← Chapters

အခန်း (၃၀၃-၃၀၄)

Vol. 31 Ch. 303-304

အခန်း (၃၀၃-၃၀၄)

Vol. 31 Ch. 303-304

အခန်း ၃၀၃ - အဆောင်လက်စွဲကျမ်း

သိပ်မကြာခင်မှာပဲ ဂူအတွင်းရှိ လှုပ်ရှားမှုအားလုံး ငြိမ်သက်သွားသည်။

မိစ္ဆာကျင့်ကြံသူအားလုံး အသတ်ခံလိုက်ရပြီဖြစ်သည်။

မင်းသမီးလေး၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော်နေသည်။

အသတ်ခံလိုက်ရသော မိစ္ဆာများသည် မြေခွေးမျိုးနွယ်စုများ မဟုတ်ကြသော်လည်း သူမ၏ အမျိုးအနွယ်များဟု သတ်မှတ်နိုင်သည်။

ထို့ကြောင့် သူမ၏လူမျိုးများ ဤမျှအစုလိုက်အပြုံလိုက် သေဆုံးသည်ကို မြင်သောအခါ သူမ၏မျက်လုံးများထဲတွင် နာကျည်းမှုများ ပြည့်လျှံလာတော့သည်။

"တကယ်ပဲ ဒီမှာ ရှိနေတာပဲ"

ဖန့်ချန်က သူ၏ရှေ့မှ ကျင်းကိုကြည့်ကာ စိတ်သက်သာရာရစွာ ပြုံးလိုက်သည်။

ထို့နောက် ကျန်းကျုံးကို ထိုကျင်းထဲမှ ကျောက်စိမ်းသေတ္တာကို သွားရောက်ယူခိုင်းလိုက်သည်။

တကယ်လို့ သူသာ ဝိညာဉ်ဖြင့် ခန္ဓာကိုယ်မှ ထွက်ခွာနိုင်စွမ်း မရှိပါက ထိုကျောက်စိမ်းသေတ္တာကို သတိပြုမိလိမ့်မည် မဟုတ်ပေ။

ကျောက်စိမ်းသေတ္တာကြောင့် မင်းသမီးလေး၏ အာရုံမှာ ခေတ္တပြောင်းလဲသွားသည်။

ထိုဓားကျင့်ကြံသူက ၎င်းဘယ်မှာရှိသည်ကို ဘယ်လိုသိနေတာလဲ အထဲမှာကော ဘာတွေရှိနေမလဲဆိုသည်ကို သူမ ဇဝေဇဝါ ဖြစ်နေမိသည်။

ကျန်းကျုံးက ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သည်။

"ဂိုဏ်းချုပ်ဖန့် အထဲမှာ အဆောင်လက်စွဲကျမ်းတစ်စောင် ရှိနေပါတယ်"

သူက တည်ကြည်သော မျက်နှာထားဖြင့် ဖန့်ချန်ကို ကမ်းပေးလိုက်သည်။

မင်းသမီးလေးမှာ ခေတ္တမျှ ဆွံ့အသွားသည်။

အဆောင်လက်စွဲကျမ်း ဟုတ်လား ဒါဆိုရင်

ဖန့်ချန်သည် သေတ္တာထဲမှ လက်စွဲကျမ်းကို ထုတ်ယူကာ အာရုံစိုက်၍ ဖတ်ရှုလိုက်သည်။

ထိုကျမ်းထဲတွင် အဝါရောင်အဆင့်လတ် အဆောင်သုံးမျိုးအကြောင်း ဖော်ပြထားသည်။

ပထမတစ်ခုမှာ ချည်နှောင်ခြင်းအဆောင် ၊ ဒုတိယမှာ စစ်မှန်သောမီးတောက်အဆောင် နှင့် တတိယမှာ အမြင်မှားအဆောင် တို့ ဖြစ်ကြသည်။

ထိုအဆောင်သုံးမျိုးမှာ မြေခွေးမျိုးနွယ်စုတွင် အလွန်တန်ဖိုးထားရသော အရာများ ဖြစ်ကြသည်။

မိစ္ဆာဘုရင် ထျန်းဖုန်းသည် အပြင်ထွက်စဉ် တစ်ခုခု မတော်တဆဖြစ်ပြီး ဤအမွေအနှစ် ပျောက်ကွယ်သွားမည်ကို စိုးရိမ်သဖြင့် ထိုနေရာ၌ ဝှက်ထားခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ သူ၏ ကြိုတင်ပြင်ဆင်မှုတစ်ခုပင်။

ဖန့်ချန်သည် ထိုအချက်ကို ခန့်မှန်းမိသောကြောင့်ပင် ထျန်းဖုန်း၏ အခန်းကို လာရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။

လက်စွဲကျမ်းကို ပိတ်လိုက်ပြီး ဖန့်ချန် သက်ပြင်းချလိုက်သည်။

"ကြည့်ရတာ အဝါရောင်အဆင့်လတ် အဆောင်တွေကို လုပ်ရတာက အဆင့်နိမ့်တွေထက် အများကြီး ပိုခက်ခဲပုံရတယ်"

အဆောင်သုံးမျိုးအနက် အလွယ်ဆုံးမှာ အမြင်မှားအဆောင် ဖြစ်ပြီး ၎င်းကို အသုံးပြုသည့်နေရာ ပတ်ဝန်းကျင်တွင် အတိုင်းအတာတစ်ခုအထိ အမြင်မှားမှုများကို ဖန်တီးပေးနိုင်သည်။

၎င်းကို အသုံးပြုခံရသူများ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေပြီး မိမိတို့၏ ကြောက်စိတ်ဖြင့်ပင် မိမိတို့ ပြန်လည်သေဆုံးစေနိုင်သည်။

စစ်မှန်သောမီးတောက်အဆောင် မှာမူ အမြင်မှားအဆောင်ထက် အနည်းငယ် ပိုခက်ခဲသည်။

သို့သော် အခက်ခဲဆုံးမှာ ချည်နှောင်ခြင်းအဆောင် ပင် ဖြစ်သည်။

၎င်းမှာ အလွန်ရှုပ်ထွေးပြီး ပြုလုပ်မည့်သူအနေဖြင့် အတွေ့အကြုံ အတော်အတန် ရှိရန် လိုအပ်သည်။

"နောက်ရက်အနည်းငယ်မှာ ဒီအခန်းထဲမှာပဲ နေပါ"

ဖန့်ချန်က အခန်းကို ညွှန်ပြကာ မင်းသမီးကို ပြောလိုက်သည်။

"အရေးမကြီးရင် အပြင်မထွက်ပါနဲ့"

"ကောင်းပါပြီ"

မင်းသမီးက အမူအရာကင်းမဲ့စွာ ခေါင်းငြိမ့်ပြပြီး အခန်းထဲသို့ ဝင်သွားသည်။

ကျန်းကျုံးက စိုးရိမ်တကြီး မေးသည်။

"ကျွန်တော်တို့ ဒီမှာ ရက်အတော်ကြာ နေရမှာလား ဂိုဏ်းချုပ်ဖန့်"

"အဆင်ပြေမှာပါ ငါတို့ ဒီကို လာလိမ့်မယ်လို့ သူတို့ ထင်မှာ မဟုတ်ဘူး ငါတို့ကို ရှာတွေ့ဖို့ သူတို့ အချိန်ယူရဦးမှာပဲ"

ဖန့်ချန်က ဆိုသည်။

"ငါလည်း နောက်ရက်အနည်းငယ်မှာ အဝါရောင်အဆင့်လတ် အဆောင်အချို့ကို သန့်စင်ဖို့ အလုပ်များနေလိမ့်မယ်"

ကျန်းကျုံးက လေးလေးနက်နက် ခေါင်းငြိမ့်လိုက်သော်လည်း စိုးရိမ်နေဆဲပင်။

သူသည် မိမိဘေးကင်းရေးထက် ကျန်းထျန်းအိုက် ဘေးကင်းရေးကိုသာ ပို၍ ပူပန်နေခြင်း ဖြစ်သည်။

သို့သော်လည်း အရင်က သွေးဝိညာဉ်ဂိုဏ်း ၏ အမြဲတမ်း လိုက်လံဖမ်းဆီးခြင်းကို ခံနေရသည့် အခြေအနေနှင့် ယှဉ်လျှင် ယခုအခြေအနေမှာ များစွာ တော်သေးသည်ဟု ဆိုရမည်။

ဖန့်ချန်သည် သူရရှိထားသော ဝိညာဉ်ပစ္စည်းအားလုံးကို ထုတ်ယူလိုက်သည်။

ပစ္စည်းမျိုးစုံနှင့် ရတနာများစွာကို ခင်းကျင်းလိုက်ရာ ဓားငယ်လေး မှာ အလွန်ပင် စိတ်လှုပ်ရှားစွာဖြင့် ထိုပစ္စည်းများကို စတင်စားသုံးတော့သည်။

"ဖန့်ချန်လေး ဒါက အရမ်းစားကောင်းတာပဲ ငါ ပိုပြီး သန်မာလာသလို ခံစားရတယ်"

ဟု ဓားလေးက ဝိညာဉ်ပစ္စည်းများကို ဝါးမြိုရင်း ဝမ်းသာအားရ ပြောလိုက်သည်။

ဓားလေးသည် ပို၍ပို၍ ဉာဏ်ရည်ထက်မြက်လာသည်ကို ဖန့်ချန် အာရုံခံမိသည်။

ယခုအခါ ၎င်း၏အသံမှာ ဆယ်ကျော်သက်တစ်ဦး၏ အသံနှင့် ဆင်တူနေပြီ ဖြစ်သည်။

"ကြိုက်သလောက် စားပါ"

ဖန့်ချန် ရယ်မောလိုက်သည်။

"ဓားခန္ဓာကိုယ်ရဲ့ တတိယအဆင့်ကို ရောက်ဖို့ ဘယ်လောက် လိုသေးလဲ"

"ဝေးပါသေးတယ်"

ဓားလေးက ဆိုသည်။

"အခုလို အစားအစာမျိုး အနည်းဆုံး အကြိမ် နှစ်ဆယ်လောက် ထပ်စားရဦးမယ်"

နှစ်ဆယ် ဖန့်ချန် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

ထိုတစ်နပ်တည်းတင် အဆင့်နိမ့် ဝိညာဉ်ကျောက်ပေါင်း တစ်သောင်းကျော် ကုန်ကျသွားပြီဖြစ်သည်။

၎င်းမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်အတွက်ပင် အလွန်အမင်း အသုံးအဖြုန်းကြီးလွန်းလှသည်။

ဓားလေးမှာ တကယ်ကို စားဖားလေးပင် ဖြစ်တော့သည်။

တစ်နာရီခန့် ကြာသောအခါ ဓားလေးမှာ ဗိုက်ဝပြီး ကျေနပ်သွားကာ ဖန့်ချန်၏ ဘေးတွင် ငွေရောင်ငါးလေးတစ်ကောင်ကဲ့သို့ ကူးခတ်နေသည်။

၎င်း၏ အရှည်မှာ သုံးလက်မခန့် ရှိလာပြီး ဓားမြှောင်လေးတစ်စင်းနှင့် တူလာသည်။

၎င်းနှင့်အတူ တိုက်ခိုက်ရေး စွမ်းအားလည်း အနည်းငယ် တိုးလာသည်။

ဖန့်ချန်သည် ဓားလေးနှင့် ပေါင်းစပ်ကာ ဓားခန္ဓာကိုယ်၏ စွမ်းအားကို စမ်းသပ်ကြည့်ရာ ဝိညာဉ်ကျောက် တစ်သောင်းကျော်မှာ အလကား မဖြစ်သွားကြောင်း တွေ့လိုက်ရသည်။

ဓားခန္ဓာကိုယ်၏ အစွမ်းမှာ အနည်းဆုံး တစ်ဆခန့် တိုးလာသည်။

၎င်းမှာ ချီသန့်စင်ခြင်းအဆင့် (၁၂) ကျင့်ကြံသူ တစ်ဦးနှင့် ညီမျှနေပြီ ဖြစ်သည်

နောက်ရက်များတွင် ဖန့်ချန်သည် အမြင်မှားအဆောင်ကို စတင်ပြုလုပ်ခဲ့ရာ ၎င်းမှာ မည်မျှ ခက်ခဲကြောင်း ချက်ချင်း သိလိုက်ရသည်။

အဆောင်စုတ်တံအသစ်၏ တည်ငြိမ်မှုနှင့် သူ၏ ပေါများလှသော ဝိညာဉ်စွမ်းအားများ ရှိနေလင့်ကစား အဆောင်ရေးဆွဲသည့်အခါ သူ၏လက်မှာ မတုန်ဘဲ မနေနိုင်အောင် ဖြစ်နေရသည်။

သူ အကြိမ်ပေါင်းများစွာ ကြိုးစားသော်လည်း အကြိမ်တိုင်း ကျရှုံးခဲ့သည်။

တစ်ဆယ်ရာခိုင်နှုန်းလောက်အထိတောင် မရောက်ခင်မှာပဲ ပျက်စီးသွားလေ့ရှိသည်။

သူ့တွင်ရှိသော အဆောင်ပစ္စည်းများမှာလည်း လျင်မြန်စွာ ကုန်ဆုံးလာသည်။

ဝိညာဉ်ကျောက် နှစ်ထောင်ဖိုးခန့်ရှိသော ပစ္စည်းများ၏ ဆယ်ပုံတစ်ပုံမှာ ကုန်သွားပြီ ဖြစ်သော်လည်း အမြင်မှားအဆောင် တစ်ခုမှ အောင်မြင်အောင် မရေးနိုင်သေးပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် ငါးရက် ကုန်ဆုံးသွားသည်။

ထိုငါးရက်အတွင်း ဖန့်ချန်၏ ဝိညာဉ်စွမ်းအားမှာ အကြိမ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သော်လည်း သူ၏ သိုလှောင်နိုင်စွမ်းမှာ ပို၍ပို၍ များပြားလာသည်။

သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ မတက်လှမ်းသေးသော်လည်း သူ၏ ဝိညာဉ်စွမ်းအား တိုးပွားလာမှုမှာ အဆုံးမရှိသကဲ့သို့ပင်။

ချီသန့်စင်ခြင်းအဆင့် (၁၂) ကျင့်ကြံသူ တစ်ဆယ်ကျော်၏ စွမ်းအားကို ပေါင်းလိုက်လျှင်ပင် သူ၏ ပြင်းထန်သော ဝိညာဉ်စွမ်းအားကို မယှဉ်နိုင်တော့ပေ။

ဖန့်ချန်သည် အမြင်မှားအဆောင် ရေးဆွဲရာတွင် သိသာသော တိုးတက်မှုများ ရှိလာခဲ့သည်။

ယခုအခါ ကိုးဆယ်ရာခိုင်နှုန်းအထိ အောင်မြင်အောင် ရေးဆွဲနိုင်ပြီဖြစ်ရာ ကျန်ရှိသော ဆယ်ရာခိုင်နှုန်းကိုသာ ကျွမ်းကျင်သွားပါက သူ၏ ပထမဆုံး အမြင်မှားအဆောင်ကို အောင်မြင်စွာ အချောသတ်နိုင်တော့မည် ဖြစ်သည်။

နောက်ဆုံးတွင် ရက်အတော်ကြာ လှုပ်ရှား၍မရဘဲ ဖြစ်နေသော ရှကျီထံမှ အလွန်ခက်ခဲစွာ ပြောလိုက်သော အသံကို ဖန့်ချန် ကြားလိုက်ရသည်

"ဖန့်... ချန် ..."

ဖန့်ချန်သည် ချက်ချင်းပင် စုတ်တံကို ချကာ ရှကျီ၏ ဘေးသို့ သွားလိုက်သည်။

"ချည်နှောင်ခြင်းအဆောင်ရဲ့ အစွမ်းက ပြယ်သွားပြီလား"

"ငါ... ငါ... အများကြီး... သက်သာလာပြီ..."

ရှကျီ သည် စကားပြောရန် ခက်ခဲနေဆဲဖြစ်ပြီး သူ၏ လက်ချောင်းများမှာ အနည်းငယ် တုန်ယင်နေသည်။

"မစိုးရိမ်နဲ့၊ နောက်တစ်နာရီ ဒါမှမဟုတ် နှစ်နာရီအတွင်းမှာ လုံးဝ ပြယ်သွားမှာပါ"

ဖန့်ချန်က ပြုံးလျက် ဆိုသည်။

သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်မြင့်မားသော်လည်း ချည်နှောင်ခြင်းအဆောင်၏ အစွမ်းကိုမူ သူ မဖြေဖျောက်နိုင်ပေ။

၎င်း၏ အာနိသင် အလိုလို ကုန်ဆုံးသွားသည်ကိုသာ စောင့်ကြည့်နေရုံ တတ်နိုင်သည်။

နှစ်နာရီ ကြာပြီးနောက် ရှကျီသည် ရုတ်တရက် မြေပြင်ပေါ်သို့ လဲကျသွားပြီး သက်ပြင်းအရှည်ကြီး ချလိုက်သည်။

"တော်တော်လေး အသက်ရှူကျပ်စရာ ကောင်းတာပဲ"

"ဟားဟား... ဘယ်လိုနေလဲ"

ဖန့်ချန်က မေးလိုက်သည်။

"ပင်ပန်းတာပေါ့ တော်သေးတာက အိပ်ပျော်သွားလိုက်လို့ပဲ"

ရှကျီက ခါးသီးစွာ ရယ်မောလိုက်ပြီးနောက် ဖန့်ချန်ကို မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။

"ဖန့်ချန် မင်း ဘယ်တုန်းက ကျင့်ကြံခြင်းကို စတင်ခဲ့တာလဲ"

"လွန်ခဲ့တဲ့ တစ်နှစ်လောက်ကပေါ့"

"တစ်နှစ်"

ရှကျီ၏ မျက်လုံးများ အံ့ဩလွန်းသဖြင့် ပြူးထွက်သွားသည်။

"မင်း ကျင့်ကြံတာ တစ်နှစ်ပဲ ရှိသေးတာလား"

ဖန့်ချန်က ခေါင်းအသာငြိမ့်ပြကာ

"အဲ့ဒီဝန်းကျင်လောက်ပါပဲ"

ဟု ဆိုသည်။

"မင်းက တကယ့် ကောင်ပဲ"

ရှကျီ ၏ မျက်နှာမှာ အမျိုးမျိုး ပြောင်းလဲနေသည်။

"တစ်နှစ်တည်းနဲ့ မိစ္ဆာဘုရင် ထျန်းဖုန်းကို သတ်နိုင်တယ်လား သူက အခြေခံတည်ဆောက်ခြင်း အလယ်လတ်လေ မဟုတ်သေးဘူး သူက သာမန် အလယ်လတ် ကျင့်ကြံသူ မဟုတ်ဘူး အဆင့်တူ သုံးယောက်ကိုတောင် ရင်ဆိုင်နိုင်တဲ့သူလေ"

ဖန့်ချန်က ပြုံးလျက်

"ဒါတွေက ပြောရရင် နည်းနည်း ရှုပ်ထွေးတယ်"

ဟု ဆိုလိုက်သည်။

ရှမင် သက်ပြင်းချလိုက်သည်။

"ငါ နားလည်ပါတယ် ကျင့်ကြံခြင်းလောကမှာ ပြောရခက်တဲ့ ကိစ္စတွေ အများကြီး ရှိတာပဲ အရင်က ထောက်ယွီ ငါ့ကို ဆက်သွယ်ပြီး မင်းရဲ့ သိုင်းပညာတွေ ပြန်ကောင်းလာပြီလို့ ပြောတုန်းက ငါမယုံခဲ့ဘူး မင်းက ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာကိုး"

"ညီအစ်ကို မြို့တော်မှာ မင်းရဲ့လူတွေ ဘယ်လောက် ကျန်သေးလဲ"

ဖန့်ချန်က ပြုံးစစဖြင့် မေးလိုက်သည်။

ရှကျီက ရယ်မောလျက်

"ပြောလို့မရဘူး ပြောလို့မရဘူး ဒါပေမဲ့ မင်းရဲ့ လျှို့ဝှက်အဖွဲ့ နဲ့ ယှဉ်ရင်တော့ ဘာမှမဟုတ်ပါဘူး"

ဟု ဆိုသည်။

"ဒါဆိုရင်လည်း ထားလိုက်ပါတော့"

ဖန့်ချန်က ပြုံးလျက်မှ လေသံကို ပြောင်းကာ တည်ကြည်စွာ မေးလိုက်သည်။

"သွေးဝိညာဉ်ဂိုဏ်း အကြောင်း မင်း ဘယ်လောက် သိထားလဲ"

အခန်း ၃၀၄ - မဏ္ဍိုင်ကြီး သုံးရပ်

ရှကျီ ၏ မျက်နှာမှာ တည်ကြည်သွားသည်။

"ငါလည်း မင်းထက် ပိုသိတာ သိပ်မရှိပါဘူး ငါသိတာကတော့ ဒီဂိုဏ်းဟာ အရိပ်ထဲမှာ ပုန်းအောင်းပြီး သာမန်လူသားတွေရဲ့ သွေးကို သုံးပြီး သွေးဝိညာဉ်ဆေးလုံး.တွေ ဖော်စပ်ဖို့ ကြံစည်လေ့ရှိတာပဲ"

" 'သုံးလောကတောင်တန်း မှာ မင်းရှုံးနိမ့်ခဲ့တာက ငါတို့ထင်သလို ရိုးရိုးလေး မဟုတ်ဘူး "

"အပေါ်ယံကြည့်ရင်တော့ ယင်ချန်းအင်ပါယာက တိုက်ခိုက်ပြီး နှင်းရေခဲ့အင်ပါယာကလည်း ကြည့်နေခဲ့လို့ မင်းဆီကို စစ်ကူမရောက်ဘဲ စစ်သူကြီး ရှောင်လန် လက်ထဲမှာ ရှုံးခဲ့တာလို့ ထင်ရပေမဲ့ တကယ်တော့ မဟုတ်ဘူး"

"ငါ လွန်ခဲ့တဲ့ ငါးနှစ်လုံးလုံး ချင်းစုန်အင်ပါယာကို စုံစမ်းကြည့်ခဲ့တာ စစ်သူကြီး ရှောင်လန်ကိုယ်တိုင်တောင် မင်းကို ဒီလောက်လွယ်လွယ်နဲ့ အနိုင်ရလိုက်တာကို ဇဝေဇဝါ ဖြစ်နေခဲ့တာ"

ဖန့်ချန် ၏ မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။

"မင်း ဘာကို ဆိုလိုတာလဲ"

"မင်းရဲ့ နဂါးစစ်သူကြီး သုံးယောက် သေဆုံးသွားတယ် မဟုတ်လား ဒါပေမဲ့ ထူးဆန်းတာက စစ်သူကြီး ရှောင်လန်က ငါ့ကို ပြောဖူးတယ် သူက မင်းရဲ့ နဂါးစစ်သူကြီးတွေကို သတ်ဖို့ သူ့ရဲ့ ပညာရှင်တွေကို အမိန့်မပေးခဲ့ဘူးတဲ့"

"အဲ့ဒီအချိန်တုန်းက ချင်းစုန်အင်ပါယာရဲ့ အင်အားအရ ပညာရှင်တွေကို အကုန်ထုတ်သုံးဖို့ မတတ်နိုင်ဘူး သူက သူ့ရဲ့ အင်အားအများစုကို တခြား ပိုအရေးကြီးတဲ့ နေရာတွေမှာပဲ ဖြန့်ထားတာ မင်းရဲ့ နဂါးစစ်သူကြီး လေးယောက်က သူ့ရဲ့ အဓိက ပစ်မှတ်မဟုတ်ဘူး"

"ဒါကြောင့် မင်းရဲ့ စစ်သူကြီး သုံးယောက်ကို သတ်ခဲ့တဲ့ လူသတ်သမားတွေက ချင်းစုန်းအင်ပါယာက လူတွေ မဟုတ်ဘူး သူတို့က ယင်ချန်းအင်ပါယာက လာတာ ဖြစ်နိုင်ခြေ အများဆုံးပဲ"

"ဒါပေမဲ့ ယင်ချန်းအင်ပါယာကလည်း ချင်းစုန်းအတွက်နဲ့ ဒီလောက်အထိ အားစိုက်ထုတ်မှာ မဟုတ်ဘူး အဲ့ဒီနောက်ကွယ်မှာ တစ်ခုခု ရှိနေရမယ်"

"ဒါဟာ သွေးဝိညာဉ်ဂိုဏ်း ရဲ့ လက်ချက်ပဲ ဖြစ်ရမယ် ဒါကို သူတို့ပဲ လုပ်နိုင်တာ သူတို့က ယင်ချန်းအင်ပါယာထဲမှာ ကျင့်ကြံသူတွေ ရှိထားတာလေ"

ဖန့်ချန် ငြိမ်သက်သွားကာ စဉ်းစားနေမိသည်။

သွေးဝိညာဉ်ဂိုဏ်းက နောက်ကွယ်မှာ ရှိနေနိုင်ကြောင်း သူ သံသယရှိခဲ့သော်လည်း ခိုင်မာသော သက်သေ မရှိခဲ့ပေ။

ရှကျီက ရုတ်တရက် ပြုံးလိုက်သည်။

"ဖန့်ချန် အဲ့ဒီတုန်းက စစ်သူကြီး ရှောင်လန်က မင်းကို ဘာလို့ မသတ်ခဲ့တာလဲဆိုတာ မင်းသိလား"

"ဘာလို့လဲ"

ဖန့်ချန်က မေးသည်။

"သူပြောတာကတော့ ငါ့ကို အရှင်ထားတာက သေတာထက် ပိုခံစားရအောင်လို့တဲ့ တကယ်လည်း အဲ့ဒီငါးနှစ်က မလွယ်ကူခဲ့ပါဘူး"

ရှမင်၏ အပြုံးများ ပျောက်ကွယ်သွားသည်။

"ဘာလို့လဲဆိုတော့ သူ တစ်ခုခု မှားနေတာကို ရိပ်မိလို့ပဲ ဘာမှားနေလဲဆိုတာ သူ အတိအကျ မသိပေမဲ့ တစ်စုံတစ်ယောက်ရဲ့ ကြိုးဆွဲရာ ကနေရသလို ခံစားချက်မျိုး သူရခဲ့တယ် အဲ့ဒါကြောင့် မင်းရဲ့ အသက်ကို ချန်ထားပေးခဲ့တာ"

"အခု ပြန်တွေးကြည့်ရင်တော့ သူ့ရဲ့ ဆုံးဖြတ်ချက်က တော်တော်လေး မှန်ကန်တယ်လို့ ဆိုရမယ်သူက သူ့အတွက် လမ်းစတစ်ခု ချန်ထားခဲ့တာပဲ"

ရှကျီ ခေတ္တရပ်ကာ ဆက်ပြောသည်

"ယင်ချန်းရော ချင်းစုန်မှာပါ သွေးဝိညာဉ်ဂိုဏ်းက ကျင့်ကြံသူတွေ ရှိနေနိုင်တယ် ငါတို့ တစ်ခုခု လုပ်မယ်ဆိုရင် သုံးလောကတောင်တန်း တိုက်ပွဲလိုမျိုး နောက်တစ်ကြိမ် မဖြစ်ရလေအောင် သူတို့ကို တစ်ယောက်ချင်း စီစစ်ပြီး ကိုင်တွယ်ရလိမ့်မယ်"

"သွေးဝိညာဉ်ဂိုဏ်း ကျင့်ကြံသူတွေက ခြေရာဖျောက်ရာမှာ အရမ်းတော်တယ် သူတို့ကို တစ်ယောက်ချင်း လိုက်ရှာဖို့က မလွယ်ဘူး သူတို့ကို အပြင်ထွက်လာအောင် မျှားခေါ်ဖို့ တစ်ခုခု လိုအပ်တယ်"

ဖန့်ချန်၏ မျက်နှာတွင် တွေးတောနေသော အမူအရာ ပေါ်လာသည်။

"ဒါတွေ အားလုံးကို ထားပါဦး မင်းရဲ့ ဖခင်အကြောင်းကော"

"ငါ ထောက်ယွီ ကို ပြောပြီး မင်းကို သတိပေးခိုင်းထားသားပဲ မင်းလည်း ရိပ်မိမှာပါ ငါ့အဖေက သံသယဖြစ်စရာ ကောင်းတယ်ဆိုတာ"

ရှကျီက ခေါင်းငြိမ့်ပြသည်။

"ငါ လေးနှစ်သားမှာ ငါ့ဆရာနဲ့ တွေ့ခဲ့တာ ဆရာက ငါ့ကို အများကြီး သင်ပေးခဲ့တယ် ဒါပေမဲ့ အဲ့ဒီတုန်းက ငါက ကျင့်ကြံသူ မဟုတ်သေးဘူး"

" ငါ အသက် ၁၃ နှစ်ကျမှ ပထမဆုံး မသေမျိုးသွေးကြောကို စုစည်းနိုင်ခဲ့တာ အဲ့ဒီနေ့ကစပြီး နန်းတော်ထဲမှာ ထူးဆန်းတဲ့ အရာတွေကို ငါ စတင်အာရုံခံမိလာတယ်"

"ငါ အတိအကျတော့ မပြောနိုင်ပေမဲ့ နောက်ပိုင်းနှစ်တွေမှာ ငါ သေသေချာချာ စောင့်ကြည့်ခဲ့တယ်"

"နောက်ဆုံးတော့ တစ်နေ့မှာ အရမ်းထိတ်လန့်စရာကောင်းတဲ့ အရာတစ်ခုကို ငါတွေ့လိုက်ရတယ် ငါ့အဖေက သိုင်းပညာရှင်တစ်ယောက်ကို ဆေးလုံးအဖြစ် သန့်စင်နေတာကို ငါကိုယ်တိုင် မြင်ခဲ့တာ"

ရှကျီ၏ အသံမှာ လေးနက်သွားသည်။

"အဲ့ဒီအချိန်မှာပဲ ငါ့အဖေဟာ ငါ့ဆရာပြောပြဖူးတဲ့ မိစ္ဆာကျင့်ကြံသူ ဆိုတာကို ငါသိလိုက်ရတော့တာပဲ"

"ရှရွှမ်ကျီ က အဲ့ဒီတုန်းက အခြေခံတည်ဆောက်ခြင်းအဆင့်မှာ ရှိနေသင့်တာ သူက မင်း ကျင့်ကြံသူဖြစ်သွားတာကို သတိမထားမိဘူးလား"

ဖန့်ချန် မျက်မှောင်ကြုတ်လိုက်သည်။

ရှရွှမ်ကျီသည် ဖန့်ချန်၏ ကျင့်ကြံမှုကို မသိနိုင်ခြင်းမှာ ဖန့်ချန်တွင် အစွမ်းထက်သော ဝိညာဉ်ရှိနေသောကြောင့် ဖြစ်သည်။

သို့သော် ရှကျီတွင် ထိုကဲ့သို့သော ဝိညာဉ်လည်းမရှိ ရတနာလည်း မရှိဘဲ ရှရွှမ်ကျီ၏ မျက်စိအောက်တွင် မည်သို့ ပုန်းကွယ်နိုင်ခဲ့သနည်း

ရှကျီ ခါးသီးစွာ ပြုံးလိုက်သည်။

"သူ သတိထားမိသလား မသိဘူးလား ဆိုတာ ငါမသေချာဘူး ဒါပေမဲ့ ငါ ကျင့်ကြံသူဖြစ်ပြီးတဲ့နောက် ငါ့အဖေ ငါ့ကိုကြည့်တဲ့ မျက်လုံးတွေက ထူးဆန်းတဲ့ အရောင်တစ်မျိုး လက်နေတတ်တာကိုတော့ ငါသိတယ် ဒါပေမဲ့ သူ ငါ့ကို တစ်ခါမှ မမေးခဲ့ဘူး သူ့ရဲ့ အမူအရာကလည်း အရင်အတိုင်းပဲ"

ရှကျီက ဖန့်ချန်ကို ရုတ်တရက် ကြည့်လိုက်သည်။

"အခု မဟာရှ မှာ ဘာတွေ ဖြစ်နေပြီလဲ ငါ့အဖေ အသက်ရှင်သေးရဲ့လား"

ဖန့်ချန်က ခေါင်းငြိမ့်ပြပြီး မဟာရှမှာ လွန်ခဲ့တဲ့ တစ်နှစ်အတွင်း ဖြစ်ပျက်ခဲ့သမျှနှင့် ဟင်းလင်ပြင်မြို့တော် က ကိစ္စတွေကို ပြောပြလိုက်သည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရှကျီက ပြောသည်။

"သုံးလောကတောင်တန်း တိုက်ပွဲမှာ ငါ့အဖေ ပါဝင်ပတ်သက်နေခဲ့တာပဲ"

"ဟုတ်တယ် ငါတို့တွေက ကြိုးဆွဲရာ ကခဲ့ရတဲ့ ရုပ်သေးတွေပဲ"

ဖန့်ချန် ခေါင်းငြိမ့်ပြသည်။

"အခု ပြန်စဉ်းစားကြည့်ရင် ချင်းစုန်အင်ပါယာက လူတွေလည်း အများကြီး သေခဲ့ရတာပဲ"

"ဖန့်ချန် မင်းစဉ်းစားဖူးလား ငါ့အဖေက ဘာလို့ မင်းကို ရင်မဆိုင်ဘဲ မြို့တော်ကနေ ထွက်သွားဖို့ ရွေးချယ်ခဲ့တာလဲဆိုတာ ငါတို့မသိတဲ့ အကြောင်းပြချက် တစ်ခုခု ရှိနေနိုင်မလား"

"ဘာကြောင့်လဲဆိုတာ ငါမသိပေမဲ့ ငါ့ရဲ့ အဒေါ်က သူ့လက်ထဲမှာ ရှိနေတယ်ဆိုတာတော့ ငါသိတယ်ဟင်းလင်ပြင်မြို့တော် အပြင်ဘက်မှာ ငါတွေ့ခဲ့တဲ့ ဓားအလင်းက သူ့ကို မသတ်နိုင်ခဲ့ဘူးဆိုရင် နောက်တစ်ခါ တွေ့တဲ့အခါ ငါကိုယ်တိုင် သူ့ကို သတ်မယ်"

ရှကျီသက်ပြင်းချလိုက်သည်။

"ဖန့်ချန် ငါ မင်းကို အပြစ်မတင်ပါဘူး ငါ့အဖေက မင်းအပေါ် မှားခဲ့တာပဲ အဲ့ဒီဓားက သူ့ကို မသတ်နိုင်ခဲ့လို့ နောင်မှာ ငါနဲ့ တွေ့ခဲ့ရင် မိဖုရားကြီး ဘယ်မှာလဲဆိုတာ ငါ မင်းအတွက် ရှာပေးပါ့မယ်"

"ဒါတွေကို ခဏ ထားလိုက်ပါဦး"

ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။

"မင်းအကြောင်း ပြောပါဦး ဘယ်လိုတွေ ဖြတ်သန်းခဲ့ရလဲ"

ရှကျီ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။

"ငါ့ဆရာက မဟာချန်း အင်ပါယာက စွမ်းအားမြင့်ဗလာကျောင်းတော် ရဲ့ ဆရာတော် ချန်ယွမ် ပဲ ဆရာ့မှာ တပည့် နောက်ထပ် နှစ်ယောက် ရှိသေးတယ် အစ်ကိုကြီး လျို နဲ့ အစ်မကြီး ဝူ ပေါ့"

"လွန်ခဲ့တဲ့ ရက်ပိုင်းက ငါ စကားစစ်ထိုးပွဲ တစ်ခုမှာ ကျွယ်မိသားစု ရဲ့ အကြီးအကဲ ကျွယ်ဝူတီ ကို စော်ကားမိခဲ့တယ် သူက ငါ့ရဲ့ စီနီယာ အစ်ကိုနဲ့ အစ်မကို တိုက်ခိုက်ဖို့ လူလွှတ်ခဲ့ရုံတင်မကဘူး ငါ့ကိုပါ သတ်ဖို့ ကြိုးစားခဲ့တာ"

"ကျွယ်မိသားစုက မဟာချန်း အင်ပါယာမှာ အဲ့လောက်တောင် အင်အားကြီးတာလား"

ဖန့်ချန်က မေးသည်။

"အရမ်းကြီးတာပေါ့"

ရှမင် ခေါင်းငြိမ့်ပြသည်။

"ဖန့်မိသားစု တော်ဝင်မိသားစုတို့နဲ့အတူ ကျွယ်မိသားစုဟာ မဟာချန်းရဲ့ မဏ္ဍိုင်ကြီး သုံးရပ် ပဲ သူတို့ရဲ့ ဘိုးဘေးတွေဟာ အကုန်လုံး ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင်တွေချည်းပဲ"

ဖန့်မိသားစု

ဖန့်ချန်၏ စိတ်ထဲ လှုပ်ခတ်သွားသည်။

၎င်းမှာ ဖန့်မိသားစု၏ ပင်မမျိုးနွယ်စု ဖြစ်နိုင်ခြေ များသည်။

သူတို့၏ အဆင့်အတန်းက တော်ဝင်မိသားစုနှင့် တန်းတူ ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"မင်းရဲ့ဆရာက ဗုဒ္ဓဘာသာ ဆရာတော်ဆိုတော့ မင်းက ဘာလို့ ဘုန်းကြီး မဝတ်တာလဲ"

ဖန့်ချန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"အဲ့ဒါက ရှည်လျားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ ငါတို့ကျောင်းတော်က တစ်ခါက အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို စော်ကားမိခဲ့ဖူးတယ်"

"အဲ့ဒီတုန်းက ကျောင်းတော်က ဆရာတွေ အကုန်လုံး အသတ်ခံခဲ့ရပြီး ငါ့ဆရာ တစ်ယောက်ပဲ အသက်ရှင်ခဲ့တာ အဲ့ဒီအချိန်မှာ ငါ့ဆရာက ချီသန့်စင်ခြင်း အဆင့် (၁) ပဲ ရှိသေးတဲ့ ဘုန်းကြီးလေးပဲ"

"အဲ့ဒီလူက ဆရာ့ကို အသက်ချမ်းသာပေးခဲ့ပေမဲ့ ဒီကျောင်းတော်ကနေ နောက်ထပ် ဗုဒ္ဓဘာသာ တပည့်တွေ လက်မခံဖို့ တားမြစ်ခဲ့တယ် အဲ့ဒါကြောင့် အစ်မကြီးဝူ အစ်ကိုကြီးလျိုနဲ့ ငါတို့က ဘာသာရေးထဲ မဝင်ခဲ့ကြတာ"

ဖန့်ချန် နားလည်သလို ခေါင်းငြိမ့်ပြသည်။

"ဖန့်ချန် အခု မင်းက ဘယ်ကို သွားမှာလဲ ချင်းဟူအင်ပါယာကိုကော ဘာလို့ ရောက်လာတာလဲ ပြီးတော့ ဟိုလူနှစ်ယောက်ကကော ဘယ်သူလဲ"

"ငါက မဟာချန်း အင်ပါယာကို သွားမလို့လေ လမ်းမှာ သူတို့နဲ့ တွေ့တာ သူတို့က ဆွေမျိုးတွေဆီ ခိုလှုံဖို့ သွားကြတာ ငါလည်း ဟိုမှာ လုပ်စရာ ကိစ္စလေးတွေ ရှိလို့ နောက်ရက်ပိုင်းအတွင်းမှာ ခရီးဆက်ဖို့ ငါတို့ စီစဉ်ထားတယ်"

ရှကျီ မျက်မှောင်ကြုတ်လိုက်သည်။

"ငါ မဟာချန်းကို ပြန်သွားရင်တော့ ကျွယ်ဝူတီ လက်ထဲကို သေချာပေါက် ရောက်မှာပဲ"

"မင်းရဲ့ ကိစ္စကို ငါ တစ်ခါတည်း ရှင်းပေးမယ် သူ မင်းကို ထပ်နှောင့်ယှက်ရင် ငါ သူ့ကို သတ်ပစ်မယ်"

ဖန့်ချန်က ပြုံးလျက် ဆိုသည်။

"မလုပ်နဲ့"

ရှမင်က ခေါင်းခါပြသည်။

"သူ့ကို သတ်ချင်ရင်တောင် မဟာချန်းထဲမှာတော့ မလုပ်နဲ့ ဟိုမှာရှိတဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူက မင်းကို အလွယ်တကူ ဖမ်းမိသွားလိမ့်မယ်"

"ငါ့အဖိုး ပြောပြဖူးတာတော့ ငါတို့ ဖန့်မိသားစုရဲ့ ဘိုးဘေးတွေကလည်း တစ်ချိန်က ကျင့်ကြံသူ မိသားစု ဖြစ်ခဲ့ဖူးတယ်တဲ့"

ဖန့်ချန်က အဓိပ္ပာယ်ပါပါ ပြုံးလျက် ပြောလိုက်သည်။

ရှကျီ ခေတ္တမျှ မှင်တက်သွားပြီးမှ တစ်ခုခုကို သဘောပေါက်သွားကာ မယုံနိုင်သော မျက်နှာထားဖြင့် မေးလိုက်သည်

"မဟာချန်း အင်ပါယာ ဖန့်မိသားစု လား"

All Chapters