← Chapters

အခန်း (၄၅၅-၄၅၆)

Vol. 46 Ch. 455-456

အခန်း (၄၅၅-၄၅၆)

Vol. 46 Ch. 455-456

​​အခန်း ၄၅၅ - အခြေခံတည်ဆောက်ခြင်းအဆင့်

​အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့ရာ ဖန့်ချန်ကို မြှုပ်နှံခဲ့ပြီးနောက် မျက်တောင်တစ်ခတ်အတွင်း ၁၂ နှစ်တောင် ကြာမြင့်သွားခဲ့ပါပြီ။

​ထိုကာလအတွင်း အဖိုးဖြစ်သူသည် တစ်ခေါက် ရောက်လာခဲ့ပြီး ဂူရှေ့တွင် တစ်နေ့လုံး တိတ်ဆိတ်စွာ ရပ်နေခဲ့ကာ စကားတစ်ခွန်းမှ မဆိုဘဲ ပြန်သွားခဲ့သည်။

အောင်မြင်ခြင်းဗုဒ္ဓ နှင့်အစိမ်းလေး တို့သည်လည်း တောင်သခင်ကျား နှင့် အလှည့်ကျ ဂူကို စောင့်ကြပ်ပေးခဲ့ကြသည်။

​သာမန်လူသားတွေအတွက် ၁၂ နှစ်ဆိုသည်မှာ ဘဝ၏ ငါးပုံတစ်ပုံ သို့မဟုတ် ခြောက်ပုံတစ်ပုံခန့် ရှိသော ရှည်လျားသည့် ကာလဖြစ်သော်လည်း ကျင့်ကြံသူများအတွက်မူ ထိုကာလမှာ မပြောပလောက်ပေ။

နတ်သမီးယွီသည် ထွက်ခွာသွားကတည်းက တစ်ခေါက်မှ ပြန်မလာတော့ချေ။

သူမ အခြေခံတည်ဆောက်ခြင်း အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သလား ဆိုသည်မှာလည်း မသိရသေးပေ။

​ဖန့်ချန်သည် ဝိညာဉ်ဘဝဖြင့် သူ့ဂူရှေ့တွင် ရပ်နေရင်း ကျောက်စိမ်းခေါင်းတလားကို တိတ်ဆိတ်စွာ ငေးကြည့်နေမိသည်။

သူ၏ ရုပ်ကလာပ်မှာ အခုဆိုလျှင် လုံးဝ ပြန်လည် ကောင်းမွန်သွားပြီ ဖြစ်သည်။

သွေးသားများ ပြည့်ဖြိုးလာပြီး ရုပ်ရည်မှာလည်း အသက် ၁၈၊ ၁၉ နှစ်အရွယ် လူငယ်လေးတစ်ဦးကဲ့သို့ နုပျိုသွားခဲ့သည်။

​"ငါ့ခန္ဓာကိုယ်က လုံးဝ ပြန်ကောင်းသွားပြီပဲ ဒါပေမဲ့ ဘာလို့ ငါ့ဝိညာဉ်က ကိုယ်ထဲ ပြန်ဝင်လို့ မရသေးတာလဲ"

ဖန့်ချန် တွေးတောနေမိသည်။

​ရုတ်တရက် ဖန့်ချန်၏ မျက်လုံးများ တောက်ပသွားသည်။

ပတ်ဝန်းကျင်ရှိ ဓာတ်ကြီးငါးပါး စွမ်းအင်များမှာ ထိုနေရာသို့ စုပြုံလာနေသည်ကို သူ မြင်လိုက်ရသည်။

ကောင်းကင်ယံတွင် ကြီးမားသော ဝိညာဉ်စွမ်းအား ဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်လာပြီး မိုင်ပေါင်းရာချီအတွင်းရှိ စွမ်းအင်အားလုံးကို စုပ်ယူလိုက်သည်။

ထို့နောက် ထိုစွမ်းအင်များသည် နဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်မှ ဆင်းသက်လာကာ ဖန့်ချန်၏ ခန္ဓာကိုယ်ထဲသို့ အလုံးအရင်းနှင့် စီးဝင်သွားတော့သည်။

​ဖန့်ချန် ပြုံးလိုက်မိသည်။

"ဪ... ဒီလိုကိုး"

​သူ၏ ခန္ဓာကိုယ်မှာ ပြန်လည် ကောင်းမွန်ရုံသာမက အခြေခံ တည်ဆောက်ခြင်းအဆင့် သို့ပါ တစ်ပြိုင်တည်း ချိုးဖောက် တက်လှမ်းနေခြင်း ဖြစ်သည်။

ထိုအဆင့်ကို ရောက်သည်နှင့် သူသည် ခန္ဓာကိုယ်ထဲ ပြန်ဝင်နိုင်ပြီး အားလုံးကို ပြန်လည် ထိန်းချုပ်နိုင်တော့မည် ဖြစ်သည်။

​၇၇ ရက်တိုင်တိုင် စွမ်းအင်များ စီးဝင်ပြီးနောက် ကောင်းကင်မှ ဝဲကတော့ကြီး ကွယ်ပျောက်သွားသည်။

ဖန့်ချန်၏ နတ်ဝိညာဉ်မှာလည်း မူလနေရာမှ ပျောက်ကွယ်သွားပြီး ခေါင်းတလားထဲရှိ ဖန့်ချန်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်တော့သည်။

​"ဖန့်ချန် မင်းနိုးလာပြီ"

ဓားငယ်လေး ၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်နေသည်။

"မင်း နောက်ဆုံးတော့ နိုးလာပြီပဲ အဲဒီအဖိုးကြီး ငါ့ကို လိမ်နေတာလို့ တောင် ထင်နေတာ"

​စကြာဝဠာမှန်ချပ် ကတော့ ခပ်တည်တည်ဖြင့်

"ကောင်လေး ငါ လိမ်ရင်တောင် ငါ့ကိုယ်ငါတော့ ပြန်မလိမ်ဘူးလေ သူ နိုးလာမယ်ဆိုတာ ငါ သေချာပေါက် သိနေတာပေါ့ မဟုတ်ရင် ငါလည်း ဒီမြေကြီးထဲမှာပဲ အပုပ်ခံနေရမှာပေါ့"

ဟု ဆိုကာ

"အစ်ကို မင်း အိပ်တာ ကြာလွန်းလို့ ငါ့မှာ ဝိညာဉ်စွမ်းအားတွေ ကုန်သလောက် ရှိနေပြီ ငါစားဖို့ ဝိညာဉ်ကျောက်တုံးတွေ ဘယ်တော့ ရှာပေးမှာလဲ"

ဟု မေးလိုက်သည်။

​"မလောပါနဲ့ဦး မင်း ၁၂ နှစ်တောင် စောင့်နိုင်ခဲ့တာပဲ၊ နောက်ထပ် ခဏလောက်တော့ မစောင့်နိုင်တော့ဘူးလား"

ဖန့်ချန်က စိတ်သက်သာရာရစွာ ပြုံးရင်း ပြောလိုက်သည်။

​သူ၏ ခန္ဓာကိုယ်အတွင်းကို စစ်ဆေးကြည့်ရာ မူလကရှိသော ထာဝရဓားအကြော (၁၂) သွယ်မှာ ပျောက်ကွယ်သွားပြီး ထိုနေရာတွင် မူလထက် ဆယ်ဆမျှ ကြီးမားသော ဓားတောင်ကြီး တစ်ခု အစားထိုး နေရာယူထားသည်။

ထိုဓားတောင်မှ ဝိညာဉ်စွမ်းအားများသည် သူ၏ ဓားခန္ဓာကိုယ် ကို ပိုမို ကြံ့ခိုင်အောင် ပြုပြင်ပေးနေသည်။

​အခုဆိုလျှင် သူ၏ ဝိညာဉ်စွမ်းအား သိုလှောင်မှုမှာ ချီသန့်စင်ခြင်း အဆင့် ၁၂ တုန်းကထက် အဆပေါင်း ၁၀၀ မက များပြားလာသည်။

ဤသည်မှာ အခြေခံ ခိုင်မာမှု၏ ရလဒ်ပင် ဖြစ်သည်။

အရေးကြီးဆုံးမှာ ၁၂ နှစ်တာ ကာလအတွင်း သူရရှိခဲ့သော ကုသိုလ်ကံ များက သူ၏ ကုန်ဆုံးသွားသော သက်တမ်းကိုပါ ပြန်လည် ဖြည့်ဆည်းပေးလိုက်ခြင်း ဖြစ်သည်။

​အဲဒီအချိန်မှာပဲ ဖန့်ချန်၏ နတ်ဝိညာဉ် အာရုံထဲသို့ လူအချို့၏ အသံများ ဝင်ရောက်လာသည်။

​"ဘာလို့ ဒီမှာ နတ်ဆိုးကျင့်ကြံသူ တစ်ကောင် ရှိနေတာလဲ"

"ဒါက ချီသန့်စင်ခြင်း အဆင့် ၈ ပဲ ရှိပါသေးတယ် မသတ်နဲ့ဦး ငါ သူ့ကို ဖမ်းပြီး နတ်ဆိုးအလောင်း အဖြစ် သန့်စင်ပစ်မယ်"

​ဖန့်ချန်၏ ဝိညာဉ်မှာ ခန္ဓာကိုယ်မှ ခေတ္တ ထွက်ကြည့်လိုက်ရာ လူအချို့ကို မြင်လိုက်ရသည်။

တောင်သခင်ကျား မှာ ဒဏ်ရာရထားပြီး အမောတကော ဖြစ်နေသည်။

ထိုလူများဆီမှ အလောင်းနံ့များ ထွက်ပေါ်နေပြီး ခေါင်းဆောင်ဖြစ်သူမှာ အခြေခံအုတ်တည်ဆောက်ခြင်း အထွတ်အထိပ်အဆင့် သို့ ရောက်ရှိနေသူ ဖြစ်သည်။

​"ဘိုးဘေး ကျွန်တော်တို့ သုံးလောကတောင် တစ်လျှောက် ရှာခဲ့တာ ဒီနေရာက နောက်ဆုံးပါပဲ"

"ဒီမှာ မတွေ့ရင်လည်း ဆက်ရှာဘအဲဒီလူက ဓားကျင့်ကြံသူလေ ဓားကျင့်ကြံသူရဲ့ အလောင်းကိုသာ ဇမ်ဘီ အဖြစ် သန့်စင်နိုင်ရင် အစွမ်းက ကောင်းကင်တုန်စေလိမ့်မယ်"

​ထိုသူများမှာ သွေးအလောင်းဂိုဏ်း မှ အောက်လမ်းကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့က ဖန့်ချန်၏ အလောင်းကို အသုံးပြု၍ အလောင်းကောင် စစ်သည်တော် လုပ်ရန် ကြံစည်နေကြခြင်း ဖြစ်သည်။

​တောင်သခင်ကျားမှာ သူ့သခင်၏ ဂူကို ဖျက်မည့်သူများကို ဒေါသတကြီး ဟိန်းဟောက်သော်လည်း အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ၏ လက်ဝါးချက်ဖြင့် အဝေးသို့ လွင့်စင်သွားရသည်။

​"ဟော ဒီမှာ ဂူတစ်ခု ရှိသားပဲ"

​သူတို့သည် ဖန့်ချန်၏ ဂူဗိမာန်ကို တွေ့သွားကြပြီး စာသားကို ဖတ်လိုက်ရသည့်အခါ ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

"ဟားဟား... ဘိုးဘေး တွေ့ပြီ ဖန့်ချန်ကို ဒီမှာ မြှုပ်ထားတာပဲ"

​သွေးအလောင်းဂိုဏ်း၏ ဘိုးဘေးမှာ ဂူဗိမာန်ရှေ့သို့ ရောက်လာပြီး တူးထုတ်ကြစမ်း ဟု အမိန့်ပေးလိုက်သည်။

ခဏချင်းမှာပင် ကျောက်စိမ်းခေါင်းတလားကြီး ပေါ်ထွက်လာသည်။

​"ဒါ ကျောက်စိမ်းခေါင်းတလားပဲ မဟာရှမှာ ဖန့်ချန်ကို ဒီခေါင်းတလားနဲ့ မြှုပ်နှံခဲ့တာလို့ တပည့်တွေ သတင်းပေးခဲ့တာနဲ့ အကွက်တိပဲ"

ကျင့်ကြံသူတစ်ဦးက စိတ်လှုပ်ရှားစွာ ပြောသည်။

​"ဘိုးဘေး ခေါင်းတလားကို ကိုယ်တိုင် ဖွင့်ပေးပါဦး ဖန့်ချန်လို ဒဏ္ဍာရီဆန်တဲ့သူကို ဘိုးဘေးလို ပုဂ္ဂိုလ်မျိုးကပဲ ဖွင့်ပေးတာနဲ့ တန်ပါတယ်"

​ဘိုးဘေးဖြစ်သူက ကျေနပ်စွာ ပြုံးရင်း ကျောက်စိမ်းခေါင်းတလားကို လှမ်းဖွင့်လိုက်သည်။

​ဂျောက်...

​ခေါင်းတလား ပွင့်သွားသောအခါ ဖန့်ချန်မှာ အလောင်းတစ်လောင်းကဲ့သို့ မဟုတ်ဘဲ နုပျိုလန်းဆန်းစွာ လဲလျောင်းနေသည်ကို သူတို့ မြင်လိုက်ရသည်။

​"ဟင်..."

လူအားလုံး အံ့သြသွားကြသည်။

​ထိုစဉ် ဖန့်ချန်က မျက်လုံးများကို ဖွင့်လိုက်ပြီး သွေးအလောင်းဂိုဏ်း ဘိုးဘေးကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။

"မင်းက သွေးအလောင်းဂိုဏ်းရဲ့ ဘိုးဘေးဆိုတဲ့သူလား"

​အလောင်းကောင်တွေနှင့် တစ်သက်လုံး ကစားလာခဲ့သော ထိုလူများမှာ ထိုကဲ့သို့ မမျှော်လင့်ထားသော အခြေအနေကြောင့် ကြက်သီးမွေးညင်းများ ထသွားကြသည်။

ဘိုးဘေးဖြစ်သူက ချက်ချင်း တုံ့ပြန်ပြီး သူနှစ်ပေါင်းများစွာ သန့်စင်ထားသော ကြေးကာကွယ်ထားသည့် အလောင်း ကို ဆင့်ခေါ်လိုက်သည်။

​သို့သော်လည်း ဓားအလင်းတန်းတစ်ခု လျှပ်ခနဲ ဖြတ်သန်းသွားပြီးနောက် ထိုအလောင်းကောင်ကြီးနှင့်အတူ သွေးအလောင်းဂိုဏ်း ဘိုးဘေး၏ ဦးခေါင်းမှာ အပိုင်းပိုင်းအပြတ်ပြတ် ပြန့်ကျဲသွားတော့သည်။

​အခန်း ၄၅၆ - မဟာရှစစ်သည်တော်များနှင့်အတူ အိမ်ပြန်ခြင်း

​ဂူဗိမာန်ရှေ့တွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူလေးဦးမှာ ဒူးထောက်နေကြသည်။

သူတို့၏ နဖူးများသည် မြေကြီးနှင့် ထိကပ်နေပြီး လက်များကို ဘေးတွင် ချထားကာ ကိုယ်ခန္ဓာများမှာလည်း တုန်ရင်နေကြသည်။

​ဖန့်ချန်သည် သူတို့ရှေ့တွင် ရပ်နေရင်း သူကိုယ်တိုင် အပိုင်းပိုင်း ပိုင်းဖြတ်ထားသည့် ကြေးကာကွယ်ထားသည့် အလောင်း ကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။

ထိုအလောင်းမှာ အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်နှင့် ညီမျှပြီး သွေးအလောင်းဂိုဏ်း ဘိုးဘေး၏ အားအကိုးရဆုံး လက်နက်ဖြစ်ခဲ့သည်။

​ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။

“သွေးအလောင်းဂိုဏ်း က ဝိညာဉ်သွေးဂိုဏ်း နဲ့ ဘာပတ်သက်မှု ရှိလဲ”

​ကျင့်ကြံသူလေးဦးမှာ ကြောက်လန့်တကြားဖြင့် ချက်ချင်း ငြင်းဆိုကြသည်။

“စီနီယာ ကျွန်တော်တို့ ဝိညာဉ်သွေးဂိုဏ်းနဲ့ ဘာမှ မပတ်သက်ပါဘူးခင်ဗျာ”

​ဖန့်ချန်က ပြုံးလိုက်ပြီး

“ဒါဆို ဘာလို့ ငါ့အလောင်းကို လာရှာပြီး ဇွန်ဘီ လုပ်ဖို့ ကြံရတာလဲ”

​“စီနီယာ ဒါတွေအားလုံးက ဘိုးဘေးရဲ့ အကြံအစည်ပါ ဓားကျင့်ကြံသူရဲ့ အရိုးတွေက နှစ်ပေါင်းတစ်ရာမှာ တစ်ခါတောင် တွေ့ရခဲလို့ အဲဒါကို ရရင် သံကာကွယ်ထားသည့် အလောင်း ဖြစ်လာနိုင်ပြီး နောင်မှာ ရွှေကာကွယ်ထားတဲ့ အလောင်း အထိတောင် အဆင့်တက်နိုင်တယ်လို့ သူက ပြောခဲ့လို့ပါ”

ဟု တစ်ဦးက ရှင်းပြသည်။

​ဖန့်ချန် ခေါင်းညိတ်လိုက်သည်။

စကြာဝဠာမှန်ချပ် ပြောပြချက်အရ သံကာကွယ်ထားသည့် အလောင်းမှာ ရွှေအမြုတေအဆင့် နှင့် ညီမျှပြီး ရွှေကာကွယ်ထားသည့် အလောင်းမှာ ဝိညာဥ်သန္ဓေသားအဆင့် နှင့် ညီမျှသည်။

​သွေးအလောင်းဂိုဏ်းသားတွေမှာတော့ ကြောက်စိတ်တွေဖြင့် ပြည့်နှက်နေသည်။

လွန်ခဲ့တဲ့ ၁၂ နှစ်က သေပြီလို့ အားလုံး ထင်ထားတဲ့ ဖန့်ချန်က အခုလို ပြန်ပေါ်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူးလေ။

​ဖန့်ချန်က တောင်သခင်ကျား ကို ကြည့်ပြီး

“တောင်သခင်ကျား မင်း ဒီရက်ပိုင်း အားလုံး အဆင်ပြေရဲ့လား”

ဟု မေးရာ ကျားကြီးက ဝမ်းသာအားရ ခေါင်းညိတ်ပြပြီး ဟိန်းဟောက်နှုတ်ဆက်ရှာသည်။

​ထို့နောက် ဖန့်ချန်က သွေးအလောင်းဂိုဏ်းသား လေးဦးကို ကြည့်လိုက်သည်။

“မင်းတို့ကို အသက်ရှင်ဖို့ အခွင့်အရေး တစ်ခု ပေးမယ်၊ လိုချင်လား”

​“လိုချင်ပါတယ် လိုချင်ပါတယ်ခင်ဗျာ”

သူတို့ လေးဦးမှာ ခေါင်းကို အဆက်မပြတ် ညိတ်နေကြတော့သည်။

​“ဒီ သုံးလောကတောင်မှာ ငါ့ရဲ့ လက်အောက်ငယ်သား ခြောက်သိန်း ကျဆုံးခဲ့တယ်”

“ငါ သူတို့ကို အိမ်ပြန်ခေါ်ပြီး ကောင်းကောင်း မြှုပ်နှံပေးချင်ခဲ့တာ ကြာပြီ ဒါပေမဲ့ နည်းလမ်းမရှိခဲ့ဘူး”

“မင်းတို့ ဂိုဏ်းက အလောင်းတွေကို စီမံတဲ့နေရာမှာ ကျွမ်းကျင်တယ်ဆိုတော့ ငါ့ကို ကူညီနိုင်မလားကူညီနိုင်ရင် မင်းတို့ အသက်ရှင်မယ်”

ဟု ဖန့်ချန်က ပြုံးလျက် ဆိုသည်။

​“ခြောက်သိန်း”

ကျင့်ကြံသူများမှာ ဆွံ့အသွားကြသည်။

​ကျင့်ကြံသူတစ်ဦးဖြစ်သည့် ကျိုး အမည်ရှိ အဖိုးကြီးက

“စီနီယာ ကျွန်တော်တို့ ဂိုဏ်းမှာ အရိုးထိန်းချုပ်ခြင်း အတတ် ဆိုတာ ရှိပါတယ် ဒါနဲ့ ကူညီပေးနိုင်မယ် ထင်ပါတယ်”

ဟု တုန်ရီစွာ ပြောလိုက်သည်။

​ထို့နောက် သူတို့သည် ဂိုဏ်းရှိ တပည့်ရာပေါင်းများစွာကို အမြန် ဆင့်ခေါ်လိုက်ကြသည်။

ရက်သတ္တပတ် နှစ်ပတ်အကြာတွင် သွေးအလောင်းဂိုဏ်း တပည့် ရာကျော်တို့ ရောက်ရှိလာကြသည်။

​“စကြစို့”

ဖန့်ချန်က အမိန့်ပေးလိုက်သည်။

​သွေးအလောင်းဂိုဏ်းသားအားလုံးမှာ သူတို့၏ အတတ်ပညာများကို အသုံးပြု၍ မြေအောက်မှ အရိုးစုများကို စတင် ဆင့်ခေါ်လိုက်ကြသည်။

မြေကြီးထဲမှ အရိုးစုများ တလှုပ်လှုပ်ဖြင့် ထွက်ပေါ်လာကြသည်။

အချို့မှာ ချပ်ဝတ်တန်ဆာတွေ ဝတ်ထားဆဲဖြစ်ပြီး အချို့မှာ အစိတ်အပိုင်းတွေ ကျိုးပျက်နေသော်လည်း အရိုးစုများမှာ သူတို့၏ အစိတ်အပိုင်းတွေကို ကိုယ်တိုင် ပြန်လည် ဆက်စပ်နေကြသည်။

​ဖန့်ချန်၏ မျက်လုံးထဲတွင် ရွှေရောင် အစက်အပြောက်များ ပေါ်လာသည်။

ထိုသည်မှာ ရှေးဦးနတ်ဘုရားမျက်လုံး ပင် ဖြစ်သည်။

သူနှင့်အတူ တိုက်ပွဲဝင်ခဲ့သော ရဲဘော်များကို ဤကဲ့သို့ မြင်ရသည့်အတွက် ဖန့်ချန် သက်ပြင်းချမိသည်။

​“စီနီယာ အခု လေးသိန်းလောက် ရှိသွားပြီတော်တော်လေး ပင်ပန်းနေပါပြီ”

ဟု ကျိုးအဖိုးကြီးက ဆိုသည်။

​“နောက်ထပ် နှစ်သိန်း ကျန်သေးတယ် အားစိုက်လိုက်စမ်း”

ဟု ဖန့်ချန်က တိုက်တွန်းလိုက်ရာ ကျင့်ကြံသူအားလုံးမှာ သူတို့၏ သက်တမ်းကိုပါ လောင်မြိုက်စေပြီး အစွမ်းကုန် အားထုတ်လိုက်ကြသည်။

နောက်ဆုံးတွင် အရိုးစု ခြောက်သိန်းလုံး မြေပေါ်သို့ ရောက်ရှိလာခဲ့သည်။

​ဖန့်ချန်က သူ၏ ဂူဗိမာန်မှ ကျောက်တိုင်ကို နှုတ်ယူလိုက်ပြီး ဝတ်စုံဖြူဝတ်ဆရာကြီး ချန်ထားခဲ့သော ဓားဆန္ဒများကိုပါ သိမ်းဆည်းလိုက်သည်။

ထို့နောက် သူက အသံကျယ်ကြီးဖြင့် ကြေညာလိုက်သည်။

“မဟာရှ စစ်သည်တော်တို့ ငါနဲ့အတူ အိမ်ပြန်ကြရအောင်”

​ဖန့်ချန်၏ နားထဲတွင်

“ဟုတ်ကဲ့ပါ”

ဆိုသော အသံပေါင်းများစွာကို ကြားလိုက်ရသလို ခံစားလိုက်ရသည်။

​အရိုးစုစစ်တပ်ကြီးမှာ မဟာရှ ဘက်သို့ စတင် ချီတက်တော့သည်။

လမ်းခရီးတွင် တွေ့သမျှ ခရီးသွားများမှာ ကြောက်လန့်တကြား ထွက်ပြေးကြတော့သည်။

​ရက်အနည်းငယ်အကြာတွင် မဟာရှ၏ မြို့တော်တစ်ခု မြင်ကွင်းထဲသို့ ရောက်လာသည်။

မြို့တံခါးရှိ အစောင့်များမှာ အဝေးမှ လာနေသော အဖြူရောင် အရာဝတ္ထုကြီးကို ကြည့်ကာ မှင်တက်နေကြသည်။

​“ဒါတွေက အရိုးစုတွေလား နေ့ခင်းကြောင်တောင်ကြီး ငါ မျက်စိမှားနေတာလား”

“ဦးလေး ကျွန်တော်တို့လည်း မြင်နေရတယ် ဘာလုပ်ကြမလဲ”

“အမြန် အရာရှိတွေကို သတင်းပို့”

​မြို့ရိုးပေါ်တွင် အချက်ပေး မီးခိုးများ တက်လာပြီး စစ်သည်တော်များစွာ ရောက်ရှိလာကြသည်။

မြို့အရာရှိ လင်း သည်လည်း မြို့ရိုးပေါ် တက်လာပြီး အဝေးမှ မြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

​“အရိုးစုတွေအပြင် လူရာကျော်လည်း ပါတယ် သူတို့က ကျင့်ကြံသူတွေ ဖြစ်နိုင်တယ် မြို့တံခါးကို ပိတ်ထားကြ သူတို့ မြို့ကို တိုက်မယ်ဆိုရင် ငါတို့ အသေခံ ခုခံမယ်”

ဟု အရာရှိလင်းက ပြတ်သားစွာ ဆိုသည်။

​အရိုးစုစစ်တပ်ကြီး မြို့တံခါးရှေ့သို့ ရောက်လာသောအခါ အစောင့်တစ်ဦးက အံ့သြတကြား အော်ဟစ်လိုက်သည်။

“ကြည့်စမ်း အဲဒီ အရိုးစုတွေ ဝတ်ထားတဲ့ စစ်ဝတ်စုံတွေက ငါတို့ မဟာရှ စစ်တပ်ရဲ့ ဝတ်စုံတွေပဲ”

All Chapters