← Chapters

အခန်း (၉၂၇-၉၂၈)

Vol. 93 Ch. 927-928

အခန်း (၉၂၇-၉၂၈)

Vol. 93 Ch. 927-928

​အခန်း (၉၂၇) ငါနဲ့အတူ လူသားလောကကို တစ်ခေါက် လိုက်ခဲ့

​ရှင်ရှန်း က ရှီလုံ ကို တစ်ချက်ကြည့်ပြီး တိုးတိုးလေး ပြောလိုက်တယ်

"ငရဲမင်း... ထိုက်ယင်နဂါးမင်းကြီး ပြောတာ တစ်ချက်တော့ မှန်ပါတယ်၊ သူ မသေခင် လူသားလောကမှာတုန်းက ခွန်အားက မသေးလှဘူး သူ ပိုင်ဆိုင်ထားတဲ့ အရင်းအမြစ်တွေကလည်း အခုအချိန်မှာ ငရဲမင်းအတွက် အထောက်အကူ ဖြစ်စေမှာပါ"

​"သွားတွေ့ကြတာပေါ့"

​ဖန့်ချန် ထရပ်ပြီး ရှေ့ခန်းမဆီ လျှောက်သွားပါတယ်။

ရှီလုံ နဲ့ ရှင်ရှန်း တို့လည်း နောက်ကနေ ချက်ချင်း လိုက်ပါသွားကြပါတယ်။

​ထိုက်ယင်နဂါးမင်းကြီး ဟာ ခဏလောက် စောင့်ဆိုင်းပြီးနောက်မှာတော့ ရှီလုံ ဟာ လူငယ်တစ်ယောက်ရဲ့ နောက်ကနေ လိုက်ပါလာတာကို မြင်လိုက်ရပါတယ်။

သူဟာ အများကြီး မကြည့်ရဲဘဲ ချက်ချင်း လက်အုပ်ချီ ဂါရဝပြုလိုက်တယ်

​"ထိုက်ယင်... ငရဲမင်း အရှင်မြတ်ကို ဂါရဝပြုပါတယ်"

​ရှီလုံ လို သန်မာတဲ့သူမျိုးတောင် နောက်ကနေ လိုက်နေရတယ်ဆိုမှတော့ ဒီလူငယ်ဟာ အသစ်တက်လာတဲ့ ငရဲမင်း ဖြစ်ရမယ်လို့ သူ မှတ်ယူလိုက်တာပါ။

​ပန်ဆန်း ကတော့ ဖန့်ချန် ကို ခိုးကြည့်ပြီး စိတ်ထဲမှာ အံ့ဩနေမိပါတယ်။

ဒီငရဲမင်းအသစ်က ကြည့်ရတာ အရမ်းကို ငယ်လွန်းနေပြီး သူ့ရဲ့ ကျင့်ကြံမှုကလည်း... သာမန်ပဲလို့ ထင်ရပါတယ်။

​"မယ်တော်စီ... အရင်တုန်းက ဒီလူက မင်းကို ကျန်းကွမ်မြို့ အပြင်ဘက်မှာ ချိတ်ဆွဲပြီး အရှက်ခွဲခဲ့တာကို စိတ်ထဲ မထားဘူးလား"

​ဖန့်ချန် က နဂါးမင်းကြီးကို အကဲခတ်ကြည့်ပြီး မယ်တော်စီ ဘက်ကို လှည့်ကာ ပြုံးပြီး မေးလိုက်ပါတယ်။

​နဂါးမင်းကြီး ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး မယ်တော်စီ ကို အမြန် လှမ်းကြည့်လိုက်ပါတယ်။

​မယ်တော်စီ က ရိုသေစွာ လျှောက်တင်လိုက်တယ်

"ငရဲမင်း...တကယ်လို့ ဒီလူသာ ကြားဝင်ပြီး မနှောင့်ယှက်ခဲ့ရင် အခုအချိန်မှာ ကျွန်မလည်း ညကင်းလှည့်ရဲမက် ဖြစ်လာချင်မှ ဖြစ်လာမှာပါ စိတ်ထဲ ထားတာကတော့ ထားတာပေါ့၊ ဒါပေမဲ့ သူက ကျွန်မကို အကြွေး တစ်ခု တင်ထားပါ့မယ်လို့ ကတိပေးထားလို့ ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ပါပြီ"

​"ဟူး..."

​နဂါးမင်းကြီး သက်ပြင်းချနိုင်သွားပါတယ်။

ဒီမယ်တော်စီက တော်တော်လေး သဘောထားကြီးတယ်၊ အခုလို အရေးကြီးတဲ့ အချိန်မှာ လမ်းပိတ်မတားတာကိုပဲ ကျေးဇူးတင်လှပါပြီ။

​ဖန့်ချန် ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး နဂါးမင်းကြီး ကို ကြည့်ကာ

"မင်း သိထားရမှာက ရာထူးရပြီးရင် မင်းရဲ့ အသက်ကအစ မင်းအပိုင် မဟုတ်တော့ဘူး ကိုယ့်သဘောနဲ့ကိုယ် ဘာမှ လုပ်လို့ မရတော့ဘူးနော်"

​နဂါးမင်းကြီး က လေးလေးနက်နက် ခေါင်းညိတ်ပြတယ်

"ကျွန်တော်မျိုး သိပါတယ်၊ လူသားလောကကို ပြန်သွားနိုင်မယ်ဆိုရင် ဒါတွေက ဘာမှ မဟုတ်ပါဘူး"

​"မင်းမှာ လူသားလောကမှာ ရန်သူတွေ ရှိတယ်ပေါ့"

ဖန့်ချန် က ပြုံးပြီး ပြောပါတယ်။

​"မှန်... ပါတယ်"

နဂါးမင်းကြီး ခဏလောက် တိတ်သွားပြီးမှ ခေါင်းညိတ်ပါတယ်။

​"ဒါဆို သူကော"

ဖန့်ချန် က ပန်ဆန်း ကို ကြည့်လိုက်ပါတယ်။

​နဂါးမင်းကြီး ကြောင်သွားပြီး အမြန် လျှောက်တင်တယ်

"ငရဲမင်းကို လျှောက်တင်ပါတယ် သူက ကျွန်တော်မျိုးရဲ့ နဂါးကျွန် ပါပဲ အကယ်၍ အရှင်မြတ်က သူ့ကို မြင်ပြင်းကပ်တယ်ဆိုရင် ကျွန်တော်မျိုး သူ့ကို အခုပဲ မောင်းထုတ်လိုက်ပါ့မယ်"

​ပန်ဆန်း ကတော့ ဘာမှပြန်မပြောပါဘူး၊ ဒါကို သူ ကျင့်သားရနေပုံပါပဲ။

​"မြင်ပြင်းကပ်စရာ မရှိပါဘူး၊ ငါက သူ့ကို မင်းထက်တောင် ပိုပြီး မျက်စိကျမိသေးတယ်"

ဖန့်ချန် က ရယ်ပြီး ပြောလိုက်ပါတယ်။

​မယ်တော်စီ ကလည်း ခပ်တိုးတိုး ရယ်လိုက်တယ်

"ငရဲမင်းက ကျွန်မ စဉ်းစားတာနဲ့ ထပ်တူပါပဲ၊ ကျွန်မလည်း ပန်ဆန်း က နဂါးမင်းကြီးထက် ပိုပြီး ကြည့်ကောင်းတယ်လို့ ထင်နေတာ"

​နဂါးမင်းကြီး ကြောင်အသွားပြီး အမြန် လိုက်ပြုံးပြတယ်

"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ကျွန်တော်မျိုးလည်း အဲဒီလိုပဲ ထင်ပါတယ်"

​"မင်းတို့ဆီမှာ ယင်သက်တမ်းဒင်္ဂါးတွေ ပါလား"

ဖန့်ချန် က မေးလိုက်ပါတယ်။

​နဂါးမင်းကြီး ကြောင်သွားတယ်၊ ယင်သက်တမ်းဒင်္ဂါး

​မယ်တော်စီ မျက်နှာ ပျက်သွားတယ်

"နဂါးမင်းကြီး... အရေးကြီးတဲ့အချိန်ကျမှ ဘာလို့ ဒီလောက် နားမလည်ရတာလဲ"

​နဂါးမင်းကြီး သတိဝင်လာပြီး အံကြိတ်ကာ သူ့ဆီမှာ ရှိသမျှ ယင်သက်တမ်းဒင်္ဂါး အကုန်လုံးကို ထုတ်ပြီး ဖန့်ချန် ကို ရိုရိုသေသေ ပေးလိုက်ပါတယ်။

ပန်ဆန်း လည်း အကြာကြီး ရှာဖွေပြီးနောက် ဒင်္ဂါး ၂၀၀၀ ကို ထုတ်ပေးလိုက်ပါတယ်။

​ဖန့်ချန် က မရေတွက်တော့ဘဲ ငရဲမင်းတံဆိပ် ကို အသုံးပြုပြီး ဒင်္ဂါးတွေကို စုပ်ယူလိုက်ပါတယ်။

တံဆိပ်ပေါ်က ယင်သက်တမ်း အရေအတွက်က တဟုန်ထိုး တိုးလာပြီး ၂၅,၀၀၀ မှာ ရပ်တန့်သွားပါတယ်။

​အဲဒီနောက် သူဟာ လေထဲမှာ လက်နဲ့ စာနှစ်စောင် ရေးလိုက်ပြီး ခန့်အပ်မှာတွေကို နဂါးမင်းကြီး နဲ့ ပန်ဆန်း တို့ရဲ့ ခန္ဓာကိုယ်ထဲ ထည့်ပေးလိုက်ပါတယ်။

​"ရာထူး ရချင်တယ်ဆိုရင် အခုအချိန်မှာ မခုခံနဲ့"

ရှီလုံ က အေးဆေးစွာ သတိပေးလိုက်ပါတယ်။

​နဂါးမင်းကြီး တို့ နှစ်ယောက်ဟာ အင်အားတစ်ရပ် ခန္ဓာကိုယ်ထဲ ဝင်လာတာကို ခံစားလိုက်ရလို့ အလိုလို ခုခံဖို့ ပြင်လိုက်ပေမဲ့ ရှီလုံ ရဲ့ စကားကို ကြားတာနဲ့ အမြန် ပြန်လျှော့လိုက်ပါတယ်။

​ဒါပေမဲ့ နဂါးမင်းကြီး အံ့ဩသွားတာက... ပန်ဆန်း ပါ ဘာလို့ ခန့်အပ်မှု ရတာလဲ ဆိုတာပါပဲ။

​ပန်ဆန်း ရဲ့ မျက်နှာထားကလည်း ထူးဆန်းနေပါတယ်။

သူကတော့ ယင်လောကမှာပဲ လွတ်လွတ်လပ်လပ် နေချင်တာပါ၊ ဒီလို ရာထူးရဖို့ စိတ်မကူးခဲ့ပေမဲ့ အခုလို ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။

​မကြာခင်မှာပဲ ခန့်အပ်မှုက အောင်မြင်သွားပြီး သူတို့နှစ်ယောက်လုံးရဲ့ ယင်ခန္ဓာကိုယ်ဟာ အရင်ကထက် အပြောင်းအလဲ အနည်းငယ် ရှိလာတာကို ခံစားလိုက်ရပါတယ်။

​"ထိုက်ယင်နဂါးမင်းကြီး... အခုကစပြီး မင်းက နေ့ကင်းလှည့်ရဲမက် ပဲ မင်းရဲ့ ရာထူးက ရှီလုံ နဲ့ အတူတူပဲ ဆိုပေမဲ့ သူက မင်းရဲ့ စီနီယာ ပဲ သူ ပြောတဲ့စကားက ငါ့ရဲ့ အမိန့်ပဲ၊ မင်း နားထောင်ရမယ်"

ဖန့်ချန် က တည်ငြိမ်စွာ ပြောလိုက်ပါတယ်။

​"ကျွန်တော်မျိုး ငရဲမင်းကို ဂါရဝပြုပါတယ် ရှီလုံအကြီးအကဲ ကို ဂါရဝပြုပါတယ် မယ်တော်စီ ကို ဂါရဝပြုပါတယ် အဲဒီနောက်..."

​"ရှင်ရှန်း"

​"ရှင်ရှန်းအရှင်မြတ်ကိုလည်း ဂါရဝပြုပါတယ်"

နဂါးမင်းကြီး ရင်ထဲမှာ အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။

​ဖန့်ချန် က ပန်ဆန်း ကို ကြည့်ပြီး

"မင်းကတော့ ညကင်းလှည့်ရဲမက် ပဲ"

​"ကျွန်တော်မျိုး ငရဲမင်းကို ဂါရဝပြုပါတယ်"

ပန်ဆန်း ခဏလောက် တိတ်သွားပြီးမှ လက်အုပ်ချီ နှုတ်ဆက်လိုက်ပါတယ်။

​နဂါးမင်းကြီး ရဲ့ ကျင့်ကြံမှုက မယ်တော်စီ ထက် သာတာကြောင့် သူ့ကို ခန့်အပ်ဖို့ ယင်သက်တမ်း ၄၅၀၀ ကျော် ကုန်သွားပြီး ပန်ဆန်း လည်း ထိုနည်းတူပါပဲ။

ဒါကြောင့် ငရဲမင်းတံဆိပ် ဟာ လူသစ်နှစ်ယောက်ကို ခန့်အပ်ပြီးချိန်မှာ ယင်သက်တမ်းက လျော့မသွားဘဲ အရင်ကထက်တောင် ထောင်ဂဏန်းလောက် ပိုများနေပါသေးတယ်။

အခု စုစုပေါင်း ၁၆,၀၀၀ ကျော် ရှိနေပါတယ်။

​"ငရဲမင်း... ကျွန်တော်မျိုး ဘယ်အချိန်မှာ လူသားလောကကို ပြန်သွားလို့ ရမလဲ"

နဂါးမင်းကြီး က မစောင့်နိုင်တော့ဘဲ မေးပါတယ်။

​"မင်း လူသားလောကကို သွားချင်ရင် အခုပဲ ငါခေါ်သွားမယ်၊ ဒါပေမဲ့ မင်း အရင်က နေခဲ့တဲ့ လူသားလောကတော့ မဟုတ်ဘူးနော်"

ဖန့်ချန် က ပြောပါတယ်။

​နဂါးမင်းကြီး က တတွတ်တွတ် ခေါင်းညိတ်တယ်

"ကျွန်တော်မျိုး နားလည်ပါတယ်၊ နားလည်ပါတယ်"

​လူသားလောကကို ပြန်ပြီး တစ်ခေါက်လောက် ကြည့်ရရုံနဲ့တင် သူ ကျေနပ်လှပါပြီ။

အရင်နေရာကို ပြန်ပြီး ကလဲ့စားချေဖို့ကတော့ သူ့ရဲ့ အခု ကျင့်ကြံမှုနဲ့ဆိုရင် မဖြစ်နိုင်သေးတာ သူ သိပါတယ်။

အရင်ကထက် အားနည်းနေသလို၊ ရန်သူတွေကသာ မသေသေးရင် အခုဆို ပိုပြီး အစွမ်းထက်နေလောက်ပါပြီ။

​"အားလုံးပဲ... ဒီမှာ ကိစ္စမရှိတော့ရင် ငါနဲ့အတူ လူသားလောကကို တစ်ခေါက် လိုက်ခဲ့ကြ"

ဖန့်ချန် က ပြုံးပြီး ပြောလိုက်ပါတယ်။

​လူတိုင်း ကြောင်သွားကြပါတယ်။

နဂါးမင်းကြီး ရဲ့ မျက်နှာမှာ စိတ်လှုပ်ရှားမှုတွေ ပေါ်လာသလို၊ ပန်ဆန်း ရဲ့ မျက်လုံးထဲမှာလည်း စပ်စုချင်စိတ်တွေ ရှိနေပါတယ်။

သူ ယင်လောကမှာ နေခဲ့တာက လူသားလောကမှာ နေခဲ့တာထက် ပိုကြာနေပြီမို့လို့ လူသားလောက အကြောင်းကိုတောင် မေ့တေ့တေ့ ဖြစ်နေပါပြီ။

​မယ်တော်စီ က ဝမ်းသာအားရ ခေါင်းညိတ်တယ်

"ကျန်းကွမ်မြို့ ရဲ့ စီးပွားရေးတွေကိုတော့ ရှင်ရှန်း ဆီပဲ အပ်ခဲ့လိုက်မယ်"

​ရှင်ရှန်း ကတော့ ဘာမှပြန်မပြောနိုင်ဘဲ ဖြစ်နေပါတယ်။

​မကြာခင်မှာပဲ သူဟာ ဖန့်ချန် တို့အဖွဲ့ ကျန်းကွမ်မြို့ ကနေ ထွက်သွားတာကို ကြည့်ပြီး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပါတယ်။

သူ့ရဲ့ ကျင့်ကြံမှုက အရမ်းနိမ့်နေသေးတယ်၊ မြန်မြန် ယင်မိစ္ဆာကြီး အဆင့်ကို တက်နိုင်မှ ဖြစ်မယ်၊ မဟုတ်ရင် နောင်ကျရင် အလုပ်ကြမ်းတွေပဲ လုပ်ရတော့မှာ သေချာပါတယ်။

​ဒီတစ်ခါ ဖန့်ချန် က လူကိုယ်တိုင် ယင်လောကကို လာပြီး ရှီလုံ တို့ကို ခေါ်တာ ဖြစ်လို့ ငရဲမင်းတံဆိပ် ထဲက ယင်သက်တမ်းကို မကုန်စေပါဘူး။

အရေးပေါ် ကိစ္စ မဟုတ်ရင် သူ ကိုယ်တိုင်ပဲ လာဖို့ စိတ်ကူးထားပါတယ်။

အချိန် နည်းနည်း ကုန်ပေမဲ့ တစ်ခါတည်းနဲ့ ယင်သက်တမ်း ၂၀၀၀ ကုန်သွားတာထက်စာရင် အများကြီး သာပါတယ်။

​ဝမ့်ချွမ်းမြစ် က တံတားထိပ်မှာ အောက်ဆင်းသူအချို့ စကားလက်ဆုံ ကျနေကြတုန်း၊ တစ်ယောက်က ရုတ်တရက် အဝေးကို လက်ညှိုးထိုးပြီး စကားတွေ ထစ်ကုန်ပါတယ်

​"မင်း... မင်းတို့ ကြည့်လိုက်ဦး"

​လူတိုင်း လှည့်ကြည့်လိုက်တဲ့အခါ မြူတွေဆိုင်းနေတဲ့ ဝမ့်ချွမ်းမြစ်ထဲမှာ ဘာမှမရှိတာကြောင့်

"ကျန်းအစ်ကို... ဘာကို ကြည့်ခိုင်းတာလဲ"

လို့ မေးကြပါတယ်။

​အဲဒီလူက မျက်လုံးကို ပွတ်ကြည့်ပြီး တစ်ယောက်တည်း ရေရွတ်နေတယ်

"ငါ မြင်တာ မှားလို့လား ခုနကတင် အနီရောင် ဝေါယာဉ်ကြီး တစ်ခုနဲ့ ဝေါယာဉ်ပေါ်မှာ အရိုးနဂါးကြီး တစ်ကောင် ပျံနေတာကို မြင်လိုက်တာ..."

​"ဟဲဟဲ... မင်း မြင်မှားတာ ဖြစ်မှာပါ ကျန်းအစ်ကို ယင်လောကမှာ နေတာ ကြာသွားလို့ ထင်တယ်လူသားလောကကို ပြန်ဖို့ အချိန်တန်ပြီ"

​လူတိုင်း ရယ်မောလိုက်ကြပါတယ်။

အနီရောင်ဝေါယာဉ် ဆိုတာက ထားပါတော့၊ အရိုးနဂါး ဆိုတာမျိုးက ယင်လောကမှာ သူတို့ တစ်ခါမှ မမြင်ဖူးပါဘူး။

ယင်လောကအကြီး ဘက်မှာပဲ အဲဒီလို ယင်မိစ္ဆာမျိုးတွေ ရှိတာလေ။

​လူသားလောက။

​ထိုက်ယင်နဂါးမင်းကြီး ဟာ အရောင်အသွေး စုံလင်လှတဲ့ လူသားလောကကို မြင်လိုက်ရတဲ့အခါ စိတ်လှုပ်ရှားလွန်းလို့ ကောင်းကင်ကို မော့ပြီး နဂါးဟိန်းသံ တစ်ချက် ပေးလိုက်ပါတယ်။

​နဂါးဟိန်းသံက မြစ်ချောင်း တောင်တန်းတွေကို တုန်ခါသွားစေပါတယ်။

ယင်မိစ္ဆာကြီး တစ်ယောက်ရဲ့ ဟိန်းသံ ဖြစ်လို့ အရပ်ရပ်က ကျင့်ကြံသူတွေဟာ ဘာဖြစ်တာလဲဆိုတာ မသိဘဲ ထိတ်လန့်တကြားနဲ့ ခေါင်းမော့ကြည့်လိုက်ကြပါတယ်။

​"သခင်လေး... ကျွန်မရဲ့ ဝေါယာဉ်ကိုပဲ စီးမလားရှင်"

​မယ်တော်စီ က နဂါးမင်းကြီးကို ဂရုမစိုက်တော့ဘဲ ဖန့်ချန် ကိုပဲ အရေးတယူ မေးလိုက်ပါတယ်။

​ဖန့်ချန် က ယဉ်ကျေးစွာ ငြင်းလိုက်ပြီး နဂါးမင်းကြီး ရဲ့ ဦးခေါင်းပေါ်ကို တိုက်ရိုက်တက်ရပ်ကာ ဟန်တန်းနိုင်ငံ ဘက်ကို ပျံသန်းဖို့ အမိန့်ပေးလိုက်ပါတော့တယ်။

​အခန်း (၉၂၈) ငါ မင်းကို မသတ်ချင်ဘူး

​ထိုက်ယင်နဂါးမင်းကြီး ဟာ ခြေသည်းတွေကို ဝမ်းဗိုက်အောက်မှာ သိမ်းဆည်းထားပြီး၊ ပေတစ်ရာကျော် ရှည်လျားတဲ့ ခန္ဓာကိုယ်ဟာ မြားတစ်စင်းအလား ဟင်းလင်းပြင်ကို ထိုးခွဲကာ ဟန်တန်းနိုင်ငံ ဘက်ကို အလွန်မြန်တဲ့ အရှိန်နဲ့ ပျံသန်းနေပါတယ်။

​ပတ်ဝန်းကျင်က မြင်ကွင်းတွေဟာ ရုပ်ရှင်ကားချပ်တွေလိုပဲ နောက်မှာ တရိပ်ရိပ် ကျန်ရစ်ခဲ့ပါတယ်။

​နောက်ကနေတော့ မယ်တော်စီ ရဲ့ မင်္ဂလာဆောင်ဝေါယာဉ်အဖွဲ့၊ နဂါးကြေးခွံယင်ချပ်ဝတ် တွေ ဆင်မြန်းပြီး လှံရှည် ကို ကိုင်ဆောင်ထားတဲ့ ပန်ဆန်း၊ ပြီးတော့ လက်ကို နောက်ပစ်ပြီး လမ်းလျှောက်နေသလိုမျိုး အေးအေးဆေးဆေး လိုက်ပါလာတဲ့ ရှီလုံ တို့ ရှိနေကြပါတယ်။

​အခုအချိန်မှာတော့ ယင်မိစ္ဆာကြီး လေးယောက်ကြားက ကျင့်ကြံမှု ကွာခြားချက်တွေဟာ သိသိသာသာ ပေါ်လွင်နေပါပြီ။

​ထိုက်ယင်နဂါးမင်းကြီး ရဲ့ အရှိန်ဟာ မယ်တော်စီ နဲ့ ပန်ဆန်း ထက် သိသိသာသာ ပိုမြန်နေပြီး၊ ပန်ဆန်း ကတော့ မယ်တော်စီ ထက် အနည်းငယ် ပိုမြန်ပါတယ်။

​ရှီလုံ ကတော့ လေးယောက်ထဲမှာ ကျင့်ကြံမှု အခြေခံ အနက်ရှိုင်းဆုံးသူ ဖြစ်တာကြောင့် သူ့ရဲ့ ခွန်အားအစစ်ကိုတောင် ထုတ်မသုံးရသေးပါဘူး။

နဂါးမင်းကြီး ဘယ်လောက်ပဲ မြန်မြန်၊ သူဟာ ဖန့်ချန် နဲ့ ဘေးကင်းတဲ့ အကွာအဝေးမှာ အေးအေးဆေးဆေး လိုက်ပါနိုင်နေပါတယ်။

​......

​ပြင်းထန်လှတဲ့ အသွေးအသားညှီနံ့တွေဟာ စစ်တလင်းပေါ်မှာ လွင့်ပျံနေပြီး၊ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် မရေမတွက်နိုင်တဲ့ အလောင်းတွေဟာ လှိုင်းလုံးကြီးတွေလို တစ်ခုပေါ်တစ်ခု ထပ်နေတာကို တွေ့ရပါတယ်။

​ဒီအလောင်းတွေထဲမှာ သာမန်စစ်သည်တွေ၊ လောကီကိုယ်ခံပညာရှင်တွေ ပါဝင်သလို၊ ကျင့်ကြံသူတွေလည်း ပါဝင်ပါတယ်။

​ကိုင်ဟုန် ဟာ သူ့ရဲ့ နောက်လိုက်တွေနဲ့အတူ ဟင်းလင်းပြင်မှာ ရပ်နေပါတယ်။

သူ့ရှေ့က မြင်ကွင်းဟာ အခုလက်ရှိ ကျူးလုအင်ပါယာ ရဲ့ ရေခဲတောင် ထိပ်ဖျားလေးတစ်ခုမျှသာ ရှိပါသေးတယ်။

​သူဟာ ကျူးလုအင်ပါယာရဲ့ ဘုရင် ကောင်းကင်ဘုရင်ကျန့် ရဲ့ သား ဖြစ်ပေမဲ့ အခု ဖြစ်ပျက်နေတဲ့ ရုတ်ရုတ်သဲသဲ အခြေအနေတွေကို မတားဆီးနိုင်တော့ပါဘူး။

သူ့ရဲ့ လက်အောက်ခံ အဆင့် ၃ အင်ပါယာတွေ၊ အဆင့် ၄ အင်ပါယာတွေဟာ ဗွက်အိုင်ထဲမှာ နစ်မွန်းနေကြပြီ ဖြစ်သလို၊ အခုဆိုရင် ကျူးလုအင်ပါယာ ကိုယ်တိုင်တောင် လေထဲက မီးစာလို ဖြစ်နေပါပြီ။

​"အရှင်မင်းကြီး... အလယ်ပိုင်းဒေသ ကို လူလွှတ်ပြီး ဒီကိစ္စကို အကြောင်းကြားသင့်ပါပြီ အကယ်၍ အလယ်ပိုင်းဒေသ ဧကရာဇ်မိသားစုက ထွက်ပြီး မဖြေရှင်းပေးဘူးဆိုရင် ဒီစစ်ပွဲက တစ်နှစ်ခွဲလောက်အထိ ဆက်ဖြစ်နေမှာပါ အဲဒီအချိန်ကျရင် ကျူးလု ရဲ့ အင်အားတွေ အကုန် ပြုန်းတီးသွားပါလိမ့်မယ်"

​အမတ်တစ်ယောက်က လေးနက်တဲ့ မျက်နှာထားနဲ့ လျှောက်တင်ပါတယ်။

​"အရှင်... လဆန်းကနေ လကုန်အထိ ကျွန်တော်တို့ ကျူးလု မှာ ဂိုဏ်းပေါင်း ၁၃ ဂိုဏ်းဟာ အကြောင်းမဲ့ ဆွဲထည့်ခံရပြီး ဂိုဏ်းသားတွေ အကုန် သေကုန်ကြပါပြီ ကျွန်တော်မျိုး စုံစမ်းကြည့်ရသလောက်တော့ ထျန်းချုံး လို အဆင့် ၂ အင်ပါယာတွေတောင် ဒီထဲမှာ ပတ်သက်နေပုံရပါတယ်"

​ကိုင်ဟုန် ရဲ့ မျက်နှာက မှောင်မှောင်မည်းမည်း ဖြစ်နေပါတယ်။

​ကျူးလု ရဲ့ ပျက်စီးခြင်း နိမိတ်တွေက ထင်ရှားနေပါပြီ။ အစက မီးပွားလေးကနေ အခုဆိုရင် တောမီးလို ဖြစ်နေပါပြီ။

​သူ ထိန်းချုပ်နိုင်တာတွေက နည်းသထက် နည်းလာတာဟာ အဓိက နေရာတော်တော်များများကို သွေးဝိညာဉ်ဂိုဏ်း က ကျင့်ကြံသူတွေ ကြိုတင် နေရာယူထားတာကြောင့်ပါပဲ။

အခု သူတို့တွေ တစ်ပြိုင်တည်း ထကြွလာတာဟာ တောင်ပြိုသလို ခံစားရစေပါတယ်။

​သူဟာ အခုအချိန်မှာ မသေမျိုးဘုရင် ဖြစ်နေရင်တောင်မှ ဒီအခြေအနေကို အချိန်တိုအတွင်း ငြိမ်သက်အောင် လုပ်ဖို့ ခက်ခဲပါလိမ့်မယ်။

​အဲဒီအချိန်မှာပဲ လူတိုင်းဟာ ကောင်းကင်ယံကနေ ဓားအလင်းတန်းတစ်ခု ပျံသန်းလာတာကို မြင်လိုက်ရပြီး မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူတို့ရှေ့ ရောက်လာပါတယ်။

​ကိုင်ဟုန် သက်ပြင်းချနိုင်သွားပြီး ချင်ဟော့ချန်း ကို လက်အုပ်ချီ နှုတ်ဆက်လိုက်တယ်

"ချင်မိတ်ဆွေ... မင်း လာတာ အတော်ပဲ ဝမ်ဘိုးဘေး က ဘာပြောလဲ"

​"သိပ်ပြီး စိုးရိမ်မနေပါနဲ့၊ ဓားဂိုဏ်း ရဲ့ အမိန့်စာက ဓားကျင့်ကြံသူ ဂိုဏ်းအားလုံးဆီ ရောက်သွားပါပြီ သူတို့တွေက ဒီစစ်ပွဲကို ငြိမ်သက်သွားအောင် ကူညီပေးကြလိမ့်မယ် ငြင်းဆန်တဲ့သူ ရှိရင်တော့ ဓားနဲ့ ခုတ်ပစ်လိမ့်မယ်"

​ချင်ဟော့ချန်း က ပြောပါတယ်။

​ကိုင်ဟုန် တို့ အုပ်စုရဲ့ ရင်ထဲက အပူလုံးကြီး ကျသွားပါတယ်။

​ဒီလိုအချိန်မျိုးမှာ အလယ်ပိုင်းဒေသ က ဂိုဏ်း တော်တော်များများဟာ ကံကြမ္မာ အကျိုးဆက် တွေ ငြိစွန်းမှာ ကြောက်တာကြောင့် ဝင်မပါချင်ကြပါဘူး။

ဒီလို အဆုံးမရှိတဲ့ ရေနောက်ထဲမှာ ခေါင်းကွဲမှာကိုလည်း ကြောက်ကြပါတယ်။

တော်သေးတာက ဓားဂိုဏ်း က ရှေ့ထွက်ပေးတာပါပဲ။

​နေရာအသီးသီးက ဓားကျင့်ကြံသူတွေသာ ဝိုင်းဝန်းကူညီမယ်ဆိုရင် ဒါဟာ သန်မာတဲ့ အင်အားစုကြီး တစ်ခု ဖြစ်လာမှာပါ။

စစ်ပွဲကို ချက်ချင်း မရပ်တန့်နိုင်ရင်တောင်မှ အနည်းဆုံးတော့ ဆုံးရှုံးမှုတွေကို ထိန်းချုပ်နိုင်မယ့် မျှော်လင့်ချက် ရှိလာပါပြီ။

​"ဒါနဲ့..."

​ကိုင်ဟုန် က တစ်ခုခုကို သတိရပြီး မေးဖို့ ပြင်လိုက်ပေမဲ့ ဓားအလင်းတန်းတစ်ခုက သူ့ဆီကို ဦးတည်လာတာကို မြင်လိုက်ရပါတယ်။

​"မင်း..."

​အသံအနည်းငယ်နဲ့အတူ ကိုင်ဟုန် နဲ့ ကျူးလုအမတ်တွေဟာ အသက်ပျောက်သွားပြီး၊ အလောင်းတွေဟာ ကောင်းကင်ယံကနေ မြေပြင်ပေါ်ကို ပြုတ်ကျကာ အပိုင်းပိုင်းအစစ ဖြစ်ကုန်ပါတယ်။

​ချင်ဟော့ချန်း ဟာ ကိုင်ဟုန် ရဲ့ အလောင်းဘေးမှာ ဆင်းသက်လိုက်ပြီး သူတို့ဆီက သိုလှောင်လက်စွပ် တွေနဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို သိမ်းယူလိုက်ပါတယ်။

မထွက်ခွာခင်မှာ ကိုင်ဟုန် ရဲ့ အလောင်းကို ကြည့်ပြီး သက်ပြင်းတစ်ချက် ချလိုက်တယ်

​"ကိုင်ဟုန်... မင်း ကံမကောင်းတာပဲ၊ ငါ မင်းကို မသတ်ချင်ပါဘူး၊ ဒါပေမဲ့ မသတ်လို့ မရဘူး"

​ပြောပြီးတာနဲ့ ချင်ဟော့ချန်း ဟာ ဓားနဲ့အတူ ပျံသန်းထွက်ခွာသွားပြီး ကောင်းကင်ယံမှာ ပျောက်ကွယ်သွားပါတယ်။

​ကိုင်ဟုန် ရဲ့ ဝိညာဉ် ဟာ အလောင်းဘေးမှာ ရပ်နေပြီး အကြာကြီး ကြောင်အနတုန်းပါပဲ။

သူဟာ ချင်ဟော့ချန်း ထွက်သွားတဲ့ ဘက်ကို မယုံနိုင်လောက်အောင် ကြည့်နေမိပါတယ်။

​တစ်ဖက်လူက... ဘာလို့ သူ့ကို သတ်တာလဲ

​ဒါဆိုရင်... ချင်ဟော့ချန်း က ဓားဂိုဏ်း ရဲ့ နာမည်ကျော် ပါရမီရှင် တပည့်ဖြစ်ပြီး တစ်သက်လုံး ဖြောင့်မတ်ခဲ့ပေမဲ့ သူလည်း သွေးဝိညာဉ်ဂိုဏ်း က ကျင့်ကြံသူ ဖြစ်နေတာလား

​ကိုင်ဟုန် တစ်ယောက် ကြောင်နေတုန်း၊ သူ့အမတ်တွေရဲ့ ဝိညာဉ်တွေက လာသတိပေးတော့မှ သူတို့အားလုံးဟာ ဝိညာဉ်တွေ ဖြစ်သွားပြီဆိုတာကို သိလိုက်ရပါတယ်။

​"ကျင့်ကြံသူတွေ သေရင်လည်း ဝိညာဉ်တွေ ဖြစ်တာပဲကိုး"

​ကိုင်ဟုန် က ရေရွတ်လိုက်ပါတယ်။

​"အရှင်မင်းကြီး... ကျွန်တော်တို့ အခု ဘယ်ကို သွားကြမလဲ"

​"ဘယ်ကို သွားမလဲ ငါလည်း ဘယ်သိမှာလဲ..."

​ကိုင်ဟုန် ခါးသက်သက် ပြုံးလိုက်ပေမဲ့ ချက်ချင်းပဲ မျက်နှာထား ပြောင်းသွားတယ်

"မကောင်းတော့ဘူး... ငါ့ရဲ့ သက်စောင့်ဆီမီး ငြိမ်းသွားလောက်ပြီ တကယ်လို့ ငါ့အဖေသာ ငါ ဒီမှာ သေတာကို သိသွားရင် ဒီကိစ္စထဲမှာ ဝင်ပါလာဖို့ များတယ်"

​"တကယ်လို့ ချင်ဟော့ချန်း က သွေးဝိညာဉ်ဂိုဏ်းသား ဖြစ်နေရင်၊ သူ ငါ့ကို သတ်တဲ့ အကြောင်းရင်းက ငါ့အဖေကို အသုံးချပြီး တစ်ခုခု လုပ်ချင်လို့လား"

​ကိုင်ဟုန် ရဲ့ မျက်နှာက အရမ်းကို လေးနက်သွားပါတယ်။

​သူ့အဖေက နာမည်ကျော် ကောင်းကင်ဘုရင်ကျန့် လေ။ မသေမျိုးဘုရင် တစ်ယောက်ရဲ့ စွမ်းအားက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲ။

တကယ်လို့ ဒီကိစ္စထဲမှာ ဝင်ပါလာပြီး သွေးဝိညာဉ်ဂိုဏ်း ရဲ့ အသုံးချတာ ခံရမယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေက ခန့်မှန်းလို့တောင် ရမှာ မဟုတ်ပါဘူး

​ဒါပေမဲ့ သူ နားမလည်တာက သွေးဝိညာဉ်ဂိုဏ်း က ဘာအတွက် အသုံးချချင်တာလဲ မသေမျိုးဘုရင် တစ်ယောက် စိတ်ဆိုးပြီး ဒီကိစ္စတွေကို နှိမ်နင်းလိုက်မှာကို သူတို့ မကြောက်ဘူးလား ဒါက သွေးဝိညာဉ်ဂိုဏ်း အတွက် ဘာအကျိုးရှိမှာလဲ

​ဒီလှိုင်းလုံးကြီးတွေရဲ့ ဗဟိုချက်ဖြစ်တဲ့ လီရှောင်နိုင်ငံ အတွက်ကော ဘာအကျိုးရှိမှာလဲ

​ဟန်တန်းနိုင်ငံ

​ဝူးမန်တံခါး ရှေ့မှာ တစ်ညအတွင်းမှာပဲ ကျောက်ပြားတွေနဲ့ လုပ်ထားတဲ့ စင်မြင့်ကြီး တစ်ခု ပေါ်လာပါတယ်။

ကျင့်ကြံသူ တစ်ရာကျော်ဟာ ပုခုံးရိုး တွေကို သံကြိုးတွေနဲ့ အဖောက်ခံထားရပြီး နှံကောင်တွေလို စုပြီး အချည်ခံထားရပါတယ်။

​ဒီသံကြိုးတွေက ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအားတွေ ထွက်နေပြီး တားမြစ်ချက် တစ်ခုကို ဖြစ်ပေါ်စေကာ အဲဒီကျင့်ကြံသူတွေကို ဝိညာဉ်စွမ်းအား အသုံးမပြုနိုင်အောင် လုပ်ပြီး သာမန်လူတွေလို ဖြစ်သွားစေပါတယ်။

​နန်းတွင်းစောင့်တပ် ရာပေါင်းများစွာဟာ ပတ်ပတ်လည်မှာ စောင့်ကြပ်နေပြီး ကြည့်ရှုနေတဲ့ လူအုပ်ကြီးကို တားဆီးထားပါတယ်။

​"ဟိုလူက ငါတို့ ဟန်တန်းနိုင်ငံ ရဲ့ လေးဖက်လယ်ကုန်သွယ်ရေး က အကြီးတန်းမန်နေဂျာ မဟုတ်လားသူ ဘာအပြစ်လုပ်လို့ တစ်မိသားစုလုံး အဖမ်းခံရတာလဲ ဒါ ကွပ်မျက်တော့မှာလား"

​"ကုန်သွယ်ရေးမန်နေဂျာ တင်မကဘူး ဟိုလူ့ကို ကြည့်ဦး၊ ငါ အရင်က မြို့တော်မှာ တွေ့ဖူးတယ် အဲဒီတုန်းက ဟန်တန်းနိုင်ငံ ရဲ့ ပဉ္စမမြောက်မင်းသား ကိုယ်တိုင် ဧည့်ခံခဲ့တာလေ"

​"ဟာ... ဝူထုံတာအိုဂိုဏ်း ရဲ့ ဂိုဏ်းချုပ် သူက စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ကျင့်ကြံသူ မဟုတ်လား သူတောင် ဘယ်လိုဖြစ်လို့..."

​သာမန်လူတွေကတော့ အပျော်ကြည့်နေကြတာ ဖြစ်ပေမဲ့ ကျင့်ကြံသူတွေအတွက်တော့ စင်ပေါ်က လူ ၁၀၀ ကျော်ဟာ ဟန်တန်းနိုင်ငံ မှာ နာမည်မရှိတဲ့သူ တစ်ယောက်မှ မပါပါဘူး။

အချို့ဆို နာမည်ကြီး ပုဂ္ဂိုလ်တွေပါ။

​ဒီလို လူကူးကားကြီးတွေက ဘာဖြစ်လို့ တစ်ညတည်းနဲ့ အကျဉ်းသား ဖြစ်သွားရတာလဲ ဆိုတာ သူတို့ စဉ်းစားလို့ မရပါဘူး။

​အဲဒီအချိန်မှာပဲ အမျိုးသမီးတစ်ယောက်ဟာ နန်းတော်ဘက်ကနေ လျှောက်လာပြီး သူမရဲ့ ဘေးမှာတော့ အားကောင်းတဲ့ နန်းတွင်းစောင့်တပ် တစ်ဖွဲ့ လိုက်ပါလာပါတယ်။

​ကြည့်နေတဲ့ လူအုပ်ကြီးဟာ သူမကို မြင်တာနဲ့ လမ်းဖယ်ပေးလိုက်ကြပါတယ်။

ဘယ်သူမှ သူမရှေ့မှာ မရပ်ရဲကြပါဘူး။

​ဒီအမျိုးသမီးက ခရမ်းရောင် ဝတ်စုံကို ဝတ်ထားပြီး ဟန်တန်းနိုင်ငံ ရဲ့ တော်ဝင်မျိုးနွယ် ဖြစ်တာ သိသာပါတယ်။

​"ဒါ ပဉ္စမမြောက်မြို့စားမင်းသမီး မဟုတ်လား"

​"သူ ဖြစ်မှာပါ..."

​ကျင့်ကြံသူတွေ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပါတယ်။

ဒီမင်းသမီးဟာ ဟန်တန်းနိုင်ငံ မှာ မကြာသေးခင်ကမှ ထွက်ပေါ်လာတဲ့ ပါရမီရှင် တစ်ယောက်ပါ။

လွန်ခဲ့တဲ့ နှစ်တွေက အဆင့် ၂ အင်ပါယာ တစ်ခုရဲ့ ဂိုဏ်းကြီးမှာ သွားရောက် ကျင့်ကြံနေတယ်လို့ သတင်းထွက်ခဲ့ဖူးပြီး၊ ဒီနေ့ ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားကြပါဘူး။

​မင်းသမီးဟာ စင်မြင့်ပေါ်ကို ဖြည်းဖြည်းချင်း တက်သွားပြီး ဝဝဖိုင့်ဖိုင့် လူလတ်ပိုင်း တစ်ယောက်ရှေ့ ရပ်လိုက်ကာ မျက်နှာသေနဲ့ ပြောလိုက်တယ်

​"လေးဖက်လယ်ကုန်သွယ်ရေး မန်နေဂျာ လီဖူ တစ်ကိုယ်တော်ကျင့်ကြံသူ ရွှေအမြုတေအဆင့် အလယ်ပိုင်း"

​"အော်... မင်းသမီး ကိုယ်တိုင် ကြွလာတာကိုး အခု ကျွန်တော်မျိုးက အရမ်း သနားစရာကောင်းတဲ့ အခြေအနေ ရောက်နေလို့ မတ်တတ်ရပ် ဂါရဝမပြုနိုင်တာကို ခွင့်လွှတ်ပေးပါဦး မင်းသမီး "

​လီဖူ ရဲ့ မျက်နှာမှာ ဖားယားတဲ့ အပြုံးတစ်ခု ပေါ်လာပါတယ်။

All Chapters