← Chapters

အခန်း (၂၆၃-၂၆၄)

Vol. 27 Ch. 263-264

အခန်း (၂၆၃-၂၆၄)

Vol. 27 Ch. 263-264

​အခန်း ၂၆၃ - မင်း ငါ့ကို သစ္စာဖောက်တယ်

​လုံထျန်းရှင်းသည် ဖန့်ချန်ကို စိုက်ကြည့်နေသည်။ ခဏအကြာတွင် သူက ရုတ်တရက် ပြုံးလိုက်ပြီး

"တကယ်လို့ မင်းက ငါ့ကို တစ်ကွက်တည်းနဲ့ ဒဏ်ရာရအောင် လုပ်နိုင်တယ်ဆိုရင် ငါ ချင်းကျိုးဓားဂိုဏ်းချုပ် ရာထူးကနေ ဆင်းပေးမယ် ပြီးတော့ မင်းကို ငါ့နေရာမှာ အစားထိုးခန့်မယ်"

​လူအုပ်ကြီးမှာ ချက်ချင်းပင် မှင်တက်သွားကြသည်။

သို့သော် လုံထျန်းရှင်းက ဤသို့ပြောရဲခြင်းမှာ သူ၏ကိုယ်ပိုင်စွမ်းရည်အပေါ် လုံးဝယုံကြည်မှုရှိနေသောကြောင့်ဖြစ်ကြောင်း သူတို့ သိကြသည်။

ဖန့်ချန်အနေဖြင့် အလွန်ဆိုးရွားသော ကံကြမ္မာနှင့် ရင်ဆိုင်ရတော့မည်ဟုသာ သူတို့ မြင်ယောင်နေကြတော့သည်။

​သူက ဓားကျင့်ကြံသူဖြစ်နေဦးတော့ ကျင့်ကြံမှုအဆင့် ကွာခြားချက်မှာ အလွယ်တကူ ကျော်လွှားနိုင်သော အရာမဟုတ်ပေ။

လွန်ခဲ့သော ရက်အနည်းငယ်က ဝိညာဉ်ဟင်းလင်းပြင်တောင်ပေါ်တွင် ဖြစ်ပေါ်ခဲ့သော လှုပ်ခတ်မှုကို သူတို့ အာရုံခံမိခဲ့ကြသည်။

၎င်းသည် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးမသေမျိုးသေကြော ဖော်ထုတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော လှုပ်ခတ်မှုသာ ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်း အဆင့်နှင့် အလှမ်းဝေးကွာနေပါသေးသည်။

​ဖန့်ချန်က ပြုံးလိုက်သည်။

"ဒါ ခင်ဗျား ပြောတဲ့စကားနော်"

​"လှုပ်ရှားလိုက်တော့"

လုံထျန်းရှင်းက အေးအေးဆေးဆေး ဆိုလိုက်သည်။

​ဖန့်ချန်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။

​ရှစ်မျက်နှာအရပ် ဓားကျမ်း ပထမပုံစံ

​ဖန့်ချန်ထံမှ ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒ များ လေထဲတွင် ပျံ့နှက်သွားသည်။

ပတ်ဝန်းကျင်ရှိ လူများမှာ သူ၏ ခန္ဓာကိုယ်အတွင်းမှ တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားပြီး သူတို့၏ မျက်လုံးများမှာ အံ့သြမှုများဖြင့် ပြည့်နှက်သွားသည်။

​လူအုပ်ကြီးသည် သူတို့၏ တစ်သက်တာတွင် ပထမဆုံးအကြိမ်အဖြစ် ကျော်ကြားလှသော၊ ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒကို အနီးကပ် ခံစားလိုက်ရခြင်း ဖြစ်သည်။

ထိုခံစားချက်ကို မည်သို့ဖော်ပြရမှန်း သူတို့မသိသော်လည်း ပြောရမည်ဆိုလျှင် ငရဲတံခါးဝသို့ ရောက်သွားသကဲ့သို့ပင်။

သူတို့သည် ထိုဓားဆန္ဒကြောင့် အချိန်မရွေး အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်သွားနိုင်သည်ဟု ခံစားနေရသည်။

​လုံထျန်းရှင်း၏ မျက်လုံးများ ထိတ်လန့်တကြား ပွင့်လာပြီး တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်ထလာသည်။

အန္တရာယ် အလွန်ကြီးမားသော အန္တရာယ် ထိုဓားချီ သာ ထွက်ပေါ်လာပါက သူ သေချာပေါက် သေရပေလိမ့်မည်။

​ရှရွှမ်ကျီ၏ မျက်နှာမှာ တည်ကြည်သွားသည်။

သူသည် ထိုဓားသမားကို လျှော့တွက်ခဲ့မိသည်။

အဘယ်မျှ ကြောက်စရာကောင်းသော ဓားဆန္ဒနည်း သူကိုယ်တိုင်ပင် ထိုဓားချက်ကို ဒဏ်ရာမရဘဲ တောင့်ခံနိုင်မည်ဟု ယုံကြည်မှု မရှိပေ။

​ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှ အကြီးအကဲ သုံးဦးမှာမူ ထိတ်လန့်တုန်လှုပ်နေကြသည်။

အကယ်၍ ထိုနေ့က ဤဓားသမားသည် သူတို့ကို ထိုအကွက်ဖြင့် တိုက်ခိုက်ခဲ့ပါက သူတို့အားလုံး သေဆုံးသွားမည်မှာ သေချာလှသည်။

ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်း တစ်ခုလုံးလည်း မြေလှန်ဖျက်ဆီးခံရပေလိမ့်မည်။

​သူတို့ မှန်ကန်သော ရွေးချယ်မှု ပြုလုပ်ခဲ့ခြင်းမှာ အလွန်ကံကောင်းလှသည်

​ငွေရောင်အလင်းတန်း လက်ခနဲ ဖြစ်သွားသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒမှာ ချက်ချင်း ပေါက်ကွဲထွက်လာသည်။

​လုံထျန်းရှင်းသည် သူ၏ ရင်ထဲရှိ ထိတ်လန့်မှုကို မထိန်းနိုင်တော့ပေ။

သူ လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် ဘေးနားမှ အော်ဟောက်သံတစ်ခုကို ကြားလိုက်ရသည်

​နဂါးဖြတ်ကျော်ကျွန်းရှင်၏ မျက်နှာမှာ ပြာနှမ်းသွားပြီး ဝိညာဉ်စွမ်းအင်များ အဆုံးမရှိ စီးထွက်လာကာ အခြေခံတည်ဆောက်ခြင်း အဆင့် နောက်ဆုံးပိုင်း ပညာရှင်တစ်ဦး၏ အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။

​လုံထျန်းရှင်းနှင့် ရှရွှမ်ကျီတို့ နှစ်ဦးစလုံး လန့်သွားကြသည်။

​"အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးပိုင်းလား"

​ရောက်ရှိနေသော ကျင့်ကြံသူများမှာလည်း အလွန်အမင်း ထိတ်လန့်သွားကြသည်။

​ဘာတွေ ဖြစ်ကုန်တာလဲ

​သူတို့ တုံ့ပြန်ရန် မမီခင်မှာပင် နဂါးဖြတ်ကျော်ကျွန်းရှင်၏ ဘေးပတ်လည်ရှိ ဝိညာဉ်စွမ်းအင် အကာအကွယ်မှာ ဓားတစ်လက်၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ဓားငယ်လေး သည် နဂါးဖြတ်ကျော်ကျွန်းရှင်၏ ရင်ဘတ်ကို ဖောက်ထွက်သွားခဲ့သည်။

​ဖလပ်

​သွေးများ မြေပြင်ပေါ်သို့ ပန်းထွက်သွားသည်။

​"ဘာလို့လဲ"

နဂါးဖြတ်ကျော်ကျွန်းရှင်သည် သူ၏ ဒဏ်ရာကို ငုံ့ကြည့်ရင်း နာကျည်းမှု၊ ဇဝေဇဝါဖြစ်မှုတို့ဖြင့် ပြည့်နှက်နေသည်။

သူသည် ဖန့်ချန်ကို ထိတ်လန့်စွာ လှမ်းကြည့်လိုက်သည်။

​"မင်း ပင်လယ်နဂါးဂိုဏ်းကဆိုတာ ငါမသိဘူးလို့ မင်းထင်နေတာလား"

ဖန့်ချန်က အေးစက်စွာ ပြောလိုက်သည်။

​ဝိညာဉ်ဟင်းလင်းပြင် မြို့စားမင်းမှာ မှင်တက်သွားပြီး လူတိုင်းမှာလည်း ရုတ်တရက် ဖြစ်ပျက်သွားသော အခြေအနေကြောင့် ကြောင်သွားကြသည်။

​ထိုဓားကျင့်ကြံသူသည် အဘယ်ကြောင့် မြို့စားမင်း၏ သူငယ်ချင်းကို တိုက်ခိုက်ရသနည်းဟု သူတို့ နားမလည်နိုင်ကြပေ။

ထိုကိစ္စသည် သူနှင့် လုံထျန်းရှင်းကြားက ကိစ္စမဟုတ်ဘူးလား

​လုံထျန်းရှင်းကိုယ်တိုင်လည်း ဇဝေဇဝါ ဖြစ်နေသော်လည်း ထိုဇဝေဇဝါဖြစ်မှုကြားတွင် သူသည် အလွန်အမင်း စိတ်သက်သာရာ ရသွားခြင်းကို ခံစားလိုက်ရသည်။

​ထိုဓားချက် သူ လုံးဝ ခုခံနိုင်မှာ မဟုတ်ဘူး

​"တောက်... ခွေးမသား"

​နဂါးဖြတ်ကျော်ကျွန်းရှင်သည် မြို့စားမင်းကို နာကျည်းစွာ ကြည့်လိုက်သည်။

"မင်း ငါ့ကို သစ္စာဖောက်တယ် ပင်လယ်နဂါးဂိုဏ်းက သေချာပေါက် ငါ့အတွက် ကလဲ့စား ချေလိမ့်မယ်"

​ထိုစကားများ နဂါးဖြတ်ကျော်ကျွန်းရှင်၏ ပါးစပ်မှ ထွက်လာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်မှာ ဖုန်မှုန့်လေးများအဖြစ် တစ်စစီ ပြိုကွဲသွားပြီး မြေပြင်ပေါ်သို့ ပုံကျသွားတော့သည်။

သူ၏ သိုလှောင်လက်စွပ်ပင် မလွတ်ခဲ့ဘဲ ကြောက်မက်ဖွယ် ဓားဆန္ဒကြောင့် အမှုန့်ဖြစ်သွားခဲ့သည်။

​ဖန့်ချန်သည် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ အမြဲတမ်း ဒီလိုပဲလား နှမြောစရာပဲ

​ထိုခဏအတွင်းမှာပင် သူ၏ ဝိညာဉ်စွမ်းအင်များမှာ ကုန်ခမ်းလိုက်၊ ပြန်ပြည့်လိုက်နှင့် အကြိမ်ပေါင်းများစွာ ဖြစ်သွားခဲ့သည်။

ဝိညာဉ်စွမ်းအင် ကုန်သွားတိုင်း သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် ညှိုးနွမ်းသွားပြီး သူ၏ အသက်ဓာတ် မှာလည်း အဆက်မပြတ် ထိခိုက်နေသည်။

​သို့သော် ကံကောင်းထောက်မစွာဖြင့် သူသည် ထိုဓားချက်ဖြင့် နဂါးဖြတ်ကျော်ကျွန်းရှင်ကို အနိုင်ယူနိုင်ခဲ့သည်။

ရှစ်မျက်နှာအရပ် ဓားကျမ်း၏ စွမ်းအားက သူ့ကို စိတ်မပျက်စေခဲ့ပေ။

​ဝိညာဉ်ဟင်းလင်းပြင် မြို့စားမင်းသည် ဖုန်မှုန့်ပုံ ဖြစ်သွားသော နဂါးဖြတ်ကျော်ကျွန်းရှင်၏ နေရာကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိသည်။

"ငါက ဘယ်တုန်းက မင်းကို သစ္စာဖောက်လို့လဲ"

​သူသည် ဘာတွေဖြစ်နေသည်ကို နားမလည်နိုင် ဖြစ်နေသည်။

သူ အထပ်ထပ် စဉ်းစားကြည့်သည်။

လုံထျန်းရှင်းနှင့် ရင်ဆိုင်ရမည့် ဓားကျင့်ကြံသူက အဘယ်ကြောင့် ရုတ်တရက် နဂါးဖြတ်ကျော်ကျွန်းရှင်ကို တိုက်ခိုက်ရသနည်း ခဏနေဦး... ဒါဆိုရင်...

​မြို့စားမင်း၏ အမူအရာ ပြောင်းလဲသွားသည်။

သူသည် ဖန့်ချန်ကို လှမ်းကြည့်လိုက်ရာ ရုတ်တရက် ထိတ်လန့်သွားတော့သည်။

​သူ အားလုံးကို ဆက်စပ်မိသွားပြီ

​သူ့ရှေ့က ဓားသမားသည် နဂါးဖြတ်ကျော်ကျွန်းရှင် ရှာနေသောလူ ဖြစ်ရမည်

​"တောက်... အဘိုးကြီးယုတ် ဒီလူက ဓားကျင့်ကြံသူမှန်း သူသိနေရက်နဲ့ ငါ့ကို မပြောခဲ့ဘူး ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းကို သိမ်းလိုက်တဲ့သူဟာ သူရှာနေတဲ့သူမှန်း သူသိမှာပဲ ငါ့ကို တမင်မပြောဘဲ ငါ့အင်အားကို သုံးပြီး သူ့အစွမ်းကို စမ်းသပ်ဖို့ ကြံခဲ့တာပဲ"

သူက ဒေါသတကြီး ရေရွတ်လိုက်သည်။

"ဒါပေမဲ့ ဒီအဘိုးကြီး မသိတာက ဓားသမားက အစကတည်းက အားလုံးကို သိနေပြီး အရင်ဦးအောင် တိုက်ခိုက်ခဲ့တာပဲ"

မြို့စားမင်း၏ မျက်နှာမှာ ဖြူလျော့သွားသည်။

"အဘိုးကြီးက ငါ သတင်းပေါက်ကြားစေတယ်လို့ ထင်ပြီး သေသွားတာ တကယ်လို့ ပင်လယ်နဂါးဂိုဏ်းက ဒီသတင်းကို သိသွားရင် ငါ... ငါတော့..."

​မြို့စားမင်းမှာ စိုးရိမ်ကြောင့်ကြမှုများဖြင့် ဗျာများနေစဉ် သူ၏သမီးဖြစ်သူမှာမူ ဝမ်းသာအားရ ဖြစ်နေသလို ရဲ့ဝမ်ရှို့မှာလည်း အလားတူပင် ဖြစ်သည်။

​လုံထျန်းရှင်းက ခက်ထန်သော လေသံဖြင့် ဖြည်းညှင်းစွာ မေးလိုက်သည်။

"မြို့စားမင်း အဲဒီလူက ပင်လယ်နဂါးဂိုဏ်းက အခြေခံတည်ဆောက်ခြင်း အဆင့် နောက်ဆုံးပိုင်း ပညာရှင်လား"

​"ပင်လယ်နဂါးဂိုဏ်း"

​ရောက်ရှိနေသော ကျင့်ကြံသူများ၏ အမူအရာမှာ အလွန် ထူးဆန်းသွားကြသည်။

​၎င်းမှာ ရွှေအမြုတေအဆင့် ပညာရှင်တစ်ဦး အုပ်ချုပ်သော အစွမ်းထက်သည့် ဂိုဏ်းကြီးတစ်ခု ဖြစ်သည်။

ကျင့်ကြံခြင်းလောကတွင် အလွန် ကျော်ကြားလှသော ဂိုဏ်းကြီးပင် ဖြစ်သည်

​"ငါ အခု ဘာကို မြင်လိုက်တာလဲ အခြေခံတည်ဆောက်ခြငအဆင့် နောက်ဆုံးပိုင်း ကျင့်ကြံသူတစ်ယောက်က ဓားတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာလား"

​"တကယ့်ကို ကြောက်စရာပဲ ဒါက ဓားကျင့်ကြံသူရဲ့ အစွမ်းပေါ့"

​"မယုံနိုင်စရာပဲ တကယ်ကို မယုံနိုင်စရာပဲ"

​တိုးတိုးတိတ်တိတ် ပြောဆိုသံများ လေထဲတွင် ပြည့်နှက်သွားပြီး ဖန့်ချန်အပေါ် ထားရှိသော အကြည့်များမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ယခုအခါ သူတို့၏ အကြည့်များတွင် အလွန်အမင်း ရိုသေလေးစားမှုများ ပါဝင်နေသည်။

​"အခြေခံတည်ဆောက်ခြင်း အဆင့် နောက်ဆုံးပိုင်း"

ရှရွှမ်ကျီက တိုးတိုးလေး ရေရွတ်လိုက်သည်။

သူ၏ ကျောပြင်မှာ ချွေးအေးများဖြင့် စိုရွှဲနေပြီ ဖြစ်သည်။

​ကံကောင်းထောက်မစွာဖြင့် သူသည် အရင်ဦးအောင် လှုပ်ရှားသူ မဖြစ်ခဲ့ပေ။

အကယ်၍ သူသာ ထိုဓားချက်ကို ရင်ဆိုင်ရသူ ဖြစ်ပါက ခုခံနိုင်ရန် အလွန် ခက်ခဲပေလိမ့်မည်။

မဟုတ်သေးဘူး၊ တကယ်တော့ သူ၏ ကံကြမ္မာသည် ထိုအဘိုးကြီးထက် ပိုကောင်းမည် မဟုတ်ပေ။

သူ သေခါနီးမှာတောင် အဘိုးကြီးလို စကားအနည်းငယ် ပြောနိုင်ဖို့ပင် အခွင့်အရေး ရလိမ့်မည် မဟုတ်ချေ

​ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှ အကြီးအကဲ သုံးဦးမှာမူ ဖော်ပြမရနိုင်သော ကြောက်ရွံ့မှုကို ခံစားနေရသည်။

​မဟာအကြီးအကဲပင် သူ၏ ဆုံးဖြတ်ချက်ကို နောင်တရနေပြီ ဖြစ်သည်။

ထိုဓားသမားသည် ဤမျှ ကြောက်စရာကောင်းမှန်း သူသာ သိခဲ့ပါက ဆက်သွယ်ရေး အဆောင်လက်ဖွဲ့ ကို လုံးဝ အသုံးပြုမည် မဟုတ်ပေ

​မြို့စားမင်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ဟုတ်တယ် သူက ပင်လယ်နဂါးဂိုဏ်းက အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးပိုင်း ကျင့်ကြံသူပဲ သူ့နာမည်က နဂါးဖြတ်ကျော်ကျွန်းရှင် တဲ့"

​လုံထျန်းရှင်း တုန်လှုပ်သွားသည်။

​အသတ်ခံလိုက်ရသူမှာ တကယ့် အခြေခံတည်ဆောက်ခြင်း အဆင့် နောက်ဆုံးပိုင်း ပညာရှင်တစ်ဦး ဖြစ်သည် ထိုသို့သော ပုဂ္ဂိုလ်ပင်လျှင် ဓားတစ်ချက်တည်းကို မခုခံနိုင်ခဲ့ပေ

​ပတ်ဝန်းကျင်တစ်ခုလုံးမှာ သင်္ချိုင်းကုန်းကဲ့သို့ တိတ်ဆိတ်သွားသည်။

လူတိုင်း၏ အသက်ရှူသံ ပြင်းပြင်းများကိုသာ ကြားနေရသည်။

​မည်သူမျှ မသိလိုက်သည်မှာ မျက်နှာဖုံးအောက်တွင် ဖန့်ချန်၏ မျက်နှာမှာ ထိတ်လန့်စရာကောင်းလောက်အောင် အိုမင်းရင့်ရော်လာခြင်းပင်။

အရေးအကြောင်းများစွာ ပေါ်လာပြီး အသက် ၄၀ ကျော်အရွယ် လူတစ်ယောက်ကဲ့သို့ ဖြစ်သွားခဲ့သည်။

​ဖန့်ချန်သည် ထိုအရာကို သိသော်လည်း သူ၏ အခြေအနေ မည်မျှအထိ ဆိုးရွားသွားသည်ကို အတိအကျ မသိနိုင်သေးပေ။

​အားလုံးမှာ သူ၏ ကျင့်ကြံမှု နိမ့်ပါးသောကြောင့် ဖြစ်သည်။

သူသည် ရှစ်မျက်နှာအရပ်ဓားကျမ်း၏ ပထမပုံစံကို နှစ်ကြိမ် ဆက်တိုက် အတင်းအကျပ် အသုံးပြုခဲ့သဖြင့် သူ၏ သက်တမ်းကို ထိခိုက်စေခဲ့ခြင်း ဖြစ်သည်။

​ဖန့်ချန်က အက်ကွဲသော အသံဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ဂိုဏ်းချုပ်လုံ ခင်ဗျား ဘယ်တော့ ရာထူးက ဆင်းမလဲ ခင်ဗျားပဲ ပြောခဲ့တာ မဟုတ်လား ကျုပ်ခင်ဗျားကို တစ်ကွက်တည်းနဲ့ ဒဏ်ရာရအောင် လုပ်နိုင်ရင် ခင်ဗျား ရာထူးကို ကျုပ်ကို ပေးမယ်ဆိုတာလေ အဲဒီစကားက အခုထိ အတည်ပဲလား"

​ချင်းကျိုးဓားဂိုဏ်းမှ ကျင့်ကြံသူများသည် ဖန့်ချန်၏ စကားကြောင့် ရုတ်တရက် မှင်တက်သွားကြသည်။

ထိတ်လန့်သွားပြီးနောက် သူတို့၏ မျက်နှာများမှာ ဝေခွဲမရ ဖြစ်နေကြတော့သည်။

​​အခန်း ၂၆၄ - ရဲ့မိသားစုတွင် တည်းခိုခြင်း

​လုံထျန်းရှင်း၏ နှုတ်ခမ်းများ တုန်ရီသွားပြီး ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

"အဲဒီဓားချက်သာ ငါ့ဆီ ဦးတည်ခဲ့ရင် ငါ တောင့်ခံနိုင်မှာ မဟုတ်ဘူး ငါ သေချာပေါက် အသတ်ခံလိုက်ရမှာပဲ"

သူက တိုးတိုးလေး ရေရွတ်လိုက်သည်။

"မင်းရဲ့ ကရုဏာအတွက် ကျေးဇူးတင်ပါတယ် ငါ ဂိုဏ်းချုပ်ရာထူးကနေ ဆင်းပေးပါ့မယ်"

​"ဂိုဏ်းချုပ်..."

​ချင်းကျိုးဓားဂိုဏ်းမှ ကျင့်ကြံသူများသည် သူ့ကို ဆက်နေရန် ဖျောင်းဖျလိုသည့်အလား တစ်ယောက်ပြီးတစ်ယောက် ပြောဆိုလာကြသည်။

သို့သော် အခြားသူများ၏ အမြင်တွင်မူ သူတို့၏ ကြိုးပမ်းမှုမှာ ဟန်ပြသက်သက်သာ ဖြစ်နေပုံရသည်။

​"ငါ့ကို ဖျောင်းဖျဖို့ မကြိုးစားကြနဲ့တော့"

လုံထျန်းရှင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"ငါပြောပြီးရင် ပြောတဲ့အတိုင်း လုပ်တယ် ငါ့ကို ကတိဖျက်တဲ့လူ ဖြစ်စေချင်လို့လား"

​"ကောင်းပြီလေ ဒါဆိုရင် ချင်းကျိုးဓားဂိုဏ်းကို ငါ လက်ခံလိုက်မယ်"

ဖန့်ချန်က ဆိုသည်။

"ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်း နေရာကိုတော့ လေလံပွဲ ဆက်လုပ်မယ် လေလံစခေါ်နိုင်ပါပြီ"

​လူအုပ်ကြီးသည် ခဏမျှ တစ်ဦးကိုတစ်ဦး ကြည့်နေကြပြီးနောက် လေလံဈေးများ စတင်ထွက်ပေါ်လာတော့သည်။

​ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှ မဟာအကြီးအကဲသည် မသိစိတ်ဖြင့် ရှရွှမ်ကျီဘက်သို့ လှည့်ကြည့်လိုက်သည်။

"ညီနောင်ရှ"

​"အဲဒီဓားကျင့်ကြံသူရဲ့ နောက်ခံကို ငါ ဂရုမစိုက်ပေမဲ့ အခုလောလောဆယ်တော့ ငါ သူနဲ့ မယှဉ်နိုင်သေးဘူး ငါ ခင်ဗျားတို့အတွက် တခြားနေရာတစ်ခု ရှာပေးပါ့မယ်"

ဟု ရှရွှမ်ကျီက တိုးတိုးလေး ပြောလိုက်သည်။

​မဟာအကြီးအကဲ၏ မျက်နှာ ပျက်သွားသည်။

​ဒီနေ့ဟာ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းအတွက် ဂုဏ်သိက္ခာပြန်ဆယ်ပြီး ခေါင်းမော့နိုင်မယ့် အခွင့်အရေးလို့ သူထင်ခဲ့သော်လည်း အရာအားလုံးက လျင်မြန်စွာပင် ပျက်စီးသွားခဲ့ရသည်။

​"အစ်ကိုကြီး ကျွန်တော် ပြောသားပဲ ဓားကျင့်ကြံသူတွေက ကြောက်စရာကောင်းတယ်လို့..."

တတိယအကြီးအကဲက စတင်ပြောဆိုသည်။

"သူ့ကို ထပ်ပြီး ရန်မစပါနဲ့တော့ အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးပိုင်း ပညာရှင်တစ်ယောက်တောင် သူ့ဓားတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာ သူ့နောက်ကွယ်ကလူဆိုရင် ရွှေအမြုတေအဆင့် ပညာရှင်ကိုတောင် တစ်ချက်တည်းနဲ့ သတ်နိုင်လောက်တယ်"

​ဒုတိယအကြီးအကဲကလည်း ခေါင်းညိတ်သည်။

"ဟုတ်တယ် သူ့ကို ရန်သူမလုပ်တာ အကောင်းဆုံးပဲ ဂိုဏ်းနေရာအတွက်တော့ ငါတို့ တခြားနည်းလမ်း စဉ်းစားကြတာပေါ့"

​မဟာအကြီးအကဲကမူ တိတ်ဆိတ်နေခဲ့သည်။

​ရှရွှမ်ကျီကမူ ဖန့်ချန်ကို တစ်မျိုးတစ်ဖုံ ငေးကြည့်နေမိသည်။

ဖန့်ချန်၏ အချို့သော အချက်အလက်များက သူ့အတွက် အလွန်ရင်းနှီးနေသလို ခံစားရသော်လည်း ထိုရင်းနှီးမှုမှာ သူ၏ စိတ်ကူးယဉ်မှုသာ ဖြစ်ရမည်ဟု သူ ထင်လိုက်သည်။

အကြောင်းမှာ သူသည် ယခင်က ဓားကျင့်ကြံသူတစ်ဦးနှင့် တစ်ခါမျှ မဆုံဖူးသောကြောင့် ဖြစ်သည်။

ဓားကျင့်ကြံသူတစ်ဦးကို မြင်ဖူးခြင်းမှာ ဤသည်မှာ ပထမဆုံးအကြိမ်ပင်။

​လေလံပွဲမှာ နာရီဝက်ပင် မပြည့်လိုက်ချေ။

အဆုံးတွင် ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်း နေရာကို အဓိက မိသားစုကြီး သုံးခု ပေါင်းစပ်၍ ဝယ်ယူလိုက်ကြသည်။

အမြင့်ဆုံးဈေးမှာ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၂၇၀၀ သာ ရှိသေးသော်လည်း ဈေးမှာ ဆက်တက်နေဆဲဖြစ်ရာ မိသားစု သုံးခုက သွားကြိတ်၍ ဝိညာဉ်ကျောက်တုံး ၄၀၀၀ ဖြင့် တိုက်ရိုက် ခေါ်လိုက်ခြင်း ဖြစ်သည်။

အခြားသူများမှာမူ သူတို့နှင့် မပြိုင်ရဲကြတော့ပေ။

အဘယ်ကြောင့်ဆိုသော် ထိုမိသားစု သုံးခု ထိုမျှ ဈေးကြီးပေးခြင်းမှာ ဓားကျင့်ကြံသူကို ဖားယားရန် သက်သက်သာ ဖြစ်ကြောင်း သူတို့ သိသောကြောင့် ဖြစ်သည်။

သူတို့သည် လုံထျန်းရှင်းနှင့် ဆက်ဆံရေးရှိခဲ့သည်ကို ဖုံးကွယ်လိုကြသလို ထိုဓားကျင့်ကြံသူနှင့်လည်း ဆက်ဆံရေးသစ် ထူထောင်ရန် ကြံစည်နေကြခြင်း ဖြစ်သည်။

​"ကောင်းပြီ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းက ခင်ဗျားတို့ ပိုင်ပြီ"

ဖန့်ချန်က ခေါင်းညိတ်ကာ ဝိညာဉ်ကျောက်တုံး ၄၀၀၀ ကို လက်ခံလိုက်သည်။

ယခုအခါ သူ၏ သိုလှောင်လက်စွပ်ထဲတွင် ဝိညာဉ်ကျောက်တုံး ၉၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။ ၎င်းမှာ အတော်အတန် များပြားသော ပမာဏပင်

​ရုတ်တရက် ဖန့်ချန်၏ အမူအရာ ပြောင်းလဲသွားသည်။

"ခင်ဗျားတို့က ဒီအနီးအနားက ဒေသခံ ကျင့်ကြံသူ မိသားစုတွေလား"

​ရဲ့မိသားစု ခေါင်းဆောင်က ချက်ချင်း ဝင်ပြောသည်။

"ဟုတ်ကဲ့၊ ဟုတ်ကဲ့ ကျွန်တော်က ရဲ့မိသားစု ခေါင်းဆောင် ရဲ့ကျန့်ဟယ် ပါ"

​"ဒါဆိုရင် ခင်ဗျားတို့အနေနဲ့ ဒီအနီးအနားမှာ ဝိညာဉ်သတ္တုတွင်း တွေ ဘယ်မှာ ရောင်းတယ်ဆိုတာ သိမှာပေါ့"

ဖန့်ချန် ပြုံးလိုက်သည်။

သူ၏ ဓားငယ်လေး အတွက် ဝိညာဉ်ရတနာများကို ဝါးမြိုခိုင်းခြင်းထက် ဝိညာဉ်သတ္တုရိုင်းများကို ကျွေးခြင်းက ပို၍ လက်တွေ့ကျမည်ဟု သူ တွေးလိုက်သည်။

ဝိညာဉ်ရတနာများပေါ်ရှိ ဝိညာဉ်တံဆိပ် များမှာ ဓားငယ်လေးအတွက် တန်ဖိုးမရှိပေ၊ ဓားငယ်လေး အမှန်တကယ် လိုချင်သည်မှာ ထိုရတနာများကို သွန်းလုပ်ထားသည့် ဝိညာဉ်သတ္တုပစ္စည်းများသာ ဖြစ်သည်။

​"ဝိညာဉ်သတ္တုတွင်းလား သိတာပေါ့"

ရဲ့မိသားစု ခေါင်းဆောင်က အလောတကြီး ဖြေသည်။

"ကျွန်တော်တို့က စီးပွားရေးသမားတွေပဲလေ ဘယ်မှာ သတ္တုတွင်းတွေ ဝယ်လို့ရလဲဆိုတာ ကျွန်တော်တို့ သိပါတယ် "

"အကယ်၍ စီနီယာက သတ္တုတွင်းတွေ ဝယ်ချင်တယ်ဆိုရင်တော့ နေရာမှန်ကို ရောက်လာတာပါပဲ ဒီကိစ္စတွေ ပြီးပြတ်တဲ့အထိ ကျွန်တော်တို့ အိမ်တော်မှာပဲ ခဏ တည်းခိုသွားပါဦး"

​ရွှီမိသားစုနှင့် ကျိုးမိသားစု ခေါင်းဆောင်များမှာမူ သူတို့ကိုယ်သူတို့ အသုံးမကျသော လျှာများကိုသာ ဖြတ်ပစ်ချင်နေကြတော့သည်။

နှစ်ခါရှိပြီ ထိုရဲ့မိသားစုမှ မြေခွေးအိုကြီး၏ နောက်တွင် နှစ်ကြိမ်တိုင်တိုင် ကျန်ရစ်ခဲ့ရသည်။

​ရုတ်တရက် ဝိညာဉ်ဟင်းလင်းပြင် မြို့စားမင်းက စကားပြောလာသည်။ ဖန့်ချန်ထံသို့ လျှောက်လာပြီး ယဉ်ကျေးစွာ ပြောလိုက်သည်မှာ

"တကယ်လို့ ခင်ဗျားအနေနဲ့ ဝိညာဉ်အထောက်အပံ့ ပစ္စည်းတွေ လိုအပ်မယ်ဆိုရင် ကျွန်တော် ကူညီပေးနိုင်ပါတယ်"

​မိသားစု ခေါင်းဆောင် သုံးဦးစလုံးသည် မြို့စားမင်းကို ကြည့်ကာ သူ၏ အရှက်မရှိမှုကို စိတ်ထဲမှ ကျိန်ဆဲနေကြသည်။

သူက အခြေခံတည်ဆောက်ခြင်း အဆင့် ပညာရှင် ဖြစ်နေရက်နဲ့တောင် ဖားယားဖို့ ကြိုးစားနေသေးတာပဲ

​"ငါ ရဲ့မိသားစုမှာ ရက်အနည်းငယ် တည်းမယ်လိုအပ်တာရှိရင် မင်းကို ရှာလိုက်ပါ့မယ်"

ဟု ဖန့်ချန်က ယဉ်ကျေးစွာ ပြန်ပြောသည်။

​ရဲ့မိသားစု ခေါင်းဆောင်မှာ ထိုစကားကို ကြားသောအခါ ဝမ်းသာအားရ ဖြစ်သွားပြီး

"စီနီယာ ကျွန်တော့်နောက် လိုက်ခဲ့ပါ"

ဟု အမြန် ပြောလိုက်သည်။

​ချင်းကျိုးဓားဂိုဏ်းမှ ကျင့်ကြံသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

သူတို့ တစ်စုံတစ်ခု မပြောနိုင်ခင်မှာပင် ဖန့်ချန်၏ အသံကို ကြားလိုက်ရသည်။

"မင်းတို့အားလုံး အခုလောလောဆယ် ဒီမှာပဲ နေခဲ့ကြ ငါ အချိန်ရရင် မင်းတို့နဲ့အတူ ချင်းကျိုးဓားဂိုဏ်းဆီ လိုက်ကြည့်ပေးမယ် ဘာပဲဖြစ်ဖြစ် အခု ငါက မင်းတို့ရဲ့ ဂိုဏ်းချုပ်ပဲလေ"

​"ဟုတ်ကဲ့ပါ"

ချင်းကျိုးဓားဂိုဏ်းမှ ကျင့်ကြံသူ ရာပေါင်းများစွာက တညီတညွတ်တည်း ပြန်ထူးကြသည်။

​လုံထျန်းရှင်းမှာမူ အလွန် အရှက်ရနေပုံပေါ်သည်။

ဖန့်ချန်နှင့် စကားအနည်းငယ် ပြောပြီးနောက် သူ ချက်ချင်းပင် လစ်ထွက်သွားတော့သည်။

​လုံထျန်းရှင်းအနေဖြင့် စိတ်ကို လျှော့နိုင်ပြီဟု ထင်လိုက်စဉ်မှာပင် လေနှင့်အတူ လွင့်ပါလာသော ဖန့်ချန်၏ အသံကို ကြားလိုက်ရသည်။

"ညီနောင်လုံ မင်းရဲ့ဂိုဏ်းနဲ့ အထဲမှာရှိတဲ့ အရာအားလုံးက အခု ငါ့ပိုင်ဆိုင်မှုတွေပဲ မင်း ပြန်သွားပြီး ဘာမှ ယူဖို့ မစဉ်းစားနဲ့တော့နော်"

​လုံထျန်းရှင်းမှာ ခြေခေါက်လဲလုပင် ဖြစ်သွားသည်။

​"မလုပ်ပါဘူး စီနီယာ မလုပ်ပါဘူး"

ထို့နောက် သူသည် ခြေလှမ်းကို သွက်သွက်လှမ်းကာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

​ပတ်ဝန်းကျင်ရှိ လူအများမှာ သက်ပြင်းချမိကြသည်။

ဂုဏ်သိက္ခာကြီးမားလှသော ချင်းကျိုးဓားဂိုဏ်းချုပ်မှာ ယနေ့တွင် ကံကြမ္မာ၏ ကစားမှုကို အတော်လေး ခံလိုက်ရသည်။

​ဖန့်ချန် ရဲ့မိသားစုနှင့်အတူ ထွက်ခွာသွားသည်ကို ကြည့်ရင်း မြို့စားမင်းမှာ သက်ပြင်းသာသာ ချလိုက်မိသည်။

ဖန့်ချန်သည် မြို့စားမင်း အိမ်တော်တွင် မတည်းဘဲ ရဲ့မိသားစုတွင် တည်းရန် ရွေးချယ်လိုက်ခြင်းမှာ နဂါးဖြတ်ကျော်ကျွန်းရှင်ကို သူ ခေါ်လာခဲ့သည့်အတွက်ကြောင့်ဟု သူ ထင်လိုက်သည်။

သို့သော် မည်သို့ပင်ဖြစ်စေ သူ ဒေါသထွက်ကြောင်း မထုတ်ဖော်ရဲပေ။

​ပြဿနာမှာ ပင်လယ်နဂါးဂိုဏ်းက သူသည် နဂါးဖြတ်ကျော်ကျွန်းရှင်ကို သစ္စာဖောက်ခဲ့သည်ဟု သေချာပေါက် ထင်ကြတော့မည် ဖြစ်သည်။

ပြီးတော့ အဲဒီဓားကျင့်ကြံသူနဲ့ ပတ်သက်မိတာကလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပါပဲ။

​စီဟန်မှာမူ နဂါးဖြတ်ကျော်ကျွန်းရှင် သေဆုံးသွားသည့်အတွက် ဝမ်းသာမဆုံး ဖြစ်နေစဉ် သူမ၏ ဖခင်က ရေအေးနှင့် ပက်လိုက်သလို စကားကို ပြောလာသည်။

​"စီဟန် ပစ္စည်းတွေ သိမ်းတော့ ငါတို့ ဝိညာဉ်ဟင်းလင်းပြင်မြို့ကနေ ထွက်ရမယ်"

ဟု သူက ဝိညာဉ်အာရုံဖြင့် လှမ်းပြောသည်။

​"အဖေ ဘာလို့လဲ"

​"ငါတို့ ပင်လယ်နဂါးဂိုဏ်းကို ရန်စမိသွားပြီ အခုချက်ချင်း ထွက်မပြေးရင် ငါတို့ သေရုံပဲ ရှိတော့မယ် အင်ပါယာ တော်ဝင်မိသားစုတောင် ငါတို့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"

"အခုတော့ နေရာတစ်ခုမှာ ပုန်းနေပြီး ပင်လယ်နဂါးဂိုဏ်းနဲ့ အဲဒီဓားကျင့်ကြံသူကြားက တိုက်ပွဲ ဘယ်လို ပြီးဆုံးမလဲဆိုတာ စောင့်ကြည့်ရမယ်အကယ်၍ ပင်လယ်နဂါးဂိုဏ်း ပျက်စီးသွားရင် ငါတို့ မြို့ကို ပြန်လာလို့ ရတာပေါ့"

မြို့စားမင်းက သက်ပြင်းချရင်း ဆက်တွေးလိုက်သည်။

"အင်း အဲဒီအချိန်ကျရင် ဒီနေရာက ဝိညာဉ်ဟင်းလင်းပြင်မြို့လို့တောင် ခေါ်နေပါဦးမလား မသိဘူး"

​ရဲ့မိသားစု အိမ်တော်သို့ ရောက်သောအခါ ရဲ့ကျန့်ဟယ်က ဖန့်ချန်အတွက် ခြံဝန်းတစ်ခုကို ချက်ချင်း စီစဉ်ပေးပြီး ဖန့်ချန် ဝယ်လိုသော ဝိညာဉ်သတ္တုရိုင်းများအကြောင်း ရိုသေစွာ မေးမြန်းသည်။

ဖန့်ချန်သည် ရတနာသွန်းလုပ်ရာတွင် အသုံးပြုနိုင်သည့် မည်သည့် ဝိညာဉ်သတ္တုရိုင်းကိုမဆို ဝယ်မည်ဟု သိလိုက်ရသောအခါ ရဲ့ကျန့်ဟယ်မှာ တိတ်တဆိတ် ထိတ်လန့်သွားသည်။

​ကြည့်ရတာ ဒီလူက ဓားကျင့်ကြံသူတင် မကဘဲ ရတနာသွန်းလုပ်သူ လည်း ဖြစ်ပုံရတယ်။ သူတို့က ဓားကျင့်ကြံသူတွေလိုပဲ တော်တော်လေး ရှားပါးတာပဲ

​မီးတောက်အင်ပါယာရှိ ကျင့်ကြံသူများ လက်ထဲရှိ ရတနာ အများစုမှာ ယခင် မျိုးဆက်များမှ လက်ဆင့်ကမ်းလာကြခြင်း ဖြစ်သည်။

တကယ်လို့ သီးခြား ရတနာတစ်ခုခု လိုအပ်ပါက ပိုမို အစွမ်းထက်သော အဆင့် ၅ အင်ပါယာများ သို့မဟုတ် ကျွမ်းကျင်သော ရတနာသွန်းလုပ်သူများ ရှိရာ အဆင့် ၄ အင်ပါယာများမှ ဝယ်ယူရလေ့ရှိသည်။

​သို့သော် အဆင့် ၆ အင်ပါယာများတွင်မူ ရတနာသွန်းလုပ်သူများမှာ ဓားကျင့်ကြံသူများကဲ့သို့ပင် ရှားပါးလှသည်။

ထိုနေရာတွင် သူတို့ မျိုးသုဉ်းသွားပြီဟုပင် ပြောနိုင်ပါသည်။

​"စီနီယာရဲ့ ဘတ်ဂျက်က ဘယ်လောက်လဲဆိုတာ ကျွန်တော် သိခွင့်ရှိမလား"

ရဲ့ကျန့်ဟယ်က သတိထား၍ မေးသည်။

​"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၉၀၀၀"

ဟု ဖန့်ချန်က အေးဆေးစွာ ဖြေလိုက်သည်။

​ရဲ့ကျန့်ဟယ်မှာ အသက်ရှူပင် မှားသွားသည်။

ဝိညာဉ်ကျောက်တုံး ၉၀၀၀ ဒါက ဝိညာဉ်သတ္တုတွင်း တစ်ခုလုံးကိုတောင် ဝယ်နိုင်တဲ့ ပမာဏပဲ အကယ်၍ အဲဒီ ဝိညာဉ်ကျောက်တုံးတွေနဲ့ ရတနာတွေ ဝယ်မယ်ဆိုရင် ဝိညာဉ်တံဆိပ် တစ်ရာလောက် ပါတဲ့ အစွမ်းထက် ရတနာတစ်ခုကိုတောင် ဝယ်လို့ရတယ်

​"မင်းမှာ ဒီလောက် အထောက်အပံ့တွေ အဆင်သင့် မရှိရင် တခြား မိသားစု နှစ်ခုကို အကူအညီ တောင်းလိုက်ပါ ငါ့လက်ထဲကို စောစော ရောက်လေ ပိုကောင်းလေပဲ"

ဟု ဖန့်ချန်က ထပ်ပြောသည်။

​ရဲ့ကျန့်ဟယ်က အမြန် ခေါင်းညိတ်သည်။

"ဟုတ်ကဲ့ပါ"

​သူ ထွက်သွားပြီးနောက် ဖန့်ချန်သည် သူ၏ ဝိညာဉ်အာရုံကို ချက်ချင်း လွှတ်တင်လိုက်ရာ ရှရွှမ်ကျီနှင့် အကြီးအကဲ သုံးဦးကို တွေ့လိုက်ရသည်။

သေချာပေါက်ပင် ရှရွှမ်ကျီ ထွက်မသွားသေးဘဲ သူတို့နှင့်အတူ ရှိနေဆဲ ဖြစ်သည်။

​ဖန့်ချန် စိတ်သက်သာရာ ရသွားသည်။

​အကယ်၍ ရှရွှမ်ကျီက ထွက်သွားဖို့ ကြံနေလျှင် ဖန့်ချန်အနေဖြင့် ဒုက္ခခံကာ လှုပ်ရှားရတော့မည်ဖြစ်ပြီး ၎င်းက သူ့ကို ရှစ်မျက်နှာအရပ် ဓားကျမ်းကို ဒုတိယအကြိမ် အတင်းအကျပ် အသုံးပြုစေရပါလိမ့်မည်။

​အဘိုးကြီး ထွက်ပြေးဖို့ မလောပါနဲ့ဦး ဖန့်ချန်၏ မျက်လုံးများတွင် အရောင်တစ်မျိုး လက်သွားသည်။

အရင်ဆုံး ငါ့ရဲ့ ဝိညာဉ်သတ္တုတွင်း ကိစ္စကို အရင် ရှင်းပါရစေဦး။

​ဓားငယ်လေးသာ ပိုမို သန်မာလာမည်ဆိုလျှင် ရှစ်မျက်နှာအရပ်ဓားကျမ်းကို မသုံးဘဲ ရှားရွှမ်ကျီကို ကိုင်တွယ်နိုင်မည်ဟု သူ ယုံကြည်သည်။

ထိုအခါကျမှ သူ့အဒေါ် ဘယ်မှာလဲဆိုတာကို မေးရမည်။

All Chapters