← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

​အခန်း (၇) - နတ်သမီးရှောင်း၏ စမ်းသပ်မှု

​

“ချန်အာ... မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ”

ဧကရာဇ်အမိန့်တော်ကို ဖတ်ရှုပြီးနောက် ဖန့်ချန်းဟိုင် က သက်ပြင်းသာသာ ချလိုက်သည်။

​“အဖေ ကျွန်တော်ကတော့ အခြေအနေကြည့်ပြီး တစ်လှမ်းချင်းစီပဲ သွားဖို့ စဉ်းစားထားပါတယ်”

ဖန့်ချန် ၏ မျက်နှာတွင် ဂရုမစိုက်သည့် အပြုံးတစ်ခု ပေါ်လာသည်။ သူသည် လက်ရှိအခြေအနေကို စိတ်အနှောင့်အယှက် ဖြစ်ပုံမရပေ။

​အဲဒါက ဘာကို ဆိုလိုတာလဲ

​အားလုံးက အားမလိုအားမရ ဖြစ်နေကြသည်။ သူတို့၏ စိုးရိမ်မှုမှာ အကြောင်းမဲ့မဟုတ်ပေ။

မည်မျှပင် တော်သော စစ်ဗျူဟာများ ရှိစေကာမူ ဖန့်ချန်၏ ပျက်စီးသွားသော ကျင့်ကြံခြင်းကို အစားထိုးနိုင်မည် မဟုတ်ပေ။

​ဝှီးချဲပေါ်မှ အမျိုးသားသည် ရွှီဂီ ကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

"မင်းက တိမ်လေဓားသမား ရွှီဂီ လား "

​“ဒုတိယသခင်ကြီး ကျွန်တော့်ကို ရွှီဂီလို့ပဲ ခေါ်ပါဘွဲ့နာမည်တွေ ပြောနေဖို့ မလိုပါဘူး”

ရွှီဂီက ပြုံးစစဖြင့် ပြန်ဖြေလိုက်သည်။

​ဖန့်ချန်းဟိုင်နှင့် ကျန်လူများမှာ အံ့သြသွားကြသည်။ အထူးသဖြင့် ဖန့်ကျိရွှီ ပင် သူမက အနားသို့ တိုးသွားပြီး ရွှီဂီကို သေချာ စစ်ဆေးကြည့်လိုက်သည်။

​သူမက အံ့အားသင့်စွာဖြင့်

“မင်းက တကယ်ပဲ တိမ်လေဓားသမားလား ငါ့အစ်ကိုနဲ့ ဘယ်လိုလုပ် သိတာလဲ”

ဟု အော်ဟစ်မေးမြန်းလိုက်သည်။

​တိမ်လေဓားသမား၏ နောက်ခံသမိုင်းကြောင်းမှာ အမြဲတမ်း လျှို့ဝှက်ဆန်းပြားခဲ့သည်။ သူသည် လွန်ခဲ့သော ငါးနှစ်က မြို့တော်တွင် ပေါ်လာခဲ့ပြီး ထူးခြားသော ဓားသိုင်းပညာကို ပြသခဲ့သူဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းမှာ ငါးနှစ်အတွင်းမှာတင် ချီပေါက်ကွဲခြင်းနယ်ပယ် အစောပိုင်းမှ အထွတ်အထိပ်သို့ လျင်မြန်စွာ တိုးတက်လာခဲ့သည်။

​ရှအင်ပါယာတွင် ဤအဆင့်ရှိသော သိုင်းပညာရှင်ကို ရှာတွေ့ရန်မှာ အလွန်ပင် ရှားပါးလှသည်။

​ချီထိန်းချုပ်ခြင်းနယ်ပယ် နှင့် ချီပေါက်ကွဲခြင်းနယ်ပယ်မှ ပါရမီရှင် သိုင်းပညာရှင်များသည် သုံးလောကတောင်တန်း တိုက်ပွဲတွင် တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ကြသည်။

ထိုပညာရှင်များ ဆုံးရှုံးသွားခြင်းက ရှအင်ပါယာ၏ အခြေခံအုတ်မြစ်ကိုပင် တုန်လှုပ်စေခဲ့သည်။

​လက်ရှိတွင် ရှတွင် ချီပေါက်ကွဲခြင်းနယ်ပယ် ပညာရှင် တစ်ရာအောက်သာ ရှိတော့သည်။ ၎င်းတို့အနက်မှ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသူမှာ ဆယ်ဂဏန်းကျော်မျှသာ ရှိသည်။

​ချင်စုန်းအင်ပါယာတွင်မူ ချီပေါက်ကွဲခြင်းနယ်ပယ် သိုင်းပညာရှင် အရေအတွက်မှာ အနည်းဆုံး အဆနှစ်ဆယ် သို့မဟုတ် အဆသုံးဆယ်ခန့် ပိုများသည်။ အင်ပါယာနှစ်ခုကြားရှိ ကွာဟချက်မှာ အလွန်ပင် သိသာထင်ရှားလှသည်။

​“ကျွန်တော်က စစ်သူကြီးကို လေးစားတာ ကြာပါပြီ ဒါကြောင့် အခုလိုပဲ အရှက်မရှိ သူ့ဘေးမှာ ကိုယ်ရံတော်အဖြစ် နေဖို့ ဆုံးဖြတ်လိုက်တာပါ”

ဟု ရွှီဂီက လက်သီးဆုပ်ကာ ပြန်ဖြေသည်။

​ဖန့်ချန်းဟိုင်၏ အကြည့်များ တုန်လှုပ်သွားသည်။ သူ နားလည်သွားပုံရသည်။ သူ၏ တင်းမာနေသော အမူအရာမှာ အနည်းငယ် ပြေလျော့သွားပြီး

"နောင်ကျရင် ချန်အာ ချင်စုန်းကို သွားတဲ့အခါ မင်းကိုပဲ အားကိုးရတော့မှာပဲ" ဟု ဆိုသည်။

​ထိုစကားကို ကြားသောအခါ အားလုံး၏ အမူအရာများ ပြောင်းလဲသွားသည်။

​အကယ်၍ ချီပေါက်ကွဲခြင်းနယ်ပယ် အထွတ်အထိပ် ပညာရှင်တစ်ဦးက ကာကွယ်ပေးထားမည်ဆိုပါက ဖန့်ချန်သည် ချင်စုန်းတွင် အရှက်ခွဲ လှောင်ပြောင်ခံရခြင်းများကို ခံစားရတော့မည် မဟုတ်ပေ။

​ဖန့်ကျိရွှီကလည်း

“အစ်ကိုရွှီ... နောင်ကျရင် အစ်ကိုကြီးအတွက် ပင်ပန်းရတော့မှာပဲ” ဟု အမြန် ထပ်ပြောလိုက်သည်။

​“ဒါက ဘာမှ မပင်ပန်းပါဘူး ကိစ္စမရှိပါဘူး”

ဟု ရွှီဂီက အလျင်အမြန် ပြန်ပြောသည်။

​“ချန်အာ မင်းနဲ့အတူ နန်းတော်ကို ငါ လိုက်ခဲ့ပေးရမလား”

ဟု ဦးလေးဖြစ်သူက ဖြည်းဖြည်းချင်း မေးသည်။

​“စစ်သူကြီး ရှောင်းလန်ရဲ့ သမီးက ငါတို့ ဖန့်မိသားစုကို အရှက်ခွဲဖို့ ဒီအထိ လာခဲ့တာ အကယ်၍ ဒုတိယဦးလေးသာ လိုက်ခဲ့ရင် သူတို့ရဲ့ အကွက်ထဲကို ဝင်သွားသလို ဖြစ်မှာပေါ့”

ဖန့်ချန်က ရယ်မောလိုက်သည်

“ကျွန်တော် တစ်ယောက်တည်းတင် လုံလောက်ပါတယ်”

​သူသည် ရွှီဂီကို တစ်ချက်ကြည့်လိုက်ပြီး ဧကရာဇ်အမိန့်တော်ကို ကိုင်ကာ တံခါးဆီသို့ ဦးတည်ထွက်ခွာသွားသည်။

​ရွှီဂီသည် ဖန့်ချန် မှာကြားထားသည်များကို ပြန်လည် စဉ်းစားနေမိသည်။

​အကယ်၍ ဖန့်ချန်သာ နန်းတော်မှ ပြန်မထွက်နိုင်တော့ပါက ရွှီဂီအနေဖြင့် ဖန့်မိသားစုဝင် အားလုံးကို မြို့တော်မှ ခေါ်ထုတ်သွားရမည်ဖြစ်သည်။

သို့သော် ထိုသို့ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးပြီး ၎င်းမှာ ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ကာကွယ်မှု တစ်ခုသာ ဖြစ်သည်။

​

​နန်းတော်ရှိ ‘အထွတ်အထိပ်သဟဇာတခန်းမ’ ရှေ့တွင် ဝံပုလွေစစ်တပ်မှ အဖွဲ့ဝင် ရာနှင့်ချီ၍ တန်းစီရပ်နေကြသည်။

သူတို့သည် ပတ်ဝန်းကျင်ရှိ အစောင့်များကို မထိမဲ့မြင်ပြုသော အကြည့်များဖြင့် ရံဖန်ရံခါ ကြည့်နေကြသည်။

​ထိုအစောင့်များမှာ မည်မျှပင် ဒေါသထွက်စေကာမူ စကားတစ်လုံးမျှ မဟရဲကြပေ။

​အတိတ်ကာလကဆိုလျှင် ဝံပုလွေစစ်တပ်ကို မြို့တော်ထဲသို့ ခြေတစ်လှမ်းပင် ပေးနင်းမည် မဟုတ်ပေ။

ယခု သူတို့ နန်းတော်ထဲတွင် မောက်မောက်မာမာ လျှောက်သွားနေနိုင်ခြင်းမှာ ရှအင်ပါယာ ဆုတ်ယုတ်သွားပြီး အတိတ်က ရှ မဟုတ်တော့ကြောင်း ထင်ရှားသော လက္ခဏာပင် ဖြစ်သည်။

​“မြန်မြန် အရှင်မင်းကြီးဆီ ငါ့ကို ခေါ်သွားကြစမ်း”

မိန်းမစိုးယူ၏ အသံမှာ လေထဲတွင် ဟိန်းထွက်သွားသည်။ သူ၏ မျက်နှာမှာ သွေးများဖြင့် ဖုံးလွှမ်းနေသည်။

​သူ့ကို မိန်းမစိုးအချို့၏ အကူအညီဖြင့် အထွတ်အထိပ်သဟဇာတခန်းမသို့ အမြန် ပို့ဆောင်လိုက်ကြသည်။

​ဘေးတွင် ရပ်နေသော အစောင့်များမှာ သူ၏ ပုံစံကို မြင်ပြီး ထိတ်လန့်သွားကြသည်။ မိန်းမစိုးယူသည် ဖန့်မိသားစုထံသို့ အမိန့်တော် သွားပို့သည် မဟုတ်ပါလား ဘယ်လိုဖြစ်လို့ ဒီလိုပုံစံ ဖြစ်လာရတာလဲ

​“အဖေ ဘာဖြစ်တာလဲ”

အနောက်ကျားတပ်ရင်းမှ ဒုတိယစစ်သူကြီး ယူလုံချန်း ရုတ်တရက် ပေါ်လာပြီး အံ့သြစွာ မေးလိုက်သည်။

​“အဲဒီကောင်စုတ် ဖန့်ချန်က လွန်လွန်းတယ်”

မိန်းမစိုးယူသည် ထိုစကားကိုသာ ပြောပြီး အထွတ်အထိပ်သဟဇာတခန်းမထဲသို့ ပြေးဝင်သွားတော့သည်။

​ဖန့်ချန်

​ယူလုံချန်း အံ့သြသွားသည်။ လွန်ခဲ့သော ငါးနှစ်အတွင်း ဖန့်ချန်သည် အလွန်ပင် ငြိမ်သက်စွာ နေထိုင်ခဲ့သည်။

အခု သူက အမိန့်တော် သွားပို့သည့် မိန်းမစိုးယူကို တိုက်ခိုက်လိုက်သည် ဟုလား

​ဧကရာဇ်၏ အာဏာပင် စစ်သူကြီး ဖန့်ချန်ကို မလွှမ်းမိုးနိုင်ခဲ့သည့် အတိတ်က ပုံရိပ်များ သူ၏ စိတ်ထဲတွင် ပြန်လည် မြင်ယောင်လာသည်။

​သူက ဒုက္ခိတ တစ်ယောက်ပဲ ဒီလို အခြေအနေနဲ့တောင် သူက ရမ်းချင်တိုင်း ရမ်းရဲသေးတယ်ပေါ့.. ဟွန်း သူ့ရဲ့ အတိတ်က ဂုဏ်ကျက်သရေတွေကို သူ မေ့နိုင်သေးပုံမရဘူး ဟု ယူလုံချန်းက စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။

​ဖန့်ချန်၏ အမည်ကို ကြားလိုက်ရသောအခါ ဝံပုလွေစစ်တပ်မှ စစ်သည်များမှာ အံ့သြစွာဖြင့် ခေါင်းမော့ကြည့်လာကြသည်။

​သူတို့သည် တိတ်ဆိတ်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

​သူတို့၏ မျက်လုံးထဲမှ မထေမဲ့မြင်ပြုမှုများ ကွယ်ပျောက်သွားသည်။ ဘာပဲဖြစ်ဖြစ် ရှ၏ မဟာစစ်သူကြီးဟူသော ဘွဲ့မှာ သူတို့၏ နှလုံးသားထဲတွင် နေရာတစ်ခု ရှိနေဆဲဖြစ်သည်။

အကြောင်းမှာ ဝံပုလွေစစ်တပ်ဝင်များသည် ဖန့်ချန်၏ စစ်တပ်နှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးသောကြောင့်ပင်။ ထိပ်တိုက်တွေ့သည့် အကြိမ်တိုင်းတွင် မည်သူမျှ အသာမရခဲ့ကြပေ။

ဝံပုလွေစစ်တပ်မှ စစ်သည်ပေါင်းများစွာ ဖန့်ချန်၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြပြီး အခု ကျန်ရှိနေသူများသည် ထိုတိုက်ပွဲများမှ အသက်ရှင်ကျန်ရစ်သူများ ဖြစ်ကြသည်။

​အထွတ်အထိပ်သဟဇာတခန်းမ အတွင်း၌

​အင်ပါယာ၏ အရာရှိကြီးများအားလုံးနီးပါး ရောက်ရှိနေကြသည်။

​ရှဧကရာဇ်သည် တောက်ပသော နဂါးဝတ်ရုံကို ဝတ်ဆင်ကာ နဂါးပလ္လင်ပေါ်တွင် ထိုင်လျက် နတ်သမီးရှောင်းနှင့် စကားပြောနေသည်။

သူတို့သည် လက်ထပ်ပွဲအကြောင်း ဆွေးနွေးနေကြပြီး နတ်သမီးရှောင်းက လာမည့်ငါးနှစ်အတွင်း ချင်စုန်းအင်ပါယာသည် ရှအင်ပါယာကို အလုံးစုံစစ်ပွဲ ဆင်နွှဲမည်မဟုတ်ကြောင်း ကတိပေးနေသည်။

​သူတို့ စကားမဆုံးခင်မှာပင် မိန်းမစိုးယူ ခန်းမထဲသို့ အလောတကြီး ဝင်လာသည်။ သူက ဒူးထောက်လိုက်ပြီး အော်ဟစ်လိုက်သည်

“အရှင်မင်းကြီး ကျွန်တော်မျိုး အမိန့်တော် ပို့တာ မအောင်မြင်ခဲ့ပါဘူး ပြီးတော့ စစ်သူကြီးဖန့်ရဲ့ ရိုက်နှက်တာကိုလည်း ခံခဲ့ရပါတယ် အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့ အမှားအတွက် အပြစ်ပေးတော်မူပါ”

​“ဘာ”

​“ဖန့်ချန်က သူ့ကို ရိုက်လိုက်တယ် ဟုတ်လား”

​အရာရှိများအားလုံး မိန်းမစိုးယူကို သံသယအပြည့်ဖြင့် ဝိုင်းကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ရှိနေသည်။

ဖန့်ချန် လူတစ်ယောက်ကို မရိုက်တာ ငါးနှစ်တောင် ရှိပြီ မဟုတ်လား

​အရာရှိအချို့မှာ သူတို့၏ ပါးပြင်များကို မသိမသာ စမ်းကြည့်လိုက်ကြသည်။

​နတ်သမီးရှောင်းက မျက်မှောင်အနည်းငယ်ကြုတ်ကာ ဧကရာဇ်ကို ကြည့်လိုက်သည်။

​ဧကရာဇ်သည်လည်း ထိုသတင်းကြောင့် အနည်းငယ် အံ့သြသွားသည်။ သူ၏ အမူအရာ တင်းမာသွားပြီး မေးလိုက်သည်၊

“မင်း တကယ်ပဲ အရိုက်ခံရတာလား အမိန့်တော်ကော သူ လက်ခံလိုက်ရဲ့လား ”

​“အရှင်မင်းကြီး သူ လက်ခံလိုက်ပါတယ် ဒါပေမဲ့”

မိန်းမစိုးယူက အခြေအနေကို ပိုဆိုးအောင် ထပ်ပြောချင်သော်လည်း ကြားဖြတ် ပြောဆိုခြင်း ခံလိုက်ရသည်။

​“သူ လက်ခံတယ်ဆိုရင် ရပါပြီ မင်းပဲ သူ့ကို တစ်ခုခု သွားစပြီး ဒေါသထွက်အောင် လုပ်လိုက်တာ ဖြစ်မှာပါ ဒီခန်းမထဲမှာ မင်းတစ်ယောက်တည်းပဲ သူ ပါးရိုက်တာ ခံရတာ မဟုတ်ပါဘူး အဲဒါကို အရမ်း အကြီးအကျယ် လုပ်မနေပါနဲ့တော့”

​မိန်းမစိုးယူသည် ဧကရာဇ်ကို တွေဝေစွာ ကြည့်နေမိသည်။

​အရာရှိအချို့မှာ ခပ်ဖွဖွ လှောင်ပြောင်လိုက်ကြသည်။

စစ်မီးကို ငြှိမ်းသတ်ရန်နှင့် နောက်ထပ် ငါးနှစ်တာ ငြိမ်းချမ်းရေးရရန် ဖန့်ချန်ကို ရှောင်းမိသားစုထဲ လက်ထပ်ဝင်ခိုင်းဖို့ ရှမှာ လိုအပ်နေချိန်တွင် သာမန် မိန်းမစိုးတစ်ယောက်က သူနှင့် ဧကရာဇ်ကြားတွင် ရန်တိုက်ပေးရန် ကြိုးစားနေခြင်းမှာ ရယ်စရာကောင်းလှသည်ဟု သူတို့ ယူဆကြသည်။

​“အရှင်မင်းကြီး စစ်သူကြီးဖန့်က ဒီလက်ထပ်ပွဲအပေါ် တော်တော်လေး မကျေမနပ် ဖြစ်နေပုံရတယ်”

"အကယ်၍ သူက အရှင်မင်းကြီးရဲ့ အမိန့်တော်ကို လျစ်လျူရှုလိုက်ရင် ဘယ်လိုလုပ်မလဲ ကျွန်မရဲ့ ဝံပုလွေစစ်တပ်ကို စစ်သူကြီးအိမ်တော်ဆီ လွှတ်ပြီး သူ့ကို လာခေါ်ခိုင်းလိုက်ရမလား”

နတ်သမီးရှောင်းက ခပ်ယဲ့ယဲ့ ပြုံးရင်း မေးလိုက်သည်။

​ပညာရှိများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ၏ အမူအရာများ ပြောင်းလဲသွားပြီး စိုးရိမ်ရိပ်များ ပေါ်လာသည်။

​အကယ်၍ သူတို့က ဝံပုလွေစစ်တပ်ကို ဖန့်ချန်၏ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခွင့် ပေးလိုက်မည်ဆိုပါက ၎င်းမှာ သူတို့၏ မျက်နှာကို ဖြန်းခနဲ ပါးရိုက်လိုက်သည်နှင့် မခြားပေ

​“မိန်းကလေးရှောင်း စိုးရိမ်စရာ မရှိပါဘူး ဖန့်ချန်က ငါ့ရဲ့ တူတစ်ယောက်လိုပါပဲ သူ ငါ့ရဲ့ အမိန့်တော်ကို ရပြီးရင် သေချာပေါက် လာမှာပါ”

ဧကရာဇ်က သူ့ဘေးတွင် အမူအရာကင်းမဲ့စွာ ထိုင်နေသော မိဖုရားခေါင်ကြီးကို တစ်ချက်ကြည့်လိုက်သည်။

​ထို့နောက် သူ၏ အကြည့်များက နတ်သမီးရှောင်းထံသို့ ပြန်ရောက်သွားပြီး ပြုံးလိုက်ပြန်သည်။

“စိတ်ရှည်ရှည်နဲ့ ခန လောက် စောင့်ပါအုန်း”

​နောက်တစ်စက္ကန့်တွင် ယူလုံချန်း၏ အသံမှာ ခန်းမအပြင်ဘက်မှ ဟိန်းထွက်လာသည်။

“စစ်သူကြီးအိမ်တော်က ဖန့်ချန် ရောက်ရှိလာပါပြီ”

​ဧကရာဇ်က ရယ်မောလိုက်သည်။

“တွေ့လား သူ ရောက်လာပြီပဲ ”

​နတ်သမီးရှောင်းက မျက်မှောင်ကြုတ်ကာ အပြင်သို့ ပြေးထွက်သွားရင်း အော်ဟစ်လိုက်သည်

“ စစ်သူကြီးဖန့်က ကျွန်မရဲ့ ရှောင်းမိသားစုထဲ လက်ထပ်ဝင်ချင်တယ်ဆိုရင် သူ ကျွန်မရဲ့ စမ်းသပ်မှုကို အောင်မြင်အောင် ဖြေဆိုရလိမ့်မယ်”

​သူမ၏ ကြေညာချက်ကို ကြားလိုက်ရသဖြင့် ဧကရာဇ်နှင့် အရာရှိတိုင်း၏ အမူအရာများ အနည်းငယ် လှုပ်ခတ်သွားသည်။

​“သူ ကျရှုံးရင်တော့ ဒီလက်ထပ်ပွဲကိစ္စကို နောက်ထပ် ဘယ်တော့မှ ပြောမှာ မဟုတ်တော့ဘူး ပြီးတော့ ကျွန်မတို့ ချင်စုန်းက မင်းတို့ ရှကို သိမ်းပိုက်ပြီး လက်အောက်ခံနိုင်ငံအဖြစ် ပြောင်းလဲပစ်မယ်”

နတ်သမီးရှောင်းက ဆိုလိုက်ပြီး နောက်ဆုံးတွင် ခပ်တိုးတိုး ရယ်မောလိုက်သည်။

​အထွတ်အထိပ်သဟဇာတခန်းမ အပြင်ဘက်တွင်

​နတ်သမီးရှောင်း၏ အသံကို ကြားသည်နှင့် ဝံပုလွေစစ်တပ်သည် ချက်ချင်းပင် စစ်ဗျူဟာ ပုံစံယူလိုက်ကြသည်။ သူတို့သည် ချဉ်းကပ်လာသော ဖန့်ချန်ကို လေးနက်သော အမူအရာဖြင့် စိုက်ကြည့်နေကြတော့သည်။

​

​အခန်း (၈) - မြက်တစ်ပင်လို အရေးမပါသူများ

​

ဖန့်ချန် သည် မျက်လုံးများကို မှိတ်ထားလျက် အထွတ်အထိပ်သဟဇာတခန်းမ ဆီသို့ လျှောက်လှမ်းလာခဲ့သည်။

​သူ့ရှေ့တွင် ရှိနေသော ဝံပုလွေစစ်တပ်မှ စစ်သည်များ၏ စူးစိုက်ကြည့်နေသည့် အကြည့်များကို သူ သတိမထားမိသကဲ့သို့ပင်။

​“သူ တကယ်ပဲ မျက်စိကွယ်နေတာပဲ”

ဝံပုလွေစစ်တပ်မှ စစ်သည်တစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။

​နှမြောစရာကောင်းလိုက်တာဟု ဝံပုလွေစစ်သည်များက စိတ်မကောင်းဖြစ်မိကြသည်။

တစ်ချိန်က ရဲရင့်ဖျတ်လတ်ခဲ့သော လူငယ်စစ်သူကြီးသည် ယခုအခါ မျက်မမြင်၊ ဒုက္ခိတဘဝသို့ ရောက်ရှိနေလေပြီ။

​သူ့အတွက် စိတ်မကောင်းဖြစ်မိကြသော်လည်း သူ၏ သနားစရာကောင်းသော အခြေအနေက စစ်သူကြီး ရှောင်းလန် အပေါ် သူတို့၏ လေးစားကြည်ညိုမှုကို ပိုမိုမြင့်မားစေခဲ့သည်။

​ဖန့်ချန်သည် ငယ်ငယ်ရွယ်ရွယ်နှင့် မဟာစစ်သူကြီး ဖြစ်ခဲ့လျှင်ကော ဘာထူးသနည်း ချင်စုန်းအင်ပါယာ၏ စစ်သူကြီး ရှောင်းလန်လက်ထဲတွင် ရှုံးနိမ့်ခဲ့သည် မဟုတ်ပါလား စစ်သူကြီး ရှောင်းလန်သည်သာ အနိုင်မရနိုင်သော၊ ထာဝရ အောင်နိုင်သူဖြစ်သည်

​ဖန့်ချန် ခန်းမတံခါးဝသို့ ရောက်ရှိချိန်တွင် ဧကရာဇ်၊ နတ်သမီးရှောင်းနှင့် အရာရှိအများအပြားမှာ သူ့ကို စောင့်ကြိုနေကြပြီဖြစ်သည်။

​အမူအရာကင်းမဲ့နေသော မိဖုရားခေါင်ကြီးသည် အနည်းငယ် ပိန်လှီသွားသော ဖန့်ချန်၏ ပုံရိပ်ကို မြင်လိုက်ရသောအခါ စိတ်မကောင်းဖြစ်သွားရသည်။

သူမ စကားပြောရန် ကြိုးစားသော်လည်း ပြောစရာစကားလုံး ရှာမတွေ့ခဲ့ပေ။

​“သူက ပုံတူပန်းချီကားထဲကအတိုင်းပဲ၊ ဒါပေမဲ့ သူ့ရဲ့ ပြင်းထန်တဲ့ အရှိန်အဝါတွေတော့ မရှိတော့ဘူးပဲ...”

နတ်သမီးရှောင်းက ဖန့်ချန်ကို အကဲခတ်ရင်း ပြုံးလိုက်သည်။

"သူက ထူးထူးခြားခြားတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါ့ဆီမှာ ရှိခဲ့တဲ့ ယောက်ျားတချို့ထက်စာရင်တော့ ရုပ်ရည်က နည်းနည်း ပိုသာတယ်လို့ ပြောရမှာပဲ"

​သူမ၏ စကားကြောင့် မိဖုရားခေါင်ကြီး၏ မျက်လုံးထဲတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားသည်။

​အရာရှိများကလည်း နတ်သမီးရှောင်းကို ဒေါသတကြီး ကြည့်လိုက်ကြသည်။

သူတို့ ဖန့်ချန်နှင့် သဘောထားကွဲလွဲမှုများ ရှိစေကာမူ ရှ၏ မဟာစစ်သူကြီးကို သူမ၏ အပျော်အပါးဖော် ယောက်ျားများနှင့် နှိုင်းယှဉ်ခြင်းမှာ ရှဆအင်ပါယာကို စော်ကားခြင်းပင်ဖြစ်သည်။

​“အရှင်မင်းကြီး သူ့ကို ပြောလိုက်ပါတော့ အကယ်၍ သူ ကျွန်မတို့ ရှောင်းမိသားစုထဲ လက်ထပ်ဝင်ချင်တယ်ဆိုရင် စမ်းသပ်မှုအချို့ကို ဖြတ်ကျော်ရလိမ့်မယ် အသုံးမကျတဲ့ မျက်မမြင်တစ်ယောက်ကိုတော့ ကျွန်မ အလကား ပြန်မခေါ်သွားချင်ဘူး”

ဟု နတ်သမီးရှောင်က သူမ၏ ထောင်လွှားသော မျက်နှာတွင် အပြုံးတစ်ခု ဆင်လျက် ပြောလိုက်သည်။

​ရှဧကရာဇ်က ဖန့်ချန်ကို ကြည့်ကာ ဖြည်းညင်းစွာ ခေါ်လိုက်သည်။

“ဖန့်ချန်”

​“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”

ဖန့်ချန်က ရပ်လိုက်ပြီး လက်သီးဆုပ် နှုတ်ဆက်လိုက်သည်။

​"ဖန့်ချန် မင်းက တကယ်ကို ရဲတင်းလှချည်လားအရှင်မင်းကြီးရဲ့ ရှေ့မှောက်မှာ မင်း ဘာလို့ ဒူးမထောက်တာလဲ"

ယူလုံချန်း က ဟိန်းဟောက်လိုက်သည်။

​သူသည် သူ၏မွေးဖခင် မိန်းမစိုးယူအတွက် ဒေါသပုံချနေခြင်းဖြစ်ကြောင်း လူတိုင်း သိကြသည်။

​ဖန့်ချန်က မျက်လုံးများကို မှိတ်ထားလျက် ယူလုံချန်းရှိရာဘက်သို့ ခေါင်းကို ဖြည်းညင်းစွာ လှည့်လိုက်သည်။

"မင်းက အနောက်ကျားတပ်ရင်းရဲ့ ဒုတိယစစ်သူကြီး ယူလုံချန်း လား"

​ယူလုံချန်း လန့်သွားသည် ဖန့်ချန်က တကယ်ပဲ မျက်စိကွယ်နေတာလား

​သူ့ပုံစံက မျက်မမြင်နှင့် လုံးဝ မတူပေ ထို့ပြင် လွန်ခဲ့သော ငါးနှစ်အတွင်း သူနှင့် ဖန့်ချန် တစ်ခါမျှ မဆုံဖူးသော်လည်း ဖန့်ချန်က သူ၏အသံကို ကြားရုံနှင့် မှတ်မိနေသည်။

​“ငါပဲလေ”

ယူလုံချန်းက လေးနက်သော အသံဖြင့် ပြန်ဖြေသည်။

​“အရှင်မင်းကြီးရဲ့ ရှေ့မှောက်မှာ ဒူးထောက်စရာမလိုဘဲ ဂါရဝပြုခွင့်ကို အရှင်မင်းကြီး ကိုယ်တိုင် ငါ့ကို ခွင့်ပြုထားတာကို မင်းမေ့သွားပြီလား”

ဖန့်ချန်က ခပ်အေးအေး ပြုံးကာ ပြန်မေးလိုက်သည်။

​ယူလုံချန်း အနည်းငယ် ကြောင်သွားပြီး စဉ်းစားမနေဘဲ လွှတ်ခနဲ ပြောလိုက်မိသည်

"အဲဒါက မင်း စစ်မရှုံးခင်တုန်းကလေ ဒါပေမဲ့ မင်း ရှုံးနိမ့်သွားပြီးတဲ့နောက်မှာ"

သူ၏စကားကို ရုတ်တရက် ရပ်လိုက်သည်။

​ဧကရာဇ်သည် ဖန့်ချန်၏ ထိုအခွင့်အရေးကို ပြန်လည်ရုပ်သိမ်းခြင်း မရှိခဲ့သည်ကို သူ သတိရသွားသည်။

ရှုံးနိမ့်ပြီးသည့်တိုင်အောင်ပင် ဖြစ်သည်။ ဖန့်ချန်တွင် ထိုအခွင့်အာဏာ မရှိတော့ဟု လူတိုင်းက ယူဆခဲ့ကြသော်လည်း လက်တွေ့တွင်မူ ရှိနေဆဲ ဖြစ်သည်။

​"မင်း မှတ်မိသွားပုံရတယ်"

ဖန့်ချန်က ရယ်မောလိုက်ပြီး ဧကရာဇ်ဘက်သို့ ပြန်လှည့်လိုက်သည်။

“အရှင်မင်းကြီး အမိန့်တော်ရတာနဲ့ နန်းတော်ကို ကျွန်တော်မျိုး အမြန်လာခဲ့ပါတယ် စစ်သူကြီး ရှောင်းလန်ရဲ့ သမီးက ဘယ်မှာပါလဲ ”

​ဧကရာဇ်၏ အကြည့်များက နတ်သမီးရှောင်းထံသို့ ရောက်သွားသည်။

“မိန်းကလေးရှောင်က ဒီမှာ ငါ့ဘေးမှာ ရှိနေတယ် မင်း ရှောင်းမိသားစုထဲ လက်ထပ်မဝင်ခင်မှာ စမ်းသပ်မှုအချို့ကို ဖြတ်ကျော်ရမယ်လို့ သူမက အတိအလင်း ပြောထားတယ်"

​ဧကရာဇ်၏ စကားအဆုံးတွင် အရာရှိများ၏ မျက်နှာများမှာ အလွန်ပင် ဆိုးရွားသွားကြသည်။

ဖန့်ချန်ကို ရှောင်းမိသားစုထဲ လက်ထပ်ခိုင်းခြင်းကပင် ရှအတွက် ကြီးမားသော အရှက်ရမှု ဖြစ်နေပြီအခု နတ်သမီးရှောင်းက အခြေအနေကို ပို၍ပင် အရှက်ရအောင် လုပ်နေပြန်သည်။

​“စမ်းသပ်မှု ဘယ်လိုစမ်းသပ်မှုမျိုးလဲ”

ဖန့်ချန်က ဂရုမစိုက်သလို ပြုံးကာ မေးသည်။

​“မိန်းကလေးရှောင် မင်း ဘယ်လိုထင်လဲ”

ဧကရာဇ်က နတ်သမီးရှောင်ကို ကြည့်လိုက်သည်။

​“ရိုးရိုးလေးပါပဲ စစ်သူကြီးဖန့် အကယ်၍ ရှင်က ကျွန်မရဲ့ ဝံပုလွေစစ်တပ် အခု ဘာလုပ်မလဲဆိုတာ မှန်းဆနိုင်ရင် ရှင် အောင်မြင်တယ်လို့ ကျွန်မ သတ်မှတ်ပေးမယ်”

နတ်သမီးရှောင်က အေးအေးဆေးဆေး ပြောလိုက်ပြီး ဝံပုလွေစစ်တပ် တပ်မှူးကို တစ်ချက် ကြည့်လိုက်သည်။

​တပ်မှူးက ချက်ချင်းပင် အမိန့်ပေးလိုက်ရာ ငွေရောင်ဝံပုလွေများသည် နန်းတော်အတွင်းသို့ ပြေးဝင်သွားပြီး အစောင့်များ၊ နန်းတွင်းသူများနှင့် မိန်းမစိုးအချို့ကို ကိုက်ခဲ ဖမ်းဆီးလာကြသည်။

​ထိုအစောင့်များ နန်းတွင်းသူများနှင့် မိန်းမစိုးများကို ဖန့်ချန်၏ ရှေ့သို့ ပစ်ချလိုက်သည်။

​သူတို့၏ မျက်နှာများမှာ ထိတ်လန့်နေကြသည် သူတို့ ဘာကြောင့် အဖမ်းခံရသည်ကို နားမလည်ကြပေ။

​ဧကရာဇ်သည် ဝံပုလွေစစ်တပ်က နန်းတော်အတွင်း၌ ထိုသို့ လှုပ်ရှားနေသည်ကို ကြည့်ရင်း ဒေါသကြောင့် တုန်ရီနေမိသည်။

​“မိုက်မဲလှချည်လား နန်းတော်ထဲမှာ မင်းတို့က ဘယ်လိုတောင် ရမ်းကားရဲရတာလဲ အရှင်မင်းကြီးရဲ့ ရှေ့မှောက်မှာ လက်နက်ထုတ်ရဲတယ်ပေါ့”

ဆံပင်ဖြူဖွေးနေသော အရာရှိကြီးတစ်ဦးက ရှေ့သို့ တစ်လှမ်းတက်ကာ နတ်သမီးရှောင်းကို စိုက်ကြည့်လိုက်သည်။

​ထိုသူမှာ ဝန်ကြီးချုပ် လီကော်ကျူး ပင် ဖြစ်သည်။

​“ဒါက စမ်းသပ်မှုအတွက်ပဲလေ အရှင်မင်းကြီးက စိတ်ထဲထားမှာ မဟုတ်ပါဘူး ဟုတ်တယ်မလား”

နတ်သမီးရှောင်းက ခပ်အေးအေး ပြုံးလိုက်သည်။

​“ဟားဟား...”

ဧကရာဇ်က ရယ်မောရင်း ပြန်ပြောလိုက်သည်။

"ဘယ်လို စမ်းသပ်မှုမျိုးက အစောင့်တွေကို လိုအပ်လို့လဲ နောက်တစ်ခါ ဘာလုပ်ချင်တယ်ဆိုတာ ငါ့ကို အရင်ပြောပါ မင်းရဲ့ လက်အောက်ငယ်သားတွေကို ဒီလို အမိန့်ပေးစရာ မလိုပါဘူး အထင်လွဲစရာတွေ ဖြစ်ကုန်လိမ့်မယ်"

​ထို့နောက် သူက လီကော်ကျူးကို နောက်သို့ပြန်ဆုတ်ရန် လက်ဟန်ပြလိုက်သည်။

​လီကော်ကျူး မျက်မှောင်ကြုတ်သွားသော်လည်း တိတ်ဆိတ်စွာပင် နေလိုက်သည်။

​“အရမ်း ရိုးရှင်းပါတယ်...”

နတ်သမီးရှောင်က ဖန့်ချန်ကို ကြည့်လိုက်သည်။

“စစ်သူကြီးဖန့် ရှင့်ရှေ့မှာ အစောင့် နန်းတွင်းသူနဲ့ မိန်းမစိုး လေးယောက်စီ ရှိတယ် ကျွန်မရဲ့ လက်အောက်ငယ်သားက ဘယ်သူတွေကို သတ်မလဲဆိုတာ ရှင် မှန်းကြည့်စမ်းပါ ရှင်သာ မှန်အောင်မှန်းနိုင်ရင် စမ်းသပ်မှု အောင်မြင်ပြီလို့ မှတ်ယူရမယ်”

​လူအုပ်ကြီးဆီမှ အုတ်အော်သောင်းတင်း ဖြစ်သွားသည်။

​အရာရှိတစ်ဦးမှာ ဆက်လက် သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်သည်

"မင်းတို့က ငါတို့ မဟာရှပြည်သူတွေရဲ့ အသက်ကို ရယ်စရာလို့ ထင်နေတာလား"

​သူ စကားပြောနေချိန်မှာပင် ဝံပုလွေစစ်တပ် ခေါင်းဆောင်က သူ၏ လေးကို တင်းကျပ်စွာ ဆွဲလိုက်ပြီး ဖန့်ချန်ကို အရင်ချိန်လိုက်သည်။

နောက်တစ်စက္ကန့်တွင်မူ သူသည် လေးမြှားကို ဖန့်ချန်၏ ခြေရင်းတွင် ရှိနေသူများထံသို့ ပြန်လှည့်ချိန်လိုက်သည်။

​“ရှင့်ပြည်သူတွေရဲ့ အသက်က မြက်တစ်ပင်လိုပဲ အရေးမပါပါဘူး ချင်စုန်းကသာ အလိုရှိရင် ရှင့်တို့ကို စိတ်ကြိုက် နင်းခြေလို့ ရတယ် အရေးမပါတဲ့ အသက်အနည်းငယ်အတွက်နဲ့ ဒီနေ့ကိစ္စကို မဖျက်ဆီးပါနဲ့ အရှင်မင်းကြီး... ကျွန်မပြောတာ မှန်တယ်မလား”

နတ်သမီးရှောင်က တည်ငြိမ်စွာ ပြောလိုက်သည်။

​“အရှင်မင်းကြီး ချင်စုန်းသားတွေကို နန်းတော်ထဲမှာ လူသတ်ခွင့် ပေးလိုက်မယ်ဆိုရင် ဒီသတင်း ပြန့်သွားတဲ့အခါ ကျွန်မတို့ရဲ့ ဂုဏ်သိက္ခာကို ဘယ်လို ပြန်ဆယ်မလဲ”

မိဖုရားခေါင်ကြီးက နောက်ဆုံးတွင် ဝင်ပြောလိုက်သည်။

​ရှဧကရာဇ်သည် ခဏမျှ စဉ်းစားပြီးနောက် မိဖုရားခေါင်ကြီးကို လျစ်လျူရှုကာ ဖန့်ချန်ဘက်သို့ လှည့်လိုက်သည်။

“ဖန့်ချန် မိန်းကလေးရှောင်း အကြံပြုတဲ့အတိုင်း လုပ်လိုက်ပါ”

​အရာရှိများ၏ အမူအရာများ ပြောင်းလဲသွားပြီး အစောင့်များ၊ နန်းတွင်းသူများနှင့် မိန်းမစိုးများ၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ပေါ်လာသည်။

သူတို့သည် နန်းတော်အတွင်းမှာတင် ချင်စုန်းသားများ၏ လက်ချက်ဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခံရလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ကြပေ

​ဖြန်း… ဖြန်း… ဖြန်း…

​ဖန့်ချန်က လက်ခုပ်တီးလိုက်သည်။

"စစ်သူကြီး ရှောင်းလန်က ငါ့ကို ဘာလို့ အသက်ချမ်းသာပေးခဲ့သလဲဆိုတာ အခုမှ ငါ နားလည်တော့တယ်"

​နတ်သမီးရှောင်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

သူမ၏ ဖခင် ထွက်ခွာခါနီးတွင် မှာကြားခဲ့သော စကားများကို သူမ ပြန်လည် သတိရလိုက်သည်။

​ဖန့်ချန်သည် လွန်ခဲ့သော ငါးနှစ်အတွင်း ရှအင်ပါယာတွင် အရှက်ခွဲမှုနှင့် စော်ကားမှုများကို သည်းခံခဲ့ရသည်။

အကယ်၍ သူသာ သူ့နေရာသူ သိလာပါက သူ၏ သိုင်းပညာများ မရှိတော့သည့်တိုင် ချင်စုန်းအင်ပါယာကို အဆင့် (၈) အင်ပါယာဖြစ်လာအောင် ကူညီပေးနိုင်လိမ့်မည်။

ထိုအကြောင်းကြောင့်ပင် သူမ၏ ဖခင်က သူ့ကို အသက်ချမ်းသာပေးခဲ့ခြင်း ဖြစ်သည်။

​ထိုစမ်းသပ်မှုတွင် သူ ရွေးချယ်သည့် အရာက သူ၏ အနာဂတ်ကို ဆုံးဖြတ်ပေးလိမ့်မည်။

အကယ်၍ သူက ရှအင်ပါယာကို ဆက်လက် သစ္စာရှိနေမည်ဆိုပါက သူ့ကို နေရာမှာတင် သတ်ပစ်မည် ဖြစ်သည်။

သို့မဟုတ်ပါက နတ်သမီးရှောင်းသည် သူ့ကို နောက်ထပ် အရှက်မခွဲတော့ဘဲ ချင်စုန်းသို့ ခေါ်သွားမည်ဖြစ်သည်။

ထိုသို့ဆိုလျှင် သူသည် စစ်သူကြီး ရှောင်းလန်၏ ရည်ရွယ်ချက်ကို ရိပ်မိသွားပြီဟု ဆိုလိုခြင်းပင် ဖြစ်သည်။

​“စစ်သူကြီးဖန့် ရှင့်အလှည့်ပဲ ရွေးချယ်လိုက်တော့ အစောင့်တွေကိုလား ဒါမှမဟုတ် နန်းတွင်းသူတွေကိုလား ဒါမှမဟုတ် အဲဒီမိန်းမစိုးတွေကို ရှင် ရွေးမလား”

နတ်သမီးရှောင်က အေးစက်စွာ ပြုံးလိုက်သည်။

​အရာရှိများ၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ရှိနေသည်။

​လီကော်ကျူးက ဖန့်ချန်ကို ကြည့်လိုက်၊ ရှဧကရာဇ်ကို ကြည့်လိုက်နှင့် နောက်ဆုံးတွင် သက်ပြင်းသာသာ ချလိုက်မိသည်။

​ချင်စုန်း၏ ရည်ရွယ်ချက်ကို သူတို့ ရိပ်မိသော်လည်း ဘာလုပ်နိုင်မည်နည်း ရှတွင် ခုခံနိုင်စွမ်း မရှိတော့ပေ။

​ချင်စုန်းသည် ဖန့်ချန်ကို ရှပြည်သူများကို သတ်ခိုင်းခြင်းအားဖြင့် သူတို့၏ မျက်လုံးထဲတွင် ရှိနေသော သူ၏ မဟာစစ်သူကြီးဆိုသည့် ဂုဏ်ပုဒ်ကို ဖျက်ဆီးပစ်ရန် ကြိုးစားနေခြင်း ဖြစ်သည်

​“ငါ ရွေးရမယ်ဆိုရင်တော့ တခြားရွေးချယ်စရာတစ်ခုကိုပဲ ငါ ရွေးပါရစေ အဲဒါကတော့ သူတို့ထဲက ဘယ်သူမှ သေမှာ မဟုတ်ဘူး ဆိုတာပါပဲ”

ဖန့်ချန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

​ဧကရာဇ်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး လီကော်ကျူးနှင့် ကျန်လူများမှာလည်း အံ့အားသင့်သွားကြသည်။

​ကျိုးကြောင်းဆီလျော်စွာ စဉ်းစားလျှင် ဖန့်ချန်သည် မည်သည့်အရာက အရေးကြီးသည်ကို နားလည်သင့်သည်။

သူသည် ရွေးချယ်မှုတစ်ခုကို ပြုလုပ်သင့်သည်။ ရှအတွက် နောက်ထပ် ငါးနှစ်တာ ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှုကို အာမခံပေးနိုင်မည့် ရွေးချယ်မှုမျိုးကိုပေါ့

All Chapters