← Chapters

အခန်း (၃၀၁-၃၀၂)

Vol. 31 Ch. 301-302

အခန်း (၃၀၁-၃၀၂)

Vol. 31 Ch. 301-302

ဖန့်ချန်

ဘာသာပြန် အရှင်ငယ်

အခန်း ၃၀၁ - သွေးအလောင်းကောင် ခြေရာခံခြင်း

ဖန့်ချန် ပြုံးလိုက်သည်။

"ငါက ဒီနေရာကနေ ဘေးကင်းကင်းနဲ့ ထွက်သွားချင်ရုံပါပဲ အရင်က မင်းက သူ့ရဲ့ ဓားစာခံ အခုတော့ မင်းက ငါ့ရဲ့ ဓားစာခံပေါ့"

မင်းသမီးလေးမှာ မိမိကိုယ်ကိုယ် ပါးနှစ်ချက်လောက် ပြန်ရိုက်ချင်စိတ် ပေါက်သွားသည်။

သူမသည် မိမိကိုယ်ကိုယ် အရမ်း တစ်ဇွတ်ထိုး နိုင်ခဲ့မိသည်ကို နောင်တရနေမိသည်။

အခုတော့ ကြည့်စမ်း ကျားတွင်းက ထွက်ပြီး ဝံပုလွေတွင်းထဲ ရောက်သွားပြီ မဟုတ်ပါလား

"စီနီယာ ရှင်သာ ကျွန်မကို လွှတ်ပေးမယ်ဆိုရင် ဒီအင်ပါယာကနေ ဘေးကင်းကင်း ထွက်သွားနိုင်မယ့် အခွင့်အရေး ရှိနိုင်ပါသေးတယ်"

သူမ ခေတ္တရပ်ပြီးမှ ဆက်ပြောသည်။

"ကျွန်မအမေက ကျွန်မကို အရမ်းချစ်တာ ကျွန်မ ရှင့်လက်ထဲ ရောက်နေတာနဲ့ ဦးလေး ထျန်းဖုန်းကို ရှင်သတ်လိုက်တာကိုသာ သူမ သိသွားရင် မိစ္ဆာဘုရင်တွေ အများကြီးကို ဦးဆောင်ပြီး ရှင့်ကို လာသတ်ခိုင်းပါလိမ့်မယ်"

"ဒါက ချင်းဟူအင်ပါယာပဲလေ ရှင် ဘယ်လောက်ပဲ ပုန်းနေပါစေ ရှာတွေ့မှာပဲ အဲ့ဒါကြောင့် ကျွန်မကို လွှတ်ပေးလိုက်ရင် ကျွန်မအမေနဲ့ စကားပြောပေးပြီး ဒီရန်ငြိုးကို အဆုံးသတ်ပေးနိုင်ပါတယ်"

မင်းသမီးက ဖန့်ချန်ကို ကြည့်ကာ

"ရှင် ဘယ်လို ထင်လဲ"

ဟု မေးလိုက်သည်။

"သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းဘူးပဲ"

ဖန့်ချန်က ပြုံးစစဖြင့် ပြန်ပြောသည်။

"ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ငါ့ကို ရှာတွေ့လို့ ငါ မလွတ်နိုင်တော့ဘူးဆိုရင် မင်းက အရင်ဆုံး သေရမယ့်သူပဲ"

မင်းသမီးလေး၏ မျက်နှာ ချက်ချင်း ပျက်သွားတော့သည်။

ရှကျီ မှာမူ ရယ်ချင်စိတ်ကို အောင့်ထားရသည်။

ထိုကဲ့သို့သော စကားမျိုးနှင့် ဖန့်ချန်လက်ထဲက လွတ်နိုင်မည်ဟု ထင်နေလျှင်တော့ သူမ အိမ်မက်မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်

ရှကျီသည် ဖန့်ချန်၏ အကြောင်းကို ကောင်းကောင်းသိသူဖြစ်ရာ သူ အလွန်ပင် စိတ်အေးလက်အေး ဖြစ်သွားသည်။

ဖန့်ချန်သာ ဒီအင်ပါယာကနေ ထွက်သွားချင်တယ်ဆိုရင် သူ သေချာပေါက် လုပ်နိုင်လိမ့်မည်ဟု ရှကျီယုံကြည်သည်။

ရှကျီသည် ရုတ်တရက် အိပ်ငိုက်လာပြီး မျက်လုံးများ လှိမ့်ကြည့်နေရင်းမှပင် မတ်တတ်ရပ်လျက် အိပ်ပျော်သွားတော့သည်။

သူသည် နေရာအနှံ့ ထွက်ပြေးနေရသဖြင့် စိတ်ရောကိုယ်ပါ အလွန်ပင် ပင်ပန်းနေခဲ့ခြင်း ဖြစ်သည်။

"ငါ့ကို ပြောပြဦး အဲ့ဒီ မိစ္ဆာဘုရင် ထျန်းဖုန်းက အဆောင် တွေကို ဘယ်လိုလုပ်ရမလဲ သိသလား"

ဟု ဖန့်ချန်က ခပ်ပေါ့ပေါ့ မေးလိုက်သည်။

မင်းသမီးလေး ကြောင်သွားသည်။

သူက ဘာလို့ မိစ္ဆာဘုရင် ထျန်းဖုန်း အကြောင်းကို မေးနေရတာလဲ အင်ပါယာရဲ့ အင်အားကို စုံစမ်းနေတာလား

"ဦးလေး ထျန်းဖုန်းက အဆောင်ပညာရပ်မှာ တကယ်ပဲ ကျွမ်းကျင်သူပါ"

"သူက အဝါရောင်အလယ်လတ် အဆောင်အမျိုးမျိုးကို တတ်မြောက်ထားတယ် ဒါပေမဲ့ စွမ်းအားအရဆိုရင် သူက အင်ပါယာမှာ ထိပ်သီးငါးဦးထဲမှာပဲ ပါသေးတာ အဲ့ဒါကြောင့် တကယ်လို့ "

"သူ့ရဲ့ ကျင့်ကြံတဲ့ ဂူက ဘယ်မှာလဲ"

"........"

မင်းသမီးလေးမှာ ဇဝေဇဝါ ဖြစ်သွားသည်။

စကားဝိုင်းက ဘယ်လိုတွေ ဖြစ်ကုန်တာလဲ

"နားထောင်စမ်း"

ဖန့်ချန်က ရယ်မောလျက် ဆိုသည်။

"ငါက ရှကျီ လို သဘောမကောင်းဘူးနော် အဲ့ဒါကြောင့် မင်း အမှန်အတိုင်း မပြောဘူးဆိုရင် မင်းရဲ့ အမြီးနှစ်ချောင်းကို ငါ ဖြတ်ပစ်မယ်"

မင်းသမီးလေးမှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားပြီး သူမ၏ အမြီးများမှာ ကြောက်လန့်တကြား ကွေးသွားတော့သည်။

မျက်နှာဖြူလျော်လျက် သူမက ဖြေလိုက်ရသည်

"ဦးလေး ထျန်းဖုန်းရဲ့ ဂူက ဒီကနေ မိုင်ရှစ်ထောင်ဝေးတဲ့ ကောင်းကင်လေညင်းတောင်တန်း မှာ ရှိပါတယ်"

"မင်း လမ်းပြ တစ်ခုခု ကောက်ကျစ်ဖို့ ကြိုးစားရင် မင်းကို ငါ သတ်မယ်"

ဟု ဖန့်ချန်က ပြောကာ ဓားအလင်းအဖြစ် ပြောင်းလဲပြီး ကျန်သူများကိုပါ ခေါ်ဆောင်ကာ ကောင်းကင်သို့ ပျံတက်သွားပြန်သည်။

ဓားအသွင်ပြောင်းခြင်း ပညာရပ်မှာ အလွန်မြန်သော်လည်း ယခုအခါ လူလေးယောက်ကို သယ်ဆောင်ထားရသဖြင့် အရှိန်မှာ ပုံမှန်ထက် လျော့နည်းနေသည်။

၎င်းမှာ သာမန် ဝိညာဉ်သန့်စင်ခြင်းအဆင့် (၁၂) ကျင့်ကြံသူ တစ်ဦး၏ အရှိန်ခန့်သာ ရှိတော့သည်။

ရက်အနည်းငယ် ကြာပြီးနောက်

မိစ္ဆာဘုရင် ထျန်းဖုန်း သေဆုံးသွားသည့် သတင်းမှာ ပြန့်နှံ့သွားသည်။

လျှို့ဝှက်ဆန်းကြယ်သော လူသား ဓားကျင့်ကြံသူတစ်ဦးသည် ချင်းဟူအင်ပါယာသို့ ရောက်ရှိလာပြီး မိစ္ဆာဘုရင် ထျန်းဖုန်းကို ဓားတစ်ချက်တည်းနှင့် သတ်လိုက်သည်ဟု လူများ ကြားသိကုန်ကြသည်။

ထိုသတင်းကြောင့် မိစ္ဆာဘုရင် အများအပြား ဒေါသထွက်ကြသော်လည်း တစ်ဖက်တွင်လည်း ထိုဓားကျင့်ကြံသူကို ကြောက်လန့်လာကြသည်။

အင်ပါယာ အုပ်ချုပ်သူ၏ အမိန့်အရ သူတို့သည် ထိုဓားကျင့်ကြံသူကို လိုက်လံခြေရာခံရန် သူတို့၏ လက်အောက်ငယ်သားများကို စေလွှတ်လိုက်ကြသည်။

သို့သော် သူတို့သည် တစ်ဇွတ်ထိုး မလုပ်ဆောင်ကြဘဲ အုပ်ချုပ်သူကိုယ်တိုင် လာရောက် ဦးဆောင်မှုကိုသာ စောင့်ဆိုင်းနေကြသည်။

သွေးအလောင်းကောင်ဂိုဏ်း သည် ခြောက်သွေ့သော တောင်တန်းတစ်ခုပေါ်တွင် တည်ရှိသည်။

ထိုနေရာတွင် မှောင်မိုက်စိုစွတ်သော နေရာအချို့မှ မှော်ရုံပင်များမှလွဲ၍ စိမ်းလန်းသော အပင်ဟူ၍ မရှိပေ။

အလောင်းကောင်များကို သန့်စင်သည့် ကျင့်စဉ်များကြောင့် ထိုမြေနေရာတွင် ပြင်းထန်သော ယင် စွမ်းအင်များ ဖုံးလွှမ်းနေသဖြင့် သာမန်အပင်များ မပေါက်ရောက်နိုင်ဘဲ ဝိညာဉ်ဆေးမြက်အချို့သာ ရှင်သန်နိုင်သည်။

ရုတ်တရက် သွေးအလောင်းကောင်ဂိုဏ်း၏ အထက်ကောင်းကင်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။

ထိုသူမှာ ရိုးရှင်းသော ဝတ်စုံဖြူကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး နှင်းကဲ့သို့ ဖြူစင်ဝင်းပသော အသားအရေရှိသည်။

သူမ၏ ရေတံခွန်ကဲ့သို့ နက်မှောင်သော ဆံနွယ်များကို သေသပ်စွာ စည်းနှောင်ထားပြီး ဆွဲဆောင်မှုရှိသော မျက်လုံးများမှာ ဆောင်းဦးရေပြင်ကဲ့သို့ ကြည်လင်နေသည်။

"ဘယ်သူလဲ သွေးအလောင်းကောင်ဂိုဏ်းရဲ့ ဆယ်မိုင်ပတ်လည်မှာ ပျံသန်းခွင့် မရှိဘူး "

လေထုမှာ ရုတ်တရက် အလောင်းကောင် အရှိန်အဝါ များဖြင့် ထူထပ်သွားပြီး လူ (၁၀) ယောက် တစ်ယောက်ပြီးတစ်ယောက် ပေါ်လာသည်။

သူတို့သည် အမျိုးသမီးကို အမူအရာကင်းမဲ့စွာ စိုက်ကြည့်နေကြသည်။

ထိုသူ (၁၀) ယောက်မှာ ထူးဆန်းစွာ တောင့်တင်းနေပြီး သူတို့၏ အသားအရေမှာ ညိုပုတ်ပုတ်နှင့် မီးခိုးရောင် ရောယှက်နေကာ ခြောက်ကပ်နေသည်။

လည်ပင်းများပေါ်တွင်လည်း အလောင်းကောင် အမည်းကွက်များ ဟိုတစ်ကွက် ဒီတစ်ကွက် ရှိနေသည်။

အမျိုးသမီးက လက်ဖဝါးကို လှန်လိုက်ရာ အမြီးကိုးစောင် မြေခွေးရုပ် ထွင်းထုထားသည့် ကျောက်စိမ်းပြားတစ်ခု ပေါ်လာသည်။

ခေတ္တအကြာတွင် နောက်ထပ် လူ (၁၀) ယောက် ရောက်ရှိလာပြီး

"ဂါရဝပြုပါတယ် သခင်မ"

ဟု အော်ဟစ် နှုတ်ဆက်ကြသည်။

စောစောက ရောက်နေသော အလောင်းကောင် (၁၀) ကောင်မှာ မြေပြင်သို့ ဆင်းသက်ကာ အသစ်ရောက်လာသော အဖွဲ့၏ နောက်တွင် ရပ်လိုက်ကြသည်။

"မင်းတို့ရဲ့ ဘိုးဘေး ကို တွေ့ချင်တယ်"

ဟု အမျိုးသမီးက တည်ငြိမ်စွာ ပြောလိုက်သည်။

အလောင်းကောင်များ အားလုံး အံ့ဩသွားကြသော်လည်း မပေါ့ဆရဲကြပေ။

ထိုကျောက်စိမ်းပြားမှာ တော်ဝင်မိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦးကို ကိုယ်စားပြုသောကြောင့်ပင်။

အမျိုးသမီးကို သွေးအလောင်းကောင်ဂိုဏ်း၏ ဧည့်ခန်းဆောင်သို့ ဖိတ်ခေါ်သွားသည်။

လက်ဖက်ရည် တစ်ခွက်စာခန့် ကြာပြီးနောက် အဖိုးအိုတစ်ဦး အပြေးအလွှား ရောက်လာပြီး အမျိုးသမီးကို မြင်သည်နှင့် ရိုသေစွာ ဦးညွှတ်လိုက်သည်။

"ဂါရဝပြုပါတယ် ကျင့်ကြံသူ ထု "

အမျိုးသမီးက အသာအယာ ခေါင်းငြိမ့်ပြပြီး

"ကျင့်ကြံသူ ကျိုး မင်းတို့ ဘိုးဘေး ဘယ်မှာလဲ"

ဟု မေးလိုက်သည်။

ကျိုး အမည်ရှိ အဖိုးအိုမှာ အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ

"ကျင့်ကြံသူ ထု ဘိုးဘေးက အခု ကြေးဝါချပ်ဝတ် အလောင်းကောင်တွေကို သန့်စင်ဖို့ တံခါးပိတ် ကျင့်ကြံနေပါတယ် အခုလောလောဆယ် ထွက်လာဖို့ မရှိသေးဘူး လိုအပ်တာရှိရင် ကျွန်တော့်ကိုပဲ ပြောပါ"

ဟု အားနာစွာ ဆိုသည်။

ထုချင်းချိုး မျက်မှောင်အနည်းငယ် ကြုတ်သွားသော်လည်း ချက်ချင်းပင် ပြန်ဖြေလျှော့လိုက်ကာ

"ငါ့ကို လူတစ်ယောက် ရှာပေးဖို့ မင်းတို့ရဲ့ အကူအညီ လိုတယ် မင်းတို့ဂိုဏ်းက လူခြေရာခံတဲ့နေရာမှာ အထူးကျွမ်းကျင်တယ်ဆိုတာ ငါသိတယ်"

"လူရှာပေးရမှာလား"

ကျိုးက ပြုံးလိုက်သည်။

"အရေးကြီးတဲ့ ကိစ္စများလားလို့ပါ လူခြေရာခံဖို့ ဆိုရင်တော့ အဲ့ဒီလူက ဒီအင်ပါယာထဲမှာပဲ ရှိနေသရွေ့တော့ ပြဿနာ မရှိပါဘူး"

"ဒါက အရေးကြီးတဲ့ ကိစ္စပါ ဓားကျင့်ကြံသူ တစ်ယောက်က မင်းသမီးကို ဖမ်းသွားပြီး မိစ္ဆာဘုရင် ထျန်းဖုန်းကို သတ်လိုက်တယ်"

ဟု ထုချင်းချိုးက ပြောလိုက်သည်။

ကျိုးမှာ ခေတ္တမျှ ဆွံ့အသွားသည်။

"ဓားကျင့်ကြံသူ ဟုတ်လား သူက မင်းသမီးကို ဖမ်းပြီး မိစ္ဆာဘုရင် ထျန်းဖုန်းကို သတ်လိုက်တယ်"

ထုချင်းချိုးက ခေါင်းငြိမ့်ပြကာ

"ဟုတ်တယ်"

ဟု အတည်ပြုသည်။

ကျိုး၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။

ထိုကဲ့သို့သော ဓားကျင့်ကြံသူမှာ အလွယ်တကူ ရင်ဆိုင်နိုင်သူ မဟုတ်ပေ။

အင်ပါယာမှာ ဘယ်တုန်းက ဒီလောက် အစွမ်းထက်တဲ့သူ ရှိခဲ့တာလဲ သူ၏ ဆင်ခြင်တုံတရားအရ ထိုကိစ္စတွင် မပါဝင်ခြင်းက အကောင်းဆုံးဟု ဆိုနေသည်။

သို့သော် ထုချင်းချိုးမှာ ချင်းဟူအင်ပါယာ တော်ဝင်မိသားစု၏ ပထမဆုံး အမျိုးသမီး အရာရှိဖြစ်ပြီး အုပ်ချုပ်သူ၏ အမိန့်ဖြင့် လာခြင်းမှာ ထင်ရှားသည်။

အကယ်၍ ငြင်းပယ်လိုက်ပါက ဒုက္ခများစွာ ရောက်နိုင်ပေသည်။

"မင်း စိုးရိမ်စရာ မလိုပါဘူး မင်း လုပ်ပေးရမှာက သူ့ကို ရှာပေးဖို့ပဲ ရှာတွေ့ပြီးရင် ဖြစ်လာမယ့် ကိစ္စတွေမှာ မင်းတို့နဲ့ ဘာမှ မဆိုင်တော့ဘူး"

ဟု ထုချင်းချိုးက ပြောလိုက်သည်။

"ကောင်းပါပြီ ကျွန်တော် ဘိုးဘေးကို အရင်တိုင်ပင်ပြီးမှ ကျင့်ကြံသူ ထု ကို အဖြေပြန်ပေးပါ့မယ်"

ဟု ကျိုးက သက်ပြင်းချလျက် ဆိုသည်။

နာရီဝက်ခန့် ကြာပြီးနောက် အဖိုးအို ပြန်ရောက်လာပြီး

"ဘိုးဘေးက လူရှာပေးဖို့ သဘောတူပါတယ်ဒါပေမဲ့ အဲ့ဒီ ဓားကျင့်ကြံသူနဲ့ ထိပ်တိုက်တွေ့ရင်တော့ ကျွန်တော်တို့ ဝင်မပါဘူးနော် ဒါကို နားလည်ပေးစေချင်ပါတယ်"

ဟု ပြောလိုက်သည်။

"ဘယ်တော့ ထွက်မလဲ"

ထုချင်းချိုးက မေးသည်။

"အခုပဲ ထွက်ကြစို့"

ရက်အနည်းငယ် ကြာပြီးနောက်

ဈေးကွက်သို့ ထုချင်းချိုး ကျိုး နှင့် သွေးအလောင်းကောင်ဂိုဏ်းမှ တပည့် (၁၀) ဦးကျော် ရောက်ရှိလာကြသည်။

"မင်းသမီးက ဒီနေရာမှာ ဖမ်းခံလိုက်ရတာ"

ထုချင်းချိုးက အဖိုးအိုကို ကြွေပုလင်းငယ်လေး တစ်လုံး ကမ်းပေးလိုက်သည်။

"ဒါက သူမရဲ့ သွေးစွမ်းအား ပဲ"

အဖိုးအိုက ခေါင်းငြိမ့်ပြပြီး သူ၏ တပည့်များကို အချက်ပြလိုက်ရာ သူတို့သည် မိမိတို့၏ လမ်းလျှောက်အလောင်းကောင် များကို ဆင့်ခေါ်လိုက်ကြသည်။

ထိုအလောင်းကောင်များသည် ပုလင်းထဲမှ သွေးနံ့ကို တောင့်တောင့်တင်းတင်းဖြင့် လိုက်လံ နမ်းရှုပ်နေကြတော့သည်။

ဘေးပတ်ဝန်းကျင်ရှိ မိစ္ဆာများနှင့် လူသားကျင့်ကြံသူများမှာ အခြေအနေကို ရိပ်မိသွားကြသည်။

အုပ်ချုပ်သူသည် သွေးအလောင်းကောင်ဂိုဏ်းကို အကူအညီတောင်းကာ လိုက်လံရှာဖွေခိုင်းနေပြီ ဖြစ်သည်။

"အဖိုး ကျွန်တော်တို့က တကယ်ပဲ ဘယ်သူ့ကို ရှာနေတာလဲ"

ဟု သွေးအလောင်းကောင်ဂိုဏ်းမှ လူငယ်တပည့်တစ်ဦးက စိတ်ချင်းဆက်သွယ်ကာ မေးလိုက်သည်။

"ဓားကျင့်ကြံသူ တစ်ယောက်"

ဓားကျင့်ကြံသူ ဟုတ်လား

ထိုတပည့်ငယ်သည် နှင်းရေခဲအင်ပါယာ တွင် သူတွေ့ခဲ့ဖူးသော ဓားကျင့်ကြံသူကို ရုတ်တရက် သတိရသွားမိတော့သည်

အခန်း ၃၀၂ - မိစ္ဆာဘုရင် ထျန်းဖုန်းရဲ့ ကျင့်ကြံတဲ့ဂူ

ကျင့်ကြံသူ ကျိုး သည် သူ၏မြေးဖြစ်သူ ငိုင်တိုင်တိုင် ဖြစ်နေသည်ကို မြင်သောအခါ ကြိမ်းမောင်းလိုက်သည်။

"ဒီအတိုင်း ရပ်မနေနဲ့လေ ငါတို့က အုပ်ချုပ်သူမင်းကြီးအတွက် အလုပ်လုပ်ပေးနေတာ ငါတို့ကို အရှက်မခွဲနဲ့"

ကျိုးဟွာယွီ သည် ချက်ချင်းပင် စိတ်ကိုစုစည်းကာ သူ၏ထိန်းချုပ်မှုအောက်ရှိ လမ်းလျှောက်အလောင်းကောင် များကို စေခိုင်းလိုက်သည်။

အလောင်းကောင်များသည် သွေးနံ့ကို အချိန်အတော်ကြာအောင် ဆက်လက်နမ်းရှုပ်နေသဖြင့် ထုချင်းချိုး မှာ စိတ်မရှည်ဖြစ်လာသည်။

သူမ မျက်မှောင်အနည်းငယ်ကြုတ်ကာ

"ဘယ်လောက်တောင် ကြာဦးမှာလဲ"

ဟု မေးလိုက်သည်။

ကျိုးက ပြုံးလျက်

"ပြီးတော့မှာပါ သူတို့ သွေးနံ့ကို မှတ်မိသွားအောင် လုပ်ပေးနေတာယဒါမှ နောက်ယောင်ခံလိုက်ရတာ ပိုလွယ်မှာ"

ဟု ဆိုသည်။

"ကျင့်ကြံသူ ကျိုး ရှင့်ရဲ့ ကြေးဝါချပ်ဝတ် အလောင်းကောင် တွေနဲ့ဆိုရင် ပိုမြန်မြန် ရှာတွေ့နိုင်မှာ မဟုတ်ဘူးလား"

ဟု ထုချင်းချိုးက မေးသည်။

ကျိုးက ခေါင်းအသာခါယမ်းကာ

"လမ်းလျှောက်အလောင်းကောင်တွေက ခြေရာခံတဲ့နေရာမှာ ပိုပြီး ပါရမီပါကြတယ် သူတို့က သွေးစွမ်းအား ကို တောရိုင်းတိရစ္ဆာန်တွေလိုပဲ အာရုံခံနိုင်စွမ်း အရမ်းမြင့်တယ် ကြေးဝါချပ်ဝတ် အလောင်းကောင်တွေကတော့ မတူဘူး"

" သူတို့ကို သန့်စင်တဲ့အခါမှာ ဝိညာဉ်ပစ္စည်းတွေ အများကြီး ထည့်သွင်းထားတာမို့ ပါရမီက အားနည်းသွားပေမဲ့ တိုက်ခိုက်ရေးစွမ်းအားကတော့ ပိုမြင့်သွားတာပေါ့"

ထုချင်းချိုးသည် သွေးနံ့ခံနေသော အလောင်းကောင်များကို တစ်ချက်ကြည့်လိုက်ရာ သူမ၏မျက်လုံးထဲတွင် ရွံရှာသော အရိပ်အယောင်လေး တစ်ခု ပေါ်လာသည်။

"ဒါဆို မင်းပြောချင်တာက ကြေးဝါချပ်ဝတ် အလောင်းကောင်တွေက လမ်းလျှောက်အလောင်းကောင်တွေလောက် သန့်စင်မှု မရှိဘူးပေါ့"

"အဲ့လိုလည်း ပြောလို့ရပါတယ်"

ကျိုးက ရယ်မောလိုက်သည်။

"လမ်းလျှောက်အလောင်းကောင်တွေက ကျင့်ကြံမှုအဆင့် မြင့်လာတဲ့အခါမှာ နတ်ဘုရားတွေတောင် ဖြစ်လာနိုင်တာပဲ အဲ့ဒီအချိန်ကျရင် ဘယ်သူက သူတို့ကို လမ်းလျှောက်အလောင်းကောင်လို့ သတ်မှတ်ဦးမှာလဲ"

ထုချင်းချိုး ဘာမှ ပြန်မပြောတော့ပေ

လက်ဖက်ရည်တစ်ခွက်စာခန့် ကြာပြီးနောက် ကျိုးသည် သွေးပုလင်းကို ပြန်သိမ်းလိုက်သည်။

အလောင်းကောင်များသည် ရုတ်တရက် ဂဏာမငြိမ် ဖြစ်လာကြပြီး အားလုံးက တောင်ဘက်သို့ စိုက်ကြည့်နေကြသည်။

"မင်းသမီးက တောင်ဘက်မှာ ရှိနေတယ်"

ဟု ကျိုးက ဆိုသည်။

ထုချင်းချိုး ခေါင်းငြိမ့်ပြကာ

"သွားကြစို့"

ဟု ပြောပြီး တောင်ဘက်သို့ ချက်ချင်း အပြေးအလွှား ထွက်ခွာသွားတော့သည်။

ကျိုးက သက်ပြင်းချကာ သူ၏တပည့်များကို လှည့်ကြည့်လိုက်သည်။

"အလောင်းကောင်တွေနောက်က လိုက်ခဲ့ကြ ဒီတစ်ခါတော့ ငါ့ကို အရှက်မခွဲနဲ့ မှတ်ထားရမှာက ငါတို့ရဲ့တာဝန်က အဲ့ဒီဓားကျင့်ကြံသူ ဘယ်မှာလဲဆိုတာ ရှာပေးဖို့ပဲ သူနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ မဟုတ်ဘူး"

"ဟုတ်ကဲ့ပါ"

တပည့်များက တညီတညွတ်တည်း ဖြေကြားပြီးနောက် အလောင်းကောင်များနောက်သို့ လိုက်ပါသွားကြသည်။

သူတို့ ထွက်သွားပြီးနောက် မန်နေဂျာလင်းသည် ကောင်းကင်ရတနာခန်းမထဲမှ ထွက်လာသည်။

ဖန့်ချန်က သူ့ကို တစ်ဖက်လူများနှင့် အဖွဲ့တူဟု ထင်သွားမည်စိုးသဖြင့် သူတို့ရှိနေစဉ်တွင် ထွက်မလာခဲ့ခြင်း ဖြစ်သည်။

"သွေးအလောင်းကောင်ဂိုဏ်းက ကျိုးဝူကျိတောင် ရောက်လာပြီဆိုတော့ အုပ်ချုပ်သူမင်းကြီးက ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူးပဲ အဲ့ဒီဓားကျင့်ကြံသူကို ရှာတွေ့အောင် ရှာတော့မှာပဲ"

ဟု မန်နေဂျာလင်းက ရေရွတ်လိုက်သည်။

ဘေးမှ ချင်းဝေက တိုးတိုးလေး ပြောသည်။

"ချင်းဟူအင်ပါယာတော့ ဒီကိစ္စကြောင့် ဒုက္ခအကြီးအကျယ် ရောက်တော့မှာပဲ"

"ဓားကျင့်ကြံသူတွေက ရင်ဆိုင်ရခက်တာ မှန်ပေမဲ့"

မန်နေဂျာလင်းက ပြုံးလိုက်သည်။

"ချင်းဟူအင်ပါယာကကော အလွယ်တကူ ကစားလို့ရတဲ့ အင်အားစုလို့ မင်းထင်လို့လား"

ချင်းဝေ ကြောင်သွားသည်။

ချင်းဟူအင်ပါယာက အဆင့် (၆) အင်ပါယာပဲ မဟုတ်ဘူးလား အုပ်ချုပ်သူကိုယ်တိုင်ကလည်း အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်မှာပဲ ရှိသေးတာလေ

"ဒီလောကမှာ ဆက်ဆံရေးတွေထက် ရှုပ်ထွေးတာ ဘာမှမရှိဘူး တစ်ခါတလေ မင်းအထင်သေးတဲ့လူတွေရဲ့ နောက်ကွယ်မှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေတတ်တယ်"

" မိစ္ဆာတွေ အုပ်ချုပ်တဲ့ အင်ပါယာတစ်ခုက နှစ်ပေါင်းထောင်ချီပြီး စည်ပင်နေတယ်ဆိုရင် ဒါရဲ့နောက်ကွယ်မှာ တစ်စုံတစ်ယောက် ရှိနေလို့ပဲ မိစ္ဆာမျိုးနွယ်တွေက အားနည်းတာ မဟုတ်ဘူး"

မန်နေဂျာလင်း ပြောလိုသည့်အဓိပ္ပာယ်ကို ချင်းဝေ သဘောပေါက်သွားသည်။

ချင်းဟူအင်ပါယာကို အစွမ်းထက်သော မိစ္ဆာမျိုးနွယ်စုကြီးတစ်ခုက ထောက်ပံ့ပေးထားခြင်းပင် သူတို့ ဘာကြောင့် ဒီလောက် လက်ရဲဇက်ရဲ ရှိနေသလဲဆိုသည်မှာ မဆန်းတော့ပေ။

လမ်းလျှောက်အလောင်းကောင်များ၏ လမ်းပြမှုဖြင့် အဖွဲ့သည် လမ်းကြောင်းအကြိမ်ကြိမ် ပြောင်းခဲ့ရသည်။

ထုချင်းချိုး စိတ်မရှည် ဖြစ်လာသည်။

"ကျင့်ကြံသူ ကျိုး မင်းသမီးကို တကယ် ရှာတွေ့မှာလား"

"ကျေးဇူးပြုပြီး မစိုးရိမ်ပါနဲ့ ကျင့်ကြံသူ ထု"

ကျိုးဝူကျိက ဆိုသည်။

"အလောင်းကောင်တွေနဲ့ ရှာတာက နှေးတော့နှေးပါတယ် လူရှိတဲ့နေရာကို တိုက်ရိုက်မညွှန်ပြနိုင်ပေမဲ့ သူတို့ ချန်ထားခဲ့တဲ့ အရှိန်အဝါအတိုင်း နောက်ယောင်ခံလိုက်ရင်းနဲ့ တဖြည်းဖြည်း နီးကပ်သွားမှာပါ"

"ဒီဓားကျင့်ကြံသူက တော်တော် သတိကြီးပုံရတယ် လမ်းမှာ လမ်းကြောင်းတွေ ခဏခဏ ပြောင်းနေတာက လိုက်တဲ့လူတွေကို မျက်ခြေပြတ်အောင် လုပ်နေတာပဲ ဖြစ်ရမယ်"

"အုပ်ချုပ်သူမင်းကြီးကိုတော့ စိတ်ပျက်အောင် မလုပ်မိပါစေနဲ့"

ထုချင်းချိုးက အေးစက်စွာ နှာခေါင်းရှုံ့ပြီးနောက် ငြိမ်သွားသည်။

ကျိုးဟွာယွီက သူ၏အဖိုးကို စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။

"အဖိုး ကျွန်တော် နှင်းရေခဲအင်ပါယာမှာ တွေ့ခဲ့တဲ့ ဓားကျင့်ကြံသူအကြောင်း မှတ်မိသေးလား"

ကျိုးဝူကျိ၏ မျက်လုံးများ လှုပ်ခတ်သွားသည်။

"မင်းပြောချင်တာက မင်းတွေ့ခဲ့တဲ့ လူက အခု ငါတို့ရှာနေတဲ့ လူဖြစ်နိုင်တယ်လို့လား"

"အဲ့ဒီလူနဲ့ ပတ်သက်နေတာလည်း ဖြစ်နိုင်ပါတယ်ဒါပေမဲ့ ကျွန်တော်တွေ့ခဲ့တဲ့ ဓားကျင့်ကြံသူက ချီသန့်စင်ခြင်းအဆင့်ပဲ ရှိပါသေးတယ် သူက မိစ္ဆာဘုရင် ထျန်းဖုန်းကို တစ်ချက်တည်းနဲ့ သတ်နိုင်ဖို့တော့ မဖြစ်နိုင်ဘူး"

"ကောင်းပြီ ဒီအကြောင်းကို တော်ဝင်မိသားစုကို မပြောမိစေနဲ့ သူတို့က ငါတို့ဂိုဏ်းအပေါ် သံသယဝင်သွားနိုင်တယ်"

ဟု ကျိုးဝူကျိက ပြန်လည် မှာကြားလိုက်သည်။

ကျိုးဟွာယွီက ခေါင်းငြိမ့်ပြကာ အတွေးများကို ဖြတ်တောက်ပစ်ပြီး ရှာဖွေရေးကိုသာ အာရုံစိုက်လိုက်တော့သည်။

ကောင်းကင်လေညင်း တောင်တန်း

ထိုနေရာတွင် မိစ္ဆာအရှိန်အဝါများ ကြွယ်ဝပြီး တောင်တန်းများပေါ်တွင် မိစ္ဆာကျင့်ကြံသူ အများအပြား နေထိုင်ကြသည်။

သို့သော် ဖန့်ချန်၏ ဓားအလင်းတန်းကို မြင်သောအခါ ထိုမိစ္ဆာများမှာ သူ့ကို ရန်မစရဲဘဲ မမြင်ချင်ယောင် ဆောင်နေကြသည်။

တောင်တန်းများ၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်သောအခါ ဓားအလင်းတန်းသည် ဂူတစ်ခု၏ ရှေ့သို့ ဆင်းသက်လိုက်သည်။

ဂူအဝင်ဝတွင် သံလှံများကို ကိုင်ဆောင်ထားသည့် ဖားနှင့်တူသော မိစ္ဆာကျင့်ကြံသူ နှစ်ဦး စောင့်ကြပ်နေသည်။

သူတို့၏ ကိုယ်ပေါ်တွင် အဖုအထစ်များဖြင့် ပြည့်နေပြီး အဆိပ်ရည်များ စီးဆင်းနေပုံရသည်။

ဖားမိစ္ဆာတစ်ကောင်သည် ဖန့်ချန်ကို မြင်သောအခါ ချက်ချင်း အနားသို့ တိုးလာပြီး လှံဖြင့် ချိန်ကာ

"မင်းက ဘယ်သူလဲ"

ဟု မေးလိုက်သည်။

သို့သော် ရုတ်တရက် ထိုမိစ္ဆာသည် ဖန့်ချန်နှင့်အတူပါလာသော မင်းသမီးကို သတိပြုမိသွားကာ အလျင်အမြန်ပင် ဦးညွှတ်လိုက်သည်။

"မင်းသမီးကို ဂါရဝပြုပါတယ်"

အခြားဖားမိစ္ဆာတစ်ကောင်လည်း အပြေးအလွှား လာရောက် ဦးညွှတ်သည်။

"ဦးလေး ထျန်းဖုန်း ရှိလား"

မင်းသမီးက ခပ်အေးအေး မေးလိုက်ရင်း မျက်လုံးဖြင့် အရိပ်အယောင် ပြလိုက်သည်။

သို့သော် ထိုမိစ္ဆာနှစ်ဦးမှာ သူမ၏မျက်လုံးကိုပင် မကြည့်ရဲကြပေ။

"မိစ္ဆာဘုရင်ကြီး အပြင်ထွက်သွားပါတယ်"

ဟု တစ်ယောက်က ဖြေသည်။

"ဒါဆိုရင် ငါတို့ ဂူထဲမှာပဲ စောင့်နေမယ်"

ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။

"မင်းသမီး ဒီလူသားကျင့်ကြံသူတွေက ဘယ်သူတွေလဲ"

"သူတို့က ဦးလေး ထျန်းဖုန်းရဲ့ သူငယ်ချင်းတွေပဲသူ့ကို လာတွေ့တာ မင်းတို့ ဂူတံခါး ဖွင့်ပေးလိုက် ငါတို့ အထဲမှာ စောင့်မယ်"

ဟု မင်းသမီးက ပြောလိုက်သည်။

ပုံမှန်ဆိုလျှင် ထိုမိစ္ဆာနှစ်ဦးမှာ သူစိမ်းများကို အလွယ်တကူ ပေးမဝင်ပေ။

သို့သော် ရှေ့တွင် ရှိနေသူမှာ အုပ်ချုပ်သူ၏ အချစ်ဆုံး သမီးတော် ဖြစ်နေသဖြင့် သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် တံခါးကို ဖွင့်ပေးကာ အဖွဲ့ကို အထဲသို့ ခေါ်ဆောင်သွားတော့သည်။

ကျန်းထျန်းအိုက်သည် လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကို စူးစမ်းကြည့်သည်။

ဂူထဲတွင် မိစ္ဆာကျင့်ကြံသူ အများအပြား ကင်းလှည့်နေကြသည်မှာ ခံတပ်တစ်ခုကဲ့သို့ပင်။

ထိုမိစ္ဆာများ၏ ကျင့်ကြံမှုမှာ ချီသန့်စင်ခြင်းအဆင့် (၄) မှ (၈) အထိ ရှိကြသည်။

ဖားမိစ္ဆာတစ်ကောင်သည် ဖန့်ချန်က လူတစ်ယောက်ကို ဝိညာဉ်စွမ်းအားဖြင့် သယ်ဆောင်လာသည်ကို တွေ့ရသဖြင့် ဇဝေဇဝါ ဖြစ်နေသော်လည်း မမေးရဲပေ။

မကြာမီ သူတို့ကို ဧည့်ခန်းဆောင်သို့ ခေါ်ဆောင်သွားသည်။

ဖားမိစ္ဆာနှစ်ဦး ထွက်သွားရန် ပြင်စဉ်တွင် ဖန့်ချန်က ပြောလိုက်သည်။

"မိစ္ဆာဘုရင် ထျန်းဖုန်းရဲ့ အခန်းက ဘယ်မှာလဲ ငါ့ကို အဲ့ဒီကို လိုက်ပြဦး"

ဖားမိစ္ဆာတစ်ကောင် ဒေါသထွက်သွားသည်။

"မင်းက ဘယ်လိုတောင် ရိုင်းရတာလဲ မိစ္ဆာဘုရင်ကြီးရဲ့ အခန်းကို ဘယ်သူမှ ဝင်ခွင့်မရှိဘူးကျူးကျော်ဝင်ရောက်တဲ့သူက သေရမှာပဲ"

မင်းသမီးက ဝင်ပြောလိုက်သည်။

"ငါတို့ကို အဲ့ဒီကို ခေါ်သွားပေးစမ်းပါ ဦးလေး ထျန်းဖုန်းက ငါတို့ကို အပြစ်တင်မှာ မဟုတ်ဘူး"

ဖားမိစ္ဆာနှစ်ဦးမှာ မျက်လုံးပြူးသွားသည်။

"မင်းသမီး... မင်းသမီး ဘာတွေ ပြောနေတာလဲ"

"ဘာဖြစ်လို့လဲ"

မင်းသမီး မျက်မှောင်ကြုတ်လိုက်သည်။

"ငါ့ကို မယုံဘူးလို့ ပြောချင်တာလား"

"မယုံတာ မဟုတ်ပါဘူး မင်းသမီး ဒါပေမဲ့ ဒါက မိစ္ဆာဘုရင်ကြီး ချမှတ်ထားတဲ့ စည်းကမ်းပါ ကျွန်တော်တို့က ချီသန့်စင်ခြင်းအဆင့် နိမ့်ကျသူတွေမို့ သူ့အမိန့်ကို မဖီဆန်ရဲပါဘူး"

ဟု ရှင်းပြသည်။

"ဒါဆိုရင်တော့ မင်းတို့ သွားလို့ရပြီ"

ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။

ငွေရောင်အလင်းတန်း တစ်ချက် လက်သွားသည်နှင့် ဖားမိစ္ဆာနှစ်ဦး၏ ခေါင်းများမှာ မြေပြင်ပေါ်သို့ လိမ့်ကျသွားတော့သည်။

မိမိ၏ လူမျိုးများ အသတ်ခံရသည်ကို မြင်သောအခါ မင်းသမီးလေးမှာ အလွန်ပင် ဒေါသထွက်သွားတော့သည်။

All Chapters