← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

​အပိုင်း (၃၃) - စုံစမ်းစစ်ဆေးရေး

​"ဝမ်းကွဲအစ်ကို နတ်စစ်သူကြီးဖန်က ကျွန်မတို့ကို တကယ်တွေ့ချင်တာ ဟုတ်လို့လား အစ်ကိုက ဗျူရို ရဲ့ အရာရှိငယ်လေး တစ်ယောက်ပဲလေ ကျွန်မတို့က အခုမှ ခန့်အပ်ခံရတဲ့ ရဲမက်အဆင့်ဆိုတော့ တို့ထက် ရာထူးကြီးတယ် ဆိုပေမဲ့ ဟိုဘက်က နတ်စစ်သူကြီးဖန်လေ သူက ဘာလို့ အစ်ကို့ကို တွေ့ချင်ရမှာလဲ လူကြားထဲ ကြည့်ကောင်းအောင် ကျွန်မတို့ကို လာပြီး ကြွားမနေနဲ့နော် စစ်သူကြီးဖန်ရဲ့ အိမ်တော်ကနေ အနှင်ထုတ်ခံရရင် ကျွန်မတို့တော့ ဒုက္ခရောက်ကုန်လိမ့်မယ်"

အသားညိုညို၊ ကိုယ်လုံးသွယ်သွယ်နှင့် အနက်ရောင် ရဲမက်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း ယွမ်ကျန်း ကို တိုးတိုးလေး ကပ်မေးလိုက်သည်။

​"ကြွားတယ် မင်း ဘာတွေ ပြောနေတာလဲ မင်း မသိသေးလို့ပါ၊ လွန်ခဲ့တဲ့ ရက်ပိုင်းလေးတင် ငါကိုယ်တိုင် နတ်စစ်သူကြီးဖန်ကို ဂာဗျူရိုဆီ ခေါ်သွားခဲ့တာကွ"

ယွမ်ကျန်းက ထိုသို့ပြောလိုက်စဉ် ပါးစပ်က အနည်းငယ် တွန့်သွားသော်လည်း သူမရှေ့တွင် အရှက်ကွဲရန် အလိုမရှိပေ။

"ပြီးတော့ မင်း တစ်ခုမှားနေတယ်၊ စစ်သူကြီးဖန်က ငါ့ကိုပဲ တွေ့ချင်တာ မင်းက ငါနဲ့အတူ တာဝန်ကျနေလို့သာ ဒီကို လိုက်လာခွင့်ရတာ ငါ ပြောမယ်နော် စကားကို ဆင်ဆင်ခြင်ခြင် ပြော စစ်သူကြီးအိမ်တော်က လူတွေနဲ့ ရင်းနှီးအောင် ကြိုးစားထားနောက်ပိုင်း ဒီနားမှာ အလုပ်လုပ်ရတဲ့အခါ မင်းအတွက် အဆင်ပြေအောင်လို့"

​ယွမ်ယွီ က သံသယရှိနေဆဲ ဖြစ်သော်လည်း ဖန်အိမ်တော်မှ လူတစ်ယောက် ထွက်လာပြီး ယွမ်ကျန်းကို နှုတ်ဆက်လိုက်သည်။

"အရာရှိယွမ် သခင်လေးက ခင်ဗျားကို တွေ့ချင်နေပါတယ်"

ဟု ပြောသည်။

​ယွမ်ယွီသည် ယွမ်ကျန်းကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

နတ်စစ်သူကြီးဖန်က သူမ၏ ဝမ်းကွဲအစ်ကိုကို တကယ်ပဲ ဖိတ်ခေါ်ခဲ့သည်လား သူမ အစ်ကိုက ဘယ်တုန်းက ဒီလောက်အထိ အဆင့်တက်သွားတာလဲ

​"ညီအစ်ကို ငါ့ရဲ့ လက်အောက်ငယ်သားကရော"

ယွမ်ကျန်းက ယွမ်ယွီကို တစ်ချက်ကြည့်ရင်း မေးလိုက်သည်။

​"သူမကို ဧည့်ခန်းမှာ ခဏစောင့်ခိုင်းထားလိုက်ပါ၊ သခင်လေးက ခင်ဗျားကို တစ်ယောက်တည်း တွေ့ချင်တာပါ"

ဟု အစေခံက ယဉ်ကျေးစွာ ပြောသည်။

​ယွမ်ကျန်းက ခေါင်းညိတ်လိုက်သည်။

​ထို့နောက် လူတစ်ယောက်က ယွမ်ယွီကို ဧည့်ခန်းသို့ ခေါ်ဆောင်သွားသည်။

သို့သော် သူမ ထွက်မသွားခင် ယွမ်ကျန်းက သူမကို သတိပေးစကား အတန်တန် မှာကြားခဲ့သေးသည်။

​သူသည် အစေခံနောက်သို့ လိုက်ပါကာ ဖန်ချန် နှင့် တွေ့ရန် သွားခဲ့သည်။ လမ်းတွင် ဖန်ချန်က သူ့ကို ဘာကြောင့် တွေ့ချင်ရသနည်းဟု အဆက်မပြတ် တွေးတောနေမိသည်။

​မကြာမီ ယွမ်ကျန်းသည် ဖန်ချန်ကို တွေ့လိုက်ရသည်။ သူသည် ဝင်းအတွင်း၌ လက်သီးပညာ ကို လေ့ကျင့်နေသည်။

​ဝင်းအတွင်း၌ သာမန်သိုင်းသမားတစ်ဦးကဲ့သို့ လေ့ကျင့်နေသော ထိာ လူသည် တစ်ချိန်က မဟာရှအင်ပါယာ၏ နတ်စစ်သူကြီး ဖြစ်ခဲ့သည်ဟု မည်သူမှ ထင်မည်မဟုတ်ပေ။

​"အရာရှိယွမ် ရောက်လာပြီပဲ၊ ထိုင်ပါဦး။"

ဖန်ချန်က သူ၏ လေ့ကျင့်မှုကို အဆုံးသတ်လိုက်ပြီး ရှေ့ရှိ ကျောက်သားထိုင်ခုံကို လက်ညှိုးညွှန်ပြလိုက်သည်။

​'သူက တကယ်ပဲ မျက်စိမမြင်တာလား'

ယွမ်ကျန်းမှာ စိတ်ထဲမှ အလွန်အံ့ဩသွားသည်။

ဖန်ချန်က ခြေသံကို ကြားရုံဖြင့် သူ့ကို မှတ်မိနိုင်သည်လား ၎င်းမှာ တကယ်ကို ထိတ်လန့်စရာပင်။

​သူသည် ဖန်ချန်ရှေ့ရှိ ထိုင်ခုံတွင် ထိုင်တော့မည့်ဆဲဆဲမှာပင် သူသည် လွတ်လပ်လွန်းနေသည်ဟု ခံစားလိုက်ရပုံရသည်ချက်ချင်း ပြန်မတ်တပ်ရပ်လိုက်ပြီး ပြုံးလျက် နှုတ်ဆက်လိုက်သည်။

"စစ်သူကြီး.ဒီနေ့ ကျွန်တော့်ကို ဘာကြောင့် ခေါ်ယူရတာလဲဆိုတာ သိပါရစေ"

​"ငါက အခု သာမန်လူတစ်ယောက်ပါ၊ မင်း ဒီလောက်အထိ အားနာနေစရာ မလိုပါဘူး။"

ဖန်ချန်က ပြုံးလျက် ပြောလိုက်သည်။

သို့သော် သူက ထိုအကြောင်းကို အချိန်ဆွဲမနေဘဲ တိုက်ရိုက်ပင် စကားစလိုက်သည်။

"တစ်စုံတစ်ယောက်က ငါ့ကို အမှုအချို့ လာပေးသွားတယ်၊ အဲဒီအမှုတွေက ထူးဆန်းနေသလို ငါ ခံစားရတယ် မင်းက ဗျူရိုကဆိုတော့ ဒီအမှုတွေနဲ့ ပိုပြီး ရင်းနှီးမှာပါ။ တစ်ချက်လောက် ကြည့်ပေးပါဦး။"

​ပြောပြီးနောက် သူသည် စာရွက်စာတမ်း အထပ်လိုက်ကို ယွမ်ကျွမ်းထံ ကမ်းပေးလိုက်သည်။

​ယွမ်ကျန်းက အလျင်အမြန် လက်ခံယူပြီး ကြည့်လိုက်သည်။ ပထမဆုံး စာရွက်မှာ လွန်ခဲ့သော နှစ်နှစ်က အခမ်းအနားရေးရာဝန်ကြီး၏ အိမ်တော်မှ အစေခံမလေးတစ်ဦး ပျောက်ဆုံးသွားသည့် အမှုဖြစ်သည်။

​ယွမ်ကျန်း၏ မျက်လုံးထဲတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွားသည်။

"စစ်သူကြီးဖန်... ဒါက..."

​"သေသေချာချာ ကြည့်ပြီး မင်းရဲ့ အမြင်ကို ပြောပြပါ"

ဟု ဖန်ချန်က ဆိုသည်။

​"ဟုတ်ကဲ့... ဟုတ်ကဲ့။"

ယွမ်ကျန်းက ခေါင်းညိတ်လိုက်ပြီး စာမျက်နှာများကို အလေးအနက် လှန်လှောကြည့်ရှုတော့သည်။

​တစ်နာရီခန့် ကြာပြီးနောက် သူ၏ မျက်နှာမှာ လေးနက်သွားပြီး

"စစ်သူကြီးဖန်... ဒီအမှုတွေမှာ တကယ်ပဲ သံသယဖြစ်စရာတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့..."

သူက ခါးသက်သက် ရယ်မောလိုက်သည်။

"ဒီအမှုတွေ အားလုံးက ပိတ်သိမ်းပြီးသားတွေ ဖြစ်နေတယ်ဗျ။"

​"ဝန်ကြီးအိမ်တော်က အမှုအကြောင်း ပြောကြရအောင် မိန်းကလေးတစ်ယောက် ပျောက်သွားတယ်၊ သူမရဲ့ အစ်ကိုက တိုင်ချက်လာဖွင့်တယ် မကြာခင်မှာပဲ အစ်ကိုဖြစ်သူက နေမကောင်းတဲ့ မိခင်ကြီးကို ထားခဲ့ပြီး ပျောက်ကွယ်သွားပြန်တယ်။"

ဖန်ချန်က ရယ်မောလိုက်သည်။

"အဲဒါက ယုတ္တိရှိတယ်လို့ မင်းထင်လား"

​"လုံးဝ မရှိပါဘူး။"

ယွမ်ကျွမ်းက ခေါင်းခါလိုက်သည်။

"ဒါပေမဲ့ အရာရှိလီ ကိုယ်တိုင်က ဒီအမှုကို အဆုံးအဖြတ်ပေးပြီး ပိတ်လိုက်တာပါ အဲဒီအစေခံမလေးက သူမရဲ့ ရည်းစားနဲ့ ခိုးရာပါသွားပြီး ဝန်ကြီးအိမ်တော်က ရတနာအတော်များများကိုလည်း ခိုးယူသွားတယ်လို့ ဆိုထားပါတယ်"

​"အဲဒါ အမှန်လို့ မင်းယုံလား"

ဖန်ချန်က မေးသည်။

​"မယုံပါဘူး။ ဒါပေမဲ့... ကျွန်တော် ဘာတတ်နိုင်မှာလဲ"

ယွမ်ကျန်းက ဟန်ဆောင်ရယ်မောလိုက်သည်။

​"မင်း ထပ်ပြီး စုံစမ်းစစ်ဆေးလို့ ရတာပဲလေ"

ဖန်ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီအမှုရဲ့ အဆုံးအဖြတ်ကို မင်း သဘောမတူဘူးဆိုရင် သေသေချာချာ ထပ်စုံစမ်းကြည့်ပေါ့ တစ်နေ့ကျရင် အမှန်တရားကို မင်း သေချာပေါက် ရှာတွေ့နိုင်မှာပါ၊ မဟုတ်ဘူးလား"

​ယွမ်ကျန်းမှာ အနည်းငယ် အံ့အားသင့်သွားပြီး အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်သည်။

"စစ်သူကြီးဖန် အရှင်က တစ်ခုခုကို ကြိုပြီး သိနေတာလား"

​ဖန်ချန်က ရယ်မောရင်း ပြန်ဖြေသည်။

"ငါ သိသမျှက မင်းရှာတွေ့နိုင်တဲ့ အဆင့်အထိပဲ ရှိတာပါ မဟုတ်ရင် ငါ မင်းကို ဘာလို့ ခေါ်ရမှာလဲ ဘာပဲဖြစ်ဖြစ်... အဲဒီမိခင်ကြီး နေထိုင်တဲ့ဆီကို တို့တွေ သွားကြည့်ကြရအောင်။"

​ယွမ်ကျန်းက အလိုလို ခေါင်းညိတ် သဘောတူလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူ အံ့ဩသွားသည်။ စစ်သူကြီးဖန်က သူနဲ့အတူ အမှုလိုက်ပေးမှာလား! အဲဒါက... အဲဒါက တကယ့်ကို အိပ်မက်တစ်ခုလိုပဲ

​"စစ်သူကြီးဖန်... ကျွန်တော့်ရဲ့ လက်အောက်ငယ်သားက ဧည့်ခန်းမှာ စောင့်နေပါတယ်။ သူမကို ပြန်ခိုင်းလိုက်ရမလား"

ဟု သူ အလျင်အမြန် မေးလိုက်သည်။

​"ခေါ်လာခဲ့လိုက်ပါ တို့တွေ လုပ်တာက တရားဝင် အလုပ်ပဲလေ ဖုံးကွယ်ထားစရာ ဘာမှမရှိဘူး"

ဖန်ချန်က ပြုံးလိုက်သည်။

​ယွမ်ကျန်းက စိတ်ထဲမှ တွေးလိုက်သည်။

'ဒီကောင်မလေးကတော့ ကံကောင်းတာပဲ။ အလုပ်စဝင်တဲ့ ပထမဆုံးနေ့မှာပဲ စစ်သူကြီးဖန်နဲ့ အတူ အလုပ်လုပ်ရတော့မှာ...'

​ဧည့်ခန်းတွင် စောင့်နေသော ယွမ်ယွီမှာ ပျင်းရိလာသည်။

​သူမသည် အပြင်ဘက်မှ အသံအချို့ကို ရုတ်တရက် ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ ဖန်ကျစ်ရွှယ် တစ်ယောက် ဝင်းအတွင်း၌ ဓားပညာ လေ့လာနေသည်ကို တွေ့လိုက်ရသည်။

​သူမ၏ ပြိုင်ဘက်များမှာ လူငယ် ဒါဇင်အချို့ဖြစ်ပြီး မည်သူမှ အားနည်းပုံမရပေ။

သို့သော်လည်း မည်သူမှ ဖန်ကျစ်ရွှယ်၏ ဓားချက်တစ်ချက်ကိုပင် မခုခံနိုင်ကြပေ။

​"နင်တို့တွေက အရမ်းအားနည်းတာပဲ ငါ နင်တို့ကို ခဏခဏ ကျင့်ခိုင်းထားတာကို နင်တို့က ငါ့စကားကို နားမထောင်ကြဘူး နင်တို့ ဒီအသက်အရွယ် ရောက်နေပြီကို အခုထိ ချီစုစည်းခြင်းအဆင့် မှာပဲ ရှိနေကြသေးတယ်"

ဟု သူမက မကျေမနပ် ဆူပူနေသည်။

​"အစ်မကျစ်ရွှယ်ရယ်... ကျွန်တော်တို့က အစ်မနဲ့ ဘယ်လို ယှဉ်လို့ရမှာလဲ အစ်မက ငယ်ငယ်ကတည်းက 'နက်နဲသော ကောင်းကင်ကျင့်စဉ်' ကို ကျင့်လာတာလေ၊ ကျွန်တော်တို့က ကျင့်တာ နှစ်အနည်းငယ်ပဲ ရှိသေးတာကို..."

ဟု လူငယ်တစ်ဦးက ညည်းတွားလိုက်သည်။

​'ဖန်ကျစ်ရွှယ် စစ်သူကြီးဖန်ရဲ့ ညီမလေး မဟုတ်လား သူမက သိုင်းပါရမီရှင်တစ်ယောက်လို့ နာမည်ကြီးတာ။ ဒီလောက် ငယ်ငယ်လေးနဲ့ 'ချီပေါက်ကွဲခြင်းအဆင့်' ကို ရောက်နေပြီ!' ယွမ်ယွီမှာ အံ့ဩသွားသည်။

ဖန်ကျစ်ရွှယ်သည် သူမထက် ငယ်သော်လည်း အဆင့်အတန်းကမူ အများကြီး ပိုမြင့်နေသည်။

သူမကိုယ်တိုင်မှာမူ အခုထိ 'ချီစုစည်းခြင်းအဆင့်' အလယ်လောက်မှာပဲ ရှိနေသေးသည်။

​ဖန်ကျစ်ရွှယ်သည် တစ်ခုခုကို အာရုံခံမိသကဲ့သို့ လူငယ်များဘက်မှ လှည့်ထွက်လိုက်သည်။ သူမသည် ယွမ်ယွီကို တွေ့သောအခါ မျက်မှောင်ကြုတ်လျက် စူးစမ်းစွာ မေးလိုက်သည်။

"ဟေ့... နင်က ဘယ်သူလဲ"

​"ဖန်သခင်မလေး ကျွန်မက ယွမ်ယွီပါ ဗျူရိုက ရဲမက်တစ်ဦးပါ။ ကျွန်မရဲ့ အထက်လူကြီးက အခု စစ်သူကြီးဖန်နဲ့ တွေ့နေတဲ့ ယွမ်ကျွမ်းပါ"

ဟု ယွမ်ယွီက အလျင်အမြန် မိတ်ဆက်လိုက်သည်။

​" ဗျူရို နင်တို့က ငါတို့ ဖန်အိမ်တော်ကို ဘာလာလုပ်တာလဲ ငါ့အစ်ကိုကို ထပ်ဖမ်းမလို့လား နင်တို့တွေကတော့ လွန်လွန်းနေပြီ"

ဖန်ကျစ်ရွှယ်က ဒေါသတကြီး ပြောလိုက်သည်။

​ယွမ်ယွီသည် သူမ နားလည်မှု လွဲနေကြောင်း သိသော်လည်း ရှင်းပြချိန်မရခင်မှာပင် အသံတစ်ခု ထွက်ပေါ်လာသည်။

​"ကျစ်ရွှယ်... သူတို့ကို ငါ ဖိတ်ထားတာပါ"

ဟု ဖန်ချန်က ပြောရင်း ယွမ်ကျန်းနှင့်အတူ ဝင်းအတွင်းသို့ ဝင်လာသည်။

​ဖန်ကျစ်ရွှယ်က ပို၍ စူးစမ်းလိုစိတ် ဖြစ်သွားသည်။

"အစ်ကို... ဒီလူတွေကို ဘာလို့ ခေါ်ထားတာလဲ"

​'အစ်ကို!'

'ဒါဆို သူက...'

​ယွမ်ယွီသည် ဖန်ချန်ကို ရင်ခုန်စွာဖြင့် စိုက်ကြည့်လိုက်သည်။

'စစ်သူကြီးဖန်က ကောလာဟလတွေအတိုင်း တကယ့်ကို ငယ်ရွယ်ပြီး ခန့်ညားတာပဲ'

​"သူတို့ အကူအညီ လိုအပ်တဲ့ ကိစ္စလေးတစ်ခု ရှိလို့ပါ"

ဖန်ချန်က ပြုံးလိုက်ပြီး ယွမ်ကျွမ်းဘက်သို့ လှည့်ကာ

"သူမကိုပါ ခေါ်ခဲ့လိုက် သွားကြစို့" ဟု ပြောသည်။

​ယွမ်ကျန်းက ယွမ်ယွီကို အလျင်အမြန် အချက်ပြလိုက်သည်။

"ယွမ်ယွီ၊ သွားစို့ ငါတို့ လုပ်စရာ အလုပ်ရှိတယ်!"

​ယွမ်ယွီသည် ဇဝေဇဝါဖြင့် သူတို့နောက်မှ လိုက်ပါသွားတော့သည်။

​ဖန်ချန်က သူမကို လျစ်လျူရှုထားသည်ကို သတိထားမိသောအခါ ဖန်ကျစ်ရွှယ်က သူတို့နောက်သို့ အပြေးလိုက်သွားပြီး အော်ပြောလိုက်သည်။

"အစ်ကို... ဘယ်သွားမလို့လဲ ကျွန်မလည်း လိုက်ခဲ့မယ်"

​အပိုင်း (၃၄) - နဂါး လမ်းမ

​"အဓိပ္ပာယ်မရှိတာ ငါက အလုပ်ကိစ္စနဲ့ သွားမှာလေ။ နင်က ဘာလို့ လိုက်ချင်ရတာလဲ"

ဖန်ချန် က ဆူပူလိုက်သည်။

​"အစ်ကို... အစ်ကို ကျွန်မကို အပြင်မခေါ်သွားတာ နှစ်တွေအများကြီး ရှိနေပြီလေ ငယ်ငယ်တုန်းက ကျွန်မကို တိတ်တဆိတ် အပြင်ခေါ်သွားပြီး သကြားလုံးတွေ ဝယ်ပေးခဲ့တာ မှတ်မိသေးရဲ့လား"

ဖန်ကျစ်ရွှယ် ၏ အသံမှာ တုန်ရီနေပြီး သူမ၏ မျက်လုံးများမှာ မျက်ရည်များဖြင့် ဝိုင်းစက်ကာ နီမြန်းလာသည်။ သူမက ဖန်ချန်ကို သနားစဖွယ် မျက်လုံးလေးများဖြင့် စိုက်ကြည့်နေသည်။

​ယွမ်ကျန်း နှင့် ယွမ်ယွီ တို့မှာ အနည်းငယ် အနေရခက်လာကြသည်။

​"အင်း..."

ဖန်ချန် ခေတ္တစဉ်းစားလိုက်မိသည်။ သူ သူမကို အပြင်ထွက်မဆော့ပေးခဲ့သည်မှာ တကယ်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

​"ကောင်းပြီလေ ဒါပေမဲ့ ဟိုပြေးဒီပြေးနဲ့ ပြဿနာမရှာရဘူးနော်။ ဒီနေ့ တို့တွေ တကယ် အရေးကြီးတဲ့ အလုပ်သွားလုပ်မှာ"

ဖန်ချန်က မတတ်သာဘဲ သဘောတူလိုက်ရသည်။

​"ဝိုး... ပျော်စရာကြီး သွားကြစို့"

ဖန်ကျစ်ရွှယ်၏ မျက်ရည်များမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး ဖန်ချန်၏ လက်မောင်းကို ပျော်ရွှင်စွာ ဆွဲလိုက်သည်။ သူမ ပျော်နေပုံမှာ လမ်းပေါ်တွင် ရွှေဒင်္ဂါး ၁၀ ပြား ကောက်ရသည့် လူတစ်ယောက်အလားပင်။

​ယွမ်ကျန်းနှင့် ယွမ်ယွီတို့မှာ ထိတ်လန့်အံ့ဩသွားကြသည်။ သူတို့ မြင်နေရသည်ကိုပင် သူတို့ကိုယ်သူတို့ မယုံနိုင် ဖြစ်နေကြသည်။

​"မင်းတို့နှစ်ယောက် သူမကို ဂရုစိုက်မနေနဲ့"

ဖန်ချန်က ယွမ်ကျွမ်းနှင့် ယွမ်ယွီကို ပြောလိုက်သည်။

​"ဟုတ်"

ဟု ယွမ်ကျန်းက ပြုံးလျက် ပြန်ဖြေသည်။

​'နတ်စစ်သူကြီးဖန်က တကယ့်ကို ယဉ်ကျေးတဲ့သူပဲ...'

ဟု ယွမ်ယွီက စိတ်ထဲမှ တွေးလိုက်မိသည်။

​ထို့ကြောင့် သူတို့ လေးဦးသည် အိမ်တော်မှ အတူထွက်လာခဲ့ကြသည်။

အိမ်ပြင်တွင် မြင်းရထားတစ်စီးက အဆင်သင့် စောင့်ကြိုနေပြီး မြင်းရထားမောင်းသူမှာ ရွှီဂီ ပင် ဖြစ်သည်။

​မြို့တော်ကို အတွင်းမြို့ နှင့် အပြင်မြို့ ဟူ၍ နှစ်ပိုင်း ခွဲခြားထားသည်။

ဖန်ချန်သည် အတွင်းမြို့တွင် နေထိုင်သည်။ သူတို့သွားမည့်နေရာမှာ အပြင်မြို့ စွန်နားရှိ အရှေ့ဘက်မြို့တံခါးနှင့် နီးသော နဂါးလမ်းမ ပင် ဖြစ်သည်။ ဖန်ချန်းဟိုင် သည်လည်း ထိုနေရာတွင် တာဝန်ကျနေခြင်း ဖြစ်သည်။

​"သခင်ကြီး နဂါး လမ်းမကို ရောက်ရင် ခနစောင့်ပေးပါဦး အဲဒီနေရာက သိပ်ပြီး မလုံခြုံဘူးဗျ ကျွန်တော်နဲ့ ယွမ်ယွီပဲ အောက်ဆင်းပြီး စုံစမ်းရမလား"

ဟု ယွမ်ကျန်းက အကြံပြုသည်။

​သူတို့ နဂါး လမ်းမသို့ ချဉ်းကပ်လာသည်နှင့်အမျှ အဆောက်အအုံများမှာ တဖြည်းဖြည်း ပိုမို စုတ်ပြတ်လာသည်ကို တွေ့ရသည်။

ထိုနေရာ၏ အခြေအနေမှာ သူတို့ ထင်ထားသည်ထက် ပို၍ ဆင်းရဲလှသည်။ စည်ကားဝပြောသော အတွင်းမြို့နှင့် လုံးဝ ခြားနားနေသည်။

​နွမ်းပါးသော အဝတ်အစားများ၊ ညှိုးငယ်သော မျက်နှာများ။

ထိုနေရာရှိ သာမန်ပြည်သူများသည် ဘဝကို ထုံထိုင်းစွာ ဖြတ်သန်းနေကြပုံရသည်။

​'ာမြို့တော်မှာတောင် သာမန်ပြည်သူတွေက'

ဖန်ချန်သည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

သူသည် တစ်ချိန်က ပြောင်းလဲမှုတစ်ခု ပြုလုပ်မည်ဟု ကတိပြုခဲ့ဖူးသော်လည်း ၎င်းမှာ မည်မျှ ခက်ခဲကြောင်း နောက်ပိုင်းတွင် သိရှိခဲ့ရသည်။

တစ်ယောက်တည်း လုပ်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

​သို့သော်လည်း သူ ဘယ်တော့မှ မရပ်တန့်ခဲ့ပေ။ သူသည် ထိုစဉ်ကလည်း အရှုံးမပေးခဲ့သလို နောင်တွင်လည်း အရှုံးပေးမည် မဟုတ်ပေ။

​"ရောက်ပြီဆိုမှတော့ အတူတူ သွားကြည့်ကြတာပေါ့"

ဖန်ချန်က ပြုံးလိုက်သည်။

"စိတ်ပူစရာ မရှိပါဘူး။ ငါက အန္တရာယ်ကနေ ကာကွယ်ပေးထားရမယ့်သူလို့ မင်း ထင်နေတာလား"

​ယွမ်ကျန်းသည် သူ၏ရှေ့တွင် ထိုင်နေသော လူမှာ သာမန်လူမဟုတ်ဘဲ တိုက်ပွဲပေါင်းများစွာကို ဖြတ်ကျော်ခဲ့သော ကြောက်မက်ဖွယ် ပုဂ္ဂိုလ်ကြီး ဖြစ်ကြောင်း ပြန်သတိရသွားသည်။

​ထိုအချိန်တွင် ရထားအပြင်ဘက်မှ ရွှီကော်၏ အသံ ထွက်ပေါ်လာသည်။

"သခင်လေး တို့တွေ ရောက်ပါပြီ"

ဟု ပြောရင်း မြင်းရထားကို ဖြည်းဖြည်းချင်း ရပ်လိုက်သည်။

​ဖန်ချန်သည် ဖန်ကျစ်ရွှယ်ကို ဦးဆောင်ကာ ရထားပေါ်မှ ဆင်းလိုက်ပြီး ယွမ်ကျန်းနှင့် ယွမ်ယွီတို့က နောက်မှ ကပ်လိုက်လာကြသည်။

​သူတို့ ရထားပေါ်မှ ဆင်းလိုက်သည်နှင့် စူးစမ်းသော မျက်လုံးများစွာက သူတို့ထံ ကျရောက်လာသည်။ သူတို့၏ သပ်ရပ်သန့်ရှင်းသော အဝတ်အစားများမှာ ဤနေရာတွင် အဆန်းတကျယ် ဖြစ်နေသည်။

သို့သော် လူများက ယွမ်ယွီ၏ ရဲမက်ဝတ်စုံကို မြင်လိုက်ရသောအခါ ချက်ချင်းပင် သတိထားသွားကြပြီး မျက်နှာလွှဲကာ သူတို့လမ်းသူတို့ ဆက်သွားကြတော့သည်။

​အနီးအနားတွင် တံခါးလေး ဟစိဖြစ်နေသော စုတ်ပြတ်နေသည့် အိမ်ငယ်လေးတစ်လုံး ရှိသည်။ တံခါးချက်မှာ ကျိုးနေပြီး ထိုအတိုင်း ဖြစ်နေသည်မှာ ကြာမြင့်နေပြီဟု ထင်ရသည်။

​"အစ်ကို... ညီမတို့တွေ ဒီကို ဘာလာလုပ်တာလဲ"

ဖန်ကျစ်ရွှယ်က စူးစမ်းစွာ မေးသည်။

​"အရာရှိယွမ်က အမှုတစ်ခု လာစုံစမ်းတာလေ။ တို့လည်း လိုက်ကြည့်ရအောင်လို့"

ဟု ဖန်ချန်က ပြန်ဖြေသည်။

​ဖန်ကျစ်ရွှယ်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် ဝင်းလက်သွားသည်။

"အမှုစုံစမ်းတာလား စိတ်ဝင်စားစရာပဲ!"

​"ဟုတ်တယ် မလာခင်က ငါမှာထားတာကို မမေ့နဲ့ဦး၊ ဟိုပြေးဒီပြေးနဲ့ ပြဿနာမရှာရဘူး"

ဖန်ချန်က သူမ၏ ဦးခေါင်းကို အသာအယာ ခေါက်လိုက်သည်။

ထို့နောက် ယွမ်ကျန်းကို တံခါးခေါက်ရန် ပြောလိုက်သည်။ တံခါးမှာ ပွင့်နေသော်လည်း ခွင့်ပြုချက်မရဘဲ ဝင်ခြင်းမှာ မယဉ်ကျေးရာ ရောက်သောကြောင့် ဖြစ်သည်။

​ခဏအကြာတွင် အိမ်ထဲမှ အသက်ကြီးသော အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

"ဘယ်သူလဲ"

ထိုအသံရှင်မှာ စကားပြောပြီးနောက် အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်သည်။

​"ဝူအဘွား... ကျွန်တော်ပါ၊ ယွမ်ကျန်းပါ"

ယွမ်ကျန်းက မိတ်ဆက်လိုက်သည်။

​"အရာရှိယွမ်လား ဝင်ခဲ့ပါ... ဝင်ခဲ့ပါ အဘွားရဲ့ အရိုးအိုတွေက တံခါးနားအထိ လာကြိုဖို့ မစွမ်းနိုင်တော့လို့ အားနာလိုက်တာကွယ်"

ဘယ်သူလဲဆိုတာ သိလိုက်ရသောအခါ အဘွားအို၏ အသံမှာ အနည်းငယ် စိုးရိမ်ပူပန်သွားပုံရသည်။

​သူတို့ အိမ်ထဲဝင်လိုက်သောအခါ အိမ်တွင်းမှာ မှိုနံ့နံပြီး မှောင်မည်းနေသည်ကို တွေ့ရသည်။

နံရံလေးဖက်မှလွဲ၍ ကျိုးပဲ့နေသော ခုတင်တစ်လုံး၊ စားပွဲနှင့် ထိုင်ခုံတစ်ခုသာ ရှိသည်။

အဘွားအိုတစ်ဦးမှာ ခုတင်ပေါ်တွင် လဲလျောင်းနေသည်။ သူမသည် သူတို့ကို မြင်သောအခါ ထိုင်ရန် ကြိုးစားသော်လည်း အတော်ပင် ရုန်းကန်နေရပုံရသည်။ ၎င်းကို မြင်လိုက်ရသောအခါ ယွမ်ကျန်းက သူမကို ကူညီရန် အမြန်ပြေးသွားသည်။

​"အရာရှိယွမ်... ကျွန်မရဲ့ သားနဲ့ သမီးအကြောင်း သတင်းများ ရပြီလား"

သူမက ယွမ်ကျန်း၏ လက်ကို ကိုင်ထားရင်း တုန်ရီနေသော အသံဖြင့် မေးလိုက်သည်။

​သူမ၏ မျက်စိသူငယ်အိမ်မှာ မီးခိုးရောင် သန်းနေသည်။ ဖန်ချန်၏ မျက်လုံးများနှင့် ဆင်တူနေသဖြင့် သူမသည် မျက်စိမမြင်ကြောင်း သိသာလှသည်။

​ဖန်ကျစ်ရွှယ်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်မကောင်းဖြစ်သွားသည်။

​"ဒါက..."

ယွမ်ကျန်း၏ အပြုံးမှာ ခဲသွားပြီး

နေရခက်သွားသည်။

အရာရှိလီဟွမ် က ထိုအမှုကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သူမ မသိသေးပုံရသည်။

​"ဝူအဘွား... အဘွားအနေနဲ့ ဗျူရိုမှာ တိုင်ချက်အသစ် ထပ်ဖွင့်ချင်လား"

ဖန်ချန်က ရုတ်တရက် စကားပြောလိုက်သည်။

​အဘွားအိုမှာ အံ့ဩသွားပြီး မျက်နှာမှာ ကြောင်အမ်းအမ်း ဖြစ်သွားသည်။

"ကျွန်မက စာလည်း မရေးတတ် မဖတ်တတ်ဘူးဘယ်လိုလုပ် တိုင်ချက်ဖွင့်ရမှာလဲ"

​"အဘွားသာ ဖွင့်ချင်တယ်ဆိုရင် ကျွန်တော့်လူတွေကို အဘွားကိုယ်စား တိုင်ပေးခိုင်းလိုက်ပါ့မယ်"

ဟု ဖန်ချန်က ရှင်းပြသည်။

​ယွမ်ကျန်းသည် ဖန်ချန်ကို တားချင်နေမိသည်။

လီဟွာဖုန်း က အမှုကို ပိတ်လိုက်ပြီ ဖြစ်သဖြင့် အသစ်ပြန်ဖွင့်လျှင် ဘာမှထူးမည် မဟုတ်သည့်အပြင် အရာရှိလီ၏ အငြိုးထားခြင်းကိုသာ ခံရပေမည်။

​"ဗျူရိုက အရာရှိတစ်ယောက်က ပြောသွားတာတော့ ကျွန်မရဲ့ သားနဲ့ သမီးက ဝန်ကြီးအိမ်တော်က ပစ္စည်းတွေ ခိုးပြီး ထွက်ပြေးသွားတာတဲ့ ကျွန်မက ဘာကို တိုင်ရမှာလဲ"

ဟု အဘွားအိုက သူမဘာသာ ရေရွတ်လိုက်သည်။

​ဖန်ချန်က ခပ်ဖွဖွ ရယ်မောလိုက်သည်။

"အဘွား ပြောတာလည်း ဟုတ်တာပဲ"

သူက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ယွမ်ကျန်းဘက် လှည့်ကာ

"သွားကြစို့"

ဟု ပြောသည်။

​ယွမ်ကျန်းမှာ ရုတ်တရက် ပြန်ရန် ဆုံးဖြတ်လိုက်သဖြင့် အံ့ဩသွားသည်။

သူတို့ ဝူအဘွားနှင့် စကားအနည်းငယ်ပြောရန်အတွက်သာ ဤမျှဝေးဝေး လာခဲ့ကြခြင်းလား

​ဘာပဲဖြစ်ဖြစ် ဖန်ချန် ထွက်သွားသဖြင့် သူလည်း ဆက်မနေဝံ့ပေ။

သူသည် အဘွားအိုကို နှုတ်ဆက်ကာ ငွေတစ်ပြား ချန်ထားခဲ့ပြီးနောက် ဖန်ချန်နောက်သို့ ကပ်လိုက်လာသည်။

​"ဝမ်းကွဲအစ်ကို... တို့တွေ ဘာလာလုပ်တာလဲ"

ယွမ်ယွီက ယွမ်ကျန်း၏ အင်္ကျီလက်ကို ဆွဲကာ တိုးတိုးလေး မေးသည်။

​"အများကြီး မမေးနဲ့"

ယွမ်ကျန်းက သတိပေးလိုက်ပြီး ဖန်ချန်၏ ဘေးသို့ လျှောက်သွားကာ

"နတ်စစ်သူကြီးဖန် တို့တွေ ပြန်ကြတော့မလား" ဟု မေးလိုက်သည်။

​"ဒီမှာ တစ်ခုခု ထူးဆန်းနေတယ်လို့ မင်း မထင်ဘူးလား"

ဖန်ချန်က ထိုစုတ်ပြတ်နေသော အိမ်လေးဘက်သို့ လှည့်ကြည့်ကာ အတွေးထဲ နစ်နေပုံရသည်။

​ယွမ်ကျန်း ကြောင်သွားသည်။

"ထူးဆန်းတယ်?ာ"

​"အစ်ကို အဲဒီအဘွားက မျက်စိလည်း မမြင်ဘူး၊ ကူညီမယ့်သူလည်း မရှိဘူး သူမ ဘယ်လို အသက်ရှင်နေတာလဲ"

ဖန်ကျစ်ရွှယ်က တိုးတိုးလေး မေးလိုက်သည်။

​ဖန်ချန်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

"မှန်တယ် သူမ တစ်ယောက်တည်း ဘယ်လို အသက်ရှင်နိုင်မှာလဲ အခုဆို နှစ်နှစ်တောင် ရှိသွားပြီ..."

​ယွမ်ကျန်း၏ မျက်လုံးထဲတွင် ထိတ်လန့်ရိပ်များ ဖြတ်ပြေးသွားသည်။

"စစ်သူကြီးဖန်"

​"မင်း သတိထားမိလား သူမက အဝတ်စုတ်တွေ ဝတ်ထားပေမဲ့ အရမ်း သန့်ရှင်းနေတယ် ပြီးတော့ သူမ အိမ်ရှေ့က မြေဆီလွှာမှာ မှော်တွေ တက်နေတာက လူအဝင်အထွက် မရှိတာ ကြာပြီဆိုတာကို ပြနေတာ"

ဟု ဖန်ချန်က ထောက်ပြလိုက်သည်။

​"ဝူအဘွားက ကျန်းမာရေး မကောင်းဘူးလေ ခုတင်ပေါ်မှာပဲ လဲနေတာ ကြာပြီ"

ဟု ယွမ်ကျန်းက တိုးတိုးပြောသည်။

​"တစ်စုံတစ်ယောက်က သူမကို ထမင်းလာကျွေးနေတာ ဖြစ်ရမယ် နှစ်နှစ်တောင် ရှိပြီပဲ အကယ်၍ စောင့်ရှောက်မယ့်သူ မရှိရင် သူမဟာ ဒီလောက်အေးတဲ့ ဆောင်းရာသီတွေကို ရှင်သန်နိုင်မှာ မဟုတ်ဘူး"

ဟု ဖန်ချန်က ရှင်းပြသည်။

​ယွမ်ကျန်း အံ့ဩသွားသည်။

သူ ပိုစဉ်းစားလေလေ တစ်ခုခု မရိုးသားကြောင်း ပိုသိသာလာလေလေ ဖြစ်သည်။

​ထိုအချိန်တွင် လူတစ်စုမှာ သူတို့ထံ ရုတ်တရက် ချဉ်းကပ်လာကြသည်။

သူတို့၏ မျက်နှာထားများမှာ ကြမ်းတမ်းလှသဖြင့် ရန်လိုနေကြောင်း သိသာသည်။

​သူတို့ ချဉ်းကပ်လာသည်နှင့်အမျှ ယုတ်မာသော အပြုံးများ ပေါ်လာကြသည်။

"ကြည့်စမ်း တကယ့်ကို ချောမောလှပတဲ့ မိန်းကလေးလေးပဲ ဟဲဟဲဟဲ."

ခေါင်းဆောင်ဖြစ်သူက ဖန်ကျစ်ရွှယ်ကို ရမ္မက်ဇောဖြင့် ကြည့်ရင်း ရယ်မောလိုက်တော့သည်။

All Chapters