← Chapters

အခန်း (၈၅၃-၈၅၄)

Vol. 86 Ch. 853-854

အခန်း (၈၅၃-၈၅၄)

Vol. 86 Ch. 853-854

​အခန်း (၈၅၃) တစ်ခုက တစ်ခုပဲ

​"ဆရာ... ခမည်းတော်က ပြောတယ် မီးတောက်နိုင်ငံ ကသာ မဟာရှထဲကို ပူးပေါင်းဝင်ရောက်ဖို့ ထပ်ပြီးငြင်းဆန်နေဦးမယ်ဆိုရင် မကြာခင်မှာ စစ်တပ်စေလွှတ်ပြီး တိုက်ခိုက်တော့မယ်တဲ့ ဒီကိစ္စကို... သမီး ခမည်းတော်ကို ဖျောင်းဖျကြည့်ပါသေးတယ် ဒါပေမဲ့ ခမည်းတော်က သဘောမတူဘူး"

​အဝေးမှ ပုံရိပ်နှစ်ခုသည် တစ်ဦးနောက်တစ်ဦး နန်းတော်ဘက်သို့ လျှောက်လာကြသည်။

အနည်းငယ် နောက်ကျပြီး လိုက်ပါလာသူမှာ ပိုမိုရင့်ကျက်လာပုံရသည့် ဆဌမမင်းသမီး ပင် ဖြစ်သည်။

​သူမသည် သူမ၏ဆရာဖြစ်သူကို တစ်စုံတစ်ခု ရှင်းပြနေခြင်း ဖြစ်သည်။

ဆယ်စုနှစ်ပေါင်းများစွာ အချိန်ကာလသည် တာအိုမီးတိမ်တိုက် ကဲ့သို့သော အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူအတွက်မူ သိပ်မကြာလှသဖြင့် သူမ၏ ရုပ်သွင်မှာ ပြောင်းလဲမှု မရှိပေ။

​ဆဌမမင်းသမီး၏ လက်ရှိကျင့်ကြံမှုမှာမူ အဆင့် (၁၀) ချီသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

​တာအိုမီးတိမ်တိုက်က မျက်မှောင်ကြုတ်လိုက်ပြီး

"မီးတောက်နိုင်ငံက ဘယ်တုန်းကမှ သူတစ်ပါးအပေါ် ရန်မမူခဲ့သလို မဟာရှနဲ့လည်း ဘာပြဿနာမှ မရှိခဲ့ဖူးဘူး မင်းခမည်းတော်ရဲ့ ဒီလုပ်ရပ်က တကယ်ကို မသင့်တော်ဘူး"

"နိုင်ငံနှစ်ခု စစ်ဖြစ်ပြီဆိုရင် သာမန်လူတွေကို ထားလိုက်ဦး၊ ငါတို့လို ကျင့်ကြံသူတွေတောင် အသေအပျောက် များနိုင်တယ် တကယ်လို့ မီးတောက်နိုင်ငံက မဟာရှထဲကို ပူးပေါင်းဝင်ရောက်သွားခဲ့ရင် ဂိုဏ်းအသီးသီးရဲ့ ဝိညာဉ်တောင်တွေနဲ့ ဝိညာဉ်စမ်းရေတွင်းတွေကို ဘယ်လို ခွဲဝေကြမလဲ"

​"ခမည်းတော်က ပြောတယ် မီးတောက်နိုင်ငံရဲ့ ကျင့်ကြံခြင်းလောက အခြေအနေကို ထိခိုက်စေမှာ မဟုတ်ဘူးတဲ့"

ဆဌမမင်းသမီးက ခါးသီးစွာ ပြုံးလျက် ပြောသည်။

​"မဟာရှက ဒီနှစ်ပိုင်းအတွင်းမှာ အင်တိုက်အားတိုက် နယ်မြေချဲ့ထွင်နေတာ အဆင့် ၅ ဒါမှမဟုတ် အဆင့် ၄ အင်ပါယာတွေရဲ့ သတိပြုမိတာကို ခံရဖို့က မလွဲမသွေပဲ တကယ်လို့ ယွမ်ချန်းနိုင်ငံ နဲ့ ယူရှန်းနိုင်ငံ တို့က ဒီကိစ္စကို သိသွားခဲ့ရင် မဟာရှက ဘယ်လို အခြေအနေမျိုးနဲ့ ရင်ဆိုင်ရမလဲ သိလား"

​တာအိုမီးတိမ်တိုက်က သက်ပြင်းအသာချလိုက်သည်

"ခဏနေရင် မင်းခမည်းတော်နဲ့ တွေ့တဲ့အခါ မင်းလည်း ဝင်ပြီး ဖျောင်းဖျပေးဖို့ မျှော်လင့်ပါတယ်"

​စကားပြောနေစဉ်မှာပင် သူတို့နှစ်ဦးမှာ နန်းတော်တံခါးဝသို့ ရောက်ရှိလာကြသည်။

နန်းတော်ထဲသို့ ဝင်ရန် ပြင်လိုက်စဉ် ဘေးနားတွင် ရပ်နေသော တာအိုဆရာတစ်ဦးကို တွေ့ရှိလိုက်ရသည်။

တာအိုမီးတိမ်တိုက်၏ မျက်လုံးများ လှုပ်ရှားသွားပြီး၊ ထိုတာအိုဆရာ၏ ကိုယ်ပေါ်မှ ထူးခြားလှသော လောကုတ္တရာ အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသဖြင့် ချက်ချင်းပင် လက်အုပ်ချီလိုက်သည်

​"တာအိုမိတ်ဆွေ..."

​"တာအိုမီးတိမ်တိုက် ၊ မင်းသမီးလေး... နှစ်အတော်ကြာ မတွေ့ရပေမဲ့ အရှိန်အဝါတွေက အရင်အတိုင်းပါပဲလား"

ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြသည်။

​အမျိုးသမီးနှစ်ဦးစလုံးမှာ ကြောင်သွားကြသည်။

တစ်ဖက်လူက သူတို့၏ အမည်နာမများကို ချက်ချင်း ပြောနိုင်သည်ဆိုကတည်းက ရင်းနှီးသော မိတ်ဆွေဟောင်းတစ်ဦး ဖြစ်ရပေလိမ့်မည်။

​နောက်တစ်စက္ကူတွင် ဆဌမမင်းသမီးမှာ အသက်ကို ပြင်းပြင်းရှူလိုက်မိပြီး အသံတုန်တုန်ဖြင့် ပြောလိုက်သည်

​"ရှင်... ရှင်က ဖန့်ချန်လား"

​"ဖန့်ချန်... တာအိုမိတ်ဆွေဖန့်"

ဟော်ယွန်းတာအိုမယ်၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ဖြစ်ပေါ်လာသည်။

​သူမ ဖန့်ချန်ကို နောက်ဆုံးတွေ့ခဲ့သည်မှာ မဟာချန်း တွင် ဖြစ်သည်။

ထိုနေ့က ဖန့်ချန်သည် ဓားတစ်ချက်ဖြင့် ဝိညာဥ်သန္ဓေသားအဆင့်ကို ဒဏ်ရာရစေခဲ့သည်ကို သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ရသလို၊ သူ၏ ကိုယ်ပိုင်အသက်အရွယ်များကိုလည်း ဖြတ်တောက်ကာ ကျောက်ခေါင်းထဲတွင် မြှုပ်နှံခဲ့သည်ကို မြင်ခဲ့ရသည်။

​ထို့နောက် နှစ်ပေါင်းများစွာကြာသောအခါ ဖန့်ချန် ပြန်လည်ရှင်သန်လာသည်ဟု သူမ ကြားသိခဲ့ရသော်လည်း၊ ၎င်းမှာ ကောလာဟလမျှသာ ဖြစ်သဖြင့် အတည်မပြုနိုင်ခဲ့ပေ။

ယခု လူကိုယ်တိုင် တွေ့လိုက်ရမှသာ ထိုကောလာဟလမှာ အမှန်ဖြစ်ကြောင်း သက်သေပြနိုင်တော့သည်။

​တာအိုမီးတိမ်တိုက်မှာ မပေါ့ဆရဲတော့ဘဲ ရိုသေစွာ ဂါရဝပြုလိုက်သည်

" တာအိုမိတ်ဆွေဖန့်ကို ဂါရဝပြုပါတယ်"

​သူမသည် ဖန့်ချန်၏ ကျင့်ကြံမှုကို မမြင်နိုင်သော်လည်း၊ လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက ဖန့်ချန်၏ ဓားမှာ ဝိညာဥ်သန္ဓေသားအဆင့်ကို သတ်နိုင်ခဲ့သည်ဖြစ်ရာ၊ ယခု ဆယ်စုနှစ်များစွာ ကြာပြီးနောက်တွင် အခြေခံတည်ဆောက်ခြင်း အစဦးအဆင့်မျှသာ ရှိသေးသော သူမထက် မည်သို့ပင်ဆိုစေ ပိုမို အစွမ်းထက်ပေလိမ့်မည်။

​"တာအိုမိတ်ဆွေက ဒီကိုလာတာ ရှရွှမ်ကျိ နဲ့ တွေ့ဖို့လား"

ဖန့်ချန်က ပြုံးလျက် မေးသည်။

​ဆဌမမင်းသမီးသည် ဖန့်ချန်က သူမ၏ ခမည်းတော်အမည်ကို တိုက်ရိုက်ခေါ်လိုက်သည်ကို ကြားသောအခါ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသော်လည်း၊ ယခုအချိန်တွင် ဘာမှ မပြောရဲပေ။

​ကျင့်ကြံခြင်းလောကရှိ အဆင့်အတန်းအရဆိုလျှင် ရှေ့မှ ပုဂ္ဂိုလ်မှာ သူမ၏ ခမည်းတော်ထက် နိမ့်ကျလိမ့်မည် မဟုတ်ပေ။

​တာအိုမီးတိမ်တိုက်မှာ ထိုအခါမှ သတိဝင်လာသည်။

ဤပုဂ္ဂိုလ်၏ လောကီအဆင့်အတန်းမှာ မဟာရှ၏ စစ်သူကြီးတစ်ဦး မဟုတ်ပါလား...။

​သူမ၏ မျက်နှာမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲသွားပြီးနောက် ခါးသီးစွာ ပြုံးလိုက်သည်

"အခုကြည့်ရတာတော့... တွေ့တာနဲ့ မတွေ့တာက ဘာမှ ထူးခြားတော့မှာ မဟုတ်ဘူးထင်တယ်..."

​"ဘာလို့ မထူးခြားရမှာလဲ၊ ငါကိုယ်တိုင်လည်း မီးတိမ်မိတ်ဆွေရဲ့ ထူးခြားတဲ့ အမြင်တွေကို နားထောင်ချင်ပါသေးတယ်"

​သူတို့၏ နောက်ကွယ်မှ ဟိန်းထွက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။

​နန်းတော်တံခါးဝတွင် တောင်ကြီးတစ်လုံးကဲ့သို့ ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခုမှာ လက်ကို နောက်ပစ်ကာ ရပ်နေပြီး၊ သူ၏ ဘေးပတ်ပတ်လည်တွင် အစောင့်များနှင့် မိန်းမစိုးများစွာ ဝန်းရံထားသည်။

​ရှရွှမ်ကျိ၏ မျက်နှာတွင် အပြုံးအနည်းငယ် ရှိနေပြီး သူ၏ အကြည့်မှာ ဖန့်ချန်ပေါ်သို့ ကျရောက်နေသည်

​"ဖန့်ချန်... မင်းက ဝိညာဥ်သန္ဓေသားအဆင့် တက်လှမ်းဖို့ ကြိုးစားရင်း ကျရှုံးပြီး သေဆုံးသွားပြီလို့ ငါ ထင်နေခဲ့တာ အခုကြည့်ရတာတော့ မင်းရဲ့ အသက်က ငါထင်ထားတာထက် ပိုမာနေပါလား၊ စိတ်ဝင်စားဖို့ ကောင်းတယ်"

​"ဝိညာဥ်သန္ဓေသား တက်လှမ်းဖို့ ကြိုးစားခဲ့တာ ဒီပုဂ္ဂိုလ်က ဝိညာဥ်သန္ဓေသားအဆင့်ကိုတောင် ရောက်ဖို့ ကြိုးစားခဲ့တာလား "

တာအိုမီးတိမ်တိုက်မှာ အသက်ရှူပင် မှားသွားပြီး ဖန့်ချန်ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိသည်။

​ဆဌမမင်းသမီးမှာလည်း ရှရွှမ်ကျိ၏ စကားထဲမှ အဓိပ္ပာယ်ကို ခဏချင်းအတွင်း နားလည်သွားပြီး ဖန့်ချန်ကို မယုံနိုင်စွာ ကြည့်နေမိသည်။

​ဝိညာဥ်သန္ဓေသား... ဆယ်စုနှစ် အနည်းငယ်အတွင်းမှာပဲ တစ်ဖက်လူက ဒီအဆင့်အထိ ရောက်နေပြီလား

​သာမန်ကျင့်ကြံသူတွေဟာ နှစ်ပေါင်းရာချီ ကြိုးစားရင်တောင် ဒီအဆင့်ကို ရောက်ဖို့ မလွယ်ကူတာ မဟုတ်ပါလား

​တာအိုမီးတိမ်တိုက်၏ မျက်လုံးထဲမှ ရိုသေလေးစားမှုများမှာ ပိုမို တိုးပွားလာတော့သည်။

သူမသည် ဝိညာဥ်သန္ဓေသား တက်လှမ်းရာတွင် ကျရှုံးခြင်းမှာ ဘာကို ဆိုလိုသလဲဆိုသည်ကို မသိသော်လည်း၊ ဖန့်ချန်မှာ ကျရှုံးခဲ့လျှင်တောင် အနည်းဆုံး ရွှေအမြုတေ အထွတ်အထိပ် ကျင့်ကြံမှု ရှိနေဆဲ ဖြစ်မည်ဟု သူမ ထင်မှတ်ထားသည်။

​"အရှင်မင်းကြီးရဲ့ နည်းလမ်းတွေကလည်း ငါ ရဲ့ ထင်မှတ်ချက်ကို ကျော်လွန်နေပါတယ်"

ဖန့်ချန်က တည်ငြိမ်စွာ ပြုံးလိုက်သည်။

​သူတို့နှစ်ဦး၏ စကားပြောသံကို ကြားသောအခါ ရှရွှမ်ကျိ၏ ဘေးမှ အစောင့်များနှင့် မိန်းမစိုးများမှာ ထိတ်လန့်သွားကြပြီး၊ ရှေ့မှ တာအိုဆရာကို တိတ်တဆိတ် အကဲခတ်နေကြသည်။

​ဤမျှ နှစ်ပေါင်းများစွာအတွင်း သူတို့သည် ထိုပုဂ္ဂိုလ်၏ အမည်ကို ကောလာဟလများထဲတွင်သာ ကြားဖူးခဲ့ကြပြီး၊ ယခုမှသာ လူကိုယ်တိုင် မြင်တွေ့ရခြင်း ဖြစ်သည်။

​ကြားဖူးသည်မှာ မဟာရှ၏ ယခင်ဧကရာဇ် ရှယွမ် ပင်လျှင် ထိုပုဂ္ဂိုလ်၏ ပံ့ပိုးမှုကြောင့်သာ ထီးနန်းကို ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

​"ဒီနေရာက စကားပြောဖို့ မသင့်တော်ဘူး၊ နှစ်ယောက်လုံး ငါနဲ့အတူ ဥယျာဉ်ထဲကို သွားပြီး ထိုင်ကြရအောင်"

ရှရွှမ်ကျိက ပြုံးလျက် ပြောသည်။

​နန်းတွင်းဥယျာဉ်

​တာအိုမီးတိမ်တိုက်မှာ အနည်းငယ် တောင့်တောင့်ကြီး ထိုင်နေသည်။

ရှရွှမ်ကျိနှင့် နှိုင်းယှဉ်ပါက ဖန့်ချန်၏ အဆင့်အတန်းက သူမ၏ စိတ်ထဲတွင် ပိုမို မြင့်မားနေသည်။

​ထိုသုံးဦး၏ ရှေ့တွင် ဆဌမမင်းသမီးမှာ ထိုင်ရန် အဆင့်မရှိသဖြင့် အနားတွင် ရိုသေစွာ မတ်တပ်ရပ်နေရသော်လည်း၊ သူမ၏ အကြည့်များမှာ ဖန့်ချန်ဘက်သို့ ခဏခဏ ရောက်နေပြီး စပ်စုလိုစိတ်နှင့် သံသယများ ပြည့်နှက်နေသည်။

​"မီးတိမ်မိတ်ဆွေ... မင်း ဘာအကြောင်းကြောင့် လာတာလဲ အရင်ပြောပါဦး"

ရှရွှမ်ကျိက တာအိုမီးတိမ်တိုက်ကို ကြည့်ကာ ပြုံးလျက် မေးသည်။

​"တာအိုမိတ်ဆွေရှ မီးတောက်နိုင်ငံရဲ့ ဘုရင့်မိသားစုတွေက ကျုပ်နဲ့ မဟာရှကြားမှာ ရေစက်ရှိတာကို သိထားကြတယ်၊ ဒါကြောင့် ကျုပ်ကို ကိုယ်စားစေလွှတ်ပြီး မေးခိုင်းလိုက်တာပါ နိုင်ငံနှစ်ခု စစ်မဖြစ်လို့ မရဘူးလား "

​တာအိုမီးတိမ်တိုက်မှာ အံကြိတ်ကာ သူမ လာရခြင်းအကြောင်းကို ပြောလိုက်သည်။

သူမ စကားကို လှည့်ပတ်မနေချင်တော့ပေ၊ ယခု ဖန့်ချန်လည်း ရှိနေသဖြင့် ပွင့်ပွင့်လင်းလင်း ပြောခြင်းက အကောင်းဆုံး ဖြစ်သည်။

​အကယ်၍ တစ်ဖက်လူက သဘောမတူပါက သူမသည်လည်း မီးတောက်နိုင်ငံအတွက် နောက်ထပ် စကားတစ်ခွန်းမှ ပြောတော့မည် မဟုတ်ပေ။

ထိုကိစ္စတွင် ပါဝင်ပတ်သက်နေသော အဆင့်အတန်းမှာ သူမကဲ့သို့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဝင်ရောက်စွက်ဖက်ရန် မစွမ်းသာတော့ပေ။

​"မင်း ပြန်သွားပြီး သူတို့ကို ပြောလိုက်လို့ ရပါတယ် ဒီစစ်ပွဲကို မတိုက်ဘဲ နေလို့ ရတယ် ဒါပေမဲ့ သူတို့က ငါ့ရဲ့ မဟာရှ နယ်နိမိတ်ထဲကို ပူးပေါင်းဝင်ရောက်ဖို့ လိုအပ်မယ်"

​ရှရွှမ်ကျိက ပြုံးလျက် ပြောသည်

"ဒါက မခက်ခဲပါဘူး မဟုတ်လား မီးတောက်နိုင်ငံရဲ့ အထက်နိုင်ငံက မဟာချန်း ပဲ၊ သူတို့ကို အခွန်ဆက်သတာနဲ့ မဟာရှကို အခွန်ဆက်သတာ ဘာထူးလို့လဲ"

​တာအိုမီးတိမ်တိုက်မှာ ခါးသီးစွာ ပြုံးလိုက်ပြီး ဖန့်ချန်ဘက်ကို တိတ်တဆိတ် ကြည့်လိုက်သည်။

ခဏမျှ စဉ်းစားပြီးနောက် သူမ တိုးတိုးလေး ပြောလိုက်သည်

​"သူတို့က တကယ်လို့ မဟာချန်းက ဒီကိစ္စထဲကို ဝင်ပါလာရင် အကျိုးဆက်က မှန်းဆလို့ မရမှာကို ကြောက်နေကြတာပါ..."

​"မဟာချန်းလား မဟာချန်းကိုလည်း ငါ တိုက်မှာပဲ နောင်ကျရင် ဒီ တိမ်မြုပ်နယ်မြေ တစ်ခုလုံးက ငါ့ရဲ့ မဟာရှ နယ်နိမိတ် ဖြစ်လာလိမ့်မယ်"

​ရှရွှမ်ကျိက ပွင့်လင်းစွာ ရယ်မောလျက် ပြောသည်

"သူတို့ကို အများကြီး မစဉ်းစားခိုင်းပါနဲ့ ကံတရား (သို့မဟုတ်) နတ်ဘုရားအလိုတော်အတိုင်း လိုက်နာဖို့ပဲ ပြောလိုက်ပါ"

​"ကံတရားအတိုင်း လိုက်နာဖို့ ဟုတ်လား"

​ဖန့်ချန်က ပြုံးလိုက်သည်

"ရှရွှမ်ကျိ... မင်းက မင်းကိုယ်မင်း ကောင်းကင်ဘုံလို့ သဘောထားပြီး မင်းရဲ့ အမိန့်က ကောင်းကင်ဘုံရဲ့ အလိုတော်လို့ ပြောနေတာလား"

​"ဖန့်ချန်... မင်းနဲ့ ငါ့ကြားမှာ နားလည်မှုလွဲတာတွေ ရှိတာ ငါသိပါတယ် ဒါပေမဲ့ ဒီကိစ္စက မဟာရှအတွက် ဘာမှ ဆိုးကျိုးမရှိဘူး မင်းသာ ငါ့ကို တားဆီးမယ်ဆိုရင် မင်းရဲ့ အဒေါ် ကို စိတ်မကောင်း ဖြစ်စေလိမ့်မယ် မင်း မသိသေးဘူး ထင်တယ် ငါနဲ့ သူနဲ့ကြားမှာ သမီးလေးတစ်ယောက် ရှိနေပြီ"

​ရှရွှမ်ကျိက ပြုံးလျက် အဝေးသို့ လက်လှမ်းပြလိုက်သည်

"ယွန်းရှင်း... လာခဲ့ပါဦး မင်းရဲ့ ဝမ်းကွဲအစ်ကိုနဲ့ လာတွေ့ဦး"

​ရှယွန်းရှင်း လေးသည် နန်းတွင်းသူအချို့၏ ခြံရံမှုနှင့်အတူ ဖန့်ချန်ကို စပ်စုစွာ ကြည့်နေသော်လည်း တိုက်ရိုက် မလာရဲဘဲ ဆဌမမင်းသမီး၏ ခြေထောက်ကို ဖက်ထားကာ

​"အစ်မကြီး... သမီး ကြောက်တယ်"

​"သူက မင်းရဲ့ အစ်ကိုပဲ၊ မကြောက်ပါနဲ့"

ဆဌမမင်းသမီးက ချစ်ခင်စွာ ပြုံးလျက် ရှယွန်းရှင်းလေးကို လက်ဆွဲကာ ဖန့်ချန်၏ ရှေ့သို့ ခေါ်လာပေးသည်။

​"လာပါဦး"

ဖန့်ချန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး ရှယွန်းရှင်းလေးကို လက်လှမ်းခေါ်လိုက်သည်။

​မူလက အနည်းငယ် ကြောက်နေသော ရှယွန်းရှင်းလေးမှာ ရှေ့မှ အလွန်ချောမောလှပသော အစ်ကိုကြီးက သူမကို အလွန်ရင်းနှီးသော ခံစားချက်မျိုး ပေးစွမ်းနေသည်ဟု ရုတ်တရက် ခံစားလိုက်ရသဖြင့် အလိုအလျောက်ပင် ဖန့်ချန်၏ ရှေ့သို့ လျှောက်သွားမိသည်။

​"အရမ်း ချစ်ဖို့ကောင်းတာပဲ"

​ဖန့်ချန်က ရှယွန်းရှင်းလေး၏ ပါးကို အသာအယာ ဆွဲလိုက်ပြီးနောက် ရှရွှမ်ကျိကို ကြည့်လိုက်သည်

​"တစ်ခုက တစ်ခုပဲ မင်း ပွင့်ပွင့်လင်းလင်းပဲ ပြောရအောင် မဟာရှရဲ့ စစ်သည် ခြောက်သိန်းရဲ့ ဝိညာဉ်တွေဟာ စကားလုံး အနည်းငယ်နဲ့တင် ဖျက်ပစ်လို့ ရနိုင်မှာ မဟုတ်ဘူး"

​ဆဌမမင်းသမီးမှာ အလွန်အံ့အားသင့်သွားပြီး သူမ၏ မျက်လုံးများထဲတွင် သံသယများ ဖြစ်ပေါ်လာသည်။

​မဟာရှရဲ့ စစ်သည် ခြောက်သိန်းရဲ့ ဝိညာဉ်တွေ ဟုတ်လား အဲဒါက သူမရဲ့ ခမည်းတော်နဲ့ ဘာဆိုင်လို့လဲ

​တာအိုမီးတိမ်တိုက်၏ မျက်လုံးများလည်း လှုပ်ရှားသွားသည်။

ကြည့်ရသည်မှာ... တာအိုမိတ်ဆွေဖန့်နဲ့ မဟာရှဧကရာဇ် ရှရွှမ်ကျိ တို့ကြားမှာ... ပြေလည်မှု မရှိကြတာ သိသာလှပေသည်။

​အခန်း (၈၅၄) မင်းအဘိုးကို သွားမေးလိုက်ပါ

​"မင်းတို့ အရင်ဆင်းသွားကြတော့"

​ရှရွှမ်ကျိက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တာအိုမီးတိမ်တိုက်တို့ လူစုကို လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

​တာအိုမီးတိမ်တိုက်သည် ထူးဆန်းသော မျက်နှာထားဖြင့် မတ်တပ်ရပ်ကာ ဂါရဝပြုလိုက်ပြီး၊ ဆဌမမင်းသမီးတို့ လူစုနှင့်အတူ လှည့်ထွက်သွားတော့သည်။

​သူတို့ ထွက်သွားပြီးနောက် ရှရွှမ်ကျိက ဖန့်ချန်ကို ပြုံးစစဖြင့် ကြည့်လိုက်သည်

"မင်းက ငါ့ကို တားချင်တာလား... ငါ မင်းကို သတ်လိုက်မှာကို မကြောက်ဘူးလား"

​"မင်း စမ်းကြည့်လို့ရပါတယ်"

ဖန့်ချန်က ရယ်လျက် ပြန်ပြောသည်။

​ရှရွှမ်ကျိက မျက်လုံးကို အသာအယာ မှေးလိုက်ပြီး ဖန့်ချန်ကို အကဲခတ်လိုက်သည်

"မင်း ရှကျီ နဲ့ တွေ့ခဲ့ပြီးပြီ ထင်တယ်"

​ဖန့်ချန်၏ မျက်လုံးထဲတွင် အပြုံးများ ပိုမို တောက်ပလာသည်။

ကြည့်ရသည်မှာ တစ်ဖက်လူက ပွင့်ပွင့်လင်းလင်း ပြောတော့မည့်ပုံပင်၊ ၎င်းက ကောင်းသော လက္ခဏာဖြစ်သည်။

​ဟိုဟိုဒီဒီ ခန့်မှန်းနေမည့်အစား သူ့ပါးစပ်ကနေ အမှန်တရားကို သိရတာက ပိုကောင်းပေသည်။

​"ငါ နေပြည်တော်မှာ ရှကျီ နဲ့ တွေ့ခဲ့တယ် သူက အခု နဂါးစားဘုရင်ရဲ့ မွေးစားသား ဖြစ်နေပြီ သူပြောတာတော့ နဂါးစားဘုရင်ရဲ့ ရုပ်သွင်က မင်းနဲ့ တစ်ပုံစံတည်းပဲတဲ့"

ဖန့်ချန်က ပြုံးလျက် ပြောသည်။

​ရှရွှမ်ကျိက ရယ်မောလိုက်သည်

"ဒါဆိုရင် ငါကပဲ နဂါးစားဘုရင် ဖြစ်နေမှာကို မင်းမကြောက်ဘူးလား တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က မင်းကို ကိုင်တွယ်ဖို့ဆိုတာ မျက်တောင်တစ်ခတ်စာတောင် ကြာမှာမဟုတ်ဘူးနော်"

​"နဂါးစားဘုရင် ဖြစ်တော့ရော ဘာဖြစ်လဲ ဂိုဏ်းချုပ်အဆင့် ထက် ပိုပြီး အစွမ်းထက်လို့လား"

​ဖန့်ချန်၏ မျက်နှာတွင် အပြုံးများ ပိုမို တိုးပွားလာသည်

"တကယ်လို့ မင်းက နဂါးစားဘုရင် အစစ်ဆိုရင်လည်း မင်းရဲ့ ကိုယ်ပွားမဟုတ်ဘဲ မူရင်းကိုယ်ထည်နဲ့ပဲ လာခဲ့လိုက်ပါ ငါ ဒီမှာပဲ စောင့်နေမယ်"

​ရှရွှမ်ကျိ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး အပြုံးများ မှေးမှိန်သွားကာ မသိမသာ မေးလိုက်သည်

"အော်... မင်းနောက်မှာ ဂိုဏ်းချုပ်တစ်ယောက် ပါလာတာလား ဟို တောရိုင်းကျောင်းတော် က ပုဂ္ဂိုလ်လား "

​"မင်း ခန့်မှန်းကြည့်လေ"

ဖန့်ချန်က ရယ်လျက် ပြောသည်။

​ရှရွှမ်ကျိက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းအသာချလိုက်သည်

"ပြောစမ်းပါဦး၊ မင်း ဘာလုပ်ချင်တာလဲ "

​"ငါ ဘာလုပ်ချင်တာလဲဆိုတာထက် မင်း ဘာလုပ်ချင်တာလဲဆိုတာကို ပြောရမှာ တကယ်လို့ မင်း သေသေချာချာ မရှင်းပြနိုင်ဘူးဆိုရင် နဂါးစားဘုရင်က မင်းရဲ့ ကိုယ်ထည်အစစ် ဖြစ်ဖြစ် မဖြစ်ဖြစ် မင်းနဲ့ ရုပ်ချင်းတူနေသရွေ့ ငါ သူ့ဆီကို လူကိုယ်တိုင် လာခဲ့မှာပဲ"

ဖန့်ချန်က ပြောသည်။

​"တောရိုင်းကျောင်းတော်က ပုဂ္ဂိုလ်က မင်းကို ဒီလောက်တောင် အလိုလိုက်ထားတာလား "

ရှရွှမ်ကျိ၏ မျက်နှာ ပျက်သွားသည်။

​ဖန့်ချန်က ပြုံးနေရုံသာ ရှိပြီး ဘာမှ ပြန်မပြောဘဲ ရှရွှမ်ကျိကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။

​စက္ကန့်အနည်းငယ် ကြာပြီးနောက် ရှရွှမ်ကျိက သက်ပြင်းအသာချလိုက်သည်

"ဟုတ်တယ်၊ ငါက အဲဒီ နဂါးစားဘုရင်ပဲ"

​"မင်းက နဂါးစားဘုရင်ရဲ့ ကိုယ်ပွား လား"

ဖန့်ချန်က တည်ငြိမ်စွာ မေးသည်။

​"ကိုယ်ပွား"

ရှရွှမ်ကျိက အေးစက်စွာ ရယ်မောလိုက်သည်

"ငါက နဂါးစားဘုရင် အစစ် ပဲ အခု မြောက်ပိုင်းကျွန်းစုမှာ ရှိနေတဲ့သူကမှ ငါ့ရဲ့ ကိုယ်ပွား ဖြစ်တာ"

​ဖန့်ချန် မျက်မှောင်ကြုတ်သွားသည်

"နောက်မနေနဲ့ ဒါက မရယ်ရဘူး"

​"နောက်တာလား"

ရှရွှမ်ကျိက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ရယ်လိုက်သည်

"မင်း ယုံမှာမဟုတ်ဘူးဆိုတာ ငါသိပါတယ် ဒါပေမဲ့ ဒါက အမှန်တရားပဲ မင်း ယုံယုံ မယုံယုံ ငါကမှ တကယ့် နဂါးစားဘုရင် အစစ်ပဲ"

​"မင်းက နဂါးစားဘုရင်ဆိုရင် အရင်တုန်းက မင်းရဲ့ ကျင့်ကြံမှုက ဘာလို့ အခြေခံတည်ဆောက်ခြင်းအဆင့်ပဲ ရှိရတာလဲ၊ ပြီးတော့ ငါ့လက်ထဲမှာ တစ်ခါတောင် သေခဲ့သေးတယ် မဟုတ်လား"

​ဖန့်ချန်က ဆက်ပြောသည်

"ဒါအပြင် နဂါးစားဘုရင်လို ပုဂ္ဂိုလ်မျိုးက သွေးဝိညာဉ်ဂိုဏ်းထဲကို ဝင်ပြီး သွေးဝိညာဉ်ဆေးလုံး အနည်းငယ်အတွက် ကြံစည်နေစရာ လိုလို့လား "

​"ဝိညာဉ်နတ်ဘုရားဂိုဏ်း ထဲ ဝင်တာလား "

ရှရွှမ်ကျိက ခဏမျှ စဉ်းစားပြီးနောက် ခေါင်းယမ်းလိုက်သည်

"ဒီကိစ္စတွေကို မင်းကို ပြောပြလည်း အပိုပဲ၊ ငါ့မှာ ငါ့အစီအစဉ်နဲ့ ငါရှိတယ် မင်း သိထားဖို့က ငါနဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်းကြားက ပတ်သက်မှုက မင်းထင်သလို မဟုတ်ဘူး အဲဒါက တော်တော်လေး ရှုပ်ထွေးတယ်"

​"ငါပြောတာက သွေးဝိညာဉ်ဂိုဏ်း ကို ပြောတာ"

ဖန့်ချန်က တိုးတိုးလေး ပြောလိုက်သည်။

​ရှရွှမ်ကျိက ခဏမျှ ကြောင်သွားပြီးမှ ခေါင်းညိတ်သည်

"ဟုတ်တယ်၊ သွေးဝိညာဉ်ဂိုဏ်းပဲ မင်း ဒီနေ့ ဒီကို ရောက်လာတာဆိုတော့ မင်းရဲ့ စရိုက်အရ ဒီကာလအတွင်း ငါ ဘာတွေလုပ်နေလဲဆိုတာကို စုံစမ်းပြီးလောက်ပြီ အခု ငါလုပ်နေသမျှ အားလုံးက သွေးဝိညာဉ်ဂိုဏ်းနဲ့ မသက်ဆိုင်သလို မဟာရှအတွက်လည်း ဘာဆိုးကျိုးမှ မရှိဘူး၊ ဒါကြောင့် စိတ်ချလိုက်ပါ"

​"မင်းကို ငါ ဘယ်လို စိတ်ချရမှာလဲ မင်း ခုနကပဲ ဝိညာဉ်နတ်ဘုရားဂိုဏ်းလို့ ပြောလိုက်ပြီလေ"

ဖန့်ချန်က ဆက်ပြောသည်

"တကယ်လို့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မပြောဘူးဆိုရင် ငါက မှားပြီး သတ်မိရင် သတ်မိပါစေလက်လွတ်မခံတတ်ဘူးဆိုတာ မင်းသိသားပဲ မင်းက ငါ့ရဲ့ အဒေါ်နဲ့ ပတ်သက်နေတဲ့သူ ဖြစ်နေရင်တောင် ဘာထူးမှာလဲ"

​"မင်း ဘာကို ဆိုလိုတာလဲ"

ရှရွှမ်ကျိ မျက်မှောင်ကြုတ်သွားသည်။

​"အချို့နေရာတွေမှာ သွေးဝိညာဉ်ဂိုဏ်းကို ဝိညာဉ်နတ်ဘုရားဂိုဏ်းလို့ ခေါ်ကြတယ်လို့ ငါကြားဖူးတယ်"

ဖန့်ချန်က ရှရွှမ်ကျိကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

​အခြေအနေက တစ်စုံတစ်ခုကို ဦးတည်သွားပြီဖြစ်သည်။

ထိုနဂါးစားဘုရင်သည် အပြင်ဘက်နယ်မြေ မှ လာသူဖြစ်နိုင်ပြီး ရှေးဟောင်းနယ်မြေက လူ မဟုတ်ဖို့ များနေပြီ။

​"မင်း ဒါကို ဘယ်က ကြားတာလဲ"

ရှရွှမ်ကျိ၏ မျက်နှာ အရောင်ပြောင်းသွားသည်။

​"ငါ ဘယ်ကကြားတာလဲ ငါမသိဘူး၊ မင်းပဲ ငါ့ကို ပြောပြလေ"

ဖန့်ချန်က ပြုံးလျက် ပြောသည်။

​"မင်း ပျောက်ကွယ်နေတဲ့ အချိန်တုန်းက အပြင်ဘက်နယ်မြေကို ရောက်သွားတာလား ဘယ်ဂိုဏ်းချုပ်က မင်းကို ပို့ပေးလိုက်တာလဲ ဘယ်နယ်မြေကို ရောက်ခဲ့တာလဲ"

ရှရွှမ်ကျိ၏ မျက်နှာထားမှာ အနည်းငယ် လေးနက်သွားသည်။

​ဖန့်ချန်က ပြုံးနေရုံသာရှိပြီး ဘာမှ ပြန်မဖြေသည်ကို မြင်သောအခါ ရှရွှမ်ကျိက ခဏမျှ ဝေခွဲမရဖြစ်သွားပြီးနောက် လေးလံသော အသံဖြင့် ပြောလိုက်သည်

​"ကောင်းပြီလေ ငါက တကယ်တော့ ရှေးဟောင်းနယ်မြေက ကျင့်ကြံသူ မဟုတ်ဘူး ငါက ဝိညာဉ်သိုင်းနယ်မြေ က လာတာ"

​"ဝိညာဉ်သိုင်းနယ်မြေမှာ ငါက နဂါးစားဘုရင်ပဲ ပြီးတော့ ဂိုဏ်းချုပ်အဆင့်ကို တက်လှမ်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့သူ နောက်ထပ် နည်းနည်းလေးဆိုရင် ငါက လွတ်လပ်သောမသေမျိုးတောင် ဖြစ်တော့မှာ"

​"မင်း ငါ့ကို ရိုရိုသေသေ ဆက်ဆံတာ အကောင်းဆုံးပဲ အခု အဆင့်အတန်းအရဖြစ်စေ အရင်က အဆင့်အတန်းအရဖြစ်စေပေါ့"

​"လွတ်လပ်သောမသေမျိုး ဖြစ်ခါနီး ဟုတ်လား ဒါဆို မင်း အဆင့်တက်တာ ကျရှုံးခဲ့လို့ ရှေးဟောင်းနယ်မြေကို ရောက်လာတာပေါ့ "

ဖန့်ချန်၏ မျက်လုံးများ လှုပ်ရှားသွားသည်။

​ရှရွှမ်ကျိ၏ မျက်နှာမှာ မဲမှောင်သွားသည်

"ဘာလို့လဲဆိုတော့ ငါ အဆင့်မတက်ခင်မှာ ဝိညာဉ်နတ်ဘုရားရဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာကို ခံလိုက်ရလို့ ငါ့ရဲ့ ဝိညာဉ် က နှစ်ခြမ်းကွဲသွားခဲ့ရတယ်"

​"ငါက ဒီလို နေရာစုတ်ကို လာချင်လွန်းလို့ လာခဲ့တယ် ထင်နေလား ဝိညာဉ်သိုင်းနယ်မြေနဲ့ နှိုင်းယှဉ်ရင် ရှေးဟောင်းနယ်မြေက အဆပေါင်းများစွာ အားနည်းလွန်းတယ်"

​"ဒါပေမဲ့ ငါ့ရဲ့ ဝိညာဉ်တစ်ခြမ်းက အဲဒီ ဝိညာဉ်နတ်ဘုရားနဲ့ ပူးပေါင်းပြီး ဒီကို ရောက်နေတာ ငါ့ရဲ့ ကျင့်ကြံမှုကို ပြန်ရဖို့ဆိုရင် ငါ ဒီကို လိုက်လာရုံပဲ ရှိတာပေါ့"

​"မင်း ဘာတွေ ပြောနေတာလဲ မင်းပြောချင်တာက မြောက်ပိုင်းကျွန်းစုက နဂါးစားဘုရင်က သွေးဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ တစ်ဖွဲ့တည်းလို့ ပြောတာလား သူက မင်းရဲ့ ဝိညာဉ်တစ်ခြမ်းလား"

ဖန့်ချန်က မျက်မှောင်ကြုတ်လျက်

"နဂါးစားဘုရင်က တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ မသေမျိုးဘုရင် အဆင့် ပုဂ္ဂိုလ်ကြီး မင်းက အခု ဝိညာဉ်သန္ဓေသား အစဦးအဆင့်ပဲ ရှိသေးတာကို သူက မင်းရဲ့ ဝိညာဉ်တစ်ခြမ်းလို့ ပြောနေတာလား"

​"ဒါက လူကြားရင် ရယ်စရာကြီး ဖြစ်လိမ့်မယ် ငါသာ မင်းစကားကို ယုံလိုက်ရင် မင်းနဲ့အတူ ငါပါ ရယ်စရာ ဖြစ်သွားလိမ့်မယ်"

​ရှရွှမ်ကျိ၏ မျက်နှာမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေပြီး ဒေါသများကလည်း မျက်လုံးထဲတွင် လှုပ်ရှားနေသည်။

ခဏအကြာတွင် သူသည် ဒေါသကို ထိန်းချုပ်လိုက်ပြီး နောက်ဆုံး လက်ကျန် စိတ်ရှည်မှုဖြင့် ပြောလိုက်သည်

​"ဟုတ်တယ် အခု နဂါးစားဘုရင်က ငါ့ရဲ့ ဝိညာဉ်တစ်ခြမ်းပဲ ဒါပေမဲ့ ဝိညာဉ်နတ်ဘုရားက တစ်ခုခု လုပ်ထားလို့ သူ့မှာ ကိုယ်ပိုင် အသိစိတ် ရှိနေတာ"

​"မင်း အရင်က ငါ့ကို သွေးဝိညာဉ်ဂိုဏ်းက ကျင့်ကြံသူလို့ သိသွားတာက... သူက ဝိညာဉ်သိုင်းနယ်မြေက ဝိညာဉ်နတ်ဘုရားဂိုဏ်း ဆိုတာကို ငါသိနေလို့ပဲ"

​"ရန်သူကို အနိုင်ယူချင်ရင် ရန်သူ့အကြောင်းကို သိထားရမယ် အရင်က သုံးလောကတောင် တိုက်ပွဲတုန်းက ငါ ဝင်မပါခဲ့ရင်တောင် တခြားတစ်ယောက်ယောက်က ဒီကိစ္စကို ဦးဆောင်မှာပဲ"

​"မင်း ဒါကို ငါ့အပြစ်လို့ ပုံချလို့ မရဘူး အဲဒီတုန်းက ငါသာ ကြားထဲကနေ မညှိနှိုင်းပေးခဲ့ရင် ချင်စုန်း ရဲ့ အင်အားနဲ့ မဟာရှကို အလွယ်လေး ဖျက်ဆီးပစ်လိုက်လို့ ရတယ်ဆိုတာ မင်းသိလား"

​"မဟာရှ ပျက်သုဉ်းသွားရင် မရေမတွက်နိုင်တဲ့ သက်ရှိတွေဟာ သွေးဝိညာဉ်ဆေးလုံးတွေအဖြစ် အဖော်စပ်ခံရလိမ့်မယ် အဲဒါကမှ သွေးဝိညာဉ်ဂိုဏ်း ကျင့်ကြံသူတွေ တကယ် လုပ်ချင်တဲ့အလုပ်"

​ဖန့်ချန်က အတော်ကြာအောင် စဉ်းစားပြီးနောက် ရုတ်တရက် မေးလိုက်သည်

"မင်း အခု လုပ်နေတဲ့ အလုပ်တွေက မင်းရဲ့ ရည်မှန်းချက်နဲ့ ဘာဆိုင်လို့လဲ မင်းက ဝိညာဉ်တစ်ခြမ်းကို ပြန်သိမ်းပိုက်ပြီး ကျင့်ကြံမှုကို အပြည့်အဝ ပြန်ရချင်တာ မဟုတ်လား"

​"မဟာရှက နယ်မြေချဲ့ထွင်တာနဲ့ နဂါးစားဘုရင်နဲ့ ဘာဆိုင်လို့လဲ"

"​ပြီးတော့ မင်း အစကနေ အဆုံးထိ တစ်ခါမှ မပြောခဲ့တာက မင်း ဘာလို့ မဟာရှမှာ ရှိနေရတာလဲ ဒီနေရာမှာ မင်းကို ဆွဲဆောင်နေတဲ့ ဘာအရာရှိလို့လဲ"

​"မင်းအဘိုးကို သွားမေးလိုက်ပါ"

ရှရွှမ်ကျိက အေးစက်စွာ ရယ်မောလိုက်သည်

"မင်းနဲ့ အပိုစကားတွေ အများကြီး မပြောချင်တော့ဘူး မင်း ငါ့ကို သတ်ချင်ရတောင် မင်း မလုပ်နိုင်ဘူး ဂိုဏ်းချုပ်အဆင့်က ထွက်တိုက်ရင်တောင် မဖြစ်နိုင်ဘူး ငါ့မှာ ငါ့ယောက္ခမ (ဖန့်ချန်၏ အဘိုး) ရှိတယ်"

​ပြောပြီးသည်နှင့် ရှရွှမ်ကျိက ထရပ်ကာ ထွက်သွားတော့သည်။

ဖန့်ချန်က နောက်ကနေ ခိုးတိုက်မှာကိုတောင် သူ လုံးဝ မကြောက်ပေ။

​ဖန့်ချန်ကတော့ ရှရွှမ်ကျိရဲ့ နောက်ဆုံးစကားကြောင့် ကြောင်အသွားပြီး တိတ်ဆိတ်သွားတော့သည်။

​စက္ကန့်အနည်းငယ် ကြာပြီးနောက် သူသည် ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ နေပြည်တော် ကောင်းကင်ယံမှ ပျောက်ကွယ်သွားတော့သည်။

​"ခမည်းတော်... ဖန့်... ဖန့်ချန်ကော"

ဆဌမမင်းသမီးက ရှရွှမ်ကျိ တစ်ယောက်တည်း ဥယျာဉ်ထဲက ထွက်လာပြီး ဖန့်ချန်ကို မတွေ့တော့သဖြင့် အံ့အားသင့်ကာ မေးလိုက်သည်။

​"သူလား တောင်ပိုင်းဒေသ ကို သွားပြီထင်တယ်ဒါပေမဲ့ အခုချိန်မှာ အဖိုးကြီးနဲ့ တွေ့ဖို့ဆိုတာ ခက်လိမ့်မယ်"

​ရှရွှမ်ကျိက တစ်ဖက်လူ ဒုက္ခရောက်မှာကို ပျော်နေသည့် မျက်နှာထားဖြင့်

"သူ့ရဲ့ စရိုက်အရ မရှင်းလင်းတဲ့ ပဟေဠိတွေရှိနေတာက ကုတ်လို့မရတဲ့ ယားနာလိုပဲ ခံရခက်နေမှာ သေချာတယ်၊ ဟားဟား"

​ဆဌမမင်းသမီးမှာတော့ ကြောင်အမ်းအမ်း ဖြစ်သွားသည်။

သူမသည် သူမ၏ ခမည်းတော် ဤမျှ ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောနေသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ...။

All Chapters