← Chapters

အခန်း (၁၁၂၁-၁၁၂၂)

Vol. 113 Ch. 1121-1122

အခန်း (၁၁၂၁-၁၁၂၂)

Vol. 113 Ch. 1121-1122

အခန်း (၁၁၂၁) ငါ မင်းတို့ကို သင်ပေးနိုင်တယ်

ယန်ဟောက်ရန်ဟာ သူ့မျက်လုံးကို မယုံနိုင်သလို ဖြစ်နေပါတယ်။

သူက မသိစိတ်ကနေ မျက်လုံးကို ပွတ်ကြည့်လိုက်ပြီး ဝမ်ချုံစန်းဟာ တကယ်ပဲ ပြာအဖြစ် ပျောက်ကွယ်သွားတာကို တွေ့လိုက်ရတဲ့အခါ စိတ်ထဲမှာ စိုးရိမ်တကြီးနဲ့ ဒေါသထွက်လာပါတယ်။

တစ်ဖက်လူကတော့ ဖင်ခါပြီး ထွက်သွားပြီ၊ သူတို့ကတော့ ကျန်ခဲ့ပြီး အရာအားလုံးကို ရင်ဆိုင်ရတော့မှာလား

"ဒီလူရဲ့ မူလခန္ဓာက ကျင့်ကြံဆင့် မနိမ့်ဘူးပဲ"

အမျိုးသမီးက မျက်မှောင်လေး အနည်းငယ် ကြုတ်လိုက်ပါတယ်။

တကယ်လို့ ပြောင်းပြန်မသေမျိုး မိစ္ဆာသန္ဓေသား က ဒီလူ စိုက်ပျိုးခဲ့တာဆိုရင် သူ့ရဲ့ နည်းလမ်းတွေက ဘယ်လိုမှ နိမ့်ကျနေမှာ မဟုတ်ပါဘူး။

"သခင်လေး... ကျမ ရှင့်ဘေးမှာပဲ ဆက်နေချင်သေးတယ်၊ သူမ ကျမကို ခေါ်သွားတာကို ခွင့်မပြုပါနဲ့"

နတ်သမီးယွီက ဖန့်ချန်ဘေးကို အမြန်လျှောက်သွားပြီး အမျိုးသမီးကို ရန်လိုတဲ့ အကြည့်နဲ့ စိုက်ကြည့်လိုက်ပါတယ်။

"တခြားနည်းလမ်း မရှိတော့ဘူးလား"

ဖန့်ချန်က ခပ်ဖွဖွ သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။

"မရှိဘူး"

အမျိုးသမီးက ခေါင်းခါလိုက်တယ်

"ကျမ ဘယ်ကလာသလဲဆိုတာ ရှင့်ကို ပြောပြနိုင်ပါတယ် နောင်တစ်ချိန် အခွင့်အရေးရရင် ရှင့်ဘက်က ကျမကို လာရှာလို့ရတယ် ဒီမိန်းကလေးကိုတော့ ကျမ ဂိုဏ်းထဲကို ခေါ်သွားရမယ်၊ ဘယ်လိုစီရင်မလဲဆိုတာ ဂိုဏ်းထဲက အကြီးအကဲတွေပဲ ဆုံးဖြတ်ပါလိမ့်မယ်"

"ငါ သူမနဲ့ ပထမဆုံး စတွေ့တုန်းက သူမက ဒီလောက်လေးပဲ ရှိသေးတာ"

ဖန့်ချန်က လက်နဲ့ အရွယ်အစား တိုင်းပြလိုက်ပါတယ်။ တစ်မီတာလောက်ပဲ ရှိမယ့် အရွယ်ပါ

"ငါ့လက်ထဲမှာ ကြီးပြင်းလာတာလို့ ပြောလို့ရတယ် အခု သူမ နေမကောင်းဖြစ်နေတာကို ဘယ်လိုကုမလဲဆိုတာ ငါကိုယ်တိုင်ပဲ စီရင်သင့်တယ်၊ တခြားလူလက်ထဲ ထည့်ပေးစရာ အကြောင်းမရှိဘူး"

နတ်သမီးယွီက စိတ်ထဲမှာ အနည်းငယ် ဝမ်းသာသွားပါတယ်။ ဒီအမျိုးသမီး ခေါ်သွားတာကို မခံရရင်ပဲ အဆင်ပြေပါပြီ

သူမ သိထားတဲ့ ဖန့်ချန်ကတော့ သူမကို ဘယ်လိုမှ သတ်မှာမဟုတ်ဘူးဆိုတာ သေချာနေလို့ပါပဲ။

အမျိုးသမီးက မျက်မှောင်ကြုတ်သွားတယ်

"ရှင် အဲဒီတုန်းက ကျမကို ဒီလိုကတိပေးခဲ့တာ မဟုတ်ဘူးလေ တကယ်လို့ သူမက ပြောင်းပြန်မသေမျိုး မိစ္ဆာသန္ဓေသားဆိုတာ သေချာရင် ကျမကို စီရင်ဖို့ ပေးမယ်လို့ ပြောခဲ့တာပဲ"

"ဒီလိုမပြောရင်... မင်းက ဒီနေ့အထိ စောင့်နေပါ့မလား "

ဖန့်ချန်ရဲ့ မျက်နှာမှာ အားနာတဲ့ အမူအရာ ပေါ်လာပါတယ်

"မိန်းကလေး မင်း ချင်းရှမိစ္ဆာအရှင်သခင် ကိုပဲ ဆက်ပြီး လိုက်ဖမ်းပါတော့ သူမကိုတော့ ငါပဲ စီရင်ပါရစေ၊ သူမ နောင်တစ်ချိန်မှာ လောကကြီးကို ဒုက္ခမပေးစေရဘူးလို့ ငါကတိပေးပါတယ်"

"သခင်လေး ရှင်..."

နတ်သမီးယွီ ထိတ်လန့်သွားပါတယ်။

ဖန့်ချန်က နယ်နိမိတ်ဗူးသီး ကို ထုတ်ပြီး သူမကို အထဲကို သိမ်းဆည်းလိုက်လို့ပါပဲ။

"နည်းလမ်း မတွေ့မချင်း သူမကို နယ်နိမိတ်ဗူးသီးထဲမှာပဲ ပိတ်ထားမယ် အထဲမှာ သူမ ကျင့်ကြံလို့မရဘူး၊ ဒါဆိုရင် မင်းစိုးရိမ်သလို ဖြစ်လာမှာ မဟုတ်တော့ဘူး"

ဖန့်ချန်က နယ်နိမိတ်ဗူးသီးကို ပြန်သိမ်းပြီး အမျိုးသမီးကို ကြည့်လိုက်ပါတယ်။

အမျိုးသမီးရဲ့ မျက်နှာထား ပြောင်းလဲသွားပြီး အကြည့်တွေက တဖြည်းဖြည်း အေးစက်လာပါတယ်

"ရှင်သိထားဖို့က ကျမ သူမကို ခေါ်သွားချင်တာဟာ ကိုယ်ကျိုးအတွက် မဟုတ်ဘူး"

သူမရဲ့ မျက်ဝန်းထဲမှာ တောက်ပတဲ့ မီးလျှံတွေ လည်ပတ်နေသလိုပါပဲ။ ယန်ဟောက်ရန်တို့က ဒါကို သတိထားမိလိုက်တဲ့အခါ စိတ်ထဲမှာ ဝမ်းသာသွားကြပါတယ်။

ဒီအမျိုးသမီးက ကျင့်ကြံဆင့် မဆုံးရှုံးသွားဘူးဆိုတော့ သူမရဲ့ အစွမ်းက အခုရှေ့က ဖန့်ချန်ထက် မနိမ့်တာ သေချာပါတယ်။

တကယ်လို့ သူတို့နှစ်ယောက် တိုက်ကြရင် သူတို့အတွက် ဒီအခြေအနေကနေ လွတ်မြောက်ဖို့ အခွင့်အရေး ရနိုင်ပါတယ်။

"တကယ်လို့ မင်းမှာ ပြောင်းပြန်မသေမျိုး မိစ္ဆာသန္ဓေသားကို ခွဲထုတ်နိုင်တဲ့ နည်းလမ်းရှိရင် မင်း ယူသွားလို့ရတယ် အဲဒါကို ငါ နည်းနည်းမှ ဂရုမစိုက်သလို မင်းတို့ အဲဒါနဲ့ ဘာလုပ်မလဲဆိုတာလည်း မသိချင်ဘူး"

"ဒါပေမဲ့ ရှောင်ယွီက ငါ့လူပဲ ငါ ခေါ်သွားခွင့်မပြုရင် မင်း ခေါ်သွားလို့ မရဘူး"

ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

"ရှင်က ကျမရဲ့ ပြိုင်ဘက် မဟုတ်ဘူး ရှင်က အဆင့် ၂ ဓားကျင့်ကြံသူ ဖြစ်နေရင်တောင်မှပဲ"

အမျိုးသမီးက မျက်မှောင်ကြုတ်ပြီး ပြောပါတယ်။

"စမ်းကြည့်လို့ ရပါတယ် ခုနက ငါ အစွမ်းကုန် မဟုတ်သေးဘူး ငါ အစွမ်းကုန် ထုတ်သုံးရင် အဆင့် ၃ ကို သတ်နိုင်မလားဆိုတာ ငါလည်း သိချင်နေတာ"

ဖန့်ချန်က ဆိုပါတယ်။

အစွမ်းကုန် မဟုတ်သေးဘူး ဒါတောင် အစွမ်းကုန် မဟုတ်သေးတာလား

ယန်ဟောက်ရန် စိတ်ထဲမှာ မယုံနိုင်စရာ ဖြစ်နေသလို၊ နန်ကုန်းယွမ်ကျိန်းရဲ့ အကြည့်တွေကလည်း အဆက်မပြတ် ပြောင်းလဲနေပါတယ်။

ခုနက ဒီလူက လီဝူဝမ့်ကို သတ်မယ်လို့ ပြောတာဟာ ကြွားဝါတာ မဟုတ်ဘဲ တကယ်ပဲ အဲဒီလို နည်းလမ်းရှိနေတာလား

အမျိုးသမီးရဲ့ မျက်လုံးထဲမှာ ဒေါသရိပ်တွေ ဖြတ်ပြေးသွားပြီး ကိုယ်ပေါ်က နတ်ဘုရားအလင်းတန်းတွေ ပိုမိုတောက်ပလာပါတယ်။

ဒါပေမဲ့ နောက်တစ်ခဏမှာပဲ သူမက ဟင်းလင်းပြင်ထဲကို လှည့်ကြည့်လိုက်ပါတယ်။ အဲဒီအထဲမှာ ပုံရိပ်တစ်ခုက ပုန်းကွယ်ပြီး ချောင်းကြည့်နေသလိုပါပဲ

"ချင်းရှမိစ္ဆာအရှင်သခင် "

အမျိုးသမီးက ဖန့်ချန်ကို တစ်ချက် စိုက်ကြည့်လိုက်ပြီး အဲဒီပုံရိပ်နောက်ကို လိုက်သွားပါတော့တယ်။

"ဖာသည်မ"

ဟင်းလင်းပြင်ထဲကနေ ဒေါသတကြီး ဆဲဆိုသံတစ်ခု ထွက်ပေါ်လာပြီး အမြန် ထွက်ပြေးသွားပါတယ်။

သူတို့နှစ်ယောက်ဟာ တစ်ယောက်နောက်တစ်ယောက် လိုက်ရင်း မိုးကုပ်စက်ဝိုင်းအလွန်မှာ ပျောက်ကွယ်သွားကြပါတယ်။

"ပီဖူသဲ နဲ့ ရတနာတွေ ထုတ်ပေးတော့"

ဖန့်ချန်ရဲ့ အကြည့်က ယန်ဟောက်ရန်တို့ အုပ်စုဆီ ကျရောက်သွားပြီး အေးဆေးစွာ ပြောလိုက်ပါတယ်။

"ငါက သောင်းတာအိုမျှော်စင် က..."

ယန်ဟောက်ရန်က ဂိုဏ်းအမည်ကို သုံးပြီး ဖန့်ချန်ကို ဖိအားပေးဖို့ ကြိုးစားပါတယ်။

"ငါ သိပါတယ် မင်းရဲ့ ဆရာက စုန့်ကျီလီ မလားအဆင့် ၃ ကျင့်ကြံသူလေ အချိန်ရရင် ငါ သွားတွေ့လိုက်ဦးမယ်"

ဖန့်ချန်က ခပ်အေးအေးပဲ ပြောလိုက်ပါတယ်။

"..."

ယန်ဟောက်ရန် တိတ်ဆိတ်သွားပါတယ်။

တစ်ဖက်လူက သူ့ဆရာကိုတောင် မကြောက်မှတော့ အခုအချိန်မှာ ဘယ်လောက်ကြီးတဲ့ နောက်ခံကိုပဲ ထုတ်သုံးသုံး အပိုပါပဲ။

လီဝူဝမ့်ဆီမှာပဲ မျှော်လင့်ချက် ထားရပါတော့မယ်။ အချိန်ဆွဲထားနိုင်ရင် အခြေအနေ ပြောင်းလဲသွားနိုင်ပါတယ်။

ဒါကို တွေးပြီး ယန်ဟောက်ရန်က

"ငါတို့ ကျင့်ကြံဆင့်တွေ ဆုံးရှုံးနေတော့ ပီဖူသဲနဲ့ ရတနာတွေကို ထုတ်လို့မရဘူး"

ဖန့်ချန်က ယန်ဟောက်ရန်ကို ခဏကြာ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ဝိညာဉ်ခေါ်မီးအိမ် အများအပြားကို ထုတ်ယူကာ သူတို့ဘေးမှာ ချထားလိုက်ပါတယ်။

"မင်း ဒါက..."

နန်ကုန်းယွမ်ကျိန်း စိုးရိမ်တကြီး မေးလိုက်ပါတယ်။

"ငါ စိတ်ပြောင်းသွားပြီ မင်းတို့ ယင်ဘက်ကူး ကြတော့ အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိပါသေးတယ်"

ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

ယင်ဘက်ကူး

သူတို့က မသိစိတ်ကနေ နယဲ့ယွမ်ချန်ကို လှည့်ကြည့်လိုက်ကြပါတယ်။

ဒါပေမဲ့ နယဲ့ယွမ်ချန်ကတော့ မြေပြင်မှာ ထိုင်ချလိုက်ပြီး ယင်လောကသွားနည်းကို စတင် အသုံးချနေပုံရပါတယ်။

"ဖန့်ချန်... ငါတို့က ယင်လောကသွားနည်းကို မသိဘူး..."

ယန်ဟောက်ရန်က ပြောလိုက်ပါတယ်။

"မသိလည်း ကိစ္စမရှိဘူး၊ ငါ မင်းတို့ကို သင်ပေးနိုင်တယ်"

ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

"..."

ဖန့်ချန်ရဲ့ သင်ကြားမှုနဲ့အတူ၊ ယန်ဟောက်ရန်တို့ဟာ မူလကတည်းက ဂိုဏ်းချုပ်အဆင့် ပညာရှင်တွေဖြစ်ပြီး ပါရမီနဲ့ ဉာဏ်ရည်က ထိပ်တန်းတွေမို့လို့ ချက်ချင်းပဲ တတ်မြောက်သွားကြပါတယ်။

သူတို့ သင်ယူဖို့နဲ့ ဖန့်ချန် ပြောတဲ့အတိုင်း လုပ်ဖို့ ဝန်မလေးတာကတော့ ဖန့်ချန် အစောပိုင်းက ပြောခဲ့တဲ့

"အသက်ရှင်ဖို့ အခွင့်အရေးရှိတယ်"

ဆိုတဲ့ စကားကြောင့်ပါပဲ။

အသက်ရှင်နိုင်မယ်ဆိုရင် အခုအချိန်မှာ အရှက်ကွဲတာနဲ့ ဒုက္ခခံရတာတွေကို သူတို့ လက်ခံနိုင်ပါတယ်။

ဖန့်ချန်က အဝေးတစ်နေရာကို လက်ယပ်ခေါ်လိုက်တယ်

"မင်း လာခဲ့"

အိုရန်ရွှမ်ကျိက သူ့ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပေမဲ့ ဘယ်သူမှ မရှိတာကြောင့် သူ့မျက်နှာမှာ အတင်းအကျပ် ပြုံးလိုက်ပြီး

"စီနီယာဖန့်... ကျုပ်ကို ခေါ်တာလား"

ဖန့်ချန်က ဘာမှ ထပ်မပြောပါဘူး။

အိုရန်ရွှမ်ကျိက ချက်ချင်းပဲ အမြန်ပြေးလာပြီး ရိုရိုသေသေ အရိုအသေပေးကာ

"စီနီယာဖန့် ဘာများ ခိုင်းစရာ ရှိလို့လဲခင်ဗျာ"

ရွှီချင်းစုန်းတို့ အုပ်စု ဒါကို မြင်တဲ့အခါ မျက်နှာတွေ ဖြူဖျော့သွားပါတယ်။

ဖြစ်နိုင်တာက ဒီနေ့ပြီးရင်... လောကမှာ မဟာချဲ့ထွင်းဂိုဏ်း ဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။

"ဒီနားမှာ စောင့်ကြည့်ပေးထား ငါးစာ၊ ပုစွန်စာတွေ သူတို့ရဲ့ ခန္ဓာကိုယ်နား မကပ်စေနဲ့ ငါ သူတို့ကို ယင်လောက ဆီ ခေါ်သွားဦးမယ်"

ဖန့်ချန်က ယန်ဟောက်ရန်တို့ကို ညွှန်ပြပြီး ပြောပါတယ်။

အိုရန်ရွှမ်ကျိက စိတ်ထဲက ထိတ်လန့်မှုကို ဖြေဖျောက်ပြီး ချက်ချင်း ခေါင်းညိတ်လိုက်တယ်

"စီနီယာဖန့် စိတ်ချပါ ကျုပ် ဒီကိစ္စကို သေချာ ကိုင်တွယ်ပါ့မယ်၊ ဘယ်သူ့ကိုမှ ဒီနားကို အနားမကပ်စေရဘူး"

"အင်း"

ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့ ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားပါတယ်။

ယင်လောက ကျန်းကွမ်မြို့

နှစ်အနည်းငယ်အတွင်းမှာ ကျန်းကွမ်မြို့မှာ ယင်သက်တမ်းဒင်္ဂါးတွေ ထပ်တိုးလာပြီး ယင်လောကငယ် ဘက်ကပါ ပေါင်းလိုက်ရင် စုစုပေါင်း သုံးသောင်းကျော်လောက် ရှိနေပါပြီ။

ယန်ဟောက်ရန်တို့က ဒီနေရာက မြင်ကွင်းတွေကို ကြည့်ပြီးမှ... လူ့ပြည်မှာ ပေါ်လာခဲ့တဲ့ အမည်မသိ လွတ်လပ်သောမသေမျိုးတွေဟာ ယင်လောက က လာတာဆိုတာကို အတည်ပြုနိုင်ပါတော့တယ်။

"သခင်လေး... ဒါတွေက ဘယ်သူတွေလဲ"

ရှင်းရှန်း က ဖန့်ချန်ဘေးမှာ ရပ်ပြီး ယန်ဟောက်ရန်တို့ကို စူးစမ်းတဲ့ အကြည့်နဲ့ ကြည့်ရင်း မေးလိုက်ပါတယ်။

သူတို့ရဲ့ အငွေ့အသက်အရ ဒီလူတွေဟာ အောက်ဆင်းသူ တွေဖြစ်ပြီး ယင်မိစ္ဆာတွေ မဟုတ်မှန်း သိသာနေပါတယ်။

"နောင်ဆိုရင် သူတို့က ယင်စစ်သည် တွေ ဖြစ်လာမှာပါ"

ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

ယင်စစ်သည်

ရှင်းရှန်းရဲ့ မျက်ဝန်းတွေ လှုပ်ခတ်သွားပါတယ်။

ယန်ဟောက်ရန်တို့ အုပ်စုကတော့ အေးစိမ့်သွားပါတယ်။ တစ်ဖက်လူက သူတို့ကို ယင်လောကမှာပဲ ထားခဲ့တော့မှာလား

နယဲ့ယွမ်ချန် တစ်ယောက်ပဲ တစ်ခုခုကို တွေးမိပုံရပြီး အသက်ရှူသံတွေ စိပ်လာပါတယ်။

ဖန့်ချန်က ဟင်လင်းပြင်ထဲမှာ ဘွဲ့တံဆိပ် အချို့ကို ရေးဆွဲပြီး ယန်ဟောက်ရန်တို့ရဲ့ ကိုယ်ပေါ်ကို တိုက်ရိုက် ရိုက်သွင်းလိုက်ပါတယ်။

သူတို့က မသိစိတ်ကနေ ပြန်လည် ခုခံဖို့ ကြိုးစားကြပေမဲ့ နယဲ့ယွမ်ချန် တစ်ယောက်ပဲ ဘာမှမလှုပ်ဘဲ ဘွဲ့တံဆိပ်ကို ငြိမ်ငြိမ်လေး လက်ခံလိုက်ပါတယ်။

သူမရဲ့ တည်ငြိမ်မှုအောက်မှာ စိတ်လှုပ်ရှားမှု အရိပ်အယောင်လေးတောင် ရှိနေပါသေးတယ်။

"မင်းတို့ ခုခံလို့ ရပါတယ် ငါ မင်းတို့ကို ဝိညာဉ်ပါ လွင့်စင်သွားအောင် တိုက်ရိုက် လုပ်ပစ်လိုက်မယ်၊ ဒါဆိုရင် လူပြန်ဝင်စားဖို့ အခွင့်အရေးတောင် ရှိမှာ မဟုတ်တော့ဘူး"

ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

လူတိုင်း ဒါကို ကြားတဲ့အခါမှာတော့ ထပ်မခုခံတော့ဘဲ မျက်နှာတွေ သေလူလို ဖြူလျော့ကာ အဲဒီ စွမ်းအားတွေ သူတို့ကိုယ်ထဲ စီးဝင်တာကိုပဲ ငြိမ်ခံနေရပါတော့တယ်။

အခန်း (၁၁၂၂) ဆီလျော်မှုရှိတယ်

ဖန့်ချန် ရေးဆွဲလိုက်တဲ့ ဘွဲ့တံဆိပ်အချို့ဟာ အရင်ကနဲ့မတူဘဲ နေ့လှည့်ညလှည့် မျိုးနွယ်ဝင် မဟုတ်တော့ဘဲ ယင်စစ်သည် အနွယ်ဝင်တွေ ဖြစ်ပါတယ်။

ဒီအနွယ်ဝင်ရဲ့ ဘွဲ့တံဆိပ်က... အနည်းငယ် တန်ဖိုးနည်းတယ်လို့ ပြောလို့ရပါတယ်။

ဥပမာအားဖြင့် ယန်ဟောက်ရန်၊ ချွီကော၊ တုအန်းရှန်း၊ နယဲ့ယွမ်ချန်နဲ့ နန်ကုန်းယွမ်ကျိန်းတို့ဟာ အဆင့် ၁ လွတ်လပ်သောမသေမျိုးတွေ ဖြစ်ကြပါတယ်။

သူတို့ရဲ့ ကျင့်ကြံဆင့်က အနိမ့်အမြင့် ကွာခြားပေမဲ့ အားလုံးဟာ ပန်ဆန်းထက် အနည်းငယ် နိမ့်ကျပြီး မယ်တော်စီ နဲ့တော့ အဆင့်တူပါတယ်။

ပုံမှန်အတိုင်းဆိုရင် သူတို့ကို နေ့ကင်းလှည့်စစ်သည် ဒါမှမဟုတ် ညကင်းလှည့်စစ်သည်အဖြစ် ဘွဲ့နှင်းဖို့အတွက် အနည်းဆုံး ယင်သက်တမ်း လေးငါးထောင်လောက် ကုန်ကျမှာပါ။

ဒါပေမဲ့ ယင်စစ်သည် ဘွဲ့တံဆိပ်ကို ရေးဆွဲတဲ့အခါမှာတော့ ယင်သက်တမ်းဟာ ထက်ဝက်ပဲ ကုန်ကျတာကို ဖန့်ချန် တွေ့လိုက်ရပါတယ်။

တစ်ယောက်ကို ပျမ်းမျှ ယင်သက်တမ်း နှစ်ထောင်ကျော်လောက်ပဲ ကုန်ကျတာပါ။

ကောင်းကျိုးရှိရင် ဆိုးကျိုးလည်း ရှိစမြဲပါပဲ။

တုယွန်းရွှီ တို့လို ရာထူးအရှိအဆက်ရှိသူတွေဟာ ယင်လောကငယ်ထဲမှာ လွတ်လပ်စွာ သွားလာနိုင်ပြီး ယင်မြို့တော် အသီးသီးကိုလည်း ဖြတ်သန်းသွားလာခွင့် ရှိပါတယ်။

ယင်စစ်သည်တွေမှာတော့ အဲဒီလို လုပ်ပိုင်ခွင့် မရှိပါဘူး။

သူတို့က လွတ်လပ်မှု အနည်းငယ် နည်းပါးတဲ့အပြင် နောင်တစ်ချိန်မှာ ကျင့်ကြံမှု အရှိန်အဟုန်ကလည်း တခြား အနွယ်ဝင်တွေထက် နှေးကွေးပါလိမ့်မယ်။

ဒီလူတွေဟာ ယင်စစ်သည် ဘွဲ့တံဆိပ်ကို ရရှိလိုက်တာဟာ ဒီအချိန်ကစပြီး သူတို့ရဲ့ အစပြုမှတ်ဟာ ထိုက်ယင်နဂါးမင်း တို့လို လူတွေနဲ့ အဝေးကြီး ကွာခြားသွားပြီလို့ ဆိုနိုင်ပါတယ်။

ဖန့်ချန်အတွက်တော့ ဒါဟာ ဆိုးကျိုးမဟုတ်ဘဲ ကောင်းကျိုး ဖြစ်နေပါတယ်။

ဒီလူတွေက နောင်တစ်ချိန်မှာ သူ့ကို အကြီးအကျယ် ကူညီပေးနိုင်လိမ့်မယ်လို့ သူ မျှော်လင့်မထားပါဘူး။

အခုအချိန်မှာ သူ့လက်ထဲမှာ အင်အားတစ်စု ပိုတိုးလာဖို့နဲ့ တစ်ဆက်တည်းမှာပဲ ဝိညာဉ်နတ်ဘုရားဂိုဏ်းကို ပြန်ပြီး ရွဲ့ပြနိုင်ဖို့ပဲ သူ ရည်ရွယ်ထားတာပါ။

မကြာခင်မှာပဲ ရှေးဟောင်းဆန်တဲ့ ဘွဲ့တံဆိပ်စာသားတွေဟာ သူတို့ကိုယ်ပေါ်မှာ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားပါတယ်။

လူတိုင်းရဲ့ မျက်နှာထားဟာ ထူးဆန်းနေပြီး ကိုယ်တွင်းက အပြောင်းအလဲတွေကို တိတ်တဆိတ် စမ်းသပ်ကြည့်တဲ့အခါမှာတော့ အရင်ကနဲ့ ဘာမှ မထူးခြားတာကို တွေ့လိုက်ရပါတယ်။

သူတို့လည်း မိုက်မဲတဲ့သူတွေ မဟုတ်ပါဘူး။

ရှေ့ကလူက ဒါတွေအကုန်လုံး လုပ်နေတာဟာ သူတို့ကို ခြောက်လှန့်ဖို့သက်သက်ပဲ ဖြစ်မှာ မဟုတ်ဘူးဆိုတာ သိကြပါတယ်။

ခုနက ရှေးဟောင်းစာသားတွေထဲမှာ တစ်ခုခု ထူးခြားတဲ့ အဓိပ္ပာယ် ပါဝင်နေမှာ သေချာပါတယ်။

"ဝိညာဉ်နတ်ဘုရားလမ်းစဉ်... တကယ်ပဲ ဝိညာဉ်နတ်ဘုရားလမ်းစဉ်ပဲ..."

နယဲ့ယွမ်ချန်က ရုတ်တရက် စိတ်လှုပ်ရှားစွာနဲ့ တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။

ဝိညာဉ်နတ်ဘုရားလမ်းစဉ်

လူတိုင်း အံ့အားသင့်သွားပြီး နယဲ့ယွမ်ချန်ကို လှည့်ကြည့်လိုက်ကြပါတယ်။

သူမက ယင်စိန့်ဂိုဏ်းရဲ့ ပါရမီရှင်ဖြစ်ပြီး အငယ်ဆုံး လွတ်လပ်သောမသေမျိုးလည်း ဖြစ်ပါတယ်။

သူမရဲ့ ယင်လောကအကြောင်း သိနားလည်မှုက သူတို့ထက် အများကြီး သာလွန်မှာ သေချာပါတယ်။

သူမပြောတဲ့ ဝိညာဉ်နတ်ဘုရားလမ်းစဉ်က ဘာကို ဆိုလိုတာလဲ

ပတ်ဝန်းကျင်က ယင်စွမ်းအား တွေဟာ ရုတ်တရက် လှုပ်ခတ်လာပြီး နယဲ့ယွမ်ချန်ရဲ့ ကိုယ်ထဲကို အဆက်မပြတ် စီးဝင်သွားပါတော့တယ်။

သူမက ဖန့်ချန်ကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်လိုက်ပြီး

"ဒါက ဝိညာဉ်နတ်ဘုရားလမ်းစဉ်ပဲ၊ ငါ ယင်လောကထဲမှာ ကျင့်ကြံလို့ ရနေပြီ "

အောက်ဆင်းသူတွေဟာ ယင်လောကထဲမှာ ကျင့်ကြံလို့ မရပါဘူး။

ယင်သက်တမ်းကို ရယူပြီး လူ့ပြည်ကို ပြန်သွားတဲ့ ခဏမှာမှ ယင်သက်တမ်းဒင်္ဂါးထဲက စွမ်းအားတွေကို စုပ်ယူပြီး လူ့ပြည်က ကျင့်ကြံဆင့်ကို မြှင့်တင်ရတာပါ။

ဒါဟာ သူမ နှစ်ပေါင်းများစွာ ယင်လောကအကြောင်း လေ့လာခဲ့သမျှ သိထားတာဖြစ်ပြီး အောက်ဆင်းသူ အားလုံး လျှောက်လှမ်းရတဲ့ လုပ်ငန်းစဉ်လည်း ဖြစ်ပါတယ်။

တကယ့် ဝိညာဉ်တွေနဲ့ ယင်လောကထဲက ယင်မိစ္ဆာတွေသာလျှင် ယင်လောကရဲ့ အသိအမှတ်ပြုမှုကို ခံရပြီး ဒီနေရာက ကြီးမားလှတဲ့ ကံတရားစွမ်းအား တွေကို စုပ်ယူနိုင်တာပါ။

ကံနဲ့အကျိုး ဆိုတာ ယင်သက်တမ်းပါပဲ အဲဒါက ဝိညာဉ်ရဲ့ စွမ်းအားကို အကန့်အသတ်မရှိ မြှင့်တင်ပေးနိုင်ပြီး ကျင့်ကြံဆင့်ကို တိုးတက်စေနိုင်ပါတယ်။

"ယင်လောကထဲမှာ ကျင့်ကြံလို့ ရတယ် ဟုတ်လား"

ယန်ဟောက်ရန်နဲ့ နန်ကုန်းယွမ်ကျိန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ချက်ချင်းပဲ စမ်းသပ်ကြည့်တဲ့အခါမှာတော့ သူတို့ တကယ်ပဲ ယင်လောကထဲမှာ ကျင့်ကြံလို့ ရနေတာကို တွေ့လိုက်ရပါတယ်။

"ဒါက..."

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး မှင်တက်သွားကြပါတယ်။

ခုနက ဖြစ်ပျက်သွားတာတွေ အားလုံးက အပြစ်ပေးတာလား ဒါမှမဟုတ်... ဆုလာဘ်လားဆိုတာ သူတို့ ဝေခွဲမရ ဖြစ်သွားကြပါတယ်။

လွတ်လပ်သောမသေမျိုးတွေ ဖြစ်တာကြောင့် ယင်လောကထဲမှာ ကျင့်ကြံနိုင်ခြင်းရဲ့ ကောင်းကျိုးတွေကို သူတို့ ချက်ချင်းပဲ တွေးမိလိုက်ကြပါတယ်။

ဒါဟာ ဝိညာဉ် အတွက် အတိုင်းအဆမရှိတဲ့ အကျိုးကျေးဇူးတွေ ရှိမှာပါ။

ဝိညာဉ်ဆိုတာ မူလကတည်းက ယင်အနွယ်ဝင် မဟုတ်လား

"မင်းက အရမ်းပျော်နေပုံပဲ"

ဖန့်ချန်က နယဲ့ယွမ်ချန်ကို ကြည့်ပြီး မျက်မှောင်လေး အနည်းငယ် ကြုတ်လိုက်ပါတယ်။

နယဲ့ယွမ်ချန်က စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တယ်

"နှစ်ပေါင်းများစွာတိုင်အောင် ယင်စိန့်ဂိုဏ်းဟာ ယင်လောကထဲမှာ ကျင့်ကြံနိုင်မယ့် နည်းလမ်းကို ရှာဖွေခဲ့ကြတာပါ ပါရမီထူးချွန်တဲ့ ရှေ့ဆောင်မျိုးဆက်ပေါင်းများစွာဟာ သူတို့ရဲ့ သက်တမ်းကုန်ဆုံးပြီး သေဆုံးသွားတဲ့အထိ မအောင်မြင်ခဲ့ကြဘူး"

"တကယ်လို့ ယင်လောကထဲမှာ ကျင့်ကြံလို့ ရပြီဆိုရင် ဒါဟာ တကယ့် ထာဝရအသက် ကို ရရှိတာပဲ ဒါက ငါတို့ ယင်စိန့်ဂိုဏ်းက ရှာဖွေနေတဲ့ ထာဝရအသက်လမ်းစဉ်ပဲ "

"..."

ယန်ဟောက်ရန်တို့ စိတ်ထဲမှာ အေးစိမ့်သွားပါတယ်။ တကယ့် ထာဝရအသက်

တကယ်လို့ နယဲ့ယွမ်ချန် ပြောတာ မမှားဘူးဆိုရင် သူတို့ဟာ ယင်စိန့်ဂိုဏ်းက ရှေ့ဆောင်ပညာရှင် အဆက်ဆက် မအောင်မြင်ခဲ့တဲ့ ဆန္ဒကို ဖြည့်ဆည်းနိုင်ခဲ့ကြတာပေါ့။

ယင်စိန့်ဂိုဏ်းဟာ ချောင်ဖုန်းနယ်မြေရဲ့ ထိပ်သီးဂိုဏ်းကြီး သုံးခုထဲက တစ်ခုပါ။

သူတို့ရဲ့ ဆန္ဒဆိုတာ ဘယ်လိုမှ ရိုးရှင်းမှာ မဟုတ်ပါဘူး။

သူတို့တောင်မှ ယင်လောကထဲမှာ ကျင့်ကြံနိုင်မယ့် နည်းလမ်းကို တောင့်တနေကြတယ်ဆိုရင် ဒါဟာ ကောင်းတဲ့ကိစ္စ၊ အရမ်းကို ကောင်းတဲ့ကိစ္စကြီး ဖြစ်မှာ သေချာပါတယ်။

"ဒါဆို မင်းတို့ ကံကောင်းတာပဲ၊ သခင်လေးနဲ့ တွေ့ခဲ့ရတာကိုး လောကမှာ သခင်လေးကလွဲလို့ ဒီလို နည်းစနစ်မျိုးကို သင်ပေးနိုင်တဲ့သူ ဘယ်သူမှ မရှိဘူး"

ရှင်းရှန်းက အေးစက်စွာ ရယ်မောလိုက်ပါတယ်

"ယင်စိန့်ဂိုဏ်း ဒီဂိုဏ်းကို တည်ထောင်ခဲ့သူကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ယင်လောကကနေ ထွက်သွားခဲ့သူ ဖြစ်နိုင်တာပဲ"

"နေဦး..."

ယန်ဟောက်ရန်က ရုတ်တရက် လက်တစ်ဖက် မြှောက်လိုက်ပါတယ်။

သူ့မျက်နှာက လေးနက်နေပြီး မျက်မှောင်ကြုတ်ကာ စဉ်းစားနေပါတယ်

"ငါ့ကို နည်းနည်းလောက် ပြန်စဉ်းစားခွင့်ပေးဦး"

လူတိုင်း ယန်ဟောက်ရန်ကို ကြည့်လိုက်ကြပါတယ်။

"ငါက ဝိညာဉ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူ၊ ပြီးတော့ ဒီတစ်ခေါက် ငါ ကျုံးကျိုး ကို လာတာက ဆရာ့အတွက် မြေဝက်ဝံဂြိုဟ် က ထူးခြားသူ ကို ထွက်လာအောင် မျှားထုတ်ဖို့ပဲ"

ယန်ဟောက်ရန်က ဖန့်ချန်ကို ကြည့်လိုက်တယ်

"ဒီအတောအတွင်းမှာ မင်းနဲ့ ရန်သူဖြစ်ခဲ့ရသလို၊ တစ်ဖက်မှာလည်း မင်းကို သုံးပြီး ထူးခြားသူ ပေါ်လာအောင် ငါတို့ ရည်ရွယ်ခဲ့ကြတယ်"

လူတိုင်း ခေါင်းညိတ်လိုက်ကြပါတယ်။

တကယ်လည်း အဲဒီလိုပါပဲ။

ယန်ဟောက်ရန်က စကားလမ်းကြောင်း ပြောင်းလိုက်တယ်

"ဒါပေမဲ့ မင်းက ငါတို့ကို သတ်မပစ်တဲ့အပြင်... ငါတို့ကို တကယ့် ထာဝရအသက်လမ်းစဉ်ကြီးကိုတောင် ပေးသနားလိုက်သေးတယ် ဒါက ဘာကြောင့်လဲ "

ဟုတ်သားပဲ၊ ဘာကြောင့်လဲ

နန်ကုန်းယွမ်ကျိန်းတောင်မှ နည်းနည်းတော့ ထူးဆန်းသလို ခံစားလိုက်ရပါတယ်။ သူတို့နဲ့ ဖန့်ချန်ကြားမှာ ဘာပတ်သက်မှုများ ရှိခဲ့လို့လဲ

ဒါပေမဲ့ သူတို့ လုံးဝ မမှတ်မိပါဘူး။

ယင်ဝိညာဥ် မဖြစ်ခင်လေးတင်တောင်မှ ဖန့်ချန်က သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းကျုံးယူပြီး သတ်ပစ်ဖို့ ပြင်နေတာ မဟုတ်လား။

ဒါပေမဲ့ ရုတ်တရက်ကြီး စိတ်ပြောင်းသွားတာပဲ။

ဖန့်ချန်ဟာ ယန်ဟောက်ရန်ရဲ့ စကားဝိုင်းထဲမှာ မူးနောက်သွားမလို ဖြစ်သွားပါတယ်။

သူ ခဏလောက် တိတ်ဆိတ်နေပြီးမှ အေးဆေးစွာ ပြောလိုက်တယ်

"မင်းတို့ အခုက ယင်စစ်သည် တွေပဲ မင်းတို့ရဲ့ အသက်က ငါ့ရဲ့ စိတ်ကူးတစ်ချက်ပေါ်မှာပဲ ရှိတယ် နယဲ့ယွမ်ချန် ပြောတာတော့ မှန်ပါတယ် ယင်လောကထဲမှာ ကျင့်ကြံနိုင်သရွေ့တော့ ကုန်ခမ်းမှာမဟုတ်တဲ့ ယင်သက်တမ်းတွေ ရှိနေမှာပဲ"

"ဒါပေမဲ့ ဒါက မင်းတို့ တကယ် ထာဝရအသက် ရသွားပြီလို့ မဆိုလိုဘူး ငါ မင်းတို့ကို ဒီအဆင့်အတန်း ပေးလိုက်တာက သဘာဝကျကျပဲ မင်းတို့ဆီက လုပ်အားနဲ့ အင်အားကို လိုချင်လို့ပဲ"

"ဆီလျော်တယ် "

ယန်ဟောက်ရန်က ရုတ်တရက် လက်ခုပ်တစ်ချက် တီးလိုက်တယ်

"အရမ်း ဆီလျော်တယ် အရင်က ဆရာက ငါ့ကို တပည့်အဖြစ် လက်ခံပြီး ကျင့်ကြံခြင်းနည်းလမ်းတွေ ပေးခဲ့လို့ ငါ သူ့အတွက် အလုပ်လုပ်ပေးတာ ဆီလျော်မှု ရှိတယ်"

"အခု မင်းက ငါတို့ကို ထာဝရအသက်လမ်းစဉ် ပေးခဲ့တယ်ဆိုရင်၊ မင်းအတွက် အလုပ်လုပ်ပေးရမယ် ဆိုတာကလည်း အရမ်းကို ဆီလျော်ပါတယ် "

"မင်းက အသိတရား ဒီလောက် မြင့်မားတာလား"

ဖန့်ချန်က ယန်ဟောက်ရန်ကို အပေါ်အောက် အကဲခတ်လိုက်ပါတယ်။

"ဒါက အသိတရား မဟုတ်ပါဘူး မင်း အခု ငါ့ကို ပေးထားတဲ့ ကောင်းကျိုးတွေက စုန့်ကျီလီ ပေးထားတာထက် ပိုများနေလို့ပဲ"

ယန်ဟောက်ရန်က ဖန့်ချန်ကို လေးနက်စွာ ကြည့်လိုက်တယ်

"စုန့်ကျီလီနောက် လိုက်ရင်၊ ဝိညာဉ်နတ်ဘုရားဂိုဏ်းနောက် လိုက်ရင် ငါ့ရဲ့ အနာဂတ်က အဆင့် ၃ လွတ်လပ်သောမသေမျိုးမှာတင် ရပ်တန့်သွားမှာပဲ"

"ဒါပေမဲ့ အခု ငါရလိုက်တာက ယင်စိန့်ဂိုဏ်းတောင် တောင့်တနေရတဲ့ ထာဝရအသက်လမ်းစဉ်စစ်စစ်ပဲ ငါသာ တိုက်ပွဲထဲမှာ သေမသွားဘူးဆိုရင် ငါ့ရဲ့ အနာဂတ်မှာ ဖြစ်နိုင်ခြေတွေ အကန့်အသတ်မရှိ ရှိနေပြီ"

"ဒီလိုပဲ ပြောရမှာပေါ့"

ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပါတယ်။

"ငါတို့ နောင်ဆိုရင် ယင်လောကထဲမှာပဲ ကျင့်ကြံရတော့မှာလား လူ့ပြည်ကို ပြန်သွားလို့ မရတော့ဘူးလား "

ချွီကောက ရုတ်တရက် မေးလိုက်ပါတယ်။

"မင်းတို့ အခုက ယင်လောကဆင်းလာတာပဲလေ သဘာဝကျကျပဲ လူ့ပြည်ပြန်သွားလို့ ရတာပေါ့"

ဖန့်ချန်က ဆိုပါတယ်။

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်လုံးထဲက စိတ်လှုပ်ရှားမှုတွေကို ဖုံးကွယ်လို့ မရတော့ပါဘူး။

ဘာမှမလုပ်ရဘဲ ထူးခြားတဲ့ နည်းလမ်းတစ်ခုကို ရလိုက်တာဟာ မမျှော်လင့်ဘဲ ကံကောင်းမှုကြီး တစ်ခုနဲ့ တွေ့လိုက်ရသလိုပါပဲ။

"ကြည့်ရတာ မင်းတို့မှာ ရပ်တည်ချက် တစ်ခုပဲ ရှိတယ်၊ အဲဒါက ပိုပြီး အစွမ်းထက်လာဖို့ပဲ မဟုတ်လား "

ဖန့်ချန်က တစ်ခုခုကို တွေးမိသလို ပြောလိုက်ပါတယ်။

ဝိညာဉ်နတ်ဘုရားဂိုဏ်းက သွေးဝိညာဉ်ဆေးလုံး ကို သုံးပြီး လူတွေကို သူတို့အတွက် အလုပ်လုပ်အောင် သိမ်းသွင်းနိုင်သလို၊

သူလည်း ထာဝရအသက်လမ်းစဉ်ကို သုံးပြီး ကျင့်ကြံသူ အသီးသီးကို ဆွဲဆောင်နိုင်တာပဲ။

ဘယ်သူက စွမ်းဆောင်ရည် ပိုကောင်းပြီး လူပိုဆွဲနိုင်မလဲဆိုတာ ကြည့်ရတော့မှာပါ။

ဒါပေမဲ့ ဒီနေ့မှာတော့ နယဲ့ယွမ်ချန်က ကြားခံလူအဖြစ် ပါဝင်ပေးခဲ့လို့သာ ယန်ဟောက်ရန်တို့ဟာ အချိန်တိုအတွင်းမှာ အခြေအနေကို နားလည်သွားကြတာပါ။

တခြား ကျင့်ကြံသူတွေကတော့ ယင်စစ်သည် ဖြစ်လာပြီး ဝိညာဉ်နတ်ဘုရားလမ်းစဉ်ကို ကျင့်ကြံတာက တကယ့် မသေမျိုးလမ်းစဉ်ထက် ပိုကောင်းမယ်ဆိုတာကို ယုံချင်မှ ယုံကြပါလိမ့်မယ်။

"ဝါဒဖြန့်ဖို့ လိုအပ်တယ်"

ဖန့်ချန်က တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။

All Chapters