← Chapters

အခန်း (၁၀၅၉-၁၀၆၀)

Vol. 106 Ch. 1059-1060

အခန်း (၁၀၅၉-၁၀၆၀)

Vol. 106 Ch. 1059-1060

​အခန်း (၁၀၅၉) ကံဆိုးပြီး ကံကောင်းခြင်း

​ဖန့်ချန်ရဲ့ အမြင်အရတော့... အခုရှေ့က လူရဲ့ စွမ်းအားဟာ အနည်းဆုံးတော့ ကျောက်ယွင်လူ နဲ့ အဆင့်အတန်း တူတူပါပဲ။

​ဒီလို အဆင့်အတန်းရှိတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်က ဟင်းလင်းပြင်ထဲကနေ ရုတ်တရက် ပေါ်လာပြီး သူ့အနားကို ပြုတ်ကျလာတယ်ဆိုတာ ကံဆိုးခြင်းကပ်ဘေးကြောင့် မဟုတ်ဘူးဆိုရင် သူ ယုံမှာ မဟုတ်ပါဘူး။

​လောကမှာ ကျင့်ကြံသူတွေ သန်းနဲ့ချီပြီး ရှိကြသလို ကံဆိုးခြင်းကပ်ဘေး ကြုံတွေ့နေရသူတွေလည်း မရေမတွက်နိုင်အောင် ရှိမှာပါ။

ဒါပေမဲ့ ကံဆိုးခြင်းကပ်ဘေးတစ်ခုကနေ လွတ်လပ်သောမသေမျိုး အဆင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို ဆွဲခေါ်လာနိုင်တယ်ဆိုတာမျိုးတော့ သူ တစ်ခါမှ မကြားဖူးပါဘူး။

​တစ်ဖက်လူရဲ့ သံသယကို မခံရဖို့နဲ့ သူ့အပေါ် သတိလက်လွတ် ဖြစ်သွားစေဖို့အတွက် ဖန့်ချန်ဟာ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်မထားပါဘူး။

​"မြေဝက်ဝံကြယ်"

ဆိုတဲ့ စကားလုံးကို ကြားပြီးနောက် အဲဒီလူရဲ့ မျက်လုံးထဲမှာ စဉ်းစားဟန်တစ်ခု ဖြတ်ပြေးသွားပြီး ဖန့်ချန်ကို အထက်အောက် အကဲခတ်လိုက်ပါတယ်။

ဖန့်ချန်က စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် အထွတ်ထိပ် ဖြစ်နေတာကို မြင်တော့ သူ့ရဲ့ အကြည့်က နည်းနည်းတော့ နူးညံ့သွားပါတယ်

"မြေဝက်ဝံကြယ် ဆိုတာ ငါ တစ်ခါမှ မကြားဖူးဘူး ငါ မင်းကို မေးမယ်၊ ဒီနေရာမှာ အစွမ်းအထက်ဆုံး လူက ဘယ်အဆင့်လဲ "

​"ဂိုဏ်းချုပ်ကြီး တွေပဲ ဖြစ်ပါလိမ့်မယ်"

ဖန့်ချန်က ဖြေပါတယ်။

​"ဂိုဏ်းချုပ်ဆိုတာမှာလည်း အနိမ့်အမြင့် ရှိတာပဲ အဆင့် ၁ လွတ်လပ်သောမသေမျိုးလား အဆင့် ၂ လား "

တစ်ဖက်လူက မျက်မှောင်ကြုတ်လိုက်ပါတယ်။

​"ကျွန်တော်မျိုးက စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့်ပဲ ရှိတာဆိုတော့ ဒါတွေကို သိပ်မသိပါဘူး၊ စီနီယာ နားလည်ပေးပါ"

ဖန့်ချန်က ပြောပါတယ်။

​"ကြည့်ရတာ မင်းက အထက်တန်းစား မိသားစုကလည်း မဟုတ်ဘူး၊ ဂိုဏ်းကြီးတွေရဲ့ အမွေခံလည်း မဟုတ်ဘူးပဲ ဒီလို ကိစ္စတွေကိုတောင် မသိဘူး"

တစ်ဖက်လူက နှာခေါင်းရှုံ့လိုက်ပြီး

"မင်း ဒီဘေးမှာပဲ ငါ့ကို စောင့်ရှောက်ပေး ငါ ဒဏ်ရာ ကုမလို့၊ တခြားလူတွေ ရောက်လာရင် ဒီအဘိုးကြီးအတွက် မောင်းထုတ်ပေးလိုက်"

​ပြောပြီးတာနဲ့ သူက လက်ညှိုးနဲ့ တစ်ချက်တောက်လိုက်ရာ ခရမ်းရောင် လျှပ်စီးတန်းတစ်ခုဟာ သူ့လက်ချောင်းကနေ ထွက်ပေါ်လာပြီး ဖန့်ချန်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားပါတယ်။

​နောက်တစ်ခဏမှာတော့ ဖန့်ချန်ရဲ့ ကိုယ်ထဲကနေ လျှပ်စစ်စီးကြောင်းလေးတွေ တစ်ခါတစ်ရံ ထွက်ပေါ်လာပါတယ်။

သူ့ရဲ့ မျက်နှာထား ပြောင်းလဲသွားပြီး တစ်ဖက်လူကို နားမလည်နိုင်သလို ကြည့်လိုက်မိတယ်

"စီနီယာ... ဒါက ဘာလို့လဲ..."

​"ဒါက တားမြစ်ချက် အနည်းငယ်ပါပဲ ငါ ဒဏ်ရာကုနေတုန်း မင်း ထွက်မပြေးအောင်လို့ လုပ်ထားတာ ကြောက်မနေပါနဲ့၊ ငါ့အမြင် မမှားဘူးဆိုရင် မင်းက အခု ကပ်ဘေးသုံးပါးနဲ့ ဘေးဒုက္ခကိုးပါးထဲက ဒုတိယမြောက် ကပ်ဘေးကို ရင်ဆိုင်နေရတာ မဟုတ်လား"

"မင်း ဒီနေ့ ငါနဲ့ တွေ့တာ ကံပါလာလို့ပဲ ငါ နည်းနည်း ပြန်ကောင်းလာရင် မင်းကို ဒီကပ်ဘေးကနေ အလွယ်တကူ ကျော်ဖြတ်နိုင်အောင် ကူညီပေးမယ်"

​တစ်ဖက်လူက ပြောပြီးတာနဲ့ မျက်စိမှိတ်ကာ တင်ပလ္လင်ခွေ ထိုင်လိုက်ပါတော့တယ်။

ကောင်းကင်နဲ့ မြေကြီးကြားက ဝိညာဉ်စွမ်းအားတွေဟာ နဂါးက ရေကို စုပ်ယူသလိုမျိုး ဒီလူရဲ့ ကိုယ်ထဲကို တရဟော စီးဝင်သွားပါတော့တယ်။

​ဖန့်ချန်ကတော့ စိတ်ထဲမှာ လှောင်ပြုံး ပြုံးလိုက်ပါတယ်။

တစ်ဖက်လူက ပါးစပ်ထဲ ရှိရာ ပြောနေတာပါ။

ကောင်းကင်လှည့်စားခြင်းအတတ်ကို မတတ်မြောက်ထားရင် လွတ်လပ်သောမသေမျိုး ဖြစ်နေပါစေဦး၊ ကောင်းကင်ဘုံက ပေးတဲ့ ကပ်ဘေးတွေကို ဘယ်လိုမှ ဝင်ရောက် မစွက်ဖက်နိုင်ပါဘူး။

​သူကတော့ ဒီမုန့်လုံးကြီးကို စားလိုက်တဲ့ ပုံစံဖမ်းပြီး ဝမ်းသာအားရဟန်နဲ့ ဘေးမှာ ရပ်နေလိုက်ပါတယ်။

​တစ်ဖက်လူက ဒါကို သတိထားမိတော့မှ ပါးစပ်နားမှာ အပြုံးတစ်ခု ပေါ်လာပြီး တကယ်ပဲ ဒဏ်ရာကို အာရုံစိုက် ကုသပါတော့တယ်။

​"ဒီလူက တစ်စုံတစ်ယောက်ရဲ့ လိုက်သတ်တာကို ခံနေရပုံပဲ တကယ်လို့ သူက ငါ့ရဲ့ ကံဆိုးခြင်းကပ်ဘေးကြောင့် ရောက်လာတာဆိုရင်၊ ဒီကပ်ဘေးက နောက်ဆုံးမှာ သူ့အပေါ် သက်ရောက်မှာလား၊ ဒါမှမဟုတ် သူနဲ့ ပတ်သက်တဲ့ ကိစ္စတွေပေါ် သက်ရောက်မှာလား"

ဖန့်ချန် စဉ်းစားနေမိပါတယ်။

​အခု သူဟာ ယင်လောကကိုလည်း သွားမရ၊ တာအိုသုံးထောင်နယ်မြေထဲလည်း ဝင်မရပေမဲ့ တောရိုင်းကျောင်းကိုတော့ သွားလို့ရပါတယ်။

​ဒါပေမဲ့... တောရိုင်းကျောင်းမှာ ဆရာတွေ အများကြီး ရှိသလို ရွှင်အဘိုးအိုလည်း ရှိနေတာပါ။

အဲဒီလောက် အစွမ်းထက်တဲ့ လူတွေရှိတဲ့ နေရာမှာ ကံဆိုးခြင်းကပ်ဘေးကသာ အကျိုးသက်ရောက်သွားရင် ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ မသိနိုင်ပါဘူး။

​"ဒီလူရဲ့ နောက်ခံက ဘာလဲဆိုတာ အရင်ကြည့်ရအောင်"

​ဆယ်ရက်ကျော် ကြာတဲ့အခါမှာတော့ တစ်ဖက်လူရဲ့ မျက်နှာဟာ နည်းနည်း ကြည့်ကောင်းလာပြီး ဒဏ်ရာတွေလည်း သက်သာသွားပုံ ရပါတယ်။

​သူ ထရပ်ပြီး အညောင်းအညာ ဆန့်လိုက်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး ပြောလိုက်ပါတယ်

"မင်းပြောတဲ့ မြေဝက်ဝံကြယ် ဆိုတာ ငါ့ရဲ့ ဓာတ်ကြီးငါးပါးနယ်မြေ မှာ တစ်ခါမှ မကြားဖူးပါဘူး"

​ဖန့်ချန်ကတော့ ဓာတ်ကြီးငါးပါးနယ်မြေ ဆိုတာ ဘာလဲ မသိတဲ့ပုံစံနဲ့ ကြောင်တောင်တောင် လုပ်နေပါတယ်။

​ကြည့်ရတာ ဒီကောင်က ရှေးဟောင်းနယ်မြေ က ကျင့်ကြံသူ မဟုတ်ဘူးပဲ။

​အဖြူလေး စောင့်ကြပ်နေတဲ့ ရှန့်ယန်မြို့ က ဓာတ်ကြီးငါးပါးနယ်မြေနဲ့ ဆက်သွယ်နေတာပါ။

​ဒါပေမဲ့ လူ့လောကရဲ့ နယ်မြေကိုးခု ဆိုတာ ဘယ်လောက်တောင် ကျယ်ပြောလိုက်သလဲ။

အခု ယင်လောကငယ်လေးနဲ့ ဆက်သွယ်နေတဲ့ နေရာတွေဆိုတာ တကယ်တော့ တစ်သောင်းပုံ တစ်ပုံတောင် မရှိပါဘူး။

တစ်နေ့နေ့မှာ ဖူထူလောကနဲ့ ပြန်လည် ပေါင်းစည်းနိုင်တော့မှသာ စစ်မှန်တဲ့ ယင်လောကကြီး ဖြစ်လာမှာပါ။

​"မင်း မသိဘူးလား ကြည့်ရတာ မင်းက တကယ်ပဲ ဘာနောက်ခံမှ မရှိတဲ့ ကောင်ပဲ ဒီနေ့ ငါနဲ့ တွေ့တာ မင်းအတွက် ကံကောင်းခြင်းပဲ ငါ့အမည်က ချင်းရှ မိစ္ဆာသခင် ပဲ"

"နောင်ကျရင် မင်းက ငါ့ရဲ့ ဘေးလိုက်အစေခံ လုပ်ပေါ့"

​ချင်းရှ မိစ္ဆာသခင်က ဖန့်ချန်ကို မျက်စောင်းထိုး ကြည့်လိုက်ပါတယ်။

သူက ဖန့်ချန်ကို ကြီးမားတဲ့ ဆုလာဘ်ကြီး ပေးသနားလိုက်သလိုမျိုးပါပဲ။

​မိစ္ဆာသခင်...

​ဖန့်ချန်ရဲ့ မျက်လုံးတွေ လှုပ်ရှားသွားပါတယ်။

​"ဒါနဲ့... မင်း မိစ္ဆာသန္ဓေသား အကြောင်း ကြားဖူးလား"

ချင်းရှ မိစ္ဆာသခင်က ရုတ်တရက် မေးပါတယ်။

​"မိစ္ဆာသန္ဓေသား "

ဖန့်ချန် အံ့ဩသွားဟန်နဲ့

"စီနီယာလည်း မိစ္ဆာသန္ဓေသားအကြောင်း သိတာလား လွန်ခဲ့တဲ့ နှစ်တွေက ဒီနေရာမှာ တစ်ယောက်ယောက်က မိစ္ဆာသန္ဓေသားကို ကျင့်ကြံပြီး လူတွေကို လိုက်သတ်ကာ သက်တမ်းတွေကို လုယူနေတယ်လို့ ကြားဖူးပါတယ်"

​"တကယ်လား"

ချင်းရှ မိစ္ဆာသခင်ရဲ့ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားပြီး ဖန့်ချန်ကို စူးစိုက်ကြည့်လိုက်ပါတယ်။

သူ့ရဲ့ အကြည့်က လျှပ်စစ်လိုပဲ အရေပြားကို စူးဝင်မတတ် နာကျင်စေပါတယ်

​"ကျွန်တော်မျိုးက စီနီယာကို ဘယ်လိုလုပ် လိမ်ရဲမှာလဲ မိစ္ဆာသန္ဓေသားကို ကျင့်ကြံတဲ့လူက ဓားကျင့်ကြံသူ တစ်ယောက်ပါရသူ့နာမည်က လီချန်စန်း တဲ့ ဒီနေရာရဲ့ ဧကရာဇ်စာရင်း မှာ နံပါတ် ၁ ပါပဲ "

ဖန့်ချန်က ရိုရိုသေသေ ပြောလိုက်ပါတယ်

"လက်ရှိ လောကမှာ ဒီဂိုဏ်းချုပ်ကြီးကို ယှဉ်နိုင်တဲ့လူ မရှိပါဘူး သူက လောကမှာ ပြိုင်ဘက်ကင်းနေတာ ကြာပါပြီ"

​တစ်ဖက်လူက မိစ္ဆာသန္ဓေသားအကြောင်း ရုတ်တရက် မေးလာတာက ဖန့်ချန်ကို သတိထားမိစေပါတယ်။

သူက ဓာတ်ကြီးငါးပါးနယ်မြေက လူဖြစ်ပါလျက်နဲ့ ရှေးဟောင်းနယ်မြေကို ရောက်လာရုံတင်မကဘဲ မိစ္ဆာသန္ဓေသားအကြောင်းပါ မေးနေတာပါ။

​ဖန့်ချန်က ဒီလူဟာ ဝမ်ချုံးစန်း လုပ်နေတဲ့ စမ်းသပ်မှုတွေနဲ့ ပတ်သက်နေနိုင်ပြီး ယွီချင်းမေ ကို အန္တရာယ် ပေးနိုင်တယ်လို့ သံသယဝင်မိပါတယ်။

​သူက ဒီလူကို ဟင်လင်းပြင်ထာဝရဓားဂိုဏ်း ဆီ တိုက်ရိုက် ခေါ်သွားလို့လည်း မဖြစ်ပါဘူး၊ သူ့ရဲ့ ညီနောင်တွေကို ဘေးသင့်မှာ စိုးလို့ပါ။

သေသေချာချာ စဉ်းစားကြည့်တော့ လီချန်စန်းက အကောင်းဆုံး ရွေးချယ်မှုပါပဲ။

​ချင်းရှ မိစ္ဆာသခင်ဟာ စိတ်လှုပ်ရှားသွားပြီး အသေးစိတ် ထပ်မေးဖို့ ပြင်လိုက်တုန်းမှာပဲ၊ ဟင်းလင်းပြင်ထဲကနေ တောက်ပလွန်းတဲ့ နတ်အလင်းတန်း တစ်ခု ပေါ်ထွက်လာပါတယ်။

​ချင်းရှ မိစ္ဆာသခင်က အော်ဟစ်လိုက်ပါတယ်

"မသာမ ဒါကိုတောင် မင်း လိုက်လာနိုင်သေးတာလား "

​ဖန့်ချန် ဘာမှ တုံ့ပြန်ရုံမရှိသေးခင်မှာတင် ဒီနေရာတစ်ခုလုံးဟာ တောက်ပတဲ့ နတ်အလင်းတန်းတွေအောက်မှာ နစ်မြုပ်သွားပါတော့တယ်။

​ခဏချင်းမှာပဲ ပုံသဏ္ဌာန်ရှိတဲ့ အရာမှန်သမျှဟာ ဗလာအဖြစ် ပြောင်းလဲသွားပါတယ်။

ချင်းရှ မိစ္ဆာသခင်ကတော့ အရေးကြီးတဲ့ အချိန်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ မသေမျိုးစွမ်းအားတွေကို ထုတ်သုံးပြီး ဒီနေရာကနေ ထွက်ပြေးသွားခဲ့ပါပြီ။

​နတ်အလင်းတန်းတွေ ပျောက်ကွယ်သွားတဲ့အခါ၊ လှပနွဲ့နှောင်းတဲ့ အမျိုးသမီးတစ်ယောက်ဟာ လေထဲမှာ ပေါ်လာပါတယ်။

သူမက ချင်းရှ မိစ္ဆာသခင် ထွက်ပြေးသွားတဲ့ လမ်းကြောင်းကို မျက်မှောင်ကြုတ် ကြည့်လိုက်ပြီး ထွက်ခွာဖို့ ပြင်လိုက်တုန်းမှာပဲ၊ နတ်အလင်းတန်းရဲ့ ရိုက်ခတ်မှုကြောင့် သေလားရှင်လား မသိဖြစ်နေတဲ့ ဖန့်ချန်ကို တွေ့သွားပါတယ်။

​"သေသွားပြီ ထင်တယ်"

အမျိုးသမီးက တိုးတိုးလေး ပြောလိုက်ပါတယ်။

​သူမရဲ့ သတ်ကွင်းက ချင်းရှ မိစ္ဆာသခင်ကိုပဲ ပစ်မှတ်ထားတာ ဆိုပေမဲ့၊ သူမလို အဆင့်အတန်းရှိတဲ့ ပုဂ္ဂိုလ်ရဲ့ ဘေးထွက်ရိုက်ခတ်မှုဟာ သာမန်လူတွေ တောင့်ခံနိုင်တဲ့ အရာ မဟုတ်ပါဘူး။

​ဖန့်ချန်ကတော့ အနည်းငယ် ဖရိုဖရဲနဲ့ မြေပြင်ပေါ်မှာ လဲလျောင်းနေပါတယ်။

သူ့ရဲ့ အသက်ရှူသံက အရမ်းကို အားနည်းနေပါတယ်။

ကံကောင်းတာက နောက်ဆုံးအချိန်မှာ သူက ဝိညာဉ်ထွက်ခွာခြင်း ကို ရွေးချယ်လိုက်လို့ပါ။

​တကယ်လို့ ခန္ဓာကိုယ် ပျက်စီးသွားခဲ့ရင်တောင် သူ့ရဲ့ ကျင့်ကြံခြင်းကိုတော့ သူ ထိန်းသိမ်းထားနိုင်မှာပါ။

​"ဒီအမျိုးသမီးက..."

ဖန့်ချန်က ထိုအမျိုးသမီးကို ကြည့်လိုက်တဲ့အခါ သူ့ရဲ့ မျက်လုံးထဲမှာ ထူးဆန်းတဲ့ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပါတယ်။

တစ်ဖက်လူက သူ့ကို ရင်းနှီးတဲ့ ခံစားချက်မျိုး ပေးနေပါတယ်။

​အတိတ်က... အတော်လေး ကြာခဲ့တဲ့ အချိန်တုန်းက ဒီလိုမျိုး တည်ရှိမှုမျိုးကို သူ တွေ့ဖူးသလိုပါပဲ။ ဒါပေမဲ့ ဘယ်လိုမှ စဉ်းစားလို့ မရပါဘူး။

​"မဖြစ်နိုင်ဘူး... ငါ့ရဲ့ မှတ်ဉာဏ်နဲ့ဆိုရင် ငါတွေ့ဖူးတဲ့လူကို ဘယ်လိုမှ မေ့မှာ မဟုတ်ဘူး"

ဖန့်ချန်ရဲ့ မျက်နှာထားက တည်ကြည်နေပါတယ်။

သူ့ရဲ့ ဦးနှောက်ထဲမှာ ပုန်းတမ်းကစားနေတဲ့ မှတ်ဉာဏ်အပိုင်းအစလေးကို မိအောင် ဖမ်းဖို့ သူ ကြိုးစားနေပါတယ်။

​ခဏအကြာမှာတော့ သူ နောက်ဆုံးမှာ မှတ်မိသွားပါပြီ။

​အဲဒီ နတ်မိမယ် ပဲ

​ဒီအမျိုးသမီးရဲ့ အရှိန်အဝါက ပူပြင်းတဲ့ နေမင်းကြီးထဲမှာ လမ်းလျှောက်နေတဲ့ အဲဒီ နတ်မိမယ်နဲ့ အရမ်း ဆင်တူနေတာပါ

​အဲဒီ နတ်မိမယ်နဲ့ ပတ်သက်တဲ့ သူ့ရဲ့ မှတ်ဉာဏ်တွေဟာ မသိမသာ မှေးမှိန်ပျောက်ကွယ်နေတာပါ။

ဒါဟာ တစ်စုံတစ်ခုသော စွမ်းအားရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်ပါတယ်။

​"မသေဘူးလား အဆင့် ၆ ဓားခန္ဓာကိုယ်... မဟုတ်ဘူး၊ တခြားအရာတစ်ခုက သူ့ရဲ့ အသက်ကို ကယ်တင်ပေးထားပုံပဲ"

အမျိုးသမီးက အံ့ဩသလို ရေရွတ်လိုက်ပြီး ဖန့်ချန်ကို နောက်တစ်ကြိမ် ကြည့်လိုက်ပါတယ်။

ခဏ စဉ်းစားပြီးနောက် သူမက မသေမျိုးကျောက်တုံး တစ်ခုကို ထုတ်ပြီး ဖန့်ချန်ရဲ့ ရင်ဘတ်ပေါ် ပစ်ချပေးခဲ့ကာ ချင်းရှ မိစ္ဆာသခင် နောက်ကို လိုက်သွားပါတော့တယ်။

​"......"

​သူမ ထွက်သွားပြီး ခဏအကြာမှာတော့ ဖန့်ချန်ရဲ့ ဝိညာဉ်ဟာ ကိုယ်ထဲ ပြန်ဝင်သွားပါတယ်။

မျက်လုံးဖွင့်လိုက်တဲ့အခါ ခန္ဓာကိုယ်က နည်းနည်း နာကျင်နေတာကလွဲရင် တခြား ဘာမှ မဖြစ်ပါဘူး။

ခုနက အရာအားလုံးကို ဖျက်ဆီးပစ်တဲ့ နတ်အလင်းတန်းက သူ့ကို တကယ် မထိခိုက်စေခဲ့သလိုပါပဲ။

​မသေမျိုးကျောက်တုံးကို ကောက်ကိုင်ပြီး ဖန့်ချန် ခဏလောက် စဉ်းစားလိုက်ပါတယ်။

ပြီးတော့ ကောက်ချက်တစ်ခု ချလိုက်ပါတယ်။

​ကံဆိုးခြင်းကပ်ဘေးက ပြီးသွားပြီ ထင်ပါတယ်။

မဟုတ်ရင် ဘာလို့ ကံဆိုးမှုတွေပြီးမှ ကံကောင်းမှုတွေ ရောက်လာပြီး အကြောင်းမရှိ အကြောင်းမရှိဘဲ မသေမျိုးကျောက်တုံးတစ်ခုတောင် ရလိုက်ရတာလဲ။

​အခန်း (၁၀၆၀) ဒါက မင်းလည်း ဟုတ်တယ်၊ ဒါပေမဲ့ မင်းလည်း မဟုတ်ဘူး

​ဖန့်ချန်ဟာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၅၀၀ ကို ထုတ်ယူလိုက်ပါတယ်။

မျက်ခုံးကြားက ကျောက်စိမ်းလုံးလေးက နောက်တစ်ကြိမ် လှုပ်ရှားလာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူဟာ တာအိုသုံးထောင်နယ်မြေထဲကို ရောက်ရှိသွားပါတယ်။

​"တကယ်ပဲ... ကံဆိုးခြင်းကပ်ဘေး ကျော်ဖြတ်ပြီးသွားပြီပဲ"

​ဖန့်ချန် စိတ်ထဲမှာ သက်ပြင်းချနိုင်သွားသလို၊ တစ်ဆက်တည်းမှာပဲ မျက်မှောင်ကြုတ်လိုက်မိပါတယ်။

​ဒီတစ်ခါ ကံဆိုးခြင်းကပ်ဘေးဟာ သူ့အတွက်တော့ ကြီးမားတဲ့ ဘေးအန္တရာယ် မရှိခဲ့ဘဲ ဒုက္ခအနည်းငယ် ခံစားလိုက်ရရုံပဲလို့ ထင်ရပါတယ်။

​ဒါပေမဲ့ နောက်ဆုံးမှာ ပေါ်လာတဲ့ အမျိုးသမီးရဲ့ တောက်ပတဲ့ နတ်အလင်းတန်းဟာ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ကျင့်ကြံသူတွေ နေနေသာသာ၊ တာအိုပေါင်းစပ်ခြင်းအဆင့် ဒါမှမဟုတ် ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့် ပုဂ္ဂိုလ်တွေတောင် အဲဒီအလင်းအောက်မှာ အသက်ရှင်ဖို့ မလွယ်ပါဘူး။

​"ဒီအမျိုးသမီး ပေါ်လာတာဟာ ငါ့အတွက် ကံဆိုးခြင်းကပ်ဘေးရဲ့ နောက်ဆုံး သတ်ကွင်းပဲ ဖြစ်ရမယ်၊ ငါ မသေခဲ့တာကတော့..."

​ဖန့်ချန် အတွေးတွေ လှုပ်ရှားလာပါတယ်။

ဒီအမျိုးသမီးနဲ့ သူ အရင်က တွေ့ခဲ့ဖူးတဲ့ နတ်မိမယ်ဟာ မျိုးနွယ်တူတွေ ဖြစ်နေမလား

​အရှိန်အဝါရော၊ အဲဒီ တောက်ပတဲ့ နတ်အလင်းတန်းပါ အရမ်းကို ဆင်တူနေတာပါ။

​အဲဒီတုန်းက သူဟာ တောက်ပတဲ့ နတ်အလင်းတန်းအောက်မှာ မသေခဲ့ဘဲ မျက်စိနှစ်ကွင်းပဲ ကွယ်ခဲ့ရပါတယ်။

ဒါပေမဲ့ ဝိညာဉ်ထွက်ခွာခြင်း အစွမ်းကို ရရှိခဲ့သလို၊ သူ့ရဲ့ ဝိညာဉ်ခိုင်မာမှုကလည်း သာမန်ထက် ထူးကဲနေခဲ့တာပါ။

​ဒီတစ်ခါမှာလည်း သူ မသေခဲ့ပါဘူး၊ ခန္ဓာကိုယ်မှာလည်း ဘာပြောင်းလဲမှုမှ ဖြစ်မလာခဲ့ပါဘူး။

​"ချင်းရှ မိစ္ဆာသခင်ရယ် လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးရယ်၊ တစ်ယောက်က လိုက်သတ်ပြီး တစ်ယောက်က ထွက်ပြေးနေကြတာ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်အရ ဒီနေရာမှာ အကြာကြီး နေမှာ မဟုတ်ဘူး တကယ်လို့ လီချန်စန်းသာ ချင်းရှ မိစ္ဆာသခင်နဲ့ တွေ့ရင် ဘယ်လိုအခြေအနေ ဖြစ်မလဲ မသိဘူး"

​ဖန့်ချန် ပြုံးလိုက်ပြီး သိုလှောင်လက်စွပ် တစ်ပုံကြီးကို ထုတ်လိုက်ပါတယ်။

​ဒီလက်စွပ်တွေက ရွှယ်စန်း တို့ဆီက ရခဲ့တာပါ။

အဲဒီထဲက လက်စွပ်အချို့ရဲ့ ပိုင်ရှင်တွေဟာ စီနီယာအဆင့် ဓားကျင့်ကြံသူတွေ ဖြစ်ပါတယ်။

​သေသေချာချာ စစ်ဆေးပြီးတဲ့နောက် အမြတ်အစွန်းအများဆုံးကတော့ ဝိညာဉ်ကျောက်တုံးတွေပါပဲ။

​ဖန့်ချန်ဆီမှာ မူလက အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၂၀ ကျော် ရှိခဲ့ပြီး၊ အခု ဒီလက်စွပ်တွေထဲက ရတာနဲ့ပေါင်းရင် စုစုပေါင်း ၅၀ ကျော်သွားပါပြီ။

​အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး အရေအတွက်ကလည်း ၆ သောင်းအထိ ရုတ်တရက် ခုန်တက်သွားပါတယ်။

​နည်းနည်း နှမြောဖို့ကောင်းတာက ဒီကောင်တွေဆီမှာ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး တစ်ခုမှ ပါမလာတာပါပဲ။

​အခုထိ သူဟာ မသေမျိုးကျောက်တုံးကိုတောင် မြင်ဖူးနေပြီ ဖြစ်ပေမဲ့ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးဆိုတာ ဘယ်လိုပုံစံလဲ ဆိုတာတော့ မမြင်ဖူးသေးပါဘူး။

​ဒီကျောက်တုံးတွေအပြင် တခြား ဆေးလုံးတွေ၊ ဝိညာဉ်ပစ္စည်းတွေလည်း ပါပါသေးတယ်။

သူတို့ရဲ့ မူလဝိညာဉ်ဓား တွေကတော့ သူတို့သေတဲ့အချိန်မှာပဲ အတူတူ ပျက်စီးသွားခဲ့ပါပြီ။

​နတ်ရုပ်သုံးရုပ်ရှေ့ ရောက်တဲ့အခါ ဖန့်ချန်က တစ်ချက် အလေးပြုလိုက်ပြီးမှ အံဆွဲကိုဖွင့်ကာ တာအိုသုံးထောင်ကျင့်စဉ် ဝိညာဉ်ခွဲဖြာခြင်းအဆင့် ကို ယူလိုက်ပါတယ်။

​ဒါဟာ တောက်ပတဲ့ ရွှေရောင်အလင်းအဖြစ် ပြောင်းလဲသွားပြီး ဖန့်ချန်ရဲ့ မျက်ခုံးကြားထဲ စီးဝင်သွားပါတယ်။

​ဖန့်ချန်ဟာ ငြိမ်သက်စွာ ရပ်နေပြီး နာရီဝက်လောက် ကြာတော့မှ ဝိညာဉ်ခွဲဖြာခြင်းအဆင့်ရဲ့ အကြောင်းအရာတွေကို နားလည်သွားပါတယ်။

​ဝိညာဉ်ခွဲဖြာခြင်း ဆိုတာ နာမည်အတိုင်းပါပဲ၊ ထူးခြားတဲ့ နည်းလမ်းနဲ့ မူလဝိညာဉ် ကို ခွဲထုတ်လိုက်တာပါ။

ခွဲထွက်လာတဲ့ ဝိညာဉ်တိုင်းဟာ မူလကိုယ်ထည်အတိုင်း မှတ်ဉာဏ်တွေ၊ အမြင်တွေကို အတူတူ မျှဝေခံစားကြရမှာဖြစ်ပြီး မူလကိုယ်ထည်ရဲ့ ကိုယ်ပွား လိုပါပဲ။

​ဒါ့အပြင် ကျင့်ကြံခြင်းအဆင့်ကလည်း အများကြီး ကျဆင်းသွားမှာ မဟုတ်ပါဘူး။

​"ဒါက ခေါင်းသုံးလုံး လက်ခြောက်ဖက် အတတ်နဲ့ နည်းနည်း ဆင်တူတယ် ကွာခြားတာက အဲဒီအတတ်က ကိုယ်ထည်တစ်ခုတည်းကို မျှသုံးရတာဖြစ်ပြီး ဝိညာဉ်ခွဲဖြာခြင်းကတော့ ကိုယ့်ဘာသာ သီးခြား လှုပ်ရှားနိုင်သလို ခန္ဓာကိုယ်အသစ်လည်း ပေါ်လာနိုင်တာပဲ"

​"ဒါတင်မကသေးဘူး၊ သာမန်ကျင့်ကြံသူတွေ ဝိညာဉ်ခွဲဖြာခြင်း အောင်မြင်ဖို့ဆိုရင် လုံလောက်တဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝိညာဉ်စုစည်းရည် လိုအပ်တယ် ဒါပေမဲ့ တာအိုသုံးထောင်ကျင့်စဉ်ရဲ့ ဝိညာဉ်ခွဲဖြာခြင်းမှာတော့ အခြေအနေတစ်ခု ပိုလာတယ်၊ အဲဒါက ရွှမ်ဖျင့် ရဲ့ သွေးအဆီအနှစ် လိုအပ်တာပဲ"

​"ဝိညာဉ်သန္ဓေအဆင့်ရော ဝိညာဉ်ခွဲဖြာခြင်းအဆင့်မှာပါ ရွှမ်ဖျင့် ရဲ့ သွေးအဆီအနှစ်ကို သုံးရတယ်ဆိုတော့၊ ဒီတာအိုကျင့်စဉ်က ရွှမ်ဖျင့် နဲ့ ခွဲခြားလို့မရတဲ့ ပတ်သက်မှု ရှိနေတာပဲ"

​ဖန့်ချန် စိတ်ထဲမှာ အံ့ဩမိပါတယ်။

ကံကောင်းတာက သူ့ဆီမှာ အသက်ရှင်နေတဲ့ ရွှမ်ဖျင့်တစ်ကောင် ရှိနေတာကြောင့် ဒီပစ္စည်းအတွက် စိတ်ပူစရာ မလိုပါဘူး။

​ဝိညာဉ်ကျောက်တုံးတွေကလည်း သူ့ဆီမှာ လုံလောက်ပါတယ်။

အလယ်အလတ်အဆင့်ရော၊ အဆင့်မြင့်ရော အကုန်ရှိသလို မသေမျိုးကျောက်တုံး တစ်ခုတောင် ရှိပါသေးတယ်။

​အခု အဓိက လိုအပ်နေတာကတော့ ဝိညာဉ်စုစည်းရည် ပါပဲ။

ကျင့်စဉ်ထဲက ဖော်ပြချက်အရ ဝိညာဉ်တွေ ဘယ်လောက်များများ ခွဲထုတ်သလဲဆိုတာပေါ် မူတည်ပြီး နောင်တစ်ချိန် ပေါင်းစည်းတဲ့အခါမှာ ခက်ခဲပါလိမ့်မယ်။

ဒါပေမဲ့ ပေါင်းစပ်ခြင်း အောင်မြင်သွားရင်တော့ အခြေခံက ပိုပြီး ခိုင်မာလာမှာဖြစ်သလို ကျင့်ကြံခြင်းကလည်း ပိုပြီး အစွမ်းထက်လာမှာပါ။

​သာမန်ကျင့်ကြံသူတွေကတော့ ဘေးကင်းဖို့အတွက် ဝိညာဉ်ကို ၁ ခုကနေ ၃ ခုအထိပဲ ခွဲထုတ်လေ့ ရှိကြပါတယ်။

​အခြေအနေ ပေးတဲ့ ကျင့်ကြံသူအချို့ကတော့ ၄ ခုနဲ့ ၆ ခုကြား ခွဲထုတ်ကြပါတယ်။

​ပြီးတော့ မာနကြီးပြီး သာမန်လူတွေထက် သာချင်တဲ့လူတွေကတော့ ၇ ခုကနေ ၉ ခုအထိ ခွဲထုတ်ဖို့ ကြိုးစားကြပါတယ်။

​"၉ က အဆုံးစွန်ကိန်းဂဏန်းပဲ၊ ဒါပေမဲ့ ဒါဟာ ဝိညာဉ်ခွဲထုတ်ခြင်းရဲ့ အကန့်အသတ် မဟုတ်လောက်ဘူး"

​ဒီလိုတွေးပြီးနောက် ဖန့်ချန်က မှန်လေးကို ထုတ်လိုက်ပါတယ်

"မှန်လေး ဝိညာဉ်ခွဲထုတ်တဲ့ အရေအတွက်က များလေ ကောင်းလေလား "

​"အင်း... ကျင့်ကြံခြင်းကိစ္စတွေကို ငါလည်း အပေါ်ယံပဲ သိတာပါ ဒါပေမဲ့ ငါ သိသလောက်တော့ ဝိညာဉ် ၉ ခုအောက်မှာပဲ ရှိကြတယ် တကယ်လို့ ဒီအရေအတွက်ထက် ကျော်သွားရင်တော့ ကြောက်စရာကောင်းတဲ့ ကိစ္စတွေ ဖြစ်လာနိုင်တယ်"

​"ဖြစ်လာနိုင်တယ် မင်းတောင် သေသေချာချာ မသိဘူးလား "

​"ငါက ကျွမ်းကျင်သူမှ မဟုတ်တာ အစ်ကို... ကျင့်ကြံခြင်းလောကက စီနီယာတွေကို သွားမေးကြည့်တာ ပိုကောင်းလိမ့်မယ်"

​"ကောင်းပြီလေ"

​ဖန့်ချန် ခေါင်းငြိတ်လိုက်ပါတယ်။

​သူက တောရိုင်းကျောင်းကို သွားပြီး ရွှင်အဘိုးအိုကို မေးဖို့ ရည်ရွယ်ထားပါတယ်။

တစ်ခါတည်း တောရိုင်းကျောင်းကနေ ဝိညာဉ်စုစည်းရည်ကိုပါ ဝယ်ယူဖို့ စဉ်းစားလိုက်ပါတယ်။

​ဆယ်နှစ်ဆိုတဲ့ အချိန်ကာလဟာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့ပါပြီ။

​ဖန့်ချန်ဟာ တာအိုသုံးထောင်နယ်မြေကနေ ထွက်လာပြီးနောက် တောရိုင်းကျောင်းကို သွားခဲ့ပါတယ်။

​"ကံဆိုးခြင်းကပ်ဘေး ကျော်ဖြတ်ပြီးပြီလား"

​ရွှင်အဘိုးအိုက ဖန့်ချန်ကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်ပါတယ်။

​"ကံကောင်းလို့ ကျော်ဖြတ်နိုင်ခဲ့တာပါ"

​ဖန့်ချန်က ရယ်မောရင်း

"ဒီတစ်ခါ ကံဆိုးခြင်းကပ်ဘေးမှာ ကျွန်တော် လွတ်လပ်သောမသေမျိုး နှစ်ယောက်နဲ့ တွေ့ခဲ့တယ် တစ်ယောက်က ချင်းရှ မိစ္ဆာသခင် တဲ့၊ နောက်တစ်ယောက်ကတော့ အမျိုးသမီးတစ်ယောက်ပဲ၊ သူက ရှေ့ကလူကို လိုက်သတ်နေတာ"

​"......"

​ရွှင်အဘိုးအိုက ဖန့်ချန်ကို ဆွံ့အသလို ကြည့်လိုက်ပါတယ်

"ဒီနယ်မြေမှာ နှစ်ပေါင်းများစွာအတွင်း ချောင်ဖုန်းမြေက လွတ်လပ်သောမသေမျိုးတွေ တစ်ခါတစ်လေ လာတတ်တာကလွဲရင်၊ ဘယ်လွတ်လပ်သောမသေမျိုးကမှ ဒီလို ဆင်းရဲတဲ့နေရာကို လာချင်ကြတာ မဟုတ်ဘူး မင်းကတော့ ကံဆိုးခြင်းကပ်ဘေး တစ်ခုတည်းနဲ့တင် လွတ်လပ်သောမသေမျိုး နှစ်ယောက်တောင် ဆွဲခေါ်လာနိုင်တာလား"

​"ရွှင်အဘိုး... အဘိုး မိစ္ဆာသန္ဓေသား အကြောင်းကို ဘယ်လို မြင်လဲ "

ဖန့်ချန်က အကဲခတ်ရင်း မေးလိုက်ပါတယ်။

​"နားမလည်ဘူး၊ မမြင်တတ်ဘူး"

​ရွှင်အဘိုးအိုက ခေါင်းခါလိုက်ပြီး ခေတ္တ တိတ်ဆိတ်သွားကာ

"ဒီလောကမှာ ကျင့်ကြံခြင်း လမ်းစဉ်တွေက သောင်းနဲ့ချီ ရှိတာပဲ လွတ်လပ်သောမသေမျိုး ဖြစ်နေရင်တောင် အရာအားလုံးကို သိဖို့ မဖြစ်နိုင်ဘူး ငါတို့လို လူတွေလည်း အမှောင်ထဲမှာ စမ်းတဝါးဝါးနဲ့ ရှေ့ဆက်နေကြရတာပါပဲ"

​"ရွှင်အဘိုး ပြောချင်တာက... မိစ္ဆာသန္ဓေသား ဆိုတာလည်း ကျင့်ကြံခြင်း လမ်းစဉ်တစ်ခုပဲလို့ ဆိုလိုတာလား ဓားကျင့်ကြံသူ လမ်းစဉ်လိုမျိုးပေါ့ "

ဖန့်ချန်က မေးပါတယ်။

​"ဖြစ်နိုင်တာပဲ... ဒါမှမဟုတ်... အင်း၊ ဟုတ်လောက်မှာပါ"

​ရွှင်အဘိုးအိုက တိကျတဲ့ အဖြေ မပေးပါဘူး။

သူက ခဏရပ်ပြီး ဖန့်ချန်ကို ကြည့်လိုက်ပါတယ်

"အဲဒီ လွတ်လပ်သောမသေမျိုး နှစ်ယောက်အကြောင်း မင်း ဂရုစိုက်နေစရာ မလိုပါဘူး ဒီနေရာမှာ သူတို့ စိတ်ဝင်စားစရာ ဘာမှ မရှိဘူး၊ ဖြတ်သွားဖြတ်လာပဲ ဖြစ်မှာပါ ဒီနေ့ မင်း လာတာက ဝိညာဉ်ခွဲဖြာခြင်း နည်းလမ်းအကြောင်း မေးမလို့ မဟုတ်လား "

​"ရွှင်အဘိုးက လက်တွက်ကြည့်လိုက်တာနဲ့တင် ကျွန်တော် ဘာလာလုပ်တယ်ဆိုတာ သိနေတာပဲကျွန်တော် လေးစားမိပါတယ်"

ဖန့်ချန်က ရိုရိုသေသေ ပြုံးပြလိုက်ပါတယ်။

​"အရင်ဆုံး ပြောကြည့်ဦး၊ မင်း ဝိညာဉ် ဘယ်နှစ်ခု ခွဲထုတ်ဖို့ စဉ်းစားထားလဲ ငါပေးချင်တဲ့ အကြံပြုချက်ကတော့ ၃ ခုကနေ ၆ ခုအထိပဲ ဒါက အန္တရာယ် အကင်းဆုံးပဲ ၁ ခုနဲ့ ၃ ခုကြားကိုတော့ ထည့်မစဉ်းစားနဲ့တော့"

"မင်းရဲ့ ပါရမီနဲ့ နောက်ခံအရဆိုရင် အဲဒါက ဖြုန်းတီးရာ ရောက်လိမ့်မယ် ဒါပေမဲ့ မင်းက ပေါင်းစပ်ခြင်းအဆင့်ကို အမြန်ဆုံး ရောက်ချင်တယ်ဆိုရင်တော့ ဝိညာဉ်တစ်ခုတည်းပဲ ခွဲထုတ်လို့ ရပါတယ်"

"နောင်ကျရင် အခြေခံ နည်းနည်း လိုအပ်ချက် ရှိနိုင်ပေမဲ့၊ လွတ်လပ်သောမသေမျိုး အဆင့်ကို မရောက်မချင်းတော့ အဲဒီ ကွာခြားချက်က သိပ်မသိသာပါဘူး"

ရွှင်အဘိုးအိုက အေးအေးဆေးဆေး ပြောပါတယ်။

​"တကယ်လို့ ဝိညာဉ် ၁၀ ခု ခွဲထုတ်တဲ့လူ ရှိသလားလို့ သိချင်လို့ပါ"

ဖန့်ချန်က စူးစမ်းသလို မေးလိုက်ပါတယ်။

​"၁၀ ခု အဲဒီလောက်ဆိုရင် မင်း သုံးဖို့ ဝိညာဉ်စုစည်းရည်တောင် လုံလောက်မှာ မဟုတ်ဘူး ငါ သိခဲ့ဖူးတဲ့ လူတစ်ယောက် ရှိတယ် သူက ဝိညာဉ် ၉ ခု ခွဲထုတ်ခဲ့တာ နောက်ဆုံး သူ သေဆုံးသွားတဲ့အချိန်မှာတောင် အမြင့်ဆုံး ဝိညာဉ်က ဝိညာဉ်ခွဲဖြာခြင်းအဆင့် အလယ်အလတ်ပဲ ရှိသေးတယ် ကျန်တာတွေကတော့ ဝိညာဉ်ခွဲဖြာခြင်းအဆင့် အစောပိုင်းမှာတင် ရပ်နေခဲ့တာ"

​ရွှင်အဘိုးအိုက ရယ်မောရင်း

"၁၀ ခုအကြောင်းကိုတော့ မတွေးပါနဲ့တော့ ၉ က အဆုံးစွန် ကိန်းဂဏန်းပဲ တကယ်လို့ ဒီအရေအတွက်ထက် ကျော်သွားရင် မင်းရဲ့ မူလကိုယ်ထည်အပေါ် သက်ရောက်မှု ရှိလာနိုင်တယ် အဲဒီအချိန်ကျရင် ပေါင်းစပ်ခြင်းအဆင့်ကို တက်လှမ်းမယ့်သူက... ဘယ်သူ ဖြစ်လာမလဲ မသိနိုင်တော့ဘူး"

​"ရွှင်အဘိုး ပြောချင်တာက... တကယ်လို့ ၁၀ ခုထက် ကျော်သွားရင်၊ ပိုလာတဲ့ ဝိညာဉ်က တခြား လူတစ်ယောက် ဖြစ်သွားမှာလား "

ဖန့်ချန် အံ့ဩသွားပါတယ်။

​"အဲဒီလိုလည်း ပြောလို့ရပါတယ်၊ ဒါပေမဲ့ တခြားလူတစ်ယောက် မဟုတ်ဘူး ဒါက မင်းလည်း ဟုတ်တယ်၊ ဒါပေမဲ့ မင်းလည်း မဟုတ်ဘူး"

ရွှင်အဘိုးအိုက တိုးတိုးလေး ပြောလိုက်ပါတော့တယ်ဗျာ။

All Chapters