← Chapters

အခန်း (၁၄၈၉-၁၄၉၀)

Vol. 149 Ch. 1489-1490

အခန်း (၁၄၈၉-၁၄၉၀)

Vol. 149 Ch. 1489-1490

အခန်း (၁၄၈၉) - အစ်ကိုကိုး

ထိုအချိန်တွင် ကျိကန်းသာမက ကျန်ရှိနေသောသူများပါ မသေမျိုးစွမ်းအား ကုန်ဆုံးမှုမှာ စောစောက လက်တစ်ထောင်အစီရင်နှင့် ရင်ဆိုင်စဉ်ကထက်ပင် ပိုမိုပြင်းထန်လာသည်ကို သတိပြုမိလိုက်ကြသည်။

ကျင့်ကြံသူတိုင်းသည် မိမိတို့၏ မသေမျိုးစွမ်းအားများကို ရူးသွပ်မတတ် ထည့်သွင်းပေးနေကြရသည်။

သူတို့သည် ဖန့်ချန်နှင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွားများ ဖြစ်ကြရာ၊ ဖန့်ချန်အောင်မြင်လျှင် အားလုံးအောင်မြင်ပြီး ဖန့်ချန်ရှုံးလျှင် အားလုံးရှုံးကြမည် ဖြစ်သည်။

ထို့ကြောင့် နောက်ဆုံးအချိန်အထိ ကျန်ရှိနေသော အင်အားစက်ကလေးတစ်စက်ကိုပင် မကျန်အောင် ညှစ်ထုတ်ပေးနေကြခြင်းပင်။

ထိုအချိန်တွင် ဖန့်ချန်မှာမူ ဆိတ်ငြိမ်အေးချမ်းလှသော အသိအာရုံနယ်ပယ်တစ်ခုထဲသို့ နစ်မြုပ်နေခဲ့ပြီ ဖြစ်သည်။

သူသည် မိမိကိုယ်ကိုယ် နဂါးနက်အစီရင်အဖြစ် ခံစားနေရပြီး၊ နဂါးနက်အစီရင်သည်လည်း သူကိုယ်တိုင်ပင် ဖြစ်နေတော့သည်။

နဂါး၏နှုတ်ခမ်းမွေးများ၊ နဂါးကြေးခွံများမှာ အလွန်အမင်း စစ်မှန်လှသော ထိတွေ့မှုကို ပေးစွမ်းနေသည်။

မသေမျိုးစွမ်းအား တစ်ခုချင်းစီ၏ လှုပ်ရှားစီးဆင်းမှု၊ ဖြတ်သန်းမှုတိုင်းမှာ သူ၏ စိတ်အာရုံတစ်ခုတည်းဖြင့်ပင် ထိန်းချုပ်၍ ရနေခဲ့ပြီ ဖြစ်သည်။

သေခြင်းနဲ့ ရှင်ခြင်းကြားမှာ အစွမ်းအစတွေကို အတင်းအကျပ် ဖော်ထုတ်နိုင်တယ်ဆိုတာ တကယ်ပဲ။

ဖန့်ချန်သည် စိတ်ထဲမှ ချီးကျူးမိသည်။

ထိုအခြေအနေမှာ စီနီယာအစ်မကြီးတို့ ပြောလေ့ရှိသော လူနှင့် လှေ တစ်သားတည်းကျခြင်း အခြေအနေပင် ဖြစ်ပေလိမ့်မည်။

ကောင်းကင်ဘုံသွေး သည် သူနှင့် လုံးဝတစ်သားတည်း ပေါင်းစပ်သွားခဲ့လေပြီ။

ထိုအခြေအနေသည် အစီရင်ချင်း ယှဉ်ပြိုင်ရာတွင် အထောက်အကူဖြစ်ပြီး အစီရင်မသေမျိုးအတတ်ကို အသုံးပြုနိုင်ရုံသာမက၊ သူ၏ ကိုယ်ပိုင်အရည်အချင်းအပေါ်မှာလည်း ပြောင်းလဲမှုအချို့ ရှိလာသည်ကို သူ ခံစားရသည်။

မသေမျိုးစွမ်းအားမှာ ပိုမိုစင်ကြယ်လာပြီး၊ အသုံးပြုရာတွင်လည်း ပိုမိုလွယ်ကူ ချောမွေ့လာသည်။

တစ်ကိုယ်လုံးမှာ တစ်ဖန်ပြန်၍ အရေလဲသကဲ့သို့ အသွင်သစ်သို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်သည်။

ပြင်ပလောကတွင်မူ...

ဤမျှ ကြီးမားလှသော နဂါးနက်အစီရင်ကြီးတစ်ခုလုံး အကြောင်းပြချက်မရှိဘဲ ပျောက်ကွယ်သွားသည်မှာ ရှဲ့အာမန်အတွက်ပင် အနည်းငယ် ထူးဆန်းနေခဲ့သည်။

"ဖန့်မောင်လေး ဘယ်ရောက်သွားတာလဲ "

"ဒီအတိုင်းကြီး ဟင်းလင်းပြင်ထဲ ပျောက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ "

"ဒါမှမဟုတ်... ဒါက တစ်မျိုးမျိုးသော အစီရင်မသေမျိုးအတတ်လား "

စီနီယာအစ်မကြီးက ရုတ်တရက် စကားဆိုလိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် အပြုံးရိပ်များဖြင့် ပြည့်နှက်နေသည်။

"ဒီကျောက်ပြင်က တကယ်ကို အသုံးဝင်တာပဲ "

အစီရင်မသေမျိုးအတတ်

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ

လူတိုင်းမှာ အံ့အားသင့်လျက် ဆွံ့အသွားကြသည်။

ကျွယ်မင်နန်းတော်တွင် တပည့်ပေါင်း ထောင်ချီရှိသော်လည်း အဆင့်တစ်ခုချင်းစီ၌ အစီရင်မသေမျိုးအတတ်ကို နားလည်နိုင်သူ မည်မျှရှိပါသနည်း ဤဖန့်မောင်လေးမှာ အမာခံတပည့် ဖြစ်လာသည်မှာ နှစ်ပေါင်း တစ်ရာကျော်ကျော်မျှသာ ရှိသေးသည်ကို၊ သူတို့ကဲ့သို့ ဝါရင့်အမာခံတပည့်များကို ကျော်တက်သွားနိုင်ပြီလား။

လီရှမ်းဇီသည် ထိုက်ရွှီမသေမျိုး ဆီသို့ မသိစိတ်ဖြင့် လှည့်ကြည့်လိုက်သည်။

"ထိုက်ရွှီရှေးဟောင်းမသေမျိုး... အဲ့ဒီဖန့်ညီလေးက အစီရင်မသေမျိုးအတတ်ကို တကယ်ကြီး နားလည်သွားနိုင်တယ်လို့ သင် ထင်လား "

ထိုက်ရွှီမသေမျိုး ကမူ တည်ငြိမ်သော အမူအရာဖြင့်ပင်

"လောကမှာ မဖြစ်နိုင်တာ ဘာမှမရှိပါဘူး "

ဟု ပြန်ပြောလိုက်သည်။

ဒီကောင်လေး၊ ဘာတွေများ လျှောက်လုပ်နေတာလဲ

ကြာနီနတ်မိမယ်မှာမူ ယခုအချိန်တွင် ဒဏ်ရာပျောက်ဆေးများကို သောက်သုံးထားပြီး ဖြစ်သဖြင့် သတိပြန်ရလာခဲ့ပြီ ဖြစ်သည်။

ဖန့်ချန် တိုက်ပွဲဝင်နေပြီဖြစ်ကြောင်း သိလိုက်ရသည်နှင့် ကွင်းထဲသို့ အမြန်လှည့်ကြည့်လိုက်သော်လည်း ဖန့်ချန်၏ အရိပ်အယောင်ကို မတွေ့ရချေ။

သူမထက် စောစီးစွာ နိုးနေသော အဖွဲ့ဝင်တစ်ဦးက အခြေအနေကို တိုးတိုးလေး ရှင်းပြလိုက်မှသာ ဘာဖြစ်ပျက်ခဲ့သည်ကို သိရှိသွားတော့သည်။

"ဒီလောက်ကြီးတဲ့ နဂါးနက်အစီရင်ကြီး ပျောက်ကွယ်သွားတယ်ဆိုတော့... ဖန့်မိတ်ဆွေက တကယ်ကို မရိုးရှင်းဘူးပဲ။ အဆိုးထဲက အကောင်းပဲ၊ သူ အစီရင်မသေမျိုးအတတ်ကို နားလည်သွားပြီ ထင်တယ် "

ကြာနီနတ်မိမယ်၏ မျက်ဝန်းထဲတွင် အပြုံးရိပ်တစ်ခု ထွက်ပေါ်လာသည်။

"ဒါကတော့ ဖြစ်နိုင်ခြေ သိပ်မရှိဘူး ထင်တယ်..."

တစ်ယောက်က မသိစိတ်ဖြင့် ပြောလိုက်သည်။

ကြာနီနတ်မိမယ်က ထိုသူကို တစ်ချက်ကြည့်လိုက်သော်လည်း ပြန်၍ မချေပတော့ချေ။

သူတို့၏ အမြင်တွင် မဖြစ်နိုင်ဟု ထင်ရသော်လည်း၊ သူမသည် ဖန့်ချန်နှင့်အတူ ခရီးလမ်းတစ်လျှောက် အတူတူ လျှောက်လှမ်းလာခဲ့သူ ဖြစ်ရာ မဖြစ်နိုင်ဟု ထင်ရသော အရာများစွာကို မြင်တွေ့ခဲ့ပြီး ဖြစ်သည်။

"လက်ရှိအခြေအနေအရ ဖြစ်ပျက်သမျှကို အစီရင်မသေမျိုးအတတ်နဲ့ပဲ ရှင်းပြလို့ ရတော့မယ် "

ကြာနီနတ်မိမယ်က စိတ်ထဲမှ ရေရွတ်လိုက်သည်။

ယဲ့ချင်းချိုးသည် ဒီတစ်ကြိမ် နယ်မြေလုပွဲမှာ အဆုံးသတ်တော့မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ အဆုံးသတ်ကာနီးမှ ဤကဲ့သို့သော မမျှော်လင့်ထားသည့် အဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"စိတ်ဝင်စားဖို့ ကောင်းလာပြီ။ မင်းတို့ရော ဘယ်လိုထင်လဲ၊ နဂါးနက်အစီရင်က ဘယ်ကို ရောက်သွားတာလဲ "

လူတိုင်းမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် ကောက်ချက်တစ်ခု ချလိုက်ကြသည်။

"အစီရင်မသေမျိုးအတတ်ပဲ ဖြစ်ရမယ် "

"ကြည့်ရတာ ကျွယ်မင်နန်းတော်ကလူက နောက်ဆုံးအထိ ဝှက်ဖဲတစ်ခု ချန်ထားခဲ့တာပဲ "

ယဲ့ချင်းချိုးက မချီးကျူးဘဲ မနေနိုင်ဘဲ စီနီယာအစ်မကြီးရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

"ဒီလူက အမာခံတပည့်သစ် မဟုတ်ဘဲ ကျွယ်မင်နန်းတော်က ချန်ထားတဲ့ လူသတ်လက်နက် များ ဖြစ်နေမလား။ ငါတို့ရဲ့ သတင်းရင်းမြစ်တွေကို ပြန်ပြီး စိစစ်ရတော့မယ် "

လူတိုင်းက စိတ်ထဲမှ တိတ်တဆိတ် အံ့အားသင့်နေကြသည်။

ရုလိုင်ဘုရားကျောင်းက ယုတ်မာသည်ဟု ဆိုနိုင်သော်လည်း ကျွယ်မင်နန်းတော်ကလည်း မခေပါတကား။

ရှန်းယွဲ့ကွမ်း နှင့် လင်ပုချိတို့၏ အတွေးမှာလည်း ယဲ့ချင်းချိုးနှင့် ထပ်တူပင် ဖြစ်သည်။

ဤသည်မှာ ရှဲ့အာမန် ချန်ထားခဲ့သော နောက်ကွယ်မှ အစီအစဉ်တစ်ခုဟု သူတို့ ယူဆလိုက်ကြသည်။

"ဖန့်မိတ်ဆွေက အစီရင်မသေမျိုးအတတ်ကို နားလည်သွားတာလား "

ဟွမ်ချင်းကျွဲမှာ စိတ်ထဲမှ တိတ်တဆိတ် တုန်လှုပ်နေမိသည်။

အမာခံတပည့် ဖြစ်လာမှသာ အစီရင်မသေမျိုးအတတ်ကို နားလည်ရန် မည်မျှ ခက်ခဲကြောင်း သူ သဘောပေါက်ခဲ့ရသည်။

ထို လူနှင့် လှေ တစ်သားတည်းကျခြင်း ခံစားချက်မျိုးကို သူသည် နှစ်ပေါင်းများစွာ ရှာဖွေခဲ့သော်လည်း အစအနပင် မတွေ့ခဲ့ရချေ။

မည်သည့် အရိပ်အယောင်မှ မရခဲ့ပေ။

ရှောင်ကွမ်းယင်ကမူ မျက်နှာပျက်ခြင်း မရှိဘဲ သူ၏ မျက်ဝန်းထဲတွင် လှောင်ပြောင်သည့် အရိပ်အယောင် အနည်းငယ်သာ ထွက်ပေါ်လာသည်။

ဝှက်ဖဲကို နောက်ဆုံးအထိ ချန်ထားခြင်းသည်ပင် အမှားတစ်ခု ဖြစ်သည်။

ရုလိုင်ဘုရားကျောင်းတွင် တိုက်ပွဲဝင်ရန် အမာခံတပည့် အချို့ ကျန်ရှိနေသေးသဖြင့် တစ်ဖက်လူ၏ အစီရင်မသေမျိုးအတတ်ကို မည်မျှအထိ သုံးနိုင်မည်နည်း ဤတစ်ကြိမ်တွင် အနိုင်ရရန် အခွင့်အလမ်းမှာ သူတို့ဘက်ကသာ ပို၍ အသာစီး ရနေဆဲပင်။

ဘုန်းကြီးလေး၏ အသွင်အပြင်မှာ ယခုအခါ လူလတ်ပိုင်းအရွယ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

သူ ရှိနေသော လက်တစ်ထောင်အစီရင်သည် ဟင်းလင်းပြင်ထဲ၌ ငြိမ်သက်စွာ ရပ်တန့်နေပြီး ပတ်ဝန်းကျင်မှ လှုပ်ရှားမှုများကို အချိန်မရွေး သတိထားစောင့်ကြည့်နေသည်။

ရုတ်တရက်ဆိုသလို လက်တစ်ထောင်အစီရင်၏ နောက်ကျောဘက်တွင် အရိပ်တစ်ခု ပေါ်လာခဲ့သည်။

လူတိုင်းမှာ အသက်ရှူပင် မှားသွားကြသည်။

ထို့နောက်တွင် နဂါးနက်အစီရင်သည် ပြင်းထန်သော တိုက်စစ်ကို ချက်ချင်း ထုတ်ဖော်လိုက်ပြီး လက်တစ်ထောင်အစီရင်ကို တိုက်ရိုက်ပင် ဖောက်ထွက်သွားခဲ့သည်။

ရူးသွပ်နေသော နဂါးစစ်စစ်တစ်ကောင်အလား ထိုလက်တစ်ထောင်ဗောဓိသတ်ရုပ်တုကြီးကို အပိုင်းပိုင်းအစစ ဖြစ်အောင် ကိုက်ဖြတ်ပစ်လိုက်တော့သည်။

ဘုန်းကြီးလေး ရှိနေသော မသေမျိုးလှေမှာလည်း မလွတ်ကင်းခဲ့ပေ။

ဆုံတွေ့လိုက်ရသည့် ခဏချင်းမှာပင် ထိုလှေပေါ်ရှိ ကျင့်ကြံသူများ အားလုံးနှင့် ဘုန်းကြီးလေးပါ နေရာမှာတင် အသက်ပျောက်သွားခဲ့ရသည်။

ဟင်းလင်းပြင်ထဲတွင် နဂါးနက်အစီရင် တစ်ခုသာ ကျန်ရှိတော့သည်။

စောစောက အရှိန်အဝါ ကြီးမားလှသော လက်တစ်ထောင်အစီရင်မှာ ပြန့်ကျဲ ပျက်စီးသွားခဲ့လေပြီ။

မရေမတွက်နိုင်သော မသေမျိုးလှေများမှာ ရူးသွပ်မတတ်ပင် နောက်သို့ ဆုတ်ခွာ ထွက်ပြေးသွားကြတော့သည်။

ဖန့်ချန်ကမူ ထပ်မံ လိုက်လံတိုက်ခိုက်ခြင်း မပြုတော့ချေ။

လက်တစ်ထောင်အစီရင်၏ ဗဟိုချက် ကို သူ သတ်ဖြတ်လိုက်ပြီ ဖြစ်ရာ ကျန်ရှိသော မသေမျိုးလှေများမှာ အရေးမပါတော့ပေ။

"နိုင်... နိုင်သွားပြီလား"

"ငါတို့ နိုင်သွားပြီလား "

လင်းယွမ်နှင့် အခြားသူများမှာ မယုံနိုင်အောင် ဖြစ်နေကြပြီး၊ နောက်တွင် စိတ်ထဲမှ အတိုင်းမသိ ဝမ်းသာအားရမှုများ ထွက်ပေါ်လာသည်။

နယ်မြေသစ်ရှာဖွေရေးအဖွဲ့ တစ်ထောင်ကျော်မှ ကျင့်ကြံသူများမှာ သိသိသာသာ ရှုံးနိမ့်တော့မည့် အခြေအနေမှ မျက်စိတစ်မှိတ်အတွင်းမှာပင် အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီး ရုလိုင်ဘုရားကျောင်းမှ အမာခံတပည့်တစ်ဦးကိုပင် တိုက်ရိုက် သတ်ဖြတ်နိုင်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

သူတို့၏ အကြည့်များမှာ အစီရင်ဗဟိုချက်ရှိ ဖန့်ချန်၏ အပေါ်သို့ မသိစိတ်ဖြင့် ကျရောက်သွားကြသည်။

သူတို့၏ မျက်ဝန်းများမှာ လေးစားကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

"တကယ်ကြီး... နိုင်သွားတာပဲ..."

ကျိကန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

အကြီးအကဲ ချင်နှင့် လင်းတုန်းတို့မှာမူ စောစောက တိုက်ကွက်၏ ကြောက်မက်ဖွယ်ကောင်းမှုကို အနီးကပ်ဆုံး ခံစားလိုက်ရသူများ ဖြစ်ကြသည်။

"နဂါးနက်အစီရင်ရဲ့ လှုပ်ရှားမှုကို တစ်ဖက်လူက လုံးဝ သတိမထားမိဘူး။ ရုတ်တရက်ကြီး ထွက်ပေါ်လာတဲ့ တိုက်စစ်ကို ဟိုဘုန်းကြီးက ခုခံဖို့တောင် အချိန်မရလိုက်ဘူး "

လင်းတုန်း၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသည်။

"အစီရင်မသေမျိုးအတတ်ပဲ၊ သေချာပေါက် အစီရင်မသေမျိုးအတတ်ပဲ ငါတို့ ကျွယ်မင်နန်းတော်မှာ ပါရမီရှင်တစ်ယောက် ထပ်ပေါ်လာပြီဟေ့ "

အကြီးအကဲ ချင်၏ အသံမှာ တုန်ယင်နေသည်။

နဂါးနက်အစီရင် ပြန်လည် ထွက်ပေါ်လာပြီး လက်တစ်ထောင်အစီရင်ကို ဆွဲဖြဲလိုက်သည့် အခိုက်အတန့်မှာပင် နဂါးနက်အစီရင်သည် အစီရင်မသေမျိုးအတတ်ကို အသုံးပြုလိုက်ခြင်း ဖြစ်ကြောင်း အဖွဲ့အသီးသီးက အတည်ပြုလိုက်ကြသည်။

"ဖန့်ညီလေးကတော့ တကယ့်ကို အံ့မခန်းပါပဲ "

နန်မင်ရုယွဲ့က သက်ပြင်းချရင်း ဆိုလိုက်သည်။

သူ၏ အကြည့်မှာ ဖန့်ချန်ကို ဖြတ်ကျော်၍ နန်မင်ရှောက်ကျဲ ဆီသို့ ရောက်သွားကာ သူ၏ ရွေးချယ်မှုအတွက်လည်း ကျေနပ်မိသွားသည်။

အခုဆိုရင် ကျွယ်မင်နန်းတော်ထဲမှာ ဒီဝါနုလှတဲ့ ဂျူနီယာညီလေးကို အထင်သေးရဲတဲ့ အမာခံတပည့် ဘယ်သူရှိဦးမလဲ အစီရင်မသေမျိုးအတတ်ကို နားလည်သွားပြီဆိုကတည်းက အဆင့်သတ်မှတ်ချက်တစ်ခုမှာ ပါဝင်ရန် အရည်အချင်း ပြည့်မီသွားပြီ မဟုတ်ပါလား။

"အစ်ကိုကိုး ... နောင်ဆိုရင် သူက ငါတို့ရဲ့ အစ်ကိုကိုး ဖြစ်သွားပြီပေါ့၊ ဟားဟား အစ်မကြီးကတော့ တကယ်ကို မျက်စိစူးရှတာပဲ "

စီနီယာအစ်ကိုလေးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

လူတိုင်း စိတ်လှုပ်ရှားနေချိန်တွင် စီနီယာအစ်မသုံးက ရေအေးနှင့် ပက်လိုက်သလို ပြောလိုက်သည်။

"ရုလိုင်ဘုရားကျောင်းဘက်မှာ နောက်ထပ် အမာခံတပည့်တွေ ကျန်သေးတယ်။ ဆက်ပြီးတော့ ဘယ်လို တိုက်မလဲ ဖန့်မောင်လေးက အစီရင်မသေမျိုးအတတ်ကို ဘယ်နှခါများ ထပ်သုံးနိုင်မှာမို့လို့လဲ "

"ဒါ့အပြင် သူ ခုနက သုံးလိုက်တဲ့ အစီရင်မသေမျိုးအတတ်က တကယ်တော့ သိပ်ပြီး ထူးခြားလှတာ မဟုတ်ဘူး။ ဟိုဘုန်းကြီးလေးရဲ့ မသေမျိုးစွမ်းအားသာ အကုန်နီးပါး ဖြစ်မနေရင် ဘယ်သူနိုင်မလဲဆိုတာ ပြောရခက်သေးတယ် "

လူတိုင်း၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

ထိုစီနီယာအစ်မ ပြောသည်မှာလည်း အကျိုးအကြောင်း ရှိပေသည်။

ထိုအစီရင်မသေမျိုးအတတ်မှာ ကိုယ်ယောင်ဖျောက်အတတ် သို့မဟုတ် လျှပ်တပြက် ရွှေ့ပြောင်းအတတ်မျိုးနှင့် ဆင်တူနေသည်။

ပြိုင်ဘက်ကသာ မသေမျိုးစွမ်းအားကို အမြဲတမ်း အသုံးပြုပြီး အလင်းကာရံကို ဖွင့်ကာ ကာကွယ်ထားလျှင် ဤအတတ်ကို ချေဖျက်နိုင်မည် ဖြစ်သည်...

ယဲ့ချင်းချိုးတို့လည်း ထိုအချက်ကို ကောင်းကောင်း မြင်နေရသည်။

ဖန့်ချန်၏ နည်းလမ်းကို အံ့ဩမိသော်လည်း ယနေ့ပွဲ၏ အနိုင်အရှုံးမှာ ရှောင်ကွမ်းယင်တို့ဘက်၌သာ ရှိနေဆဲ ဖြစ်သည်။

"ခဏနေရင် ဒီကောင်လေးကို အလစ်တိုက်ခိုက်ခွင့် မပေးနဲ့။ တကယ်လို့ သူ ထပ်ပြီး ပျောက်ကွယ်သွားရင် မင်းတို့က အလင်းကာရံကို ဖွင့်ပြီး ကာကွယ်ထားလိုက်။ ဘယ်သူ့ရဲ့ မသေမျိုးစွမ်းအားက အရင်ကုန်မလဲဆိုတာ ကြည့်ကြတာပေါ့ "

ရှောင်ကွမ်းယင်က တိုက်ပွဲဝင်ရန် ပြင်ဆင်နေသော အမာခံတပည့်များကို မှာကြားလိုက်လေတော့သည်။

အခန်း (၁၄၉၀) - ရှဲ့အာမန်၊ ဒီတစ်ခါတော့ နင်နိုင်သွားပြီ

ရုလိုင်ဘုရားကျောင်းဘက်တွင်မူ လေထုမှာ အလွန်အမင်း လေးလံထိုင်းမှိုင်းနေသည်။

အမာခံတပည့်တစ်ဦး စစ်မြေပြင်တွင် ကျဆုံးသွားသည်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသဖြင့် သူတို့အားလုံးမှာ ဒေါသထွက်နေသော နတ်မင်းကြီးများအလား ဖန့်ချန်ကို သတ်ဖြတ်လိုသည့် အငွေ့အသက်များဖြင့် စိုက်ကြည့်နေကြသည်။

သို့သော်လည်း စောစောက အသေသတ်သည့် တိုက်ကွက်ကို သူတို့ဘက်က အမာခံတပည့်က အရင်စတင်ခဲ့ခြင်းဖြစ်ရာ၊ ရုလိုင်ဘုရားကျောင်းမှ အမာခံတပည့်တစ်စုမှာ တစ်ခွန်းမှ ထုတ်မပြောကြဘဲ နောက်လာမည့်ပွဲတွင် ကလဲ့စားချေရန်သာ အားခဲထားကြတော့သည်။

အမာခံတပည့်အချို့မှာ ရှောင်ကွမ်းယင်၏ မှာကြားချက်ကို ကြားပြီးနောက် ဖန့်ချန်ကို မည်သို့ကိုင်တွယ်ရမည်ကို သိရှိသွားကြကာ တိုက်ပွဲဝင်ရန် တစ်ယောက်ထက်တစ်ယောက် လုနေကြသည်။

အဆုံးသတ်တွင်မူ ကြိုတင်သတ်မှတ်ထားသော အစဉ်လိုက်အတိုင်း အမာခံတပည့်တစ်ဦးသည် လက်တစ်ထောင်အစီရင်ကို မောင်းနှင်ကာ ဖန့်ချန်ရှိရာသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့သည်။

"မင်းတို့ရဲ့ မသေမျိုးစွမ်းအား တွေကရော လုံလောက်သေးရဲ့လား "

ဖန့်ချန်က ကျိကန်းတို့ဘက်သို့ လှည့်မေးလိုက်သည်။

"အစီရင်မသေမျိုးအတတ်ကို နောက်တစ်ကြိမ် ထပ်သုံးဖို့ဆိုရင်တော့ ပြဿနာမရှိပါဘူး"

ကျိကန်းက ခဏမျှ စဉ်းစားပြီး ပြန်ဖြေသည်။

သို့သော်လည်း ရုလိုင်ဘုရားကျောင်းဘက်က ဤအတတ်ကို မည်သို့ တုံ့ပြန်လာနိုင်သည်ကို သူ တွေးမိသဖြင့် စိတ်ထဲမှ စိုးရိမ်ပူပန်မှုကို ထုတ်ပြောလိုက်သည်။

"နောက်တစ်ကြိမ် ထပ်သုံးနိုင်ရင်တော့ သိပ်ပြီး အခက်အခဲ မရှိတော့ပါဘူး။ ဒါပေမဲ့ အားလုံး အဆင်သင့် ပြင်ထားကြပါ၊ ဒီတစ်ခါတော့..."

"မသေမျိုးစွမ်းအား ကုန်ဆုံးမှုက အတော်လေး များလိမ့်မယ်"

ဖန့်ချန်က သူ့ထံသို့ ဦးတည်လာသော ရုလိုင်ဘုရားကျောင်းမှ အမာခံတပည့်ကို ကြည့်ရင်း တိုးတိုးလေး ဆိုလိုက်သည်။

နဂါးနက်အစီရင်ပေါ်တွင် အလင်းတန်းများ စီးဆင်းနေသယောင် ရှိပြီး၊ မသေမျိုးစွမ်းအား တစ်ခုချင်းစီမှာ ဖန့်ချန်၏ စိတ်အာရုံအောက်တွင် နေရာအနှံ့သို့ ပျံ့နှံ့လှုပ်ရှားနေကြသည်။

"အစ်မကြီး... သူ့ကို ပြန်ခေါ်လိုက်ရင် ကောင်းမလား။ အစီရင်မသေမျိုးအတတ်ကို နားလည်သွားပြီဆိုကတည်းက ဒီတစ်ခေါက် ငါတို့ သိပ်ပြီး မရှုံးတော့ပါဘူး"

စီနီယာအစ်မသုံးက ရုတ်တရက် အကြံပြုလိုက်သည်။

နန်မင်ရုယွဲ့နှင့် အခြားသူများမှာလည်း ထိုသဘောပင် ရှိကြသည်။

ယခုအထိ တိုက်ခိုက်လာသည်ကို ကြည့်လျှင် ကျွယ်မင်နန်းတော်မှာ ရှုံးနိမ့်နေပြီ ဖြစ်သည်။

ရှုံးနိမ့်မှုကို ဝန်ခံရခြင်းမှာ အရှက်ရစရာ မဟုတ်ချေ။

ရှက်တတ်မှ တော်ရုံကျမည် မဟုတ်ပါလား။

ယနေ့ ဆုံးရှုံးမှုကို နောင်တစ်ချိန်တွင် အဆပေါင်း ရာချီ၍ ပြန်လည် တောင်းယူရပေလိမ့်မည်။

စီနီယာအစ်မကြီးသည် ဖန့်ချန်ကို ကြည့်ကာ ဟိန်းထွက်နေသော အသံဖြင့် လှမ်းအော်လိုက်သည်။

"မောင်လေးကိုး... ပြန်လာလို့ ရပြီ။ ငါတို့တွေ မင်းအတွက် အောင်ပွဲခံဖို့ စောင့်နေမယ်!"

ထိုအသံမှာ ဟိန်းထွက်သွားတော့သည်။

အဖွဲ့အသီးသီးမှာ ထိုစကားကို ကြားလိုက်ရသဖြင့် သက်ပြင်းချလိုက်ကြသည်။

အမှန်ပင် ရှဲ့အာမန်ကိုယ်တိုင်ပင် ထိုတိုက်ပွဲကို အနိုင်ရလိမ့်မည်ဟု မထင်ထားတော့ချေ။

"ဒီနေ့ ယှဉ်ပြိုင်မှုမှာတော့ ရုလိုင်ဘုရားကျောင်းက တစ်ပန်းသာသွားတာ အမှန်ပဲ။ ရှောင်ကွမ်းယင်ကို အထင်သေးလို့ မရဘူး"

လင်ပုချိက တိုးတိုးလေး ရေရွတ်လိုက်သည်

"ဒီတစ်ခါ ငါတို့ ကြယ်တစ်သောင်းနန်းတော်သာ ဆိုရင် စီနီယာအစ်ကိုကြီးက ဒါတွေကို ကြိုမြင်နိုင်ပါ့မလား မသိဘူး"

ကြယ်တစ်သောင်းနန်းတော်မှ အမာခံတပည့်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အလွန်ခက်ခဲလိမ့်မည်ဟု ခံစားနေရသည်။

ရလဒ်မှာ ကျွယ်မင်နန်းတော်နှင့် အတူတူပင် ဖြစ်နိုင်သလို၊ ပို၍ပင် ဆိုးရွားနိုင်ပေသည်။

"ရှဲ့မိတ်ဆွေ... ဒီလောက်နဲ့ပဲ အရှုံးပေးတော့မှာလား"

ရှောင်ကွမ်းယင်က ခပ်ဖွဖွ ပြုံး၍ မေးလိုက်သည်။

"တိုက်မယ်ဆိုရင်လည်း နောက်ဆုံးအပွဲအထိ တိုက်လိုက်စမ်းပါ။ နင်တို့ ကျွယ်မင်နန်းတော်က ကြောက်သွားလို့လား "

"ရုလိုင်ဘုရားကျောင်းရဲ့ အမာခံတပည့်က အလကား သေသွားတာ မဟုတ်ဘူး "

ဒေါသထွက်နေသော အမာခံတပည့်တစ်စုက တစ်ပြိုင်နက် အော်ဟစ်လိုက်ကြသည်။

တိုက်ပွဲဝင်ရန် ထွက်လာသော အမာခံတပည့်ကလည်း ဖန့်ချန်ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် စိုက်ကြည့်ရင်း

"မင်းသာ အရှုံးပေးခဲ့ရင် ကျုပ်က မင်းကို အထင်သေးမိလိမ့်မယ်"

ဟု ဆိုသည်။

"ငါက အရှုံးပေးမယ်လို့ ဘယ်သူပြောလဲ "

ဖန့်ချန်က ထိုသူကို လက်ညှိုးညွှန်လိုက်ပြီး

"မင်းတစ်ယောက်တည်းနဲ့ မလောက်ဘူး၊ ကျန်တဲ့လူတွေကိုပါ တစ်ခါတည်း ခေါ်လိုက်။ ဒီတစ်ပွဲတည်းနဲ့ အပြတ်တိုက်ရအောင်၊ ငါ့ကို အလကား လာရတာမျိုး မဖြစ်စေနဲ့"

လူတိုင်း၏ မျက်နှာပေါ်မှ အမူအရာများမှာ ချက်ချင်း တောင့်တင်းသွားကြသည်။

ကျိကန်းတို့ အုပ်စုမှာလည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။

"ငါ နားမကြားမှားတာလား "

စီနီယာအစ်မသုံးက အခြားသူများကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။

"သူ ခုနက ဘာပြောလိုက်တာလဲ "

"ညီလေးကိုးက... ရုလိုင်ဘုရားကျောင်းရဲ့ ကျန်တဲ့ အမာခံတပည့်တွေ အားလုံးကို တစ်ယောက်တည်းနဲ့ တိုက်မယ်လို့ ပြောတာ..."

နန်မင်ရုယွဲ့၏ အမူအရာမှာ ထူးဆန်းနေသည်။

"သူ ရူးသွားပြီလား စီနီယာအစ်မကြီးထက်တောင် ပိုရူးနေပြီ "

စီနီယာအစ်မသုံးမှာ ဒေါသထွက်လွန်းသဖြင့် ရယ်ပင်ရယ်မိသွားတော့သည်။

"သူက သေတွင်းထဲ ခုန်ဆင်းနေတာပဲ။ တစ်ပွဲနိုင်ရုံနဲ့ ကိုယ့်ကိုယ်ကိုယ် ဘာထင်နေတာလဲ သူ့ရဲ့ အစီရင်မသေမျိုးအတတ်က တကယ်ပဲ အရှုံးမရှိ လို့ ထင်နေတာလား "

လူတိုင်းက သူမ၏စကားကို မချေပကြချေ။

အကြောင်းမှာ သူတို့၏ အတွေးမှာလည်း သူမနှင့် ထပ်တူပင် ဖြစ်နေသောကြောင့်ပင်။

စီနီယာအစ်မကြီး တစ်ဦးတည်းသာလျှင် ဖန့်ချန်ကို အတင်းအကျပ် ဆွဲခေါ်ရမည်လား ဆိုသည်ကို စဉ်းစားနေသည့် အမူအရာ ပေါ်ပေါက်နေသည်။

"ဒီကောင်ကတော့... ဒီလောက်တောင် လူကြားထဲ ထင်ပေါ်ချင်နေရလား"

ယဲ့ချင်းချိုးက ရယ်လိုက်သည်။

အမာခံတပည့်များကြားတွင်လည်း ရယ်သံများ ပျံ့လွင့်သွားသည်။

ထိုက်ယီမသေမျိုးဂိုဏ်း၊ ကြယ်တစ်သောင်းနန်းတော်၊ ဝိညာဥ်နတ်ဘုရားဂိုဏ်းနှင့် ဝိညာဥ်သုတ်သင်ခြင်းဌာန တို့ဘက်မှလည်း ရယ်သံများ ထွက်ပေါ်လာသည်။

ရုလိုင်ဘုရားကျောင်းမှ အမာခံတပည့်များမှာမူ စော်ကားခံရသည်ဟု ခံစားလိုက်ရသဖြင့် မျက်နှာတွင် အပြုံးများ ရှိနေသော်လည်း ဒေါသကြောင့် ထွက်လာသော အပြုံးများသာ ဖြစ်သည်။

"နာမည်မရှိတဲ့ ကောင်ကများ ငါတို့ဘုရားကျောင်းက အမာခံတပည့် အများကြီးကို တစ်ယောက်တည်း စိန်ခေါ်ရဲတယ်ပေါ့ "

"ဒါဟာ ငါ နှစ်ပေါင်း ရာချီအတွင်း ကြားဖူးသမျှထဲမှာ အလှောင်ရဆုံး ပြက်လုံးပဲ"

"ဗုဒ္ဓသားတော် ... သူက ဒီလောက်အထိ ကြွားလုံးထုတ်နေမှတော့ ငါတို့ရဲ့ လက်စွမ်းကို မပြလိုက်ရင် နောင်ကျရင် သူက ငါတို့ ရုလိုင်ဘုရားကျောင်းကို ဘယ်လိုတောင် ကွယ်ရာမှာ အတင်းပြောနေဦးမလဲ မသိဘူး"

အမာခံတပည့်တစ်ဦးက ရှောင်ကွမ်းယင်ကို လှမ်းကြည့်လိုက်သည်။

ကွက်တိဆိုသလိုပင် ဖန့်ချန်၏ အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။

"ဘာလဲ... မင်းတို့ ရုလိုင်ဘုရားကျောင်းက ကြောက်နေတာလား "

ဒါဟာ ဒေါသဆွတဲ့ နည်းလမ်း ပဲ

ဖန့်ချန်၏ ရည်ရွယ်ချက်ကို လူတိုင်း ရိပ်မိကြသည်။

သို့သော် သူတို့က ဖန့်ချန်သည် ရုလိုင်ဘုရားကျောင်းကို အရှက်ခွဲရန် တမင်လုပ်နေခြင်းဟုသာ ထင်မှတ်မှားနေကြသည်။

ရှောင်ကွမ်းယင်ကလည်း ထိုသို့ပင် ထင်မှတ်လိုက်ပြီး ခပ်ဖွဖွ ပြုံးကာ ကျန်ရှိနေသော အမာခံတပည့်များကို ခေါင်းညိတ်ပြလိုက်သည်။

"သွားကြလေ၊ ကျွယ်မင်နန်းတော်က ဒီအမာခံတပည့်ကို မင်းတို့ရဲ့ ပူးပေါင်းတိုက်ကွက်အစွမ်းကို ပြလိုက်ကြစမ်းပါ။ အစီရင်မသေမျိုးအတတ် ဆိုတာလည်း အရှုံးမရှိတာ မဟုတ်ပါဘူး။ သူ့ကို နောင်ဘဝဆီ ပို့ပေးလိုက်ကြ"

ချက်ချင်းမှာပင် လက်တစ်ထောင်အစီရင် အစင်းပေါင်းများစွာ တစ်ပြိုင်နက် ပြေးဝင်လာကြတော့သည်။

စုစုပေါင်း လက်တစ်ထောင်အစီရင် (၄) စင်း ဖြစ်သည်။

အလှမ်းကွာဝေးနေသေးသော်လည်း ကျိကန်းတို့ အုပ်စုမှာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားနေရပြီ ဖြစ်သည်။

"ဖန့်အမာခံတပည့်က လူလည်ကျလွန်းသွားတာလား"

ဝမ်ရွှမ်တို့၏ စိတ်ထဲတွင် တူညီသော အတွေးများ ပေါ်ပေါက်လာကြသည်။

သူတို့သည် လက်တစ်ထောင်အစီရင် (၄) စင်းကို ကြည့်ရင်း မသိစိတ်ဖြင့် တံတွေးပင် မျိုချမိလိုက်ကြသည်။

ယနေ့သာ အမှားတစ်ခု ဖြစ်ခဲ့လျှင် သူတို့အားလုံး ဤနေရာမှာတင် အသက်ပျောက်သွားနိုင်သည် မဟုတ်ပါလား။

စီနီယာအစ်မကြီးသည် နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်ပြီး ဤတိုက်ပွဲကို အဆုံးသတ်ရန် ပါးစပ်ဟလိုက်သည်။

"ဖန့်..."

"အခုပဲ "

ရှစ်မျက်နှာအရပ် မသေမျိုးဓားကျမ်း

ဆဌမမြောက် ဓားသွား

ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါ များမှာ ဝန်းရံဖြတ်သန်းသွားသည်။

ချက်ချင်းမှာပင် ဝမ်ရွှမ်တို့မှာ သူတို့ကိုယ်တွင်းရှိ မသေမျိုးစွမ်းအားနှင့် ဝိညာဥ်စွမ်းအားများမှာ ရူးသွပ်မတတ် ကုန်ဆုံးသွားသည်ကို ခံစားလိုက်ရကာ ပြန်ဖြည့်ရန်ပင် အချိန်မရလိုက်ချေ။

သူတို့၏ မျက်နှာများမှာ မျက်စိရှေ့တင်ပင် အိုမင်းရင့်ရော်သွားကြသည်။

ကျိကန်းသည် ခြောက်ဆင့်မသေမျိုး တစ်ဦး ဖြစ်ပါလျက်နှင့်ပင် ခဏချင်းအတွင်းမှာပင် မသေမျိုးစွမ်းအားများမှာ အကုန်အစင် စုပ်ယူခံလိုက်ရသည်။

အကြီးအကဲ ချင်နှင့် လင်းတုန်းတို့လည်း အခြေအနေ မထူးလှပေ။

ထိုအချိန်တွင် လမ်းခရီးတစ်လျှောက် အိပ်ပျော်နေခဲ့သော မီယွီမိတ်ဆွေ ဆီမှသာ တောက်ပသော နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာပြီး၊ မသေမျိုးစွမ်းအားများကို အဆက်မပြတ် ထည့်သွင်းပေးနေသဖြင့်သာ နဂါးနက်အစီရင်မှာ ပြိုကွဲမသွားဘဲ တောင့်ခံထားနိုင်ခြင်း ဖြစ်သည်။

သူမ၏ ကိုယ်တွင်းမှ မသေမျိုးစွမ်းအားများမှာ ကုန်ခန်းနိုင်စွမ်း မရှိသည့်အလားပင်။

"ဒါ... ဒါက..."

အမာခံတပည့် အများအပြားမှာ မသိစိတ်ဖြင့် လည်ပင်းကို ဆန့်ပြီး ကြည့်လိုက်ကြသည်။

ယင်းနောက်တွင် လက်တစ်ထောင်အစီရင် (၄) စင်းလုံး ပြိုကွဲပျက်စီးသွားသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

ဦးစွာ အမာခံမသေမျိုးလှေ (၄) စင်းမှာ နှစ်ပိုင်းပြတ်သွားပြီးနောက်၊ ကျန်ရှိသော အစီရင်တစ်ခုလုံးမှာ အကြီးအကျယ် ပြိုကျသွားတော့သည်။

"သူတို့မှာ အင်အားကျန်သေးတယ်၊ သတ် "

ဖန့်ချန်သည် မသေမျိုးစွမ်းအားများကို အဆက်မပြတ် ထည့်သွင်းပေးနေသည်။

သူ၏ မသေမျိုးစွမ်းအားများမှာ ကုန်ဆုံးသွားသော်လည်း အလွန်မြန်သော အရှိန်နှင့် ပြန်လည်ပြည့်တင်းလာနေသည်။

နဂါးနက်အစီရင်သည် ပြန့်ကျဲနေသော မသေမျိုးလှေအုပ်စုထဲသို့ ကျားတစ်ကောင် သိုးအုပ်ထဲ ဝင်သည့်အလား တစ်ဖက်သတ် တိုက်ခိုက်တော့သည်။

စီနီယာအစ်မကြီးမှာ တံတွေးတစ်ချက် မျိုချလိုက်ပြီးနောက် သူမ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားကာ ကောင်းကင်ကို မော့၍ အားရပါးရ ရယ်မောလိုက်တော့သည်။

"ဟားဟားဟားဟားဟား..."

ယဲ့ချင်းချိုးတို့မှာမူ ဆွံ့အလျက် ကျန်ရစ်ခဲ့သည်။

ဒုတိယမြောက်... အစီရင်မသေမျိုးအတတ်

ဒါဟာ ဝါရင့်အမာခံတပည့်တစ်ယောက် လုပ်တာလား သူတို့ဆီကို ဘာလို့ သတင်းတစ်စမှ မရောက်ဘဲ ကျွယ်မင်နန်းတော်ရဲ့ သတင်းမှားတွေကြားမှာ ဘာလို့ လှည့်စားခံခဲ့ရတာလဲ။

"ရှဲ့အာမန်ကတော့ ရှဲ့အာမန်ပဲ၊ အရာရာတိုင်းက သူမရဲ့ တွက်ချက်မှုအောက်မှာပဲ ရှိနေတာ..."

ယဲ့ချင်းချိုး၏ မျက်နှာမှာ ရှုပ်ထွေးသွားသည်။

ရှန်ယွဲ့ကွမ်းနှင့် လင်ပုချိတို့လည်း စဉ်းစားခန်း ဝင်သွားကြတော့သည်။

ရုလိုင်ဘုရားကျောင်းမှ အမာခံတပည့်များမှာမူ ကြောင်အမ်းအမ်း ဖြစ်နေကြသည်။

အမာခံတပည့် (၄) ဦး ပူးပေါင်းပါလျက်နှင့်ပင် တစ်ကွက်တည်းနှင့် အရေးနိမ့်သွားရသည်လား တစ်ဖက်လူက အစီရင်မသေမျိုးအတတ် (၂) မျိုးကို သုံးနိုင်နေတာလား။

"ရှဲ့အာမန်၊ ဒီတစ်ခါတော့ နင်နိုင်သွားပြီ "

ရှောင်ကွမ်းယင်သည် စီနီယာအစ်မကြီး၏ နာမည်ရင်းကို ပထမဆုံးအကြိမ် ထုတ်ပြောလိုက်ပြီးနောက် ဝတ်ရုံလက်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။

လှိုင်းလုံးကြီးအလား ပြင်းထန်လှသော မသေမျိုးစွမ်းအားများမှာ နဂါးနက်အစီရင်ကို တွန်းထုတ်လိုက်ပြီး၊ ပြန့်ကျဲနေသော မသေမျိုးလှေများကို အကာအကွယ်ပေးကာ ထွက်ပြေးလွတ်မြောက်စေလိုက်လေတော့သည်။

All Chapters