← Chapters

အခန်း (၃၆၇-၃၆၈)

Vol. 37 Ch. 367-368

အခန်း (၃၆၇-၃၆၈)

Vol. 37 Ch. 367-368

​အခန်း ၃၆၇ - ဟုတ်တယ်၊ ငါ့အလှည့်ပဲ

​"ညီတော် ဒီကိစ္စမှာ ဝင်မပါဖို့ ငါအကြံပေးချင်တယ်"

ဟု ချန်းဖုန်းက ခြိမ်းခြောက်သံပါပါဖြင့် အေးစက်စွာ ပြောလိုက်သည်။

​ချန်းကျိုယဲ့က တဟားဟား ရယ်မောလိုက်သည်

"နောင်တော် ကျွန်တော့်ကို အဲဒီလို ဖျောင်းဖျလို့ မရပါဘူး"

​ချန်းဖုန်း၏ မျက်နှာမှာ ဒေါသကြောင့် အရောင်မျိုးစုံ ပြောင်းသွားသည်။ သူက ကျွယ်ဝူတိကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်

"ဒီကိစ္စက ငါတို့ တော်ဝင်မိသားစုနဲ့ ဘာမှမဆိုင်ဘူးဒါဟာ ချန်းကျိုယဲ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်သက်သက်ပဲ"

​"နားလည်ပါပြီ ဒုတိယမင်းသား"

ကျွယ်ဝူတိက ခေါင်းညိတ်ပြပြီး ချန်းကျိုယဲ့ကို မထီမဲ့မြင် ကြည့်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် မင်းသားတစ်ပါး၏ အဆင့်အတန်းမှာ အဝတ်စုတ်တစ်ခုထက် မပိုပေ။

​"မင်းသား ၉ ကျွန်တော် လွှတ်ပေးလို့ မရဘူး မင်းသား ဆန္ဒရှိရင် ကျွယ်မိသားစုဆီ ကိုယ်တိုင်လာပြီး ကျွန်တော်တို့ ဘိုးဘေးကြီးကို ခွင့်တောင်းလိုက်ပါ"

ဟု ကျွယ်ဝူတိက ဆိုသည်။

​"တကယ်ပဲ မင်းတို့ ဘိုးဘေးကြီးကိုယ်တိုင် ဆုံးဖြတ်ခဲ့တာလား"

ချန်းကျိုယဲ့က သံသယဖြင့် မေးလိုက်သည်။

အဆင့်မြင့် ရွှေအမြုတေအဆင့် ဘိုးဘေးတစ်ဦးက ကလေးမလေးတစ်ယောက်ကို နှိပ်စက်ဖို့ ခွင့်ပြုပါ့မလား

​"မင်းသား အခြေအနေကို နားမလည်သေးဘူးပဲ"

ကျွယ်ဝူတိက ရယ်မောလိုက်သည်

"ဒါက ကျွန်တော်တို့လို မျိုးဆက်သစ်တွေ ပြောပိုင်ခွင့်ရှိတဲ့ ကိစ္စမဟုတ်ဘူး ဒီနေ့ သွေးထွက်သံယို မဖြစ်ရအောင် ဖန့်ချန်ကို လက်လျှော့ဖို့ မင်းသားပဲ ဖျောင်းဖျပေးပါဦး"

​ချန်းကျိုယဲ့မှာ အံ့အားသင့်သွားပြီး ဖန့်ကျွယ်နှင့် ဖန့်ယွင်ကို လှည့်ကြည့်လိုက်သည်။

တစ်ခုခုတော့ မှားနေပြီဟု သူခံစားလိုက်ရသည်။

​ဖန့်ကျွယ်က တိုးတိုးလေး ပြောသည်

"မင်းသား ဒီကိစ္စကနေ ဖယ်နေတာ ပိုကောင်းမယ်ထင်တယ်"

​"အဲဒါဆိုရင် မတော်ဘူးလေ ငါ စကားပြောထွက်ပြီးပြီကို အခုမှ နောက်ဆုတ်ရင် အရှက်ကွဲမှာပေါ့"

ဟု ချန်းကျိုယဲ့က ညည်းတွဲလိုက်သည်။

​"မျက်နှာတစ်ခုတည်းနဲ့ အသက်ရှင်လို့ မရဘူး မင်းသား ဖန့်ချန်နဲ့ ဖန့်ရှုတို့က ကူညီချင်နေမှတော့ ဖန့်မိသားစုက ပါဝင်ပြီးသား ဖြစ်နေပြီ ကျွန်တော် မင်းသားကို ကူညီပေးပါ့မယ်"

ဟု ဖန့်ကျွယ်က ပြုံးလျက် ဆိုသည်။

သူက ကျွယ်ဝူတိကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်

"ငါ ဖန့်မိသားစု တတိယမျိုးနွယ်က ဖန့်ကျွယ်လည်း ဒီကိစ္စမှာ ပါဝင်မယ်"

​ချန်းကျိုယဲ့မှာ ထိုစကားကို ကြားသောအခါ ဝမ်းသာအားရဖြင့် လူအုပ်ထဲသို့ နောက်ဆုတ်ကာ ပုန်းနေတော့သည်။

​ဖန့်ယွင်က ဖန့်ချန်ကို ကြည့်ကာ

"နင်က ဒီလောက် စိတ်သဘောထား နူးညံ့မယ်လို့ မထင်ထားဘူး"

ဟု ဆိုကာ ကျန်းထျန်းအိုက်ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်

"ညီမလေး မင်းတို့မိသားစုက ကျွယ်မိသားစုကို ဘာပြစ်မှားထားလို့လ အမကို ပြောပြပါဦး"

​ကျန်းထျန်းအိုက်က နှုတ်ခမ်းလေး လှုပ်ရုံသာ လှုပ်ပြီး အသံမထွက်လာပေ။

ဖန့်ယွင်က ဖန့်ချန်ကို ကြည့်ကာ

"မျက်မမြင်တစ်ယောက်နဲ့ စကားအတစ်ယောက် တကယ့်ကိုပဲ"

ဟု စိတ်ထဲမှ တွေးလိုက်မိသည်။

​ပတ်ဝန်းကျင်မှ လူများမှာ တီးတိုးပြောနေကြသည်

"ဒီနေ့တော့ တတိယမျိုးနွယ်၊ စတုတ္ထမျိုးနွယ်တို့နဲ့ ကျွယ်မိသားစု ထိပ်တိုက်တွေ့ပြီပဲ"

"ဒါပေမဲ့ ဖန့်ကျွယ်နဲ့ ဖန့်ရှုတို့ ပေါင်းရင်တောင် ကျွယ်ဝူတိကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

"အဲဒါတော့ ပြောရခက်တယ် ခုနက ဖန့်ချန် ပြလိုက်တဲ့ ဓာတ်ငါးပါး ထိန်းချုပ်မှုကို မင်းမမြင်လိုက်လို့ပါ အခြေခံတည်ဆောက်ခြင်းအဆင့်တောင် သူ့ကို ယှဉ်ဖို့ ခက်လိမ့်မယ်"

​ကျွယ်ဝူတိက ဖန့်ကျွယ်၊ ဖန့်ရှုနှင့် ဖန့်ချန်တို့ကို ကြည့်ကာ အေးအေးဆေးဆေးပင် ပြောလိုက်သည်

"ငါ မင်းတို့ သုံးယောက်ကို ရွေးချယ်စရာ တစ်ခုပေးမယ် မင်းတို့ သုံးယောက်ပေါင်းပြီး ငါ့ရဲ့ တိုက်ကွက် ငါးကွက်ကို မလဲဘဲ ခံနိုင်ရင် ဒီကလေးမကို ခေါ်သွားလို့ရတယ် အဲဒါကို ဘိုးဘေးက အပြစ်တင်ရင်လည်း ငါပဲ တာဝန်ယူမယ်"

​သူက ခဏရပ်ပြီး ဆက်ပြောသည်

"ဒါမှမဟုတ်ရင်တော့ သူမကို ငါ့လက်ထဲ အသာတကြည် အပ်ခဲ့ပါ"

​လူအုပ်ကြီး အံ့သြသွားကြသည်။ သုံးယောက်ပေါင်းပြီး ငါးကွက်လား

​ဖန့်ကျွယ်က ရှေ့ထွက်လာသည်

"ဘယ်သူက ပေါင်းရမယ်လို့ ပြောလဲ ပထမဆုံး တစ်ကွက်ကို ငါ ခံမယ်"

ဖန့်ယွင်က စိုးရိမ်တကြီး "

သတိထားဦး အစ်ကို"

ဟု သတိပေးသည်။ ကျွယ်ဝူတိ၏ တိုက်ကွက်တစ်ကွက်ကို ခံယူခြင်းမှာပင် အလွန် အန္တရာယ်များလှသည်။

​ဖန့်ကျွယ်က ပြုံးကာ

"စိတ်မပူပါနဲ့၊ ငါ တောင့်ခံနိုင်ပါတယ်"

​ပတ်ဝန်းကျင်မှ လူများမှာ တိုက်ပွဲဒဏ် မထိအောင် နောက်သို့ ဆုတ်လိုက်ကြသည်။

မဟာချန်းကင်းတပ်သားများ အနားတွင် ရှိနေသော်လည်း ဝင်မစွက်ဖက်ဘဲ အသာကြည့်နေကြသည်။

မိသားစုကြီးနှစ်ခု၏ ပဋိပက္ခတွင် မင်းသားနှစ်ပါးပါ ပါဝင်နေသဖြင့် သူတို့အတွက် ပြဿနာရှာစရာ မလိုပေ။

​"ငါ စတော့မယ်"

ဟု ကျွယ်ဝူတိက ဆိုကာ ဝိညာဉ်စွမ်းအားများကို စုစည်းလိုက်သည်။

​ဖန့်ကျွယ်ကလည်း သူ၏ ဘေးပတ်လည်တွင် အကာအကွယ်အလွှာ ကို ဖန်တီးလိုက်ပြီး လက်ထဲတွင် လုံးဝန်းသော ဘောလုံးတစ်လုံးကို ကိုင်ထားသည်။

​နောက်တစ်စက္ကန့်တွင် ကောင်းကင်ယံ၌ ရွှေရောင်လူရိပ်ကြီး ပေါ်လာပြီး လက်နှစ်ဖက်တွင် ဓားတစ်စစီ ကိုင်ထားကာ ဖန့်ကျွယ်ထံသို့ ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။

​"သံဓာတ် တိုက်ကွက်ပဲ"

"ကျွယ်ဝူတိရဲ့ သံဓာတ်ထိန်းချုပ်မှုကလည်း မသေးဘူးပဲ"ာ

​ဒိုင်း

​ဓားများက အကာအကွယ်ကို ဒိန်ခဲကို လှီးသလို အလွယ်တကူ ဖြတ်ကျော်သွားသည်။

ဖန့်ကျွယ်၏ လက်ထဲမှ ဘောလုံးမှာ ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး ရွှေရောင်ဓားကြီးများ ပေါ်လာကာ သူ့ကို ကာကွယ်ပေးလိုက်သည်။

ား

​"ဒါက ဧရာမဓားဒိုင်းယ ပဲ အဝါရောင်အဆင့် နိမ့်ပါးတဲ့ အကာအကွယ် ပစ္စည်းတွေထဲမှာ အကောင်းဆုံးပဲ"

​သို့သော် ကျွယ်ဝူတိက မဲ့ပြုံးပြုံးလိုက်သည်။

ရွှေရောင်လူရိပ်ကြီး၏ ဓားများက ဖန့်ကျွယ်ကို ကာကွယ်ထားသော ဓားများကို အရှိန်အဟုန်ဖြင့် ရိုက်ချိုးပစ်လိုက်သည်။

​ဖန့်ကျွယ်သည် သွေးတစ်လုတ် အန်ထုတ်လိုက်ပြီး ဒူးထောက်ကျသွားသည်။

သူ၏ အကာအကွယ်ရော၊ ရတနာပစ္စည်းပါ ကျွယ်ဝူတိ၏ တစ်ကွက်တည်းနှင့် ပျက်စီးသွားရသည်။ သူ ပြင်းထန်သော ဒဏ်ရာ ရသွားပြီ ဖြစ်သည်။

​ဖန့်ကျွယ်က ခါးသက်သက် ပြုံးကာ

"မင်းအလှည့်ပဲ ဖန့်ရှု"

ဟု ဆိုကာ တရားထိုင်ပြီး ဒဏ်ရာကို စတင် ကုသတော့သည်။

​ဖန့်ရှုက ခေါင်းညိတ်ကာ ကျွယ်ဝူတိရှေ့သို့ လျှောက်သွားသည်။

သူက အကာအကွယ် မလုပ်ဘဲ တိုက်စစ်ကို ရွေးချယ်လိုက်သည်။

စိမ်းဖျော့ရောင် အလင်းတစ်ခုနှင့်အတူ ဓား တစ်စင်းမှာ ကျွယ်ဝူတိထံသို့ လျှပ်စီးကဲ့သို့ ပြေးဝင်သွားသည်။

​ကျွယ်ဝူတိက ပြုံးကာ လက်ကို ဆန့်ထုတ်ပြီး ထိုဓားကို လေထဲတွင်ပင် ဖမ်းယူလိုက်သည်။

ရွှေရောင် လက်မောင်းကြီးတစ်ခု ပေါ်လာပြီး ဓားကို ဆုပ်ကိုင်ကာ

​ဂျောက်

​ဓားမှာ အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့သွားတော့သည်။ ဖန့်ရှုမှာလည်း ဝိညာဉ်လက်နက် ပျက်စီးသွားသဖြင့် သွေးအန်ကာ နောက်သို့ ယိုင်သွားသည်။

​စတုတ္ထမျိုးနွယ်မှ တပည့်များမှာ မျက်နှာပျက်ကုန်ကြသည်။ သူတို့၏ အတော်ဆုံး စီနီယာမှာပင် ကျွယ်ဝူတိ၏ တစ်ကွက်ကို မခံနိုင်ခဲ့ပေ။

​ယခု ဖန့်ချန် တစ်ယောက်တည်းသာ ကျန်တော့သည်။ သူသည် ကျန်ရှိသော တိုက်ကွက် သုံးကွက်ကို တစ်ယောက်တည်း ခံယူရမည်ဖြစ်သည်။

​ကျန်းထျန်းအိုက်သည် အလွန် စိတ်လှုပ်ရှားနေသဖြင့် ဖန့်ချန်၏ လက်ကို တင်းတင်း ဆုပ်ကိုင်ထားမိသည်။ ဖန့်ချန်က သူမကို ကြည့်ကာ

"ဘာမှမဖြစ်ဘူး"

ဟု တိုးတိုးလေး နှစ်သိမ့်လိုက်သည်။

​ကျွယ်ဝူတိ၏ အသံ ထွက်ပေါ်လာသည်

"မင်းအလှည့်ပဲ ဖန့်ချန်"

​ဖန့်ချန်က ခေါင်းညိတ်လိုက်ပြီး သူ၏ လက်ထဲမှ မန္အဆောင် တစ်ခုမှာ ပြာအဖြစ် လောင်ကျွမ်းသွားသည်

​"ဟုတ်တယ်၊ ငါ့အလှည့်ပဲ"

​ထိုမျှလောက်သော ပြိုင်ဘက်မျိုးကို ရင်ဆိုင်ရန် သူသည် ဓားကျင့်ကြံသူ ဖြစ်ကြောင်း ထုတ်ဖော်ပြစရာပင် မလိုပေ။

​​အခန်း ၃၆၈ - အကွက်ဆင်ခံလိုက်ရပြီ

​ဖန့်ကျွယ်နှင့် ဖန့်ရှုတို့၏ ဆက်တိုက်ရှုံးနိမ့်မှုက မကြာသေးမီနှစ်များအတွင်း ထွက်ပေါ်နေသော ကောလာဟလများကို သွယ်ဝိုက်၍ အတည်ပြုပေးလိုက်သလို ဖြစ်နေသည်။

​ဖန့်မိသားစုသည် ဆုတ်ယုတ်ပျက်စီးနေပြီ ဖြစ်သည်။

​အခြေအနေကို ထိန်းထားရန် ဖန့်လင်ရှင်း ရှိနေသော်လည်း ကျွယ်မိသားစုတွင် ချီသန့်စင်ခြင်းအဆင့် ၁၂ ရှိသော လူငယ်ပါရမီရှင် နှစ်ဦးသုံးဦးရှိပြီး တော်ဝင်မိသားစုတွင်လည်း လေးဦးခန့် ရှိသည်။

၎င်းတို့နှင့် နှိုင်းယှဉ်လျှင် ဖန့်မိသားစုတွင် ဖန့်လင်ရှင်းတစ်ဦးတည်းသာ ရှိသကဲ့သို့ ဖြစ်နေသည်။

​"အင်အားကြီးတဲ့ ဖန့်မိသားစုက အခုတော့ အပြင်က ပြန်လာတဲ့ မျိုးနွယ်ခွဲဝင်တစ်ယောက်ကိုပဲ အားကိုးနေရတော့တာလား"

"ဒီအတိုင်းသာ နောက်ထပ် နှစ်အနည်းငယ် ဆက်သွားရင် ဖန့်မိသားစုရဲ့ ရွှေအမြုတေအဆင့် ဘိုးဘေးကြီး ကွယ်လွန်သွားတာနဲ့ သူတို့ရဲ့ အဆင့်အတန်းက ပြုတ်ကျတော့မှာ သေချာတယ်"

လူအုပ်ကြီးက တီးတိုး ဝေဖန်နေကြသည်။

​ဖန့်ရှုနှင့် အခြားသူများမှာ ထိုစကားများကို ကြားသောအခါ မျက်နှာပျက်သွားကြသော်လည်း ပြန်လည်မချေပနိုင်ကြပေ။

ဖန့်ရှုသည် ဖန့်ချန်ကို ကြည့်ကာ ဒီသုံးကွက်ကို မင်း တောင့်ခံနိုင်ပါစေလို့ပဲ ငါ ဆုတောင်းပါတယ်၊ ဒါမှ ဒီလူတွေရဲ့ ပါးစပ်ကို ပိတ်နိုင်မှာ ဟု တွေးလိုက်သည်။

​ကျွယ်ဝူတိ၏ အသံက အေးစက်စွာ ထွက်ပေါ်လာသည်

"ပထမဆုံး တစ်ကွက်"

​ရုတ်တရက် ဝေဟင်တွင် ရွှေရောင်သံချပ်ကာစစ်သည် နှစ်ဦး ပေါ်လာသည်။

တစ်ဦးစီက ဓားရှည်နှစ်စင်းစီ ကိုင်ထားရာ စုစုပေါင်း ဓားလေးစင်းက တစ်ပြိုင်နက်တည်း ခုတ်ချလိုက်တော့သည်။

​"ဟာ"

"ကျွယ်ဝူတိရဲ့ ဓာတ်ငါးပါး ထိန်းချုပ်မှုက ဖန့်ချန်ထက် မနိမ့်ဘူးပဲ"

"သူက ဖန့်ချန် အားအသန်ဆုံးအရာနဲ့ပဲ ဖန့်ချန်ကို အနိုင်ယူချင်နေတာ"

​သို့သော် ရုတ်တရက် ကျွယ်ထျန်းကန်းသည် ဘေးအန္တရာယ်တစ်ခု ကျရောက်တော့မည်ဟု ခံစားလိုက်ရသဖြင့် ဝုန်းခနဲ ထရပ်လိုက်သည်။

သို့သော် သူ မြင်လိုက်ရသည်မှာ သူ၏ ခေါင်းပေါ်သို့ ဓားများ ကျဆင်းလာခြင်းပင် ဖြစ်သည်။

​"ဒါ... ဒါ ဘာဖြစ်တာလဲ"

​ကျွယ်ထျန်းကန်းသည် ထိတ်လန့်ဒေါသထွက်စွာဖြင့် သူ၏ ခန္ဓာကိုယ်ကျင့်စဉ်ကို ထုတ်ဖော်လိုက်ပြီး ကိုယ်လုံးကြီးကို ဖောင်းကားစေလိုက်သည်။

တစ်ချိန်တည်းမှာပင် ရွှေရောင် ဝိညာဉ်စွမ်းအား ဒိုင်းတစ်ခုကိုပါ ဖန်တီးလိုက်သည်။

​ဒိုင်း

​ဝိညာဉ်ဒိုင်းမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီး ဓားတစ်စင်းက ကျွယ်ထျန်းကန်း၏ ပုခုံးကို ပြင်းထန်စွာ ဖြတ်တောက်သွားသည်။

သွေးများ ပန်းထွက်လာကာ ကြီးမားသော လက်မောင်းကြီးတစ်ခုမှာ မြေပြင်ပေါ်သို့ ဘုန်းခနဲ ကျသွားတော့သည်။

​လူအုပ်ကြီး ကြောင်အသွားကြသည်။

​ဘာလို့လဲ

ကျွယ်ဝူတိက ဘာလို့ ကျွယ်ထျန်းကန်းကို ရုတ်တရက် တိုက်ခိုက်ရတာလဲ

သူ ရူးသွားပြီလား

​နွေဦးအရုဏ်ဦးမျှော်စင်ပေါ်မှ ချန်းဖုန်းနှင့် အခြားသူများမှာလည်း ဇဝေဇဝါ ဖြစ်ကုန်ကြသည်။

ဖန့်လင်ရှင်းက အလန့်တကြား အော်မေးသည်

"စီနီယာကျွယ် ရှင် ဘာလုပ်နေတာလဲ"

​"ငါ သူ့လက်တစ်ဖက်ကိုပဲ ဖြတ်လိုက်တာပါ စိတ်မပူပါနဲ့ နောက်ထပ် နှစ်ကွက် ကျန်သေးတယ်"

ဟု ကျွယ်ဝူတိက အေးဆေးစွာ ပြန်ပြောသည်။

​သူ ပြောနေစဉ်မှာပင် ရွှေရောင်စစ်သည်နှစ်ဦးက ကျွယ်ထျန်းကန်းကို ထပ်မံ တိုက်ခိုက်ပြန်သည်။

​"ကျွယ်ဝူတိ မင်း ဘာလုပ်နေတာလဲ"

ကျွယ်ထျန်းကန်းက ဒေါသတကြီး အော်ဟစ်သည်။

​စတုတ္ထမျိုးနွယ်မှ တပည့်များကလည်း သူတို့စီနီယာ ဖန့်ရှုကို မေးကြသည်

"စီနီယာ... ဒါ ဘာတွေ ဖြစ်ကုန်တာလဲ"

ဖန့်ရှုကလည်း ခေါင်းခါပြသည်

"ငါလည်း မသိဘူး ကျွယ်ဝူတိက ဘာလို့ ကိုယ့်လူကိုယ် ပြန်တိုက်နေတာလဲ"

​ရုတ်တရက် ဖန့်ရှုသည် ဖန့်ချန်ကို လှည့်ကြည့်လိုက်မိသည်။

ဒါ ဖန့်ချန်ရဲ့ လက်ချက်လား သို့သော် သူက ချက်ချင်းပင် ကိုယ့်ဘာကိုယ် ပြန်ငြင်းလိုက်သည် မဟုတ်နိုင်ပါဘူး ဖန့်ချန်က ကျွယ်ဝူတိရဲ့ စိတ်ကို ဘယ်လိုလုပ် လွှမ်းမိုးနိုင်မှာလဲ။

တခြား အကြောင်းရင်းတစ်ခုခု ရှိမှာပါ

​လူအုပ်ကြီးက အမျိုးမျိုး ခန့်မှန်းနေကြသည်

"ကျွယ်ဝူတိက ကလေးမလေးအပေါ် မိသားစုက လုပ်ရပ်ကို မကျေနပ်လို့များလား"

"ဟုတ်မယ် ကျွယ်မိသားစုက ဒီလို အောက်တန်းကျတဲ့ လုပ်ရပ်မျိုး လုပ်တာကို သူက အရှက်ရလို့ ဆုံးမနေတာ ဖြစ်ရမယ်"

​ကျွယ်ထျန်းကန်းမှာမူ ကျွယ်ဝူတိက နောက်ထပ်တစ်ကွက် ထပ်တိုက်ရန် ပြင်နေသည်ကို မြင်သောအခါ အော်ဟစ်တော့သည်

"ကျွယ်ဝူတိ မင်း ရူးနေလား ဒါက ငါနဲ့ ဘာဆိုင်လို့လဲ ငါက ဘိုးဘေးကြီးရဲ့ အမိန့်ကို နာခံနေတာပဲ မင်းက သူတော်ကောင်း လုပ်ချင်ရင် ဘိုးဘေးကြီးဆီသွားပြော ငါ့ကို လာမမဲနဲ့"

​ကျွယ်ဝူတိက ဘာမှပြန်မပြောဘဲ ဓားလေးစင်းဖြင့် ထပ်မံ ခုတ်ချလိုက်သည်။

ကျွယ်ထျန်းကန်းသည် သိက္ခာကို ဂရုမစိုက်နိုင်တော့ဘဲ မြေဓာတ်ကို အသုံးပြုကာ မြေအောက်ထဲသို့ ငုပ်လျှိုး၍ ရှောင်ရန် ကြိုးစားသည်။

​ဒိုင်း

​မြေပြင်မှာ ချက်ချင်းပင် အက်ကွဲသွားပြီး ကျွယ်ထျန်းကန်းမှာ မြေအောက်မှ လွင့်ထွက်လာကာ ဘေးသို့ ကျသွားသည်။

သူ၏ အခြားလက်မောင်းတစ်ဖက်ပါ ဖြတ်တောက်ခံလိုက်ရပြီ ဖြစ်သည်။

ယခုအခါ ကျွယ်ထျန်းကန်း၏ လက်နှစ်ဖက်စလုံး ပြတ်တောက်သွားပြီ ဖြစ်သည်။

​လူအုပ်ကြီး ပို၍ပင် ထိတ်လန့်သွားသည်။

နဂါးကင်းတပ်သားများမှာ ဘာလုပ်ရမှန်းမသိဘဲ ကြောင်ကြည့်နေကြသည်။

​"နှစ်ကွက် ပြီးပြီ နောက်ထပ် တစ်ကွက်ပဲ ကျန်တော့တယ်"

​ကျွယ်ထျန်းကန်း၏ မျက်လုံးများမှာ နီမြန်းနေပြီး ကျိန်ဆဲတော့သည်

"ကျွယ်ဝူတိ မင်းရဲ့ အမေကို......မင်းတို့ ဘာကြည့်နေတာလဲ ကျွယ်ဝူတိ ရူးသွားပြီ မြန်မြန်သွားပြီး ဘိုးဘေးကြီးကို တိုင်ကြစမ်း"

​လက်ဖက်ရည်ဆိုင်အတွင်းရှိ ကျွယ်ဖေးချန်၏ မျက်နှာမှာ မည်းမှောင်သွားပြီး ဖန့်ချန်ကို စိုက်ကြည့်လိုက်သည်

"ဒါက အမြင်မှားအဆောင်လား"

​သူသည် ကျွယ်ဝူတိ၏ လုပ်ရပ်ကို နားမလည်နိုင်ဖြစ်နေသော်လည်း သေချာ စောင့်ကြည့်လိုက်သောအခါ တစ်ခုခု မှားနေကြောင်း သတိထားမိသွားသည်။

ဒါက ထင်ယောင်ထင်မှား အစွမ်းပဲ ကျွယ်ဝူတိသည် ထင်ယောင်ထင်မှားဖြစ်မှု၏ သားကောင် ဖြစ်သွားရပြီ

​ကျွယ်ဝူတိ တတိယတစ်ကွက်ကို ထပ်တိုက်ရန် ပြင်လိုက်စဉ်မှာပင် ကျွယ်ဖေးချန်သည် လျှပ်စီးကဲ့သို့ ပေါ်လာပြီး ကျွယ်ဝူတိနှင့် ကျွယ်ထျန်းကန်းကြားတွင် ပိတ်ရပ်လိုက်သည်။

​"ဘိုးဘေးကြီး"

ကျွယ်ထျန်းကန်းက ဝမ်းသာအားရ အော်လိုက်သည်။

​လူအုပ်ကြီးမှာ တုန်လှုပ်သွားကြသည်

"ကျွယ်မိသားစုရဲ့ ရွှေအမြုတေအဆင့် ဘိုးဘေးကြီး ရောက်လာပြီ"

​ကျွယ်ဝူတိသည်

"ဖန့်ချန်"

ကို တိုက်ရန် ပြင်နေစဉ် ကျွယ်ဖေးချန်က လမ်းပိတ်လိုက်သဖြင့် မျက်မှောင်ကြုတ်သွားသည်။

သူက လက်အုပ်ချီ အရိုအသေပေးကာ

"ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်"

ဟု ဆိုသည်။

​ကျွယ်ဖေးချန်က အေးစက်စွာ မေးသည်

"ငါ့နောက်မှာ ရှိနေတာ ဘယ်သူလဲဆိုတာ မင်းသိလား"

​ကျွယ်ဝူတိ ဇဝေဇဝါ ဖြစ်သွားသော်လည်း ပြန်ဖြေသည်

"ဖန့်မိသားစုက ဖန့်ချန် မဟုတ်ဘူးလား ဘိုးဘေးကြီး"

​ထိုစကားကို ကြားသောအခါ လူတိုင်းသည် ဘာဖြစ်နေမှန်း ချက်ချင်း သဘောပေါက်သွားကြပြီး စစ်မှန်သော ဖန့်ချန်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။

​ဒါက ထင်ယောင်ထင်မှား ဖြစ်နေတာပဲ ကျွယ်ဝူတိသည် ထင်ယောင်ထင်မှား ကျင့်စဉ်အောက်သို့ မသိမသာ ကျရောက်သွားပြီး ကျွယ်ထျန်းကန်းကို ဖန့်ချန်ဟု အမှတ်မှားကာ တိုက်ခိုက်နေခြင်း ဖြစ်သည်။

​ဖန့်လင်ရှင်းနှင့် အခြားလူများလည်း အံသြသွားကြသည်။

အဲဒီ သူတောင်းစား ဖန့်ချန် သူက ဘယ်လိုနည်းနဲ့ ကျွယ်ဝူတိကို မသိမသာ ထောင်ချောက်ဆင်လိုက်တာလဲ

​"ကျွယ်ဝူတိက အခြေခံတည်ဆောက်ခြင်းအဆင့် ပညာရှင်လေ ဖန့်ချန်က ဘယ်လိုနည်းလမ်းကို သုံးလိုက်လို့ အခြေခံတည်ဆောက်ခြင်းအဆင့် တစ်ယောက်က ဒါကို လုံးဝ သတိမထားမိတာလဲ"

ချန်းဖုန်းနှင့် အခြားလူများမှာလည်း ကြောချမ်းသွားကြသည်။

အကယ်၍ သူတို့သာ ကျွယ်ဝူတိ နေရာမှာဆိုလျှင်ကော

​ကျွယ်ဖေးချန်က နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ကြီးမားသော စွမ်းအားဖြင့် အဆောင် ကြောင့် ဖြစ်ပေါ်နေသော ထင်ယောင်ထင်မှားကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။

​ကျွယ်ဝူတိသည် ခေါင်းအနည်းငယ် မူးဝေသွားပြီး ပြန်ကြည်လင်လာသောအခါ သူ မြင်လိုက်ရသည်မှာ ကျွယ်ဖေးချန်၏ နောက်တွင် လဲလျောင်းနေသော၊ လက်နှစ်ဖက် ပြတ်တောက်နေပြီး သူ့ကို ရန်ငြိုးတကြီး စိုက်ကြည့်နေသော ကျွယ်ထျန်းကန်းပင် ဖြစ်သည်။

​ကျွယ်ဝူတိ၏ တုန်ယင်သွားပြီး မယုံကြည်နိုင်သော အကြည့်များ ပေါ်လာသည်။

​လူအုပ်ကြီးမှာ စကားပင် မပြောနိုင်တော့ပေ။

​ဂုဏ်သတင်းကျော်ကြားလှသော၊ မဟာချန်းအင်ပါယာ၏ အတော်ဆုံး ပါရမီရှင်ဟု တင်စားခံရသော ကျွယ်ဝူတိသည် ဖန့်မိသားစုဝင်တစ်ယောက်၏ လှည့်စားမှုကို အလွယ်တကူ ခံလိုက်ရပြီ ဖြစ်သည်။

All Chapters