← Chapters

အခန်း (၈၈၁-၈၈၂)

Vol. 89 Ch. 881-882

အခန်း (၈၈၁-၈၈၂)

Vol. 89 Ch. 881-882

​အခန်း (၈၈၁) သခင်လေး... ဘယ်လိုလဲ

​"ဒါနဲ့... မင်း ဘယ်တော့ ချောင်ဖုန်း ကို ပြန်ဖို့ စဉ်းစားထားလဲ အဲဒီက နတ်ဘုရားအကြွင်းအကျန် က မကြာခင် ပွင့်တော့မယ် ကြားတာတော့ အဲဒီမှာ မိုးကြိုးသန္ဓေမြစ် တစ်စင်း ရှိတယ်တဲ့ မင်း ဖီဖူသဲပွင့်ကို ယူပြီး တစ်ခေါက် သွားရမယ် အပြာမိုးကြိုး အချို့ကို ခပ်ယူခဲ့ဖို့ပဲ"

​တစ်ဖက်လူက ကျော့ရွှီကို ကြည့်ပြီး ဆက်ပြောပါတယ်။

​သူ့ရဲ့ လေသံက အထက်စီးဆန်နေပြီး ကျော့ရွှီဟာ သူ့ရှေ့မှာ စေခိုင်းရုံသက်သက် အစေခံလေးတစ်ယောက်လိုပါပဲ။

​"ငါတို့ဆီမှာ မိုးကြိုးသိုလှောင်မှု မလုံလောက်တော့ဘူး မိုးကြိုးဝိညာဉ်စစ်သည် တွေကို ဆက်ပြီး မထုတ်လုပ်နိုင်တော့ဘူး တကယ်လို့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ငါတို့က လုံလောက်တဲ့ မိုးကြိုးဝိညာဉ်စစ်သည်တွေကို မပေးနိုင်ရင် အဖေတောင် အပြစ်ပေးခံရလိမ့်မယ် မင်းဆိုရင်တော့ ပြောနေစရာတောင် မလိုဘူး"

​"ဒါ့အပြင်... အဲဒီ လင်ရှန်း နဲ့ မင်း တွေ့ခဲ့လား သူ ဘာပြန်ပြောလဲ ငါတို့ဆီက အကျိုးအမြတ်တွေ ယူထားပြီးမှ ငါတို့ စိတ်တိုင်းကျတဲ့ သွေးဝိညာဉ်ဆေးလုံး ကို မပေးနိုင်ဘူးဆိုရင်တော့ သူတို့ကို ကောင်းကောင်းကြီး ပညာပေးရလိမ့်မယ်"

​တစ်ဖက်လူက တစ်ခွန်းပြီးတစ်ခွန်း ပြောနေတာကြောင့် ကျော့ရွှီရဲ့ မျက်နှာက ပိုပိုပြီး ကြည့်ရဆိုးလာပါတယ်။

နောက်ဆုံးမှာတော့ သူ မနေနိုင်တော့ဘဲ

​"အစ်ကိုကြီး... ဒီနှစ်ယောက်က ဒီနေ့ရဲ့ ဧည့်သည်တွေပါ၊ အဖေ့ကို တွေ့ချင်လို့ လာကြတာ"

​တစ်ဖက်လူက ဖန့်ချန်နဲ့ ရှီလုံကို အကဲခတ်ကြည့်လိုက်ပါတယ်။

ရှီလုံရဲ့ ကျင့်ကြံမှုကို သူ ခန့်မှန်းလို့မရပေမဲ့ ရွှေခြင်္သေ့နတ်မင်းတို့လို အဆင့်မျိုးပဲ ဖြစ်လိမ့်မယ်လို့ ထင်မှတ်နေပုံရပါတယ်။

ဘေးက တစ်ယောက်ကတော့ ကျင့်ကြံမှုက နိမ့်လွန်းပြီး ဝိညာဉ်သန္ဓေသားအဆင့် သာသာပဲ မဟုတ်လား။

​ဒီလိုတွေးပြီးနောက် ကျော့တိန် က ခပ်အေးအေးပဲ ပြောလိုက်တယ်

"ဘယ်သူမဆို အဖေ့ကို တွေ့ချင်တိုင်း တွေ့လို့ရတာ မဟုတ်ဘူး၊ အရင်ဆုံး လာရင်းကိစ္စကို ပြောပြပါဦး"

​ချောင်ဖုန်း၊ မိုးကြိုး၊ မိုးကြိုးဝိညာဉ်စစ်သည်၊ အပြစ်ပေးခံရခြင်း၊ လင်ရှန်း၊ သွေးဝိညာဉ်ဆေးလုံး...

​ခဏလေးအတွင်းမှာတင် တစ်ဖက်လူက ဖန့်ချန်အတွက် အသုံးဝင်တဲ့ သဲလွန်စတွေ အများကြီး ပေးသွားပါတယ်။

ဖြစ်နိုင်တာကတော့ တစ်ဖက်လူရဲ့ အမြင်မှာ ဒါတွေက လျှို့ဝှက်ချက်မဟုတ်လို့ ဘာမှ ဂရုမစိုက်ဘဲ ပြောချလိုက်တာ ဖြစ်ပါလိမ့်မယ်။

​"ကျော့ရွှီသခင်လေး... ဒီလူက ခင်ဗျားရဲ့ အစ်ကိုကြီးလား "

​ဖန့်ချန်က ပြုံးပြီး မေးလိုက်ပါတယ်။

​ကျော့ရွှီ မျက်နှာပျက်ပျက်နဲ့ ခေါင်းညိတ်ပြတယ်

"ဖန့်ဓားဦးဆောင်သူ... သူက ကျုပ်ရဲ့ အစ်ကိုကြီး ကျော့တိန် ပါ"

​ဖန့်ချန်က ခေါင်းညိတ်ပြပြီး ကျော့တိန်ကို ကြည့်ကာ ပြုံးလိုက်တယ်

"ခင်ဗျားရဲ့ ညီလေးနဲ့ ကျုပ်ကြားမှာ အထင်လွဲမှုလေး ရှိလို့ပါ အဲဒါကြောင့် ဒီနေ့ ရှောင်းယောင်နတ်မင်းနဲ့ တွေ့ပြီး နှစ်ဖက်စလုံး ထိုင်စကားပြောကာ ဘယ်လို ဖြေရှင်းမလဲဆိုတာ ညှိနှိုင်းချင်လို့ပါ"

​အထင်လွဲမှု ဟုတ်လား

​စောစောက အစေခံအဘိုးအိုက မျက်ခုံးတစ်ချက် လှုပ်သွားပြီး ဖန့်ချန်နဲ့ ရှီလုံကို အကဲခတ်တဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ပါတယ်။

​ကျော့တိန်လည်း ရိပ်မိသွားပါတယ်။

သူ့ရှေ့က နှစ်ယောက်က ကျော့ရွှီ ပြောသလို ဧည့်သည်တွေ မဟုတ်ဘဲ... အပြစ်လာရှာတာလား

​ဒီလိုတွေးမိတာနဲ့ ကျော့တိန်ရဲ့ အကြည့်က ရှီလုံဆီကို ရောက်သွားပြီး မျက်နှာထားက ပိုပြီး လေးနက်လာတယ်

​"စီနီယာက ဘယ်သူပါလဲ"

​မသေမျိုးဘုရင် တစ်ပါးကတော့ ဒီလို တက်လှမ်းလာပြီး အပြစ်လာရှာရဲမှာ မဟုတ်ဘူး၊ ဒါဆိုရင် တစ်ဖက်လူကလည်း ဂိုဏ်းချုပ်အဆင့် ဖြစ်ရပါလိမ့်မယ်။

​ရှီလုံက ပြန်မဖြေဘဲ တစ်နေရာကို စိုက်ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်တယ်

"မိတ်ဆွေ ရောက်လာရင်လည်း ထွက်လာပြီး တွေ့ဆုံပါဦး ပုန်းအောင်းနေတာက ဧည့်ဝတ်ပြုတဲ့ နည်းလမ်း မဟုတ်ဘူးထင်တယ်"

​လူတိုင်း ထိတ်လန့်သွားပြီး လှမ်းကြည့်လိုက်ကြတဲ့အခါ ဟင်းလင်ပြင်ထဲကနေ အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်း အမျိုးသားတစ်ယောက် ထွက်လာတာကို မြင်လိုက်ရပါတယ်။

​ဒီလူက ယဉ်ကျေးသိမ်မွေ့ပုံရပြီး တစ်ကိုယ်လုံးမှာ လေညင်းလေးတစ်စုံလိုမျိုး လွတ်လပ်ပေါ့ပါးခြင်း အငွေ့အသက်တွေ ပြည့်နှက်နေပါတယ်။

​ကျော့တိန်တို့ အုပ်စုက ဒါကို မြင်တာနဲ့ ကပျာကယာ လက်အုပ်ချီ ဂါရဝပြုကြပါတယ်။

​"ကျော့ရွှီနဲ့ ရွှေခြင်္သေ့နတ်မင်းကလွဲရင် ကျန်တဲ့သူတွေ အကုန် ဆုတ်ခွာကြ"

​ရှောင်းယောင်နတ်မင်းက အေးအေးဆေးဆေး ပြောလိုက်ပါတယ်။

​ကျော့တိန်က စကားပြောချင်သလို ဖြစ်နေပေမဲ့ နောက်ဆုံးမှာတော့ ပါးစပ်ပိတ်ပြီး အစေခံအဘိုးအိုနဲ့အတူ ထွက်သွားပါတယ်။

သူ့ရဲ့ မျက်ခုံးကြားမှာတော့ သံသယရိပ်တွေ ရှိနေတုန်းပါပဲ။

​"မိတ်ဆွေကို ဘယ်လို ခေါ်ရမလဲ ဘာလို့ ကျုပ်က ကျုံးကျိုး ၊ တိထျန်း ၊ ပေတု သုံးနေရာစလုံးမှာ မိတ်ဆွေကို တစ်ခါမှ မမြင်ဖူးတာလဲ"

​ရှောင်းယောင်နတ်မင်းက ရှီလုံကို ကြည့်ပြီး ပြုံးကာမေးလိုက်ပါတယ်။

​ရှီလုံက ခပ်ပြုံးပြုံးပဲ

"ကျုပ်ကလည်း မိတ်ဆွေနဲ့ အတူတူပါပဲ၊ အများကြီး မမေးပါနဲ့တော့ လောကကြီးက ကျယ်ပြောလှတာပဲ၊ မိတ်ဆွေက လွတ်လပ်သောမသေမျိုးတွေ အကုန်လုံးကို မြင်ဖူးနေမှာမှ မဟုတ်တာ"

​ရှောင်းယောင်နတ်မင်းက ခေါင်းညိတ်လိုက်တယ်

"မိတ်ဆွေ ပြောတာ မှန်ပါတယ်"

​ဪ... သူကလည်း ဒီလောကက လူမဟုတ်ဘူးပဲ...

​ကျော့ရွှီနဲ့ ရွှေခြင်္သေ့နတ်မင်းတို့ဟာ ရှီလုံကို ကြည့်ပြီး ထူးဆန်းတဲ့ မျက်နှာထားတွေ ဖြစ်ကုန်ကြပါတယ်။

​ဒါဆိုရင်တော့ ဒီ ဖန့်ဓားဦးဆောင်သူရဲ့ နောက်ခံက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပါပြီ။

​ရှီလုံက စကားကို ပြန်စလိုက်ပြီး နှစ်ဖက်ကြားက အထင်လွဲမှုကို အလေးအနက် မရှိသလိုမျိုး ပြောပြလိုက်ပါတယ်။

ပြောပြီးတာနဲ့ ပြုံးလိုက်ကာ

​"မိတ်ဆွေ... ဒီကိစ္စကို ဘယ်လို ဖြေရှင်းသင့်တယ်လို့ ထင်လဲ?"

​ရှောင်းယောင်နတ်မင်းက ခဏလောက် စဉ်းစားပြီး ကျော့ရွှီကို လှမ်းကြည့်ပါတယ်။

​ကျော့ရွှီကတော့ ချက်ချင်းပဲ အပြစ်ရှိသလိုမျိုး ခေါင်းငုံ့သွားပါတော့တယ်။

​ရွှေခြင်္သေ့နတ်မင်းကလည်း မျက်လုံးတွေကစားနေပြီး ရှောင်းယောင်နတ်မင်းကို မကြည့်ရဲပါဘူး။

​"ကျုပ်ရဲ့ သားက အမှားလုပ်ခဲ့တာဆိုတော့ အပြစ်ပေးခံရတာကတော့ ထိုက်တန်ပါတယ် မိတ်ဆွေက ဘယ်လို အပြစ်ပေးရင် သင့်တော်မယ်လို့ ထင်သလဲ"

​ရှောင်းယောင်နတ်မင်းက မေးလိုက်ပါတယ်။

​"သခင်လေး... ဘယ်လို ထင်လဲ"

​ရှီလုံက ဖန့်ချန်ကို လှည့်ကြည့်လိုက်ပါတယ်။

​စောစောကအထိ တည်ငြိမ်နေတဲ့ ရှောင်းယောင်နတ်မင်းဟာ ရှီလုံက ဒီစကားကို ပြောလိုက်တဲ့အခါမှာတော့ သူ့မျက်လုံးထဲမှာ မသိသာတဲ့ ထိတ်လန့်မှုတွေ ဖြတ်ပြေးသွားပါတယ်။

ဒီအချိန်မှာ သူက ဖန့်ချန်ကို သေသေချာချာ ပြန်ကြည့်တဲ့အခါ သူ့ရဲ့ ကျင့်ကြံမှုကို လုံးဝ ဖောက်ထွင်းမမြင်နိုင်တာကို သတိထားမိသွားပါတယ်။

​ရှောင်းယောင်နတ်မင်းရဲ့ မျက်နှာထားက တဖြည်းဖြည်းနဲ့ လေးနက်လာပါတယ်။

​"ကျော့ရွှီသခင်လေးနဲ့ ရွှေခြင်္သေ့နတ်မင်းက ကျုပ်ရဲ့ အသက်ကို တကယ်ကြီး ယူချင်ခဲ့ကြတာပါ ကျုပ်က အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးတုံးလောက် ယူမယ်ဆိုရင်တော့ သိပ်မလွန်ဘူး မဟုတ်လား"

​ဖန့်ချန်က ရှောင်းယောင်နတ်မင်းကို ကြည့်ပြီး ပြုံးပြောလိုက်ပါတယ်။

​"အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးတုံး..."

​ကျော့ရွှီ စိတ်ထဲမှာ အေးစက်သွားပါတယ်။

​ရွှေခြင်္သေ့နတ်မင်းကတော့ သူ့ရဲ့ ဆုံးရှုံးမှုက လက်ခံနိုင်စရာ အဆင့်မှာပဲ ရှိပါသေးလားလို့ တွေးလိုက်မိပါတယ်။

​တကယ်လို့ ရှောင်းယောင်နတ်မင်းသာ ဒီကိစ္စကို အလျှော့ပေးလိုက်ရင်တော့ သူ့ရဲ့ ဆုံးရှုံးမှုက ခန့်မှန်းရခက်လောက်အောင် ကြီးမားသွားမှာပါ။

​"ငါးတုံး... ရိုးရိုးသားသား ပြောရရင် ကျုပ်ရဲ့ ဒီစတုတ္ထသားရဲ့ အသက်က အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးတုံး မတန်ဘူးဗျ"

​ရှောင်းယောင်နတ်မင်းက စဉ်းစားရင်း ပြောလိုက်ပါတယ်။

​ကျော့ရွှီရဲ့ မျက်နှာက ပိုပြီး ဖြူဖျော့သွားပါတယ်။

​ကံကောင်းတာက ရှောင်းယောင်နတ်မင်းက စကားကို လွှဲလိုက်တယ်

"တကယ်လို့ သုံးတုံးဆိုရင်တော့ ညှိနှိုင်းလို့ ရနိုင်ပါတယ် ခင်ဗျား ဘယ်လို ထင်သလဲ "

​ဖန့်ချန် စိတ်လှုပ်ရှားသွားပါတယ်။

ကြည့်ရတာ ဒီ ရှောင်းယောင်နတ်မင်းရဲ့ ပိုင်ဆိုင်မှုက တကယ်ကို မနည်းပါဘူး။

အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သုံးတုံးကို ထုတ်ပေးနိုင်တယ်ဆိုရင် သူ့ဆီမှာ ဒီထက်မက ရှိနေမှာ သေချာပါတယ်။

ငါးတုံး ဖြစ်နိုင်သလို ဆယ်တုံးလည်း ဖြစ်နိုင်တယ်၊ ဘာပဲဖြစ်ဖြစ် မနည်းပါဘူး။

​ပြီးတော့ စောစောက ကျော့တိန်ပြောတဲ့ စကားတွေကို ပြန်ဆက်စပ်ကြည့်ရင် ဒီလူက တိထျန်းမှာ... စီးပွားရေးသမားတစ်ယောက် ဖြစ်နေတာလား

​ဖန့်ချန် ခဏစဉ်းစားပြီးနောက် သဘောတူလိုက်ပါတယ်။

​ရှောင်းယောင်နတ်မင်းကလည်း အပိုစကားမပြောဘဲ ဝိညာဉ်စွမ်းအားနဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သုံးတုံးကို ဖန့်ချန်ရှေ့ကို ပို့ပေးလိုက်ပါတယ်။

​ရွှေခြင်္သေ့နတ်မင်းကတော့ သွားရည်ကျသလိုမျိုး တံတွေးတစ်ချက် မျိုချလိုက်မိပါတယ်။

သူက မသေမျိုးဘုရင် တစ်ပါးဖြစ်ပေမဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးကို သုံးဖူးတာဆိုလို့ မသေမျိုးဘုရင်အဆင့်ကို စတက်တုန်းက ကျင့်ကြံမှုကို အခြေခိုင်အောင် လုပ်တဲ့အချိန် တစ်ခါတည်းပဲ ရှိပါသေးတယ်။

​အဲဒီနောက်ပိုင်း သူ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးမှ မရခဲ့တော့ပါဘူး။

​ရွှင်အဘိုးကြီး အရင်က ပေးခဲ့ဖူးတဲ့ ကျောက်တုံးတွေလိုပါပဲ၊ ဒီကျောက်တုံး သုံးတုံးဟာ ကြယ်တာရာပေါင်း သောင်းခြောက်ထောင်ကို သိမ်းဆည်းထားသလိုပါပဲ။

ပျံ့လွင့်နေတဲ့ ဝိညာဉ်စွမ်းအားကို တစ်ချက် ရှူရှိုက်လိုက်ရုံနဲ့တင် ပိတ်ဆို့နေတဲ့ ကျင့်ကြံမှုတွေ ပွင့်သွားမလို ခံစားလိုက်ရပါတယ်။

​ဝိညာဉ်ကျောက်တုံးတွေကို သိမ်းလိုက်ပြီးနောက် ဖန့်ချန်နဲ့ ရှီလုံတို့ နှုတ်ဆက်ထွက်ခွာဖို့ ပြင်လိုက်ပေမဲ့၊ မထင်မှတ်ဘဲ ရှောင်းယောင်နတ်မင်းက သူတို့ကို လက်ဖက်ရည်သောက်ဖို့ ရင်းရင်းနှီးနှီး ဖိတ်ခေါ်လိုက်ပါတယ်။

​ဒီနေရာရဲ့ အမြင့်ဆုံး တောင်တန်းပေါ်က လက်ဖက်ရည်သောက်ခန်းဆောင် ။

​ကျော့ရွှီက လူတိုင်းကို လက်ဖက်ရည် ငှဲ့ပေးပြီးနောက် ရှောင်းယောင်နတ်မင်းရဲ့ နောက်မှာ ရပ်နေပါတယ်။

ဖန့်ချန်ကတော့ ဒီနေရာမှာ ထိုင်ပြီး လက်ဖက်ရည် မြည်းစမ်းခွင့်ရသူ ဖြစ်နေတာပါ။

​အစပိုင်းမှာတော့ ရှောင်းယောင်နတ်မင်းနဲ့ ရှီလုံတို့ဟာ ကျင့်ကြံခြင်းအကြောင်းတွေ ပြောကြပါတယ်။

တဖြည်းဖြည်းနဲ့ ရှောင်းယောင်နတ်မင်းက စကားလမ်းကြောင်းကို ပြောင်းလိုက်ပြီး ဒီနေရာမှာ သူလုပ်နေတဲ့ စီးပွားရေးအကြောင်းတွေ ပြောလာပါတယ်။

​ဖန့်ချန်က ဘာမှ မသိသလိုနဲ့ ဘေးကနေ ငြိမ်ပြီး နားထောင်နေပါတယ်။

​ရှောင်းယောင်နတ်မင်းက ဘာမှ ဖုံးကွယ်မထားဘဲ ဒီနေရာမှာ သွေးဝိညာဉ်ဆေးလုံး တွေကို ဝယ်ယူနေတဲ့အကြောင်း ချောင်ဖုန်းက စစ်ဖြစ်နေတဲ့ ဂိုဏ်းတစ်ခုအတွက် မိုးကြိုးဝိညာဉ်စစ်သည် တွေ ထောက်ပံ့ပေးနေတဲ့အကြောင်းတွေကို ပြောပြနေတာပါ။

​သူပြောတဲ့ မိုးကြိုးဝိညာဉ်စစ်သည် ဆိုတာကတော့ အပြာမိုးကြိုး နဲ့ သွန်းလုပ်ထားတဲ့ စစ်ပွဲသုံး လက်နက်တစ်ခု ဖြစ်ပြီး ခဏတာ ပေါက်ကွဲထွက်လာတဲ့ စွမ်းအားက မသေမျိုး အဆင့်နဲ့တောင် ညီမျှပါတယ်။

​"မိတ်ဆွေ... ဒီနေရာမှာ ဘယ်လို အရာမျိုးကို မျက်စိကျနေလဲဆိုတာ ကျုပ် မသိပါဘူး ဖြစ်နိုင်ရင် ကျုပ်တို့ ပူးပေါင်းဆောင်ရွက်လို့ ရနိုင်မလားလို့ပါ"

​ရှောင်းယောင်နတ်မင်းက ပြုံးပြီး ပြောရင်း ဖန့်ချန်ကို မသိမသာ တစ်ချက် ကြည့်လိုက်ပါတယ်။

​ဖန့်ချန် စိတ်လှုပ်ရှားသွားပါတယ်။

ဒါဟာ ရှောင်းယောင်နတ်မင်းက သူတို့ကို လက်ဖက်ရည်သောက်ဖို့ ခေါ်ထားရတဲ့ တကယ့်ရည်ရွယ်ချက်ပဲလို့ သူ ခံစားလိုက်ရပါတယ်။

​ကြည့်ရတာ သူဟာ အရင်က တစ်ခါမှ မကြုံဖူးသေးတဲ့ အဆင့်အတန်း တစ်ခုကို စတင် ထိတွေ့နေရပြီ ထင်ပါရဲ့...

​​အခန်း (၈၈၂) တောရိုင်းမြေ

​ရှီလုံက ဘာမှပြန်မပြောဘဲ ဖန့်ချန်ကိုသာ လှမ်းကြည့်လိုက်ပါတယ်။

ဒီအမူအရာကို ကြည့်ရုံနဲ့တင် သူ့ရဲ့သဘောထားက အတော်လေး သိသာသွားပါပြီ။

​ကျော့ရွှီ ရုတ်တရက် သဘောပေါက်သွားပါတယ်။

အချိန်အတော်ကြာအောင် စုံစမ်းနေမိတာ၊ ဒီလူကလည်း ဒီဒေသခံ မဟုတ်ဘူးပဲ။

လောကမှာ လွတ်လပ်သောမသေမျိုးကို မျိုးဆက်သစ်တွေအတွက် အစောင့်အရှောက်အဖြစ် ထားပေးနိုင်တဲ့ မိသားစုကြီးဆိုတာ... ရှားမှရှားပဲ မဟုတ်လား။

​သူတို့ ကျော့မိသားစုမှာလည်း စီးပွားဖက် အချို့ရှိပြီး သူတို့ရဲ့ နောက်ခံတွေကလည်း မသေးလှပါဘူး။

ဒါပေမဲ့ အင်အားအကြီးဆုံးလို့ ဆိုရမယ့်သူတောင်မှ အခုလိုမျိုး သောက်ကြီးသောက်ကျယ် မလုပ်နိုင်ကြပါဘူး။

​ဒီလိုတွေးမိတော့ ကျော့ရွှီ ရုတ်တရက် ကျောချမ်းသွားပါတယ်။

တကယ်လို့ တစ်ဖက်လူသာ ရွှေခြင်္သေ့နတ်မင်းလက်ချက်နဲ့ သေသွားခဲ့ရင် သူတို့ ကျော့မိသားစုဟာ ပြုပြင်လို့မရနိုင်တဲ့ ဘေးဒုက္ခကြီးနဲ့ ရင်ဆိုင်ရဖို့ ရှိနေတာကြောင့်ပါ။

​"ရှောင်းယောင်နတ်မင်း... ကျုပ်တို့ကတော့ စီးပွားရေးကိစ္စတွေကို သိပ်စိတ်မဝင်စားပါဘူး ဒါပေမဲ့... အဲဒီ သွေးဝိညာဉ်ဆေးလုံး ဆိုတာကတော့ ပစ္စည်းကောင်းပဲ ဒါပေမဲ့ သွေးဝိညာဉ်ဂိုဏ်း ရဲ့ ကျင့်ကြံသူတွေက ခြေရာလက်ရာ ဖျောက်လွန်းတော့ ကျုပ်တို့ ဝယ်ချင်ရင်တောင် လမ်းကြောင်း မရှိဘူး ဖြစ်နေတာ"

​ဖန့်ချန်က ခပ်ပြုံးပြုံး ပြောလိုက်ပါတယ်။

​သွေးဝိညာဉ်ဂိုဏ်း

​ရှောင်းယောင်နတ်မင်း မျက်လုံးတစ်ချက် လှုပ်သွားပါတယ်။

သွေးဝိညာဉ်ဂိုဏ်း ရဲ့ တကယ့်အမည်နာမကို သိနေတယ်ဆိုရင်တော့ ဒါဟာ နယ်ခြားဒေသက လာတာ သေချာပါပြီ။

​"ဒါက ပြောရတာ လွယ်ပါတယ် တကယ်လို့ ညီလေးက သွေးဝိညာဉ်ဆေးလုံးတွေကို ဝယ်ချင်တယ်ဆိုရင် ကျော့ရွှီကို လမ်းပြခိုင်းပြီး သွေးဝိညာဉ်ဂိုဏ်းက လင်ရှန်း တစ်ယောက်နဲ့ သွားတွေ့ခိုင်းလိုက်ပါ့မယ်"

"အဲဒီ လင်ရှန်းက သွေးဝိညာဉ်ဂိုဏ်းထဲမှာ အဆင့်အတန်း တော်တော်မြင့်သလို နယ်မြေတစ်ခုကိုလည်း အုပ်ချုပ်ထားတာ နှစ်စဉ် သူ့လက်ထဲကို ရောက်လာတဲ့ သွေးဝိညာဉ်ဆေးလုံး ပမာဏကလည်း မနည်းလှဘူး"

​ရှောင်းယောင်နတ်မင်းက ပြုံးပြီး ပြောလိုက်ပါတယ်။

​"ဒါဆိုရင်တော့ သိပ်ကောင်းတာပေါ့"

​ဖန့်ချန်က ပြုံးပြီး လက်ဖက်ရည်ခွက်ကို မော့ချလိုက်ပါတယ်။

​နှစ်ဖက်စလုံး ခဏလောက် ထပ်စကားပြောကြပေမဲ့ ရှောင်းယောင်နတ်မင်းဟာ သူတို့နှစ်ယောက်ရဲ့ နောက်ခံကို စုံစမ်းလို့ မရတာကြောင့် ဧည့်သည်ပြန်ပို့ဖို့ အကြောင်းပြချက် ရှာလိုက်ပါတယ်။

ဒါပေမဲ့ ဖန့်ချန်နဲ့ ရှီလုံကို အားတဲ့အခါတိုင်း လာလည်ဖို့တော့ ဖိတ်ခေါ်သွားပါသေးတယ်။

​ဖန့်ချန်ကလည်း အသာအယာ ခေါင်းညိတ် လက်ခံလိုက်ပြီးနောက် ကျော့ရွှီကိုယ်တိုင် လိုက်လံပို့ဆောင်မှုနဲ့အတူ ဒီနေရာကနေ ထွက်ခွာလာခဲ့ပါတယ်။

"ဖန့်ဓားဦးဆောင်သူ... ခင်ဗျားရဲ့ နောက်ခံက ဒီလောက် ထူးခြားနေတာကို ဘာလို့ ဓားဂိုဏ်း လို နေရာမျိုးမှာ အောက်ကျနောက်ကျ နေနေရတာလဲ ဒီ ကျုံးကျိုး၊ တိထျန်း၊ ပေတု ဆိုတာတွေက ကြာလှပြီ တောရိုင်းမြေ တွေ ဖြစ်နေတာ ကျုပ်တို့လို စီးပွားရေးသမားတွေကလွဲရင် သာမန်အချိန်မှာ ဘယ်ကျင့်ကြံသူမှ ဒီကို မလာချင်ကြဘူး"

​ကျော့ရွှီက သိလိုစိတ်နဲ့ မေးလိုက်ပါတယ်။

​ဒီစကားတွေက ဖန့်ချန်နဲ့ သူနဲ့ကြားက ဆက်ဆံရေးကို ပြန်လည် နွေးထွေးအောင် လုပ်တာလည်း ပါသလို တကယ်လည်း သိချင်နေလို့ပါ။

​"ကျော့ရွှီသခင်လေး... ကျင့်ကြံခြင်း ဆိုတာ ဘာလဲ"

​ဖန့်ချန်က ပြုံးပြီး ပြန်မေးလိုက်ပါတယ်။

​"ကျင့်ကြံခြင်း"

​ကျော့ရွှီ ရုတ်တရက် သဘောပေါက်သွားဟန်နဲ့

"ဪ... ဖန့်ဓားဦးဆောင်သူ လုပ်သမျှက ကျင့်ကြံခြင်းအတွက်ပဲပေါ့ ကြည့်ရတာ ဖန့်ဓားဦးဆောင်သူရဲ့ အမွေအနှစ်က လူသားလောကမှာ လေ့ကျင့်မှုကို အတော်လေး အလေးပေးပုံရတယ်"

​ကျော့ရွှီရဲ့ မျက်လုံးထဲမှာ အားကျရိပ်တွေ ပေါ်လာပြီး

"ဖန့်ဓားဦးဆောင်သူရဲ့ ဒီတစ်ခေါက် လေ့ကျင့်မှုကလည်း အလကားတော့ မဟုတ်ဘူးပဲ တာအိုသုံးထောင်ဂိုဏ်း က အဲဒီ ထူးဆန်းတဲ့သူ ရဲ့ နောက်ခံကလည်း မသေးဘူး ဖန့်ဓားဦးဆောင်သူလည်း သူ့ဆီကနေ အမွေအနှစ်အချို့ ရခဲ့မှာ သေချာပါတယ်"

​"ကျော့ရွှီသခင်လေး တကယ် သိချင်တယ်ဆိုရင် ကျုပ် တစ်ခုချင်းစီ ပြောပြပေးရမလား "

​ဖန့်ချန်က ရယ်ပြီး ပြောလိုက်ပါတယ်။

​ကျော့ရွှီ ကြောင်သွားပြီး ချက်ချင်းပဲ မျက်နှာထား ပြင်လိုက်ကာ

"ဖန့်ဓားဦးဆောင်သူ အထင်လွဲပါပြီ ကျုပ်က ပါးစပ်သရမ်းပြီး မေးမိတာပါ စုံစမ်းချင်တဲ့ စိတ်ဆန္ဒ မရှိပါဘူး"

​"ရပါတယ်၊ ရပါတယ် ဒါနဲ့... သွေးဝိညာဉ်ဂိုဏ်းက အဲဒီ လင်ရှန်းဆီကို ကျုပ်ကို ဘယ်တော့ ခေါ်သွားပေးမှာလဲ"

​"အချိန်မရွေးပါပဲ ဖန့်ဓားဦးဆောင်သူ ဘယ်တော့ သွားချင်လဲ"

လို့ ကျော့ရွှီက ကပျာကယာ ပြန်မေးပါတယ်။

​ဖန့်ချန် ခဏစဉ်းစားပြီး သူ့ပခုံးကို ပုတ်ကာ

"ကျုပ်ရဲ့ ဓားစိန်ခေါ်ပွဲ ခရီးစဉ် ပြီးတဲ့အထိ စောင့်လိုက်ပါဦး"

​"ဒါဆိုရင်တော့ ဖန့်ဓားဦးဆောင်သူ အောင်ပွဲနဲ့ ပြန်လာနိုင်ဖို့ ကျုပ် ကြိုတင် ဆုတောင်းပေးလိုက်ပါတယ်"

​ကျော့ရွှီက လက်အုပ်ချီ ဂါရဝပြုလိုက်ပါတယ်။

​"လိုက်မပို့နဲ့တော့၊ ကျုပ် သွားပြီ"

​ဖန့်ချန်က လက်ယမ်းပြပြီး ရှီလုံနဲ့အတူ ဟင်းလင်ပြင်ကို ဖြတ်ကျော်ကာ ထွက်ခွာသွားပါတော့တယ်။

​ကျော့ရွှီက ဒီနေရာမှာ ခဏလောက် ရပ်ကြည့်နေပြီးမှ ဂူဗိမာန်ထဲကို ပြန်ဝင်ကာ လက်ဖက်ရည်သောက်ခန်းဆောင်ဆီကို တစ်ခေါက် ထပ်သွားပါတယ်။

​ဒီတစ်ကြိမ်မှာတော့ ရှောင်းယောင်နတ်မင်း၊ ကျော့တိန်နဲ့ ရွှေခြင်္သေ့နတ်မင်းတို့ အားလုံး ရှိနေကြပါတယ်။

​"အဖေ... လူကို ပို့လိုက်ပါပြီ"

​ကျော့ရွှီက ရိုသေစွာ ပြောလိုက်ပါတယ်။

​ရှောင်းယောင်နတ်မင်း စကားမပြောရသေးခင်မှာပဲ ကျော့တိန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ

"မင်းကတော့ အမြဲတမ်း အလုပ်အကျွေး မလုပ်ဘဲ အပိုအလုပ်တွေနဲ့ ပြဿနာရှာနေတာပဲ တကယ်လို့ ငါတို့ ကျော့မိသားစုတောင် မယှဉ်နိုင်တဲ့ ရန်သူကို သွားထိမိရင် ဘာဖြစ်သွားမလဲ မင်း သိရဲ့လား "

​ကျော့ရွှီ မျက်နှာပျက်သွားပြီး ပြန်ငြင်းလိုက်တယ်

"အစ်ကိုကြီး... အခု ကိစ္စက အဆင်ပြေပြေ ပြီးသွားပြီပဲ ကျော့မိသားစုက သူတို့ကို ရန်မစမိရုံတင်မကဘူး၊ မိတ်ဆွေတောင် ဖြစ်သွားသေးတယ် အဖေတောင် ဘာမှ မပြောသေးတာကို အစ်ကိုကြီးက ဘာလို့ ကျုပ်ကို လာပြောနေတာလဲ "

​"မင်း..."

​"တော်ကြ"

​ရှောင်းယောင်နတ်မင်းက အေးစက်စွာ ဟောက်လိုက်ပါတယ်။

​ကျော့ရွှီနဲ့ ကျော့တိန်တို့ ထိတ်လန့်သွားကြသလို ရွှေခြင်္သေ့နတ်မင်းလည်း မသိမသာ ခေါင်းငုံ့ပြီး သူ့ခြေဖျားသူ ကြည့်နေမိပါတယ်။

​ဖန့်ချန်ဟာ ဝိညာဉ်ဖြင့် ရှောင်းယောင်နတ်မင်းကို တိတ်တဆိတ် စောင့်ကြည့်နေပါတယ်။

ဂိုဏ်းချုပ်အဆင့် တစ်ယောက်အနေနဲ့ သူဟာ တကယ်တော့ အသားကျလွယ်တဲ့သူ မဟုတ်ပါဘူး။

​အခု ဖန့်ချန်နဲ့ ရှီလုံ မရှိတော့တဲ့အချိန်မှာ ရှောင်းယောင်နတ်မင်းဟာ သူ့ရဲ့ သားနှစ်ယောက် ရှေ့မှာတောင် စောစောကထက် အဆပေါင်းများစွာ ပြင်းထန်တဲ့ အရှိန်အဝါမျိုး ထွက်ပေါ်နေပါတယ်။

အဲဒီ ဖိအားက သာမန် မသေမျိုးဘုရင်ကိုတောင် တုန်လှုပ်စေနိုင်ပါတယ်။

​"ရွှီအာ... အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံး ရဖို့အတွက် ငါတို့ ဘယ်နှနှစ်လောက် အချိန်ဖြုန်းရလဲ မင်း သိလား "

​ရှောင်းယောင်နတ်မင်းက အေးအေးဆေးဆေး မေးလိုက်ပါတယ်။

​ကျော့ရွှီ မျက်နှာထား ပြောင်းလဲသွားပြီး တိုးတိုးလေး ဖြေတယ်

"အ... အကြမ်းဖျင်းဆိုရင် နှစ်ပေါင်း တစ်ရာလောက် ကြာပါတယ်..."

​"မှန်တယ်၊ မင်း လုပ်လိုက်တဲ့ ကိစ္စကြောင့် နှစ်ပေါင်း သုံးရာစာ အလကား ဖြစ်သွားပြီ"

​ရှောင်းယောင်နတ်မင်းက ခပ်အေးအေးပဲ ပြုံးလိုက်တယ်

"ဒီကိစ္စမှာ မင်း တကယ် မှားခဲ့တာပဲ"

​ကျော့ရွှီက ချက်ချင်းပဲ ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ပြီး ဘာမှ မပြောရဲတော့ပါဘူး။

​ကျော့တိန်ကတော့ ဘေးကနေ ဝမ်းသာအားရ ဖြစ်နေပြီး စကားပြောဖို့ ပြင်လိုက်ပေမဲ့ ရှောင်းယောင်နတ်မင်းက သူ့ကို လှည့်ကြည့်လာတာ မြင်တော့

​"မင်းက အစ်ကိုကြီး ဖြစ်ပြီး ချောင်ဖုန်းမှာပဲ အမြဲနေနေတော့ ငါသာလျှင် အကြီးဆုံး ဆိုတဲ့ စိတ်ဓာတ်တွေ ဝင်နေပြီ မင်းရဲ့ ညီအစ်ကို မောင်နှမတွေကို သေသေချာချာ မဆုံးမနိုင်တာကလည်း မင်းရဲ့ အမှားပဲ"

​"အဖေ... ကျုပ်က..."

​ကျော့တိန်က ရှောင်းယောင်နတ်မင်းကို ကြည့်ပြီး တကယ့်ကို မတရားသဖြင့် ခံရသလို ခံစားနေရပါတယ်။

​ရှောင်းယောင်နတ်မင်းက အေးဆေးစွာ ဆက်ပြောတယ်

"ဒါပေမဲ့ ဒီတစ်ခေါက်တော့ မင်းရဲ့ စတုတ္ထညီက ကံကောင်းလို့ပဲ ပြောရမယ် လွတ်လပ်သောမသေမျိုးရဲ့ စောင့်ရှောက်မှုကို ခံထားရတဲ့ ကောင်လေးတစ်ယောက်ရဲ့ နောက်ခံက ဘယ်လိုမျိုး ဖြစ်နိုင်မယ်လို့ မင်းတို့ ထင်လဲ "

​ကျော့တိန်က ကပျာကယာ ဝင်ပြောတယ်

"အဖေ... ကျုပ် သိတယ် ကျုပ် သိတယ် ချောင်ဖုန်း ၊ လုံယွမ် ၊ စစ်ဟွေ ၊ မင်ဟူ ... ဒီ လေးနေရာမှာ ဒီလောက်အထိ အင်အားကြီးတဲ့ မိသားစုဆိုလို့ ဆယ်စုနှစ်ခုစာလောက်ပဲ ရှိတာ အဲဒီကောင်က အဲဒီထဲက တစ်ယောက် ဖြစ်ရမယ်"

​"တကယ်လို့ အဲဒါသာ အမှန်ဆိုရင် ငါတို့ သူတို့နဲ့ ပူးပေါင်းဖို့ အခွင့်အရေး ရနိုင်တယ် အဲဒီအချိန်ကျရင် နှစ်တစ်ရာမှ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံး မဟုတ်တော့ဘဲ နှစ် ၃၀၊ နှစ် ၂၀ မှာ တစ်တုံး ရနိုင်တာမျိုးတောင် ဖြစ်လာနိုင်တယ်"

​ရှောင်းယောင်နတ်မင်းရဲ့ နှုတ်ခမ်းတွေက အသာအယာ ကွေးညွတ်သွားပါတယ်။ ပြီးနောက် ကျော့ရွှီဘက် လှည့်ကာ

"သူတို့ ဒီကို ဘာလာလုပ်တာလဲ ဆိုတာ မင်း မေးခဲ့လား ဒီလို တောရိုင်းမြေမျိုးကို သူတို့ လိုချင်တဲ့ ပစ္စည်း မရှိရင် ဘယ်နှယ့် လွယ်လွယ်နဲ့ ခြေချပါ့မလဲ တစ်ခါ လာဖို့ဆိုရင်တောင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ အကုန်ခံရတာကိုး"

​"အဖေ... သူကတော့ လူသားလောကမှာ လေ့ကျင့်တာလို့ ပြောတာပဲ ကျုပ် ထင်တာတော့ သူ ကျင့်ကြံတာက ဓားလမ်းစဉ် ဖြစ်လိမ့်မယ် ဒါပေမဲ့ သူက တာအိုသုံးထောင်ဂိုဏ်းက အဲဒီ ထူးခြားသူနဲ့လည်း ဆက်ဆံရေး ရှိတယ်လို့ ကြားတယ်"

လို့ ကျော့ရွှီက ပြန်ဖြေပါတယ်။

​"အဲဒီ ထူးခြားသူ ဟုတ်လား..."

​ရှောင်းယောင်နတ်မင်းက ခေါင်းခါလိုက်တယ်

"စိုးရိမ်စရာ မရှိပါဘူး ပြီးခဲ့တဲ့ ရက်ပိုင်းကမှ သူ အဲဒီလူရဲ့ လက်တစ်ဖက်ကို ဖြတ်လိုက်တာပဲ၊ ဒါဟာ သူ့ရဲ့ အစွမ်းအစ အကုန်ပဲ ဖြစ်ရမယ် ဒီလို နည်းလမ်းမျိုး ထပ်သုံးနိုင်ဖို့ဆိုရင် နှစ်ပေါင်းများစွာ ထပ်ပြီး မွေးမြူရဦးမှာပါ"

​စိုးရိမ်စရာ မရှိဘူး၊ တောရိုင်းမြေ ဟုတ်လား...

​ဖန့်ချန် စဉ်းစားခန်း ဝင်သွားပါတယ်။

ကြည့်ရတာ ဒီ နယ်ခြားက ကျင့်ကြံသူတွေဟာ ကျုံးကျိုး၊ တိထျန်းနဲ့ ပေတု အပေါ်မှာ တစ်စုံတစ်ရာ အထင်သေးတဲ့ အမြင်ရှိနေပုံရပါတယ်။

​"ဒါနဲ့... ငါ မကြာခင် ချောင်ဖုန်းကို တစ်ခေါက် ပြန်ရမယ် မင်းတို့ ဒီက စီးပွားရေးတွေကို အမှားအယွင်း မရှိအောင် ဂရုစိုက်ကြ မင်းတို့ရဲ့ ရွှီဘကြီး က မကြာခင်မှာ ဘေးဒုက္ခ ကို ဖြတ်ကျော်ရတော့မယ်"

"တကယ်လို့ အောင်မြင်သွားရင် နောက်ပိုင်းမှာ သူက နှစ်ကြိမ်ပြောင်းလဲခြင်း လွတ်လပ်သောမသေမျိုး ဖြစ်လာလိမ့်မယ် ငါတို့ ကျော့မိသားစုအတွက်လည်း အားကိုးရာ တစ်ခု ဖြစ်လာမှာပေါ့"

​ရှောင်းယောင်နတ်မင်းက ပြောပြီးတာနဲ့ ထွက်သွားပါတော့တယ်။

​တစ်ချိန်လုံး ရွှေခြင်္သေ့နတ်မင်းကို လုံးဝ လှည့်မကြည့်ခဲ့သလို ရွှေခြင်္သေ့နတ်မင်းကလည်း ဘာမှ မပြောရဲခဲ့ပါဘူး။

​...

​ဝိညာဉ်က ခန္ဓာကိုယ်ထဲ ပြန်ဝင်လာတဲ့အခါ ရှီလုံက ဖန့်ချန်ရဲ့ ခန္ဓာကိုယ်ဘေးမှာ ငြိမ်သက်စွာ စောင့်ကြပ်နေတာကို မြင်လိုက်ရပါတယ်။

​"အပြင်ပန်းက ကြည့်ရင်တော့ သူတို့က သွေးဝိညာဉ်ဂိုဏ်းနဲ့ ဘာမှ မပတ်သက်သလိုပဲ စီးပွားရေးအရပဲ ဆက်သွယ်တာမျိုးပေါ့ ဒီ သွေးဝိညာဉ်ဆေးလုံး ဆိုတာကလည်း သူတို့ကိုယ်တိုင် သုံးဖို့တင် မဟုတ်ဘဲ..."

​ဖန့်ချန် ခဏလောက် စဉ်းစားပြီး ရှီလုံကို လှမ်းမေးလိုက်တယ်

"ရှီလုံ... ချောင်ဖုန်း၊ လုံယွမ်၊ စစ်ဟွေ၊ မင်ဟူ ဆိုတဲ့ နေရာတွေကို သိလား"

​ရှီလုံက ပြုံးပြီး

"ဒီ လေးနေရာစလုံးက ဖန်ဆင်းရှင်ကြယ်တာရာ ထဲမှာ ရှိတာပါ"

​ဖန့်ချန် သဘောပေါက်သွားပါတယ်။

ဒါဆို ရှောင်းယောင်နတ်မင်းတို့က မယ်တော်စီ နဲ့ နယ်မြေတူတွေပဲလား

​ခဏအကြာမှာတော့ ဖန့်ချန်က လှုပ်ရှားသွားပြီး သူ့ရှေ့မှာ ဝမ်ချွမ်းမြစ် တံခါးကို ဖွင့်လိုက်ကာ ရှီလုံကို ခေါ်ပြီး ယင်လောကထဲကို ဝင်သွားပါတော့တယ်။

All Chapters