← Chapters

အခန်း (၂၉၇၉-၂၉၈၀)

Vol. 298 Ch. 2979-2980

အခန်း (၂၉၇၉-၂၉၈၀)

Vol. 298 Ch. 2979-2980

အခန်း (၂၉၇၉) - ဖိနှိပ်ခြင်း

​"ချိုင်ကျင်းဆိုတာ ဘယ်သူလဲ။"

​ရှဲ့အာမန်က ထူးဆန်းသလိုလိုဖြင့် တစ်ချက် မေးလိုက်သည်။

​နောက်ဆုံးတစ်ကြိမ် ဆန်းနယဲ့ စစ်မြေပြင်သို့ လာခဲ့စဉ်က သူမသည် ချိုင်ကျင်းဆိုသူ၏ နာမည်ကို မကြားဖူးသလို သူ့ကိုလည်း မတွေ့မြင်ခဲ့ဖူးပေ။

​ဖန့်ချန်က ပြုံး၍ တစ်ချက် ရှင်းပြလိုက်သည်။

​ရှဲ့အာမန်နှင့် ဝမ်ချုံစန်းတို့မှာ ထူးဆန်းသည်ဟု ခံစားလိုက်ရပြီး သူတို့၏ မျက်ဝန်းထဲတွင်လည်း လေးနက်သော အမူအရာများ ပေါ်ပေါက်လာသည်။

​ထိုအချိန်တွင် ကောင်းကင်ပေါ်ရှိ မျက်နှာပြင်မှာ ဖြည်းဖြည်းချင်း ပွင့်လာပြီး အတွင်း၌ လော့ထျန်းဝမ်နှင့် ချိုင်ကျင်းတို့၏ ပုံရိပ်များ ပေါ်လာသည်။

​ရက်အနည်းငယ် အနားယူပြီးနောက် ချိုင်ကျင်း၏ စွမ်းအားများမှာ ပြန်လည်ကောင်းမွန်လာပုံရပြီး အခြေအနေမှာလည်း အလွန်ပင် ကောင်းမွန်နေသည်။

​အပြင်ဘက်တွင်မူ ဘေးအန္တရာယ်ကြယ် များစွာမှာ ဤယှဉ်ပြိုင်မှုကို ကြည့်ရှုရန် စုရုံးရောက်ရှိနေကြသည်။

​ဤဘေးအန္တရာယ်ကြယ်အုပ်စုကို ထုံယိုဧကရာဇ်က ဦးဆောင်နေသည်။

​အနည်းငယ် လှမ်းသောနေရာတွင်မူ ချိုင်ရှူးနှင့် သွေးနတ်ဘုရား အင်ပါယာမှ သူတော်စင်များမှာလည်း ခေါင်းမော့၍ ကြည့်ရှုနေကြသည်။

​"ဒီချိုင်ကျင်းက အစ်ကိုကြီးလက်ထဲမှာ အရှုံးပေးထားပြီးသားကို အခု လော့ထျန်းဝမ်ရဲ့ စိန်ခေါ်မှုကို ထပ်လက်ခံရဲသေးတယ်။ တကယ့်ကို သေချင်နေတာပဲ။"

​ဘေးအန္တရာယ်ကြယ်တစ်ဦးက အေးစက်စက် လှောင်ပြုံးဖြင့် ပြောလိုက်သည်။

​သူက ချိုင်ရှူးတို့ဘက်သို့ ကြားစေရန် ရည်ရွယ်၍ ပြောလိုက်ခြင်း ဖြစ်သည်။

​ချိုင်ရှူးက ထိုဘေးအန္တရာယ်ကြယ်ကို တစ်ချက် စောင်းကြည့်လိုက်သော်လည်း စကားပြန်မပြောဘဲ အမူအရာ တည်တင်းစွာဖြင့် ကောင်းကင်ပေါ်ရှိ မျက်နှာပြင်ကိုသာ ဆက်လက် ကြည့်ရှုနေသည်။

​နေရာဒေသအသီးသီးရှိ စခန်းများမှ သူတော်စင်များမှာလည်း ဝူရှန်းပေမြိန့် စခန်းတွင် အဆင့်မြင့် တိုက်ပွဲတစ်ခု ထပ်မံဖြစ်ပွားတော့မည်ကို သိရှိသဖြင့် လက်ရှိ လုပ်လက်စ အလုပ်များကို ဖယ်ထားကာ အားလုံး အာရုံစိုက် ကြည့်ရှုနေကြသည်။

​"ယဲ့ထျန်းဂူကို စိန်ခေါ်ခဲ့တဲ့ ကောင်ပဲ၊ သူက မသေဘူးလား။"

​"သူ့အသက်ကလည်း တကယ့်ကို မာလွန်းတယ်။ ယဲ့ထျန်းဂူကို ရှုံးထားတာတောင် မပြီးသေးဘဲ လော့ထျန်းဝမ်ကို ထပ်စိန်ခေါ်ရဲသေးတယ်၊ လော့ထျန်းဝမ်ကလည်း ကြေးနီသူတော်စင်ခန်းမရဲ့ အရန်ကိုယ်စားလှယ်ပဲဆိုတာ သူ မသိဘူးလား။"

​"စိတ်ဝင်စားဖို့ ကောင်းလာပြီ၊ သေချာကြည့်ကြ။ ဝူရှန်းပေမြိန့် စခန်းရဲ့ ပြိုင်ဘက်က ထျန်းရွှမ် စခန်းလို့ ကြားတယ်။ အထက်က ဒီလို စီစဉ်ထားတယ်ဆိုတာ ဝူရှန်းပေမြိန့် စခန်းရဲ့ အရင်းအမြစ်တွေက လုံလောက်စွာ သန်မာနေလို့ ဖြစ်ရမယ်။ သူတို့ ဘယ်လောက်တောင် သန်မာလဲဆိုတာ အတူတူ ကြည့်ကြရအောင်။"

​ထျန်းရွှမ် စခန်း။

​ထိုနေရာရှိ ထိပ်တန်း ကျွမ်းကျင်သူများမှာလည်း ဤတိုက်ပွဲကို သတိပြုမိပြီးနောက် တစ်ဖန် ပြန်လည် စုရုံးလာကြသည်။

​"အစ်မကြီး၊ လော့ထျန်းဝမ်က ဒီလူရဲ့ ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား။"

​သူတော်စင်တစ်ဦးက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းသည်။

​အစ်မကြီးဖြစ်သူက ခဏတာ တိတ်ဆိတ်သွားပြီးနောက် အေးဆေးစွာ ပြောသည်။

​"အခုတော့ ဘာမှ ပြောလို့မရသေးဘူး။"

​ဘာမှ ပြောလို့မရသေးဘူးလား

​ဆိုလိုသည်မှာ အစ်မကြီး၏ အမြင်တွင် လော့ထျန်းဝမ်၏ ပြိုင်ဘက်မှာ လော့ထျန်းဝမ်ကို အနိုင်ယူသွားနိုင်သည့် အခွင့်အရေး ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

​ဤအချက်ကို တွေးမိသောအခါ သူတော်စင် အများအပြားမှာ စိတ်ထဲတွင် လျှို့ဝှက်စွာ တုန်လှုပ်သွားကြသည်။

​သေးငယ်သော ဝူရှန်းပေမြိန့် စခန်းမှ ကြေးနီသူတော်စင်ခန်းမ၏ အရန်ကိုယ်စားလှယ် နှစ်ဦး ထွက်ပေါ်လာသည်က တစ်မျိုး၊ ယခုအခါတွင်လည်း အသစ်အဆန်း မျက်နှာတစ်ခုက ထိုအဆင့်ထိ ရောက်နေပြန်ပြီလား။

​... ...

​"ငါက ယဲ့ထျန်းဂူနဲ့ တစ်ပွဲလောက် ထပ်ယှဉ်ပြိုင်ဖို့ ရှိသေးတာ။"

​ချိုင်ကျင်းက လော့ထျန်းဝမ်ကို ကြည့်ကာ အေးဆေးစွာ ပြောသည်။

​လော့ထျန်းဝမ်က ပြုံး၍ -

"မင်းက ယဲ့ထျန်းဂူရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး၊ အရင်ဆုံး ငါနဲ့ တစ်ပွဲလောက် ယှဉ်ကြည့်လိုက်ဦးပေါ့။"

​"ငါက ယဲ့ထျန်းဂူရဲ့ ပြိုင်ဘက် မဟုတ်ဘူးလား မင်းက သေချာပေါက် ပြောနေတာလား ကဲပါလေ၊ ဒီ ဝူရှန်းပေမြိန့် စခန်းထဲမှာ ယဲ့ထျန်းဂူလောက်ပဲ ငါ့မျက်စိထဲ ဝင်တာ။

​မင်းကတော့ အဲဒီနေရာကို ရဖို့ မလောက်သေးဘူး။"

​ချိုင်ကျင်းက အေးစက်စွာ ရယ်မောလိုက်ပြီး ခန္ဓာကိုယ်အတွင်းမှ 'လူ့လောက' စွမ်းအားကို ယခင်က ဖန့်ချန်ကို တိုက်ခိုက်ခဲ့သကဲ့သို့ ဖြည်းဖြည်းချင်း ဖြန့်ကျက်လိုက်သည်။

​"နတ်ဘုရား ဆင်းသက်ခြင်း နည်းလမ်း "

​လော့ထျန်းဝမ်သည် ထူးခြားမှုကို ခံစားမိသဖြင့် ချက်ချင်းပင် သူ့၏ ထူးခြားသော စွမ်းအားကို အသုံးပြုလိုက်သည်။

​သူ၏ နောက်ကျောဘက်တွင် အရိပ်အယောင် အချို့ ပေါ်လာသည်။

​"ငြိမ် "

​လော့ထျန်းဝမ်၏ ပါးစပ်မှ နူးညံ့သော အမျိုးသမီးအသံ တစ်ခု ထွက်ပေါ်လာသည်။

​ကြောက်မက်ဖွယ်ကောင်းသော တားဆီးနိုင်သည့် စွမ်းအားများမှာ ချိုင်ကျင်းထံသို့ တိုးဝင်သွားသည်။

​သို့သော် ခဏအကြာတွင် လော့ထျန်းဝမ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

​သူ၏ စွမ်းအားများအားလုံးမှာ 'လူ့လောက' စွမ်းအားထဲတွင် ပျောက်ကွယ်သွားခဲ့ရသည်။

​ချိုင်ကျင်း၏ မျက်ဝန်းထဲတွင် အေးစက်သော လှောင်ပြုံးတစ်ခု ပေါ်လာပြီး လော့ထျန်းဝမ်ထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။

​လော့ထျန်းဝမ်က တစ်ဖန် ထပ်အော်သည်။

"သတ်"

​အရိပ်အယောင် သိန်းပေါင်းများစွာမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။

​သို့သော် 'လူ့လောက' စွမ်းအားကြောင့်ပင် အရာအားလုံးမှာ ဘာအရိပ်အယောင်မှ မကျန်ရစ်ဘဲ ပျောက်ကွယ်သွားပြန်သည်။

​မျက်စိတစ်မှိတ်အတွင်းမှာပင် 'လူ့လောက' စွမ်းအားမှာ လော့ထျန်းဝမ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

​သူ၏ ထူးခြားသော စွမ်းအားများအားလုံးမှာ မှေးမှိန်သွားသည်။

​လော့ထျန်းဝမ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ၏ ပါးစပ်မှ ကလေးတစ်ဦးကဲ့သို့ နုနယ်သော အသံတစ်ခု ထွက်ပေါ်လာသည်။

​"မရေဘူး၊ မရေဘူး၊ ငါတို့ နောက်တစ်ခေါက် ထပ်ယှဉ်မယ် "

​ခဏတာအတွင်းမှာပင် လော့ထျန်းဝမ်၏ ကိုယ်ပေါ်ရှိ 'လူ့လောက' စွမ်းအားမှာ မှေးမှိန်သွားဟန် ရှိသည်။

​သို့သော်လည်း ထိုသည်မှာ ခဏတာမျှသာ ဖြစ်သည်။

​'လူ့လောက' စွမ်းအားမှာ အနိုင်မရှိသော နတ်ဘုရားတစ်ပါးကဲ့သို့ လော့ထျန်းဝမ်ကို တဖြည်းဖြည်းချင်း ဖိနှိပ်လိုက်သည်။

​ချိုင်ကျင်းက လော့ထျန်းဝမ်၏ ရှေ့သို့ ရောက်သွားပြီး သူ၏ လက်ချောင်းထိပ်ဖြင့် လော့ထျန်းဝမ်၏ လည်ပင်းကို အသာအယာ ခြစ်လိုက်သည်။

​လော့ထျန်းဝမ်ကမူ ပြန်လည် တုံ့ပြန်နိုင်စွမ်း မရှိတော့ဘဲ ထိုလူကိုသာ ကြည့်နေရသည်။

​မျက်နှာပြင် အပြင်ဘက်ရှိ လူများအားလုံး၏ အကြည့်များမှာ ထိုအခိုက်အတန့်တွင် အံ့အားသင့်သွားကြသည်။

​ထုံယိုဧကရာဇ်မှာ ဘာမှန်းမသိတော့ဘဲ တွေဝေသွားသည်။

​ရုတ်တရက် သူတစ်ခုခုကို သတိပြုမိသွားကာ အနီးအနားရှိ ချိုင်ရှူးကို ကြည့်လိုက်ရာ ထိုသူကလည်း သူ့ကို စိုက်ကြည့်နေပြီး မျက်ဝန်းထဲတွင် လှောင်ပြုံးများဖြင့် ဖြစ်သည်။

​ထုံယိုဧကရာဇ်သည် အသက်ကို ပြင်းပြင်းရှိုက်လိုက်ပြီးနောက် ဦးရေပြားတစ်ခုလုံး တုန်ယင်သွားသည်။

​သူ့ကို တစ်ချက်တည်းနှင့် အနိုင်ယူခဲ့သည့် လော့ထျန်းဝမ်သည် ယခု ချိုင်ကျင်းရှေ့တွင် ပြန်လည် တုံ့ပြန်နိုင်စွမ်းပင် မရှိတော့ဘူးလား။

​"ဒီကောင်က ဘယ်လို ဘီလူးဆိုးမျိုးလဲ "

​ထိုလူက မည်သို့သော နည်းလမ်းဖြင့် လော့ထျန်းဝမ်ကို ဤမျှ လွယ်ကူစွာ ဖိနှိပ်လိုက်နိုင်သလဲဆိုတာကို ထုံယိုဧကရာဇ် မတွေးတောနိုင်တော့ပေ။

​"အစ်ကိုလော့တောင် တစ်ချက်တည်းနဲ့ ရှုံးသွားတာ၊ ဒါဆို ငါဆိုရင်..."

​ထုံယိုဧကရာဇ်၏ ရင်ထဲတွင် အေးစက်သွားသည်။

​သူက လော့ထျန်းဝမ်၏ တစ်ချက်တည်း အနိုင်ယူခြင်းကို ခံခဲ့ရသူ၊ လော့ထျန်းဝမ်ကလည်း ဒီလူရဲ့ လွယ်ကူစွာ ဖိနှိပ်ခြင်းကို ခံခဲ့ရသူ။

​ဆိုလိုသည်မှာ သူနှင့် ချိုင်ကျင်းကြားက ကွာဟချက်မှာ စိတ်ကူးကြည့်၍ပင် မရနိုင်တော့သည့်အထိ ကြီးမားနေပြီ ဖြစ်သည်။

​အရင်က ရခဲ့တဲ့ တစ်ချက်က တကယ်ကို မမှားခဲ့ပါဘူး။

​"ကောင်းပါတယ်၊ ကောင်းပါတယ်၊ အစ်ကိုလော့ ရှုံးသွားတာ ဘာမှ မဖြစ်ဘူး၊ ချိုင်ကျင်းက အစ်ကိုကြီးရဲ့ ပြိုင်ဘက် မဟုတ်သေးပါဘူး၊ ဝူရှန်းပေမြိန့် စခန်းရဲ့ အခြေအနေက အရင်အတိုင်းပဲ "

ထိုအချက်ကို တွေးမိသောအခါ ထုံယိုဧကရာဇ် စိတ်အေးသွားသည်။

​အနီးအနားရှိ ရှားရှန်းများမှာလည်း သူ့နည်းတူပင် ဖြစ်ဟန်ရှိသည်။ စိတ်လှုပ်ရှားမှု အနည်းငယ် ဖြစ်ပြီးနောက် တဖြည်းဖြည်းနှင့် တည်ငြိမ်သွားကြသည်။

​... ...

​"ခုနကသာ ငါ မင်းကို သတ်ချင်ရင် မင်း သေနေပြီ။"

​ချိုင်ကျင်းက လော့ထျန်းဝမ်ကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောသည်။

​"မင်းရဲ့ နည်းလမ်းက ဘာလဲ။"

​လော့ထျန်းဝမ်၏ အသံမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး မျက်နှာမှာမူ အရင်ကထက် ပိုမို တည်တင်းနေသည်။

​ယခင်က ယဲ့ထျန်းဂူနှင့် ယှဉ်ပြိုင်ခဲ့စဉ်ကတောင် သူ ဤမျှ လွယ်ကူစွာ မရှုံးခဲ့ပေ။

​သူ၏ နတ်ဘုရား ဆင်းသက်ခြင်း နည်းလမ်းဖြင့် ခေါ်ဆောင်လာသည့် နတ်ဘုရား သုံးပါးပင်လျှင် သူ့ရှေ့တွင် မယှဉ်နိုင်ခဲ့ပေ...

​သူ၏ နောက်ကျောဘက်တွင် အမျိုးသမီးတစ်ဦး၊ အမူအရာ တည်တင်းသော လူငယ်တစ်ဦးနှင့် ကလေးငယ် တစ်ဦးတို့ ရပ်နေကြသည်။

​"လော့ထျန်းဝမ်၊ ဒီလူက ရိုးရိုးရှင်းရှင်း မဟုတ်ဘူး၊ ငါတို့ သုံးယောက်လုံးတောင် မင်းကို မကူညီပေးနိုင်ဘူး။"

​"ထားလိုက်ပါ၊ အရှုံးပေးလိုက်တာ ပိုကောင်းပါတယ်၊ တစ်ခါရှုံးတာ ရှက်စရာ မဟုတ်ပါဘူး။"

​"အရင်တစ်ခါလည်း ရှုံးခဲ့တာပဲလေ။"

​နတ်ဘုရား သုံးပါးက အလှည့်ကျ စကားပြောကြသည်။

​လော့ထျန်းဝမ်သည် အခြေအနေကို သိရှိသွားသဖြင့် သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

​"ငါ ရှုံးပါတယ်။"

​"အင်း၊ ငါ့ကို ပေးရမယ့် နိဗ္ဗာန် တားမြစ်နယ်မြေ ဆယ်ခုကို လိမ်မနေနဲ့နော်။"

​ချိုင်ကျင်းက ခေါင်းအသာညိတ်သည်။

​"စိတ်ချပါ၊ ဆန်းနယဲ့ စစ်မြေပြင်မှာ စည်းကမ်းဆိုတာ ရှိတယ်။"

​လော့ထျန်းဝမ်က ပြောသည်။

​လော့ထျန်းဝမ်၏ အရှုံးပေးလိုက်မှုနှင့်အတူ မျက်နှာပြင်မှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

​ရွှေရောင် အလင်းတန်းနှစ်ခု ကျရောက်လာသည်။

​လော့ထျန်းဝမ်သည် ထုံယိုဧကရာဇ်ဘေးသို့ ရောက်ရှိသွားသည်။

​သူ၏နောက်လိုက်ငယ် ဆယ့်နှစ်ဦးမှာ အလျင်အမြန်ပင် ရှေ့သို့ တိုးလာပြီး စိုးရိမ်တကြီးဖြင့် ကြည့်ရှုကြသည်။

​ချိုင်ရှူးတို့ သွေးနတ်ဘုရား အင်ပါယာမှ သူတော်စင်များမှာမူ အလွန်ပင် စိတ်လှုပ်ရှားနေကြပြီး ပျော်ရွှင်နေကြသည်။

​"နောက်ထပ် အချိန်အနည်းငယ် ကြာရင် ငါ ယဲ့ထျန်းဂူကို ထပ်စိန်ခေါ်မယ်၊ အခုကြည့်ရသလောက်ဆိုရင် သူက ဝူရှန်းပေမြိန့် စခန်းရဲ့ နံပါတ်တစ် သူတော်စင် ဖြစ်ရမယ်။

​ဒါပေမဲ့ ဒီနာမည်ကို သူ ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့။

​မင်းတို့တွေ နောက်တစ်ခါ ငါ့ကို မြင်ရင်လည်း အစ်ကိုကြီးလို့ ခေါ်ရလိမ့်မယ်။"

​ချိုင်ကျင်းက ရှိနေသည့် သူတော်စင်များကို ကြည့်ကာ အေးဆေးစွာ ပြောသည်။

​စကားပြောပြီးနောက် သူသည် ချိုင်ရှူးကို ခေါ်ဆောင်ကာ ထွက်ခွာသွားသည်။

​ချိုင်ရှူးက တိုးတိုးလေး လှမ်းပြောသည်။

"အစ်ကိုကြီး၊ ခုနက မင်းမှာ လော့ထျန်းဝမ်ကို သတ်ဖို့ အခွင့်အရေး ရှိခဲ့တာ။"

​"ဒီနေရာက သူတော်စင်တွေကို လက်အောက်ခံဖို့ဆိုရင် သတ်ဖြတ်ခြင်းတစ်ခုတည်းနဲ့ မရဘူး၊ ငါတို့ လာရတဲ့ ရည်ရွယ်ချက်ကို မမေ့နဲ့။"

​ချိုင်ကျင်းက ပါးစပ်ကို အသာလှုပ်ရှားလိုက်သည်။

​ချိုင်ရှူးက အလျင်အမြန် ခေါင်းညိတ်သည်။

"ဟုတ်ကဲ့၊ ဟုတ်ကဲ့။"

​ချိုင်ကျင်းတို့ ထွက်သွားပြီးနောက် ထုံယိုဧကရာဇ်က လော့ထျန်းဝမ်ကို စိတ်ပျက်စွာ ကြည့်လိုက်သည်။

​"မင်း သူ့ကို စိန်ခေါ်စရာ မလိုပါဘူး၊ အခုတော့ သူ ပိုပြီး မောက်မာနေပြီ၊ ငါ အစ်ကိုကြီးဆီ သွားပြီး ဒီကိစ္စကို ပြောပြတော့မယ်။"

​လော့ထျန်းဝမ်က ပါးစပ်ကို လှုပ်ရှားလိုက်သော်လည်း တားဆီးရန် ဟန်ပြင်ပြီးမှ နောက်ဆုံးတွင် စကားမပြောတော့ဘဲ ထုံယိုဧကရာဇ်နောက်သို့ လိုက်ကာ ဖန့်ချန်၏ တည်းခိုရာသို့ ဦးတည်သွားတော့သည်။

​အခန်း (၂၉၈၀) - ငါအခုပဲ သွားပြီး တစ်ယောက်ချင်း ယှဉ်ပြိုင်မယ်

​လော့ထျန်းဝမ်၏ ဤတိုက်ပွဲမှာ တကယ့်ကိုပင် သူတော်စင်များစွာ၏ မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့သည်။

​နေရာအသီးသီးမှ စခန်းခေါင်းဆောင်များ၊ ကျွမ်းကျင်သူများသည် ထိုအချိန်တွင် ချိုင်ကျင်းကို ပြန်လည်၍ အကဲဖြတ်စပြုလာကြသည်။

​ထျန်းရွှမ် စခန်း။

​ထိုအစ်မကြီးဖြစ်သူမှာ ဤတိုက်ပွဲကို ကြည့်ရှုပြီးသည့်နောက် ပတ်ဝန်းကျင်ရှိ သူတော်စင်များ တိတ်ဆိတ်နေသည်ကို မြင်သောအခါ အေးဆေးစွာ ပြောလိုက်သည်။

​"ဒီတစ်ခါ အာဏာလုပွဲမှာ ချိုင်ကျင်းကို နည်းနည်းလေးတော့ သတိထားဖို့ လိုလိမ့်မယ်။ ဒါပေမဲ့ ငါတို့အတွက် တကယ့် ခြိမ်းခြောက်မှုကတော့ အရင်အတိုင်းပဲ ယဲ့ထျန်းဂူပဲ ဖြစ်နေလိမ့်ဦးမယ်။"

​"အစ်မကြီး၊ အကယ်၍ ချိုင်ကျင်းနဲ့ ယဲ့ထျန်းဂူသာ ပူးပေါင်းလိုက်ကြရင်..."

​"အဲဒီလိုဆိုရင် တခြားသူတွေကိုလည်း ဖိတ်ခေါ်ပြီးတော့ ပူးပေါင်းဖို့ ကိစ္စကို ဆွေးနွေးကြည့်ရင် မကောင်းဘူးလား။"

​"အစ်မကြီးက ယဲ့ထျန်းဂူနဲ့ ချိုင်ကျင်းကို ရင်ဆိုင်ဖို့အတွက် သူတို့နဲ့ ပူးပေါင်းစရာ လိုလို့လား သူတို့ ဘယ်လောက်တောင် မောက်မာလဲဆိုတာ အစ်မကြီးလည်း သိတာပဲ၊ အစ်မကြီးသာ သူတို့ဆီ သွားရင် သူတို့ရဲ့ လှောင်ပြောင်ခြင်းကို ခံရမှာ အသေအချာပဲလေ "

​"အင်း... ဒါလည်း ဟုတ်တာပါပဲ..."

​"မင်းတို့တွေ အငြင်းပွားနေစရာ မလိုပါဘူး။"

​အမျိုးသမီးက အေးဆေးစွာ ပြောသည်။

"တကယ်သာ အဲဒီအချိန် ရောက်လာပြီး ထျန်းရွှမ် စခန်းရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်လာရင် အဲဒီလူတွေကလည်း သူ့အလိုလို ငါ့ဆီကို လာပြီး ဆွေးနွေးလိမ့်မယ်။"

​သူတော်စင်များ၏ မျက်လုံးများမှာ ရုတ်တရက် တောက်ပသွားကြသည်။

​... ...

​မူလကပင် အလွန် မကျယ်ဝန်းလှသော ခြံဝင်းမှာ ထုံယိုဧကရာဇ်တို့ ရောက်ရှိလာသဖြင့် ရုတ်တရက်ပင် ကျပ်ညပ်သွားသလို ခံစားရသည်။

​အချို့သော ဘေးအန္တရာယ်ကြယ် များမှာ ထိုင်ခုံပင်မရှိသဖြင့် ထောင့်တစ်နေရာတွင်သာ မတ်တပ်ရပ်နေကြရသည်။

​ဖန့်ကျစ်ရွှယ်သည် သူတို့တစ်အုပ်ကြီး အစီအရီ ဝင်ရောက်လာပြီး 'အစ်ကိုကြီး' ဟု တစ်ခွန်းချင်း ခေါ်ဝေါ်နေကြသည်ကို မြင်သောအခါ ဖန့်ချန်ကို ကြည့်သည့် သူမ၏ မျက်ဝန်းများမှာ တောက်ပနေသည်။

​သူမသည် ဆန်းနယဲ့ စစ်မြေပြင်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သည်။ ယခင်က ကြားဖူးသော်လည်း မျက်မြင်ကိုယ်တွေ့ ကြုံရခြင်းမှာ ပို၍ ထိတ်လန့်စရာကောင်းလှသည်။

​ဤသည်မှာ ကြီးမားလှသော ဝူရှန်းပေမြိန့် စခန်းအတွင်းရှိ နယ်မြေအသီးသီးမှ လာရောက်ကြသည့် ဆန်းနယဲ့ စစ်သည်တော်များမှာ သူမ၏ အစ်ကိုကြီးလက်အောက်တွင် စိတ်ရောကိုယ်ပါ အရှုံးပေးလိုက်ရပြီဖြစ်ကြောင်း ပြသနေသည်။

​"အစ်ကိုကြီးက လာတာ ရာစုနှစ်ငါးခုတောင် မပြည့်သေးဘဲနဲ့ ဒီလောက်ထိ အောင်မြင်မှုတွေ ရနေပြီ။ ဒီအတိုင်းသာ ဆက်လက် စီမံသွားရင် နောက်နှစ်အနည်းငယ်အတွင်းမှာ ဘယ်လောက်တောင် များပြားတဲ့ အင်အားစုတွေကို စုစည်းနိုင်လိုက်မလဲ"

​ထိုအချက်ကို တွေးမိသောအခါ ဖန့်ကျစ်ရွှယ်၏ ရင်ထဲတွင် လျှို့ဝှက်စွာဖြင့် ပျော်ရွှင်နေမိသည်။

​"အစ်ကိုကြီး၊ ခုနက တိုက်ပွဲကိုလည်း ကြည့်ပြီးပြီ မဟုတ်လား၊ အစ်ကိုလော့ကတော့ တကယ်ကို စိတ်ပျက်ဖို့ ကောင်းလိုက်တာ။"

​ထုံယိုဧကရာဇ်က ခေါင်းခါ၍ သက်ပြင်းချကာ သူ့ပါးပြင်ကို တစ်ချက် ပွတ်သပ်လိုက်သည်။

​ထောင့်တွင် ရပ်နေသည့် ရှန်းပါဝမ်ကလည်း သူ့ပါးပြင်ကို လိုက်ပွတ်သည်။

​ထုံယိုဧကရာဇ်ကိုယ်တိုင်လည်း တစ်ဖက်လူ၏ ပါးရိုက်ခြင်းကို ခံခဲ့ရသည်ဟု တွေးမိသောအခါ သူခံခဲ့ရသည့် ပါးရိုက်ချက်မှာ ဘာမှမဟုတ်တော့ဟု ခံစားလိုက်ရသည်။

​လော့ထျန်းဝမ်က ဖန့်ချန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး ထိုစကားကို ကြားသောအခါ တစ်ဖက်သို့ မျက်နှာလွှဲလိုက်သည်။

နတ်ဘုရားငယ် ၁၂ပါး တို့မှာ ပြောချင်သော်လည်း မပြောဖြစ်ဘဲ ငြိမ်နေကြသည်။

​"ဒါပေမဲ့ အရေးကြီးဆုံးက အစ်ကိုလော့ ရှုံးသွားတာ မဟုတ်ဘူး၊ ချိုင်ကျင်းဆိုတဲ့ ကောင်က တကယ့်ကို မောက်မာလွန်းလို့။

​သူ အရင်က အစ်ကိုကြီးရဲ့ သင်ခန်းစာကို ခံခဲ့ရပြီးသားကို အခုထိ မပြင်သေးဘူး၊ အစ်ကိုကြီးကို အနိုင်ယူပြီးတော့ ကျွန်တော်တို့ကို သူ့ကို 'အစ်ကိုကြီး' လို့ ပြန်ခေါ်ခိုင်းမယ်တဲ့ "

​ထုံယိုဧကရာဇ်မှာ ဒေါသထွက်ကာ အာပေါင်အာရင်းသန်သန်နှင့် ပြောသည်။

​"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

​ဖန့်ချန်က စဉ်းစားဟန်ဖြင့် ဘာမှ ပြန်မပြောပေ။

​ချန်နန်ခယ်က ထိုအခြေအနေကို မြင်သောအခါ ချက်ချင်းပင် ရယ်မော၍ -

​"ယဲ့အစ်ကို၊ ကျွန်မကို ချိုင်ကျင်းနဲ့ သွားပြီး ယှဉ်ပြိုင်ခိုင်းကြည့်ရင် မကောင်းဘူးလား "

​ဖန့်ကျစ်ရွှယ်က မျက်မှောင်ကြုတ်ကာ -

"မင်းက ဘယ်သူ့ကို ယဲ့အစ်ကိုလို့ ခေါ်တာလဲ အဲဒီလို မခေါ်ရဘူး။"

​ချန်းနန်ခယ်က ပြုံးရုံသာ ပြုံး၍ စကားမပြောပေ။

​ဖန့်ချန်က ဖန့်ကျစ်ရွှယ်ကို တိတ်ဆိတ်ရန် အချက်ပြပြီးနောက် ချန်နန်ခယ်ကို တစ်ချက်ကြည့်ကာ အေးဆေးစွာ ပြောသည်။

​"မင်းက လော့ထျန်းဝမ်နဲ့ အဆင့်တူလောက်ပဲ ရှိတာ၊ သွားရင်လည်း ရှုံးမှာပဲ။"

​"ဒါ မဖြစ်နိုင်ဘူး"

​ချန်နန်ခယ်နှင့် လော့ထျန်းဝမ်တို့က တစ်ပြိုင်နက်တည်း အော်ပြောလိုက်သည်။

​နှစ်ယောက်လုံး ပြောသည့် စကားမှာ အတူတူပင် ဖြစ်သော်လည်း ဆိုလိုရင်းမှာမူ လုံးဝ ကွဲပြားနေသည်။

​ထုံယိုဧကရာဇ်မှာ မယုံနိုင်စွာဖြင့် ချန်နန်ခယ်ကို တစ်ချက်၊ ဖန့်ချန်ကို တစ်ချက် ကြည့်နေမိသည်။

​အခန်းထဲရှိ အခြားသော ဘေးအန္တရာယ်ကြယ်များမှာလည်း အံ့အားသင့်သွားကြသည်။

​သူတို့၏ အစ်ကိုကြီး ခေါ်လာသည့် နောက်မျိုးဆက်သစ်မှာ လော့ထျန်းဝမ်နှင့် စွမ်းရည်ချင်း အဆင့်တူနေတာလား။

​ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ

​ဖုန်းယွင်ဝူတောက်မှာ ငြိမ်သက်နေပြီး လော့ထျန်းဝမ်နှင့် ချန်နန်ခယ်ကြားတွင် အကြည့်များ လွှဲပြောင်းနေသည်။

​"မင်းတို့ နှစ်ယောက်နဲ့ ဖုန်းယွင်ဝူတောက်တို့က စွမ်းရည်ချင်း အဆင့်တူနေတာ၊ မင်းတို့ သုံးယောက်လုံး ချိုင်ကျင်းရဲ့ ပြိုင်ဘက် မဟုတ်ဘူး။"

​ဖန့်ချန်က ပြောသည်။

​ချန်နန်ခယ်က ပြန်လည် ချေပချင်သည်။

​လော့ထျန်းဝမ်ကလည်း ပြန်လည် ချေပချင်သည်။

​အခြားသော သူတော်စင်များ၏ အကြည့်များမှာမူ ဖုန်းယွင်ဝူတောက်ထံသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားပြီး အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။

​အမြင့်မြတ်ဆုံး နတ်ဘုရား အင်ပါယာ မှာ ဒီလိုမျိုး တကယ့် ခပ်ကြမ်းကြမ်းလူ ရှိနေတာလား။

​ဒါဆိုရင် အရင်က ဘာလို့ တစ်ခါမှ မမြင်ဖူးတာလဲ

​ကျန်းဟူသည် ဖန့်ချန်၏ ဖုန်းယွင်ဝူတောက်အပေါ် မှတ်ချက်ကို ကြားသောအခါ ရင်ထဲမှ အသက်ကို ပြင်းပြင်း ရှိုက်လိုက်မိသည်။

​ထိုအချိန်တွင်မှ သူသည် ဖုန်းယွင်ဝူတောက်၏ စွမ်းအားကို တကယ့် လက်တွေ့ကျကျ နားလည်သွားသည်။

​"ဒီ... ယဲ့အစ်ကို ပြောတာ အမှန်ပဲလား ကျွန်တော်တောင် ချိုင်ကျင်းရဲ့ ပြိုင်ဘက် မဟုတ်ဘူးလား "

​ဖုန်းယွင်ဝူတောက်မှာ မနေနိုင်တော့ဘဲ ထရပ်လိုက်သည်။

​"ကျွန်တော် အခုပဲ သွားပြီး သူ့ကို တစ်ယောက်ချင်း ယှဉ်ပြိုင်မယ်။"

​ကျန်းဟူတောင် မတားနိုင်လိုက်ခင်မှာပင် သူသည် အပြင်ဘက်သို့ လျှောက်သွားသည်။

​ဖန့်ချန်က ဘာမှ မပြောပေ။

​ချန်နန်ခယ်လည်း တိတ်ဆိတ်သွားသည်။

​လော့ထျန်းဝမ်က ဖုန်းယွင်ဝူတောက်နှင့် ချိုင်ကျင်းတို့၏ တိုက်ပွဲကို ကြည့်ပြီးမှ ချေပမည်ဟု ဆုံးဖြတ်ထားသဖြင့် ဘာမှ မပြောဘဲ ငြိမ်နေသည်။

​အနည်းငယ် လျှောက်သွားပြီးနောက် ဖန့်ချန်၏ တုံ့ပြန်မှု မရှိသည်ကို မြင်သောအခါ ဖုန်းယွင်ဝူတောက်မှာ ချက်ချင်းပင် ရပ်တန့်ကာ ဖန့်ချန်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။

​" တကယ်ပဲ ကျွန်တော့်ကို ချိုင်ကျင်းရဲ့ ပြိုင်ဘက် မဟုတ်ဘူးလို့ ထင်နေတာလား "

​"မဟုတ်ဘူး။"

​ဖန့်ချန်က ခေါင်းအသာခါသည်။

​"ဒါဆိုလည်း ကောင်းပြီလေ။"

​ဖုန်းယွင်ဝူတောက်မှာ နေရာသို့ ပြန်ထိုင်လိုက်ပြီး ချိုင်ကျင်းနှင့် တစ်ယောက်ချင်း ယှဉ်ပြိုင်မည်ဟု ထပ်မအော်တော့ပေ။

​ကျန်းဟူမှာ သူ့ကို အံ့အားသင့်စွာ ကြည့်နေသည်ကို မြင်သောအခါ ဖုန်းယွင်ဝူတောက်က ရယ်မော၍ -

​"ဘာကြည့်တာလဲ"

​"အော်... ဟုတ်ကဲ့။"

​ကျန်းဟူက ချက်ချင်းပင် အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။

​"အစ်ကိုကြီး၊ အစ်ကိုကြီး ပြောတဲ့အတိုင်းဆိုရင် ဒီချိုင်ကျင်းက အရင်က အစ်ကိုကြီးနဲ့ ယှဉ်တုန်းက သူ့ရဲ့ အစွမ်းအစ အပြည့်အဝကို ထုတ်မသုံးထားတာ ဖြစ်မလား။

​သူသာ ပြင်ဆင်မှုတွေ အကုန်လုပ်ပြီး အစ်ကိုကြီးကို ထပ်စိန်ခေါ်ရင်..."

​ထုံယိုဧကရာဇ်က သွားကို ကြိတ်ကာ -

"ကျွန်တော်တို့ အရင်လက်ဦးမှု ရယူပြီးတော့ သူ့ကို အခွင့်အရေး မပေးတာ အကောင်းဆုံးပဲ။"

​"ဒီကိစ္စက ကိစ္စမရှိပါဘူး၊ သူ အခွင့်အရေး မရနိုင်ပါဘူး။"

​ဖန့်ချန်က အေးဆေးစွာ ပြောသည်။

​"အခွင့်အရေး မရနိုင်ဘူး "

​"လုံးဝ အခွင့်အရေး မရှိဘူးလား "

​ထုံယိုဧကရာဇ်က မသိစိတ်ဖြင့် မေးလိုက်သည်။

​"ဟုတ်တယ်၊ လုံးဝ အခွင့်အရေး မရှိဘူး။"

​ဖန့်ချန်က ခေါင်းအသာညိတ်သည်။

​"ဒါပေမဲ့ ချိုင်ကျင်းက အစ်ကိုလော့ကို တစ်ချက်တည်းနဲ့ အနိုင်ယူသွားတာလေ။"

​ထုံယိုဧကရာဇ်က ပြောသည်။

​လော့ထျန်းဝမ်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။

​"ဒီလိုကိစ္စမျိုးကို ထပ်တလဲလဲ ပြောနေစရာ မလိုပါဘူး၊ ငါ ဒီတစ်ခါ ချိုင်ကျင်းနဲ့ ယှဉ်တုန်းက တကယ်ကို ပြန်မတုံ့ပြန်နိုင်ခဲ့တာ အမှန်ပါပဲ။

​သူ့ရဲ့ ထူးခြားတဲ့ စွမ်းအားက အလွန်ကို ထူးဆန်းတယ်။

​ငါ့ရဲ့ အစွမ်းအစအားလုံးကို သူ လုယူသွားသလိုပဲ။"

​နောက်ဆုံးစကားကို သူသည် ဖန့်ချန်ကို ရည်ရွယ်၍ အလေးအနက် ပြောလိုက်ခြင်း ဖြစ်သည်။

​"သူ့ရဲ့ ဒီနည်းလမ်းက တကယ်ကို ထူးဆန်းတယ်၊ မင်းတို့ရဲ့ စွမ်းအားချင်း အများကြီး ကွာခြားမနေဘူးဆိုရင် ဒီနည်းလမ်းကို ရင်ဆိုင်ရတာ တကယ့်ကို အခက်တွေ့မှာပဲ။

​သူ မင်းကို အနိုင်ယူသွားတာက ဒီနည်းလမ်းကြောင့်ပဲ ဖြစ်တယ်။"

​ဖန့်ချန်က ပြုံး၍ ပြောသည်။

​လော့ထျန်းဝမ်၏ မျက်လုံးများမှာ တောက်ပသွားသည်။

"ယဲ့အစ်ကို၊ ဆိုလိုတာက... သူ့ရဲ့ စွမ်းအားက ကျွန်တော့်ထက် အများကြီး မသာလွန်ဘူး၊ ဒီနည်းလမ်းကြောင့်ပဲ သူ အသာစီးရနေတာပေါ့ "

​ပတ်ဝန်းကျင်ရှိ သူတော်စင်များမှာလည်း ဤအချက်ကို သဘောပေါက်သွားပြီး ဖန့်ချန်ကို ဝိုင်းကြည့်လိုက်ကြသည်။

​"ဟုတ်တယ်၊ ဒီနည်းလမ်းက တကယ့်ကို မိုက်တာပဲ။"

​ဖန့်ချန်က ခံစားချက်ပါပါ ပြောသည်။

​ချိုင်ကျင်း၏ 'လူ့လောက' စွမ်းအားမှာ ယခုတစ်ကြိမ် သေချာစွာ စောင့်ကြည့်လိုက်ရာ သူ့စွမ်းအား၏ ဆယ်ပုံတစ်ပုံလောက်တော့ ရှိသည်။

​လော့ထျန်းဝမ်၊ ဖုန်းယွင်ဝူတောက်၊ ချန်းနန်ခယ်တို့ကဲ့သို့ သာမန်သူတော်စင်များအတွက်မူ ရင်ဆိုင်ရရန် မလွယ်ကူပေ။

​သို့သော်လည်း သူတို့သာ 'လူ့လောက' စွမ်းအားကို တတ်မြောက်သွားပါက ချိုင်ကျင်းလည်း သူတို့ကို ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။

​"အစ်ကိုကြီး၊ ဒါဆို နောက်တစ်ခါ သူ အစ်ကိုကြီးနဲ့ တွေ့ရင် တကယ်ပဲ အခွင့်အရေး လုံးဝ မရှိတော့ဘူးလား"

​ထုံယိုဧကရာဇ်က အလျင်အမြန် မေးသည်။

​"အခွင့်အရေး ရှိမှာ မဟုတ်ဘူး။"

​ဖန့်ချန်က ခေါင်းညိတ်၍ -

"မင်းတို့ စိတ်ချကြပါ၊ ဝူရှန်းပေမြိန့် စခန်းရဲ့ အခြေအနေက သွေးနတ်ဘုရား အင်ပါယာကြောင့် ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

​ဒါပေမဲ့ သူတို့ ရောက်လာတာကတော့ အချိန်ကိုက်ပဲ၊ အာဏာလုပွဲမှာ သူတို့ကို ရှေ့တန်းကနေ တိုက်ခိုက်ခိုင်းဖို့ ငါ စဉ်းစားထားတယ်။"

​သူတော်စင်များမှာ တုန်လှုပ်သွားကြသည်။

​သူတို့နှင့် ဒီလူကြားက ကွာဟချက်က တကယ်ကို ဘယ်လောက်တောင် များနေတာလဲ။

​"မင်းတို့တွေ အကုန်လုံး ဒီမှာ ရှိနေကြတာလား"

​လီတောက်ယဲ့ က ခြံဝင်းအတွင်းသို့ ရောက်ရှိလာသည်။ လူတွေ ကျပ်သိပ်နေသည်ကို မြင်သောအခါ ခြံပြင်မှနေ၍ ဖန့်ချန်ကို လှမ်းအော်ပြောသည်။

​"သခင်လေး၊ စခန်းတာဝန်ခံက ကျွန်တော်တို့ကို လာခဲ့ဖို့ ဖိတ်ခေါ်ထားတယ်၊ ဒီတစ်ခါ ထျန်းရွှမ် စခန်းနဲ့ ယှဉ်ပြိုင်ရမယ့် အာဏာလုပွဲကိစ္စကို ဆွေးနွေးကြမယ်တဲ့။"

​ဖန့်ကျစ်ရွှယ်သည် လီတောက်ယဲ့ကို မြင်သောအခါ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားသည်။

All Chapters