အခန်း (၁၀၆၇-၂၀၆၈)
Vol. 207 Ch. 2067-2068
အခန်း (၂၀၆၇) မင်းတို့အားလုံး
ဖန့်ချန်သည် ကျိုကျိတောင်သို့ ရောက်လာသည်မှာ ဤတစ်ကြိမ်နှင့်ဆိုလျှင် ပထမဆုံးအကြိမ် မဟုတ်ပေ။
ပြီးခဲ့သည့်အကြိမ် တက္ကသိုလ်သို့ စတင်ဝင်ရောက်ခါစတွင် သူသည် ဤနေရာသို့ ရောက်ဖူးသော်လည်း ခဏမျှသာ နေရပြီး အခြားတောင်များသို့ ခေါ်ဆောင်ခြင်းခံလိုက်ရကာ နောက်ဆုံးတွင် ကရုဏာတောင်၌သာ ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။
ယခုမူ မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းငါးရာကျော် ကုန်လွန်သွားခဲ့ပြီ။
သူသည် ကျိုကျိတောင်သို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာသော်လည်း စိတ်ထဲတွင် ထူးခြားသော ခံစားချက်မျိုး မရှိပေ။
"ဖန့်အစ်ကိုကြီး၊ ကံကောင်းတာပဲ၊ ကျွန်တော်လည်း အမြန်ပြေးလိုက်လားလို့"
အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် ဝမ်ချုံစန်းသည် အတွင်းကမ္ဘာနယ်မြေထဲမှ ထွက်လာကာ ဝမ်းသာအားရ ပြောသည်။
"(ရှောင်ဝမ်၊ မင်း ဒီကို ဘာလာလုပ်တာလဲ"
ဖန့်ချန်က ရိုးရိုးလေး မေးလိုက်သည်။
ဝမ်ချုံစန်းက အလျင်အမြန်ပင် ပြောသည်။
"တိုက်ပွဲဝင်ပြိုင်ပွဲက နောက်နှစ်နှစ်ရာမှ စမှာလေ၊ ကျွန်တော် ကျိုကျိတောင်က တစ်ပိုင်းသူတော်စင်တွေရဲ့ အရည်အချင်းကို ကြည့်ချင်လို့ပါ"
"ဒါလည်း ဟုတ်တာပါပဲ၊ ဒါဆိုရင် ခဏနေရင် စောင့်ကြည့်နေ၊ စကားများများ မပြောနဲ့၊ တစ်ဖက်လူကို အကြောင်းပြချက် ပေးသလို ဖြစ်သွားလိမ့်မယ်"
ဖန့်ချန်က သတိပေးသည်။
"အို... ဖန့်ချန် မင်း ဘာလို့ ဒီနေရာမှာ ရောက်နေတာလဲ"
နှစ်ဦးစလုံး၏ စွမ်းအားလှိုင်းကို ခံစားမိဟန်ဖြင့် တစ်ပိုင်းသူတော်စင်အချို့မှာ လေထဲတွင် ချက်ချင်း ပေါ်လာကြသည်။ အလယ်တွင်ရှိသူက လာသူမှာ ဖန့်ချန်ဖြစ်ကြောင်း မြင်လိုက်ရသောအခါ သိသိသာသာပင် အံ့အားသင့်သွားသည်။
"ချင်ထောင် မတွေ့ရတာ ကြာပြီနော်"
ဖန့်ချန်က ပြုံးလျက် အရိုအသေပေးသည်။
"သူကလည်း ကျောင်းသားဟောင်းပဲ၊ နာမည်က ချင်၊ ဟော်ဆွေ့မျိုးနွယ်စုရဲ့ ချင် မျိုးနွယ်ဝင်တစ်ဦး ပဲ"
ဝမ်ချုံစန်း၏ မျက်ဝန်းထဲတွင် လေးနက်သော အမူအရာ ပေါ်လာသည်။
အရင်ကဆိုလျှင် မြင်တွေ့ရခဲသည့် အရေးပါသူများကို ယခု ရွှေဟွေးတက္ကသိုလ်တွင်မူ သူ အကုန်လုံးနီးပါး မြင်ဖူးနေပြီ ဖြစ်သည်။
လူသားမျိုးနွယ်စု၏ အဓိက အနွယ်ဝင်များအားလုံးကို ဤနေရာတွင် တွေ့နိုင်သလို၊ ဟင်းလင်းပြင် အဆင့်မြင့်မဟာမိတ်ထဲမှ လူသားများထက် ပိုမိုအားကောင်းသော မျိုးနွယ်စုမှ တပည့်များကိုပင် တွေ့မြင်နေရသည်။
ချင်ထောင်ဘေးမှ လူအချို့မှာ ဤနှစ်၏ ကျောင်းသားသစ်များ ဖြစ်ဟန်တူသည်။ သူတို့သည် ဖန့်ချန်က မေဒေါင်ကွမ်းကို အနိုင်ယူခဲ့သည့် မြင်ကွင်းကို မြင်ဖူးထားကြသည်။ ယခု ဖန့်ချန်ကို ပြန်မြင်ရသောအခါ နှစ်အတော်ကြာသွားပြီဖြစ်သော်လည်း ထိုနေ့က မြင်ကွင်းကို မေ့မရနိုင်ကြသေးပေ။
"ဖန့်ချန် ၊ နင် ကျိုကျိတောင်ကို ဘာလာလုပ်တာလဲ"
ချင်ထောင်က တောင်ထိပ်ဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး အမူအရာ မရေမရာဖြင့် မေးသည်။
"နင်နဲ့ မေဒေါင်ကွမ်းတို့ရဲ့ တိုက်ပွဲက လူအတော်များများကို ဒေါသထွက်စေခဲ့တာနော်"
"ငါ ဒီကိုလာတာက ဆရာ့ရဲ့ အမိန့်အရ ကျိုကျိတောင်က တစ်ပိုင်းသူတော်စင်တွေနဲ့ စွမ်းရည်ချင်း ယှဉ်ပြိုင်ဖို့ လာတာပါ။ ချင်မိတ်ဆွေ အနေနဲ့ လမ်းပြပေးရင် ပိုကောင်းမယ်ထင်တယ်"
ဖန့်ချန်က ပြုံးလျက် အရိုအသေပေးကာ ပြောသည်။
"ဘာ ကျိုကျိတောင်က တစ်ပိုင်းသူတော်စင်တွေနဲ့ ယှဉ်ပြိုင်မယ် ဟုတ်လား "
"ဒါဆို သူ့ကို ဘယ်သူနိုင်မှာလဲ"
ထိုကျောင်းသားသစ်များမှာ အံ့အားသင့်သွားကြသည်။ သူတို့ကိုယ်တိုင်လည်း တစ်ပိုင်းသူတော်စင်များ ဖြစ်ကြသည့်အတွက် စိတ်ထဲတွင် မသက်မသာ ဖြစ်သွားကြသည်။
သူတို့သာ မေဒေါင်ကွမ်းလိုမျိုး သူတော်စင်ဖြစ်ဖို့လမ်း ဖြတ်တောက်ခံလိုက်ရရင် ဘယ်လိုလုပ်မလဲ။
"ဖန့်ချန်၊ နင် နောက်နေတာမလား"
ချင်ထောင်က မယုံနိုင်စွာဖြင့် မေးသည်။ သူကြားလိုက်ရတာ မှားနေတာလား၊ ဒါမှမဟုတ် တစ်ဖက်လူက စနောက်နေတာလားဟု တွေးမိသည်။
"ဆရာ့အမိန့်ကို မဖီဆန်ရဲလို့ပါ"
ဖန့်ချန်က လက်ယှက်၍ ပြောသည်။
"ဒါဆို နင် ဘယ်သူ့ကို စိန်ခေါ်မှာလဲ"
"မင်းတို့ အားလုံးကိုပဲ"
"ဒါ... ဒါဆိုရင်တော့ ငါ ခဏစောင့်ပေးဖို့ ပြောလိုက်ဦးမယ်။ ဒီအတိုင်း တောင်ပေါ် တန်းခေါ်သွားရင် ငါလည်း ဒုက္ခရောက်လိမ့်မယ်"
ချင်ထောင်က ခါးသီးစွာ ပြုံးလျက် ပြောသည်။
ကျိုကျိတောင်။
ဝေကွမ်းရှောင်နှင့် ဝေလျန့်ရွမ်တို့သည် ထိုင်ခုံနှစ်ခုတွင် အသီးသီး ထိုင်နေကြသည်။
သူတို့ရှေ့တွင် သူတော်စင် ဒါဇင်နှင့်ချီ၍ ရပ်နေကြသည်။
ကမ္ဘာတည်ဆောက်ခြင်းအဆင့်၊ အသက်စွမ်းအင်အဆင့်၊ စွမ်းအင်စုစည်းခြင်းအဆင့် အသီးသီး ဖြစ်ကြသည်။ ထိုက်ရှီးဝမ်ကျန်း၊ ဝေရှု၊ ကျိလင်တို့ အားလုံး ပါဝင်နေကြသည်။
"မင်းတို့က ကျိုကျိတောင်ရဲ့ အဓိက အသက်သွေးကြောတွေပဲ။ ဒီတစ်ခါ ငါတို့ ကျိုကျိတောင်နဲ့ ကရုဏာတောင်တို့ရဲ့ တိုက်ပွဲဝင်ပြိုင်ပွဲမှာ တစ်ခုတည်းသော တောင်းဆိုချက် ရှိတယ်"
ဝေလျန့်ရွမ်က အေးစက်စက် ပြောသည်။
"ငါလိုချင်တာက မင်းတို့ ကရုဏာတောင်ရဲ့ အမွေအနှစ်ကို ဖြတ်တောက်လိုက်ဖို့ပဲ။ နောက်ဆို လူသားမျိုးနွယ်စု တက္ကသိုလ်မှာ ကရုဏာတောင် ဆိုတဲ့ စကားလုံး ထပ်မရှိရဘူး"
ကရုဏာတောင်ရဲ့ အမွေအနှစ်ကို ဖြတ်တောက်မယ်
လူအများမှာ ထိတ်လန့်သွားကြသည်။ ဤအကြောင်းရင်းမှာ မေဒေါင်ကွမ်းကြောင့် ဖြစ်ပြီး ဆရာနှစ်ဦးစလုံး အလွန်ဒေါသထွက်နေကြခြင်း ဖြစ်ကြောင်း သူတို့ သိကြသည်။ ဆရာနှစ်ဦးစလုံးသည် တပည့်ကို အလွန်ကာကွယ်သူများ ဖြစ်ကြသည့်အတွက် သူတို့၏ စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။
"ဆရာ၊ ကျန်းတောက်ယွဲ့နဲ့ ယှဉ်ပြိုင်ဖို့ ကျွန်မကို ခွင့်ပြုပါ။ ဒီပွဲမှာ ကျွန်မ သေချာပေါက် အနိုင်ယူမယ်"
အမျိုးသမီးတစ်ဦး ရှေ့သို့တိုးလာကာ အရိုအသေပေးသည်။ သူမသည် ကျိုကျိတောင်၏ အကြီးဆုံးတပည့်၊ အဓိကတပည့် ဖြစ်သူ ရွှေရှင်း ဖြစ်သည်။
ထို့နောက် အသက်စွမ်းအင်အဆင့် တစ်ဦးနှင့် စွမ်းအင်စုစည်းခြင်းအဆင့် တစ်ဦးတို့ကလည်း ရှေ့သို့ထွက်ကာ တိုက်ခိုက်ခွင့် တောင်းခံကြသည်။
"တိုက်ပွဲဝင်ပြိုင်ပွဲမှာ အဆင့်တူဖို့ လိုတယ်"
ဝေလျန့်ရွမ်သည် ထိုအသက်စွမ်းအင်အဆင့်ကို နောက်ဆုတ်ခိုင်းလိုက်ပြီး အသက်စွမ်းအင်အဆင့်အစပိုင်း တစ်ဦးကို အစားထိုးလိုက်သည်။
"ကရုဏာတောင်ဘက်က ဝမ်ယန်ကိုပဲ စေလွှတ်လိမ့်မယ်၊ သူက အသက်စွမ်းအင်အဆင့် အစပိုင်းပဲ"
ဝေကွမ်းရှောင်မှာမူ တစ်စုံတစ်ရာ မပြောဘဲ ဝေလျန့်ရွမ်၏ စီစဉ်မှုကို ငြိမ်ခံကြည့်ရင်း ဒဏ်ရာကိုသာ ကုသနေသည်။
ထိုအချိန်တွင် ချင်ထောင်က အမြန်ပြေးလာသည်။
"ဆရာ၊ ကရုဏာတောင်က ဖန့်ချန် ရောက်လာပါတယ်။ သူက ကျွန်မတို့ ကျိုကျိတောင်က တစ်ပိုင်းသူတော်စင်တွေကို စိန်ခေါ်မယ်တဲ့"
ချင်ထောင်၏ စကားကြောင့် ရှိနေသော သူတော်စင်များ အားလုံး တုန်လှုပ်သွားကြသည်။ ကျိလင်၏ မျက်ဝန်းထဲတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။
"သူက ဘယ်သူ့ကို စိန်ခေါ်မှာလဲ"
သူ ပြောပြီးမှ မှားမှန်းသိသွားပြီး အမူအရာ တင်းမာနေသော ဝေလျန့်ရွမ်ကို ကြည့်ကာ ချက်ချင်း ပါးစပ်ပိတ်လိုက်သည်။
ဝေလျန့်ရွမ်က အေးစက်စွာ မေးသည်။
"သူ ဘယ်သူ့ကို စိန်ခေါ်မှာလဲ"
ချင်ထောင်က တိုးတိုးလေး ပြောသည်။
"သူ့စကားအရဆိုရင် ကျိုကျိတောင်က တစ်ပိုင်းသူတော်စင် အားလုံးကို စိန်ခေါ်မယ်လို့ ပြောပါတယ်"
တစ်ပိုင်းသူတော်စင် အားလုံး
ထိုက်ရှီးဝမ်ကျန်းမှာ ခဏတာ ကြောင်သွားပြီးနောက် အမူအရာမှာ ပို၍ ထူးဆန်းလာသည်။
"မေဒေါင်ကွမ်းရဲ့ သူတော်စင်ဖြစ်ဖို့လမ်းကို ဖြတ်တောက်ပြီးတဲ့နောက်မှာ ကျိုကျိတောင်က တစ်ပိုင်းသူတော်စင်တွေကို ထပ်စိန်ခေါ်မယ် ဒါ သေချာပေါက် အဲဒီလူယုတ်မာ၊ အတုအယောင် သူတော်ကောင်း ရှူရှန်ရဲ့ စီစဉ်မှုပဲ ဖြစ်ရမယ်"
ဝေလျန့်ရွမ်က ဒေါသထွက်သည့်ကြားမှ ရယ်မောလိုက်သည်။
"ဒါဆိုရင် သူ တကယ် ဒေါသထွက်နေတာပေါ့၊ ဒီတိုက်ပွဲဝင်ပြိုင်ပွဲကြောင့်လေ"
"ဒါဆို အစ်ကိုကြီး၊ ကျွန်တော်တို့ လက်ခံကြမလား"
ဝေကွမ်းရှောင်က မျက်မှောင်ကြုတ်လျက် မေးသည်။
"လက်ခံရမှာလား ဘာလို့ လက်ခံရမှာလဲ"
ဝေလျန့်ရွမ်က အေးစက်စွာ ပြောသည်။
"လမ်းဘေးက ခွေးရူး၊ ကြောင်ရူးတွေ လာစိန်ခေါ်တိုင်း လက်ခံရမှာလား ဒါဆိုရင် ငါတို့ ကျိုကျိတောင်က လာချင်တဲ့သူတိုင်း လာလို့ရတဲ့ နေရာ ဖြစ်မသွားဘူးလား"
ထိုအချိန်တွင် ဝေလျန့်ရွမ်နှင့် ဝေကွမ်းရှောင်တို့၏ အမူအရာမှာ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားသည်။
နှစ်ဦးစလုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီးနောက် လူအများရှေ့တွင်ပင် အတွင်းကမ္ဘာနယ်မြေထဲသို့ ချက်ချင်း ပျောက်ကွယ်သွားကြသည်။
အတွင်းကမ္ဘာနယ်မြေ ဟင်းလင်းပြင်ထဲတွင်။
ရှူရှန်နှင့် အခြားတောင်များမှ ဆရာများ စကားပြောနေကြသည်။
"ပြောရရင် အဲဒီ ဝေလျန့်ရွမ် ဆိုတာ တကယ့်လူယုတ်မာပဲ၊ ကျွန်တော်နဲ့ ဝေကွမ်းရှောင်တို့ သရေဖြစ်နေတုန်း အချိန်ကို အခွင့်ကောင်းယူပြီး ကျိုကျိတောင်နဲ့ ကရုဏာတောင်တို့ရဲ့ တိုက်ပွဲဝင်ပြိုင်ပွဲကို လျှောက်ထားလိုက်တာ"
"မိတ်ဆွေတို့ စဉ်းစားကြည့်ပါဦး၊ ဒီလိုလုပ်ရပ်က စစ်မှန်တဲ့ သူတော်ကောင်းတွေ လုပ်တဲ့အလုပ်လား"
"ဖန့်ချန်က မေဒေါင်ကွမ်းရဲ့ သူတော်စင်လမ်းကို ဖြတ်တောက်လိုက်တာက မတော်တဆပါ၊ သူက တစ်လျှောက်လုံးမှာ ကရုဏာတောင်ရဲ့ စွမ်းရည်ကို ဘယ်တုန်းကမှ မသုံးခဲ့ဘူး၊ သူက ဘာလို့ ကျွန်တော့်ကို ဒေါသပုံချရတာလဲ "
"မိတ်ဆွေတို့ ကျွန်တော် ဘယ်လို တပည့်တွေကို သင်ပေးသလဲဆိုတာ မသိကြဘူးလား "
"ငါတို့ ကရုဏာတောင်က ကောင်းမှုလမ်းကြောင်းကိုပဲ လျှောက်တယ်၊ ကောင်းတဲ့လူပဲ ဖြစ်ချင်တယ်၊ အာဏာမလုချင်ဘူး၊ ငြိမ်းချမ်းတဲ့ ဘဝမျိုးပဲ လိုချင်တာ။"
"ဒါက မှားနေလို့လား မှားနေလို့လား "
ရှူရှန်က တံတွေးစင်အောင် ပြောသည်။
"ဒီလိုဖြစ်နေတာတောင်မှ လူတွေက ကျုပ်တို့ကို အနိုင်ကျင့်ဖို့ လာသေးတယ်၊ မေဒေါင်ကွမ်းက ကရုဏာတောင်မှာ ဖြတ်တောက်ခံလိုက်ရတာပါ၊ ကရုဏာတောင်က သွားပြီး အနိုင်ကျင့်တာ မဟုတ်ဘူး၊ မိတ်ဆွေတို့ ပြောကြည့်ပါဦး၊ ဒေါသထွက်စရာ မကောင်းဘူးလား "
"ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ဒီနေ့ ကျွန်တော် ဖန့်ချန်ကို ကျိုကျိတောင်က တစ်ပိုင်းသူတော်စင်တွေကို စိန်ခေါ်ခိုင်းလိုက်ပြီ။"
"ကျိုကျိတောင်က တစ်ပိုင်းသူတော်စင်တွေက တကယ်ပဲ ကောင်းကောင်း ကျင့်ကြံထားရဲ့လား၊ ကရုဏာတောင်က သင်ပေးတာ ပိုကောင်းသလား၊ ကျိုကျိတောင်က သင်ပေးတာ ပိုကောင်းသလားဆိုတာ ကျုပ် သိချင်တယ်"
"ဒါပေမဲ့ ဝေလျန့်ရွမ် ဆိုတဲ့ လူယုတ်မာရဲ့ သဘောထားအရဆိုရင် သူ ဒီတိုက်ပွဲကို လက်ခံမှာ မဟုတ်ဘူးလို့ ကျုပ် ခန့်မှန်းတယ်။ မိတ်ဆွေတို့ မျက်စိဖွင့်ပြီး ကြည့်ထားကြပါ။ စိန်ခေါ်မှုကိုတောင် လက်ခံရဲတဲ့ သတ္တိမရှိတဲ့ တောင်တစ်ခုက ဘာလို့ တိုက်ပွဲဝင်ပြိုင်ပွဲကို လုပ်ချင်နေရတာလဲရယ်စရာကောင်းလိုက်တာ "
အခြားတောင်မှ ဆရာများမှာ အနေရခက်စွာဖြင့် ပြုံးပြနေကြပြီး ခေါင်းညိတ်ရမလား၊ ဘာပြောရမလဲ မသိကြပေ။
သူတို့သည် မျက်နှာပျက်မှာ စိုး၍သာ လာရခြင်းဖြစ်ပြီး ဖန့်ချန်အပေါ် စိတ်ဝင်စားမှုအနည်းငယ် ရှိနေကြခြင်း ဖြစ်သည်။ ချင်ဝူဆန့် ပင်လျှင် ထိုဆရာများကြားတွင် ရှိနေပြီး သူတို့၏ စကားကို နားထောင်နေကာ ဘာမှ ဝင်မပြောခဲ့ပေ။
"ရှူရှန်"
ဝေကွမ်းရှောင်၏ ဒေါသတကြီး အော်သံမှာ မိုးကြိုးပစ်သကဲ့သို့ ပဲ့တင်ထပ်သွားသည်။
ညီအစ်ကိုနှစ်ဦးစလုံး ရှူရှန်တို့ ရှေ့မှောက်တွင် တစ်ပြိုင်နက်တည်း ပေါ်လာကြပြီး ရှူရှန်ကို အစိမ်းလိုက် ဝါးစားတော့မည့် ကျားရဲများကဲ့သို့ စိုက်ကြည့်နေကြသည်။
ရှူရှန် ခုဏက ပြောလိုက်သည့် စကားများကို သူတို့နှစ်ဦးစလုံး ကြားလိုက်ရပြီး၊ ဗုဒ္ဓဘုရားရှင်ပင်လျှင် ဒေါသထွက်မှာ သေချာလေသည်။
အခန်း (၂၀၆၈) မျက်ဝန်းထဲတွင် အရောင်ပြန်လည်တောက်ပလာခြင်း
ရှူရှန်မှာလည်း အလျှော့ပေးမည့်သူ မဟုတ်ဘဲ ဝေလျန့်ရွမ်တို့ နှစ်ဦးကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။ ထိုမြင်ကွင်းမှာ မည်သူ့မျက်လုံးက ပိုကြီးသနည်းဟု အပြိုင်စိုက်ကြည့်နေသည့်အလား ပင်။
နှစ်ဦးစလုံး ထပ်မံရန်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကြသဖြင့် အခြားဆရာအချို့က ကြားဝင်ဖျန်ဖြေပေးကြသည်။
"မိတ်ဆွေတို့ ငြင်းခုန်ခြင်းကို ရပ်လိုက်ကြပါတော့၊ ဒါက နားလည်မှုလွဲတာလေး တစ်ခုပါ၊ ပြောဆိုပြေလည်သွားရင် ပြီးတာပါပဲ"
"လျန့်ရွမ်မိတ်ဆွေ၊ ကရုဏာတောင်နဲ့ ဘာလို့ တိုက်ပွဲဝင်ပြိုင်ပွဲ လုပ်ရမှာလဲဗျာ ဒါက ကိုယ့်လူကိုယ် ရန်စတာ မဟုတ်ဘူးလား တကယ်လို့ လုပ်မယ်ဆိုရင်တောင် တခြားမျိုးနွယ်စု တက္ကသိုလ်တွေနဲ့ပဲ လုပ်ကြတာပေါ့၊ အပေါ်ကို တင်ပြပြီး ဒီကိစ္စကို ဖျက်သိမ်းလိုက်ပါလား"
"ရှူဆရာကြီး၊ မင်းရဲ့ တပည့်ကို အပြင်ထွက်ပြီး တောင်းပန်ခိုင်းလိုက်ပါ၊ ဒီကိစ္စလည်း ပြီးသွားမှာပဲ မဟုတ်လား ငါတို့ ဘာလို့ ဒီလောက်အထိ ဖြစ်ကြရမှာလဲ၊ ဟုတ်တယ်မလား "
ဝေလျန့်ရွမ်က မျက်နှာမသာယာစွာဖြင့် တိတ်ဆိတ်နေသည်။ ဝေကွမ်းရှောင်မှာမူ အလွန်အမင်း ဒေါသထွက်လွန်း၍ ရယ်မောမိလိုက်သည်။
"တိုက်ပွဲဝင်ပြိုင်ပွဲကို ဖျက်သိမ်းရမတဲ့လား ဒါဆိုရင် တခြား တက္ကသိုလ်တွေက ငါတို့ ကျိုကျိတောင်ဟာ ကရုဏာတောင်ကို ကြောက်ရွံ့သွားပြီလို့ ထင်ကြလိမ့်မယ်။ ဒါက လူသားမျိုးနွယ်စု တက္ကသိုလ်မှာ ရှက်စရာကောင်းရုံတင်မကဘဲ အခြားမျိုးနွယ်စုတွေရှေ့မှာပါ ဂုဏ်သိက္ခာ ကျဆင်းရလိမ့်မယ်"
"ဒီကိစ္စကို နောက်တစ်ခါ ထပ်မပြောကြပါနဲ့တော့၊ တိုက်ပွဲဝင်ပြိုင်ပွဲ မဖျက်သိမ်းဘူး။ ငါတို့တောင်မှ တခြားမျိုးနွယ်စု တက္ကသိုလ်တွေကိုပါ ဖိတ်ခေါ်ပြီး ကြည့်ရှုခိုင်းဦးမယ်"
အခြားမျိုးနွယ်စု တက္ကသိုလ်တွေကိုပါ ဖိတ်ခေါ်ပြီး ကြည့်ရှုခိုင်းဦးမယ် ဟုတ်လား။
ဆရာအချို့၏ မျက်ဝန်းထဲတွင် ခန့်မှန်းရခက်သော အပြုံးတစ်ခု ပေါ်လာသည်။ ၎င်းတို့မှာ ဒုက္ခရောက်လေ ပျော်လေသူများ ဖြစ်ကြသည်။
ချင်းဝူဆန့်မှာ ဤနေရာသို့ ရောက်လာသည်မှာ မကြာသေးသဖြင့် ဆရာများနှင့် ရင်းနှီးမှု မရှိသေးဘဲ ဘေးမှနေ၍သာ အေးအေးဆေးဆေး စောင့်ကြည့်နေသည်။
"မိတ်ဆွေတို့ ကြည့်ကြလေ၊ ကျိုကျိတောင်ရဲ့ လုပ်ရပ်က ဘာလဲ သူတို့ရဲ့ ရည်မှန်းချက်က အတော်ကြီးမားတယ်"
ရှူရှန်က အဆက်မပြတ် လှောင်ရယ်သည်။
"ငါတော့ မယုံဘူး၊ မင်းတို့ ကျိုကျိတောင်က ဒီလောက်ထိ တော်နေပြီးတော့ အနိုင်ရဖို့ သေချာနေပြီပေါ့လေ ငါ့တပည့်တွေက ကောင်းကင်ငါးပါး စစ်မြေပြင်ကို မရောက်တာ ကြာပြီ ဆိုပေမဲ့ မင်းတို့က သူတို့ကို စက္ကူနဲ့ လုပ်ထားတဲ့ အရုပ်လို့ ထင်နေတာလား "
"ဒီနေ့ ဖန့်ချန် တစ်ယောက်တည်းနဲ့တင် မင်းတို့ ကျိုကျိတောင်က လူသားမျိုးနွယ်စု တစ်ပိုင်းသူတော်စင် အားလုံးကို အနိုင်ယူဖို့ လုံလောက်တယ်"
"တိုက်ပွဲဝင်ပြိုင်ပွဲ စခါနီးမှာ တပည့်တွေကို လွှတ်ပြီး ရန်ရှာခိုင်းတာက မသင့်တော်ဘူး မဟုတ်လား"
ဝေလျန့်ရွမ်က အေးစက်စက် ပြောသည်။
"ဘာလို့ မသင့်တော်ရမှာလဲ မင်းတို့ ကျိုကျိတောင် တပည့်တွေက ဖန့်ချန်ကို ဘယ်နှစ်ခါ စိန်ခေါ်ပြီးသွားပြီလဲ"
"ငါ မသိဘူးလို့ ထင်နေတာလား ငါက အချိန်ပေးပြီး သည်းခံနေတာ၊ ဒါပေမဲ့ ဒီတစ်ခါတော့ မင်းတို့ လွန်လွန်ကဲကဲဖြစ်နေပြီ။"
"ငါ စကားတစ်ခွန်း ပြောထားမယ်၊ မင်းတို့ ဒီနေ့ ဖန့်ချန်ရဲ့ စိန်ခေါ်မှုကို လက်မခံရဲဘူးဆိုရင်"
"ငါ ဒီကိစ္စကို အခုချက်ချင်း ဖြန့်လိုက်မယ်၊ မင်းတို့ ကျိုကျိတောင်ကို ရယ်စရာ အဖြစ်ဆုံး တောင် ဖြစ်သွားအောင် လုပ်ပစ်မယ်"
ရှူရှန်က လှောင်ရယ်သည်။
ဝေလျန့်ရွမ်နှင့် ဝေကွမ်းရှောင်တို့သည် တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို အနည်းငယ် ရိပ်မိလိုက်ကြသည်။
"ဪ... ဖန့်ချန်ကို စေလွှတ်ပြီး ငါတို့ ကျိုကျိတောင်က တစ်ပိုင်းသူတော်စင်တွေရဲ့ အစစ်အမှန် စွမ်းအားကို အရင်စမ်းသပ်ခိုင်းတာပေါ့လေ၊ တိုက်ပွဲဝင်ပြိုင်ပွဲမှာ အရှက်မကွဲအောင်ပေါ့ "
ဝေကွမ်းရှောင်က လှောင်ပြုံးဖြင့် ပြောသည်။
"ဒါဆိုလည်း မင်းဆန္ဒအတိုင်း ဖြစ်ပါစေ။ ဒီနှစ် ကျောင်းသားသစ်တွေက အခုမှ ရောက်တာ ဆိုတော့ သူတို့ကို ယှဉ်ပြိုင်ခိုင်းဖို့ အကြောင်းမရှိဘူး။ ကျိုကျိတောင်မှာ အစပြုကာလကို မအောင်မြင်ဘဲ ထွက်ခွာတော့မယ့် တစ်ပိုင်းသူတော်စင်အုပ်စု ရှိတယ်။ သူတို့ မထွက်ခွာခင် မင်းရဲ့တပည့်နဲ့ တစ်ပွဲလောက် ယှဉ်ပြိုင်ခိုင်းလိုက်မယ်"
ရှူရှန်
"ယုတ်မာလိုက်တာ၊ မင်းအနေနဲ့ ဖန့်ချန်ရဲ့ အတူတူဝင်လာတဲ့ ကျောင်းသားတွေကိုပဲ ယှဉ်ပြိုင်ခိုင်းသင့်တာ"
"ဒါဆိုရင်တော့ စကားမပြောနိုင်တော့ဘူးပေါ့"
ဝေကွမ်းရှောင်က အေးစက်စက် နှာမှုတ်သည်။
"ဒီလိုလုပ်ကြပါလား၊ လူတိုင်း တစ်ဆင့်ချင်းစီ နောက်ဆုတ်ပေးကြပါ။ ကျိုကျိတောင်က တစ်ပိုင်းသူတော်စင်တွေကို အပြင်ထွက်ခိုင်းလိုက်၊ ကရုဏာတောင် တပည့်က သူတို့ထဲက ကြိုက်တဲ့သူကို ရွေးပြီး စိန်ခေါ်စေလိုက်မယ်"
ချင်းဝူဆန့် ရုတ်တရက် ဝင်ပြောလိုက်သည်။
လူတိုင်း၏ အမူအရာမှာ တစ်ချက် တုန်လှုပ်သွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ဝေလျန့်ရွမ်က အလွန်ယဉ်ကျေးစွာဖြင့်
"ဒီလိုဆိုလည်း ရပါတယ်" ဟု ပြောသည်။
"ချင်ဆရာကြီး ပြောတာ မှန်ပါတယ်"
"ဒါဆိုရင် ချင်ဆရာကြီး ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့"
"ရှူရှန်၊ မင်း ဘယ်လို ထင်လဲ"
"ချင်ဆရာကြီး ပြောမှတော့ ဒီမျက်နှာကို ပေးကို ပေးရမှာပေါ့။ ကောင်းပြီ၊ အဲ့ဒီကလေးကို သူ့ဘာသာ သူ ရွေးခိုင်းလိုက်"
ရှူရှန်က ပြုံးလျက် ခေါင်းညိတ်သည်။
ချင်ဝူဆန့်၏ နောက်ခံကြောင့် ဤနေရာရှိ ဆရာများမှာ သူ့ကို အလွန် အလေးပေးကြသည်။
သို့သော် ချင်ဝူဆန့်မှာမူ ဝမ်းသာခြင်း မရှိဘဲ စိတ်ထဲတွင် အနည်းငယ် ဖိစီးမှုများ ရှိနေသည်။ သူ ရင်ဆိုင်နေရသော ဤလူအုပ်စုမှာ အရင်က သူ့မျက်စိထဲတွင် ဘာမှမဟုတ်ခဲ့သူများ ဖြစ်သည်။ ယခု သူတို့၏ အလေးပေးမှုကို ရရှိသော်လည်း ပျော်ရွှင်မလာဘဲ မိမိ၏ ဒဏ်ရာပေါ်သို့ ဆားပွတ်ခံလိုက်ရသကဲ့သို့ ခံစားရကာ မိမိ၏ ကျဆင်းနေသော ဘဝအခြေအနေကိုသာ ပြန်သတိရစေသည်။
"မုန်းလိုက်တာကွာ ငိုးပဲ တကယ်လို့ အဲ့ဒီ ရှန်းဟုန် ရဲ့ အကြွင်းအကျန်တွေသာ မရှိရင် ငါ ဒီလို အခြေအနေမျိုး ဘယ်ရောက်ပါ့မလဲ။"
ချင်ဝူဆန့်၏ လက်သီးများမှာ တိတ်တဆိတ် တင်းကျပ်စွာ ဆုပ်မိလိုက်သည်။
ထိုအချိန်တွင် ဝေကွမ်းရှောင်မှာ အမိန့်ပေးလိုက်ပြီး ဖြစ်သည်။
ချင်ထောင်သည် အမိန့်ရရှိသည်နှင့် တောင်ခြေတွင် စောင့်နေသော ဖန့်ချန်နှင့် ဝမ်ချုံစန်းတို့ကို တောင်ပေါ်သို့ ခေါ်ဆောင်လာသည်။
ထွက်ခွာရန် အထုပ်အပိုး ပြင်ဆင်နေကြသော တစ်ပိုင်းသူတော်စင်အုပ်စုကိုလည်း ခေါ်လိုက်သည်။ သူတို့၏ စိတ်ခံစားချက်မှာ မကောင်းလှသော်လည်း ကရုဏာတောင်မှ ဖန့်ချန် လာရောက်စိန်ခေါ်မည်ဟု ကြားလိုက်သောအခါ မထွက်ခွာမီ နောက်ဆုံးအကြိမ်အဖြစ် တစ်ချက်လောက်ဆော်နိုင်လည်း နည်းလားဆိုပြီး ဝင့်ကြွားနိုင်ရန် လက်သီးလက်မောင်း တန်းရန်ပြင်ဆင်နေကြသည်။
"မေညီလေး၊ ဒါ အခွင့်အရေးတစ်ခုပဲ၊ မင်း အမိအရ ဆုပ်ကိုင်နိုင်ရမယ်"
လူအုပ်ကြားထဲမှ ရွှမ်ပုထုံ သည် အနည်းငယ် တုံ့ဆိုင်းနေသော မေဒေါင်ကွမ်းကို ကြည့်ကာ လျှို့ဝှက်စကား ပြောလိုက်သည်။
မေဒေါင်ကွမ်းသည် ရွှမ်ပုထုံကို တစ်ချက်ကြည့်လိုက်သော်လည်း မျက်ဝန်းတို့မှာ အရောင်အဝါ မရှိဘဲ မည်သို့မျှ တုံ့ပြန်ခြင်း မရှိပေ။
"ဒီကောင်တော့ တကယ်ပဲ ဖျက်ဆီးခံလိုက်ရပြီ"
ရွှမ်ပုထုံက စိတ်ထဲတွင် လှောင်ရယ်ကာ မေဒေါင်ကွမ်းကို ဂရုမစိုက်တော့ပေ။
"အကယ်၍သာ ဒီတစ်ခါ ဖန့်ချန်က ကျိုကျိတောင်မှာ ရှုံးနိမ့်သွားရင်၊ မေဒေါင်ကွမ်းက အဲ့ဒီမြင်ကွင်းကို မြင်ပြီးတော့ ကျိုးပဲ့သွားတဲ့ သူ့ရဲ့ စိတ်ဓာတ်တွေ ပြန်လည်ကောင်းမွန်လာနိုင်မလား"
ဝူချုံက တိုးတိုးလေး ပြောသည်။
အနီးနားရှိ လူသားမျိုးနွယ်စု တစ်ပိုင်းသူတော်စင်များလည်း ကြားလိုက်ရပြီး အနည်းငယ် မျှော်လင့်ချက် ရှိလာကာ သူတို့၏ မျက်ဝန်းထဲတွင် ပြတ်သားသော အငွေ့အသက်များ ပေါ်လာသည်။
"ဖန့်ချန် ဒီခရီးစဉ်ကို လာတာက ကရုဏာတောင်က ရှူဆရာကြီးရဲ့ စီစဉ်မှုပဲ ဖြစ်ရမယ်၊ တစ်ဖက်လူက သေချာပေါက် ပြင်ဆင်လာမှာပဲ"
ကျိလင်မှာမူ အကောင်းမြင်လွန်းသူ မဟုတ်သော်လည်း ဖန့်ချန်အနေဖြင့် ကျိုကျိတောင်က တစ်ပိုင်းသူတော်စင်အားလုံးကို အနိုင်ယူနိုင်လိမ့်မည်ဟု မယုံကြည်ပေ။
ဒါက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စဖြစ်သည်။
တစ်ဖက်လူသည် မေဒေါင်ကွမ်းနှင့် ယှဉ်ပြိုင်ခဲ့စဉ်ကပင် ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်များ ပြသခဲ့ဖူးသည်။
နောက်ဆုံးတစ်ခါ မေဒေါင်ကွမ်းကို အနိုင်ယူခဲ့တာကလည်း လွန်ခဲ့တဲ့နှစ်များအတွင်း တစ်စုံတစ်ရာ နားလည်သဘောပေါက်သွားလို့ ဖြစ်နိုင်သည်။
ထွက်ခွာတော့မည့် ထိုသူတို့မှာ ဝေရွှင်နှင့် တစ်ခေတ်တည်းဖြစ်ပြီး မေဒေါင်ကွမ်းထက် မညံ့ဖျင်းကြပေ။ အားလုံးမှာ ကိုးဆလက်သီးပညာနှင့် လေးပစ်ခြင်းပညာကို ကျွမ်းကျင်သူများ ဖြစ်သည်။
အစပြုကာလကို မအောင်မြင်တာက နောင်တွင် သူတော်စင် မဖြစ်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ပေ။ အများစုမှာ နောင်တွင် စွမ်းအင်စုစည်းခြင်း အဆင့်သို့ တက်လှမ်းနိုင်ပြီး ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်၏ အဓိက အင်အားစုများ ဖြစ်လာကြမည် ဖြစ်သည်။
ကျယ်ပြန့်လှသော မဟာမိတ်ထဲတွင် သူတို့မှာ သာမန်လူများ မဟုတ်ကြပေ။
ထိုအချိန်တွင် ဝေရွှင်သည် ထိုလူအုပ်စုနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် မေဒေါင်ကွမ်းထံသို့ ပြန်လာကာ အေးစက်စက် စိုက်ကြည့်နေသည်။
"ဒေါင်ကွမ်း၊ ငါ့ကို ကြည့်"
မေဒေါင်ကွမ်းသည် အာရုံစူးစိုက်မှု မရှိပေ။
ဝေရွှင်မြင်သောအခါ လက်ကို မြှောက်၍ သူ့ကို ပါးတစ်ချက် ရိုက်လိုက်သည်။
လူအများမှာ ဝင်မပြောကြပေ၊ အကြောင်းမှာ ဝေရွှင်သည် မေဒေါင်ကွမ်း၏ ဝမ်းကွဲအစ်ကို ဖြစ်နေသောကြောင့် ဖြစ်သည်။
"အစ်ကိုဝမ်းကွဲ"
မေဒေါင်ကွမ်းသည် ထိုပါးရိုက်ချက်ကြောင့် ဝေရွှင်ကို ကြည့်လိုက်မိပြီး မျက်လုံးတို့မှာ ပို၍ပင် မှင်သက်နေသည်။
"ဖန့်ချန်က ကျိုကျိတောင်က တစ်ပိုင်းသူတော်စင်တွေကို စိန်ခေါ်ဖို့ လာနေပြီ၊ သူ ဘယ်လို ရှုံးနိမ့်သွားမလဲဆိုတာ ကောင်းကောင်း ကြည့်ထား။ မင်း သူ့လက်ထဲမှာ သူတော်စင်ဖြစ်ဖို့လမ်း ဖြတ်တောက်ခံခဲ့ရတယ်၊ ဒီနေ့ သူလည်း အဲဒီလိုမျိုးပဲ ဖြတ်တောက်ခံရလိမ့်မယ်။"
"မင်းတို့ နှစ်ယောက်လုံးက အစပြုတဲ့နေရာ တူတူပဲ ဆိုရင် မင်း အခုလို စိတ်ဓာတ်ကျနေဦးမှာလား "
ဝေရွှင်က အေးစက်စက် ပြောသည်။
မေဒေါင်ကွမ်း၏ မျက်ဝန်းထဲတွင် အရောင်တို့ ပြန်လည် ပေါ်လာသည်။
"တကယ်လား ဖန့်ချန်လည်း သူတော်စင်ဖြစ်ဖို့လမ်း ဖြတ်တောက်ခံရမှာလား "
"တကယ်"
ဝေရွှင်က ပြုံးလျက် ခေါင်းညိတ်သည်။
လူအများမှာ နှစ်ပေါင်းများစွာ စိတ်ဓာတ်ကျကာ အသက်မဲ့နေသော မေဒေါင်ကွမ်းတစ်ယောက် စိတ်ဓာတ်ပြန်လည် တက်ကြွလာပြီး အရင်ကပုံစံအတိုင်း ပြန်ဖြစ်လာသည်ကို မြင်လိုက်ရသည်။
ကျိလင်သည် ထိုမြင်ကွင်းကို ကြည့်ရင်း သက်ပြင်းချကာ ပြောသည်။
"အရင်က မေဒေါင်ကွမ်းက ငါ့ကိစ္စကြောင့် ဖန့်ချန်နဲ့ ရန်ငြိုးဖွဲ့မိခဲ့တာ၊ အခု သူ ပြန်လည် တက်ကြွလာတာကို မြင်ရတော့ ငါလည်း ဝမ်းသာပါတယ်"
သူပြောရင်း ဝူချုံ၏ လက်ကို ဆုပ်ကိုင်ကာ တိုးတိုးလေး ပြောသည်။
"ကျေးဇူးပါပဲ၊ ဖန့်ချန်နဲ့ ငါ့ကြားမှာ မင်းက ငါ့ကို ရွေးချယ်ခဲ့လို့"
"နင့်ရဲ့ အရည်အချင်းက သူ့ထက် သာလွန်နေလို့လေ၊ ငါတို့ ခွေရွှေ မျိုးနွယ်စုက အရည်အချင်းရှိတဲ့သူကိုပဲ ရိုသေလေးစားတယ်"
ဝူချုံက အေးစက်စက်နှင့် ပြောသည်။