အခန်း (၁၃၁၅-၁၃၁၆)
Vol. 132 Ch. 1315-1316
အခန်း (၁၃၁၅) - ကျောက်စိမ်းလုံးလေး၏ အက်ကြောင်းများ
တာအိုသုံးထောင်နယ်မြေ အတွင်းဝယ်...
ဖန့်ချန်၏ ရှေ့မှောက်တွင် တာအိုပေါင်းစပ်ထားသော ကိုယ်ပွားများသည် တစ်ဦးပြီးတစ်ဦး ပေါ်ပေါက်လာကြသည်။
ယခုတစ်ကြိမ်တွင်မူ ဖန့်ထျန်းဇွန်ကို ထိုက်ယင် မိုးကြိုးစွမ်းအား နှင့် ရှေးဟောင်းစွမ်းအား တို့ကို သန့်စင်စေမည်ဖြစ်ပြီး၊ ဖန့်ရွှမ်ယန်ကိုမူ ရွှမ်ယန်လေးဆင့်ခန္ဓာ ၏ တတိယအဆင့် လျှို့ဝှက်ဆေးရည်ကို သောက်သုံးစေမည်ဖြစ်သည်။
ယင်းအတွက် လိုအပ်သောအချိန်မှာ မနည်းလှပေ။
ကျန်ရှိသော ကိုယ်ပွားများသည်လည်း ထိုအချိန်အတွင်း ကျင့်ကြံအားထုတ်နိုင်ကြသည်။
ယခင်က ရွှီကွမ်းယွမ်ထံမှ လဲလှယ်ထားသော အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများမှာ သူတို့အတွက် အတော်ကြာအောင် သုံးစွဲရန် လုံလောက်ပေသည်။
မကြာမီမှာပင် ကိုယ်ပွား ၁၀ ယောက်စလုံးမှာ အကုန်အစင် ပေါ်ထွက်လာကြသည်။
သို့သော် ၁၁ ယောက်မြောက် ကိုယ်ပွားဖြစ်သော ဖန့်လူသား စတင် ပေါ်ထွက်လာရန် ပြင်ဆင်လိုက်သည့် ခဏ၌ သုံးထောင်သော တာအိုနယ်မြေ၏ ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီးထဲမှ ဂွတ်... ဂွတ်... ဟု မြည်ဟည်းသော အသံများ ထွက်ပေါ်လာသည်။
၎င်းမှာ တစ်စုံတစ်ခုသော စွမ်းအားက အတင်းအကျပ် ဖိသိပ်နေသကဲ့သို့ ဖြစ်ပြီး၊ တစ်စုံတစ်ခု ကွဲအက်သွားသည့် အသံများကိုလည်း ဝေဝါးစွာ ကြားနေရသည်။
“ဒီနေရာက မသေမျိုး တွေရဲ့ အရှိန်အဝါကို တောင့်မခံနိုင်တာလား...”
ဖန့်ချန် အနည်းငယ် ကြောင်အသွားသည်။
တာအိုသုံးထောင် နယ်မြေသည် မသေမျိုးတို့၏ အရှိန်အဝါကို တောင့်မခံနိုင်ခြင်းလော သို့မဟုတ် ဖန့်လူသား၏ အရှိန်အဝါကို တောင့်မခံနိုင်ခြင်းလော ဆိုသည်ကို သူ အသေအချာ မသိပေ။
ဤကဲ့သို့ ထူးဆန်းသော ဖြစ်ရပ်များ ဆက်တိုက်ပေါ်ပေါက်လာသည်ကို မြင်သောအခါ ဖန့်ချန်သည် အတင်းအကျပ် ရှေ့ဆက်မတိုးတော့ပေ။
ဖန့်ထျန်းဇွန်သည် ထိုက်ယင် မိုးကြိုးစွမ်းအားကို စတင်သန့်စင်တော့သည်။
ဖန့်ရွှမ်ယန်သည်လည်း လျှို့ဝှက်ဆေးရည်ကို စပ်ဟပ်ပြီးနောက် သောက်သုံးကာ ရွှမ်ယန် တတိယအဆင့်ကိုယ်ထည်ကို စတင် တည်ဆောက်တော့သည်။
နှစ်ပေါင်း တစ်ရာ ကုန်ဆုံးသွားသောအခါ... ဖန့်ပါဟွမ် နှင့် အခြားသူများ၏ ကျင့်ကြံခြင်းမှာ တာအိုပေါင်းစပ်ခြင်း အဆင့်ကို တစ်ယောက်ပြီးတစ်ယောက် ကျော်ဖြတ်ကာ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်သို့ တက်လှမ်းသွားကြသည်။
ကိုယ်ပွားတစ်ယောက်စီ တိုးတက်သွားတိုင်း ဖန့်ချန်ထံသို့ စွမ်းအားတုံ့ပြန်မှုတစ်ခု ပေးပို့ကြရာ သူ၏ ကျင့်ကြံခြင်းကို အဆက်မပြတ် မြင့်တက်စေသည်။
ရေစီးကမ်းပြို ဖြစ်ပေါ်လာသကဲ့သို့ပင် သူ၏အဆင့်မှာ တာအိုပေါင်းစပ်ခြင်း အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်သို့ တက်လှမ်းသွားခဲ့ပြီဖြစ်သည်။
သာမန်လူတို့၏ ကျင့်ကြံခြင်းမှာ နောက်ပိုင်းရောက်လေ ပိုခက်ခဲလေ ဖြစ်သော်လည်း ဖန့်ချန်မှာမူ ပြောင်းပြန်ဖြစ်သည်။
သူ၏ အခြေခံအုတ်မြစ်မှာ သာမန်လူတို့ မမှန်းဆနိုင်သော အမြင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ကျင့်ကြံခြင်း တိုးတက်မှုမှာ သေချာပေါက် ဖြစ်လာမည့်အရာ ဖြစ်နေပြီး သူ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေသည်။
နောက်ထပ် နှစ်ပေါင်း တစ်ရာ...
ဖန့်ထျန်းဇွန်သည် ထိုက်ယင် မိုးကြိုးစွမ်းအားကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီး ကျင့်ကြံခြင်းမှာ တက်လှမ်းခြင်းအဆင့် သို့ ထိုးတက်သွားသည်။
ဒီတစ်ကြိမ် ပြန်လည်ရောက်ရှိလာသော စွမ်းအားမှာ ဖန့်ချန်၏ ကျင့်ကြံခြင်းကို တာအိုပေါင်းစပ်ခြင်း အလယ်အလတ် အထွတ်အထိပ်မှ တိုက်ရိုက်ကျော်လွန်စေကာ တာအိုပေါင်းစပ်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိစေခဲ့သည်။
ဝမ်ချွမ်းမြစ်နှင့် တာအိုပေါင်းစပ်ခဲ့စဉ်က အစောပိုင်းအဆင့်၊ ယခုမူ နောက်ဆုံးအဆင့်... ဖန့်ချန်၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားမှာ ရေတွက်၍မရလောက်အောင် တိုးပွားလာခဲ့ပြီ ဖြစ်သည်။
သူ၏ ဝှက်ဖဲအားလုံးကို ခဏဖယ်ထားလျှင်ပင် သူ၏ ယခုလက်ရှိ စွမ်းဆောင်ရည်မှာ ယခင် ပေါင်းစပ်ခြင်း အထွတ်အထိပ်တုန်းကထက် အဆပေါင်း ရာနှင့်ချီ၍ သာလွန်နေပြီ ဖြစ်သည်။
ဖန့်ပါဟွမ် တို့အဖွဲ့သည် ဘေးဒုက္ခဖြတ်ကျော်ခြင်း အဆင့်သို့ ရောက်ရှိပြီးနောက် အတားအဆီးများ မရှိသလို၊ ကောင်းကင်ဘေးဒုက္ခ များလည်း မရှိသော်လည်း ကျင့်ကြံခြင်းအရှိန်မှာ တဖြည်းဖြည်း တည်ငြိမ်သွားသည်။
အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများမှာ တာအိုပေါင်းစပ်ခြင်း အဆင့်တုန်းကလောက် သူတို့အပေါ် အကျိုးသက်ရောက်မှု မရှိတော့ဘဲ ဆယ်ပုံတစ်ပုံခန့်သာ ရှိတော့သည်။
ဘေးဒုက္ခဖြတ်ကျော်ခြင်း အဆင့်သို့ ရောက်ရှိပြီး နှစ်ပေါင်း တစ်ရာလုံးလုံး သူတို့သည် အစောပိုင်းအဆင့်၌သာ ဆက်လက် လေ့ကျင့်နေကြရသည်။
သို့သော် သူတို့၏ ကျင့်ကြံခြင်း မြင့်တက်လာမှုသည် သူတို့၏ စွမ်းအားများကို မူလသဘာဝ နှင့် ပိုမိုနီးစပ်စေသည်။
သာမန်ကျင့်ကြံသူတစ်ဦးသည် အဆင့်ငယ်တစ်ခု တက်တိုင်း စွမ်းအားတိုးတက်မှုမှာ တစ်မှ ဆယ်အတွင်းသာ ရှိတတ်သော်လည်း၊ ဖန့်ပါဟွမ်တို့၏ စွမ်းအားတိုးတက်မှုမှာမူ ထိုကိန်းဂဏန်းထက် အများကြီး ပိုမိုမြင့်မားသည်။
တစ်နည်းအားဖြင့် ပြောရလျှင် ဤကိုယ်ပွားတိုင်းသည် အဆင့်တူသူများထဲတွင် အနှိုင်းမဲ့သော ဘုရင်များ၊ မိစ္ဆာဆန်သော ပါရမီရှင်များပင် ဖြစ်ကြသည်။
တစ်ယောက်တည်းနှင့် ဆယ်ယောက်ကို ယှဉ်နိုင်ရန်မှာ အလွန်လွယ်ကူလှပြီး ဖန့်ချန်ကဲ့သို့ အဆင့်ကျော်၍ တိုက်ခိုက်ရန်မှာလည်း မခက်ခဲပေ။
အထူးသဖြင့် ဖန့်ဝူရှီး နှင့် ဖန့်ယိန့်ကွမ် တို့ ဖြစ်သည်။
နှစ်ဦးစလုံး၏ စွမ်းအားမှာ မျက်စိပညာရပ် မှ မြစ်ဖျားခံသဖြင့် အခြားသူများ၏ တာအိုနှင့် မတူညီပေ။
သူတို့၏ စွမ်းအားတိုးတက်မှုမှာ ဖန့်ပါဟွမ်တို့ထက် များစွာ ပိုမိုသာလွန်လှသည်။
ဖန့်ဝူရှီးသည် သဘာဝအတိုင်း ပေါ်ပေါက်လာသော ရှေးဟောင်းမှော်အစီရင် တစ်ခုနှင့် တူလှသည်။
သူမ ရှိနေသောနေရာသည် အစီရင်တစ်ခု ဖြစ်သွားပြီး သူမကိုယ်တိုင်က ထိုအစီရင်၏ အမြုတေ ဖြစ်လာသည်။
ဤအစီရင်၏ အသုံးဝင်ပုံမှာ သူမ၏ စိတ်အလိုအတိုင်း ပြောင်းလဲသွားနိုင်သည်။
ဖန့်ယိန့်ကွမ် မှာမူ ကမ္ဘာမြေ၏ ဝိညာဉ်စွမ်းအားများနှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ပင်။
သူသည် ဝိညာဉ်စွမ်းအား ဖြစ်သလို၊ ဝိညာဉ်စွမ်းအားသည်လည်း သူပင် ဖြစ်သည်။
ထိုအခြေအနေမှာ ဖန့်ချန်နှင့် ဝမ်ချွမ်းမြစ်တို့၏ ဆက်နွှယ်မှုနှင့် ဆင်တူလှသည်။
လောကအတွင်းရှိ ရေတွက်၍မရသော ဝိညာဉ်စွမ်းအားများမှာ ဖန့်ယိန့်ကွမ် ၏ တာအိုအတွက် အခြေခံအုတ်မြစ် ဖြစ်လာပုံရသည်။
ဤအချက်တွင် ဖန့်ထျန်းဇွန်နှင့် ဖန့်ရွှမ်ယန်တို့ပင်လျှင် သူတို့နှစ်ဦးကို မယှဉ်နိုင်ကြပေ။
သို့သော် ဖန့်လူသားမှာမူ ထိုနှစ်ဦးထက်ပင် သာလွန်နေပြန်သည်။
ကျန်ရှိသော ကိုယ်ပွားများထဲတွင် ထိုနှစ်ဦးနှင့် အနီးစပ်ဆုံးမှာ ဖန့်ပါဟွမ် တစ်ဦးတည်းသာ ရှိသည်။
သူသည် သက်လတ်ပိုင်း ဓားသမားတစ်ဦးနှင့် တူပြီး ကျင့်ကြံသည့်အခါတွင်လည်း ထူးခြားသော အငွေ့အသက်များ မရှိပေ။
သာမန်ကျင့်ကြံသူတစ်ဦးကဲ့သို့ပင် တစ်လှမ်းချင်း ခိုင်ခိုင်မာမာ တက်လှမ်းနေသည်။
ကြည့်ရသည်မှာ အလွန်အားကိုးထိုက်သော အစ်ကိုကြီးတစ်ယောက်နှင့် တူလှသည်။
သို့သော် သူ၏ လက်ထဲမှ ဓားမှာမူ သာမန်အသွင်အပြင်အောက်တွင် အစစ်မှန်ဆုံးသော ဖျက်ဆီးခြင်း အငွေ့အသက်များကို သိမ်းဆည်းထားသည်။
ဤနှစ်များအတွင်း ဖန့်ချန်သည် ကျင့်ကြံခြင်း မပြုခဲ့ပေ။
သူ တစ်ခုတည်းသော လုပ်ဆောင်ခဲ့သည့်အရာမှာ ကိုယ်ပွားတစ်ဦးချင်းစီ၏ ကျင့်ကြံခြင်း ဖြစ်စဉ်ကို လေ့လာစောင့်ကြည့်နေခြင်းပင်။
သူ့အတွက်မူ ဤသည်မှာလည်း ကျင့်ကြံခြင်း တစ်မျိုးပင် ဖြစ်သည်။
စွမ်းအား၏ အနှစ်သာရကို ပိုမိုနက်နက်ရှိုင်းရှိုင်း နားလည်လေ၊ သူ ထုတ်ဖော်နိုင်သော စွမ်းအားမှာ ပိုမိုပြင်းထန်လာလေဖြစ်သည်။
နားလည်မှု တစ်ဆင့်တိုးလေ၊ တိုက်ခိုက်နိုင်စွမ်းမှာ တစ်ဆင့်မြင့်လာလေ ဖြစ်ရာ ၎င်းမှာ ကျင့်ကြံခြင်း အဆင့်နှင့် မသက်ဆိုင်တော့ပေ။
အချိန်ကာလမှာ တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးသွားသည်။
အချိန်ကုန်ဆုံးသွားမှုအပေါ် ဖန့်ချန် သိပ်ပြီး မခံစားရတော့ပေ။
ဝမ်ချွမ်းမြစ်ထဲတွင် သူ ဖြတ်သန်းခဲ့ရသည်မှာ ထိုနှစ်ပေါင်း ထောင်ဂဏန်းထက် အများကြီး ပိုမိုများပြားခဲ့သည် မဟုတ်ပါလား
မသိမသာပင် ဖန့်ထျန်းဇွန်သည် ရှေးဟောင်းစွမ်းအား ကို နောက်ဆုံးအဆင့်အထိ သန့်စင်ခဲ့ပြီဖြစ်သည်။
ဖန့်ရွှမ်ယန်၏ တတိယအဆင့်ကိုယ်ထည်မှာလည်း တည်ဆောက်ပြီးစီးလုနီးပြီ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်မှာ ယခင်ကပင် ၁၀ ပေခန့် ရှိသော်လည်း ယခုမူ ပေ ၁၀၀ ခန့်အထိ ကြီးမားသွားခဲ့ရာ ဖန့်ထျန်းဇွန်တို့နှင့် ဖန့်ချန်တို့မှာ သူ၏ဘေးတွင် အလွန်ပင် သေးငယ်လှသည်။
ဖန့်ထျန်းဇွန်နှင့် ဖန့်ရွှမ်ယန်တို့၏ အရှိန်အဝါမှာ တက်လှမ်းခြင်းအဆင့် အထွတ်အထိပ်နှင့် အလွန်နီးစပ်နေပြီဖြစ်ရာ အပြီးသတ်သွားလျှင် ဂိုဏ်းချုပ် အဆင့်သို့ လွယ်ကူစွာ တက်လှမ်းနိုင်ပေတော့မည်။
ထိုနှစ်ဦး၏ တိုးတက်မှုနှင့် ဖန့်ပါဟွမ်တို့၏ ဘေးဒုက္ခဖြတ်ကျော်ခြင်း အလယ်အလတ်အဆင့်သို့ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာမှုမှ ပေးပို့သော စွမ်းအားများကြောင့် ဖန့်ချန်၏ ကျင့်ကြံခြင်းမှာ တာအိုပေါင်းစပ်ခြင်း နောက်ဆုံးအဆင့်မှ အထွတ်အထိပ် သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ယခုအခါ သူ၏ ကျင့်ကြံခြင်းမှာ တိုးစရာ မရှိတော့ဘဲ ဘေးဒုက္ခဖြတ်ကျော်ခြင်း အဆင့်သို့ ဝင်ရောက်ရန်အတွက် ကပ်ဘေးဒုက္ခကြီး ၃ ပါးနှင့် ကပ်ဘေးဒုက္ခငယ် ၉ ပါးထဲမှ ၉ ပါးသော ဘေးဒုက္ခများကို ကျော်ဖြတ်ရန်သာ လိုအပ်တော့သည်။
ရုတ်တရက် တာအိုသုံးထောင်သောနယ်မြေ၏ ဟင်းလင်းပြင်ကြီးမှာ ဝုန်းဝုန်း မြည်ဟည်းလာပြီး ဖန်ခွက် ကွဲအက်သကဲ့သို့ အသံများ ဖန့်ချန်၏ နားထဲသို့ တရစပ် ဝင်ရောက်လာသည်။
ကျယ်ပြောလှသော ဟင်းလင်းပြင်တွင် မျက်စိဖြင့် မြင်နိုင်သော အက်ကြောင်းများ ပေါ်ပေါက်လာကာ အရပ်မျက်နှာ အနှံ့အပြားတွင် တစ်ခုပြီးတစ်ခု ပြန့်နှံ့သွားတော့သည်။
“ဒီနေရာက မသေမျိုး တွေကို တကယ်ပဲ တောင့်မခံနိုင်တာပဲ ”
ဖန့်ချန်၏ မျက်ဝန်းထဲတွင် လေးနက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဤတစ်ကြိမ် ဖွင့်လှစ်ထားသော ဆယ်နှစ်သက်တမ်းမှာ မပြည့်သေးသဖြင့် သူသည် ထိုနေရာမှ စောစီးစွာ ထွက်ခွာ၍ မရပေ။
သို့ဆိုလျှင် တက်လှမ်းတော့မည့် မသေမျိုး နှစ်ဦး၏ အရှိန်အဝါကြောင့် တာအိုသုံးထောင်နယ်မြေ ပျက်စီးသွားသည်ကို ငေးကြည့်နေရုံသာ ရှိတော့မည်လော
ဤအတွေး ပေါ်လာရုံရှိသေး... ရှေ့မှ မြင်ကွင်းမှာ ချက်ချင်း ပြောင်းလဲသွားပြီး ခဏချင်းမှာပင် သူသည် ယခင်က နန်ချင်းကြယ်တာရာနယ်မြေ သို့ သွားစဉ်က ကြားစခန်းဂြိုဟ်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဖန့်ထျန်းဇွန်နှင့် ဖန့်ရွှမ်ယန်တို့မှာ ဆက်လက် တက်လှမ်းနေဆဲ ဖြစ်သည်။
ဖန့်ပါဟွမ်တို့မှာလည်း ပတ်ပတ်လည်တွင် ထိုင်လျက် ကျင့်ကြံနေကြဆဲ ဖြစ်သည်။
နဂါးအိုကြီး၏ လူ့လောက ဘက်က ရုပ်ခန္ဓာမှာလည်း မလှမ်းမကမ်းတွင် မှော်အစီအရင်များဖြင့် ကာကွယ်ခြင်း ခံထားရသည်။
ဤနေရာတွင် စောင့်ရှောက်ရန် ဖန့်ချန် ထားရစ်ခဲ့သော တုယွန်းရွှီ သည် ထူးဆန်းသော မျက်နှာထားဖြင့် ဖန့်ချန်၏ ဘေးနားသို့ လျှောက်လာသည်။
“သခင်လေး... ဒါက...”
“ဘာမှ မဖြစ်ပါဘူး၊ ဒီနှစ်ယောက်က အဆင့် ၁ မသေမျိုး အဖြစ် တက်လှမ်းဖို့ ပြင်နေတာပါ ”
ဖန့်ချန်က အမှတ်မထင် ပြောလိုက်သည်။
ထို့နောက် သူ၏ စိတ်ထဲ၌ တစ်ခုတွေးမိသည်မှာ... ဖန့်ထျန်းဇွန်နှင့် ဖန့်ရွှမ်ယန်တို့ တက်လှမ်းသွားလျှင် ‘မသေမျိုး ဟု ခေါ်ဆိုနိုင်ပါမည်လော ထိုနှစ်ဦး၏ ဖြစ်တည်မှုမှာ ထူးခြားလွန်းလှသဖြင့် သူတို့ကို မသေမျိုး ဟု သတ်မှတ်၍ ရနိုင်မည် မဟုတ်ချေ။
“နဂါးအိုကြီးကို သွားပြောလိုက်ပါ၊ သူ့ကို လူ့လောကဘက် ပြန်လာခိုင်းလိုက်ဦး။ လူ့လောကထဲမှာ မသေမျိုး အဆင့် တက်လှမ်းတာက တခြားသူတွေရဲ့ မနာလိုမှုကို ဆွဲဆောင်မိသလို ဖြစ်နေလိမ့်မယ် ”
ဟု ဖန့်ချန်က ဆိုသည်။
တုယွန်းရွှီက ခေါင်းညိတ်ပြကာ လွင့်မျောနေသော မြူထုထဲသို့ ချက်ချင်း ပျောက်ကွယ်သွားသည်။
ဖန့်ချန် စိတ်ကို အာရုံစိုက်လိုက်သောအခါ လုလင်ပျိုတစ်ဦး သူ၏ ဘေးတွင် ပေါ်လာသည်။
“တကယ်လို့ တစ်စုံတစ်ယောက်က မကောင်းတဲ့ စိတ်ရည်ရွယ်ချက်နဲ့ အနားကို ကပ်လာရင် သူ့ကို သာမန်လူသား ဖြစ်အောင် လုပ်လိုက်ပါ”
ဟု ဖန့်ချန်က ပြောလိုက်သည်။
ဖန့်လူသားက အသာအယာ ခေါင်းညိတ်သည်။
ဖန့်ချန်သည် သူ၏ မျက်ခုံးအလယ်ကို အသာအယာ ပွတ်သပ်လိုက်ရာ သူနှင့် တစ်သားတည်း ဖြစ်နေသော ကျောက်စိမ်းလုံးလေး မှာ သူ၏ လက်ထဲတွင် ပေါ်လာသည်။
ယခုအချိန်တွင် ကျောက်စိမ်းလုံးလေးပေါ်၌ အက်ကြောင်းများ ပြည့်နှက်နေပြီ ဖြစ်သည်။
၎င်းမှာ ဖန့်ထျန်းဇွန်နှင့် ဖန့်ရွှမ်ယန်တို့ ဂိုဏ်းချုပ်အဆင့်သို့ တက်လှမ်းစဉ်က ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
ကျောက်စိမ်းလုံးလေးက သူတို့ကို အပြင်သို့ အလိုအလျောက် ပို့ထုတ်လိုက်ခြင်းမှာလည်း ဤအကြောင်းကြောင့်ပင် ဖြစ်ပေလိမည်။
“တာအိုသုံးထောင်နယ်မြေက မသေမျိုး အဆင့်အထိပဲ သုံးလို့ရတာပဲ။ အဲဒီအဆင့်ထက် ကျော်သွားရင်တော့ သုံးလို့ မရတော့ဘူး...”
ဖန့်ချန် စဉ်းစားခန်း ဝင်သွားသည်။
ကြည့်ရသည်မှာ ထိုကျောက်စိမ်းလုံးလေးအတွက် နောက်ထပ် ဆက်ခံမည့်သူတစ်ဦးကို ရှာဖွေပေးရန် စတင် စဉ်းစားရတော့မည် ထင်သည်။
၎င်းကို အသုံးပြုနိုင်ရန်မှာ တာအိုသုံးထောင် ဂိုဏ်း ထဲတွင် မိုးကြိုးနတ်သားရဲ ချန်း ၊ နေနတ်သားရဲ မူ နှင့် လနတ်သားရဲ ယဲ့ တို့ သုံးဦးစလုံး၏ အသိအမှတ်ပြုမှုကို တစ်ပြိုင်နက် ရရှိထားသူ ဖြစ်ရပေမည်။
အခန်း (၁၃၁၆) - ငါတို့ကို အသိပေးဖို့ရော သတိရကြရဲ့လား
နတ်သားရဲကြီး သုံးပါး၊ သို့မဟုတ် တာအိုပေါင်းစပ်ထားသော ကိုယ်ပွားသုံးဦးနှင့် ပတ်သက်၍မူ... မိုးကြိုးနတ်သားရဲ ချန်း ၏ အသိအမှတ်ပြုမှုမှာ လူ့လောကကိုးခု အတွင်းဝယ် အစအနအချို့ ရှာဖွေတွေ့ရှိနိုင်ဆဲ ဖြစ်ပုံရသည်။
ဥပမာအားဖြင့် စုန့်ကျီလီ ဖြစ်သည်။
သူ၏ မူလဂိုဏ်းဖြစ်သော ထျန်းရှန်းဂိုဏ်း မှာ ရှေးဟောင်းအမွေအနှစ်များ ရှိသည့် ရှေးဦးတာအိုဂိုဏ်းတစ်ခု ဖြစ်သည်။
ထိုဂိုဏ်းသည်လည်း နတ်သားရဲ သုံးပါးကို ကိုးကွယ်ကြရာ စုန့်ကျီလီသည် မိုးကြိုးနတ်သားရဲ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သဖြင့် ချန်းမိုးကြိုးစွမ်းအား ကို အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် အစမှ အဆုံးတိုင်အောင် ဖန့်ချန်သည် သူနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ရခြင်း မရှိပေ။
သူ အသတ်ခံရချိန်တွင်လည်း မြန်ဆန်လွန်းလှသဖြင့် သူ၏ ချန်းမိုးကြိုးကျင့်စဉ်အပေါ် နားလည်မှု အတိမ်အနက်ကို လေ့လာခွင့် မရလိုက်ချေ။
မိုးကြိုးနတ်သားရဲနှင့် နှိုင်းယှဉ်လျှင် နေနတ်သားရဲ နှင့် လနတ်သားရဲ တို့၏ အစအနများမှာမူ အလွန်ပင် ရှားပါးလှသည်။
ယခုအခါ ကြီးမားကျယ်ပြန့်လာသော တာအိုသုံးထောင်ဂိုဏ်း တွင် တပည့်များ ပိုမိုများပြားလာပြီ ဖြစ်ရာ၊ နတ်သားရဲ သုံးပါးစလုံး၏ အသိအမှတ်ပြုမှုကို တစ်ပြိုင်နက် ရရှိနိုင်မည့်သူ ရှိမရှိကိုမူ မသိနိုင်သေးပေ။
အကယ်၍ ထိုသို့သောသူ ရှိလာပါက ကျောက်စိမ်းလုံးလေးအတွက် ဆက်ခံသူတစ်ဦး ရရှိပေလိမည်။
ဖန့်ချန်သည် အတွေးများကို ရုပ်သိမ်းကာ ဖန့်ထျန်းဇွန် နှင့် ဖန့်ရွှမ်ယန် တို့ကို ကြည့်လိုက်သည်။
ရှေ့တစ်ဦးမှာ ဟင်းလင်းပြင်ထဲတွင် ရပ်တန့်နေပြီး ယခင်က သန့်စင်ခဲ့ဖူးသော ထူးခြားသည့် ဝိညာဉ်စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်ပေါ်တွင် တရစပ် စီးဆင်းနေကာ ရှေးဟောင်းစွမ်းအား ကို နောက်ဆုံးအဆင့်အဖြစ် စုပေါင်းသန့်စင်နေကြသည်။
ထိုဖြစ်စဉ်တစ်ခုလုံးတွင် ဖန့်ထျန်းဇွန်၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ မှောင်မိုက်ပျက်စီးနေသော အခြေအနေသို့ ရောက်ရှိနေပြီး၊ အကယ်၍ တစ်စုံတစ်ခုသာ အတင်းအကျပ် ချဉ်းကပ်လာပါက ဤစွမ်းအားကြောင့် အမှုန့်ခြေဖျက်ခြင်း ခံရပေလိမည်။
ဖန့်ရွှမ်ယန်ကို ကြည့်ပြန်လျှင်လည်း ယခုအခါ သူ၏ ခန္ဓာကိုယ်မှာ ပေ ၁၀၀ ကျော် ကြီးမားနေပြီး ဧရာမနတ်ဘုရား တစ်ပါးကဲ့သို့ပင်။
ဖန့်ချန် ယခင်က နတ်ဘီလူးဂိုဏ်း တွင် တွေ့ခဲ့ဖူးသော အမျိုးသမီး မသေမျိုးထက်ပင် ပိုမိုမြင့်မားကြီးမားနေသည်။
ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအင် များမှာ ဖန့်ရွှမ်ယန်ကို လွှမ်းခြုံထားပြီး သူသည် လျှို့ဝှက်ဆေးရည်ကို နောက်ဆုံးအဆင့်အထိ ချေဖျက်နေပြီ ဖြစ်သည်။
ဆေးရည်ကို အကုန်အစင် ချေဖျက်ပြီးသည်နှင့် တတိယအဆင့် ရွှမ်ယန်ခန္ဓာ မှာ အောင်မြင်စွာ တည်ဆောက်ပြီးစီးပေတော့မည်။
ထိုဂြိုဟ်ကို ဖန့်ချန်က ကြားစခန်းတစ်ခုအဖြစ် အသုံးပြုနေသော်လည်း ဤနေရာ၌ ကျင့်ကြံသူ အများအပြား ရှိနေဆဲ ဖြစ်ပြီး ၎င်းတို့ထဲတွင် အဆင့် (၁) မသေမျိုး အချို့လည်း ပါဝင်သည်။
ဖန့်ထျန်းဇွန်နှင့် ဖန့်ရွှမ်ယန်တို့ မသေမျိုးအဖြစ် တက်လှမ်းနေစဉ်အတွင်း သူတို့၏ ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအားများသည် မသေမျိုးအနှစ်သာရအဖြစ်သို့ စတင်ပြောင်းလဲလာရာ၊ ဖြစ်ပေါ်လာသော တုန်ခါမှုများကို ထိုမသေမျိုးများက အလွယ်တကူပင် အာရုံခံမိသွားကြသည်။
မကြာမီ အချိန်အတွင်းမှာပင်၊ ဤနေရာမှ မိုင်ပေါင်းများစွာ အကွာအဝေး၌ လူရိပ်အချို့ တစ်ဦးပြီးတစ်ဦး ပေါ်လာကြသည်။
ဆံပင်ဖြူဖြူနှင့် အဖိုးအိုတစ်ဦးမှာ ဖန့်ထျန်းဇွန်နှင့် ဖန့်ရွှမ်ယန်တို့ကို အံ့အားသင့်စွာ ကြည့်ရင်း အခြားသူများကို မသိစိတ်ဖြင့် မေးလိုက်မိသည်။
“ဒီနှစ်ယောက်က... ဘယ်သူတွေလဲ ငါတို့ တစ်ခါမှလည်း မမြင်ဖူးပါလား၊ ဘာလို့ ဒီနေရာမှာမှ မသေမျိုး အဖြစ် တက်လှမ်းနေကြတာလဲ ”
“မသိဘူးဗျ၊ မျက်နှာကလည်း စိမ်းတယ်၊ သူတို့ဆီက အရှိန်အဝါကလည်း သိပ်မရင်းနှီးဘူး။ ငါတို့နဲ့ အဆက်အသွယ် ရှိဖူးပုံမရဘူး ”
“ဒီမှာ ဘာမှမပြောမဆိုဘဲ မသေမျိုး’ အဆင့်ကို တက်လှမ်းပြီး ငါတို့ဆီက ဝိညာဉ်စွမ်းအားတွေကို သုံးစွဲနေတာကတော့ သိသိသာသာကို စည်းကမ်းမရှိတာပဲ ”
“သူတို့နဲ့ စကားအများကြီး ပြောမနေနဲ့တော့။ စည်းကမ်းမရှိမှတော့ ငါတို့ကပဲ သူတို့ကို လူပီသအောင် သင်ပေးရမှာပေါ့။ ဒီတက်လှမ်းနေတဲ့ ဖြစ်စဉ်ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်ကြစို့ ”
လူတစ်ဦးက အေးစက်စွာ ပြုံးရင်း ဖန့်ထျန်းဇွန်နှင့် ဖန့်ရွှမ်ယန်တို့ကို လက်ထဲရောက်တော့မည့် သားကောင်များသကဲ့သို့ ကြည့်ကာ ပြောလိုက်သည်။
သူတို့သည် အသစ်စက်စက် အဆင့် (၁) မသေမျိုး တွေကိုပင် မကြောက်ကြရာ၊ ယခုကဲ့သို့ အဆင့်မတက်သေးသော လူငယ်လေးများကို ဆိုလျှင် ပို၍ပင် မကြောက်ကြချေ။
လူ့လောကကိုးခုအတွင်းဝယ် မသေမျိုး များ အခြေချနေထိုင်သော နေရာတိုင်း၌ လူတိုင်းလိုက်နာရသည့် လျှို့ဝှက်သဘောတူညီချက်တစ်ခု ရှိသည်။
ဒေသခံ တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် မသေမျိုး အဖြစ် တက်လှမ်းမည်ဆိုလျှင် ထိုဒေသ၌သာ လုပ်ဆောင်လေ့ရှိသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ထိုဒေသအတွက် အကျိုးပြုခဲ့ဖူးသောကြောင့် ဖြစ်သည်။
မသေမျိုး အဖြစ် တက်လှမ်းသည့် ဖြစ်စဉ်အတွင်း ဆုံးရှုံးသွားသော စွမ်းအားများမှာ ဤနယ်မြေ၏ ကမ္ဘာမြေ ဝိညာဉ်စွမ်းအားများ ဖြစ်သည်။
ဝိညာဉ်စွမ်းအား အမြောက်အမြား ဆုံးရှုံးသွားပါက ၎င်းကို ပြန်လည်ဖြည့်တင်းရန် အလွန်ကြာမြင့်သော အချိန် လိုအပ်သည်။
ပို၍ဆိုးသည်မှာ ဝိညာဉ်စွမ်းအား လျော့နည်းနေသော နယ်မြေအချို့အတွက်မူ ထိုဆုံးရှုံးသွားသော စွမ်းအားများကို ဘယ်တော့မှ ပြန်လည်မရရှိနိုင်တော့ပေ။
ဝိညာဉ်စွမ်းအား နည်းပါးသွားခြင်းမှာ နယ်မြေတစ်ခုလုံး၏ ကျင့်ကြံခြင်းလောကကို ထိခိုက်စေသည်။
ဆံပင်ဖြူ အဖိုးအိုက ထိုနှစ်ဦးကို တိုက်ခိုက်ရန် အကြံပေးသည့် မသေမျိုးကို ကြည့်ကာ ပြောလိုက်သည်။
“သွေးမိကျောင်း... မင်း သူတို့ရဲ့ နောက်ခံကိုတောင် သေချာမသိဘဲနဲ့ သူတို့ရဲ့ လမ်းစဉ်ကို ဖျက်ဆီးဖို့ ဝံ့ရဲတာလား တကယ်လို့ သူတို့နောက်မှာ လူကြီးသူမတွေ ရှိနေရင်ရော"
"ဒီနေရာက နန်ချင်းကြယ်တာရာနယ်မြေနဲ့ ဘယ်လောက်နီးလဲဆိုတာ မမေ့နဲ့ဦး။ ငါတို့ သွားလိုက်ပြန်လိုက်လုပ်တာတောင် အနှစ် ၄၀၊ ၅၀ ပဲ ကြာတာ ”
“ဟုတ်သားပဲ၊ တကယ်လို့ သူတို့မှာ နောက်ခံရှိရင် ငါတို့ ရန်မစသင့်ဘူး။ ငါတို့ဆီမှာ အဆင့် (၂) မသေမျိုး တောင် တစ်ယောက်မှ မရှိတာ ”
“ထားလိုက်ပါတော့၊ ဒီတစ်ခါတော့ အရှုံးပေးလိုက်ကြရအောင်။ ဒီနှစ်ယောက် အဆင့်တက်ပြီးရင် ဒီမှာမနေဘဲ အမြန်ထွက်သွားဖို့ပဲ မျှော်လင့်ရမှာပဲ ”
လူတိုင်းက ဝိုင်းပြောကြသည်။
သို့သော် သွေးမိကျောင်း ကမူ မခန့်လေးစား အေးစက်စွာ ရယ်မောလိုက်သည်။
“နောက်ခံ တကယ်လို့ သူတို့က နန်ချင်းနယ်မြေက ဆိုရင် မင်းတို့ပြောစမ်း၊ ဘာလို့ သူတို့ ဒီကိုလာပြီး မသေမျိုး အဆင့် တက်လှမ်းရမှာလဲ နန်ချင်းနယ်မြေမှာဆိုရင် ပိုပြီး လွယ်ကူမှာ မဟုတ်ဘူးလား အဲဒီက ဝိညာဉ်စွမ်းအားတွေ ဘယ်လောက် ထူထပ်လဲဆိုတာ ငါ ထပ်ပြောနေဖို့ မလိုဘူးမလား ”
“သူတို့ မွေးဖွားရာဒေသမှာရှိတဲ့ ဝိညာဉ်စွမ်းအားက ငါတို့ဆီထက် နည်းနည်းလေး ပိုသာနေရင်တောင် သူတို့ ငါတို့ဆီကို လာမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီနှစ်ယောက်မှာ ဘာနောက်ခံမှ မရှိနိုင်ဘူး ”
သွေးမိကျောင်းက ဆက်ပြောသည်။
“အခု သူတို့ကို မတားရင်၊ သူတို့ မသေမျိုးဖြစ်သွားတဲ့အခါ ကိုင်တွယ်ရ ခက်သွားလိမ့်မယ်။ အခု အချိန်တိုလေးအတွင်းမှာတောင် သူတို့ ဒီက ဝိညာဉ်စွမ်းအားတွေကို အများကြီး သုံးစွဲသွားပြီ။ ချက်ချင်း သူတို့ရဲ့ တက်လှမ်းမှုကို ဖျက်ဆီးပြီး လျော်ကြေးတောင်းကြစို့"
"တကယ်လို့ လျော်ကြေးကို ကျေနပ်အောင်ပေးရင် အသက်ရှင်လျက် ထွက်သွားခွင့်ပေးမယ်။ ငါတို့ မကျေနပ်ရင်တော့ ဒီမှာပဲ ထားခဲ့ရလိမ့်မယ်၊ သွားစရာ မလိုတော့ဘူး ”
လူတိုင်း စဉ်းစားခန်း ဝင်သွားကြသည်။
ဆံပင်ဖြူ အဖိုးအိုသည် အသေအချာ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
“မင်းပြောတာလည်း အဓိပ္ပာယ်ရှိသားပဲ။ ခုနက ငါ သိပ်ပြီး သတိကြီးသွားတာ ဖြစ်နိုင်တယ် ”
ပြောပြီးသည်နှင့် သူသည် ဖန့်ထျန်းဇွန်တို့ နှစ်ဦးထံသို့ ဦးစွာ ပျံသန်းသွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ဟားဟားဟား... နှစ်ယောက်သား ငါတို့ဆီမှာ မသေမျိုး လာဖြစ်ပြီး ဒီက စွမ်းအားတွေကို သုံးစွဲနေတာ၊ ငါတို့ကို အသိပေးဖို့ရော သတိရကြရဲ့လား”
သွေးမိကျောင်းနှင့် ကျန်ရှိသော အဆင့် (၁) မသေမျိုးများလည်း တစ်ဦးပြီးတစ်ဦး လိုက်ပါသွားကြသည်။
သူတို့ ရှိနေသည်ကို ဖန့်ချန်က ပထမဆုံး အချိန်ကတည်းက သိရှိထားသော်လည်း ထိုလူစုက ဤနေရာကို မချဉ်းကပ်သရွေ့ သူကလည်း မောင်းထုတ်မည် မဟုတ်ပေ။
သူတို့၏ လှုပ်ရှားမှုများအပေါ် ဖန့်ချန် ဂရုမစိုက်ဘဲ ဖန့်ထျန်းဇွန်နှင့် ဖန့်ရွှမ်ယန်တို့၏ အဆင့်တက်မှု ပြီးဆုံးရန်သာ ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။
ဖန့်ထျန်းဇွန်တို့ နှစ်ဦးသည်လည်း ပြင်ပကိစ္စများကြောင့် အာရုံပျက်ခြင်း မရှိကြပေ။
ထိုအချိန်တွင် နဂါးအိုကြီးမှာ လူ့လောကဘက်သို့ ပြန်ရောက်လာပြီဖြစ်ပြီး ဖန့်ချန်၏ ဘေးတွင်ရပ်ကာ ဖန့်ထျန်းဇွန်တို့ နှစ်ဦးကို စိတ်ဝင်တစား ကြည့်နေသည်။
မသေမျိုးများ ချဉ်းကပ်လာသည်ကို သိရှိသောအခါ နဂါးအိုကြီးက အမှတ်မထင် မေးလိုက်သည်။
“သူတို့ကို သတ်ပစ်လိုက်ရမလား ”
“မလိုအပ်ပါဘူး ”
ဖန့်ချန်က ခေါင်းခါပြလိုက်သည်။
နဂါးအိုကြီးသည်လည်း ဆက်ပြီး ဂရုမစိုက်တော့ပေ။
ဆံပင်ဖြူ အဖိုးအိုနှင့် လူစုမှာ ယခုအခါ အလွန်ပင် နီးကပ်လာခဲ့ပြီ ဖြစ်သည်။
သူတို့ နောက်ထပ် လှုပ်ရှားမှုတစ်ခု ပြုလုပ်တော့မည့် ခဏ၌ သူတို့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ ရုတ်တရက် အစအနမကျန် ပျောက်ကွယ်သွားတော့သည်။
တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်ပေါ်မှ ပြုတ်ကျလာကြသည်။
သူတို့မှာ မသေမျိုးများ ဖြစ်ကြသဖြင့် သူတို့၏ ခန္ဓာကိုယ်မှာ အတော်အတန် ကြံ့ခိုင်ပြီးသားဖြစ်ရာ၊ မဟုတ်ပါက ဤကဲ့သို့ ကျလာခြင်းမှာ မသေလျှင်ပင် ဒုက္ခိတ ဖြစ်သွားပေလိမည်။
သူတို့သည် မြေပြင်ပေါ်မှ အရှက်တကွဲ ပြန်ထလာကြပြီးနောက် မိမိတို့၏ ကျင့်ကြံခြင်း စွမ်းအားများ အစအနမကျန် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
သာမန်လူသားများ ဖြစ်သွားသကဲ့သို့ ခံစားချက်ကြောင့် သူတို့၏ မျက်နှာများမှာ ချက်ချင်း ပြာနှမ်းသွားကာ မျက်ဝန်းထဲတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားသည်။
“ဘာ... ဘာဖြစ်တာလဲ ”
မိကျောင်းတစ်ကောင်က လူစကားပြောလိုက်ပြီး လူတိုင်းကို စိုက်ကြည့်နေသည်။
“ကျင့်ကြံခြင်း စွမ်းအားတွေ... မရှိတော့ဘူး။ ဒီခံစားချက်က ရင်းနှီးသလိုလိုနဲ့... သိပ်ပြီး ထူးဆန်းနေတယ် ”
“သွေးမိကျောင်း၊ မင်းရဲ့ ကျင့်ကြံခြင်းလည်း ပျောက်သွားတာလား မဟုတ်ရင် မင်း ဘာလို့ မူလရုပ်သွင် ပြန်ဖြစ်သွားရတာလဲ။ မင်းရဲ့ မူလရုပ်သွင်က ပေ ၁၀ တောင် မပြည့်ပါလား ”
သွေးမိကျောင်းက ဒေါသတကြီး ပြောလိုက်သည်။
“ငါ မင်းတို့ကို ဘာဖြစ်တာလဲလို့ မေးနေတာလေ၊ ငါ့ရဲ့ အလျားကို ဆွေးနွေးခိုင်းနေတာ မဟုတ်ဘူး ”
ဆံပင်ဖြူ အဖိုးအိုမှာမူ အတော်အတန် တည်ငြိမ်နေဆဲ ဖြစ်သည်။
သူသည် စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်ကာ မသေမျိုး အဆင့် တက်လှမ်းနေသော ကျင့်ကြံသူနှစ်ဦး၏ အောက်တွင် ရပ်နေသော လူအုပ်စုကို နောက်ဆုံးတွင် မြင်လိုက်ရသည်။
သူ၏ ရင်ထဲ၌ ဒိတ် ကနဲ ဖြစ်သွားပြီး မကောင်းသော နိမိတ်ကို ခံစားလိုက်ရသည်။
ဒါဟာ သိသိသာသာကို မိသားစုထဲက လူကြီးသူမတွေက လူငယ်တွေကို မသေမျိုး အဆင့်တက်ဖို့ ခေါ်လာတာပဲ။
သွေးမိကျောင်းရဲ့ ခုနက ခွဲခြမ်းစိတ်ဖြာမှုကြောင့် လူတိုင်းက ဒီလူငယ်နှစ်ယောက်မှာ နောက်ခံမရှိဘူးလို့ ထင်သွားခဲ့မိတာ။
ကျင့်ကြံခြင်း စွမ်းအားတွေ ပျောက်ကွယ်သွားတာဟာ သေချာပေါက် ဒီလူအုပ်စုနဲ့ ပတ်သက်နေလိမ့်မယ်