အခန်း (၄၆၅-၄၆၆)
Vol. 47 Ch. 465-466
အခန်း ၄၆၅ - မြေပုံ
ဖန့်ထင်ကျန့်က ခေါင်းညိတ်ကာ
"မိစ္ဆာကျင့်ကြံသူတွေအတွက်ဆိုရင်တော့ ယွိရွှီတောင် က တကယ့်ကို သင့်တော်တဲ့ နေရာပါပဲ"
ဟု ဆိုသည်။
"ဘိုးဘေး အဲဒီတုန်းက ခွန်လုံစစ်သူကြီး ပြန်ပေါ်လာသေးလား"
ဟု ဖန့်ချန်က မေးသည်။
ဖန့်ထင်ကျန့်က ခေါင်းခါပြသည်။
"ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တွေက သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားချင်တယ်ဆိုရင် ဘယ်သူမှ ရှာမတွေ့နိုင်ဘူး"
ဖန့်ချန် ခေါင်းညိတ်လိုက်သည်။
ထိုစဉ် မင်းသမီးရှင်းလုံ ရောက်ရှိလာကြောင်း သတင်းပို့သံ ကြားလိုက်ရသည်။
"ဒါနဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဟင်လင်ပြင်ထာဝရဓားဂိုဏ်း က ဓားကျင့်ကြံသူအချို့ တာ့ချန်းကို လာခဲ့ကြတယ်"
"မင်းသမီးရှင်းလုံလည်း တော်တော်လေး အပြောအဆို ခံလိုက်ရတာ ငါတို့သာ သက်သေမရပ်တည်ပေးရင် ချန်းဝူကျိ ရဲ့ လုပ်ရပ်တွေကြောင့် သူမပါ အသတ်ခံရနိုင်တယ်"
ဟု ဖန့်ဝမ်လီက တိုးတိုးလေး ပြောပြသည်။
"သူမက မင်းကို လာတွေ့တာကတော့ သူမအတွက် ဟင်လင်ပြင်ထာဝရဓားဂိုဏ်းမှာ စကားကောင်းလေး တစ်ခွန်းလောက် ပြောပေးဖို့ မျှော်လင့်ချက်နဲ့ လာတာ ဖြစ်လိမ့်မယ်"
ဖန့်ချန် အနည်းငယ် အံ့သြသွားသည်။
"စကားပြောပေးရမယ် ဟင်လင်ပြင်ထာဝရဓားဂိုဏ်းက ချန်းမိသားစုကို ဘာလုပ်ထားလို့လဲ"
"ချန်းမိသားစုရဲ့ မြေအောက်ဝိညာဉ်ကြော အချို့ကို ဟင်လင်ပြင်ထာဝရဓားဂိုဏ်းက ဓားကျင့်ကြံသူတွေက ဓားချက်နဲ့ ပိုင်းဖြတ်သွားခဲ့တာ"
"အဲဒီအချိန်ကစပြီး အဲဒီဝိညာဉ်ကြောတွေကို စွန့်ပစ်ထားရတယ် ချန်းမိသားစုကလည်း ပြန်မယူရဲသလို တခြားမိသားစုတွေကလည်း မထိရဲကြဘူး"
ဟု ဖန့်ထင်ကျန့်က ရှင်းပြသည်။
"မင်းအနေနဲ့ ဖြစ်နိုင်ရင် သူမကို ကူညီပြီး ဒီနားလည်မှုလွဲတာကို အပြီးသတ် ဖြေရှင်းပေးလိုက်ပါဦး"
ဖန့်ချန် ခေါင်းညိတ်လိုက်သည်။
"ဟင်လင်ပြင်ထာဝရဓားဂိုဏ်းက အဆင့် ၁ အင်ပါယာမှာ ရှိတာဆိုတော့ ဒါကို နောက်မှ ဆက်ပြောကြတာပေါ့"
ဧည့်ခန်းထဲတွင် မသက်ဆိုင်သူများကို ဖယ်ထုတ်လိုက်ပြီး ဖန့်ချန်၊ မိစ္ဆာတပည့် သုံးယောက်၊ ဘိုးဘေးနှစ်ယောက်နှင့် မင်းသမီး ရှင်းလုံတို့သာ ကျန်ရစ်ခဲ့သည်။
မင်းသမီး ရှင်းလုံသည် ဖန့်ချန်ကို အံ့သြတုန်လှုပ်စွာ ငေးကြည့်နေမိသည်။
သူမသည် သတင်းပို့ချက်တွေကို ကြားတုန်းကတော့ တခြားလူနဲ့ မှားတာနေမှာပါလို့ ငြင်းဆိုခဲ့ပေမဲ့ အခု လူကိုယ်တိုင် မြင်လိုက်ရတဲ့အခါမှာတော့ သူမရဲ့ မျက်စိကိုတောင် မယုံနိုင်အောင် ဖြစ်နေရသည်။
သူ့ရဲ့ နောက်ခံက တကယ့်ကို လျှို့ဝှက်ဆန်းပြားလွန်းတယ် ဟု သူမ တွေးနေမိသည်။
သူမက ဖန့်ချန်ကို အလေးအမြတ်ပြုကာ
"မိတ်ဆွေ ဖန့် ကျွန်မရဲ့ အရိုအသေကို လက်ခံပေးပါ"
ဟု နှုတ်ဆက်သည်။
ဖန့်ချန်က ပြန်လည်နှုတ်ဆက်ပြီး
"မင်းသမီး ကျွန်တော့်ဆီမှာ ဘာပြောစရာ ရှိလို့လဲ"
ဟု တိုက်ရိုက်ပင် မေးလိုက်သည်။
မင်းသမီး ရှင်းလုံက အားနာဟန်ဖြင့် ဝိညာဉ်ကြောများအကြောင်း ရှင်းပြသည်။ ဖန့်ဝမ်လီ ခန့်မှန်းခဲ့သည့်အတိုင်းပင် ဖြစ်သည်။
"ဟင်လင်ပြင်ထာဝရဓားဂိုဏ်းကလူက ဒေါသဖြေပြီး ထွက်သွားပြီပဲကို မင်းတို့ ဘာလို့ အဲဒီဝိညာဉ်ကြောတွေကို ပြန်မယူရဲရတာလဲ"
ဟု ဖန့်ချန်က နားမလည်စွာ မေးသည်။
"အဲဒီလောက် မရိုးရှင်းပါဘူး"
မင်းသမီး ရှင်းလုံက ခါးသီးစွာ ပြုံးလျက် ခေါင်းခါသည်။
"နောက်ခံ စကားပြောပေးမယ့်သူ မရှိရင် ကျွန်မတို့ မထိရဲဘူး ဓားကျင့်ကြံသူတွေရဲ့ စရိုက်ကို ရှင်လည်း သိတာပဲ သူတို့က"
သူမ စကားစပြတ်သွားပြီး ဖန့်ချန်ကို အားနာသလို ကြည့်ကာ
"မိတ်ဆွေ ဖန့်ကို ပြောတာ မဟုတ်ပါဘူးနော် ရှင်က သူတို့နဲ့ စရိုက်ချင်း မတူပါဘူး"
ဖန့်ချန် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
သာမန်ကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာ ဟင်လင်းပြင်ထာဝရဓားဂိုဏ်းက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ သူ အထင်သေးခဲ့မိပုံရသည်။
အရင်က ခွန်လုံစစ်သူကြီးသည် ကျင်ယွဲ့ဟန် က ဟင်လင်းပြင်ထာဝရဓားဂိုဏ်းကမှန်း သိသွားတဲ့အခါ ဘာလို့ ချက်ချင်း ပြောင်းလဲသွားလဲဆိုတာ အခုမှ သဘောပေါက်တော့သည်။
"ကောင်းပြီလေ ငါ မင်းအတွက် ထောက်ခံစာတစ်စောင် ရေးပေးခဲ့မယ် နောင်တစ်ချိန် ဟင်လင်းပြငါထာဝရဓားဂိုဏ်းက ဓားကျင့်ကြံသူတွေနဲ့ တွေ့ရင် ဒါကို ထုတ်ပြလိုက်ပါ"
ဟု ဖန့်ချန်က ဆိုသည်။
မင်းသမီး ရှင်းလုံမှာ အတိုင်းမသိ ဝမ်းသာသွားပြီး ဖန့်ချန်ကို ကျေးဇူးတင်ကာ ဝိညာဉ်ကျောက်တုံး တစ်သောင်း ပါတဲ့ သိုလှောင်လက်စွပ်ကို ပေးလိုက်သည်။
ဖန့်ချန်လည်း အားမနာဘဲ လက်ခံလိုက်သည်။
သခင်လေးကျား သည် သူ၏ လှုပ်ကုလားထိုင်ပေါ်တွင် ထိုင်ကာ လက်ဖက်ရည်သောက်ရင်း အနားယူနေသည်။
"ဒီဆယ်နှစ်အတွင်းမှာ အေးအေးဆေးဆေး ရှိနေတာ ကောင်းပေမဲ့ ငါ့စီးပွားရေးကတော့ တော်တော်လေး ထိုင်းနေတယ်"
ဟု သူ ညည်းတွားနေစဉ်
"သခင်လေးကျား နေကောင်းရဲ့လား"
ဟု အသံတစ်ခု ထွက်ပေါ်လာသည်။
သခင်လေးကျား မှာ လန့်ဖျပ်သွားပြီး လက်ထဲက လက်ဖက်ရည်အိုးပါ လွတ်ကျ ကွဲသွားတော့သည်။
သူ ထောင့်တစ်နေရာက အရိပ်ကို ကြည့်လိုက်တဲ့အခါ
"သခင်လေးဖန့် မင်း....မင်း မသေသေးဘူးလား"
သခင်လေးကျားမှာ အံ့သြဝမ်းသာ ဖြစ်သွားသည်။
ဖန့်ချန်က သခင်လေးကျား ရှေ့တွင် ထိုင်လိုက်ပြီး
"ကံကောင်းလို့ မသေခဲ့တာပါ မင်းကို တစ်ခုလောက် မေးချင်လို့"
"မေးပါ သခင်လေးဖန့် ဘာပဲဖြစ်ဖြစ် မေးပါ"
"ရှကျီ ထွက်သွားတုန်းက မင်းကို ဘာမှာခဲ့လဲ"
သခင်လေးကျားက တစ်ခုခုကို သတိရသွားပြီး ထူးဆန်းတဲ့ မျက်နှာပေးနဲ့ ကြည့်သည်။
"ရှကျီ ထွက်သွားတုန်းက သူက ကျွန်တော့်ဆီ လာခဲ့တယ် တကယ်လို့ မင်းသာ သူ့ကို လာရှာရင် သူနဲ့ သူ့ရဲ့ စီနီယာအစ်မလတို့ဟာ အဆင့် ၁ အင်ပါယာဖြစ်တဲ့ အလယ်ပိုင်းတိုက်ကြီး ကို သွားကြပြီလို့ ပြောခိုင်းခဲ့တာ အဲဒီတုန်းကတော့ သူ နောက်နေတာလို့ပဲထင်ခဲ့တာ"
ဖန့်ချန် မျက်မှောင်ကြုတ်လိုက်သည်။
"အလယ်ပိုင်းတိုက်ကြီး အင်ပါယာ"
ရှကျီက ဘာလို့ ဝူရုန့်ချိုကို ခေါ်ပြီး အဲဒီလောက် ဝေးတဲ့နေရာကို သွားရတာလဲ လမ်းကြောင်းကို သေချာမသိရင် ရောက်ဖို့ ဆယ်စုနှစ်နဲ့ချီ ကြာနိုင်တဲ့ နေရာမျိုးပါ။
"သခင်လေးဖန့်သာ သူ့ကို သွားရှာချင်ရင် အခုပဲ ထွက်သွားလို့ ရပါတယ် အချိန်တွက်ကြည့်ရင် သူတို့ အဲဒီကို ရောက်တာ သိပ်မကြာသေးဘူး ထင်တယ်"
ဟု ကျားသခင်က ဆိုသည်။
"မင်းက ဘယ်လိုသိတာလဲ ရှကျီက အဲဒီကို သွားမယ့် လမ်းကြောင်းကို သိလို့လား"
ကျားသခင်က ရယ်မောလိုက်သည်။
"သိတာပေါ့ သူက အဲဒီလမ်းကြောင်း မြေပုံကို ကျွန်တော့်ဆီ ဝိညာဉ်ကျောက်တုံး ငါးထောင်နဲ့ ရောင်းသွားတာဗျ"
"ဒါဟာ ကျွန်တော့်ရဲ့ တစ်သက်စာ စုဆောင်းထားတာတွေပေမဲ့ ဒီမြေပုံကြောင့် လွန်ခဲ့တဲ့ နှစ်တွေမှာ တော်တော်လေး အကျိုးအမြတ် ရခဲ့တယ်"
ဒါပေမဲ့ သူ ပြောရင်းနဲ့မှ မျက်နှာ ပျက်သွားသည်။
ရှကျီက ဘာလို့ သူ့ဆီ မြေပုံ ရောင်းသွားလဲဆိုတာ သူ အခုမှ ရိပ်မိသွားပုံရသည်။
ဖန့်ချန် လာတောင်းရင် သူက အလကား ပေးရတော့မှာကိုး
"ငါ့ကို အဲဒီမြေပုံ မိတ္တူတစ်ခု ပေးပါ စျေးနှုန်း ပြောလိုက်"
ဟု ဖန့်ချန်က ခပ်ပြုံးပြုံး မေးသည်။
"သခင်လေးဖန့် မင်းက ငါ့အသက်ကို ကယ်ခဲ့တဲ့သူပဲ ဘာစျေးနှုန်းမှ မလိုပါဘူး ဒီ ကျောက်စိမ်းပြား ထဲမှာ မြေပုံ ရှိပါတယ် လက်ခံပေးပါ"
သခင်လေးကျားက ရိုရိုသေသေ ကမ်းပေးလိုက်သည်။
အတွင်းစိတ်ထဲမှာတော့ သခင်လေးကျားက ဒီရှကျီကတော့ ငါ့ကို ကောင်းကောင်းကြီး လှည့်စားသွားတာပဲ နောက်တစ်ခါ တွေ့ရင်တော့ မလွယ်ဘူး လို့ ညည်းတွားနေရှာသည်။
ဖန့်ချန်သည် ကျောက်စိမ်းပြားကို လက်ခံလိုက်ပြီး ဝိညာဉ်စွမ်းအင် ထည့်သွင်းလိုက်သည့်အခါ အလယ်ပိုင်းတိုက်ကြီးဆီ ဦးတည်ထားတဲ့ မြေပုံက သူ့စိတ်ထဲမှာ ပေါ်လာတော့သည်။
ရှကျီမှာ ဒီမြေပုံ ရှိနေတာက သူကိုယ်တိုင်မှာလည်း ထူးခြားတဲ့ ကံကြမ္မာနဲ့ အခွင့်အရေးတွေ ရှိနေတယ်ဆိုတာ သက်သေပါပဲ။
ကောင်းပြီလေ အလယ်ပိုင်းတိုက်ကြီး ရောက်တဲ့အခါမှပဲ ပြန်ဆုံကြတာပေါ့ ဟု ဖန့်ချန်က ပြုံးလျက် တွေးလိုက်တော့သည်။
အခန်း ၄၆၆ - ငါးဖမ်းခြင်း
ရက်အနည်းငယ် ကြာပြီးနောက် ဖန့်ချန်သည် မိစ္ဆာသုံးကောင်နှင့်အတူ ခရီးစတင်ခဲ့သည်။
ဖန့်မိသားစုမှ တပည့်ပေါင်း ရာနှင့်ချီ၍ မိုင်ပေါင်းရာချီအထိ လိုက်လံပို့ဆောင်ကြရာ ထိုမြင်ကွင်းမှာ တကယ့်ကို ခမ်းနားကြီးကျယ်လှသည်။
လူတွေက စပ်စုစုံစမ်းကြသည့်အခါမှ တစ်ချိန်က သေဆုံးသွားပြီဟု ယူဆခြင်းခံခဲ့ရသော ဓားကျင့်ကြံသူ ဖန့်ချန်သည် အသက်ပြန်ရှင်လာပြီဖြစ်ကြောင်း သိရှိသွားကြပြီး တာ့ချန်း နယ်မြေတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားခဲ့ရသည်။
တစ်ဖက်တွင်လည်း ကျွယ်စီ နှင့် ကျွယ်ထျန်းကန်း တို့သည် ရှေ့တွင် ဒူးထောက်နေသော လူငယ်ကို ကြည့်ကာ မျက်နှာများ တင်းမာခက်ထန်နေကြသည်။
ထိုလူငယ်၏ မျက်နှာထက်တွင် မျက်ရည်များ စီးကျနေပြီး
"အဖေ ကျွန်တော် တကယ်မသိခဲ့လို့ပါ သူ့နောက်ခံက ဒီလောက်အထိ ကြီးမားလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး သူက သေရာကပြန်ရှင်လာတဲ့ ဓားကျင့်ကြံသူ ဖြစ်နေလိမ့်မယ်လို့လည်း"
ကျွယ်ထျန်းကန်းက တည်ငြိမ်အေးစက်စွာဖြင့် စကားဖြတ်ပြောလိုက်သည်။
"ဖန့်ချန် တာ့ချန်းကို ပထမဆုံးအကြိမ် လာတုန်းက လင်းယွီက သူ့ကို စော်ကားခဲ့တယ် နောက်ပိုင်းမှာ လင်းမိသားစုဟာ အပိုင်းပိုင်းအစစ ပြိုကွဲပျက်စီးသွားပြီး လင်းယွီကိုယ်တိုင်လည်း အမှိုက်တစ်စလို ဖြစ်သွားခဲ့ရတယ်"
"အခု သူ တာ့ချန်းကို ဒုတိယအကြိမ် ရောက်လာတဲ့အခါမှာ မင်းက သူ့ကို ထပ်ပြီး စော်ကားပြန်ပြီ"
"မင်းက ကျွယ်မိသားစုကို လင်းမိသားစုလို အဆုံးသတ်စေချင်တာလား နောင်တစ်ချိန် လမ်းပေါ်မှာ တောင်းစားတဲ့ဘဝကို ရောက်ချင်နေတာလား"
ဘေးပတ်ပတ်လည်ရှိ ကျွယ်မိသားစုမှ အကြီးအကဲများနှင့် တပည့်များစွာသည်လည်း ထိုလူငယ်ကို ဒေါသနှင့် နာကျင်မှုတို့ ရောပြွမ်းနေသော မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြသည်။
"အဖေ ကျွန်တော် တကယ်မသိလို့ပါ သိခဲ့ရင် ကျွန်တော့်ကို သတ္တိဆယ်ဆပေးရင်တောင် ဒါမျိုး မလုပ်ရဲပါဘူး ကျေးဇူးပြုပြီး နောက်ထပ် အခွင့်အရေးတစ်ခုလောက် ပေးပါဦး"
လူငယ်က အသည်းအသန် အသနားခံနေသည်။
"အခု သတင်းတွေက အပြင်မှာ ပျံ့နေပြီ မိသားစုအသီးသီးကလည်း လှုပ်လှုပ်ရှားရှား ဖြစ်နေကြပြီ"
ဟု ကျွယ်ထျန်းကန်းက တည်ငြိမ်စွာ ဆက်ပြောသည်။
"ငါတို့ ကျွယ်မိသားစု တည်ငြိမ်ဖို့အတွက် ဖန့်မိသားစုဆီကို ငါတို့ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြရမယ်"
" ဒီနေ့ကစပြီး မင်းကို မိသားစုနယ်မြေထဲမှာ နှစ်ပေါင်း ၁၀၀ ပိတ်လှောင်ထားမယ် အပြင်ကို ခြေတစ်လှမ်းမှ မလှမ်းရဘူး"
"ငါ အမိန့်ထုတ်လိုက်မယ် တကယ်လို့တစ်ယောက်ယောက်က မင်းကို အပြင်မှာ တွေ့ခဲ့ရင် မင်းရဲ့ခေါင်းကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်နဲ့ လဲလှယ်နိုင်တယ်"
လူငယ်မှာ မျှော်လင့်ချက် လုံးဝကင်းမဲ့သွားသည်။
"အဖေ"
နှစ်ပေါင်း ၁၀၀ လုံးလုံး ကျင့်ကြံခြင်းနယ်မြေထဲမှာပဲ ပိတ်လှောင်ခံရမည်ဆိုသည်မှာ သူ့အတွက် သေသည်ထက် ပို၍ ဆိုးရွားနေတော့သည်။
ရက်အနည်းငယ်အကြာ ခရီးဆက်နေစဉ် ဖန့်ချန်သည် ကောင်းကင်ယံ၌ လူတစ်ယောက်ကို စောင့်ကြိုနေသကဲ့သို့ ရပ်နေသော ဘုန်းကြီးတစ်ပါးကို မြင်လိုက်ရသည်။
ဖန့်ချန်က ခပ်ပြုံးပြုံးဖြင့်
"ဆရာတော် ချန်ယွမ် မတွေ့တာ ကြာပြီနော်"
ဆရာတော် ချန်ယွမ်က လက်အုပ်ချီ နှုတ်ဆက်သည်။
"အမိတာဘ ဒကာလေး မင်းက ဒီဆင်းရဲသား ဘုန်းကြီးကို တွေ့ရတာ လုံးဝ မအံ့သြတဲ့ပုံပဲနော်"
"ဘာလို့ အံ့သြရမှာလဲ ကျုပ် တာ့ချန်းမြို့တော်မှာ ဒီလောက် ဆူညံအောင် လုပ်ခဲ့တာပဲ ဆရာတော် သတင်းရပြီးသား ဖြစ်မှာပါ"
" ငါးအသေးလေးတွေကို ဖမ်းဖို့ ငါးမျှားတံ ချခဲ့တာ ဆရာတော်လို ငါးကြီးကြီးတစ်ကောင် မိလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
ဟု ဖန့်ချန်က နောက်ပြောင်သလို ပြောလိုက်သည်။
မိစ္ဆာတပည့်သုံးယောက်မှာတော့ ထိတ်လန့်သွားကြသည်။
"ချန်ယွမ် သွေးဝိညာဉ်ဂိုဏ်းရဲ့ ခွန်လုံစစ်သူကြီးလား ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်ကြီးလား"
သူတို့သည် ဖန့်မိသားစုမှာ နေတုန်းက ဒီပညာရှင်ဟာ တစ်ယောက်တည်းနဲ့တင် တူညီတဲ့အဆင့်ရှိ ပညာရှင် သုံးယောက်ကို ချေမှုန်းလုနီးပါး ဖြစ်ခဲ့ကြောင်း ကြားဖူးထားကြသည်။
ဆရာတော် ချန်ယွမ်က ခဏမျှ တိတ်ဆိတ်သွားပြီးမှ
"မင်း ဒါကို တမင်သက်သက် လုပ်ခဲ့တာလား"
ဟု မေးသည်။
"ဆရာတော်က ဒီနှစ်တွေမှာ တိမ်မြုပ်ဒေသ မှာပဲ နေနေတာလား အဲဒီမှာ ဘာလှုပ်ရှားမှုမှ မရှိတော့ဘူးလို့ ကြားလို့ပါ"
ဖန့်ချန်က ပြန်မေးလိုက်သည်။
"ခဏတစ်ဖြုတ်ပါပဲ"
ဆရာတော်က ခေါင်းခါပြပြီး
"ဒကာလေး မင်း ဘာလို့ လုံးဝ မစိုးရိမ်တာလဲ မင်းဘေးမှာ ကာကွယ်ပေးမယ့် ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်လည်း မရှိဘူး ငါ့ရဲ့ လက်ညှိုးတစ်ချက်တည်းနဲ့တင် မင်း အသက်ရှင်မှာ မဟုတ်ဘူးလေ"
"ဒါဆိုရင် ဘာလို့ အခုထိ မတိုက်သေးတာလဲ အရင်က ကိစ္စအတွက် အငြိုးရှိနေမှာပဲ မဟုတ်လား "
"ကျုပ်သာ အချိန်မဆွဲခဲ့ရင် ဆရာတော်ရဲ့ အကြံအစည် အောင်မြင်ခဲ့မှာဖြစ်သလို သွေးဝိညာဉ်ဂိုဏ်းလည်း ဒီလောက် အထိနာမှာ မဟုတ်ဘူး"
ဖန့်ချန်က ပြုံးလျက်
"အခု ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်လည်း မရှိသလို ပတ်ဝန်းကျင်မှာလည်း ချုံခိုတိုက်ခိုက်မယ့်သူ မရှိဘူး ဆရာတော် သတိမထားပါနဲ့ တိုက်ချင်ရင် တိုက်လိုက်ပါ"
ဆရာတော် ချန်ယွမ်က ခေတ္တတိတ်ဆိတ်သွားပြီးမှ ဖန့်ချန်ကို သွေးဝိညာဉ်ဂိုဏ်းထဲဝင်ရန် ဖိတ်ခေါ်ပြန်သည်။
"ဒကာလေး သွေးဝိညာဉ်ဂိုဏ်းထဲ ဝင်ဖို့ စဉ်းစားဖူးလား ငါတို့ဆီမှာ မင်းလို ပါရမီရှင်တွေ လိုအပ်တယ်"
"မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် နှစ်အနည်းငယ်အတွင်း ရွှေအမြုတေအဆင့် ရောက်နိုင်ပြီး နောင်မှာ ဝိညာဉ်သန္ဓေသားအဆင့်ထိတောင် မျှော်လင့်ချက် ရှိတယ်"
ဖန့်ချန်က လှောင်ပြုံး ပြုံးလိုက်သည်။
"ကျုပ်က ကြွက်တွင်းထဲမှာ နေရတာ ဝါသနာမပါဘူး ဆရာတော် လူမှားမေးနေပြီ"
ဆရာတော်က မျက်မှောင်ကြုတ်ကာ
"မင်းက ဘာလို့ သွေးဝိညာဉ်ဂိုဏ်းကို ဒီလောက်တောင် အထင်သေးရတာလဲ ငါတို့လုပ်တာက ဒီကမ္ဘာက ကျင့်ကြံသူတွေ မသေမျိုးဖြစ်ဖို့ အခွင့်အရေးပေးနေတာပဲ"
"သာမန်လူတွေရဲ့ အသက်က ဘာတန်ဖိုးရှိလို့လဲ ငါတို့က သူတို့ကို အကုန်လုံး သေခိုင်းတာ မဟုတ်ပါဘူး မျှတမှုတစ်ခုကို ရှာနေတာပါ"
"အပြောကတော့ ကောင်းသားပဲ ဒါပေမဲ့ ဒါက ကိုယ့်ကိုယ်ကျိုးအတွက်ပဲ မဟုတ်ဘူးလား"
ဖန့်ချန်က အေးစက်စွာ ပြောလိုက်သည်။
"ဒီကမ္ဘာက ကျင့်ကြံသူတွေ မသေမျိုး ဖြစ်၊ မဖြစ်ဆိုတာ သူတို့အပေါ်မှာပဲ မူတည်တယ် ခွန်လုံစစ်သူကြီး မမေ့ပါနဲ့ မင်း မသေမျိုးခရီးလမ်းကို မစတင်ခင်က မင်းဟာလည်း သာမန်လူတစ်ယောက်ပဲ"
ဖန့်ချန်က ဆက်လက်ပြောဆိုပြီး ဆရာတော်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။
ဆရာတော်က သက်ပြင်းချကာ
"ဒကာလေးနဲ့ ငါတို့ လမ်းစဉ်က မတူဘူးပဲ"
ဟု ဆိုကာ ပျောက်ကွယ်သွားသည်။
သို့သော် ခဏအကြာတွင် ကောင်းကင်ယံမှ တောင်တစ်လုံးခန့် ကြီးမားသော ကြာပန်းကြီး တစ်ပွင့် ဆင်းသက်လာပြီး တိုက်ခိုက်ပါတော့သည်။
ထိုဖိအားကြောင့် မိစ္ဆာသုံးကောင်မှာ ဝိညာဉ်စွမ်းအားကိုပင် မလှည့်ပတ်နိုင်တော့ဘဲ မှင်တက်သွားကြသည်။
ဖန့်ချန်သည် အေးအေးဆေးဆေးပင် ဂူသင်္ချိုင်းမှတ်တိုင် ကို ထုတ်လိုက်သည်။
ထိုမှတ်တိုင်အတွင်းမှ အလွန်သန့်စင်သော ဓားဆန္ဒ တစ်ခု ထွက်ပေါ်လာပြီး ကြာပန်းကြီးကို ရိုက်ခွဲကာ ခွန်လုံစစ်သူကြီး၏ ရင်ဘတ်တည့်တည့်ကို ဖောက်ထွက်သွားသည်။
"ဒါ... ဒါက ဘယ်လိုဓားဆန္ဒမျိုးလဲ"
ခွန်လုံစစ်သူကြီးသည် သွေးအန်လျက် ဒဏ်ရာအပြင်းအထန် ရသွားသည်။
သူက ရင်ဘတ်ကို ဖိထားရင်း ဖန့်ချန်ကို ကြောင်ကြည့်နေမိသည်။
"ထပ်ပြီး သိချင်သေးရင် ထပ်တိုက်ကြည့်လေ"
ဟု ဖန့်ချန်က ပြုံးလျက် ဆိုသည်။
ခွန်လုံစစ်သူကြီးသည် ထပ်မတိုက်ရဲတော့ဘဲ
"မင်း ကျွယ်ဝူတိ ကို သတ်ခဲ့တာကို မမေ့နဲ့ သူ့ရဲ့ စီနီယာအစ်ကိုတွေက မင်းကို လွှတ်ထားမှာ မဟုတ်ဘူး မကြာခင် ငါတို့ ပြန်တွေ့ကြတာပေါ့"
ဟု ခြိမ်းခြောက်ကာ ထွက်ပြေးသွားပါတော့သည်။
ဖန့်ချန်က သူ့တပည့်တွေကို ကြည့်ပြီး ပြုံးလိုက်သည်။
"သူ တကယ် သွားပြီ ဒီနေ့ကနေ သင်ခန်းစာ ဘာရလဲ"
"ဘာသင်ခန်းစာလဲ ဆရာ"
"သေချာမှု မရှိဘဲ ငါးမဖမ်းနဲ့ ငါးမျှားရင်းနဲ့ ငါးမန်း မိလာရင် တော်တော် ဒုက္ခရောက်တယ်"
ဟု ဖန့်ချန်က ဆိုကာ ချင်းဟူအင်ပါယာ ဆီသို့ ခရီးဆက်လိုက်ပါတော့သည်။