အခန်း ၂၉၆၈
Vol. 297 Ch. 2968
အခန်း (၂၉၆၈) - မင်း ခေါ်သွားကြည့်မလား
ဖန့်ချန်၏ ခန္ဓာကိုယ်မှ မြင့်မြတ်ခြင်း နိမိတ်များမှာ ဒီရေကျသွားသကဲ့သို့ ပျောက်ကွယ်သွားရာ တွမ်းမူပင် အံ့အားသင့်စွာဖြင့် အသံထွက်လိုက်မိသည်။
ဖန့်ပင်းအန်းမှာမူ ကြောင်သွားပြီး -
"တွမ်းမူဦးလေး၊ ဒါ ဘာဖြစ်တာလဲ အဖေက မြင့်မြတ်ခြင်း အဆင့်ကို တက်တော့မှာ မဟုတ်ဘူးလား"
"ဖြစ်နိုင်တာက... သူ့ရဲ့ အခြေခံအင်အားတွေ ထိခိုက်နေလို့ မြင့်မြတ်ခြင်း အဆင့် တက်တာ မအောင်မြင်တာ ဖြစ်မယ်။"
တွမ်းမူက စဉ်းစားဟန်ဖြင့် -
"ကမ္ဘာကြီး သူတော်စင်ပထမအဆင့် မြင့်မြတ်ခြင်းအဆင့်ကို တက်ဖို့ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး။
အရင်ဆုံး အခြေခံအင်အားတွေ တောင့်တင်းခိုင်မာမှသာ အတွင်းကမ္ဘာနယ်မြေ ကို လက်တွေ့လောကထဲ ပုံဖော်နိုင်ပြီး မြင့်မြတ်ခြင်းကို ရရှိမှာ။
ဒီဖြစ်စဉ်က ကမ္ဘာကြီး သူတော်စင်အဆင့်မှာ ရှိတဲ့ သူတော်စင်တွေအဖို့ နှစ်ပေါင်းများစွာ ပွတ်တိုက် လေ့ကျင့်မှ ရနိုင်တာမျိုးပါ။
ဒီအဆင့်ကို ရောက်မှသာ 'လူငယ်' ဆိုတဲ့ တံဆိပ်ကို စွန့်လွှတ်ပြီး အရွယ်ရောက်ပြီလို့ သတ်မှတ်နိုင်တာ။"
ဤသို့ ပြောပြီးနောက် တွမ်းမူသည် ဖန့်ချန်ကို စိုက်ကြည့်ရင်း သူ၏ အငွေ့အသက်ကို ခံစားကာ ခေါင်းညိတ်၍ အတည်ပြုလိုက်သည်။
"မြင့်မြတ်ခြင်း အဆင့် တက်တာ မအောင်မြင်တာ အမှန်ပဲ၊ ဒါက သာမန်ပါပဲ။ စိတ်ပူစရာ မလိုပါဘူး။ သူ အခြေခံအင်အားတွေကို အချိန်အတော်ကြာ စုဆောင်းပြီးမှ ထပ်ပြီး ကြိုးစားကြည့်လိုက်ရင် ရသွားမှာပါ။"
"တွမ်းမူဦးလေး၊ မြင့်မြတ်ခြင်း အဆင့် တက်တာက ရှုံးနိမ့်နိုင်တာလား"
ဖန့်ပင်းအန်းမှာ အံ့အားသင့်သွားပြီး -
"ကျွန်တော်တုန်းက မြင့်မြတ်ခြင်း အဆင့်ကို တက်တော့ ရေသောက်သလိုပဲ လွယ်လွယ်လေး ရလိုက်တာ။"
"မင်းက ငါ ပြုစုထားတဲ့သူ၊ သူက မဟုတ်ဘူး။"
တွမ်းမူက ဖန့်ပင်းအန်း၏ ပခုံးကို အသာပုတ်လိုက်သည်။
"ပြီးတော့ မင်းရဲ့ အခြေခံအင်အား၊ မင်းရဲ့ အရည်အချင်းက သာမန်လူတွေ မမီနိုင်တဲ့ အတိုင်းအဆမျိုး။
မြင့်မြတ်ခြင်း ဆိုတာ မင်းအတွက် ရေသောက်သလို လွယ်ကူနိုင်ပေမဲ့ သာမန်သူတော်စင်တွေအတွက်တော့ လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး။
ကောင်းကင်နဲ့ မြေကြီးဟာ ကျယ်ဝန်းလွန်းလို့ သူတော်စင် ကိုးဆယ့်ကိုးရာခိုင်နှုန်းဟာ မြင့်မြတ်ခြင်း အဆင့်ဆိုတဲ့ အတားအဆီးမှာပဲ တစ်သက်လုံး ပိတ်မိနေပြီး နောက်ဆုံးမှာတော့ ကောင်းမွန်တဲ့ ဘဝတစ်ခုကို ပြန်ဝင်စားဖို့ပဲ ရွေးချယ်နိုင်ကြတော့တယ်။"
ဖန့်ပင်းအန်းမှာ နားလည်သလိုလိုဖြင့် ခေါင်းညိတ်ပြီး လက်သီးကို တင်းတင်းဆုပ်ကာ -
"အဖေ့ရဲ့ အရည်အချင်းကလည်း မညံ့ပါဘူး၊ ဒီတစ်ခါ ရှုံးနိမ့်တာက ခုနက အခြေခံအင်အားတွေ ထိခိုက်သွားလို့ပဲ ဖြစ်မယ်။ ဒါကြောင့် အခြေခံအင်အားတွေကို ပြန်ဖြည့်တင်းလိုက်ရင် အောင်အောင်မြင်မြင်နဲ့ မြင့်မြတ်ခြင်း အဆင့်ကို တက်နိုင်မှာပါ။
တွမ်းမူဦးလေး၊ အဖေ့ကို ကျွေးလို့ရမယ့် အခြေခံအင်အား ပြန်ဖြည့်ပေးနိုင်တဲ့ ကောင်းတဲ့အရာမျိုး ရှိသေးလား။
ဒါနဲ့ ဦးလေး နောက်ဖေးမှာ စိုက်ထားတဲ့ ဗောဓိပင် မရှိဘူးလား အဲဒီအပင်မှာ အသီး သီးမသီး ကြည့်ဦးမယ်၊ အဲဒါက တကယ် ကောင်းတဲ့အရာ ဖြစ်မှာပဲ"
ဖန့်ပင်းအန်းမှာ ထွက်ပြေးရန် ပြင်ဆင်နေစဉ် တွမ်းမူက သူ၏ ကော်လာကို ဆွဲယူလိုက်ပြီး မျက်နှာကို မှိုင်းညို့စွာဖြင့် -
"အဲဒါ ငါ့ရဲ့ ဗောဓိပင်၊ ငါ နောက်မှ ကိုယ်တိုင်စားဖို့ စိုက်ထားတာ။"
"တွမ်းမူဦးလေး၊ အဖေ့ ကို တစ်လုံးလောက် ကျွေးလိုက်ပါ"
ဖန့်ပင်းအန်းမှာ လက်အုပ်ချီ၍ တောင်းပန်နေသည်။
"မကျွေးဘူး။"
တွမ်းမူက အေးစက်စွာ အော်ဟစ်လိုက်ပြီး ဖန့်ပင်းအန်းကို ပစ်ချကာ လှည့်ထွက်သွားသည်။
"သူ နိုးလာရင် ငါ့ဆီ ခေါ်လာခဲ့။"
ခဏကြာတော့ အသံတစ်ခု ထပ်ရောက်လာပြန်သည်။
"ဗောဓိပင်ကို စိတ်မကူးနဲ့။"
ခန်းမထဲကနေ ခိုးထွက်ရန် ပြင်နေသော ဖန့်ပင်းအန်းမှာ ကြောက်လန့်တကြား ရပ်သွားရသည်။
......
......
"အံ့ဩစရာပဲ၊ ငါ့ရဲ့ အငွေ့အသက်တွေက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ဆက်ပြီး မတိုးတက်တော့ဘူး"
ဖန့်ချန်မှာ အံ့အားသင့်နေသည်။
အတွင်းပိုင်းမြေပြင်ထဲမှ အငွေ့အသက်များမှာ အပြင်သို့ မယိုစိမ့်တော့ဘဲ ယခုအဆင့် တက်လှမ်းမှုမှာ အကြောင်းရင်းမရှိဘဲ ရပ်တန့်သွားသည်။
မှန်လေးမှာ ဘာဖြစ်သွားမှန်း သိသော်လည်း ထုတ်မပြောဘဲ တိတ်ဆိတ်စွာပင် နေလိုက်သည်။
"ငါ ခုနက စွမ်းအင်တံဆိပ် ရှစ်ခုနဲ့ တိုက်ခိုက်ထားရတော့ အခြေခံအင်အားတွေ နည်းနည်း လျော့နည်းသွားလို့ အဆင့်တက်တာ မအောင်မြင်တာ ဖြစ်မယ်။ ဒီလို ဖြစ်တာလည်း ကောင်းပါတယ်၊ ငါ့ကိစ္စတွေကို အနှောင့်အယှက် မဖြစ်တော့ဘူး။"
ထိုသို့ တွေးမိလိုက်သောအခါ ဖန့်ချန်မှာ သက်ပြင်းတစ်ချက် ချလိုက်သည်။
ရှောင်ချင်းယောင်းမှာလည်း ထူးဆန်းသည်ဟု ခံစားရသော်လည်း ထိုမောင်လေးဆီမှာ ထူးဆန်းသော ကိစ္စများ မကြာခဏ ဖြစ်ပျက်နေကျမို့ သာမန်ကိစ္စဟု သဘောထားကာ ထပ်မစဉ်းစားတော့ပေ။
မကြာမီတွင် ဖန့်ချန် မျက်လုံးပွင့်လာပြီး ဓားငယ်လေးလည်း အတွင်းပိုင်းမြေပြင်ထဲကနေ ထွက်လာသည်။
ဖန့်ပင်းအန်းက အလျင်အမြန်ပင် -
"အဖေ၊ ခုနက တွမ်းမူဦးလေး လာသွားတယ်။ အဖေက အခြေခံအင်အား လျော့နည်းနေလို့ မြင့်မြတ်ခြင်း အဆင့် မအောင်မြင်တာတဲ့။
အခြေခံအင်အားတွေကို ကောင်းကောင်း ပြန်ဖြည့်တင်းလိုက်ရင် အောင်အောင်မြင်မြင်နဲ့ မြင့်မြတ်ခြင်း အဆင့်ကို တက်နိုင်မှာပါတဲ့။"
"ငါ သိပြီ။" ဖန့်ချန်က ဖန့်ပင်းအန်း၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
ဓားငယ်လေးကလည်း -
"ပင်းအန်း၊ မင်း ဒီတစ်ခါ အကျိုးပြုသွားတာပဲ၊ ဘာဆုလိုချင်လဲ "
"ဆု ရှိတာလား"
ဖန့်ပင်းအန်းမှာ အနည်းငယ် ပျော်ရွှင်သွားသည်။
"ဒါဆိုရင် အဖေနဲ့အတူ လူ့လောက ကို အလည်သွားလို့ ရမလား။"
ဓားငယ်လေးက ဖန့်ချန်ကို ကြည့်လိုက်သည်။
"ဖန့်ချန် ဒီမှာက ပတ်ဝန်းကျင် အရမ်းဆိုးရွားနေတာ၊ ပင်းအန်းကို ဒီမှာပဲ ထားရတာ သူ့အတွက် ခက်ခဲလိမ့်မယ်။ ငါတို့နဲ့အတူ လူ့လောကကို အလည်ခေါ်သွားကြရအောင်။"
"ကောင်းပြီ၊ ငါ မင်းရဲ့ တွမ်းမူဦးလေးကို သွားတွေ့ပြီး ဒီအကြောင်း ပြောကြည့်လိုက်မယ်။
သူသာ ခွင့်ပြုရင် ငါ မင်းကို လူ့လောကကို ခေါ်သွားပေးမယ်။"
ဖန့်ချန် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
ဖန့်ပင်းအန်းမှာ ပျော်ရွှင်စိတ်လှုပ်ရှားနေပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။
"ဒါနဲ့ တွမ်းမူဦးလေးက အဖေ့ကို တွေ့ချင်တယ်လို့ ပြောသွားတယ်ခင်ဗျ။"
"ငါ့ကို လမ်းပြပေးဦး။" ဖန့်ချန် ပြောလိုက်သည်။
ဒီတစ်ခါ တွမ်းမူ ပေါ်လာပြီး သူ့ကို ဒီနေရာကို ခေါ်လာတာဟာ တွမ်းမူက ဆရာဖြစ်သူကို ဒေါသထွက်နေပေမဲ့ ကူညီပေးဖို့ ဆန္ဒရှိနေသေးတာကို ပြသနေသည်။
သူ့ညီလေးတစ်ယောက် အန္တရာယ်ဖြစ်နေချိန်မှာလည်း လက်ပိုက်ကြည့်မနေခဲ့သည့်အတွက် သူ ကိုယ်တိုင် ကျေးဇူးတင်စကား ပြောသင့်သည်။
"အဖေ၊ ကျွန်တော့်နောက် လိုက်ခဲ့ပါ။"
မကြာမီ -
"အဖေ တွမ်းမူဦးလေးက အထဲမှာ ရှိတယ်။"
ဖန့်ပင်းအန်းက ဖန့်ချန်နှင့် ဓားငယ်လေးကို ခန်းမတစ်ခုထဲ ခေါ်သွားရာ လက်ရှည်ခြေရှည်နှင့် တွမ်းမူသည် ခန်းမအလယ်မှာ ရပ်နေပြီး သူတို့ကို အမူအရာမဲ့စွာ ကြည့်နေသည်ကို တွေ့ရသည်။
"ပင်းအန်း၊ မင်းနဲ့ ဒီမိန်းကလေး အရင် အပြင်ထွက်နေကြ။"
တွမ်းမူက အေးဆေး ပြောသည်။
"ဓားငယ်လေး၊ မင်း ပင်းအန်းကို ခေါ်ပြီး အပြင်မှာ သွားဆော့ပေးဦး။"
ဖန့်ချန်ကလည်း ပြောသည်။
ဓားငယ်လေးက မြင်သည့်အတိုင်း ဖန့်ပင်းအန်းကို ခေါ်ပြီး လှည့်ထွက်သွားသည်။ ခန်းမထဲတွင် ဖန့်ချန်နှင့် တွမ်းမူသာ ကျန်ခဲ့သည်။
"မင်း ဆရာ့ကို တွေ့ခဲ့တာပဲ၊ မင်းဆီမှာ ဆရာ့ရဲ့ အနံ့ကို ငါ ရနေတယ်။"
တွမ်းမူက အေးဆေး ပြောသည်။
"တွမ်းမူ အစ်ကိုကြီး၊ ဆရာတို့က အစ်ကို့ကို လွမ်းနေကြပါတယ်။"
ဖန့်ချန်က ပြုံး၍ လက်အုပ်ချီလိုက်သည်။
တွမ်းမူက ဟမ်ခနဲ တစ်ချက်အော်ကာ စကားကို ဆက်မပြောတော့ဘဲ -
"မင်းရဲ့ ပြဿနာတွေ ရှင်းသွားပြီလား"
"အင်း၊ ရှင်းသွားပါပြီ။"
"ဒါဆိုရင် မြန်မြန် ထွက်သွားတော့၊ ဒီနေရာက မင်းနေရမယ့် နေရာ မဟုတ်ဘူး။"
တွမ်းမူက လက်ခါပြသည်။
ဖန့်ချန်က ခါးသက်သက်ဖြင့် -
"တွမ်းမူ အစ်ကိုကြီး၊ ဒီတစ်ခါ ကူညီပေးလို့ ကျေးဇူးတင်ပါတယ်၊ မဟုတ်ရင် ကျွန်တော် အတော် ဒုက္ခရောက်မှာ။"
"ငါ ပင်းအန်းရဲ့ မျက်နှာကို ထောက်ပြီး ကူညီပေးတာ၊ ကျေးဇူးတင်စရာ ရှိရင် သူ့ကိုပဲ တင်လိုက်။"
တွမ်းမူက ပြောသည်။
"အမ်... ဒါဆိုရင် ဒီတစ်ခါ ပင်းအန်းကို လူ့လောကကို ခေါ်သွားခွင့် ရမလား"
ဖန့်ချန်က စဉ်းစားဟန်ဖြင့် မေးသည်။
"မင်း ခေါ်သွားကြည့်မလား"
တွမ်းမူက ခေါင်းညိတ်ခြင်းလည်း မရှိ၊ ခေါင်းခါခြင်းလည်း မရှိ၊ လေသံမှာ အေးစက်နေမြဲဖြစ်သည်။ မည်သည့် အကြောင်းပြချက်ကိုမှလည်း မပေးပေ။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး၊ ဒါဆိုရင် ပင်းအန်းကို လူ့လောကကို ခေါ်သွားတော့မယ်။ တခြား ကိစ္စမရှိရင် ညီလေး ပြန်တော့မယ်။"
ဖန့်ချန်မှာ ချက်ချင်း လက်အုပ်ချီပြီး လှည့်ထွက်သွားသည်။
တွမ်းမူမှာ မျက်မှောင်ကြုတ်ကာ - "မင်း ပြန်လာခဲ့။"
ဖန့်ချန်မှာ ရပ်တန့်သွားပြီး တွမ်းမူကို ကြည့်လိုက်သည်။
"သူ့ရဲ့ အခြေအနေအရ လူ့လောကကို သွားရင် မလုံခြုံဘူး၊ ဒါပေမဲ့ သူ သွားချင်နေမှတော့ ခဏလောက် အသက်ရှူချောင်အောင် သွားခွင့်ပြုလိုက်မယ်။
ဒါပေမဲ့ မင်းရဲ့ စွမ်းရည်နဲ့ဆိုရင် သူ့ကို လူ့လောကကို ခေါ်သွားဖို့ မလုံလောက်သေးဘူး၊ အဲဒီကို မရောက်ခင်မှာပဲ မင်းရဲ့ အတွင်းကမ္ဘာနယ်မြေက ပေါက်ကွဲသွားလိမ့်မယ်။"
တွမ်းမူက အေးစက်စွာ -
"သူ့ကို အတွင်းကမ္ဘာနယ်မြေ ထဲ ထည့်ထားလိုက်ရင် ဟင်းလင်းပြင်ရဲ့ ဖိအားတွေက သူ့ကို ရှာမတွေ့တော့ဘူးလို့ မထင်နဲ့။"
"အစ်ကို့မှာ နည်းလမ်း ရှိတာလား"
ဖန့်ချန်မှာ ပျော်ရွှင်စွာဖြင့် မေးလိုက်သည်။
တစ်ဖက်လူ၏ သဘောထား ပြောင်းလဲသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
တွမ်းမူက ဘာမှ မပြောဘဲ လက်စကို အသာယမ်းလိုက်ရာ ကြောင်တောင်တောင် ဖြစ်နေသော ဖန့်ပင်းအန်းနှင့် ဓားငယ်လေးတို့ ခန်းမထဲသို့ ရောက်လာကြသည်။
"ပင်းအန်း၊ မင်း အဖေနဲ့အတူ လူ့လောကကို ခဏလောက် သွားလည်ဖို့ ငါ ခွင့်ပြုလိုက်ပြီ။"
တွမ်းမူက အေးဆေး ပြောသည်။
ဖန့်ပင်းအန်းမှာ ကြောင်သွားပြီးနောက် အသက်ရှူမှားသွားကာ -
"တွမ်းမူဦးလေး၊ ဒါ တကယ်လား"
တွမ်းမူက သူ့ပုံစံကို ကြည့်ပြီး ရှားရှားပါးပါး ပြုံးပြလိုက်သည်။
"တကယ်ပေါ့၊ ဒါပေမဲ့ ငါ မင်းကို စည်းကမ်းတချို့ ပေးရမယ်၊ ချိုးဖောက်ရင်တော့ ငါ အချိန်မရွေး ပြန်ဖမ်းခေါ်လာမှာ။"