← Chapters

အခန်း(၂၉၂၁-၂၉၂၂)

Vol. 293 Ch. 2921-2922

အခန်း(၂၉၂၁-၂၉၂၂)

Vol. 293 Ch. 2921-2922

အခန်း (၂၉၂၁) - အမှားအမှန် ဖောက်ထွင်း စစ်မြေပြင်

​"တူယွမ် ငရဲမင်း၊ ဒီဝိညာဉ်ပြန်ခေါ်နံ့သာတိုင်က ဘယ်လောက်ကြာကြာ ခံမှာလဲ။"

​အသံတစ်ခု ထွက်ပေါ်လာသည်။

​သူတော်စင်များအားလုံး ဖန့်ချန်ဘက်သို့ ဝိုင်းကြည့်လိုက်ကြပြီး အမူအရာမှာ အနည်းငယ် ထူးဆန်းနေသည်။

​တူယွမ်မိုက သည်းမခံနိုင်တော့ဘဲ ရယ်မောလျက် -

​"ကောင်လေး၊ ငါတို့က ဒီတစ်ခါ ခရီးစဉ်ကို အလွန်အလေးထားတဲ့အတွက် ငရဲမင်းကြီး (၅) ပါး ပူးပေါင်းပြီး လုပ်ထားတာပါ။

ဒီနံ့သာတိုင်က ထောင်ချီ၊ သောင်းချီတဲ့ နှစ်ပေါင်းများစွာအထိ ခံပါတယ်။

မင်းတို့ ပိတ်မိသွားရင်တောင်မှ လွတ်မြောက်ဖို့ အချိန်လုံလောက်ပါတယ်" ဟု ပြောသည်။

​ထောင်ချီ၊ သောင်းချီတဲ့ နှစ်များ

​ဖန့်ချန်က စိတ်ထဲတွင်တွေးမိသည်၊ ဒါဟာ အရင်တုန်းက ချင်းမင် ယင်လောကမှာ သုံးခဲ့တဲ့ နံ့သာတိုင်ထက် အများကြီး သာလွန်တာပဲ။

​ထိုနံ့သာတိုင်က နှစ်ပေါင်း (၃၀၀) ပဲ ခံသည်။

​မကြာမီပင် နံ့သာတိုင် မီးစွဲလောင်သွားသည်။

​သူတော်စင် (၅၀၀) တို့သည် နေရာတွင် တရားထိုင်လိုက်ကြသည်။

​အစိမ်းရောင် မီးခိုးငွေ့များသည် ကြိုးမျှင်များအဖြစ် ပြောင်းလဲသွားပြီး သူတို့၏ ကိုယ်ခန္ဓာထဲသို့ စိမ့်ဝင်သွားသည်။

​ဖန့်ချန်၏ ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ ထွက်ခွာလာပြီး ခန္ဓာကိုယ်အနောက်တွင် တိတ်ဆိတ်စွာ ရပ်နေသည်။

​အခြား သူတော်စင်များလည်း တစ်ယောက်ပြီးတစ်ယောက် ဝိညာဉ်ထွက်ခွာလာကြသည်။

​"အမှားအမှန် ဖောက်ထွင်းမျက်လုံး ကို သွားရောက်လေ့လာရမယ့် နေရာက အလွှာ (၃၃) လောက် နက်တဲ့ ဟင်းလင်းပြင်ထဲမှာ ရှိတယ်။"

​"အဲဒီနေရာက အရမ်းနက်တော့ ဒီတစ်ခါတော့ ငါကိုယ်တိုင်ပဲ ပို့ပေးရမှာပေါ့။"

​တူယွမ်မို၏ အသံမှာ သူတော်စင်များ၏ နားထဲတွင် ပဲ့တင်ထပ်လာသည်။

​အလွှာ (၃၃) လောက် နက်တဲ့ ဟင်းလင်းပြင်

​အကြီးအကဲ (၅) ပါးမှာ ကြက်သီးမွေးညှင်းများ ထသွားကြသည်။

​ဒါက အရမ်းနက်လွန်းနေပြီ။

​အဲဒီနေရာမှာ ကြောက်စရာကောင်းတဲ့ ဟင်းလင်းပြင် ကွပ်မျက်သူတွေ အများကြီး ပုန်းအောင်းနေမှာပဲ။

​"အားလုံးပဲ၊ ဒီနေရာမှာပဲ စောင့်နေကြပါ၊ ငါ သွားလိုက်ဦးမယ်။"

​တူယွမ်မိုက ငရဲမင်း (၄) ပါးကို နှုတ်ဆက်လိုက်သည်။

​"သွားပါ၊ ငါတို့ ရှိနေသရွေ့ ဒီနေရာမှာ ဘာမှ မှားယွင်းမှု မဖြစ်စေရဘူး။"

​ပိုင်ဇီရွှင်က ပြုံးလျက် ပြောသည်။

​တူယွမ်မိုလည်း လက်ကို အသာ ဝှေ့ယမ်းလိုက်ရာ ဖန့်ချန်တို့မှာ မျက်စိနောက်စရာ ကောင်းလောက်အောင် လည်ပတ်သွားသည့် ခံစားချက်ကို ရလိုက်သည်။

​ထိုခံစားချက်မှာ ကြာကြာမခံပေ။

​တစ်ခဏ၊ သို့မဟုတ် နာရီဝက်ခန့် ကြာပြီးနောက်တွင် သူတို့ သတိပြန်လည်လာသောအခါ၊ ရှေ့တွင် မှောင်မိုက်နေသည့် ဟင်းလင်းပြင်ထဲ၌ ရပ်တည်နေသော ကြီးမားသည့် တံခါးကြီးတစ်ခုကို မြင်လိုက်ရသည်။

​"ဒီထဲမှာပဲ အမှားအမှန် ဖောက်ထွင်းမျက်လုံး ကို လေ့လာရမှာ။ ရှာရတာ တကယ့်ကို ခက်တယ်ကွ။"

​တူယွမ်မိုက ပြုံးစစဖြင့် -

​"အချိန်မဖြုန်းကြနဲ့တော့၊ ဝင်သွားကြ။ နားလည်နိုင်ရင် နားလည်လိုက်၊ တကယ်လို့ မရဘူးဆိုရင်လည်း နံ့သာတိုင် အတိုင်းပဲ ပြန်ထွက်လာခဲ့ကြ။"

ဟု ပြောသည်။

​"ကျေးဇူးတင်ပါတယ် တူယွမ် ငရဲမင်း။"

​ကောင်းကင်အရှင် ပုဂ္ဂိုလ်အချို့က အရိုအသေပေးကာ ထိုတံခါးကြီးဆီသို့ အမြန်ဆုံး ပျံသန်းဝင်ရောက်သွားကြသည်။

​ကျန်ရှိသော သူတော်စင်များလည်း အနောက်မှ အလျင်အမြန် လိုက်ပါသွားကြသည်။

​"ဒီထဲ ဝင်သွားရင် ဘာတွေ ဖြစ်လာမလဲ မသိဘူး၊ အားလုံးပဲ သတိထားကြ။"

​ဖန့်ချန်က သူတော်စင်များကို သတိပေးလိုက်သည်။

​သူတော်စင်များ၏ စိတ်ထဲတွင် သတိဝင်သွားကြသည်။

​ထိုအချိန်တွင် ချင်ဖိုကျား၊ ချင်ဝူဆန့်၊ လွမ်းရှန်းချီ တို့ (၃) ဦးမှာ ရုတ်တရက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

​သူတို့သည် ဖန့်ချန်၏ အနောက်မှ မလှမ်းမကမ်းတွင် လိုက်ပါလာကြသည်။

​ဖန့်ချန် ထိုတံခါးကြီးထဲသို့ ဝင်သွားသည့် အခိုက်အတန့်တွင်၊ ချင်ဖိုကျား၏ ခန္ဓာကိုယ်မှ တစ်စုံတစ်ခုသော အငွေ့အသက်များ ထွက်ပေါ်လာပြီး ဖန့်ချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

​မလှမ်းမကမ်းရှိ တူယွမ်မိုက ထိုအရာကို မြင်သော် ရယ်မောလိုက်ပြီး၊ သူတော်စင်များ အားလုံး ဝင်ရောက်သွားပြီးနောက်တွင် နောက်လှည့်၍ ထွက်ခွာသွားသည်။

​……

​……

​ဖန့်ချန်သည် တစ်စုံတစ်ခုကို သတိပြုမိလိုက်ပြီး တံခါးထဲသို့ ဝင်ဝင်ချင်းတွင် ခဏမျှ ရပ်တန့်သွားသည်။ သူသည် အနောက်ဘက်တွင် ရှိနေသော ချင်ဖိုကျား၊ ချင်ဝူဆန့် နှင့် လွမ်းရှန်းချီ တို့ကို အကြည့်ဖြင့် တစ်ချက်မျှ ဝေ့ကြည့်လိုက်ပြီးနောက်၊ မသိမသာပင် တံခါးကြီးထဲသို့ ဝင်ရောက်သွားသည်။

​မျက်စိတစ်မှိတ်အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ အမှောင်ထုများ ပျောက်ကွယ်သွားသည်။

​ဖန့်ချန် ခြေချလိုက်သောအခါ နေရာမှာ အလွန်ပင် ပုံမှန်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

​စိမ်းလန်းသော တောင်တန်းများနှင့် ရေပြင်၊ အခါအားလျော်စွာ ကြားရသည့် ငှက်သံ ပိုးသံများ။

​သူ ယခင်က ရောက်ဖူးသည့် ပြိုပျက်နေသော အတွင်းကမ္ဘာ့ တားမြစ်နယ်မြေများနှင့် လုံးဝ ကွဲပြားခြားနားနေသည်။

​ဖန့်ချန် စိတ်ထဲတွင် တွေးလိုက်ပြီး သူ၏ ကိုယ်ခန္ဓာပြောင်းလဲမှုကို စစ်ဆေးလိုက်သည်။

​ရှူလုံ မဟာကောင်းကင်အရှင် ပြောခဲ့သည့်အတိုင်းပင် ဖြစ်နေသည်။

​သူ၏ အစွမ်းများအားလုံး ပျောက်ကွယ်သွားသည်။

​ထို နှစ်ပေါင်းထောင်ချီ စိုက်ပျိုးခဲ့သည့် အတွေ့အကြုံများမှာ အတုအယောင်များ ဖြစ်နေသလားပင် ထင်မှတ်ရသည်။

​"ဒီနေရာက ငါတို့ရဲ့ စွမ်းအားတွေကို အပြီးအပိုင် ပျောက်ကွယ်သွားအောင် လုပ်ပစ်တာပဲ။"

​မလှမ်းမကမ်းမှ လွမ်းရှန်းချီ၏ ရယ်သံ ထွက်ပေါ်လာသည်။

​ဖန့်ချန် မော့ကြည့်လိုက်ရာ လွမ်းရှန်းချီ၊ ချင်ဖိုကျား နှင့် ချင်ဝူဆန့် တို့သည် သူ့ထံမှ (၁၀) တောင်ခန့်အကွာတွင် ရှိနေကြသည်။

​ထို (၃) ဦးမှလွဲ၍ သူနှင့်အတူ ဝင်လာသည့် အခြားသူတော်စင်များမှာမူ အရိပ်အယောင်မျှ မရှိတော့ပေ။ အားလုံး နေရာအသီးသီးသို့ ပြန့်ကျဲသွားကြပုံရသည်။

​"ဖိုကျား၊ မင်း ဒီနေရာကို ပထမဆုံးအကြိမ် လာတာ မဟုတ်ဘူးဆိုတော့ ရှေ့ဆက်ဖို့ မင်းကိုပဲ အားကိုးရတော့မယ်။

ငါသာ အမှားအမှန် ဖောက်ထွင်းမျက်လုံး ကို နားလည်နိုင်ပြီး ကောင်းကင်အရှင် အဆင့် တက်လှမ်းနိုင်ရင်၊ သမာဓိခုံရုံးမှာ ငါ့နေရာ သေချာသွားပြီ။"

​လွမ်းရှန်းချီက ချင်ဖိုကျားကို ပြုံးလျက် အရိုအသေပေးသည်။

​ချင်ဖိုကျား ဒီနေရာကို ပထမဆုံးအကြိမ် ရောက်ဖူးတာ မဟုတ်ဘူးလား။

​ဖန့်ချန် အတွေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

​သူ အနည်းငယ် အံ့အားသင့်သွားရသည်။ ဘိုးဘေးငယ် တို့အဖွဲ့က ဟော်ဆွေ့မျိုးနွယ်စုကို အထင်မသေးခဲ့ကြပုံရသည်။

​"ရှန်းချီ၊ ဒီနေရာမှာ စိမ်းလန်းဝိဇ္ဇာကျောင်းတော် (၄) ခု ရှိတယ်။ တစ်ခုစီတိုင်းမှာ အမှားအမှန် ဖောက်ထွင်းမျက်လုံး ကို လေ့လာနိုင်တယ်။ အဲဒီထဲက စိမ်းလန်းဝဇ္ဇာကျောင်းတော်တစ်ခုက ဒီနေရာနဲ့ သိပ်မဝေးဘူး။

(၈၀၀) မိုင်လောက်ပဲ ဝေးတော့ ငါတို့ လမ်းလျှောက်သွားရင် တစ်လလောက်နဲ့ ရောက်မယ်။"

​ချင်ဖိုကျားက အေးစက်စက် ပြုံးလျက် ပြောသည်။

​ချင်ဝူဆန့် ကမူ စကားပြောရာတွင် မပါဝင်ဘဲ ဖန့်ချန်ဘက်ကိုသာ အကြည့်စူးစိုက်နေသည်။

​ချင်ဖိုကျားနှင့် လွမ်းရှန်းချီ စကားပြောပြီးနောက် သူတို့ (၂) ဦးစလုံး ဖန့်ချန်ဘက်ကို လှည့်ကြည့်ကာ ရယ်မောလာကြသည်။

​ဖန့်ချန်က ဘာစကားမျှ မဆိုဘဲ သူတို့အား ငြိမ်သက်စွာသာ ကြည့်နေသည်။

​ခဏကြာ ရယ်မောပြီးနောက် လွမ်းရှန်းချီက ရယ်သံကို ရပ်တန့်လိုက်ပြီး -

​"ဖန့် သူတော်စင်ဘိုးဘေး၊ အခု စီမံကိန်း အဖွဲ့ဝင်တွေလည်း မင်းဘေးမှာ မရှိတော့ဘူး၊ ကျန်ထန်းဝမ် ရဲ့ အကြီးအကဲ (၅) ဦးလည်း မရှိဘူး။

မင်းတို့ ဌာနက အရာရှိတွေလည်း မရှိဘူး။

ဒီနေရာမှာ မင်းတစ်ယောက်တည်း ဖြစ်နေတဲ့အချိန်မှာ မင်း ဘာများ ဆက်လုပ်မလဲ"

ဟု လှောင်ပြောင်လိုက်သည်။

​"ခုဏက ငါ့ကိုယ်ပေါ်မှာ တစ်စုံတစ်ခု ကပ်ပါလာတာကို သတိပြုမိလိုက်တယ်။"

​ဖန့်ချန် ပြုံးလျက် -

"ဒါ မင်းတို့ရဲ့ လက်ချက်ပေါ့ ဟုတ်လား" ဟု မေးသည်။

​"ဟုတ်တယ်။"

​ချင်ဖိုကျားက ခေါင်းညိတ်ကာ -

"သာမန်စွမ်းအားတွေက ဒီနေရာမှာ အလုပ်မဖြစ်ပေမဲ့ ဒီနေရာရဲ့ နည်းလမ်းတွေကတော့ အလုပ်ဖြစ်တယ်။

ငါ ဒီကို တစ်ခါမှ မရောက်ဖူးတာ မဟုတ်ဘူး၊ အမှားအမှန် ဖောက်ထွင်းမျက်လုံး ကို မရသေးပေမဲ့ နည်းစနစ်အချို့တော့ သင်ယူခဲ့ရတယ်။

ခုဏက မင်းကို သုံးလိုက်တာက 'အသက်ရှူထိန်းချုပ်ပညာ' ပဲ။

မင်းနဲ့ ငါ အငွေ့အသက်တွေ ချိတ်ဆက်ထားတော့ ဒီနေရာကို ရောက်ရင် အရမ်းကြီး ဝေးကွာသွားမှာ မဟုတ်ဘူးလေ။"

ဟု ပြောသည်။

​"အသက်ရှူထိန်းချုပ်ပညာ"

​ဖန့်ချန် အနည်းငယ် ခေါင်းညိတ်လိုက်သည်။

​အပြင်လောကတွင် အလားတူ နည်းလမ်းများစွာ ရှိသော်လည်း ချင်ဖိုကျား၏ စကားတစ်ခွန်းက သူ့အား ထိုနေရာအကြောင်း နားလည်စေခဲ့သည်။

​အပြင်လောက၏ နည်းလမ်းများမှာ ဤနေရာတွင် အလုပ်မဖြစ်၊ သို့သော် ထိုနေရာ၏ နည်းလမ်းများမှာမူ သက်ဝင်လှုပ်ရှားနေသည်။

​"ငါ ဒီနေရာကို ပထမဆုံး ရောက်တာ မဟုတ်သလို၊ စိမ်းလန်းဝိဇ္ဇာ ကျောင်းတော်ကိုလည်း ဝင်ဖူးတယ်ဆိုတော့ ငါ ဒီနေရာမှာသာမန်လူ မဟုတ်ဘူးဆိုတာ မင်း ခန့်မှန်းမိမှာပါ။"

​ချင်ဖိုကျား ပြောရင်းနှင့် ဘေးနားရှိ သစ်ပင်ကြီးကို လက်သီးဖြင့် ထိုးလိုက်သည်။

​သစ်ပင်မှာ တုန်ခါသွားပြီး ခြောက်သွေ့နေသော အရွက်များ ကြွေကျလာသည်။

​သစ်ပင်၏ ပင်စည်တွင်လည်း လက်သီးရာ အမှတ်အသား အနည်းငယ် ပေါ်လာသည်။

​လွမ်းရှန်းချီ၏ မျက်လုံးများ တောက်ပသွားသည်

"ဖိုကျား၊ ကောင်းလိုက်တဲ့ စွမ်းအားပဲ။"

​ဒီနေရာသို့ ရောက်လာပြီးနောက် သူတော်စင်တိုင်းမှာ သာမန်လူသားများ ဖြစ်သွားကြသည်။

​လွမ်းရှန်းချီ စမ်းသပ်ကြည့်ပြီးပြီ၊ သူ၏ ခွန်အားနှင့် ခန္ဓာကိုယ်လုပ်ဆောင်ချက်များမှာ အပြင်လောကတွင် ကြိုတင်လေ့ကျင့်ထားသည့်အတိုင်းပင် ဖြစ်သည်။

​အကယ်၍ သူသာ ထိုသစ်ပင်ကို ထိုးလိုက်လျှင် လက်သီးရာ ပေါ်လာဖို့နေနေသာသာ၊ သူ့လက်ချောင်းများပင် ကျိုးပဲ့သွားနိုင်သည်။

​ချင်ဝူဆန့် မျက်လုံးထဲတွင် မနာလိုမှုများ ရောင်ပြန်ဟပ်နေသော်လည်း ဖြစ်လာမည့် အရာများကို တွေးမိသောအခါ ပြန်ရယ်မိသည်။

​ချင်ဖိုကျား လက်သီးကို ပြန်ရုတ်သိမ်းကာ ဖန့်ချန်ကို ကြည့်၍ -

​"ဒီလို စွမ်းအားမျိုးက အပြင်မှာဆိုရင် ပိုးကောင်လောက်ပဲ ရှိမှာပါ။

ဒါပေမဲ့ ဒီ 'အမှားအမှန် ဖောက်ထွင်း စစ်မြေပြင်' မှာတော့ မင်းလို အခုမှ ရောက်လာတဲ့ ကောင်ကို ဖိနှိပ်ဖို့ လုံလောက်ပါတယ်" ဟု ပြောသည်။

​အမှားအမှန် ဖောက်ထွင်း စစ်မြေပြင် ဖန့်ချန်၏ အမူအရာမှာ ပြောင်းလဲသွားပြီး -

​"မင်း ငါ့ကို ဒီမှာ တိုက်ခိုက်မလို့လား ဒီကနေ ဝိညာဉ်ပြန်ခေါ်နံ့သာတိုင်နဲ့ ပြန်သွားလိုက်ရင် မပြီးဘူးလား"

ဟု ပြုံးလျက် မေးလိုက်သည်။

​"ပြန်သွားမယ် ဟားဟားဟား"

​ချင်ဖိုကျားသည် နှစ်ပေါင်းများစွာ ဖိနှိပ်ထားသော စိတ်ခံစားမှုများ ပေါက်ကွဲသွားသလို ရူးသွပ်စွာ ရယ်မောလိုက်သည်။

​"သေချာတာပေါ့၊ ငါ မသိသေးတဲ့ ကိစ္စတွေ အများကြီး ရှိနေသေးတာပဲ။"

​ဖန့်ချန်သည် ချင်ဖိုကျားကို ငြိမ်သက်စွာ ကြည့်နေသည်။

​ပုံမှန်အားဖြင့် တစ်ဖက်လူက ရယ်မောပြီးနောက် အရေးကြီးသော အချက်အလက်များကို ပြောပြလေ့ရှိသည်။

​အနိုင်ရနေသည်ဟု ယူဆထားသော သူတိုင်းမှာ ထိုသို့ပင် ပြုမူတတ်ကြသည်။

အခန်း (၂၉၂၂) - ခဏ၊ ငါပြောစရာရှိတယ်

​ချင်ဖိုကျားမှာ အချိန်အတော်ကြာအောင် ရယ်မောနေပြီး ရယ်လွန်းသဖြင့် မျက်နှာတစ်ခုလုံးပင် နီရဲလာသည်။

​ချင်ဝူဆန့် က-

"ရယ်မောတာ တော်တော့၊ အရေးကြီးတာကို အရင်လုပ်ကြစို့။"

ဟု ပြောလိုက်သည်။

​ချင်ဖိုကျားမှာ ရယ်သံကို ရပ်တန့်လိုက်ပြီး -

​"မင်း သိချင်တာက ငါဘာလို့ မင်းကို အမှားအမှန် ဖောက်ထွင်း စစ်မြေပြင် မှာ ဝိညာဉ်ပြန်ခေါ်နံ့သာတိုင်နဲ့ ပြန်မထွက်နိုင်ဘူးလို့ ပြောတာလဲ ဆိုတာကို မဟုတ်လား" ဟု မေးသည်။

​စပြီ။

​ဖန့်ချန် စိတ်ထဲတွင် သတိဝင်သွားပြီး ရိုးသားစွာပင် ခေါင်းညိတ်လိုက်သည်။

​"ဟုတ်တယ်လေ။"

​ချင်ဖိုကျားက အေးစက်စက် ပြုံးလျက် -

"အရမ်းရှင်းတာပဲ။ ဒီနေရာက စစ်မြေပြင်၊ အတွင်းကမ္ဘာတားမြစ်နယ်မြေလည်း မဟုတ်ဘူး။ ဒါဟာ အင်မတန် ကျယ်ပြောလှတဲ့ စစ်မြေပြင်ကြီးပဲ။

အခုဆိုရင် ငါတို့နှစ်ယောက်လုံးက ကောင်းကင်ငါးပါး ထဲမှာလည်း မရှိတော့သလို၊ အလွှာ (၃၃) လောက် နက်တဲ့ ဟင်းလင်းပြင်ထဲမှာလည်း မရှိတော့ဘူး။

ငါတို့လို တည်ရှိမှုမျိုးက ဒီစစ်မြေပြင်မှာ သေသွားပြီဆိုရင် တကယ့်ကို သေသွားတာပဲ။ ဝိညာဉ်ဆိုတာ အပြင်ကို ထွက်ဖို့ စိတ်ကူးတောင် မယဉ်နဲ့။"

ဟု ပြောသည်။

​"ကောင်းကင်ငါးပါး ထဲမှာ မရှိဘူး"

​ဖန့်ချန် အတွေးနက်စွာဖြင့် -

"မင်း ဒါကို ဘယ်လိုလုပ်ပြီး ဒီလောက် သေချာပေါက် သိနေရတာလဲ" ဟု မေးသည်။

​"ပြောပြီးပြီလေ၊ ငါ ဒီစစ်မြေပြင်ကို ပထမဆုံးအကြိမ် လာတာ မဟုတ်ဘူး။"

​ချင်ဖိုကျားက တည်ငြိမ်စွာ -

"ငါတို့ ဒီစစ်မြေပြင်ထဲမှာ စမ်းသပ်မှုတွေ လုပ်ပြီးပြီ။" ဟု ပြောသည်။

​"ဒါဆိုရင်တော့လည်း..."

​ဖန့်ချန် -

"ဒါဆို ငါတို့ ဘယ်လိုပြန်ထွက်ရမလဲ" ဟု မေးသည်။

​"ပြန်ထွက်ဖို့ကတော့..."

​ချင်ဖိုကျား စကားမဆုံးခင်မှာပင် ချင်ဝူဆန့် က ဖြတ်ပြောလိုက်သည်။

​"သူက သတင်းစုံစမ်းနေတာ။"

​ချင်ဖိုကျားက ရယ်မောလျက် -

"ငါသိပါတယ်။ ဒါပေမဲ့ သေတော့မယ့်သူတစ်ယောက်ကို ဘာမှ ဖုံးကွယ်စရာ မလိုပါဘူး။"

ဟု ဆိုကာ ဖန့်ချန်ထံသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားသည်။

​"မင်း ဘယ်လိုပြန်ထွက်ရမလဲ ဆိုတာ သိချင်တယ် မဟုတ်လား လွယ်ပါတယ်။ အမှားအမှန် ဖောက်ထွင်း စစ်မြေပြင်မှာ မဟာအိပ်မက်သီး ဆိုတဲ့ ဆေးဖက်ဝင် ပစ္စည်းတစ်မျိုး ရှိတယ်။

အဲဒီအသီးတစ်လုံး စားလိုက်တာနဲ့ ဒီစစ်မြေပြင်ကနေ လွတ်မြောက်နိုင်တယ်။"

​"မဟာအိပ်မက်သီး"

​ဖန့်ချန် ထိုနာမည်ကို မှတ်သားလိုက်သည်။

​ထိုအချိန်တွင် ချင်ဖိုကျားမှာ လမ်းလျှောက်ရာမှ ပြေးလွှားလာပြီးနောက် အရှိန်အပြည့်ဖြင့် ပြေးဝင်လာသည်။

​သူ၏ ခြေလှမ်းတိုင်းမှာ မြေပြင်ကို အသံကျယ်ကျယ် ပေါက်ကွဲစေသည်။ တစ်ခဏမျှအတွင်းမှာပင် (၁၀) တောင်ကျော်ကို ကျော်ဖြတ်၍ ဖန့်ချန်၏ ရှေ့သို့ ရောက်ရှိလာသည်။

​"ငါ မင်းကို ဒီလောက်နဲ့ သေခွင့်မပေးဘူး။ မသေခင်မှာ မင်းကို ခံစားချက်အပြည့်နဲ့ ညှဉ်းပန်းဦးမယ်။

မင်းက ရှန်းဟုန်မျိုးနွယ်စုရဲ့ ခေါင်းဆောင်လေ၊ ဒီနှစ်တွေအတွင်းမှာ ငါ့ကို အနှောင့်အယှက်တွေ အများကြီး ပေးခဲ့တာပဲ"

​ချင်ဖိုကျားမှာ ကြမ်းတမ်းစွာ ရယ်မောရင်း လက်သီးကို ဝှေ့ယမ်းကာ ဖန့်ချန်၏ ခေါင်းကို ပစ်မှတ်ထား၍ ထိုးလိုက်သည်။

​ဖန့်ချန်မှာ ထိုအခြေအနေကို မြင်သောအခါ လက်ကို အသာမြှောက်လိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်ကို ယှက်ကာ ချင်ဖိုကျား၏ မျက်နှာကို အသာတို့လိုက်သည်။

​"အား"

​ချင်ဖိုကျားမှာ ရုတ်တရက် အော်ဟစ်လိုက်ပြီး လက်သီးကို ချက်ချင်းပြန်ရုတ်ကာ သူ၏ မျက်နှာကို ဖုံးအုပ်လိုက်သည်။

​သူ့မျက်လုံးမှ မျက်ရည်များ မရပ်မနား စီးကျလာပြီး မျက်လုံးထဲတွင် ပြင်းထန်စွာ စူးခနဲ ဖြစ်သွားသည်။

​မျက်လုံးကို ဖွင့်ချင်သော်လည်း အလွန်ပင် ခက်ခဲနေသည်။

​ဖန့်ချန်မှာ မြေပြင်ပေါ်မှ ကျောက်ခဲတစ်လုံးကို အသာကောက်ယူကာ ချင်ဖိုကျား၏ နောက်ခေါင်းကို အချက်ပေါင်းများစွာ တိုင်တိုင်ပစ်ပေါက်လိုက်သည်။

​ခန္ဓာကိုယ် ခွန်အားမှာ သာမန်လူထက် အနည်းငယ်သာ ပိုကောင်းသည့် ချင်ဖိုကျားမှာ ဤဒဏ်ချက်ကို မခံနိုင်ဘဲ ခဏချင်းမှာပင် သတိမေ့မြောသွားတော့သည်။

​ထိုဖြစ်ရပ်များအားလုံးမှာ အလွန်မြန်ဆန်လှသည်။

​သို့သော်လည်း အရှိန်ပြင်းထန်သော အခြေအနေမျိုးတွင်ပင် ဖန့်ချန်၏ လှုပ်ရှားမှုတိုင်းမှာ လွတ်လပ်ပေါ့ပါးနေသည်။

​ချင်ဖိုကျား၏ လှုပ်ရှားမှုတိုင်းကို ကြိုတင်သိရှိနေသကဲ့သို့ပင် ဖြစ်သည်။

​ထို့ကြောင့် သူသည် အနည်းငယ်သော ခွန်အားကိုသာ သုံးလိုက်သော်လည်း သူလိုချင်သည့် ရလဒ်အတိုင်း ရရှိသွားသည်။

​လွမ်းရှန်းချီနှင့် ချင်ဝူဆန့် တို့၏ မျက်နှာပေါ်တွင် ပျော်ရွှင်နေသည့် အရိပ်အယောင်များ ပျောက်ကွယ်သွားပြီး၊ မြေပြင်ပေါ်တွင် သတိမေ့နေသော ချင်ဖိုကျားကို ကြည့်ကာ ဖန့်ချန်ကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။

​"ဒီကောင်၊ စစ်မြေပြင်မှာ ဖန့်ချန်ကို အလွယ်တကူ ထိန်းချုပ်နိုင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား "

​ချင်ဝူဆန့် စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီးနောက် လွမ်းရှန်းချီကို -

​"ခုနာက ချင်ဖိုကျား ပေါ့ဆသွားလို့ ဒီကောင် အကွက်ဆင်တာ ခံလိုက်ရတာ။ ငါတို့နှစ်ယောက် ပူးပေါင်းရင် သူ ဘာမှမတတ်နိုင်ဘူး။"

ဟု ပြောသည်။

​"မှန်တယ်"

​လွမ်းရှန်းချီလည်း သတိပြန်ဝင်လာပြီး လက်စကို အင်္ကျီလက်ကို ခေါက်တင်ကာ ချင်ဝူဆန့်နှင့်အတူ ဖန့်ချန်ဆီသို့ အရှိန်ဖြင့် ပြေးဝင်သွားသည်။

​ဖန့်ချန်လည်း ထိုမြင်ကွင်းကို မြင်သောအခါ မြေပြင်ပေါ်မှ လက်မဝက်ခန့် တုတ်တစ်ချောင်းကို ကောက်ယူလိုက်သည်။

​အရှေ့မှ ပြေးဝင်လာသော ချင်ဝူဆန့်၏ ခေါင်းကို ပစ်မှတ်ထား၍ ရိုက်ချလိုက်သည်။

​ချင်ဝူဆန့်မှာ တိုက်ခိုက်မှု အတွေ့အကြုံ မရှိသဖြင့် ဘာလုပ်ရမှန်းမသိဘဲ လက်ကိုသာ မြှောက်ကာ မျက်နှာနှင့် ခေါင်းကို ကာကွယ်လိုက်ရသည်။

​ရိုက်ချက်အနည်းငယ်အကြာတွင် သူ၏ လက်မောင်းမှာ ရောင်ကိုင်းလာပြီး ထုံကျဉ်သွားကာ အာရုံခံစားမှု ပျောက်ကွယ်သွားသည်။

​သူသည် နာကျင်မှုကို အံကြိတ်၍ မအော်ဘဲ နေနိုင်မည်ဟု ထင်ခဲ့သော်လည်း၊ ပထမဆုံး အချက်ရိုက်ခံရပြီးသည်နှင့် ပြင်းထန်စွာ အော်ဟစ်လိုက်တော့သည်။

​လွမ်းရှန်းချီ၏ မျက်လုံးများ နီရဲလာပြီး ဖန့်ချန်ကို ဖက်တွယ်၍ တိုက်ခိုက်ရန် ကြိုးစားသည်။

​ထိုကဲ့သို့ တိုက်ပွဲမျိုးတွင် တစ်ဖက်လူ၏ ဖက်တွယ်ခြင်းကို ခံလိုက်ရပါက တိုက်ပွဲမှာ ထက်ဝက်ခန့် ရှုံးနိမ့်သွားပြီဟု ဆိုနိုင်သည်။

​ဖန့်ချန်မှာ ထိုအခြေအနေကို မဖြစ်စေရဘဲ နွားနောက်လိုက်သကဲ့သို့ပင် ခြေတစ်လှမ်း ရှောင်လိုက်ရုံဖြင့် လွမ်းရှန်းချီမှာ ပစ်မှတ်လွဲသွားပြီး လဲကျသွားသည်။

​သူ ပြန်ထရန် ကြိုးစားနေစဉ်မှာပင် တုတ်မှာ သူ၏ ခေါင်းပေါ်သို့ ရောက်ရှိလာသည်။

​ဖန့်ချန်မှာလည်း အားမနာဘဲ တုတ်ဖြင့် လွမ်းရှန်းချီ၏ ခေါင်းကို တစ်ချက်ပြီး တစ်ချက် ထုနှက်လိုက်သည်။

​ချင်ဝူဆန့်မှာ နာကျင်မှုကြောင့် မြေပြင်ပေါ်တွင် လဲကျနေသော်လည်း သတိမေ့မသွားဘဲ ဤမြင်ကွင်းကို ကြည့်ကာ မကျေနပ်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

​"မရိုက်ပါနဲ့တော့၊ မရိုက်ပါနဲ့တော့ "

​လွမ်းရှန်းချီမှာ ဒဏ်ရာကို မခံနိုင်တော့ဘဲ အော်ဟစ်တော့သည်။

​"မရိုက်နဲ့ဆိုတိုင်း ရပ်ရမှာလား၊ မင်းက ဒီလောက်တောင် မျက်နှာကြီးနေတာလား"

​ဖန့်ချန်က ရယ်မောရင်း ဆက်လက် ရိုက်နှက်နေသည်။

​"ဘာလို့လဲ ဘာလို့လဲ"

​ချင်ဝူဆန့်၏ မျက်လုံးများမှာ နီရဲနေသည်။

​သူ ဘယ်လိုမှ မယုံနိုင်ပါ၊ နယ်မြေကိုးခုမှာ သူတွေ့သမျှ တစ်စုံတစ်ယောက်ဆိုလျှင် ခြေဖြင့် နင်းချေပြီး သတ်ပစ်နိုင်သည့် ပုရွက်ဆိတ်မျှသာ ဖြစ်သည်။

​ယခုမူကား သူ့ထက် အဆင့်မြင့်ပြီး အနိုင်ကျင့်နေသည်မှာ လက်ခံနိုင်စရာ မရှိပါ။

​မကြာမီပင် လွမ်းရှန်းချီမှာ နာကျင်မှုကြောင့် သတိမေ့သွားသည်။

​ဖန့်ချန်လည်း တုတ်ကို ကိုင်လျက် ချင်ဝူဆန့်ဆီသို့ လျှောက်သွားသည်။

​"အားလုံးက သာမန်လူတွေပဲလေ၊ ဘာလို့..."

​ချင်ဝူဆန့်မှာ မကျေနပ်မှုဖြင့် အော်ဟစ်သည်။

​"မင်းက ကျဲနယဲ့အဆင့်မြင့် ဘွဲ့နာမည်ကို အလကားရလာတယ်လို့ ထင်နေတာလား "

​ဖန့်ချန် ပြုံးလျက် -

"ပြီးတော့ သာမန်လူဆိုတာကို နှုတ်ဖျားက မချနဲ့တော့။ ငါ သာမန်လူဘဝကို ဖြတ်သန်းခဲ့ဖူးတယ်၊ မင်း ဖြတ်သန်းဖူးလား။

မင်းက မွေးကတည်းက သူတော်စင် ဖြစ်ဖို့ သတ်မှတ်ခံထားရတဲ့ ကောင်လေ။"

ဟု ပြောသည်။

​ပြောပြီးနောက် ဖန့်ချန်မှာ တုတ်ဖြင့် ချင်ဝူဆန့်ကို ဆက်လက် ရိုက်နှက်လိုက်သည်။

​ချင်ဝူဆန့်မှာ နာကျင်မှုကြောင့် အော်ဟစ်နေသည်။

​ဖန့်ချန်မှာ အရေးကြီးသည့် နေရာများကို ရှောင်၍ လက်မောင်းနှင့် ခြေထောက်များကိုသာ ရိုက်နှက်သည်။ နောက်ဆုံးတွင် တုတ်မှာ ကျိုးသွားသောအခါမှသာ ရပ်တန့်လိုက်သည်။

​ချင်ဝူဆန့်မှာ အသက်ရှူရုံမျှသာ ရှိတော့သည်။

​"ချင်ဖိုကျား ပြောတဲ့အတိုင်းဆိုရင် ချင်ဝူဆန့် ဒီနေရာမှာ သေသွားရင် တကယ့်ကို သေသွားမှာပဲ။"

​ဖန့်ချန် တိုးတိုးလေး တွေးလိုက်သည်

"သူ့အခြေအနေကြည့်ရတာ တစ်ဝက်သေတစ်ဝက်ရှင်ပဲ၊ ကောင်းတဲ့သူတစ်ယောက်အနေနဲ့ သူ့ကို လမ်းပို့ပေးလိုက်တာ ပိုကောင်းမယ်။"

​အသက်ရှူရုံမျှသာ ရှိတော့သည့် ချင်ဝူဆန့်မှာ ချက်ချင်းပင် မျက်လုံးကို ဖွင့်လိုက်ပြီး -

​"ဖန့် သူတော်စင်ဘိုးဘေး၊ အသက်ချမ်းသာပေးပါ"

ဟု တောင်းပန်သည်။

​"မင်းက အသက်ရှူရလွယ်သားပဲ၊ ခုနာက သေချင်ယောင်ဆောင်နေတာလား "

​ဖန့်ချန်က ရယ်မောသည်။

​ချင်ဝူဆန့်မှာ အရှက်ရမှုများကို ဖိနှိပ်ထားရင်း -

​"ဖန့် သူတော်စင်ဘိုးဘေး၊ ကျွန်တော့်ကို အသက်ချမ်းသာပေးပါ၊ ကျွန်တော်တို့က တစ်မျိုးနွယ်စုတည်းပါ။"

ဟု ပြောသည်။

​"အခုမှ တစ်မျိုးနွယ်စုတည်းလို့ သိတော့တာလား"

​ဖန့်ချန် - "အရင်တုန်းက ဘာတွေလုပ်ခဲ့လဲ။"

​"ဖန့် သူတော်စင်ဘိုးဘေး၊ ကျွန်တော်လည်း မတတ်နိုင်လို့ပါ။

ဒီနေ့ ကျွန်တော့်ကို အသက်ချမ်းသာပေးပါ၊ အနာဂတ်မှာ ကောင်းကင်ငါးပါး ကို ပြန်ရောက်ရင် ခင်ဗျားအတွက် အစေခံပေးပါ့မယ်"

​ချင်ဝူဆန့်က အံကိုကြိတ်ကာ ပြောသည်။

​"မင်းရဲ့ အစွမ်းအစတွေက ငါ့မျက်စိထဲတောင် မဝင်ပါဘူး။ သူတော်စင်ဘိုးဘေး စီမံကိန်း ထဲက တစ်ယောက်ကို ရွေးလိုက်ရင်တောင် မင်းထက် အဆပေါင်းရာ၊ ထောင်ပေါင်းများစွာ သာတယ်။

မင်းရဲ့ အစေခံကို ငါ ဘာလုပ်ရမှာလဲ"

​ဖန့်ချန်က ရယ်မောလျက် ပြောသည်။

​"ကျွန်တော် ရင်ရှီအဆိပ် ဘယ်ကလာသလဲ ဆိုတာ သိတယ်။"

​ချင်ဝူဆန့် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြောသည်။

​ဖန့်ချန် စိတ်ထဲတွင် တစ်စုံတစ်ခုကို စဉ်းစားမိလိုက်သည်။

"ဩော် ပြောကြည့်စမ်း၊ မင်း ငါ့ကို မညာဘူးဆိုရင် မင်းကို အသက်ချမ်းသာပေးမယ်။"

​"ဒီနေ့အထိတော့ ဖန့် သူတော်စင်ဘိုးဘေးကိုပဲ ယုံကြည်ရမှာပေါ့။"

​ချင်ဝူဆန့်က -

​"ရင်ရှီအဆိပ်... က ဟော်ဆွေ့ ဘိုးဘေးက ယန်နတ်ဘုရား အုပ်စုကို ထိန်းချုပ်ပြီး တူးဖော်ခိုင်းထားတာပါ။" ဟု ပြောသည်။

​ဖန့်ချန် ခဏမျှ ကြောင်သွားပြီး စိတ်ထဲတွင် အံ့အားသင့်သွားသည်။

​"အဘိုးတို့က ဘာတွေ တူးနေတာလဲ..."

​သူသည် ပိုင်ဇီဝမ်ချင်း ပြောခဲ့သည်ကို အမှန်တကယ် ယုံကြည်လိုက်သည်။ အဘိုးတို့အဖွဲ့သည် အရေးကြီးသည့် ကိစ္စတစ်ခုကို လုပ်နေသည်မှာ အသေအချာပင်။

​လုံးဝ အဆိပ်အတောက်များကို တူးဖော်နေခြင်း မဟုတ်ပေ။ ဤအဆိပ်အတောက်မှာ အပေါ်ယံ အလုပ်တစ်ခုသာ ဖြစ်နိုင်သည်။

​"ချင်ဝူဆန့်... မင်း ဘယ်လိုလုပ်ပြီး ဟော်ဆွေ့မျိုးနွယ်စုကို သစ္စာဖောက်ရတာလဲ..."

​မလှမ်းမကမ်းမှ ချင်ဖိုကျားမှာ ခေါင်းမူးနေရင်းဖြင့် သတိပြန်လည်လာသည်။

​ချင်ဝူဆန့်မှာ အရှက်ရစွာဖြင့် -

​"ကျွန်တော် အသက်ရှင်ချင်ရုံသက်သက်ပါ..." ဟု ပြောသည်။

​ဖန့်ချန် မြေပြင်ကို ဝေ့ကြည့်လိုက်ရာ တုတ်တစ်ချောင်းကို ထပ်တွေ့သဖြင့် ကျေနပ်စွာ ခေါင်းညိတ်ကာ တုတ်ကိုကိုင်လျက် ချင်ဖိုကျားထံသို့ လျှောက်သွားသည်။

​ချင်ဖိုကျား၏ မျက်နှာမှာ ပြောင်းလဲသွားပြီး လက်ကို မြှောက်လျက် -

​"ခဏ၊ ငါပြောစရာရှိတယ် " ဟု အော်လိုက်သည်။

"အွန့်"

All Chapters