← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

​အပိုင်း (၂၅) - သူ့ကိုပဲ ကိုယ်တိုင်မေးလိုက်ပါ

​နောက်တစ်နေ့တွင် နန်းတော်မှ အမိန့်တော်တစ်ရပ်ကို လူသိရှင်ကြား ထုတ်ပြန်လိုက်ရာ ဖန်ချန် အား အပြစ်ပေးသည့် သတင်းမှာ မဟာ ရှ ပြည်သူများကြားတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

​၎င်းသည် အစုအဖွဲ့အသီးသီးကြားတွင် အပြင်းအထန် ဆွေးနွေးငြင်းခုံမှုများကို ဖြစ်ပေါ်စေခဲ့သည်။

အချို့က ဧကရာဇ်၏ လုပ်ရပ်မှာ မဟာရှ၏ လက်ရုံးတစ်ဖက်ကို ဖြတ်တောက်လိုက်ခြင်းနှင့် တူသည်ဟု ဆိုကြပြီး အချို့ကမူ ၎င်းသည် ချင်းစုန်း အင်ပါယာ၏ ဒေါသကို ပြေလျော့စေရန် အထောက်အကူ ဖြစ်စေမည်ဟု ငြင်းခုံကြသည်။

​စစ်သူကြီးဖန်၏ အိမ်တော်

​ဖန်ချန်းဟိုင် သည် ကျားတံဆိပ် ကို အပ်နှံခဲ့ရပြီး အရှေ့ကျားတပ်ရင်း၏ စစ်သူကြီးရာထူးမှ ရုပ်သိမ်းခြင်း ခံခဲ့ရသည်။

ထို့အပြင် သူသည် အရှေ့မြို့တံခါးကို စောင့်ကြပ်ရသည့် သာမန်တပ်မှူးအဆင့်သို့ ရာထူးလျှော့ချခံခဲ့ရသည်။ ၎င်းမှာ ဆိုးရွားသော သတင်းဟု ယူဆနိုင်သော်လည်း ဖန်အိမ်တော်မှာမူ အလွန်ပင် စည်ကားနေခဲ့သည်။

​ဖန်ချန် ပြန်လည်ကျန်းမာလာခြင်းကို ဂုဏ်ပြုရန် မိသားစုဝင်အားလုံး စုဝေးခဲ့ကြသည်။

ဖန်မိသားစုသည် မြို့တော်တွင် ချီအမြုတေအဆင့် ကျွမ်းကျင်သူရှိသည့် တစ်ဦးတည်းသော မိသားစုဖြစ်သည်။

နန်းတော်တွင်ပင် ထိုကဲ့သို့သော ကျွမ်းကျင်သူမျိုး မရှိပေ

​လောလောဆယ်တွင် ရွှီဂီ ၊ ထျဲမ နှင့် ဟွမ်စီဟိုင် တို့သည် အတိတ်ဟောင်းများကို ပြန်ပြောင်းပြောကြားရင်း စကားလက်ဆုံ ကျနေကြသည်။

ဟွမ်စီဟိုင်မှာ နဂါးစစ်သူကြီး တစ်ဦးဖြစ်ပြီး ရွှီဂီ နှင့် ထျဲမ တို့ကို ကောင်းကောင်းမသိသော်လည်း သူတို့သုံးဦးမှာ ယခင်က ဆုံဖူးခဲ့ကြဖူးသည်။

ငါးနှစ်ကြာမှ ပြန်ဆုံကြရသဖြင့် ပြောစရာစကားများစွာ ရှိနေကြသည်။

​"ချန်အာ အမေ ဒီထမင်းဝိုင်းပြီးရင် နန်းတော်ကို ပြန်ရတော့မယ်"

မိဖုရားကြီးက ဖန်ချန်ကို ကြည့်ကာ ပြုံးလိုက်သည်။

"မင်း ဒီနှစ်ဆိုရင် အသက် ၂၃ ရှိပြီ၊ အိမ်ထောင်ပြုဖို့ အချိန်တန်ပြီ စိတ်ထဲမှာ ရှိထားတဲ့ မိန်းကလေးရှိလား အမေ အောင်သွယ်ပေးလို့ ရတယ်လေ"

​ဖန်ချန်းဟိုင်၊ ဖန်ချန်းယူ နှင့် ဖန်ချန်းယွဲ့ တို့အားလုံးက ဖန်ချန်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်ကြသည်။

​"ကျွန်တော့်စိတ်ထဲမှာ ရည်ရွယ်ထားတဲ့သူ တစ်ယောက်တော့ ရှိပါတယ်"

ဖန်ချန်က ပြုံးကာ ခေါင်းညိတ်ပြသည်။

​အားလုံးက သူ၏စကားကြောင့် အံ့အားသင့်သွားပြီး ဖန်ကျီရွှယ် က အလျင်အမြန် မေးလိုက်သည်။

"အစ်ကိုကြီး အဲဒီမိန်းကလေးက ဘယ်မိသားစုကလဲ"

​ဖန်ချန်က ခေါင်းခါကာ ရယ်မောလိုက်သည်။

"ငါလည်း မသိဘူး"

​လွန်ခဲ့သော ငါးနှစ်က ထိုနေ့မှစ၍ ထိုပုံရိပ်မှာ သူ၏စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်နေခဲ့ပြီး မကြာခဏ ပေါ်ပေါက်လာတတ်သည်။

​ဖန်ချန်၏ စကားကို ကြားသောအခါ အားလုံးက ဆင်ခြေတစ်ခုဟုသာ မှတ်ယူကြပြီး သူ့ကို ဝိုင်း၍ ဆူကြသော်လည်း မကြာမီ ရပ်လိုက်ကြသည်။

ဖန်ချန်မှာ သာမန်လူများနှင့် မတူကြောင်းနှင့် သူ၏ အိမ်ထောင်ရေးကို အလောတကြီး မလုပ်သင့်ကြောင်း သူတို့ သိကြသည်။

​"အဖေ အဖိုးက အခုထိ ကျင့်ကြံခြင်း တုန်းပဲလား"

ဖန်ချန်က မထူးခြားသလို မေးလိုက်သည်။

​"ဟုတ်တယ်၊ မင်းအဖိုးက အခုထိ ကျင့်ကြံ နေတုန်းပဲ သူသာ အောင်မြင်သွားရင် ငါတို့ဆီမှာ နောက်ထပ် ချီအမြုတေအဆင့် ကျွမ်းကျင်သူ တစ်ယောက် ထပ်တိုးလာလိမ့်မယ်။"

ဖန်ချန်းဟိုင်က ပြုံး၍ ခေါင်းညိတ်သည်။

​အဖိုးအကြောင်း ပြောလိုက်သည်နှင့် အားလုံး စိတ်လှုပ်ရှားသွားကြသည်။

ချီအမြုတေအဆင့် ရှိသော သိုင်းသမားတစ်ဦးမှာ အဆင်ြ(၉) အင်ပါယာတစ်ခု၏ အထိမ်းအမှတ် သင်္ကေတဖြစ်သည်။

မဟာရှ အင်ပါယာ ထိုမျှအထိ ဆုတ်ယုတ်သွားရခြင်းမှာ ထိုကဲ့သို့သော ကျွမ်းကျင်သူများ မရှိခြင်းကြောင့် ဖြစ်သည်။

ဖန်ချန် မတိုင်ခင်က ပြီးခဲ့သော ဆယ်စုနှစ်အတွင်း မည်သည့်သိုင်းသမားမှ ထိုအဆင့်သို့ မရောက်နိုင်ခဲ့ကြပေ။

ထိုအကြောင်းကြောင့်ပင် နှစ်ပေါင်းများစွာ သူတို့နောက်တွင် နောက်ကျကျန်နေခဲ့သော ချင်းစုန်းအင်ပါယာက သူတို့ကို ကျော်တက်သွားနိုင်ခဲ့ခြင်း ဖြစ်သည်။

​အချိန်များ ကုန်လွန်သွားပြီး ညနေပိုင်းတွင် မိဖုရားကြီးမှာ နန်းတော်သို့ ပြန်သွားခဲ့သည်။

ဖန်ချန်မှာမူ သူ၏ အခန်းသို့ ပြန်ကာ ခရမ်းရောင်လျှပ်စီးအဆောင် များကို ထပ်မံပြုလုပ်နေခဲ့သည်။

ထိုသို့ပြုလုပ်ခြင်းမှာ အဆောင်များရရှိရန်သက်သက် မဟုတ်ဘဲ သူ၏ ဝိညာဉ်ချီ ကို အကြိမ်ကြိမ် သုံးစွဲကာ ပြန်လည်ဖြည့်တင်းခြင်းဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေရန် ဖြစ်သည်။

​မသိလိုက်ခင်မှာပင် သန်းခေါင်ယံအချိန်သို့ ရောက်ရှိလာသည်။

​ဖန်ချန်၏ မျက်လုံးများ ရုတ်တရက် ဝင်းလက်သွားပြီး သူ၏ မီးခိုးဖြူရောင် မျက်လုံးများမှာ တစ်ဖက်သို့ ဖြည်းညှင်းစွာ ကြည့်လိုက်သည်။

သူက တည်ငြိမ်စွာပင် ပြောလိုက်သည်။

"နတ်ဘုရားမရှောင်း မင်း ဘာလို့ ဒီကို ရောက်နေတာလဲ မင်း အိမ်မှာ ရှိနေသင့်တာ မဟုတ်ဘူးလား"

​ည၏ အမှောင်ထုထဲတွင် နတ်ဘုရားမရှောင်း သည် ဖန်ချန်ကို နက်ရှိုင်းသော အမုန်းတရားများဖြင့် စိုက်ကြည့်နေသည်။

သူမသည် ဖရိုဖရဲ ဖြစ်နေသည်။ အဝတ်အစားများ စုတ်ပြဲနေပြီး ခန္ဓာကိုယ်အနှံ့တွင်လည်း ဒဏ်ရာအမျိုးမျိုး ရထားသည်။

အချို့ဒဏ်ရာများမှာ အနာဖေးတက်နေပြီဖြစ်သော်လည်း အချို့မှာမူ သွေးမတိတ်သေးပေ။

​"ဂုဏ်ယူရတဲ့ နတ်စစ်သူကြီးဖန်ဟာ ဒီလောက်အထိ ကောက်ကျစ်စဉ်းလဲတဲ့သူ ဖြစ်လိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး ငါ့အဖေက မင်းကို တန်ဖိုးထားခဲ့တာ နှမြောစရာပဲ"

နတ်ဘုရားမရှောင်းက သွားကြိတ်၍ ပြောလိုက်သည်။

​"မင်း ဘာကို ဆိုလိုတာလဲ"

ဖန်ချန်၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသည်။

"မင်း ဒဏ်ရာတွေ တော်တော် ပြင်းထန်နေပါလား"

​"မင်း ငါ့ကို ချင်းစုန်းကို ပြန်ဖို့ ပြောခဲ့ပေမဲ့ တိတ်တဆိတ် ကျွမ်းကျင်သူတွေလွှတ်ပြီး ငါ့နောက်ကို လိုက်သတ်ခဲ့တာလေ ဘာမှ မသိသလို ဟန်မဆောင်ပါနဲ့ မြို့တော်ကို ပြန်ရောက်မှ မင်းက ချင်းစုန်းအဆင့်မြင့်ကျောင်းတော် တစ်ခုလုံးကို သတ်ပစ်လိုက်တယ်ဆိုတာ ငါ ကြားခဲ့ရတယ် မင်းက တကယ်ကို ယုတ်မာတဲ့သူပဲ"

နတ်ဘုရားမရှောင်းက အေးစက်စွာ စွပ်စွဲလိုက်သည်။

​"ငါ ချင်းစုန်းအဆင့်မြင့်ကျောင်းတော်က သိုင်းသမားတွေကို သတ်ခဲ့တာတော့ အမှန်ပဲ ဒီလို အကျိတ်နာမျိုးကို မြို့တော်မှာ ဘာလို့ ဆက်ထားရမှာလဲ ဒါပေမဲ့ မင်းကိစ္စနဲ့ ပတ်သက်လို့တော့ ငါ ဘာမှ မလုပ်ခဲ့ဘူး"

ဟု ဖန်ချန်က တည်ငြိမ်စွာ ပြန်ဖြေသည်။

​"နင် မဟုတ်ရင် ဘယ်သူရှိဦးမှာလဲ ဒီအဆင့်ထိ ရောက်နေတာတောင် ဝန်မခံရဲဘူးလား"

နတ်ဘုရားမရှောင်၏ မျက်လုံးများမှာ ဒေါသဖြင့် တောက်ပနေသည်။

​"ငါ လူတစ်ယောက်ကို သတ်ခဲ့ရင် အဲဒီလူသေဆုံးမှုအတွက် ငါ တာဝန်ယူမှာပဲ။ ဒါပေမဲ့ ငါမလုပ်ခဲ့တဲ့ အရာအတွက်တော့ ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ဘူး။"

ဖန်ချန်က ပြုံးလိုက်သည်။

"မင်း ဒီအထိ တကူးတက ပြန်လာခဲ့တယ်ဆိုရင် မင်းရဲ့ စိတ်ထဲမှာ သံသယတစ်ခုခု ရှိနေလို့ ဖြစ်မှာပေါ့ ဟုတ်တယ်မလား"

​နတ်ဘုရားမရှောင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည် ဖန်ချန်ပြောတာ မှန်သည်။ ဖန်ချန် လုပ်ခဲ့တာလို့ သူမ ယုံကြည်နေသော်လည်း စိတ်ထဲတွင် သံသယ အနည်းငယ် ရှိနေခဲ့သည်။ သူမကိုယ်တိုင် အတည်ပြုချင်ခဲ့သည်

​"ပြောပါဦး၊ မြို့ထဲက ထွက်သွားပြီးတဲ့နောက် ဘာနဲ့ တွေ့ခဲ့တာလဲ"

ဖန်ချန်က သူ၏ နေရာမှ ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။

​သူ စိတ်ဝင်စားလာသည်။ မဟာရှ မြို့တော်မှ သြဇာရှိသူ တစ်ဦးဦးက သူမကို အသက်ရှင်လျက် ပြန်မသွားစေချင်တာလား

​နောက်ဆုံးတွင် ဖန်ချန် ထိုကိစ္စတွင် မပါဝင်ကြောင်း နတ်ဘုရားမရှောင်း ယုံကြည်သွားပုံရသည်။ သူမက တုံ့ဆိုင်းစွာဖြင့် တိုးတိုးလေး ပြောလိုက်သည်။

"မြို့ထဲက ထွက်ပြီး တစ်ရက်တောင် မပြည့်သေးဘူး၊ တာအိုဆရာ တစ်ယောက်နဲ့ ဆုံခဲ့တယ် သူက အရမ်း ထူးဆန်းတယ် အစွမ်းကလည်း အံ့မခန်းပဲ လက်နက်တွေနဲ့တောင် သူ့ကို မတိုးဘူး ငါနဲ့ ပါလာတဲ့ ဝံပုလွေစစ်သည် တစ်ရာလုံးလည်း သူ့ကို မယှဉ်နိုင်ခဲ့ဘူး"

​သူမက အေးစက်စွာ ဆက်ပြောသည်။

"ဝံပုလွေစစ်သည် တစ်ဒါဇင်လောက်က ငါ့ကို အကာအကွယ်ပေးပြီး ထွက်ပြေးခဲ့ရတယ်၊ ကျန်တဲ့သူတွေက သူ့ကို တားဆီးပေးခဲ့ကြတယ် ငါ ဘယ်ကိုပဲ ပြေးပြေး သူက အလွယ်တကူ နောက်ယောင်ခံ လိုက်နိုင်ခဲ့တယ် ငါ့ဘေးက စစ်သည်တွေ တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြလို့ ငါလည်း အခွင့်အရေးကို သုံးပြီး မြို့ထဲကို ပြန်ပြေးလာခဲ့ရတာ သူ့အစွမ်းက ချီအမြုတေအဆင့် လောက် ရှိလိမ့်မယ် ဟွန်း... နင်တို့ မဟာရှက တကယ်ကို လျှို့ဝှက်ချက်တွေ များတာပဲ "

​"တာအိုဆရာ ဟုတ်လား"

ဖန်ချန်၏ မျက်နှာမှာ လေးနက်သွားသည်။

​သူမ၏ ဖော်ပြချက်အရ လက်နက်မတိုးခြင်းနှင့် ကြီးမားသော အစွမ်းမှာ ဝိရဇိန် အဆောင် နှင့် ခွန်အားအဆောင် တို့ ၏ အစွမ်းနှင့် တူနေသည်။ ၎င်းတို့မှာ ကျင့်ကြံခြင်းလောကမှ အခြေခံ အဆောက်များ ဖြစ်ကြပြီး တာအို သုံးထောင်ဂိုဏ်း တစ်ခုတည်းသာမက သာမန် ကျင့်ကြံသူများလည်း ပြုလုပ်နိုင်ကြသည်။

​အချက်အလက်များကို ပေါင်းစပ်ကြည့်လျှင် မြို့တော်ထဲတွင် ကျင့်ကြံသူ တစ်ဦး ပုန်းအောင်းနေပုံရသည်။

​သို့သော်... ၎င်းမှာ ကိုယ်ခန္ဓာ သံမဏိကဲ့သို့ မာကျောစေသည့် သိုင်းပညာတစ်ခုလည်း ဖြစ်နိုင်သည်ဟု ဖန်ချန် တွေးလိုက်မိသည်။

​"ဖန်ချန် ဘယ်သူက ငါ့ကို လုပ်ကြံချင်နေတာလဲဆိုတာ နင် သိလား"

နတ်ဘုရားမရှောင်းက ဖြည်းညှင်းစွာ မေးလိုက်သည်။

​ဖန်ချန်က ရုတ်တရက် မေးလိုက်သည်။

"မင်း ဘယ်လိုပဲ ပြေးပြေး သူ့ကို မျက်ခြေမပြတ်ခဲ့ဘူးလို့ ပြောတယ်နော် သူက မင်းရှိတဲ့နေရာကို အမြဲတမ်း တိတိကျကျ သိနေခဲ့တာ မဟုတ်လား"

​နတ်ဘုရားမရှောင်းမှာ အနည်းငယ် ကြောင်သွားပြီး မသိစိတ်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

​ဖန်ချန်က လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်စွမ်းအင်တစ်ခု သူမပေါ်သို့ ကျရောက်သွားသည် မကြာမီ သူ၏ ဝိညာဉ်ချီက ထူးဆန်းသောအရာတစ်ခုကို တွေ့ရှိသွားသည်။

​"နင် ဘာလုပ်မလို့လဲ"

ဖန်ချန် သူမအနား ချဉ်းကပ်လာသည်ကို မြင်သောအခါ သူမက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

​"ငြိမ်ငြိမ်နေစမ်း"

ဖန်ချန်က နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ ပုခုံးကို ဆုပ်ကိုင်လိုက်သည်။ ဝိညာဉ်စွမ်းအင်များ သူမခန္ဓာကိုယ်ထဲ စီးဝင်သွားပြီး နောက်တစ်ခဏတွင် သူမ၏ အရေပြားအောက်မှ အဖြူရောင် ပိုးကောင်တစ်ကောင် တွားသွားထွက်လာခဲ့သည်။

​နတ်ဘုရားမရှောင်းမှာ မှင်တက်သွားသည်။

'ငါ့ပုခုံးထဲမှာ ဘာလို့ ပိုးကောင် ရှိနေရတာလဲ'

​"မင်းပြောတဲ့ တာအိုဆရာက ဒီသတ္တဝါကို သုံးပြီး မင်းနောက်ကို လိုက်နေတာ"

ဟု ဖန်ချန်က ရှင်းပြလိုက်သည်။ ထို့နောက် နောက်ထပ် ဝိညာဉ်စွမ်းအင်ဖြင့် ထိုပိုးကောင်ဖြူကို ချေမှုန်းပစ်လိုက်သည်။

​ထိုတာအိုဆရာမှာ အမှန်တကယ်ပင် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်ကိုမူ သူ မသိရသေးပေ။

​"ဒါက ဘယ်လိုမျိုး ကြောက်စရာကောင်းတဲ့ နည်းစနစ်လဲ"

ထိတ်လန့်နေသော နတ်ဘုရားမရှောင်း သတိပြန်ဝင်လာသည်။ ပျို့အန်ချင်စိတ်ကို အောင့်ထားရင်း ဖန်ချန်ကို စိုက်ကြည့်လိုက်သည်။

​"သူ့ကိုပဲ ကိုယ်တိုင်မေးလိုက်ပါတော့"

ဖန်ချန်၏ အကြည့်မှာ တစ်ဖက်သို့ ရောက်သွားသည်။ ဖန်ချန် ကြည့်ရာသို့ နတ်ဘုရားမရှောင်း လှည့်ကြည့်လိုက်သောအခါ တစ်နေရာတွင် တိတ်ဆိတ်စွာ ရပ်နေသော လူတစ်ဦးကို တွေ့လိုက်ရသည်။

၎င်းမှာ အနီဖျော့ရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။

​သူ၏ ပုံစံမှာ အုံ့မှိုင်းနေလေသည်။

​​အပိုင်း (၂၆) - ဝိညာဉ်သွေးဂိုဏ်း

​ထိုလူကို မြင်လိုက်ရသည်နှင့် နတ်ဘုရားမရှောင်း မှာ တုန်လှုပ်သွားပြီး သူမ၏ မျက်လုံးများတွင် အမုန်းတရားများ ဖြတ်ပြေးသွားသည်။

ထိုသူမှာ သူမ မြို့ထဲမှ ထွက်လာစဉ်ကတည်းက လိုက်လံလုပ်ကြံနေသည့် လျှို့ဝှက်ဆန်းကြယ်သော တာအိုဆရာပင် ဖြစ်သည်။

​'အိမ်တော်ရဲ့ အစောင့်အကြပ်တွေက အခုတလော တော်တော်လေး လျော့ရဲနေတာပဲ။ နတ်ဘုရားမရှောင်းရော ဒီတာအိုဆရာပါ ခိုးဝင်လာနိုင်ကြတယ်ဆိုတော့ အဘိုးကြီးဟွမ် တစ်ယောက် တာဝန်ပေါ့လျော့နေတာ ဖြစ်မယ်'

ဟု ဖန်ချန် တွေးလိုက်မိသည်။ နောက်တစ်ခဏတွင် သူ၏ ဝိညာဉ်မှာ ခန္ဓာကိုယ်မှ ခွာထွက်ကာ ဟင်းလင်းပြင်တွင် ရပ်လျက် တာအိုဆရာကို တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။

ထိုကဲ့သို့ ဝိညာဉ်ထွက်နေသည့် အခြေအနေတွင် ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

အကယ်၍ ရုတ်တရက် လှုပ်ရှားမှုတစ်ခုခု ရှိလာပါက သူ ချက်ချင်း တုံ့ပြန်နိုင်သည်။

​"သူလား"

တာအိုဆရာ၏ မျက်နှာကို မြင်လိုက်ရသောအခါ ဖန်ချန် အံ့အားသင့်သွားသည်။

လွန်ခဲ့သော ငါးနှစ်၊ ခြောက်နှစ်ခန့်က မြို့တော်ထဲရှိ စားသောက်ပွဲတစ်ခုတွင် ထိုမျက်နှာကို မြင်ဖူးသလို သူ မှတ်မိနေသည်။

မည်သည့်ပွဲဆိုသည်ကိုမူ အတိအကျ မမှတ်မိတော့ပေ သို့သော် ၎င်းမှာ မထူးဆန်းလှပေ။ ထိုစဉ်က သူသည် တစ်လလျှင် အနည်းဆုံး ပွဲပေါင်း တစ်ဒါဇင်ခန့် တက်ရောက်ခဲ့ရသည် မဟုတ်ပါလား။

​"ဝိညာဉ်စွမ်းအင်ရှိတဲ့သူပဲ ငါ့ရဲ့ မျိုးဆက်ပိုးကောင်ကို အတင်းအကျပ် အပြင်ထွက်ခိုင်းနိုင်တာ"

ဟု တာအိုဆရာက ဖန်ချန်ကို စိုက်ကြည့်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။

​'ဝိညာဉ်စွမ်းအင် အဲဒါက ဘာလဲ' နတ်ဘုရားမရှောင်းမှာ ဇဝေဇဝါ ဖြစ်သွားသော်လည်း 'မျိုးဆက်ပိုးကောင်' ဟူသော အမည်က သူမ၏ အာရုံကို ဖမ်းစားသွားသည်။ ဒါဆို ခုနက သူမ ပုခုံးထဲမှာ ရှိနေခဲ့တာက အဲဒီအကောင်ပေါ့။

​"မင်းက ကျင့်ကြံသူ တစ်ယောက်ပဲ။ ဒါဆို ဘာလို့ သူမကို တိုက်ခိုက်ရတာလဲ မဟာရှ ကို လာရတဲ့ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ"

ဟု ဖန်ချန်က သူ၏ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲ ပြန်သွင်းကာ တည်ငြိမ်စွာ မေးလိုက်သည်။

​"အများကြီး သိဖို့ကြိုးစားတာက မင်းအတွက် မကောင်းဘူး ယငါ ဒီနေ့ ရန်သူအဖြစ် လာတာမဟုတ်ဘူး။ သူမကို သတ်ဖို့ပဲ လာတာ"

ဟု တာအိုဆရာက လေးနက်သောအသံဖြင့် ပြန်ဖြေသည်။

​"ငါကတော့ သူမကို ချင်းစုန်း ကို အသက်ရှင်လျက် ပြန်ဖို့ ခွင့်ပြုလိုက်ပြီ"

ဟု ဖန်ချန်က ဂရုမစိုက်သလို ပြုံးကာ ပြောလိုက်သည်။

​ထိုစကားကြောင့် တာအိုဆရာက နှာခေါင်းရှုံ့လိုက်သည်။

"ဖန်ချန် ဒီမှာရှိတဲ့ လူတွေက မင်းကို နတ်စစ်သူကြီး လို့ ခေါ်နေကြရုံနဲ့ မင်းရဲ့ စကားတွေက အတည်ဖြစ်မယ်လို့ မထင်နဲ့ ငါ့မျက်လုံးထဲမှာတော့ မင်းက ဘာမှမဟုတ်ဘူး။ မင်းသာ ငါ့လမ်းကို ပိတ်ရင် ငါ တိုက်ခိုက်ဖို့ ဝန်မလေးဘူး"

​"မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က သိပ်ပြီး မြင့်ပုံမရဘူး အခုလို လှုပ်ရှားဖို့ ကြိုးစားတာက အနည်းငယ် မဆင်မခြင်နိုင်ရာ မကျဘူးလား"

ဖန်ချန်မှာ နားမလည်နိုင် ဖြစ်သွားသည်။

တစ်ဖက်လူ၏ ဝိညာဉ်စွမ်းအင်မှာ သူနှင့် ဆင်တူသည်ကို ခံစားနေရသည်။

အကောင်းဆုံးဆိုလျှင် ထိုတာအိုဆရာမှာ ချီသန့်စင်ခြင်းအဆင့် ၏ တတိယအဆင့်မှာသာ ရှိလိမ့်မည်။

သူ၏ ခရမ်းရောင်လျှပ်စီးအင်း တစ်ခုတည်းနှင့်ပင် အလွယ်တကူ နှိမ်နင်းနိုင်သည်။

​"ဟီးဟီး မင်းက ကျင့်ကြံခြင်းလောကထဲကို အခုမှ ရောက်ဖူးပုံရတယ် မင်း နားမလည်သေးတဲ့ အရာတွေ အများကြီး ရှိသေးတယ် မင်းဆီမှာ ဝိညာဉ်စွမ်းအင်တွေ ဘယ်လို ရုတ်တရက် ရှိလာတာလဲဆိုတာကို ငါလည်း သိချင်နေတာနဲ့အတော်ပဲ မင်းကို အရှင်ဖမ်းပြီး မင်းပါးစပ်ကနေ အဖြေတွေ တဖြည်းဖြည်းချင်း နှိုက်ယူရမယ်"

တာအိုဆရာသည် ရုတ်တရက် လက်တစ်ဝါးခန့်ရှိသော ခေါင်းလောင်းလေးတစ်ခုကို ထုတ်ယူကာ ခပ်ဖွဖွလေး တီး လိုက်သည်။

​ဝုမ်း!

​ခေါင်းလောင်းဆီမှ ထူးဆန်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် ဖန်ချန်၏ ဝိညာဉ်ကို ထိုးဖောက်ဝင်ရောက်ကာ ထိန်းချုပ်ရန် ကြိုးစားလာသည်။

သို့သော် တာအိုဆရာအတွက် ကံမကောင်းသည်မှာ ဖန်ချန်၏ ဝိညာဉ်မှာ ဧရာမ တောင်ကြီးတစ်လုံးကဲ့သို့ ခိုင်ခံ့နေသဖြင့် ထိုစွမ်းအားမှာ ပြန်လည် တုံ့ပြန်ခြင်းခံလိုက်ရပြီး တာအိုဆရာ၏ လက်ထဲရှိ ခေါင်းလောင်းလေးမှာ ဘုန်း ဟူသော အသံနှင့်အတူ ပေါက်ကွဲသွားတော့သည်။

ခေါင်းလောင်းလေးမှာ သံတိုသံစ ဖြစ်သွားပြီး တာအိုဆရာမှာလည်း သွေးတစ်လုတ်ကို ဝေါခနဲ အန်ထုတ်လိုက်ရကာ မယုံကြည်နိုင်သော မျက်နှာထားဖြင့် ကြည့်နေမိသည်။

'ငါ့ရဲ့ ဝိညာဉ်နှိမ်နင်းခေါင်းလောင်း ပျက်စီးသွားတယ် ဟုတ်လား ဒါ မဖြစ်နိုင်ဘူး'

​ထိုခေါင်းလောင်းမှာ ချီသန့်စင်ခြင်းအဆင့် ဆဋ္ဌမအဆင့်ရှိသော ကျင့်ကြံသူများကိုပင် နှိမ်နင်းနိုင်စွမ်းရှိသည်။

၎င်းမှာ သူ ဂိုဏ်းအတွက် အကျိုးပြုခဲ့စဉ်က သူ၏ ဆရာက ဆုလာဘ်အဖြစ် ပေးသနားထားသည့် ရတနာတစ်ခု ဖြစ်သည်

​နတ်ဘုရားမရှောင်းမှာ မှင်တက်သွားသည်။ ဖန်ချန်နှင့် အကြည့်ချင်း တစ်ချက် ဆုံလိုက်ရုံနှင့် ထိုလျှို့ဝှက်ဆန်းကြယ်သော တာအိုဆရာ သွေးအန်သွားလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။

အစမှ အဆုံးအထိ ဖန်ချန်သည် လက်တစ်ချောင်းပင် မလှုပ်ခဲ့ပါလား

​"ငါ့သခင်လေး ကို ဘယ်အရူးက လာပြီး ဒုက္ခပေးနေတာလဲသေစမ်း"

ရုတ်တရက် ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ တာအိုဆရာ၏ နောက်တွင် ဧရာမ ပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။

ထို့နောက် သဲအိတ်ခန့်ရှိသော လက်သီးကြီးများက တာအိုဆရာထံသို့ ကျရောက်သွားပြီး သူ၏ အရိုးများကို ကြေမွစေကာ အကြောများကို ပြတ်တောက်သွားစေသည်။

​၎င်းတင် မကသေးပေ။

​ဓားတစ်စင်းသည် တာအိုဆရာ၏ ရင်ဘတ်ကို နှစ်ချက်ဆင့်၍ ထိုးဖောက်သွားပြန်သည်

​"သခင်လေး အဆင်ပြေရဲ့လား"

ထျဲမ က သူ၏ ဓားရှည်ကို အိမ်ထဲသို့ ပြန်ထည့်ရင်း မေးလိုက်သည်။

​"ဒီလူက သခင်လေးကို လာပြီး ဒုက္ခပေးရဲတယ်ပေါ့သေချင်နေတာပဲ"

ဟွမ်စီဟိုင် က ကျိန်ဆဲရင်း တာအိုဆရာကို တံထွေးနှင့် ထွေးလိုက်သည်။

​"သူ့ကို မသတ်လိုက်နဲ့ဦး ငါ သူ့ကို မေးစရာတွေ ရှိသေးတယ်"

ဟု ဖန်ချန်က အနည်းငယ် စိတ်မသက်မသာဖြင့် ပြောလိုက်သည်။

​"သူ မသေသေးပါဘူး ကျွန်တော်တို့ သူ့ကို မသေအောင် ထိန်းထားပါတယ် ဒါပေမဲ့... သူကတော့ အသက်ငင်နေပြီပေါ့လေ"

ရွှံ့နွံပုံလို ဖြစ်နေသော တာအိုဆရာကို ဆွဲထူလိုက်ရင်း ဟွမ်စီဟိုင်က

"သခင်လေး မေးစရာရှိတာ မေးပါ သူသာ လိမ်ဖို့ ကြိုးစားရင် ကျွန်တော် သူ့ဦးခေါင်းခွံကို ခွဲပစ်လိုက်မယ်"

ဟု ဆိုသည်။

​' နဂါး စစ်သူကြီး သူက ဗျူရို ရဲ့ ထောင်ထဲကနေ ထွက်လာပြီလား'

ဟွမ်စီဟိုင်ကို မြင်သောအခါ နတ်ဘုရားမရှောင်းမှာ အံ့ဩသွားသည်။ ရှောင်းမိသားစုဝင်များသည် ဟွမ်စီဟိုင်နှင့် အလွန်ရင်းနှီးကြသည်။

ထိုစဉ်က သူသည် ဖန်ချန်၏ လက်အောက်ရှိ နဂါးစစ်သူကြီး လေးဦးအနက် တစ်ဦးဖြစ်ပြီး မွေးရာပါ ခွန်အားကြီးမားသူ ဖြစ်သည်။

​သူမ၏ အကြည့်မှာ တစ်စုံတစ်ဦးဆီသို့ ကျရောက်သွားသောအခါ သူမ၏ အတွေးများ ရုတ်တရက် ရပ်တန့်သွားသည်။

ထို့နောက် အံ့ဩမှု၊ ထိတ်လန့်မှု၊ ဒေါသနှင့် မယုံကြည်နိုင်မှုများ တစ်ပြိုင်နက် ပေါ်လာသည်။

​ထျဲမ

​"မင်း မဟာရှမှာ ဘာလာလုပ်တာလဲ နတ်ဘုရားမရှောင်းကို သတ်ဖို့ ဘယ်သူ ခိုင်းတာလဲ"

ဖန်ချန်က တာအိုဆရာအနား ချဉ်းကပ်ကာ တည်ငြိမ်စွာ မေးလိုက်သည်။

​တာအိုဆရာမှာ သူ့အလိုလို လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း ဖန်ချန် သိသည်။ နောက်ကွယ်မှ ကြိုးကိုင်သူ တစ်ဦးဦး ရှိနေရမည်။

သို့သော် အင်ပါယာအတွင်းရှိ မည်သူက ဤကဲ့သို့သော အဆင့်ရှိသည့် ကျင့်ကြံသူတစ်ဦးကို စေခိုင်းနိုင်စွမ်း ရှိသနည်း

​မြို့တော်၏ အခြေအနေမှာ သူ ယခင်က ထင်ထားသည်ထက် ပိုမို ရှုပ်ထွေးနေသည်ကို ဖန်ချန် ရုတ်တရက် သတိပြုလိုက်မိသည်။

သူသည် မဟာရှအကြောင်း ကောင်းကောင်း သိသည်ဟု ထင်ထားခဲ့သော်လည်း အမှန်တကယ်တွင်မူ ထိုသို့ မဟုတ်ပုံရပေ။

​"ဟွတ်... ဟွတ်... ဟွတ်..."

တာအိုဆရာမှာ သွေးများ အဆက််မပြတ်အန်နေပြီး သူ၏ မျက်လုံးများမှာ မကျေနပ်မှုနှင့် နာကျည်းမှုများဖြင့် ပြည့်နှက်နေသည်။

'ချီသန့်စင်ခြင်းအဆင့်' တတိယအဆင့်ရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်ပါလျက်နှင့် သာမန်သိုင်းသမား နှစ်ဦး၏ လက်ထဲတွင် သေရတော့မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

သူ၏ ဒဏ်ရာမှာ အလွန်ပြင်းထန်ကြောင်း သူသိသည်။ ကုသဆေး မရှိလျှင် သူ မကြာမီ သေဆုံးရတော့မည်။

​"ဖန်... ဖန်ချန်... ငါတို့ ဝိညာဉ်သွေးဂိုဏ်း က ငါ့အတွက် လက်စားချေလိမ့်မယ် မကြာခင်မှာ မင်းလည်း ငါ့ဆီကို လိုက်လာရမှာပါ ဟားဟားဟား..."

တာအိုဆရာမှာ ခေတ္တမျှ ရူးသွပ်စွာ ရယ်မောလိုက်ပြီးနောက် ခေါင်းငိုက်စိုက်ကျသွားကာ အသက်ထွက်သွားတော့သည်။

​ဝိညာဉ်သွေးဂိုဏ်း ဖန်ချန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ၎င်းမှာ အထင်အရှားပင် ကျင့်ကြံသူများ၏ ဂိုဏ်းတစ်ခု ဖြစ်သည်။

​ဟွမ်စီဟိုင်နှင့် ထျဲမ တို့မှာ ဝိညာဉ်သွေးဂိုဏ်းအကြောင်း တစ်ခါမှ မကြားဖူးသဖြင့် မျက်မှောင်ကြုတ်လိုက်ကြသည်။

​"ထျဲမ နင်က ဒီအချိန်တစ်လျှောက်လုံး ဖန်ချန်အတွက် အလုပ်လုပ်နေပေးခဲ့တာလား"

ဟု နတ်ဘုရားမရှောင်းက ရုတ်တရက် မေးလိုက်သည်။

​"ဟုတ်တယ်"

ဟု ထျဲမက တည်ငြိမ်စွာ ခေါင်းညိတ်ပြသည်။

​"တကယ့်ကို တော်တဲ့ နတ်စစ်သူကြီးဖန်ပဲ"

နတ်ဘုရားမရှောင်းက ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

"ဒီနှစ်တွေတစ်လျှောက် နင် လွှတ်ထားတဲ့ သူလျှိုတွေကို ငါတို့ ရှောင်းမိသားစုက တစ်ယောက်မှ ရိပ်မိခြင်း မရှိခဲ့ဘူး ငါ့အဖေတောင်မှ ထျဲမရဲ့ လှည့်ကွက်ထဲမှာ ကျရှုံးခဲ့တာပဲ"

​နတ်ဘုရားမရှောင်းမှာ ခါးသီးစွာ ရယ်မောလိုက်သည်။

ထိုစဉ်က ဝံပုလွေတပ်မတော် သည် အရေးကြီးသော တိုက်ပွဲအချို့တွင် အရေးနိမ့်ခဲ့ရသည့် အကြောင်းရင်းကို သူမ အခုမှ နားလည်သွားတော့သည်။

​"ထျဲမက ငါ့လက်အောက်က ပုန်းအောင်းနေတဲ့ နဂါး တစ်ဦးပဲ မင်းတို့ ရှောင်းမိသားစုကလည်း မဟာရှမှာ သူလျှိုတွေ အများကြီး ထည့်ထားတာပဲလေ ဒါက စိတ်ဆိုးနေစရာ မဟုတ်ပါဘူး စစ်ပွဲမှာဆိုရင် အစွန်းရောက်တဲ့ နည်းလမ်းတွေကို သုံးရတာ ထုံးစံပဲ"

ဖန်ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်း ဒဏ်ရာရထားတာဆိုတော့ အခု အနားယူလိုက်ဦး မနက်ဖြန်ကျရင် မင်းကို မြို့ပြင်အထိ လိုက်ပို့ဖို့ လူလွှတ်ပေးမယ်"

​"မလိုဘူး ဘာတွေဖြစ်နေတာလဲဆိုတာကို ငါ မသိမချင်း ဒီကနေ မထွက်သွားဘူး"

ဟု နတ်ဘုရားမရှောင်းက တာအိုဆရာ၏ အလောင်းကို ကြည့်ရင်း မာန်မဲလိုက်သည်။

​"အဘိုးကြီးဟွမ်... သူမကို ဧည့်ဂေဟာကို ပို့လိုက်ပါ သူမ ဆိုးဆိုးဝါးဝါး လုပ်ရင် ခြေထောက်ကို ရိုက်ချိုးလိုက်လည်း ရတယ်"

ဟု ဖန်ချန်က ညွှန်ကြားလိုက်သည်။

​ဟွမ်စီဟိုင်က ပြုံးလိုက်ပြီး နတ်ဘုရားမရှောင်းကို ခေါ်ဆောင်သွားတော့သည်။

သူ၏ လက်ထဲတွင် နတ်ဘုရားမရှောင်းမှာ ကြက်ကလေးတစ်ကောင်လို အားကိုးရာမဲ့နေပြီး မည်သို့မျှ ခုခံနိုင်ခြင်း မရှိပေ။

​ထျဲမက တာအိုဆရာ၏ အလောင်းကို ရှာဖွေရန် ပြင်လိုက်သောအခါ ဖန်ချန်က တားမြစ်လိုက်သည်။

"ငါပဲ လုပ်လိုက်ပါမယ် သူ့အလောင်းမှာ သတိထားရမယ့် ထူးဆန်းတဲ့ အရာတွေ ပါနေနိုင်တယ် သူ သေပြီးရင်တောင် ငါတို့ကို ဒုက္ခပေးမယ့် နည်းလမ်းတစ်ခုခု ချန်ထားခဲ့နိုင်လို့ပါ..."

​ဖန်ချန်သည် တာအိုဆရာ၏ ရှေ့တွင် ထိုင်ကာ သူကိုယ်တိုင် ရှာဖွေလိုက်သည်။

မကြာမီတွင် ကြွေပုလင်းငယ် တစ်လုံးနှင့် ပစ္စည်းအများအပြား ပါရှိပုံရသော သားရေအိတ်ငယ် တစ်ခုကို တွေ့ရှိခဲ့သည်။

All Chapters