← Chapters

အခန်း (၂၆၈၁-၂၆၈၂)

Vol. 269 Ch. 2681-2682

အခန်း (၂၆၈၁-၂၆၈၂)

Vol. 269 Ch. 2681-2682

အခန်း (၂၆၈၁) - အများဆုံးပေးနိုင်တာ ဝေစုသုံးဆယ်ပဲ

​ထိုက်ဟောင်ဟွမ်းယောင်သည် တိုက်ပွဲကို အဆုံးသတ်ပြီးနောက် စင်ကြယ်သော ဗောဓိသီးတစ်လုံးကို ချက်ချင်း ဝါးမြိုလိုက်ပြီး သူမ၏ အတွင်းကမ္ဘာ စွမ်းအင်များကို ပြန်လည် ဖြည့်တင်းလိုက်သည်။

​ထို့နောက်တွင် သူမသည် လင်နယဲ့ အဆင့်မြင့် အကဲဖြတ်သူကို ရင်ဆိုင်ရန် စတင် လှုပ်ရှားတော့သည်။

​နောက်ဆုံး ရလဒ်အနေနှင့်မူ သူမသည်လည်း တစ်နာရီခန့်ကို မနည်း ရုန်းကန် တောင့်ခံသွားနိုင်ခဲ့ပြီး စာမေးပွဲ ရလဒ် အောင်မြင်ခဲ့လေသည်။

​ဤအခြေအနေက စီကုကျိနှင့် ဖန်လီပန်တို့ကို အတော်လေး စိတ်လှုပ်ရှား တက်ကြွသွားစေသည်။

​အကြောင်းမူကား ထိုက်ဟောင်ဟွမ်းယောင်သည် သူတို့ထဲတွင် ပါရမီ အကောင်းဆုံးသူ မဟုတ်သောကြောင့်ပင်။

​ထိုက်ဟောင်ဟွမ်းယောင်ပင်လျှင် လင်နယဲ့ အဆင့်မြင့်ဘွဲ့အမည်ကို ရရှိရန် အခွင့်အရေး ရှိခဲ့လျှင် သူတို့သည် ယခုတစ်ခေါက် မရလျှင်တောင် နောက်တစ်ခေါက်တွင်မူ သေချာပေါက် ရရှိနိုင်လိမ့်မည် မဟုတ်ပါလော။

​မကြာမီပင် ကျောင်းသားများ တစ်ယောက်ပြီး တစ်ယောက် ဆန်းနယဲ့အဆင့် ဘွဲ့အမည်များကို ရရှိလာကြသည်နှင့်အမျှ နေရာ အယောက်တစ်ရာမှာ ချက်ချင်း ပြည့်သွားတော့သည်။

​ထိုအတောအတွင်း နေမင်းခုနစ်ပါး ကျောင်းသား တစ်စိတ်တစ်ပိုင်းမှာမူ လင်နယဲ့ အစောပိုင်းအဆင့် အကဲဖြတ်သူ၏ ပြိုင်ဘက် မဟုတ်ကြသဖြင့် သူတို့၏ အသက်စွမ်းအင်များ ဆုံးရှုံးသွားခဲ့ရသည်။

​သို့သော်လည်း အခြားသော ကျောင်းသား တစ်စိတ်တစ်ပိုင်းမှာမူ စာမေးပွဲတွင် ပါဝင်ဖြေဆိုရန် အခွင့်အရေးပင် မရရှိခဲ့ကြချေ။

​“ဂိုဏ်းအစဉ်အဆက်တုန်းက ဆန်းနယဲ့အဆင့် ဘွဲ့အမည်ဆိုတာ လုကျိုယွမ်တို့လို လူမျိုးတွေတောင် ရဖို့ အလွန်ခက်ခဲခဲ့တယ်လို့ ပြောကြတယ်။ အခုကြည့်ရတာ ဒီကောင်းကင်ငါးပါးက သူတော်စင်တွေရဲ့ ပါရမီဟာ အဲဒီခေတ်က ဂိုဏ်းအစဉ်အဆက် ကာလတွေထက် မညံ့တဲ့အပြင် ပိုပြီးတော့တောင် အများကြီး သန်မာနေဦးမယ် ထင်တယ်”

​ဖန့်ချန်သည် စိတ်ထဲတွင် တိတ်တဆိတ် တွေးတောလိုက်မိသည်။

​ဤတစ်ကြိမ်တွင်လည်း လွန်ခဲ့သော တစ်ခေါက်ကဲ့သို့ပင် အားလုံးသည် ထိုတံခါးမကြီးအတွင်းသို့ ထပ်မံ ဝင်ရောက်သွားကြပြန်သည်။

​လင်နယဲ့ အစောပိုင်းအဆင့်၌ လူအများစု ကျန်ရစ်ခဲ့သည်။

​ကျန်ရှိနေသောသူများမှာမူ လင်နယဲ့ အလယ်ပိုင်းအဆင့်ကို ကိုယ်စားပြုသည့် ဒုတိယမြောက် တံခါးမကြီးအတွင်းသို့ ဝင်ရောက်သွားကြသည်။

​စီကုကျိနှင့် ဖန်လီပန်တို့သည် ထိုအဆင့်တွင် ရှိနေကြသည်။

​သူတို့သည် တတိယမြောက် တံခါးမကြီးဆီသို့ ဦးတည်သွားနေကြသော ဖန့်ချန်နှင့် ထိုက်ဟောင်ဟွမ်းယောင်တို့၏ ကျောပြင်ကို ကြည့်ရင်း အားကျစိတ်များ အနည်းငယ် ဖြစ်ပေါ်နေကြရသည်။

​တတိယမြောက် တံခါးမကြီး နယ်မြေအတွင်းသို့ ရောက်ရှိသွားချိန်တွင်မူ...

​ထိုက်ဟောင်ဟွမ်းယောင်သည် သင့်တော်မည့် ကျင့်စဉ်ကို ရွေးချယ်ရန်အတွက် ဤနေရာ၌ပင် ကျန်ရစ်ခဲ့လေသည်။

​ဖန့်ချန်ကမူ ယခင်က တစ်ခါမျှ မရောက်ရှိဖူးသေးသော ကျဲနယဲ့ အစောပိုင်းအဆင့် နယ်မြေဆီသို့ အရှိန်အဟုန်ဖြင့် တစ်ဟုန်ထိုး လျှောက်လှမ်းသွားခဲ့သည်။

​ထိုနေရာတွင်လည်း ထို့အတူပင် ကျောက်စာတိုင် တစ်ဆယ့်နှစ်တိုင် ရှိနေသည်။

​သူသည် ဝေ့ဝဲ၍ အမှတ်မထင် ကြည့်လိုက်ပြီးနောက် ၎င်းတို့အနက်မှ ကျောက်စာတိုင်တစ်ခု၏ ရှေ့သို့ လျှောက်သွားလိုက်သည်။

​ထိုကျောက်စာတိုင်က သယ်ဆောင်ထားသော ကျင့်စဉ်ကို သူ ကြည့်ရသည်မှာ အတော်လေး မျက်စိပသာဒ ဖြစ်မိသည်။

​ဒေသအချုပ်အဆင့် ကျင့်စဉ် - ဝူယွမ်ကွေ့ရှင်းကျင့်စဉ်

​ယခင်က ခန့်မှန်းခဲ့သည့်အတိုင်းပင်၊ ကျဲနယဲ့ အစောပိုင်းအဆင့် ဘွဲ့အမည်ကို ရရှိပြီးနောက် ဤနေရာမှ ပေးသနားသော ကျင့်စဉ်သည် ဒေသအချုပ် အဆင့် သို့ ရောက်ရှိနေပြီ ဖြစ်သည်။

​“တကယ်လို့ ဒီကျင့်စဉ်ကို အပြင်ကို ယူသွားလို့ရရင် နောက်ပိုင်း ငါ ကျင့်ကြံဖို့ လိုအပ်တဲ့ ယွမ်ရွှီရေစင်၊ မရဏသားရဲသွေးနဲ့ ကောင်းကင်မီးတောက်သီးတွေလည်း လိုလေသေးမရှိ ရတော့မှာပဲ”

​ထိုသို့ တွေးတောရင်း ဖန့်ချန်သည် ရှေ့သို့ လျှောက်လှမ်းကာ ကျောက်စာတိုင်ပေါ်သို့ သူ၏ လက်ဝါးကို ဖိကပ်လိုက်သည်။

​လွန်ခဲ့သောတစ်ခေါက်ကဲ့သို့ပင် ခဏတာ ဖယ်ထုတ်လိုက်ပြီးနောက် ရွှေရောင်အလင်းတန်းများသည် သေးငယ်သော ကျောက်စာတိုင်အသေးလေးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖန့်ချန်၏ လက်ဝါးပေါ်တွင် တည်ရှိနေတော့သည်။

​……

​……

​တစ်ချိန်တည်းမှာပင်၊ စာမေးပွဲတွင် ပါဝင်ဖြေဆိုရန် အခွင့်အရေးပင် မရရှိခဲ့ကြသော ထိုအသက်စွမ်းအင် အစောပိုင်းအဆင့် အုပ်စုသည် စာမေးပွဲစစ်ဆေးရာ နေရာမှ ထွက်ခွာသွားကြပြီ ဖြစ်သည်။

​“အစ်ကို... တစ်ခုလောက် မေးပါရစေ၊ ဖန့်ဘိုးဘေးက ဒီတစ်ခေါက် ဘယ်လိုရလဒ်မျိုး ရခဲ့တာလဲဗျ”

​နေမင်းခုနစ်ပါး ကျောင်းသားတစ်ဦးက စပ်စပ်စုစုဖြင့် မေးမြန်းလိုက်သည်။

​မေးမြန်းခြင်းခံရသူက မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာလျက် -

​“ဖန့်ဘိုးဘေးက ဒီတစ်ခေါက် ကျဲနယဲ့ အစောပိုင်းအဆင့် ရသွားတယ်”

​ထိုနေရာတစ်ခုလုံး ရုတ်ချည်းပင် ဆူညံပွက်လောရိုက်သွားတော့သည်။

​ကျဲနယဲ့ အစောပိုင်းအဆင့် ဟုတ်လား။

​လွန်ခဲ့တဲ့တစ်ခေါက်က ရွှမ်နယဲ့ အဆင့်မြင့်တင်၊ ဒီတစ်ခေါက်ကျတော့ ကျဲနယဲ့ အစောပိုင်းအဆင့် ဖြစ်သွားပြီပေါ့လေ။

​“တကယ်ကို တစ်လှမ်းချင်းစီ အခိုင်အမာ တက်လှမ်းနေတာပဲ၊ နောက်ထပ် အနည်းငယ်လောက်ဆိုရင် ကျဲနယဲ့ အဆင့်မြင့် ဖြစ်သွားတော့မှာ မဟုတ်ဘူးလား”

​“ကျဲနယဲ့ အဆင့်မြင့်ဆိုတာ ကောင်းကင်ငါးပါးအတွင်းမှာ အသန်မာဆုံး ပါရမီကို ကိုယ်စားပြုတာ ဖြစ်ရမယ်”

​“ပေါက်ကရတွေ၊ မင်းကြည့်လိုက်လေ... ဟိုရှေးဟောင်းဘိုးဘေးတွေ နှစ်ပေါင်းများစွာ အိပ်စက်အနားယူခဲ့ပြီးတာတောင် အစပိုင်းမှာ လင်နယဲ့ အလယ်ပိုင်းအဆင့်ကနေပဲ စခဲ့ကြတာ မဟုတ်ဘူးလား။ ဟို အကြီးအကဲငါးပါးတောင်မှ ရွှမ်နယဲ့ အစောပိုင်းအဆင့်ပဲ ရှိတာ”

​“ဒါပေမဲ့ ဒီတစ်ခေါက် ဖန့်ဘိုးဘေး အချို့သော ကိစ္စတွေနဲ့ ကြုံခဲ့ရတယ်”

​ကျောင်းသားတစ်ဦးက ယင်သူတော်စင်များ၏ လုပ်ကြံတိုက်ခိုက်မှု ကိစ္စကို အသေးစိတ် ပြန်လည် ပြောပြလိုက်သည်။

​ထိုနေရာရှိ လေထုသည် ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ကျောင်းသားများမှာ ဒေါသတကြီးဖြင့် စတင် ဆဲရေးတိုင်းထွာကြတော့သည်။

​ယင်သူတော်စင်လို အရာမျိုးတွေက နေမင်းခုနစ်ပါး ခန်းမဆောင်ထဲအထိ တောင်မှ စိမ့်ဝင်နေပြီလား။

​ဒါက နေရာရှိ ကျောင်းသားများ မည်သို့မျှ စဉ်းစား၍ မရနိုင်သော ကိစ္စတစ်ခု ဖြစ်သည်။

​မကြာမီပင် ကျင့်စဉ်များ ရရှိခဲ့ကြသော ကျောင်းသားများသည်လည်း စာမေးပွဲစစ်ဆေးရာ နေရာမှ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာလာကြသည်။

​ကျန်းထန်းဝမ်ခန်းမဆောင်မှ အကြီးအကဲငါးပါးတို့ ကိုယ်ထင်ပြလာချိန်တွင်မူ ဖန့်ချန်မှလွဲ၍ ကျောင်းသားအားလုံး အပြင်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

​စီကုကျိတို့သည် အကြီးအကဲငါးပါးနှင့် ချက်ချင်း သွားရောက်ပူးပေါင်းကာ ယခုတစ်ခေါက် မြင်တွေ့ခဲ့ရသမျှကို အစီရင်ခံတင်ပြကြတော့သည်။

​“ယင်သူတော်စင် ဟုတ်လား”

​ဆွေ့ဟွမ်းရွှီ၏ မျက်နှာမှာ မည်းမှောင်သွားလျက် -

​“နေမင်းခုနစ်ပါး ခန်းမဆောင်ထဲမှာ ယင်သူတော်စင်တွေတောင် ပေါ်လာတယ်ဆိုတာ တကယ်ကို ရယ်စရာကောင်းလှချေရဲ့”

​“ဒါပေမဲ့လည်း ဒီဖန့်လို့မျိုးရိုးရှိတဲ့ကောင်က ယင်သူတော်စင်တွေနဲ့ ဒီလောက်အထိ နက်ရှိုင်းတဲ့ ရန်ငြိုးရန်စတွေ ရှိနေလိမ့်မယ်လို့ တကယ်ကို ထင်မထားခဲ့မိဘူး”

​စီကုကျိက အေးစက်စွာ လှောင်ပြုံးလိုက်သည်။

​“ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ ယင်သူတော်စင် သောင်းနဲ့ချီကို ရှင်းလင်းခဲ့တာ ဟုတ်လား။ သူ့ရဲ့ အမဲလိုက်နည်းလမ်းက အတော်လေး ဆန်းပြားတာပဲ။ မင်းတို့ပြောတဲ့ ရှန်ထင်ဖန်းရဲ့ အသက်စွမ်းအင်ကကော…”

​ရှန်းတုရှင်း၏ မျက်ဝန်းများက မှေးကျဉ်းသွားသည်။

​ကျန်ရှိနေသော အကြီးအကဲများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် စီကုကျိက ရေရွတ်လိုက်သည်။

​“ဒီလောက်အထိတော့ မဖြစ်နိုင်ပါဘူး၊ သူ့ရဲ့ အမဲလိုက်နည်းလမ်းက ဘယ်လောက်ပဲ ထူးခြားနေပါစေဦးတော့၊ ဒီနေရာအထိ ရှာတွေ့နိုင်ဖို့ကတော့ မဖြစ်နိုင်တာပဲ။ တစ်လှမ်းဆုတ်ပြီး ပြောရရင် အဲဒီအချိန်တုန်းက ကောင်းကင်ဘုံအရှင် သခင်တွေ စောင့်ကြပ်နေတာလေ၊ ဖန့်ချန်ရဲ့ နည်းလမ်းတွေက ဒီလောက်အထိ ထိတ်လန့်စရာ မကောင်းနိုင်ပါဘူး။ မဟုတ်ရင်… ငါတို့ရဲ့ အသက်စွမ်းအင်တွေလည်း အန္တရာယ်ရှိကုန်မှာပေါ့”

​စကားပြောနေစဉ်အတွင်းမှာပင် ဖန့်ချန်သည်လည်း ထိုနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

​သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ယံထံမှ အသံတစ်သံ ပဲ့တင်ထွက်ပေါ်လာခဲ့သည်။

​“ဖန့်ဘိုးဘေး... ဒီတစ်ခေါက်ကော ကျင့်စဉ်ကျောက်စာတိုင် ပါလာခဲ့ရဲ့လား”

​သူတော်စင်အားလုံး၏ အကြည့်များသည် ဖန့်ချန်၏ ထံသို့ တညီတညွတ်တည်း ကျရောက်သွားကြသည်။

​အကြီးအကဲငါးပါး၏ မျက်ဝန်းများကမူ တင်းမာနေကြသည်။

​တကယ်၍ ဖန့်ချန်တွင် ကျင့်စဉ်ကျောက်စာတိုင် ပါမလာခဲ့လျှင် ၎င်းသည် 'သူတော်စင်ဘိုးဘေး စီမံကိန်း' က ထိုမျှလောက်အထိ အရေးမကြီးတော့ကြောင်း သက်သေပြနေခြင်းပင် ဖြစ်လိမ့်မည်။

​“လွန်ခဲ့တဲ့တစ်ခေါက်ကလိုပါပဲ၊ ဒါပေမဲ့ ဒီတစ်ခေါက်တော့ နည်းနည်း ကွာခြားတယ်၊ ဒီကျင့်စဉ်ကျောက်စာတိုင်ထဲမှာ ရှိနေတာက ဒေသအချုပ်အဆင့် ကျင့်စဉ်ပဲ”

​ဖန့်ချန်က သူ၏ လက်ဝါးကို မြှောက်ပြလိုက်ရာ လက်ဝါးပြင်ပေါ်တွင် သေးငယ်သော ကျင့်စဉ်ကျောက်စာတိုင်အသေးလေးတစ်ခု တည်ရှိနေသည်။

ဒေသအချုပ်အဆင့် ကျင့်စဉ်။

​ပတ်ဝန်းကျင်တစ်ခုလုံး အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

​တောက်ပပြောင်လက်နေသော ပူပြင်းသည့် မျက်ဝန်းအစုံစုံတို့က ထိုကျောက်စာတိုင်အသေးလေးပေါ်သို့ စူးစိုက်ကြည့်နေကြသည်။

​အကြီးအကဲငါးပါးပင်လျှင် ဖြစ်ပါစေဦးတော့၊ ယခုအချိန်တွင် သူတို့၏ စိတ်နှလုံးထဲ၌ ဖိနှိပ်ရခက်ခဲလှသော လှုပ်ရှားရုန်းကန်မှုတစ်ခု ဖြစ်ပေါ်နေရသည်။

​ယခင်က သူတို့သည် ဖန့်ချန်ကဲ့သို့ပင် ရွှမ်နယဲ့အဆင့်မျှသာ ဖြစ်ကြပြီး၊ အစောပိုင်းနှင့် အဆင့်မြင့် ကွာခြားချက် ရှိနေသော်ငြားလည်း...

​ကျင့်စဉ်၏ စွမ်းပကားမှာမူ ထိုမျှလောက်အထိ ကွာခြားချက် မကြီးမားလှချေ။

​သို့သော်လည်း ဒေသကြီး ကျင့်စဉ်နှင့် ဒေသအချုပ်အဆင့် ကျင့်စဉ်ကြားရှိ ကွာခြားချက်ကမူ သူတို့ စိတ်ကူးထားသည်ထက် များစွာ ပိုမို ကြီးမားနေလိမ့်မည်မှာ သေချာသည်။

​သူတို့၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများနှင့် စိတ်မရှည်မှုများ အနည်းငယ် ပိုမို တိုးပွားလာရသည်။

​ထိုအတိုင်းသာ ဆက်သွားနေမည်ဆိုပါက သူတို့နှင့် ဖန့်ချန်ကြားရှိ ကွာခြားချက်က ပို၍ ပို၍သာ ဝေးကွာသွားတော့မည် မဟုတ်ပါလော။

​ကောင်းကင်ယံထက်တွင်လည်း ခဏတာ တိတ်ဆိတ်မှုတစ်ခု ဖြစ်ပေါ်သွားပုံရသည်။

​တစ်ခုခုကို တိုင်ပင်ဆွေးနွေးနေကြသကဲ့သို့ပင်။

​ခဏအကြာတွင်မှ စွမ်းအင်တစ်ခု သက်ဆင်းလာပြီး ထိုကျောက်စာတိုင်အသေးလေးကို ယူဆောင်ရန် ပြင်ဆင်လိုက်သည်။

​ဖန့်ချန်သည် ၎င်းကို မြင်သော် ကျောက်စာတိုင်ကို ဆုပ်ကိုင်ထားလျက် ပြုံး၍ ပြောလိုက်သည်။

​“ဒီတစ်ခေါက် နိဗ္ဗာန်တားမြစ်နယ်မြေထဲမှာ နေမင်းခုနစ်ပါး ကျောင်းသား ဆယ်ယောက်ကျော်က ငါ့ကို တိုက်ခိုက်ခဲ့ကြတယ်၊ သူတို့ဟာ ယင်သူတော်စင်တွေ ဖြစ်မယ်လို့ ငါ သံသယရှိတယ်။

​ဒီကိစ္စအတွက် ငါ့ကို ရှင်းလင်းချက်တစ်ခု ပေးပါ၊ အမြန်ဆုံး ပေးပါ။

​ဒါ့အပြင် နောက်တစ်ခေါက် နိဗ္ဗာန်တားမြစ်နယ်မြေကို ငါ လာမှာမဟုတ်ဘူး၊ ငါ့အနေနဲ့ အချိန်တစ်ခုယူပြီး တံခါးပိတ်ကျင့်ကြံဖို့ လိုအပ်တယ်၊ တကယ်လို့ ပိုလျှံနေတဲ့ ယွမ်ရွှီရေစင်၊ ကောင်းကင်မီးတောက်သီးနဲ့ မရဏသားရဲသွေးတွေ ရှိမယ်ဆိုရင် ငါ့ကို ဦးစားပေး ထောက်ပံ့ပေးပါ”

​“အစောဆုံး ဝေစု သုံးဆယ်၊ ငါးဆယ်လောက် အရင်ပေးပါ”

​ဝေစု သုံးဆယ်၊ ငါးဆယ် ဟုတ်လား။

​ကျန်းထန်းဝမ်ခန်းမဆောင်မှ အကြီးအကဲငါးပါးနှင့် နေရာရှိ ကျောင်းသားများ၏ မျက်လုံးများမှာ ပြူးကျယ်သွားကြတော့သည်။

​စီကုကျိက ဒေါသတကြီး အော်ဟစ်လိုက်သည်

​“ဘာလို့လဲ။ မင်းကို ဝေစု သုံးဆယ်၊ ငါးဆယ် ပေးလိုက်ရင် ကျန်တဲ့သူတော်စင်တွေက မြောက်လေပဲ သောက်ရတော့မှာလား”

​ဖန့်ချန်က သူ့ကို ဂရုမစိုက်ဘဲ လျစ်လျူရှုထားလိုက်သည်။

​ကောင်းကင်ယံထက်မှ ကောင်းကင်ဘုံအရှင် သခင်များ၏ ပြန်လည်ဖြေကြားမည့် စကားကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။

​အတန်ကြာပြီးနောက် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

​“ယင်သူတော်စင် ကိစ္စကတော့ ငါတို့ မင်းကို သေချာပေါက် ရှင်းလင်းချက်တစ်ခု ပေးမှာပါ၊ မင်း မပြောရင်တောင် ငါတို့တွေ သွားရောက် ဖြေရှင်းမှာ ပါ”

​“မင်း တံခါးပိတ်ကျင့်ကြံဖို့ ပြင်ဆင်တာလည်း ဘာမှ မဖြစ်ပါဘူး၊ မင်းက ငါတို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေထဲမှာ မရှိတဲ့အတွက် အားတဲ့အချိန်မှ နိဗ္ဗာန်တားမြစ်နယ်မြေကို လာလို့ရတယ်”

​“ဟို ရတနာတွေ ကိစ္စကတော့… ငါတို့ အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်”

​“အတတ်နိုင်ဆုံးတော့ မလုပ်ပါနဲ့၊ ကျန်းထန်းဝမ်ခန်းမဆောင်ဘက်ကနေ နှုတ်ယူလိုက်ရင် ရတာပဲ၊ သူတို့ ဒီနှစ်တွေအတွင်းမှာ သယံဇာတ အရင်းအမြစ်တွေ အများကြီး စားသုံးခဲ့ပြီးတာတောင် ဘာမှ ဖြစ်ထွန်းမလာခဲ့ဘူး။ ငါ့ကို ရင်းနှီးမြှုပ်နှံတာကမှ အမှန်ကန်ဆုံး လမ်းကြောင်းပဲ”

​ဖန့်ချန်က ပြောလိုက်သည်။

​ဆွေ့ဟွမ်းရွှီတို့သည် ဒေါသနှင့် ထိတ်လန့်မှုများ ရောပြွမ်းလျက် ဖန့်ချန်ကို စိုက်ကြည့်လိုက်ကြသည်။

​“အများဆုံးပေးနိုင်တာ ဝေစုသုံးဆယ်ပဲ”

​ကောင်းကင်ယံထက်မှ ပြန်လည် ဖြေကြားလိုက်ပြီ ဖြစ်သည်။

​ဝေစုသုံးဆယ် ဟုတ်လား။

​ထိုက်ဟောင်ဟွမ်းယောင်တို့မှာ မှင်တက်သွားကြပြီး ထိုရတနာများ၏ ထူးခြားလှသော အသုံးဝင်ပုံများကို တွေးတောမိကာ စိတ်ထဲတွင် အားကျမနာလိုမှုများဖြင့် ပြည့်နှက်သွားကြရသည်။

​“သဘောတူတယ်”

​ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်လိုက်ရာ သူ၏ လက်ထဲရှိ ကျောက်စာတိုင်လေးသည်လည်း ထိုစွမ်းအင်၏ ဆွဲငင်မှုကြောင့် ကောင်းကင်ယံအတွင်းသို့ ပျံသန်းဝင်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။

အခန်း (၂၆၈၂) - သဘောတူညီချက်

ရွှေဟွေးကျောင်းတော်သို့ ပြန်လာသည့် လမ်းတစ်လျှောက်တွင်မူ ရှူလုံ ကောင်းကင်အရှင် ကပင် ဆက်လက် တာဝန်ယူ ပို့ဆောင်ပေးလေသည်။

​ဖန့်ချန်သည် လမ်းခရီးတွင်ပင် ထိုယင်သူတော်စင် နေမင်းခုနစ်ပါး ကျောင်းသား တစ်ဆယ်ကျော်၏ အသက်စွမ်းအင် တည်ရှိရာနေရာများကို စနစ်တကျ စုစည်းလိုက်ပြီးနောက် ဒွမ်ချင်းရှန်းထံသို့ ပေးအပ်လိုက်သည်။

​ယခုရောက်ရှိနေသည့် နေရာသည်လည်း စစ်ဆေးရေးဌာန ဖြစ်နေသည့်အတွက် စီမံဆောင်ရွက်ရသည်မှာ အလွန်ပင် လွယ်ကူချောမွေ့လှသည်။

​“သူတို့က မင်းကို တိုက်ခိုက်ပြီးတာ မကြာသေးဘူးလေ၊ ဒီလောက်နဲ့တင် မင်းက သူတို့ရဲ့ အသက်စွမ်းအင်တွေကို အကုန်လုံး စုံစမ်းပြီး အဖြေရှာနိုင်သွားပြီလား”

​ဒွမ်ချင်းရှန်းသည် လက်ထဲတွင် ကိုင်ထားသော အချက်အလက်များကို ကြည့်ရှုရင်း တစ်ကြောင်းချင်းစီကို အလွန်ပင် စေ့စပ်သေချာစွာ စစ်ဆေးနေသည်။ ထို့နောက်တွင်မူ စိတ်လှုပ်ရှားမှု တစ်စုံတစ်ရာ ပေါ်လွင်နေသော အကြည့်ဖြင့် -

​“ယင်သူတော်စင်တွေက မင်းနဲ့တွေ့ရတာ တကယ်ကို ကံဆိုးမိုးမှောင် ကျတာပါပဲ” ဟု ရေရွတ်လိုက်သည်။

​အနားတွင် ရှိနေသော ဟေးဆန်းက ထိုစကားကို ကြားလိုက်ရသဖြင့် အသိစိတ်မပါဘဲ ခေါင်းညိတ်လိုက်သည်။

​“ဟုတ်ပါတယ်၊ သူတို့က တကယ်ကို ကံဆိုးမိုးမှောင် ကျတာပါ”

​ဒွမ်ချင်းရှန်းသည် ဟေးဆန်းကို တစ်ချက်ကြည့်လိုက်သည်။

​“ဟေးဆန်းကလည်း အသက်စွမ်းအင် လိုက်လံရှာဖွေတဲ့ နည်းလမ်းတွေကို သိထားတာလား”

ဟု မေးမြန်းသည်။

​“အော်... မဟုတ်ပါဘူး၊ ကျွန်တော် ပြောချင်တာက ယင်သူတော်စင်တွေအနေနဲ့ ဖန့်ချန်ကို အခုလိုမျိုး ရန်စလိုက်တာဟာ အိမ်သာထဲမှာ မီးအိမ်ထွန်းပြီး သေလမ်းရှာနေတာနဲ့ အတူတူပါပဲ”

​ဟေးဆန်းက ဖြေကြားလိုက်သည်။

​ဒွမ်ချင်းရှန်းက ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။

​ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူသည် ဖန့်ချန်ဘက်သို့ လှည့်ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် မှေးမှိန်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။

​“ဒီတစ်ခေါက် ယင်သူတော်စင်တွေ မင်းကို လက်ရဲဇက်ရဲ လုပ်ရဲသွားတာက မင်း ယင်သူတော်စင်တွေကို ရှင်းလင်းထားတဲ့ သတင်းတွေ ပေါက်ကြားသွားလို့ ဖြစ်မယ်။

​ဌာနသုံးခုနဲ့ ဂိုဏ်းကိုးခုစလုံးက ဒီကိစ္စကို ဘယ်သူ့ကိုမှ မပေါက်ကြားစေရဘူးဆိုတဲ့ တင်းကျပ်တဲ့ အမိန့်ကို ချက်ချင်း ထုတ်ပြန်ထားခဲ့တာ။

​ဒါကြောင့်မို့လို့ ငါတို့ထဲမှာ မင်းကို မျက်စိနောက်နေတဲ့ သူတော်စင် တစ်ယောက်ယောက်က သူတစ်ပါးလက်ကို ငှားပြီး မင်းကို လုပ်ကြံဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်”

​ဖန့်ချန်၏ အမူအရာမှာ ပြောင်းလဲသွားသည်။ သူသည် ဤကိစ္စကို ဒွမ်ချင်းရှန်းအား တိုင်ကြားရန် စဉ်းစားနေခဲ့ခြင်း ဖြစ်သော်လည်း စစ်ဆေးရေးဌာန၏ တုံ့ပြန်မှုမှာ အလွန်ပင် လျင်မြန်လှပေသည်။

​ဟေးဆန်းက မျက်ဝန်းများကို အနည်းငယ် မှေးကျဉ်းလိုက်သည်။

​“ဖန့်ချန်က အခုလို နိဗ္ဗာန်တားမြစ်နယ်မြေထဲက ကျင့်စဉ်တွေကို ထုတ်ယူလာနိုင်တာကြောင့် ယင်သူတော်စင်တွေကလွဲရင် သူ့ကို သေစေချင်မယ့်သူ ဘယ်သူမှ မရှိနိုင်ဘူး”

​“မှန်ပါတယ်၊ ယင်သူတော်စင်တွေတောင်မှ သူ့ကို သေစေချင်မှာ မဟုတ်ပါဘူး၊ နိဗ္ဗာန်တားမြစ်နယ်မြေထဲက အဲဒီလို အသေးအဖွဲ ကိစ္စလေးတွေက သတိပေးချက် သက်သက်ပါပဲ”

​“တကယ်လို့သာ သူ့ကို တကယ်သေစေချင်ရင် နေမင်းခုနစ်ပါး ကျောင်းသားတွေက ဝင်ရောက် တိုက်ခိုက်မှာ မဟုတ်သလို၊ ဒီလို အချိန်အခါမျိုးကိုလည်း ရွေးချယ်မှာ မဟုတ်ဘူး”

​“သူတို့ ဒီလောက်ထိတော့ မိုက်မဲပြီး ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်နေကြမှာ မဟုတ်ဘူးလေ”

​ဒွမ်ချင်းရှန်းက ပြုံး၍ ပြောလိုက်သည်

​“ဒါပေမဲ့ ငါတို့ ဖမ်းစီးရေးဌာနရဲ့ လက်အောက်ခံ အရာရှိလေးတွေကို ဘယ်သူမဆို စိတ်ကြိုက် သတိပေးလို့ ရနေတာတော့ မဟုတ်ဘူး။

​ဒီတစ်ခေါက် ဘယ်သူပဲ ဖြစ်ဖြစ်၊ ငါတို့ သေချာပေါက် ရှာဖွေ ဖော်ထုတ်ပြမယ်”

​စကားဆုံးသည်နှင့် သူသည် လက်ထဲရှိ နေမင်းခုနစ်ပါးကျောင်းသားများ၏ အသက်စွမ်းအင်များ ရေးသားထားသော စာရွက်စာတမ်းများကို ခါယမ်းလိုက်သည်။

​“ငါ အလုပ်ကိစ္စ သွားဦးမယ်၊ မင်းတို့ ဆက်ပြောကြပါဦး”

ဟု ဆိုကာ ချက်ချင်းပင် လှည့်ထွက်သွားလေသည်။ တစ်ခဏချင်းအတွင်းမှာပင် သူသည် လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

​ဟေးဆန်းသည် ထိုမြင်ကွင်းကို ကြည့်ပြီးနောက် နှာချေလိုက်ကာ ဖန့်ချန်ကို နောက်နောင် ဂရုစိုက်ရန် မှာကြားရင်း လှည့်ထွက်သွားပြန်သည်။

​“ဖန့်အစ်ကိုကြီး”

​ဟေးဆန်း ထွက်သွားပြီးနောက်မှ ဖန့်ကျစ်ရွှယ်တို့အဖွဲ့သည် အနားသို့ ကပ်လာရဲကြတော့သည်။

​ဒီတစ်ခေါက်တွင် ကျန်းထန်းဝမ်ခန်းမဆောင်မှ ကျောင်းသား အများအပြား ထွက်ခွာသွားခဲ့သော်လည်း ဆန်းနယဲ့အဆင့် ဘွဲ့အမည်ကို ရရှိခဲ့သူမှာမူ အနည်းငယ်သာ ရှိသည်။

​ဖန့်ချန် အပြင်သို့ ရောက်ရှိလာမှသာ သိလိုက်ရသည်မှာ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်တွင်သာ လူတစ်ရာ ပြည့်မီခဲ့ခြင်း ဖြစ်သည်။

​အခြားသော တံခါးပေါက်ရှစ်ခုတွင်မူ စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုပြီးသွားသော်လည်း လူတစ်ရာ မပြည့်မီခဲ့ကြပေ။

​လက်ရှိတွင် ရွှေဟွေးကျောင်းတော်၌ ထိုက်ဟောင်ဟွမ်းယောင်တို့နှင့် ပေါင်းလိုက်လျှင်ပင် ဆန်းနယဲ့အဆင့် ကျောင်းသားတစ်ရာ မပြည့်သေးပေ။

​သို့သော်လည်း ကံကောင်းသည်မှာ ‌ကရုဏာတောင်မှ သွားရောက်ခဲ့သော ကျောင်းသားအရေအတွက်အတိုင်း ဆန်းနယဲ့အဆင့် ဘွဲ့အမည်များကို ပြန်လည် ရရှိခဲ့ကြခြင်းပင် ဖြစ်သည်။

​သူတို့အားလုံးသည် လင်နယဲ့ အစောပိုင်းအဆင့်များသာ ဖြစ်ကြသော်လည်း သူတို့၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုမှာ အထင်သေး၍ မရပေ။

​‌ကရုဏာတောင်သည်လည်း သူကဲ့သို့ပင် လူသားမျိုးနွယ် ဖြစ်ကြပြီး ပြည့်စုံသော ရလဒ်ဖြင့် ပြန်လာနိုင်ခြင်းမှာ အလွန်ပင် ရှားပါးလှသည်။

​“ဖန့်ညီမလေး၊ ဒီတစ်ခေါက် မင်း လင်နယဲ့ အလယ်ပိုင်းအဆင့် စာမေးပွဲကိုတောင်မှ အနိုင်ရလုနီးပါး ဖြစ်ခဲ့တယ်လို့ ကြားလိုက်ရတယ်”

​ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။

​ဖန့်ကျစ်ရွှယ်မှာ အနည်းငယ် ရှက်ရွံ့သွားသည်။

​သူမ၏ ပါရမီမှာ ထိပ်တန်း အဆင့်ဖြစ်သည်မှာ အမှန်ပင်။

​မွေးရာပါပင် အထွတ်ထိပ်တာအို အဆင့် အတွင်းကမ္ဘာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

​သို့သော်လည်း...

​သူမသည် ယခုတစ်ခေါက်တွင် အခြားကျောင်းသားများနည်းတူ လင်နယဲ့ အစောပိုင်းအဆင့် အကဲဖြတ်သူ၏ ရှေ့တွင် တစ်နာရီခန့်သာ တောင့်ခံနိုင်ခဲ့သည်။

​ပြိုင်ဘက်ကို အနိုင်ရလုနီးပါး ဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင် လက်တစ်လုံးခြားဖြင့် လွဲချော်သွားခဲ့ရသည်။

​ဖန့်ကျစ်ရွှယ်၏ စိတ်ထဲတွင် ဖြစ်ပျက်နေသည်ကို ရိပ်မိသဖြင့် ဖန့်ချန်က ရယ်မောလိုက်သည်။

​“အရင်က သူတော်စင်ဧကရာဇ် စီမံကိန်းက ဘိုးဘေးတွေတောင် လင်နယဲ့ အလယ်ပိုင်းအဆင့်ကနေ စခဲ့ကြတာပါ။

​မင်း ပထမဆုံးအကြိမ် နိဗ္ဗာန်တားမြစ်နယ်မြေကို သွားတာနဲ့တင် သူတို့နဲ့ တစ်တန်းတည်း ဖြစ်လုနီးပါး ဖြစ်နေပြီ၊ ဒါကို မကျေနပ်သေးဘူးလား။

​ဒီတစ်ခေါက် ပြန်သွားရင် ကျင့်စဉ်တွေကို သေချာ ကျင့်ကြံလိုက်၊ နောက်တစ်ခေါက်သွားရင် လင်နယဲ့ အလယ်ပိုင်းအဆင့် ဘွဲ့အမည်ကို သေချာပေါက် ရနိုင်မှာပါ”

ဟု နှစ်သိမ့်လိုက်သည်။

​ဆွေ့ရှင်းကျိက ခေါင်းညိတ်လိုက်ပြီး -

​“မင်းရဲ့ ပါရမီက တကယ်ကို မညံ့ပါဘူး၊ တကယ်လို့သာ သူတော်စင်ဧကရာဇ် စီမံကိန်း မပယ်ဖျက်ခဲ့ဘူး၊ နိဗ္ဗာန်တားမြစ်နယ်မြေ မပေါ်လာခဲ့ဘူးဆိုရင် မင်းလည်း ငါတို့ထဲက တစ်ယောက် ဖြစ်နေမှာ အသေအချာပါပဲ”

​ဖန့်ချန်နှင့် ‌ဆွေ့ရှင်းကျိတို့က တစ်ပြိုင်နက်တည်း နှစ်သိမ့်စကား ပြောလိုက်သဖြင့် ဖန့်ကျစ်ရွှယ်မှာ ရှက်ရွံ့စွာဖြင့် ပြုံးလိုက်သည်။

​“ဟုတ်ကဲ့၊ နောက်တစ်ခေါက်တော့ သေချာပေါက် ကြိုးစားပြီး လင်နယဲ့ အလယ်ပိုင်းအဆင့်ကို ရအောင် ယူမယ်”

​ထိုက်ဟောင်ဟွမ်းယောင်နှင့် အခြားသူတို့သည် ဖန့်ကျစ်ရွှယ်နှင့် ကရုဏာတောင်မှ ကျောင်းသားများကို ကြည့်ရင်း အမူအရာမှာ ထူးဆန်းနေကြသည်။

​သူတို့သည် လူသားမျိုးနွယ်ဝင် ကျောင်းသားများ၏ ကရုဏာတောင်အဖွဲ့မှာ ထူးခြားနေကြောင်းကို အစောကတည်းက သတိထားမိခဲ့ကြသည်။

​ကျောင်းသား တစ်ယောက်ချင်းစီတွင် ဤမျှ အခြေခံကောင်းများ ရှိနေသည်ဆိုလျှင် နောက်ကွယ်တွင် ကြီးမားသော အင်အားစုတစ်ခု ရှိနေရမည်မှာ သေချာသည်။

​သို့သော်လည်း ထိုသူတို့၏ နောက်ကွယ်တွင် မည်သူရှိနေသနည်းဆိုသည်ကိုမူ သူတို့ မသိကြချေ။

​“မင်းတို့ ဒီတစ်ခေါက် ပြန်သွားရင်တော့ အဆင့်တိုးမြှင့်ဖို့အတွက် အချိန်တွေကို မဖိထားတော့ပါနဲ့တော့”

​ဖန့်ချန်၏ အကြည့်တို့သည် ဝမ်ချုံစန်း၊ ရှဲ့အာမန်၊ ချန်းအင်းရွှယ် တို့၏ အပေါ်သို့ ကျရောက်သွားသည်။

​“အရင်ဆုံး အသက်စွမ်းအင်အဆင့်ထိ အဆင့်မြှင့်လိုက်၊ နောက်တစ်ခေါက် ငါ မရှိရင် ဘယ်သူက မင်းတို့ကို မျက်စိနောက်နေမလဲ မသိနိုင်ဘူး။ အသက်စွမ်းအင်အဆင့် ရှိထားရင်တော့ အသက်အန္တရာယ်အတွက် ပိုပြီး စိတ်ချရတာပေါ့”

​“ဟုတ်ကဲ့ပါ”

​လူအပေါင်းတို့၏ အမူအရာမှာ အနည်းငယ် တင်းမာသွားကြသည်။

​အမှန်မှာ ရှေးဟောင်းဘိုးဘေးများအားလုံး အသက်စွမ်းအင် အစောပိုင်းအဆင့်သို့ တိုးမြှင့်လိုက်သည်ကို မြင်ရကတည်းက သူတို့ သတိထားမိခဲ့ကြခြင်း ဖြစ်သည်။

​ဖြစ်နိုင်သည်မှာ အသက်စွမ်းအင် အစောပိုင်းအဆင့်မှသာ ထိုနေရာအတွက် ပိုပြီး သင့်တော်မည် ဖြစ်သည်။

​အနည်းဆုံးတော့ လက်ရှိ ကောင်းကင်ငါးပါး ရဲ့ အခြေအနေအရ အသက်စွမ်းအင် အစောပိုင်းအဆင့်က ပိုပြီး လုံခြုံမှု ရှိသည်။

​“ဖန့်ဘိုးဘေး၊ ဒီတစ်ခေါက် ဘယ်လောက်ကြာကြာ တံခါးပိတ် ကျင့်ကြံဖို့ စိတ်ကူးထားတာလဲ၊ အတွင်းကမ္ဘာကို တစ်ခါတည်း အပြီးသတ်ပေါင်းစပ်ဖို့ လေ့ကျင့်တော့မှာလား”

​ထိုက်ဟောင်ဟွမ်းယောင်က ရုတ်တရက် မေးမြန်းလိုက်သည်။

​“အင်း... ဘယ်လောက်ကြာမလဲဆိုတာတော့ ငါလည်း မခန့်မှန်းနိုင်သေးဘူး။

​ငါ စဉ်းစားထားတာကတော့ နောက်တစ်ခေါက် သွားရင်လည်း ကျဲနယဲ့ အလယ်ပိုင်းအဆင့်ကို ရနိုင်မှာ မဟုတ်ဘူးဆိုရင် အဲဒီအချိန်ကို ချွေတာပြီး ကျင့်ကြံဖို့ပဲ သုံးတော့မယ်”

ဟု ဖန့်ချန်က ခေါင်းညိတ်၍ ပြောသည်။

​ထိုစကားကို ကြားလိုက်ရသဖြင့် ဘိုးဘေးများစွာတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး အားလုံး၏ မျက်ဝန်းထဲတွင် ပြတ်သားသော သန္နိဋ္ဌာန်များ ပေါ်လာကြသည်။

​“ဒါဆိုရင် ငါတို့လည်း နောက်တစ်ခေါက် မသွားတော့ဘူး”

​လွမ်းထိုက်ကူက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

​“ဒီတစ်ခေါက် နိဗ္ဗာန်တားမြစ်နယ်မြေ စာမေးပွဲမှာ အရင်ကထက် ရလဒ်ကောင်းပေမယ့် အဆင့်တိုးတက်မှုက အဲဒီလောက် မများဘူး။

​ဒါကြောင့် အရင်ဆုံး အခြေခံတွေကို စနစ်တကျ ပြန်လည် စုစည်းပြီး ကျင့်စဉ်တွေကို အစအဆုံး ကျွမ်းကျင်အောင် လုပ်လိုက်တာက ပိုကောင်းမယ်”

​သူတို့တွင် ဘုံသဘောတူညီချက်တစ်ခု ရှိနေပြီဖြစ်သည်။

​အတွင်းကမ္ဘာကို လုံးဝ အပြီးသတ် လေ့ကျင့်မှသာ အစစ်အမှန် ကျင့်ကြံခြင်းကို စတင်နိုင်မည် ဖြစ်သည်။

​နိဗ္ဗာန်တားမြစ်နယ်မြေကို နောက်တစ်ခေါက် ထပ်မံ ဝင်ရောက်ရန်အတွက်ပဲ ဖြစ်ဖြစ်၊ နောင်တစ်ချိန် သူတော်စင်ဘွဲ့အတွက် ဖြစ်လာနိုင်သော အန္တရာယ်များအတွက်ပဲ ဖြစ်ဖြစ် လက်ရှိတွင်မူ ကျင့်စဉ်များကို လေ့ကျင့်ခြင်းကသာ အဓိက ဖြစ်သည်။

​ပိုမိုမြင့်မားသော ဆန်းနယဲ့အဆင့် ဘွဲ့အမည်များအတွက်ဆိုလျှင် သူတို့ အစွမ်းအစ ပြည့်ဝသွားသည့်အခါမှသာ တစ်ခါတည်း လာရောက်၍ အဆင့်တိုးမြှင့်ခြင်းကို ပြုလုပ်နိုင်ပေသည်။

​“ဟုတ်တယ်၊ ဒီတစ်ခေါက် အကြီးအကဲငါးပါးတောင် ရွှမ်နယဲ့ အစောပိုင်းကနေ အလယ်ပိုင်းအဆင့်ကို ရောက်သွားကြတယ်”

​ထိုက်ဟောင်ဟွမ်းယောင်က လေးနက်သော အကြည့်ဖြင့် ပြောသည်။

​ဆွေ့ရှင်းကျိ၊ လွမ်းထိုက်ကူနှင့် တက်ရောက်နေသည့် ကျောင်းသားအများစုတို့သည် တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။

​ရွှမ်နယဲ့ အစောပိုင်းမှ အလယ်ပိုင်းသို့ တက်လှမ်းခြင်း၏ အခက်အခဲမှာ သူတို့၏ လင်နယဲ့ အစောပိုင်းမှ အလယ်ပိုင်းအဆင့်သို့ တက်လှမ်းခြင်းထက် အဆပေါင်းများစွာ ပိုခက်ခဲသည်မှာ အသေအချာပင်။

​ထိုကျန်းထန်းဝမ် ခန်းမဆောင်မှ အကြီးအကဲငါးပါးမှာ တကယ်ပင် လက်ရှိ ကာလ၏ အတော်ဆုံးသူများ ဖြစ်သည်။

​သိုသော်လည်း... ထိုသူ (ဖန့်ချန်) သာ မရှိပါက ပိုကောင်းပေလိမ့်မည်။

​ကျောင်းသား အတော်များများက ဖန့်ချန်ကို လှည့်ကြည့်လိုက်ကြရာ စိတ်ထဲတွင် ပိုမို၍ တွေးတောမိကြသည်။

​သူတို့ နားလည်လိုက်သည်မှာ ဤသူ ရှိနေသရွေ့ ထိုအကြီးအကဲငါးပါးမှာလည်း နေ့စဉ်နှင့်အမျှ ဦးညွှတ်နေရဦးမည် ဖြစ်သည်။

​တစ်ရက်ခန့် ကြာပြီးနောက်...

​အတွင်းကမ္ဘာသည် ရုတ်တရက် ရပ်တန့်သွားသယောင် ရှိပြီးနောက် တံခါးပေါက်များမှာ ဖြည်းညှင်းစွာ ပွင့်လာသည်။

​ဟေး‌ဆန်းမှာ ဘာဖြစ်မှန်း မသိသလို၊ ရှူလုံ ကောင်းကင်အရှင်ကိုလည်း မတွေ့ရသဖြင့် တံခါးပေါက်ဆီသို့ လျှောက်သွားလိုက်သည်။

​နောက်ဆုံးတွင် သူနှင့် ဖန့်ချန်တို့သည် ရင်းနှီးသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။

​“ဆွေ့ရွှမ်လင် ဟုတ်လား”

​ဟေးဆန်းမှာ အံ့အားသင့်သွားသည်။

​“ဆရာ”

​ဖန့်ချန်သည် ချက်ချင်း ရှေ့သို့တိုးကာ လက်အုပ်ချီ၍ ဂါရဝပြုလိုက်သည်။

All Chapters