← Chapters

အခန်း (၂၇၉၇-၂၇၉၈)

Vol. 280 Ch. 2797-2798

အခန်း (၂၇၉၇-၂၇၉၈)

Vol. 280 Ch. 2797-2798

အခန်း (၂၇၉၇) - အန္တရာယ်ကြယ်၏ နေရာ

​“ဒါဆိုရင် မင်းတို့ လုံရှန်း နတ်ဘုရားနိုင်ငံတော် ရဲ့ အင်အားနဲ့ အခြေခံအုတ်မြစ်က ပေတို နတ်ဘုရားနိုင်ငံတော် ထက် အများကြီး နိမ့်ကျနေတာပဲ။”

​ဖန့်ချန်က အတွေးနက်စွာဖြင့် ခေါင်းအသာညိတ်လိုက်သည်။

​သူသည် နိဗ္ဗာန်တားမြစ်နယ်မြေ (၁၁) ခု ကောင်းကင်ငါးပါးဆီ ရောက်လာသည်နှင့် လုကျိုးယွမ်နှင့် တိုင်ပင်ကာ အမြင့်မြတ်ဆုံး နတ်ဘုရားနိုင်ငံတော် ကို အခြေခံအုတ်မြစ် တိုက်ပွဲ ခေါ်ယူရန် စီစဉ်ထားခြင်းဖြစ်သည်။

ထိုသို့လုပ်ခြင်းဖြင့် တစ်ဖက်လူကို ကောင်းကင်ငါးပါး၏ အခြေအနေအမှန်ကို မသိစေဘဲ ဟန်ပြတိုက်ခိုက်မှုဖြင့် နှစ်ပေါင်း တစ်သောင်းခန့် အေးအေးဆေးဆေး ဖွံ့ဖြိုးတိုးတက်ချိန် ရယူရန် ကြံစည်ထားခြင်းဖြစ်သည်။

​သူ၏ ကျဲနယဲ့ အဆင့်မြင့် ဟူသော အဆင့်အတန်းကို အသုံးချ၍ အမြင့်မြတ်ဆုံး နတ်ဘုရားနိုင်ငံတော် ကို နိဗ္ဗာန်တားမြစ်နယ်မြေ တစ်ခုတည်းသာ ကျန်ရစ်သည်အထိ တိုက်ခိုက်နိုင်မည်ဟုပင် မျှော်လင့်ထားခဲ့သည်။

ထိုသို့ဖြစ်လျှင် တစ်ဖက်လူမှာ ဆန်းနယဲ့ စစ်မြေပြင်၏ စည်းမျဉ်းကို လိုက်နာရမည်ဖြစ်ပြီး နောက်ပိုင်းတွင်လည်း တိုးတက်ခွင့် ဆုံးရှုံးကာ အချိန်အတော်ကြာအောင် အင်အားချိနဲ့သွားပေလိမ့်မည်။

​နောက်ပိုင်းတွင် ကောင်းကင်ငါးပါး၏ အင်အား ပြည့်ဝလာသောအခါ တစ်ဖက်လူကို ဆန်းနယဲ့ စစ်မြေပြင်မှ လုံးဝဖယ်ရှားပစ်ပြီး စည်းမျဉ်းပြင်ပတွင် အပြီးသတ် သိမ်းပိုက်တိုက်ပွဲ ဆင်နွှဲနိုင်ပေမည်။

​သို့သော် ရှန်ပါဝမ်၏ ရှင်းပြချက်ကြောင့် ထိုလမ်းကြောင်းမှာ အလုပ်မဖြစ်နိုင်မှန်း သူသိလိုက်ရသည်။

အမြင့်မြတ်ဆုံး နတ်ဘုရားနိုင်ငံတော် တွင် ကျဲနယဲ့ အဆင့်မြင့် ကျင့်ကြံသူများ (စွမ်းအင်စုစည်းခြင်းအဆင့်၊ အသက်စွမ်းအင်အဆင့်) အမြောက်အမြား ရှိနေသေးသောကြောင့်ဖြစ်သည်။

သူတို့ကို နိဗ္ဗာန်တားမြစ်နယ်မြေ ကာကွယ်ရန် ထားရှိပါက ကောင်းကင်ငါးပါးဘက်တွင် စိန်ခေါ်ရန် သင့်လျော်သော ကျင့်ကြံသူ ထွက်လာနိုင်မည် မဟုတ်ပေ။

​“ကျွန်တော်တို့လည်း နောက်ပိုင်းမှ သိလိုက်ရတာပါ……”

​ရှန်ပါဝမ်က စိတ်မကောင်းစွာဖြင့် -

“ကျွန်တော်တို့ ပထမဆုံး နိဗ္ဗာန်တားမြစ်နယ်မြေ ကို ရှာတွေ့တဲ့အချိန်မှာ ပေတို နတ်ဘုရားနိုင်ငံတော် က ဆန်းနယဲ့ စစ်မြေပြင်မှာ နှစ်ပေါင်း တစ်သိန်းကျော်တောင် တိုက်ခိုက်နေတာ ကြာပြီ။ အခြေခံအုတ်မြစ်က တကယ်ကို ကွာခြားလွန်းပါတယ်။”

​“ဒါဆို မင်းတို့က ဒီတစ်ခါ ဘယ်လိုလုပ်ပြီး ပေတို နတ်ဘုရားနိုင်ငံတော် နဲ့ ထိပ်တိုက်တွေ့သွားရတာလဲ”

​ဖန့်ချန်က ရိုးရိုးလေး မေးလိုက်သည်။

​ရှန်ပါဝမ် -

“ကျွန်တော်တို့ မတော်တဆ သူတို့ရှိတဲ့နေရာကို ရှာတွေ့သွားမိလို့ပါ။”

​“……”

​……

​……

​ရှန်ပါဝမ်ထံမှ ပြန်လာပြီးနောက် ဖန့်ချန်သည် တည်းခိုခန်းထဲမှ အပြင်မထွက်ဘဲ နေလိုက်သည်။

ဖန့်ချန်၏ အဖွဲ့ဝင်များအတွက် သတ်မှတ်ထားသော စိန်ခေါ်မှု (၁၀) ကြိမ်မှာလည်း ရှန်ပါဝမ်တို့၏ အကူအညီဖြင့် အကုန်အစင် ကုန်ဆုံးသွားပြီဖြစ်သည်။

ယခုဆိုလျှင် အဆင့်သတ်မှတ်ချက် ထွက်လာသည်အထိ စောင့်ဆိုင်းပြီး အဆင့်သတ်မှတ်ပွဲများ စတင်တိုက်ခိုက်ရန်သာ ကျန်တော့သည်။

၎င်းမှာ သူတော်စင်များအတွက် အန္တရာယ် အနည်းငယ် လျော့ပါးသွားစေသည်။

​ထိုကာလအတွင်းတွင် ဆန်းနယဲ့ သူတော်စင်များစွာ လာရောက်တွေ့ဆုံကြသည်။

ဖန့်ချန်သည် လာသမျှသူကို မငြင်းဆန်ဘဲ ယဉ်ကျေးစွာ ဆက်ဆံသည်။ တစ်ဖက်လူက အကဲခတ်မေးမြန်းမှုများ ပြုလုပ်သည့်အခါတွင်လည်း သူကပင် ပြန်၍ မေးခွန်းထုတ်ကာ အဖိုးတန် သတင်းအချက်အလက်များကို ရယူလိုက်သည်။

​နောက်ဆုံးတွင် ထိုသူတော်စင်များမှာ ဖန့်ချန် (ယဲ့ထျန်းဂူ) သည် လွယ်လွယ်ကူကူနှင့် သဘောတူမည်မဟုတ်၊ သူ၏ မူလအစကိုလည်း လုံးဝလျှို့ဝှက်ထားပြီး အင်အားစုများ၏ ဖိတ်ခေါ်မှုကိုလည်း စိတ်မဝင်စားကြောင်း သိသွားသောအခါ လာရောက်သူ နည်းပါးသွားသည်။

​တစ်နေ့တွင်မူ သူတော်စင်များ၏ အဆင့်သတ်မှတ်ချက် ထွက်ပေါ်လာခဲ့သည်။ သူတို့အဖွဲ့သည် တည်းခိုခန်းမှ ထွက်ကာ အနီးဆုံး လူစည်ကားရာလမ်းမကြီးသို့သွား၍ ကောင်းကင်တမျှ မြင့်မားသော ကျောက်တိုင်ကြီးကို ကြည့်လိုက်ကြသည်။

​မျှော်လင့်ထားသည့်အတိုင်းပင် ဖန့်ချန်၏ အဖွဲ့ဝင်များမှာ အဆင့် သန်းပေါင်းများစွာ အောက်တွင်သာ ရှိနေသည်။ သူတို့၏ အမည်ကိုပင် အချိန်အတော်ကြာ ရှာလိုက်ရသည်။

သို့သော် သူတို့က မိမိတို့အဆင့်ကို ဂရုမစိုက်ကြ၊ ဖန့်ချန်၏ အဆင့်သာ မည်မျှမြင့်မားသည်ကို စိတ်ဝင်စားနေကြသည်။

​ဤအရာကို စိတ်ဝင်စားသူများမှာ ဝူရှန်းပေမြိန့် ဗဟိုချက်ရှိ ကျဲနယဲ့ အဆင့်မြင့် ကျင့်ကြံသူများပင် ဖြစ်သည်။

ဥယျာဉ်တစ်ခုအတွင်း လူဆယ်ဦးကျော် ထိုင်နေကြပြီး ထိုနေရာမှ အဆင့်သတ်မှတ်ချက် ကျောက်တိုင်ကို တိုက်ရိုက် ကြည့်ရှုနိုင်သည်။

​“အဆင့်တွေ မကြာခင် ထွက်ပေါ်လာတော့မယ်။ ယဲ့ထျန်းဂူ ရဲ့ အမည်က ဘယ်အဆင့်မှာ ရှိနေမလဲလို့ ထင်ကြသလဲ ”

​ကျဲနယဲ့ အဆင့်မြင့် တစ်ဦးက အရွှန်းဖောက်ကာ မေးလိုက်သည်။

ကျန်သူများကမူ တိတ်ဆိတ်နေသော အစိမ်းရောင်မျက်လုံးကျား ကို ငေးကြည့်လိုက်ကြသည်။

​“အစိမ်းရောင်မျက်လုံးကျား၊ မင်း စိတ်မပူပါနဲ့။ သူက မင်းကို တစ်ခါနိုင်ရုံနဲ့ မင်းရဲ့ အန္တရာယ်ကြယ် နေရာကို အစားထိုးနိုင်မှာ မဟုတ်ပါဘူး။”

​“ဆန်းနယဲ့ စစ်မြေပြင်ရဲ့ အဆင့်သတ်မှတ်ချက်က အလွန်တင်းကျပ်တယ်။ နောက်ခံအင်အားမရှိ၊ အခြေခံအုတ်မြစ်မရှိတဲ့ ကောင်မျိုးကို ဒီလိုမြင့်တဲ့နေရာ ပေးလိုက်ရင် စည်းမျဉ်းတွေ ရှုပ်ကုန်မှာပေါ့။”

​အစိမ်းရောင်မျက်လုံးကျားက သူတို့ကို ခေါင်းအသာယမ်းကာ -

​“ငါ ငါ့ရဲ့ အန္တရာယ်ကြယ် နေရာကို သူ လုယူသွားမှာ မပူပါဘူး။ အဲဒါက ငါ့အတွက် အဓိပ္ပာယ်မရှိပါဘူး။”

​“ဒါဆို မင်း ဘာလို့ စိုးရိမ်ပူပန်နေတာလဲ ”

​“ငါ စိုးရိမ်တာက မင်းတို့ကိုပါ။”

​အစိမ်းရောင်မျက်လုံးကျားက အေးစက်စက် ပြောသည်။

​“ငါတို့နောက်ကွယ်က အင်အားစုတွေမှာ အဲဒီလောက် အသေးအဖွဲအတွက် စိတ်မပူရပါဘူး။ နိဗ္ဗာန်တားမြစ်နယ်မြေ တစ်ခုနှစ်ခုလောက်က အရေးမကြီးပါဘူး။ ငါ့အစ်ကိုကြီးတောင် ဒီတစ်ခါ သုံးခုရှုံးသွားပေမဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရရုံပဲ ရှိမှာပါ။

ဒါပေမဲ့ ယဲ့ထျန်းဂူက ငါတို့နဲ့ မတူဘူး။ သူ ဒီရောက်တာနဲ့ နိဗ္ဗာန်တားမြစ်နယ်မြေ (၁၁) ခုကို သိမ်းပိုက်လိုက်တာ။ သူသာ အန္တရာယ်ကြယ် ဖြစ်သွားရင် နှစ်ပေါင်း (၅၀၀) အတွင်းမှာ အဆင့်သတ်မှတ်ပွဲ (၅) ကြိမ်လုံးကို တိုက်ခိုက်သွားလိမ့်မယ်။”

​“……”

​နေရာရှိ ကျဲနယဲ့ အဆင့်မြင့်များ၏ မျက်နှာပြင်မှာ လေးနက်သွားသည်။

(ဘီလူးမုဆိုးကို အန္တရာယ်ကြယ် လို့ပြောင်းမယ်နော်)

​“အစိမ်းရောင်မျက်လုံးကျားရဲ့ စိုးရိမ်မှုက အခြေအမြစ်မရှိတာ မဟုတ်ဘူး။ ဒီကောင် တကယ်သာ အန္တရာယ်ကြယ် ဖြစ်လာရင် ငါတို့ကြားက အပေးအယူတွေ အကုန်ပျက်ကုန်မှာ။”

​“ညအချိန် လမ်းလျှောက်ခြင်္သေ့၊ မင်း ဘယ်လိုထင်လဲ ငါတို့အားလုံး တိုင်ပင်ပြီး ဖန့်ချန် ကို ဒီနေရာရဲ့ စည်းမျဉ်းတွေ အကြောင်း သွားပြောပြကြမလား ”

​သူတို့အားလုံးသည် "ညအချိန် လမ်းလျှောက်ခြင်္သေ့" ကို ကြည့်လိုက်ကြသည်။

ထိုသူက မျက်နှာအမူအရာ မရှိဘဲ -

​“မင်းတို့ အန္တရာယ်ကြယ် နေရာရသွားတော့ တိုးတက်လိုစိတ် ကုန်သွားကြတာလား။ ဒီလို လူငယ်လေး တစ်ယောက်ကို ကြောက်နေရတာလား သူ တိုက်ချင်ရင်လည်း တိုက်ခိုက်ပေါ့။ အနိုင်အရှုံးဆိုတာ ရှိတာပဲ။ သေသွားရင်လည်း ဘာဖြစ်လဲ ဆန်းနယဲ့ စစ်မြေပြင်မှာ အသက်ကို ခါးပတ်မှာ ချိတ်ထားရတာ မဟုတ်ဘူးလား။”

​သူတို့အားလုံးမှာ စကားမပြောနိုင်တော့ဘဲ တိတ်ဆိတ်သွားကြသည်။

​……

​……

​“ရှုံးချာ၊ မင်း ယဲ့ထျန်းဂူ က အစိမ်းရောင်မျက်လုံးကျား နေရာကို အစားထိုးနိုင်မယ်လို့ ထင်လား ”

​ယွမ် သခင်လေးက ကျောက်တိုင်ကို ကြည့်ကာ မေးသည်။

ရှုံးချာက ဘာမျှ ပြန်မပြောဘဲ ယွမ် သခင်လေးကိုသာ စိုက်ကြည့်နေသည်။

ယွမ် သခင်လေးက ပြုံး၍ -

​“မင်း ဒီတစ်ခါ ဖန့်ချန်လက်ထဲမှာ နိဗ္ဗာန်တားမြစ်နယ်မြေ တစ်ခု ရှုံးသွားတယ် မဟုတ်လား၊ ညအချိန် လမ်းလျှောက်ခြင်္သေ့ က မင်းကို ဒုက္ခပေးနေတာ မဟုတ်ဘူးလား ”

​“ညအချိန် လမ်းလျှောက်ခြင်္သေ့ သူက ဘာလို့ ငါ့ကို ဒုက္ခပေးရမှာလဲ”

ရှုံးချာက မျက်မှောင်ကြုတ်၍ မေးသည်။

​“ဟန်မဆောင်ပါနဲ့။ မင်းနဲ့ ညအချိန် လမ်းလျှောက်ခြင်္သေ့ က တစ်နေရာတည်းက လာတာ၊ ငါ မသိဘူး ထင်နေလား”

​ယွမ် သခင်လေးက -

“အခု မင်းတို့ရှေ့မှာ အမြတ်ကြီးတဲ့ ကိစ္စတစ်ခု ရှိတယ်။ မင်းတို့ ရှုံးသွားတဲ့ နိဗ္ဗာန်တားမြစ်နယ်မြေ ကို အရင်းနဲ့ အမြတ်ပါ ပြန်ရနိုင်တယ်။ မငြင်းပါနဲ့၊ ဒီကိစ္စကို မင်းတစ်ယောက်တည်း ဆုံးဖြတ်လို့ မရဘူး။ အဆင့်သတ်မှတ်ချက် ထွက်လာရင် ငါ့ကို ညအချိန် လမ်းလျှောက်ခြင်္သေ့ ဆီ ခေါ်သွား၊ ငါသူနဲ့ တိုက်ရိုက် စကားပြောမယ်။”

​ရှုံးချာမှာ ဘာစကားမှ မပြောနိုင်တော့ပေ။

​……

​……

​“ကျန်းစစ်လုံ၊ တပ်မှူးကြီးတွေ အပင်ပန်းခံ ရှာထားရတဲ့ သဲလွန်စတွေကို မင်း ဒီအတိုင်း ပေးလိုက်တာလား သွေးစာရေး ရှုံးသွားတဲ့ သုံးခု၊ မင်း ရှုံးသွားတဲ့ သုံးခုနဲ့ ငါတို့ ဒီတစ်ခါ ဘယ်လောက်တောင် ရှုံးသွားပြီလဲသိလား ”

ကျဲနယဲ့ အဆင့်မြင့် တစ်ဦးက ကျောက်တိုင်ကို စိုက်ကြည့်ကာ ပြောသည်။

အနီးအနားရှိ သူတော်စင်များကလည်း ကျန်းစစ်လုံကို အထင်အမြင်သေးစွာ ကြည့်ကြသည်။

ကျန်းစစ်လုံက အေးစက်စက်ဖြင့် -

​“ငါ့ကို လာပြီး အပြစ်မတင်နဲ့။ ဒီတစ်ခါ ရှုံးတာကို ငါ တာဝန်ယူတယ်။ အဲဒီ သဲလွန်စက ဘာလုပ်ဖို့လဲ အဲဒီ သဲလွန်စရှိတိုင်းရော သူတို့ရှိတဲ့နေရာကို ရှာတွေ့မှာမို့လား ဟိုဘက်ကို ရောင်းစားပြီး ခင်မင်မှု တည်ဆောက်တာက ပိုမကောင်းဘူးလား။”

​သူက ခေတ္တရပ်ပြီး -

“ငါပြောပြမယ်၊ ငါတို့ရဲ့ ဘိုးဘေးက နောက်ထပ် နတ်ဘုရားနိုင်ငံတော် တစ်ခုရဲ့ နေရာကို ရှာတွေ့တော့မယ်။ ငါတို့ရဲ့ အမြင့်မြတ်ဆုံး နတ်ဘုရားနိုင်ငံတော် ဘေးနားမှာပဲ။ အဲဒီအခါ အခြေခံအုတ်မြစ် တိုက်ပွဲ ခေါ်ရင် နိဗ္ဗာန်တားမြစ်နယ်မြေ (၆) ခုတောင် မကဘူး၊ (၁၂) ခုတောင် ပြန်ရဦးမှာ။ အခုလုပ်ရမှာက စိတ်ရှည်ရှည်နဲ့ သူတို့ရဲ့ အခြေခံအုတ်မြစ်ကို စုံစမ်းဖို့ပဲ။”

​“အော်”

​နေရာရှိ သူတော်စင်များမှာ အံ့အားသင့်သွားပြီး မျက်လုံးများမှာ တောက်ပလာသည်။

သူတို့ မမေးမြန်းခင်မှာပင် ကျောက်တိုင်တွင် ရွှေရောင် အလင်းတန်းများ လင်းလက်လာပြီး "ယဲ့ထျန်းဂူ" ၏ အမည်မှာ ရေပန်းစားလာသည်။

​“အန္တရာယ်ကြယ်၊ သူ အစိမ်းရောင်မျက်လုံးကျား နေရာကို အစားထိုးပြီး အန္တရာယ်ကြယ် ဖြစ်သွားပြီ ”

​ဝူရှန်းပေမြိန့် ဗဟိုချက်တစ်ခုလုံးမှာ တုန်လှုပ်သွားကြသည်။ သူတော်စင်များအားလုံး သက်ပြင်းချလိုက်ကြသည်။ တစ်ခုခုကိုမူ အသေအချာ သိလိုက်ရသည်။

​အစိမ်းရောင်မျက်လုံးကျား နှင့် ဖန့်ချန်တို့၏ တိုက်ပွဲမှာ အတုအယောင် မဟုတ်ပေ။

ဖန့်ချန်၏ စွမ်းအားမှာ ဆန်းနယဲ့ စစ်မြေပြင်၏ အသိအမှတ်ပြုခြင်းကို ခံလိုက်ရပြီဖြစ်သည်။

​သူသည် ကမ္ဘာတည်ဆောက်ခြင်း အစောပိုင်း အဆင့်၏ အန္တရာယ်ကြယ် (၁၂) ပါးထဲတွင် နောက်ဆုံးနေရာ၌ ရပ်တည်လိုက်ပြီဖြစ်သည်။

​အခန်း (၂၇၉၈) - ဒီအဆင့်သတ်မှတ်ချက်က သိပ်ကောင်းတယ်

​“ဒီအဆင့်သတ်မှတ်ချက်က သိပ်ကောင်းတယ်……”

​ဖန့်ချန်၏ အဖွဲ့ဝင်များမှာ ဝမ်းသာအားရ ဖြစ်နေကြသည်။

​အန္တရာယ်ကြယ် နေရာရသော်လည်း အဆင့် (၁၂) နေရာတွင် ရှိနေသဖြင့် သူတို့အတွက် စိန်ခေါ်စရာ အဆင့် (၁၁) ခု ကျန်ရှိနေသေးသည်။

တစ်နေရာစီတိုင်းသည် နိဗ္ဗာန်တားမြစ်နယ်မြေ တစ်ခုစီနှင့် ညီမျှသည်။

​သူတို့မှာ ဆန်းနယဲ့ စစ်မြေပြင်က ဖန့်ချန်ကို အဆင့်အလွန်မြင့်မြင့် ပေးလိုက်မည်ကို စိုးရိမ်နေခဲ့ကြသည်။ အကယ်၍ အဆင့်အလွန်မြင့်နေပါက သူတို့ဘက်မှ ရှုံးနိမ့်မှုများပြားသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

​“အန္တရာယ်ကြယ် (၁၂) ပါးထဲက နောက်ဆုံးနေရာလား မဆိုးပါဘူး။”

​ဖန့်ချန်သည် အဆင့်သတ်မှတ်ချက်ကို ကြည့်ကာ ခေါင်းအသာညိတ်လိုက်သည်။

သူသည် ထိုရလဒ်ကို အလွန်ပင် ကျေနပ်အားရနေသည်။

​……

​……

​“သူ့ရဲ့ စွမ်းအားက အစိမ်းရောင်မျက်လုံးကျား ထက် သာလွန်တာ အမှန်ပဲ။ ဒါက အနည်းဆုံးတော့ မင်းတို့ရဲ့ ခန့်မှန်းချက်တွေ မှားယွင်းနေကြောင်း သက်သေပြလိုက်တာပဲ။”

​ကျန်းစစ်လုံက အနီးအနားရှိ ဆန်းနယဲ့ သူတော်စင်များကို အေးစက်စက် အကြည့်လွှဲလိုက်သည်။

​“ဟိုဘက်က ယဲ့ထျန်းဂူ နဲ့ ပူးပေါင်းပြီး ငါတို့ကို လှည့်စားဖို့ ကြံစည်နေတာ မဟုတ်ဘူး။ ဒီတစ်ခါတော့ ရိုးရိုးလေးပဲ အတွက်မှားသွားတာ။”

​“ဒါဆိုရင်တောင် ငါတို့ ဆုံးရှုံးမှုက အလွန်များပြားတယ်။ ဒါပေမဲ့ မင်း ခုနက ပြောလိုက်တဲ့ နတ်ဘုရားနိုင်ငံတော် တစ်ခုကို ရှာတွေ့တယ်ဆိုတာကရော အသေးစိတ် ပြောပြပေးနိုင်မလား ”

​ထို ကျဲနယဲ့ အဆင့်မြင့် တို့မှာ ကျန်းစစ်လုံ ရှုံးနိမ့်သွားသော နိဗ္ဗာန်တားမြစ်နယ်မြေ (၃) ခု အကြောင်းကို မတွေးတောတော့ဘဲ သူ၏ စကားကိုသာ အလွန်စိတ်ဝင်စားသွားကြသည်။

​နတ်ဘုရားနိုင်ငံတော် တစ်ခုကို ရှာတွေ့ခြင်းမှာ ကြီးမားသော အခွင့်အရေးတစ်ခုပင် ဖြစ်သည်။

​ဆန်းနယဲ့ စစ်မြေပြင်တွင် သူတို့သည် စည်းမျဉ်းများစွာကို လိုက်နာရသည်။

ယခုခေတ်တွင် နိဗ္ဗာန်တားမြစ်နယ်မြေ တစ်ခုကို အနိုင်ရရှိရန်မှာ မည်မျှခက်ခဲသနည်း။

သူတို့သည် ဤနေရာတွင်သာ ရှေးဟောင်း သူတော်စင်ဧကရာဇ်၏ သွေး ကို ရှာဖွေပြီး မိမိကိုယ်ကိုလေ့ကျင့်နိုင်ကြသည်။

​သို့သော် "အခြေခံအုတ်မြစ် တိုက်ပွဲ" ကိုသာ ခေါ်ယူနိုင်မည်ဆိုပါက အခြေအနေမှာ လုံးဝ ကွဲပြားသွားမည်။

ထိုသို့ဆိုလျှင် တစ်ဖက်လူ၏ နိဗ္ဗာန်တားမြစ်နယ်မြေ များကို လျင်မြန်စွာ လုယူနိုင်ပြီး မိမိတို့၏ အင်အားကို တိုးချဲ့ကာ အခြေခံအုတ်မြစ်ကို မြှင့်တင်နိုင်မည်ဖြစ်သည်။

​ထိုအကြောင်းရင်းကြောင့်ပင် အင်အားစု အသီးသီးသည် အပြင်ဘက်အစွန်အဖျားများကို အချိန်ပြည့် စူးစမ်းရှာဖွေနေကြခြင်း ဖြစ်သည်။

​“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မင်းတို့ အခုလောလောဆယ် သိစရာမလိုသေးဘူး။”

​ကျန်းစစ်လုံက အေးဆေးပင် ပြောလိုက်သည်။

သူမပြောပြသည့်အတွက် နေရာရှိ ကျဲနယဲ့ အဆင့်မြင့် များမှာ အနည်းငယ် စိတ်တိုသွားကြသော်လည်း အတင်းအကျပ် ဆက်မေးရန် မဝံ့ရဲကြပေ။

​……

​……

​"ညအချိန် လမ်းလျှောက်ခြင်္သေ့" ရှိရာ ဥယျာဉ်အတွင်း။

​နေရာရှိ အန္တရာယ်ကြယ် များမှာ ကျောက်တိုင်ပေါ်မှ အဆင့်သတ်မှတ်ချက်ကို ကြည့်ကာ အမူအရာများ လေးနက်နေကြသည်။

​“အစိမ်းရောင်မျက်လုံးကျား၊ မင်း အသွမ်းမပြခဲ့တာ မဟုတ်ဘူးဆိုတာကို အခုတော့ ငါယုံပါပြီ။ ဒီတိုက်ပွဲ တစ်ခုတည်းနဲ့တင် ဆန်းနယဲ့ စစ်မြေပြင်က သူ့ကို မင်းရဲ့နေရာမှာ အစားထိုးလိုက်တာကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ စွမ်းအားက မင်းထက် အများကြီး သာလွန်နေတာ သိသာပါတယ်။”

​အန္တရာယ်ကြယ် တစ်ဦးက လေးနက်စွာ ပြောသည်။

​ကျန်ရှိသော အန္တရာယ်ကြယ် များမှာ စကားမပြောဘဲ တစ်ဖက်ရှိ တောင့်တင်းပြေပြစ်သော ခန္ဓာကိုယ်ရှိသည့် အမျိုးသမီးတစ်ဦးကို အကြည့်ရောက်သွားကြသည်။

ထိုအမျိုးသမီးမှာ သူတို့၏ အတွေးကို သိပုံရကာ မျက်နှာကို အုပ်မှိုင်းစွာဖြင့် -

​“ယဲ့ထျန်းဂူ က အင်အားစုပေါင်းများစွာကို ရန်ဘက်ပြုပြီးနေပြီ။ သူ ဒီထက်ပိုပြီး ခုန်ပေါက်ရဲဦးမယ်လို့ ထင်နေကြတာလား ငါသာ သူဆိုရင် အချိန်တစ်ခုအထိတော့ နားနေလိုက်မှာပဲ။”

​“လမင်းကြီး ဘယ်လိုပဲဖြစ်ဖြစ် ယဲ့ထျန်းဂူ ရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ဖို့တော့ အဆင်သင့်ပြင်ထားပါ။”

​“မင်းသာ သူ့ကို တားဆီးနိုင်ရင် အားလုံးအတွက် ကောင်းတာပဲ။ မတားနိုင်ခဲ့ဘူးဆိုရင်တော့ ငါတို့အားလုံး ဒုက္ခရောက်ကြလိမ့်မယ်။”

​အန္တရာယ်ကြယ် တစ်ဦးက လေးနက်စွာ ပြောသည်။

​လမင်းကြီးမှာ ဘာမျှမပြောဘဲ ကျောက်တိုင်ပေါ်ရှိ အဆင့်သတ်မှတ်ချက်ကိုသာ အုပ်မှိုင်းသော မျက်နှာဖြင့် ငေးကြည့်နေသည်။

​“ယဲ့ထျန်းဂူ ရဲ့ စရိုက်အတိုင်းဆိုရင် စိန်ခေါ်မှုက ရှောင်လွှဲလို့မရတော့ဘူး။ ဒါပေမဲ့ ငါ သူနဲ့ စကားနည်းနည်း ပြောကြည့်မယ်။ နောက်လာမယ့် စိန်ခေါ်မှုတွေမှာ အသက်ဆုံးရှုံးတဲ့အထိ မလုပ်မိဖို့ မျှော်လင့်ပါတယ်။”

​အစိမ်းရောင်မျက်လုံးကျားက ရုတ်တရက် ပြောသည်။

“သူက အကြောင်းအကျိုးကို နားလည်တဲ့လူပါ။ မဟုတ်ရင် ငါ သူ့လက်ထဲမှာ သေသွားလောက်ပြီ။”

​“မဖြစ်ဘူး၊ မင်းက ဒီလိုမျက်နှာပျက်တာကို လက်ခံနိုင်ပေမဲ့ ငါတို့ မလက်ခံနိုင်ဘူး”

​“အကယ်၍ ဒီသတင်းသာ ပျံ့နှံ့သွားရင် ငါတို့ ဘာဖြစ်သွားမလဲ ”

​ချက်ချင်းပင် အန္တရာယ်ကြယ် အချို့က ကန့်ကွက်ကြသည်။

​လမင်းကြီးမှာမူ ကျောက်တိုင်မှ အကြည့်လွှဲကာ အစိမ်းရောင်မျက်လုံးကျားကို ပြောသည်။

​“သူတို့ကို ဂရုမစိုက်နဲ့၊ မင်းသွားပြီး ယဲ့ထျန်းဂူ ရဲ့ သဘောထားကို အကဲခတ်ကြည့်ပါ။”

​“ကောင်းပြီ။”

​အစိမ်းရောင်မျက်လုံးကျားက ခေါင်းအသာညိတ်ကာ -

​“ငါ အခုပဲ သွားလိုက်မယ်။”

​သူ ထွက်ခွာခါနီးအချိန်တွင် ဥယျာဉ်အပြင်ဘက်၌ လူနှစ်ဦး ရောက်ရှိလာသည်။

ရှုံးချာ နှင့် ယွမ် သခင်လေးတို့သည် အစိမ်းရောင်မျက်လုံးကျား ကို မြင်သည်နှင့် အရိုအသေပေးလိုက်ကြသည်။

​အစိမ်းရောင်မျက်လုံးကျားက မျက်မှောင်ကြုတ်ကာ -

​“မင်းတို့ ဒီကို ဘာလာလုပ်တာလဲ ”

​ရှုံးချာက အနီးအနားရှိ ညအချိန် လမ်းလျှောက်ခြင်္သေ့ ကို ကြည့်လိုက်သည်။

​ညအချိန် လမ်းလျှောက်ခြင်္သေ့ ၏ မျက်လုံးများမှာ တဖျပ်ဖျပ် လင်းလက်သွားသည်။

​“သူက ငါ့ဆီ လာတာ။ မင်းအရင် သွားပြီး ယဲ့ နဲ့ စကားပြောကြည့်လိုက်ဦး။”

​“အင်း။”

​အစိမ်းရောင်မျက်လုံးကျားမှာ ထိုသူနှစ်ဦးကို ဂရုမစိုက်တော့ဘဲ အမြန်လမ်းလျှောက် ထွက်ခွာသွားသည်။

​ယဲ့ထျန်းဂူ နဲ့ စကားပြောကြည့်ဖို့လား

​ယွမ် သခင်လေး၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

ရှုံးချာမှာမူ သူ့ကို ခေါ်ဆောင်ကာ ညအချိန် လမ်းလျှောက်ခြင်္သေ့ ရှေ့သို့ အမြန်လျှောက်သွားသည်။

​နေရာရှိ အန္တရာယ်ကြယ် များမှာ သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးကို သိရှိပုံရသဖြင့် ပုံမှန်အတိုင်းပင် ရှိနေကြသည်။ ယွမ် သခင်လေးသည် ထိုနေရာတွင် အန္တရာယ်ကြယ် များစွာ စုဝေးနေသည်ကို မြင်ရသောအခါ မျက်နှာတွင် ဖော်ရွေသော အပြုံးကို ချက်ချင်း ဆင်မြန်းလိုက်သည်။

​“ညအချိန် လမ်းလျှောက်ခြင်္သေ့၊ ဒါက ယွမ် သခင်လေးပဲ။”

​ရှုံးချာက အလေးအနက် ပြောသည်

“သူက မင်းကို သူ့အတွက် စကားကမ်းလှမ်းခိုင်းလို့ပါ။”

​“သိပြီ။”

​ညအချိန် လမ်းလျှောက်ခြင်္သေ့ ၏ အကြည့်မှာ ယွမ် သခင်လေးထံ ကျရောက်သွားသည်။

​“ငါ မင်းအကြောင်း ကြားဖူးပါတယ်။ နည်းလမ်းလေး နည်းနည်းတော့ ရှိသားပဲ။ မင်း ဒီတစ်ခါ လာတာက လုံရှန်း နတ်ဘုရားနိုင်ငံတော် နဲ့ မင်းတို့ ပေတို နတ်ဘုရားနိုင်ငံတော် ကြားက အခြေခံအုတ်မြစ် တိုက်ပွဲ ကြောင့် မဟုတ်လား ”

​“အန္တရာယ်ကြယ် (၁၂) ပါးရဲ့ ထိပ်ဆုံးသူမို့လို့ ကိစ္စရပ်တွေကို ကြိုတင်တွေးဆနိုင်တာပဲ။ ကျွန်တော် ဒီကို လာတာ ဒါကြောင့်ပါပဲ။”

​ယွမ် သခင်လေးက ချက်ချင်း လက်အုပ်ချီကာ -

​“ဒီတစ်ခါ ယဲ့ထျန်းဂူ က ဒီကို ရောက်ခါစနဲ့ ကျွန်တော်တို့ လူတစ်ယောက်ကို သတ်ဖြတ်ပြီး နိဗ္ဗာန်တားမြစ်နယ်မြေ တစ်ခုကို လုယူသွားတယ်။ ရှုံးချာ တောင် သူ့ရဲ့ လှည့်စားခြင်းကို ခံလိုက်ရတယ်။”

​“……”

​ရှုံးချာက ယွမ် သခင်လေးကို တစ်ချက် စောင်းငဲ့ ကြည့်လိုက်သည်။

​ကံကောင်းစွာဖြင့် ယွမ် သခင်လေးမှာ စကားလမ်းကြောင်းကို ချက်ချင်း ပြောင်းလိုက်သည်။

​“အခု ယဲ့ထျန်းဂူ က အန္တရာယ်ကြယ် (၁၂) ပါးထဲက နောက်ဆုံးနေရာကို ရသွားပြီ။ ညအချိန် လမ်းလျှောက်ခြင်္သေ့၊ မင်း ဒီကိစ္စမှာ ထွက်ရပ်ပြီး သူ့ရဲ့ တိုးတက်မှုကို တားဆီးပေးရမယ်။ မဟုတ်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေက စိတ်ကူးကြည့်လို့တောင် မရဘူး။”

​“မင်းက ပြောတော့ လွယ်သားပဲ။ ငါတို့ အန္တရာယ်ကြယ် တွေကို အရူးလို့ ထင်နေတာလား မင်းတို့ ပေတို နတ်ဘုရားနိုင်ငံတော် အတွက် ဘာအကြောင်းရင်းမှ မရှိဘဲနဲ့ အရှေ့ကနေ ထွက်တိုက်ပေးရမတဲ့လား ”

​“သူက လုံရှန်း နတ်ဘုရားနိုင်ငံတော် နဲ့ ကတိကဝတ်ပြုထားပြီး နောက်ဆုံးကျန်ရှိတဲ့ နိဗ္ဗာန်တားမြစ်နယ်မြေ ကို ကာကွယ်ပေးမယ်တဲ့။ မင်းတို့ ပေတို နတ်ဘုရားနိုင်ငံတော် က သင့်လျော်တဲ့ ဆန်းနယဲ့ သူတော်စင် ရှာမတွေ့သရွေ့ လုံရှန်း ကို သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး။”

​“အင်း ”

​ယွမ် သခင်လေးမှာ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီးနောက် -

​“အန္တရာယ်ကြယ် အပေါင်းတို့၊ ကျွန်တော်တို့ အခုဆိုရင် အတူတူ ရှင်သန်၊ အတူတူ သေဆုံးရမယ့် အခြေအနေမျိုးပါ။ ယဲ့ထျန်းဂူ ရဲ့ စရိုက်အတိုင်းဆိုရင် အချိန်မီ မတားဆီးရင် ခင်ဗျားတို့လည်း ဒုက္ခရောက်မှာပါ။ ဒါပေမဲ့ ညအချိန် လမ်းလျှောက်ခြင်္သေ့ သာ ထွက်ပြီး စိန်ခေါ်မယ်ဆိုရင် သူက လက်ခံမှာ အသေအချာပါပဲ။”

​ခေတ္တရပ်ပြီး -

“ဟုတ်ပါတယ်၊ ခင်ဗျားတို့သာ ထွက်ပြီး တားဆီးပေးနိုင်မယ်၊ ဒါမှမဟုတ် သူ့ရဲ့ ဆန်းနယဲ့ လမ်းကြောင်းကို ဖြတ်တောက်ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ ပေတို နတ်ဘုရားနိုင်ငံတော် က လုံရှန်း နတ်ဘုရားနိုင်ငံတော် ရဲ့ အခြေခံအုတ်မြစ် (၅၀%) ကို လက်ဆောင်ပေးပါ့မယ်။”

​လုံရှန်း နတ်ဘုရားနိုင်ငံတော် ၏ အခြေခံအုတ်မြစ် (၅၀%) လား

​နေရာရှိ အန္တရာယ်ကြယ် များမှာ စိတ်လှုပ်ရှားသွားသည်။

လုံရှန်း နတ်ဘုရားနိုင်ငံတော် ၏ အခြေခံအုတ်မြစ် (၅၀%) မှာ သူတို့ နောက်ကွယ်က အင်အားစုများအတွက် များလှသည် မဟုတ်သော်လည်း၊ သူတို့ တစ်ဦးချင်းစီအတွက်မူ အလွန်အရေးပါသော အကျိုးအမြတ်ပင် ဖြစ်သည်။

​ဆန်းနယဲ့ စစ်မြေပြင်တွင် အန္တရာယ်ကြယ် နေရာကို ရထားသော်လည်း ကျင့်ကြံရေး အရင်းအမြစ်များ၊ ဥပမာ - ကြယ်တာရာမျက်ရည်စက် ကဲ့သို့သော ပစ္စည်းများမှာ အမြဲလိုလို လိုအပ်နေသည်။

​ညအချိန် လမ်းလျှောက်ခြင်္သေ့ က ယွမ် သခင်လေးကို စိုက်ကြည့်ရင်း -

​“လမင်းကြီး၊ သွားပြီး အစိမ်းရောင်မျက်လုံးကျား ကို ပြန်ခေါ်ခဲ့ပါ။ ငါတို့အားလုံး ယဲ့ထျန်းဂူ ကို သွားတွေ့ကြမယ်။ သူ စကားပြောချင်တဲ့ ဆန္ဒ ရှိမရှိ သွားကြည့်တာပေါ့။”

​လမင်းကြီးမှာ စကားတစ်ခွန်းမျှ မပြောဘဲ ချက်ချင်း ထွက်ခွာသွားသည်။

​ယွမ် သခင်လေးမှာ ဤသည်ကို မြင်သောအခါ သက်ပြင်းချလိုက်သည်။

သူသည် လုံရှန်း နတ်ဘုရားနိုင်ငံတော် ၏ (၅၀%) ကို ပေးအပ်ရန် တစ်ဦးတည်း ဆုံးဖြတ်လိုက်ခြင်းမှာ အလွန်ပင် ရက်စက်သော အကွက်တစ်ခုဖြစ်သည်။

အမှားတစ်ခုသာ ကျူးလွန်မိပါက သူ့ဘဝမှာ အဆုံးသတ်သွားပေလိမ့်မည်။

သို့သော် ယခုလက်ရှိ အခြေအနေတွင် ထိုအကွက်မှာ မှန်ကန်နေသည်။

ပေတို နတ်ဘုရားနိုင်ငံတော် တွင် အန္တရာယ်ကြယ် များကို ယှဉ်ပြိုင်နိုင်မည့် သူတော်စင် မရှိပေ။

​အခြားတစ်ဖက်တွင်။

​ရွှမ်ဟိုင်ကွမ်ယင် သည် အနီးအနားရှိ ကျောက်တိုင်ကို ကြည့်ကာ တိတ်ဆိတ်နေသည်။ သူ၏ နောက်ကွယ်ရှိ သက်ကြီးသူတော်စင်မှာမူ ရှက်ရွံ့နေဟန် ရှိသည်။

​“သူ့မှာ အန္တရာယ်ကြယ် ရဲ့ စွမ်းအားရှိတာ အမှန်ပဲ။ အကယ်၍ သူသာ ကမ္ဘာတည်ဆောက်ခြင်း နောက်ပိုင်း အဆင့်ကို ရောက်သွားရင် ငါ့အစ်ကိုကြီးကို လော့ထျန်းဝမ် နဲ့ တိုက်ပွဲမှာ ကူညီနိုင်မှာပါ။”

​နှမြောစရာကောင်းလိုက်တာ…… ဟု ရွှမ်ဟိုင်ကွမ်ယင်က တိုးတိုးလေး ရေရွတ်လိုက်သည်။

​သက်ကြီးသူတော်စင်က -

“မမလေး၊ ကျွန်တော် သူ့ကို ထပ်သွားရှာပေးပါ့မယ်။ အကျိုးအမြတ်သာ လုံလောက်မယ်ဆိုရင် သူ……”

​သူ ရုတ်တရက် အံ့ဩတကြီးဖြင့် အနီးအနားကို ကြည့်လိုက်သည်။

​“ဟိုမှာ လော့ထျန်းဝမ် လက်အောက်က ဆန်းနယဲ့ သူတော်စင်တွေ။ သူတို့ ဘယ်သွားကြမလို့လဲ ”

All Chapters