အခန်း (၃၂၁-၃၂၂)
Vol. 33 Ch. 321-322
ဖန့်ချန်
ဘာသာပြန် အရှင်ငယ်
အခန်း ၃၂၁ - မင်း ပြန်မလာသင့်ခဲ့ဘူး
လက်ဖက်ရည်ဆိုင်၏ ဒုတိယထပ်တွင်
လင်းယုနှင့် သူ၏အဖော်များသည် မြို့ပြင်ပိုင်းသို့ ပြန်ရန် လက်ဖက်ရည်ဆိုင်မှ ထွက်ခွာသွားကြပြီဖြစ်သည်။ သူတို့တွင် မြို့တွင်း၌ နေထိုင်ခွင့် အရည်အချင်း မရှိကြပေ။
ထို့ကြောင့် မြို့တွင်းနေထိုင်သူများ ခံစားရရှိနေသည့် ကြွယ်ဝလှသော ဝိညာဉ်စွမ်းအင်များကို ကြည့်ကာ စိတ်ထဲမှသာ တိတ်တဆိတ် အားကျနေကြရသည်။
သူတို့ ထွက်သွားပြီးနောက် သိပ်မကြာမီမှာပင် ကျော့ရှင်းသော ပုံရိပ်တစ်ခု ဒုတိယထပ်သို့ တက်လာပြီး ကျွယ်ဝူတီ၏ ရှေ့တွင် ဝင်ထိုင်လိုက်သည်။
သူမတွင် နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေနှင့် ကြယ်တာရာများကဲ့သို့ တောက်ပသော မျက်ဝန်းများ ရှိသည်။
"အစ်ကိုကြီးကျွယ် ရှကျီ ပြန်ရောက်နေပြီလို့ ကြားတယ် သူက အစ်ကိုကြီးအကြောင်း အတင်းအဖျင်းတွေ လျှောက်ပြောနေတာ ဘာလုပ်ဖို့ အစီအစဉ် ရှိလဲ"
ထိုအမျိုးသမီးက တိုးတိုးလေး မေးသည်။
"အစ်ကိုကြီးသာ သဘောတူမယ်ဆိုရင် သူ့ကို ပါးစပ်ပိတ်သွားအောင် ကျွန်မ လုပ်ပေးနိုင်ပါတယ်"
"လင်ရှင်း ရှကျီ က ချီသန့်စင်ခြင်း အဆင့်လေး ကျင့်ကြံသူ တစ်ယောက်ပါပဲ သူ့အတွက် အများကြီး စိတ်ပူနေစရာ မလိုပါဘူး သူ ကြိုက်သလောက် ပြောပါစေ၊ ငါ့အတွက်တော့ ဒါက ဘာမှ မဟုတ်ပါဘူး"
ဟု ကျွယ်ဝူတီက ခပ်ဖွဖွ ရယ်မောရင်း ဆိုသည်။
ဖန့်လင်ရှင်းက မျက်မှောင်ကြုတ်လိုက်ပြီး
"ဒါပေမဲ့ ဘယ်သူကမှ အစ်ကိုကြီးရဲ့ နာမည်ကို လာဖျက်ဆီးတာကို ကျွန်မ အဖြစ်မခံနိုင်ဘူး"
ဟု ပြောသည်။
ကျွယ်ဝူတီက ဘာမှ ပြန်မပြောဘဲ အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
"ကြားပြီးပြီလား ဖန့်မိသားစုဝင် တစ်ယောက်က သူ့ရဲ့ ဘိုးဘေးတွေကို အသိအမှတ်ပြုဖို့ ပြန်လာတယ်တဲ့ သူက ရှကျီ နဲ့ သူငယ်ချင်းလေ"
"ဘိုးဘေးတွေကို အသိအမှတ်ပြုဖို့ ဟုတ်လား"
ဖန့်လင်ရှင်း၏ မျက်လုံးထဲတွင် အထင်အမြင်သေးမှုများ လက်သွားသည်။
"ဒီလိုလူတွေက နှစ်တွေတစ်လျှောက် အများကြီးပဲငါတို့ ဖန့်မိသားစုက အင်အားကြီးတော့ တချို့က အပြင်မှာ လွင့်စင်သွားတာ ဖြစ်နိုင်ပါတယ် ရှကျီ နဲ့ သိနေရင်တောင် ဘာမှ ထူးမလာပါဘူး အကယ်၍ သူက ဒီကိစ္စထဲ ဝင်ပါမယ်ဆိုရင် သူ့ကို မြို့ပြင်ဘက် ပြန်မောင်းထုတ်လိုက်မှာပေါ့"
သူမသည် ဖန့်မိသားစု၏ ပါရမီရှင်ဖြစ်ပြီး တိုက်ရိုက်မျိုးဆက်လည်း ဖြစ်သည်။
ငယ်ငယ်ရွယ်ရွယ်နှင့် ချီသန့်စင်ခြင်း အဆင့် ၁၂ သို့ ရောက်ရှိထားသူ ဖြစ်ရာ သူမ ပြောသည့်အတိုင်း လုပ်နိုင်သည့် အစွမ်း ရှိပေသည်။
"သူ့ကို အထင်မသေးနဲ့ အဲ့ဒီလူက သာမန်တော့ မဟုတ်ဘူးလို့ ငါ ခံစားရတယ်"
ဟု ကျွယ်ဝူတီက တွေးတွေးဆဆ ပြောသည်။
ဖန့်လင်ရှင်း အနည်းငယ် လန့်သွားသည်။
"သူက သာမန်မဟုတ်ဘူး ဟုတ်လား"
အခြားသူသာ ပြောလျှင် သူမ ဂရုစိုက်မည် မဟုတ်သော်လည်း ကျွယ်ဝူတီ ကိုယ်တိုင် ပြောနေခြင်း ဖြစ်သဖြင့် သူမ ထိုစကား၏ အဓိပ္ပာယ်ကို လေးလေးနက်နက် စဉ်းစားမိသွားသည်။
ကျွယ်ဝူတီက ပြုံးလျက်
"အများကြီး စိတ်မပူပါနဲ့ နည်းနည်း သတိထားရုံပါပဲ ဒါနဲ့ လာမယ့် ကုန်သွယ်မှု ညီလာခံအတွက် ဖန့်မိသားစုက မင်းအတွက် ဘာတွေ စီစဉ်ပေးထားလဲ"
ဖန့်လင်ရှင်းက ပြုံး၍ ပြန်ဖြေသည်
"ဒီတစ်ခါမှာ မိုးပြာတိမ်တိုက် အင်ပါယာ က အဆောင်ရေးတဲ့ ဆရာကြီးတစ်ယောက် လာလိမ့်မယ် မိသားစုက ကျွန်မကို သူ့ဆီမှာ တပည့်ခံစေချင်နေတာ အဲ့ဒီလိုသာ ဖြစ်လာရင် ကျွန်မ ခဏတဖြုတ်တော့ ကျင့်ကြံဖို့ မိုးပြာတိမ်တိုက်ဆီ သွားရလိမ့်မယ်"
ကျွယ်ဝူတီက ခေါင်းငြိမ့်ပြသည်။
"ဒါက ကောင်းတဲ့ ကိစ္စပဲ မင်း မိုးပြာတိမ်တိုက်ကို သွားရင် နောက်ပိုင်း ဖန့်မိသားစု ခေါင်းဆောင်နေရာအတွက် မင်းနဲ့ ယှဉ်မယ့်သူ ရှိမှာ မဟုတ်တော့ဘူးမင်းရဲ့ မျိုးဆက်ထဲမှာ ဒီနေရာနဲ့ ထိုက်တန်တဲ့ အရည်အချင်း ရှိတာ မင်း တစ်ယောက်ပဲ ရှိတာ"
ဖန့်လင်ရှင်း၏ ပါးပြင်လေးများ ရုတ်တရက် နီမြန်းသွားပြီး
"ကျွန်မ ဖန့်မိသားစု ခေါင်းဆောင် ဖြစ်ဖို့ကို သိပ်စိတ်မဝင်စားပါဘူး အစ်ကိုကြီးနဲ့အတူ လက်ဖက်ရည်သောက်ရင်း တိမ်ပင်လယ်ကြားက နေထွက်တာကို ကြည့်ပြီး အချိန်ကုန်ဆုံးချင်တာပါပဲ"
"မင်းက ဖန့်မိသားစု ခေါင်းဆောင် ဖြစ်လာပြီး ငါက ကျွယ်မိသားစု ခေါင်းဆောင် ဖြစ်လာရင် ငါတို့မှာ အဲ့ဒီလိုလုပ်ဖို့ အခွင့်အရေးတွေ အများကြီး ရှိလာမှာပေါ့"
ကျွယ်ဝူတီက ပြုံးလျက် ထိုင်ခုံမှ ထလာပြီး ဖန့်လင်ရှင်း၏ ရှေ့တွင် ရပ်လိုက်သည်။ သူမ၏ မေးစေ့ကို လက်ချောင်းနှစ်ချောင်းဖြင့် အသာအယာ မလိုက်ပြီး သူမ၏ မျက်ဝန်းများကို ချစ်ခင်မြတ်နိုးစွာ စိုက်ကြည့်နေတော့သည်။
ထိုအခိုက်အတန့်တွင် စကားလုံးများပင် မလိုတော့ဘဲ တိတ်ဆိတ်မှုကသာ အရာအားလုံးကို ဖော်ပြနေသည်။
ခဏအကြာတွင် ကျွယ်ဝူတီက နောက်ဆုတ်လိုက်ပြီး
"ငါ ပြန်ပြီး ကျင့်ကြံရတော့မယ် ဒီကုန်သွယ်မှု ညီလာခံက နှစ်ပေါင်းရာနဲ့ချီမှ တစ်ခါဖြစ်တဲ့ ရှားပါးတဲ့ ပွဲလေ ဂိုဏ်းအသီးသီးက တပည့်တွေကြားမှာ ပြိုင်ဆိုင်မှု ပြင်းထန်နိုင်တယ် ကျွယ်မိသားစုရဲ့ တပည့်တစ်ယောက်အနေနဲ့ ငါက တခြားသူတွေထက် အားနည်းလို့ မဖြစ်ဘူး"
ဟု ပြောကာ တိမ်တိုက်များကဲ့သို့ ဖမ်းဆုပ်မရသော အမူအရာဖြင့် ထွက်ခွာသွားသည်။
ဖန့်လင်ရှင်းသည် သူ ထွက်သွားသည်ကို စွဲလန်းစွာ ကြည့်ကျန်ရစ်ခဲ့သည်။
ခဏအကြာတွင် သူမ စိတ်ကို ပြန်ထိန်းကာ အေးစက်သော အမူအရာ ပြန်ဖြစ်သွားသည်။ သူမ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး
"ရှကျီ "
ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
ကောင်းကင်ရတနာခန်းမတွင် ရှကျီ သည် ဝူရို့ချို၏ အကြိုက်နှင့် ကိုက်ညီမည့် ဓား တစ်လက်ကို ရွေးချယ်နေသည်။
ထိုဓားတွင် ဝိညာဉ်တံဆိပ် ၁၂ ခု ပါဝင်ရာ သူမအတွက် အတိအကျပင် ဖြစ်သည်။
ဓားကို မြင်ရင် အစ်မယသေချာပေါက် ပျော်သွားမှာပဲ ဟု ရှမင်က ပြုံးလျက် တွေးလိုက်သည်။ သူမ၏ ရတနာမှာ နောက်ဆုံးအကြိမ် ဖန့်လင်ရှင်းနှင့် တိုက်ခိုက်စဉ်က ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။
သူ့ဘေးရှိ အရောင်းစာရေးက သူ ပြုံးနေသည်ကို မြင်သောအခါ မြှောက်ပင့်လိုက်သည်
"သခင်လေးရှကျီ မှာ အမြင်ရှိသားပဲ ဒီဓားက အဆင့် ၄ အင်ပါယာဖြစ်တဲ့ မိုးပြာတိမ်တိုက် အင်ပါယာက လျှို့ဝှက်ဓားခန်းမ က ထွက်တဲ့ လက်ရာပဲ ဒါက တကယ်ကို ကောင်းမွန်တဲ့ ရတနာပါ"
"ကျွန်တော်တို့ဆီမှာ အစက အလက် ၂၀ ရှိတာ၊ ၁၉ လက် ရောင်းကုန်သွားလို့ ဒါ နောက်ဆုံးတစ်လက်ပဲ ကျန်တော့တာပါ"
"ဝိညာဉ်ကျောက်တုံး ဘယ်လောက်လဲ"
ရှကျီက ပြုံး၍ မေးလိုက်သည်။
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ရာပဲ ကျသင့်ပါမယ်"
ဟု စာရေးက ချက်ချင်း ဖြေသည်။
"နှစ်ရာလား"
ရှကျီ က တိတ်တဆိတ် ခေါင်းငြိမ့်လိုက်သည်။
ဝိညာဉ်တံဆိပ် ၁၂ ခုပါသည့် သာမန်ရတနာများထက် ဈေးအနည်းငယ် ပိုကြီးသော်လည်း လက်ရာနှင့် အရည်အသွေးက သိသိသာသာ သာလွန်ကြောင်း သူ သိမြင်နိုင်သည်။
"ကောင်းပြီ ဒီဓားကိုပဲ ငါ ယူမယ်"
ဟု ရှကျီ က ဆိုသည်။
ရှကျီ ပြောပြီးသည်နှင့် လူငယ်အချို့ ရောက်လာကြသည်။ ထွားကြိုင်းသော လူငယ်တစ်ယောက်က ဓားကို လှမ်းယူကာ စိတ်ဝင်တစား စစ်ဆေးလိုက်သည်။
"ပထမဆုံး လာတဲ့သူက အရင် ရသင့်တာလေ ဒီဓားကို ငါ အရင်မြင်တာ မင်း တခြားပစ္စည်းတွေ သွားကြည့်တာ ပိုကောင်းလိမ့်မယ်"
ဟု ရှကျီ က ခပ်ဖျော့ဖျော့ ပြုံးရင်း ပြောလိုက်သည်။
"မင်းက ငါတို့နဲ့ ဈေးပြိုင် ဝယ်ချင်တာလား ရှကျီ စွမ်းအားမြင့်ဗလာကျောင်းတော်က ဆရာတော် ချန်ယွမ်ရဲ့ တပည့်ဆိုတာ ငါသိပါတယ်"
" အရင်ကတော့ မင်းရဲ့ ဆရာ့မျက်နှာကြောင့် ငါ သည်းခံခဲ့ပေမဲ့ အခု မင်းက ကျွယ်ဝူတီကို စော်ကားထားတာလေ ဘာလဲ ကျွယ်မိသားစုက တခြားတပည့်တွေကိုပါ ထပ်ပြီး စော်ကားချင်သေးတာလား"
ထိုလူငယ်က ရှကျီ ကို အရေးမပါသလိုမျိုး လှောင်ပြောင်လိုက်သည်။
သူ့နောက်မှ ကျွယ်မိသားစု တပည့်များကလည်း ရှကျီ ဘာလုပ်မလဲဆိုသည်ကို ကြည့်ကာ မထီမဲ့မြင် ပြုံးနေကြသည်။
"မင်းတို့က ကျွယ်မိသားစုကကိုး ဒါကြောင့်လည်း ယဉ်ကျေးမှု မရှိတာ မဆန်းပါဘူး"
ဟု ရှကျီက ခေါင်းခါရင်း ပြောလိုက်သည်။
ထို့နောက် ဝိညာဉ်ကျောက်တုံး နှစ်ရာ ထုတ်ယူကာ စာရေးကို ကမ်းပေးလိုက်သည်။
"ငါ ဒီဓားကို ယူမယ်"
ပတ်ဝန်းကျင်ရှိ လူများ၏ အမူအရာ ပြောင်းလဲသွားသည်။ ဒီကောင် တကယ်ပဲ သူတို့ကို စိန်ခေါ်ရဲတာလား
ထိုလူငယ်က စာရေးကို ကြည့်ကာ အေးစက်စွာ ပြောသည်
"မင်း သူ့ဆီက ကျောက်တုံးတွေကို ယူရဲသလား"
စာရေးက ခပ်ဖွဖွ ရယ်မောကာ ရှကျီ၏ ကျောက်တုံးများကို လက်ခံလိုက်သည်။
ထို့နောက် လူငယ်၏ လက်ထဲမှ ဓားကို ပြန်ယူကာ ရှကျီကို ရိုရိုသေသေ ကမ်းပေးလိုက်သည်။
"သခင်လေးရှကျီ အရောင်းအဝယ် ပြီးပါပြီ လမ်းမှာ ဂရုစိုက်ပြီး ပြန်ပါဦးခင်ဗျာ"
ထိုလူငယ်မှာ မှင်တက်သွားပြီး မျက်မှောင်ကြုတ်သွားသည်။ ဒီစာရေးက ငါတို့ကို စော်ကားရဲတယ်ပေါ့
"ငါ ပြောတာ မကြားဘူးလား မင်း နားထိုင်းနေတာလား ဒါမှမဟုတ် ငါ့အသံက တိုးနေလို့လား"
ထိုလူငယ်က စာရေးကို အေးစက်စွာ ကြည့်ကာ
"ဒီဓားက ငါ့ဟာ မင်း ဘာအခွင့်အရေးနဲ့ တခြားလူကို ရောင်းတာလဲ ကောင်းကင်ရတနာခန်းမက ဖောက်သည်တွေကို ဒီလိုပဲ ဆက်ဆံတာလား?း"
"အရှင် သခင်လေးရှကျီ က ဒီဓားကို အရင်ဆုံး တွေ့ပြီး ရွေးချယ်ခဲ့တာပါ ကျွန်တော်ကတော့ နိမ့်ကျတဲ့ အစေခံ တစ်ယောက်မို့ ကောင်းကင်ရတနာခန်းမရဲ့ စည်းကမ်းတွေကိုပဲ လိုက်နာရုံပါပဲ ခွင့်လွှတ်ပေးပါ"
ဟု စာရေးက ဦးညွှတ်ကာ ဖြေလိုက်သည်။
"ကြားတယ်မလား"
ရှကျီက အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။
"ဒါက ကောင်းကင်ရတနာခန်းမလေ မင်းတို့ ကျွယ်မိသားစု မဟုတ်ဘူး ကျွယ်ဝူတီ ကိုယ်တိုင် ဒီမှာ ရှိနေရင်တောင် ဒီလောက် ဗိုလ်ကျလို့ မရဘူး"
ထိုလူစုမှာ မျက်နှာများ ပျက်သွားပြီး ဒေါသတကြီးဖြင့် စိုက်ကြည့်ကာ ထွက်ခွာသွားကြတော့သည်။
"သခင်လေးရှကျီ ခင်ဗျား ပြန်မလာသင့်ခဲ့ဘူး"
ဟု ထိုလူများ ထွက်သွားပြီးနောက် စာရေးက ဆိုသည်။
"စိတ်မပူပါနဲ့ ငါ ဘာလုပ်နေလဲဆိုတာ ငါသိပါတယ်"
ရှကျီ က ပြုံးလျက်
"မင်းရော ဘယ်လိုလဲ လင်းယုက မင်းကို အခုတလော နှောင့်ယှက်သေးလား"
"သခင်လေးရှကျီ စီစဉ်ပေးလို့ ကောင်းကင်ရတနာခန်းမမှာ အလုပ်ရကတည်းက သူ ကျွန်တော့်ကို မနှောင့်ယှက်ရဲတော့ပါဘူး"
ဟု စာရေးက ကျေးဇူးတင်စွာ ပြန်ပြောသည်။
"ငါ လုပ်ပေးတာ မဟုတ်ပါဘူး၊ ငါ့ဆရာ လုပ်ပေးတာပါ ငါ့မှာ အဲ့လောက် ဩဇာမရှိပါဘူး"
ရှမင်က ခါးသက်သက် ပြုံးလိုက်သည်။
ထိုအချိန်မှာပင် ဖန့်ချန် ဆိုင်ထဲသို့ ဝင်လာသည်။ သူသည် အပြင်ဘက်တွင် ထွက်သွားသည့် လူငယ်များကို တွေ့ခဲ့သည်။
"ပြဿနာ တက်နေတာလား အဲ့ဒါ ဘယ်သူတွေလဲ"
"ကျွယ်မိသားစုက လူတွေပါ ဒါပေမဲ့ ကိစ္စမရှိပါဘူး ငါ သူတို့ကို လွှတ်လိုက်ပြီ"
ဟု ရှကျီက ပြုံးလျက် ပြောကာ ဓားအသစ်ကို ထုတ်ပြလိုက်သည်။
"ဒီဓားကို ဘယ်လို ထင်လဲ"
"အရည်အသွေး ကောင်းပါတယ်"
ဖန့်ချန်က အသာအယာ ခေါင်းငြိမ့်လိုက်သည်။
သူသည် ရတနာများစွာ မြင်ဖူးသူဖြစ်ရာ ထိုဓားမှာ အမှန်တကယ်ပင် ကောင်းမွန်ကြောင်း သိမြင်နိုင်သည်။
ရုတ်တရက် ဖန့်ချန်၏ စိတ်ထဲတွင် ဓားလေး ၏ အသံ ထွက်ပေါ်လာသည်
ဖန့်ချန်လေး ငါ အရမ်း ဗိုက်ဆာနေပြီ
စိတ်မပူပါနဲ့ မကြာခင် မင်းကို ဝအောင် ကျွေးပါ့မယ်
ဟု ဖန့်ချန်က ပြန်လည် နှစ်သိမ့်လိုက်သည်။
အခန်း ၃၂၂ - ကိုယ်တိုင် အဆိုပြုခြင်း
"ဒီပဓားက ဝိညာဉ်တံဆိပ် ၁၂ ခုတောင် ပါတာပဲ ဒါက မင်းအတွက် အခုလောလောဆယ် မလိုသေးဘူးမလား"
ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။
"ဒါ စီနီယာအစ်မဝူ အတွက်လား"
ရှကျီက အသာအယာ ခေါင်းငြိမ့်သည်။
"ပြီးခဲ့တဲ့တစ်ခါ ကျွယ်ဝူတီနဲ့ ပြဿနာတက်တုန်းက ဖန့်မိသားစုက ဖန့်လင်ရှင်းက ငါ့ကို သင်ခန်းစာပေးချင်နေတာ အဲ့ဒီမှာ အစ်မဝူက ငါ့ဘက်ကနေ ဝင်ကူပြီး သူမနဲ့ တိုက်ခိုက်ပေးခဲ့တယ် အဆုံးမှာတော့ အစ်မရဲ့ ရတနာက အက်ကွဲသွားပြီး သူမလည်း ဒဏ်ရာရခဲ့တယ်"
ဖန့်ချန်က ပြုံးနေသည်ကို ရပ်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။
"ဒါဆိုရင်တော့ ဒါက သူမအတွက် လုပ်ပေးသင့်တဲ့ အမှန်ကန်ဆုံးအရာပဲ"
"ငါကတော့ သူများပိုက်ဆံနဲ့ အလှူလုပ်နေသလို ဖြစ်နေတာပေါ့"
ရှကျီ က ရယ်မောရင်း စာရေးကို နှုတ်ဆက်ကာ ဖန့်ချန်နှင့်အတူ ကောင်းကင်ရတနာခန်းမမှ ထွက်လာခဲ့သည်။
တာဝန်ခံဝူ သည် ဖန့်ချန် ဆိုင်ထဲပြန်ဝင်လာကတည်းက စောင့်ကြည့်နေခြင်းဖြစ်ပြီး သူ ပြန်ထွက်တော့မည်ကို မြင်သောအခါ အနားသို့ အမြန်ကပ်လာသည်။
"တာဝန်ခံဝူ ဘာကိစ္စရှိလို့လဲ"
"သခင်လေးဖန့် ခုနက ကျွန်တော် မှားသွားပါတယ် ကျွန်တော့်ကို နောက်ထပ် အခွင့်အရေးတစ်ခုလောက် ပေးလို့ရမလား"
တာဝန်ခံဝူ က အိုးတိုးအောင့်တောင့်ဖြင့် မေးသည်။
ဖန့်ချန်က ပြုံးလျက်
"အခွင့်အရေး ပေးနေစရာ မလိုပါဘူး ငါတို့ကြားမှာ ဘာပတ်သက်မှုမှ မရှိဘူးလေ"
တာဝန်ခံဝူ က ဟန်ဆောင်ပြုံးလိုက်ပြီး
"အဲ့ဒါက ကျွန်တော့် မျိုးနွယ်စုက စီနီယာတစ်ယောက်က မှာလိုက်လို့ပါ နောက်ပိုင်း သခင်လေးမှာ ရောင်းချင်တဲ့ ခရမ်းရောင် လျှပ်စီး အဆောင် တွေ ရှိလာရင် ကျွန်တော်တို့ ကောင်းကင်ရတနာခန်းမကို ရောင်းဖို့ စဉ်းစားပေးပါဦး"
"အဲ့ဒါကတော့ ခင်ဗျားတို့ ခန်းမက ပေးတဲ့ဈေးက လုံလောက်ရဲ့လား ဆိုတာပေါ်မှာ မူတည်တာပေါ့"
ဖန့်ချန်က ထိုစကားကို ပေါ့ပေါ့ပါးပါးပင် ပြောခဲ့ပြီး ရှကျီ နှင့်အတူ ဘေးချင်းယှဉ်ကာ ထွက်ခွာသွားတော့သည်။
တာဝန်ခံဝူ ၏ အပြုံးမှာ ပျောက်ကွယ်သွားပြီး သူ၏ မျက်လုံးများမှာ ရက်စက်ယုတ်မာသော အရိပ်အယောင်များ ပေါ်လာသည်။
သူသည် ဆိုင်ရှင်ဝူထံသို့ ချက်ချင်း ပြန်သွားပြီး အစီရင်ခံလေသည်။
"သူ့မှာ ခရမ်းရောင် လျှပ်စီး အဆောင်ဖော်အမွေအနှစ် ရှိနေတာ သေချာသလောက်ပဲ သူကိုယ်တိုင်မှာ မရှိရင်တောင် သူ့နောက်ကွယ်က တစ်ယောက်ယောက်မှာ ရှိနေရမယ်"
ဟု ဆိုင်ရှင်ဝူက တွေးတောစွာ ပြောသည်။
တာဝန်ခံဝူ ၏ မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်များ လက်သွားသည်။
"ဦးလေးယကျွန်တော် အခွင့်အရေး ရှာပြီးတော့"
ဆိုင်ရှင်ဝူက သူ့ကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ဆိုသည်
"ငါတို့က စီးပွားရေးသမားတွေလေ ဓားပြတွေ မဟုတ်ဘူး နောက်ဆို ဒီလူငယ်ကို တွေ့ရင် ငါ့မျက်နှာကို ထောက်ပြီး ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါ"
"ဒါပေမဲ့ ကျွန်တော်တို့ ကောင်းကင်ရတနာခန်းမမှာလည်း အဆောင်ရေးတဲ့ ဆရာကြီးတွေ ရှိတာပဲကို"
တာဝန်ခံဝူ က တိုးတိုးလေး ရေရွတ်သည်။
"မင်း ဘာကို ဆိုလိုတာလဲ"
ဆိုင်ရှင်ဝူက မေးသည်။
တာဝန်ခံဝူ က အမြန်ပြန်ပြောသည်
"ကျွန်တော် ဆိုလိုတာက သူ့ဆီကနေ အဲ့ဒီ အဆောင်ရေးဆွဲနည်းကို ရနိုင်မယ့် နည်းလမ်း ရှာသင့်တယ် မဟုတ်လား ဒီလောကမှာ ဈေးနှုန်းသာ မှန်မယ်ဆိုရင် ဘာမဆို ညှိနှိုင်းလို့ ရတာပဲ"
ဆိုင်ရှင်ဝူက သက်ပြင်းအသာချကာ
"မင်းက ဒီအရွယ်ထိ ဘာလို့ ဒီလောက် ပိန်းနေသေးတာလဲ အခု သူက ဖန့်မိသားစုဝင် ဖြစ်သွားပြီလေ မင်း သူ့ကို ဘယ်လို ခြိမ်းခြောက်ပြီး အဲ့ဒီ အမွေအနှစ်ကို ရောင်းခိုင်းမှာလဲ"
သူက ခဏရပ်ပြီး ဆက်ပြောသည်
"အဲ့ဒီလို မကောင်းတဲ့ စိတ်ကူးတွေကို ရပ်လိုက်စမ်း ခရမ်းရောင် လျှပ်စီး အဆောင်က ရှားပါးပေမဲ့ ငါတို့ ခန်းမအတွက်တော့ အဲ့လောက်အထိ အရေးမကြီးပါဘူး မင်းရဲ့ အားအင်တွေကို လာမယ့် ကုန်သွယ်မှု ညီလာခံမှာပဲ အာရုံစိုက်ပါ ပစ္စည်းတွေ အမြန်ဆုံး ပို့နိုင်အောင် စီစဉ်ပါ အဲ့ဒီအချိန်ကျရင် မင်း ရောင်းစရာတွေ မကုန်နိုင်အောင် ရှိလာမှာပါ"
"ဟုတ်ကဲ့ပါ"
တာဝန်ခံဝူ က ပြန်ဖြေလိုက်ရသည်။
"ဒါက ဘယ်နေရာလဲ"
ရှကျီက သူ့ကို ဝေးလံခေါင်ဖျားသော ခြံဝင်းကြီးတစ်ခုထဲသို့ ခေါ်လာသောအခါ ဖန့်ချန်က နားမလည်စွာ မေးလိုက်သည်။
"ဒါ သခင်လေးကျား ရဲ့ ခြံဝင်းလေ"
ရှကျီ က ပြုံးလျက် ပြောသည်။
"သူက ဒီအင်ပါယာမှာ ဩဇာအတော်ရှိတဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ သူက လူရှာတဲ့နေရာမှာ အရမ်းကျွမ်းကျင်တယ်ဒါပေမဲ့ သူ့ရဲ့ ဝန်ဆောင်ခကတော့ မနည်းဘူး"
"မင်းရဲ့ အစ်ကို လျူကို ရှာခိုင်းမလို့လား"
ဖန့်ချန်က မေးသည်။
"ဟုတ်တယ် အစ်ကို လျူက အသက်ရှင်နေတာပဲဖြစ်ဖြစ် သေသွားတာပဲဖြစ်ဖြစ် ငါ သိချင်တယ်"
ရှကျီက ခေါင်းငြိမ့်သည်။
"မင်း ငါ့ကို ဒီမှာပဲ ထားခဲ့လိုက် ငါ တစ်ယောက်တည်း သွားလိုက်မယ် ပြီးရင် ငါ ကျောင်းတော်ကို ပြန်မယ် ရက်နည်းနည်းကြာရင် ငါတို့ ပြန်ဆုံတာပေါ့"
"ကောင်းပြီ အခက်အခဲ တစ်ခုခုရှိရင် ငါ့ကို အသိပေးဖို့ မမေ့နဲ့ဦး"
ဖန့်ချန်က ခေါင်းငြိမ့်ပြီး လှည့်ထွက်လာခဲ့သည်။
သူ လျှောက်သွားသည်နှင့် ရှကျီက အိမ်တော်ထဲ ဝင်သွားသည်။
ထိုအချိန်မှာပင် ဖန့်ချန်၏ ဝိညာဉ်ခန္ဓာမှာ အိမ်တော်၏ အထက်တွင် ပေါ်လာပြီးဖြစ်သည်။
လမ်းညွှန်ပေးသူနှင့်အတူ ရှကျီသည် အဖိုးအိုတစ်ဦး လက်ဖက်ရည် သောက်နေသည့် ခြံဝင်းထဲသို့ ရောက်သွားသည်။
"ရှကျီ မင်း နောက်တစ်ခါ လာပြန်ပြီလား ဒီကိစ္စက ကိုင်တွယ်ရ မလွယ်ဘူးလို့ ငါ ပြောပြီးသားပဲ မင်းဆီမှာ ဝိညာဉ်ကျောက်တုံး လုံလုံလောက်လောက် ရှိဖို့ လိုတယ်"
ထိုအဖိုးအိုက မျက်တောင်ပင် မခတ်ဘဲ ပြောသည်။
"ဆရာတော် ချန်ယွမ်ရဲ့ မျက်နှာကြောင့်သာ မဟုတ်ရင် ငါ ဒါကို ဝင်ပါမှာတောင် မဟုတ်ဘူး"
"သခင်လေးကျား ငါတို့ အခွင့်အရေး ဘယ်လောက်ရှိလဲ"
ရှကျီက လေးနက်သော အသံဖြင့် မေးသည်။
"၃၀ ရာခိုင်နှုန်းပဲ ဒါက မဟာချန်းရဲ့ မြို့တော်လေ ပြီးတော့ တစ်ဖက်လူက ကျင့်ကြံမှုအဆင့်မြင့်တဲ့ ဖန့်မိသားစုဝင် တစ်ယောက် အောင်မြင်ဖို့ ၃၀ ရာခိုင်နှုန်းပဲ ရှိတယ် တကယ်လို့ ရှုံးနိမ့်သွားရင်တောင် မင်းရဲ့ ပိုက်ဆံကို ပြန်မအမ်းဘူးနော်"
အဖိုးအိုက တည်ငြိမ်စွာ ဆိုသည်။
"ဒီမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင် ရှိတယ်"
ရှကျီ က အဖိုးအို၏ ရှေ့တွင် ကျောက်တုံးများကို ချလိုက်သည်။
"ရေတွက်ကြည့်ပါဦး သခင်လေးကျား"
အဖိုးအို၏ မျက်လုံးများ ပွင့်လာပြီး ရှေ့ရှိ ကျောက်တုံးပုံကို ကြည့်ကာ မျက်လုံးများ တောက်ပသွားသည်။ သူက ရှကျီကို ကြည့်ပြီး
"ကလေး မင်း ဒါတွေ ဘယ်က ရတာလဲ"
"သခင်လေးကျား အဲ့ဒါ ခင်ဗျား စိတ်ပူစရာ မလိုပါဘူး ဖန့်လင်ရှင်းကို သတ်ပေးဖို့ပဲ ကူညီပါ"
ဟု ရှကျီက တည်ငြိမ်စွာ ပြောလိုက်သည်။
လေဟာနယ်ထဲရှိ ဖန့်ချန်၏ မျက်လုံးများတွင် အံ့ဩမှုများ လက်သွားသည်။
ရှကျီက လူသတ်သမား ငှားနေတာလား ဝူရုန့်ချိုအတွက် လုပ်နေတာလား
တစ်ခုခုတော့ မမှန်ပေ
ဖန့်ချန် မျက်မှောင်ကြုတ်ကာ စဉ်းစားမိသည်။
ဖန့်လင်ရှင်းက ဝူရိန့်ချိုကို ဒဏ်ရာရအောင် လုပ်ခဲ့သော်လည်း ၎င်းမှာ သိပ်မပြင်းထန်လှပေ။
ရှကျီ၏ စိတ်နေစိတ်ထားအရ ဖန့်မိသားစုဝင်တစ်ယောက်ကို သတ်ရန် ထိုမျှ ပမာဏများသော ပိုက်ဆံကို အသုံးပြုလိမ့်မည် မဟုတ်ပေ။
၎င်းက ရှကျီ အတွက် အန္တရာယ် အလွန်များပြီး ပေါက်ကြားသွားပါက အကျိုးဆက်မှာ မတွေးဝံ့စရာပင်။
အဖိုးအို၏ မျက်နှာ အမူအရာမှာ ရုတ်တရက် လေးနက်သွားသည်။
"ကလေး မင်းမှာ ဘာလို့ ဒီလောက် ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိနေတာလဲ ကိုယ့်အတွက်ကိုယ်ပဲ သိမ်းမထားဘူးလား ငါ လူလွှတ်ပြီး လုပ်ခိုင်းလိုက်ရင် ငါတို့ နောက်ဆုတ်ဖို့ လမ်းမရှိတော့ဘူးနော်"
"ထွေထွေထူးထူး အကြောင်းပြချက် မရှိပါဘူး ပြောရရင် အစ်ကို လျူ အတွက် တရားမျှတမှု ရှာပေးချင်ရုံပါပဲ"
ဟု ရှကျီက ဆိုသည်။
ထိုစကားကို ကြားသောအခါ ဖန့်ချန် ရုတ်တရက် နားလည်သွားသည်။
ဖြစ်နိုင်သည်မှာ အစ်ကို လျူမှာ သေဆုံးသွားခဲ့ပြီဖြစ်ပြီး ရှကျီ က ထိုအချက်ကို သိသော်လည်း ကလဲ့စားချေရန်အတွက် မသိချင်ယောင် ဆောင်နေခြင်း ဖြစ်မည်။
ဖန့်ချန် ရယ်မောကာ ခေါင်းခါလိုက်သည်။ သူ ငါ့ကို မပြောပြတာက ငါ ဖန့်မိသားစုထဲမှာ အနေခက်မှာ စိုးလို့ ဖြစ်ရမယ်။
သူက ဖန့်မိသားစုဝင် တစ်ယောက်ကို ပစ်မှတ်ထားနေတာပဲကိုး။ မင်းက တကယ်ကို ရိုးအတာပဲ ရှကျီ
"မင်း ဒီလောက်အထိ ဇွဲနပဲကြီးမယ်မှန်း သိရင် ငါ မင်းကို ဖန့်လင်ရှင်းအကြောင်း ပြောပြမှာ မဟုတ်ဘူး"
အဖိုးအိုက သက်ပြင်းအသာချလိုက်ပြီး ရှမင်ကို ကြည့်ကာ
"ပြောစမ်းပါဦး ငါ မင်းကို ဒီမှာပဲ ဖမ်းထားလိုက်ရင် ကျောက်တုံးတွေလည်း ရမယ် ဖန့်မိသားစုကိုလည်း ရန်စစရာ မလိုတော့ဘူး ဒါက တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်မသွားဘူးလား"
"သခင်လေးကျား ခင်ဗျားက အဲ့ဒီလို လူမျိုး မဟုတ်ပါဘူး"
ရှကျီက ပြုံးလိုက်သည်။
"ပြီးတော့ ငါ ဒီကို တစ်ယောက်တည်း လာတာ မဟုတ်ဘူး ငါ့မှာ အဖော်တွေ ပါလာတယ် ငါ ဒီကနေ ပြန်မထွက်လာရင် ငါ့အဖော်တွေ သေချာပေါက် သိလိမ့်မယ်"
အဖိုးအိုမှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အားရပါးရ ရယ်မောလိုက်သည်။
"ငါ မင်းကို နောက်လိုက်တာပါ စိတ်ထဲမထားပါနဲ့ ဒီအလုပ်ကို ငါ လက်ခံပါတယ် ဒါပေမဲ့ ငါ ပြောထားသလိုပဲ အောင်မြင်ဖို့က ၃၀ ရာခိုင်နှုန်းပဲ ရှိတယ်အလုပ်ပျက်သွားရင် တစ်ပြားမှ ပြန်မရဘူးနော်"
"တကယ် ပျက်သွားရင်လည်း ငါ့ကံကြမ္မာပဲလို့ မှတ်လိုက်ပါ့မယ်"
ရှကျီက ပြုံးလျက်
"ကျွန်တော် မျှော်လင့်တာကတော့ ခင်ဗျား ဘာမှ ကလိန်ကကျစ် မလုပ်ဖို့ပါပဲ မဟုတ်ရင်တော့ ငါတို့တွေ ပိုက်ကွန်လည်းပြတ် ငါးလည်းသေ ဖြစ်ကုန်ကြလိမ့်မယ်"
"မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား"
အဖိုးအို၏ အကြည့်မှာ မသိမသာ ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ရှမင်ကို လွှမ်းခြုံသွားသည်။
ရှကျီ က ဘာမှ ပြန်မပြောဘဲ အဖိုးအိုကို ငြိမ်သက်စွာ ကြည့်နေသည်။
ခဏအကြာတွင် အဖိုးအိုက လက်ကာပြလိုက်သည်။
"သွားတော့ ငါတို့ သဘောတူညီမှု ရပြီးပြီဆိုတော့ ငါ မင်းကို မလိမ်ပါဘူး ထိုင်ပြီးတော့ ပွဲကြည့်နေလိုက်"
"ကောင်းပါပြီ၊ ငါ သွားတော့မယ်"
ရှကျီက အသာအယာ ဦးညွှတ်ပြီး ထွက်သွားသည်။
ခြံဝင်းအပြင်သို့ ရောက်သောအခါ သူသည် မြို့တွင်းမှ ထွက်ကာ စွမ်းအားမြင့်ဗလာတောင် ဘက်သို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။
ဖန့်ချန်၏ ဝိညာဉ်ခန္ဓာမှာမူ သူ၏ ကိုယ်ထဲသို့ ပြန်ဝင်သွားပြီး ခေတ္တ စဉ်းစားကာ အဖိုးအို၏ ခြံဝင်းဆီသို့ ဦးတည်သွားလိုက်သည်။
ဖန့်ချန် တံခါးခေါက်လိုက်သောအခါ ခဏအကြာတွင် လူတစ်ယောက် တံခါးလာဖွင့်ပေးသည်။ သူသည် ဖန့်ချန်ကို မြင်သောအခါ မျက်မှောင်ကြုတ်လျက်
"မင်း ဘယ်သူလဲ မင်း နေရာမှားလာပြီ ထင်တယ်"
ဟု စေ့စေ့စပ်စပ် ကြည့်ကာ မေးသည်။
ဖန့်ချန်က ပြုံးလျက်
"ကျွန်တော် သခင်လေးကျားကို တွေ့ချင်လို့ပါ နေရာမမှားပါဘူး"
ဟု ဆိုသည်။
ထိုလူ၏ မျက်မှောင်မှာ ပို၍ပင် ကြုတ်သွားသည်။
"မင်းကို ဘယ်သူ ညွှန်ကြားလိုက်တာလဲ"
ဖန့်ချန် ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်
"ကျွန်တော့်ကိုယ်ကျွန်တော်ပဲ အဆိုပြုပြီး လာခဲ့တာပါ"