အခန်း (၂၀၁၁-၂၀၁၂)
Vol. 202 Ch. 2011-2012
အခန်း (၂၀၁၁) သူတော်စင်လမ်းစဉ်ကို ထွင်းထုခြင်း
ဖန့်ချန်သည် အတွင်းနယ်မြေ စတင်ပြီး အောင်မြင်ခါစ ကာလအတွင်း၌… များပြားလှသော သူတော်စင်လမ်းစဉ် စွမ်းအားများ သေချာပေါက် ထွက်ပေါ်လာလိမ့်မည်ဆိုသည့် အချက်ကို အစဉ်အမြဲ သိရှိနားလည်ထားခဲ့ဖူးပေသည်။
ဥပမာအားဖြင့် ကျင့်ကြံသူတစ်ဦးက ဓားသူတော်စင်လမ်းစဉ်ကို အဓိကထားပြီး ကျင့်ကြံခဲ့မည်ဆိုလျှင်… သူ၏ အတွင်းနယ်မြေအတွင်း၌လည်း ဓားအရှိန်အဝါဘက်သို့ ယိုင်နဲ့နေသည့် သူတော်စင်လမ်းစဉ်တစ်ခု ကိန်းဝပ်တည်ရှိနေလိမ့်မည် ဖြစ်သည်။
အကယ်၍ မီးသူတော်စင်လမ်းစဉ်ကို အဓိကထားပြီး ကျင့်ကြံခဲ့မည်ဆိုလျှင်လည်း… သူ၏ အတွင်းနယ်မြေအတွင်း၌ မီးအရှိန်အဝါဘက်သို့ ယိုင်နဲ့နေသည့် သူတော်စင်လမ်းစဉ်တစ်ခု ရှိနေပေလိမ့်မည်။
ဤကဲ့သို့သော သူတော်စင်လမ်းစဉ်မျိုးသည်… အမှတ်တံဆိပ်တစ်ခုအလား၊ အတွင်းနယ်မြေ၏ အနက်ရှိုင်းဆုံး နေရာအရပ်ထဲ၌ စွဲထင်ကျန်ရစ်အောင် ထွင်းထုခြင်း ခံရမည်ဖြစ်ပြီး၊ လှုံ့ဆော်မောင်းနှင်လိုက်သည့် အချိန်တွင်မူ… မိမိကိုယ်တိုင်၏ စွမ်းအားများကို အလွန်အမင်း ကုန်ဆုံးသွားစေရန် အသုံးပြုဖို့ လုံးဝမလိုအပ်ဘဲ၊ အတွင်းနယ်မြေကိုသာ အဓိကထားပြီး အသုံးပြုနိုင်မည် ဖြစ်ပေသည်။
ထိုကဲ့သို့သော ကွဲပြားခြားနားချက်ကြီး ရှိနေခဲ့သောကြောင့်ပင်… အတွင်းနယ်မြေ မရှိကြသည့် ကျင့်ကြံသူများသည် အတွင်းနယ်မြေ ရှိကြသည့် ကျင့်ကြံသူများနှင့် ဆုံတွေ့ရသည့် အခါတွင်မူ၊ ဘယ်လိုနည်းနဲ့မျှ အနည်းငယ်မျှပင် အနိုင်ရနိုင်စွမ်း ရှိတော့မည် မဟုတ်ပါချေ။
ကျိုရွှမ်နယ်မြေ၌ ရှိနေခဲ့စဉ်တုန်းကမူ… ဖန့်ချန်၏ အတွင်းနယ်မြေသည် မရမက အတင်းအကျပ် စုစည်းတည်ဆောက်ခဲ့ရခြင်း ဖြစ်သဖြင့်၊ သူတော်စင်လမ်းစဉ်ကို ထွင်းထုသည့် အဆင့်အတန်း ကဏ္ဍအတွင်း၌လည်း… ပေါ့ပေါ့ပါးပါးပင် ဖြတ်သန်းသွားခဲ့ရခြင်း ဖြစ်ပေသည်။
နောက်ဆုံးတွင် အောင်မြင်စွာ တည်ဆောက်ပြီးစီးသွားခဲ့သည့် အတွင်းနယ်မြေအတွင်း၌မူ… အသက်ဇီဝအရှိန်အဝါများက ရှုပ်ထွေးလွန်းလှပြီး ဒေါသတရားများဖြင့် ပြည့်နှက်နေခဲ့ကာ၊ ဖန့်ချန် အဓိကထားပြီး လေ့ကျင့်ခဲ့ဖူးသည့် မည်သည့် သူတော်စင်ကျမ်းစာ ကျင့်စဉ်တစ်ခုကိုမျှ ၎င်း၏အပေါ်၌ ထွင်းထုနိုင်ခြင်း မရှိခဲ့ပါချေ။
သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ… အတိတ်တုန်းကနှင့် လုံးဝဥဿုံ ကွဲပြားခြားနားနေခဲ့ရချေပြီ။
အတိတ်တုန်းက အတွေ့အကြုံများ ရှိနေခဲ့ပြီ ဖြစ်သဖြင့်… ဖန့်ချန်သည် ခြေလှမ်းတိုင်းကို အလွန်တရာ တည်ငြိမ်အေးဆေးစွာဖြင့် ဖြည်းဖြည်းချင်း လျှောက်လှမ်းနေခဲ့သည်။
အတွင်းနယ်မြေ၏ အပေါ်၌ သူတော်စင်လမ်းစဉ်များကို ထွင်းထုခြင်း စတင်လိုက်သည့် အချိန်တွင်မူ… အမျိုးမျိုးသော သူတော်စင်လမ်းစဉ်များက ဖန့်ချန်၏ ဦးနှောက်မှတ်ဉာဏ်များအတွင်း၌ တရစပ် ဖြတ်သန်းပေါ်ပေါက်လာခဲ့ရတော့သည်။
သူသည် မိမိ၏ ခန္ဓာကိုယ်အတွင်းမှနေ၍… ကိုယ်ပွားဝိညာဉ်များ တစ်ယောက်ပြီးတစ်ယောက် ပျံသန်းထွက်ပေါ်လာခဲ့ကြပြီး၊ နောက်ဆုံးတွင် အတွင်းနယ်မြေ၏ အတွင်းဘက်သို့ နစ်မြုပ်ဝင်ရောက်သွားခဲ့ကြသည်ကို မြင်တွေ့လိုက်ရသည့်အလား ခံစားလိုက်ရပေသည်။
ထိုအရာများကမူ… မဟာကောင်းကင်ဘုရင် ဆေးလုံးကျမ်းစာကို ကိုယ်စားပြုသည့် ဖန့်ထျန်ဇွန်း ဖြစ်ပေသည်။
ရှစ်မျက်နှာအရပ် ဓားကျမ်းကို ကိုယ်စားပြုသည့် ဖန့်ပါဟွန်း ဖြစ်ပေသည်။
ရွှမ်ယန်လေးဆင့်ခန္ဓာကိုယ်ကို ကိုယ်စားပြုသည့် ဖန့်ရွှမ်ရန် ဖြစ်ပေသည်။
ခေါင်းသုံးလုံး လက်ခြောက်ဖက် ခန္ဓာကိုယ်ကို ကိုယ်စားပြုသည့် ဖန့်လျိုပိ ဖြစ်ပေသည်။
ရိပ်ခြေဗုဒ္ဓကျင့်စဉ်ကို ကိုယ်စားပြုသည့် ဖန့်ပုဆာဖြစ်ပေသည်။
မိုးကြိုးနတ်ဘုရားကျင့်စဉ်ကို ကိုယ်စားပြုသည့် ဖန့်ချန်းလေ ဖြစ်ပေသည်။
ယင်စစ်သည်တော်ကျင့်စဉ်ကို ကိုယ်စားပြုသည့် ဖန့်ယင်ပင်း ဖြစ်ပေသည်။
တောက်ပသောနတ်ဘုရားမျက်လုံးကျင့်စဉ်ကို ကိုယ်စားပြုသည့် ဖန့်ယန့်ကွမ် ဖြစ်ပေသည်။
ရှေးဦးနတ်ဘုရားမျက်လုံးကျင့်စဉ်ကို ကိုယ်စားပြုသည့် ဖန့်ဝူရှီ ဖြစ်ပေသည်။
နတ်ဘုရားရိုက်နှက်ခြင်းနှင်တံကို ကိုယ်စားပြုသည့် ဖန့်တာရှန်း ဖြစ်ပေသည်။
လူ့လောကစိတ်ဆန္ဒကို ကိုယ်စားပြုသည့် ဖန့်လူသား ဖြစ်ပေသည်။
သူတော်စင်လမ်းစဉ်တစ်ခုကို ထွင်းထုလိုက်တိုင်းတွင်… ဖန့်ချန်သည် မိမိနှင့် အသက်ဇီဝချင်း ဆက်နွှယ်နေခဲ့ပြီး စိတ်အာရုံချင်း ချိတ်ဆက်ထားခဲ့သည့် အတွင်းနယ်မြေကြီးတစ်ခုလုံး ပိုမို၍ လေးနက်တည်ကြည်လာခဲ့သည်ကို ခံစားလိုက်ရသော်လည်း၊ ထိုနည်းတူစွာပင် ပိုမိုပြင်းထန်လှသော ဖိအားတစ်ခု တိုးပွားလာခဲ့ရခြင်း ဖြစ်ပေသည်။
သူ အထူးတလည် မှတ်မိနေခဲ့သည်ကမူ… ကျိုရွှမ်နယ်မြေ၌ ရှိနေခဲ့စဉ်တုန်းက၊ သူသည် သူတော်စင်လမ်းစဉ်များကိုပင် စတင်ပြီး ထွင်းထုခြင်း မပြုလုပ်ရသေးသော်လည်း… ထိုကဲ့သို့သော ဖိအားမျိုးက ယခုအချိန်ထက် အဆပေါင်း ထောင်သောင်းချီမျှ ပိုမိုပြင်းထန်လွန်းလှသဖြင့်၊ အတွင်းနယ်မြေတစ်ခုလုံး ယိုင်နဲ့နေခဲ့ရပြီး အချိန်မရွေး ပေါက်ကွဲပျက်စီးသွားနိုင်မည့် အခြေအနေမျိုးနှင့် ဆုံတွေ့ခဲ့ရခြင်း ဖြစ်ပေသည်။
"အခုအချိန်မှာတော့ မတူတော့ဘူး… ငါ့ရဲ့ အတွင်းနယ်မြေက အခြေခံအုတ်မြစ် အလွန်တရာ နက်ရှိုင်းလွန်းလှသလို၊ အသက်ဇီဝစွမ်းအားတွေကလည်း စိမ်းလန်းစိုပြည်နေပြီး အခြေခံက အလွန်ကို တည်ငြိမ်လွန်းလှတယ်"
ဖန့်ချန်သည် စိတ်အာရုံကို လှုံ့ဆော်လိုက်မိရင်း… ဤမျှလောက် များပြားလှသော သူတော်စင်လမ်းစဉ်များကပင်၊ သူ၏ ရင်ထဲ၌ အလွန်အမင်း နည်းပါးနေသေးသည်ဟူ၍ ခံစားလိုက်ရတော့သည်။
သူသည် မိမိကိုယ်တိုင် နှစ်ပေါင်းများစွာတိုင်အောင် လေ့ကျင့်ခဲ့ဖူးသည့် သူတော်စင်လမ်းစဉ်များအားလုံးကို… အတွင်းနယ်မြေ၏ အပေါ်၌ တစ်ခုပြီးတစ်ခု ထွင်းထုပစ်လိုက်ချင်မိရင်း၊ အတွင်းနယ်မြေ၏ အခြေခံအုတ်မြစ်များကို ပိုမို၍ ကြီးမားကျယ်ပြန့်လာစေရန် လုပ်ဆောင်လိုက်မိသည်။
နောက်ထပ် စက္ကန့်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက်… ဟင်းလင်ပြင်ထဲမှနေ၍ ဓာတ်ကြီးငါးပါး စွမ်းအားများ တရစပ် ရုန်းကြွပေါ်ပေါက်လာခဲ့ရပြီး၊ ကမ္ဘာဦးခေတ်က နတ်ဘုရားနဂါးကြီး ငါးကောင်အဖြစ် ပြောင်းလဲသွားခဲ့ရကာ အတွင်းနယ်မြေ၏ အတွင်းဘက်သို့ နစ်မြုပ်ဝင်ရောက်သွားခဲ့ရချေပြီ။
အတွင်းနယ်မြေ၏ ခန့်ညားထည်ဝါလှသော နတ်ဘုရားတံခါးကြီး၏ ရှေ့မှောက်ဆီတွင်မူ… ရုတ်တရက်ဆိုသကဲ့သို့ ကောင်းကင်ယံအထိ ထိုးတက်နေခဲ့ကြသည့် ဓာတ်ကြီးငါးပါး နတ်ဘုရားတိုင်ကြီး ငါးတိုင် ထပ်မံတိုးပွားလာခဲ့ရတော့သည်။
ဤအရာကမူ… ဓာတ်ကြီးငါးပါးကို ထိန်းချုပ်ခြင်းကျင့်စဉ် ဖြစ်ပေသည်။
ထို့နောက်တွင်မူ… တောက်ပလွန်းလှသော ကောင်းကင်ဘုံမြှားတစ်စင်း ကလည်း အတွင်းနယ်မြေ၏ အတွင်းဘက်သို့ နစ်မြုပ်ဝင်ရောက်သွားခဲ့ရပြန်ပြီး၊ အလွန်တရာ လှပဆန်းပြားလှသော မီးငှက်ကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ရကာ လှပလွန်းလှသည့် အတောင်ပံအစုံကို ခါယမ်းလိုက်ရင်း ကောင်းကင်ယံထက်သို့ ဖြတ်သန်းပျံသန်းသွားခဲ့ရချေပြီ။
ထိုအရာကမူ… ကောင်းကင်ဘုံမြှားကျင့်စဉ် ဖြစ်ပေသည်။
……
ကျင့်စဉ်တစ်ခုချင်းစီက… အတွင်းနယ်မြေ၏ အခြေခံအုတ်မြစ်များကို မြင့်မားလာစေရန် မြှင့်တင်ပေးနေခဲ့ကြသော်လည်း၊ ထိုနည်းတူစွာပင် အတွင်းနယ်မြေအပေါ်သို့ များပြားလှသော ဖိအားများကိုလည်း ထပ်မံဖြည့်စွက်ပေးနေခဲ့ကြခြင်း ဖြစ်ပေသည်။
နောက်ဆုံးတွင်မူ… ဖန့်ချန်သည် စိတ်အာရုံကို လှုံ့ဆော်လိုက်မိသည်။
သူ၏ အလွန်တရာ အင်အားကြီးမားလှသော မူလဝိညာဉ်စွမ်းအားကိုလည်း… အတွင်းနယ်မြေ၏ အပေါ်၌ ထွင်းထုပစ်လိုက်ရန် ဆုံးဖြတ်လိုက်မိခြင်း ဖြစ်ပေသည်။
ချက်ခြင်းပင်… အတွင်းနယ်မြေ၏ ကောင်းကင်ယံထက်၌ ကြီးမားလှသော ပိတ်ကားကြီးတစ်ခု ပေါ်ပေါက်လာခဲ့ရချေပြီ။
ထိုပိတ်ကားကြီးကမူ… အတိတ်တုန်းက သူ ကျိုရွှမ်နယ်မြေအတွင်း၌ အတွင်းနယ်မြေကို စတင်ပြီး စုစည်းတည်ဆောက်စဉ်တုန်းက၊ မြင်တွေ့ခဲ့ရဖူးသည့် တစ်ခုတည်းသော သူတော်စင်လမ်းစဉ်ကို ထွင်းထုခြင်း ဖြစ်ပေသည်။
စက္ကန့်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက်… အတွင်းနယ်မြေ၏ အခြေခံအုတ်မြစ်များအားလုံး ပြီးပြည့်စုံခြင်း အဆင့်အတန်းဆီသို့ ဆိုက်ရောက်သွားခဲ့ရသည့်အလား ထင်မှတ်ရပေပြီး၊ တစ်ချိန်တည်းမှာပင် သူတော်စင်လမ်းစဉ်များကို ထွင်းထုနိုင်သည့် အရေအတွက် ကန့်သတ်ချက်ကလည်း အမြင့်ဆုံး အပိုင်းအခြားဆီသို့ ရောက်ရှိသွားခဲ့ရချေပြီ။
အကယ်၍ ထပ်မံပြီး ထွင်းထုခြင်းကို လုပ်ဆောင်လိုက်မည်ဆိုလျှင်မူ… နောက်ဆုံးတွင် စွမ်းအားများ ပြည့်လျှံသွားခဲ့ရပြီး၊ အတွင်းနယ်မြေတစ်ခုလုံး ချက်ချင်း ပေါက်ကွဲပျက်စီးသွားစေရန်သာ အဖတ်တင်ကျန်ရစ်ရပေလိမ့်မည်။
ဖန့်ချန်သည် မိမိကိုယ်တိုင်၏ အတွင်းနယ်မြေအတွင်းသို့ ဖြည်းညှင်းစွာ လျှောက်လှမ်း ဝင်ရောက်သွားခဲ့ရပြီး… တရစပ် စီးဆင်းဝင်ရောက်နေခဲ့သည့် မသေမျိုးသန့်စင်ကန်၏ ကန်ရေပြင်များအားလုံးကို နတ်ဘုရားတံခါးကြီး၏ အပြင်ဘက်၌ တားဆီးပိတ်ပင်ထားလိုက်သဖြင့်၊ အနည်းငယ်မျှပင် အတွင်းထဲသို့ စီးဆင်းဝင်ရောက်နိုင်စွမ်း မရှိကြတော့ပါချေ။
သို့သော်လည်း အတွင်းနယ်မြေ၏ အတွင်းဘက်၌မူ… အဆက်မပြတ် စီးဆင်းနေခဲ့သည့် ကြီးမားကျယ်ပြန့်လှသော မြစ်ကြီးတစ်စင်း ရှိနေခဲ့ချေပြီ။
ထိုမြစ်ကြီး၏ အတွင်းထဲ၌ စီးဆင်းနေခဲ့ကြသည်ကမူ… အစောပိုင်းတုန်းက စုပ်ယူဝါးမြိုလိုက်သည့် မသေမျိုးသန့်စင် ကန်ရေများသာမကသေးဘဲ……။
ထိုနည်းတူစွာပင် အတိတ်တုန်းက ဖန့်ချန်အနေဖြင့် လမ်းစဉ်ကို သက်သေပြရန်အတွက် အသုံးပြုခဲ့ဖူးသည့် ဝမ်ချွမ်းမြစ်ရေ များလည်း ပါဝင်နေခဲ့ခြင်း ဖြစ်ပေသည်။
ထိုမြစ်ကြီးကမူ… နဂါးရိုးတစ်ချောင်းအလား၊ ကြီးမားကျယ်ပြန့်လှသော အတွင်းနယ်မြေ၏ အလယ်ဗဟိုချက်မတွင် ကွေ့ကောက်စီးဆင်းနေခဲ့ပြီး အတွင်းနယ်မြေ၏ ကျောရိုးမကြီးအဖြစ် ပြောင်းလဲတည်ရှိနေခဲ့ခြင်း ဖြစ်ပေသည်။
"မသေမျိုးသန့်စင်ကန်ရေနဲ့… ဝမ်ချွမ်းမြစ်ရေ၊ အရင်တစ်ခုက လူသားတွေရဲ့ ကျင့်ကြံခြင်းတွေကို ဖျက်ဆီးပစ်နိုင်ပြီး… နောက်တစ်ခုကတော့ လူသားတွေရဲ့ စိတ်ဝိညာဉ်တွေကို နှိမ်နင်းချုပ်ချယ်ထားနိုင်တာ ဖြစ်တယ်၊ ဒီလိုမျိုး မြစ်ရေ နှစ်မျိုးက… မြစ်တစ်စင်းတည်းအဖြစ် ပေါင်းစည်းစီးဆင်းနေခဲ့ကြပြီးတော့၊ တစ်ခုကိုတစ်ခု ဘာဖြစ်လို့ မထိခိုက်ကြတာလဲ"
ဖန့်ချန်ကိုယ်တိုင်ပင် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ… အလွန်တရာ ထူးဆန်းဆန်းပြားလှသည်ဟူ၍ ခံစားလိုက်ရတော့သည်။
သူ သိရှိထားသည်ကမူ… မသေမျိုးသန့်စင်ကန်ရေသည် အတွင်းနယ်မြေ စတင်ပြီး ပွင့်ဟလာခဲ့စဉ် ကတည်းကပင် အတွင်းထဲသို့ စီးဆင်းဝင်ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း ဝမ်ချွမ်းမြစ်ရေကမူ……
"အတိတ်တုန်းက… ငါက ဝမ်ချွမ်းမြစ်ကို အခြေခံပြီး လမ်းစဉ်ကို သက်သေပြခဲ့တာကြောင့်၊ ဝမ်ချွမ်းမြစ်ရေတွေက ငါ့ရဲ့ မူလဝိညာဉ်စွမ်းအားဆီကနေ ထွက်ပေါ်လာခဲ့တာ ဖြစ်လိမ့်မယ်"
ဤကဲ့သို့သော ရှင်းပြချက်မှတစ်ပါး… ဖန့်ချန်သည်လည်း အခြားသော အကြောင်းအရင်းကို ဘယ်လိုနည်းနဲ့မျှ တွေးတောနိုင်ခြင်း မရှိတော့ပါချေ။
သို့သော်လည်း ထိုကဲ့သို့သော မြစ်ကြီးတစ်စင်း တည်ရှိနေခဲ့သောကြောင့်ပင်… သူ၏ အတွင်းနယ်မြေကို ပိုမို၍ အလွန်တရာ ခိုင်မာကျစ်လျစ်လာစေရန် လုပ်ဆောင်ပေးနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
"လက်ရှိအဆင့်အတန်းအရဆိုရင်တော့… တစ်ပိုင်းသူတော်စင်လို့ ခေါ်ဆိုနိုင်တာပေါ့၊ ဒါပေမဲ့ စစ်မှန်တဲ့ သူတော်စင်အဆင့်နဲ့ ဒီအဆင့်အတန်းက ဘယ်လိုမျိုး ကွဲပြားခြားနားမှုတွေ ရှိနေမလဲဆိုတာကိုတော့ မသိနိုင်သေးဘူးပဲ……"
အတွေးများ တရစပ် ပေါ်ပေါက်နေခဲ့သည့် အချိန်မှာပင်… ကောင်းကင်ယံထက်မှ ကြီးမားလှသော ပိတ်ကားကြီး၏ အပေါ်၌၊ အမျိုးမျိုးသော မြင်ကွင်းအပိုင်းအစများ ရုတ်တရက် ပေါ်ပေါက်လာခဲ့ရချေပြီ။
ထိုမြင်ကွင်း အပိုင်းအစများ၏ အတွင်းထဲ၌မူ… တရားစီရင်ရေးဌာန ကို၊ ချီယန်သူတော်စင်က မီးသူတော်စင်လမ်းစဉ်ဖြင့် သွေးချောင်းစီးအောင် သတ်ဖြတ်ချေမှုန်းခဲ့သည့် မြင်ကွင်းများ ပါဝင်နေခဲ့သည်။
ထိုမျှသာမကသေးဘဲ… ကျွယ်မင်နန်းတော်ကို ချင်ဝူဆန့် က သိမ်းပိုက်လွှမ်းမိုးထားခဲ့ပြီး… ချင်ဝူဆန့်ကကျွယ်မင်နန်းတော်၏ အကြီးကဲခန်းမ အတွင်း၌၊ ချန်အင်းရွှယ် ကို ပြောဆိုနေခဲ့သည့် စကားလုံးများလည်း ပါဝင်နေခဲ့သည်။
သူသည် ဝိညာဉ်ဖမ်းတမန် အကြီးအကဲ ရွှမ်အယ် ကလည်း… ချင်ဝူဆန့်၏ တပ်ဖွဲ့များနှင့် အတူတကွ ပူးပေါင်းလျက်၊ နေရာအရပ်ရပ်ရှိ လူသားမျိုးနွယ်စု ကျင့်ကြံသူများ၏ ဝိညာဉ်များကို လိုက်လံဖမ်းဆီးခေါ်ဆောင်သွားနေခဲ့သည်ကို မြင်တွေ့လိုက်ရပေသည်။
နတ်ဘုရားလောက၏ နယ်စပ်စည်းရိုးကြီးတစ်ခုလုံးကိုလည်း… ဝူရှင်းလင် က ဦးဆောင်လျက် အရိပ်အဖွဲ့ မှ သူတော်စင်လမ်းစဉ် ကျင့်ကြံသူများနှင့်အတူ သိမ်းပိုက်ထားခဲ့ကြပြီး… ထိုနယ်စပ်စည်းရိုးကို အခြေခံလျက်၊ နတ်ဘုရားလောကကြီး၏ တောင်တန်းမြစ်ချောင်း မြေရိုင်းများအားလုံးကို တရစပ် ဝါးမြိုဖျက်ဆီးနေခဲ့ကြသည်ကို မြင်တွေ့လိုက်ရသည်။
ရှေ့သို့ တစ်လှမ်းချင်းစီ တိုးကပ်လာခဲ့တိုင်းတွင်… မရေမတွက်နိုင်အောင် များပြားလှသော သက်ရှိများစွာက အရိပ်အဖွဲ့ ကျင့်ကြံသူများ၏ လက်ချက်ဖြင့် သေဆုံးနေခဲ့ကြရသည်။
ထိုသေဆုံးသွားခဲ့ကြသည့် သက်ရှိများအားလုံးကိုလည်း… ဝိညာဉ်ဖမ်းတမန် အကြီးအကဲ ရွှမ်အယ်၏ လက်အောက်ခံ ဝိညာဉ်မျိုးနွယ်စုများက တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးခေါ်ဆောင်သွားနေခဲ့ကြသည်။
"ချင်ဝူဆန့်… ဟော်ဆွေ့မျိုးနွယ်ရဲ့ တိုက်ရိုက်မျိုးဆက် ပုဂ္ဂိုလ်ပဲ၊ ဒီပြင်ပလောကက လူတွေ ရောက်ရှိလာတဲ့ နှုန်းက အတော်လေး မြန်ဆန်လွန်းလှပါလား… ဒါပေမဲ့ ဘာဖြစ်လို့ ဆရာ နဲ့ အဘိုးတို့ကတော့ ဘယ်လိုမျိုး လှုပ်ရှားမှုမျိုးမှ မလုပ်ဆောင်ကြရတာလဲ"
ဖန့်ချန်၏ မျက်ဝန်းအစုံအတွင်း၌ လေးနက်တည်ကြည်ခြင်း အရိပ်အယောင်များသာ ကျန်ရစ်နေခဲ့ရတော့သည်။
မိမိအနေဖြင့် အတွင်းနယ်မြေကို စုစည်းတည်ဆောက်ပြီးစီးသွားခဲ့ပြီ ဖြစ်သဖြင့်… နောက်ကွယ်မှ အစီအမံများကို ဆက်လက်လုပ်ဆောင်နိုင်လိမ့်မည်ဟူ၍ ထင်မှတ်ထားခဲ့မိသော်လည်း၊ တစ်ဖက်လူ နတ်ဘုရားလောကကြီးဆီသို့ ဆိုက်ရောက်လာခဲ့သည့် နှုန်းထားကမူ… သူ၏ တွေးတောချက်များထက် အဆပေါင်းများစွာ ပိုမို၍ ကျော်လွန်နေခဲ့ရခြင်း ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် ချီယန်သူတော်စင်သည် ပထမဆုံး အချိန်ကတည်းက ရှဲ့ကျစ်ဌာန တည်ရှိရာ နေရာကို ရှာဖွေနိုင်ခဲ့ခြင်းကလည်း… ဖန့်ချန်၏ တွေးတောချက်များကို ကျော်လွန်နေခဲ့ရပြန်သည်။
"သစ္စာဖောက် ရှိနေခဲ့တာလား……"
ဖန့်ချန်က တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
အခြားသော ကိစ္စရပ်များအားလုံးက ပြောဆိုရန် လွယ်ကူလှသော်လည်း…ရှဲ့ကျစ်ဌာန တစ်ခုလုံး တစ်ပြိုင်နက်တည်း သုတ်သင်ချေမှုန်းခြင်း ခံလိုက်ရရုံတင်မကဘဲ၊ ရှကျီ အပါအဝင် လူများစွာကိုပါ ဝိညာဉ်ဖမ်းတမန် အကြီးအကဲ ရွှမ်အယ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရချေပြီ။
ထိုနည်းတူစွာပင် လန်တောက်ချွန်း၊ ရှောက်မုန့်ယွမ် ကဲ့သို့သော ပုဂ္ဂိုလ်များလည်း ထိုအဖြစ်အပျက်ကြောင့် သေဆုံးပျက်စီးသွားခဲ့ကြရသဖြင့်… နယ်မြေကိုးခု၏ နောက်ဆုံး ကျန်ရှိနေခဲ့သည့် တိုက်ပွဲဝင် စွမ်းရည်များအားလုံး လုံးဝဥဿုံ ဆုံးရှုံးပျက်စီးသွားခဲ့ရခြင်း ဖြစ်ပေသည်။
သူသည် အသေအချာကို အာမခံနိုင်သည်ကမူ… ချီယန်သူတော်စင် အနေဖြင့် ရှဲ့ကျစ်ဌာနကို ရှာဖွေနိုင်ခဲ့ခြင်းသည်၊ သစ္စာဖောက်တစ်ဦးက အတွင်းနယ်မြေ တည်ရှိရာ နေရာအရပ်ကို ဖွင့်ဟပြောဆိုလိုက်သောကြောင့်ပင် ဖြစ်ရပေမည်။
ယခုအချိန်တွင် အတွင်းနယ်မြေကို အောင်မြင်စွာ တည်ဆောက်ပြီးစီးသွားခဲ့ပြီ ဖြစ်သဖြင့်… သူသည် အတွင်းနယ်မြေနှင့် ပတ်သက်သည့် နားလည်မှုများကလည်း ပိုမို၍ နက်ရှိုင်းလွန်းလှပေသည်။
အကယ်၍ ပြင်ပလူများအနေဖြင့် မူလအစတုန်းက တည်ရှိနေခဲ့သည့် လမ်းစ တစ်ခုကို ရရှိထားခြင်း မရှိခဲ့လျှင်မူ… ဟင်းလင်ပြင်ထဲမှနေ၍ အတွင်းနယ်မြေတစ်ခု တည်ရှိရာ နေရာကို ရှာဖွေနိုင်ရန်ဆိုသည်မှာ ဘယ်လိုနည်းနဲ့မျှ လုံးဝဥဿုံ မဖြစ်နိုင်ပါချေ။
ထိုလမ်းစ ဆိုသည်မှာ… အတိတ်တုန်းက သူ တာအိုသုံးထောင်နယ်မြေအတွင်းသို့ ဝင်ရောက်စဉ်တုန်းက လက်ထဲတွင် ရှိနေခဲ့သည့် ကျောက်စိမ်းတုံးလေး ဖြစ်နိုင်ပေသည်။
သို့မဟုတ်လည်း နယ်မြေကိုးခုက လူသားများက ချန်လှပ်ထားခဲ့ဖူးသည့် ထိုနတ်ဘုရားတံခါးကြီးများ ဖြစ်နိုင်ပေသည်။
သို့မဟုတ်လည်း ယင်လောကသို့ ကူးသန်းသွားလာခြင်းကျင့်စဉ်ကို အသုံးပြုသည့် အချိန်တွင် လိုအပ်လှသည့် နည်းလမ်းများ ဖြစ်နိုင်ပေသည်။
"တကယ်ပဲ ဘယ်နေရာမှာ မှားယွင်းသွားခဲ့ရတာလဲ……"
ဖန့်ချန်က တီးတိုးရေရွတ်လျက် မိမိကိုယ်မိမိ မေးမြန်းလိုက်မိသည်။
ရှဲ့ကျစ်ဌာနသည် အဓိက အကျဆုံးသော သော့ချက်တစ်ခု ဖြစ်ပေသည်… အဲဒါက ချီယန်သူတော်စင်၏ လက်ချက်ဖြင့် ဤမျှလောက် မြန်ဆန်စွာ အလွယ်တကူ သွေးချောင်းစီးအောင် သုတ်သင်ချေမှုန်းခြင်းကို မခံရသင့်ပါချေ။
"ဒါမှမဟုတ်ရင်… ဆရာ နဲ့ အဘိုးတို့ဆီကိုပါ၊ တစ်စုံတစ်ယောက်က ရှာဖွေပြီး ရောက်ရှိသွားခဲ့ပြီ ဖြစ်လို့…သူတို့အနေနဲ့လည်း ဒီဘက်ကို မကူညီနိုင်ကြတော့တာလား"
ထိုနေရာသို့ ရောက်ရှိလာခဲ့သည့်အခါတွင်မူ… ဖန့်ချန်သည် ချင်ဝူဆန့်က ချန်အင်းရွှယ်ကို ပြောဆိုသွားခဲ့သည့် စကားလုံးများကို ပြန်လည်တွေးတောလိုက်မိတော့သည်။
"သူတော်စင်အဆင့်ကြီး ငါးဆင့်"
"ပထမဆုံး အဆင့်က ကမ္ဘာငယ်သူတော်စင်… ဒုတိယ အဆင့်က ကမ္ဘာကြီးသူတော်စင်……"
"ကမ္ဘာငယ်သူတော်စင်ရဲ့ အထဲမှာမှ… စွမ်းအင်စုဆောင်းခြင်း ၊ သက်စောင့်စွမ်းအင် ၊ ကမ္ဘာတည်ဆောက်ခြင်း ဆိုပြီး ကွဲပြားသွားသေးတယ်… အတိတ်တုန်းက နဂါးသူတော်စင်ကြီး ကလည်း၊ သက်စောင့်စွမ်းအင် အဆင့်အတန်းမျှသာ ရှိနေခဲ့တာလား"
"စွမ်းအင်စုဆောင်းခြင်း က ဘာကို ဆိုလိုတာလဲ"
"အဘိုးတို့ကိုပါ စိတ်အာရုံခွဲခြားပြီး မကူညီနိုင်အောင် လုပ်ဆောင်ထားနိုင်တာကို ကြည့်မယ်ဆိုရင်တော့… ရောက်ရှိလာတဲ့ တစ်ဖက်လူရဲ့ ကျင့်ကြံခြင်း အဆင့်အတန်းက အသေးအဖွဲ မဟုတ်ဘဲ၊ အတိတ်တုန်းက နဂါးသူတော်စင်ကြီးရဲ့ ဖြစ်တည်မှုနဲ့ ယှဉ်ပြိုင်နိုင်စွမ်း ရှိတဲ့ အနှိုင်းမဲ့ အင်အားကြီး ပုဂ္ဂိုလ်တွေ ရောက်ရှိလာခဲ့တာ ဖြစ်ရမယ်"
ထိုနေရာသို့ တွေးတောမိလိုက်သည့် အချိန်တွင်မူ… ဖန့်ချန်သည် စိတ်အာရုံကို လှုံ့ဆော်လိုက်မိရင်း၊ ကြီးမားကျယ်ပြန့်လှသော အတွင်းနယ်မြေ၏ ခန့်ညားထည်ဝါလှသော နတ်ဘုရားတံခါးကြီး တစ်ခုလုံးကို… မသေမျိုးသန့်စင်ကန်၏ ကန်ရေပြင်ထက်မှနေ၍ တိုက်ရိုက်ထိုးခွဲ ထွက်ပေါ်လာစေလျက် ဟင်းလင်ပြင်ထဲသို့ ရောက်ရှိလာခဲ့တော့သည်။
တစ်ချိန်တည်းမှာပင်… ထိုနေရာတွင် ရှိနေခဲ့ကြပြီး မသေမျိုးသန့်စင်ကန်၏ အခြေအနေများကို စောင့်ကြပ်ကြည့်ရှုနေခဲ့ကြသည့် လော့ရွှယ်သူတော်စင်နှင့် အခြားသော ပုဂ္ဂိုလ်များအားလုံးသည်လည်း… တစ်ယောက်ပြီးတစ်ယောက် အလွန်တရာ ထိတ်လန့်အံ့ဩခြင်းကြီးစွာဖြင့် မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့ရကြတော့သည်။
အခန်း (၂၀၁၂) တစ်ချက်တည်းဖြင့် အမှုန့်လုပ်ခြင်း
ချီယန်သူတော်စင်သည် သူ၏ မျက်ဝန်းအစုံကို အနည်းငယ်မျှ ကျဉ်းမြောင်းလိုက်မိရင်း… သူနှင့်အတူ ခေါ်ဆောင်လာခဲ့သည့် တစ်ပိုင်းသူတော်စင် ဆယ်ဦးနှင့် ကန့်သက်ချက်ကျော်လွန်သူ ထောင်ပေါင်းများစွာတို့သည်လည်း၊ ယခုအချိန်တွင် ကောင်းကင်ယံထက်မှ မြင်ကွင်းကို တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စိုက်ကြည့်နေကြတော့သည်။
မသေမျိုးသန့်စင်ကန်၏ ထူးခြားဆန်းပြားလှသော ပြောင်းလဲမှုများအပေါ်၌ ဖြစ်စေ၊ မသေမျိုးသန့်စင်ကန်အတွင်း၌ တစ်စုံတစ်ယောက်က အတွင်းနယ်မြေကို စုစည်းတည်ဆောက်နေသည့် ကိစ္စရပ်အပေါ်၌ ဖြစ်စေ… ၎င်းတို့၏ ရင်ထဲ၌ အနည်းငယ်မျှပင် ဂယက်ထလှုပ်ခတ်သွားခြင်း မရှိကြပါချေ။
ဤအရာကမူ… ပုရွက်ဆိတ်အုံတစ်ခုအတွင်း၌ ရုတ်တရက်ဆိုသကဲ့သို့ ပုရွက်ဆိတ်အုံထဲမှ ပိုးမွှားများကို တုန်လှုပ်ခြောက်ခြားသွားစေမည့် ပြောင်းလဲမှုမျိုး ပေါ်ပေါက်လာခဲ့ရသော်လည်း၊ လူသားဘီလူးကြီးတစ်ဦးအတွက်မူ… ထိုကဲ့သို့သော ပြောင်းလဲမှုမျိုးကို အရေးတယူ စိတ်ထဲ၌ ထည့်ထားလိမ့်မည်လော။
"မင်းက ဘယ်သူလဲ… ဘာဖြစ်လို့ မသေမျိုးသန့်စင်ကန်ထဲမှာ အတွင်းနယ်မြေကို စုစည်းတည်ဆောက်နေရတာလဲ"
ဖျင်ရွှီတစ်ပိုင်းသူတော်စင်သည် လေးနက်တည်ကြည်လှသော မျက်နှာအမူအရာဖြင့် ကောင်းကင်ယံထက်ကို စိုက်ကြည့်နေမိသည်။ သူ၏ အတွင်းနယ်မြေထက်ပင် အဆပေါင်းများစွာ ပိုမို၍ ခန့်ညားထည်ဝါလွန်းလှသည့် ထိုနတ်ဘုရားတံခါးကြီးကို ကြည့်ရှုရင်း… သူ၏ မျက်ဝန်းအနက်ရှိုင်းဆုံး နေရာအရပ်ထဲ၌မူ အလွန်တရာ ပြင်းထန်လှသော ကြောက်ရွံ့ထိတ်လန့်ခြင်း အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့ရချေပြီ။
လော့ရွှယ်သူတော်စင်နှင့် အခြားသော ပုဂ္ဂိုလ်များအားလုံးသည်လည်း ဖြည်းဖြည်းချင်း စိတ်အာရုံများ ပြန်လည်လန်းဆန်းလာခဲ့ကြပြီး… လေးနက်တည်ကြည်လှသော မျက်ဝန်းအစုံဖြင့် ထိုခန့်ညားထည်ဝါလှသည့် နတ်ဘုရားတံခါးကြီးဆီသို့ စိုက်ကြည့်လိုက်ကြသည်။
၎င်းတို့အနေဖြင့် ထိုတံခါးကြီး၏ အတွင်းထဲ၌ ရိပ်ဖမ်းသံဖမ်းအလား လူရိပ်တစ်ရိပ် ရှိနေသည်ကို မြင်တွေ့နိုင်ကြသော်လည်း… တစ်ဖက်လူ၏ ရုပ်ရည်သွင်ပြင်ကိုမူ ဘယ်လိုနည်းနဲ့မျှ သေသေချာချာ ရှင်းလင်းစွာ မြင်တွေ့နိုင်ခြင်း မရှိကြပါချေ။
ဖန့်ချန်သည် ဖျင်ရွှီတစ်ပိုင်းသူတော်စင်ကို အနည်းငယ်မျှပင် ဂရုစိုက်ခြင်း မပြုခဲ့ဘဲ… သူ၏ မျက်ဝန်းအစုံကို ထပ်ဆင့်လှေကားထပ်အလား ရှိနေခဲ့သည့် ဟင်းလင်ပြင်များကို ဖြတ်သန်းကြည့်ရှုလိုက်မိရင်း၊ ချီယန်သူတော်စင်၏ ခန္ဓာကိုယ်အပေါ်သို့ တိုက်ရိုက် ကျရောက်စေလိုက်သည်။
သူသည် အတွင်းနယ်မြေ၏ ကြီးမားလှသော ပိတ်ကားကြီးထက်မှနေ၍… ချီယန်သူတော်စင် မသေမျိုးသန့်စင်ကန်၏ ဘေးနားတွင် မတ်တပ်ရပ်နေခဲ့သည့် မြင်ကွင်းကို အသေအချာ မြင်တွေ့လိုက်ရသောကြောင့်ပင်၊ ယခုအချိန်တွင် ကိုယ်ထင်ပြလျက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။
ဖျင်ရွှီတစ်ပိုင်းသူတော်စင်သည် ထိုခန့်ညားထည်ဝါလှသော အတွင်းနယ်မြေ၏ အရှင်သခင်က မိမိကို အဖက်လုပ်၍ စကားပြန်ပြောခြင်း မရှိသည်ကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ…ကျဆုံးမသေမျိုး မျိုးနွယ်စုဝင်များ၏ မောက်မာရိုင်းစိုင်းလှသော စိတ်နေသဘောထားက သူ၏ စိတ်အာရုံကို ထပ်မံ၍ လွှမ်းမိုးချုပ်ချယ်လာခဲ့ရပြန်ချေပြီ။
သူသည် အေးစက်စက် အပြုံးတစ်ခုဖြင့် ပြုံးလိုက်မိရင်း… အခြားသော ကျဆုံးမသေမျိုးတစ်ပိုင်းသူတော်စင် အနည်းငယ်ဆီသို့ မျက်ရိပ်ပြလိုက်တော့သည်။
နောက်ထပ် စက္ကန့်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက်…ကျဆုံးမသေမျိုး တစ်ပိုင်းသူတော်စင် အနည်းငယ်က ပြိုင်တူဆိုသကဲ့သို့ လက်ဦးမှုရယူလျက် တိုက်ခိုက်လိုက်ကြချေပြီ။
မျက်တောင်ခတ်ရုံမျှ အချိန်အတွင်းမှာပင်… ၎င်းတို့၏ ကျောပြင်ဘက်ဆီမှနေ၍ ခန့်ညားထည်ဝါလှသော အတွင်းနယ်မြေ အနည်းငယ် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့ရတော့သည်။
၎င်းတို့သည် ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မည့် အနေအထားမျိုးကို အသုံးပြုလျက်… ဖန့်ချန်၏ ထံဆီသို့ တရစပ် ပြေးဝင်တိုက်ခိုက်လိုက်ကြသည်။
၎င်းတို့၏ အတွင်းနယ်မြေများအပေါ်၌ ထွင်းထုထားခဲ့ကြသည့် တန်ခိုးစွမ်းအား ကျင့်စဉ်များအားလုံးကိုလည်း… ယခုအချိန်တွင် အပြင်းအထန် အသုံးပြုနေခဲ့ကြပြီ ဖြစ်ပေသည်။
ချီယန်သူတော်စင်၏ မျက်ဝန်းအစုံအတွင်း၌ ပေါ့ပေါ့ပါးပါးပင် ပြုံးရယ်နေသည့် အမူအရာတစ်ခု ပေါ်ပေါက်လာခဲ့ရသည်။ သူ၏ အမြင်အရမူ… ဤကျဆုံးမသေမျိုး မျိုးနွယ်စုဝင် အနည်းငယ် စုစည်းတည်ဆောက်ထားခဲ့ကြသည့် အတွင်းနယ်မြေများသည်၊ အဆင့်အတန်း အလွန်တရာ နိမ့်ပါးလွန်းလှသဖြင့် သူနှင့်ယှဉ်လျှင်ပင် အဆပေါင်းများစွာ ဝေးကွာလွန်းလှသေးသည်။
အကယ်၍ ၎င်းတို့ကို ဟင်းလင်ပြင် အဆင့်မြင့်မဟာမိတ်အဖွဲ့အတွင်းသို့ ထည့်သွင်းစဉ်းစားလိုက်မည်ဆိုလျှင်မူ… သေချာပေါက် အဆင့်မရှိသည့် သာမန်အဖွဲ့အစည်းများ၏ အောက်ခြေတွင်သာ ရှိနေကြလိမ့်မည် ဖြစ်ပေသည်။
သို့သော်လည်း လော့ရွှယ်သူတော်စင်နှင့် အခြားသော ပုဂ္ဂိုလ်များ၏ မျက်ဝန်းထဲတွင်မူ… ဖျင်ရွှီတစ်ပိုင်းသူတော်စင်နှင့် အခြားသော လူများ၏ အတွင်းနယ်မြေသည်၊ အလွန်တရာ အင်အားကြီးမားလွန်းလှပြီး ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေ ဤ ကျဆုံးမသေမျိုး တစ်ပိုင်းသူတော်စင် အနည်းငယ် လျှောက်လှမ်းခဲ့ကြသည့် လမ်းစဉ်သည် သူတော်စင်ကျမ်းစာလမ်းစဉ် မဟုတ်ဘဲ… ဝါ့ထျန်းဧကရာဇ် ကိုယ်တိုင် တီထွင်ဖန်တီးထားခဲ့ဖူးသည့် နတ်ဘုရားစွန့်လွှတ်ခြင်းလမ်းစဉ်သာ ဖြစ်ပေသည်။
ဤမျှလောက် အဆင့်အတန်းမျိုးဆီသို့ ရောက်ရှိနိုင်ခဲ့ခြင်းကပင်… အမှန်တကယ်ကို လွယ်ကူလှသည့် ကိစ္စရပ်တစ်ခု မဟုတ်ပါချေ။
ယခုအချိန်တွင် မသေမျိုးသန့်စင်ကန်အတွင်း၌ တိတ်တဆိတ် ကျင့်ကြံနေခဲ့ပြီး… အတွင်းနယ်မြေကိုပင် စုစည်းတည်ဆောက်နိုင်ခဲ့သည့် ဤကျင့်ကြံသူက မည်သူပင် ဖြစ်နေပါစေဦးတော့၊ ကျဆုံးမသေမျိုးမျိုးနွယ်စုဝင် တစ်ပိုင်းသူတော်စင် အနည်းငယ်၏ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည့် အခါတွင်မူ… ဘယ်လိုနည်းနဲ့မျှ လွတ်မြောက်နိုင်ရန် လုံးဝဥဿုံ မဖြစ်နိုင်တော့ပါချေ။
တစ်ဖက်လူ၏ အတွင်းနယ်မြေက အလွန်တရာ ခန့်ညားထည်ဝါလွန်းလှပြီး… အခြေခံအုတ်မြစ်က မည်မျှပင် ခိုင်မာတောင့်တင်းနေပါစေဦးတော့။
ထိုအချိန်မှာပင်… ဖန့်ချန်၏ စိတ်အာရုံက ချီယန်သူတော်စင်၏ ခန္ဓာကိုယ်အပေါ်မှနေ၍၊ ဖျင်ရွှီတစ်ပိုင်းသူတော်စင်နှင့် အခြားသော လူများ၏ ခန္ဓာကိုယ်အပေါ်သို့ ရွေ့လျားကျရောက်သွားခဲ့ရချေပြီ။
နောက်ထပ် စက္ကန့်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက်… အတွင်းနယ်မြေ၏ အတွင်းဘက်မှနေ၍၊ မရေမတွက်နိုင်အောင် များပြားလှသော ကောင်းကင်ပြာမိုးကြိုးစွမ်းအား သောင်းပေါင်းများစွာ ရုတ်တရက်ဆိုသကဲ့သို့ တရစပ် ရုန်းကြွထွက်ပေါ်လာခဲ့ရတော့သည်။
မိုးကြိုးစွမ်းအား တစ်စင်းချင်းစီ၏ အတွင်းထဲ၌ ကိန်းဝပ်တည်ရှိနေခဲ့ကြသည့် အင်အားများကမူ… ဤနေရာတွင် ရှိနေခဲ့ကြသည့် သက်ရှိအားလုံးကို တုန်လှုပ်ခြောက်ခြားသွားစေနိုင်လောက်အောင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလွန်းလှပေသည်။
ထိုကဲ့သို့သော စွမ်းအားမျိုးသည်… မသေမျိုးသန့်စင်ကန်၏ တားမြစ်ချက်ကျင့်စဉ်များကြားမှနေ၍ တိုက်ရိုက် ပြည့်လျှံထွက်ပေါ်လာခဲ့ရသဖြင့်၊ တစ်မြို့လုံးတွင် ရှိနေခဲ့ကြသည့် ကျင့်ကြံသူအားလုံး၏ ရင်ထဲ၌မူ… မိမိကိုယ်တိုင်၏ အသက် သေဆုံးခြင်း ဘေးအန္တရာယ်ကြီးနှင့် ထိပ်တိုက်ဆုံတွေ့လိုက်ရသည့်အလား ခံစားချက်မျိုး တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာခဲ့ရတော့သည်။
ဖျင်ရွှီတစ်ပိုင်းသူတော်စင်သည် စိတ်အာရုံထဲ၌ တစ်စုံတစ်ခုကို ခံစားလိုက်မိရင်း… သူ၏ မျက်ဝန်းအစုံအတွင်း၌ အလွန်တရာ အံ့ဩမှင်တက်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာခဲ့ရသော်လည်း၊ နောက်ထပ် စက္ကန့်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက်… သူနှင့် အခြားသော တစ်ပိုင်းသူတော်စင် အနည်းငယ်၏ အတွင်းနယ်မြေ နတ်ဘုရားတန်ခိုးစွမ်းအားများကိုပင် ထုတ်ဖော်ခွင့် မရလိုက်ကြဘဲ၊ တရစပ် ကျရောက်လာခဲ့ကြသည့် မိုးကြိုးစွမ်းအား သောင်းပေါင်းများစွာ၏ အောက်၌ လုံးဝဥဿုံ နစ်မြုပ်ပျောက်ကွယ်သွားခဲ့ရချေပြီ။
ကြောက်မက်ဖွယ်ကောင်းလှသော မိုးကြိုးအလင်းတန်းများကမူ… ကောင်းကင်ယံကြီးတစ်ခုလုံးကို လုံးဝဥဿုံ လွှမ်းမိုးအုပ်ဆိုင်းသွားခဲ့ရတော့သည်။
လော့ရွှယ်သူတော်စင်နှင့် အခြားသော ပုဂ္ဂိုလ်များအားလုံးသည်လည်း… မိမိကိုယ်တိုင်၏ မျက်ဝန်းအစုံအတွင်း၌ အဖြူရောင် အလင်းတန်းများသာ ကျန်ရစ်နေခဲ့ရသဖြင့်၊ မည်သည့် အရာကိုမျှ မြင်တွေ့နိုင်စွမ်း မရှိကြတော့ပါချေ။
"ကောင်းတယ်… ကောင်းမွန်တဲ့ နည်းလမ်းပဲ၊ မင်းရဲ့ အတွင်းနယ်မြေကို ဟင်းလင်ပြင်အဆင့်မြင့် မဟာမိတ်အဖွဲ့ထဲမှာ ထည့်သွင်းစဉ်းစားမယ်ဆိုရင်တောင်… သေချာပေါက် အဆင့်အတန်းတစ်ခုအတွင်းသို့ ဝင်ရောက်နိုင်စွမ်း ရှိနေပြီပဲ"
ချီယန်သူတော်စင်သည် ရုတ်တရက်ဆိုသကဲ့သို့ လက်ခုပ်တီးလျက် အော်ဟစ်ရယ်မောလိုက်တော့သည်။
လော့ရွှယ်သူတော်စင်နှင့် အခြားသော ပုဂ္ဂိုလ်များအားလုံးသည် အခြေအနေကို ဘာမှန်းမသိသေးဘဲ တုန့်ပြန်နိုင်ခြင်း မရှိကြသေးသော်လည်း… ကောင်းကင်နှင့် မြေပြင်ကြားရှိ အဖြူရောင်အလင်းတန်းများ ပျောက်ကွယ်သွားခဲ့ပြီးနောက်တွင်မူ၊ ၎င်းတို့သည် ဖျင်ရွှီတစ်ပိုင်းသူတော်စင်နှင့် အခြားသော လူများအားလုံး၏ အရိပ်အယောင်ပင် မကျန်တော့ဘဲ ခြေရာလက်ရာမပျက် ပျောက်ကွယ်သွားခဲ့ကြသည်ကို မြင်တွေ့လိုက်ရပေသည်။
"ဒါ… ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
လော့ရွှယ်သူတော်စင်နှင့် အခြားသော ပုဂ္ဂိုလ်များ၏ မျက်နှာထက်တွင် အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားသည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့ရတော့သည်။
အဆင့်အတန်းချင်း အတူတူပင်ဖြစ်သည့် တစ်ပိုင်းသူတော်စင်ချင်း ဖြစ်နေခဲ့ပါလျက်နှင့်… ဖျင်ရွှီတစ်ပိုင်းသူတော်စင်သည် လူများစွာ၏ စွမ်းအားများကို စုစည်းအသုံးပြုခဲ့ပါသော်လည်း၊ တစ်ဖက်လူ၏ လက်ချက်ဖြင့် တစ်ချက်တည်းဖြင့်ပင် သေဆုံးသွားခဲ့ရသည်လော။
အစောပိုင်းတုန်းက ထိုကောင်းကင်ပြာမိုးကြိုးစွမ်းအားများက… ဤမျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်လော။
၎င်းတို့အားလုံးသည်လည်း တစ်ပိုင်းသူတော်စင်လမ်းစဉ်ကို ဖြတ်သန်းခဲ့ဖူးကြပြီး… စစ်မှန်သည့် သူတော်စင်အဆင့်အထိ ရောက်ရှိခဲ့ဖူးကြသဖြင့်၊ တစ်ပိုင်းသူတော်စင်ချင်းကြားရှိ စွမ်းရည် ကွဲပြားခြားနားချက်များကိုမူ… သူတို့၏ ရင်ထဲ၌ အသေအချာ တွက်ချက်နိုင်စွမ်း ရှိကြပေသည်။
ထို့ကြောင့်ပင် ၎င်းတို့သည် အမျိုးမျိုးသော အခြေအနေများကို ကြိုတင်တွေးတောထားခဲ့ဖူးကြပြီး… တစ်ဖက်လူအနေဖြင့် ထိုနေရာတွင် ရှိနေခဲ့သည့် တားမြစ်ချက်ကျင့်စဉ်များကို ချိုးဖျက်လျက် တိုက်ရိုက် ထွက်ပြေးတိမ်းရှောင်သွားလိမ့်မည်ဟူ၍သာ ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်ပေသည်။
သို့သော်လည်း ၎င်းတို့ ဘယ်လိုနည်းနဲ့မျှ တွေးတောမထားခဲ့မိသည်ကမူ… တစ်ဖက်လူ၏ အသုံးပြုခဲ့သည့် တန်ခိုးစွမ်းအားကမူ၊ တိုက်ရိုက်ဆိုသကဲ့သို့ တစ်ချက်တည်းဖြင့်ပင် ဖျင်ရွှီတစ်ပိုင်းသူတော်စင်နှင့် အခြားသော လူများကို ပြာအဖြစ် ပြောင်းလဲသွားအောင် အမှုန့်ပြုပစ်နိုင်လိမ့်မည်ဟူ၍ ဖြစ်ပေသည်။
ဤအရာများကမူ…ကျဆုံးမသေမျိုး မျိုးနွယ်စုဝင်များအနေဖြင့်၊ နှစ်ပေါင်းများစွာတိုင်အောင် အလွန်တရာ ခဲခဲယဉ်းယဉ်း ပြုစုပျိုးထောင်ထားခဲ့ရသည့် တစ်ပိုင်းသူတော်စင် အနည်းငယ် ဖြစ်ကြပေသည် မဟုတ်ပါလော……။
"အလွန် အင်အားကြီးတယ်……"
ကျန်းဝူတစ်ပိုင်းသူတော်စင်၏ မျက်ဝန်းအစုံအတွင်း၌ အလွန်တရာ တောက်ပဆန်းပြားလှသော အရောင်အဝါများ တရစပ် လည်ပတ်စီးဆင်းနေခဲ့ရချေပြီ။
သူမသည် တစ်ပိုင်းသူတော်စင်အဆင့်မှ လူဝင်စားလာခဲ့ခြင်း ဖြစ်သဖြင့်… တစ်ပိုင်းသူတော်စင်အဆင့်၏ ကန့်သတ်ချက် နယ်ပယ်ကို အစောဆုံး ကတည်းကပင် အကျွမ်းတဝင် ရှိလှသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။
အတိတ်တုန်းက နတ်ဘုရားနယ်မြေအတွင်း၌ ရှိနေခဲ့စဉ်တုန်းကပင်… သူမသည် အင်အားကြီးမားလှသည့် မျိုးနွယ်စုများစွာမှ တစ်ပိုင်းသူတော်စင်များနှင့် ဆုံတွေ့ဖူးခဲ့သော်လည်း၊ ယခုကဲ့သို့သော အဆင့်တူ ကျင့်ကြံသူတစ်ဦးကို တစ်ချက်တည်းဖြင့် ပေါ့ပေါ့ပါးပါး အမှုန့်လုပ်ပစ်နိုင်သည့် ဖြစ်တည်မှုမျိုးကိုမူ အလွန်တရာ မြင်တွေ့ရခဲလွန်းလှပေသည်။
အနည်းဆုံးတော့ ယခုမျက်စိရှေ့မှ ပုဂ္ဂိုလ်သည်… အတိတ်တုန်းက သူမကိုယ်တိုင်၏ ဖြစ်တည်မှုနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင်ပင်၊ အဆပေါင်းများစွာ ပိုမို၍ အင်အားကြီးမားလွန်းလှပေသည်။
"သူက အခုလေးတင် အတွင်းနယ်မြေကို စုစည်းတည်ဆောက်ပြီးစ ကာလပဲ ရှိသေးတယ်… ဒါပေမဲ့ ဒီလိုမျိုး အစွမ်းထက်လှတဲ့ နည်းလမ်းမျိုး ရှိနေခဲ့တာကို ကြည့်မယ်ဆိုရင်တော့၊ သူ့ရဲ့ အတွင်းနယ်မြေက အခြေခံအုတ်မြစ်နဲ့ အဆင့်အတန်းက အလွန်တရာကို မြင့်မားလွန်းလှတာကို သက်သေပြနေတာပဲ"
"သူက နတ်ဘုရားလောက အတွင်းမှာ အတွင်းနယ်မြေကို စုစည်းတည်ဆောက်ခဲ့တာ ဖြစ်လို့… နတ်ဘုရားစွန့်လွှတ်ခြင်းကျင့်စဉ်ကို လေ့ကျင့်ထားခဲ့တာလည်း ဖြစ်နိုင်တယ်"
"ဒါကြောင့်မို့လို့… မသေမျိုးသန့်စင်ကန်ထဲမှာသာ နတ်ဘုရားစွန့်လွှတ်ခြင်းကျင့်စဉ်ကို လေ့ကျင့်ခဲ့မယ်ဆိုရင်၊ ဒီလိုမျိုး မြင့်မားလှတဲ့ အဆင့်အတန်းရှိတဲ့ အတွင်းနယ်မြေကို စုစည်းတည်ဆောက်နိုင်မယ့် အခွင့်အရေး ရှိနေတာပဲ "
ဤသို့ တွေးတောမိလိုက်သည့် အချိန်တွင်မူ… ကျန်းဝူတစ်ပိုင်းသူတော်စင်သည် သူမ၏ ရင်ထဲ၌ အလွန်အမင်း စိတ်လှုပ်ရှားတက်ကြွလာခဲ့ရတော့သည်။
ထိုအရာကမူ… သူမအနေဖြင့် မိမိကိုယ်တိုင်၏ အတိတ်ဘဝထက် ကျော်လွန်သွားနိုင်မည့် အခွင့်အရေးတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရခြင်း ဖြစ်ပေသည်။
အကယ်၍ ဤကဲ့သို့သော အတွင်းနယ်မြေမျိုးကို ပိုင်ဆိုင်နိုင်ခဲ့မည်ဆိုလျှင်မူ… သူမအနေဖြင့် နောင်တစ်ချိန်တွင် သူတော်စင်အဆင့်အတွင်းသို့ ဆိုက်ရောက်သွားခဲ့ရုံတင်မကဘဲ၊ သူတော်စင်အဆင့်များကြားထဲ၌ပင် မြင့်မားလှသော ရာထူးအဆင့်အတန်းတစ်ခုအတွင်းသို့ တိုးတက်ရောက်ရှိသွားရန်ဆိုသည်မှာလည်း ဘယ်လိုနည်းနဲ့မျှ ပြဿနာ ရှိတော့မည် မဟုတ်ပါချေ။
"ဟင်းလင်းပြင်အဆင့်မြင့် မဟာမိတ်အဖွဲ့ထဲမှာ… အတွင်းနယ်မြေရဲ့ အဆင့်အတန်းကို ဘယ်လိုမျိုး ခွဲခြားသတ်မှတ်ထားလဲဆိုတာကို မသိရသေးဘူးပဲ"
ခန့်ညားထည်ဝါလှသော အတွင်းနယ်မြေ၏ အတွင်းဘက်မှနေ၍… တည်ငြိမ်အေးဆေးလှသော အသံတစ်သံ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့ရသည်။
လော့ရွှယ်သူတော်စင်နှင့် အခြားသော ပုဂ္ဂိုလ်များအားလုံးသည် ထိုအသံကို အခြေခံလျက် တစ်ဖက်လူ၏ မူလအစ ဖြစ်တည်မှုကို ခန့်မှန်းရန် ကြိုးစားလိုက်ကြသော်လည်း… နောက်ဆုံးတွင် ဘယ်လိုနည်းနဲ့မျှ အဖတ်တင်ကျန်ရစ်ခြင်း မရှိခဲ့ကြပါချေ။
ဤအသံကမူ အတွင်းနယ်မြေ၏ လွှမ်းမိုးချုပ်ချယ်ခြင်းကို ခံထားရသည်မှာ ထင်ရှားလွန်းလှသဖြင့်… တစ်ဖက်လူ၏ မူလအစ အသံစစ်စစ် မဟုတ်ပါချေ။
"မိတ်ဆွေက သိချင်တာလား… ဒါဆိုရင်တော့ မိတ်ဆွေအနေနဲ့ ကိုယ်ထင်ပြပြီး ထွက်လာခဲ့ပါဦး၊ ငါက မိတ်ဆွေနဲ့အတူ ဒီအကြောင်းအရာတွေရဲ့ အသေးစိတ်ကို သေသေချာချာ ဆွေးနွေးပြောဆိုပေးပါ့မယ်"
"မိတ်ဆွေရဲ့ အတွင်းနယ်မြေ အဆင့်အတန်းအရဆိုရင်တော့… သခင်လေးချင် အနေနဲ့လည်း သေချာပေါက် မိတ်ဆွေလိုမျိုး ပါရမီရှင်တစ်ဦးကို အလေးအမြတ်ထားလိမ့်မယ်လို့ ငါ ယုံကြည်တယ်၊ မိတ်ဆွေရဲ့ ဖြစ်တည်မှုက လူသားမျိုးနွယ်စုရဲ့ ဖျက်ဆီးခံလိုက်ရတဲ့ ရှန်းဟုန်းအကြွင်းအကျန်တွေ မဟုတ်ခဲ့ဘူးဆိုရင်ပဲ… သခင်လေးရဲ့ လက်အောက်မှာ အလုပ်အကျွေးပြုနိုင်မယ့် အခွင့်အရေး ရှိနေပြီ ဖြစ်တယ်"
ချီယန်သူတော်စင်က ပြုံးလျက် ပြောဆိုလိုက်မိရင်း… သူ၏ မျက်ဝန်းအစုံအတွင်း၌ ပေါ့ပေါ့ပါးပါးပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည့် အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာခဲ့ရသည်။
သူသည် မော်ထျန်းတီကျန့်ကို ရှာဖွေနိုင်ခြင်း မရှိခဲ့သလို… ထိုဖန့်ငရဲမင်းကြီးကိုလည်း ရှာမတွေ့ခဲ့သော်လည်း၊ သူသည် ပါရမီအလွန်ကောင်းမွန်လှသည့် တည်ရှိမှုတစ်ခုကိုတော့ ရှာဖွေနိုင်ခဲ့ပြီ မဟုတ်ပါလော။
သူတော်စင် သခင်လေးချင်၏ အကြောင်းကို သူ နားလည်ထားသည့် အရဆိုလျှင်မူ… တစ်ဖက်လူ၏ မူလအစ ဖြစ်တည်မှုက သန့်ရှင်း နေသရွေ့၊ ထိုကဲ့သို့သော ပါရမီရှင်မျိုးကို သေချာပေါက် အလေးအမြတ်ထားလိမ့်မည် ဖြစ်ပေသည်။
"ချီယန်သူတော်စင်… သူက ဖန့်ငရဲမင်းကြီး ဖြစ်နေဖို့ အခွင့်အရေး ရှိသလို၊ ဖျက်ဆီးခံလိုက်ရတဲ့ ရှန်းဟုန်းအကြွင်းအကျန်တွေလည်း ဖြစ်နိုင်တယ်"
လော့ရွှယ်သူတော်စင်က ရုတ်တရက်ဆိုသကဲ့သို့ ဝင်ရောက်လျက် သတိပေး စကားလုံးများကို ဖွင့်ဟပြောဆိုလိုက်တော့သည်။
"ဖန့်ငရဲမင်းကြီးလား… သူက အဆင့် ရှစ် အဆင့်ပဲ သာ ရှိသေးတာပါ"
ချီယန်သူတော်စင်က ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်မိရင်း…
"ငါတို့ နယ်မြေကိုးခုထဲကို ရောက်ရှိလာခဲ့ပြီးတဲ့ နောက်ပိုင်းမှာ… နယ်မြေကိုးခုရဲ့ အရာအားလုံးက၊ ငါတို့ရဲ့ လက်ဝါးအတွင်းထဲမှာ လုံးဝဥဿုံ ကျရောက်နေခဲ့ပြီ"
"အဆင့်ရှစ်အဆင့်မျှသာ ရှိသေးရင်တောင်မှ… အတွင်းနယ်မြေကို စုစည်းတည်ဆောက်နိုင်မယ့် အခွင့်အရေး ရှိနေတာပဲ မဟုတ်ဘူးလား"
လော့ရွှယ်သူတော်စင်က တိုးညှင်းစွာ ပြောဆိုလိုက်မိသည်။
လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်မိကြရင်း… မျက်နှာချင်းဆိုင် စိုက်ကြည့်နေမိကြတော့သည်။
ချီယန်သူတော်စင်သည် ပိုမို၍ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်မိရင်း…
"လော့ရွှယ်… မင်းက အခုအချိန်မှာ အတိတ်တုန်းကနဲ့ မတူဘဲ ပြောင်းလဲသွားခဲ့ပြီပဲ"
"မင်းတို့တွေအနေနဲ့ အတွင်းနယ်မြေကို စုစည်းတည်ဆောက်နိုင်မယ့် အခွင့်အရေး ရှိခဲ့တာက… မင်းတို့ လျှောက်လှမ်းခဲ့တဲ့ လမ်းစဉ်က နတ်ဘုရားစွန့်လွှတ်ခြင်းလမ်းစဉ် ဖြစ်နေခဲ့လို့ပဲ"
"ဧကရာဇ်ဝါ့ထျန် က ဒီလို လမ်းစဉ်မျိုးကို ဖောက်ထွက်နိုင်ခဲ့လို့… မင်းတို့တွေက ခြေလှမ်းတစ်လှမ်းချင်းစီအလိုက် နောက်ကနေ လိုက်လံလျှောက်လှမ်းနိုင်ခဲ့ကြတာ"
"ဒါပေမဲ့ ဖန့်ငရဲမင်းကြီးမှာ… ဒီလိုမျိုး အခွင့်အရေးမျိုး ရှိနေခဲ့လို့လား"
"ငါ သိထားသလောက်အရဆိုရင်တော့… သူ လျှောက်လှမ်းခဲ့တဲ့ လမ်းစဉ်က ဓားမသေမျိုးလမ်းစဉ် ဖြစ်ပြီး၊ ဓားမသေမျိုးလမ်းစဉ်အတွက် လိုအပ်လှတဲ့ ဆေးဝါးတွေက… နယ်မြေကိုးခုအတွင်းမှာ မျိုးတုံးပျောက်ကွယ်သွားခဲ့ပြီ "
"ဒါကြောင့်မို့လို့ သူက အဆင့်ကိုးအဆင့်အတွင်းကို တက်ရောက်နိုင်ဖို့တောင် မဖြစ်နိုင်တဲ့ ကိစ္စရပ်တစ်ခုကို… ဘယ်လိုနည်းနဲ့မျှ ကန့်သက်ချက် ကျော်လွန်ပြီး အတွင်းနယ်မြေကို စုစည်းတည်ဆောက်နိုင်စွမ်း ရှိတော့မှာလဲ"
ချီယန်သူတော်စင်၏ ရယ်မောသံများအတွင်း၌မူ… ပေါ့ပေါ့ပါးပါးပင် မထောက်မညှာ နှိမ်ချဆက်ဆံနေသည့် အရိပ်အယောင်တစ်ခု စွဲထင်ကျန်ရစ်နေခဲ့ရချေပြီ။
ယခုအချိန်တွင် နယ်မြေကိုးခုအတွင်း၌… မည်ကဲ့သို့သော ဖြစ်တည်မှုမျိုးကိုမျှ သူ၏ မျက်ဝန်းအစုံအတွင်း၌ ထည့်သွင်းစဉ်းစားထားခြင်း မရှိတော့ပါချေ။
ဘောင်အတွင်း၌ ရှိနေခဲ့ကြသည့် ရှဲ့ကျစ်ဌာနမှ ခေါင်းမာလှသော ကောင်များအားလုံးသည်လည်း… ယခုအချိန်တွင် ဝိညာဉ်ဖမ်းတမန် အကြီးအကဲ ရွှမ်အယ်၏ လက်အောက်၌ ဒုက္ခမျိုးစုံ ကြုံတွေ့နေခဲ့ကြရပြီ မဟုတ်ပါလော။
လော့ရွှယ်သူတော်စင်သည် ဤစကားလုံးများကို ကြားလိုက်ရသည့် အခါတွင်မူ… ထိုစကားလုံးများ၏ အဓိပ္ပာယ်များကြောင့်ပင် စိတ်အာရုံထဲ၌ ယိမ်းယိုင်သွားခဲ့ရသည့်အလား၊ မသိစိတ်အရပင် ခေါင်းညိတ်လိုက်မိတော့သည်။
"မိတ်ဆွေ… ဆင်းလာခဲ့ပါတော့၊ မင်း သတ်ဖြတ်လိုက်တဲ့ ဒီကျဆုံးမသေမျိုးတစ်ပိုင်းသူတော်စင် အနည်းငယ်က… ဘာမှ ပြောပလောက်တဲ့ အရာတွေ မဟုတ်ပါဘူး၊ ငါက မင်းအတွက် ဝါ့ဧကရာဇ်ထျန် ကို သေသေချာချာ ပြောဆိုပေးပါ့မယ်… သူကလည်း ဒီကိစ္စကို စိတ်ထဲမှာ ထားလိမ့်မှာ မဟုတ်ပါဘူး"
ချီယန်သူတော်စင်သည် ပြုံးစိစိမျက်နှာအမူအရာဖြင့်… ထိုခန့်ညားထည်ဝါလှသော နတ်ဘုရားတံခါးကြီးဆီသို့ လက်ယပ်ခေါ်ယူလိုက်တော့သည်။
"ကောင်းပြီ"
ခန့်ညားထည်ဝါလှသော အတွင်းနယ်မြေ၏ အတွင်းဘက်မှ ပြန်လည်ဖြေကြားလိုက်သည့် စကားလုံးကမူ အလွန်တရာ ပြတ်သားလွန်းလှပေသည်။
နောက်ထပ် စက္ကန့်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက်… ကြောက်မက်ဖွယ်ကောင်းလှသည့် နတ်ဘုရားတန်ခိုးစွမ်းအား ကျင့်စဉ်ပေါင်းများစွာက… ထိုခန့်ညားထည်ဝါလှသော နတ်ဘုရားတံခါးကြီး၏ အတွင်းဘက်မှနေ၍ တရစပ် ပြည့်လျှံထွက်ပေါ်လာခဲ့ရတော့သည်။
ချီယန်သူတော်စင်သည် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည့် အချိန်တွင်မူ… သူ၏ မျက်ဝန်းအစုံသည် မျက်တောင်ခတ်ရုံမျှ အချိန်အတွင်းမှာပင် ပြင်းထန်စွာ ကျုံ့ဝင်သွားခဲ့ရတော့သည်။