← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

​အပိုင်း (၁၇) - လူရှာရန် ဝိညာဉ် ခန္ဓာမှ ထွက်ခွာခြင်း

​

"ဘာဖြစ်လို့ ကျွန်တော်က စစ်ဝန်ကြီးအိမ်တော်ထဲကို ဝင်လို့မရတာလဲ အိမ်ရှေ့မင်းသား"

ဖန်ချန် က ပြုံးလျက် သူ၏ မီးခိုးရောင်မျက်လုံးများဖြင့် အိမ်ရှေ့မင်းသားကို ကြည့်လိုက်သည်။

​အိမ်ရှေ့မင်းသား၏ မျက်လုံးများတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း သူ၏ မနှစ်မြို့ဖွယ် အတွေးများကို ဖုံးကွယ်ကာ တည်ငြိမ်စွာပင် ပြောလိုက်သည်။

"မင်းက မနေ့ညက ချင်းစုန်း အဆင့်မြင့်သိုင်းသင်တန်းကျောင်းမှာ ဆူပူသောင်းကျန်းမှုတွေ လုပ်ခဲ့တာလေ မင်းလို ရာဇဝတ်သားတစ်ယောက်က စစ်ဝန်ကြီးရဲ့ အိမ်တော်ထဲကို ဝင်ဖို့ ဘာအရည်အချင်း ရှိလို့လဲ"

​ဖန်ချန်က ပြန်မဖြေဘဲ မဟာတောက်ပမှုဗျူရို မှ အရာရှိကို လှမ်းခေါ်လိုက်သည်။

"မင်း ခဏလာဦး"

​အရာရှိမှာ အံ့အားသင့်သွားသော်လည်း အနားသို့ လျှောက်လာခဲ့သည်။

ဖန့်ချန်၏ ဘေးသို့ရောက်သောအခါ သူသည် အိမ်ရှေ့မင်းသားကို အရိုအသေပေးပြီးနောက် ဖန့်ချန်ကို စိုက်ကြည့်လိုက်သည်။

​"မင်းက ဥပဒေအကြောင်း ပိုနားလည်မယ် ထင်တယ် ပြောပါဦး ငါ့မှာ ဘာအပြစ်ရှိလို့လဲ"

ဖန့်ချန်က မျက်နှာတွင် အပြုံးဖျော့ဖျော့ဖြင့် မေးလိုက်သည်။

​အိမ်ရှေ့မင်းသား၏ မျက်လုံးများ စူးရှသွားကာ အရာရှိကို ကြည့်လိုက်သည်။

"မင်းနာမည် ဘယ်သူလဲ"

​"ကျွန်တော် ယွမ်ကျန်း ပါ မဟာတောက်ပမှုဗျူရို က အရာရှိပါ"

ဟု ယွမ်ကျန်း က ရိုသေစွာ ဖြေကြားရာ အိမ်ရှေ့မင်းသားက ခေါင်းညိတ်ပြသည်။

​"ကောင်းပြီ စစ်သူကြီး ဖန့်မှာ အပြစ်ရှိ မရှိကို ပြောပြလိုက်လေ"

ဟု အိမ်ရှေ့မင်းသားက အမိန့်ပေးလိုက်ရာ သူ၏ အေးစက်သော မျက်လုံးများတွင် ရှင်းလင်းသော ခြိမ်းခြောက်မှုများ ပါဝင်နေသည်။

​ယွမ်ကျန်း တုံ့ဆိုင်းသွားပြီး သူ၏ ဘေးရှိ ရဲမက်များမှာလည်း ချွေးပြန်နေကြသည်။

​ခဏမျှ စဉ်းစားပြီးနောက် ယွမ်ကျန်းက စကားလုံးကို ဂရုတစိုက် ရွေးချယ်ကာ ပြောလိုက်သည်။

"ဥပဒေအရဆိုရင် ဖန့်ချန်က ကျွန်တော်နဲ့အတူ မဟာတောက်ပမှုဗျူရို ကို လိုက်ခဲ့ရပါမယ် ဗျူရိုအကြီးအကဲရဲ့ စီရင်ချက်က သူ့မှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်မှသာ သူဟာ အပြစ်ရှိသူ ဖြစ်လာမှာပါ"

​အိမ်ရှေ့မင်းသား၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားပြီး ယွမ်ကျန်းကို အငြိုးတကြီး ကြည့်လိုက်သည်။

​မိမိအနေဖြင့် အိမ်ရှေ့မင်းသားကို စိတ်ဆိုးအောင် လုပ်မိပြီမှန်း သိလိုက်သဖြင့် ယွမ်ကျန်း၏ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

သူ၏ ကံဆိုးမှုကိုသာ သူ ကျိန်ဆဲနေမိတော့သည်။

​ဒီအလုပ်က ဒီလောက်အထိ ဒုက္ခများမယ်မှန်း သိရင် သူ ဘယ်တော့မှ လက်ခံခဲ့မှာ မဟုတ်ပါ

​“ကြားပြီလား အိမ်ရှေ့မင်းသား ဒါ့အပြင် ဝန်ကြီရဲ့ ကလည်း သူ့အိမ်တော်ကို ရှာဖွေဖို့ ခွင့်ပြုချက် ပေးပြီးသားပါ တခြား အကြောင်းပြချက် မရှိဘူးဆိုရင် ကျွန်တော် လုပ်စရာရှိတာကို အိမ်ရှေ့မင်းသားအနေနဲ့ မတားဆီးသင့်ဘူး”

ဖန့်ချန်က ခေတ္တရပ်ပြီးနောက် ထပ်ပြောလိုက်သည်

“ဒါမှမဟုတ် အိမ်ရှေ့မင်းသားက ဝန်ကြီးနဲ့ ကြံရာပါဖြစ်နေပြီး ရှောင်းအန်း ဒီထဲမှာ ရှိနေတာကို သိလို့များလား ဒါကြောင့်မို့လို့ ကျွန်တော် စုံစမ်းစစ်ဆေးတာကို တားဆီးဖို့ အလျင်အမြန် ရောက်လာတာပေါ့”

​ထိုနေရာရှိ လူအားလုံး၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားသည်။

​ရဲ့တုံးမင် က ချက်ချင်းပင် အော်ဟစ်လိုက်သည်။

"ရှာချင်ရင် ရှာပါ ဒါပေမဲ့ အိမ်ရှေ့မင်းသားကို မစွပ်စွဲနဲ့ သူက ဘာလို့ ချင်းစုန်းအင်ပါယာက သိုင်းသမားတွေကို အကာအကွယ် ပေးရမှာလဲ"

​"ဒါဆိုရင်လည်း ကောင်းပါပြီ"

ဖန်ချန်က ပြုံးပြီး အိမ်တော်ထဲသို့ လျှောက်ဝင်သွားသည်။

​အိမ်ရှေ့မင်းသားက မတားဆီးတော့ဘဲ ဖန်ချန်၏ ကျောပြင်ကို ခေတ္တမျှ အေးစက်စွာ စိုက်ကြည့်နေပြီးနောက် ယွမ်ကျန်းကို ကြည့်လိုက်သည်။

​"ဗျူရိုက မင်းကို လူတစ်ယောက် ဖမ်းဖို့ အမိန့်ပေးထားတာကို မင်းက သူ့ကို တစ်မြို့လုံးမှာ လွှတ်ပေးထားပြီး ဝန်ကြီးတစ်ယောက်ရဲ့ နေအိမ်ကိုတောင် ဝင်ရောက်စီးနင်းတဲ့အထိ အခွင့်အရေး ပေးထားတယ် ကြီးကြပ်ရေးအရာရှိတစ်ယောက်အနေနဲ့ မင်း တာဝန်ပျက်ကွက်တာပဲ"

​“အိမ်ရှေ့မင်းသား ကျွန်တော့် အခက်အခဲကို နားလည်းပေးပါ ကျွန်တော်တို့ စစ်သူကြီး ဖန့် ကို အတင်းအကျပ် ဖမ်းဆီးဖို့ ကြိုးစားရင်တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး သူ့ရဲ့ ကျင့်စဉ်က အပြည့်အဝ ပြန်ကောင်းလာပြီလေ သူက ကျွန်တော်တို့ မဟာရှ အင်ပါယာရဲ့ တစ်ဦးတည်းသော ချီအမြုတေ ပညာရှင်ပါ”

ဟု ယွမ်ကျန်း က အကူအညီမဲ့စွာ ရှင်းပြလိုက်သည်

​ဖန့်ချန် ကဲ့သို့ လူမျိုးကို ဖမ်းဆီးရန်အတွက် ရဲမက်အနည်းငယ်ဖြင့် မလုံလောက်ပေ။

အနည်းဆုံး လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် စစ်သည်တစ်ထောင်ခန့် လိုအပ်မည်ဖြစ်သည်။

ထိုသို့ဆိုလျှင်ပင် ဖန့်ချန်ကို အောင်မြင်စွာ ဖမ်းဆီးနိုင်မည်ဟု အာမခံချက် မရှိပေ။

​"မင်းလို အသုံးမကျတဲ့ လူတွေနဲ့ပဲ နန်းတော်ထဲမှာ ပြည့်နေတာပဲ ဒါကြောင့်လည်း ငါတို့ မဟာရှအင်ပါယာက အဆိုးဘက်ကို ဦးတည်နေတာ"

အိမ်ရှေ့မင်းသားက နှာခေါင်းရှုံ့ကာ သူ၏ လူများကို ဦးဆောင်ပြီး အိမ်တော်ထဲသို့ ဝင်သွားသည်။

​ယွမ်ကျန်း၏ မျက်နှာ ပျက်သွားသော်လည်း ခဏအကြာတွင် အပြုံးပြန်ပေါ်လာသည်။

"ထားလိုက်ပါတော့ ငါတို့လည်း ဝင်ရအောင် စစ်သူကြီး ဖန့် ဝန်ကြီးအိမ်တော်အထိ လာတာ အကြောင်းရှိမှာပဲ ချင်းစုန်းက သိုင်းသမားတွေ တကယ် ပုန်းနေသလား ကြည့်ကြတာပေါ့"

ထိုသို့ပြောပြီးနောက် သူသည်လည်း ရဲမက်အနည်းငယ်နှင့်အတူ အိမ်တော်ထဲသို့ ဝင်ခဲ့သည်။

​အတွင်းသို့ ရောက်သောအခါ ဖန့်ချန်မှာ အိမ်တော်ထဲ ခြေချလိုက်သည်နှင့် မလှုပ်မယှက် ရပ်နေသည်ကို လူတိုင်း သတိပြုမိကြသည်။

​ရဲချင်ဟဲ က စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ဖန်ြချန် ဘယ်လောက်ပဲ သတင်းအချက်အလက်တွေ စုံစုံ ဘယ်လောက်ပဲ ပါးနပ်ပါစေ သူက အရာအားလုံးကိုတော့ မသိနိုင်ပါဘူး။

ရှောင်းအန်း ကောင်းကောင်း ပုန်းနေသရွေ့ သူ ဘယ်လိုမှ ရှာမတွေ့နိုင်ဘူး ဟု တွေးနေသည်။

​ဖန့်ချန်၏ အပြုအမူကြောင့် စောစောက သူ ထိတ်လန့်သွားခဲ့သော်လည်း သေချာစဉ်းစားကြည့်သည့်အခါ သူ၏ စီစဉ်ထားမှုအပေါ် ယုံကြည်မှု ရှိလာသည်။

ဖန့်ချန်အနေဖြင့် ဤမျှ တိုတောင်းသော အချိန်အတွင်း ရှောင်းအန်းကို ရှာတွေ့ရန် မဖြစ်နိုင်ပေ

​"စစ်သူကြီး ဖန့် ဘယ်နေရာကနေ စရှာမလို့လဲ ကျွန်တော့်အိမ်တော်မှာ ရင်ပြင်လေးခုပဲ ရှိတာပါ လူတစ်ယောက်ကို တခြားသူတွေ မသိအောင် ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ပါဘူး"

ဟု ရဲ့တုံးမင်က ဖန့်ချန်၏ ငြိမ်သက်နေသော ပုံစံကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

​ဖန့်ချန်က သူ့ကို လျစ်လျူရှုထားပြီး ပြန်မဖြေပေ။

​ရဲ့တုံးမင်မှာ ဖန်ချန်၏ အရေးမလုပ်မှုကို မြင်သောအခါ မျက်နှာ ပျက်သွားသည်။

​အိမ်ရှေ့မင်းသားက လှောင်ပြုံးပြုံးလိုက်သည်။

"စစ်သူကြီး ဖန့်၊ မင်းက လူလာရှာတာ မဟုတ်လား သစ်သားရုပ်ကြီးလို ရပ်နေလို့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး အိမ်တော်အနှံ့ လိုက်ရှာသင့်တာ မဟုတ်ဘူးလား"

​ဖန့်ချန်သည် အိမ်ရှေ့မင်းသား၏ မထီမဲ့မြင်ပြုမှုနှင့် ရန်စမှုများကိုလည်း လျစ်လျူရှုထားဆဲပင်။

​အင်ပါယာ၏ သြဇာအရှိဆုံးပုဂ္ဂိုလ်နှစ်ဦးဖြစ်သည့် ဝန်ကြီးနှင့် အိမ်ရှေ့မင်းသားကို ဖန့်ချန်က အရေးမစိုက်ဘဲ ထားသည်ကို မြင်သောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။

​"ဒါဟာ စစ်သူကြီး ဖန့်ပဲ တကယ်ကို အားကျစရာကောင်းတဲ့ ပုဂ္ဂိုလ်ပဲ"

ယွမ်ကျန်း စိတ်ထဲမှ သက်ပြင်းချမိသည်။

​မည်သူမျှ မမြင်နိုင်သော်လည်း ဖန့်ချန်၏ ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသည်မှာ ကြာပြီဖြစ်ကာ အိမ်တော်ကို တစ်လက်မချင်း စုံစမ်းစစ်ဆေးနေသည်။

​သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် မတူဘဲ ဝိညာဉ်ဖြင့်ဆိုလျှင် သူသည် အရာအားလုံးကို ပိုမို သိရှိခံစားနိုင်သည်။

၎င်းသည် မျက်စိဖြင့် မြင်ရုံသာမက ပတ်ဝန်းကျင်တစ်ခုလုံးကို အာရုံဖြင့် သိနေခြင်း ဖြစ်သည်။

​စစ်ဝန်ကြီးအိမ်တော်တွင် အခန်းပေါင်း သုံးဆယ်ကျော် ရှိသော်လည်း မည်သည့်နေရာတွင်မှ ရှောင်းအန်းကို မတွေ့ရပေ။

သို့သော် ဖန့်ချန် မစိုးရိမ်ပါ ရှောင်းအန်း ဤနေရာတွင် ပုန်းနေသည်မှာ သေချာသည်။

သူ ထွက်ပြေးရန် ကြိုးစားလျှင်ပင် ဖန့်ချန်၏ သတင်းပေးများက သူ့ကို အကြောင်းကြားမည် ဖြစ်သည်။

​ခဏအကြာတွင် ဖန့်ချန်သည် အနီးရှိ ကျောက်တုံးအတုတောင်ကုန်းလေးတစ်ခုမှာ ထူးဆန်းနေသည်ကို သတိပြုမိပြီး သူ၏ ဝိညာဉ်ဖြင့် ထိုအထဲသို့ ဖြတ်ဝင်လိုက်သည်။

ထိုနေရာသို့ ရောက်သည်နှင့် အောက်ဘက်တွင် လျှို့ဝှက်အခန်းတစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။

​ထိုအထဲတွင် ရှောင်းအန်းမှာ တရားထိုင်နေပြီး အပြင်ဘက်မှ လှုပ်ရှားမှုများကို ကြားနိုင်ရန် သူ၏ နားရွက်များက မပြတ် လှုပ်ရှားနေသည်။

​"ဖန့်ချန် ငါ့အဖေကို သတ်တဲ့ ရန်ကြွေးကို ငါ တစ်နေ့ကျရင် မင်းရဲ့ အသက်နဲ့ ပြန်ယူမယ် ရဲ့ချင်ဟဲဆိုတဲ့ ကောင်ကရောပဲ ဒီလို နိမ့်ကျတဲ့ မဟာရှအင်ပါယာက သာမန်လူတစ်ယောက်က ငါ့အသက်ကို သူ့ရဲ့ အကျိုးအမြတ်အတွက် အသုံးချရဲတယ်ပေါ့ ရယ်စရာပဲ"

ရှောင်းအန်းက မကျေမနပ် ရေရွတ်နေပြီး သူ၏ မျက်လုံးများထဲတွင် ရက်စက်မှုများ ပြည့်နှက်နေသည်။

​တည်နေရာကို အတည်ပြုပြီးနောက် ဖန့်ချန်က ပြုံးကာ သူ၏ ရုပ်ခန္ဓာထဲသို့ ပြန်ဝင်လိုက်သည်။

​သူက ဝန်ကြီးကို လှည့်ကြည့်ကာ ပြောလိုက်သည်

"ဝန်ကြီးရဲ့ ခင်ဗျားရဲ့ ဒီကျောက်တုံး တောင်ကုန်းက တော်တော်လေး ထူးခြားတာပဲ ဒါကို ဘယ်ပညာရှင်က တည်ဆောက်ခဲ့တာလဲ သိလို့ရမလား ကျွန်တော့် ဖန့် မိသားစု ဥယျာဉ်ထဲမှာလည်း ဒီလို ပုံစံမျိုး ရှိတယ် ထင်တယ်"

ဖန့်ချန်က အနီးရှိ ကျောက်တုံးအတုတောင်ကုန်းကို လက်ညှိုးထိုးပြလိုက်ပြီး ရဲ့တုံးမင်ကို ပြုံးလျက် ကြည့်လိုက်သည်။

​ရဲ့တုံးမင်၏ မျက်ခုံးများ တွန့်သွားပြီး ရဲ့ချင်ဟဲမှာမူ ချွေးအေးများ ထွက်လာသည်။

​အိမ်ရှေ့မင်းသားကမူ ထိုတောင်ကုန်း၏ လျှို့ဝှက်ချက်ကို မသိသလို တည်ငြိမ်နေဆဲ ဖြစ်သည်။

သို့သော် ဖန့်ချန်ကတော့ ထိုအချက်ကို မယုံကြည်ပေ။

​ရဲ့ချင်ဟဲက ရှောင်းအန်းကို ဝှက်ထားပေးသည်ကို ဖန့်ချန် သိသော်လည်း ၎င်းမှာ အိမ်ရှေ့မင်းသား၏ ညွှန်ကြားချက်လည်း ဖြစ်နိုင်သည်ဟု သူ ယူဆထားသည်။

​"စစ်သူကြီး ဖန့်၊ မင်းက လူလာရှာတာလား ဒါမှမဟုတ် ငါ့အိမ်တော်ကို လာလည်တာလား"

ဟု ရဲ့တုံးမင် က လှောင်ပြောင်သလို ပြောလိုက်သည်။

​"နှစ်မျိုးလုံးပေါ့ ကျွန်တော်သာ လာမလည်ခဲ့ရင် ဒီကျောက်တုံးတောင်ကုန်းအောက်က လျှို့ဝှက်ချက်ကို ဘယ်သိပါ့မလဲ"

ဖန့်ချန်က ပြန်ပြောလိုက်ပြီး သူ၏ လက်ကို မြှောက်ကာ ခရမ်းရောင် လျှပ်စီးအဆောင် တစ်ခုကို အသုံးပြု၍ လျှပ်စီးတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။

​ပြင်းထန်သော လျှပ်စီးတန်းမှာ ကျောက်တုံးတောင်ကုန်းကို ထိမှန်သွားပြီး တောင်ကုန်းတစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်ကာ ကျောက်တုံးများ အရပ်မျက်နှာအနှံ့ လွင့်စင်သွားတော့သည်။

​ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ လျှို့ဝှက်တံခါးတစ်ခု ပေါ်ထွက်လာသည်။

​ကြည့်နေသူများမှာ ဖန့်ချန်၏ စွမ်းဆောင်ရည်ကြောင့်သာမက ထူးဆန်းသော အခြေအနေကြောင့်ပါ အံ့အားသင့်သွားကြသည်။

​ရဲ့တုံးမင်မှာမူ ဆွံ့အလျက်....

​အပိုင်း (၁၈) - ငါ့ကို ဘယ်သူမှ တားလို့မရဘူး

​

အိမ်တော်အတွင်းရှိ အစေခံများနှင့် အလုပ်သမားများကြားတွင် ဆူညံပွက်လောရိုက်သွားပြီး ရင်ပြင်တစ်ခုလုံး တိုးတိုးတိတ်တိတ် ပြောဆိုသံများဖြင့် ပြည့်နှက်သွားသည်။

ပုံမှန်အတိုင်းသာဖြစ်သော ထိုကျောက်တုံးတောင်ကုန်းအတုအောက်တွင် လျှို့ဝှက်အခန်းတစ်ခု ရှိနေသည်ကို လူတိုင်း အံ့အားသင့်နေကြသည်။

သူတို့သည် အိမ်တော်တွင် အမှုထမ်းလာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ထိုကဲ့သို့သောနေရာ ရှိနေသည်ကို တစ်ခါမျှ မသိခဲ့ကြပေ။

​ရဲ့တုံးမင်၏ မျက်နှာမှာ အကြည့်ရဆိုးလာပြီး သူ၏အကြည့်မှာ ရဲ့ချင်ဟဲ ထံသို့ အလျင်အမြန် ရောက်ရှိသွားသည်။

မိမိအား အသိမပေးဘဲ လျှို့ဝှက်အခန်းတစ်ခု တည်ဆောက်နိုင်စွမ်းနှင့် အရင်းအမြစ် ရှိသူမှာ သူ၏သားသာ ဖြစ်နိုင်ကြောင်း သူသိလိုက်သည်။

​ယွမ်ကျန်း မှာလည်း အလားတူပင် အံ့အားသင့်နေရသည်။

ကြီးကြပ်ရေးအရာရှိ တစ်ယောက်အနေဖြင့် သူ၏ ပထမဆုံးအတွေးမှာ ဖန့်ချန်သည် ထိုလျှို့ဝှက်အခန်းကို မည်သို့ရှာတွေ့သွားသနည်းဟု မေးရန်ဖြစ်သည်။

​ကံကောင်းထောက်မစွာဖြင့် သူသည် ဖန့်ချန်ကို အတင်းအကျပ် ဖမ်းဆီးရန် မဆုံးဖြတ်ခဲ့ပေ။

ဖန့်ချန်၏ စွမ်းရည်များနှင့်ဆိုလျှင် သူ့ကို ကမ္ဘာမြေပြင်ပေါ်မှ အလွယ်တကူ ပျောက်ကွယ်သွားအောင် လုပ်နိုင်သည်မဟုတ်ပါလား။

​"အရာရှိယွမ် ကျွန်တော့်အတွက် ဒီတံခါးကို ဖွင့်ပေးပါလား"

ဟု ဖန့်ချန်က တည်ငြိမ်စွာ တောင်းဆိုလိုက်သည်။

​အံ့သြနေဆဲဖြစ်သော ယွမ်ကျန်းသည် ဝန်ကြီးကို အလျင်အမြန် လှမ်းကြည့်လိုက်ပြီး ဝန်ကြီးဘက်က မကန့်ကွက်သည်ကို အတည်ပြုပြီးနောက် သူ၏ လက်အောက်ငယ်သားများကို တံခါးဖွင့်ရန် အချက်ပြလိုက်သည်။

​ရဲမက်နှစ်ဦးမှာ ချက်ချင်းပင် ရှေ့သို့တိုးကာ တံခါးကို ဖွင့်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။

နောက်ဆုံးတွင် သူတို့၏ ဓားများကို အသုံးပြုကာ တံခါးကို ခုတ်ဖွင့်ရန်မှတစ်ပါး အခြားနည်းလမ်း မရှိတော့ပေ။

​သူတို့ ဓားကို မြှောက်လိုက်သည့် အချိန်မှာပင် ဖန့်ချန်၏ ခြိမ်းခြောက်သံ ထွက်ပေါ်လာသည်။

"ရှောင်းအန်း၊ မင်းဘာသာမင်း ထွက်လာမလား၊ ဒါမှမဟုတ် ငါကိုယ်တိုင် ဝင်ဖမ်းရမလား"

​"မလိုဘူး၊ ငါ့ဘာသာငါ ထွက်လာမယ်"

အတွင်းမှ အသံတစ်ခု ထွက်ပေါ်လာပြီး အရပ်ရှည်၍ ကြံ့ခိုင်သော လူငယ်တစ်ဦးမှာ ဝံပုလွေတစ်ကောင်ကဲ့သို့ အေးစက်သော မျက်လုံးများဖြင့် ဖြည်းညှင်းစွာ ထွက်လာသည်။

သူ၏ မျက်လုံးများမှာ ဖန့်ချန်နှင့် ဆုံလိုက်သည်နှင့် နာကျည်းမှုနှင့် မုန်းတီးမှုတို့မှာ အရှိန်အဟုန်ဖြင့် တောက်လောင်လာတော့သည်။

​"ဒါ တကယ်ပဲ ရှောင်းအန်းလား"

​ကြည့်နေသူများ၏ မျက်နှာတွင် အံ့အားသင့်မှုများ ဖုံးလွှမ်းသွားသည်။

အိမ်တော်ရှိ အစေခံများက ရှောင်းအန်းကို မမှတ်မိကြသော်လည်း ရဲ့တုံးမင် ယွမ်ကျန်းနှင့် အခြားသူများမှာမူ သိကြသည်။

​ရှောင်းထျန်းစီ ၏ သားဖြစ်သည့် ရှောင်းအန်းသည် သူ၏ဖခင်ထံမှ ပါရမီများကို ဆက်ခံထားပြီး ငယ်စဉ်ကပင် ချီပေါက်ကွဲခြင်းအဆင့် နှောင်းပိုင်းသို့ ရောက်ရှိနေသူဖြစ်သည်။

သူသည် ချင်းစုန်းနိုင်ငံ၏ လူငယ်မျိုးဆက်များကြားတွင် ထင်ရှားသူဖြစ်ပြီး အနာဂတ်တွင် ချီထိန်းချုပ်ခြင်းအဆင့် သို့ သေချာပေါက် ရောက်ရှိမည်ဟု ယူဆခြင်းခံထားရသူ ဖြစ်သည်။

​ရဲ့တုံးမင်၏ မျက်နှာမှာ အလွန်ပင် ပျက်သွားပြီး သူ၏သားကို အေးစက်စွာ လှမ်းကြည့်လိုက်ရာ ရဲ့ချင်ဟဲ မှာလည်း ချွေးပြန်သွားတော့သည်။

​ရဲ့ချင်ဟဲ သည် အိမ်ရှေ့မင်းသားထံသို့ မသိမသာ လှမ်းကြည့်လိုက်ရာ အိမ်ရှေ့မင်းသားက တည်ငြိမ်စွာပင် စကားစလိုက်သည်။

"ရှောင်းအန်းက တကယ်ပဲ ဒီမှာ ပုန်းနေတာကိုး... ဒါပေမဲ့ အဆင်ပြေပါတယ် ဝန်ကြီးရဲ့ ခင်ဗျားရဲ့ လုပ်ရပ်က ကျိုးကြောင်းဆီလျော်မှု ရှိပါတယ် နတ်စစ်သူကြီး ဖန့် က မနေ့ညက ချင်းစုန်းက သိုင်းသမားတွေကို အတင်းအဓမ္မ သတ်ဖြတ်ခဲ့တာ ရှောင်းအန်းကို ကာကွယ်ပေးထားပြီး အသက်ရှင်ခွင့်ပေးထားမှသာ ကျွန်တော်တို့ ချင်းစုန်းအင်ပါယာကို ပြန်ပြီး ရှင်းပြနိုင်မှာ"

​မိမိကိုယ်ကို သေပြီဟု ထင်ထားသော ရှောင်းအန်းသည် အိမ်ရှေ့မင်းသား၏ ရပ်တည်ချက်ကို မြင်သောအခါ သူ၏ နှလုံးသားထဲတွင် မျှော်လင့်ချက် ရောင်ခြည် ပြန်လည် တောက်ပလာသည်။

​သူသည် အိမ်ရှေ့မင်းသားကို ရိုသေစွာ ဦးညွှတ်လိုက်ပြီး

"အိမ်ရှေ့မင်းသား ကျွန်တော့်ရဲ့ ချင်းစုန်းနိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ မဟာရှအင်ပါယာနဲ့ ထားရှိခဲ့တဲ့ ကျူးကျော်မှုမပြုရေး သဘောတူညီချက်ကို အမြဲတစေ လိုက်နာခဲ့ပါတယ် "

"အငြင်းပွားမှုတွေ ရှိခဲ့ရင်တောင် အသေးအဖွဲတွေပါပဲ ဒါပေမဲ့ ဖန့်ချန်က ကျွန်တော့်အဖေ အပါအဝင် ချင်းစုန်းအင်ပါယာက သိုင်းသမားတွေကို အမြစ်ပြတ် သတ်ဖြတ်ခဲ့တယ် ဒီသတင်းသာ ပြန့်သွားရင် အင်ပါယာနှစ်ခုကြားမှာ စစ်ပွဲကြီး ဖြစ်သွားနိုင်ပါတယ်"

ဟု ပြောလိုက်သည်။

​“ရှောင်းအန်း မစိုးရိမ်နဲ့ ငါ ဒီကိစ္စကို ဒီအတိုင်း လွှတ်မထားဘူး ဗျူရိုကလည်း ဖန့်ချန်ကို ဖမ်းဖို့ လူလွှတ်ထားပြီးပြီ သူ ထောင်ထဲရောက်တာနဲ့ မင်းတို့အင်ပါယာ ကျေနပ်လောက်တဲ့ ရှင်းပြချက်ကို ငါ ပေးပါ့မယ်”

ဟု အိမ်ရှေ့မင်းသားက အာမခံလိုက်သည်။

​"ကောင်းပါပြီ"

ရှောင်းအန်းသည် သူ၏မျက်လုံးထဲမှ နာကျည်းမှုများကို ဖုံးကွယ်ကာ ခေါင်းညိတ်လိုက်သည်။

သူ အသက်ရှင်ခွင့် ရနိုင်သဖြင့် သူ၏ စစ်မှန်သော အတွေးများကို မဖော်ပြလိုတော့ပေ။

အဆုံးမှာတော့ မဟာရှအင်ပါယာထဲတွင် ရှိနေရခြင်းမှာ အန္တရာယ်များလှသဖြင့် အခြေအနေများ ရုတ်တရက် ပြောင်းလဲသွားမည်ကို သူ မလိုလားပေ။

​အိမ်ရှေ့မင်းသားက ဖန့်ချန်ဘက်သို့ လှည့်လိုက်သည်။

"ဖန့်ချန် မင်း အမှားတွေ ထပ်မလုပ်နဲ့တော့ ယွမ်ကျန်းနဲ့အတူ ဗျူရိုကို လိုက်သွားပါ ဒီအချိန်ကစပြီး မင်း ရှောင်းအန်းကို ဘာမှလုပ်ခွင့်မရှိဘူး ယသူ့ရဲ့ ဆံပင်တစ်ပင်တောင် ထိခိုက်တာကို ငါ မမြင်ချင်ဘူး"

​ဖန့်ချန်က လှောင်ပြုံး ပြုံးလိုက်ပြီး

"အိမ်ရှေ့မင်းသား အခုလို အခြေအနေမျိုးမှာ ချင်းစုန်းအင်ပါယာက မင်းရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို လက်ခံလိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား ငါ ဒီမြို့တော်ထဲက ချင်းစုန်းသိုင်းသမား အားလုံးကို ရှင်းလင်းပစ်မယ်လို့ ကြေညာထားပြီးသား ငါ့စကားကို ဘယ်တော့မှ ပြန်မရုပ်သိမ်းဘူး ဘယ်သူမှ ငါ့ကို တားလို့မရဘူး မင်းတောင် တားလို့မရဘူး"

​"ငါတောင် တားလို့မရဘူး ဟုတ်လား"

အိမ်ရှေ့မင်းသား၏ မျက်လုံးများ မှေးကျဉ်းသွားသည်။

​ဝုန်း!

​လျှပ်စီးတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။

​ရှောင်းအန်းသည် မယုံကြည်နိုင်စွာဖြင့် သူ၏ ခန္ဓာကိုယ်ကို စက်ရုပ်တစ်ရုပ်ကဲ့သို့ ငုံ့ကြည့်လိုက်သည်။

​သူ၏ ခန္ဓာကိုယ်မှာ ကြည့်မကောင်းအောင် ပျက်စီးသွားပြီး မီးလောင်ကျွမ်းနေသော အသားနံ့များမှာ ရင်ပြင်တစ်ခုလုံး ပျံ့နှံ့သွားသည်။

​နာကျည်းဖွယ် အော်ဟစ်သံများ အနည်းငယ် ထွက်ပေါ်လာပြီးနောက် ရှောင်းအန်း၏ ပြူးကျယ်နေသော မျက်လုံးများထဲမှ အလင်းရောင်များ ပျောက်ကွယ်သွားကာ ရင်ပြင်တစ်ခုလုံးမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားတော့သည်။

​အိမ်ရှေ့မင်းသားက ကန့်ကွက်နေသည့် ကြားမှပင် ဖန့်ချန်သည် ရှောင်းအန်းကို ထိုနေရာမှာတင် သတ်ပစ်လိုက်သည့်အတွက် လူတိုင်း မှင်တက်သွားကြသည်။

​အိမ်ရှေ့မင်းသား၏ ဘေးရှိ သိုင်းပညာရှင်များမှာ တစ်ဦးကိုတစ်ဦး လှည့်ကြည့်ကာ သတိကြီးစွာ ထားလိုက်ကြသည်။

သူတို့သည် အိမ်ရှေ့မင်းသားကို ကာကွယ်ရန်အတွက် အလိုအလျောက် ရှေ့သို့ တစ်လှမ်းတိုးလိုက်ကြသည်။

​"ယွမ်ကျန်း မင်းရဲ့ ဓား ခဏပေးဦး"

ဖန်ချန်က လက်လှမ်းလိုက်သည်။

​အံ့သြနေသော ယွမ်ကျန်း သည် သတိပြန်ဝင်လာပြီး သူ၏ဓားကို ဖန့်ချန်ထံသို့ အမှတ်မထင် ကမ်းပေးလိုက်မိသည်။

​ဖန့်ချန်သည် ဓားကိုယူကာ ရှောင်းအန်း၏ အလောင်းအနားသို့ ချဉ်းကပ်သွားပြီး ဓားတစ်ချက်တည်းဖြင့် ရှောင်းအန်း၏ ခေါင်းကို ဖြတ်ချလိုက်သည်။

​ခေါင်းကို လက်ဖြင့်ကိုင်ကာ သူသည် လှည့်ထွက်လာပြီး အိမ်တော်ပြင်ပသို့ လျှောက်သွားတော့သည်။

​အပြင်ဘက်တွင် သာမန်အရပ်သားများစွာမှာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

ဖန့်ချန်သည် သွေးချင်းချင်းနီနေသော ခေါင်းတစ်လုံးကို ကိုင်လျက် ထွက်လာသည်ကို မြင်သောအခါ သူတို့၏ မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်လာပြီး အမျိုးမျိုး ခန့်မှန်းပြောဆိုလာကြသည်။

​ဒါ ဘယ်သူ့ခေါင်းလဲ ရှောင်းအန်းလား ဒါမှမဟုတ် အိမ်တော်ထဲက တစ်ယောက်ယောက်လား

​"စစ်သူကြီး ဖန့် ခင်ဗျား သူ့ကို သတ်လိုက်ပြီဆိုတော့ ကျွန်တော်တို့ ဗျူရိုကို သွားရအောင်..."

အိမ်တော်ထဲမှ ဖန့်ချန်နောက်သို့ ကပ်လိုက်လာသော ယွမ်ကျန်းက မျက်နှာချိုသွေးကာ ပြောလိုက်သည်။

​ဖန့်ချန်က ရယ်မောလိုက်ပြီး ရှောင်းအန်း၏ ဦးခေါင်းကို မြေပြင်ပေါ်သို့ ပစ်ချပေးလိုက်ရာ ၎င်းမှာ လိမ့်ထွက်သွားသည်။

​အရပ်သားတွေကို သိုင်းလေ့ကျင့်ဖို့ ပစ်မှတ်အဖြစ် အသုံးပြုဖို့ အစပြုခဲ့သူက ဒီရှောင်းအန်းပဲ မဟုတ်လား

​"ငါ မင်းတို့အတွက် ကလဲ့စားချေပေးလိုက်ပြီ၊ ဒါပေမဲ့ ဒါက မလုံလောက်သေးဘူး လုံးဝ မလုံလောက်သေးဘူး"

ဟု ဖန်ချန်က မိမိဘာသာ ရေရွတ်လိုက်သည်။

​ခဏအကြာတွင် သူက ယွမ်ကျန်း ကို ကြည့်ကာ

"သွားရအောင် မင်းကို ငါ အခက်တွေ့အောင် မလုပ်ပါဘူး"

ဟု ပြောလိုက်သည်။

​"ကျေးဇူးအများကြီးတင်ပါတယ် စစ်သူကြီး ဖန့်"

ယွမ်ကျန်းသည် စိတ်သက်သာရာ ရသွားပြီး ဖန့်ချန်ကို"အဖေ" ဟုပင် ကောက်ခေါ်ချင်စိတ် ပေါက်သွားသည်။

​ယွမ်ကျန်းနှင့် ဖန့်ချန်တို့ ထွက်ခွာသွားပြီးနောက် အိမ်ရှေ့မင်းသားနှင့် သူ၏လူများလည်း ထွက်ခွာသွားကြရာ ခဏအကြာတွင် အိမ်တော်တံခါးကြီးမှာ ဝုန်းခနဲ ပိတ်သွားတော့သည်။

​သတ္တိရှိသော သိုင်းသမားတစ်ဦးသည် ဖြတ်ထားသော ဦးခေါင်းကို စစ်ဆေးရန် ရှေ့သို့ တိုးလာသည်။

ရှောင်းအန်း၏ အသက်မဲ့နေသော မျက်လုံးများကို မြင်လိုက်ရသောအခါ သူက ချက်ချင်းပင် အော်ဟစ်လိုက်သည်

"ဒါ ရှောင်းအန်းပဲ ရှောင်းထျန်းစီရဲ့ သား ရှောင်းအန်း"

​"သူက ချင်းစုန်းက အရမ်းကို မောက်မာတဲ့ သိုင်းသမား မဟုတ်လား"

တစ်စုံတစ်ယောက်က ဟစ်အော်လိုက်သည်။

​"သူပဲ... စစ်ဝန်ကြီးက ချင်းစုန်းက သိုင်းသမားကို အကာအကွယ် ပေးထားလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားဘူး ဒါဟာ သစ္စာဖောက်မှုပဲ သူဟာ စစ်သူကြီးရဲ့ ယုံကြည်မှုရော၊ မဟာရှပြည်သူတွေရဲ့ ယုံကြည်မှုကိုပါ သစ္စာဖောက်လိုက်တာပဲ"

သူတို့၏ အသံထဲတွင် ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများ သိသာစွာ ပါဝင်နေသည်။

​လူအုပ်ကြီးမှာ ဒေါသထွက်လာကြသည်။

အချို့လူများက အနီးအနားရှိ အရာဝတ္ထုများကို ကောက်ယူကာ အိမ်တော်အတွင်းသို့ စတင်ပစ်ပေါက်ကြသည်။

​"ဒီကောင်ရဲ့ ခေါင်းကို ဟင်းချိုချက်ပစ်လိုက် ငါ့သားမှာ အဆုတ်ရောဂါရှိတယ် ဒါကို သောက်လိုက်ရင် သေချာပေါက် ပျောက်သွားလိမ့်မယ်"

ဟု အမည်မသိ အသံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းသည် ဖြတ်ထားသော ဦးခေါင်းကို လုယူရန် ကြိုးစားကြတော့သည်။😁

​ထိုကဲ့သို့ ယုတ်မာသော လူများ၏ အသားနှင့် သွေးသည် ခန္ဓာကိုယ်ကို သန့်စင်စေသည်ဟု သူတို့က အခိုင်အမာ ယုံကြည်နေကြသည်။

၎င်းသည် ခန္ဓာကိုယ်ထဲမှ ရောဂါများကို မောင်းထုတ်နိုင်စွမ်း ရှိသည်ဟု ယူဆကြသည် အဆိုးဖြင့် အဆိုးကို နှိမ်နင်းခြင်းပင် ဖြစ်သည်

​အိမ်တော်အတွင်းတွင်မူ ရဲ့တုံးမင် သည် အိမ်ရှေ့တံခါးကို ကြက်ဥများဖြင့် ပစ်ပေါက်နေသံကို ကြားရသောအခါ မျက်နှာမှာ ပိုမို ပျက်ယွင်းသွားသည်။

​သူသည် ရဲ့ချင်ဟဲ မှလွဲ၍ လူအားလုံးကို ထွက်ခွာခိုင်းလိုက်သည်။

​"ချင်ဟဲ မင်း ဘာလို့ ဒါကို လုပ်တာလဲ"

​ရဲ့ချင်ဟဲ သည် သွားကို တင်းတင်းကြိတ်ကာ တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။

"အဖေ ဒါတွေအားလုံးက အိမ်ရှေ့မင်းသားရဲ့ အစီအစဉ်တွေပါ သူက ချင်းစုန်းက သိုင်းသမားတွေကို ဖန့်ချန်ရဲ့ လက်ထဲကနေ ကယ်ချင်နေတာ"

​ရဲ့တုံးမင် က မျက်မှောင်ကြုတ်လိုက်သည်။

"သူက ဘာလို့ ဖန့်ချန်ကို ဆန့်ကျင်ချင်ရတာလဲ ဒါက ဘာအကျိုးမှ မရှိဘူးလေ "

​ရဲ့ချင်ဟဲ က ရှင်းပြသည် -

“သူက ဖန့်ချန်လည်း မှားနိုင်တယ်ဆိုတာကို ပြည်သူတွေ သိစေချင်တာ သူလုပ်သမျှ အမှန်မဟုတ်ဘူးဆိုတာ ပြည်သူတွေ နားလည်သွားရင် ဖန့်ချန် ပြန်ပြီး အာဏာရှိလာမှာကို တားဆီးနိုင်လိမ့်မယ်အိမ်ရှေ့မင်းသားက ဖန့်ချန်သာ စစ်အာဏာတွေ ပြန်ရသွားရင် သူ့ရဲ့ ရာထူးကို ခြိမ်းခြောက်လာမှာကို ကြောက်နေတာ"

​ရဲ့တုံးမင် ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။

"ဒါပေမဲ့ တတိယမင်းသားက အခုထိ ချင်းစုန်းအင်ပါယာမှာ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတာ မဟုတ်လား ဒါဆိုရင် တတိယမင်းသား ပြန်လာတော့မယ်လို့ ဆိုလိုတာလား"

​ဖန်ချန့်နှင့် တတိယမင်းသားတို့မှာ အလွန်ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြသည်မှာ လူတိုင်းသိသည်။

လွန်ခဲ့သော ငါးနှစ်က ဖန့်ချန် ရှုံးနိမ့်သွားချိန်တွင် တတိယမင်းသားသည် ဧကရာဇ်အနေဖြင့် ဖန့်ချန်ကို အပြစ်မပေးရန်ဟူသော ကတိဖြင့် ချင်းစုန်းအင်ပါယာတွင် ဓားစာခံအဖြစ် နေထိုင်ရန် ကိုယ်တိုင် ဆန္ဒပြုခဲ့သည်။

သူသာ ထိုသို့ မလုပ်ခဲ့လျှင် ဓားစာခံဖြစ်သွားမည့်သူမှာ တတိယမင်းသား မဟုတ်ဘဲ အိမ်ရှေ့မင်းသားသာ ဖြစ်ပေလိမ့်မည်

​"အိမ်ရှေ့မင်းသားက ပြောတယ် ဖန့်ချန်သာ သူ့ရဲ့ ကျင့်စဉ်တွေကို အမှန်တကယ် ပြန်ရသွားရင် သူက တတိယမင်းသားကို ကယ်ထုတ်ဖို့ အစွမ်းကုန် ကြိုးစားလိမ့်မယ်တဲ့ ဖြစ်နိုင်တာက... တစ်စုံတစ်ယောက်က တိတ်တဆိတ် စတင် လှုပ်ရှားနေပြီ ထင်တယ်"

ဟု ရဲ့ချင်ဟဲက တိုးတိုးလေး ပြောလိုက်သည်။

​"မင်းတို့တွေက ဖန့်ချန်ကို တကယ်ပဲ ကြောက်နေကြတာကိုး"

ဟု ရဲ့တုံးမင် က သက်ပြင်းချကာ ပြောလိုက်သည်။

​ဖန့်ချန်၏ နည်းလမ်းများသည် လူငယ်မျိုးဆက်များအပေါ်တွင် ကြီးမားသော အရိပ်မည်းကြီး ဖြစ်စေခဲ့သည်မှာ အမှန်ပင်။

သို့သော် အခြားတစ်ဖက်မှ ကြည့်လျှင် လူကြီးပိုင်းများလည်း မလွတ်ကင်းကြပေ

​အိမ်ရှေ့မင်းသားအနေဖြင့် ခြိမ်းခြောက်မှုကို မခံစားရပါက ဖန့်ချန် ကျင့်စဉ်များ ပြန်ရလာရုံဖြင့် ထိမျှအထိ လုပ်ဆောင်နေစရာ အကြောင်းမရှိပေ

All Chapters