အခန်း (၁၃၆၃-၁၃၆၄)
Vol. 137 Ch. 1363-1364
အခန်း (၁၃၆၃) - လူအင်အား လျှော့ချခြင်း
လူတိုင်း ဖန့်ချန်၏ ဂူဗိမာန်သို့ ပြန်ရောက်လာကြသော်လည်း ပတ်ဝန်းကျင် လေထုမှာ အနည်းငယ် လေးလံဖိမှိုင်းနေသည်။
မူလက ကျွယ်မင်ကျင့်ကြံသူ ဖြစ်လာရပြီဆိုလျှင် ရှေ့လျှောက် အလားအလာများမှာ အတိုင်းအဆမရှိ ကောင်းမွန်တော့မည်ဟု ထင်မှတ်ထားခဲ့ကြသည်။
သို့သော် သူတို့သည် စိတ်ကူးယဉ် မျှော်လင့်ခဲ့ကြသော ကျွယ်မင်နန်းတော်သို့ မရောက်ရသည့်အပြင်၊ နံပါတ် (၁၅၇) ရှေးဟောင်းတားမြစ်နယ်မြေနှင့် မလှမ်းမကမ်းရှိ ထိုဂြိုဟ်ပေါ်သို့ ရောက်ရှိလာချိန်တွင်
စီနီယာများ၏ အပြင်ပန်းတွင် နူးညံ့သိမ်မွေ့ဟန်ရှိသော်လည်း လက်တွေ့တွင်မူ ရက်စက်ကြမ်းကြုတ်လှသော လုယက်တိုက်ခိုက်မှု နည်းလမ်းများနှင့် ရင်ဆိုင်လိုက်ရသည်။
"ဒီနေရာက ယန့်ကွမ်တာအိုဂိုဏ်း ထဲက အားပြိုင်မှုတွေထက်တောင် ပိုပြီး ပြင်းထန်နေပါလား"
ယွီဝူရှီးက လေးပင်စွာ ရေရွတ်လိုက်သည်။
မုံချင့်လင်က နှာခေါင်းတစ်ချက် ရှုံ့လျက်
"အခုတော့ ကျမ သဘောပေါက်သွားပြီ။ အဖွဲ့တစ်ဖွဲ့ဟာ မသေမျိုးလှေ တစ်စင်းပဲ လျှောက်ထားခွင့်ရှိတယ်၊ အဲဒီဝေစုကလည်း အဖွဲ့ခေါင်းဆောင်ရဲ့ လက်ထဲမှာပဲ ရှိတာ။ တကယ်လို့ ရွှီချန့်က အဖွဲ့ခေါင်းဆောင်ကိုသာ မြှူဆွယ်ခေါ်သွားနိုင်ခဲ့ရင် ကျန်တဲ့ ကျမတို့ကတော့ တခြားအဖွဲ့ထဲ ဝင်ရင်ဝင်၊ မဟုတ်ရင်လည်း ဒီနေရာမှာပဲ အောင်းပြီး ကျင့်ကြံနေရတော့မှာ။ တားမြစ်နယ်မြေထဲကို သွားပြီး အခွင့်အရေး ရှာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး"
"ကံကောင်းသွားလို့ပါပဲ..."
လင်းယွမ်မှာ အတော်လေး တုန်လှုပ်နေဆဲဖြစ်သည်
"အမှားကြီး မှားတော့မလို့။ တကယ်လို့ အဖွဲ့ခေါင်းဆောင်သာ ရွှမ်ဝမ်ရှေ့ပြေးအဖွဲ့ရဲ့ ဖိတ်ခေါ်မှုကို လက်ခံလိုက်ရင် ကျုပ်တို့တော့ ဒုက္ခပဲ"
"ကျင့်ကြံခြင်းလောကဆိုတာ မူလကတည်းက အားပြိုင်မှုတွေနဲ့ ပြည့်နှက်နေတာပဲလေ။ ကျမတို့ လွန်ခဲ့တဲ့ စစ်ဆေးပွဲတုန်းကလည်း ဒီလိုပဲ မဟုတ်လား။ ကျွယ်မင်နန်းတော်က အသုံးမကျတဲ့လူတွေကို အလိုမရှိဘူး။ ဒါကြောင့် ကောင်းကောင်းမွန်မွန် နေချင်ရင် ပိုပြီး အစွမ်းထက်၊ ပိုပြီး ရက်စက်တဲ့ နည်းလမ်းတွေ လိုအပ်တာပေါ့"
ကြာနီနတ်မိမယ်ငယ်က တည်ငြိမ်စွာ ဆိုသည်
"ရှေ့လျှောက်မှာလည်း ကျမတို့ အလားတူ အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်ရဦးမှာပါ။ ဒီတစ်ခေါက် ဖန့်မိတ်ဆွေက ရွှမ်ဝမ်အဖွဲ့ရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်တာဟာ သူတို့ကို ရန်စလိုက်သလို ဖြစ်သွားပြီ"
"အင်း... ကျမတို့ ပစ်မှတ်ထားခံရဖို့ ရာခိုင်နှုန်း တော်တော်များတယ်။ ဒီနေရာမှာတော့ ဘာမှမဖြစ်ပေမဲ့၊ တားမြစ်နယ်မြေထဲ ရောက်သွားရင်တော့..."
မုံချင့်လင်က မျက်မှောင်ကြုတ်လျက် ဆိုသည်။
လူအတော်များများ၏ မျက်နှာပျက်သွားကြသည်။
မသေမျိုး တစ်ဦး ဦးဆောင်သော ရှေ့ပြေးအဖွဲ့ကို ရန်စမိလျှင် မည်သို့သော အဆုံးသတ်မျိုး ကြုံရမည်ကို သူတို့ ခန့်မှန်းနိုင်ကြသည်။
တားမြစ်နယ်မြေထဲတွင် အစအနမကျန် ပျောက်ကွယ်သွားရမလား
လူအတော်များများမှာ တုံ့ဆိုင်းသော အမူအရာများ ပြလာကြသည်။
"ဒီဘေးအန္တရာယ်ကို လက်ခံနိုင်တဲ့သူတွေ ရှိနေခဲ့ပါ။ မခံနိုင်ဘူးဆိုရင်လည်း အခုပဲ ထွက်သွားပြီး တခြားရှေ့ပြေးအဖွဲ့တွေဆီ ဝင်နိုင်ပါတယ်။ မင်းတို့ရဲ့ ပါရမီနဲ့ အရည်အချင်းအရ လက်မခံမယ့်သူ မရှိပါဘူး"
ကြာနီနတ်မိမယ်ငယ်က ဆက်ပြောသည်
"မကောင်းတဲ့စကားကို ကြိုပြောထားမယ်။ တကယ်လို့ ဒီမှာ ဆက်နေပြီးမှ ဒီကိစ္စကြောင့် ဟိုတွေးဒီတွေးနဲ့ တုံ့ဆိုင်းနေမယ့်သူ ရှိရင်တော့ ကျမ ကိုယ်တိုင် ရှင်းပစ်မယ်"
"ဟူး... တကယ်တော့ ကျမက ရှေးဟောင်းတားမြစ်နယ်မြေကို သိပ်ပြီး စိတ်မဝင်စားပါဘူး။ တစ်နှစ်ကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၂၀ ဆိုတဲ့ လစာက ဒီမှာတင် ကျင့်ကြံဖို့ လုံလောက်ပါတယ်။ နောင်ကျမှ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်၊ တက်လှမ်းခြင်းအဆင့် ရောက်တော့မှ တားမြစ်နယ်မြေထဲ သွားရင်လည်း နောက်မကျပါဘူး"
တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက သက်ပြင်းချကာ လူတိုင်းကို ဂါရဝပြုပြီး လှည့်ထွက်သွားသည်။
အချို့မှာ အမှန်တကယ်ပင် စောစောစီးစီး အန္တရာယ်မကစားလိုဘဲ ရလာသည့် အရင်းအမြစ်များဖြင့် ကျင့်ကြံခြင်းအဆင့်ကို အရင်မြှင့်တင်လိုကြသည်။
အချို့မှာမူ ရွှမ်ဝမ်အဖွဲ့၏ လက်မည်းကြီးကို ကြောက်ရွံ့သဖြင့် နှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။
တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြရာ ဂူဗိမာန်အတွင်း၌ လူမှာ ကုန်သလောက် ဖြစ်သွားတော့သည်။
နောက်ဆုံးတွင် ဖန့်ချန်နှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးပြီး အပြန်အလှန် လေးစားမှုရှိသော လူအနည်းငယ်သာ ကျန်ရစ်တော့သည်။
ယန့်ကွမ်တာအိုဂိုဏ်းမှ ယွီဝူရှီး။
မိုးကြိုးမီးတောက်မသေမျိုးဂိုဏ်းမှ မုံချင့်လင်။
မိစ္ဆာဂူဂိုဏ်းမှ လင်းယွမ်။
ကြာနီနတ်မိမယ်ငယ် ။
ဖန့်ချန်နှင့် ပေါင်းလျှင် ငါးယောက်သာ ရှိတော့သည်။
ရှေ့ပြေးအဖွဲ့တစ်ဖွဲ့အတွက် ထိုလူဦးရေမှာ အလွန်ပင် နည်းပါးလှသော်လည်း ဖန့်ချန်အတွက်မူ ပြဿနာတစ်ခု ပြေလည်သွားခြင်းပင် ဖြစ်သည်။
သူသည် လူအများကြီး မလိုအပ်ချေ။
ကြာနီနတ်မိမယ်ငယ်မှလွဲ၍ ကျန်ရှိသောသူများမှာ သူ့အတွက်မူ အကာအကွယ် သက်သက်သာ ဖြစ်သည်။
"အဲဒီကောင်တွေ... သတ္တိကတော့ နည်းလိုက်တာ..."
လင်းယွမ်မှာ ပြောစရာ စကားမဲ့နေသည်။
"သူတို့ကို ဂရုမစိုက်နဲ့၊ ငါတို့ ငါးယောက်ဆိုရင်လည်း လုံလောက်ပါတယ်"
မုံချင့်လင်က ပြုံးလိုက်ပြီး ဖန့်ချန်ကို ကြည့်ကာ ကလေးဆန်စွာ ကပ်ချွဲသည့်လေသံဖြင့်
"အဖွဲ့ခေါင်းဆောင်... မြန်မြန် မသေမျိုးလှေကို သန့်စင်လိုက်ပါဦး၊ ဘာတွေ ထူးခြားလဲဆိုတာ ကြည့်ရအောင်"
ကြာနီနတ်မိမယ်ငယ်က မျက်မှောင်ကြုတ်လျက် မုံချင့်လင်ကို တစ်ချက်ကြည့်လိုက်သည်။
မုံချင့်လင်၏ ယခု အမူအရာနှင့် လေသံအပေါ် သူမက သဘောမကျဟန် ရှိနေသည်။
ယွီဝူရှီးနှင့် လင်းယွမ်တို့မှာလည်း တစ်ဦးကိုတစ်ဦး ကြည့်ကာ မသိမသာ နောက်သို့ တစ်လှမ်းဆုတ်လိုက်ကြသည်။
ဖန့်ချန်သည် လက်တစ်ဝါးစာ မသေမျိုးလှေလေးကို ထုတ်ယူကာ လူတိုင်း၏ ရှေ့မှောက်တွင်ပင် စတင် သန့်စင် လေသည်။
ကောင်းကင်အဆင့်နိမ့် ရတနာတစ်ခုကို တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက သန့်စင်မည်ဆိုလျှင် မူလက အချိန်အတော်ကြာ ပေးရမည်ဖြစ်သည်။
လူတိုင်းကလည်း အချိန်ကြာဦးမည်ဟု တွေးထားကြသော်လည်း တစ်နာရီမျှအကြာတွင် မသေမျိုးလှေမှာ အောင်မြင်စွာ သန့်စင်ပြီးသား ဖြစ်သွားသည်။
"ငါ နဲ့တော့ မဆိုင်ဘူး၊ ဒီလှေက... ကြိုပြီး သန့်စင်ထားပြီးသားပုံပဲ။ ငါ သန့်စင်လိုက်တာက ခေတ္တ ထိန်းချုပ်ခွင့်ကို ရယူလိုက်တာပဲ ရှိတယ်"
ဟု ဖန့်ချန်က လူတိုင်းကို ရှင်းပြလိုက်သည်။
ထို့နောက် သူသည် လူတိုင်းကို ဂူအပြင်သို့ ခေါ်ဆောင်သွားပြီး မသေမျိုးလှေကို ထုတ်လွှတ်လိုက်ရာ ၎င်းမှာ လေထဲတွင် တရိပ်ရိပ် ကြီးထွားလာပြီး အလျား ပေ ၂၀ ၊ အနံ ၇ ပေ၊ ၈ ပေ ခန့်အထိ ရှိလာသည်။
လူတိုင်းသည် ဖန့်ချန်၏ စကားကို တွေးတောရင်း မသေမျိုးလှေပေါ်သို့ တက်ကာ စစ်ဆေးကြည့်ကြသည်။
တဖြည်းဖြည်းနှင့် သူတို့သည် ဤ ယွမ်လုံ နံပါတ်လှေ၏ အကြောင်းကို အနည်းငယ် သိလာကြသည်။
"ဒီမှာ အစီရင် အခု ၂၀ ရှိတယ်။ ဝိညာဥ်စွမ်းအား နဲ့ မောင်းနှင်ရင် မဆိုးတဲ့ စွမ်းပကားတွေ ထွက်လာနိုင်တယ်"
မုံချင့်လင်သည် ရှေးဟောင်းဂိုဏ်းကြီး ငါးခုမှ လာသူဖြစ်သဖြင့် အစီရင်အတတ်တွင် အလွန်နှံ့စပ်ရာ ဤလှေပေါ်၌ အထူးစီမံထားသော အစီရင်များကို ချက်ချင်း သတိပြုမိလိုက်သည်။
"ဒီဘက်က အစီရင်ကတော့ အကာအကွယ်အစီရင်ပဲ။ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ထည့်ပြီး ဝိညာဥ်စွမ်းအားနဲ့ မောင်းနှင်လိုက်ရင် အကာအကွယ်ဒိုင်း တစ်ခု ဖြစ်ပေါ်လာလိမ့်မယ်"
"ဒီအစီရင်ကတော့... အမှတ်အသားသက်သက်ပဲ ထင်တယ်။ မောင်းနှင်လိုက်ရင် ဒါဟာ ကျွယ်မင်နန်းတော်က လာတဲ့လှေဆိုတာကို သူတစ်ပါး သိအောင် လုပ်ပေးတာပဲ..."
"ဒီလှေရဲ့ ကုန်ကြမ်းတွေက တော်တော်ထူးခြားတာပဲ"
ယွီဝူရှီးက နေရာအနှံ့ လိုက်လံ ခေါက်ကြည့်နေသည်။
ရုတ်တရက် သူသည် စိတ်ကူးပေါက်ကာ လှေပေါ်မှ ဆင်းပြီး လှေကို ခပ်ဖွဖွလေး တွန်းကြည့်လိုက်သည်။
မသေမျိုးလှေမှာ မှောက်လုနီးပါး ဖြစ်သွားသည်။
"ကျုပ် ဝိညာဥ်စွမ်းအား မသုံးပါဘူး၊ သာမန်လူကြီး ဆယ်ယောက်စာလောက်ရှိတဲ့ ခွန်အားနဲ့ပဲ တွန်းလိုက်တာ"
ယွီဝူရှီးက ထူးဆန်းသော အမူအရာဖြင့် ဆိုသည်
"ဒီလှေက အရမ်းပေါ့တာပဲ။ ဝိညာဥ်စွမ်းအားနဲ့ မမောင်းနှင်သေးခင်မှာတောင် ကျုပ် မြင်ဖူးသမျှ မသေမျိုးလှေတွေထက် အများကြီး ပိုပြီး ပေါ့ပါးနေတယ်"
"ဒါဟာ အထူးကုန်ကြမ်းတွေနဲ့ အထူးလက်ရာတွေကြောင့် ဖြစ်ရမယ်"
လင်းယွမ်က သုံးသပ်ပြသည်
"လှေက ပိုပေါ့လေလေ၊ မောင်းနှင်ဖို့ လိုအပ်တဲ့ ဝိညာဥ်စွမ်းအားက နည်းလေလေပဲ။ အာကာသဟင်းလင်းပြင် ထဲမှာ သွားနိုင်တဲ့ အကွာအဝေးက ပိုဝေးပြီး ပိုမြန်လိမ့်မယ်။ ဒီလှေရဲ့ အရှိန်က အပြင်လောကက တူညီတဲ့အဆင့်ရှိတဲ့ လှေတွေထက် အများကြီး ပိုမြန်မယ်လို့ ကျုပ် ယူဆတယ်"
လူတိုင်း၏ မျက်ဝန်းများ ဝင်းလက်သွားကြသည်။
ထိုကဲ့သို့သော လှေရှိပါက တားမြစ်နယ်မြေအတွင်း စူးစမ်းရှာဖွေရာတွင် အချိန်ကုန် အတော်သက်သာပေလိမ့်မည်။
"ဒါကတော့..."
ကြာနီနတ်မိမယ်ငယ်သည် နေရာတစ်ခုကို ခပ်ဖွဖွလေး ထိလိုက်ရာ လူတိုင်း၏ ရှေ့မှောက်တွင် ကြယ်ပုံပြမြေပုံ တစ်ခု ပေါ်ထွက်လာသည်။
မြေပုံထဲတွင် လမ်းကြောင်းအသွယ်သွယ်နှင့် လမ်းတစ်လျှောက်ရှိ နယ်မြေအချို့ကို မှတ်သားထားသည်။
အချို့နေရာများမှာ အဖြူရောင်၊ အချို့မှာ အစိမ်းရောင်၊ အချို့မှာ အနီရောင် ဖြစ်ပြီး ဧရိယာတစ်ခုမှာမူ အနက်ရောင် ဖြစ်ကာ အပေါ်တွင်
နံပါတ် (၁၅၇) ရှေးဟောင်းတားမြစ်နယ်မြေ ဟု ရေးထားသည်။
"ဒီမြေပုံ ရှိနေရင် တားမြစ်နယ်မြေကို စူးစမ်းဖို့ အများကြီး အထောက်အကူ ဖြစ်တာပေါ့။ အနည်းဆုံးတော့ လမ်းမပျောက်တော့ဘူး"
ယွီဝူရှီးက ချီးကျူးလိုက်သည်။
သူတို့ တွေ့ရှိခဲ့သော အချက်များမှာ အပေါ်ယံမျှသာ ရှိသေးသည်။
ဖန့်ချန်သည် သူ၏ ရှေးဦး နတ်ဘုရားမျက်လုံး မှတစ်ဆင့် ထိုလှေ၏ အနှစ်သာရကို မြင်နေရသည်။
လှေ၏ အချက်အချာဗဟိုချက်တွင် ထူးခြားသော တံဆိပ်ခတ်နှိပ်မှု တစ်ခု ရှိနေပြီး ၎င်းသည် အလွန်သိမ်မွေ့သော လှိုင်းအချို့ကို အပြင်သို့ ထုတ်လွှတ်နေသည်။
ဖန့်ချန်သည် ဝိညာဥ်စွမ်းအားကို အသုံးပြု၍ လှေကို စမ်းသပ်မောင်းနှင်ကြည့်ရာ တာအိုပေါင်းစပ်ခြင်းအဆင့် စွမ်းအားဖြင့်ပင် လုံလောက်စွာ ထိန်းချုပ်နိုင်သည်ကို တွေ့ရသည်။
အဓိက မောင်းနှင်အားမှာ ထိုထူးခြားသော တံဆိပ်ခတ်နှိပ်မှုမှ လာခြင်းဖြစ်သည်။
ဒါဟာ ဒီလှေကို ထုတ်လုပ်ကတည်းက ပါလာတဲ့ တံဆိပ်ပဲ။
ကျွယ်မင်နန်းတော်က လာတာ ဖြစ်ရမယ်၊ ပြီးတော့ ကျွယ်မင်နန်းတော်နဲ့ တစ်စုံတစ်ရာ ထူးခြားတဲ့ ဆက်နွယ်မှု ရှိနေတယ်။
ဒါဟာ စောင့်ကြည့်ဖို့နဲ့ တည်နေရာ သိဖို့အတွက်ပါ ပါဝင်နေတာလား
ဖန့်ချန်က တွေးတောနေမိသည်။
ဤ ယွမ်လုံ နံပါတ်လှေသည် ကြီးမားသော ရတနာတစ်ခု၏... အစိတ်အပိုင်း တစ်ခု ဖြစ်နိုင်ချေ အလွန်များသည်။
၎င်းသည် ပြည့်စုံသော ကောင်းကင်အဆင့် ရတနာတစ်ခု မဟုတ်ချေ။
၎င်း၏ စစ်မှန်သော အနှစ်သာရ ဗဟိုချက်မှာမူ ဝိညာဉ်ရတနာ ဖြစ်သည်မှာ မလွဲဧကန်ပင်။
အခန်း (၁၃၆၄) - အရိုးဖြစ်တည်စေသော ကြာစိမ်း
"လက်ရှိမှာတော့ နားနားနေနေနဲ့ တစ်ပတ်ခွဲလောက် အချိန်ယူကြတာပေါ့။ အဲဒီအချိန်အတွင်းမှာ မင်းတို့ရဲ့ အခြေအနေတွေကို ပြန်ပြီး ညှိနှိုင်းကြ၊ အချိန်တန်ရင် ငါတို့ ပထမဆုံးအကြိမ် စူးစမ်းဖို့အတွက် ထွက်ခွာကြမယ်"
ဖန့်ချန်က ဆိုသည်။
လူတိုင်းက ခေါင်းညိတ်ထောက်ခံကြပြီး မိမိတို့၏ ဂူဗိမာန်အသီးသီးသို့ ပြန်သွားကြလေသည်။
ဖန့်ချန်သည် တားမြစ်အစီရင်တစ်ခုကို အမှတ်မထင် ခင်းကျင်းလိုက်ပြီးနောက် သူ၏ ဝိညာဉ်ကို ကိုယ်ပြင်ပသို့ ထုတ်လွှတ်လိုက်သည်။
ခဏချင်းတွင်ပင် သူသည် ဟင်းလင်းပြင်ထက်သို့ ရောက်ရှိသွားပြီး ဤကျင့်ကြံခြင်း နယ်မြေတစ်ခုလုံးကို အပေါ်စီးမှ ငုံ့ကြည့်နေမိသည်။
မသေမျိုးလှေ မြောက်မြားစွာမှာ အသွားအလာ ရှုပ်ထွေးနေကြသည်။
ဤနေရာတွင် လင်းတုန်း တစ်ဦးတည်းသာ အဆင့် ၃ မသေမျိုးအဖြစ် အုပ်ချုပ်နေသည်ဟု မထင်လိုက်လေနဲ့။
ရိုနေရာရှိ ကျင့်ကြံသူ အရေအတွက်မှာ ယခင်က အဆင့် ၃ မသေမျိုးများပင် အုပ်ချုပ်ခဲ့ကြသော ကျိုရှန်းတောင် နှင့် ယင်စိန့်ဂိုဏ်း တို့ထက် အဆပေါင်းများစွာ သာလွန်နေသည်။
တူညီသော တာအိုပေါင်းစပ်ခြင်းအဆင့်၊ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်နှင့် တက်လှမ်းခြင်းအဆင့်များ ဖြစ်ကြသော်လည်း အောက်ပိုင်းနယ်မြေ ခြောက်ခု ၏ နေရာအနှံ့အပြားတွင်မူ ထိုကျင့်ကြံသူများသည် ပုံမှန်အားဖြင့် တိတ်ဆိတ်စွာ ကျင့်ကြံနေခြင်း သို့မဟုတ် ဂိုဏ်းအတွက် အကျိုးအမြတ် ရှာဖွေပေးနေခြင်းများသာ ပြုလုပ်ကြသည်။
သို့သော် ဤနေရာတွင်မူ သူတို့သည် အန္တရာယ်များလှသော ရှေးဟောင်းတားမြစ်နယ်မြေများသို့ မပြတ်မလပ် သွားရောက်စူးစမ်းနေကြရသည်။
အာကာသဟင်းလင်းပြင်ထဲသို့ အမြဲတစေ ဝင်ထွက်သွားလာရင်း အမျိုးအမည်မသိသော အန္တရာယ်ပေါင်းစုံကို ရင်ဆိုင်နေကြရသည်။
ကာလကြာရှည်လာသည်နှင့်အမျှ ထိုကျင့်ကြံသူတစ်စုမှာ ထိပ်တန်းရွေးချယ်ထားသော စစ်သည်တော်များကဲ့သို့ ဖြစ်လာကြပေလိမ့်မည်။
အကယ်၍ နောက်ဆုံးအထိ အသက်ရှင်နိုင်ခဲ့လျှင် သူတို့အတွက် မသေမျိုးအဆင့်သို့ တက်လှမ်းရန်မှာ အဟန့်အတား မရှိသလောက်ပင် ဖြစ်သွားပေလိမ့်မည်။
ရုတ်တရက် ဖန့်ချန်သည် မသေမျိုးလှေတစ်စင်း တရွေ့ရွေ့ ဖြတ်သန်းသွားသည်ကို မြင်လိုက်ရသည်။
လှေထက်တွင် လွင့်ထူထားသော အလံမှာ ထင်ရှားလှပြီး ရွှမ်ဝမ်ရှေ့ပြေးအဖွဲ့ ဟု ရေးထိုးထားသည်။
ထိုလှေထက်တွင် အနည်းဆုံး အရှိန်အဝါ အခုတစ်ရာကျော် ရှိနေပြီး အနိမ့်ဆုံးအဆင့်မှာပင် ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ဖြစ်ကာ၊ ထို့နောက်တွင် တက်လှမ်းခြင်းအဆင့်များ ရှိနေသည်။
မသေမျိုး မှာမူ တစ်ဦးတည်းသာ ပါဝင်သည်။
"စီနီယာဝမ်ရွှမ်... ဖန့်ဂျူနီယာက မသေမျိုးလှေကို ထုတ်ယူသွားပါပြီ။ ကြည့်ရတာ သူက ကိုယ်ပိုင်အဖွဲ့ဖွဲ့ပြီး တားမြစ်နယ်မြေထဲ စူးစမ်းဖို့ ရည်ရွယ်ထားပုံပဲ"
ရွှီချန့်သည် လူငယ်တစ်ဦး၏ ရှေ့တွင် ရပ်ကာ ဂါရဝပြုရင်း ဆိုလိုက်သည်။
ထိုလူငယ်သည် ယခင်က ယန်ဟောက်ရန်တို့နှင့် တူညီသော အရှိန်အဝါမျိုး ရှိနေပြီး ငယ်ငယ်ရွယ်ရွယ်နှင့် မသေမျိုးအဆင့်သို့ ရောက်ရှိထားသူ ဖြစ်သည်။
သို့သော် သူ၏ အရှိန်အဝါမှာ ပိုမို၍ မြင့်မြတ်စင်ကြယ်ဟန် ရှိနေသည်။
ရွှီချန့်၏ စကားကို ကြားသောအခါ ဝမ်ရွှမ်က ဘာမျှ ထွေထွေထူးထူး မပြောဘဲ ခပ်အေးအေး ပြုံးကာ
"သူက စစ်ဆေးပွဲမှာ ကြေးနီရောင် ကျောက်စိမ်းပြား ရခဲ့တယ်ဆိုတော့ စိတ်ထဲမှာလည်း မာန်မာန အနည်းနဲ့အများ ရှိမှာပေါ့။ ပြီးတော့ ဆရာ့ရဲ့ တပည့်အဖြစ် အသိအမှတ်ပြုခံရသေးတယ်ဆိုတော့ အခုအချိန်မှာ ရည်မှန်းချက်တွေ ကြီးနေတာ မဆန်းပါဘူး။ မင်း သွားခေါ်တာ မအောင်မြင်တာ သဘာဝကျပါတယ်"
"နှာခေါင်းပွန်းသွားတဲ့ အခါကျမှ ရှေ့ပြေးအဖွဲ့ ခေါင်းဆောင်လုပ်ရတာ မလွယ်ဘူးဆိုတာ သူ သိသွားမှာပါ။ အဖွဲ့ခေါင်းဆောင်... သူတို့ကို သင်ခန်းစာ သေးသေးလေးတစ်ခုလောက် ပေးဖို့ အခွင့်အရေး ရှာကြည့်ရင်ကော ဘယ်လိုလဲ "
တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက ပြုံးလျက် အကြံပြုသည်။
ထိုသူမှာ ကျားကဲ့သို့ သန်မာထွားကျိုင်းပြီး ကိုယ်တွင်း အရှိန်အဝါမှာ အလွန်ပင် ခိုင်မာ တည်ငြိမ်နေသည်။
မသေမျိုး မဖြစ်သေးခြင်းမှာ အခွင့်အရေး တစ်ခု လိုအပ်နေခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။
ထိုအခွင့်အရေးမှာလည်း အခြားမဟုတ်၊ နတ်ဆေးပင် ပင် ဖြစ်သည်။
ရှေးယခင်က တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများသည် နတ်ဘုရားလောကသို့ တိုက်ရိုက် သွားနိုင်သည်ဟု ပြောစမှတ်ပြုကြခြင်းမှာ ထိုအဆင့်သည် လူနှင့် နတ်ဘုရားကြား အကူးအပြောင်းအဆင့်သာ ဖြစ်သောကြောင့် ဖြစ်သည်။
ဘေးဒုက္ခ ဖြတ်ကျော်ပြီးနောက် တက်လှမ်းခြင်းအဆင့်သို့ ရောက်လျှင် မသေမျိုးအဖြစ် အသွင်ပြောင်းရန် လုပ်ငန်းစဉ်တစ်ခုသာ လိုအပ်တော့သည်။
"အရမ်းကြီး ကျော်လွန်မသွားစေနဲ့ဦး။ ဘာပဲဖြစ်ဖြစ် သူက ဆရာ့ရဲ့ တပည့်တစ်ယောက်ပဲ"
ဝမ်ရွှမ်က အမှတ်မထင် ပြန်ပြောလိုက်ပြီး ဤကိစ္စကို အလေးအနက်မထားဟန်ဖြင့် ခေါင်းစဉ် ပြောင်းလိုက်သည်
"ကျားဘုရင်ရှေ့ပြေးအဖွဲ့က ဒီတစ်ခေါက် အဆင့် ၁ ထိုက်ယီမသေမျိုးတွေ လိုအပ်တဲ့ နတ်ဆေးပင် မြောက်ရေခဲပုစဉ်းမြက် ရခဲ့တယ်။ ငါတို့လို ရှေ့ပြေးအဖွဲ့တွေမှာ အဲဒါကို ဦးစားပေး လုယူပိုင်ခွင့်ရှိပေမဲ့၊ မသေမျိုးကျောက်တုံးကတော့ အများကြီး လိုအပ်လိမ့်မယ်"
သူသည် ထိုနေရာရှိ တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ သုံးဦးကို ကြည့်လိုက်သည်။
ထိုသုံးဦးမှာ ထိုခေါင်းစဉ်ကို စောင့်စားနေကြခြင်း ဖြစ်သဖြင့် မျက်ဝန်းများ ဝင်းလက်သွားကြသည်။
ဖန့်ချန်တို့အား သင်ခန်းစာပေးရန် အစောက အကြံပြုခဲ့သော ကျင့်ကြံသူက ချက်ချင်းပင်
"အဖွဲ့ခေါင်းဆောင်... ကျနော့်ကို အဆင့် ၁ ထိုက်ယီမသေမျိုး ဖြစ်အောင် ကူညီပေးမယ်ဆိုရင်၊ ကျနော် ရွှမ်ဝမ်ရှေ့ပြေးအဖွဲ့နဲ့ နှစ်ပေါင်း ငါးရာကြာမယ့် မသေမျိုးကတိကဝတ် တစ်ခု ချုပ်ဆိုပါ့မယ်"
"အဖွဲ့ခေါင်းဆောင်... ကျနော်ကတော့ နှစ်ပေါင်း ရှစ်ရာ ချုပ်ဆိုနိုင်ပါတယ်"
"မင်း "
"မငြင်းကြနဲ့တော့၊ စည်းကမ်းဆိုတာ ရှိရမယ်။ မင်းတို့ သုံးယောက်ထဲက ဘယ်သူပဲဖြစ်ဖြစ် အဆင့်တက်နိုင်ခဲ့ရင် ရွှမ်ဝမ်ရှေ့ပြေးအဖွဲ့နဲ့ နှစ်ပေါင်း တစ်ထောင်ကြာ မသေမျိုးကတိကဝတ် ချုပ်ဆိုရမယ်"
ဟု ဝမ်ရွှမ်က တည်ငြိမ်စွာ ဆိုသည်။
သုံးဦးသား ခေတ္တ မှင်သက်သွားကြသည်။
မျက်နှာတွင် မကျေနပ်ဟန် မပြသော်လည်း စိတ်ထဲတွင်မူ ငြည်းတွားနေကြသည်။
"နှစ်ပေါင်း တစ်ထောင်ဆိုတာ နောက်ပိုင်းကျရင် မင်းတို့ဘာသာ ကိုယ်ပိုင်ရှေ့ပြေးအဖွဲ့ တည်ထောင်ဖို့အတွက် အချိန်အများကြီး မဟုတ်ပါဘူး။ ငါတို့အတွက်တော့ မသေမျိုးကျောက်တုံး လုံလုံလောက်လောက် ရှိနေရင် ငါတို့ရဲ့ သက်တမ်းဟာ သာမန်လူတွေထက် အဆပေါင်းများစွာ ပိုရှည်မှာပါ"
"ကျနော်တို့ အဖွဲ့ခေါင်းဆောင်ရဲ့ စကားအတိုင်း နားထောင်ပါ့မယ်"
"အင်း..."
ဝမ်ရွှမ်က ခေါင်းညိတ်ပြကာ
"ဒီတစ်ခေါက် ငါ အပြည့်အဝ ထောက်ပံ့ပေးမယ်။ ဒါပေမဲ့ တောင်းဆိုချက် တစ်ခုရှိတယ်။ မင်းတို့ သုံးယောက်ထဲက ဘယ်သူက မသေမျိုးကျောက်တုံး အများဆုံး ထုတ်ပေးနိုင်မလဲ၊ အဲဒီလူကိုပဲ ငါ ဒီတစ်ခေါက် အပြည့်အဝ ကူညီမယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ နောက်တစ်ကြိမ် အခွင့်အရေးကို စောင့်ရမှာပေါ့"
မသေမျိုးကျောက်တုံး...
တက်လှမ်းခြင်းအဆင့် သုံးဦးသားမှာ တစ်ဦးကိုတစ်ဦး ရန်လိုသော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြတော့သည်။
ဖန့်ချန်သည် ထိုမြင်ကွင်းကို ကြည့်ပြီးနောက် အသုံးဝင်သော အချက်အလက်များ ထပ်မရနိုင်တော့ဟု ယူဆကာ လှည့်ထွက်လာခဲ့သည်။
ဝိညာဉ်သည် ကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားပြီးနောက် သူသည် မှန်လေး ကို ထုတ်ယူလိုက်သည်
"မှန်လေး... နံပါတ် (၁၅၇) ရှေးဟောင်းတားမြစ်နယ်မြေထဲမှာ မသေမျိုးလမ်းစဉ်နဲ့ သက်ဆိုင်တဲ့ နတ်ဆေးပင်တွေ ရှိလား "
"အစ်ကိုရာ... ရှေးဟောင်းတားမြစ်နယ်မြေထဲမှာ နတ်ဆေးပင်တွေက ရေတွက်လို့ မရနိုင်အောင် အများကြီးပါ။ ဒါပေမဲ့ နေရာအများစုက အရမ်းအန္တရာယ်များတယ်။ ပြီးတော့ မင်းရဲ့ မေးခွန်းကလည်း အရမ်း ယေဘုယျဆန်လွန်းတယ်။ အဲဒီတော့ ဒီလိုလုပ်ကြရအောင်... ငါ့ကို မသေမျိုးကျောက်တုံး ၅၀၀ ပေး၊ ငါ မင်းကို တိကျတဲ့ နေရာ ၃ ခု ပြောပြမယ်"
"စိတ်မပူပါနဲ့၊ မင်း အရှုံးမပေါ်စေရဘူးလို့ အာမခံတယ်"
"မသေမျိုးကျောက်တုံး ၅၀၀ "
ဖန့်ချန်က တွေးတောနေမိသည်။ သူသည် ချက်ချင်း မသဘောတူသေးချေ။
ဤနေရာတွင် ရရှိသမျှ၏ ခုနစ်ပုံကို အထက်သို့ ပေးအပ်ရမည်ဖြစ်သည်။
ထိုပတ်ဝန်းကျင်အရ အထက်ကို မပေးဘဲ ကိုယ်ဘာသာ ရောင်းချရန်မှာလည်း ခက်ခဲလှပြီး အရောင်းအဝယ်မှန်သမျှမှာ ဂုဏ်ပြုနန်းတော်မှတစ်ဆင့်သာ လုပ်ဆောင်ရခြင်း ဖြစ်သည်။
ထို့အပြင် ပေးအပ်သော ရင်းမြစ်များလေလေ၊ ဂုဏ်ပြုမှတ် မြင့်လေလေ ဖြစ်ရာ နောင်တစ်ချိန် ကျွယ်မင်နန်းတော်သို့ ဝင်ရောက်ရာတွင် အထောက်အကူ ဖြစ်ပေလိမ့်မည်။
အကယ်၍ မြောက်ရေခဲပုစဉ်းမြက် တစ်ပင် ရခဲ့လျှင် ၎င်းသည် ကျောက်တုံး ၂၀၀ ခန့် တန်ဖိုးရှိသော်လည်း လက်ထဲ တကယ်ရောက်လာမည်မှာ ၆၀ သာ ဖြစ်သည်။
အကယ်၍ မှန်လေး ပေးသော နေရာ ၃ ခုမှ ရတနာများသည် စုစုပေါင်း ကျောက်တုံး ၁၀၀၀ တန်သည်ဆိုပါစို့၊ နောက်ဆုံးတွင် ဖန့်ချန်၏ လက်ထဲသို့ ၃၀၀ သာ ရောက်မည်ဖြစ်သည်။
၅၀၀ ရင်းပြီး ၃၀၀ ရလျှင် ကျောက်တုံး ၂၀၀ အရှုံးပေါ်ပေလိမ့်မည်။
"မှန်လေး အရင်ဆုံး ငါ့ကို ပြောပြဦး၊ အဲဒါက ဘယ်လို နတ်ဆေးပင်မျိုးလဲ အဆင့် ၁ လား အဆင့် ၂ လား အဆင့် ၃ လား "
ဖန့်ချန်က တွေးတောစွာ မေးလိုက်သည်။
သူ မှတ်မိသလောက်ဆိုလျှင် ယခင်က တန်တိုင်တောင် ကျင့်ကြံသူများ ဆွေးနွေးပွဲတွင် အဆင့် ၄ နတ်ဆေးပင်တစ်ပင်ကို မသေမျိုးကျောက်တုံး ၁၀၀၀ နီးပါးဖြင့် ရောင်းချခဲ့ရဖူးသည်။
"အစ်ကိုရာ... ငါ့ရဲ့ စည်းကမ်းက အမြဲတမ်း ဒီလိုပဲလေ။ ငါက မင်းကို မပြောပြချင်လို့ မဟုတ်ပါဘူး"
ဟု မှန်လေးက သက်ပြင်းချရင်း ဆိုသည်။
"ဖန့်ချန်... သူ့စကားကို မယုံနဲ့။ သူက မင်းလက်ထဲက ကျောက်တုံးတွေကို လှည့်စားယူချင်နေတာ"
ဓားငယ်လေး က ဝင်ပြောသည်
"လူလိမ်ကြီး... ဈေးကို သေသေချာချာ ပြောစမ်းပါ။ ရေမရောနဲ့။ အဲဒီလောက်ကြီး အမြတ်ထုတ်နေတာ မင်း စားဝင်မှာမလို့လား "
"မင်းလို မျိုးဆက်သစ်လေးကတော့... ဒီတစ်ခေါက် အကုန် အစာကြေသွားတော့ ငါ့ကို ပြန်ပြီး ရန်လုပ်ဖို့ အားရှိလာပြီပေါ့ ဟုတ်လား "
ဟု မှန်လေးက နှာခေါင်းရှုံ့လိုက်သည်
"ငါ တောင်းတဲ့ဈေးက အသင့်တော်ဆုံးဈေးပဲ၊ ဘယ်သူ့ကိုမှ မလိမ်ဘူး"
"ဒီလိုလုပ်ရအောင်... အရင်ဆုံး နေရာတစ်ခုပဲ ယူမယ်၊ အရှုံးပေါ်မပေါ် ငါကြည့်ရသေးတာပေါ့"
ဖန့်ချန်က ဆိုသည်
"အန္တရာယ် အနည်းဆုံးနဲ့ အနီးဆုံးနေရာကိုပဲ ပေး"
"ဒါဆိုရင်တော့ မသေမျိုးကျောက်တုံး ၁၀၀ ပေါ့"
ဟု မှန်လေးက ဆိုသည်။
ဖန့်ချန်သည် မသေမျိုးကျောက်တုံး ၁၀၀ ကို ထုတ်ယူကာ မှန်လေးဆီသို့ ပစ်ပေးလိုက်သည်။
၎င်းသည် ဝမ်းသာအားရ ဝါးမြိုလိုက်ပြီး နာရီအနည်းငယ်ကြာမှ ထိုကျောက်တုံး ၁၀၀ ကို အကုန်စားသုံးပြီးသွားသည်။
" စာမျက်နှာ ၇၆ ကို လှန်လိုက်"
ဖန့်ချန် စာမျက်နှာ ၇၆ ကို လှန်လိုက်ရာ အပေါ်တွင် ကြယ်ပုံပြမြေပုံတစ်ခု ပေါ်လာပြီး လမ်းကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း မှတ်သားထားသည်။
အရိုးဖြစ်တည်စေသော ကြာစိမ်း - အလောင်းခွဲကျင့်စဉ် လမ်းစဉ်၏ အဆင့် ၄ နတ်ဆေးပင်
အဆင့် ၄ နတ်ဆေးပင်
ဖန့်ချန် စိတ်သက်သာရာ ရသွားသည်။
မှန်လေး သူ့ကို မလိမ်ခဲ့ချေ။
၎င်း၏ တန်ဖိုးကို မသေမျိုးကျောက်တုံး ၁၀၀၀ ခန့်ဟု ယူဆလိုက်လျှင် သုံးပုံတစ်ပုံမှာ ၃၀၀ ရရှိမည်ဖြစ်သည်။
ကျန်ရှိသော ၇၀၀ မှာ ဂုဏ်ပြုမှတ်အဖြစ် ပြောင်းလဲသွားမည်။
သူ၏ အရင်းအနှီးမှာ ကျောက်တုံး ၁၀၀ သာ ဖြစ်သည်။
ထို့အပြင် ကြာနီနတ်မိမယ်ငယ်တို့အတွက် ဝေစုအနည်းငယ်သာ ပေးရမည်ဖြစ်သည်။
"ဘယ်လိုလဲ အစ်ကို... ငါ မင်းကို မလိမ်ဘူးမလား။ ဒီ အရိုးဖြစ်တည်စေသော ကြာစိမ်း ရဲ့ တန်ဖိုးဟာ ကျောက်တုံး ၁၀၀ ထက် အများကြီး ပိုပါတယ်။ တကယ်လို့ သူ့ရဲ့ ကံကြမ္မာ အကျိုးဆက် က သိပ်မကြီးမားလို့သာပေါ့၊ မဟုတ်ရင် ကျောက်တုံး ၁၀၀ နဲ့ ဝယ်လို့ မရပါဘူး"
ဟု မှန်လေးက ပြုံးရွှင်စွာ ဆိုသည်။
ထိုမြေပုံကို ဦးနှောက်ထဲတွင် မှတ်သားပြီးနောက် ဖန့်ချန်သည် ပတ်ဝန်းကျင်မှန်ကို ပြန်သိမ်းလိုက်သည်။
ဆယ်ရက်ခန့် စောင့်ဆိုင်းပြီးနောက် သူသည် ကြာနီနတ်မိမယ်ငယ်နှင့် အခြားသူများကို ပြန်လည် စုစည်းလိုက်လေတော့သည်။