← Chapters

အခန်း (၁၈၉၅-၁၈၉၆)

Vol. 190 Ch. 1895-1896

အခန်း (၁၈၉၅-၁၈၉၆)

Vol. 190 Ch. 1895-1896

အခန်း (၁၈၉၅) - ညီအစ်ကို

ရက်များမှာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။

၁၈ ထပ် ငရဲမျှော်စင် သည် နှစ်ပေါင်းများစွာ ဗိုက်ဆာနေခဲ့သည့် 'ဝမ်းဗိုက်' ကို အဝဖြည့်ဆည်းလိုနေသည့်အလား လုံးဝ ရပ်တန့်မည့် အရိပ်အယောင် မရှိပေ။

ဖန့်ချန်၏ ရင်ထဲတွင် စိုးရိမ်စိတ် အနည်းငယ် ပေါ်ပေါက်နေမိသည်။

သူနှင့် ၁၈ ထပ် ငရဲမျှော်စင်၏ ဆက်ဆံရေးမှာ အမှန်တကယ်တွင် ထိုမျှလောက်အထိ ရင်းနှီး မှု မရှိသေးပေ။ ငရဲမင်းတံဆိပ် သည် သူ့ကို သခင်အဖြစ် အသိအမှတ်ပြုထားပြီးဖြစ်သော်လည်း ဤမျှော်စင်မှာမူ ထိုသို့မဟုတ်ချေ။

၁၈ ထပ် ငရဲမျှော်စင်သည် သူ့ကို သခင်အဖြစ် အပြည့်အဝ အသိအမှတ်မပြုသေးသရွေ့ အခြားတစ်ယောက်၏ လက်ထဲသို့ ရောက်ရှိသွားပါက ၎င်းသည် ထိုသူ၏ ထိန်းချုပ်မှုကို ခံရပေလိမ့်မည်။ ထိုသို့ဆိုလျှင် အတွင်းရှိ အရာအားလုံးသည် ဖန့်ချန်နှင့် မသက်ဆိုင်တော့ဘဲ ဖြစ်သွားနိုင်သည်။

ထိုအတောအတွင်း ဤနေရာနှင့် နီးစပ်ရာတွင်ရှိသော ယင်မိစ္ဆာ အချို့သည် အနံ့ခံမိကာ ဦးစွာ ရောက်ရှိလာကြသည်။ ကံကောင်းသည်မှာ ထိုယင်မိစ္ဆာများ၏ အစွမ်းမှာ သိပ်မပြောပလောက်သလို သိစိတ်လည်း မရှိကြချေ။ ၁၈ ထပ် ငရဲမျှော်စင်သည် အလွန်အစွမ်းထက်ကြောင်းသာ သူတို့ သိကြသဖြင့် ဘေးဒုက္ခကို ရှောင်ရှားလိုသော ပင်ကိုဗီဇအရ မျှော်စင်နားသို့ မချဉ်းကပ်ဝံ့ကြပေ။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဤနေရာသို့ စုဝေးလာမည့် ယင်မိစ္ဆာများမှာ ပို၍ များပြားလာမည်မှာ သေချာသည်။ အရေအတွက် များပြားလာလျှင်မူ ပြဿနာများ ရှိလာနိုင်ပေသည်။

"အား... အသက်ရှူကျပ်လိုက်တာ"

ရုတ်တရက် ဖန့်ချန်၏ နားထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ အရောင်အသွေး စုံလင်လှသော ခုနစ်ရောင်ခြယ် နတ်ဓား တစ်လက် ပျံထွက်လာသည်။ ၎င်းသည် ၁၈ ထပ် ငရဲမျှော်စင်ကဲ့သို့ပင် ဟင်းလင်းပြင်ထဲတွင် ရောင်စုံဆံပင်များ ရှိသည့် အမျိုးသမီးတစ်ဦးအဖြစ် အသွင်ပြောင်းလိုက်သည်။

ဓားငယ်လေး ၏ မျက်နှာတွင် လွတ်မြောက်မှု အရသာကို ခံစားနေရသော အမူအရာများ ပြည့်နှက်နေသည်။ အချိန်အတော်ကြာအောင် အောင့်ထားခဲ့ရသည့် အသက်ကို ပြန်လည် ရှူသွင်းလိုက်ရသည့်အလား လန်းဆန်းမှုကို ခံစားနေရခြင်း ဖြစ်သည်။

ဆက်လက်၍ သူမ၏ အရှိန်အဝါမှာလည်း တဖြည်းဖြည်း မြင့်တက်လာနေပြီး မျက်မြင်ကိုယ်တွေ့ပင် သန်မာလာနေတော့သည်။

ဖန့်ချန်၏ မျက်ဝန်းထဲတွင် နားလည်သွားသည့် အရိပ်အယောင်နှင့်အတူ ကျေနပ်အားရမှုများ ပေါ်လာသည်။ သူသည် သမိုင်းဝင်မသေမျိုးကျမ်း ထဲတွင် ရှိနေစဉ် အဆင့် ၄ မသေမျိုးမှ အဆင့် ၇ အထိ ကျင့်စဉ်အဆင့် သုံးဆင့်ကို တစ်ပြိုင်နက် ကျော်ဖြတ်ခဲ့ခြင်း ဖြစ်ရာ ဓားငယ်လေး၏ အစွမ်းမှာလည်း လိုက်ပါ မြင့်တက်လာရမည် ဖြစ်သည်။

သို့သော် သမိုင်းဝင်မသေမျိုးကျမ်း၏ ထူးခြားသော ကန့်သတ်ချက်များကြောင့် ဓားငယ်လေးသည် အချိန်မီ အဆင့်မတက်နိုင်ခဲ့ဘဲ ဖိနှိပ်ခြင်း ခံထားရခြင်း ဖြစ်သည်။

"အစ်ကို... သမိုင်းဝင်မသေမျိုးကျမ်းက တကယ်ကို ထူးခြားတာပဲ။ ငါ့တောင် အချိန်အတော်ကြာအောင် အဖိနှိပ်ခံထားရတယ်"

မှန်လေး ၏ အသံသည်လည်း ဖန့်ချန်၏ နားထဲတွင် သက်ပြင်းချသံနှင့်အတူ ထွက်ပေါ်လာသည်။

"မှန်လေး မင်းရဲ့ အစွမ်းနဲ့တောင် သမိုင်းဝင်မသေမျိုးကျမ်းရဲ့ ဖိနှိပ်မှုကို ခံရတယ်ဆိုတော့... မင်းကို ဖန်တီးခဲ့တဲ့သူရဲ့ အဆင့်အတန်းက သိပ်မမြင့်လို့လား"

ဖန့်ချန်က စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။

မှန်လေးသည် အတန်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ရယ်မောကာ

"အဲဒါကတော့ ပြောရခက်တယ်လေ။ ဒါပေမဲ့ သမိုင်းဝင်မသေမျိုးကျမ်းက အရမ်းကို ထူးခြားလွန်းလို့ပါ။ တကယ်လို့ သူက ငါ့ကို တကယ်ပဲ အပြည့်အဝ ဖိနှိပ်ထားနိုင်တယ်ဆိုရင် ငါ အထဲကို ဝင်လို့လည်း ရမှာမဟုတ်သလို ထွက်လို့လည်း ရမှာမဟုတ်ဘူး"

ဖန့်ချန်က ခေါင်းညိတ်ပြလိုက်ပြီး ဘာမျှ ဆက်မပြောတော့ပေ။ မှန်လေးသည် စကားအချို့ကို မျိုသိပ်ထားကြောင်း သူ ရိပ်မိသည်။ အချို့သော ကိစ္စရပ်များကို တိုက်ရိုက်ပြောရန် မဖြစ်နိုင်သည်မှာ သိသာလှသည်။

"ဒီကလေးမလေး (ဓားငယ်လေး) ကတော့ ဒီတစ်ခါ ရတနာစာရင်း ရဲ့ ထိပ်တန်း ၂၀၀ ထဲကို ဝင်နိုင်လောက်ပြီ"

ဟု မှန်လေးက မှတ်ချက်ပေးသည်။

ဖန့်ချန်သည် ဓားငယ်လေးကို ကြည့်လိုက်ရာ သူမ၏ အရှိန်အဝါမှာ အရှိန်အဟုန်ဖြင့် မြင့်တက်နေဆဲဖြစ်ပြီး အဆင့် ၅ နှင့်ပင် ယှဉ်နိုင်နေပြီဖြစ်သည်။ အခြေအနေအရ သူမ၏ အစွမ်းမှာ အဆင့် ၇ ဝန်းကျင်အထိ မြင့်တက်သွားမည်မှာ သေချာသည်။

"မှန်လေး... ဒီမျှော်စင်ကိုကော မင်း ဘယ်လို ထင်သလဲ ရတနာစာရင်းရဲ့ ထိပ်တန်း ၁၀ ခုထဲ ဝင်နိုင်မလား"

ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။

"ဒီမျှော်စင်လား... သူက ယင်လောကရဲ့ ထူးကဲရတနာ ဖြစ်လို့ ရတနာစာရင်းထဲမှာ မပါဝင်ဘူး။ ဒါပေမဲ့ တကယ်တမ်း နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သူ့ရဲ့ မျိုးရိုးက ရတနာစာရင်းထဲက ပစ္စည်းတွေထက် အများကြီး ပိုပြီး မြင့်မြတ်တယ်"

မှန်လေးက အလေးအနက် ဆိုသည်။

ဖန့်ချန်၏ စိတ်မှာ လှုပ်ရှားသွားသည်။ မှန်လေး၏ အရိပ်အမြွက်စကားကို သူ နားလည်သွားပြီ ဖြစ်သည်။ ၎င်းသည် ၁၈ ထပ် ငရဲမျှော်စင်မှာ နတ်ဘုရားနယ်မြေ ဘက်မှ ပါလာသည့် ပစ္စည်းဖြစ်နိုင်ခြေ များကြောင်း ဆိုလိုခြင်းဖြစ်သည်။ ရတနာစာရင်းဝင် ပစ္စည်းများမှာမူ ဒေသထွက်များဖြစ်ပြီး နယ်မြေကိုးခုအတွင်းမှာပင် မွေးဖွားလာခြင်း ဖြစ်သည်။

ဤနှစ်ခုကြားရှိ မျိုးရိုးမှာ အမှန်တကယ်ပင် ကွာခြားလှပေသည်။

လူတစ်ယောက်နှင့် ကျမ်းစာတစ်စောင်သည် တစ်ခွန်းတစ်လေစီဖြင့် အချိန်အတော်ကြာ စကားပြောဖြစ်ခဲ့ကြသည်။ မှန်လေးသည်လည်း ဓားငယ်လေးကဲ့သို့ပင် သမိုင်းဝင်မသေမျိုးကျမ်းထဲတွင် အချိန်အတော်ကြာ အောင့်ထားခဲ့ရသဖြင့် ယခုမှ စကားများနေခြင်း ဖြစ်သည်။ သာမန်အချိန်များတွင်မူ ၎င်းသည် စကားတစ်လုံးကို ရွှေတစ်ပိဿာတန်ဖိုးထားပြီး အလွယ်တကူ စကားမပြောတတ်ပေ။

"ဟင် ယင်မသေမျိုး တွေ လာနေပြီ"

ဖန့်ချန်၏ စိတ်အာရုံမှာ တစ်စုံတစ်ခုကို ရိပ်မိသွားသည်။

"သတိထားဦး... ရှေ့ကို ဆက်မသွားနဲ့တော့၊ ဒီမှာ ယင်မိစ္ဆာတွေ အများကြီး စုနေတယ်"

မိုင်ရာချီ ဝေးကွာသော နေရာတစ်ခုတွင် အရပ်ရှည်ရှည်နှင့် အရပ်ပုပု ပုံရိပ်နှစ်ခု ရုတ်တရက် ရပ်တန့်သွားသည်။ အရပ်ရှည်သောသူက ဝေးကွာသော နေရာရှိ ယင်မိစ္ဆာများကို လေးနက်စွာ ကြည့်ရင်း နောက်တစ်ယောက်ကို အဆင်ခြင်မဲ့ မလှုပ်ရှားရန် သတိပေးလိုက်သည်။

သူတို့၏ အမြင်အာရုံထဲတွင် ဝမ်ချွမ်းမြစ်ကမ်းဘေး၌ ယင်မိစ္ဆာ တစ်သောင်းခန့် ခိုအောင်းနေကြပြီး ကောင်းကင်ယံရှိ ၁၈ ထပ် ငရဲမျှော်စင်ကို စိုက်ကြည့်နေကြသည်။

"ဒီမျှော်စင်ပဲ... အရှိန်အဝါက ဒီလောက် ကြောက်စရာကောင်းနေတာ သေချာပေါက် ထူးကဲရတနာပဲ ဖြစ်ရမယ်"

အရပ်ပုသော ယင်မသေမျိုးက ကောင်းကင်ယံကြီးကို ဖုံးအုပ်ထားသည့် မျှော်စင်ကြီးကို လောဘတကြီး ကြည့်နေသည်။

"ဒီလို ရတနာမျိုးက လူအများကြီးရဲ့ လောဘကို ဆွဲဆောင်မှာပဲ။ ငါတို့ လက်ဦးမှု ရယူသင့်တယ်"

အရပ်ရှည်သောသူက စဉ်းစားသလိုဖြင့် ဆိုသည်။

"ဘယ်လို လက်ဦးမှု ယူမှာလဲ ဒီယင်မိစ္ဆာတွေကို ကြည့်ဦး... သူတို့က ဘေးဒုက္ခကို အသိဆုံးပဲ။ ပတ်ပတ်လည် ဝိုင်းနေပြီး မတက်ရဲကြတာဟာ ဒီမျှော်စင်က အလွန် အန္တရာယ်များမှန်း သိလို့ပဲ"

အရပ်ပုသောသူက မျက်မှောင်ကြုတ်လိုက်သည်။

"ယင်မိစ္ဆာတွေက သိစိတ်မရှိဘူးလေ၊ ငါတို့နဲ့ မတူဘူး။ အကယ်၍ ဒီရတနာက သခင်မဲ့ပစ္စည်းသာ ဆိုရင် ငါတို့အတွက် အခွင့်အရေးရှိတယ်။ ကိုယ်တိုင် သုံးတာဖြစ်ဖြစ်၊ ဌာနမှူး ကို ဆက်သတာဖြစ်ဖြစ် အကျိုးအမြတ်ကတော့ အကြီးကြီးပဲ"

အရပ်ရှည်သော ယင်မသေမျိုးသည် ၁၈ ထပ် ငရဲမျှော်စင်ကို စိုက်ကြည့်နေသည်။ မျှော်စင်သည် ဝိညာဉ်စွမ်းအားများကို အဆမတန် စုပ်ယူနေသည်ကို တွေ့ရသောအခါ သူ၏ မျက်ဝန်းထဲမှ လောဘရိပ်များမှာ ပို၍ ထင်ရှားလာသည်။

"ဒီလို ရတနာမျိုးမှာ သခင်ရှိရင် ငါတို့ ဘာလို့ မသိဘဲ နေမလဲ ဒီဖူထူလောကကြီးထဲမှာ ငါတို့ ဌာနမှူးထက် ဘယ်သူက ပိုသန်မာမှာမို့လို့လဲ ဌာနမှူးရဲ့ ပစ္စည်းမဟုတ်ရင်တော့ သေချာပေါက် သခင်မဲ့ပစ္စည်းပဲ ဖြစ်ရမယ်"

အရပ်ပုသော ယင်မသေမျိုးက အေးစက်စွာ ပြုံးလိုက်ပြီး အရပ်ရှည်သောသူ၏ နောက်သို့ တိတ်ဆိတ်စွာ လျှောက်သွားကာ လက်ဖဝါးကို လျှပ်စီးကဲ့သို့ ထိုးသွင်းလိုက်သည်။

ဖတ်

ခဏချင်းမှာပင် သူ၏ လက်ဖဝါးသည် အရပ်ရှည်သောသူ၏ ရင်ဘတ်ကို ထိုးဖောက်သွားသည်။ ပြင်းထန်လှသော ဝိညာဉ်စွမ်းအားများ တုန်ခါသွားပြီး အရပ်ရှည်သောသူ၏ ဝိညာဉ်ကို အပြီးတိုင် ဖြိုခွဲရန် ကြိုးစားတော့သည်။

"မင်း..."

အရပ်ရှည်သောသူက အရပ်ပုသောသူကို စိုက်ကြည့်ကာ

"ငါတို့က နှစ်ပေါင်းများစွာ လက်တွဲလာတဲ့ ညီအစ်ကိုတွေလေ... မင်းက ငါ့အပေါ် ဒီလို လုပ်ရက်တယ်လား"

"ငါတို့က နှစ်ပေါင်းများစွာ ညီအစ်ကိုတွေ ဖြစ်ခဲ့လို့ပဲ မင်းရဲ့ စရိုက်ကို ငါ အသိဆုံးပေါ့။ ဒီလို ရတနာမျိုး ရှေ့မှာဆိုရင် မင်း ငါ့ကို အသက်ရှင်လျက် ထွက်သွားခွင့်ပေးမှာ မဟုတ်ဘူး။ ငါက မင်းနဲ့ မျှဝေချင်ရင်တောင် အဲဒီလို အခွင့်အရေးမျိုး ရှိမှာမဟုတ်ဘူး... ငါ့ကို အပြစ်မတင်နဲ့ ညီအစ်ကိုရာ "

အရပ်ပုသောသူက သက်ပြင်းတစ်ချက် ချလိုက်သည်။

နောက်တစ်ခဏတွင် သူ၏ လက်ဖဝါး တုန်ခါသွားပြီး အရပ်ရှည်သောသူမှာ ဝိညာဉ်လွင့်စင်ကာ မီးခိုးငွေ့အဖြစ် ပျောက်ကွယ်သွားတော့သည်။

"ဒီရတနာက... ငါ့အပိုင်ပဲ"

အရပ်ပုသောသူသည် ၁၈ ထပ် ငရဲမျှော်စင်ကို ကြည့်လိုက်ရာ သူ၏ လောဘရိပ်များမှာ မျက်ဝန်းထဲမှ လျှံကျတော့မတတ် ဖြစ်နေသည်။ သို့သော် သူသည် အလွယ်တကူ ချဉ်းကပ်ရန် မရွေးချယ်ဘဲ ၁၈ ထပ် ငရဲမျှော်စင်၏ အခြေအနေကို အကဲခတ်နေဆဲ ဖြစ်သည်။

"ညီအစ်ကို... မင်းက ငါ့ကို တကယ် သိတာပဲ။ ဟုတ်တယ်... ငါ မင်းကို အသက်ရှင်လျက် ထွက်သွားခွင့်ပေးဖို့ စိတ်မကူးထားဘူး။ မင်းက ဘာလို့ ငါနဲ့အတူ လာဖို့ ဇွတ်လုပ်နေရတာလဲ အစကတည်းက ငါ့တစ်ယောက်တည်းကို လာခွင့်ပေးခဲ့ရင် မကောင်းဘူးလား အနည်းဆုံးတော့ ငါ အောင်မြင်သွားတဲ့အခါ မင်းရဲ့ ကျေးဇူးကို အမှတ်ရနေဦးမှာပေါ့... အခုတော့ ဒီလိုမျိုး အချင်းချင်း သတ်ဖြတ်နေရတဲ့ အဆင့်အထိ ဘာလို့ လုပ်နေတာလဲ "

မည်းနက်သော ဓားမြှောင်တစ်လက်သည် အရပ်ပုသောသူ၏ ဦးခေါင်းနောက်စေ့မှ ဖောက်ဝင်ကာ မျက်ခုံးနှစ်ခုကြားမှ ထွက်လာသည်။ အရပ်ရှည်သောသူ၏ ပုံရိပ်သည် သူ၏ နောက်ကျောတွင် ပေါ်လာပြီး နားနားသို့ ကပ်၍ တိုးညင်းစွာ ပြောလိုက်ခြင်း ဖြစ်သည်။

အရပ်ပုသောသူသည် ကြောင်တောင်တောင် ဖြစ်သွားပြီး မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် နှုတ်ခမ်းများ တုန်ရီနေကာ

"မင်း... မင်း... ဘယ်လိုလုပ်ပြီး..."

"ဘာဖြစ်လို့ မရမှာလဲ မင်းက ငါ့ကို အဲဒီလောက် သိနေမှတော့ ငါကကော အစကတည်းက မင်းကို ကြိုတင်ကာကွယ်ထားလိမ့်မယ်လို့ မစဉ်းစားမိဘူးလား"

အရပ်ရှည်သောသူက ပြုံးလျက် ဆိုသည်။

"ငါကလည်း အစကတည်းက မင်းကို ကြိုတင်ကာကွယ်ထားတာပေါ့"

အရပ်ပုသောသူက ရုတ်တရက် ရယ်မောလိုက်သည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် ကောက်ရိုးရုပ် တစ်ခုအဖြစ် ပြောင်းလဲသွားပြီး နှစ်ပိုင်းကွဲသွားတော့သည်။ အရပ်ရှည်သောသူမှာ ထိုမြင်ကွင်းကို မြင်သောအခါ ထိတ်လန့်တကြားဖြင့် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ဝေ့ဝဲကြည့်နေတော့သည်။

ဟင်းလင်းပြင်ထဲတွင် ဖန့်ချန်သည် ထိုမြင်ကွင်းကို ကြည့်ရင်း ခေါင်းကိုသာ ခါရမ်းလိုက်မိလေတော့သည်။

အခန်း (၁၈၉၆) - ကံကြမ္မာအကျိုးဆက်ကို အဆုံးသတ်စေသော အတတ်ပညာ

ဤယင်မသေမျိုး နှစ်ဦး၏ အစွမ်းမှာ မနိမ့်လှပေ။ လူ့လောကရှိ အဆင့် ၇ ရှေးဟောင်းမသေမျိုးများနှင့် ယှဉ်နိုင်စွမ်းရှိသော်လည်း မော်ထျန်းဌာန အတွင်း၌မူ သူတို့၏ အဆင့်အတန်းမှာ အရှင်သခင်အဆင့်လောက်အထိ မြင့်မားမည်မဟုတ်ချေ။

ဖန့်ချန် တွေ့ဖူးသမျှ မော်ထျန်းဌာနမှ အရှင်သခင်များသည် အဆင့် ၈ များသာ ဖြစ်ကြသည်။

"ယင်မသေမျိုး နှစ်ယောက်တည်းကို စိတ်ကူးက တစိမ့်စိမ့်နဲ့ပါလား"

ဖန့်ချန်သည် ဟင်းလင်းပြင်ထဲတွင် ရပ်နေရင်း အောက်ဘက်မှ တိုက်ပွဲကို ငြိမ်သက်စွာ ကြည့်နေမိသည်။

ဤအဆင့် ၇ ယင်မသေမျိုးနှစ်ဦး၏ အတတ်ပညာများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေသည်။ တစ်ဖက်မှလည်း ဝေးကွာသော နေရာရှိ ယင်မိစ္ဆာများ သတိမပြုမိစေရန် မိမိတို့၏ အရှိန်အဝါကို ဖိနှိပ်ထားကြပြီး အခြားတစ်ဖက်မှလည်း တစ်ဦးကိုတစ်ဦး သေကြောင်းကြံရန် အဆက်မပြတ် ကြိုးစားနေကြသည်။

ဤတိုက်ပွဲမှာ နာရီဝက်ခန့် ကြာမြင့်သွားပြီးနောက် အချင်းချင်း ဘယ်လိုမှ မနိုင်နိုင်ကြသဖြင့် နောက်ဆုံးတွင် လက်လျှော့လိုက်ကြတော့သည်။

"မတိုက်နဲ့တော့ ညီအစ်ကိုရာ... မင်း ငါ့ကို သတ်လို့မရသလို ငါလည်း မင်းကို သတ်လို့မရဘူး။ အဲဒီအစား ဒီယင်လောကရဲ့ ထူးကဲရတနာကို ဘယ်လိုရအောင်ယူမလဲဆိုတာပဲ စဉ်းစားကြရအောင်၊ ဒါမှ ဌာနမှူးဆီ ပြန်ပြီး အစီရင်ခံလို့ ရမှာ"

ဟု အရပ်ရှည်သော ယင်မသေမျိုးက ခပ်တိုးတိုး ပြောလိုက်သည်။

မနီးမဝေးတွင်ရှိသော အရပ်ပုသူက ၁၈ ထပ် ငရဲမျှော်စင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူသည် အရပ်ရှည်သူကို သံသယစိတ်ဖြင့် အတန်ကြာ စိုက်ကြည့်နေပြီးမှ ခေါင်းကို ဖြည်းညင်းစွာ ညိတ်ပြလိုက်၏။

"ဒါဆိုရင်လည်း မတိုက်တော့ဘူး။ ငါလည်း မင်းကို ဘယ်လိုမှ မတတ်နိုင်သလို မင်းလည်း ငါ့ကို ဘာမှမလုပ်နိုင်ဘူးဆိုတော့ ဒီအကျိုးအမြတ်ကို အတူတူ ခွဲဝေယူကြတာပေါ့"

"ဒီနေရာက လှုပ်ရှားမှုက အရပ်ရပ်က လူတွေကို ဆွဲဆောင်လာမှာ သေချာတယ်။ ငါတို့က ကံကောင်းလို့ ဒီနားမှာ ရှိနေလို့ အချိန်မီ ရောက်လာနိုင်တာ"

အရပ်ရှည်သူက ဆက်ပြောသည်

"ငါတို့ တစ်ခုခု စဉ်းစားရမယ်... တခြားအင်အားစုတွေ မသိသေးခင်မှာ ဒီယင်မိစ္ဆာတွေကို ရှောင်ပြီး ဒီပစ္စည်းကို ဘယ်လို အရင်ဦးဆုံး ယူသွားမလဲဆိုတာပေါ့။ မင်းရဲ့ မြက်ပင်ကိုယ်ပွားအတတ် က တော်တော်လေး ခရီးရောက်တယ်မလား၊ မင်းပဲ သွားစမ်းကြည့်ပါလား"

"မင်းရဲ့ ဝိညာဉ်ခွဲအတတ် ကလည်း နတ်ဘုရားတွေတောင် ခန့်မှန်းရခက်အောင် အစစ်နဲ့အတု ခွဲမရတာပဲ၊ မင်းပဲ သွားစမ်းကြည့်သင့်တာ"

အရပ်ပုသူက တုံ့ပြန်လိုက်သည်။

"..."

ယင်မသေမျိုး နှစ်ဦးစလုံးသည် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေသို့ တစ်ဖန် ပြန်ရောက်သွားကြပြန်သည်။ ဟိုယင်မိစ္ဆာများကဲ့သို့ပင် ၁၈ ထပ် ငရဲမျှော်စင်ကို မြင်နေရသော်လည်း လုံးဝ မချဉ်းကပ်ဝံ့ကြပေ။

"မင်းတို့နှစ်ယောက်က ဘယ်အရှင်သခင်ရဲ့ လက်အောက်ကလဲ"

အသံတစ်သံသည် သူတို့နှစ်ဦး၏ နားစည်ထဲတွင် ရုတ်တရက် မြည်ဟည်းသွားသည်။

ယင်မသေမျိုးနှစ်ဦးစလုံး ထိတ်လန့်သွားကြပြီး ဖန့်ချန် ရှိရာသို့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ ကိုယ်ပေါ်မှ တစ်စုံတစ်ရာကို တစ်ဖက်လူက ဆွဲယူသွားသကဲ့သို့ ခံစားလိုက်ရသည်။

"မင်းက ဘယ်သူလဲ ခုနက ငါ့အပေါ် ဘာလုပ်လိုက်တာလဲ "

အရပ်ရှည်သူက ဖန့်ချန်ကို သတိကြီးစွာ စိုက်ကြည့်နေသည်။ သူက ဖန့်ချန်ကိုလည်း ၁၈ ထပ် ငရဲမျှော်စင်ကြောင့် ရောက်လာသည့် ယင်မသေမျိုး တစ်ဦးဟု ထင်မှတ်နေခြင်း ဖြစ်သည်။

"ငါ့အပေါ်မှာလည်း တစ်ခုခု လုပ်လိုက်သလိုပဲ..."

အရပ်ပုသူက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ဖန့်ချန် စကားမပြောရသေးခင်မှာပင် သူက ဖန့်ချန်ကို စတင် တိုက်ခိုက်တော့သည်။ အရပ်ရှည်သူမှာလည်း နှစ်ပေါင်းများစွာ လက်တွဲလာသည့် အဖော်ဖြစ်သဖြင့် စိတ်ချင်းဆက်နေသည့်အလား တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်သည်။

ခဏချင်းမှာပင် ဖန့်ချန်သည် အဆင့် ၇ ယင်မသေမျိုး နှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသည်။

ဖန့်ချန်ကမူ အပြစ်ပေးတုတ် ကို ထုတ်ယူကာ တစ်ယောက်ကို တစ်ချက်စီသာ ခေါက်လိုက်သည်။ ယင်မသေမျိုး နှစ်ဦးစလုံးသည် ချက်ချင်းပင် မီးခိုးငွေ့အဖြစ် ပျောက်ကွယ်သွားတော့၏။

"ပုန်းမနေကြနဲ့တော့... မင်းတို့ စကားပြောနေကတည်းက တစ်ယောက်က ဝိညာဉ်ခွဲ၊ တစ်ယောက်က မြက်ပင်ကိုယ်ပွား ဆိုတာ ငါသိပြီးသားပဲ။ အချင်းချင်းကို ခုထိ သတိထားနေတုန်းပဲကိုး"

ဖန့်ချန်က တည်ငြိမ်စွာ ဆိုသည်

"ငါက မင်းတို့ မော်ထျန်းဌာနက အရှင်သခင် အတော်များများကို သိတယ်၊ ဒါကြောင့် ငါတို့ ထိုင်ပြီး စကားပြောလို့ ရမယ်လို့ ထင်ပါတယ်"

စက္ကန့်အနည်းငယ် ကြာပြီးနောက် အရပ်ရှည်သူနှင့် အရပ်ပုသူတို့သည် မတူညီသော အရပ်မျက်နှာများမှ ပြန်လည် ထွက်ပေါ်လာကြသည်။ သူတို့ ထွက်မပြေးခြင်းမှာ မပြေးချင်၍ မဟုတ်ဘဲ ကောင်းကင်ယံမှ ထူးကဲရတနာကို လုံးဝ မစွန့်လွှတ်နိုင်သောကြောင့် ဖြစ်သည်။

"မင်းက ငါတို့ မော်ထျန်းဌာနက အရှင်သခင်တွေကို တကယ်သိတာလား မင်းကလည်း ယင်မသေမျိုး တစ်ယောက်ပဲ ဖြစ်ပုံရတယ်၊ မင်းက ဘယ်အင်အားစုကလဲ"

အရပ်ရှည်သူက မျက်လုံးမှေးကာ အေးစက်စွာ ရယ်မောလိုက်သည်။

အရပ်ပုသူကလည်း နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး

"ယင်လောကမှာ ယင်မသေမျိုးတွေကို မွေးမြူနိုင်တဲ့ အစွမ်းရှိတာ အင်အားစု အနည်းငယ်ပဲ ရှိတာ။ မင်းက ဘယ်ထိပ်သီး အင်အားစုကလဲ ထိုက်ချန်းနယ်မြေလား စိတ်ဝိညာဥ်နယ်မြေလား ဒါမှမဟုတ် နတ်ဘုရားဘုရင်နယ်မြေလား "

"ငါ အရင်မေးမယ်၊ မင်းတို့က နောက်မှ ဖြေရမယ်"

ဟု ဖန့်ချန်က ဆိုသည်။

"ဘာဖြစ်လို့လဲ" ယင်မသေမျိုး နှစ်ဦးစလုံးက မကျေမနပ် မေးလိုက်ကြသည်။

"ဘာလို့လဲဆိုတော့ ငါက မင်းတို့ထက် အစွမ်းနည်းနည်း ပိုသာလို့လေ"

ဖန့်ချန်က ပြုံးလျက် ဆက်ပြောသည်

"မင်းတို့နှစ်ယောက်က ဘယ်အရှင်သခင်ရဲ့ လက်အောက်ကလဲ အဲဒီ အရှင်သခင်က ဒီနေရာကို ရောက်ဖို့ ဘယ်လောက် ကြာဦးမလဲ "

"ဩော်... နားလည်ပြီ။ ငါတို့ မော်ထျန်းဌာနက နောက်ထပ် အင်အားစုတွေ ရောက်လာပြီး မင်း ရတနာယူတာကို နှောင့်ယှက်မှာ ကြောက်နေတာကိုး"

အရပ်ပုသူက ခနဲ့တဲ့တဲ့ ရယ်မောရင်း

"ငါ အကြံပေးပါရစေ... အလိုက်သိသိနဲ့ ကိုယ့်ဘာသာကိုယ် ထွက်သွားတာ ပိုကောင်းမယ်။ ဒီလို ထူးကဲရတနာမျိုးက မင်းလို အဆင့်မရှိတဲ့ ယင်မသေမျိုး လက်လှမ်းမီနိုင်တဲ့အရာ မဟုတ်ဘူး။ မင်းတို့လို ထိပ်သီးအင်အားစုတွေက ယင်လောကရဲ့ လျှို့ဝှက်ချက် နည်းနည်းပါးပါးကို သိရုံနဲ့ ငါတို့လို ဖြစ်နိုင်မယ် ထင်နေတာလား။

မင်းတို့ဆီက အဆင့် ၉ ယင်မသေမျိုးတွေ ဘာလို့ လူ့လောကမှာ ပေါ်မလာရဲတာလဲ၊ ယင်လောကမှာတောင် ဘာလို့ သိပ်မသွားလာရဲတာလဲ သူတို့တွေက ဟိုယင်မိစ္ဆာတွေလို ဖြစ်ကုန်လို့ မဟုတ်ဘူးလား"

သူက မနီးမဝေးမှ ယင်မိစ္ဆာများကို လက်ညှိုးထိုးပြကာ လှောင်ပြောင်သည့် မျက်ဝန်းများဖြင့်

"သူတို့ထက် နည်းနည်းလေး ပိုတော်ရုံပါပဲ။ တကယ်တမ်း ပြောရရင် ငါတို့ မော်ထျန်းဌာန ယင်မသေမျိုးတွေကမှ အစစ်အမှန် တွေ၊ မင်းတို့ကတော့ ကြောင်ကိုကြည့်ပြီး ကြွက်ဆွဲတဲ့ အတုအယောင်တွေပါ"

"စကားတွေ များလိုက်တာ"

ဖန့်ချန်က ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး လျှပ်စီးကဲ့သို့ လှုပ်ရှားကာ အပြစ်ပေးတုတ်ဖြင့် အရပ်ပုသူကို ထပ်မံ ရိုက်ချလိုက်သည်။

အရပ်ရှည်သူမှာ မလှုပ်မယှက် ရပ်ကြည့်နေပြီး မျက်လုံးမှေးကာ

"မင်းလက်ထဲက ပစ္စည်းက ဘာလဲ ဝိညာဉ်တွေကို အတော်လေး ထိခိုက်စေတာပဲ။ ဒါပေမဲ့ သူ့ကို သတ်နိုင်မယ်လို့ ထင်နေရင်တော့ မင်း သိပ်ရိုးအလွန်းရာ ကျနေပြီ"

"ဟုတ်တယ်... သိပ်ရိုးအလွန်းရာ ကျနေပြီ"

အရပ်ပုသူသည် မနီးမဝေးမှ တစ်ဖန် ပြန်လည် ထွက်ပေါ်လာပြီး ရယ်မောလိုက်သည်။

"ငါ့ရဲ့ မြက်ပင်ကိုယ်ပွားအတတ်က အထွတ်အထိပ်ကို ရောက်နေပြီ။ အရှင်သခင်တွေတောင် ငါ့ကို သတ်ဖို့ မလွယ်ဘူး၊ မင်းက ဘာမို့လို့လဲ "

"ဟုတ်လား"

ဖန့်ချန်က အသာအယာ ခေါင်းညိတ်လိုက်ပြီး အပြစ်ပေးတုတ်ကို သိမ်းလိုက်ကာ လေးကိုင်သည့် ပုံစံမျိုး ပြုလုပ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် ဝိညာဉ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော လေးအကြီးစားကြီးတစ်ခု ဖန့်ချန်၏ လက်ထဲတွင် ပေါ်လာပြီး တစ်ချိန်တည်းမှာပင် မြားနှစ်စင်းလည်း ပေါ်လာသည်။ ထိုမြားများဆီမှ ပြင်းထန်လှသော ဝိညာဉ်အရှိန်အဝါများ လှိုင်းလုံးကြီးများကဲ့သို့ ထွက်ပေါ်နေသည်။

ယင်မသေမျိုး နှစ်ဦးစလုံး၏ မျက်နှာထားမှာ ပြောင်းလဲသွားသော်လည်း ဖန့်ချန်ကို ခပ်နောက်နောက် အကြည့်ဖြင့် ကြည့်နေကြဆဲ ဖြစ်သည်။

"ခုနက ငါ မင်းတို့အပေါ် ဘာလုပ်လိုက်သလဲလို့ မေးတယ်မလား မင်းတို့ဆီကနေ သေးငယ်တဲ့ ကံကြမ္မာ အကျိုးဆက် လေးတွေကိုပဲ ဆွဲယူလိုက်တာပါ"

ဖန့်ချန်က ပြုံးလိုက်ပြီး လက်ကို လွှတ်လိုက်ရာ မြားနှစ်စင်းသည် လျှပ်စီးကဲ့သို့ ထွက်ပေါ်သွားပြီး ယင်မသေမျိုး နှစ်ဦးဆီသို့ ပျံသန်းသွားတော့သည်။

တစ်ချက်တည်းမှာပင် ယင်မသေမျိုး နှစ်ဦးမှာ မြားထိမှန်ကာ မီးခိုးငွေ့အဖြစ် လွင့်စင်သွားကြသည်။

"ဟာသပဲ... ငါတို့ကို ဘာမှလုပ်လို့မရဘူးလို့ ပြောပြီးသားလေ၊ မင်းက ဇွတ်စမ်းကြည့်ချင်နေတာကိုး"

ယင်မသေမျိုး နှစ်ဦးသည် မနီးမဝေးတွင် ပြန်လည် ထွက်ပေါ်လာကြပြန်သည်။

သို့သော် ထိုမြားနှစ်စင်းမှာ ပျောက်ကွယ်မသွားဘဲ သူတို့ဆီသို့ ဆက်လက် ပျံသန်းလာနေဆဲ ဖြစ်သည်။ ထပ်မံ၍ သူတို့သည် ဝိညာဉ်လွင့်စင်အောင် ပစ်သတ်ခံလိုက်ရပြန်သည်။

ဖန့်ချန်သည် မူလနေရာမှာပင် ရပ်နေပြီး အေးဆေးစွာ ကြည့်နေသည်။

ကောင်းကင်မြားအတတ် သည် ကံကြမ္မာအကျိုးဆက်ကို အဆုံးသတ်စေသော အတတ်ပညာ ဖြစ်သည်။ ဤကံကြမ္မာ အကျိုးဆက် မပြတ်သရွေ့ ၎င်းသည် အမြဲတမ်း တည်ရှိနေပေလိမ့်မည်။ ထိုစဉ်က သူသည် ဤအချက်ကို သတိပြုမိခဲ့သဖြင့် ဤအတတ်ပညာကို အထူးတလည် လေ့လာခဲ့ခြင်း ဖြစ်သည်။

အချိန်များ တစ်ဖြည်းဖြည်း ကုန်ဆုံးသွားသည်။

ယင်မသေမျိုး နှစ်ဦးမှာ တစ်ကြိမ်ပြီးတစ်ကြိမ် ဆယ်ကြိမ်မက 'အသတ်' ခံရပြီးနောက်တွင်မူ သူတို့လည်း အခြေအနေကို ရိပ်မိသွားကြပြီ ဖြစ်သည်။

သူတို့၏ မျက်နှာများမှာ ဖြူလျော့လာပြီး ကောင်းကင်မြား၏ လိုက်လံပစ်ခတ်မှုကို ခံနေရသဖြင့် အသည်းအသန် ပြေးလွှားနေရသည်။

အတန်ကြာပြီးနောက်တွင် အရပ်ပုသူမှာ စတင်၍ မခံနိုင်တော့ပေ

"ဒါက ဘာအတတ်ပညာလဲ ညီအစ်ကိုရာ... ငါ မတောင့်ခံနိုင်တော့ဘူး "

အရပ်ရှည်သူ၏ အခြေအနေမှာလည်း မထူးလှဘဲ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်နေမိသည်။ တစ်ဖက်လူ၏ အရှိန်အဝါမှာလည်း သူတို့ကဲ့သို့ အဆင့် ၇ ဖြစ်ပါလျက် ဘာကြောင့် သူတို့နှစ်ယောက်ကို ဖိနှိပ်ထားနိုင်ရသနည်း။

ထိုစဉ်မှာပင် အရပ်ရှည်သူသည် ဖန့်ချန်၏ ရုပ်သွင်ကို တစ်စုံတစ်ခုနှင့် ရင်းနှီးနေသလို ခံစားလိုက်ရသည်။

"နေဦး"

အရပ်ရှည်သူသည် မြားချက်ဖြင့် တစ်ကြိမ် အသတ်ခံလိုက်ရပြီးနောက် ပြန်ပေါ်လာသည့်အခါ ဖန့်ချန်ကို ထိတ်လန့်တကြား ကြည့်ရင်း

"မင်းက..."

သူ ထပ်မံ အသတ်ခံလိုက်ရပြန်သည်။ ပြန်ပေါ်လာသည့်အခါတွင်မူ သူသည် အော်ဟစ်လိုက်မိတော့သည်။

"ငရဲမင်း "

"အဲဒီ ငရဲမင်းလား "

အရပ်ပုသူသည်လည်း နောက်ဆုံးတွင် ရိပ်မိသွားပြီး မယုံကြည်နိုင်သော မျက်နှာထားဖြင့် ကောင်းကင်ယံရှိ ၁၈ ထပ် ငရဲမျှော်စင်ကို လှမ်းကြည့်ကာ အသံကုန် အော်ဟစ်လိုက်တော့သည်။

"ဒီယင်လောကရဲ့ ရတနာက... မင်းရဲ့ ပစ္စည်းလား "

ဖတ်

သူသည် ကောင်းကင်မြားဖြင့် ထပ်မံ အသတ်ခံလိုက်ရပြန်သည်။

ယင်မသေမျိုး နှစ်ဦးစလုံးမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြပြီး ချက်ချင်းပင် အသက်ဘေးမှ ချမ်းသာပေးရန် တောင်းပန်တိုးလျှိုးကြတော့သည်။

"ငရဲမင်း အရှင်... ကျွန်တော်တို့ အသက်ကို ချမ်းသာပေးပါ "

All Chapters