← Chapters

အခန်း (၁၁၂၅-၁၁၂၆)

Vol. 113 Ch. 1125-1126

အခန်း (၁၁၂၅-၁၁၂၆)

Vol. 113 Ch. 1125-1126

အခန်း (၁၁၂၅) အခြေအနေ သိနားလည်သူ

ရွှင်ဟွမ်းဟာ တောရိုင်းကျောင်းတော်မှာ အချိန်အကြာကြီး မနေခဲ့ပါဘူး။

လူတိုင်းနဲ့ နာရီဝက်ခန့် စကားစမြည် ပြောဆိုပြီးနောက်မှာတော့ ထရပ်ပြီး နှုတ်ဆက်ကာ ထွက်ခွာသွားပါတယ်။

သူ မထွက်ခွာမီမှာ ဖန့်ချန်ကို အားလပ်တဲ့အခါ နန်းတော်ဆီ လာလည်ဖို့ ဖိတ်ခေါ်သွားပါသေးတယ်။

ဖန့်ချန်ကလည်း အားလပ်တာနဲ့ နန်းတော်ဆီ လာရောက်လည်ပတ်ပါ့မယ်လို့ ဝမ်းမြောက်ဝမ်းသာ ကတိပေးလိုက်ပါတယ်။

"ကျောင်းအုပ်ကြီးနဲ့ ဆရာဖန့်... ကျုပ်တို့လည်း ခွင့်ပြုပါဦး"

ဆရာကြီး လူ နဲ့ တခြားသူတွေလည်း ထရပ်ကာ လက်သီးဆုပ် ဂါရဝပြုပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြပါတယ်။

"ထပ်ပြီး ကိစ္စဖြစ်ပြန်ပြီလား "

ကျောင်းတော်ထဲမှာ ဖန့်ချန်နဲ့ ရွှင်ကော်ကျူး (ရွှင်အဘိုးအို) နှစ်ယောက်တည်း ကျန်ရစ်တဲ့အခါ၊ နောက်တစ်ယောက်က မျက်မှောင်ကြုတ်ပြီး အေးအေးဆေးဆေး မေးလိုက်ပါတယ်။

"ဝိညာဥ်နတ်ဘုရားဂိုဏ်းက လွတ်လပ်သောမသေမျိုး အတော်များများကို မဟာရှဆီ လွှတ်လိုက်ပါတယ် ထျန်းယောင်း၊ ဖေးရှင်းနဲ့ စိန့်ခွေ ဂိုဏ်းတွေလည်း လှုပ်ရှားမှုတွေ ရှိနေတယ်"

ဖန့်ချန်က ပြောပါတယ်။

ရွှင်အဘိုးအို မျက်မှောင်ကြုတ်သွားပြီး

"ငါ ဘာသတင်းမှ မရပါလား"

"တစ်ယောက်ယောက်က တမင်တကာ သတင်းကို ပိတ်ဆို့ထားတာပါ"

ဖန့်ချန်က ပြုံးလိုက်ပြီး

"အဘိုး သိသွားမှာကို ကြောက်နေလို့နေမှာပေါ့"

"မင်းက... ရွှင်ဟွမ်းကို သံသယဝင်နေတာလား "

ရွှင်အဘိုးအို မျက်မှောင်ကြုတ်သွားတယ်

"သူ့အနေနဲ့ ဝိညာဥ်နတ်ဘုရားဂိုဏ်းနဲ့ ပူးပေါင်းဖို့ အကြောင်းပြချက် မရှိဘူး သူနဲ့ ဖူယွမ်ကျူးရဲ့ ဆက်ဆံရေးက အရမ်းကောင်းတာ ကျုံးကျိုးမှာ သူ့ရဲ့ ကိုယ်ပိုင်ရပ်တည်ချက်သာ မရှိဘူးဆိုရင် သူလည်း ဝိညာဥ်သုတ်သင်ခြင်းဌာန ထဲကို ဝင်မှာပဲ ဒီမှာ ချုပ်နှောင်ခံထားရမှာ မဟုတ်ဘူး"

"ဒီနေ့ ဒီမှာ လက်ဖက်ရည် သောက်တဲ့သူတွေထဲမှာ ကျုံးကျိုးဧကရာဇ် အပြင် ကျန်တဲ့ ဆရာကြီး ငါးယောက်လည်း ရှိနေတာပဲလေ"

ဖန့်ချန်က ဆိုပါတယ်။

"ဘယ်သူလဲ"

ရွှင်အဘိုးအိုရဲ့ မျက်နှာက တင်းမာသွားပါတယ်။

"ကျင့်စဥ်ဌာန က ဆရာကြီး အိုဝမ် ပါ"

ဖန့်ချန်က ပြောလိုက်ပါတယ်။

ဒီ ဆရာကြီး အိုဝမ် ဟာ ပုံမှန်အားဖြင့် အေးအေးဆေးဆေး နေတတ်ပြီး လူသိ သိပ်မများပေမဲ့ သူဟာ ဆရာကြီး ကျိ လိုပဲ ဝိညာဥ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူတစ်ယောက် ဖြစ်ပါတယ်။

(သွေးဝိညာဥ်ဂိုဏ်းနဲ့ ဝိညာဥ်နတ်ဘုရားဂိုဏ်းက တူတူပဲနော် )

ပြီးတော့ မြေဝက်ဝံဂြိုဟ်မှာ ဝိညာဥ်နတ်ဘုရားဂိုဏ်းကနေ ဆင်းသက်လာတဲ့ ဂိုဏ်းချုပ်အဆင့် တစ်ယောက် တကယ်ရှိနေပါသေးတယ်။

ဒါပေမဲ့ အဲဒီ ဂိုဏ်းချုပ်ရဲ့ ဝိသေသကိုတော့ ယန်ဟောက်ရန်တောင် မသိပါဘူး။

သူက အရမ်းကို နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေတာပါ။

သူဟာ ကျုံးကျိုးဧကရာဇ် ရွှင်ဟွမ်း လား ဆိုတာကတော့ ဆက်ပြီး စိစစ်ရဦးမှာ ဖြစ်ပါတယ်။

"ငါ သိပြီ"

ရွှင်အဘိုးအိုက ခေါင်းညိတ်ပြပြီး ဖန့်ချန်ကို လက်ဖက်ရည် ဆက်သောက်ဖို့ တိုက်တွန်းပါတယ်။

ဖန့်ချန်ကလည်း ဒီကိစ္စကို ထပ်မပြောတော့ပါဘူး။

နောက်ပိုင်းမှာ ရွှင်အဘိုးအိုဘက်က တစ်စုံတစ်ခု လှုပ်ရှားလာလိမ့်မယ်ဆိုတာ သူသိပါတယ်။

ဒီ ဆရာကြီး အိုဝမ် ကို ဖြေရှင်းဖို့ သူ ကိုယ်တိုင် လုပ်နေစရာ မလိုပါဘူး။

...

မွေးရာပါတာအိုဂိုဏ်း

အိုရန်ရွှမ်ကျိရဲ့ မသေမျိုးသင်္ဘော ဆိုက်ရောက်လာတာနဲ့ ကူရှီး မသေမျိုးဘုရင် က လန့်သွားပြီး အထက်သုံးဆင့် ကျင့်ကြံသူ အုပ်စုကို ခေါ်ကာ ထွက်ကြိုပါတယ်။

"အိုရန်မိတ်ဆွေ... မင်းက ဟိုတစ်ယောက်နောက် လိုက်သွားတာ မဟုတ်ဘူးလား "

ကူရှီး မသေမျိုးဘုရင်က ထူးဆန်းတဲ့ အမူအရာနဲ့ မေးပါတယ်။

"ဒီကိစ္စက ပြောရရင် ရှည်တယ်၊ အခု ကျုပ်က မဟာချဲ့ထွင်းဂိုဏ်းကို မဟာချဲ့ထွင်းတာအိုနန်းတော် လို့ အမည်ပြောင်းပြီး တာအိုသုံးထောင်ဂိုဏ်းထဲကို ပေါင်းစည်းဖို့ ဆုံးဖြတ်လိုက်ပြီ ကူရှီးမိတ်ဆွေ ဘယ်လိုထင်လဲ "

အိုရန်ရွှမ်ကျိက လက်သီးဆုပ် ဂါရဝပြုပြီး ဘေးကို ဖဲပေးလိုက်တဲ့အခါမှာတော့ ကူရှီး မသေမျိုးဘုရင်တို့ဟာ သူ့နောက်မှာ ရပ်နေတဲ့ လူတစ်ယောက်ကို မြင်လိုက်ရပါတယ်။

ဖန့်ချန်

ကူရှီး မသေမျိုးဘုရင်ဟာ အင်္ကျီလက်ထဲက လက်ချောင်းတွေကို အကြိမ်အနည်းငယ် တွက်ချက်လိုက်ပြီးနောက် ဘာမှမပြောတော့ဘဲ ချက်ချင်း လက်သီးဆုပ် ဂါရဝပြုလိုက်ပါတယ်

"ကျုပ် ထင်တာကတော့ ဒီကိစ္စက ဖြစ်သင့်ပါတယ် မဟာချဲ့ထွင်းဂိုဏ်းတောင် နာမည်ပြောင်းမှတော့ မွေးရာပါတာအိုဂိုဏ်းလည်း နာမည်ပြောင်းရမှာပေါ့ မွေးရာပါတာအိုနန်းတော် လို့ပဲ ခေါ်ပြီး တာအိုသုံးထောင်ဂိုဏ်းထဲကို ပေါင်းစည်းပါ့မယ်"

"..."

သူ့နောက်က မွေးရာပါတာအို ကျင့်ကြံသူတွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဖန့်ချန်ကို ကြည့်တဲ့ အကြည့်တွေထဲမှာ ရှုပ်ထွေးမှုတွေ ပါဝင်နေပါတယ်။

လူအ တောင်မှ အခု မသေမျိုးဘုရင် နှစ်ယောက်ရဲ့ သဘောထားကို ကြည့်ပြီး အခြေအနေကို ရိပ်မိနိုင်ပါတယ်။

"စီနီယာဖန့်... ကူရှီး မသေမျိုးဘုရင် ပေးတဲ့ နာမည်ကို ဘယ်လိုထင်လဲ "

အိုရန်ရွှမ်ကျိက ရိုသေစွာ မေးပါတယ်။

စီနီယာဖန့်

ကူရှီး မသေမျိုးဘုရင်ရဲ့ မျက်လုံးတွေ လှုပ်ခတ်သွားပြီး ချက်ချင်းပဲ လက်သီးဆုပ်လိုက်ပါတယ်

"စီနီယာဖန့်... တကယ်လို့ ဒီနာမည်ကို မကြိုက်ရင် ကျုပ် နောက်တစ်ခု ထပ်စဉ်းစားပါ့မယ်"

"ပြောင်းနေစရာ မလိုပါဘူး မွေးရာပါတာအိုနန်းတော်ရဲ့ ကျင့်စဉ်တွေကို မိတ္တူတစ်စောင်စီ ကူးပြီး တာအိုသုံးထောင်ဂိုဏ်းဆီ ပို့ပေးဖို့ မမေ့နဲ့ ဒါဟာ မျိုးရိုးကို ပြန်လည် အသိအမှတ်ပြုခြင်း ပဲ"

ဖန့်ချန်က အေးဆေးစွာ ပြုံးပြီး ပြောလိုက်ပါတယ်။

"ဒါပေါ့... ဒါပေါ့"

ကူရှီး မသေမျိုးဘုရင်က ချက်ချင်း ခေါင်းညိတ်ပါတယ်။

"ကဲ... ကျုပ်က စီနီယာဖန့်ကို လိုက်ပို့ရင်း ကြယ်စင်တာအိုဂိုဏ်း ကို သွားရဦးမယ် ကူရှီးမိတ်ဆွေက အတူလိုက်မလား ဒါမှမဟုတ် "

အိုရန်ရွှမ်ကျိက မေးပါတယ်။

"ကျုပ်ကတော့ နာမည်ပြောင်းတဲ့ ကိစ္စတွေကို ကိုယ်တိုင် ကြီးကြပ်ရဦးမှာမို့ မလိုက်တော့ပါဘူး"

ကူရှီး မသေမျိုးဘုရင်က ဆိုပါတယ်။

မကြာခင်မှာပဲ သူဟာ မသေမျိုးသင်္ဘော ထွက်ခွာသွားတာကို ကြည့်နေရင်း ကျန်ရစ်ခဲ့ပါတယ်။ သူ့နောက်က အထက်သုံးဆင့် ကျင့်ကြံသူတွေက စကားပြောဖို့ ပြင်လိုက်ကြပါတယ်။

"ဘိုးဘေး... တကယ်တော့ ဘာတွေဖြစ်ကုန်တာလဲ ဟို ဖန့်ချန်က... ဘယ်လိုဖြစ်ပြီး စီနီယာ ဖြစ်သွားရတာလဲ "

တစ်ယောက်က မနေနိုင်ဘဲ မေးလိုက်ပါတယ်။

တစ်ဖက်လူရဲ့ စကားတစ်ခွန်းတည်းနဲ့ မွေးရာပါတာအိုဂိုဏ်းက နာမည်ပြောင်းလိုက်ရတယ်၊ ဒါက ဘာကြောင့်လဲ နာမည်ပြောင်းတယ်ဆိုတာ သေးငယ်တဲ့ ကိစ္စမဟုတ်ပါဘူး။

နာမည်ပြောင်းလိုက်တာနဲ့ မွေးရာပါတာအိုဂိုဏ်းဆိုတာ မရှိတော့ဘဲ တာအိုသုံးထောင်ဂိုဏ်းရဲ့ ဌာနခွဲတစ်ခု ဖြစ်သွားတာပါ။

"ငါလည်း မသိဘူး..."

ကူရှီး မသေမျိုးဘုရင်က ရေရွတ်လိုက်ပါတယ်။

မသိဘူး

ဒါဆို ခုနက အမူအရာတွေက...

လူတိုင်း မှင်တက်သွားကြပါတယ်။

"ငါ နိမိတ်ဖတ်ကြည့်တာ အလွန်နိမိတ်မကောင်းဘူး "

ကူရှီး မသေမျိုးဘုရင်ရဲ့ မျက်နှာက လေးနက်သွားတယ်

"အိုရန်ရွှမ်ကျိက လူအ မဟုတ်ဘူး သူက ငါတို့ထဲမှာ မျက်နှာလိုမျက်နှာရ အလုပ်တတ်ဆုံးလူ သူက ဖန့်ချန်ကို စီနီယာလို့ ခေါ်တယ်ဆိုရင် အကြောင်းပြချက် မရှိဘဲ မဖြစ်နိုင်ဘူး ဒီကိစ္စတွေ ပြီးသွားရင် ငါ သူ့ကို သေချာ မေးကြည့်ရမယ်"

"ဒါဆို နာမည်ပြောင်းမယ့် ကိစ္စက..."

"အရင်ပြောင်းထားလိုက် အခြေအနေကြည့်ပြီး ဆက်လုပ်ကြတာပေါ့"

ကူရှီးက လေးနက်စွာ ပြောလိုက်ပါတယ်။

...

ခမ်းနားထည်ဝါလှတဲ့ တောင်တံခါးရှေ့မှာ လုံကျွင်း ဦးဆောင်တဲ့ ဝတ်စုံဖြူ ကျင့်ကြံသူ ရာပေါင်းများစွာ ရပ်နေကြပါတယ်။

ဒီထဲမှာ အထက်သုံးဆင့် အကြီးအကဲတွေရော၊ အလယ်သုံးဆင့်က အမာခံ ကျင့်ကြံသူတွေရော ပါဝင်ပါတယ်။ သူတို့က တစ်စုံတစ်ယောက်ကို စောင့်နေပုံရပါတယ်။

အိုရန်ရွှမ်ကျိရဲ့ မသေမျိုးသင်္ဘော ရောက်လာတဲ့ အချိန်မှာတော့ မွန်းတည့်ချိန် ဖြစ်နေပါပြီ။

ဖန့်ချန်က သင်္ဘောဦးမှာ ရပ်နေရင်း တောင်တံခါးရှေ့မှာ စိုက်ထူထားတဲ့ ခမ်းနားတဲ့ ကျောက်စာတိုင်ကြီးကို မြင်လိုက်ရပါတယ်။

ကျောက်စာတိုင်က ပေတစ်ရာခန့် မြင့်ပြီး တောင်ငယ်လေးတစ်ခုလိုပါပဲ။ အဲဒီပေါ်မှာ စာလုံးကြီး လေးလုံး ရေးထားပါတယ်။

"ကြယ်စင်တာအိုနန်းတော်"

"စီနီယာဖန့်... လုံကျွင်းက သတင်းရထားပုံပဲ"

အိုရန်ရွှမ်ကျိရဲ့ မျက်နှာပေးက ထူးဆန်းနေပါတယ်။

တာအိုဂိုဏ်းကြီး သုံးခုထဲမှာ ကြယ်စင်တာအိုဂိုဏ်းက အင်အားအကြီးဆုံးဖြစ်ပြီး လုံကျွင်းရဲ့ ကျင့်ကြံဆင့်ကလည်း သုံးယောက်ထဲမှာ အမြင့်ဆုံးပါ။

နောင်မှာ လွတ်လပ်သောမသေမျိုး ဖြစ်လာဖို့ အလားအလာ အရှိဆုံးလူပေါ့။

ဒါပေမဲ့ အခုတော့ တစ်ဖက်လူက ကြိုတင်ပြီး နာမည်ပြောင်းထားရုံတင်မကဘဲ အမာခံလူတွေကို ခေါ်ပြီး ဒီမှာ စောင့်နေတာပါ။

"တကယ့် လူစွမ်းကောင်းက လူလုံးမပြတတ်ဘူးဆိုတာ ဒါမျိုးပဲ"

အိုရန်ရွှမ်ကျိ စိတ်ထဲကနေ တွေးလိုက်မိပါတယ်။

မသေမျိုးသင်္ဘော ရောက်လာတာကို မြင်တာနဲ့ လုံကျွင်းက ချက်ချင်း လက်သီးဆုပ် ဂါရဝပြုပြီး ကျယ်လောင်စွာ နှုတ်ဆက်လိုက်ပါတယ်

"ကြယ်စင်တာအိုနန်းတော်က လုံကျွင်း... ဖန့်ဘိုးဘေး ကို ဂါရဝပြုပါတယ်"

ကြယ်စင်တာအိုနန်းတော်က တာအိုသုံးထောင်ဂိုဏ်းထဲ ပေါင်းစည်းပြီဆိုမှတော့ ဖန့်ချန်က တာအိုသုံးထောင်ဂိုဏ်းရဲ့ ဘိုးဘေး ဖြစ်လို့ ဖန့်ဘိုးဘေး လို့ ခေါ်တာကလည်း မမှားပါဘူး။

အိုရန်ရွှမ်ကျိမှာတော့ တစ်ကိုယ်လုံး ကြက်သီးတွေ ထသွားပါတယ်။

လုံကျွင်းကို စိုက်ကြည့်ရင်း ငါတောင် ဘိုးဘေး လို့ မခေါ်ရဲသေးဘူး၊ ဒီကောင်က ငါ့ထက်တောင် မျက်နှာလိုမျက်နှာရ ပိုလုပ်တတ်ပါလား လို့ တွေးနေမိပါတယ်။

"ဘယ်သူက မင်းကို သတင်းလာပေးတာလဲ"

ဖန့်ချန်က သင်္ဘောပေါ်ကနေ လုံကျွင်းတို့ကို ငုံ့ကြည့်ပြီး ပြုံးကာ မေးလိုက်ပါတယ်။

လုံကျွင်းက ရိုသေစွာနဲ့

"ကူရှီးမိတ်ဆွေ ပါ"

"အင်း... နာမည်ကတော့ ကြိုပြောင်းထားသားပဲ ကျင့်စဉ်တွေကို မိတ္တူကူးပြီး တာအိုသုံးထောင်ဂိုဏ်းဆီ ပို့ဖို့ မမေ့နဲ့ဦး"

ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပါတယ်။

"ဟုတ်ကဲ့ပါ..."

...

တာအိုသုံးထောင်ဂိုဏ်း

ဘုရားဖူးတွေက မပြတ်မကွက်ဘဲ ဝင်ထွက်သွားလာနေကြပြီး ကျိုးပုဖန် တို့ ဘေးနားကနေ ဖြတ်သန်းသွားကြပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ဒီ နတ်ဘုရားအလား အသွင်အပြင်ရှိတဲ့ လူစုဟာ တကယ်တော့ တာအိုသုံးထောင်ဂိုဏ်းကို ပြစ်မှားမိလို့ ဒီမှာ ရွံရှာဖွယ် အညစ်အကြေးတွေ သောက်ရင်း အပြစ်ပေးခံနေရတာ ဖြစ်ကြောင်း လူတွေက ရိပ်မိလာကြပါတယ်။

ဘေးပတ်ဝန်းကျင်က လူသာမန်တွေရဲ့ လက်ညှိုးထိုး ပြောဆိုခြင်းကို ခံရတဲ့အခါ သူတို့ရဲ့ မျက်နှာတွေက ပိုပြီး ကြည့်မကောင်း ဖြစ်လာပါတယ်။

"နောက်ထပ် နှစ်အတော်ကြာသွားပြန်ပြီ၊ ဟားဟား"

သူတောင်းစား တာအိုဆရာက ကျိုးပုဖန်တို့ကို လှောင်ပြောင်တဲ့ အကြည့်နဲ့ ကြည့်ပြီး

"ကျုပ်နဲ့ ခင်ဗျားတို့ရဲ့ ပတ်သက်မှုက တကယ်ကို နက်ရှိုင်းလိမ့်မယ်လို့ မထင်ထားဘူးဗျာ"

"မင်း ပါးစပ်ပိတ်ထားစမ်း၊ ဘယ်သူမှ မင်းကို ဆွံ့အ နားမကြားလို့ မထင်ဘူး"

တစ်ယောက်က ခနဲ့လိုက်ပါတယ်။

သူတောင်းစား တာအိုဆရာက နှာခေါင်းရှုံ့လိုက်ပြီး

"မင်းတို့ ခရမ်းရောင်နေမင်းတာအိုဂိုဏ်းက ငါ့ကို ဒီလောက်အထိ ဒုက္ခရောက်အောင် လုပ်ထားတာကို ငါက စကားတောင် မပြောရတော့ဘူးလား "

"တော်ကြတော့... နှစ်အနည်းငယ်ပဲ ရှိသေးတာပဲ နှစ်တစ်ရာတောင် မပြည့်သေးဘူး၊ ကျုပ်တို့ အောင့်အီးနိုင်ပါသေးတယ်"

ကျိုးပုဖန်က လေးနက်စွာ ပြောလိုက်တယ်

"ကျုပ်တို့က တာအိုဂိုဏ်းကြီး သုံးခုအတွက် အလုပ်လုပ်ပေးနေတာဆိုတော့ မသေမျိုးဘုရင် သုံးပါးက ကျုပ်တို့ကို ပစ်ထားမှာ မဟုတ်ဘူး ပြင်ဆင်ဖို့ အချိန်နည်းနည်း လိုနေတာပဲ ဖြစ်မှာပါ"

သူတောင်းစား တာအိုဆရာက တစ်ခုခု ထပ်လှောင်ဖို့ ပြင်လိုက်စဉ်မှာပဲ ရုတ်တရက် ပါးစပ်ပိတ်သွားပြီး အဝေးတစ်နေရာကို ထိတ်လန့်တကြား ကြည့်လိုက်ပါတယ်။

လူတိုင်းလည်း တစ်ခုခုကို ရိပ်မိသွားပြီး လှမ်းကြည့်လိုက်ကြတဲ့အခါမှာတော့... အလွန် ရင်းနှီးနေတဲ့ ပုံရိပ်သုံးခုဟာ ဒီဘက်ကို ဖြည်းဖြည်းချင်း လျှောက်လာနေတာကို တွေ့လိုက်ရပါတယ်။

တာအိုဂိုဏ်းကြီး သုံးခုရဲ့ မသေမျိုးဘုရင် သုံးပါး

လူတိုင်းရဲ့ မျက်နှာမှာ ဝမ်းသာအားရ စိတ်လှုပ်ရှားမှုတွေ ပေါ်လာပါတော့တယ်။

အခန်း (၁၁၂၆) ထိုင်ပြီး လက်ဖက်ရည်သောက်စမ်း၊ မင်းတို့နဲ့ မဆိုင်ဘူး

"မသေမျိုးဘုရင် သုံးပါးလုံး ရောက်လာကြပြီ "

ကျိုးပုဖန်ဟာ စိတ်လှုပ်ရှားစွာနဲ့ မတ်တတ်ရပ်လိုက်ပြီး သူ့ရဲ့ အကြည့်တွေဟာ ဘဝမှာ ပထမဆုံး ချစ်ခဲ့ရတဲ့ အမျိုးသမီးကို ကြည့်နေသလိုမျိုး ပြင်းပြတောက်ပနေပါတယ်။

လူတိုင်းဟာ လက်ဖက်ရည်ခွက်တွေကို အသီးသီး ချလိုက်ကြပြီး စိတ်ထဲက ရင်ခုန်မှုကို အောင့်အီးကာ မသေမျိုးဘုရင် သုံးပါးကို စိုက်ကြည့်နေကြပါတယ်။

ဒီ မသေမျိုးဘုရင် သုံးပါးဟာ အကြောင်းမရှိဘဲ တစ်ပြိုင်တည်း ဒီကို ရောက်လာကြတာ မဟုတ်ပါဘူး။ ရောက်လာပြီဆိုမှတော့ သူတို့ မျှော်လင့်နေတဲ့ ကိစ္စပဲ ဖြစ်ရပါမယ်

မသေမျိုးဘုရင် သုံးပါး ပိုပိုပြီး နီးကပ်လာတာကို မြင်တော့ ကျိုးပုဖန်ဟာ အမြန်ပဲ လက်သီးဆုပ် ဂါရဝပြုလိုက်ပါတယ်

"ဂါရဝပြုပါတယ်..."

အိုရန်ရွှမ်ကျိက လက်ကို ခပ်ဖွဖွ ဝေ့ယမ်းလိုက်ပြီး

"ထိုင်ပြီး လက်ဖက်ရည်သောက်စမ်း၊ မင်းတို့နဲ့ မဆိုင်ဘူး"

ပြောပြီးတာနဲ့ သူတို့ သုံးယောက်ဟာ လူအုပ်ကို ကျော်ဖြတ်ပြီး သတင်းကြိုရထားတဲ့ လီတောက်ယဲ့ တို့ အုပ်စုရှေ့ကို ရောက်သွားကြပါတယ်။

ရင်းရင်းနှီးနှီး စကားပြောဆိုပြီးနောက် တောင်တံခါးထဲကို ဝင်သွားကြပြီး လူတိုင်းရဲ့ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားပါတော့တယ်။

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်လုံးထဲမှာ ဝေခွဲမရဖြစ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။

"ဘာလို့လဲ... အဲဒီ သုံးယောက်က တာအိုသုံးထောင်ဂိုဏ်းနဲ့ ဆက်ဆံရေး အရမ်းကောင်းနေသလိုပဲလား ငါ မှတ်မိတာ မှားနေလို့လား "

သူတောင်းစား တာအိုဆရာက လူတိုင်းကို ကြည့်ပြီး သူတို့ဆီက အဖြေကို သိချင်နေပါတယ်။

ကံမကောင်းစွာနဲ့ပဲ ဘယ်သူမှ ဒီမေးခွန်းကို မဖြေနိုင်ကြပါဘူး။ သူတို့ရဲ့ အကြည့်တွေက ကျိုးပုဖန် ဆီမှာ ကျရောက်နေပြီး မျက်လုံးတွေထဲမှာ ဇဝေဇဝါ ဖြစ်နေကြပါတယ်။

ကျိုးပုဖန်ကတော့ ဘာစကားမှ မပြောဘဲ ပြန်ထိုင်လိုက်ပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရပါတယ်။

နာရီဝက်ခန့် ကြာပြီးနောက်မှာတော့ မသေမျိုးဘုရင် သုံးပါးဟာ တာအိုသုံးထောင်ဂိုဏ်းထဲကနေ ပြန်ထွက်လာကြပါတယ်။ လမ်းတစ်လျှောက်လုံး လီတောက်ယဲ့ကို အားနာသလိုနဲ့ ပြောလာကြပါတယ်

"ဂိုဏ်းချုပ်က လိုက်ပို့နေစရာ မလိုပါဘူး နောင်ကျရင် ကျုပ်တို့ရဲ့ တာအိုနန်းတော် သုံးခုလုံးက ဂိုဏ်းချုပ်ရဲ့ အမိန့်ကို နာခံပါ့မယ် ဂိုဏ်းချုပ်က ဘယ်နေရာကို တိုက်ခိုက်ခိုင်းခိုင်း ကျုပ်တို့ တိုက်ပါ့မယ်"

"အားလုံးက အရမ်း အားနာစရာကောင်းနေပါပြီ"

လီတောက်ယဲ့က မျက်နှာတစ်ခုလုံး နီမြန်းနေပြီး သူတို့ သုံးယောက်ကို လိုက်ပို့ပြီးနောက်မှာတော့ ပြုံးရွှင်စွာနဲ့ ဂိုဏ်းထဲကို ပြန်ဝင်သွားပါတယ်။

"ကျုပ်..."

သူတောင်းစား တာအိုဆရာက နားကို နှိုက်လိုက်ပြီး

"ခုနက ငါ ကြားတာ မမှားဘူးမလား "

"ဂိုဏ်း... ဂိုဏ်းချုပ် ခဏလောက် ရပ်ပေးပါဦး"

ကျိုးပုဖန်က သတ္တိမွေးပြီး လက်သီးဆုပ်ကာ လှမ်းခေါ်လိုက်ပါတယ်။

လီတောက်ယဲ့က ခြေလှမ်းရပ်လိုက်ပြီး သူတို့ကို တစ်ချက်ကြည့်ကာ အေးအေးဆေးဆေး မေးလိုက်ပါတယ်

"ဘာကိစ္စလဲ"

"ဂိုဏ်းချုပ်... ခုနက မသေမျိုးဘုရင် သုံးပါးက..."

ကျိုးပုဖန်က အလွန် သတိထားပြီး မေးလိုက်ရပါတယ်။ သူ့စကားက တစ်ဖက်လူကို စိတ်ဆိုးသွားစေပြီး လက်ဖက်ရည် တစ်စည်ကြီး ထပ်သောက်ရမှာကို ကြောက်နေလို့ပါ။ ဒါပေမဲ့ ဒီကိစ္စကို မမေးလိုက်ရရင် နောက်ပိုင်းမှာ သူ့စိတ်က လုံးဝ အေးချမ်းမှာ မဟုတ်ပါဘူး။

"ဪ... မင်း ပြောတာက အဲဒီ မသေမျိုးဘုရင် သုံးပါးလား သူတို့က ဒီတစ်ခေါက် ကျင့်စဉ်တွေ လာပေးတာလေ နောင်ကျရင် မဟာချဲ့ထွင်းဂိုဏ်း၊ မွေးရာပါတာအိုဂိုဏ်းနဲ့ ကြယ်စင်တာအိုဂိုဏ်း တို့က တာအိုသုံးထောင်ဂိုဏ်းထဲကို ပေါင်းစည်းသွားပြီ"

လီတောက်ယဲ့က ကောင်းကင်ကို တစ်ချက်ညွှန်ပြ၊ မြေကြီးကို တစ်ချက်ညွှန်ပြလိုက်ပြီး ပြုံးကာ ပြောပါတယ်

"ဒီ ကောင်းကင်နဲ့ မြေကြီးကြားမှာ တခြား တာအိုဂိုဏ်းတွေ ရှိတော့မှာ မဟုတ်ဘူး ဒီက တာအိုသုံးထောင်ဂိုဏ်း တစ်ခုတည်းပဲ ရှိတော့မယ်"

လီတောက်ယဲ့ ထွက်သွားပါပြီ။

လူတိုင်းကတော့ ဝိညာဉ်မရှိတဲ့ ရုပ်အလောင်းတွေလိုမျိုး အဲဒီနေရာမှာတင် ရပ်ကျန်ရစ်ခဲ့ပါတယ်။

လီတောက်ယဲ့ ပေးခဲ့တဲ့ သတင်းက သူတို့အတွက် တကယ့်ကို တုန်လှုပ်စရာကောင်းသလို မြူခိုးတွေနဲ့ ဖုံးလွှမ်းနေသလိုပါပဲ။

တာအိုဂိုဏ်းကြီး သုံးခုက... ဘာလို့ ဒီလောက် အချိန်တိုအတွင်းမှာ တာအိုသုံးထောင်ဂိုဏ်းကို အရှုံးပေးလိုက်ရတာလဲ

တောရိုင်းကျောင်းတော်ကပဲ ဒီကိစ္စမှာ ဝင်ပါလိုက်လို့လား

"ဒီနေရာက... ကျုပ်တို့ရဲ့ အရိုးမြုပ်ရာ နေရာ ဖြစ်သွားတော့မှာ ထင်တယ်"

တစ်ယောက်က ခပ်သဲ့သဲ့ ရယ်လိုက်ပြီး ထိတ်လန့်စရာ အမူအရာနဲ့ တာအိုသုံးထောင်ဂိုဏ်းကို ကြည့်ကာ ပြောပါတယ်

"ကျုပ်ကတော့ အရှက်တရားကို အောင့်အီးပြီး ထပ်မနေချင်တော့ဘူး သေရမယ်ဆိုရင်တောင် တစ်သက်လုံး ဒီမှာ အစော်ကားခံပြီး မနေချင်ဘူး"

"စိတ်မလောပါနဲ့ တောင်စိမ်းကြီး ရှိနေသရွေ့ ထင်းအတွက် မပူရပါဘူး "

ကျိုးပုဖန်က အေးစက်စွာ ပြောလိုက်တယ်

"အသက်ရှင်နေသရွေ့ မျှော်လင့်ချက် အလင်းတန်း တစ်ခုတော့ ရှိမှာပါ မင်းက နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ကြိုးစားခဲ့တာတွေကို အလဟဿ အဖြစ်ခံတော့မှာလား "

"..."

ခုနကတင် ထကြွလာတဲ့ သေချင်စိတ်ဟာ ကျိုးပုဖန်ရဲ့ စကားကြောင့် လုံးဝ ပျောက်ကွယ်သွားပြန်ပါတယ်။

လူတိုင်းဟာ ပုံမှန်အတိုင်း ပြန်ထိုင်လိုက်ကြပြီး လက်ဖက်ရည်သောက်ကာ တရားဓမ္မ ဆွေးနွေးနေကြသလိုပါပဲ၊ ဘာမှ မဖြစ်ခဲ့သလိုမျိုးပေါ့။

...

မဟာရှ၊ နန်းတော်

နဂါးအိုကြီး ဟာ ခြေထောက်ချိတ်ထိုင်ရင်း ရှရွှမ်ကျိ ကိုယ်တိုင် ဖျော်ပေးတဲ့ လက်ဖက်ရည်ကို သောက်ကာ အဝေးက ဖန့်ချန်နဲ့ သူ့နောက်မှာ ရပ်နေတဲ့ ချီထျန်းရန်၊ ရှန်ထူချန်း တို့ကို ကြည့်နေပါတယ်။

"ဖန့်ချန် ငါ ဒီရက်ပိုင်း တစ်ခုခု မူမမှန်သလို ခံစားနေရတယ် ဟိုတစ်ခေါက် မင်းနဲ့အတူ ယင်လောကကို သွားတုန်းက တစ်ခုခု ဖြစ်ခဲ့သေးလား "

နဂါးအိုကြီးက လွယ်လွယ်ကူကူပဲ မေးလိုက်ပါတယ်။

ယင်လောကကို သွားတာလား

ရှရွှမ်ကျိ ရဲ့ မျက်လုံးတွေ လှုပ်ခတ်သွားပြီး ရာဇပလ္လင်ပေါ်မှာ ပြန်ထိုင်ကာ စဉ်းစားခန်း ဝင်သွားပါတယ်။

"စီနီယာက ဝိညာဉ်နတ်ဘုရားလမ်းစဉ် အကြောင်း ကြားဖူးလား"

ဖန့်ချန်က မေးပါတယ်။

"ဝိညာဉ်နတ်ဘုရားလမ်းစဉ်... ရှေးဟောင်းပုံပြင်တွေအရ ဆိုရင်တော့ ဒီလမ်းစဉ်က စစ်မှန်သော မသေမျိုးလမ်းစဉ် လိုပဲ ကွဲပြားခြားနားတဲ့ ကောင်းကင်ကို ဆန့်ကျင်တဲ့ လမ်းစဉ် နှစ်မျိုးထဲက တစ်ခုပဲ"

နဂါးအိုကြီးက စဉ်းစားရင်း ပြောပါတယ်

"ဒါဆိုရင် အဲဒီတုန်းက ငါ ယင်လောကမှာ ရှိနေတာဟာ ဝိညာဉ်နတ်ဘုရားလမ်းစဉ် ထဲကို ဝင်သွားတာလို့ ပြောလို့ရတာပေါ့ "

ဖန့်ချန်က ခေါင်းညိတ်ပြပါတယ်။

"ဒီလမ်းစဉ်မှာ ဘာကန့်သတ်ချက်တွေ ရှိလဲ"

နဂါးအိုကြီးက လေးနက်စွာ မေးပါတယ်။

သူက စစ်မှန်သော မသေမျိုးလမ်းစဉ်ကို လျှောက်လှမ်းနေသူ ဖြစ်တဲ့အတွက် ရုတ်တရက် ဝိညာဉ်နတ်ဘုရားလမ်းစဉ်ထဲ ရောက်သွားတာဟာ နောက်ပိုင်း ကျင့်ကြံမှုကို ထိခိုက်မှာကို ကြောက်နေမိပါတယ်။

"ကန့်သတ်ချက် သိပ်မရှိပါဘူး အကျိုးကျေးဇူးတောင် ရှိပါသေးတယ် တကယ်လို့ စီနီယာရဲ့ လူ့လောကက ခန္ဓာကိုယ်ဟာ သက်တမ်းကုန်လို့ သေဆုံးသွားခဲ့ရင်တောင် စီနီယာရဲ့ ဝိညာဉ်ဟာ ပျက်စီးသွားမှာ မဟုတ်ဘဲ ဝိညာဉ်နတ်ဘုရားလမ်းစဉ်ကို ဆက်ပြီး လျှောက်လှမ်းနိုင်မှာပါ"

ဖန့်ချန်က ပြုံးပြီး ပြောပါတယ်။

"ဒါဆိုရင်လည်း ပြီးတာပါပဲ"

နဂါးအိုကြီးက ရုတ်တရက် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်ပြီး

"တကယ်လို့ မင်းသာ မကူညီခဲ့ရင် ငါ ဒီတစ်ခေါက် အဆင့် ၄ ကို တက်လှမ်းနိုင်ဖို့ နေနေသာသာ၊ တောင်ပေါ်က ဆင်းလာတာနဲ့ ဘေးဒုက္ခ ကြုံရမှာ သေချာတယ်"

"ငါ ခုနက တိုက်ခိုက်တုန်းက ခွန်အား တော်တော်ချန်ထားခဲ့တယ် လီဝူဝမ့်တို့ သတင်းရရင် အဘိုးကြီးဖြစ်တဲ့ ငါက အဆင့် ၃ မှာပဲ ရှိနေသေးတယ် ပြီးတော့ အချိန်မရွေး မိုးကြိုးဘေးဒုက္ခ ကြုံရနိုင်တယ်လို့ပဲ ထင်ကြမှာပါ"

"မင်း ရှေ့ဆက် ဘာလုပ်ဖို့ စဉ်းစားထားလဲ သူတို့ကို ဒီကို မျှားခေါ်မလား၊ အဘိုးကြီးဖြစ်တဲ့ ငါက တစ်ခါတည်း ရှင်းပစ်ရမလား ဒါမှမဟုတ် ငါကိုယ်တိုင်ပဲ တစ်ခေါက် သွားလိုက်ရမလား"

"လီဝူဝမ့် အပြင် နောက်ထပ် အဆင့် ၃ ဓားကျင့်ကြံသူ တစ်ယောက် ရှိသေးတယ်၊ ပြီးတော့ စုန့်ကျီလီ လည်း ရှိသေးတယ် ဒီ သုံးယောက်လုံး တစ်ပြိုင်တည်း ရှိနေမှ စီနီယာ လှုပ်ရှားရတာ တန်ဖိုးရှိမှာပါ"

ဖန့်ချန်က ခဏလောက် စဉ်းစားပြီး

"သူတို့ရဲ့ ဂရုစိုက်တတ်တဲ့ အမူအရာအရဆိုရင် နောက်ပိုင်း အချိန်အတော်ကြာတဲ့အထိ ဒီကို ခြေမချရဲတော့ပါဘူး လာခဲ့ရင်တောင် သုံးယောက်လုံး အတူတူ လာမှာ မဟုတ်ဘူး"

"မင်း ဆိုလိုတာက"

နဂါးအိုကြီးက မေးပါတယ်။

"စီနီယာ ထပ်ပြီး စောင့်ကြည့်လို့ ရပါသေးတယ် သူတို့ နောက်ကျမှ လှုပ်ရှားလေ ကျုပ်တို့အတွက် ပိုအကျိုးရှိလေပါပဲ"

ဖန့်ချန်က ဆိုပါတယ်။

"ရတာပေါ့"

နဂါးအိုကြီးက ခပ်ဖွဖွ ခေါင်းညိတ်ပါတယ်။

"စီနီယာကို ဒုက္ခပေးမိပါပြီ"

ဖန့်ချန်က လက်သီးဆုပ်ပြီး ပြုံးကာ ပြောလိုက်ပါတယ်။

နဂါးအိုကြီး မဟာရှမှာ ရှိနေသရွေ့ စုန့်ကျီလီ တို့ သုံးယောက်လုံး ရောက်လာရင်တောင် ဘာမှ အကျိုးထူးမှာ မဟုတ်ပါဘူး။

ခဏလောက် စကားစမြည် ပြောဆိုပြီးနောက်မှာတော့ နဂါးအိုကြီးဟာ နှုတ်ဆက်ကာ ထွက်ခွာသွားပါတယ်။ သူက အခု မြို့တော်က ဖန့်အိမ်တော် မှာ နေထိုင်ပါတယ်။

"ဖန့်ချန်... ဟိုတစ်ရက်က လာတဲ့လူတွေက... ဘယ်ကလဲ "

ရှရွှမ်ကျိ က လေးနက်စွာ မေးပါတယ်။

"ချောင်ဖုန်းနယ်မြေက ဓားကျင့်ကြံသူတွေပါ အချိန်တိုအတွင်းမှာတော့ သူတို့ ထပ်လာမှာ မဟုတ်တော့ပါဘူး၊ ဒီတစ်ခေါက် သူတို့ အတော်လေး အထိနာသွားတယ်"

ဖန့်ချန်က ပြောပါတယ်။

"ချောင်ဖုန်းက ဓားကျင့်ကြံသူတွေ... တကယ်ပဲ တစ်ခုမပြီးခင် နောက်တစ်ခု လာနေကြတာပဲ"

ရှရွှမ်ကျိ မျက်မှောင်ကြုတ်သွားပါတယ်။

အခု သူလုပ်နေတဲ့ ကိစ္စတွေဟာ ဖန့်ချန်နဲ့ အဆင့်အတန်း တစ်ခုတည်းမှာ မဟုတ်တော့ပါဘူး။

နောက်ပိုင်းမှာ ဟိုတစ်နေ့ကလို မြင်ကွင်းမျိုး ထပ်မမြင်ရဖို့ပဲ သူ မျှော်လင့်ပါတယ်။

"နဂါးအိုကြီး ဒီမှာ ရှိနေတာဆိုတော့... ခင်ဗျားတို့ နှစ်ယောက် သူတို့နဲ့ သွားပေါင်းလိုက်ကြပါ ခြောက်လအတွင်းမှာ ထျန်းယောင်း၊ ဖေးရှင်းနဲ့ စိန့်ခွေ အဆင့် ၁ အင်ပါယာ ဖြစ်လာမယ့် အရည်အချင်းတွေကို ဆုံးရှုံးသွားစေရမယ်"

ဖန့်ချန်က ရှန်ထူချန်း နဲ့ ချီထျန်းရန် ကို ကြည့်ပြီး ပြောလိုက်ပါတယ်။

"ဟုတ်ကဲ့ပါ"

နှစ်ယောက်လုံးက ခေါင်းညိတ်လိုက်ကြပြီး သူတို့ရဲ့ မျက်လုံးထဲမှာ အေးစက်တဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားပါတယ်။

အဆင့် ၁ အင်ပါယာ ဖြစ်လာမယ့် အရည်အချင်း ဆိုတာက အဲဒီ အင်ပါယာ သုံးခုက ဘယ်လောက် အင်အားကြီးလဲ ဆိုတာပေါ်မှာ မမူတည်ပါဘူး၊ သူတို့ နောက်ကွယ်က ဂိုဏ်းချုပ် တွေအပေါ်မှာပဲ မူတည်တာပါ။

နောက်ကွယ်က ဂိုဏ်းချုပ်တွေကို ရှင်းပစ်နိုင်ရင် ဒီ အဆင့် ၂ အင်ပါယာ သုံးခုဟာ ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။

"သခင်လေး... တုယွန်းရွှီ ဒီကို လာသွားပါသေးတယ် သခင်လေး ဟိုတစ်လောက ရှာခိုင်းထားတဲ့ လွင့်မျောနေတဲ့ ဝိညာဉ်ကို ရှာတွေ့ပြီလို့ ပြောသွားပါတယ်"

ရှန်ထူချန်းက ဆိုပါတယ်။

"ရှာတွေ့ပြီလား "

ဖန့်ချန်က ပြုံးပြီး ခေါင်းညိတ်လိုက်တယ်

"ဒါဆိုရင် ငါကိုယ်တိုင် တစ်ခေါက် သွားလိုက်မယ်"

...

ယင်လောက၊ ဆန်ကျင်းမြို့ ။

လွင့်မျောနေတဲ့ ဝိညာဉ်တစ်ခုဟာ တုယွန်းရွှီ ရဲ့ ရှေ့မှာ ရပ်နေပါတယ်။

သူက အနည်းငယ် စိုးရိမ်တုန်လှုပ်နေပုံရပြီး ဒီလို အဆင့်မြင့် ပုဂ္ဂိုလ်ကြီးက သူ့လို လူမပြောပလောက်တဲ့ ဝိညာဉ်လေးကို ဘာကိစ္စနဲ့ ဒီကို ခေါ်ရတာလဲဆိုတာ သူ မသိပါဘူး။

တကယ်တော့ သူ့အနေနဲ့ ဒီလို ပုဂ္ဂိုလ်ကြီးနဲ့ ဘာမှ ပတ်သက်စရာ အကြောင်းမရှိသင့်တာပါ။

All Chapters