← Chapters

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

​​အခန်း ၁၆၅ - မိစ္ဆာသုံးကောင် အရေးနိမ့်ခြင်း

​ဖန့်ကျစ်ရွှယ် စကားထစ်လျက် ပြောလိုက်သည်။

"နင် ရူးနေတာလား မင်းကိုယ်မင်း သက်ရှည်ချီစွမ်းအင် အဆင့်ရှိတဲ့ သိုင်းပညာရှင်လို့ ပြောနေတာလား အဲဒီအဆင့်ရဲ့ အစွမ်းက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာ နင်သိရဲ့လား နှင်းရေခဲအင်ပါယာ မှာတောင် အဲဒီအဆင့်ရှိတဲ့သူက လက်ချိုးရေလို့ရတယ် ငါ့အစ်ကိုကြီး တစ်ခါက ပြောပြဖူးတယ်"

​ရှနမင်းသား၏ ဆဌမမြောက်သမီးလေးသည်လည်း ထိုသူ၏ ရဲတင်းလွန်းပြီး အဓိပ္ပာယ်မရှိသော စကားများကို ကြားသောအခါ အံ့အားသင့်ကာ ဝိုင်းစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။

သို့သော် ခဏအကြာတွင် သူမ စိတ်အေးသွားသည်။ ထိုလူမှာ ရူးနေပြီး ပုံကြီးချဲ့ပြောနေခြင်းသာ ဖြစ်ရမည်ဟု သူမ ခံစားလိုက်ရသည်။ မဟုတ်လျှင် မဟာရှ တွင် မည်သူက ထိုမျှ ကြွားဝါရဲပါမည်နည်း

​"မင်းရဲ့အစ်ကို၊ မဟာရှ ရဲ့ အသက်အငယ်ဆုံး ချီအမြုတေအဆင့် ကျင့်ကြံသူတောင် ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

ဟု ကျောက်ယန် က ခပ်ပြုံးပြုံး ဆိုလိုက်သည်။

"မကြာခင်ကမှ သူ မြို့တော်မှာ ကျိလင်ယွဲ့ ကို အနိုင်ယူခဲ့တယ်လို့ ငါကြားတယ် ကျိလင်ယွဲ့ ဆိုတာ အလွန်ဆုံးရှိမှ ကိုယ်တွင်းချီစွမ်းအင် ဒါမှမဟုတ် မွေးရာချီစွမ်းအင် အဆင့်ပဲ ရှိမှာပါ သူ့ကို နိုင်ရုံနဲ့တော့ မြို့စားဖန့် ဟာ မဟာရှ ရဲ့ သူရဲကောင်းလို့ ခေါ်ထိုက်ပါတယ်"

​"ဒါပေမဲ့ မင်းကို ပုံပြင်လေးတစ်ပုဒ် ပြောပြမယ်"

သူ စတင်ပြောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မဟာရှမြစ် ဘေးမှာ နေထိုင်တဲ့ သာမန်တံငါသည် ဇနီးမောင်နှံ ရှိခဲ့တယ်သူတို့က ရိုးသားစွာ ငါးဖမ်းပြီး အသက်မွေးကြတာ ရာသီဥတု ဘယ်လောက်ဆိုးဆိုး နေ့တိုင်း အလုပ်ထွက်ကြတယ် သူတို့ဘဝက အဆင်ပြေပြေရှိပြီး စားဝတ်နေရေးအတွက် မပူခဲ့ရဘူး အဲဒီနောက် သူတို့မှာ သားလေးတစ်ယောက် ထွန်းကားခဲ့တယ်။ အဲဒီ အသက်လေးက သူတို့ဘဝကို ပျော်ရွှင်မှုတွေ ဖြည့်ဆည်းပေးခဲ့တာပေါ့"

​"ဒါပေမဲ့ ကံဆိုးချင်တော့..."

ကျောက်ယန် က ညင်သာစွာ သက်ပြင်းချလိုက်သည်။

"တစ်နေ့မှာတော့ မိုးသက်မုန်တိုင်း ပြင်းထန်ပြီး မဟာရှမြစ်ထဲမှာ လှိုင်းတံပိုးတွေ ထခဲ့ရာက သူတို့ဇနီးမောင်နှံရဲ့ အသက်ကို နှုတ်ယူသွားခဲ့တယ် သူတို့သားလေးက အဲဒီတုန်းက သုံးနှစ်ပဲ ရှိသေးတာစောင့်ရှောက်မယ့်သူ မရှိတော့တဲ့အတွက် သူ အရမ်းဆာလောင်ခဲ့ရတယ် မြက်တွေ၊ သစ်ခေါက်တွေကို စားရတဲ့အထိပဲ မိဘတွေလို ငါးဖမ်းချင်ပေမဲ့ သူတို့က သင်ပေးချိန် မရလိုက်သလို သူကလည်း ငါးဖမ်းနိုင်လောက်အောင် မသန်မာသေးဘူး"

​"နောက်ဆုံးတော့ ဆာလောင်လွန်းလို့ ဗိုက်ဖြည့်ဖို့ တစ်ခုခုတွေ့နိုးနဲ့ တောင်ပေါ်ကို သူ တက်သွားခဲ့တယ် လျှောက်ရင်း လျှောက်ရင်းနဲ့ ကျောက်ဆောင်ကြီးတစ်ခုကို တွေ့ခဲ့တယ် အဲဒီမှာ ထူးဆန်းတဲ့ အသီးတွေ၊ နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ အရိုးစုတစ်ခုနဲ့ စာအုပ်တစ်အုပ်ကို တွေ့ခဲ့တယ် သူ စာမဖတ်တတ်ဘူး၊ ဒါပေမဲ့ အဲဒီအသီးတွေထဲက တစ်လုံးက သူ့ဗိုက်ကို ပြည့်စေခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မသေအောင် ကယ်တင်ခဲ့တယ်"

​"အသီးတစ်လုံးက သူ့ကို တစ်ပတ်လုံး ဗိုက်ပြည့်နေစေတယ်။ ဒါကြောင့် သူ ဗိုက်ဆာတိုင်း အဲဒီကို ပြန်လာပြီး အသီးတစ်လုံး စားလေ့ရှိတယ် အဲဒီအတောအတွင်းမှာ သူက စာသင်ကျောင်းတစ်ခုရဲ့ အပြင်ဘက်မှာ ရပ်ပြီး တိတ်တဆိတ် နားထောင်ခဲ့ရာကနေ စာဖတ်တတ်လာခဲ့တယ်"

ကျောက်ယန် ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။

"စာဖတ်တတ်လာတော့ သူတွေ့ခဲ့တဲ့ စာအုပ်ကို သူ ဖတ်တော့တာပဲ ဗိုက်ဆာရင် အသီးစားတယ်၊ စာအုပ်ထဲကအတိုင်း ကျင့်ကြံတယ် လေးနှစ်ကြာသွားတဲ့အခါမှာတော့ သူဟာ ချီအမြုတေအဆင့် ကို ရောက်သွားခဲ့တယ်"

​"အဲဒီအဆင့်ကို ရောက်တော့မှ သူ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ဝံ့တော့တာ သူ့ရဲ့ ကြိုးစားမှုကြောင့် ကျောင်းတော်တစ်ခုမှာ ပညာသင်ခွင့်ရခဲ့တယ် ဒါပေမဲ့ သူ သိုင်းပညာကို ဘယ်တော့မှ မမေ့ခဲ့ဘူး အသက် ၁၇ နှစ်မှာ သူ သက်ရှည်ချီ စွမ်းအင် အဆင့်ကို ရောက်ခဲ့တယ် အဲဒီအချိန်ကျမှ အဲဒါကို မြေကမ္ဘာနက်ရနဲခြင်းအဆင့်ရဲ့ စတုတ္ထမြောက်အဆင့်လို့ ခေါ်မှန်း သူသိလိုက်ရတာ"

​"ဒါပေမဲ့ သိုင်းပညာရှင်တစ်ယောက် ဘယ်လောက်ပဲ အစွမ်းထက်ပါစေ သူ့တိုင်းပြည်ကို အကျိုးပြုရမယ် ဒါကြောင့် သူက စာကို ကြိုးစားသင်ယူခဲ့တာ၊ တစ်နေ့မှာ နန်းတွင်းအရာရှိ ဖြစ်လာပြီး သူ့ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ပေါ့"

​ထိုနေရာအထိ ရောက်လာသောအခါ ဖန့်ကျစ်ရွှယ် နှင့် ဆဌမမြောက်သမီးလေးတို့သည် သူ ပြောနေသည်မှာ သူ၏အကြောင်းဖြစ်ကြောင်း သိလိုက်ကြသည်။

​ဖန့်ကျစ်ရွှယ် စိတ်ထဲမှ ထိတ်လန့်သွားသည်။

"ဒါဆို... သူက တကယ်ပဲ မြေကမ္ဘာနက်နဲခြင်းအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတာလား"

​ထိုစဉ် ဆဌမမြောက်သမီးလေးက တစ်ခုခုကို သတိရသွားဟန်ဖြင့် အော်ဟစ်လိုက်သည်။ သူမက ကျောက်ယန် ကို တုန်တုန်ရီရီ လက်ညှိုးထိုးကာ

"ရှင်က... ရှင်က အစ်ကို ကျောက်ယန် ပဲ"

​ကျောက်ယန် ပြုံးလိုက်သည်။

"မင်း ငါ့ကို မှတ်မိသေးတာပဲ ရှဟယ် "

​"မမ ကျိရွှယ်၊ မကြောက်ပါနဲ့။ အစ်ကို ကျောက်ယန် က ကျွန်မတို့ကို အန္တရာယ် မပေးပါဘူး"

ဟု ရှဟယ် က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

​ကျောက်ယန် ၏ မျက်နှာမှာ တည်ငြိမ်သွားပြီး ရှဟယ် ကို မှင်သက်စွာ ကြည့်နေသည်။ ခဏအကြာမှ သူ၏ အကြည့်ကို လွှဲလိုက်ပြီး

"ငါ မင်းကို အန္တရာယ် မပေးဘူးလို့ ဘာလို့ ဒီလောက် ယုံကြည်နေတာလဲ"

​"ဘာလို့လဲဆိုတော့ ရှင်က အစ်ကို ကျောက်ယန် မလို့ပေါ့! ရှင် ကျွန်မကို ဘုရားကျောင်းတွေ လိုက်ပို့တုန်းက လမ်းဘေးက သူတောင်းစားတွေကို မကြည့်ရက်လို့ ရှင့်ရဲ့ ရက်ပေါင်းများစွာစာ စားစရိတ်တွေကို အကုန်ပေးခဲ့တာလေ အစ်ကိုကြီး ပြောပြတာက ရှင့်မှာ ထမင်းစားဖို့ ပိုက်ဆံမရှိတော့လို့ ရက်အတော်ကြာ အငတ်ခံခဲ့ရတယ်ဆို"

ဟု ရှဟယ် က ဆိုသည်။

​"ငါက သိုင်းပညာရှင်တစ်ယောက်ပဲ"

ကျောက်ယန် က နှာခေါင်းရှုံ့လိုက်သည်။

"ရက်အနည်းငယ်လောက် အစာမစားလည်း ငါ ဗိုက်မဆာဘူး"

​ဖန့်ကျစ်ရွှယ် က မသေချာစွာဖြင့်

"နင် သူမကို သိနေရင် ဘာလို့ ငါတို့ကို ပြန်ပေးဆွဲတာလဲ"

​"... အဲဒီတုန်းက ကိစ္စကြောင့်ပါ"

ရှဟယ် ၏ မျက်နှာမှာ ညိုးငယ်သွားသည်။

"အစ်ကို ကျောက်ယန် က အဲဒီလိုလူမျိုး မဟုတ်ဘူးလို့ ကျွန်မ အမြဲ ယုံကြည်နေခဲ့တာ"

​"ငါ နားမလည်တော့ဘူး တကယ်က ဘာဖြစ်ခဲ့တာလဲ မင်း ဘာတွေ ကစားနေတာလဲ"

ဖန့်ကျစ်ရွှယ် စိတ်မရှည်တော့ပေ။

သူမ ထွက်ပြေးဖို့ထက် အတိတ်က ဘာဖြစ်ခဲ့သလဲနှင့် ကျောက်ယန် ၏ ရည်ရွယ်ချက်မှာ အဘယ်နည်းကိုသာ သိချင်နေတော့သည်။ ထိုစဉ် ဂူအပြင်ဘက်မှ အက်ရှရှ အသံတစ်သံ ထွက်ပေါ်လာသည်။

​"ဆရာတူဒေါ်လေး၊ အထဲမှာ ရှိလား"

​"အောင်မြင်ခြင်းဗုဒ္ဓ "

ဖန့်ကျစ်ရွှယ် ဝမ်းသာအားရ ဖြစ်သွားပြီး ကျောက်ယန် ကို ကြည့်လိုက်သည်။

"ငါ့အစ်ကိုကြီးရဲ့ တပည့် ရောက်လာပြီ နင်အခု ပြေးလို့မရတော့ဘူး"

​ကျောက်ယန် မျက်မှောင်ကြုတ်လိုက်ပြီး ဂူအပြင်ဘက်သို့ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။

မလှမ်းမကမ်းတွင် ဧရာမ မျောက်ဝံကြီးက သူ့ကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

​"မိစ္ဆာလား"

​ကျောက်ယန် က အောင်မြင်ခြင်းဗုဒ္ဓ ကို ကြည့်ကာ

"ဒီလောကမှာ တကယ့်မိစ္ဆာတွေ ရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး မင်းက စကားတောင် ပြောတတ်တာပဲ"

​သူ ဝန်းကျင်ကို ကြည့်လိုက်ရာ ကျားတောင်သခင် နှင့် နက်နဲသောအစိမ်းရောင် တို့ကိုလည်း တွေ့လိုက်ရသဖြင့် လှောင်ပြုံး ပြုံးလိုက်သည်။

​"ဖန့်ကျစ်ရွှယ် က ကြွားနေတာလို့ ငါ ထင်ခဲ့တာ အခုတော့ ဖန့်ချန် က မင်းတို့ကို တကယ်ပဲ လက်အောက်ခံဖြစ်အောင် လုပ်ထားတာကိုး"

​"မင်းက ငါ့ဆရာသခင်ရဲ့ နာမည်ကို ခေါ်ရဲတယ်ပေါ့"

​အောင်မြင်ခြင်းဗုဒ္ဓ ၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းများ ယှက်သန်းသွားသည်။

သူ၏ ကိုယ်လုံးမှာ လျှပ်စီးကဲ့သို့ ဖြစ်သွားပြီး ကျောက်ယန် ဆီသို့ တဟုန်ထိုး ပြေးဝင်သွားကာ ရေစည်ပိုင်းအရွယ် လက်သီးကြီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်သည်

​ကျားတောင်သခင် နှင့် နက်နဲသောအစိမ်းရောင် တို့လည်း ငြိမ်မနေဘဲ နှစ်ဖက်ညှပ် တိုက်ခိုက်ကာ ဖန့်ကျစ်ရွှယ် ကို အမြန်ကယ်ထုတ်ရန် ကြိုးစားကြသည်။ သူတို့စိတ်ထဲတွင် အများက တစ်ယောက်ကို ဝိုင်းတိုက်ခြင်းမှာ မတရားဟု မတွေးကြပေ။

​"မင်းတို့ မိစ္ဆာတွေ ဘယ်လောက်စွမ်းလဲ ကြည့်ရသေးတာပေါ့ ငါ့ရဲ့ သိုင်းပညာက ပိုကောင်းနေမလားပဲ"

ကျောက်ယန် တည်ငြိမ်စွာပင် လက်ကို မြှောက်လိုက်သည်။ ခန့်ညားထည်ဝါသော အရှိန်အဝါများ ပေါ်ထွက်လာပြီး မမြင်ရသော နံရံတစ်ခု ဖြစ်ပေါ်လာကာ မိစ္ဆာသုံးကောင်၏ တိုက်ခိုက်မှုကို ဟန့်တားရုံတင်မကဘဲ သူတို့ကို လွင့်ထွက်သွားစေသည်။

​မိစ္ဆာသုံးကောင်မှာ ရှေးဟောင်းသစ်ပင်ကြီးများကို ဝင်တိုက်ကာ အတန်ကြာမှ ပြန်လည် တည်ငြိမ်သွားကြသည်။ သူတို့၏ မျက်လုံးထဲတွင် အံ့သြမှုနှင့် သံသယများကို ဖုံးကွယ်၍ မရတော့ပေ။

ထို သိုင်းပညာရှင်မှာ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံမှု ရှိနေသည်လား ၎င်းမှာ သူတို့ ကျင့်ကြံလာသည့် နှစ်များအတွင်း သူတို့၏ တိုက်ခိုက်မှုကို ထိုမျှ လွယ်ကူစွာ ခုခံနိုင်သူနှင့် ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။

​"ဒါပဲလား"

ကျောက်ယန် ပြုံးလိုက်ပြီး လက်ကို ဖြည်းဖြည်းချင်း ဖိချလိုက်သည်။

​ဝုန်း

​သူ၏ အဆုံးမရှိသော သက်ရှည်ချီစွမ်းအင် များမှာ ဧရာမ တောင်ကြီးတစ်လုံးအလား မိစ္ဆာသုံးကောင်အပေါ် ပြင်းထန်စွာ ဖိချလိုက်သည်။

သစ်ပင်များ ကျိုးကြေကုန်ပြီး ပတ်ဝန်းကျင်ရှိ မြေပြင်မှာ လက်မအနည်းငယ်ခန့် ကျွံဝင်သွားကာ ပေ ၃၀ ပတ်လည်လောက် တွင်းကြီး ဖြစ်သွားသည်။

​မိစ္ဆာသုံးကောင်မှာ အတော်လေး အခြေအနေ မဟန်တော့ပေ၊ သို့သော် ကံကောင်းထောက်မစွာ သူတို့သည် မိမိကိုယ်ကို ဝိညာဉ်စွမ်းအင် များဖြင့် ကာကွယ်ထားသဖြင့် သက်ရှည်ချီစွမ်းအင်မှာ ထိုးဖောက်ရန် ခက်ခဲနေသည်။

​သူတို့၏ ဒဏ်ရာမှာ အလွန်မပြင်းထန်သော်လည်း အတော်လေးတော့ အထိနာသွားကြသည်။

ဤသည်မှာ ကျင့်ကြံသူ နှင့် သိုင်းပညာရှင် တို့၏ ခြားနားချက် ဖြစ်သည်။

ဝိညာဉ်စွမ်းအင်နှင့် အတွင်းစွမ်းအား တို့၏ ကွာဟချက်မှာ နောက်ပြောင်စရာ မဟုတ်ပေ။

​ကျင့်ကြံသူများသည် သိုင်းပညာရှင်များ၏ အနိုင်ယူခြင်းကို ခံရနိုင်သော်လည်း ခွန်အားကွာဟချက်မှာ အလွန်မကြီးမားပါက သိုင်းပညာရှင်များအတွက် ကျင့်ကြံသူကို သတ်ဖြတ်ရန် မလွယ်ကူပေ။

​ဖန့်ကျစ်ရွှယ် နှင့် ရှဟယ် တို့သည် ဂူဝသို့ ရောက်ရှိလာကြသည်။ ထိုမြင်ကွင်းကို မြင်သောအခါ သူတို့ အံ့သြလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

​"ဒါ... ဒါ..."

ဖန့်ကျစ်ရွှယ် အသက်ရှူပင် မှားသွားသည်။

"ဒီလောက် အစွမ်းထက်တာလား"

ကျောက်ယန် လိမ်ပြောနေခြင်း မဟုတ်ပေယ ထိုမျှ ကြောက်မက်ဖွယ် ဖျက်ဆီးအားကို လွယ်လွယ်ကူကူ ပြုလုပ်နိုင်သည်ကို ကြည့်လျှင် သူသည် မြေကမ္ဘာနက်နဲခြင်းအဆင့်၏ အထွတ်အထိပ်မှာ ရှိနေနိုင်ခြေ အလွန်များပါသည်။

​ခဏအကြာတွင် ဖန့်ကျစ်ရွှယ် သတိဝင်လာပြီး ဒဏ်ရာရနေသော မိစ္ဆာသုံးကောင်ကို ကြည့်ကာ မေးလိုက်သည်။

"မင်းတို့ သုံးယောက် အဆင်ပြေရဲ့လား"

​"အဆင်... ပြေ... ပါတယ်..."

​မိစ္ဆာသုံးကောင် ခက်ခဲစွာ ပြန်ဖြေကြသည်။ သူတို့ အခြေအနေ သိပ်မကောင်းလှပေ။

​ကျောက်ယန် အံ့သြသွားပြီးနောက် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသည်။

"မင်းတို့ရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် ငါ့ရဲ့ ဒီတိုက်ကွက်ကို မခံနိုင်သင့်ဘူး မိစ္ဆာတွေမှာ တစ်ခုခု ထူးခြားတာ ရှိလို့လား"

​အခန်း ၁၆၆ - စိတ်အေးချမ်းမှု ရှာဖွေခြင်း

​ကျားတောင်သခင် က အောင်မြင်ခြင်းဗုဒ္ဓ ကို ကြည့်ကာ ဟိန်းဟောက်လိုက်သည်။

"အစ်ကိုကြီး ကျွန်တော်တို့ စကားမပြောနိုင်သေးဘူး၊ အစ်ကိုကြီးပဲ သူ့ကို တစ်ခုခု ပြောလိုက်ပါဦး"

​နက်နဲသောအစိမ်းရောင် ကလည်း တရှူးရှူးမြည်ကာ

"အစ်ကိုကြီး အခုတော့ ကျွန်မ တို့ တကယ်ပဲ မျက်နှာပျက်ရပြီ ဆရာသခင် ဒီနားမှာ ရှိနေတာ၊ ကျွန်မတို့ သိက္ခာပြန်ဆယ်နိုင်မယ့် စကားမျိုး မြန်မြန်ပြောစမ်းပါဦး"

​အောင်မြင်ခြင်းဗုဒ္ဓ မှာ ကျောက်ယန် ကို စိုက်ကြည့်ရင်း ခေတ္တမျှ ဆွံ့အသွားသည်။

သူတို့ အမှန်တကယ် အရေးနိမ့်ခဲ့သည် မဟုတ်ပါလား။

ဖန့်ချန် မှလွဲ၍ မဟာရှ တွင် သူတို့ကို ယှဉ်နိုင်သူ မရှိဟု သူတို့ ထင်ခဲ့ကြသည်။ သူတို့သည် တကယ့်ကို ဖားသူငယ်များကဲ့သို့ မိမိတို့ မြင်ရသည့် ကောင်းကင်ယံ သေးသေးလေးကိုသာ တစ်လောကလုံးဟု ထင်မှတ်ခဲ့ကြမိသည်။

လူသားသိုင်းပညာရှင်များထဲတွင် သူတို့ကို ထိုမျှ ဖိနှိပ်နိုင်သူ ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

​ထိုစဉ် အသံတစ်သံက လူတိုင်း၏ နားထဲသို့ ရောက်ရှိလာသည်။

"သူတို့က ဝိညာဉ်စွမ်းအင် ကို ကျင့်ကြံတာ၊ မင်းက အတွင်းအား ကိုပဲ ပိုင်ဆိုင်ထားတာမလို့ သူတို့ကို မသတ်နိုင်တာပဲ"

​ဖန့်ချန် သည် ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့သည်။ ကျောက်ယန် ဝန်းကျင်တွင် သက်ရှည်ချီစွမ်းအင်များ ဖုံးလွှမ်းနေသော်လည်း ဖန့်ချန် အနားတိုးလာသည်ကို မတားဆီးနိုင်ပေ။

သူသည် မိစ္ဆာသုံးကောင်အနားသို့ အလွယ်တကူ ရောက်ရှိသွားပြီး သူတို့ကို ခပ်ဖွဖွလေး ပုတ်လိုက်သည်။

​ခန့်ညားထည်ဝါသော သက်ရှည်ချီစွမ်းအင်များ ချက်ချင်းပင် လွင့်စင်ပျောက်ကွယ်သွားတော့သည်။

​မိစ္ဆာများက အရှက်ရနေသော မျက်နှာများဖြင့် နှုတ်ဆက်ကြသည်။

"ဆရာသခင်"

​ဖန့်ချန် က ခပ်ပြုံးပြုံးဖြင့်

"သူက မြေကမ္ဘာနက်ရနဲခြင်းအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတာဆိုတော့ မင်းတို့ကို နိုင်တာ မဆန်းပါဘူး မင်းတို့ နောက်ထပ် မသေမျိုးသွေးကြော အနည်းငယ်လောက် ထပ်ဖွဲ့စည်းနိုင်ရင် သူ့ကို အလွယ်တကူ ကျော်ဖြတ်နိုင်သွားမှာပါ"

ဟု ပြောလိုက်သည်။

​ဖန့်ကျိရွှယ် ဝမ်းသာအားရ ဖြစ်သွားသည်။

"အစ်ကိုကြီး"

​သူမ၏ အစ်ကိုကြီး ရောက်လာပြီဆိုမှတော့ အရာအားလုံး ပြေလည်သွားပြီ မဟုတ်ပါလား

​"မြို့စားဖန့်"

ကျောက်ယန် ၏ အကြည့်မှာ ဖန့်ချန် ဆီသို့ ကျရောက်သွားသည်။

အတန်ကြာမှ သူသည် အလေးအနက် အရိုအသေပေးလိုက်သည်။ ဖန့်ချန် က သူ၏ သက်ရှည်ချီစွမ်းအင်ကို အခုလေးတင် ဖြိုခွဲလိုက်သည့် နည်းလမ်းမှာ သူ၏ စိတ်ထဲတွင် မုန်တိုင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

​"ကျောက်ယန်... မင်း ဖြစ်ခဲ့သမျှတွေကို ငါကြားပြီးပါပြီ မဟာရှ ထဲမှာ မင်းလို သိုင်းပညာရှင်တစ်ယောက် ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

ဟု ဖန့်ချန် က ညင်သာစွာ ဆိုသည်။

​"ကျွန်တော်ကတော့..."

ကျောက်ယန် က ပြုံး၍

"မြို့စားဖန့် ကျွန်တော့်အကြောင်း ဘယ်လောက် သိထားလဲတော့ မသိဘူး ဒါပေမဲ့ မြို့စားဖန့် ကိုယ်တိုင် လာခဲ့တာဆိုတော့ ကျွန်တော် မျက်နှာပေးပါ့မယ် အရှင့်ညီမကို ခေါ်သွားနိုင်ပါတယ် ဒါပေမဲ့ ရှမင်းသားစံအိမ်နဲ့ ကျွန်တော့်ကြားက ကိစ္စကိုတော့ ဝင်မပါဖို့ မျှော်လင့်ပါတယ်"

​"အော်... ဟုတ်လား..."

ဖန့်ချန် က ရယ်မောလိုက်သည်။

"မြေကမ္ဘာနက်ရနဲခြင်းအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတဲ့ သိုင်းပညာရှင်တစ်ယောက်က ဒီလိုစကားမျိုး ပြောဖို့ အရည်အချင်းရှိတာ မှန်ပါတယ်ဒါပေမဲ့... ငါ့ရဲ့ လက်အောက်ငယ်သား တစ်ယောက်နဲ့ အရင်ယှဉ်ကြည့်မလား မင်းသာ သူ့ကို နိုင်ရင် မင်းတောင်းဆိုတာကို ငါ စဉ်းစားပေးမယ်"

​ဖန့်ချန် ၏ စိတ်အာရုံတစ်ခုနှင့်တင် ခရုပ်သေးမှာ လူလတ်ပိုင်း အမျိုးသားတစ်ဦးအသွင် ချက်ချင်း ပြောင်းလဲသွားပြီး ဖန့်ချန် ၏ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည်။

​သက်မဲ့အရာတစ်ခုမှ သက်ရှိလူသားတစ်ဦးအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ ကျောက်ယန် မှာ မှင်သက်သွားတော့သည်။

ရှဟယ် မှာလည်း ပို၍ပင် အံ့သြသွားသည်။

​အံ့သြမှုမှ သတိပြန်ဝင်လာသောအခါ ကျောက်ယန် မျက်မှောင်ကြုတ်လိုက်သည်။

"ဒါက နည်းနည်းတော့ ရိုင်းရာကျလွန်းတယ်၊ အရှင်က တိုက်ပွဲဝင်ချင်တယ်ဆိုရင် အရှင်ကိုယ်တိုင်ပဲ ရှေ့ထွက်သင့်တာပါ"

​ဖန့်ချန် ဘာမှ ပြန်မပြောဘဲ ပြုံးလျက် သူ၏ တပည့်များနှင့်အတူ နောက်သို့ ဆုတ်ပေးလိုက်သည်။

​ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကျောက်ယန် က ရယ်မောလိုက်သည်။

"ကောင်းပြီလေ၊ ဒါဆိုလည်း စလိုက်ကြတာပေါ့"

​သူသည် ရှေ့သို့ တစ်လှမ်းတက်လိုက်သည်နှင့် ရုပ်သေး ၏ ရှေ့သို့ ရောက်သွားပြီး လက်ဝါးဖြင့် ရိုက်ချလိုက်ရာ အဆုံးမဲ့သော သက်ရှည်ဝိညာဉ်စွမ်းအင်များ ရုပ်သေးဆီသို့ စီးဆင်းသွားသည်။

​ရုပ်သေး သည် မည်သည့် ကိုယ်ဟန်ပြကွက်မျှ မလုပ်ဘဲ ၎င်း၏ ဦးခေါင်းဖြင့် ကျောက်ယန် ၏ လက်ဝါးကို တိုက်ိုက်လိုက်သည်။

​ဘုန်း

​ကျောက်ယန် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသလို ရုပ်သေး လည်း နောက်ဆုတ်သွားသည်။

​အပေါ်ယံကြည့်လျှင် သူတို့နှစ်ဦးမှာ အင်အားချင်း မျှနေပုံရသည်။

​သို့သော် ကျောက်ယန် ထိတ်လန့်သွားသည်။

ပြိုင်ဘက်၏ ခွန်အားမှာ မိမိထက် များစွာနိမ့်ကျနေကြောင်း သူ သိလိုက်သည်။

အလွန်ဆုံးရှိမှ ကိုယ်တွင်းချီစွမ်းအင် အဆင့်သာ ရှိလိမ့်မည်။

သို့သော် ပြိုင်ဘက်၏ ခွန်အားတွင် ထူးဆန်းသော ဂုဏ်သတ္တိတစ်ခု ရှိနေသည်၊ ၎င်းမှာ ကိုယ်တွင်းချီနှင့် ဆင်တူသော်လည်း မိမိ၏ သက်ရှည်ချီစွမ်းအင်ကို ပြန်လည် ထိန်းချုပ်နိုင်စွမ်း ရှိနေခြင်းပင်

​ကျောက်ယန် ဇဝေဇဝါ ဖြစ်သွားသည်။

"ဒါက ဖန့်ချန် ပြောတဲ့ ဝိညာဉ်စွမ်းအင် ဆိုတာလား"

​သူ၏ ကျင့်ကြံမှု မြင့်မားသော်လည်း သူသည် လောကကြီးထဲသို့ အမှန်တကယ် ခြေမချဖူးသဖြင့် မသိသည့်အရာများစွာ ရှိနေသည်။

ယနေ့တွင် သူ၏ အတွင်းအားကို ဖိနှိပ်နိုင်သည့် စွမ်းအားတစ်ခုနှင့် တွေ့ဆုံလိုက်ရသဖြင့် သူ၏ စိတ်ထဲတွင် ဖော်ပြမရနိုင်လောက်အောင် အံ့သြသွားရသည်။

​ရုပ်သေး က ကျောက်ယန် ကို စဉ်းစားချိန် မပေးဘဲ ကြမ်းတမ်းသော အင်အားဖြင့်သာ ဆက်တိုက် တိုက်ခိုက်သည်။

၎င်းမှာ စိတ်ဝိညာဉ်မရှိသော ရုပ်သေးဖြစ်သဖြင့် မိမိကိုယ်ကိုယ် ထိခိုက်မည်ကို လုံးဝ ဂရုမစိုက်ပေ။

​မိမိ၏ သက်ရှည်ချီစွမ်းအင်မှာ ရုပ်သေးအပေါ် မသက်ရောက်သဖြင့် ကျောက်ယန် မှာ ခုခံရုံသာ တတ်နိုင်သည်။ ရုပ်သေး၏ တိုက်ခိုက်မှုများက သူ့ကို အတော်လေး အခက်တွေ့စေသည်။

​အမှတ်မထင် ဖြစ်သွားစဉ် သူ၏ ရင်ဘတ်ကို လက်သီးဖြင့် အထိုးခံလိုက်ရသည်။

ထိုနာကျင်မှုမှာ ပျောက်ကွယ်မသွားဘဲ စိတ်ဝိညာဉ်ထဲအထိ စွဲထင်ကျန်ရစ်နေသကဲ့သို့ ခံစားလိုက်ရသည်။

​"အဲဒါက ရတနာတစ်ခုပဲ ဖြစ်ရမယ်"

မိစ္ဆာများ အချင်းချင်း ကြည့်လိုက်ကြပြီး ဖန့်ချန် အပေါ် ပို၍ လေးစားသွားကြသည်။

ဆရာသခင်၏ ရတနာတစ်ခုပင်လျှင် ထိုမျှ ကြောက်စရာကောင်းသော စွမ်းရည်ရှိနေမှတော့ ဆရာသခင်၏ တကယ့်စွမ်းရည်မှာ မည်မျှ ရှိမည်နည်း

​ဖန့်ကျစ်ရွှယ် သည် ဖန့်ချန် က ကျောက်ယန် ကို မယှဉ်နိုင်မည်ကို စိုးရိမ်ခဲ့သော်လည်း ယခု မြင်ကွင်းကို ကြည့်ပြီးမှ စိတ်အေးသွားတော့သည်။

သူမက ရှဟယ် ကို ပြုံး၍ ပြောလိုက်သည်။

"ဟယ်အာ... စိတ်မပူပါနဲ့ သူက ငါ့အစ်ကိုကြီးရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး ငါ့အစ်ကိုကြီးရဲ့ လက်အောက်ငယ်သားကိုတောင် သူ မနိုင်ဘူးလေ"

​"မမ ကျစ်ရွှယ် မြို့စားဖန့် ကို အစ်ကို ကျောက်ယန် ကို အန္တရာယ်မပေးဖို့ ပြောပေးလို့ ရမလား သူက တကယ် လူဆိုးမဟုတ်ပါဘူး"

ဟု ရှဟယ် က တိုးတိုးလေး ကပ်ပြောသည်။

​"စိတ်ချပါ၊ သူသာ တကယ် လူကောင်းဆိုရင် ငါ့အစ်ကိုကြီးက သေချာပေါက် အသက်ချမ်းသာပေးမှာပါ ငါ့အစ်ကိုကြီးက လူအကဲခတ် တော်ပါတယ်"

​အကွက်ပေါင်း ရာချီ တိုက်ခိုက်ပြီးနောက် ခရုပ်သေး မှာ ကျောက်ယန် ကို မနိုင်သလို၊ ကျောက်ယန် လည်း ရုပ်သေးကို မဖြိုခွဲနိုင်ဘဲ အခြေအနေမှာ သရေ ဖြစ်နေသည်။

​"ကောင်းပြီ"

ဖန့်ချန် က လက်ကို ခပ်ဖွဖွ ဝေ့ယမ်းလိုက်ရာ ရုပ်သေး မှာ စိမ်းပြာရောင် မီးခိုးငွေ့အဖြစ် ပြောင်းလဲသွားပြီး သူ၏ လက်အင်္ကျီအတွင်းသို့ ပျောက်ကွယ်သွားသည်။

​ကျောက်ယန် မှာ ထိုမြင်ကွင်းကို ကြည့်ပြီး မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲသွားသည်။

အတန်ကြာမှ သူ သက်ပြင်းချလိုက်မိသည်။

"တကယ်ပါပဲ မြို့စားဖန့် အရှင်က ပြည်သူတွေရဲ့ ကြည်ညိုလေးစားမှုကို ခံရထိုက်ပါတယ် ကျွန်တော် ကိုယ်တိုင် မမြင်ခဲ့ရရင် အရှင့်ရဲ့ နည်းလမ်းတွေက ဒီလောက်အထိ ဆန်းကြယ်လိမ့်မယ်လို့ ထင်မှာ မဟုတ်ဘူး ဒီလို နည်းစနစ်တွေက သိုင်းပညာနယ်ပယ်ထဲမှာ ရှိနေသေးတာလားလို့တောင် ကျွန်တော် တွေးမိတယ်"

​"မင်းပြောတာ မှန်တယ်၊ ဒါက စစ်ပညာ မဟုတ်ဘူး"

ဟု ဖန့်ချန် က ခပ်ပြုံးပြုံး ပြောလိုက်သည်။

​ကျောက်ယန် ခပ်လေးလေး ခေါင်းညိမ့်သည်။

"ကျွန်တော် ထင်တဲ့အတိုင်းပါပဲ"

​"ပြောပါဦး၊ ဘာလို့ သူတို့ကို ပြန်ပေးဆွဲတာလဲ အဲဒီတုန်းက ရှယားယွီ မင်းဘက်က မရပ်တည်ပေးခဲ့လို့ ကလဲ့စားချေချင်တာလား"

​"ကျွန်တော် ကလဲ့စားချေချင်တာဆိုရင် အရင်ကတည်းက လုပ်ခဲ့မှာပေါ့"

ကျောက်ယန် က ရယ်မောလိုက်သည်။ ထို့နောက် သူက ဖန့်ချန် ကို လေးလေးနက်နက် ကြည့်ကာ အလေးအနက် ဦးညွှတ်လိုက်သည်။

"တကယ်တော့ အရှင့်ရဲ့ အာရုံစိုက်မှုကို ရဖို့နဲ့ အရှင့်ကို တွေ့နိုင်ဖို့အတွက်ပဲ ကျွန်တော် ဒီလို နိမ့်ကျတဲ့ နည်းလမ်းကို သုံးခဲ့တာပါ"

​ဖန့်ကျစ်ရွှယ် မှင်သက်သွားသည်။ ဒါဆို... ဖန့်ချန် ကသာ ကျောက်ယန် ရဲ့ တကယ့်ပစ်မှတ်ပေါ့။

​"ငါ့ကို တွေ့ဖို့သက်သက်ပဲလား ဘာလို့ ငါ့စံအိမ်ကို မလာတာလဲ ဘာလို့ ဒီလောက်အထိ အပင်ပန်းခံနေတာလဲ"

ဟု ဖန့်ချန် က တည်ငြိမ်စွာ မေးလိုက်သည်။

​"မြို့စားဖန့် က ဘယ်လိုလူမျိုးလဲဆိုတာ ကျွန်တော် မသိဘူးလေ နောက်ပြီး အရှင်က ကျွန်တော့်ကို ဒီမှာတောင် ရှာမတွေ့ဘူးဆိုရင် ကျွန်တော်တို့ တွေ့ဖို့လည်း မလိုတော့ဘူးလို့ တွေးခဲ့တာပါ"

ဟု ကျောက်ယန် က ညင်သာစွာ ပြောသည်။

​ဖန့်ချန် ခေါင်းကို အနည်းငယ် ခါလိုက်သည်။

"ငါ မင်းရဲ့ ဒီလို ချဉ်းကပ်ပုံကို သိပ်မကြိုက်ဘူး"

ထို့နောက် သူသည် အောင်မြင်ခြင်းဗုဒ္ဓ ကို ဖန့်ကျစ်ရွှယ် နှင့် ရှဟယ် တို့ကို ပြန်ခေါ်သွားရန် အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင်လည်း လှည့်ထွက်သွားသည်။

​သူတို့ ထွက်သွားသည်ကို ကြည့်ရင်း ကျောက်ယန် မှာ မှင်သက်ကျန်ရစ်ခဲ့သည်။ ခဏအကြာတွင် သူ ခါးသီးစွာ ပြုံးလိုက်မိသည်။ သူ ဖန့်ချန် ကို တကယ်ပဲ စိတ်ဆိုးအောင် လုပ်မိသွားပြီ။

​ခဏမျှ စဉ်းစားပြီးနောက် သူ သက်ပြင်းချကာ ဂူဝဘက်သို့ လှည့်၍ အရိုအသေပေးလိုက်ပြီး ဖန့်ချန် နောက်သို့ အပြေးလိုက်သွားတော့သည်။

​"ဘာလို့ ငါတို့နောက်ကို လိုက်နေတာလဲ"

ဖန့်ချန် က အေးစက်စွာ မေးသည်။

"မင်းက ဝရမ်းပြေး တစ်ယောက်ပဲ။ မင်း ရှိနေတာ သိသွားရင် မင်း ခေါင်းဖြတ်ခံရလိမ့်မယ်"

​"ကျွန်တော် သိပါတယ်"

ကျောက်ယန် ခေါင်းညိမ့်သည်။

"ဒါပေမဲ့ ကျွန်တော့်ရဲ့ မတရားမှုကို မဖြေရှင်းနိုင်ရင် ဒီဦးခေါင်းကို ဆက်ထားနေတာကော ဘာထူးမှာလဲ"

​"မင်းရဲ့ ကျင့်ကြံမှုနဲ့ဆိုရင် ဒီကမ္ဘာကြီးရဲ့ ဘယ်နေရာကိုမဆို သွားလို့ရတာပဲ ဘာလို့ အပင်ပန်းခံနေတာလဲ"

​"စိတ်အေးချမ်းမှု ရှာဖွေချင်ရုံသက်သက်ပါပဲ"

ဟု ကျောက်ယန် က ပြန်ဖြေလိုက်သည်။

All Chapters