← Chapters

အခန်း (၂၆၅-၂၆၆)

Vol. 27 Ch. 265-266

အခန်း (၂၆၅-၂၆၆)

Vol. 27 Ch. 265-266

​အခန်း ၂၆၅ - ကျေးဇူးပြု၍ ကူညီပါ

​ရဲ့မိသားစု၏ အဓိကခန်းမဆောင်အတွင်း

​လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဇဝေဇဝါဖြင့် ကြည့်နေသည်။

"အဖေ ကျွန်တော်တို့ ဘာလို့ ဒီဓားကျင့်ကြံသူကို ဒီလောက်အထိ ဖားနေရတာလဲ သူက ပင်လယ်နဂါးဂိုဏ်းက အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲကို သတ်လိုက်တာလေ ပင်လယ်နဂါးဂိုဏ်းက ရောက်လာတဲ့အခါကျရင် ကျွန်တော်တို့လည်း"

​ရဲ့မိသားစုခေါင်းဆောင်သည် သူ၏သားဖြစ်သူကို ကြည့်လိုက်ပြီးနောက် စိတ်မချသလို ဖြစ်နေသော အခြားမိသားစုဝင်များကိုပါ ဝေ့ကြည့်လိုက်သည်။

သူသည် သက်ပြင်းချကာ

"သူက အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးပိုင်း အကြီးအကဲကို တစ်ကွက်တည်းနဲ့ သတ်ခဲ့တာ ရွှေအမြုတေအဆင့် တစ်ယောက်ယောက် ရောက်လာရုံနဲ့ သူက ကြောက်သွားလိမ့်မယ်လို့ မင်းထင်နေတာလား"

​ရွှေအမြုတေအဆင့် မို့လို့လား

​ထိုစကားလုံးများမှာ ရောက်ရှိနေသူများ၏ နားထဲတွင် အလွန်မောက်မာလွန်းသည်ဟု ထင်ရသည်။

ရွှေအမြုတေအဆင့် ပညာရှင်တစ်ဦးကို ထိုကဲ့သို့ ပြောဆိုရန်မှာ မတွေးဝံ့စရာပင်။

သို့သော် သေချာစဉ်းစားကြည့်လျှင် မိသားစုခေါင်းဆောင်၏ စကားမှာ အဓိပ္ပာယ်မရှိသည်တော့ မဟုတ်ပေ။ ထိုဓားကျင့်ကြံသူ၏ မည်သူမည်ဝါဖြစ်ကြောင်းမှာ အလွန်ပင် ထူးခြားပေလိမ့်မည်။

အကယ်၍ ပင်လယ်နဂါးဂိုဏ်းမှ ရွှေအမြုတေအဆင့် ပညာရှင်သည် သူတို့၏ အကြီးအကဲမှာ ဓားတစ်ချက်တည်းနှင့် ကျဆုံးသွားသည်ကို သိလျှင် သူတို့ပင် ကလဲ့စားချေရန် လွယ်လွယ်ကူကူ ရဲဝံ့မည်မဟုတ်ပေ။

​"ဓားကျင့်ကြံသူက ဝိညာဉ်သတ္တုရိုင်းတွေနဲ့ အထောက်အပံ့ ပစ္စည်းအမြောက်အမြား ဝယ်ချင်နေတယ် သတ္တုရိုင်းဖြစ်ဖြစ် သန့်စင်ပြီးသား သတ္တုပဲဖြစ်ဖြစ် အားလုံးဝယ်မှာ"

" မင်း ရွှီမိသားစုနဲ့ ကျိုးမိသားစုဆီသွားပြီး ကုန်သည်တွေနဲ့ ဆက်သွယ်ဖို့ ပြောလိုက် ပစ္စည်းတွေကို အမြန်ဆုံး ရှာခိုင်းလိုက်ပါ"

ဟု ရဲ့မိသားစုခေါင်းဆောင်က ညွှန်ကြားလိုက်သည်။

​"ဟုတ်ကဲ့ပါ"

လူလတ်ပိုင်း အမျိုးသားက ဆိုသည်။ သူသည် အမြန်ထကာ အမိန့်အတိုင်း လုပ်ဆောင်ရန် ထွက်ခွာသွားတော့သည်။

​နောက်တစ်နေ့တွင် ရဲ့မိသားစုခေါင်းဆောင်သည် ဖန့်ချန်ကို စိတ်အားထက်သန်စွာ လာရှာသည်။

"စီနီယာ ကျွန်တော် သိသမျှလူ အားလုံးကို ဆက်သွယ်ပြီးပါပြီ လနစ်မြုပ်ရွှေ၊ မီးလျှံနီသတ္တုနဲ့ စိန်ကျောက်စိမ်း အပါအဝင် ဝိညာဉ်သတ္တု ၁၃ မျိုး ရှာတွေ့ထားပါတယ်"

" အားလုံးပေါင်းဆိုရင် အနိမ့်တန်းစား ဝိညာဉ်ကျောက်တုံး ၉၀၀၀ လောက် ကျပါလိမ့်မယ်"

သူက ခေတ္တရပ်ကာ မျက်နှာတွင် အားနာဟန်များဖြင့် ဆက်ပြောရန် တွန့်ဆုတ်နေသည်။

"ဒါပေမဲ့..."

​ဖန့်ချန် ပြုံးလိုက်သည်။

"ပြောသာပြောပါ"

​"ကျွန်တော်တို့ ကုန်သည်တွေကို ပေးဖို့ ဝိညာဉ်ကျောက်တုံး အဲဒီလောက်အထိ အဆင်သင့် မရှိမှာ စိုးလို့ပါ"

ဟု ရဲ့မိသားစုခေါင်းဆောင်က ရှက်ကိုးရှက်ကန်း ပြုံးရင်း ဆိုသည်။

​"ဒါက ပြဿနာမဟုတ်ပါဘူး အခု ဝိညာဉ်ကျောက်တုံး ၄၀၀၀ အရင်ပေးမယ် ပစ္စည်းတွေ ရောက်လာတဲ့အခါ ကျန်တာကို ပေးမယ်"

ဟု ဖန့်ချန်က ဆိုကာ သူ၏ သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်ကျောက်တုံး ၄၀၀၀ ကို ထုတ်ပေးလိုက်သည်။

"ပစ္စည်းတွေ ဘယ်တော့ ရောက်မလဲ"

​ရဲ့မိသားစုခေါင်းဆောင်က အမြန် ကတိပေးသည်။

"သတ္တုရိုင်းတွေက နောက်နှစ်ရက်အတွင်း ဝိညာဉ်ဟင်းလင်းပြင်မြို့ကို ရောက်ပါလိမ့်မယ်"

​"တစ်ရက်ပဲ"

​ရဲ့မိသားစုခေါင်းဆောင် အံ့သြသွားသည်။

"တစ်ရက်လား"

​"ဟုတ်တယ်၊ မင်းကို တစ်ရက်ပဲ အချိန်ပေးမယ်"

​ရဲ့မိသားစုခေါင်းဆောင်က သွားကြိတ်ကာ ခေါင်းညိတ်လိုက်သည်။

"စိတ်ချပါ စီနီယာ ကျွန်တော်ကိုယ်တိုင် ဦးဆောင်သွားပါ့မယ် ရွှီမိသားစုနဲ့ ကျိုးမိသားစု ခေါင်းဆောင်တွေလည်း တစ်နေကုန် တစ်နေ့နိုး ကျွန်တော်နဲ့အတူ လိုက်ပါပြီး ပစ္စည်းတွေကို တစ်ရက်အတွင်း ရောက်အောင် လုပ်ပေးပါ့မယ်"

​ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးပဲ"

​ရဲ့မိသားစုခေါင်းဆောင် ထွက်သွားပြီးနောက် ဖန့်ချန်သည် သူ၏ မျက်နှာဖုံးကို ချွတ်လိုက်သည်။

၎င်းနောက်ကွယ်တွင် သူ၏ အသက်အရွယ်နှင့် မလိုက်ဖက်အောင် အရေးအကြောင်းများဖြင့် ပြည့်နေသော မျက်နှာတစ်ခု ရှိနေသည်။

ဖန့်ချန်၏ မျက်လုံးထဲတွင် နာကျင်မှုများ ဖြတ်ပြေးသွားသည်။

သူသည် ငယ်ရွယ်နုပျိုသော အရှိန်အဝါများ မရှိတော့ဘဲ အလွန်ချောမောပြီး တည်ငြိမ်သော လူလတ်ပိုင်း အမျိုးသားတစ်ဦးနှင့်သာ တူတော့သည်။

​"ငါ တော်တော် သတိထားခဲ့တာတောင် ဒီလို ဖြစ်သွားရသေးတာပဲ"

ဖန့်ချန်က တိုးတိုးလေး သက်ပြင်းချသည်။

"ကျင့်ကြံရုံနဲ့တင် ဒါကို ပြန်ပြင်လို့ မရနိုင်ဘူးထူးခြားတဲ့ ဝိညာဉ်သစ်သီးတွေနဲ့ ဆေးလုံးတွေ လိုလိမ့်မယ်"

​ဓားကျင့်ကြံသူတစ်ဦး၏ သက်တမ်းမှာ သာမန်ကျင့်ကြံသူထက် သုံးပုံတစ်ပုံခန့် ပိုတိုတောင်းလေ့ရှိသည်။

ထို့အပြင် ရှစ်မျက်နှာအရပ် ဓားကျမ်း၏ ပထမပုံစံကို နှစ်ကြိမ် ဆက်တိုက် အတင်းအကျပ် အသုံးပြုခဲ့ခြင်းကြောင့် သူ၏ သက်တမ်းမှာ အနှစ် ၃၀ မှ ၅၀ ခန့်အထိ လောင်ကျွမ်းသွားပုံရသည်။

သို့သော် ဖန့်ချန် နောင်တမရပေ အကယ်၍ သူ့မှာဓားတစ်ချက်ဖြင့် နည်းစနစ်အပေါင်းကို ဖြိုခွင်းခြင်း စွမ်းရည်သာ မရှိခဲ့ပါက ပင်လယ်နဂါးဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်းအဆင့် ပညာရှင်ကို သတ်နိုင်မည် မဟုတ်ပေ။

ထိုသို့သော အစွမ်းထက်သူ၏ ရှာဖွေခြင်းကို ခံရပြီးနောက် သူ့ကို မသတ်နိုင်ခဲ့ပါက သေခြင်းတရားသာ သူ့ကို စောင့်ကြိုနေမည် ဖြစ်သည်။

၎င်းအပြင် ထိုဂိုဏ်းကြီးကိုလည်း ကြောက်လန့်အောင် လုပ်နိုင်မည် မဟုတ်ပေ။

​ထိုစဉ်မှာပင် ဖန့်ချန်သည် သူ၏ ဝန်းပြင်ပမှ ခေါ်သံတစ်ခုကို ကြားလိုက်ရသည်။

"စီ... စီနီယာ..."

​သူသည် မျက်နှာဖုံးကို ပြန်စွပ်ကာ အပြင်သို့ ထွက်လာခဲ့သည်။ တံခါးဝတွင် ရဲ့ဝမ်ရှို့နှင့် သီလရှင် ချင်းဟယ်တို့ စောင့်နေသည်ကို တွေ့လိုက်ရသည်။

​"စီနီယာ ဒီသီလရှင်လေးက စီနီယာ့ကို သိတယ်လို့ ပြောလို့ပါ သူမက ကျွန်တော်တို့ ရဲ့မိသားစု အဝင်ဝနားမှာ လှည့်ပတ်နေတာ ကြာပြီ ဒါနဲ့ ကျွန်တော်က စီနီယာ့ရဲ့ တပည့်များလားလို့ တွေးမိပြီး ခေါ်လာခဲ့တာပါ..."

ဟု ရဲ့ဝမ်ရှို့က သတိထားကာ ရှင်းပြသည်။

သူသည် မြို့စားမင်း အိမ်တော်မှ ဖန့်ချန်နှင့်အတူ သီလရှင်တစ်ပါး ပါလာကြောင်း ကြားထားခဲ့သဖြင့်သာ ဖန့်ချန်ကို လာရှာရဲခြင်း ဖြစ်သည်။

​ဖန့်ချန် ခေါင်းညိတ်သည်။

"ဒုက္ခရှာပေးတာ ကျေးဇူးပဲ"

ထို့နောက် သူက ချင်းဟယ်ကို အထဲဝင်ရန် အမူအရာပြလိုက်သည်။

​သီလရှင် ချင်းဟယ်မှာ ဖန့်ချန်၏ မည်သူမည်ဝါဖြစ်ကြောင်းကို မဖော်ထုတ်လိုသဖြင့် တိတ်ဆိတ်နေခဲ့သည်။

​ဖန့်ချန်နှင့် သီလရှင်မှာ တကယ်ပင် သိကျွမ်းသူများဖြစ်ကြောင်း မြင်လိုက်ရသောအခါ ရဲ့ဝမ်ရှို့သည် ဖန့်ချန်ကို နှုတ်ဆက်ကာ အထဲသို့ လိုက်ဝင်သည်။

ဖန့်ချန်က စကားသိပ်မပြောသဖြင့် သူ အနည်းငယ် စိတ်ပျက်သွားသည်။

သူတို့နှစ်ဦး အခန်းထဲ ဝင်ခါနီးတွင် ရဲ့ဝမ်ရှို့က သတ္တိမွေးကာ မေးလိုက်သည်။

"စီနီယာ ကျွန်တော့်ကို စီနီယာ့ဆီမှာ ဓားပညာ သင်ခွင့်ပေးလို့ ရမလားခင်ဗျာ"

​ဖန့်ချန်က ခဏမျှ ရပ်တန့်ကာ ရဲ့ဝမ်ရှို့ကို စိုက်ကြည့်လိုက်သည်။

"မင်းက ဘယ်သူလဲ"

​"ကျွန်တော် ရဲ့ဝမ်ရှို့ပါ ရဲ့မိသားစုရဲ့ မျိုးဆက်ပါကျွန်တော် စီနီယာ့ရဲ့ စွမ်းရည်တွေကို မြင်ပြီး အရမ်း အားကျသွားလို့ပါ"

"ကျွန်တော့်ရဲ့ ချစ်သူကို နဂါးဖြတ်ကျော်ကျွန်းရှင် လက်ထဲကနေ ဆုံးရှုံးရလုနီးပါး ဖြစ်ခဲ့ရတဲ့အတွက် အရင်ကထက် အင်အားကို ပိုပြီး တောင့်တမိတာပါမဟုတ်ရင် ကျွန်တော့်ရဲ့ စိတ်ဓာတ်နဲ့ဆိုရင် စီနီယာ့ကို ဒီလို လာတောင်းဆိုရဲမှာ မဟုတ်ပါဘူး"

​ဖန့်ချန် ခေါင်းကို အနည်းငယ် ခါလိုက်သည်။

"ဓားလမ်းစဉ်ကို လျှောက်လှမ်းရတာက အလွန် ခက်ခဲတယ်"

​ထိုသို့ပြောပြီးနောက် ဖန့်ချန်သည် သီလရှင် ချင်းဟယ်နှင့်အတူ အခန်းထဲသို့ ဝင်သွားတော့သည်။

​ငြင်းပယ်ခံလိုက်ရသဖြင့် ရဲ့ဝမ်ရှို့မှာ စိတ်ပျက်အားငယ်သွားသည်။

​ဝန်းပြင်ပတွင် ရဲ့မိသားစုမှ လူငယ်အချို့မှာ ဘာဖြစ်နေသလဲဆိုသည်ကို ချောင်းကြည့်နေကြသည်။

ဖန့်ချန် အခန်းထဲ ဝင်သွားသည်ကို မြင်သောအခါ သူတို့က ရဲ့ဝမ်ရှို့ထံ ချဉ်းကပ်လာကြသည်။

​"ဝမ်ရှို့. မင်းရဲ့ မျှော်လင့်ချက်တွေကို လျှော့ထားတာ အကောင်းဆုံးပဲ ဓားအမွေအနှစ်ဆိုတာ အလွယ်တကူ ရနိုင်တာ မဟုတ်ဘူး နောက်ဆို ဒီစီနီယာကို စိတ်အနှောင့်အယှက် ဖြစ်အောင် မလာပါနဲ့တော့"

​ရဲ့မိသားစု လူငယ်များက သူ့ကို ဖျောင်းဖျကြသည်။

​ရဲ့ဝမ်ရှို့က သွားကြိတ်ကာ ရေရွတ်လိုက်သည်။

"မကြိုးစားကြည့်ဘဲနဲ့ ဘယ်လိုသိနိုင်မှာလဲ"

သူသည် လှည့်ထွက်သွားတော့သည်။

​ရဲ့မိသားစု လူငယ်တစ်ဦးက ခေါင်းခါလိုက်သည်။

"မီးတောက်အင်ပါယာမှာ ဓားကျင့်ကြံသူ မပေါ်ထွက်လာတာ နှစ်ပေါင်းများစွာ ရှိပြီ ဝမ်ရှို့တော့ စိတ်ပျက်ရဦးမှာပဲ"

​"ဟုတ်တယ်၊ အဲဒီစီနီယာ့ရဲ့ အစွမ်းနဲ့ဆိုရင် တပည့်ယူမယ်ဆိုရင်တောင် အဆင့် ၅ ဒါမှမဟုတ် အဆင့် ၄ အင်ပါယာတွေအထိ သွားရှာမှာပေါ့"

"အဲဒီနေရာတွေမှာ ဝိညာဉ်စွမ်းအင်တွေ ပေါများပြီး ကျင့်ကြံသူတွေရဲ့ အရည်အချင်းက ငါတို့ထက် အများကြီး သာတယ်လို့ ကြားတယ်"

ဟု နောက်ထပ် လူငယ်တစ်ဦးက ဆိုသည်။

​အခန်းအတွင်း၌

​သီလရှင် ချင်းဟယ်သည် ဖန့်ချန် မျက်နှာဖုံး မချွတ်သည်ကို မြင်သော်လည်း ဘာမှ မထူးဆန်းသလို နေလိုက်သည်။

"သခင်လေးဖန့် မနေ့က ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှာ မဟာရှဧကရာဇ်ကို တွေ့လိုက်သလိုပဲ"

​ဖန့်ချန် အံ့သြသွားသည်။

"မင်းလည်း သတိထားမိတာပဲလား"

သူက ပြုံး၍ ခေါင်းညိတ်သည်။

"မင်း မျက်စိ တော်တော် စူးရှတာပဲ ဟုတ်တယ် ရှရွှမ်ကျီ ရှိနေခဲ့တယ် သူက အခြေခံတည်ဆောက်ခြင်းအဆင့် ဖြစ်နေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး"

"သူလည်း မင်းကို တွေ့မှာပဲ နောက်ရက်တွေမှာ ရဲ့မိသားစု အိမ်တော်မှာပဲ နေပြီး သူ့အမြင်ကနေ ရှောင်နေပါ မဟုတ်ရင် သူ ငါ့ကို ချက်ချင်း ရိပ်မိသွားလိမ့်မယ်"

​"သခင်လေးဖန့် မဟာရှဧကရာဇ်က ဝိညာဉ်သွေးဂိုဏ်း နဲ့ ပတ်သက်နေပုံရတယ် သူ့ဘေးမှာ ဝိညာဉ်ဆိုးတွေ အများကြီး ကပ်နေတာ ကျွန်မ မြင်ခဲ့ရတယ်"

ဟု ချင်းဟယ်က ဆိုသည်။

​ဖန့်ချန်၏ မျက်လုံးများ မှေးကျသွားသည်။

"ဘယ်လောက်တောင် များလို့လဲ"

​သီလရှင် ချင်းဟယ်က ခဏမျှ တွန့်ဆုတ်နေပြီးမှ တိုးတိုးလေး ပြောလိုက်သည်။

"ရေတွက်လို့ မရအောင် များပါတယ် ဒါပေမဲ့ ရာနဲ့ချီပြီးတော့ ရှိနေမှာပါ"

​ဖန့်ချန် ခေါင်းညိတ်သည်။

"သေချာပါတယ် သူက ဝိညာဉ်သွေးဂိုဏ်းက ကျင့်ကြံသူပဲ အဲဒီ ဝိညာဉ်ဆိုးတွေက သူကိုယ်တိုင် သတ်ခဲ့တဲ့လူတွေ ဖြစ်နိုင်သလို သွယ်ဝိုက်ပြီး သေစေခဲ့တဲ့ လူတွေလည်း ရှိမှာပါ ရာဂဏန်းထက် အများကြီး ပိုမှာပါ"

​ဖန့်ချန် ခဏမျှ တိတ်ဆိတ်သွားပြီးမှ မေးလိုက်သည်။

"မင်းမှာ ဆက်သွယ်ရေး အဆောင် တွေ ရှိသေးလား"

​"ဆက်သွယ်ရေး အဆောင်လား ရှိပါတယ် ကျွန်မ မထွက်လာခင်မှာ ဆရာမကြီးက နှစ်ခု ပေးလိုက်ပါတယ်"

ဟု ချင်းဟယ်က ဆိုသည်။

​"မင်းရဲ့ ဆရာမကြီးဆီကို သတင်းတစ်ခု ပို့ပေးပါ၊ ငါ့ကို အကူအညီတစ်ခု ပေးဖို့ တောင်းဆိုချင်လို့ပါ"

ဟု ဖန့်ချန်က ဆိုသည်။

​ဖန့်ချန်သည် သီလရှင် ချင်းဟယ်၏ နားနားသို့ ကပ်ကာ တစ်စုံတစ်ခုကို တိုးတိုးလေး ပြောလိုက်သည်။

​သီလရှင် ချင်းဟယ်က အမြန် ခေါင်းညိတ်ကာ အဆောင်တစ်ခုကို ထုတ်၍ မီးရှို့လိုက်သည်။

​လမင်းပုန်းကွယ် ကျောင်းတော် အတွင်း၌ ကျူးယွဲ့သည် သတင်းပို့စာကို လက်ထဲတွင် ကိုင်ထားသည်။ စာမှာ မီးလောင်နေသည်။

​သူမ၏ မျက်လုံးများတွင် စဉ်းစားဟန်တစ်ခု လက်ခနဲ ဖြစ်သွားသည်။

​"မဟာရှဧကရာဇ်နဲ့ ဝိညာဉ်သွေးဂိုဏ်း"

​​အခန်း ၂၆၆ - တွေ့တဲ့ကောင် အပြတ်ရှင်းမယ်

​ဝိညာဉ်ဟင်းလင်းပြင်မြို့ရှိ ဝန်းငယ်တစ်ခုအတွင်း

​ဖန့်ချန်၏ ဝိညာဉ်အာရုံသည် ဟင်းလင်းပြင်တွင် ရပ်တန့်နေပြီး ရှရွှမ်ကျီနှင့် မဟာအကြီးအကဲတို့ စကားပြောနေသည်ကို စောင့်ကြည့်နေသည်။

​"ငါ စုံစမ်းပြီးပြီ ဝိညာဉ်ဟင်းလင်းပြင်မြို့ရဲ့ တောင်ဘက် မိုင်နှစ်ထောင်အကွာမှာ လူဦးရေ တစ်သန်းလောက်ရှိတဲ့ သာမန်လူသား မျိုးနွယ်စုတစ်ခု ရှိတယ်"

"သူတို့က အခုတလော တခြားမျိုးနွယ်စုတစ်ခုနဲ့ ပဋိပက္ခဖြစ်နေတာ ဟိုဘက်အုပ်စုက ချီသန့်စင်ခြင်းအဆင့် ၁၂ က ကျင့်ကြံသူတစ်ယောက်ကို ငှားထားတယ်"

" အဲဒီကျင့်ကြံသူ ပေါ်လာတော့ ဒီတိုက်ပွဲက ပြင်းထန်မလာတော့ဘူး အဲဒါက ငါမြင်ချင်တဲ့ အရာမဟုတ်ဘူး"

ရှားရွှမ်ကျီက အေးစက်စွာ ဆိုသည်။

"မင်း အဲဒီကိုသွားပြီး မျက်နှာပြပေးစေချင်တယ် အဲဒီမျိုးနွယ်စုတွေ သေတဲ့အထိ တိုက်ခိုက်ကြအောင်လို့ပေါ့"

​မဟာအကြီးအကဲ အံ့သြသွားသည်။

သူက လူအ မဟုတ်ပေ။

ထိုသို့လုပ်ခြင်းက မိမိကိုယ်ကိုယ် ကံကြမ္မာဝဋ်ကြွေး တွေ အများကြီး တင်စေလိမ့်မည်။

"ညီနောင်ရှ ငါ မင်းကို ကူညီမယ်လို့ ကတိပေးထားပေမဲ့ မင်းခိုင်းတာက လူသေအပျောက်တွေ အများကြီး ဖြစ်စေမှာ ဒါက ငါ့အပေါ် ဝဋ်ကြွေးတွေ ကျရောက်စေလိမ့်မယ် အဲဒီလိုဆိုရင် ငါ နောက်ပိုင်း ဘယ်လိုဆက်ပြီး ကျင့်ကြံရတော့မလဲ"

​"ဝဋ်ကြွေး ဟုတ်လား မင်း ငါတို့ ဝိညာဉ်သွေးဂိုဏ်းထဲ ရောက်လာပြီဆိုရင် ဝဋ်ကြွေးတွေကို ကြောက်နေစရာ မလိုတော့ဘူး ငါတို့က ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ လမ်းစဉ်ကို လျှောက်နေကြတာ"

"သာမန်ကျင့်ကြံသူတွေကမှ တကယ့် မိစ္ဆာလမ်းစဉ်ကို လျှောက်နေကြတာပါ သူတို့က ဝဋ်ကြွေးကို ကြောက်လို့ ဒီလို ပုရွက်ဆိတ်တွေရဲ့ အသက်ကို သည်းခံနေကြတာလေ"

သူက ဆက်ပြောသည်။

"ဒီပုရွက်ဆိတ်တွေက ငါတို့ရဲ့ ဝိညာဉ်စွမ်းအင်တွေကို ခိုးယူပြီး အရင်းအမြစ်တွေကို လုယူနေကြတာ ဒါကြောင့် ကျင့်ကြံခြင်းလမ်းစဉ်က ပိုခက်ခဲလာတာပေါ့"

" ဒါပေမဲ့ ငါတို့ ဝိညာဉ်သွေးဂိုဏ်းက တပည့်တွေကျတော့ မတူဘူး ငါတို့က ဒီပုရွက်ဆိတ်တွေကို ငါတို့အသုံးချဖို့ အရင်းအမြစ်တွေအဖြစ် ပြောင်းလဲပစ်တာ"

"ဒီနည်းနဲ့ ကမ္ဘာပေါ်က ဝိညာဉ်စွမ်းအင် ဆုံးရှုံးမှုကို လျှော့ချနိုင်သလို သွေးဝိညာဉ်ဆေးလုံး တွေနဲ့ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်နိုင်တယ်"

" ဘေးဒုက္ခ သုံးပါးနဲ့ ကပ်ဘေး ကိုးပါး ဆိုတာကတော့ ဟဲဟဲ... အဲဒါတွေနဲ့ ရင်ဆိုင်ရမယ့် အဆင့်ကိုတောင် မင်းမှ မရောက်နိုင်တာ ဘာလို့ ကြောက်နေမှာလဲ"

​ရှရွှမ်ကျီ၏ ပါးစပ်မှ ထိုစကားများ ထွက်လာသည်ကို ကြားရသဖြင့် ဖန့်ချန် အလွန်အံ့သြသွားသည်။

ဤမျှ ဆိုးရွားလှသော ကိစ္စရပ်များကို သူပြောပုံမှာ အလွန်ပင် ပေါ့ပေါ့ပါးပါး ရှိလှသည်။

သူသည် မိမိကိုယ်ကိုယ် တကယ့် သူတော်စင်တစ်ယောက်ဟု အမှန်တကယ် ယုံကြည်နေပုံရသည်။

​၎င်းက ရှရွှမ်ကျီသည် ဝိညာဉ်သွေးဂိုဏ်း၏ ယုံကြည်ချက်နှင့် မူဝါဒများအောက်တွင် မည်မျှအထိ နက်နက်ရှိုင်းရှိုင်း ရိုက်သွင်းခံထားရသည်ကို ပြသနေခြင်းသာ ဖြစ်သည်။

​"မင်း အလကား အလုပ်လုပ်ပေးရမှာ မဟုတ်ပါဘူးဝိညာဉ်သွေးဂိုဏ်းက သူ့အတွက် အလုပ်လုပ်ပေးတဲ့သူတွေကို ဘယ်တော့မှ လက်တွန့်လေ့ မရှိဘူး"

" ဒီအလုပ်ကို ပြီးမြောက်အောင် လုပ်နိုင်ရင် မင်းအတွက် အခြေခံတည်ဆောက်ရေး ဆေးလုံးတစ်လုံး ငါ တောင်းပေးမယ်"

​"မင်း အခြေခံတည်ဆောက်အဆင့်ကို ရောက်တဲ့အခါ ဝိညာဉ်သွေးဂိုဏ်းအတွက် အလုပ်လုပ်ရတာ ဘယ်လောက် အကျိုးအမြတ် ရှိတယ်ဆိုတာ မင်း နားလည်လာလိမ့်မယ်"

ရှရွှမ်ကျီက ဆိုသည်။

"ငါ ကျင့်ကြံလာတာ သိပ်မကြာသေးဘူးဆိုတာ မင်းသိပါတယ် ဒါပေမဲ့ ကြည့်စမ်း ငါ အခု အခြေခံတည်ဆောက်ရေးအဆင့် အလယ်ပိုင်းကို ရောက်နေပြီ"

​ရှရွှမ်ကျီ ပြုံးလိုက်သည်။

"ဒါတွေအားလုံးက သွေးဝိညာဉ်ဆေးလုံးရဲ့ ကျေးဇူးတွေပဲ ဒါက ဝိညာဉ်သွေးဂိုဏ်းဟာ လမ်းမှန်ပေါ်မှာ ရှိနေတယ်ဆိုတာကို သက်သေပြနေတာ"

"ဝိညာဉ်သွေးဂိုဏ်းရဲ့ ဘိုးဘေးကြီးကလည်း ငါတို့ဂိုဏ်းရဲ့ နာမည်ကောင်းကို မင်းတို့ မတွေးဝံ့တဲ့ နယ်ပယ်တွေအထိ ရောက်အောင် ကြိုးစားနေတာ မကြာခင်မှာ ဝိညာဉ်သွေးဂိုဏ်းက ပုန်းလျှိုးကွယ်လျှိုး လုပ်နေစရာ မလိုဘဲ ကမ္ဘာပေါ်မှာ ပွင့်ပွင့်လင်းလင်း သွားလာနိုင်တော့မှာ"

​ဖန့်ချန် အံ့သြသွားပြီး သူ၏ မျက်လုံးထဲတွင် မယုံနိုင်စရာ အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။

ဝိညာဉ်သွေးဂိုဏ်းက အမှန်တကယ် ဤမျှ အစွမ်းထက်နေသည်လား။

သူတို့၏ ခေါင်းဆောင်ပိုင်းတွင် ဘိုးဘေးအဆင့် ပညာရှင်တစ်ဦး အမှန်တကယ် ရှိနေနိုင်သည်။

​ပုဒု မသေမျိုး ပြောခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းလုံးလုံး ထိုကမ္ဘာတွင် မည်သူမျှ နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခြင်း မရှိခဲ့ပေ။

တက်လှမ်းရန် ရှုံးနိမ့်ခဲ့သူများသည် အခြားလမ်းစဉ်တစ်ခုကို လျှောက်လှမ်းကာ လွတ်လပ်သော မသေမျိုးများ ဖြစ်လာကြသည်

​ဘိုးဘေးအဆင့်ဟု လူသိများသော လွတ်လပ်သော သူများသည် ဂိုဏ်းတစ်ခု၏ ကံကြမ္မာကို ထိန်းချုပ်ထားနိုင်သူများ ဖြစ်သည်။

ထိုလူများသည် ကမ္ဘာ့အထွတ်အထိပ်တွင် အမှန်တကယ် ရပ်တည်နေသူများ ဖြစ်သည်

​ဖန့်ချန်သည် ထိုနတ်သမီးလေးနှင့် မျက်လုံးချင်း ခဏတာ ဆုံခဲ့ဖူးရာ သူ၏ မျက်စိများပင် ကန်းမတတ် ဖြစ်ခဲ့ရသဖြင့် သူမသည်လည်း ဘိုးဘေးအဆင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်သည်ဟု သူ အမြဲ သံသယရှိခဲ့သည်။

​တကယမလို့ ဝိညာဉ်သွေးဂိုဏ်းတွင်လည်း ထိုကဲ့သို့သော အစွမ်းမျိုးရှိသည့် ပုဂ္ဂိုလ်များ ရှိနေပါက ၎င်း၏ ကြောက်မက်ဖွယ်ကောင်းမှုမှာ ဖန့်ချန် စိတ်ကူးထားသည်ထက် များစွာ ကျော်လွန်နေပေလိမ့်မည်။

​ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူများသည် အဆင့် ၉ အင်ပါယာများအထိ ပေါ်ထွက်လာသည်ဆိုလျှင် သူတို့၏ သြဇာလွှမ်းမိုးမှုသည် ကမ္ဘာအနှံ့ ပျံ့နှက်နေခြင်းလည်း ဖြစ်နိုင်သည်။

​ခဏမျှ ဖန့်ချန်သည် မိမိကိုယ်ကိုယ် သိမ်ငယ်သွားသလို ခံစားလိုက်ရသည်။

သူ၏ ယခုလက်ရှိ ချီသန့်စင်ခြင်းအဆင့် ၁၁ ဖြင့် ထိုကဲ့သို့သော အဆင့်ရှိသူများကို အမှန်တကယ် ယှဉ်နိုင်ပါ့မလား

​မဟာအကြီးအကဲက သွားကြိတ်ကာ

"ညီနောင်ရှ ဝိညာဉ်သွေးဂိုဏ်းက ဘယ်လောက်အထိ အစွမ်းထက်သလဲဆိုတာ ငါ့ကို နည်းနည်းလောက် ပြောပြလို့ ရမလား"

ဟု မေးလိုက်သည်။

​ရှရွှမ်ကျီ၏ မျက်နှာပေါ်တွင် ဝင့်ကြွားသော အပြုံးတစ်ခု ပေါ်လာသည်။

"မင်း အဆင့် ၁ အင်ပါယာတွေမှာတောင် ဝိညာဉ်သွေးဂိုဏ်းရဲ့ ခြေရာလက်ရာတွေကို တွေ့နိုင်တယ်"

​ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှ အကြီးအကဲသည် ချက်ချင်း အသက်ရှူမှားသွားပြီးနောက် လျင်မြန်စွာပင်

"ငါ လုပ်ပါ့မယ် မင်း ငါ့ကို စိတ်မပျက်စေဘူးလို့ မျှော်လင့်ပါတယ် ညီနောင်ရှ"

ဟု ဆိုလိုက်သည်။

​ရှရွှမ်ကျီ ဘာမှ မပြောသော်လည်း သူ၏ မျက်နှာပေါ်ရှိ အပြုံးက သူ မည်မျှ ကျေနပ်သွားသည်ကို ရှင်းရှင်းလင်းလင်း ပြသနေသည်။

​ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဖန့်ချန် ရယ်မောမိတော့သည်။

​ဝိညာဉ်သွေးဂိုဏ်းက မည်မျှပင် အစွမ်းထက်ပါစေ၊ ဤကမ္ဘာပေါ်တွင် ရှရွှမ်ကျီကဲ့သို့သော သုတ်သင်ရမည့် အမှိုက်ကောင်များ ရှိနေသည်ဆိုသည်ကိုသာ သူ သိသည်။

​ထိုကဲ့သို့သော အမှိုက်ကောင်မျိုးကို သူ တွေ့သည့်နေ့ တွေ့သည့်အချိန်တွင် အပြတ်ရှင်းရမည် ဖြစ်သည်

​သူတို့ကိုသာ အသက်ရှင်ခွင့် ပေးထားမည်ဆိုလျှင် နေ့စဉ် အပြစ်မဲ့သော အသက်ပေါင်းများစွာ ဆုံးရှုံးနေရပေလိမ့်မည်

​သူသည် ဓားငယ်လေး၏ ထူးခြားသော သဘာဝကို ယုံကြည်သည်။

ဓားငယ်လေးကို ဝိညာဉ်ပစ္စည်းများနှင့် ရတနာများကို ဆက်လက် ဝါးမြိုခိုင်းပြီး ရှစ်မျက်နှာအရပ် ဓားကျမ်းကို ဆက်လက် ကျင့်ကြံနေသရွေ့ တစ်နေ့တွင် ပုံစံ ခုနစ်မျိုးစလုံးကို ပေါင်းစပ်ကာ အဆုံးစွန်သော နည်းဗျူဟာ မသေမျိုး နှိမ်နင်းခြင်း ကို အသုံးပြုနိုင်သည့်အခါ ဝိညာဉ်သွေးဂိုဏ်းကို သူ ဖြိုခွဲနိုင်ပေလိမ့်မည်

​"အော်... ဒါနဲ့ ဟိုဓားကျင့်ကြံသူကို စောင့်ကြည့်ဖို့ လူလွှတ်ထားတုန်းပဲလား သူ ရဲ့မိသားစုမှာ ဘာတွေလုပ်နေလဲ"

ရှရွှမ်ကျီက ရုတ်တရက် မေးလိုက်သည်။

​မဟာအကြီးအကဲက ခေါင်းညိတ်သည်။

"ငါတို့ တပည့်တွေ သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေပါတယ် အဲဒီဓားသမားက မိသားစုကြီး သုံးခုကို ဝိညာဉ်ပစ္စည်းတွေ အများကြီး ဝယ်ခိုင်းထားတယ်လို့ ကြားတယ် သူ တစ်ခုခုကို သွန်းလုပ်ဖို့ ပြင်နေပုံရတယ်"

​ထိုအချိန်တွင် မဟာအကြီးအကဲ၏ မျက်လုံးထဲ၌ မနာလိုမှုများ လက်ခနဲ ဖြစ်သွားသည်။

"သူက ဓားကျင့်ကြံသူ တစ်ဦးရဲ့ အမွေအနှစ်ကို ပိုင်ဆိုင်ထားရုံတင် မကဘူး၊ ရတနာသွန်းလုပ်ခြင်း ကိုလည်း တတ်သေးတာပဲ"

​မဟာအကြီးအကဲသည် ရှရွှမ်ကျီကို ရုတ်တရက် ကြည့်လိုက်သည်။

"သူ့ကို သတ်ပြီး အဲဒီအမွေအနှစ်တွေကို သိမ်းပိုက်ဖို့ နည်းလမ်း ရှာကြရအောင်"

​ရှားရွှမ်ကျီ ခဏမျှ စဉ်းစားပြီးမှ

"သူက အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးပိုင်း ပညာရှင်ကိုတောင် သတ်နိုင်တဲ့သူ ငါ အခု သူ့ကို မနိုင်ဘူး"

ဟု ဆိုသည်။

​မဟာအကြီးအကဲ၏ နှုတ်ခမ်းတွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာသည်။

"ဝိညာဉ်သွေးဂိုဏ်းက ဒီလောက် အစွမ်းထက်နေမှတော့ မင်း ပိုပြီး အစွမ်းထက်တဲ့ ပညာရှင်တွေကို ခေါ်နိုင်မှာ မဟုတ်ဘူးလား"

​ရှရွှမ်ကျီက သူ့ကို တစ်ချက်ကြည့်ကာ နှုတ်ခမ်းကို အနည်းငယ် တွန့်လိုက်သည်။

"ဟုတ်ပါပြီ၊ ဒါပေမဲ့ ငါတို့ကို ကူညီဖို့ လာတဲ့သူက ငါတို့နှစ်ယောက်လုံးကို သတ်ပြီး အမွေအနှစ်ကို ကိုယ်တိုင်ယူမှာ မဟုတ်ဘူးလို့ မင်း ဘယ်လို သေချာပေါက် ပြောနိုင်မှာလဲ"

​မဟာအကြီးအကဲ ချက်ချင်း တိတ်သွားသည်။

​ရှရွှမ်ကျီသည် ဝိညာဉ်သွေးဂိုဏ်းမှ ဖြစ်ကြောင်း သူ မေ့သွားခဲ့သည်။

ထိုဂိုဏ်းရှိ တပည့်များသည် ဓားကျင့်ကြံသူများကဲ့သို့ပင် ရူးသွပ်သူများ ဖြစ်ကြသည်။

အကယ်၍ အကျိုးအမြတ် လုံလောက်စွာ ရှိမည်ဆိုလျှင် သူတို့သည် မိမိဂိုဏ်းသားအချင်းချင်းကိုပင် သတ်ရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။

​"သူ့ကို သတ်ဖို့ နည်းလမ်းတစ်ခုတော့ ရှိတယ်၊ ဒါပေမဲ့ မင်းရဲ့တပည့်ကို ပြန်လာခိုင်းဖို့ လိုလိမ့်မယ်"

ဟု ရှရွှမ်ကျီက တွေးတောစွာ ပြောလိုက်သည်။

​မဟာအကြီးအကဲမှာ ဇဝေဇဝါဖြစ်သွားသော်လည်း စိတ်ဝင်တစား ရှိနေသည်။

"ဘာ အဲဒါက ဘယ်လို ကူညီမှာလဲ"

​ဖန့်ချန်လည်း စိတ်ဝင်တစားဖြင့် နားစွင့်လိုက်သည်။

​"မင်းရဲ့တပည့်က အခြေခံတည်ဆောက်ခြင်းအဆင့်မှာ ရှိတယ် သူမကို မြို့တံခါးဝကနေ ရဲ့မိသားစု အိမ်ရှေ့အထိ ဒူးထောက်ပြီး သွားခိုင်းလိုက်"

"ပြီးတော့ ဓားကျင့်ကြံသူကို စိတ်ရင်းမှန်နဲ့ တောင်းပန်တဲ့အနေနဲ့ လက်ဖက်ရည် တစ်ခွက်သောက်ဖို့ ဖိတ်ခိုင်းလိုက် ငါ အဲဒီလက်ဖက်ရည်ထဲကို ငရဲကမ္ဘာ ဝိညာဉ်ပိုး တွေ ထည့်ထားမယ်"

"အဲဒါကို သောက်ပြီးရင် သူ့ရဲ့ ကျင့်ကြံမှုကို သုံးရက်ကြာ ပိတ်ဆို့ထားလိမ့်မယ် ဒီနည်းနဲ့ သူ့ကို သတ်ဖို့ ငါတို့အတွက် အချိန်အလုံအလောက် ရမှာပေါ့"

ဟု ရှရွှမ်ကျီက ခပ်ပါးပါး ပြုံးရင်း ရှင်းပြသည်။

​မဟာအကြီးအကဲကမူ မသေချာသေးပေ။

"တကယ်လို့ သူ လက်ဖက်ရည် မသောက်ရင်ကော"

​"ငါတို့က အခြေအနေကို အကြီးအကျယ် ဖန်တီးပြီး လူအများကြီးကို ဖိတ်ထားမယ်ဆိုရင် သူ ငြင်းဖို့ ခက်သွားလိမ့်မယ်"

" ငါတို့ ရင်ဆိုင်နေရတာက ဓားကျင့်ကြံသူလေ သူတို့က အရမ်းမာနကြီးကြတာ သူတို့ ဂုဏ်သိက္ခာကိုပဲ ဂရုစိုက်ကြတာလေ"

ဟု ရှရွှမ်ကျီက ယုတ်မာသော အပြုံးဖြင့် ဆိုသည်။

​မဟာအကြီးအကဲက လက်မထောင်ပြလိုက်မိသည်။

"တော်လိုက်တာ ညီနောင်ရှ က တကယ်ကို တော်တာပဲ တကယ်လို့ သူ လက်ဖက်ရည် မသောက်ရင်တောင် ငါ့တပည့်ကို သူ ထပ်ပြီး ရန်လုပ်မှာ မဟုတ်တော့ဘူး ဒီနည်းနဲ့ ငါတို့အတွက် နောက်ထပ် ကူညီမယ့်သူ တစ်ယောက် ရတာပေါ့"

​ဤအရာကို ကြားရသောအခါ ရှရွှမ်ကျီသည် ဝိညာဉ်ဟင်းလင်းပြင်မြို့မှ မကြာမီ ထွက်ခွာမည် မဟုတ်ကြောင်း ဖန့်ချန် သိလိုက်ရသည်။

သူ ထပ်နားထောင်စရာ မလိုတော့သဖြင့် သူ၏ ဝိညာဉ်အာရုံမှာ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ပြန်လည် ဝင်ရောက်သွားသည်။

​သူ မျက်လုံးဖွင့်လိုက်သည်နှင့် သူ၏ ဓားခန္ဓာကိုယ် မှာ မငြိမ်မသက် လှုပ်ခတ်နေသည်ကို ခံစားလိုက်ရသည်။

သို့သော် ခဏအကြာတွင် မငြိမ်မသက် ဖြစ်နေသည်မှာ သူ၏ ဓားခန္ဓာကိုယ် မဟုတ်ဘဲ ဓားငယ်လေး ဖြစ်ကြောင်း သူ သတိပြုမိလိုက်သည်။

​ရုတ်တရက် သီလရှင် ချင်းဟယ်၏ အသံ ဝန်းပြင်ပမှ ထွက်ပေါ်လာသည်။

"သခင်လေးဖန့် စီနီယာ တောင်းဆိုထားတဲ့ ဝိညာဉ်ပစ္စည်းတွေ ရောက်လာပြီလို့ ပြောပါတယ်ကျေးဇူးပြုပြီး သွားကြည့်ပေးပါဦး"

All Chapters