အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
အပိုင်း (၁၉) - ဖုံးကွယ်ထားသော နဂါး
စစ်သူကြီး ဖန့်၏ အိမ်တော်
"ဘာ! အစ်ကိုကြီးကို မဟာတောက်ပမှုဗျူရိုက ဖမ်းသွားတယ် ဟုတ်လား"
ဖန့်ချန် ပြန်လာမည့်အချိန်ကို စောင့်မျှော်နေသော ဖန်ကျစ်ရွှယ် မှာ သတင်းကြားကြားချင်း ထိတ်လန့်သွားသည်။
သူမသည် ထိုင်ရာမှ ဝုန်းခနဲ ထရပ်ကာ အိမ်တော်ပြင်ပသို့ ပြေးထွက်ရန် ပြင်သော်လည်း ဖန်ချန်းဟိုင် က အတင်းအကျပ် တားဆီးလိုက်သည်။
"မင်းက ဘာလို့ ပြဿနာရှာနေတာလဲ နေမြဲအတိုင်း နေစမ်း"
ဟု ဖန်ချန်းဟိုင်က ပြင်းထန်စွာ ဆူပူလိုက်သည်။
"ဒါပေမဲ့ အဖေ... အမေ... သူ့အတွက် နည်းနည်းလေးမှ မစိုးရိမ်ကြဘူးလား"
ဖန်ကျစ်ရွှယ်မှာ ဘာလုပ်ရမှန်းမသိ ကြောင်တောင်တောင် ဖြစ်သွားသည်။
သူမသည် အကူအညီရလိုရငြား ဖန့်ချန်းယူ နှင့် မိဖုရားကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဒုတိယဦးလေး... တတိယအဒေါ် "
သူတို့လည်း သူမလိုပင် စိုးရိမ်တကြီး ဖြစ်နေလိမ့်မည်ဟု သူမ မျှော်လင့်ထားသော်လည်း အမှန်တကယ်တွင်မူ အားလုံးမှာ တည်ငြိမ်အေးဆေးနေကြသည်။
ဖန့်ချန်သည် မဟာရှမြစ်ဘေးသို့ လေညင်းခံထွက်သွားသကဲ့သို့ပင် သူတို့က သဘောထားနေကြသည်။
"မင်းအစ်ကို ကျင့်စဉ်တွေ ပြန်ရတာ ဘယ်သူ့ကိုမှ အသိမပေးခဲ့ဘူး အခုလည်း အတူတူပဲ သူ တစ်ခုခု ကြံစည်ထားတာ သေချာတယ် သူ ချင်းစုန်းက သိုင်းသမားတွေကို အမြစ်ဖြတ်လိုက်ပြီဆိုတော့ နောက်ထပ် သူ ဘာလုပ်မလဲဆိုတာ ဘယ်သူမှ ခန့်မှန်းလို့မရဘူး"
ဟု ဖန်ချန်းဟိုင်က ရှင်းပြသည်။
"သူ့အဖေဖြစ်တဲ့ ငါတောင် သူ ဘာတွေးနေလဲဆိုတာ မသိဘူး ငါတို့လုပ်ရမှာက သူ့အလုပ်တွေထဲ ဝင်မရှုပ်ဖို့ပဲ အထူးသဖြင့် မင်းပဲ ကောင်မလေး"
ဖန်ချန်းဟိုင် ပြောသည်မှာ မှန်ကန်ကြောင်း သူမ သိသော်လည်း စိုးရိမ်စိတ်ကို ဖျောက်မရပေ။
"ဒါပေမဲ့... ဒါပေမဲ့... သူ ဗျူရိုထဲမှာ နှိပ်စက်ခံရရင်ရော"
"ဟားဟား အခုအချိန်မှာ မင်းအစ်ကိုကို ဘယ်သူကများ ရန်လုပ်ရဲမှာလဲ မင်းရဲ့ တတိယအဒေါ်က မိဖုရားကြီးဆိုတာ မမေ့နဲ့ဦး ဒါကို ခဏထားဦးတော့၊ အဒေါ်ရဲ့ အရှိန်အဝါကို ဖယ်ထားရင်တောင် ဖန်ချန်ရဲ့ 'နတ်ဘုရားစစ်သူကြီး' ဆိုတဲ့ ဘွဲ့တစ်ခုတည်းနဲ့တင် သူတို့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံဖို့ လုံလောက်နေပြီ"
"ဗျူရိုက သူ့ကို နှိပ်စက်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ ဧကရာဇ်ဆီက အမိန့်မကျမချင်း သူ့ကို ကောင်းနိုးရာရာ စားသောက်ဖွယ်ရာတွေနဲ့ ဝအောင်ကျွေးထားဖို့ပဲ"
ဟု ဖန်ချန်းယူက ရယ်မောကာ ပြောလိုက်သည်။
"ကျစ်ရွှယ် တစ်ခါတလေကျရင် မင်းက ငါတို့ ဖန့်မိသားစုက တကယ်ပဲ ဟုတ်ရဲ့လားလို့ ငါ တွေးမိတယ် မင်းအစ်ကိုလို ထက်မြက်ဖို့ မလိုပေမဲ့ မင်းရဲ့ ဦးနှောက်လေးကိုတော့ နည်းနည်း သုံးသင့်တယ်"
ဟု ဖန်ချန်းဟိုင်က တိုးတိုးလေး ရေရွတ်လိုက်ရာ သူ၏ ဇနီးဖြစ်သူက သူ့ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်။
ဖန်ကျစ်ရွှယ်သည် ရှက်ကိုးရှက်ကန်းဖြင့် သူမ၏ ဦးလေးဘက်သို့ လှည့်ကာ
"ဒုတိယဦးလေး၊ ကျွန်မကို အရှက်ခွဲနေတာပဲ"
ဟု ပြောလိုက်သည်။
"ကဲပါ၊ ကဲပါ"
မိဖုရားကြီးက ရယ်မောလျက် လက်ကာပြလိုက်သည်။
"ချန်အာ က ကျင့်စဉ်တွေ ပြန်ရလာပြီး မြို့တော်ထဲက ချင်းစုန်းသိုင်းသမားတွေကို ရှင်းပစ်နိုင်ခဲ့တာ တော်သေးတာပေါ့ နောက်ဆို သူတို့ ငါတို့မြို့ထဲမှာ မောက်မောက်မာမာ လျှောက်သွားနေတာကို မြင်ရမှာ မဟုတ်တော့ဘူး ဒါဟာ သတင်းကောင်းပဲ"
“ဟုတ်ပါတယ်၊ ဒါဟာ တကယ်ကို သတင်းကောင်းပါပဲ”
ဖန့်ချန်းဟိုင်က သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း ဝမ်းသာအားရ ပြုံးလိုက်သည်။
“ဒါပေမဲ့...”
မိဖုရားကြီး၏ လေသံ ပြောင်းသွားပြီး သူမ၏ မျက်နှာတွင် ဝမ်းနည်းရိပ်များ ပေါ်လာသည်။
"ဧကရာဇ်မင်းမြတ်က ချန်အာကို သူ့ရာထူး ပြန်ပေးဖို့ ဆန္ဒမရှိဘူး ထင်တယ် ချန်အာကို နန်းတွင်းထဲ နောက်ထပ် ခြေမချခိုင်းတော့ဖို့ သူ စီစဉ်နေပုံရတယ်"
ထိုစကားကြောင့် လူတိုင်း မှင်တက်သွားကြသည်။
ဖန်ချန်းယူ ခဏမျှ ငြိမ်သက်သွားပြီးနောက် နှာခေါင်းရှုံ့လိုက်သည်။
"ဘယ်သူ့အမိန့်နဲ့လဲ"
"ညီလေး၊ စကားကို ဆင်ခြင်ပြောဦး"
ဟု ဖန်ချန်းဟိုင်က မျက်မှောင်ကြုတ်ကာ တားလိုက်သည်။ ထို့နောက် သူက မိဖုရားကြီးဘက် လှည့်ကာ
"ညီမလေး၊ ဒီကိစ္စအတွက် စိတ်မပူပါနဲ့ အရာအားလုံးက ချန်အာအပေါ်မှာပဲ မူတည်တယ် သူသာ နန်းတွင်းကို ပြန်မလာချင်ဘူးဆိုရင် ဒါဟာ ငါတို့အားလုံးအတွက် မဆိုးလှတဲ့ ကိစ္စတစ်ခု ဖြစ်နိုင်ပါတယ်"
ဖန်ချန်းဟိုင်၏ ဇနီးဖြစ်သူကလည်း ခေါင်းညိတ်ထောက်ခံကာ ဝင်ပြောသည်။
"ကျွန်မကတော့ ချန်အာ စစ်တပ်ကို ဦးမဆောင်တော့တာပဲ ဖြစ်စေချင်တယ် သူ့အသက်အရွယ်နဲ့ဆိုရင် အိမ်ထောင်ပြုပြီး အခြေတကျ နေသင့်ပြီလေ မိသားစု မျိုးဆက်ပြန့်ပွားဖို့က အရေးကြီးတယ် မဟုတ်လား"
မိသားစုဝင်များ၏ နောက်တွင် ရပ်နေသော ရွှယ်ကော မှာ သူ၏ သခင်မလေး (ဖန့်ချန်၏ အမေ) ပြောစကားကို ကြားသောအခါ သူ၏ တည်ငြိမ်သော မျက်နှာပေးမှာ ပျက်ယွင်းသွားတော့သည်။ ဒီအကြောင်း သခင်လေးကို ပြောပြရမလား မသိဘူး
ထိုစဉ် အစေခံတစ်ဦး အခန်းထဲသို့ အလျင်အမြန် ပြေးဝင်လာပြီး သတင်းပို့သည်။
"သခင်ကြီး အိမ်တော်မှာ ကိုယ်ပိုင်ဆရာ အဖြစ် အလုပ်လာလျှောက်တဲ့သူ တစ်ယောက် ရောက်နေပါတယ် သူက သခင်လေး ဖန်ချန့်ကိုယ်တိုင် ညွှန်းလိုက်တာလို့ ပြောပါတယ်"
ဘာ! ဖန်ချန် ညွှန်းလိုက်တာ ဟုတ်လား
ရွှယ်ကော အပါအဝင် လူတိုင်း အံ့အားသင့်သွားကြသည်။
မိဖုရားကြီး၏ မျက်နှာတွင် စိတ်ဝင်စားမှုများ ပေါ်လာပြီး
"သူ့ကို အထဲဝင်ခိုင်းလိုက်စမ်း ဖန့်ချန်ကိုယ်တိုင် ညွှန်းရလောက်အောင် သူက ဘယ်လို အရည်အချင်းရှိလဲ ကြည့်ရတာပေါ့"
ဟု ပြောလိုက်သည်။
အစေခံ ထွက်သွားပြီးနောက် ခဏအကြာတွင် လူတစ်ယောက် အခန်းထဲသို့ ဝင်လာသည်။ သူက ဖန်ချန်းဟိုင်ကို ကြည့်ကာ
"လေးစားအပ်ပါသော စစ်သူကြီးဖန့်ကို ဂါရဝပြုပါတယ်"
ဟု နှုတ်ဆက်လိုက်သည်။
ဖန်ကျစ်ရွှယ်မှလွဲ၍ လူတိုင်း၏ မျက်နှာပေးမှာ အလွန်ပင် ထူးဆန်းသွားတော့သည်။
"မင်းက မင်းက ထျဲမ ယမဟုတ်လား ယချင်းစုန်းအဆင့်မြင့်သိုင်းသင်တန်းကျောင်း က ချီထိန်းချုပ်ခြင်းအဆင့် သိုင်းသမား နှစ်ယောက်ထဲက တစ်ယောက်လေ"
ဟု ဖန်ချန်းဟိုင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
မိဖုရားကြီးက ထျဲမကို ဂရုတစိုက် ကြည့်နေပြီး ဖန့်ချန်းယူ မှာမူ အတွေးနက်နေသည်။
ဖန်ကျစ်ရွှယ်မှာ ဝေခွဲမရဖြစ်နေသော်လည်း အခြေအနေကို ချက်ချင်းနားလည်သွားကာ အော်ဟစ်လိုက်သည်။
“နေဦး ချင်းစုန်းသိုင်းသင်တန်းကျောင်းလား ဒါဆို သူက ချင်းစုန်းနိုင်ငံက လူပေါ့”
သူမသည် တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
ဖန်ချန်းဟိုင်က သူမကို ပြန်ဆွဲလိုက်ကာ တည်ကြည်သော မျက်နှာဖြင့်
“မင်း ဘာလုပ်မလဲဆိုတာ သေချာစဉ်းစားဦး မင်းရဲ့ ဒုတိယဦးလေး ခုနက ဘာပြောလိုက်လဲ”
“အဖေ... သူက ”
ဖန်ကျစ်ရွှယ်က ထျဲမကို စိုးရိမ်တကြီး လက်ညှိုးထိုးပြသည်။
"မင်းအစ်ကိုကိုယ်တိုင် ညွှန်းလိုက်ကတည်းက သူဟာ ငါတို့ ဖန့်မိသားစုဝင် ဖြစ်သွားပြီ ချင်းစုန်း ဆိုတဲ့ စကားလုံး ကြားရုံနဲ့ အစွဲမထားစမ်းနဲ့"
ဟု ဖန်ချန်းဟိုင်က ပြတ်သားစွာ ပြောလိုက်သည်။
ထို့နောက် သူက ထျဲမကို သတိကြီးစွာဖြင့် ကြည့်ကာ မေးလိုက်သည်။
"ဆရာထျဲမ ကျွန်တော် သိထားသလောက်ဆိုရင် ခင်ဗျားက ချင်းစုန်းအင်ပါယာရဲ့ နိုင်ငံသားတစ်ယောက် ဖြစ်ရမှာလေ။"
"စစ်သူကြီးဖန့် ဒါကို ခင်ဗျား သိချင်မှ သိပါလိမ့်မယ် ကျွန်တော်က မဟာရှအင်ပါယာရဲ့ ဇာတိနိုင်ငံသား တစ်ယောက်ပါ လွန်ခဲ့တဲ့ နှစ်တွေက နတ်စစ်သူကြီး ဖန်ရဲ့ အမိန့်အရ ချင်းစုန်းရဲ့ ဝံပုလွေစစ်တပ်ထဲကို စိမ့်ဝင်ပြီး သတင်းတွေ ပြန်ပို့ပေးဖို့ တာဝန်ပေးခံခဲ့ရတာပါ"
ဟု ထျဲမက ရှင်းပြသည်။
ဖန့်ချန်းဟိုင်နှင့် ဖန့်ချန်းယူတို့၏ မျက်နှာပေးမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး လေးနက်သော အမူအရာဖြင့် ကြည့်လိုက်ကြပြီးမှ ထျဲမဘက်သို့ ပြန်လှည့်ကာ
"ခင်ဗျားက ခင်ဗျားက ဖုံးကွယ်ထားသော နဂါး ဆိုတဲ့ တစ်ယောက်လား"
ဟု အတည်ပြုချက် တောင်းလိုက်ကြသည်။
"ဟုတ်ပါတယ်"
ထျဲမက ခေါင်းညိတ်ပြသည်။
'ဖုံးကွယ်ထားသော နဂါး' ဆိုသည်မှာ မဟာရှအင်ပါယာမှ ရန်သူ့တပ်ဖွဲ့များအတွင်းသို့ စိမ့်ဝင်ကာ သတင်းအချက်အလက်များ ပြန်ပို့ပေးရသော သူလျှိုများကို ခေါ်ဝေါ်သည့် အမည်ဖြစ်သည်။
ထိုသူများသည် ကြီးမားသော စွန့်လွှတ်မှုများကို ပြုလုပ်ကြရပြီး အလွန်အန္တရာယ်များသော အခြေအနေများကို ရင်ဆိုင်ကြရသည်။
ပုံမှန်အားဖြင့် 'ဖုံးကွယ်ထားသော နဂါး' ဆယ်ယောက်တွင် ကိုးယောက်မှာ ရက်စက်စွာ အသတ်ခံကြရသည်။
ထိုတာဝန်အတွက် ရွေးချယ်ခံရသူမှာ ထူးခြားသော ကိုယ်ကျင့်တရားနှင့် မဟာရှအင်ပါယာအပေါ် မယိုင်လဲသော သစ္စာရှိမှု ရှိရမည်ဖြစ်သည်။
အကယ်၍ ရန်သူက သူတို့ကို ရှာဖွေတွေ့ရှိသွားပါက ထိုနေရာမှာတင် မိမိကိုယ်ကိုယ် အဆုံးစီရင်ရမည်ဟု သတ်မှတ်ထားသည်။
အမှန်စင်စစ် ၎င်းမှာ သူတို့အတွက် အကောင်းဆုံး နည်းလမ်းလည်း ဖြစ်သည်၊ အကြောင်းမှာ မိမိကိုယ်ကိုယ် အဆုံးမစီရင်နိုင်သော 'ဖုံးကွယ်ထားသော နဂါး' များမှာ ရန်သူ၏ ရက်စက်သော နှိပ်စက်မှုများကို ခံစားရပြီးမှ တဖြည်းဖြည်းနှင့် နာကျင်စွာ သေဆုံးရလေ့ရှိသောကြောင့် ဖြစ်သည်။
ဖန့်ချန်းဟိုင်နှင့် ဖန့်ချန်းယူ နှစ်ဦးစလုံးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ညာဘက်လက်ကို ရင်ဘတ်ရှေ့တွင် မြှောက်လိုက်ကြသည်။
ညီအစ်ကို နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း ပြုလုပ်လိုက်သော ထိုအမူအရာမှာ မဟာရှစစ်တပ်၏ စံသတ်မှတ်ထားသော စစ်ရေးပြ အလေးပြုခြင်း ပင် ဖြစ်သည်။
ထျဲမကလည်း တိတ်ဆိတ်စွာ အလေးပြန်ပြုလိုက်သည်။ သူတို့ကြားတွင် စကားတစ်လုံးမှ ပြောစရာ မလိုတော့ပေ။ ထိုမျှဖြင့် လုံလောက်လှပြီ။
ဖန့်ကျစ်ရွှယ် အပါအဝင် အိမ်တော်ရှိ အမျိုးသမီးများမှာလည်း အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်သွားကြသည်။
“ဆရာထျဲမ ဒီနေ့ကစပြီး ခင်ဗျားဟာ ကျွန်တော်တို့ မိသားစု ကိုယ်ပိုင်ကျောင်းရဲ့ ဆရာအဖြစ် တာဝန်ယူရပါမယ် ဖန့်မိသားစုရဲ့ မျိုးဆက်သစ်တွေကို ခင်ဗျားလက်ထဲ အပ်နှံလိုက်ပါတယ်”
ဟု ဖန်ချန်းဟိုင်က ပြုံးလျက် ပြောလိုက်သည်။
အိမ်တော်တွင် ကလေးငယ် တစ်ရာကျော် ရှိသည်။ အချို့မှာ မိသားစုခွဲများမှ ဖြစ်ပြီး အချို့မှာ စစ်ပွဲအတွင်း ကျဆုံးသွားသော စစ်သည်တော်များ၏ မိဘမဲ့ကလေးများ ဖြစ်ကြသည်။
"အားနာစရာကြီးဗျာ ဒါ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ"
ဟု ထျဲမက ပြန်ဖြေသည်။
"မင်းရဲ့ အထောက်အထားကို ပြောင်းလဲဖို့ ချန်အာက မှာလိုက်သေးလား"
ဟု ဖန့်ချန်းဟိုင်က မေးသည်။
ထျဲမက ခေါင်းခါပြကာ
"သခင်လေးကတော့ ကျွန်တော့်နာမည်ရင်းကိုပဲ သုံးဖို့ ပြောပါတယ် တစ်စုံတစ်ယောက်က ရိပ်မိသွားရင်လည်း ထားလိုက်ပါတဲ့ "
"ဟားဟားဟား ကောင်းပြီ ဒါဆို အတည်ပဲ"
ဖန်ချန်းဟိုင်က အားရပါးရ ရယ်မောလိုက်ပြီးနောက် အစေခံတစ်ဦးကို ခေါ်ကာ ထျဲမကို အိမ်တော်တွင် အခြေချရန် စီစဉ်ပေးလိုက်သည်။
သူ ထွက်သွားပြီးနောက် ဖန့်ချန်းယူက တွေးတောရင်း ပြောလိုက်သည်။
"အရင်တုန်း ရွှီဂီကို ခေါ်လာတယ် အခု ထျဲမကို ထပ်ပေါင်းလိုက်ပြန်ပြီ တစ်ယောက်က ချီပေါက်ကွဲခြင်းအဆင့် ထိပ်ဆုံးမှာ ရှိနေပြီး နောက်တစ်ယောက်က ချီထိန်းချုပ်ခြင်းအဆင့် အစောပိုင်းမှာ ရှိနေတယ် ရွှီဂီ က ထျဲမနဲ့ ယှဉ်ရင် နည်းနည်းလိုချင်လိုဦးမယ် ဒါပေမဲ့ ကိစ္စမရှိပါဘူး "
"ဟင်း... အံ့သြစရာပဲ၊ ချန်အာက သူ့ရဲ့ အင်အားကို တကယ်ပဲ ကောင်းကောင်း ဖုံးကွယ်ထားတာပဲ သူ့ရဲ့ အခြေခံအင်အားက ငါတို့ ထင်ထားတာထက်တောင် ပိုပြီး နက်ရှိုင်းနေတာပဲ နောင်ဆိုရင် ငါတို့ ဖန့်မိသားစုမှာ ချီထိန်းချုပ်ခြင်းအဆင့် ပညာရှင်တစ်ယောက် ရှိနေပြီပေါ့”
"ဒုတိယသခင်ကြီး ကျွန်တော် ခင်ဗျားရဲ့ နောက်မှာ ရှိနေတယ်ဆိုတာ သိရဲ့လား"
ရွှယ်ကောက မကျေမနပ် ရေရွတ်လိုက်သည်။
“အေး သိတယ်လေ ဘာဖြစ်လဲ မင်းအကြောင်း ငါ မပြောရဘူးလား”
ဟု ဖန့်ချန်းယာက ပြန်ပက်လိုက်သည်။ မနက်ပိုင်းက ရွှယ်ကော သူ့စကားကို နားမထောင်ခဲ့သည်ကို သူက အငြိုးထားနေဆဲ ဖြစ်သည်။
ရွှယ်ကောက ပြုံးဖြဲဖြဲလုပ်ကာ
"ကောင်းပါပြီ ဒုတိယသခင်ကြီး စိတ်ကြိုက်ပြောပါ ကျွန်တော် စိတ်မဆိုးပါဘူး"
မဟာတောက်ပမှု ဗျူရို
"ဟားဟား ဒါ နတ်စစ်သူကြီး ဖန့် မဟုတ်လားတစ်နေ့ကျရင် ခင်ဗျားက ကျွန်တော်တို့ဆီကို အလည်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူးဗျာ"
အသက် ၃၀ ကျော်ခန့်ရှိပြီး အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ဖန့်ချန်ထံသို့ လျှောက်လာသည်။
သူနှင့်အတူ ယွမ်ကျန်းနှင့် ရာထူးတူသော အရာရှိများ၊ စာရေးကြီးများနှင့် ထောင်မှူးများ ပါဝင်သော အဖွဲ့တစ်ဖွဲ့ ပါလာသည်။
ထိုလူငယ်မှာ လီဟွာဖုန်း ဖြစ်ပြီး ဗျူရို၏ ဒုတိယအကြီးအကဲ ဖြစ်ကာ ဗျူရိုအကြီးအကဲပြီးလျှင် အာဏာအရှိဆုံးသူ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူသည် ဖန့်ချန်၏ အသိဟောင်းတစ်ယောက် ဖြစ်သလို ရန်သူဟောင်း တစ်ယောက်လည်း ဖြစ်သည်။
သူ၏ ဖခင်မှာ ဝန်ကြီးချုပ် လီကော်ကျူး ပင် ဖြစ်တော့သည်။
အပိုင်း (၂၀) - အဘိုးကြီးဟွမ်... ဒါ ငါပဲ
လီဟွာဖုန်း နှင့် ဖန့်ချန် တို့၏ ရန်ငြိုးမှာ အတော်လေး ရှင်းလင်းပါသည်။
သုံးလောကတောင် တိုက်ပွဲ မတိုင်မီကပင် ဖန့်ချန်၏ သိုင်းကျင့်စဉ်မှာ မှတ်တမ်းတင်လောက်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုစဉ်က သူသည် ချီထိန်းချုပ်ခြင်းအဆင့် တွင် ရှိနေခဲ့သည်။
နတ်စစ်သူကြီး ဖန့်ချန် လူသိမများခင်အချိန်က လီဟွာဖုန်းမှာ နာမည်ကြီးလူငယ်တစ်ဦး ဖြစ်ခဲ့သည်။
ထိုအချိန်က သူသည် မဟာရှ ပြည်သူများ၏ နှလုံးသားတွင် အဆင့်အတန်းအမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့သည်။
သူသည် အသက် ၂၄ နှစ်အရွယ်၌ပင် ချီထိန်းချုပ်ခြင်းအဆင့် ၏ အလယ်အလတ်အဆင့်သို့ ရောက်ရှိခဲ့ပြီး လူငယ်မျိုးဆက်တွင် နံပါတ်တစ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ လူကြီးပိုင်းများထဲတွင်ပင် သူ့ကို ယှဉ်နိုင်သူ ရှားပါးလှသည်။
ထိုစဉ်က လီဟွာဖုန်းသည် မဟာတောက်ပမှုဗျူရို ၏ ဒုတိယအကြီးအကဲ ဖြစ်နေပြီဖြစ်ကာ အရေးကြီးသော အမှုအခင်းများစွာကို ကိုယ်တိုင် ကိုင်တွယ်ခဲ့သည်။
တစ်နေ့တွင် တပ်မတော်တစ်ခုမှ စစ်ဗိုလ်ချုပ်တစ်ဦးသည် ချင်းစုန်း အင်ပါယာနှင့် ပူးပေါင်းနေသည်ဟူသော သတင်းကို သူရရှိခဲ့သည်။
ထို့ကြောင့် သူသည် စစ်စခန်းသို့ ကိုယ်တိုင်သွားရောက်ကာ သံသယရှိသူကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းရန် ဗျူရိုသို့ ခေါ်ဆောင်လာခဲ့သည်။
သို့သော် သံသယရှိသူမှာ အလွန်ခေါင်းမာပြီး နှိပ်စက်ညှဉ်းပန်းမှုများကို အဆုံးထိ အောင့်အည်းသည်းခံကာ သစ္စာဖောက်မှုအတွက် ဝန်ခံရန် အပြတ်အသတ် ငြင်းဆိုခဲ့သည်။
နောက်ဆုံးတွင် အရှက်ရမှုဒဏ်ကြောင့် ထိုစစ်ဗိုလ်ချုပ်သည် မိမိလျှာကို ကိုက်ဖြတ်ကာ အဆုံးစီရင်သွားခဲ့သည်။
နောက်ပိုင်းတွင် ထိုအဖမ်းခံရသော စစ်ဗိုလ်ချုပ်မှာ ဖန့်ချန်၏ ဆရာအဖြစ် ခေတ္တမျှ တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ဖန်ချန်းဟိုင် ၏ လက်အောက်မှ ကျွမ်းကျင်သော စစ်သည်တစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရသည်။
ဖန့်ချန်းဟိုင်သည် ထိုဖြစ်ရပ်ကို ကြားသိသောအခါ အလွန်အမင်း ဒေါသထွက်သွားသည်။ သူသည် ဧကရာဇ်ထံ ချက်ချင်းတင်ပြပြီး အသေးစိတ် စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအရ ထိုစစ်ဗိုလ်ချုပ်သည် တစ်စုံတစ်ယောက်နှင့် အဆင်မပြေဖြစ်ခဲ့ကြောင်း ပေါ်ပေါက်လာသည်။
ထိုသူသည် သက်သေအတုများကို ဖန်တီးကာ စစ်ဗိုလ်ချုပ်ကို အကွက်ဆင်ခဲ့ခြင်း ဖြစ်သည်။
စစ်ဗိုလ်ချုပ်၏ ဈာပနနေ့တွင် အသက် ၁၇ နှစ်မပြည့်သေးသော ဖန့်ချန်သည် ခေါင်းတလားကို ကိုယ်တိုင် ထမ်းခဲ့သည်။
လမ်းခရီးတွင် သူသည် ဝမ်းနည်းကြောင်း လာရောက်ပြောဆိုသည့် လီဟွာဖုန်းနှင့် တွေ့ဆုံခဲ့သည်။
သို့သော် လီဟွာဖုန်းသည် နောင်တရမည့်အစား စစ်ဗိုလ်ချုပ်၏ မဆင်မခြင် လုပ်ရပ်ကို လှောင်ပြောင်ရုံသာမက စစ်ဗိုလ်ချုပ်သည် မိမိကိုယ်ကို သတ်သေခြင်းဖြင့် ကိစ္စအသေးအဖွဲကို အကြီးအကျယ် ဖြစ်အောင်လုပ်ခဲ့သည်ဟု မကျေမနပ် ပြောဆိုခဲ့ရာ ဖန့်ချန်အား ချက်ချင်းပင် ဒေါသပေါက်ကွဲစေခဲ့သည်။
ထိုနေ့မှာပင် မဟာရှ ပြည်သူများသည် လီဟွာဖုန်းထက် အများကြီး ငယ်ရွယ်သော လူငယ်တစ်ဦးသည် ချီထိန်းချုပ်ခြင်းအဆင့် ၏ အဆင့်မြင့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။
ချီထိန်းချုပ်ခြင်းအဆင့် အလယ်အလတ်မှာသာ ရှိသော လီဟွာဖုန်းသည် ဖန့်ချန်၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။
ဖန့်ချန်သည် သူ၏ ခြေလက်များကို ရိုက်ချိုးပစ်ခဲ့သည့်အပြင် သူ၏ ချီပင်လယ် တစ်စိတ်တစ်ပိုင်းကိုပါ ဖျက်ဆီးပစ်ခဲ့သည်။
ထိုနေ့မှစ၍ လီဟွာဖုန်း၏ ကျင့်စဉ်မှာ ချီပေါက်ကွဲခြင်းအဆင့် အထွဋ်အထိပ်သို့ လျော့ကျသွားပြီး နောက်တစ်ခါ ပြန်လည် တိုးတက်လာခြင်း မရှိတော့ပေ။
နန်းရင်းဝန်လီနှင့် သူ၏လူများ အချိန်မီ ရောက်မလာခဲ့လျှင် သူ အသက်ပင် ဆုံးရှုံးသွားနိုင်သည်။
ထိုအချိန်မှစ၍ သူတို့နှစ်ဦးမှာ သူသေ ကိုယ်သေရန်ဘက်များ ဖြစ်လာခဲ့ကြသည်။
လီဟွာဖုန်းသည် ဖန်ချန်ကို ဒုက္ခပေးရန် နည်းမျိုးစုံ ရှာဖွေလေ့ရှိသော်လည်း ဖန့်ချန်ကလည်း ထပ်တူပြန်လည် တုံ့ပြန်ခဲ့သည်။
သို့သော် အမြဲတမ်း နောက်ဆုံးတွင် လီဟွာဖုန်းသာလျှင် အရှုံးနှင့် ရင်ဆိုင်ရစမြဲ ဖြစ်သည်။
"နှစ်တွေ ဒီလောက်ကြာသွားတာတောင် မင်းက ဒုတိယအကြီးအကဲ ရာထူးမှာပဲ ရှိနေသေးမယ်လို့ ဘယ်သူထင်မှာလဲ"
ဟု ဖန့်ချန်က လှောင်ပြောင်လိုက်သည်။
ဖန့်ချန်၏ စကားကြောင့် လီဟွာဖုန်း၏ မျက်နှာမှာ ဒေါသနှင့် အရှက်ရမှုတို့ ရောယှက်ကာ အရောင်အမျိုးမျိုး ပြောင်းသွားသည်။
သာမန်လူများအတွက် သူ၏ရာထူးမှာ အားကျစရာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း လက်တွေ့တွင်မူ သူ ဖြစ်ချင်ခဲ့သော ပန်းတိုင်နှင့် အဝေးကြီး ဝေးကွာနေပါသည်။
အတိတ်က သူသည် ချင်းစုန်းအင်ပါယာမှ သိုင်းသမားများနှင့် အားရပါးရ တိုက်ခိုက်ရန် အမြဲအိပ်မက်မက်ခဲ့သော်လည်း ဖန့်ချန် ရောက်လာပြီး သူ၏ မျှော်လင့်ချက်နှင့် အိပ်မက်များကို ရိုက်ချိုးကာ အမှိုက်ပုံးထဲသို့ ပစ်ထည့်ခဲ့သည်။
သူသည် မအောင့်နိုင်တော့ဘဲ နှာခေါင်းရှုံ့ကာ ဟောက်လိုက်သည်။
“မင်းကတော့ ခေါင်းမာတုန်းပဲ မင်းရဲ့ လက်သီးတွေက မင်းရဲ့ ပါးစပ်လိုသာ သန်မာခဲ့ရင် သုံးကလောက တောင်မှာ ဒီလောက်အထိ အရှက်တကွဲ ရှုံးမှာ မဟုတ်ဘူး”
ဖန့်ချန်နှင့် စကားဆက်ပြောရန် ဆန္ဒမရှိတော့ဘဲ လီဟွာဖုန်းသည် အနားရှိ ထောင်စောင့်ကို ဖန့်ချန်အား တရားစွဲဆိုမှုကို စောင့်ဆိုင်းရန် ထောင်ခန်းအတွင်းသို့ ခေါ်သွားရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
မဟာတောက်ပမှုဗျူရို အကျဉ်းထောင်
အသစ်ရောက်လာသူကို မြင်သောအခါ အကျဉ်းသားများမှာ စိတ်လှုပ်ရှားစွာဖြင့် ဆူညံပွက်လောရိုက်သွားပြီး လှောင်ပြောင်သရော်သံများခြိမ်းခြောက်သံများဖြင့် ပြည့်နှက်သွားသည်။
"ဒီဗျူရိုက ထောင်က တော်တော်လေး ကျယ်တာပဲလူစုံတက်စုံ ရှိတာပဲ"
ဟု ဖန့်ချန်က ပေါ့ပေါ့ပါးပါး မှတ်ချက်ချလိုက်သည်။
ထောင်ထဲတွင် အကျဉ်းသား အနည်းဆုံး တစ်ရာခန့် ရှိပြီး ဗျူရို၏ လုပ်ထုံးလုပ်နည်းများအရ အကျဉ်းသား အများစုမှာ ယခင်က အရာရှိဟောင်းများ ဖြစ်ကြဟန်တူသည်။
"ရောက်ပြီ"
ဟု ထောင်စောင့်က ပြောကာ ထောင်ခန်းတံခါးတစ်ခုကို တွန်းဖွင့်လိုက်ရာ အတွင်း၌ အကျဉ်းသား ခြောက်ဦး သို့မဟုတ် ခုနစ်ဦးခန့်ကို တွေ့ရသည်။
သူတို့မှာ အသက်အရွယ် အစားစား ရှိသော်လည်း အားလုံးမှာ ပင်ပန်းနွမ်းနယ်ကာ အားနည်းနေသည့် ပုံစံတူညီကြသည်။
သူတို့သည် ဖန်ချန်ကို မမှတ်မိကြသဖြင့် တစ်ချက်သာ လှမ်းကြည့်ပြီး ဘာမှ မပြောကြပေ။
"ဟေး... ထောင်စောင့် ငါ လူတစ်ယောက်ကို ပစ္စည်းအချို့ ပို့ပေးဖို့ မှာထားတယ် အဲဒါလေးတွေ ငါ့ဆီ ရောက်အောင် ကူညီပေးလို့ ရမလား"
ဟု ဖန်ချန်က တောင်းဆိုလိုက်သည်။
ထောင်စောင့်မှာ အနည်းငယ် အံ့အားသင့်သွားသည်။
"ဘာတွေ ယူလာခိုင်းထားလို့လဲ"
"ဘာမှ အထွေအထူး မဟုတ်ပါဘူး၊ ဝံပုလွေမွေး စုတ်တံတစ်ချောင်း၊ မင် အနည်းငယ်နဲ့ စက္ကူတစ်ထပ်ပဲ"
ဟု ဖန်ချန်က ရိုးသားသော အပြုံးဖြင့် ဖြေလိုက်သည်။
ထောင်စောင့်၏ မျက်နှာမှာ ထူးဆန်းသွားသည်။ နတ်စစ်သူကြီး ဖန့်က အဆောင်တွေ ဆွဲမလို့လား
သူ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းခါလိုက်ကာ အေးစက်စွာ ပြောလိုက်သည်။
"ထောင်မှာ သူ့စည်းကမ်းနဲ့သူ ရှိတယ် ဒုတိယအကြီးအကဲက ခွင့်ပြုမှပဲ ငါ အဲဒါကို လုပ်ပေးနိုင်မယ်"
"မင်းက လီဟွာဖုန်းရဲ့ လူလား"
ဖန်ချန်က မေးလိုက်သည်။
ထောင်စောင့်က ခေါင်းအနည်းငယ် ညိတ်ပြသည်။
"ဒုတိယအကြီးအကဲက ကျွန်တော့်အပေါ် ကျေးဇူးအများကြီး ရှိခဲ့ပါတယ်"
ထို့နောက် သူသည် လှည့်ထွက်သွားပြီး ထောင်ခန်းကို သော့ခတ်လိုက်သည်။
ချက်ချင်းပင် အကျဉ်းသားများမှာ ဆူညံလာတော့သည်။ သူတို့ထဲမှ တစ်ယောက်က မအောင့်နိုင်ဘဲ ရယ်မောကာ လှောင်ပြောင်လေတော့သည်။
“ဟားဟား မင်းကတော့ နောက်နေတာပဲ ကောင်လေး ဒီမှာ အဆောင်ဆွဲဖို့ စဉ်းစားနေတာလား ငါ ဒီမှာ နေလာတာ နှစ်တွေ အတော်ကြာပြီ ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ တောင်းဆိုမှုမျိုး ကြားဖူးတာ ဒါ ပထမဆုံးပဲ ဟားဟားဟား”
"ကောင်လေး၊ မင်းက တော်တော်လေး ငယ်သေးတယ်နော်။ ဘာလုပ်လို့ ဒီရောက်လာတာလဲ ဒီဗျူရိုကို ရောက်လာတဲ့သူတွေက သာမန်လူတွေ မဟုတ်ဘူး မင်းကို အပြင်ထုတ်ပေးနိုင်လောက်တဲ့ သြဇာရှိတဲ့သူ အိမ်မှာ ရှိသလား"
အချို့သော အကျဉ်းသားများက ဖန်ချန်၏ နောက်ကြောင်းကို စုံစမ်းရန် ကြိုးစားနေကြသည်။
အခြားအကျဉ်းသားတစ်ဦးကလည်း
"ထောင်မှာ သူ့စည်းကမ်း ရှိတယ် မင်းက အသစ်ဖြစ်တဲ့အတွက် အခန်းထဲက အညစ်အကြေးပုံး ကို သန့်ရှင်းရေးလုပ်ရမယ်"
ဟု ပြောလိုက်သည်။
"အညစ်အကြေးပုံးကို သန့်ရှင်းရေး လုပ်ရမယ် ဟုတ်လား"
ဖန့်ချန်၏ မျက်လုံးများက ထောင်ခန်း၏ ထောင့်တွင် တစ်ကိုယ်တည်း ရှိနေသော ပုံးဆီသို့ ရောက်သွားသည်။
"မင်းတို့တွေ ဘာတွေ ဝိုင်းအော်နေကြတာလဲ ငါ ဒီမှာ အိပ်နေတာလေ"
ရုတ်တရက် ထောင်ခန်းတစ်ခုလုံး ဟိန်းထွက်သွားသော နက်ရှိုင်းသည့် အသံကြီးတစ်ခု ထွက်ပေါ်လာသည်။
ဆူညံသံများ ချက်ချင်း ငြိမ်ကျသွားပြီး လူတိုင်းသည် ထိုအသံရှင်ဘက်သို့ အာရုံစိုက်လိုက်ကြသည်။
"လူသစ် ရောက်လာတာလား"
ထိုအသံက ဆက်ပြောသည်။
"လူသစ် မင်းကိုယ်မင်း မိတ်ဆက်လိုက်ဦး"
"ဘာကို စောင့်နေတာလဲ မြန်မြန် မိတ်ဆက်လိုက်လေ အဲဒါ ဘယ်သူလဲဆိုတာ မင်းသိလား အဲဒါ နတ်စစ်သူကြီး ဖန့် ရဲ့ လက်အောက်က နဂါးစစ်သူကြီး လေးဦး ထဲက တစ်ယောက်ပဲ"
ဖန့်ချန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ တစ်စုံတစ်ယောက်က လှမ်းပြောလိုက်သည်။
"အဲဒီတုန်းက နဂါးစစ်သူကြီး လေးဦးဆိုတာ တကယ်ကို သြဇာရှိခဲ့တာ ကံမကောင်းစွာနဲ့ပဲ သူတို့ထဲက သုံးယောက်က နောက်ဆုံးတိုက်ပွဲမှာ သေဆုံးသွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ နောက်ဆုံးတစ်ယောက်က ဒီမှာ အပိတ်ခံထားရတာ ငါးနှစ်တောင် ရှိပြီ အခုထိ သူ စီရင်ချက် မရသေးဘူး"
ဟု အခြားတစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။
ဖန့်ချန်က အေးဆေးစွာ ပြောလိုက်သည်။
"အဘိုးကြီးဟွမ် ဒါ ငါပဲ"
အဘိုးကြီးဟွမ် လူအုပ်ကြီးမှာ ဖန်ချန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။
ဒီကောင်လေးက အသက်မရှင်ချင်တော့ဘူးလား ဒီလူကို အဲဒီလို ခေါ်ရဲတယ်ပေါ့ ထောင်စောင့်တောင်မှ သူ့ကို
"စစ်သူကြီးဟွမ်" လို့ ရိုရိုသေသေ ခေါ်ရတာလေ
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် မိုးကြိုးပစ်လိုက်သကဲ့သို့ ပြင်းထန်သော အသံကြီး ထောင်အတွင်း ဟိန်းထွက်လာသည်။
" သခင်ကြီး ခင်ဗျား ဘာလို့ ဒီကို ရောက်နေတာလဲ ဒီခွေးကောင်တွေ သေထိုက်တဲ့ကောင်တွေ"
ဝုန်း…
ထောင်ခန်းတစ်ခုလုံး တုန်ခါသွားသကဲ့သို့ ခံစားရပြီး ထိုဟိန်းဟောက်သံကြောင့် လူတိုင်း နားကို ပိတ်ကာ နာကျင်စွာ မျက်နှာပျက်သွားကြသည်။
နောက်တစ်စက္ကူ၌ အကျဉ်းသားများ အံ့အားသင့်သွားရသည်မှာ ဖန့်ချန်၏ ရှေ့တွင် တောင်ကုန်းငယ်တစ်ခုကဲ့သို့ ကြီးမားထွားကျိုင်းသော လူသန်ကြီးတစ်ဦး ပေါ်လာခြင်းပင် ဖြစ်သည်။
ထိုလူမှာ သာမန်လူတစ်ယောက်ထက် ကိုယ်တစ်ပိုင်းစာခန့် ပိုမြင့်ပြီး သူ၏ လက်မောင်းများမှာ အရွယ်ရောက်ပြီးသူ တစ်ယောက်၏ ခါးလုံးပတ်ခန့် တုတ်ခိုင်လှသည်။
အကျဉ်းသားဝတ်စုံကို ဝတ်ထားသော်လည်း သူ၏ သြဇာညောင်းသော အငွေ့အသက်မှာ မည်သူမျှ မထီမဲ့မြင် မပြုရဲစရာပင်။
သူ၏ ပြူးကျယ်သော မျက်လုံးများက ဖန့်ချန်ကို စိုက်ကြည့်နေသည်။
"သခင်ကြီး သူတို့က ခင်ဗျားကို ဒီထဲ ထည့်ရဲတယ်ပေါ့ သူတို့ ကျွန်တော့်ကို လိမ်ခဲ့တာပဲ ကျွန်တော် သူတို့အားလုံးကို သတ်ပြီး ခင်ဗျားကို အခုချက်ချင်း ခေါ်ထုတ်သွားမယ်"
သခင်ကြီး
ဖ့ချန်ကို စောစောက လှောင်ပြောင်ခဲ့သော အကျဉ်းသားများမှာ လုံးဝ ဆွံ့အသွားကြသည်။
ထိုလူကြီး၏ ပါးစပ်မှ "သခင်ကြီး" ဟူသော စကားလုံး ထွက်လာခြင်း၏ အဓိပ္ပာယ်ကို သူတို့ ကောင်းကောင်း သိကြသည်။
"ဒီလူငယ်က သူက... သူက နတ်စစ်သူကြီး ဖန့်လား"
"အပြင်မှာ ဘာတွေ ဖြစ်နေတာလဲ နတ်စစ်သူကြီး ဖန့်က ဘယ်လိုဖြစ်ပြီး အဖမ်းခံရတာလဲ"
အခြား အကျဉ်းသားများ၏ မျက်နှာတွင် ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်နေတော့သည်။
မကြာမီ ထောင်စောင့်များမှာ အပြေးအလွှား ရောက်ရှိလာပြီး ထိုလူသန်ကြီးကို အလွန်အမင်း ထိတ်လန့်စွာ စိုက်ကြည့်နေကြသည်။ သူတို့သည် အနားသို့ မကပ်ရဲဘဲ အဝေးမှသာ အော်ဟစ်လိုက်ကြသည်။
"စစ်သူကြီးဟွမ် အခုချက်ချင်း မင်းရဲ့ ထောင်ခန်းထဲကို ပြန်ဝင်စမ်း"
END.