောကတွင် အရာဝတ္ထုများစွာ ရှိနေပြီး သူ၏ အသိပညာမှာ တွေ့သမျှအရာတိုင်း၏ တန်ဖိုးကို အလွယ်တကူ ဆုံးဖြတ်နိုင်ရန် မလုံလောက်သေးပေ။
ထိုသစ်ကိုင်းမှာ မရိုးရှင်းသည်တော့ မှန်သော်လည်း ၎င်း၏တန်ဖိုးမှာ အဆင့်လတ် ဝိညာဉ်ကျောက်တုံးများနှင့် ယှဉ်လျှင် မည်မျှရှိမည်ကို သူ မသိပေ။
ထိုသို့ တွေးတောရင်း ဖန့်ချန်သည် ဆရာဝူ ကို ကြည့်လိုက်သည်။
ဆရာဝူသည် ကျောက်တုံးတစ်ခုတည်းကိုသာ အသေအချာ အကဲခတ်နေသကဲ့သို့ ထင်ရသော်လည်း သူ၏ အကြည့်များမှာ အနားရှိ အခြားကျောက်တုံးတစ်ခုဆီသို့ ခဏခဏ ရောက်သွားနေသည်။
သူသည် အလွန် သတိကြီးနေသည်မှာ သိသာလှသည်။
၎င်းကို မြင်သောအခါ ဖန့်ချန်သည် သူ၏ ဝိညာဉ်ကို သုံး၍ ကျောက်တုံးနှစ်ခုလုံးကို တိုက်ရိုက် စစ်ဆေးလိုက်သည်။
ထူးခြားသော ဖြစ်စဉ်များ မတွေ့ရသော်လည်း ၎င်းတို့နှစ်ခုလုံးတွင် တန်ဖိုးရှိသော အရာများ ရှိနေသည်။
တစ်ခုတွင် စိန်နှင့်တူသော ကြည်လင်သည့် ပုံဆောင်ခဲတစ်ခု ပါရှိပြီး အခြားတစ်ခုတွင်မူ ညှိုးနွမ်းနေသော လက်တစ်ဖက် ပါရှိနေသည်!
ဖန့်ချန် ၎င်းတို့ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် မည်သူ အရင်ရွေးရမည်ကို ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သည်။
ချန်းဖုန်းက အနိုင်ရရှိသွားပြီး သူက ဆရာဝူကို အောင်နိုင်သူအလား ကြည့်လိုက်သည်။
"ဆရာဝူ အခု ဝိညာဥ်ရင်းမြစ်ကျောက်တုံးကို ရွေးချယ်နိုင်ပါပြီ"
ဆရာဝူက ပြုံး၍ သူ တိတ်တဆိတ် စောင့်ကြည့်နေသော ကျောက်တုံးကို ရွေးလိုက်သည်။
ထိုကျောက်တုံးမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄၀၀ တန်ဖိုးရှိသည်။
ချန်းကျိုယဲ့ သည် ဖန့်ချန်ကို အလိုအလျောက် လှမ်းကြည့်လိုက်ရာ ဖန့်ချန်က အခြားကျောက်တုံးတစ်ခုကို ညွှန်ပြနေသည်ကို တွေ့လိုက်ရသည်။
"အဲဒီတစ်ခု"
"ဒါလား"
"ဆရာဝူ ရွေးလိုက်တဲ့ ကျောက်တုံးက အရည်အသွေး ကောင်းတာ သိသာတယ် ဖန့်ချန် ရွေးလိုက်တာကလည်း မဆိုးပေမဲ့ ဘေးက ကျောက်တုံးတွေနဲ့ ယှဉ်ရင် အဆင့်အတန်ငယ် နိမ့်သလိုပဲ"
"ဈေးကလည်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀ ပဲ ရှိတာကိုး"
လူအုပ်ကြားတွင် တိုးတိုးတိုးတိုး ပြောသံများ ပျံ့နှက်သွားသည်။
ချန်းကျိုယဲ့သည် မဆိုင်းမတွဘဲ ငွေပေးချေရန် ရှေ့သို့ တက်လာသည်။
"မင်းသားကျိုယဲ့ ဒီလောင်းကစားမှာ ကျွန်တော် ပါဝင်နေတာဆိုတော့ ကျွန်တော်ပဲ ပေးပါ့မယ်"
ဟု ဖန့်ချန်က ဆိုကာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀ ကို ထုတ်၍ ထုံပိုင်ကျိုး ထံသို့ ကမ်းပေးလိုက်သည်။
ချန်းကျိုယဲ့မှာ ခဏမျှ မှင်တက်သွားပြီးနောက် မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
"ဆရာဖန့်က တကယ့်ကို ယုံကြည်မှု ရှိနေပုံပဲ"
ဖန့်ချန် ယုံကြည်မှု ရှိလေလေ၊ ချန်းကျိုယဲ့ ပို၍ စိတ်ချလေလေ ဖြစ်သည်။
တစ်ဖက်စီက တစ်ကြိမ်စီ ရွေးချယ်ပြီးနောက် ယခုမှာ ဆရာဝူ ထပ်မံရွေးချယ်ရမည့် အလှည့်ဖြစ်သည်။
သို့သော် ရွေးချယ်မှုတိုင်းမှာ အသေအချာ အကဲခတ်ရန် လိုအပ်သလို သူ ရွေးချယ်မည့် ပစ်မှတ်ကိုလည်း အလွယ်တကူ မသိစေချင်သဖြင့် လုပ်ငန်းစဉ်မှာ မမြန်လှပေ။
ဆရာဝူသည် သူ၏ ရွေးချယ်မှုများတွင် အနည်းငယ် အလောတကြီး ဖြစ်နေပုံရပြီး ကျောက်တုံးတစ်ခုစီအပေါ် အချိန်အများကြီး မပေးပေ။
သို့သော် ဖန့်ချန်၏ အားကောင်းသော ဝိညာဉ်စွမ်းအားကြောင့် သူ၏ သိမ်မွေ့သော လှုပ်ရှားမှုများကို အလွယ်တကူ မြင်နိုင်ခဲ့သည်။
ပြိုင်ဘက်က ရွေးချယ်မှု နှေးလေလေ ဖန့်ချန်အတွက် ကောင်းလေလေ ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သူ၏ ဝိညာဉ်စွမ်းအင်များမှာ ဖြည်းဖြည်းချင်း ပြန်လည် ပြည့်ဝလာသောကြောင့် ဖြစ်သည်။
ထိုအရှိန်အတိုင်းဆိုလျှင် သူသည် ပိုမိုကောင်းမွန်သော ကျောက်တုံးများကို ရှာဖွေရန် အခွင့်အရေး ပိုရလာလိမ့်မည်။
မကြာမီ နှစ်ဖက်စလုံးမှာ သူတို့၏ ရွေးချယ်မှုများကို ပြုလုပ်လိုက်ကြသည်။
ယခုဆိုလျှင် နာရီဝက်ခန့် ကုန်ဆုံးသွားပြီ ဖြစ်သည်။
အခင်းဖြစ်ရာနေရာရှိ ကျင့်ကြံသူများမှာလည်း စိတ်လှုပ်ရှားလာကြသည်။
သူတို့နှစ်ဦး ကျောက်တုံးတစ်ခု ရွေးလိုက်တိုင်းတွင် ဘေးမှလူများက သူတို့၏ အတွေ့အကြုံများကို သုံးကာ ထိုကျောက်တုံးထဲတွင် တန်ဖိုးရှိသော အရာများ ပါဝင်နိုင်ခြေကို တွက်ချက်နေကြသည်။
ဖန့်ချန်သည် ကျောက်တုံးများကို ကြည့်လိုက်ရာ ဘာမှ မကောင်းသည်ကို တွေ့ရသော်လည်း ဆရာဝူကမူ ၎င်းတို့ကို စိတ်ဝင်စားနေပုံရသည်။
"ခင်ဗျားတို့ နှစ်ယောက်ထဲက တစ်ယောက်ယောက် ဒီကျောက်တုံးကို စဉ်းစားမလား"
ဟု ထုံပိုင်ကျိုးက ပြုံးရင်း ကျောက်တုံးတစ်ခုကို ညွှန်ပြလိုက်သည်။ ထိုကျောက်တုံးမှာ တစ်ပေခန့် ရှည်လျားပြီး ကျယ်ဝန်းသည်။
လူအုပ်ကြီး၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာများ ပေါ်လာသည်။
ချန်းဖုန်းက နှာခေါင်းရှုံ့လိုက်သည်။
"သခင်လေးထုံ ဒီကျောက်တုံးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄၀၀၀ တောင် ပေးရတာ အကယ်၍ အရှုံးပေါ်သွားရင် ကျွန်တော်တောင် နှစ်ပေါင်းများစွာ နောင်တရနေမိမှာ"
လူအုပ်ကြီးကလည်း သဘောတူကြသည်။
မှန်ပါပေသည်။ ဤကျောက်တုံးမှာ ကြီးမားလှသဖြင့် တန်ဖိုးရှိသော အရာတစ်ခုခု ထွက်လာနိုင်ခြေ မြင့်မားသည်။
သို့သော် အထဲတွင် အတိအကျ ဘာရှိသနည်း မည်သူမျှ မသိပေ။ အသုံးမကျသော ဝိညာဉ်ပစ္စည်းများသာ ဖြစ်နေနိုင်ပါသည်။
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄၀၀၀ ဆိုသော မြင့်မားသည့် ဈေးနှုန်းကြောင့် ချန်းကျိုယဲ့နှင့် ချန်းဖုန်း နှစ်ဦးစလုံးက ထိုကျောက်တုံးကို မစဉ်းစားကြပေ။
ထုံပိုင်ကျိုးက ရယ်မောကာ ပြောလိုက်သည်။
"အမှန်အတိုင်း ပြောရရင် ဒီကျောက်တုံးက နောက်ခံရှိတယ်ဗျ ဒါက ဓားကျင့်ကြံသူ တစ်ယောက်ရဲ့ ဂူဗိမာန် အောက်ခြေမှာ မြှုပ်နှံထားခဲ့တာ"
လူအုပ်ကြီးကလည်း လိုက်ရယ်ကြသည်။
"ဓားကျင့်ကြံသူ တစ်ယောက်နဲ့ ဆိုင်တယ်ဆိုရင်တောင် သူတို့မှာ ဝိညာဥ်ရင်းမြစ်ကျောက်တုံးထဲကို ပစ္စည်းတွေ ထည့်နိုင်တဲ့ စွမ်းရည် မရှိဘူး မဟုတ်လား ဒါကြောင့် ဒါက ကျောက်တုံးရဲ့ တန်ဖိုးနဲ့ ဘာမှ မဆိုင်ပါဘူး"
ဖန့်ချန်၏ ဝိညာဉ်မှာ ထိုကျောက်တုံးကို စစ်ဆေးရန် လှည့်လိုက်သည်။
သူ၏ ဝိညာဉ်စွမ်းအင်များမှာ ရုတ်တရက် အရှိန်အဟုန်ဖြင့် ကုန်ဆုံးသွားသဖြင့် ဖန့်ချန်ပင် လန့်သွားခဲ့သည်။
မူလက သူသည် ကျန်ရှိသော ကျောက်တုံးများကို စစ်ဆေးရန် အခွင့်အရေး နှစ်ကြိမ် သုံးကြိမ်ကျန်သေးသော်လည်း ယခုကဲ့သို့ စွမ်းအင်များ ကုန်ဆုံးသွားမှုကြောင့် ထိုသို့လုပ်ရန် မဖြစ်နိုင်တော့ပေ။
အကယ်၍ သူသာ စွမ်းအားမြင့်ဗလာကျောင်းတော် တွင် ကျမ်းစာကို နားလည်ပြီးနောက် ဝိညာဉ်စွမ်းအင် ပမာဏကို မြှင့်တင်မထားခဲ့ပါက သူသည် ထိုနေရာမှာတင် မေ့လဲသွားနိုင်ပါသည်။
နောက်တစ်ခဏတွင် အားကောင်းလှသော ဓားဆန္ဒ တစ်ခုက သူ့ဆီသို့ အရှိန်ဖြင့် လာနေသည်။
ဓားငယ်လေး က ချက်ချင်း တုံ့ပြန်လိုက်သည်။
"ချန်လေး ဒီကျောက်တုံးထဲမှာ ဓားတစ်ချောင်း ရှိနေတယ်၊ အဲဒါကို ငါ စားချင်တယ်"
ဖန့်ချန်၏ အတွေးများ လှုပ်ရှားသွားသည်။
ထိုမျှ ပြင်းထန်သော ဓားဆန္ဒ ၎င်းမှာ အဝါရောင်အဆင့် အမြင့်ဆုံး ဝိညာဉ်ရတနာတစ်ခု ဖြစ်နေနိုင်သလား
တိုက်တိုက်ဆိုင်ဆိုင်ပင် ဆရာဝူသည် သူ၏ ဒသမမြောက် ကျောက်တုံးကို ရွေးချယ်ပြီးသွားပြီဖြစ်ရာ သူ၏ အကြည့်မှာ ဖန့်ချန်ဆီသို့ ရောက်လာသည်။
"မင်းရဲ့ နောက်ဆုံး ကျောက်တုံးကို အခု ရွေးချယ်နိုင်ပါပြီ"
ဟု ဆရာဝူက ဆိုသည်။
ဖန့်ချန်က အနီးအနားရှိ အကြီးဆုံး ကျောက်တုံးကြီးကို ညွှန်ပြလိုက်သည်။
"ဒီတစ်ခုကို ကျွန်တော် ယူမယ်"
အနားရှိ လူများ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ အမျိုးမျိုး ပေါ်လာသည်။
"ဒီလူက ဈေးကြီးရုံနဲ့ အထဲမှာ တန်ဖိုးရှိတဲ့အရာ ရှိမယ်လို့ ထင်နေတာလား အရှုံးပေါ်သွားရင် ဒီလောင်းကစား ရလဒ်တင် မကဘူး၊ တခြားကိစ္စတွေပါ ထိခိုက်ကုန်မှာ"
"ဆရာဖန့် ပြန်မစဉ်းစားတော့ဘူးလား"
ချန်းကျိုယဲ့သည် စိုးရိမ်တကြီးဖြင့် တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ဒီကျောက်တုံးက အရမ်း ဈေးကြီးလွန်းတယ် ဒီနေ့ ကျွန်တော်တို့က အမြတ်ရဖို့ လုပ်နေတာ အကယ်၍ ဒီတစ်ခုက အရှုံးပေါ်သွားရင် အရင်ရထားတဲ့ အမြတ်တွေနဲ့တောင် ကာမိမှာ မဟုတ်ဘူး"
ဖန့်ချန်က ပြုံးပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄၀၀၀ ကို ထုတ်လိုက်သည်။
"မင်းသား ဒါအတွက် ကျွန်တော်ကိုယ်တိုင် ပေးပါ့မယ်"
ဖန့်ချန်၏ ကြွယ်ဝမှုအပေါ် လူတိုင်း အံ့သြသွားကြသည်။
ဒီငွေတွေက ဖန့်မိသားစုရဲ့
"ရွှေအမြုတေအဆင့် ဘိုးဘေး"
ဆီက လာတာလို့ သူတို့ ထင်နေကြသော်လည်း အမှန်တကယ်တွင် ဖန့်ချန်ထံသို့ ထိုငွေများ မရောက်သေးကြောင်း
ကျွယ်ဝူတိ နှင့် အခြားသူများက သိနေကြသည်။
ဖန့်ချန်ရဲ့ ကြွယ်ဝမှုက ငါတို့ စိတ်ကူးထားတာထက် အများကြီး ပိုများနေတာလား
သူတို့ ပိုတွေးလေလေ၊ ဖြစ်နိုင်ခြေ ပိုများလေလေ ဖြစ်လာသည်။
ကျွယ်ဝူတိနှင့် ဖန့်လင်ရှင်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အံ့သြမှုများကို တွေ့လိုက်ရသည်။
"အခုတော့ ဆရာဖန့်က ကိုယ်တိုင် ဝိညာဉ်ကျောက်တုံး ၄၂၀၀ တောင် သုံးထားပြီဆိုတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် မမေးခွန်းထုတ်တော့ပါဘူး။ ယူမယ်"
ဟု ချန်းကျိုယဲ့က သွားကြိတ်ပြီး ပြောလိုက်သည်။
ကျောက်တုံး ဆယ်ခုအနက် ဖန့်ချန်က နှစ်ခုအတွက် ကိုယ်ပိုင်ငွေဖြင့် ပေးချေခဲ့ပြီး ကျန်ရှစ်ခုမှာ စုစုပေါင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၀၀၀ သာ ကျသင့်သည်။
ဖန့်ချန်၏ ရင်းနှီးမြှုပ်နှံမှုမှာ သူ့ထက်ပင် ပိုများနေသဖြင့် ချန်းကျိုယဲ့လည်း စကားမရှည်တော့ပေ။
ချန်းဖုန်းက မလှောင်ဘဲ မနေနိုင်ပေ။
" ညီလေး မင်းက သူ့ကို ကယ်တင်ရှင်လို ဆက်ဆံနေတာပဲ ဒါပေမဲ့ သူက မင်းကို စိတ်ပျက်အောင် လုပ်လိမ့်မယ်"
" ငါတို့ လောင်းကစားလုပ်တဲ့အခါ အန္တရာယ်ကို လျှော့ချဖို့ အမြဲတမ်း အဖိုးနည်းတဲ့ ကျောက်တုံး တွေကိုပဲ ရွေးကြတာ သူက ဒီလို အခြေခံ စည်းမျဉ်းကိုတောင် နားမလည်ဘူး အဲဒီလိုလူက ဆရာဝူကို ဘယ်လိုများ ပြိုင်မှာလဲ"
ချန်းဖုန်းက အဖိုးနည်းသော ဟု ပြောရာတွင် ကျောက်တုံး၏ အရွယ်အစားကို မဆိုလိုဘဲ ၎င်း၏ ဈေးနှုန်းတန်ဖိုးကို ဆိုလိုခြင်း ဖြစ်သည်။
ယခု ဖန့်ချန်သည် ဝိညာဥ်ရင်းမြစ်ကျောက်တုံး တစ်ခုတည်းကိုပင် ဝိညာဉ်ကျောက်တုံး ၄၀၀၀ ပေး၍ ဝယ်လိုက်ပြီဖြစ်ရာ ကျန်သည့် ကျောက်တုံး ကိုးခုက ဝိညာဉ်ကျောက်တုံး ၄၀၀၀ ဖိုး အမြတ်ထွက်လာလျှင်ပင် ထိုအကြီးဆုံး ကျောက်တုံးက အသုံးမကျပါက သူတို့မှာ အရင်းပြန်ရရုံသာ ရှိလိမ့်မည်
ကျန်တဲ့ ကျောက်တုံး ကိုးခုလုံးက တန်ဖိုးရှိတဲ့အရာတွေ ထွက်လာဖို့ဆိုတာကလည်း ဘယ်လောက်တောင် ဖြစ်နိုင်ခြေ ရှိမှာမလို့လဲ
အခန်း ၃၅၀- ရွှေအမြုတေအဆင့် ပညာရှင်၏ လက်မောင်း
ချန်းကျိုယဲ့က ခပ်ဖျော့ဖျော့ပြုံးရင်း ပြောလိုက်သည်။
"နောင်တော် ကျုပ်တို့ မစရသေးဘူးလေ ဘယ်သူနိုင်မလဲဆိုတာ ဘယ်လိုသိနိုင်မှာလဲ တကယ်လို့ ဆရာဝူကသာ တကယ့်ကို ထူးခြားတဲ့စွမ်းရည်ရှိတယ်ဆိုရင် ဘာလို့ နောင်တော့်အမိန့်ကို နာခံနေမှာလဲ"
ချန်းဖုန်းက ဘာမှပြန်မပြောဘဲ ပြုံးနေလိုက်သည်။
ဆရာဝူသည် ရလဒ်တိုင်းကို မခန့်မှန်းနိုင်သည်မှာ အမှန်ဖြစ်သော်လည်း သူ၏ နက်ရှိုင်းလှသော အတွေ့အကြုံမှာ သာမန်လူများ နှိုင်းယှဉ်၍ ရနိုင်သော အရာမဟုတ်ပေ။
နှစ်ဖက်စလုံးက ဝိညာဥ်ရင်းမြစ်ကျောက်တုံး များကို ရွေးချယ်ပြီးသည်ကို မြင်သောအခါ ထုံပိုင်ကျိုးက ပြုံးပြီး ပြောလိုက်သည်။
"ဒီနေ့ ကျောက်တုံးလောင်းကစားပွဲက ထင်ရှားတဲ့ ပုဂ္ဂိုလ်နှစ်ဦး ပါဝင်နေတာမို့ ကျွန်တော့်ဖခင်ကို ဖိတ်ကြားထားပါတယ်"
" သူက ဒီပွဲအတွက် မြို့တော်ကို အထူးတလည် လာရောက်ခဲ့တာဖြစ်ပြီး ဒီကျောက်တုံးတွေထဲက ထွက်လာမယ့် အရာမှန်သမျှရဲ့ တန်ဖိုးကို သူကိုယ်တိုင် အကဲဖြတ်ပေးမှာ ဖြစ်ပါတယ် ဘာကန့်ကွက်စရာရှိလဲ"
လူတိုင်း ဆွံ့အသွားကြသည်။
ကျောက်စိမ်းမြစ်ခန်းမ ရဲ့ ပိုင်ရှင်လား လူမြင်ကွင်းမှာ ပေါ်လာခဲတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူလား
ချန်းအင်ပါယာရဲ့ ဝိညာဉ်စွမ်းအင် ပေါများတဲ့နေရာမှာ ဂူတစ်ခုဖွင့်ပြီး နှစ်ပေါင်းများစွာ ဂူအောင်းကျင့်နေတယ်လို့ ကောလာဟလထွက်နေတဲ့သူလား
ဒီအဆောင်ရဲ့ နေ့စဉ်ကိစ္စတွေကို ထုံပိုင်ကျိုး ကသာ စီမံခန့်ခွဲလေ့ရှိသော်လည်း ယခုအခါ သူ့ဖခင်က ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ရန် လာနေပြီဖြစ်သည်။
ဒါဟာ ချန်းကျိုယဲ့နဲ့ ချန်းဖုန်းတို့အတွက်လည်း ပထမဆုံးကြားဖူးခြင်းဖြစ်ရာ သူတို့မျက်နှာများ ပိုမိုလေးနက်သွားသည်။
၎င်းတို့သည် မင်းသားများဖြစ်ကြသော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် ကိုပင် မရောက်သေးရာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရခြင်းမှာ သူတို့ကို စိတ်မသက်မသာ ဖြစ်စေသည်။
ကျောက်စိမ်းမြစ်ဆောင်မှ ထိုပုဂ္ဂိုလ်သည် အင်ပါယာမိသားစုမှ ဘိုးဘေးများနှင့်ပင် အမြဲတမ်း နှီးနှောဖလှယ်နိုင်သူ ဖြစ်သည်။
သူတို့ဖခင်ဖြစ်သူ အင်ပါယာဘုရင်ကိုယ်တိုင်ပင် ထိုသူနှင့်တွေ့လျှင် မိမိကိုယ်ကိုယ် မျိုးဆက်သစ်လူငယ်အဖြစ် ရိုသေစွာ ပြောဆိုရသူဖြစ်သည်။
ထုံပိုင်ကျိုး ကြေညာပြီးသည်နှင့် လူတိုင်း၏ မျက်စိရှေ့တွင် အလင်းတစ်ချက် ဖျတ်ခနဲ ပေါ်လာသည်။
ထုံပိုင်ကျိုး၏ ဘေးတွင် လူတစ်ယောက် ပေါ်လာလေပြီ။
"အဖေ "
ထုံပိုင်ကျိုးက ရိုသေစွာ နှုတ်ဆက်သည်။
"စီနီယာထုံကို ဂါရဝပြုပါတယ်"
လူအုပ်ထဲမှလူများ၊ ချန်းကျိုယဲ့၊ ချန်းဖုန်းနှင့် ကျွယ်ဝူတီတို့အားလုံး ထိုသူ့ကို ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။
ဖန့်ချန်၏ ဝိညာဉ်အာရုံက ထိုသူကို တိတ်တဆိတ် စောင့်ကြည့်နေသည်။
ထိုသူသည် ရိုးရှင်းသော အဖြူရောင်ပိတ်ချောဝတ်စုံကို ဝတ်ဆင်ထားသည်။
မလိုအပ်သော အဆင်တန်ဆာများ မပါရှိဘဲ ဆံပင်ကို အပြာရောင်အဝတ်စဖြင့် စည်းထားသည်။
ပုံပန်းသဏ္ဌာန်မှာ အသက် ၄၀ ဝန်းကျင်ခန့်သာ ထင်ရသော်လည်း သူ၏မျက်လုံးများမှာ ဘဝအတွေ့အကြုံ ရာနှင့်ချီ ဖြတ်သန်းခဲ့သည့်နှယ် ရင့်ကျက်တည်ငြိမ်နေသည်။
ဖန်ချန်း၏ မျက်လုံးများ လေးနက်သွားသည်။
ထုံပိုင်ကျိုးနဲ့ ကျွယ်ဝူတီတို့က သွေးဝိညာဉ်ဂိုဏ်း က လူတွေဆိုတော့ ဒီလူကလည်း သွေးဝိညာဉ်ဂိုဏ်းက ဖြစ်ဖို့များတယ်
သွေးဝိညာဉ်ဂိုဏ်း၏ လုပ်ဆောင်ပုံအရဆိုလျှင် ထိုသူသည် ချန်းအင်ပါယာရှိ ၎င်းတို့၏ ခေါင်းဆောင်အဖြစ် စီစဉ်ထားသူ ဖြစ်နိုင်သည်။
ထုံဟုက အနည်းငယ် ခေါင်းညိတ်ပြသည်။ သူက ချန်းကျိုယဲ့နှင့် ချန်းဖုန်းကို ကြည့်ကာ ပြုံးရင်း မေးလိုက်သည်။
"မင်းတို့နှစ်ယောက် ကျောက်တုံးတွေ ရွေးပြီးပြီလား"
နှစ်ဦးစလုံး အမြန်ခေါင်းညိတ်ပြကြသည်။
"ဒါဆို စဖွင့်ကြတာပေါ့"
ထုံဟုက ပြုံးလိုက်သည်။
"ဘယ်သူ အရင်စမလဲ"
"နောင်တော်က ပိုကြီးတာမို့ အရင်စပါ"
ဟု ချန်းကျိုယဲ့က ဆိုသည်။
ချန်းဖုန်းက ပြုံးလိုက်ပြီး
"ကောင်းပြီ... ဒါဆို ငါ အရင်စမယ်"
သူက ဆရာဝူကို ကြည့်လိုက်ရာ ဆရာဝူက ခေါင်းညိတ်ပြပြီး ပထမဆုံးကျောက်တုံးကို စတင်ခွဲလိုက်သည်။
ဤကျောက်တုံးမှာ အတွင်း၌ လက်တစ်ဖက်ရှိနေသော ကျောက်တုံးဖြစ်သည်။
ဆရာဝူ၏ ကျွမ်းကျင်လှသော လက်ချက်ဖြင့် ကျောက်တုံးအလွှာများမှာ တစ်လက်မချင်း ကွာကျလာသည်။
လူတိုင်း အသက်ပင် မရှူရဲဘဲ ကျောက်တုံးကိုသာ စိုက်ကြည့်နေကြသည်။
မကြာမီ ညှိုးခြောက်နေသော လက်ဝါးတစ်ခု ပေါ်လာသည်။
"ဒါက ဘာကြီးလဲ"
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ဝေခွဲမရစွာ ကြည့်လိုက်ကြသည်။
ဒီညှိုးခြောက်နေတဲ့ လက်ဝါးက ကြည့်ရတာ သာမန်ပဲဖြစ်ပြီး ထူးခြားချက်မရှိသလို ဝိညာဉ်စွမ်းအင် လည်ပတ်မှုလည်း မရှိသလောက်ပင်။
ဆရာဝူ မျက်မှောင်ကြုတ်သွားပြီး ချန်းဖုန်းကို ကြည့်လိုက်သည်။
ချန်းဖုန်းက ပြုံးပြီး ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး မြင်းကောင်းလည်း ခလုတ်တိုက်တတ်တာပဲ လူဆိုတာ အမှားနဲ့မကင်းပါဘူး"
ချန်းကျိုယဲ့၏ မျက်နှာတွင် အပြုံးရိပ်သန်းလာသည်။ ပထမဆုံးကျောက်တုံးက အလကားဖြစ်သွားခြင်းမှာ သူ့အတွက် အခွင့်အသာကြီး ဖြစ်သည်။
ရုတ်တရက် ထုံဟုက မျက်မှောင်ကြုတ်ကာ ရှေ့သို့တက်လာပြီး ဆရာဝူလက်ထဲမှ ညှိုးခြောက်နေသော လက်မောင်းကို ယူလိုက်သည်။
"ဒါက ဘာလဲ"
လူတိုင်း အံ့အားသင့်သွားကြသည်။ ဒီလက်မောင်းက တန်ဖိုးရှိနေလို့လား
ချန်းကျိုယဲ့ ရုတ်တရက် စိတ်လှုပ်ရှားလာသည်။
သူက ဖန့်ချန်ကို လှမ်းကြည့်လိုက်ရာ ဖန့်ချန်တည်ငြိမ်နေသည်ကို မြင်မှ စိတ်အေးသွားသည်။
"ဒီလက်မောင်းပိုင်ရှင်ဟာ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဖြစ်ရမယ်"
ထုံဟုက ရုတ်တရက် ပြောလိုက်သည်။
"အသားထဲမှာ ဝိညာဉ်စွမ်းအင်တွေ အများကြီး ရှိနေသေးတယ် ဒါပေမဲ့ မင်းတို့ရဲ့ ကျင့်စဉ်အဆင့်က ဒါကို သိနိုင်လောက်အောင် မမြင့်သေးဘူး"
ထိုသို့ပြောပြီးနောက် သူက လက်မောင်းကို အသာအယာ တို့ထိလိုက်ရာ ချက်ချင်းပင် ညှိုးခြောက်နေသော လက်မောင်းသည် အခုလေးတင် ဖြတ်တောက်ခံထားရသလိုမျိုး အသွေးအသားများ ပြန်လည် ပြည့်ဖြိုးလာသည်။
အားကောင်းသော သွေးစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များ တရဟော ထွက်ပေါ်လာသည်။
"ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အသွေးအသားဟာ ရွှေအမြုတေရဲ့ နှစ်ရှည်လများ သွေးစုပ်မှုကြောင့် သာမန်ကျင့်ကြံသူတွေနဲ့ မတူဘူး"
"တကယ်လို့ မိစ္ဆာကျင့်ကြံသူတစ်ယောက်က ဒီလက်မောင်းကို ဆေးဖော်ဖို့ သုံးမယ်ဆိုရင် အလွန်ကောင်းတဲ့ ဆေးမယ် တစ်ခု ဖြစ်လာလိမ့်မယ်"
ထုံဟုက အေးဆေးစွာ ပြောလိုက်သည်။
"ဒါကို အနိမ့်စား ဝိညာဉ်ကျောက်တုံး ၅၀၀ တန်တယ်လို့ သတ်မှတ်တယ်"
၅၀၀ တဲ့
ဆရာဝူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
သူ ၄၀၀ ပဲ သုံးခဲ့ရပေမဲ့ ၅၀၀ တန်တဲ့ ရတနာကို ရခဲ့တာမို့ သူတို့ ၁၀၀ မြတ်သွားပြီ ဖြစ်သည်။
ချန်းဖုန်းက လက်ခုပ်တီးပြီး ချီးကျူးလိုက်သည်။
"ဆရာဝူ ခင်ဗျား တကယ်တော်တာပဲ"
"မင်းသား ၂ ဒါက ကျွန်တော့်ကံပါပဲ စီနီယာထုံရဲ့ အကဲဖြတ်မှုသာ မပါရင် ကျွန်တော် ရတနာကောင်း ရခဲ့ရင်တောင် တန်ဖိုးသိမှာ မဟုတ်ပါဘူး"
ဟု ဆရာဝူက နှိမ့်ချစွာ ပြောရင်း ထုံဟုကိုပါ ဖားလိုက်သည်။
ပထမဆုံး ရတနာ ထွက်ပေါ်လာပြီးနောက် လူအုပ်၏ အာရုံမှာ မင်းသားချန်းကျိုယဲ့ဘက်သို့ ရောက်သွားသည်။
ချန်းကျိုယဲ့က ဖန့်ချန်ကို ကြည့်ကာ မေးလိုက်သည်။
"ဆရာဖန့် ဘယ်ဟာကို အရင်ဖွင့်ရင် ကောင်းမလဲ"
ချန်းဖုန်းက ဖြီးပြရင်း ပြောသည်။
"ဝိညာဉ်ကျောက်တုံး ၄၀၀၀ ပေးထားရတဲ့ တစ်တုံးကို အရင်ဖွင့်လိုက်ပါလား"
ဖန့်ချန်က မင်းသား ၂ ကို လျစ်လျူရှုကာ သူပထမဆုံးရွေးခဲ့သော ကျောက်တုံးကို ညွှန်ပြလိုက်သည်။
"ဒါကို အရင်ဖွင့်ရအောင်"
ဒီညှိုးခြောက်နေတဲ့ သစ်ကိုင်းကို ရွှေအမြုတေအဆင့် ပညာရှင်က မှတ်မိမလားဆိုတာ သူ သိချင်နေသည်။
ဖန့်ချန်ကိုယ်တိုင် ကျောက်တုံးကို သွားဖွင့်ရာ လူတိုင်းက စိတ်ဝင်တစား စောင့်ကြည့်နေကြပြီး တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။
ထုံဟု၏ အကြည့်က ဖန့်ချန်ဆီမှာ ခဏတာ ရပ်တန့်သွားသည်။
ဖန့်ချန်က အလတ်စား ဝိညာဉ်ကျောက်တုံးကို ဖွင့်နိုင်ခဲ့ကြောင်း သူ သိထားပြီးသား ဖြစ်သည်။
ထုံဟု မျက်မှောင်ကြုတ်လိုက်သည်။
'သူ့ရဲ့ ကျင့်စဉ်အဆင့်ကို ငါ မမြင်နိုင်ဘူး သူ့မှာ တစ်ခုခု ဖုံးကွယ်ထားတဲ့ ရတနာ ရှိနေရမယ်'
ရွှေအမြုတေအဆင့် ရောက်နေသည့် သူတောင် ဖန့်ချန်၏ အဆင့်ကို မမြင်နိုင်လျှင် ဖန့်ချန် သုံးထားသည့် ရတနာမှာ အလွန်တန်ဖိုးကြီးသည့် အရာ ဖြစ်ရမည်။
ဆရာဝူကတော့ ဖန့်ချန်၏ လှုပ်ရှားမှုတိုင်းကို ယုံကြည်မှုအပြည့်ဖြင့် ပြုံးကြည့်နေသည်။
သူက အတွေ့အကြုံနှင့် ခွန်အားကို အားကိုးသော်လည်း ဖန်ချန်းမှာ ကံကိုသာ အားကိုးနေသည်ဟု သူ ထင်နေသည်။
ဒီလောင်းကစားပွဲရဲ့ ရလဒ်ကတော့ အစကတည်းက ဆုံးဖြတ်ပြီးသားပါပဲ။
ဝိညာဥ်ရင်းမြစ်ကျောက်တုံး၏ မျက်နှာပြင်ကို တစ်စချင်း ခွာထုတ်လိုက်ရာ ညှိုးခြောက်နေသော သစ်ကိုင်းခြောက်တစ်ခု လူတိုင်းရှေ့တွင် ပေါ်လာသည်။
ခဏအကြာတွင် အားကောင်းလှသော သစ်သားဓာတ် များက လှိုင်းလုံးကြီးများကဲ့သို့ ဝုန်းခနဲ ထွက်ပေါ်လာသည်။
လူတိုင်း ဆွံ့အသွားကြသည်။
သစ်သားဓာတ် စွမ်းအင်များသည် ကျောက်စိမ်းမြစ်ဆောင် တစ်ခုလုံးကို ပြည့်သွားပြီး အပြင်ဘက် လမ်းမပေါ်အထိပင် လျှံထွက်သွားသည်။
လမ်းတစ်လျှောက်ရှိ ဆိုင်မန်နေဂျာများသည် ချက်ချင်းပင် ဆိုင်များကို ခေတ္တပိတ်စေပြီး ကျောက်စိမ်းမြစ်ဆောင်သို့ ပြေးလာကြသည်။
"ကျောက်စိမ်းမြစ်ဆောင်မှာ ရတနာကောင်း တစ်ခုခု ထပ်တွေ့ပြန်ပြီဟေ့"
"မြန်မြန်... သွားကြည့်ရအောင်"
ကျင့်ကြံသူ အမြောက်အမြား ကျောက်စိမ်းမြစ်ဆောင်ထဲသို့ တိုးဝင်လာကြသည်။
သို့သော် ဖန့်ချန်၏ လှုပ်ရှားမှုမှာ အပြင်က ဆူညံသံများကြောင့် မပြတ်တောက်သွားပေ။
သူသည် လက်ထဲမှ ရတနာကို အနာအဆာမရှိအောင် ဆက်လက်ဖော်ထုတ်နေသည်။
ချန်းဖုန်း၏ မျက်လုံးများ လေးနက်သွားသည်။
"ဒါက ဘာလဲ ဘာလို့ သစ်သားဓာတ် စွမ်းအင်တွေ ဒီလောက် အားကောင်းနေရတာလဲ"
ဆရာဝူ၏ မျက်နှာ အေးခဲသွားပြီးမှ အတင်းအကြပ် ပြုံးလိုက်ကာ ပြောသည်။
"ဒါက ဝိညာဉ်ဆေးပင် တစ်မျိုး ဖြစ်နိုင်ပါတယ်ကိစ္စမရှိပါဘူး၊ သူ ကံကောင်းသွားတာနေမှာပါ"
ချန်းဖုန်းက အသာအယာ ခေါင်းညိတ်သည်။
တကယ်လို့ ဒါက ဝိညာဉ်ဆေးပင်ဆိုရင်တောင် အဆင်ပြေပါသေးသည်။
ထိပ်တန်းအဆင့် ဝိညာဉ်ဆေးပင်ဆိုရင်တောင် တန်ဖိုးက ဝိညာဉ်ကျောက်တုံး ရာဂဏန်းလောက်ပဲ ရှိမှာ ဖြစ်သည်။
ဝိညာဉ်ဆေးပင်ရဲ့ တကယ့်တန်ဖိုးက ဆေးလုံးအဖြစ် ဖော်စပ်နိုင်ခြင်းမှာသာ ရှိသည်။
"ဟားဟား... ဖန်ကျွယ်၊ ငါတို့တော့ မြတ်ပြီဟေ့"
ချန်းကျိုယဲ့က စိတ်လှုပ်ရှားစွာဖြင့် ဖန်ကျွယ်ကို ဆွဲခါပြီး ပြောလိုက်သည်။
ဖန်ကျွယ်က ပြုံးလိုက်သည်။
ဖန့်ချန်၏ ကံကောင်းမှုကို သူလည်း အံ့သြမဆုံး ဖြစ်နေရသည်။
ပြီးခဲ့တဲ့တစ်ခေါက်ကလည်း ဖန့်ချန် ကံထူးခဲ့သလို အခုလည်း ထပ်ဖြစ်ပြန်ပြီ
မကြာမီ ညှိုးခြောက်နေသော သစ်ကိုင်းတစ်ခုလုံး ပေါ်လာပြီး ထွက်ပေါ်နေသော သစ်သားဓာတ် စွမ်းအင်များလည်း လုံးဝ ငြိမ်သက်သွားသည်။
လူအုပ်က ညှိုးခြောက်နေသော သစ်ကိုင်းကို ကြည့်လိုက်သောအခါ ဘာမှ ထူးခြားမှုမရှိဟု ခံစားလိုက်ရသည်။
ချန်းကျိုယဲ့၏ အပြုံးပင် ပျောက်ကွယ်သွားသည်။
လူများက တစ်ယောက်ကိုတစ်ယောက် ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်ကြသည်။
ချန်းဖုန်ကတော့ မအောင့်နိုင်ဘဲ အော်ရယ်လိုက်လေသည်။
"သစ်သားဓာတ် စွမ်းအင်တွေ ခဏ စုနေတာပဲကိုး ကြည့်ရတာ ဒီပစ္စည်းက ဘာမှ တန်ဖိုးမရှိပါဘူး!"
ဆရာဝူကလည်း လိုက်ပြီး ရယ်မောလိုက်လေတော့သည်။